The Guys From Mandalay,1950s အခန်း(၁၄)

The Guys From Mandalay,1950s
အခန်း(၁၄)
................
“မကြာခင် ဝါဝင်တော့မှာမို့....ကျွန်တော်တို့ အဆောင်ထဲမှာ ညတိုင်းပရိတ်ကြီး ဆယ့်တစ်သုတ်ရွတ်ပါရစေ”

မန္တလေးထောင်၏ ထောင်မှူးကြီး ဦးစံတင်သည် အပတ်စဥ်သောကြာနေ့တိုင်း ထောင်ကျများ၊အချုပ်သားများကို လိုက်လံစစ်ဆေးစဥ် စိန်ဓါးမြှောင်က တင်ပြခြင်းဖြစ်သည်။

“အိပ်ဆောင်ကလူတွေ သဘောတူရင် ရွတ်ပေါ့..ဘာသာရေးပဲ”

“ကျွန်တော်အဆောင်ကလူတွေတချို့ပါ ရွတ်ကြမှာပါ..ထောင်မှူးကြီး”

“ဘယ်အချိန်ရွတ်မှာလဲ”

“ညနေတန်းပိတ်ပြီး အိပ်ခါနီးရင် ရွတ်မှာပါ”

“ဟုတ်ပြီ..အရမ်းဆူဆူညံညံတော့မရဘူးနော်”

“ပရိတ်က ဘေးကင်းစေပါတယ်...ကြားရသူတိုင်းလည်း သာဓုခေါ်ဆိုလို့ရရုံ ရွတ်မှာပါဗျ”

ထောင်မှူးကြီးဦးစံတင်က ခေါင်းညိတ်လျက် ရှေ့သို့ ဆက်သွားသည်။

အိပ်ဆောင်တွင် ခေါင်းဆောင်ဖြစ်နေသော စိန်ဓါးမြှောင်ကို အဆောင်သားများက ဝိုင်းကြည့်နေကြ၏။

“ကဲ..မင်းတို့အားလုံး ပရိတ်ရွတ်ရမယ်..မရွတ်ချင်တဲ့ကောင်ရှိလား”

“ရွတ်ပါ့မယ်..ဆရာကြီး”

အိပ်ဆောင်အတွင်းသာမက မန္တလေးထောင်တစ်ခုလုံးတွင် စိန်ဓါးမြှောင်၏ သြဇာကို လွန်ဆံဝံ့သူအကျဥ်းသား မရှိချေ။

ဘမောင်၊ လှမောင်ညီအစ်ကိုအပြင် ရွှေဘိုနယ်မှ နာမည်ကြီးဓါးပြများဖြစ်ကြသော လှပို၊ မောင်ဘို၊ဘသန်းတို့ ကလည်း ထောင်ထဲတွင်ပင် စိန်ဓါးမြှောင်၏ တပည့်အဖြစ်ခံယူကြသည်။

ထိုနေ့ညမှ စကာ မန္တလေးထောင်တွင်းရှိ စိန်ဓါးမြှောင်တို့ နေထိုင်သော သစ်သားဆောင်တွင် ပရိတ်တရားသံများ၊ မေတ္တာပို့သံများ ကြားရတော့၏။

စစ်ပြီးစ မန္တလေးထောင်သည် စစ်အတွင်းက ပျက်စီးခဲ့မှုများကို ဖြစ်သလို ပြန်လည်ပြင်ဆင်ကာ ဖွင့်လှစ်ထားသည့် ထောင်ဖြစ်သည်။

ခေတ္တဘုရင်ခံဆာဟင်နရီနိုက်က စစ်သုံ့ပန်းအများစုရှိသော ရန်ကုန်ထောင်ကြီးကိုသာ အစိုးရဘတ်ဂျက်ထဲမှ အကုန်ကြခံ ပြင်ပြင်စေပြီး အထက်မြန်မာပြည်ရှိထောင်များမှာမူ အစိုးရအထောက်အပံ့အပြည့်အစုံမရရှိသေး သဖြင့် ‌ဒေသဆိုင်ရာအရာရှိများက တတ်နိုင်သမျှနှင့်သာ ပြုပြင်ထိန်းသိမ်းနေရချိန်ဖြစ်သည်။

စိန်ဓါးမြှောင်တို့ရှိနေသော မန္တလေးထောင်ရှိ အကျဥ်းသားအိပ်ဆောင်များမှာ တစ်ဖက်ပိတ်သစ်သားတန်းလျားကြီးများ ဖြစ်သည်။

တန်းလျားများအပေါ်ဘက် ခေါင်မိုးအနားတွင် လေ၀င်လေထွက်ရစေရန် လေးနှစ်သစ်သားများကို တစ်တိုင်စီခြားကာ ကာရံပေးထား၏။

၁၉၄၆ ဇွန်လ ၂၄ ရက်။
စိန်ဓါးမြှောင်အဖွဲ့ ပရိတ်စရွတ်သည်မှာ လေးရက်မြောက်သောနေ့။

မိုးနည်းလှသော မန္တလေးတွင် ထိုညနေက မိုးက သဲသဲမဲမဲရွာချလိုက်သည်။

မိုးသဲသဲကို ကြောက်တတ်သော မန္တလေးသားတို့ အကျင့်အတိုင်း ထောင်အမှုထမ်းတို့မှာလည်း ထောင်ပိတ်ပြီးသည်နှင့် တာဝန်ကျရာအဆောင်အသီးသီးတွင် စောင်ခြုံလျက် ငိုက်နေကြတော့သည်။

စိန်ဓါးမြှောင်တို့ နေထိုင်ရာ အဆောင်(၁)မှ ပရိတ်ကြီး(၁၁)သုတ်သံကား မိုးသံနှင့်အတူ ညီညီညာညာစတင်ထွက်ပေါ်လာ၏။

စိန်ဓါးမြှောင်က ရှေ့ဆုံးမှ ဦးဆောင်ကာ ရွတ်ဆိုသည်။
စိန်ဓါးမြှောင်က ရွတ်ဆိုနေရင်း...နောက်သို့ ရုတ်တရက်လှည့်ကာ တပည့်များကို မျက်ရိပ်ပြလိုက်သည်။
လှပိုနှင့် မောင်ဘိုက အဆောင်နံရံနားသို့ ကပ်သွားကာ ယှဥ်လျက် ငုတ်တုတ်ထိုင်လိုက်၏။

သူတို့နှစ်ဦး၏ ပုခုံးပေါ်သို့ ဘမောင်က တက်လိုက်သည်။
ဘမောင်၏ ပခုံးပေါ်သို့ လှမောင်က တက်လိုက်သည်နှင့် အောက်မှ နှစ်ယောက်က ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်ကြသည်။

၁၂ ပေခန့်မြင့်သော အဆောင်ကြီး၏ ခေါင်မိုးနားမှ လေးနှစ်ချောင်းများ ကာထားသည့်နေရာကို မှီသည်နှင့် လှမောင်က တွယ်တက်ကာ ယက်မပေါ်တွင် နေရာယူလိုက်သည်။

ထို့နောက် ခါးကြားတွင် ထိုးထားသော ဒိုင်းလွှငယ်ကို ထုတ်လိုက်၏။

ထိုဒိုင်းလွှသည် လွန်ခဲ့သောရက်က မနှင်း က ကောက်ညှင်းကျည်တောက်ထဲတွင် ၀ှက်ကာ ခိုးသွင်းလာြခင်းဖြစ်သည်။

လှမောင် အပေါ်ရောက်သွားသည်နှင့် ကျန်သူများက ကိုယ့်နေရာကိုယ်ပြန်နေကာ ပရိတ်ဆက်ရွတ်နေကြသည်။
လှမောင် က လေးနှစ်သစ်သားကို ဒိုင်းလွှဖြင့် ဖြတ်နေသော အသံကို မိုးသံနှင့် ပရိတ်ရွတ်သံများက ဖုန်းလွှမ်းထားလေ၏။

လွန်ခဲ့သော ရက်များကတည်းက သစ်သားတန်းသုံးချောင်းကို ထိုနည်းအတိုင်းဖြတ်ကာ ဖြုတ်ယူရရုံ တည်းတည်းထားခဲ့ခြင်းဖြစ်သည်။

ပရိတ်ကြီးဆယ့်တစ်သုတ်ပြီးချိန်တွင်တော့ နောက်ဆုံးသစ်သားတန်းကို လှမောင်က လွှနှင့်တိုက်ပြီးသွားပြီဖြစ်သည်။
တည်းထားသော သစ်သားများ ဖြုတ်လိုက်ပါက လူတစ်ယောက်ဝင်ထွက်နိုင်ပြီဖြစ်သည်။
အိပ်ချိန်သံချောင်း ခေါက်ပြီးသည်မှာ အတော်ပင်ကြာခဲ့ပြီ။

မိုးက ပိုမိုသဲလာ၏။ ည ၁ နာရီမို့ တစ်ထောင်လုံးနီးပါးမှာ မိုးသံအောက်တွင် အိပ်မောကျနေကြသည်။
အဆောင်အသီးသီးရှိ ညအိပ်ဆောင်ဘာရာတာဝန်ကျ အကျဥ်းသားတို့၏ တစ်နာရီခြား သတင်းပို့အော်သံကား မိုးသံအောက်တွင် ကြားတစ်ချက်မကြားတစ်ချက်။

ထိုအချိန်တွင် အိပ်ဆောင်(၁)အပြင်ဘက်နံရံမှ မဲမဲအရိပ် ခြောက်ခု တွယ်ဆင်းလာကြသည်။

စစ်အတွင်းက ဗုံးထိသဖြင့် အနည်းငယ်ပြိုပျက်နေသော ထောင်အနောက်ဘက်အုတ်ရိုးဆီ မိုးရေထဲ ပြေးသွားကြသည်။
မကြာမီ ထောင်သံချောင်းခေါက်သံများ ဆူညံလာတော့၏။
ထောင်ဝါဒါများက မီအုပ်ဆောင်းများကိုင်ဆောင်ကာ မိုးသဲသဲထဲ လိုက်ဖမ်းကြသော်လည်း ပြေးသွားသူများကို မမိလိုက်ချေ။

ထွက်ပြေးသူများမှာ ပြင်ဆင်နေဆဲ အုတ်ရိုးပေါ်သို့ ရေစိုပုဆိုးများဆက်ထားသည့်ကြိုးဖြင့် ကျော်တက်လွတ်မြောက်သွားကြပြီဖြစ်သည်။

ထောင်အရာရှိတို့က ချက်ချင်းထောင်လှန့်လိုက်ကြပြီး တန်းစီလူစစ်တော့သည်။

မကြာမီ ထောင်မှူးကြီးဦးစံတင် က အထက်အရာရှိအဆင့်ဆင့်နှင့် ရဲခရိုင်ဝန်ရုံးထံ ကြေးနန်းရိုက်လိုက်လေသည်။

“ထောက်ဖောက်ပြေးသည့် အကျဥ်းသားများစာရင်း”
(၁) စိန်ဓါးမြှောင် (ခ) မောင်လေး(ခ)ဆရာသိန်း (အချုပ်၊ ဓါးပြမှုများဖြင့်စစ်ဆေးဆဲ)
(၂) ဘမောင် (အချုပ်၊ ဓါးပြမှုများဖြင့်စစ်ဆေးဆဲ)
(၃) လှပို (အချုပ်၊လုယက်မှုဖြင့် စစ်ဆေးဆဲ)
(၄) မောင်ဘို (အချုပ်၊ ဓါးပြမှုဖြင့် စစ်ဆေးဆဲ)
(၅) လှမောင် (ထောင်ကျ၊အကျဥ်းသားနံပါတ် ၃၀၄၊ ငါန်းဇွန်းဌာန ဓါးပြမှုပုဒ်မ ၃၉၅၊ ထောင်ခုနှစ်နှစ်၊ ကျန်အမှုများစစ်ဆေးဆဲ)
(၆)ဘသန်း (ထောင်ကျ၊အကျဥ်းသားနံပါတ် ၄၈၉၊ ရွှေဘိုဌာန ဓါးပြမှုပုဒ်မ ၃၉၅၊ ထောင်ခုနှစ်နှစ်
....................................................................................
မန္တလေးထောင်ကြီးမှ ထွက်ပြေးလွတ်မြောက်သွားသော လူဆိုးဗိုလ်စိန်ဓါးမြှောင်ခေါင်းဆောင်သည့် အဖွဲ့များကို မန္တလေးမြို့ပေါ်ရှိ ပုလိပ်ဌာနအသီးသီးမှ ပုလိပ်များက တပ်လှန့်ပြီး လိုက်လံရှာဖွေတော့သည်။

သို့သော် စိန်ဓါးမြှောင်တို့ကိုကား အစအနမျှပင်မတွေ့။
နံနက် (၄)နာရီခန့်တွင် မန္တလေး (၁၉)မှတ်ဌာနမှ ပုလိပ် တပ်ကြပ်မောင်ဖေသည် စိန်ဓါးမြှောင်ရှာဖွေ‌ရေးတာဝန်မှ တန်းဖြုတ်ပေးလိုက်သဖြင့် အလယ်ဘောင်ရပ်ရှိ မိမိ၏ နေအိမ်သို့ ပြန်စဥ် ယခင်က လူမရှိသော အိမ်တစ်လုံးတွင် မီးအိမ်ကလေး လင်းနေသည်ကို သတိထားမိသွားသည်။
မောင်ဖေ သည် ဂျပန်ခေတ်ကတည်းက ပုလိပ်လုပ်ခဲ့သူဖြစ်ပြီး ဆာသင်ဘသာ၊စိန်ပန်းပေါက်‌ကျော်တို့နှင့်အတူ စိန်ဓါးမြှောင်ကို ဖမ်းရာတွင် ပါဝင်ခဲ့ဖူးသူဖြစ်သည်။

