The Guys Froms Mandalay,1950s အခန်း(၁၇)

The Guys Froms Mandalay,1950s
               အခန်း(၁၇)
                   ..............

အုန်းဖေ ဆိုသူ၏ ခေါ်ဆောင်ရာသို့ စိန်ဓါးမြှောင်နှင့် ဗိုလ်တက်ထွန်းတို့ လိုက်သွားကြသည်။
ရန်ကုန်ထောင်ကြီး၏ ဘယ်ဘက်အစွန်းတွင်ရှိသော စားဖိုဆောင်သည် သစ်သားယက်မကြီးများဖြင့် တည်ဆောက်ထားသော အဆောက်အဦကြီးဖြစ်သည်။

“ကိုဂန္ဓမာကြီး ဘယ်မှာလဲ..ထွန်းရင်”

စားဖိုးဆောင်ရှေ့တွင် ထိုင်လျက် ဆေးပေါ့လိပ်ဖွာနေသည့် လူလတ်ပိုင်းတစ်ယောက်ကို အုန်းဖေ က မေးလိုက်သည်။

“ရိက္ခာ‌ေဆာင်အနောက်က သူ့အခန်းကို ခုနပဲ ပြန်သွားတယ်.... စိန်ဓါးမလား စိန်ဓါးမြှောင်လား အဲ့ဒီတစ်ယောက်ကိုပဲ သူ့ဆီ ခေါ်ခဲ့ပါတဲ့..ကျန်တဲ့တစ်ယောက်ကိုတော့ စားဖိုမှာ တာဝန်ချထားဖို့ ကျွန်တော့်ကို ..ခုန မှာသွားတယ်”

“ကဲ..စိန်ဓါးမြှောင်ကိုပဲ ဂန္ဓမာကြီးက တွေ့လိမ့်မယ်..ကျန်တဲ့တစ်‌ယောက်က ထွန်းရင်နဲ့ လိုက်သွားတော့”

အုန်းဖေက စိန်ဓါးမြှောင်ကို ဦးဆောင်ကာ ဂန္ဓမာသောင်းရင် ရှိရာ ရိက္ခာတိုက်ဘေးရှိ အခန်းသို့ ထွက်လာလေသည်။

“ကိုဂန္ဓမာ...ဒီမှာ ခင်ဗျားခေါ်ခိုင်းတဲ့လူ ရောက်ပြီ”

“အေး..ဝင်ခဲ့ကွ”

အသက် (၅၀)ခန့် လူတစ်ယောက်ခုတင်ပေါ်တွင် ခြေချိတ်လျက်ထိုင်နေသည်။

ငွေရောင်သန်းနေသော ဆံပင်တို့ကို နောက်လှန်ဖီးထားပြီး ရှပ်အင်္ကျီလက်တိုနှင့် ဘောင်းဘီရှည်ကို ဝတ်ထား၏။
ထိုသူက အငွေ့မသေသေးသော စီးကရက်ကို လက်ကြားညှပ်လျက် စိန်ဓါးမြှောင်ကို ပြုံးပြသည်။

“ကဲ..ထိုင်ပါ..ကိုယ့်လူ.ကျုပ်နာမည် သောင်းရီပါ”

ထောင်အဆောင်ထဲရှိ ကုလားအုပ်စုက သူ့နာမည်ကြားသည်နှင့် ရှိန်သွားပုံ၊ ယခုလို ကိုယ့်အခန်းနှင့်ကိုယ် သက်တောင့်သက်သာနေနေပုံများကို ကြည့်ကာ သောင်းရီဆိုသူသည် ထောင်အရာရှိ တစ်ဦးဖြစ်လိမ့်မည်ဟု စိန်ဓါးမြှောင် ယူဆလိုက်သည်။

“ခင်ဗျားနာမည်ကိုတော့ သတင်းစာတွေထဲ ကျုပ် ဖတ်ဖူးနေတာပဲ.တကယ့်အာဂလူပဲဗျ.. မန္တလေးထောင်ကို ဖောက်ပြေးသေးတာဆို..တုတ်ပြီးဓါးပြီးသေနတ်ပြီးတယ်ဆိုတာက ပါသေးဗျာ..အခု ခင်ဗျားအကြောင်းကို ဗြိတိသျှဘားမားက ရုပ်ရှင်တောင်ရိုက်ဦးမလို့ဆိုပဲ”

“လူတွေက ချဲ့ကားပြောကြတာပါ..ထောင်မှူးရယ်..ဟင်းဟင်း”

စိန်ဓါးမြှောင်က ရယ်သံလေးတဝက်ဖြင့် ပြောလိုက်သည်။

ဂန္ဓမာသောင်းရီက အသံထွက်အောင် ရယ်မောလိုက်ရင်း..

