The Guys From Mandalay,1950s အခန်း(၁၂)
The Guys From Mandalay,1950s
အခန်း(၁၂)
..................
နောက်တစ်နေ့နံနက်တွင် ငန်းနက် နှင့် ဘချစ်တို့သည် ဂျပန်စစ်ဗိုလ်ဆာကူရိုင်းနှင့်တွေ့ဆုံရန် မန္တလေးသို့ တက်သွား၏။
ငန်းနက်တို့ ခိုအောင်းရာ မြေနုကျွန်းပေါ်တွင် စိန်ဓါးမြှောင် နှင့် မိကွန်သာ ကျန်ရစ်သည်။
ငရုတ်သီးဘရင် ကား ငန်းနက်ခိုင်းထားသဖြင့် ရွှေဘိုဘက်ရှိရွာများတွင် ဓါးပြတိုက်ရန် ကင်းထောက်နေချိန်လည်းဖြစ်သည်။
မိကွန်က စစ်ကိုင်းသို့ စျေး၀ယ်ထွက်ရန် လှေကို ပြင်ဆင်နေ၏။
“မိကွန်..ညည်း ဘယ်သွားမလို့လဲ”
“စစ်ကိုင်းဘက်ကို ရိက္ခာအတွက် ၀ယ်စရာရှိတာတွေ သွား၀ယ်မလို့..ဆရာကြီး”
“ငါလိုက်ခဲ့လို့ရမလား”
“ဟာ..ဆရာကြီးရယ်..မနေ့ကမှ စစ်ကိုင်းက ရဲကို ပစ်လာခဲ့တယ်ဆို ဖြစ်ပါ့မလား”
“အခုချိန်ဆို မြကြည်နဲ့ ခါလေး စစ်ကိုင်းကို ရောက်နေပြီး ငါ့ကို လာရှာချင် ရှာနေမှာ...သူတို့အတွက် အန္တရာယ်ရှိတယ်..ငါ သူတို့ကို တွေ့ရင် ဒီကို ခေါ်ခဲ့မလို့..ဒီမှာက ဘာပဲဖြစ်ဖြစ်လုံခြုံနေသေးတယ်”
“ဆရာကြီးရယ် စစ်ကိုင်းမှာ တွေ့ခဲ့ရင် ကျွန်မ ခေါ်ခဲ့ပါ့မယ်...ကျွန်မ ကိုခါလေးကို သိတာပဲ..ဒီမှာပဲ အေးအေးနေခဲ့ပါ”
မိကွန် က လှေပေါ်သို့ တက်ကာ လှော်တက်ကို ပြင်လိုက်သည်။
ထိုအချိန်တွင် လှေက ရိပ်ခနဲလှုပ်ခါသွား၏။
“အံမယ်လေး”
မိကွန်က လန့်သွားသည်။ စိန်ဓါးမြှောင်က လှေပေါ် ခုန်တက်လိုက်ခြင်းဖြစ်သည်။
“ငါလိုက်မယ်..မိကွန်...မနေ့က ငါပစ်လိုက်တဲ့ ပုလိပ်သေမသေ လည်း သိချင်သေးတယ်”
“ဆရာကြီးနဲ့တော့..ခက်ပရှင်”
.............................................................................................................
၁၉၄၄ စက်တင်ဘာလ ၂၄ ရက်။
မြန်မာနိုင်ငံတော်အဓိပတိ ဒေါက်တာဘမော် က အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့ကို ဖိလစ်ပိုင်နိုင်ငံက စစ်ကြေငြာြခင်းနှင့်ပတ်သက်၍ ၀မ်းမြောက်ကြောင်းသ၀ဏ်လွှာပေးပို့သည့်သတင်းမှာ သတင်းစာများတွင် ခေါင်းကြီးအဖြစ်ပါလာသည်။
စစ်ကိုင်းမြို့လူထုအတွက်တော့ ထိုသတင်းထက် စိတ်၀င်စားစရာ သတင်းကား ရှိနေသည်။
အခြားမဟုတ်။
လွန်ခဲ့သောနေ့က ပတ္တမြားစေတီဆိပ်ကမ်းတွင် သေနတ်ကိုင်ပုလိပ်များစောင့်ကြပ်လျက် လက်ထိပ်ခတ်ဖမ်းခေါ်လာသည့် လူဆိုးဗိုလ်စိန်ဓါးမြှောင် ပုလိပ်တစ်ဦးကို ပစ်သတ်ကာ လွတ်မြောက်သွားသော သတင်းဖြစ်သည်။
စစ်ကိုင်းသူဌေးဦးကြင်အိမ်ကို နေ့ခင်းကြောင်တောင်ဓါးပြ၀င်တိုက်ခဲ့သော စိန်ဓါးမြှောင် သည် သေနတ်ပြီး၊ဓါးပြီးသည့်အပြင် လက်ထိပ်အထပ်ထပ်ခတ်ထားသည်များလည်း ပွင့်ထွက်သွားကြောင်း၊ စိန်ဓါးမြှောင်သည် မှော်အောင်ထားသူဖြစ်ပြီး တိုက်သည့်အခါတိုင်းလည်း နေ့ခင်းဘက် လူစည်ကားသည့်နေရာများကိုသာတိုက်လေ့ရှိကြောင်း၊ အင်္ဂလိပ်မပြေးမီက မန္တလေး ရုံတော်ကြီးကိုပင် နေ့ခင်းကြောင်တောင်ဓါးပြ၀င်တိုက်ခဲ့ကြောင်း သတင်းများသာ စစ်ကိုင်းဆိပ်ကမ်းများနှင့် စျေးများတွင် ကြီးစိုးထားလေသည်။
စိန်ဓါးမြှောင်သည် မိကွန်၏ နောက်မှ တောင်းတစ်လုံးကို ထမ်းကာ အစျေးအတွင်း ပတ်ရင်း မြကြည်နှင့် ခါလေးတို့ကို တွေ့လိုတွေ့ငြားလိုက်ကြည့်ရင်း သတင်းစကားများကို နားစွင့်နေ၏။
ရိက္ခာအချို့၀ယ်ပြီးနောက် စစ်ကိုင်းစျေးမှထွက်ခါနီးတွင် စျေးအတွင်း ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြသည်။
စစ်ကိုင်းရဲဌာန၊ ၀က်လက်ရဲဌာန၊ မင်းကွန်းရဲဌာန၊ ရှိန်းမကားရဲဌာနတို့မှ ပူးပေါင်းထားသော ရဲသားများနှင့် စျေးကို ၀ိုင်းထားလိုက်ကြခြင်းကြောင့်ဖြစ်သည်။
စစ်ကိုင်းသူဌေး ဦးကြင်အိမ်သို့ ဓါးပြတိုက်စဉ်က စိန်ဓါးမြှောင်ကို မြင်ဖူးခဲ့သော ပွဲရုံအလုပ်သမား သာဂေါင်ဆိုသူက စျေးအတွင်း စိန်ဓါးမြှောင်အား တွေ့သွားကာ သတင်းပို့ရာမှာ စစ်ကိုင်းရဲဌာနက ခြေရာခံမိသွားခြင်းဖြစ်သည်။
စိန်ဓါးမြှောင်အနေဖြင့် ဤမျှ ရဲရဲတင်းတင်းစျေးထဲ ၀င်လာြခင်းမှာ တစ်ယောက်တည်းမဖြစ်နိုင်ဘဲ အဖွဲ့များပါမည် ဟု တွက်ဆကာ စာသင်ကိုဘသာနာရေးသို့ရောက်နေကြသော အနီးအနားရဲဌာနများမှ ရဲသားများကိုပါ စုစည်းကာ လာ၀ိုင်းကြခြင်းဖြစ်သည်။
“စိန်ဓါးမြှောင် စျေးထဲ ရောက်နေတယ်တဲ့ဟေ့..စျေးပြင်ကို ဘယ်သူမှ ပေးမထွက်တော့ဘူး”
စျေးကား လှုပ်လှုပ်ရှားရှားဖြစ်နေပေပြီ။ ပွဲရုံများနှင့် ဆိုင်ကြီးအချို့မှာ အထိတ်ထိတ်အလန့်လန့်ဖြင့် ပိတ်သိမ်းကုန်ကြသည်။
ထိုအချိန်တွင် စိန်ဓါးမြှောင်နှင့် မိကွန်မှာ စျေးထဲမှ ခိုတောင်မုန့်တီဆိုင်ကလေးတွင် နေ့လည်စာမုန့်တီ၀င်စားနေချိန်။
“မိကွန် နင် မုန့်တီဖိုးရှင်းပြီး အသာထွက်သွားတော့”
စိန်ဓါးမြှောင်က မိကွန်ကို လေသံဖြင့် ခပ်တိုးတိုးပြောသည်။
မိကွန်က စိတ်လှုပ်ရှားလွန်းသဖြင့် ကြောင်တောင်တောင်ဖြစ်နေရှာသည်။
“ဟဲ့..ညည်းကို ဒီကနေ သွားတော့လို့ ငါပြောနေတယ်လေ..ပိုက်ဆံရှင်းခဲ့ပြီးသွားတော့”
သူတို့ နှစ်ဦးအခြေအနေကို မုန့်တီသည်က အကဲခတ်ပြီး ပြုံးလိုက်၏။
“ဖြည်းဖြည်းစားပါ..ငါ့လူတို့ရာ...ကျုပ်ဆိုင်က မပိတ်ပါဘူးဗျ..စိန်ဓါးမြှောင်ဆိုလို့ သိပ်လည်းမကြောက်ပါနဲ့.. သူက ကျုပ်တို့လို ဆင်းရဲသားတွေဆီက ဓါးပြဘယ်တော့မှမတိုက်ဘူးတဲ့ဗျ...တိုက်ချင်းတိုက် ဟိုးရှေ့က သူဌေးပွဲရုံတွေ ချည်း တိုက်မှာ..ကဲ..ငါ့နှမလည်း မစိုးရိမ်နဲ့..ဖြည်းဖြည်းစား ဟုတ်ပြီလား”
မုန့်တီသည်စကားကို စိန်ဓါးမြှောင်က ပြုံးလိုက်သည်။
“ကဲ..မိကွန်..သွားတော့ သွားတော့”
မိကွန်က မုန့်တီဖိုး ငွေအကြွေစေ့လေးများပေးကာ တောင်းကို ရွက်လျက် ထထွက်သွား၏။
စိန်ဓါးမြှောင်က လက်ကျန်မုန့်တီကို ငုံ့ကာ ပြန်စားနေသည်။
“ခင်ဗျားနှယ့်..စျေးထဲ ဓါးပြရောက်နေပါတယ်ဆိုမှ ကိုယ့်နှမလေးကို အတင်းနှင်လွှတ်နေတာပဲ..ဘယ့်နှယ့်လူတုန်းဗျ”
“ဘယ်နှယ့်လူမှ မဟုတ်ရပါဘူးဗျာ..ကဲ...တမျိုးတော့မထင်နဲ့ဗျ..ငါ့လူ..စျေးကို၀ိုင်းထားတဲ့ ပုလိပ်တွေကို သွားပြောပေးစမ်းပါ..ခင်ဗျာ့ဆိုင်မှာ စိန်ဓါးမြှောင်က အဖမ်းခံဖို့ စောင့်နေတယ်လို့”
စိန်ဓါးမြှောင်စကားကြောင့် မုန့်တီသည်မှာ ကြောင်သွားသည်။
“ဘာဗျ..ခင်ဗျား ဘာတွေပြောနေတာလဲ”
“သြော်.ခက်ပ..ကိုရင်ရယ်..စိန်ဓါးမြှောင်ဆိုတာ ကျွန်တော်ပဲဗျ..သွား..သွား..ပုလိပ်ကို သွားပြောချေ”
မုန်တီသည်မှာ ပါးစပ်အဟောင်းသားဖြင့် ထထွက်ရန်ပြင်သည်။
“ခဏလေး..ခဏလေး..ဟင်းခါးလေးတော့ အစစ်နည်းနည်းထည့်သွားပေးဦးဗျ.”