မောင်ဖေ က စက်ဘီးကို ချက်ချင်း ပြန်လှည်ကာ (၁၉)မှတ်ဌာနသို့ သွားပြီး ဌာနအုပ် မစ္စတာဟူကွန်မဆင်ထံ သတင်းသွားပို့လေတော့သည်။

အိမ်ဝိုင်းလေးပေါ်တွင် ရှိနေသော စိန်ဓါးမြှောင်၊ မြကြည်နှင့် တပည့်များကတော့ သူတို့ အချိန်းအချက်ပြု ခိုအောင်းရာအိမ်ရှေ့သို့ ပုလိပ်သားတစ်ဦး ရောက်လာသည်ကို မသိကြ။

အိမ်ရှေ့လှေကားတွင် ကင်းစောင့်ထားထားသူက လှမောင်။

သို့သော် အနှင်းက လှမောင်၏ ရင်ခွင်ထဲသို့ဝင်ကာ ခြောက်လုံးပြူးတစ်လက်ဖြင့်  လှမောင်၏ ပေါင်ကြားနေရာအနှံ့သို့ လိုက်ထောက်ကာ ကျီစားနေသဖြင့် လှမောင်ကြီးမှာ ဖရဏပီတီဂွမ်းဆီထိလျက် တလောကလုံးကို မေ့လျော့နေသည်။

အိမ်ထဲတွင်တော့ ဘမောင်၊လှပို၊မောင်ဘို၊ဘသန်းတို့ သည် မမြကြည်က ဇလုံးကြီးဖြင့် နယ်ပေးထားသော ပုန်းရည်ကြီးနှင့် ထမင်းကို ဇွန်းတစ်ချောင်းဖြင့် အလုအယက်စားနေကြသည်။

ခါလေးက ငန်းနက်တို့ထံမှ သွားရောက်သယ်ယူထားသည့် သေနတ်ငါးလက်ကို မည်သူ မည်သည့်လက်နက်ပေးရမည်ဆိုသည်ကို ခွဲတမ်းချပေးနေ၏။
အိပ်ခန်းအတွင်းတွင်တော့ ထောင်နံရံမှ ခုန်ချလာစဥ် ထိရှခဲ့သည့် စိန်ဓါးမြှောင်၏ ရင်ဘတ်မှ ဒဏ်ရာများကို စိန်ဓါးမြှောင်ဖော်စပ်ထားသည့်ဆေးဖြစ်သည့် ကုက္ကိုမြစ်ခေါက်အမှုန့်ဖြင့် လိမ်းပေးနေ၏။

ထိုစဥ် အိမ်ကလေးသို့ ပုလိပ်အင်အား ငါးဆယ်ခန့်က တဖြည်းဖြည်း ဝိုင်းလာလေတော့သည်။

“ဒိန်း” ခနဲ အသံနှင့်အတူ ခြံဝသို့ ပုန်းလျှိုးကာဝင်လာသည့် ပုလိပ်အရာရှိမှာ ခွေခနဲ လဲကျသွား၏။

လှမောင်ရင်ဘတ်ထဲတွင် ခိုဝင်နေသော အနှင်း ၏ ခြောက်လုံးပြူးမှ ထွက်လာသော ကျည်ဆံဖြစ်သည်။

လှမောင်မှာ သူ့အနားမှ ရုတ်တရက်ထွက်လာသော သေနတ်သံကြောင့် လန့်ဖြန့်သွားသည်။

“ကိုလှမောင်..အထဲဝင်..အထဲဝင်”

လှမောင်က ဘာလုပ်ရမှန်းမသိသဖြင့် ကြောင်တက်တက်ဖြင့် အထဲဝင်ပြေးသည်။
အနှင်းက ခြောက်လုံးပြူးကို ကိုင်ပြီး နောက်တစ်ချက် မှောင်ရိပ်ထဲမှ လူစုစုထံ နောက်တစ်ချက် ထပ်ပစ်ချလိုက်၏။

ထောင်ပြေးများကိုလာဖမ်းသော ပုလိပ်များမှာ သူတို့အား ခြောက်လုံးပြူးနှင့် မတ်တပ်ရပ်ကာ တစ်ချက်ချင်း ပစ်နေသော အမျိုးသမီးကို ကြောင်ကြည့်နေကြသည်။
အိမ်ထဲတွင်တော့ စိန်ဓါးမြှောင်တို့သည် လက်နက်ကိုယ်စီဆွဲကာ အသင့်နေရာယူနေကြပြီဖြစ်သည်။

ပြေးဝင်လာသော လှမောင်ကို စတင်းဂန်းကိုင်ထားသော ဘမောင် က လှမ်းအော်လိုက်၏။

“ဟေ့ကောင်..လှမောင်...အနှင်းလေးရော..အနှင်းလေး”
ထိုအချိန်မှ လှမောင်မှာ အနှင်းကို သတိရသွား၏။

“ဟာ…ဒီကောင်ကတော့ကွာ”

ဘမောင်က စတင်းဂန်းကို ကိုင်လျက် ရှေ့သို့ ပြေးထွက်သွားသည်။

အနှင်းက ခြောက်လုံးပြူးနှင့် နောက်တစ်ချက်ပစ်ခတ်ချိန်တွင် ဘမောင်က အိမ်ရှေ့သို့ ရောက်လာသည်။

ဘမောင်ကို မြင်မှ ပုလိပ်အရာရှိက ပစ်မိန့်ပေးလိုက်သဖြင့် သေနတ်သံများ ဆူညံသွားသည်။

ဘမောင်က မနှင်းကို ခုန်အုပ်လိုက်သဖြင့် ကြမ်းပြင်ပေါ် လဲကျသွားသည်။
ကျည်ဆံများက အိမ်ကလေးထဲ ပလူပျံကုန်သည်။

“လှမောင်..ဘမောင်နဲ့အနှင်းကို သွားဆွဲ..ခါလေး ဘရင်းဂန်း ထုတ်ခဲ့”

မောင်ဘို ၊ လှပို၊ ဘသန်းတို့ မှာ သေနတ်များ ကိုင်ပြီး ယောင်နနဖြစ်နေကြသည်။
ရွှေဘိုဘက်တွင် လက်နက်မဲ့သူများကိုသာ ဓါးပြတိုက်ခဲ့သူများဖြစ်သဖြင့် ပုလိပ်များ လက်နက်အစုံနှင့် လာဝိုင်းခံရသည့်အခါ မည်သို့ ခုခံရမည်မသိ။

စိန်ဓါးမြှောင်က ပြတင်းပေါက္မှ ထွက်ကာ ခြောက်လုံးပြူးနှင့် ထပစ်သည့်အခါမှ သူတို့လည်း နေရာယူကာ ပြန်ပစ်ကြသည်။

“ညီလေး..ငါကာပစ်မယ်...အနှင်းကို လွတ်အောင်ခေါ်စမ်း”

လှမောင်ထံတွင် သေနတ်မပါ။

ကျည်ဆံများက သူတို့ခေါင်းပေါ်တွင် ပလူပျံနေ၏။

ဘမောင်က တစ်ဖက်သို့ လှိမ့်ထွက်လိုက်ပြီး စတင်းဂန်းဖြင့် ပုလိပ်အုပ်ထဲ ဆွဲထည့်သည်။

ပုလိပ်များက ဘမောင်ကို မဲပစ်နေချိန် လှမောင်က အနှင်းကို ဆွဲကာ အိမ်ထဲဝင်ပြေး၏။

“ဘမောင်..ပြန်ဆုတ်တော့”
စိန်ဓါးမြှောင်၏ အော်သံ ထွက်လာသည်။
ဘမောင် ကား ကျည်ဆံတို့ထိမှန်ထားသည့်ကြားမှ လှေကားလက်ရမ်းတွင် ဒူးထောက်လျက် စတင်းဖြင့် ခံပစ်နေသည်။

ခါလေးက ဘရင်းဂန်းကို မ လာကာ အိမ်ရှေ့သို့ မွှေ့ရမ်းပစ်လိုက်သည်။
ပုလိပ်အဖွဲ့ကား စက်သေနတ်ပါမှန်းသိသဖြင့်အနောက်သို့ ပြန်ဆုတ်ကြ၏။

“လှမောင်...မြကြည်နဲ့အနှင်းကိုခေါ်ပြီး ပြေး...ကျန်တဲ့သူတွေလူစုခွဲကြ..ငါနဲ့ ခါလေး ခံပစ်ထားမယ်. မနက်ဖန်ညနေ စစ်ကိုင်း ကောင်းမှုတော်ဘုရားမှာ အားလုံးစုံမယ်”

လှမောင်တို့ လူစုထွက်သွားပြီး အိမ်ထဲတွင် ခါလေးနှင့် စိန်ဓါးမြှောင်သာကျန်ရစ်တော့သည်။

ပုလိပ်ဘက်မှ အရေးအတန်ငယ်နိမ့်နေပြီးနောက် ခဏအကြာတွင် စက်သေနတ်စစ်ကူရောက်လာသည်။
စက်သေနတ်နှစ်လက်ပါလာသည့်အခါမှ ပုလိပ်များက အရဲကိုးကာ အိမ်ထဲ ဝင်လာကြ၏။

အိမ်ထဲက ဘရင်းဂန်းသံကတော့ စဲမသွား။
ပုလိပ်အချို့သည် ကျည်ဆံများကြားမှ အိမ်အတွင်းသို့ ဝင်လိုက်သောအခါ ပစ်သည့်ခလုတ်ကို ကြိုးပူးချည်ကာ ထောင်ထားခဲ့သည့် ဘရင်းဂန်းတစ်လက်ကိုသာ တွေ့လိုက်ရတော့သည်။

စိန်ဓါးမြှောင် ကား ကိုယ်ပျောက်သွားခဲ့ပြန်ပြီ။
လွန်ခဲ့သည်နှစ်အနည်းငယ်က မိဘမဲ့ညီအစ်ကိုနှစ်ယောက်သည် သူတို့အား အခကြေးအနည်းငယ်ဖြင့် သိုင်းပညာသင်ပေးခဲ့သည့် ဆရာကြီးကို ဓါးပြတိုက်ရာပါပစ္စည်းများနှင့် လာကန်တော့ရာမှာ ဤဇာတ်လမ်း ကို စတင်ခဲ့သည်။

ထိုစတင်ခဲ့သူ ညီအစ်ကိုနှစ်ယောက်ထဲမှ စိန်ဓါးမြှောင်၏ ချစ်လှစွာသောတပည့်ကြီး ဘမောင် သည် ယခုတော့
ကျည်ဆံအချက်ပေါင်းများစွာြဖင့် လဲကျသွားခဲ့ပြီ။

ဆရာဖြစ်သူ စိန်ဓါးမြှောင်အတွက်၊ တစ်ဦးတည်းသောညီကလေး လှမောင်အတွက်၊ လှမောင် ချစ်သော အနှင်းအတွက်..ထိုလှေကားရင်းကလေးတွင်..ဘမောင်.... နေရစ်ခဲ့သည်။

တွယ်တာရာမဲ့သော လူဆိုးလူမိုက်တစ်ယောက်၏ အဆုံးသတ်သည် စတင်းဂန်းသေနတ်ကိုသာ တင်းတင်းဆုတ်လျက်..သွေးအိုင်ထဲ ငြိမ်သက်။
...................................................................................
အထက္မြန်မာပြည်တစ်ကြောရှိ ဓါးပြလူဆိုးများလောကတွင် စိန်ဓါးမြှောင်ဆိုသည့် နာမည်ကား ပြောစမှတ်ဖြစ်ကုန်ကြသည်။

စိန်ဓါးမြှောင်သည်။မန္တလေးထောင်ဖောက်ပြေးပြီး ပုလိပ်နှင့်တိုက်ပွဲဖြစ်ကာ လွတ်မြောက်သွားခြင်းသည်။
နောက် ငါးရက်အကြာတွင် စိန်ဓါးမြှောင်၏ လက်ရုံး လှမောင် အနှင်းတို့ စုံတွဲဦးဆောင်သောအဖွဲ့က အာဠာဝီရပ်တွင်နေထိုင်သော လမ်းကန်ထရိုက် မစ္စတာစတက်ဖင်၏ အိမ် ကို ဓါးပြဝင်တိုက်ကာ မစ္စတာစတက်ဖင်ကို ပစ်သတ်သွားခဲ့သည်။

ထိုနေ့ ထိုအချိန်တွင်ပင် မေမြို့အနီးစခန်း ရှိ မစ္စတာစတက်ဖင်၏ အပန်းဖြေနေအိမ်ကိုလည်း စိန်ဓါးမြှောင်အဖွဲ့မှ ခါလေး၊ထွန်းခင်တို့အဖွဲ့မှ တပြိုင်နက်ဝင်ရောက်စီးနင်းကာ မစ္စတာစတက်ဖင်၏ ဒုတိယမယားထံမှ အမ်စီရွှေဆွဲကြိုးတစ်ကုံးနှင့် ငွေတစ်သိန်းကျော် ယူသွားခဲ့သည်။