“ခုန ကျုပ်ကို ဘယ်လို ခေါ်လိုက်တယ်..ထောင်မှူး..ဟုတ်လား..ကျုပ်လည်း ခင်ဗျားလို ထောင်ကျနေတဲ့အကျဉ်းသားပါပဲဗျာ..ဟားဟား”

စိန်ဓါးမြှောင် အံဩသွား၏။

အကျဉ်းသားဆိုသော်လည်း ထောင်ကျအင်္ကျီဝတ်မထား၊ ထောင်ကျပုံစံဆံပင်ညှပ်မထားပဲ ကိုယ်ပိုင်အခန်းနှင့် နေနေသူ သည် မည်သူဖြစ်မည်နည်း။

“ဒါဆို..ခင်ဗျားက ဘာလဲ”

“ဂန္ဓမာသောင်းရီလေ”

“ဟုတ်ပြီ...အခု ဒီကိုခေါ်လာတာ ဘာကိစ္စလဲ..ဘာလုပ်ချင်လို့လဲ”

“ကိုယ့်လူက စိတ်ကြီးပဲကိုး... ခင်ဗျားတို့ရောက်လာကတည်းက နာဂျစ်တို့အဆောင်ကို ပို့လိုက်မယ်ဆိုတာ သိပြီးသားပါ...ကျုပ်ကိုလည်း အထက်ကလူက တာဝန်ပေးလို့ ခင်ဗျားတို့ကို သူတို့လက်ထဲက ပြန်ထုတ်ခိုင်းလိုက်တာ”

“ခင်ဗျားပြောတာတွေ ကျွန်တော်နားမလည်ဘူး..အကိုကြီး..ခင်ဗျားက ဘာလဲလို့”

“ဘာမှမဟုတ်ပါဘူးဆို...ခင်ဗျားကို အထက်ကလူတစ်ယောက်က ကျုပ်ဆီ ခေါ်ထားပေးဖို့ ပြောလာလို့..ခေါ်ထားပေးတာ..အဆောင်ထဲမှာဆို ခင်ဗျားဟာခင်ဗျား ဘယ်လောက် တုတ်ပြီးဓါးပြီး ကိုယ်ပျောက်ပျောက် နာဂျစ်နဲ့ မတည့်လို့ကတော့ ခင်ဗျားအိပ်နေချိန်မှာ လည်ပင်းလှီးချင်လှီးသွားမှာပဲ.. ဒါကြောင့် ခင်ဗျားကို ကျုပ်ဆီခေါ်ပြီး အကာအကွယ်ပေးလိုက်တာ”

ဂန္ဓမာ၏ စကားသံများကို စိန်ဓါးမြှောင်က သတိထားနားထောင်ကာ အကဲဖမ်းနေသည်။

“အထက်လူ ဆိုတာ ဘယ်သူလဲ”

“အချိန်တန်ရင်တော့ ခင်ဗျား သူနဲ့တွေ့ရမှာပါ..လောလောဆယ်တော့ ခင်ဗျားအနေနဲ့ ဒီစားဖိုဆောင်ဧရိယာမှာ နေတာ ပိုဘေးကင်းမှာပါ..အဲ့ဒီအပြင်ဘက်ဆိုရင်တော့ နာဂျစ်အာရတ်ရဲ့ နေရာဖြစ်သွားပြီ...ကျုပ်လည်း အာမမခံနိုင်ဘူး....ခင်ဗျား ဖိုကြီးမှာ တာဝန်ကျပြီဆို အဆောင်မှာ နေဖို့မလိုအပ်ဘူး.. ဒီမှာနေဖို့နဲ့အလုပ်လုပ်ဖို့ကို အုန်းဖေက စီစဥ်ပေးပါလိမ့်မယ်..”