မုန့်တီသည်က စိန်ဓါးမြှောင်ထိုးပေးသော ဟင်းရည်ခွက်ကို ယူကာ ယောက်ချိုဇွန်းဖြင့် ဟင်းရည်ထည့်ပေးလိုက်၏။
မုန်တီသည်၏ လက်တို့မှာ သိသိသာသာတုန်ရီနေသည်။
“ကဲ..သွားပြောမှာသာ ပြောပေးပါဗျာ..ကျွန်တော် ဒီမှာ ဟင်းခါးလေးသောက်ရင်းစောင့်ပါ့မယ်..ကဲ..သွားသွား”
မုန့်တီသည်မှာ စိန်ဓါးမြှောင်အား လှည့်ကြည့် လှည့်ကြည့်ဖြင့် ထွက်သွားသည်။
မကြာမီ ဟင်းခါးရည်ကို ဇိမ်ဆွဲသောက်နေသော စိန်ဓါးမြှောင်ကို စတင်းဂန်းနှင့်ရိုင်ဖယ်ကိုယ်စီကိုင်ထားသော ရဲသားများက ၀ိုင်းလိုက်ကြသည်။
စိန်ဓါးမြှောင်က မတ်တပ်ထရပ်လိုက်သည်။
ရဲသားများထံမှ သေနတ်မောင်းတင်သံများ တဗြောင်းဗြောင်းထွက်လာသည်။
“မပစ်တော့ မပစ်ကြပါနဲ့ဟ..လိုက်ဆိုလိုက်ခဲ့ပါ့မယ်..ပါးစပ်လေး တော့ သုတ်ပါရစေဦးရယ်”
မုန့်တီအထမ်းတွင် ချိန်ထားသော လက်သုတ်ပု၀ါစဖြင့် စိန်ဓါးမြှောင်က ပါးစပ်သုတ်လိုက်သည်။
ထို့နောက်..လက်နှစ်ဖက်အား ရှေ့ထိုးပေးပြီး
“ကဲ..အကြီးဆုံးက ဘယ်သူလဲဗျ..လက်ထိပ်ခတ်လို့ရပါပြီ”
စစ်ကိုင်းတိုက်နယ် ၊ တိုက်ပိုင်ပုလိပ်၀န်ထောင် ဦးဘအေး ထွက်လာပြီး စိန်ဓါးမြှောင်ကို လက်ထိပ်ခတ်လိုက်သည်။
ထို့နောက် ရှိန်းမကားဌာနအုပ် ဦးခင်သန်းကလည်း နောက်ထပ် လက်ထိပ်တစ်စုံခတ်လိုက်၏။
“နှစ်ကွင်းတောင်ပါလားဗျ..ကျွန်တော်က ခင်ဗျားတို့ ထင်သလောက်လည်း မစွမ်းပါဘူးဗျာ”
စိန်ဓါးမြှောင်စကားပင်မဆုံးလိုက်။ နောက်ထပ် ရဲသားတစ်ဦးက ကြိုးတစ်ချောင်းယူလာကာ စိန်ဓါးမြှောင်၏ ခန္ဓာကိုယ်ကို တုတ်နှောင်လိုက်ပြန်သည်။
...........................................................................................................................
အင်္ဂလိပ်ခေတ် စစ်ကိုင်းပုလိပ်ဌာနမှသည် ဂျပန်ခေတ် စစ်ကိုင်းရဲဌာနခေတ်အထိ အချုပ်ခန်းအတွင်း ထိပ်တုံးခတ်ထားရသည့် တရားခံမှာ စိန်ဓါးမြှောင်သာရှိခဲ့သည်။
နာမည်ကျော်ဓါးပြဂိုဏ်းခေါင်းဆောင်စိန်ဓါးမြှောင် အား လာရောက်တွေ့မည့်သူပင်မရှိ။
စိန်ဓါးမြှောင်ကား ခပ်အေးအေးပင်။
သူနှင့်အတူရှိသည့် အချုပ်သားများကို ထိပ်တုံးကြီးတန်းလန်းနှင့် အချုပ်အနှောင်လွတ်စေမည့် ဥဒေါင်းမင်းပရိတ် နှုတ်တိုက်သင်ပေးနေသည်။
စစ်ကိုင်းရဲဌာနတွင် စိန်ဓါးမြှောင်ကို ဦးကြင်အိမ်ဓါးပြမှု၊ ဆာသင်ကိုဘသာသတ်မှုတို့အတွက် စစ်ချက်များ ရယူကြသည်။
စျေးချိုတော် ဓါးပြမှုအတွက်လည်း မန္တလေးခရိုင်ရဲဌာနက စိန်ဓါးမြှောင်ကို လွှဲပေးရန် တောင်းဆိုထားသည်။
သုံးရက်မြောက်နေ့တွင်တော့ ရှိန်းမကားရဲဌာန၊ဌာနအုပ်ဦးခင်သန်း သည် စစ်ကိုင်းရဲဌာနသို့ ရောက်ရှိလာ၏။
ရှိန်းမကားမှ သူဌေးဦးထိပ် အိမ် ဓါးပြမှုနှင့် ဦးထိပ်သမီး မနှင်းကို ပြန်ပေးဆွဲမှုများတွင် ပါ၀င်ခဲ့သည့် တရားခံတစ်ဦးဖြစ်သူ ဘမောင်က ရှိန်းမကားရဲစခန်းတွင် လာရောက်အဖမ်းခံထားသည့် ကိစ္စဖြစ်သည်။
ထိုဓါးပြမှုကို စိန်ဓါးမြှောင်က ဦးဆောင်တိုက်ခြင်းဖြစ်ပြီး တိုက်ရာပါငွေများကို ရှိန်းမကား၊ တောရကြီးကျောင်းအနီး တောအုပ်တွင် စိန်ဓါးမြှောင်က မြုပ်နှံထားကြောင်း၊ ထိုနေရာကို စိန်ဓါးမြှောင်တစ်ယောက်တည်းသာ သိကြောင်း အစစ်ခံခဲ့သည်။
တိုက်ရာပါပစ္စည်းများ ပြသဖော်ထုတ်နိုင်ရေးနှင့် ရှိန်းမကားဓါးပြမှုအတွက် စစ်ချက်ယူရန် စိန်ဓါးမြှောင်ကို ရှိန်းမကား ရဲဌာနသို့ ခတ္တလွှဲပြောင်းခေါ်ဆောင်ရန် ရောက်လာခြင်းဖြစ်သည်။
စစ်ကိုင်းခရိုင်ရဲ၀န်ထံတင်ပြရာ ခွင့်ပြုချက်ရသဖြင့် စိန်ဓါးမြှောင်အား ရှိန်းမကားစခန်းသို့ ခေါ်ဆောင်တော့မည်ဖြစ်သည်။
“တယ်လည်း ကျတဲ့ကောင်တွေကွယ်...မင်းတို့ ကို အချုပ်အနှောင်လွတ်အောင် ဘုရားစာသင်ပေးတဲ့သူကိုယ်တိုင်က မင်းတို့ထက် ဘ၀ပိုဆိုးတယ်ဟ..ထိပ်တုံးကြီးနဲ့...မကြာခင် လူသတ်မှုနဲ့ တရားစွဲတင်ရင် ကြိုးပေးခံရမလား..ပစ်သတ်ခံရမလားမသိဘူး”
အချုပ်ခန်းထဲတွင် ဥဒေါင်းမင်းပရိတ်သင်ပေးနေသော စိန်ဓါးမြှောင်ကို အချုပ်ထဲမှ လာထုတ်သည့် ရှိန်းမကာဌာန ရဲဒုဗိုလ် ဦးချစ်ပုံက စိန်ဓါးမြှောင်ကို လှောင်ရယ်လိုက်သည်။
လုပ်ထုံးလုပ်နည်းအရ ဌာနအချင်းချင်း အလွှဲအပြောင်းများပြုလုပ်ပြီးသည့်နောက် ရှိန်းမကားဌာနမှ အင်အား ဆယ်ဦးပါသော ကားဖြင့် စိန်ဓါးမြှောင်အား ရှိန်းမကားသို့ ခေါ်ဆောင်လာခဲ့သည်။
စိန်ဓါးမြှောင် ကား လက်ထိပ်နှစ်ထပ်ခတ်ခံထားရသည့်အပြင် ကြိုးများဖြင့်လည်း အတုပ်ခံထားရသေး၏။
ရှိန်းမကာဌာနအုပ် ဦးခင်သန်း နှင့် ရဲဒုတိယဗိုလ်ဦးချစ်ပုံတို့ က စစ်သုံးလော်ရီကားကို ရှေ့ခန်းမှ စီးပြီး စိန်ဓါးမြှောင်မှာ ပုလိပ်သားခုနှစ်ယောက်အစောင့်ဖြင့် နောက်ခန်းမှ ပါလာလေသည်။
ရှိန်းမကားမှာ စစ်ကိုင်းမြို့နယ်မှ မိုင်သုံးဆယ်နီးပါးသာကွာဝေးသော်လည်း လမ်းမှာ ကြမ်းတမ်းလွန်းလှသည်။
မနက်အစောကတည်းက ထွက်လာသောခရီးမှာ နေ့လည်နာရီပြန် တစ်ချက်ကျော်သည့်အခါမှ ရှိန်းမကားအနီး တမာကန်သို့ သာ ရောက်ရှိသေး၏။
ရာသီဥတုက ပူလောင်သည့်ကြားတွင် လမ်းမှာလည်း ကြမ်းလွန်းသည်။ နေ့လည်စာစားချိန်ကို ကျော်လွန်နေပြီဖြစ်သည့်အတွက် ကားပေါ်ပါလာသူအားလုံးမှာ ဆာလောင်နေကြ၏။
တမာကန်ကျေးရွာအလွန်တွင် တောင်းကိုရွက်ထားသော အမျိုးသမီးတစ်ဦးက ကားကို တားနေသည်ကို တွေ့လိုက်ရသည်။
ကားကို အရှိန်ရှော့ပေးလိုက်ပြီးနောက် ရဲဒုဗိုလ် ချစ်ပုံက ပြတင်းပေါက်မှ ခေါင်းထွက်ကာ မေးလိုက်သည်။
“ဟေ့..ဘာလဲဟေ့”
“သြော်..ပုလိပ်မင်းတို့...ရှိန်းမကားသွားကြမှာထင်တယ်...ထမင်းထုပ်လေးများ ၀ယ်သွားကြပါဦးလား”
“ချစ်ပုံ ငါလည်း ဗိုက်ဆာနေပြီကွာ..နောက်ကကောင်တွေလည်း ဆာနေကြမှာပဲ..ရောက်တော့မှာပဲကို...သူ့ဆီက ထမင်းထုပ်၀ယ်စားပြီး အစာဖြေကြတာပေါ့”
တိုက်ပိုင်ဦးခင်သန်းက ရဲဗိုလ်ချစ်ပုံကို ပြောလိုက်သည်။
ချစ်ပုံက
“ဟေ့..ငါ့နှမ..ထမင်ထုတ်က များများပါရဲ့လား..တို့နောက်မှာလည်း ရဲဘော်တွေပါသေးလို့”
“ပါပါ့တော်..ဂနေ့ စစ်ကိုင်းဘက်တက်တဲ့သူနည်းတယ်ထင်..ရောင်းကို မရောင်းရဘူး..ပုလိပ်မင်းတို့ ကား တစ်စီးလား ကောင်းကောင်းတွေ့ရသေးတာရယ်”
“ကဲ..ဒါဆိုလည်း အားပေးရတာပ..ကဲနောက်ကကောင်တွေလည်း ကားပေါ်မှာ တရားခံနဲ့ အစောင့်နှစ်ယောက်နေခဲ့ပြီး ထမင်းထုပ်လာစားကြဟေ့..”