တချိန်တည်းမှာပဲ ငန်းနက်၊ဘချစ် ဦးစီးသောအဖွဲ့ကလည်း တံတားဦးရှိ သူဌေးဦးပေါများအိမ်ကို ဝင်တိုက်ကာ ရွှေငွေများ ယူသွားကြပြန်သည်။

ပုလိပ်အဖွဲ့ကား ထောင်ပြေးပြီးရက်ပိုင်းအတွင်း စိန်ဓါးမြှောင်အဖွဲ့ဟု ကြွေးကြော်ကာ နေ့ခင်းကြောင်တောင် တပြိုင်တည်းနေရာသုံးခုခွဲကာ ဓါးပြတိုက်သွားသည့်အတွက် ခံပြင်းမဆုံးရှိကြသည်။

စိန်ဓါးမြှောင် ဓါးပြဂိုဏ်းမှာ မြန်မာပြည်အလယ်ပိုင်းတင်မက ရှမ်းပြည် လားရှိုးနှင့် တောင်ကြီးမြို့တို့အထိ တိုက်ခိုက်မှုများကျူးလွန်ခဲ့သော်လည်း ပုလိပ်အဖွဲ့သည် စိန်ဓါးမြှောင်ကို မည်သို့မျှ ခြေရာခံမရကြချေ။
ရန်ကုန်မြို့လယ်ကောင် ရှန်ဟဲဘဏ်အား အနုကြမ်းစီးမှုတွင်လည်း စိန်ဓါးမြှောင်တပည့် ကြင်အေးနှင့် ဝင်းမောင်တို့ ခေါင်းဆောင်ခဲ့သဖြင့် နယ်ကျော်သော မန္တလေးဓါးပြများကို ရန်ကုန်ပုလိပ်ကလည်း အသဲအသန် အလိုရှိနေသည်။

သို့သော် လပေါင်းများစွာကြာသည့်တိုင်အောင် စိန်ဓါးမြှောင်ကို လုံးဝရှာမတွေ့ခဲ့။
စိန်ဓါးမြှောင် ဓါးပြဂိုဏ်းကြောင့် ပုလိပ်များ ဗျာများနေချိန်တွင် စိန်ဓါးမြှောင်ကား တံတားဦးဘက်တွင် ခြံတစ်ခြံဝယ်ကာ ကျွန်းအိမ်ကြီးဖြင့် နေနေ၏။

ကိုယ်တိုင်ဓါးပြထွက္မတိုက်တော့ပဲ သတင်းစာများ၊ စာအုပ်စာတမ်းများကို ဖတ်ရှုလေ့လာကာ မြန်မာပြည်၏ နိုင်ငံရေးအခြေအနေများကို အထူးလေ့လာတော့သည်။

ထိုအခြေအနေများက စိန်ဓါးမြှောင်၏ မိုက်ဂုဏ်သတင်းကို အမြင့်ဆုံးအဆင့်သို့ တွန်းပို့ခဲ့လေပြီ။

အထက်မြန်မာပြည်တဝိုက်ရှိ ဓါးပြပေါင်းများစွာသည် စိန်ဓါးမြှောင်ကို သာ တိုက်ရာပါထဲမှာ ဝေစုများ ဆက်သလျှင် ကြိမ်းသေပေါက်လွတ်မြောက်စေရမည်ဟုဆိုသည့်အစွဲမျိုးပါ ထားရှိလာကြတော့၏။

၁၉၄၆ ခုနှစ် ဩဂုတ်လတွင် စိန်ဓါးမြှောင်ဂိုဏ်း၏ ဗဟိုဦးစီးအဖွဲ့ဝင် အမာခံ(၉)ဦးကို ဖွဲ့စည်းသည်။

စိန်ဓါးမြှောင်၊ ငန်းနက်၊ မမြကြည်၊ ခါလေး ၊ လှမောင်၊ ထွန်းခင်၊ ကြင်အေး၊ ဝင်းမောင် နှင့် ရှေ့နေတစ်ဦးဖြစ်သူ တင့်ဆွေ (ခေါ်)တင်ညွန့် တို့ ပါဝင်လာ၏။

တင်ဆွေမှာ အင်္ဂလိပ်ခေတ်က တတိယတန်းရှေ့နေစာမေးပွဲအောင်မြင်ခဲ့သူတစ်ဦးဖြစ်ပြီး ငရုတ်သီးဘရင်မှ စည်းရုံးထားသူတစ်ဦးဖြစ်သည်။

ငရုတ်သီးဘရင်ကား စိန်ဓါးမြှောင်၏ ညွှန်ကြားချက်အတိုင်း ထိုစဥ်က စစ်ကိုင်းမြို့တွင် အင်အားကောင်းနေသည့် သခင်စိုး၏ အလံနီကွန်မြူနစ်ပါတီသို့ ဝင်ရောက်ထားသည်။

နောက်ပိုင်းတွင် စိန်ဓါးမြှောင်က တင့်ဆွေအား မန္တလေး ပြည်သူ့ရဲဘော်အဖွဲ့သို့ ဝင်ရောက်စေပြီး ပြည်သူ့ရဲဘော်အဖွဲ့တွင် အရေးပါသောလူတစ်ဦးဖြစ်လာပြန်သည်။
စိန်ဓါးမြှောင်အဖွဲ့သည် ငွေကြေးချမ်းသာကြွယ်ဝလာသည်နှင့်အညီ သီးခြားအဖွဲ့ငယ်များဖွဲ့ကာ တာဝန်ပေးခဲ့သည်။

အမျိုးသမီးအဖွဲ့တွင် အနှင်းက ခေါင်းဆောင်ပြီး ထွန်းခင်၏ ဇနီး ရင်ရင်၊ ဘချစ်၏ ဇနီး မိကွန်၊ ဝင်းမောင်ဇနီး မစိန်ရီ၊ တင့်ဆွေ၏ ဇနီး ကြင်ကြင်၊ ဝါဆိုဝါပိုတို့၏ ညီမ မြနှစ် တို့ပါဝင်ကြသည်။

စိန်ဓါးမြှောင်သည် မန္တလေး၊ စစ်ကိုင်း၊ ရွှေဘိုနှင့် မေမြို့တို့၌ အဖွဲ့ပိုင်အိမ်ဝိုင်းများကို ထိုအမျိုးသမီးများ အား ဝယ်ယူနေထိုင်ခိုင်းထားပြီး ဓါးပြမှုကျူးလွန်ရာတွင် ကြိုတင်စုံစမ်းသတင်းစုဆောင်းခြင်း၊ တိုက်ရာပါပစ္စည်းများ ထုခွဲရာတွင် ငရုတ်သီးဘရင်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းများ ပြုလုပ်ပေးကြရသည်။

စိန်ဓါးမြှောင်က ငရုတ်သီးဘရင် နှင့် တင့်ဆွေတို့အား အလံနီကွန်မြူနစ် ရဲနီတပ်၏ ယူနီဖောင်းများနှင့် ပြည်သူ့ရဲဘော်ယူနီဖောင်းများကို ဝယ်ယူစုဆောင်းခိုင်းထား၏။
ထိုအချိန်တွင် နိုင်ငံရေးအခြေအနေများလည်း အပြောင်းအလဲဆီသို့ တာဆူနေချိန်ဖြစ်သည်။

တချိန်က နန်းရင်ဝန်ဆာပေါ်ထွန်း ကို ပြန်လည်စင်တင်ပွဲထုတ်လာသူ ဘုရင်ခံဆာ‌ဒေါ်မန်စမစ် သည် ဖဆပလအဖွဲ့ဦးဆောင်သည့် အထွေထွေသပိတ်ကြီးနှင့် ဆန့်ကျင်မှုကြောင့် ဗြိတိန်သို့ ပြန်ခေါ်ခြင်းခံခဲ့ရသည်။

ဒုတိယကမ္ဘာစစ်မတိုင်မီကတည်းက ဗြိတိသျှအစိုးရက ယူဂန္ဓာတွင် ဖမ်းဆီးအကျဥ်းချထားသော ဂဠုန်ဦးစောကို မြန်မာပြည်သို့ ပြန်ပို့ပေးလိုက်သည်။

ဘုရင်ခံသစ်ဆာဟူးဘက်ရန့် သည် ဗိုလ်ချုပ်အောင်ဆန်းအား ဖိတ်ခေါ်ကာ ဘုရင်ခံ၏အမှုဆောင်ကောင်စီ (Governo’s Executive Council) ကို ဖွဲ့စည်းခဲ့သည်။
ဖဆပလအတွင်းတွင်လည်း ဆိုရှယ်လစ်များနှင့် ကွန်မြူနစ်များကြား တိုက်ပွဲက ပြင်းထန်နေသည်။

သခင်စိုး၏ အလံနီကွန်မြူနစ်ပါတီမှ အဖွဲ့များခေါင်းဆောင်ပြီး စစ်ပြေးရာမှပြန်လာပြီး နေစရာမရှိသော လူအုပ်ကြီးများသည် ဖဆပလကွက်သစ်ဖြစ်လာမည်နေရာကို ဝင်ရောက်ကာ တဲထိုးနေကြသည်။

သခင်စိုးခေါင်းဆောင်သည့် အလံနီကွန်မြူနစ်များသည် ဘတ်စ်ကားအစီးသုံးဆယ်ဖြင့် အတွင်းဝန်များရုံးသို့ရောက်လာပြီး ရုံးအတွင်းသို့ အကြမ်းဖက် ကျူးကျော်ဝင်ရောက်ကြသည်။

သို့သော် အတွင်းဝန်ရုံးကို လုံခြုံ‌ရေးရယူထားသော ပုလိပ်အဖွဲ့နှင့်ရင်ဆိုင်တိုးပြီး နောက်ဆုံးတွင် အလံနီများ ဆုတ်ခွာသွားကြသည်။

မကြာမီတွင် လွတ်လပ်ရေးကို တောင်းယူမရ တိုက်ယူမှရသည်ဟူသော ကြွေးကျော်သံဖြင့် အလံနီများမှာ တောခိုသွားတော့သည်။

ငရုတ်သီးဘရင်သည်လည်း စိန်ဓါးမြှောင်ထံမှ ခွင့်ပြုချက်ရယူကာ အလံနီ ရဲနီဗိုလ်အဖြစ် တောထဲသို့ လိုက်ပါသွားတော့၏။

၁၉၄၆ အောက်တိုဘာ ၂၁ တွင် စိန်ဓါးမြှောင်သည် တံတားဦးခြံအတွင်း ဗဟိုဦးစီး(၉)ဦးနှင့်
စိန်ဓါးမြှောင် က ဗဟိုဦးစီးအဖွဲ့ (၉)ဦး ၊ အမျိုးသမီးအဖွဲ့နှင့် နယ်မြေဒေသမှူးဓါးပြဗိုလ်များကို ဆင့်ခေါ်ကာ စည်းဝေးလိုက်သည်။

“အခု နိုင်ငံရေးအခြေအနေအရတော့ လွတ်လပ်ရေးကမရသေးဘူး။ နိုင်ငံရေးသမားတွေကတော့ ဗိုလ်လုနေကြပြီ။ နိုင်ငံရေးခါးပိုက်ဆောင်တပ်တွေကိုယ်စီနဲ့ ဆက်ပြီးရှုပ်ထွေးလာဖို့ပဲရှိတယ်။ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ငါတို့ မြို့ကြီးတွေပေါ်ပြန်တက်ကြမယ်။အားလုံးကို အလံနီယူနီဖောင်း၊ ပြည်သူ့ရဲဘော်ယူနီဖောင်း၊ ပြည်ထောင်စုစစ်ရဲတပ်ယူနီဖောင်းတွေ ပေးမယ်။ မြကြည်နဲ့ ရင်ရင်တို့က မန္တလေးအလယ်ပေါင်က အိမ်မှာ သွားပြန်နေကြ။ မန္တလေးသူဌေးတွေသတင်းကို မပျက်နားစွင့်ထား။ အဖွဲ့သားတွေအားလုံး နိုင်ငံရေးအဖွဲ့တွေထဲ ဝင်ထားကြရမယ်။ ငရုတ်သီးကတော့ သခင်စိုးရဲ့ အလံနီထဲပါသွားပြီ။ ရှေ့နေလေးကလည်း ပြည်သူ့ရဲဘော်ထဲ နေရာရနေပြီ။ ကျန်တဲ့ သခင်သန်းထွန်း သခင်သိန်းဖေတို့ရဲ့ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ သခင်မြ၊ဦးကျော်ငြိမ်းတို့ရဲ့ ဆိုရှယ်လစ်ပါတီတွေထဲ ဝင်ရမယ့်လူတွေကို မကြာခင် ငါရွေးချယ်မယ်။ ငါ က မကြာခင်က ‌ရွှေဘိုကို တက်ပြီး ဖဆပလထဲ ဝင်မယ်”

“ကျွန်တော်တို့က ဓါးပြတွေလေ..ဘာဖြစ်လို့ နိုင်ငံရေးအရှုပ်တွေထဲ ပါရမှာလဲ..အကိုကြီး..ကျွန်တော်နားမလည်ဘူး”