စိန်ဓါးမြှောင်က ဂန္ဓမာသောင်းရီ ဆိုသူကို သေချာစိုက်ကြည့်နေသည်။
ဂန္ဓမာကလည်း စိန်ဓါးမြှောင်ကို ပြုံးလျက် ပြန်ကြည့်နေ၏။

“ဒီတော့..ခင်ဗျားက ကျွန်တော့်ကို ကာကွယ်ပေးလိုက်တယ်ပေါ့လေ..အကိုကြီး..ကျွန်တော်က ခင်ဗျားကို ကျေးဇူးတင်ရမှာလား”

ဂန္ဓမာက ပြုံးနေလိုက်သည်။

“စိန်ဓါးမြှောင်က ဘယ်သူ့ကိုမှလည်း ဆရာ တင်မှာ မဟုတ်ဘူးနော်”

“‌ဟေ့ကောင်..ငါလိုးမ မန္တလေးသား...မင်းကိုဘယ်ကောင်က ဆရာတင်ခိုင်းနေလို့လဲ..ဒီမအေလိုးကတော့”

အုန်းဖေက အသံကျယ်ကျယ်ဖြင့်အော်ပြီး ရှေ့သို့ တိုးလာသည်။
စိန်ဓါးမြှောင်က ခြေတစ်လှမ်းနောက်ဆုတ်ပြီး အုန်းဖေကို အသင့်အနေအထား ရင်ဆိုင်လိုက်၏။

အုန်းဖေ က စိန်ဓါးမြှောင်၏ မျက်နှာကို လက်ဝါးစောင်းနှင့် ဖြတ်ရိုက်လိုက်သည်။
စိန်ဓါးမြှောင်က အလိုက်သင့်ရှောင်လိုက်ပြီး အုန်းဖေ၏ ခြေဖျားကို နင်းကာ လည်ပင်းကို တံတောင်ဖြင့် ခတ်လိုက်သည်။

အုန်းဖေ က စိန်ဓါးမြှောင်၏ ခါးကို ဖက်ကာ လုံးချလိုက်သဖြင့် နှစ်ယောက်လုံး မြေကြီးပေါ် လဲကျသွားသည်။

စိန်ဓါးမြှောင်က သိုင်းပြောင်းပြန်သမားမို့ သိုင်းကွက်နင်းပြီး တိုက်ခိုက်ရန်ပြင်သော်လည်း သတ်ပုတ်ရာတွင် အရေထူနေသူ အုန်းဖေက သန်မာသောလက္များဖြင့် အပိုင်ချုပ်ထားသဖြင့် မြေကြီးပေါ် နှစ်ဦးသား လူးလှီမ့်နေကြသည်။

ဂန္ဓမာသောင်းရီ က ခုတင်ပေါ်တွင် ထိုင်လျက် စီးကရက်ဖွာကာ သူတို့နှစ်ဦးကို ကြည့်နေ၏။

ထိုအချိန်တွင် ရုတ်တရက် အုန်းဖေ၏ လက္မှ စိန်ဓါးမြှောင်က လွတ်ထွက်သွားသည်။

အုန်းဖေက အနီးမှ ရိက္ခာဆန်အိတ်အထပ်များအောက်တွင် သပ်ရိုက်ထားသော တုတ်ချောင်းကို ဖြုတ်ယူလိုက်၏။

စိန်ဓါးမြှောင်ကလည်း ခူးခါချန့်အကွက်ကို နင်းကာ အခြေအနေကို စောင့်နေသည်။

“ကဲ...မန္တလေးကလာတဲ့ သိုင်းဆရာဓါးပြဗိုလ်ကြီးရော..ရန်ကုန် လူမိုက်ကြီး အုန်းဖေရော တော်ကြတော့ကွာ..ဟိုမှာ တန်းပိတ်ဖို့ ထောင်မှူးတွေ လာနေကြပြီ..တော်ကြာ နှစ်ကောင်လုံး ကြိုးတိုက်ထဲ အပိတ်ခံနေရမယ်ဟေ့”

နှစ်ယောက်လုံး တန့်သွားကြသည်။
စိန်ဓါးမြှောင်တို့ကို လိုက်ပို့သော ထောင်မှူးနှင့် နောက်ထပ်ထောင်ဝန်ထမ်းများက ဂန္ဓမာသောင်းရီ ၏ အခန်းရှေ့သို့ ရောက်လာသည်။

“ကိုဂန္ဓမာကြီး..ဘယ့်နှယ့်လဲ..အားလုံး အဆင်ပြေရဲ့လား”

“ပြေပါတယ်..ကိုမောင်မောင်တင်...ဒီမှာ မန္တလေးကရောက်လာတဲ့နှစ်ယောက်ကို ကျွန်တော့်ဆီ လူလိုလို့ ခေါ်သွင်းထားလိုက်တယ်နော်”