ထမင်းထုတ်သည်က ထမင်းတောင်းကို ချလိုက်သည်။
ထမင်းတောင်းရှေ့တွင် ဦးခင်သန်းနှင့် ချစ်ပုံတို့ ဆောင့်ကြောင့်ထိုင်လိုက်ကြ၏။
“ငါ့နှမကို တွေ့ဖူးသလိုရှိသား”
“သြော်..ဒီလမ်း ဒီခရီး စျေးရောင်းနေတာပဲ.တွေ့ဖူးမှာပေါ့”
“ဟုတ်ပါပြီ..ဒါနဲ့ ဘာဟင်းတွေများပါတုံး..ငါ့နှမ”
“ငါးကြော်၊ ပဲနှပ်၊ ပုတက်သား ပါမယ်။ စားမြိန်အောင် အထုပ်တိုင်း နှမ်းဖတ်ချဥ်ကလေး ထည့်ထားပေးပါတယ်”
“ကဲ..ငါးကြော်လေးနဲ့ တစ်ထုပ်လုပ်ဟေ့”
ထမင်းထုတ်သည်က ထမင်းတောင်းကို အုပ်ထားသော ပုဆိုးကို ဆွဲဖယ်ကာ နှိုက်ယူလိုက်သည်။
သို့သော် ထမင်းထုတ်သည်မလေး၏ လက်ထဲတွင် ပါလာသည်က ထမင်းထုတ်မဟုတ်။
ခြောက်လုံးပြူးသေနတ်တစ်လက်သာ။
“မလှုပ်နဲ့နော်..ကျွန်မကို မပစ်တတ်ဘူးထင်သလား..လှုပ်တာနဲ့ပစ်မှာ...ဟိုဘက်က လူရော လက်ကိုမြှောက်ထား”
သေနတ်က တိုက်ပိုင်ဦးခင်သန်း၏ နဖူးတည့်တည့်တွင်။
ရဲဗိုလ်ချစ်ပုံမှာလည်း လက်နှစ်ဖက်ကို မြှောက်ထားပြီး မလှုပ်ရဲ။
မကြာမီ ကားပေါ်မှ ဆင်းလာနေကြသည့် ရဲသားများပင် လက်ကိုယ်စီမြှောက်ကာ သူတို့ရှေ့ မြေတလင်းတွင် လက်နှစ်ဖက် ခေါင်းပေါ်တင်ကာ ငုတ်တုတ်လာထိုင်ကြသည်။
သူတို့အား လူတစ်စုက စတင်းဂန်း၊ ဘရင်းဂန်း၊ ရိုင်ဖယ်များကိုယ်စီဖြင့် ၀ိုင်းထားသည်ကို ဦးခင်သန်းတွေ့လိုက်ရသည်။
စတင်းဂန်းလွယ်ထားသည့် လူတစ်ဦး က ထမင်းထုတ်သည်ဘေးရောက်လာ၏။
“ရပြီ..အနှင်း..သွားတော့..အကို ဆက်လုပ်လိုက်မယ်”
ထမင်းထုတ်သည်အမျိုးသမီးက ခြောက်လုံးပြူးကို တောင်းထဲ ထည့်ကာ ထထွက်သွားသည်။
“လက်ထိပ်သော့တွေ ဘယ်မလဲပေးစမ်း”
စတင်းဂန်းလွယ်ထားသည့် လှမောင်က ဦးခင်သန်းကို မေးလိုက်သည်။
ဦးခင်သန်းက အင်တင်တင်လုပ်နေသည်။
“ကဲ..ဘရင်းဂန်းခါလေးရေ....တစ်နှစ်သုံးရေလို့မှ သော့ထုတ်မပေးရင်..မင့်ဘရင်းဂန်းနဲ့အကုန်ဆွဲစမ်းကွာ”
သူတို့ရှေ့တည့်တည့်သို့ ဘရင်းဂန်းစက်သေနတ်ကိုထမ်းလာသော လူကောင်သေးသေး လူငယ်တစ်ယောက် လျှောက်လာသည်။
ထိုလူငယ်က ဘရင်းဂန်းကို မြေကြီးတွင် အသေချာဒေါက်ထောက်လိုက်ပြီး အကျအနထိုင်ကာ ဉီးခင်သန်းကို ပြုံးပြလိုက်သည်။
“ချစ်ပုံရေ..သော့ထုတ်ပေးလိုက်တော့ကွာ..ဒီကောင်ပုံက စပ်ဖြီးဖြီးနဲ့ တကယ်နွှာမယ့်ရုပ်ဟ”
ရဲဗိုလ်ချစ်ပုံက ဘောင်းဘီအိတ်ထဲမှ သော့တွဲနှစ်ခုကို ထုတ်ပေးလိုက်သည်။
လှမောင်က သော့တွဲရသည်နှင့် လောရီကားပေါ်ပြေးတက်သွားသည်။
လော်ရီကားပေါ်ရှိ လဲနေသော ရဲသားတစ်ဦးဘေးတွင် ရိုင်ဖယ်သေနတ်ကိုင်လျက် ရပ်နေသူနှစ်ဦးထံ သော့တွဲကို ပစ်ပေးလိုက်သည်။
“၀ါဆိုနဲ့ ၀ါပို ဆရာကြီးကို လက်ထိပ်ဖြုတ်ပေးလိုက်ကွာ”
ခဏအကြာတွင် ကားပေါ်မှ စိန်ဓါးမြှောင် ဆင်းလာ၏။
“ကဲ..အကုန်လုံးကို ကြိုးတုတ်ကြဟေ့”
လှမောင် က အမိန့်ပေးသဖြင့် ပါလာသော လူများက ရဲများကို ကြိုးတုတ်ကြသည်။
“ဆရာကြီး..လော်ရီကားရှေ့ခန်းကို တက်ပါဗျ...ကျွန်တော်တို့လိုက်ခဲ့မယ်”
“ခဏနေဦး..လှမောင်ရ”
စိန်ဓါးမြှောင်က ရဲဗိုလ်ချစ်ပုံရှိရာသို့လျှောက်သွားပြီး
“ဒေါင်းမင်းပရိတ်ကို ပေါ့သေးသေးမမှတ်နဲ့...ဆရာကြီးရေ...ကျွန်တော်တော့လွတ်ပြီ..အခု ခင်ဗျား ရွတ်အလှည့်ပဲ..နာနာသာရွတ်ဗျ..အကျိုးထူးတာမျက်မြင်ပဲမဟုတ်လား”
စိန်ဓါးမြှောင်က ပုလိပ်ကားရှေ့ခန်းသို့ ကြည့်လိုက်သောအခါ ကြင်အေးက ဒရိုင်ဘာနေရာတွင် အသင့်နေရာယူထားသည်ကိုတွေ့လိုက်သည်။
“ခွေးမသားကြင်အေး..မင်းလည်းပါလာသကိုးကွ”
“ပါရမှာပေါ့..ဆရာကြီးရယ်..ကျွန်တော့်အပြစ်တွေလည်းပါတာကိုးဗျ...ကဲ..ဟိုဘက်က တက်ပါဦး”
စိန်ဓါးမြှောင် ကားတံခါးကို ဆွဲဖွင့်ရန်ပြင်လိုက်စဥ် ကားတံခါးက အလိုလိုပွင့်လာ၏။
ကားအတွင်းမှ ညိုသော စိုသော အသာအရည်ပိုင်ရှင် လက်ကလေးတစ်ဖက်ထွက်လာသည်။
“ဟာ..မြကြည်”
“လာ..အကိုတက်”
ကျစ်ဆံမြီးညို့ညို့မှောင်မှောင်ကြီးကို ဆံထုံးထုံးထားသော မြကြည်။
အနက်ရောင်ရင်ဖုံးအင်္ကျီနှင့် ထမီကို ခပ်တိုတို၀တ်ထားသော မြကြည်။
“ဘယ်ကနေ ဘယ်လို ပါလာတာလဲ မြကြည်ရယ်...ဒါမျိုးက ညီမ လိုက်လာလို့ ကောင်းတဲ့ အလုပ်မဟုတ်ဘူး”
“အောင်မယ်လေး..ဆရာကြီးရယ်..ဆရာ့ကိုကယ်ဖို့ ဒီအစီအစဥ်တွေအားလုံးကို ဆရာကတော်မမ က ဆွဲခဲ့တာဗျ.. သူမပါလို့ဖြစ်မလား”
“ဟင်..တကယ်လား..မြကြည်”
“အကိုက လိမ္မာခဲ့တုန်းက မြကြည်လည်း တူတူလေ..အခု အကို မိုက်ဖို့အလှည့်ကျမှ မြကြည် မပါလို့ဖြစ်မလား..အကို”
စိန်ဓါးမြှောင်က မြကြည်၏ ပါးလေးကို နမ်းလိုက်သည်။
ထိုအချိန်တွင် လှမောင်တို့လူစုက ရဲသားများထံမှ လက်နက်များကို ကားပေါ်တင်နေကြသည်။
ခဏအကြာတွင် လှမောင်နှင့် ထမင်းထုတ်သည်အယောင်ဆောင်ခဲ့သော အနှင်းတို့ ကားရှေ့သို့ လာရပ် ကာ စိန်ဓါးမြှောင်နှင့် မြကြည်ကို နှုတ်ဆက်ကြ၏။
“လက်နက်တွေလည်း ကားပေါ်တင်ပြီးပါပြီ..သွားရတော့မလား မမကြည်”
“အေး..သွားကြတာပေါ့..လှမောင်”
လှမောင် ၊ အနှင်း တို့လူစုက ကားနောက်ခန်းပေါ်တက်ပြီးသည်နှင့် ကြင်အေးက ကားကို မောင်းထွက်သွားသည်။
“အခု ဘယ်ကို သွားတာလဲ..မြကြည်”
“တမာကန်ရွာပြင်ကိုသွားမယ်လေ..အကို..အဲ့ဒီမှာ ကိုငန်းနက် နဲ့ ဘမောင်တို့ စောင့်နေလိမ့်မယ်..ဟောဒီပုလိပ်ကားကို အဲဒီရွာမှာပဲ ထားခဲ့ပြီး လူစုခွဲမယ်။ ညီမနဲ့အကို က လှမောင်တို့ညီအကိုငှားထားတဲ့ကားနဲ့ ၀က်လက်ဘက်ကိုတက်မယ်။ အဲ့ဒီမှာ ငရုတ်သီးဘရင်စောင့်နေတယ်။ ရွှေဘိုနားမှာ ညီမတို့ အောင်းဖို့ အိမ်တစ်အိမ် သူစီစဥ်ပေးထားတယ်အကို”
“နေပါဦး..ဘမောင်က ရှိန်းမကားဂါတ်မှာ အဖမ်းခံထားရတယ်ဆို”
“ဟုတ်တယ်အကို..ညီမ တမင် အဖမ်းခံခိုင်းလိုက်တာ..ပြီးတော့ တိုက်ရာပါတွေ မြုပ်ထားတယ်ဆိုတာလဲ ညီမပဲ ထွက်ဆိုခိုင်းလိုက်တာ။ အကို့ကို ညီမတို့လမ်းက ဖြတ်လုချိန်မှာ ကိုငန်းနက်တို့ကလည်း ရှိန်းမကားဌာနကို ၀င်စီးပြီး ခေါ်ထုတ်လာမှာအကို။ အကို့ကို စစ်ကိုင်းက သွားခေါ်ရမှာမို့ ရှိန်းမကားက ရဲအင်အား တ၀က်လောက်ပါသွားတော့ ဟိုမှ အားနည်းနေတယ်လေ”
“ဟာ...မြကြည်..ဘုရား..ဘုရား....ညီမ က ဓါးပြဗိုလ်လား..အကိုက ဓါးပြဗိုလ်လား”
“အောင်မယ်လေး...မမြကြည်တင်လား ဆရာရယ်..ခုန လှမောင်ကြီး မိန်းမလေး မနှင်း ထမင်းထုတ်သည်ပုံလုပ်ပြီး ဌာနအုပ် နဖူးကို ခြောက်လုံးပြူးနဲ့ချိန်ထားပုံ မြင်စေချင်တယ်.....ခင်ဗျားတို့ တကယ့်မိန်းမတွေကို ရထားတာပဲဗျ”
ကြင်အေး က သူ့စကားသူသဘောကျပြီး ရယ်နေသည်။