“အေး..ငန်းနက်..မင်းပဲ ဒီလိုမေးလိမ့်မယ်ဆိုတာ ငါသိတယ်..ဒီအတော်အတွင်း ငါစာတွေဖတ်ပြီး နိုင်ငံရေးအခြေအနေကို လေ့လာရသလောက်..နိုင်ငံရေးသမားတွေအားလုံးလက်ထဲမှာ လက်နက်ကိုယ်စီ.ခါးပိုက်ဆောင်တပ်တွေနဲ့ကွ..နိုင်ငံရေးသမားလက်ထဲက လက်နက်ဟာ ဓါးပြလက်ထဲက လက်နက်ထက် တိုင်းပြည်အတွက် ပိုအန္တရာယ်ကြီးတယ်... စစ်တပ်ကြည့်ရတာလည်း တယ်မဟန်လှဘူး..စစ်ဗိုလ်တွေက နိုင်ငံရေးသမားဂိုက်ဖမ်းပြီး သူတို့အချင်းချင်း ဝါဒဂိုဏ်းတွေကွဲနေကြပြီတဲ့... မကြာခင် တိုင်းပြည်မီးဟုန်းဟုန်းတောက်တော့မယ်လို့ ငါမြင်နေတယ်...ဘယ်အဖွဲ့က ဘယ်နယ်မှာ အသာစီးရမလဲဆိုတာတော့ ငါမခန့်မှန်းနိုင်ဘူး..ဒီးတော့.အဲ့ဒီလိုအချိန်မှာ ငါတို့လူတွေကို အဖွဲ့အားလုံးထဲ စိမ့်ဝင်ခိုင်းထားတာ အကျိုးမယုတ်ဘူးကွ....ငါတို့အတွက် အကျိုးရှိလာနိုင်တယ်..ငါ့ကို ယုံပါငန်းနက်..ငါခိုင်းတာလုပ်ပါ”

“အကိုကြီးကို ကျွန်တော်ယုံပါတယ်..ကျွန်တော် သိချင်လို့မေးတာပါ”

“ဆရာကြီး လူတွေစုံညီတုန်းမှာ ကျွန်တော် တစ်ခု တင်ပြစရာရှိလို့ပါ”

“အေး..ပြော..လှမောင်”

“အခု အနှင်းမှာ ကိုယ်ဝန်ရှိနေပါပြီ”

“အောင်မယ်..မင်းတို့မောင်နှံက နယ်လှည့်ဓါးပြတိုက်နေတာတောင်..အလုပ်တော့ဖြစ်ကြသားဟ”

အားလုံး ဝိုင်းရယ်လိုက်ကြသည်။

လှမောင်က ရယ်ကြဲကြဲလုပ်နေ၏။ အနှင်းက ရှက်သဖြင့် မျက်နှာနီရဲနေသည်။

“အဲ့ဒါ..ကျွန်တော့်ကလေးမွေးပြီးရင် ဒီအလုပ် ဆက်မလုပ်ချင်တော့ဘူး..ဆရာကြီး..ကျွန်တော် ဓါးပြ အလုပ်ကို စွန့်ပြီးကောင်းရောင်းကောင်းဝယ်ပဲလုပ်တော့မယ်”
စိန်ဓါးမြှောင်က လှမောင်ကို ပြုံးပြီးကြည့်သည်။

“အင်း...လှမောင်..လှမောင်..မင်းတို့ညီအကိုက ငါ့ကို ဓါးပြဖြစ်အောင် တွန်းပို့ခဲ့တယ်..အခု မင်းကအရင် ဓါးပြဘဝကို စွန့်တော့မယ်ပေါ့...မင်းကို ဘမောင် ကိုတောင် သတိရတယ်ကွာ...အင်းလေ...မင်းမှမလုပ်ချင်တော့တာပဲ...”

“အခုချက်ချင်းကြီးတော့ မဟုတ်ပါဘူး..ဆရာကြီး...ကလေးမွေးပြီးမှပါ”

“ဟုတ်ပြီ..မင်းအကို ဘမောင် က ငါတို့လွတ်ဖို့အတွက် အသေခံသွားခဲ့တာ..မင်းကလည်း ငါ့ရဲ့ ညာလက်ရုံးဆို မမှားဘူး...အနှင်းကလည်း ငါ့ညီမလေးပါပဲ... ငါတို့ အလုပ်ကြီးကြီးတစ်ခု မန္တလေးမှာ လုပ်ကြမယ်။ ပြီးရင် မင်းတို့ မိသားစု အပြင်မှာ အေးအေးချမ်းချမ်းလုပ်ကိုင်စားနိုင်ဖို့ အဲ့ဒီကရတဲ့ ဝေစုတဝက်တိတိ မင်းကိုပေးလိုက်မယ်။ ကျန်သူတွေရော သဘောတူကြလားဟေ့”

“ဆရာကြီး သဘောပါပဲ”

“သြော်.နောက်တစ်ခုရှိသေးတယ်..လှမောင်..မင်းအပြင်မှာ လုပ်စားလို့ အရမ်းချမ်းသာသွားရင်တော့..ငါတို့ ဓါးပြလာတိုက်မှာနော်..ဟေ့ကောင်...ဟားဟား”

စိန်ဓါးမြှောင်စကားကို အာားလုံးပွဲကျသွားကြသည်။

ထိုနေ့က စိန်ဓါးမြှောင်အဖွဲ့ စည်းဝေးပွဲကို နေ့လည်စာ ကြက်သား၊ဗူးသီး ကာလသားချက်ဖြင့် အတူစားကာ အခြားကိစ္စရပ်များကို တိုင်ပင်ကြပြီးနောက် ညနေပိုင်းတွင် အားလုံးလမ်းခွဲလိုက်ကြသည်။

ရက်အနည်းငယ်အကြာတွင် မြကြည်၊ ရီရီ တို့သည် မန္တလေးသို့ တက်သွားကြ၏။
ကြင်အေးနှင့် ခါလေးတို့လည်း သိပ်မကြာမီ မန္တလေး ဘက်သို့ အသီးသီးတက်သွားကြသည်။

သိပ်မကြာမီ အတွင်း မန္တလေးမြို့ပေါ်တွင် ကာကီယူနီဖောင်းဝတ်ထားသော စိန်ဓါးမြှောင်အဖွဲ့များမှာ ဂျစ်ကားတဝီဝီဖြင့် လက်နက်များကိုင်ဆောင်ကာ ဓါးပြမှုများကျူးလွန်ကြသည်။

ပြည်သူ့ရဲဘော်ယူနီဖောင်း၊ တပ်ယူနီ‌ဖောင်း၊ စစ်ရဲယူနီဖောင်းအမျိုးမျိုးဖြစ်နေသဖြင့် ပုလိပ်များမှာ မည်သို့ လိုက်ရမည်မသိပဲ..ထိုအဖွဲ့အချင်းချင်းလည်း အပြန်အလှန်စွပ်စွဲလာကြသည်။

နိုဝင်ဘာလကုန်တွင် စိန်ဓါးမြှောင်သည် လှမောင်၊ အနှင်း လင်မယားကို တံတားဦးတွင် ထားခဲ့ကာ တစ်ယောက်တည်း ရွှေဘိုသို့ တက်သွားသည်။

စိန်ဓါးမြှောင်၏ အသက်မှာ ၃၅ နှစ် ထဲသို့ ချဥ်းနင်းဝင်ရောက်လာပြီဖြစ်ပြီး ယခင်လို ခန္ဓာကိုယ်မဟုတ်တော့ပဲ ဝဝဖြိုးဖြိုးဖြစ်လာ၏။

စိန်ဓါးမြှောင်၏ ဓါးပြဗိုလ်သက်တမ်းမှာလည်း (၆)နှစ်အတွင်းသို့ ဝင်လာခဲ့ပေပြီ။

၁၉၄၆ ဒီဇင်ဘာလ။
ရွှေဘိုမြို့ ၊ ဖဆပလအဖွဲ့ချုပ်တွင် ကျောင်းဆရာကိုညွန့် ဟူသော အမည်ဖြင့် ပါတီဝင်သစ်တစ်ဦး မှာ အလွန်မျက်နှာပွင့်လှသည်။

ကျောင်းဆရာကိုညွန့်မှာ ရှမ်းပြည်ဘက်မှလာသူတစ်ဦးဖြစ်ပြီး မိဘများမှာ ကျောက်ကုန်သည်လူချမ်းသာများဟု ဆိုသည်။
ကိုညွန့်က ဖဆပလအဖွဲ့ချုပ်အတွက် ငွေ တစ်သောင်းကျပ်လှူဒါန်းခဲ့သဖြင့် ရွှေဘိုဖဆပလအတွင်း ချက်ချင်း နာမည်ကျော်သွားတော့၏။

ကွမ်းတဝါးဝါး၊ အသားဖြူဖြူ ဥပဓိရုပ်ကောင်းကောင်းကာ စကားပြောလျှင် ဗဟုသုတပြည့်စုံသော ကိုညွန့်ကို ရန်ကုန် ဖဆပလအဖွဲ့ချုပ်မှ ခေတ္တရောက်နေသော ဆိုရှယ်လစ်ပါတီဝင် သခင်သိန်းနှင့် သခင်စံမြင့်တို့ က နောင် ရွှေဘိုနယ်၏ ဖဆပလအမတ်လောင်းနေရာတွင် လျာထားရန်ပင် မျက်စိကျခဲ့ကြသည်။

ဒီဇင်ဘာလ ၃၀ ရက်၊ ညနက်အချိန်တွင် ကိုညွန့် ငှားရမ်းနေထိုင်သော ရွှေဘိုရှိနေအိမ်ရှေ့သို့ လူတစ်ဦး တံခါးလာခေါက်သည်။

ကိုညွန့်က တံခါးဖွင့်ပေးလိုက်သောအခါ ထိုလူက အိမ်တွင်းသို့ အသာဝင်လိုက်၏။

“ဘာကိစ္စလဲ..ခါလေး”

“မမကြည်က လွှတ်လိုက်လို့..ဆရာကြီး...ရသေ့ကြီးဦးခန္တီရဲ့ အလှူခံငွေတွေ သိမ်းထားတဲ့ အိမ်ကို သိပြီတဲ့”

“အင်း..ဒါဆိုလည်း မန္တလေး ဘုရားဖူးသွားရင်း လှူရတန်းရသေးတာပေါ့လေ..ဟဲဟဲ”

စိန်ဓါးမြှောင်ရော၊ ခါလေးပါ ပြုံးလိုက်ကြသည်။

ခက်ဇော်

The Guys From Mandalay,1950s
အခန္း(၁၄)
................
“မၾကာခင္ ဝါဝင္ေတာ့မွာမို႔....ကြၽန္ေတာ္တို႔ အေဆာင္ထဲမွာ ညတိုင္းပရိတ္ႀကီး ဆယ့္တစ္သုတ္႐ြတ္ပါရေစ”

မႏၲေလးေထာင္၏ ေထာင္မႉးႀကီး ဦးစံတင္သည္ အပတ္စဥ္ေသာၾကာေန႔တိုင္း ေထာင္က်မ်ား၊အခ်ဳပ္သားမ်ားကို လိုက္လံစစ္ေဆးစဥ္ စိန္ဓါးေျမႇာင္က တင္ျပျခင္းျဖစ္သည္။

“အိပ္ေဆာင္ကလူေတြ သေဘာတူရင္ ႐ြတ္ေပါ့..ဘာသာေရးပဲ”

“ကြၽန္ေတာ္အေဆာင္ကလူေတြတခ်ိဳ႕ပါ ႐ြတ္ၾကမွာပါ..ေထာင္မႉးႀကီး”

“ဘယ္အခ်ိန္႐ြတ္မွာလဲ”

“ညေနတန္းပိတ္ၿပီး အိပ္ခါနီးရင္ ႐ြတ္မွာပါ”

“ဟုတ္ၿပီ..အရမ္းဆူဆူညံညံေတာ့မရဘူးေနာ္”

“ပရိတ္က ေဘးကင္းေစပါတယ္...ၾကားရသူတိုင္းလည္း သာဓုေခၚဆိုလို႔ရ႐ုံ ႐ြတ္မွာပါဗ်”

ေထာင္မႉးႀကီးဦးစံတင္က ေခါင္းညိတ္လ်က္ ေရွ႕သို႔ ဆက္သြားသည္။

အိပ္ေဆာင္တြင္ ေခါင္းေဆာင္ျဖစ္ေနေသာ စိန္ဓါးေျမႇာင္ကို အေဆာင္သားမ်ားက ဝိုင္းၾကည့္ေနၾက၏။

“ကဲ..မင္းတို႔အားလုံး ပရိတ္႐ြတ္ရမယ္..မ႐ြတ္ခ်င္တဲ့ေကာင္ရွိလား”

“႐ြတ္ပါ့မယ္..ဆရာႀကီး”

အိပ္ေဆာင္အတြင္းသာမက မႏၲေလးေထာင္တစ္ခုလုံးတြင္ စိန္ဓါးေျမႇာင္၏ ၾသဇာကို လြန္ဆံဝံ့သူအက်ဥ္းသား မရွိေခ်။

ဘေမာင္၊ လွေမာင္ညီအစ္ကိုအျပင္ ေ႐ႊဘိုနယ္မွ နာမည္ႀကီးဓါးျပမ်ားျဖစ္ၾကေသာ လွပို၊ ေမာင္ဘို၊ဘသန္းတို႔ ကလည္း ေထာင္ထဲတြင္ပင္ စိန္ဓါးေျမႇာင္၏ တပည့္အျဖစ္ခံယူၾကသည္။