“ခုန နာဂျစ်ပြောပြီးပါပြီ..ဟိုကောင်က သူ့လူကို လုသွားလို့ သိပ်တော့ကြည်ပုံမရဘူး.ခင်ဗျားမို့သာ”

“အေးဗျာ...ကျွန်တော်လည်း လူလိုလို့ပါ”

“ရပါတယ်ဗျာ..ဒါနဲ့..သတိထားဦးနော်..အဲ့ဒီထဲက စိန်ဓါးမြှောင်ဆိုတာ မန္တလေးထောင်ကို ဖောက်ဖူးတယ်တဲ့ဗျ.. မတော် ထောင်ဖောက်ပြေးသွားလို့ ခင်ဗျားတာဝန်ဖြစ်နေမယ်”

“ဖောက်ပါစေဗျာ..ရန်ကုန်ထောင်ကြီး ပတ်ချာလည်မှာ ဂါတ်တဲတွေရော..စစ်တပ်တွေရောအများကြီးပဲ..ကျုပ် သူ့ကို ပြောပြထားပါ့မယ်”

“ဟုတ်ပြီဗျာ..သွားလိုက်ဦးမယ်ဗျိုး..ထောင်ပိုင်ကြီးကို ဘာမှာဦးမလဲ”

“မန္တလေးက လူအတွက် နဂါးဆေးပေါ့လိပ်လေးရရင် သုံးလေးစည်းလိုချင်တယ်လို့...ပြောပေးပါ”

“ပြောလိုက်ပါ့မယ်ဗျာ..စိတ်ချ”

ထောင်မှူးနှင့်အဖွဲ့ ပြန်ထွက်သွားသည်။
စိန်ဓါးမြှောင်က အခြေအနေကို နားလည်သဘောပေါက်လိုက်သည်။

ရန်ကုန်ထောင်ကြီးတွင် ဂန္ဓမာသောင်းရီဆိုသောသူသည် အခြေအနေတစ်ခုသို့ ပေါက်ရောက်နေသူဖြစ်ကြောင်း နားလည်လိုက်သည်။

ယခုအချိန်တွင် ဂန္ဓမာသောင်းရီနှင့် အတူရှိနေသည်က သူ့အတွက် အကျိုးမယုတ်နိုင်ကြောင်း တွေးမိလိုက်သည်။

“ကဲ..ဟိုလူတွေတော့ သွားကြပြီ.. မင်းတို့ ဆက်ချကြဦးမလား”

ဂန္ဓမာသောင်းရီ က အုန်းဖေ နှင့် စိန်ဓါးမြှောင် ဘက်လှည်းကာ မေးလိုက်သည်။
နှစ်ယောက်လုံးက ရယ်ကြဲကြဲနှင့်။

“ကဲ...မချတော့ဘူးဆိုလည်း အရက်အတူသောက်ကြမလား”

အုန်းဖေက ခေါင်းညိမ့်လိုက်သည်။

စိန်ဓါးမြှောင်က ကျောကုန်းက ဖုန်များကို ခါလိုက်ရင်း 

“အရက်က ရှိလို့လား”

“ဂန္ဓမာသောင်းရီ အတွက် ရန်ကုန်ထောင်ဆိုတာ ဟိုတယ်ပဲ”

ဂန္ဓမာက ကုတင်ခေါင်းရင်းတွင် ချထားသော Riondo တံဆိပ်ရမ်ပုလင်းကို ထုတ်လိုက်သည်။

 “အုန်းဖေ....ထွန်းရင် ကို ပါ သွားခေါ်ကွာ...အေကလပ် ဆေးရုံသမားတွေအတွက် လုပ်ထားတဲ့ ကြက်စွပ်ပြုတ်ရယ်၊ အသားခဲထားတဲ့ ရေခဲထဲက နည်းနည်းရယ်ပါယူခဲ့..ရမ်က ပထမခွက်မှာ ရေခဲလေးနဲ့မှ ဇိမ်ကျတာ”

အုန်းဖေ ထထွက်သွား၏။

စိန်ဓါးမြှောင်က ဂန္ဓမာသောင်းရီ၏ ရှေ့ ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။

“အကိုကြီး..ခင်ဗျားနာမည်ရှေ့မှာ ဂန္ဓမာက ဘာလို့ ထည့်ထားတာလဲ”

“ဘာရယ်မဟုတ်ပါဘူး..ငယ်ငယ်က ဂန္ဓမာပန်းရောင်းဖူးလို့ ခေါ်ကြတာပါ”