တမာကန်ရွာပြင်ရှိ ဇရပ်ရှေ့တွင် ဂျစ်ကားတစ်စီးရပ်ထားသည်ကို တွေ့ရသည်။
ဂျစ်ကားပေါ်တွင် ငန်းနက်၊ ထွန်းခင် နှင့် ဘမောင်က ဆေးလိပ်သောက်ရင်း စကားပြောနေ၏။
လော်ရီကားရပ်သွားသောအခါ စိန်ဓါးမြှောင်နှင့် မြကြည်က ကားပေါ်မှ ဆင်းလိုက်သည်။
“ဆရာကြီး ဘာမှမဖြစ်ဘူးနော်”
“အေး..ဘမောင်..ငန်းနက် မင်းတို့ရော အဆင်ပြေရဲ့ မဟုတ်လား”
“ပြေပါတယ်..အကိုကြီး..အင်း..အကိုကြီး ရဲ့ အားနည်းချက်ကလေး မမြကြည် ကတော့ အခု အကိုကြီးရဲ့ အားသာချက်ပြန်ဖြစ်နေပြန်ရောလားဗျ”
ငန်းနက်က မြကြည်ကို ကြည့်ကာ ပြောလိုက်သည်။
“ထွန်းခင်..ရင်ရင်ရောကွ”
“ကိုငန်းနက်တို့ မြေနုကျွန်းပေါ်မှာ မိကွန်နဲ့အဖော် ထားခဲ့တယ်အကိုကြီး”
ထိုအချိန်တွင် ခါလေးက ဘရင်းဂန်းကြီးကို ထမ်းကာ စိန်ဓါးမြှောင်ရှေ့လာရပ်သည်။
လှမောင်နှင့် အနှင်းလည်း ပါလာ၏။
လှမောင် နောက်မှ ပါလာသော ရုပ်ရည်အလွန်တူသည့် လူငယ်နှစ်ယောက်ကို စိန်ဓါးမြှောင်က အကဲခတ်လိုက်သည်။
“သူတို့က မင်းလူတွေလား လှမောင်”
“ကျွန်တော့်လူတွေဆိုတာထက် သူတို့က ဆရာကြီးလူတွေပါ”
“ဟေ..ငါလည်း သူတို့ကို မသိပါလားကွ”
“သူတို့က ၀ါဆိုနဲ့၀ါပို တဲ့ ရှိန်းမကားက ဆရာကြီးရဲ့ ပရိသတ်တွေပေါ့”
“ဘယ်လို..ဘယ်လို”
၀ါဆို ၀ါပို ညီအကို က စိန်ဓါးမြှောင်ရှေ့တွင် ရပ်လိုက်ကာ
“ကျွန်တော်တို့လည်း ရှိန်းမကားနား ရှင်လှသားတွေပါ။ ဓါးပြလေးဘာလေး တိုက်စားပါတယ်။ ဆရာကြီးတို့ ရှိန်းမကားသူဌေဦးထိပ်အိမ်ကို ဓါးပြ၀င်တိုက်တာကို ကြားကတည်းက တပည့်အဖြစ် ခံယူချင်နေတာပါ။ အဲ့ဒါနဲ့ ဟော့ဒီက ကိုလှမောင်တို့ညီအစ်ကိုနဲ့ချိတ်ဆက်ပြီး ဆရာကြီးကို ကယ်မယ့်အစီအစဥ်မှာ လိုက်လာတာပါ။ ရှင်လှ၊ သဲကျွန်းတစ်ကြောမှာ ကျွန်တော်တို့လူတွေ စုပြီးသားရှိပါတယ်။ ဆရာကြီး လက်အောက်မှာ ခိုလှုံပါရစေခင်ဗျ”
“အေးကွာ...ကောင်းတာပေါ့..ငါတို့လည်း ရှေ့ဆက်သွားစရာတွေရှိသေးတယ်..လူအင်အားလိုတယ်.. အခုလောလောဆယ်တော့ မင်းတို့ ရှင်လှဘက်ကို လူစုခွဲပြီးပြန်ချေ...ရှိန်းမကားပုလိပ်က မင်းတို့ကို သင်္ကာမကင်းဖြစ်မှာအသေအချာပဲ..မင်းတို့ ရွာမှာပဲ မှင်မပျက်ပြန်နေကြ....အလုပ်ကိစ္စစမယ်ဆို လူတစ်ယောက်မင်းတို့ဆီ လွှတ်လိုက်မယ်..ဦးလေးကြီးက လွှတ်လိုက်တာဆို ငါခေါ်ခိုင်းလိုက်တယ်လို့သာမှတ်.သွားတော့ကွဲ့”
၀ါဆိုနှင့်၀ါပို တို့ခေါင်းဆောင်သော လူစုက စိန်ဓါးမြှောင်နှင့် လှမောင်ကို နှုတ်ဆက်ကာ ပြန်သွားကြသည်။
“ကဲ..အားလုံးကို ကျေးဇူးတင်ပါတယ်။ အနှင်းကိုလည်းကျေးဇူးတင်ပါတယ်”
“ရပါတယ်ဆရာကြီး..ဆရာကြီးကျေးဇူးက ကျွန်မနဲ့ ကိုလှမောင် အပေါ်မှာ ရှိတာပဲ”
“အင်း ဂွတော့ကျသဟေ့.ညည်းကို သူဌေးသမီးဘ၀ကနေ အခု ဌာနအုပ်နဖူးသေနတ်နဲ့တေ့တဲ့ ဓါးပြမ ဘ၀ ရောက်အောင် ငါလုပ်ခဲ့တာကို ငါ့ကို ကျေးဇူးတင်တယ်ဆိုတော့..ခက်သား”
“အို..ဆရာကြီးရယ်..သူဌေးသမီးဘ၀က ပျင်းစရာပါ.ဒီလိုမျိုး ကိုလှမောင် နဲ့ ပြေးလိုက်လွှားလိုက်ကမှ ပျော်ဖို့ကောင်းသေးတော့”
စိန်ဓါးမြှောင် ရော၊ မြကြည်ပါ ရယ်လိုက်ကြသည်။
“ ကဲ..ခုန မြကြည်စီစဥ်ထားတာကို အရေးပေါ်ပြန်ပြောင်းမယ်..ငန်းနက်၊ ဘချစ်နဲ့ ထွန်းရင်က ရေကြောင်းအတိုင်းဆင်းပြီး ကျွန်းကိုပြန်...လှမောင်တို့လင်မယားရယ်၊ ဘမောင်ရယ်ပဲဒီဂျစ်ကားနဲ့ ရွှေဘိုကို လိုက်သွားတော့...ငါရယ်မြကြည်ရယ်ခါလေးရယ်က ဘူးပုဂံဘက်ကို လှည်းတစ်စီးငှားပြီး ထွက်မယ်...ဒါဆို ပုလိပ်လည်း လူစုအကွဲကွဲဆိုတော့ ခြေရာခံရခက်မယ်..မိရင်လည်း တစ်စုတစ်စည်းထဲမဟုတ်တော့..တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ကူရလွယ်မယ်”
“ဖြစ်ပါ့မလား..ဆရာကြီး”
“ဖြစ်တယ်..လှမောင်..မင်းသာ အနှင်းကို ဂရုစိုက်သွား”
“အကိုကြီး ကျွန်တော်တို့နဲ့ လိုက်ခဲ့ပါလားဗျာ”
“မလိုက်တော့ဘူး..ငန်းနက်...လာမည့် လပြည့်နေကျ ငါတို့အားလုံး မင်းရဲ့ မြေနုကျွန်းမှာ ပြန်ဆုံကြမယ်..အားလုံး ဟုတ်ပြီလား..လှမောင် လော်ရီကားပေါ်က လက်နက်တွေကို မင်းလူတွေနဲ့ ရေဆိပ်ကိုချ..ငန်းနက်တို့ မြေနုကျွန်းဆီ အမြန်ပို့ခိုင်း....ပြီးမှ မင်းတို့ထွက်...ငါတို့ ကိုလှည်းတစ်စီးစီစဥ်ပေး..ချက်ချင်းထွက်မယ်”
မြကြည်က စိန်ဓါးမြှောင်လက်ဖ၀ါးကို ဆုပ်ကိုင်ထားသည်။
သူ့လူများအား ထပ်မံညွှန်ကြားနေသည့် လှမောင်ဘေးတွင် အနှင်းက မတ်တပ်ရပ်လျက် လှမောင်ကို ပြုံးကာ စိုက်ကြည့်နေ၏။
ခါလေးက တော့ ငန်းနက်တို့နှင့် ထည့်ပေးလိုက်ရမည့် သူ့ဘရင်းဂန်းကို ဖက်ကာ တသသ။
ငန်းနက် က စတင်းဂန်းကို တစ်ဖက်ကလွယ်ကာ ဂျစ်ကားပေါ်တွင် ၀ှက်ထားသော အရက်ပုလင်းကို ယူကာ ခါးကြားထိုးလိုက်သည်။
သူတို့ ပြန်လည်စုစည်းမိကြလေပြီ။
ခက်ဇော်
The Guys From Mandalay,1950s
အခန္း(၁၂)
..................
ေနာက္တစ္ေန႔နံနက္တြင္ ငန္းနက္ ႏွင့္ ဘခ်စ္တို႔သည္ ဂ်ပန္စစ္ဗိုလ္ဆာကူ႐ိုင္းႏွင့္ေတြ႕ဆုံရန္ မႏၲေလးသို႔ တက္သြား၏။
ငန္းနက္တို႔ ခိုေအာင္းရာ ေျမႏုကြၽန္းေပၚတြင္ စိန္ဓါးေျမႇာင္ ႏွင့္ မိကြန္သာ က်န္ရစ္သည္။
င႐ုတ္သီးဘရင္ ကား ငန္းနက္ခိုင္းထားသျဖင့္ ေ႐ႊဘိုဘက္ရွိ႐ြာမ်ားတြင္ ဓါးျပတိုက္ရန္ ကင္းေထာက္ေနခ်ိန္လည္းျဖစ္သည္။
မိကြန္က စစ္ကိုင္းသို႔ ေစ်း၀ယ္ထြက္ရန္ ေလွကို ျပင္ဆင္ေန၏။
“မိကြန္..ညည္း ဘယ္သြားမလို႔လဲ”
“စစ္ကိုင္းဘက္ကို ရိကၡာအတြက္ ၀ယ္စရာရွိတာေတြ သြား၀ယ္မလို႔..ဆရာႀကီး”
“ငါလိုက္ခဲ့လို႔ရမလား”
“ဟာ..ဆရာႀကီးရယ္..မေန႔ကမွ စစ္ကိုင္းက ရဲကို ပစ္လာခဲ့တယ္ဆို ျဖစ္ပါ့မလား”
“အခုခ်ိန္ဆို ျမၾကည္နဲ႔ ခါေလး စစ္ကိုင္းကို ေရာက္ေနၿပီး ငါ့ကို လာရွာခ်င္ ရွာေနမွာ...သူတို႔အတြက္ အႏၲရာယ္ရွိတယ္..ငါ သူတို႔ကို ေတြ႕ရင္ ဒီကို ေခၚခဲ့မလို႔..ဒီမွာက ဘာပဲျဖစ္ျဖစ္လုံၿခဳံေနေသးတယ္”
“ဆရာႀကီးရယ္ စစ္ကိုင္းမွာ ေတြ႕ခဲ့ရင္ ကြၽန္မ ေခၚခဲ့ပါ့မယ္...ကြၽန္မ ကိုခါေလးကို သိတာပဲ..ဒီမွာပဲ ေအးေအးေနခဲ့ပါ”
မိကြန္ က ေလွေပၚသို႔ တက္ကာ ေလွာ္တက္ကို ျပင္လိုက္သည္။
ထိုအခ်ိန္တြင္ ေလွက ရိပ္ခနဲလႈပ္ခါသြား၏။
“အံမယ္ေလး”
မိကြန္က လန႔္သြားသည္။ စိန္ဓါးေျမႇာင္က ေလွေပၚ ခုန္တက္လိုက္ျခင္းျဖစ္သည္။
“ငါလိုက္မယ္..မိကြန္...မေန႔က ငါပစ္လိုက္တဲ့ ပုလိပ္ေသမေသ လည္း သိခ်င္ေသးတယ္”
“ဆရာႀကီးနဲ႔ေတာ့..ခက္ပရွင္”
.............................................................................................................