ထိုေန႔ညမွ စကာ မႏၲေလးေထာင္တြင္းရွိ စိန္ဓါးေျမႇာင္တို႔ ေနထိုင္ေသာ သစ္သားေဆာင္တြင္ ပရိတ္တရားသံမ်ား၊ ေမတၱာပို႔သံမ်ား ၾကားရေတာ့၏။

စစ္ၿပီးစ မႏၲေလးေထာင္သည္ စစ္အတြင္းက ပ်က္စီးခဲ့မႈမ်ားကို ျဖစ္သလို ျပန္လည္ျပင္ဆင္ကာ ဖြင့္လွစ္ထားသည့္ ေထာင္ျဖစ္သည္။

ေခတၱဘုရင္ခံဆာဟင္နရီႏိုက္က စစ္သုံ႔ပန္းအမ်ားစုရွိေသာ ရန္ကုန္ေထာင္ႀကီးကိုသာ အစိုးရဘတ္ဂ်က္ထဲမွ အကုန္ၾကခံ ျပင္ျပင္ေစၿပီး အထက္ျမန္မာျပည္ရွိေထာင္မ်ားမွာမူ အစိုးရအေထာက္အပံ့အျပည့္အစုံမရရွိေသး သျဖင့္ ‌ေဒသဆိုင္ရာအရာရွိမ်ားက တတ္ႏိုင္သမွ်ႏွင့္သာ ျပဳျပင္ထိန္းသိမ္းေနရခ်ိန္ျဖစ္သည္။

စိန္ဓါးေျမႇာင္တို႔ရွိေနေသာ မႏၲေလးေထာင္ရွိ အက်ဥ္းသားအိပ္ေဆာင္မ်ားမွာ တစ္ဖက္ပိတ္သစ္သားတန္းလ်ားႀကီးမ်ား ျဖစ္သည္။

တန္းလ်ားမ်ားအေပၚဘက္ ေခါင္မိုးအနားတြင္ ေလ၀င္ေလထြက္ရေစရန္ ေလးႏွစ္သစ္သားမ်ားကို တစ္တိုင္စီျခားကာ ကာရံေပးထား၏။

၁၉၄၆ ဇြန္လ ၂၄ ရက္။
စိန္ဓါးေျမႇာင္အဖြဲ႕ ပရိတ္စ႐ြတ္သည္မွာ ေလးရက္ေျမာက္ေသာေန႔။

မိုးနည္းလွေသာ မႏၲေလးတြင္ ထိုညေနက မိုးက သဲသဲမဲမဲ႐ြာခ်လိုက္သည္။

မိုးသဲသဲကို ေၾကာက္တတ္ေသာ မႏၲေလးသားတို႔ အက်င့္အတိုင္း ေထာင္အမႈထမ္းတို႔မွာလည္း ေထာင္ပိတ္ၿပီးသည္ႏွင့္ တာဝန္က်ရာအေဆာင္အသီးသီးတြင္ ေစာင္ၿခဳံလ်က္ ငိုက္ေနၾကေတာ့သည္။

စိန္ဓါးေျမႇာင္တို႔ ေနထိုင္ရာ အေဆာင္(၁)မွ ပရိတ္ႀကီး(၁၁)သုတ္သံကား မိုးသံႏွင့္အတူ ညီညီညာညာစတင္ထြက္ေပၚလာ၏။

စိန္ဓါးေျမႇာင္က ေရွ႕ဆုံးမွ ဦးေဆာင္ကာ ႐ြတ္ဆိုသည္။
စိန္ဓါးေျမႇာင္က ႐ြတ္ဆိုေနရင္း...ေနာက္သို႔ ႐ုတ္တရက္လွည့္ကာ တပည့္မ်ားကို မ်က္ရိပ္ျပလိုက္သည္။
လွပိုႏွင့္ ေမာင္ဘိုက အေဆာင္နံရံနားသို႔ ကပ္သြားကာ ယွဥ္လ်က္ ငုတ္တုတ္ထိုင္လိုက္၏။

သူတို႔ႏွစ္ဦး၏ ပုခုံးေပၚသို႔ ဘေမာင္က တက္လိုက္သည္။
ဘေမာင္၏ ပခုံးေပၚသို႔ လွေမာင္က တက္လိုက္သည္ႏွင့္ ေအာက္မွ ႏွစ္ေယာက္က ျဖည္းျဖည္းခ်င္း မတ္တပ္ရပ္လိုက္ၾကသည္။

၁၂ ေပခန႔္ျမင့္ေသာ အေဆာင္ႀကီး၏ ေခါင္မိုးနားမွ ေလးႏွစ္ေခ်ာင္းမ်ား ကာထားသည့္ေနရာကို မွီသည္ႏွင့္ လွေမာင္က တြယ္တက္ကာ ယက္မေပၚတြင္ ေနရာယူလိုက္သည္။

ထို႔ေနာက္ ခါးၾကားတြင္ ထိုးထားေသာ ဒိုင္းလႊငယ္ကို ထုတ္လိုက္၏။

ထိုဒိုင္းလႊသည္ လြန္ခဲ့ေသာရက္က မႏွင္း က ေကာက္ညႇင္းက်ည္ေတာက္ထဲတြင္ ၀ွက္ကာ ခိုးသြင္းလာျခင္းျဖစ္သည္။

လွေမာင္ အေပၚေရာက္သြားသည္ႏွင့္ က်န္သူမ်ားက ကိုယ့္ေနရာကိုယ္ျပန္ေနကာ ပရိတ္ဆက္႐ြတ္ေနၾကသည္။
လွေမာင္ က ေလးႏွစ္သစ္သားကို ဒိုင္းလႊျဖင့္ ျဖတ္ေနေသာ အသံကို မိုးသံႏွင့္ ပရိတ္႐ြတ္သံမ်ားက ဖုန္းလႊမ္းထားေလ၏။

လြန္ခဲ့ေသာ ရက္မ်ားကတည္းက သစ္သားတန္းသုံးေခ်ာင္းကို ထိုနည္းအတိုင္းျဖတ္ကာ ျဖဳတ္ယူရ႐ုံ တည္းတည္းထားခဲ့ျခင္းျဖစ္သည္။

ပရိတ္ႀကီးဆယ့္တစ္သုတ္ၿပီးခ်ိန္တြင္ေတာ့ ေနာက္ဆုံးသစ္သားတန္းကို လွေမာင္က လႊႏွင့္တိုက္ၿပီးသြားၿပီျဖစ္သည္။
တည္းထားေသာ သစ္သားမ်ား ျဖဳတ္လိုက္ပါက လူတစ္ေယာက္ဝင္ထြက္ႏိုင္ၿပီျဖစ္သည္။
အိပ္ခ်ိန္သံေခ်ာင္း ေခါက္ၿပီးသည္မွာ အေတာ္ပင္ၾကာခဲ့ၿပီ။

မိုးက ပိုမိုသဲလာ၏။ ည ၁ နာရီမို႔ တစ္ေထာင္လုံးနီးပါးမွာ မိုးသံေအာက္တြင္ အိပ္ေမာက်ေနၾကသည္။
အေဆာင္အသီးသီးရွိ ညအိပ္ေဆာင္ဘာရာတာဝန္က် အက်ဥ္းသားတို႔၏ တစ္နာရီျခား သတင္းပို႔ေအာ္သံကား မိုးသံေအာက္တြင္ ၾကားတစ္ခ်က္မၾကားတစ္ခ်က္။

ထိုအခ်ိန္တြင္ အိပ္ေဆာင္(၁)အျပင္ဘက္နံရံမွ မဲမဲအရိပ္ ေျခာက္ခု တြယ္ဆင္းလာၾကသည္။

စစ္အတြင္းက ဗုံးထိသျဖင့္ အနည္းငယ္ၿပိဳပ်က္ေနေသာ ေထာင္အေနာက္ဘက္အုတ္႐ိုးဆီ မိုးေရထဲ ေျပးသြားၾကသည္။
မၾကာမီ ေထာင္သံေခ်ာင္းေခါက္သံမ်ား ဆူညံလာေတာ့၏။
ေထာင္ဝါဒါမ်ားက မီအုပ္ေဆာင္းမ်ားကိုင္ေဆာင္ကာ မိုးသဲသဲထဲ လိုက္ဖမ္းၾကေသာ္လည္း ေျပးသြားသူမ်ားကို မမိလိုက္ေခ်။

ထြက္ေျပးသူမ်ားမွာ ျပင္ဆင္ေနဆဲ အုတ္႐ိုးေပၚသို႔ ေရစိုပုဆိုးမ်ားဆက္ထားသည့္ႀကိဳးျဖင့္ ေက်ာ္တက္လြတ္ေျမာက္သြားၾကၿပီျဖစ္သည္။

ေထာင္အရာရွိတို႔က ခ်က္ခ်င္းေထာင္လွန႔္လိုက္ၾကၿပီး တန္းစီလူစစ္ေတာ့သည္။

မၾကာမီ ေထာင္မႉးႀကီးဦးစံတင္ က အထက္အရာရွိအဆင့္ဆင့္ႏွင့္ ရဲခ႐ိုင္ဝန္႐ုံးထံ ေၾကးနန္း႐ိုက္လိုက္ေလသည္။

“ေထာက္ေဖာက္ေျပးသည့္ အက်ဥ္းသားမ်ားစာရင္း”
(၁) စိန္ဓါးေျမႇာင္ (ခ) ေမာင္ေလး(ခ)ဆရာသိန္း (အခ်ဳပ္၊ ဓါးျပမႈမ်ားျဖင့္စစ္ေဆးဆဲ)
(၂) ဘေမာင္ (အခ်ဳပ္၊ ဓါးျပမႈမ်ားျဖင့္စစ္ေဆးဆဲ)
(၃) လွပို (အခ်ဳပ္၊လုယက္မႈျဖင့္ စစ္ေဆးဆဲ)
(၄) ေမာင္ဘို (အခ်ဳပ္၊ ဓါးျပမႈျဖင့္ စစ္ေဆးဆဲ)
(၅) လွေမာင္ (ေထာင္က်၊အက်ဥ္းသားနံပါတ္ ၃၀၄၊ ငါန္းဇြန္းဌာန ဓါးျပမႈပုဒ္မ ၃၉၅၊ ေထာင္ခုႏွစ္ႏွစ္၊ က်န္အမႈမ်ားစစ္ေဆးဆဲ)
(၆)ဘသန္း (ေထာင္က်၊အက်ဥ္းသားနံပါတ္ ၄၈၉၊ ေ႐ႊဘိုဌာန ဓါးျပမႈပုဒ္မ ၃၉၅၊ ေထာင္ခုႏွစ္ႏွစ္
....................................................................................
မႏၲေလးေထာင္ႀကီးမွ ထြက္ေျပးလြတ္ေျမာက္သြားေသာ လူဆိုးဗိုလ္စိန္ဓါးေျမႇာင္ေခါင္းေဆာင္သည့္ အဖြဲ႕မ်ားကို မႏၲေလးၿမိဳ႕ေပၚရွိ ပုလိပ္ဌာနအသီးသီးမွ ပုလိပ္မ်ားက တပ္လွန႔္ၿပီး လိုက္လံရွာေဖြေတာ့သည္။

သို႔ေသာ္ စိန္ဓါးေျမႇာင္တို႔ကိုကား အစအနမွ်ပင္မေတြ႕။
နံနက္ (၄)နာရီခန႔္တြင္ မႏၲေလး (၁၉)မွတ္ဌာနမွ ပုလိပ္ တပ္ၾကပ္ေမာင္ေဖသည္ စိန္ဓါးေျမႇာင္ရွာေဖြ‌ေရးတာဝန္မွ တန္းျဖဳတ္ေပးလိုက္သျဖင့္ အလယ္ေဘာင္ရပ္ရွိ မိမိ၏ ေနအိမ္သို႔ ျပန္စဥ္ ယခင္က လူမရွိေသာ အိမ္တစ္လုံးတြင္ မီးအိမ္ကေလး လင္းေနသည္ကို သတိထားမိသြားသည္။
ေမာင္ေဖ သည္ ဂ်ပန္ေခတ္ကတည္းက ပုလိပ္လုပ္ခဲ့သူျဖစ္ၿပီး ဆာသင္ဘသာ၊စိန္ပန္းေပါက္‌ေက်ာ္တို႔ႏွင့္အတူ စိန္ဓါးေျမႇာင္ကို ဖမ္းရာတြင္ ပါဝင္ခဲ့ဖူးသူျဖစ္သည္။

ေမာင္ေဖ က စက္ဘီးကို ခ်က္ခ်င္း ျပန္လွည္ကာ (၁၉)မွတ္ဌာနသို႔ သြားၿပီး ဌာနအုပ္ မစၥတာဟူကြန္မဆင္ထံ သတင္းသြားပို႔ေလေတာ့သည္။

အိမ္ဝိုင္းေလးေပၚတြင္ ရွိေနေသာ စိန္ဓါးေျမႇာင္၊ ျမၾကည္ႏွင့္ တပည့္မ်ားကေတာ့ သူတို႔ အခ်ိန္းအခ်က္ျပဳ ခိုေအာင္းရာအိမ္ေရွ႕သို႔ ပုလိပ္သားတစ္ဦး ေရာက္လာသည္ကို မသိၾက။

အိမ္ေရွ႕ေလွကားတြင္ ကင္းေစာင့္ထားထားသူက လွေမာင္။

သို႔ေသာ္ အႏွင္းက လွေမာင္၏ ရင္ခြင္ထဲသို႔ဝင္ကာ ေျခာက္လုံးျပဴးတစ္လက္ျဖင့္  လွေမာင္၏ ေပါင္ၾကားေနရာအႏွံ႔သို႔ လိုက္ေထာက္ကာ က်ီစားေနသျဖင့္ လွေမာင္ႀကီးမွာ ဖရဏပီတီဂြမ္းဆီထိလ်က္ တေလာကလုံးကို ေမ့ေလ်ာ့ေနသည္။

အိမ္ထဲတြင္ေတာ့ ဘေမာင္၊လွပို၊ေမာင္ဘို၊ဘသန္းတို႔ သည္ မျမၾကည္က ဇလုံးႀကီးျဖင့္ နယ္ေပးထားေသာ ပုန္းရည္ႀကီးႏွင့္ ထမင္းကို ဇြန္းတစ္ေခ်ာင္းျဖင့္ အလုအယက္စားေနၾကသည္။

ခါေလးက ငန္းနက္တို႔ထံမွ သြားေရာက္သယ္ယူထားသည့္ ေသနတ္ငါးလက္ကို မည္သူ မည္သည့္လက္နက္ေပးရမည္ဆိုသည္ကို ခြဲတမ္းခ်ေပးေန၏။
အိပ္ခန္းအတြင္းတြင္ေတာ့ ေထာင္နံရံမွ ခုန္ခ်လာစဥ္ ထိရွခဲ့သည့္ စိန္ဓါးေျမႇာင္၏ ရင္ဘတ္မွ ဒဏ္ရာမ်ားကို စိန္ဓါးေျမႇာင္ေဖာ္စပ္ထားသည့္ေဆးျဖစ္သည့္ ကုကၠိဳျမစ္ေခါက္အမႈန႔္ျဖင့္ လိမ္းေပးေန၏။

ထိုစဥ္ အိမ္ကေလးသို႔ ပုလိပ္အင္အား ငါးဆယ္ခန႔္က တျဖည္းျဖည္း ဝိုင္းလာေလေတာ့သည္။

“ဒိန္း” ခနဲ အသံႏွင့္အတူ ၿခံဝသို႔ ပုန္းလွ်ိဳးကာဝင္လာသည့္ ပုလိပ္အရာရွိမွာ ေခြခနဲ လဲက်သြား၏။

လွေမာင္ရင္ဘတ္ထဲတြင္ ခိုဝင္ေနေသာ အႏွင္း ၏ ေျခာက္လုံးျပဴးမွ ထြက္လာေသာ က်ည္ဆံျဖစ္သည္။

လွေမာင္မွာ သူ႔အနားမွ ႐ုတ္တရက္ထြက္လာေသာ ေသနတ္သံေၾကာင့္ လန႔္ျဖန႔္သြားသည္။

“ကိုလွေမာင္..အထဲဝင္..အထဲဝင္”

လွေမာင္က ဘာလုပ္ရမွန္းမသိသျဖင့္ ေၾကာင္တက္တက္ျဖင့္ အထဲဝင္ေျပးသည္။
အႏွင္းက ေျခာက္လုံးျပဴးကို ကိုင္ၿပီး ေနာက္တစ္ခ်က္ ေမွာင္ရိပ္ထဲမွ လူစုစုထံ ေနာက္တစ္ခ်က္ ထပ္ပစ္ခ်လိုက္၏။

ေထာင္ေျပးမ်ားကိုလာဖမ္းေသာ ပုလိပ္မ်ားမွာ သူတို႔အား ေျခာက္လုံးျပဴးႏွင့္ မတ္တပ္ရပ္ကာ တစ္ခ်က္ခ်င္း ပစ္ေနေသာ အမ်ိဳးသမီးကို ေၾကာင္ၾကည့္ေနၾကသည္။
အိမ္ထဲတြင္ေတာ့ စိန္ဓါးေျမႇာင္တို႔သည္ လက္နက္ကိုယ္စီဆြဲကာ အသင့္ေနရာယူေနၾကၿပီျဖစ္သည္။

ေျပးဝင္လာေသာ လွေမာင္ကို စတင္းဂန္းကိုင္ထားေသာ ဘေမာင္ က လွမ္းေအာ္လိုက္၏။

“ေဟ့ေကာင္..လွေမာင္...အႏွင္းေလးေရာ..အႏွင္းေလး”
ထိုအခ်ိန္မွ လွေမာင္မွာ အႏွင္းကို သတိရသြား၏။

“ဟာ…ဒီေကာင္ကေတာ့ကြာ”

ဘေမာင္က စတင္းဂန္းကို ကိုင္လ်က္ ေရွ႕သို႔ ေျပးထြက္သြားသည္။

အႏွင္းက ေျခာက္လုံးျပဴးႏွင့္ ေနာက္တစ္ခ်က္ပစ္ခတ္ခ်ိန္တြင္ ဘေမာင္က အိမ္ေရွ႕သို႔ ေရာက္လာသည္။

ဘေမာင္ကို ျမင္မွ ပုလိပ္အရာရွိက ပစ္မိန႔္ေပးလိုက္သျဖင့္ ေသနတ္သံမ်ား ဆူညံသြားသည္။

ဘေမာင္က မႏွင္းကို ခုန္အုပ္လိုက္သျဖင့္ ၾကမ္းျပင္ေပၚ လဲက်သြားသည္။
က်ည္ဆံမ်ားက အိမ္ကေလးထဲ ပလူပ်ံကုန္သည္။

“လွေမာင္..ဘေမာင္နဲ႔အႏွင္းကို သြားဆြဲ..ခါေလး ဘရင္းဂန္း ထုတ္ခဲ့”

ေမာင္ဘို ၊ လွပို၊ ဘသန္းတို႔ မွာ ေသနတ္မ်ား ကိုင္ၿပီး ေယာင္နနျဖစ္ေနၾကသည္။
ေ႐ႊဘိုဘက္တြင္ လက္နက္မဲ့သူမ်ားကိုသာ ဓါးျပတိုက္ခဲ့သူမ်ားျဖစ္သျဖင့္ ပုလိပ္မ်ား လက္နက္အစုံႏွင့္ လာဝိုင္းခံရသည့္အခါ မည္သို႔ ခုခံရမည္မသိ။

စိန္ဓါးေျမႇာင္က ျပတင္းေပါကၼွ ထြက္ကာ ေျခာက္လုံးျပဴးႏွင့္ ထပစ္သည့္အခါမွ သူတို႔လည္း ေနရာယူကာ ျပန္ပစ္ၾကသည္။

“ညီေလး..ငါကာပစ္မယ္...အႏွင္းကို လြတ္ေအာင္ေခၚစမ္း”

လွေမာင္ထံတြင္ ေသနတ္မပါ။

က်ည္ဆံမ်ားက သူတို႔ေခါင္းေပၚတြင္ ပလူပ်ံေန၏။

ဘေမာင္က တစ္ဖက္သို႔ လွိမ့္ထြက္လိုက္ၿပီး စတင္းဂန္းျဖင့္ ပုလိပ္အုပ္ထဲ ဆြဲထည့္သည္။

ပုလိပ္မ်ားက ဘေမာင္ကို မဲပစ္ေနခ်ိန္ လွေမာင္က အႏွင္းကို ဆြဲကာ အိမ္ထဲဝင္ေျပး၏။

“ဘေမာင္..ျပန္ဆုတ္ေတာ့”
စိန္ဓါးေျမႇာင္၏ ေအာ္သံ ထြက္လာသည္။
ဘေမာင္ ကား က်ည္ဆံတို႔ထိမွန္ထားသည့္ၾကားမွ ေလွကားလက္ရမ္းတြင္ ဒူးေထာက္လ်က္ စတင္းျဖင့္ ခံပစ္ေနသည္။

ခါေလးက ဘရင္းဂန္းကို မ လာကာ အိမ္ေရွ႕သို႔ ေမႊ႕ရမ္းပစ္လိုက္သည္။
ပုလိပ္အဖြဲ႕ကား စက္ေသနတ္ပါမွန္းသိသျဖင့္အေနာက္သို႔ ျပန္ဆုတ္ၾက၏။

“လွေမာင္...ျမၾကည္နဲ႔အႏွင္းကိုေခၚၿပီး ေျပး...က်န္တဲ့သူေတြလူစုခြဲၾက..ငါနဲ႔ ခါေလး ခံပစ္ထားမယ္. မနက္ဖန္ညေန စစ္ကိုင္း ေကာင္းမႈေတာ္ဘုရားမွာ အားလုံးစုံမယ္”

လွေမာင္တို႔ လူစုထြက္သြားၿပီး အိမ္ထဲတြင္ ခါေလးႏွင့္ စိန္ဓါးေျမႇာင္သာက်န္ရစ္ေတာ့သည္။

ပုလိပ္ဘက္မွ အေရးအတန္ငယ္နိမ့္ေနၿပီးေနာက္ ခဏအၾကာတြင္ စက္ေသနတ္စစ္ကူေရာက္လာသည္။
စက္ေသနတ္ႏွစ္လက္ပါလာသည့္အခါမွ ပုလိပ္မ်ားက အရဲကိုးကာ အိမ္ထဲ ဝင္လာၾက၏။

အိမ္ထဲက ဘရင္းဂန္းသံကေတာ့ စဲမသြား။
ပုလိပ္အခ်ိဳ႕သည္ က်ည္ဆံမ်ားၾကားမွ အိမ္အတြင္းသို႔ ဝင္လိုက္ေသာအခါ ပစ္သည့္ခလုတ္ကို ႀကိဳးပူးခ်ည္ကာ ေထာင္ထားခဲ့သည့္ ဘရင္းဂန္းတစ္လက္ကိုသာ ေတြ႕လိုက္ရေတာ့သည္။

စိန္ဓါးေျမႇာင္ ကား ကိုယ္ေပ်ာက္သြားခဲ့ျပန္ၿပီ။
လြန္ခဲ့သည္ႏွစ္အနည္းငယ္က မိဘမဲ့ညီအစ္ကိုႏွစ္ေယာက္သည္ သူတို႔အား အခေၾကးအနည္းငယ္ျဖင့္ သိုင္းပညာသင္ေပးခဲ့သည့္ ဆရာႀကီးကို ဓါးျပတိုက္ရာပါပစၥည္းမ်ားႏွင့္ လာကန္ေတာ့ရာမွာ ဤဇာတ္လမ္း ကို စတင္ခဲ့သည္။

ထိုစတင္ခဲ့သူ ညီအစ္ကိုႏွစ္ေယာက္ထဲမွ စိန္ဓါးေျမႇာင္၏ ခ်စ္လွစြာေသာတပည့္ႀကီး ဘေမာင္ သည္ ယခုေတာ့
က်ည္ဆံအခ်က္ေပါင္းမ်ားစြာျဖင့္ လဲက်သြားခဲ့ၿပီ။

ဆရာျဖစ္သူ စိန္ဓါးေျမႇာင္အတြက္၊ တစ္ဦးတည္းေသာညီကေလး လွေမာင္အတြက္၊ လွေမာင္ ခ်စ္ေသာ အႏွင္းအတြက္..ထိုေလွကားရင္းကေလးတြင္..ဘေမာင္.... ေနရစ္ခဲ့သည္။

တြယ္တာရာမဲ့ေသာ လူဆိုးလူမိုက္တစ္ေယာက္၏ အဆုံးသတ္သည္ စတင္းဂန္းေသနတ္ကိုသာ တင္းတင္းဆုတ္လ်က္..ေသြးအိုင္ထဲ ၿငိမ္သက္။
...................................................................................
အထၾကၼန္မာျပည္တစ္ေၾကာရွိ ဓါးျပလူဆိုးမ်ားေလာကတြင္ စိန္ဓါးေျမႇာင္ဆိုသည့္ နာမည္ကား ေျပာစမွတ္ျဖစ္ကုန္ၾကသည္။

စိန္ဓါးေျမႇာင္သည္။မႏၲေလးေထာင္ေဖာက္ေျပးၿပီး ပုလိပ္ႏွင့္တိုက္ပြဲျဖစ္ကာ လြတ္ေျမာက္သြားျခင္းသည္။
ေနာက္ ငါးရက္အၾကာတြင္ စိန္ဓါးေျမႇာင္၏ လက္႐ုံး လွေမာင္ အႏွင္းတို႔ စုံတြဲဦးေဆာင္ေသာအဖြဲ႕က အာဠာဝီရပ္တြင္ေနထိုင္ေသာ လမ္းကန္ထ႐ိုက္ မစၥတာစတက္ဖင္၏ အိမ္ ကို ဓါးျပဝင္တိုက္ကာ မစၥတာစတက္ဖင္ကို ပစ္သတ္သြားခဲ့သည္။

ထိုေန႔ ထိုအခ်ိန္တြင္ပင္ ေမၿမိဳ႕အနီးစခန္း ရွိ မစၥတာစတက္ဖင္၏ အပန္းေျဖေနအိမ္ကိုလည္း စိန္ဓါးေျမႇာင္အဖြဲ႕မွ ခါေလး၊ထြန္းခင္တို႔အဖြဲ႕မွ တၿပိဳင္နက္ဝင္ေရာက္စီးနင္းကာ မစၥတာစတက္ဖင္၏ ဒုတိယမယားထံမွ အမ္စီေ႐ႊဆြဲႀကိဳးတစ္ကုံးႏွင့္ ေငြတစ္သိန္းေက်ာ္ ယူသြားခဲ့သည္။