၁၉၄၄ စက္တင္ဘာလ ၂၄ ရက္။
ျမန္မာႏိုင္ငံေတာ္အဓိပတိ ေဒါက္တာဘေမာ္ က အေမရိကန္ႏွင့္ ၿဗိတိန္ႏိုင္ငံတို႔ကို ဖိလစ္ပိုင္ႏိုင္ငံက စစ္ေၾကျငာျခင္းႏွင့္ပတ္သက္၍ ၀မ္းေျမာက္ေၾကာင္းသ၀ဏ္လႊာေပးပို႔သည့္သတင္းမွာ သတင္းစာမ်ားတြင္ ေခါင္းႀကီးအျဖစ္ပါလာသည္။
စစ္ကိုင္းၿမိဳ႕လူထုအတြက္ေတာ့ ထိုသတင္းထက္ စိတ္၀င္စားစရာ သတင္းကား ရွိေနသည္။
အျခားမဟုတ္။
လြန္ခဲ့ေသာေန႔က ပတၱျမားေစတီဆိပ္ကမ္းတြင္ ေသနတ္ကိုင္ပုလိပ္မ်ားေစာင့္ၾကပ္လ်က္ လက္ထိပ္ခတ္ဖမ္းေခၚလာသည့္ လူဆိုးဗိုလ္စိန္ဓါးေျမႇာင္ ပုလိပ္တစ္ဦးကို ပစ္သတ္ကာ လြတ္ေျမာက္သြားေသာ သတင္းျဖစ္သည္။
စစ္ကိုင္းသူေဌးဦးၾကင္အိမ္ကို ေန႔ခင္းေၾကာင္ေတာင္ဓါးျပ၀င္တိုက္ခဲ့ေသာ စိန္ဓါးေျမႇာင္ သည္ ေသနတ္ၿပီး၊ဓါးၿပီးသည့္အျပင္ လက္ထိပ္အထပ္ထပ္ခတ္ထားသည္မ်ားလည္း ပြင့္ထြက္သြားေၾကာင္း၊ စိန္ဓါးေျမႇာင္သည္ ေမွာ္ေအာင္ထားသူျဖစ္ၿပီး တိုက္သည့္အခါတိုင္းလည္း ေန႔ခင္းဘက္ လူစည္ကားသည့္ေနရာမ်ားကိုသာတိုက္ေလ့ရွိေၾကာင္း၊ အဂၤလိပ္မေျပးမီက မႏၲေလး ႐ုံေတာ္ႀကီးကိုပင္ ေန႔ခင္းေၾကာင္ေတာင္ဓါးျပ၀င္တိုက္ခဲ့ေၾကာင္း သတင္းမ်ားသာ စစ္ကိုင္းဆိပ္ကမ္းမ်ားႏွင့္ ေစ်းမ်ားတြင္ ႀကီးစိုးထားေလသည္။
စိန္ဓါးေျမႇာင္သည္ မိကြန္၏ ေနာက္မွ ေတာင္းတစ္လုံးကို ထမ္းကာ အေစ်းအတြင္း ပတ္ရင္း ျမၾကည္ႏွင့္ ခါေလးတို႔ကို ေတြ႕လိုေတြ႕ျငားလိုက္ၾကည့္ရင္း သတင္းစကားမ်ားကို နားစြင့္ေန၏။
ရိကၡာအခ်ိဳ႕၀ယ္ၿပီးေနာက္ စစ္ကိုင္းေစ်းမွထြက္ခါနီးတြင္ ေစ်းအတြင္း ႐ုတ္႐ုတ္သဲသဲျဖစ္ကုန္ၾကသည္။
စစ္ကိုင္းရဲဌာန၊ ၀က္လက္ရဲဌာန၊ မင္းကြန္းရဲဌာန၊ ရွိန္းမကားရဲဌာနတို႔မွ ပူးေပါင္းထားေသာ ရဲသားမ်ားႏွင့္ ေစ်းကို ၀ိုင္းထားလိုက္ၾကျခင္းေၾကာင့္ျဖစ္သည္။
စစ္ကိုင္းသူေဌး ဦးၾကင္အိမ္သို႔ ဓါးျပတိုက္စဥ္က စိန္ဓါးေျမႇာင္ကို ျမင္ဖူးခဲ့ေသာ ပြဲ႐ုံအလုပ္သမား သာေဂါင္ဆိုသူက ေစ်းအတြင္း စိန္ဓါးေျမႇာင္အား ေတြ႕သြားကာ သတင္းပို႔ရာမွာ စစ္ကိုင္းရဲဌာနက ေျခရာခံမိသြားျခင္းျဖစ္သည္။
စိန္ဓါးေျမႇာင္အေနျဖင့္ ဤမွ် ရဲရဲတင္းတင္းေစ်းထဲ ၀င္လာျခင္းမွာ တစ္ေယာက္တည္းမျဖစ္ႏိုင္ဘဲ အဖြဲ႕မ်ားပါမည္ ဟု တြက္ဆကာ စာသင္ကိုဘသာနာေရးသို႔ေရာက္ေနၾကေသာ အနီးအနားရဲဌာနမ်ားမွ ရဲသားမ်ားကိုပါ စုစည္းကာ လာ၀ိုင္းၾကျခင္းျဖစ္သည္။
“စိန္ဓါးေျမႇာင္ ေစ်းထဲ ေရာက္ေနတယ္တဲ့ေဟ့..ေစ်းျပင္ကို ဘယ္သူမွ ေပးမထြက္ေတာ့ဘူး”
ေစ်းကား လႈပ္လႈပ္ရွားရွားျဖစ္ေနေပၿပီ။ ပြဲ႐ုံမ်ားႏွင့္ ဆိုင္ႀကီးအခ်ိဳ႕မွာ အထိတ္ထိတ္အလန႔္လန႔္ျဖင့္ ပိတ္သိမ္းကုန္ၾကသည္။
ထိုအခ်ိန္တြင္ စိန္ဓါးေျမႇာင္ႏွင့္ မိကြန္မွာ ေစ်းထဲမွ ခိုေတာင္မုန္႔တီဆိုင္ကေလးတြင္ ေန႔လည္စာမုန္႔တီ၀င္စားေနခ်ိန္။
“မိကြန္ နင္ မုန္႔တီဖိုးရွင္းၿပီး အသာထြက္သြားေတာ့”
စိန္ဓါးေျမႇာင္က မိကြန္ကို ေလသံျဖင့္ ခပ္တိုးတိုးေျပာသည္။
မိကြန္က စိတ္လႈပ္ရွားလြန္းသျဖင့္ ေၾကာင္ေတာင္ေတာင္ျဖစ္ေနရွာသည္။
“ဟဲ့..ညည္းကို ဒီကေန သြားေတာ့လို႔ ငါေျပာေနတယ္ေလ..ပိုက္ဆံရွင္းခဲ့ၿပီးသြားေတာ့”
သူတို႔ ႏွစ္ဦးအေျခအေနကို မုန႔္တီသည္က အကဲခတ္ၿပီး ၿပဳံးလိုက္၏။
“ျဖည္းျဖည္းစားပါ..ငါ့လူတို႔ရာ...က်ဳပ္ဆိုင္က မပိတ္ပါဘူးဗ်..စိန္ဓါးေျမႇာင္ဆိုလို႔ သိပ္လည္းမေၾကာက္ပါနဲ႔.. သူက က်ဳပ္တို႔လို ဆင္းရဲသားေတြဆီက ဓါးျပဘယ္ေတာ့မွမတိုက္ဘူးတဲ့ဗ်...တိုက္ခ်င္းတိုက္ ဟိုးေရွ႕က သူေဌးပြဲ႐ုံေတြ ခ်ည္း တိုက္မွာ..ကဲ..ငါ့ႏွမလည္း မစိုးရိမ္နဲ႔..ျဖည္းျဖည္းစား ဟုတ္ၿပီလား”
မုန္႔တီသည္စကားကို စိန္ဓါးေျမႇာင္က ၿပဳံးလိုက္သည္။
“ကဲ..မိကြန္..သြားေတာ့ သြားေတာ့”
မိကြန္က မုန္႔တီဖိုး ေငြအေႂကြေစ့ေလးမ်ားေပးကာ ေတာင္းကို ႐ြက္လ်က္ ထထြက္သြား၏။
စိန္ဓါးေျမႇာင္က လက္က်န္မုန႔္တီကို ငုံ႔ကာ ျပန္စားေနသည္။
“ခင္ဗ်ားႏွယ့္..ေစ်းထဲ ဓါးျပေရာက္ေနပါတယ္ဆိုမွ ကိုယ့္ႏွမေလးကို အတင္းႏွင္လႊတ္ေနတာပဲ..ဘယ့္ႏွယ့္လူတုန္းဗ်”
“ဘယ္ႏွယ့္လူမွ မဟုတ္ရပါဘူးဗ်ာ..ကဲ...တမ်ိဳးေတာ့မထင္နဲ႔ဗ်..ငါ့လူ..ေစ်းကို၀ိုင္းထားတဲ့ ပုလိပ္ေတြကို သြားေျပာေပးစမ္းပါ..ခင္ဗ်ာ့ဆိုင္မွာ စိန္ဓါးေျမႇာင္က အဖမ္းခံဖို႔ ေစာင့္ေနတယ္လို႔”
စိန္ဓါးေျမႇာင္စကားေၾကာင့္ မုန႔္တီသည္မွာ ေၾကာင္သြားသည္။
“ဘာဗ်..ခင္ဗ်ား ဘာေတြေျပာေနတာလဲ”
“ေၾသာ္.ခက္ပ..ကိုရင္ရယ္..စိန္ဓါးေျမႇာင္ဆိုတာ ကြၽန္ေတာ္ပဲဗ်..သြား..သြား..ပုလိပ္ကို သြားေျပာေခ်”
မုန္တီသည္မွာ ပါးစပ္အေဟာင္းသားျဖင့္ ထထြက္ရန္ျပင္သည္။
“ခဏေလး..ခဏေလး..ဟင္းခါးေလးေတာ့ အစစ္နည္းနည္းထည့္သြားေပးဦးဗ်.”