တခ်ိန္တည္းမွာပဲ ငန္းနက္၊ဘခ်စ္ ဦးစီးေသာအဖြဲ႕ကလည္း တံတားဦးရွိ သူေဌးဦးေပါမ်ားအိမ္ကို ဝင္တိုက္ကာ ေ႐ႊေငြမ်ား ယူသြားၾကျပန္သည္။

ပုလိပ္အဖြဲ႕ကား ေထာင္ေျပးၿပီးရက္ပိုင္းအတြင္း စိန္ဓါးေျမႇာင္အဖြဲ႕ဟု ေႂကြးေၾကာ္ကာ ေန႔ခင္းေၾကာင္ေတာင္ တၿပိဳင္တည္းေနရာသုံးခုခြဲကာ ဓါးျပတိုက္သြားသည့္အတြက္ ခံျပင္းမဆုံးရွိၾကသည္။

စိန္ဓါးေျမႇာင္ ဓါးျပဂိုဏ္းမွာ ျမန္မာျပည္အလယ္ပိုင္းတင္မက ရွမ္းျပည္ လားရႈိးႏွင့္ ေတာင္ႀကီးၿမိဳ႕တို႔အထိ တိုက္ခိုက္မႈမ်ားက်ဴးလြန္ခဲ့ေသာ္လည္း ပုလိပ္အဖြဲ႕သည္ စိန္ဓါးေျမႇာင္ကို မည္သို႔မွ် ေျခရာခံမရၾကေခ်။
ရန္ကုန္ၿမိဳ႕လယ္ေကာင္ ရွန္ဟဲဘဏ္အား အႏုၾကမ္းစီးမႈတြင္လည္း စိန္ဓါးေျမႇာင္တပည့္ ၾကင္ေအးႏွင့္ ဝင္းေမာင္တို႔ ေခါင္းေဆာင္ခဲ့သျဖင့္ နယ္ေက်ာ္ေသာ မႏၲေလးဓါးျပမ်ားကို ရန္ကုန္ပုလိပ္ကလည္း အသဲအသန္ အလိုရွိေနသည္။

သို႔ေသာ္ လေပါင္းမ်ားစြာၾကာသည့္တိုင္ေအာင္ စိန္ဓါးေျမႇာင္ကို လုံးဝရွာမေတြ႕ခဲ့။
စိန္ဓါးေျမႇာင္ ဓါးျပဂိုဏ္းေၾကာင့္ ပုလိပ္မ်ား ဗ်ာမ်ားေနခ်ိန္တြင္ စိန္ဓါးေျမႇာင္ကား တံတားဦးဘက္တြင္ ၿခံတစ္ၿခံဝယ္ကာ ကြၽန္းအိမ္ႀကီးျဖင့္ ေနေန၏။

ကိုယ္တိုင္ဓါးျပထြကၼတိုက္ေတာ့ပဲ သတင္းစာမ်ား၊ စာအုပ္စာတမ္းမ်ားကို ဖတ္ရႈေလ့လာကာ ျမန္မာျပည္၏ ႏိုင္ငံေရးအေျခအေနမ်ားကို အထူးေလ့လာေတာ့သည္။

ထိုအေျခအေနမ်ားက စိန္ဓါးေျမႇာင္၏ မိုက္ဂုဏ္သတင္းကို အျမင့္ဆုံးအဆင့္သို႔ တြန္းပို႔ခဲ့ေလၿပီ။

အထက္ျမန္မာျပည္တဝိုက္ရွိ ဓါးျပေပါင္းမ်ားစြာသည္ စိန္ဓါးေျမႇာင္ကို သာ တိုက္ရာပါထဲမွာ ေဝစုမ်ား ဆက္သလွ်င္ ႀကိမ္းေသေပါက္လြတ္ေျမာက္ေစရမည္ဟုဆိုသည့္အစြဲမ်ိဳးပါ ထားရွိလာၾကေတာ့၏။

၁၉၄၆ ခုႏွစ္ ဩဂုတ္လတြင္ စိန္ဓါးေျမႇာင္ဂိုဏ္း၏ ဗဟိုဦးစီးအဖြဲ႕ဝင္ အမာခံ(၉)ဦးကို ဖြဲ႕စည္းသည္။

စိန္ဓါးေျမႇာင္၊ ငန္းနက္၊ မျမၾကည္၊ ခါေလး ၊ လွေမာင္၊ ထြန္းခင္၊ ၾကင္ေအး၊ ဝင္းေမာင္ ႏွင့္ ေရွ႕ေနတစ္ဦးျဖစ္သူ တင့္ေဆြ (ေခၚ)တင္ၫြန႔္ တို႔ ပါဝင္လာ၏။

တင္ေဆြမွာ အဂၤလိပ္ေခတ္က တတိယတန္းေရွ႕ေနစာေမးပြဲေအာင္ျမင္ခဲ့သူတစ္ဦးျဖစ္ၿပီး င႐ုတ္သီးဘရင္မွ စည္း႐ုံးထားသူတစ္ဦးျဖစ္သည္။

င႐ုတ္သီးဘရင္ကား စိန္ဓါးေျမႇာင္၏ ၫႊန္ၾကားခ်က္အတိုင္း ထိုစဥ္က စစ္ကိုင္းၿမိဳ႕တြင္ အင္အားေကာင္းေနသည့္ သခင္စိုး၏ အလံနီကြန္ျမဴနစ္ပါတီသို႔ ဝင္ေရာက္ထားသည္။

ေနာက္ပိုင္းတြင္ စိန္ဓါးေျမႇာင္က တင့္ေဆြအား မႏၲေလး ျပည္သူ႔ရဲေဘာ္အဖြဲ႕သို႔ ဝင္ေရာက္ေစၿပီး ျပည္သူ႔ရဲေဘာ္အဖြဲ႕တြင္ အေရးပါေသာလူတစ္ဦးျဖစ္လာျပန္သည္။
စိန္ဓါးေျမႇာင္အဖြဲ႕သည္ ေငြေၾကးခ်မ္းသာႂကြယ္ဝလာသည္ႏွင့္အညီ သီးျခားအဖြဲ႕ငယ္မ်ားဖြဲ႕ကာ တာဝန္ေပးခဲ့သည္။

အမ်ိဳးသမီးအဖြဲ႕တြင္ အႏွင္းက ေခါင္းေဆာင္ၿပီး ထြန္းခင္၏ ဇနီး ရင္ရင္၊ ဘခ်စ္၏ ဇနီး မိကြန္၊ ဝင္းေမာင္ဇနီး မစိန္ရီ၊ တင့္ေဆြ၏ ဇနီး ၾကင္ၾကင္၊ ဝါဆိုဝါပိုတို႔၏ ညီမ ျမႏွစ္ တို႔ပါဝင္ၾကသည္။

စိန္ဓါးေျမႇာင္သည္ မႏၲေလး၊ စစ္ကိုင္း၊ ေ႐ႊဘိုႏွင့္ ေမၿမိဳ႕တို႔၌ အဖြဲ႕ပိုင္အိမ္ဝိုင္းမ်ားကို ထိုအမ်ိဳးသမီးမ်ား အား ဝယ္ယူေနထိုင္ခိုင္းထားၿပီး ဓါးျပမႈက်ဴးလြန္ရာတြင္ ႀကိဳတင္စုံစမ္းသတင္းစုေဆာင္းျခင္း၊ တိုက္ရာပါပစၥည္းမ်ား ထုခြဲရာတြင္ င႐ုတ္သီးဘရင္ႏွင့္ ပူးေပါင္းေဆာင္႐ြက္ျခင္းမ်ား ျပဳလုပ္ေပးၾကရသည္။

စိန္ဓါးေျမႇာင္က င႐ုတ္သီးဘရင္ ႏွင့္ တင့္ေဆြတို႔အား အလံနီကြန္ျမဴနစ္ ရဲနီတပ္၏ ယူနီေဖာင္းမ်ားႏွင့္ ျပည္သူ႔ရဲေဘာ္ယူနီေဖာင္းမ်ားကို ဝယ္ယူစုေဆာင္းခိုင္းထား၏။
ထိုအခ်ိန္တြင္ ႏိုင္ငံေရးအေျခအေနမ်ားလည္း အေျပာင္းအလဲဆီသို႔ တာဆူေနခ်ိန္ျဖစ္သည္။

တခ်ိန္က နန္းရင္ဝန္ဆာေပၚထြန္း ကို ျပန္လည္စင္တင္ပြဲထုတ္လာသူ ဘုရင္ခံဆာ‌ေဒၚမန္စမစ္ သည္ ဖဆပလအဖြဲ႕ဦးေဆာင္သည့္ အေထြေထြသပိတ္ႀကီးႏွင့္ ဆန႔္က်င္မႈေၾကာင့္ ၿဗိတိန္သို႔ ျပန္ေခၚျခင္းခံခဲ့ရသည္။

ဒုတိယကမာၻစစ္မတိုင္မီကတည္းက ၿဗိတိသွ်အစိုးရက ယူဂႏၶာတြင္ ဖမ္းဆီးအက်ဥ္းခ်ထားေသာ ဂဠဳန္ဦးေစာကို ျမန္မာျပည္သို႔ ျပန္ပို႔ေပးလိုက္သည္။

ဘုရင္ခံသစ္ဆာဟူးဘက္ရန႔္ သည္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းအား ဖိတ္ေခၚကာ ဘုရင္ခံ၏အမႈေဆာင္ေကာင္စီ (Governo’s Executive Council) ကို ဖြဲ႕စည္းခဲ့သည္။
ဖဆပလအတြင္းတြင္လည္း ဆိုရွယ္လစ္မ်ားႏွင့္ ကြန္ျမဴနစ္မ်ားၾကား တိုက္ပြဲက ျပင္းထန္ေနသည္။

သခင္စိုး၏ အလံနီကြန္ျမဴနစ္ပါတီမွ အဖြဲ႕မ်ားေခါင္းေဆာင္ၿပီး စစ္ေျပးရာမွျပန္လာၿပီး ေနစရာမရွိေသာ လူအုပ္ႀကီးမ်ားသည္ ဖဆပလကြက္သစ္ျဖစ္လာမည္ေနရာကို ဝင္ေရာက္ကာ တဲထိုးေနၾကသည္။

သခင္စိုးေခါင္းေဆာင္သည့္ အလံနီကြန္ျမဴနစ္မ်ားသည္ ဘတ္စ္ကားအစီးသုံးဆယ္ျဖင့္ အတြင္းဝန္မ်ား႐ုံးသို႔ေရာက္လာၿပီး ႐ုံးအတြင္းသို႔ အၾကမ္းဖက္ က်ဴးေက်ာ္ဝင္ေရာက္ၾကသည္။

သို႔ေသာ္ အတြင္းဝန္႐ုံးကို လုံၿခဳံ‌ေရးရယူထားေသာ ပုလိပ္အဖြဲ႕ႏွင့္ရင္ဆိုင္တိုးၿပီး ေနာက္ဆုံးတြင္ အလံနီမ်ား ဆုတ္ခြာသြားၾကသည္။

မၾကာမီတြင္ လြတ္လပ္ေရးကို ေတာင္းယူမရ တိုက္ယူမွရသည္ဟူေသာ ေႂကြးေက်ာ္သံျဖင့္ အလံနီမ်ားမွာ ေတာခိုသြားေတာ့သည္။

င႐ုတ္သီးဘရင္သည္လည္း စိန္ဓါးေျမႇာင္ထံမွ ခြင့္ျပဳခ်က္ရယူကာ အလံနီ ရဲနီဗိုလ္အျဖစ္ ေတာထဲသို႔ လိုက္ပါသြားေတာ့၏။

၁၉၄၆ ေအာက္တိုဘာ ၂၁ တြင္ စိန္ဓါးေျမႇာင္သည္ တံတားဦးၿခံအတြင္း ဗဟိုဦးစီး(၉)ဦးႏွင့္
စိန္ဓါးေျမႇာင္ က ဗဟိုဦးစီးအဖြဲ႕ (၉)ဦး ၊ အမ်ိဳးသမီးအဖြဲ႕ႏွင့္ နယ္ေျမေဒသမႉးဓါးျပဗိုလ္မ်ားကို ဆင့္ေခၚကာ စည္းေဝးလိုက္သည္။