မုန႔္တီသည္က စိန္ဓါးေျမႇာင္ထိုးေပးေသာ ဟင္းရည္ခြက္ကို ယူကာ ေယာက္ခ်ိဳဇြန္းျဖင့္ ဟင္းရည္ထည့္ေပးလိုက္၏။
မုန္တီသည္၏ လက္တို႔မွာ သိသိသာသာတုန္ရီေနသည္။
“ကဲ..သြားေျပာမွာသာ ေျပာေပးပါဗ်ာ..ကြၽန္ေတာ္ ဒီမွာ ဟင္းခါးေလးေသာက္ရင္းေစာင့္ပါ့မယ္..ကဲ..သြားသြား”
မုန႔္တီသည္မွာ စိန္ဓါးေျမႇာင္အား လွည့္ၾကည့္ လွည့္ၾကည့္ျဖင့္ ထြက္သြားသည္။
မၾကာမီ ဟင္းခါးရည္ကို ဇိမ္ဆြဲေသာက္ေနေသာ စိန္ဓါးေျမႇာင္ကို စတင္းဂန္းႏွင့္႐ိုင္ဖယ္ကိုယ္စီကိုင္ထားေသာ ရဲသားမ်ားက ၀ိုင္းလိုက္ၾကသည္။
စိန္ဓါးေျမႇာင္က မတ္တပ္ထရပ္လိုက္သည္။
ရဲသားမ်ားထံမွ ေသနတ္ေမာင္းတင္သံမ်ား တေျဗာင္းေျဗာင္းထြက္လာသည္။
“မပစ္ေတာ့ မပစ္ၾကပါနဲ႔ဟ..လိုက္ဆိုလိုက္ခဲ့ပါ့မယ္..ပါးစပ္ေလး ေတာ့ သုတ္ပါရေစဦးရယ္”
မုန႔္တီအထမ္းတြင္ ခ်ိန္ထားေသာ လက္သုတ္ပု၀ါစျဖင့္ စိန္ဓါးေျမႇာင္က ပါးစပ္သုတ္လိုက္သည္။
ထို႔ေနာက္..လက္ႏွစ္ဖက္အား ေရွ႕ထိုးေပးၿပီး
“ကဲ..အႀကီးဆုံးက ဘယ္သူလဲဗ်..လက္ထိပ္ခတ္လို႔ရပါၿပီ”
စစ္ကိုင္းတိုက္နယ္ ၊ တိုက္ပိုင္ပုလိပ္၀န္ေထာင္ ဦးဘေအး ထြက္လာၿပီး စိန္ဓါးေျမႇာင္ကို လက္ထိပ္ခတ္လိုက္သည္။
ထို႔ေနာက္ ရွိန္းမကားဌာနအုပ္ ဦးခင္သန္းကလည္း ေနာက္ထပ္ လက္ထိပ္တစ္စုံခတ္လိုက္၏။
“ႏွစ္ကြင္းေတာင္ပါလားဗ်..ကြၽန္ေတာ္က ခင္ဗ်ားတို႔ ထင္သေလာက္လည္း မစြမ္းပါဘူးဗ်ာ”
စိန္ဓါးေျမႇာင္စကားပင္မဆုံးလိုက္။ ေနာက္ထပ္ ရဲသားတစ္ဦးက ႀကိဳးတစ္ေခ်ာင္းယူလာကာ စိန္ဓါးေျမႇာင္၏ ခႏၶာကိုယ္ကို တုတ္ေႏွာင္လိုက္ျပန္သည္။
...........................................................................................................................
အဂၤလိပ္ေခတ္ စစ္ကိုင္းပုလိပ္ဌာနမွသည္ ဂ်ပန္ေခတ္ စစ္ကိုင္းရဲဌာနေခတ္အထိ အခ်ဳပ္ခန္းအတြင္း ထိပ္တုံးခတ္ထားရသည့္ တရားခံမွာ စိန္ဓါးေျမႇာင္သာရွိခဲ့သည္။
နာမည္ေက်ာ္ဓါးျပဂိုဏ္းေခါင္းေဆာင္စိန္ဓါးေျမႇာင္ အား လာေရာက္ေတြ႕မည့္သူပင္မရွိ။
စိန္ဓါးေျမႇာင္ကား ခပ္ေအးေအးပင္။
သူႏွင့္အတူရွိသည့္ အခ်ဳပ္သားမ်ားကို ထိပ္တုံးႀကီးတန္းလန္းႏွင့္ အခ်ဳပ္အေႏွာင္လြတ္ေစမည့္ ဥေဒါင္းမင္းပရိတ္ ႏႈတ္တိုက္သင္ေပးေနသည္။
စစ္ကိုင္းရဲဌာနတြင္ စိန္ဓါးေျမႇာင္ကို ဦးၾကင္အိမ္ဓါးျပမႈ၊ ဆာသင္ကိုဘသာသတ္မႈတို႔အတြက္ စစ္ခ်က္မ်ား ရယူၾကသည္။
ေစ်းခ်ိဳေတာ္ ဓါးျပမႈအတြက္လည္း မႏၲေလးခ႐ိုင္ရဲဌာနက စိန္ဓါးေျမႇာင္ကို လႊဲေပးရန္ ေတာင္းဆိုထားသည္။
သုံးရက္ေျမာက္ေန႔တြင္ေတာ့ ရွိန္းမကားရဲဌာန၊ဌာနအုပ္ဦးခင္သန္း သည္ စစ္ကိုင္းရဲဌာနသို႔ ေရာက္ရွိလာ၏။
ရွိန္းမကားမွ သူေဌးဦးထိပ္ အိမ္ ဓါးျပမႈႏွင့္ ဦးထိပ္သမီး မႏွင္းကို ျပန္ေပးဆြဲမႈမ်ားတြင္ ပါ၀င္ခဲ့သည့္ တရားခံတစ္ဦးျဖစ္သူ ဘေမာင္က ရွိန္းမကားရဲစခန္းတြင္ လာေရာက္အဖမ္းခံထားသည့္ ကိစၥျဖစ္သည္။
ထိုဓါးျပမႈကို စိန္ဓါးေျမႇာင္က ဦးေဆာင္တိုက္ျခင္းျဖစ္ၿပီး တိုက္ရာပါေငြမ်ားကို ရွိန္းမကား၊ ေတာရႀကီးေက်ာင္းအနီး ေတာအုပ္တြင္ စိန္ဓါးေျမႇာင္က ျမဳပ္ႏွံထားေၾကာင္း၊ ထိုေနရာကို စိန္ဓါးေျမႇာင္တစ္ေယာက္တည္းသာ သိေၾကာင္း အစစ္ခံခဲ့သည္။
တိုက္ရာပါပစၥည္းမ်ား ျပသေဖာ္ထုတ္ႏိုင္ေရးႏွင့္ ရွိန္းမကားဓါးျပမႈအတြက္ စစ္ခ်က္ယူရန္ စိန္ဓါးေျမႇာင္ကို ရွိန္းမကား ရဲဌာနသို႔ ခတၱလႊဲေျပာင္းေခၚေဆာင္ရန္ ေရာက္လာျခင္းျဖစ္သည္။
စစ္ကိုင္းခ႐ိုင္ရဲ၀န္ထံတင္ျပရာ ခြင့္ျပဳခ်က္ရသျဖင့္ စိန္ဓါးေျမႇာင္အား ရွိန္းမကားစခန္းသို႔ ေခၚေဆာင္ေတာ့မည္ျဖစ္သည္။
“တယ္လည္း က်တဲ့ေကာင္ေတြကြယ္...မင္းတို႔ ကို အခ်ဳပ္အေႏွာင္လြတ္ေအာင္ ဘုရားစာသင္ေပးတဲ့သူကိုယ္တိုင္က မင္းတို႔ထက္ ဘ၀ပိုဆိုးတယ္ဟ..ထိပ္တုံးႀကီးနဲ႔...မၾကာခင္ လူသတ္မႈနဲ႔ တရားစြဲတင္ရင္ ႀကိဳးေပးခံရမလား..ပစ္သတ္ခံရမလားမသိဘူး”
အခ်ဳပ္ခန္းထဲတြင္ ဥေဒါင္းမင္းပရိတ္သင္ေပးေနေသာ စိန္ဓါးေျမႇာင္ကို အခ်ဳပ္ထဲမွ လာထုတ္သည့္ ရွိန္းမကာဌာန ရဲဒုဗိုလ္ ဦးခ်စ္ပုံက စိန္ဓါးေျမႇာင္ကို ေလွာင္ရယ္လိုက္သည္။
လုပ္ထုံးလုပ္နည္းအရ ဌာနအခ်င္းခ်င္း အလႊဲအေျပာင္းမ်ားျပဳလုပ္ၿပီးသည့္ေနာက္ ရွိန္းမကားဌာနမွ အင္အား ဆယ္ဦးပါေသာ ကားျဖင့္ စိန္ဓါးေျမႇာင္အား ရွိန္းမကားသို႔ ေခၚေဆာင္လာခဲ့သည္။
စိန္ဓါးေျမႇာင္ ကား လက္ထိပ္ႏွစ္ထပ္ခတ္ခံထားရသည့္အျပင္ ႀကိဳးမ်ားျဖင့္လည္း အတုပ္ခံထားရေသး၏။
ရွိန္းမကာဌာနအုပ္ ဦးခင္သန္း ႏွင့္ ရဲဒုတိယဗိုလ္ဦးခ်စ္ပုံတို႔ က စစ္သုံးေလာ္ရီကားကို ေရွ႕ခန္းမွ စီးၿပီး စိန္ဓါးေျမႇာင္မွာ ပုလိပ္သားခုႏွစ္ေယာက္အေစာင့္ျဖင့္ ေနာက္ခန္းမွ ပါလာေလသည္။
ရွိန္းမကားမွာ စစ္ကိုင္းၿမိဳ႕နယ္မွ မိုင္သုံးဆယ္နီးပါးသာကြာေဝးေသာ္လည္း လမ္းမွာ ၾကမ္းတမ္းလြန္းလွသည္။
မနက္အေစာကတည္းက ထြက္လာေသာခရီးမွာ ေန႔လည္နာရီျပန္ တစ္ခ်က္ေက်ာ္သည့္အခါမွ ရွိန္းမကားအနီး တမာကန္သို႔ သာ ေရာက္ရွိေသး၏။
ရာသီဥတုက ပူေလာင္သည့္ၾကားတြင္ လမ္းမွာလည္း ၾကမ္းလြန္းသည္။ ေန႔လည္စာစားခ်ိန္ကို ေက်ာ္လြန္ေနၿပီျဖစ္သည့္အတြက္ ကားေပၚပါလာသူအားလုံးမွာ ဆာေလာင္ေနၾက၏။
တမာကန္ေက်း႐ြာအလြန္တြင္ ေတာင္းကို႐ြက္ထားေသာ အမ်ိဳးသမီးတစ္ဦးက ကားကို တားေနသည္ကို ေတြ႕လိုက္ရသည္။
ကားကို အရွိန္ေရွာ့ေပးလိုက္ၿပီးေနာက္ ရဲဒုဗိုလ္ ခ်စ္ပုံက ျပတင္းေပါက္မွ ေခါင္းထြက္ကာ ေမးလိုက္သည္။
“ေဟ့..ဘာလဲေဟ့”
“ေၾသာ္..ပုလိပ္မင္းတို႔...ရွိန္းမကားသြားၾကမွာထင္တယ္...ထမင္းထုပ္ေလးမ်ား ၀ယ္သြားၾကပါဦးလား”
“ခ်စ္ပုံ ငါလည္း ဗိုက္ဆာေနၿပီကြာ..ေနာက္ကေကာင္ေတြလည္း ဆာေနၾကမွာပဲ..ေရာက္ေတာ့မွာပဲကို...သူ႔ဆီက ထမင္းထုပ္၀ယ္စားၿပီး အစာေျဖၾကတာေပါ့”
တိုက္ပိုင္ဦးခင္သန္းက ရဲဗိုလ္ခ်စ္ပုံကို ေျပာလိုက္သည္။
ခ်စ္ပုံက
“ေဟ့..ငါ့ႏွမ..ထမင္ထုတ္က မ်ားမ်ားပါရဲ႕လား..တို႔ေနာက္မွာလည္း ရဲေဘာ္ေတြပါေသးလို႔”
“ပါပါ့ေတာ္..ဂေန႔ စစ္ကိုင္းဘက္တက္တဲ့သူနည္းတယ္ထင္..ေရာင္းကို မေရာင္းရဘူး..ပုလိပ္မင္းတို႔ ကား တစ္စီးလား ေကာင္းေကာင္းေတြ႕ရေသးတာရယ္”
“ကဲ..ဒါဆိုလည္း အားေပးရတာပ..ကဲေနာက္ကေကာင္ေတြလည္း ကားေပၚမွာ တရားခံနဲ႔ အေစာင့္ႏွစ္ေယာက္ေနခဲ့ၿပီး ထမင္းထုပ္လာစားၾကေဟ့..”
ထမင္းထုတ္သည္က ထမင္းေတာင္းကို ခ်လိုက္သည္။
ထမင္းေတာင္းေရွ႕တြင္ ဦးခင္သန္းႏွင့္ ခ်စ္ပုံတို႔ ေဆာင့္ေၾကာင့္ထိုင္လိုက္ၾက၏။
“ငါ့ႏွမကို ေတြ႕ဖူးသလိုရွိသား”
“ေၾသာ္..ဒီလမ္း ဒီခရီး ေစ်းေရာင္းေနတာပဲ.ေတြ႕ဖူးမွာေပါ့”
“ဟုတ္ပါၿပီ..ဒါနဲ႔ ဘာဟင္းေတြမ်ားပါတုံး..ငါ့ႏွမ”
“ငါးေၾကာ္၊ ပဲႏွပ္၊ ပုတက္သား ပါမယ္။ စားၿမိန္ေအာင္ အထုပ္တိုင္း ႏွမ္းဖတ္ခ်ဥ္ကေလး ထည့္ထားေပးပါတယ္”
“ကဲ..ငါးေၾကာ္ေလးနဲ႔ တစ္ထုပ္လုပ္ေဟ့”
ထမင္းထုတ္သည္က ထမင္းေတာင္းကို အုပ္ထားေသာ ပုဆိုးကို ဆြဲဖယ္ကာ ႏႈိက္ယူလိုက္သည္။
သို႔ေသာ္ ထမင္းထုတ္သည္မေလး၏ လက္ထဲတြင္ ပါလာသည္က ထမင္းထုတ္မဟုတ္။
ေျခာက္လုံးျပဴးေသနတ္တစ္လက္သာ။
“မလႈပ္နဲ႔ေနာ္..ကြၽန္မကို မပစ္တတ္ဘူးထင္သလား..လႈပ္တာနဲ႔ပစ္မွာ...ဟိုဘက္က လူေရာ လက္ကိုေျမႇာက္ထား”
ေသနတ္က တိုက္ပိုင္ဦးခင္သန္း၏ နဖူးတည့္တည့္တြင္။
ရဲဗိုလ္ခ်စ္ပုံမွာလည္း လက္ႏွစ္ဖက္ကို ေျမႇာက္ထားၿပီး မလႈပ္ရဲ။
မၾကာမီ ကားေပၚမွ ဆင္းလာေနၾကသည့္ ရဲသားမ်ားပင္ လက္ကိုယ္စီေျမႇာက္ကာ သူတို႔ေရွ႕ ေျမတလင္းတြင္ လက္ႏွစ္ဖက္ ေခါင္းေပၚတင္ကာ ငုတ္တုတ္လာထိုင္ၾကသည္။
သူတို႔အား လူတစ္စုက စတင္းဂန္း၊ ဘရင္းဂန္း၊ ႐ိုင္ဖယ္မ်ားကိုယ္စီျဖင့္ ၀ိုင္းထားသည္ကို ဦးခင္သန္းေတြ႕လိုက္ရသည္။
စတင္းဂန္းလြယ္ထားသည့္ လူတစ္ဦး က ထမင္းထုတ္သည္ေဘးေရာက္လာ၏။
“ရၿပီ..အႏွင္း..သြားေတာ့..အကို ဆက္လုပ္လိုက္မယ္”
ထမင္းထုတ္သည္အမ်ိဳးသမီးက ေျခာက္လုံးျပဴးကို ေတာင္းထဲ ထည့္ကာ ထထြက္သြားသည္။
“လက္ထိပ္ေသာ့ေတြ ဘယ္မလဲေပးစမ္း”
စတင္းဂန္းလြယ္ထားသည့္ လွေမာင္က ဦးခင္သန္းကို ေမးလိုက္သည္။
ဦးခင္သန္းက အင္တင္တင္လုပ္ေနသည္။
“ကဲ..ဘရင္းဂန္းခါေလးေရ....တစ္ႏွစ္သုံးေရလို႔မွ ေသာ့ထုတ္မေပးရင္..မင့္ဘရင္းဂန္းနဲ႔အကုန္ဆြဲစမ္းကြာ”
သူတို႔ေရွ႕တည့္တည့္သို႔ ဘရင္းဂန္းစက္ေသနတ္ကိုထမ္းလာေသာ လူေကာင္ေသးေသး လူငယ္တစ္ေယာက္ ေလွ်ာက္လာသည္။
ထိုလူငယ္က ဘရင္းဂန္းကို ေျမႀကီးတြင္ အေသခ်ာေဒါက္ေထာက္လိုက္ၿပီး အက်အနထိုင္ကာ ဉီးခင္သန္းကို ၿပဳံးျပလိုက္သည္။
“ခ်စ္ပုံေရ..ေသာ့ထုတ္ေပးလိုက္ေတာ့ကြာ..ဒီေကာင္ပုံက စပ္ၿဖီးၿဖီးနဲ႔ တကယ္ႏႊာမယ့္႐ုပ္ဟ”
ရဲဗိုလ္ခ်စ္ပုံက ေဘာင္းဘီအိတ္ထဲမွ ေသာ့တြဲႏွစ္ခုကို ထုတ္ေပးလိုက္သည္။
လွေမာင္က ေသာ့တြဲရသည္ႏွင့္ ေလာရီကားေပၚေျပးတက္သြားသည္။
ေလာ္ရီကားေပၚရွိ လဲေနေသာ ရဲသားတစ္ဦးေဘးတြင္ ႐ိုင္ဖယ္ေသနတ္ကိုင္လ်က္ ရပ္ေနသူႏွစ္ဦးထံ ေသာ့တြဲကို ပစ္ေပးလိုက္သည္။
“၀ါဆိုနဲ႔ ၀ါပို ဆရာႀကီးကို လက္ထိပ္ျဖဳတ္ေပးလိုက္ကြာ”
ခဏအၾကာတြင္ ကားေပၚမွ စိန္ဓါးေျမႇာင္ ဆင္းလာ၏။
“ကဲ..အကုန္လုံးကို ႀကိဳးတုတ္ၾကေဟ့”
လွေမာင္ က အမိန႔္ေပးသျဖင့္ ပါလာေသာ လူမ်ားက ရဲမ်ားကို ႀကိဳးတုတ္ၾကသည္။
“ဆရာႀကီး..ေလာ္ရီကားေရွ႕ခန္းကို တက္ပါဗ်...ကြၽန္ေတာ္တို႔လိုက္ခဲ့မယ္”
“ခဏေနဦး..လွေမာင္ရ”
စိန္ဓါးေျမႇာင္က ရဲဗိုလ္ခ်စ္ပုံရွိရာသို႔ေလွ်ာက္သြားၿပီး
“ေဒါင္းမင္းပရိတ္ကို ေပါ့ေသးေသးမမွတ္နဲ႔...ဆရာႀကီးေရ...ကြၽန္ေတာ္ေတာ့လြတ္ၿပီ..အခု ခင္ဗ်ား ႐ြတ္အလွည့္ပဲ..နာနာသာ႐ြတ္ဗ်..အက်ိဳးထူးတာမ်က္ျမင္ပဲမဟုတ္လား”
စိန္ဓါးေျမႇာင္က ပုလိပ္ကားေရွ႕ခန္းသို႔ ၾကည့္လိုက္ေသာအခါ ၾကင္ေအးက ဒ႐ိုင္ဘာေနရာတြင္ အသင့္ေနရာယူထားသည္ကိုေတြ႕လိုက္သည္။
“ေခြးမသားၾကင္ေအး..မင္းလည္းပါလာသကိုးကြ”
“ပါရမွာေပါ့..ဆရာႀကီးရယ္..ကြၽန္ေတာ့္အျပစ္ေတြလည္းပါတာကိုးဗ်...ကဲ..ဟိုဘက္က တက္ပါဦး”
စိန္ဓါးေျမႇာင္ ကားတံခါးကို ဆြဲဖြင့္ရန္ျပင္လိုက္စဥ္ ကားတံခါးက အလိုလိုပြင့္လာ၏။
ကားအတြင္းမွ ညိဳေသာ စိုေသာ အသာအရည္ပိုင္ရွင္ လက္ကေလးတစ္ဖက္ထြက္လာသည္။
“ဟာ..ျမၾကည္”
“လာ..အကိုတက္”
က်စ္ဆံၿမီးညိဳ႕ညိဳ႕ေမွာင္ေမွာင္ႀကီးကို ဆံထုံးထုံးထားေသာ ျမၾကည္။
အနက္ေရာင္ရင္ဖုံးအက်ႌႏွင့္ ထမီကို ခပ္တိုတို၀တ္ထားေသာ ျမၾကည္။
“ဘယ္ကေန ဘယ္လို ပါလာတာလဲ ျမၾကည္ရယ္...ဒါမ်ိဳးက ညီမ လိုက္လာလို႔ ေကာင္းတဲ့ အလုပ္မဟုတ္ဘူး”
“ေအာင္မယ္ေလး..ဆရာႀကီးရယ္..ဆရာ့ကိုကယ္ဖို႔ ဒီအစီအစဥ္ေတြအားလုံးကို ဆရာကေတာ္မမ က ဆြဲခဲ့တာဗ်.. သူမပါလို႔ျဖစ္မလား”
“ဟင္..တကယ္လား..ျမၾကည္”
“အကိုက လိမၼာခဲ့တုန္းက ျမၾကည္လည္း တူတူေလ..အခု အကို မိုက္ဖို႔အလွည့္က်မွ ျမၾကည္ မပါလို႔ျဖစ္မလား..အကို”
စိန္ဓါးေျမႇာင္က ျမၾကည္၏ ပါးေလးကို နမ္းလိုက္သည္။
ထိုအခ်ိန္တြင္ လွေမာင္တို႔လူစုက ရဲသားမ်ားထံမွ လက္နက္မ်ားကို ကားေပၚတင္ေနၾကသည္။
ခဏအၾကာတြင္ လွေမာင္ႏွင့္ ထမင္းထုတ္သည္အေယာင္ေဆာင္ခဲ့ေသာ အႏွင္းတို႔ ကားေရွ႕သို႔ လာရပ္ ကာ စိန္ဓါးေျမႇာင္ႏွင့္ ျမၾကည္ကို ႏႈတ္ဆက္ၾက၏။
“လက္နက္ေတြလည္း ကားေပၚတင္ၿပီးပါၿပီ..သြားရေတာ့မလား မမၾကည္”
“ေအး..သြားၾကတာေပါ့..လွေမာင္”
လွေမာင္ ၊ အႏွင္း တို႔လူစုက ကားေနာက္ခန္းေပၚတက္ၿပီးသည္ႏွင့္ ၾကင္ေအးက ကားကို ေမာင္းထြက္သြားသည္။
“အခု ဘယ္ကို သြားတာလဲ..ျမၾကည္”
“တမာကန္႐ြာျပင္ကိုသြားမယ္ေလ..အကို..အဲ့ဒီမွာ ကိုငန္းနက္ နဲ႔ ဘေမာင္တို႔ ေစာင့္ေနလိမ့္မယ္..ေဟာဒီပုလိပ္ကားကို အဲဒီ႐ြာမွာပဲ ထားခဲ့ၿပီး လူစုခြဲမယ္။ ညီမနဲ႔အကို က လွေမာင္တို႔ညီအကိုငွားထားတဲ့ကားနဲ႔ ၀က္လက္ဘက္ကိုတက္မယ္။ အဲ့ဒီမွာ င႐ုတ္သီးဘရင္ေစာင့္ေနတယ္။ ေ႐ႊဘိုနားမွာ ညီမတို႔ ေအာင္းဖို႔ အိမ္တစ္အိမ္ သူစီစဥ္ေပးထားတယ္အကို”
“ေနပါဦး..ဘေမာင္က ရွိန္းမကားဂါတ္မွာ အဖမ္းခံထားရတယ္ဆို”