“အခု ႏိုင္ငံေရးအေျခအေနအရေတာ့ လြတ္လပ္ေရးကမရေသးဘူး။ ႏိုင္ငံေရးသမားေတြကေတာ့ ဗိုလ္လုေနၾကၿပီ။ ႏိုင္ငံေရးခါးပိုက္ေဆာင္တပ္ေတြကိုယ္စီနဲ႔ ဆက္ၿပီးရႈပ္ေထြးလာဖို႔ပဲရွိတယ္။ဒီအေျခအေနကို အခြင့္ေကာင္းယူၿပီး ငါတို႔ ၿမိဳ႕ႀကီးေတြေပၚျပန္တက္ၾကမယ္။အားလုံးကို အလံနီယူနီေဖာင္း၊ ျပည္သူ႔ရဲေဘာ္ယူနီေဖာင္း၊ ျပည္ေထာင္စုစစ္ရဲတပ္ယူနီေဖာင္းေတြ ေပးမယ္။ ျမၾကည္နဲ႔ ရင္ရင္တို႔က မႏၲေလးအလယ္ေပါင္က အိမ္မွာ သြားျပန္ေနၾက။ မႏၲေလးသူေဌးေတြသတင္းကို မပ်က္နားစြင့္ထား။ အဖြဲ႕သားေတြအားလုံး ႏိုင္ငံေရးအဖြဲ႕ေတြထဲ ဝင္ထားၾကရမယ္။ င႐ုတ္သီးကေတာ့ သခင္စိုးရဲ႕ အလံနီထဲပါသြားၿပီ။ ေရွ႕ေနေလးကလည္း ျပည္သူ႔ရဲေဘာ္ထဲ ေနရာရေနၿပီ။ က်န္တဲ့ သခင္သန္းထြန္း သခင္သိန္းေဖတို႔ရဲ႕ ဗမာျပည္ကြန္ျမဴနစ္ပါတီနဲ႔ သခင္ျမ၊ဦးေက်ာ္ၿငိမ္းတို႔ရဲ႕ ဆိုရွယ္လစ္ပါတီေတြထဲ ဝင္ရမယ့္လူေတြကို မၾကာခင္ ငါေ႐ြးခ်ယ္မယ္။ ငါ က မၾကာခင္က ‌ေ႐ႊဘိုကို တက္ၿပီး ဖဆပလထဲ ဝင္မယ္”

“ကြၽန္ေတာ္တို႔က ဓါးျပေတြေလ..ဘာျဖစ္လို႔ ႏိုင္ငံေရးအရႈပ္ေတြထဲ ပါရမွာလဲ..အကိုႀကီး..ကြၽန္ေတာ္နားမလည္ဘူး”

“ေအး..ငန္းနက္..မင္းပဲ ဒီလိုေမးလိမ့္မယ္ဆိုတာ ငါသိတယ္..ဒီအေတာ္အတြင္း ငါစာေတြဖတ္ၿပီး ႏိုင္ငံေရးအေျခအေနကို ေလ့လာရသေလာက္..ႏိုင္ငံေရးသမားေတြအားလုံးလက္ထဲမွာ လက္နက္ကိုယ္စီ.ခါးပိုက္ေဆာင္တပ္ေတြနဲ႔ကြ..ႏိုင္ငံေရးသမားလက္ထဲက လက္နက္ဟာ ဓါးျပလက္ထဲက လက္နက္ထက္ တိုင္းျပည္အတြက္ ပိုအႏၲရာယ္ႀကီးတယ္... စစ္တပ္ၾကည့္ရတာလည္း တယ္မဟန္လွဘူး..စစ္ဗိုလ္ေတြက ႏိုင္ငံေရးသမားဂိုက္ဖမ္းၿပီး သူတို႔အခ်င္းခ်င္း ဝါဒဂိုဏ္းေတြကြဲေနၾကၿပီတဲ့... မၾကာခင္ တိုင္းျပည္မီးဟုန္းဟုန္းေတာက္ေတာ့မယ္လို႔ ငါျမင္ေနတယ္...ဘယ္အဖြဲ႕က ဘယ္နယ္မွာ အသာစီးရမလဲဆိုတာေတာ့ ငါမခန႔္မွန္းႏိုင္ဘူး..ဒီးေတာ့.အဲ့ဒီလိုအခ်ိန္မွာ ငါတို႔လူေတြကို အဖြဲ႕အားလုံးထဲ စိမ့္ဝင္ခိုင္းထားတာ အက်ိဳးမယုတ္ဘူးကြ....ငါတို႔အတြက္ အက်ိဳးရွိလာႏိုင္တယ္..ငါ့ကို ယုံပါငန္းနက္..ငါခိုင္းတာလုပ္ပါ”

“အကိုႀကီးကို ကြၽန္ေတာ္ယုံပါတယ္..ကြၽန္ေတာ္ သိခ်င္လို႔ေမးတာပါ”

“ဆရာႀကီး လူေတြစုံညီတုန္းမွာ ကြၽန္ေတာ္ တစ္ခု တင္ျပစရာရွိလို႔ပါ”

“ေအး..ေျပာ..လွေမာင္”

“အခု အႏွင္းမွာ ကိုယ္ဝန္ရွိေနပါၿပီ”

“ေအာင္မယ္..မင္းတို႔ေမာင္ႏွံက နယ္လွည့္ဓါးျပတိုက္ေနတာေတာင္..အလုပ္ေတာ့ျဖစ္ၾကသားဟ”

အားလုံး ဝိုင္းရယ္လိုက္ၾကသည္။

လွေမာင္က ရယ္ႀကဲႀကဲလုပ္ေန၏။ အႏွင္းက ရွက္သျဖင့္ မ်က္ႏွာနီရဲေနသည္။

“အဲ့ဒါ..ကြၽန္ေတာ့္ကေလးေမြးၿပီးရင္ ဒီအလုပ္ ဆက္မလုပ္ခ်င္ေတာ့ဘူး..ဆရာႀကီး..ကြၽန္ေတာ္ ဓါးျပ အလုပ္ကို စြန႔္ၿပီးေကာင္းေရာင္းေကာင္းဝယ္ပဲလုပ္ေတာ့မယ္”
စိန္ဓါးေျမႇာင္က လွေမာင္ကို ၿပဳံးၿပီးၾကည့္သည္။

“အင္း...လွေမာင္..လွေမာင္..မင္းတို႔ညီအကိုက ငါ့ကို ဓါးျပျဖစ္ေအာင္ တြန္းပို႔ခဲ့တယ္..အခု မင္းကအရင္ ဓါးျပဘဝကို စြန႔္ေတာ့မယ္ေပါ့...မင္းကို ဘေမာင္ ကိုေတာင္ သတိရတယ္ကြာ...အင္းေလ...မင္းမွမလုပ္ခ်င္ေတာ့တာပဲ...”

“အခုခ်က္ခ်င္းႀကီးေတာ့ မဟုတ္ပါဘူး..ဆရာႀကီး...ကေလးေမြးၿပီးမွပါ”

“ဟုတ္ၿပီ..မင္းအကို ဘေမာင္ က ငါတို႔လြတ္ဖို႔အတြက္ အေသခံသြားခဲ့တာ..မင္းကလည္း ငါ့ရဲ႕ ညာလက္႐ုံးဆို မမွားဘူး...အႏွင္းကလည္း ငါ့ညီမေလးပါပဲ... ငါတို႔ အလုပ္ႀကီးႀကီးတစ္ခု မႏၲေလးမွာ လုပ္ၾကမယ္။ ၿပီးရင္ မင္းတို႔ မိသားစု အျပင္မွာ ေအးေအးခ်မ္းခ်မ္းလုပ္ကိုင္စားႏိုင္ဖို႔ အဲ့ဒီကရတဲ့ ေဝစုတဝက္တိတိ မင္းကိုေပးလိုက္မယ္။ က်န္သူေတြေရာ သေဘာတူၾကလားေဟ့”

“ဆရာႀကီး သေဘာပါပဲ”

“ေၾသာ္.ေနာက္တစ္ခုရွိေသးတယ္..လွေမာင္..မင္းအျပင္မွာ လုပ္စားလို႔ အရမ္းခ်မ္းသာသြားရင္ေတာ့..ငါတို႔ ဓါးျပလာတိုက္မွာေနာ္..ေဟ့ေကာင္...ဟားဟား”

စိန္ဓါးေျမႇာင္စကားကို အာားလုံးပြဲက်သြားၾကသည္။

ထိုေန႔က စိန္ဓါးေျမႇာင္အဖြဲ႕ စည္းေဝးပြဲကို ေန႔လည္စာ ၾကက္သား၊ဗူးသီး ကာလသားခ်က္ျဖင့္ အတူစားကာ အျခားကိစၥရပ္မ်ားကို တိုင္ပင္ၾကၿပီးေနာက္ ညေနပိုင္းတြင္ အားလုံးလမ္းခြဲလိုက္ၾကသည္။

ရက္အနည္းငယ္အၾကာတြင္ ျမၾကည္၊ ရီရီ တို႔သည္ မႏၲေလးသို႔ တက္သြားၾက၏။
ၾကင္ေအးႏွင့္ ခါေလးတို႔လည္း သိပ္မၾကာမီ မႏၲေလး ဘက္သို႔ အသီးသီးတက္သြားၾကသည္။

သိပ္မၾကာမီ အတြင္း မႏၲေလးၿမိဳ႕ေပၚတြင္ ကာကီယူနီေဖာင္းဝတ္ထားေသာ စိန္ဓါးေျမႇာင္အဖြဲ႕မ်ားမွာ ဂ်စ္ကားတဝီဝီျဖင့္ လက္နက္မ်ားကိုင္ေဆာင္ကာ ဓါးျပမႈမ်ားက်ဴးလြန္ၾကသည္။

ျပည္သူ႔ရဲေဘာ္ယူနီေဖာင္း၊ တပ္ယူနီ‌ေဖာင္း၊ စစ္ရဲယူနီေဖာင္းအမ်ိဳးမ်ိဳးျဖစ္ေနသျဖင့္ ပုလိပ္မ်ားမွာ မည္သို႔ လိုက္ရမည္မသိပဲ..ထိုအဖြဲ႕အခ်င္းခ်င္းလည္း အျပန္အလွန္စြပ္စြဲလာၾကသည္။

ႏိုဝင္ဘာလကုန္တြင္ စိန္ဓါးေျမႇာင္သည္ လွေမာင္၊ အႏွင္း လင္မယားကို တံတားဦးတြင္ ထားခဲ့ကာ တစ္ေယာက္တည္း ေ႐ႊဘိုသို႔ တက္သြားသည္။

စိန္ဓါးေျမႇာင္၏ အသက္မွာ ၃၅ ႏွစ္ ထဲသို႔ ခ်ဥ္းနင္းဝင္ေရာက္လာၿပီျဖစ္ၿပီး ယခင္လို ခႏၶာကိုယ္မဟုတ္ေတာ့ပဲ ဝဝၿဖိဳးၿဖိဳးျဖစ္လာ၏။

စိန္ဓါးေျမႇာင္၏ ဓါးျပဗိုလ္သက္တမ္းမွာလည္း (၆)ႏွစ္အတြင္းသို႔ ဝင္လာခဲ့ေပၿပီ။

၁၉၄၆ ဒီဇင္ဘာလ။
ေ႐ႊဘိုၿမိဳ႕ ၊ ဖဆပလအဖြဲ႕ခ်ဳပ္တြင္ ေက်ာင္းဆရာကိုၫြန႔္ ဟူေသာ အမည္ျဖင့္ ပါတီဝင္သစ္တစ္ဦး မွာ အလြန္မ်က္ႏွာပြင့္လွသည္။

ေက်ာင္းဆရာကိုၫြန႔္မွာ ရွမ္းျပည္ဘက္မွလာသူတစ္ဦးျဖစ္ၿပီး မိဘမ်ားမွာ ေက်ာက္ကုန္သည္လူခ်မ္းသာမ်ားဟု ဆိုသည္။
ကိုၫြန႔္က ဖဆပလအဖြဲ႕ခ်ဳပ္အတြက္ ေငြ တစ္ေသာင္းက်ပ္လႉဒါန္းခဲ့သျဖင့္ ေ႐ႊဘိုဖဆပလအတြင္း ခ်က္ခ်င္း နာမည္ေက်ာ္သြားေတာ့၏။

ကြမ္းတဝါးဝါး၊ အသားျဖဴျဖဴ ဥပဓိ႐ုပ္ေကာင္းေကာင္းကာ စကားေျပာလွ်င္ ဗဟုသုတျပည့္စုံေသာ ကိုၫြန႔္ကို ရန္ကုန္ ဖဆပလအဖြဲ႕ခ်ဳပ္မွ ေခတၱေရာက္ေနေသာ ဆိုရွယ္လစ္ပါတီဝင္ သခင္သိန္းႏွင့္ သခင္စံျမင့္တို႔ က ေနာင္ ေ႐ႊဘိုနယ္၏ ဖဆပလအမတ္ေလာင္းေနရာတြင္ လ်ာထားရန္ပင္ မ်က္စိက်ခဲ့ၾကသည္။

ဒီဇင္ဘာလ ၃၀ ရက္၊ ညနက္အခ်ိန္တြင္ ကိုၫြန႔္ ငွားရမ္းေနထိုင္ေသာ ေ႐ႊဘိုရွိေနအိမ္ေရွ႕သို႔ လူတစ္ဦး တံခါးလာေခါက္သည္။

ကိုၫြန႔္က တံခါးဖြင့္ေပးလိုက္ေသာအခါ ထိုလူက အိမ္တြင္းသို႔ အသာဝင္လိုက္၏။

“ဘာကိစၥလဲ..ခါေလး”

“မမၾကည္က လႊတ္လိုက္လို႔..ဆရာႀကီး...ရေသ့ႀကီးဦးခႏၲီရဲ႕ အလႉခံေငြေတြ သိမ္းထားတဲ့ အိမ္ကို သိၿပီတဲ့”

“အင္း..ဒါဆိုလည္း မႏၲေလး ဘုရားဖူးသြားရင္း လႉရတန္းရေသးတာေပါ့ေလ..ဟဲဟဲ”

စိန္ဓါးေျမႇာင္ေရာ၊ ခါေလးပါ ၿပဳံးလိုက္ၾကသည္။

ခက္ေဇာ္

Comments

Post a Comment