“ဟုတ္တယ္အကို..ညီမ တမင္ အဖမ္းခံခိုင္းလိုက္တာ..ၿပီးေတာ့ တိုက္ရာပါေတြ ျမဳပ္ထားတယ္ဆိုတာလဲ ညီမပဲ ထြက္ဆိုခိုင္းလိုက္တာ။ အကို႔ကို ညီမတို႔လမ္းက ျဖတ္လုခ်ိန္မွာ ကိုငန္းနက္တို႔ကလည္း ရွိန္းမကားဌာနကို ၀င္စီးၿပီး ေခၚထုတ္လာမွာအကို။ အကို႔ကို စစ္ကိုင္းက သြားေခၚရမွာမို႔ ရွိန္းမကားက ရဲအင္အား တ၀က္ေလာက္ပါသြားေတာ့ ဟိုမွ အားနည္းေနတယ္ေလ”
“ဟာ...ျမၾကည္..ဘုရား..ဘုရား....ညီမ က ဓါးျပဗိုလ္လား..အကိုက ဓါးျပဗိုလ္လား”
“ေအာင္မယ္ေလး...မျမၾကည္တင္လား ဆရာရယ္..ခုန လွေမာင္ႀကီး မိန္းမေလး မႏွင္း ထမင္းထုတ္သည္ပုံလုပ္ၿပီး ဌာနအုပ္ နဖူးကို ေျခာက္လုံးျပဴးနဲ႔ခ်ိန္ထားပုံ ျမင္ေစခ်င္တယ္.....ခင္ဗ်ားတို႔ တကယ့္မိန္းမေတြကို ရထားတာပဲဗ်”
ၾကင္ေအး က သူ႔စကားသူသေဘာက်ၿပီး ရယ္ေနသည္။
တမာကန္႐ြာျပင္ရွိ ဇရပ္ေရွ႕တြင္ ဂ်စ္ကားတစ္စီးရပ္ထားသည္ကို ေတြ႕ရသည္။
ဂ်စ္ကားေပၚတြင္ ငန္းနက္၊ ထြန္းခင္ ႏွင့္ ဘေမာင္က ေဆးလိပ္ေသာက္ရင္း စကားေျပာေန၏။
ေလာ္ရီကားရပ္သြားေသာအခါ စိန္ဓါးေျမႇာင္ႏွင့္ ျမၾကည္က ကားေပၚမွ ဆင္းလိုက္သည္။
“ဆရာႀကီး ဘာမွမျဖစ္ဘူးေနာ္”
“ေအး..ဘေမာင္..ငန္းနက္ မင္းတို႔ေရာ အဆင္ေျပရဲ႕ မဟုတ္လား”
“ေျပပါတယ္..အကိုႀကီး..အင္း..အကိုႀကီး ရဲ႕ အားနည္းခ်က္ကေလး မျမၾကည္ ကေတာ့ အခု အကိုႀကီးရဲ႕ အားသာခ်က္ျပန္ျဖစ္ေနျပန္ေရာလားဗ်”
ငန္းနက္က ျမၾကည္ကို ၾကည့္ကာ ေျပာလိုက္သည္။
“ထြန္းခင္..ရင္ရင္ေရာကြ”
“ကိုငန္းနက္တို႔ ေျမႏုကြၽန္းေပၚမွာ မိကြန္နဲ႔အေဖာ္ ထားခဲ့တယ္အကိုႀကီး”
ထိုအခ်ိန္တြင္ ခါေလးက ဘရင္းဂန္းႀကီးကို ထမ္းကာ စိန္ဓါးေျမႇာင္ေရွ႕လာရပ္သည္။
လွေမာင္ႏွင့္ အႏွင္းလည္း ပါလာ၏။
လွေမာင္ ေနာက္မွ ပါလာေသာ ႐ုပ္ရည္အလြန္တူသည့္ လူငယ္ႏွစ္ေယာက္ကို စိန္ဓါးေျမႇာင္က အကဲခတ္လိုက္သည္။
“သူတို႔က မင္းလူေတြလား လွေမာင္”
“ကြၽန္ေတာ့္လူေတြဆိုတာထက္ သူတို႔က ဆရာႀကီးလူေတြပါ”
“ေဟ..ငါလည္း သူတို႔ကို မသိပါလားကြ”
“သူတို႔က ၀ါဆိုနဲ႔၀ါပို တဲ့ ရွိန္းမကားက ဆရာႀကီးရဲ႕ ပရိသတ္ေတြေပါ့”
“ဘယ္လို..ဘယ္လို”
၀ါဆို ၀ါပို ညီအကို က စိန္ဓါးေျမႇာင္ေရွ႕တြင္ ရပ္လိုက္ကာ
“ကြၽန္ေတာ္တို႔လည္း ရွိန္းမကားနား ရွင္လွသားေတြပါ။ ဓါးျပေလးဘာေလး တိုက္စားပါတယ္။ ဆရာႀကီးတို႔ ရွိန္းမကားသူေဌဦးထိပ္အိမ္ကို ဓါးျပ၀င္တိုက္တာကို ၾကားကတည္းက တပည့္အျဖစ္ ခံယူခ်င္ေနတာပါ။ အဲ့ဒါနဲ႔ ေဟာ့ဒီက ကိုလွေမာင္တို႔ညီအစ္ကိုနဲ႔ခ်ိတ္ဆက္ၿပီး ဆရာႀကီးကို ကယ္မယ့္အစီအစဥ္မွာ လိုက္လာတာပါ။ ရွင္လွ၊ သဲကြၽန္းတစ္ေၾကာမွာ ကြၽန္ေတာ္တို႔လူေတြ စုၿပီးသားရွိပါတယ္။ ဆရာႀကီး လက္ေအာက္မွာ ခိုလႈံပါရေစခင္ဗ်”
“ေအးကြာ...ေကာင္းတာေပါ့..ငါတို႔လည္း ေရွ႕ဆက္သြားစရာေတြရွိေသးတယ္..လူအင္အားလိုတယ္.. အခုေလာေလာဆယ္ေတာ့ မင္းတို႔ ရွင္လွဘက္ကို လူစုခြဲၿပီးျပန္ေခ်...ရွိန္းမကားပုလိပ္က မင္းတို႔ကို သကၤာမကင္းျဖစ္မွာအေသအခ်ာပဲ..မင္းတို႔ ႐ြာမွာပဲ မွင္မပ်က္ျပန္ေနၾက....အလုပ္ကိစၥစမယ္ဆို လူတစ္ေယာက္မင္းတို႔ဆီ လႊတ္လိုက္မယ္..ဦးေလးႀကီးက လႊတ္လိုက္တာဆို ငါေခၚခိုင္းလိုက္တယ္လို႔သာမွတ္.သြားေတာ့ကြဲ႕”
၀ါဆိုႏွင့္၀ါပို တို႔ေခါင္းေဆာင္ေသာ လူစုက စိန္ဓါးေျမႇာင္ႏွင့္ လွေမာင္ကို ႏႈတ္ဆက္ကာ ျပန္သြားၾကသည္။
“ကဲ..အားလုံးကို ေက်းဇူးတင္ပါတယ္။ အႏွင္းကိုလည္းေက်းဇူးတင္ပါတယ္”
“ရပါတယ္ဆရာႀကီး..ဆရာႀကီးေက်းဇူးက ကြၽန္မနဲ႔ ကိုလွေမာင္ အေပၚမွာ ရွိတာပဲ”
“အင္း ဂြေတာ့က်သေဟ့.ညည္းကို သူေဌးသမီးဘ၀ကေန အခု ဌာနအုပ္နဖူးေသနတ္နဲ႔ေတ့တဲ့ ဓါးျပမ ဘ၀ ေရာက္ေအာင္ ငါလုပ္ခဲ့တာကို ငါ့ကို ေက်းဇူးတင္တယ္ဆိုေတာ့..ခက္သား”
“အို..ဆရာႀကီးရယ္..သူေဌးသမီးဘ၀က ပ်င္းစရာပါ.ဒီလိုမ်ိဳး ကိုလွေမာင္ နဲ႔ ေျပးလိုက္လႊားလိုက္ကမွ ေပ်ာ္ဖို႔ေကာင္းေသးေတာ့”
စိန္ဓါးေျမႇာင္ ေရာ၊ ျမၾကည္ပါ ရယ္လိုက္ၾကသည္။
“ ကဲ..ခုန ျမၾကည္စီစဥ္ထားတာကို အေရးေပၚျပန္ေျပာင္းမယ္..ငန္းနက္၊ ဘခ်စ္နဲ႔ ထြန္းရင္က ေရေၾကာင္းအတိုင္းဆင္းၿပီး ကြၽန္းကိုျပန္...လွေမာင္တို႔လင္မယားရယ္၊ ဘေမာင္ရယ္ပဲဒီဂ်စ္ကားနဲ႔ ေ႐ႊဘိုကို လိုက္သြားေတာ့...ငါရယ္ျမၾကည္ရယ္ခါေလးရယ္က ဘူးပုဂံဘက္ကို လွည္းတစ္စီးငွားၿပီး ထြက္မယ္...ဒါဆို ပုလိပ္လည္း လူစုအကြဲကြဲဆိုေတာ့ ေျခရာခံရခက္မယ္..မိရင္လည္း တစ္စုတစ္စည္းထဲမဟုတ္ေတာ့..တစ္ဖြဲ႕နဲ႔ တစ္ဖြဲ႕ ကူရလြယ္မယ္”
“ျဖစ္ပါ့မလား..ဆရာႀကီး”
“ျဖစ္တယ္..လွေမာင္..မင္းသာ အႏွင္းကို ဂ႐ုစိုက္သြား”
“အကိုႀကီး ကြၽန္ေတာ္တို႔နဲ႔ လိုက္ခဲ့ပါလားဗ်ာ”
“မလိုက္ေတာ့ဘူး..ငန္းနက္...လာမည့္ လျပည့္ေနက် ငါတို႔အားလုံး မင္းရဲ႕ ေျမႏုကြၽန္းမွာ ျပန္ဆုံၾကမယ္..အားလုံး ဟုတ္ၿပီလား..လွေမာင္ ေလာ္ရီကားေပၚက လက္နက္ေတြကို မင္းလူေတြနဲ႔ ေရဆိပ္ကိုခ်..ငန္းနက္တို႔ ေျမႏုကြၽန္းဆီ အျမန္ပို႔ခိုင္း....ၿပီးမွ မင္းတို႔ထြက္...ငါတို႔ ကိုလွည္းတစ္စီးစီစဥ္ေပး..ခ်က္ခ်င္းထြက္မယ္”
ျမၾကည္က စိန္ဓါးေျမႇာင္လက္ဖ၀ါးကို ဆုပ္ကိုင္ထားသည္။
သူ႔လူမ်ားအား ထပ္မံၫႊန္ၾကားေနသည့္ လွေမာင္ေဘးတြင္ အႏွင္းက မတ္တပ္ရပ္လ်က္ လွေမာင္ကို ၿပဳံးကာ စိုက္ၾကည့္ေန၏။
ခါေလးက ေတာ့ ငန္းနက္တို႔ႏွင့္ ထည့္ေပးလိုက္ရမည့္ သူ႔ဘရင္းဂန္းကို ဖက္ကာ တသသ။
ငန္းနက္ က စတင္းဂန္းကို တစ္ဖက္ကလြယ္ကာ ဂ်စ္ကားေပၚတြင္ ၀ွက္ထားေသာ အရက္ပုလင္းကို ယူကာ ခါးၾကားထိုးလိုက္သည္။
သူတို႔ ျပန္လည္စုစည္းမိၾကေလၿပီ။
ခက္ေဇာ္
Done 💪
ReplyDeleteDone
ReplyDeleteDone 🍀
ReplyDelete🌧️
ReplyDeleteDone
ReplyDeleteDone
ReplyDelete