“သြော်..ဒါနဲ့ ခင်ဗျားက ဘာလဲဗျ..တယ်ပိုင်ပါလား..ထောင်ပိုင်ကတော်ကို ဂန္ဓမာပန်း ပို့ပေးတဲ့သူတော့မဟုတ်လောက်ပါဘူး”

“ကဲ..ဘာကောင်မှ မဟုတ်ပါဘူးဆိုကွာ..ကိုယ့်အကြောင်းကိုယ်ပြောရတာ ပျင်းတယ်ကွ..နောက်တော့ သိလာလိမ့်မယ်”

ဂန္ဓမာစိတ်မရှည်တော့။

ထိုအချိန်တွင် အုန်းဖေ နှင့် ထွန်းရင် တို့ ပြန်ရောက်လာကြသည်။

ထွန်းရင်လက်ထဲတွင် ဟန်းကောချိုင့်ဖြင့်ထည့်လာသော ကြက်စွပ်ပြုတ်ပါလာ၏။
အုန်းဖေက ထမင်းစားပုံစံခွက်ထဲတွင် ရေခဲများ ထည့်လာသည်။

ဂန္ဓမာသောင်းရီ က ကုတင်အောက် ကြိမ်ခြင်းထဲမှ ဖန်ခွက်ငါးလုံးကို ထုတ်ယူလိုက်သည်။
အုန်းဖေက ဖန်ခွက်ငါးခွက်ထဲသို့ ရမ်အရက်ကို ငှဲ့လိုက်သည်။

“ဒီတစ်ခွက်က ဘယ်သူ့အတွက်လဲ”

စိန်ဓါးမြှောင်က မေးလိုက်သည်။

“လမ်းမတော်ဖိုးတုတ်အတွက်လေ”
ထိုအခါမှ စိန်ဓါးမြှောင် မျက်လုံးပြူးသွားသည်။
သူရဟန်းဘဝကတည်းက ရန်ကုန်တွင် ကျော်ကြားခဲ့သော လူမိုက်ကြီး လမ်းမတော်ဖိုးတုတ် ၏ နာမည်ကို ကြားဖူးခဲ့သည်။

ကုလား - ဗမာအရေးအခင်းများတွင်လည်း လမ်းမတော်ဖိုးတုတ်၏ နာမည်ကို သတင်းစာများတွင် ဖတ်ခဲ့ရဖူး၏။

“သူ က ဒီဝိုင်းကို လာမှာလား”

ဂန္ဓမာသောင်းရီက သူ့ရှေ့တွင် ရှိသော အရက်ခွက်ကို ကောက်ကိုင်လိုက်သည်။

“သူ သေသွားပြီ..ဒါပေမယ့်..ငါတို့ အရက်သောက်နေသမျှ သူငါတို့နဲ့ ရှိနေပါသေးတယ်”

ထိုည က စိန်ဓါးမြှောင်သည် မသောက်စဖူး အရက်ကို မူးအောင် သောက်ဖြစ်ခဲ့သည်။
ချစ်သော မြကြည် အတွက်။
သေဆုံးခဲ့ပြီဖြစ်သော ဘမောင်၊ လှမောင်၊ ကြင်အေး၊ မောင်ချစ်တို့အတွက်။
နောက်....လမ်းမတော်ဖိုးတုတ်၏ အဖွဲ့ဝင်များဆိုသော ဂန္ဓမာသောင်းရီ ဦးဆောင်သည့် ရန်ကုန်ထောင်ထဲမှ သူ့မိတ်ဆွေအသစ်များအတွက်။

.............................................................................................................................
၁၉၄၈ ဇွန်လ ၃ဝ ရက်။
စိန်ဓါးမြှောင်အား ရန်ကုန်ထောင်သို့ ပို့ပြီး တစ်လအကြာတွင် ခါလေးနှင့် ထွန်းတင်တို့သည် မန္တလေးထောင်ကို ဖောက်ကာ ထွက်ပြေးလွတ်မြောက်သွားကြပြန်သည်။
၁၉၄၈ ခုနှစ်သည် မြန်မာပြည် လွတ်လပ်ရေး သည့် ခုနှစ်ဖြစ်သကဲ့သို့ ပြည်တွင်းစစ်ကြီးစတင်ရာ နှစ်လည်း ဖြစ်ခဲ့သည်။

၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလတွင် သခင်သန်းထွန်းခေါင်းဆောင်သည့် ဗမာပြည်ကွန်မြူနစ်ပါတီမှ နောက်ခံထားသော ဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမားများသမဂ္ဂကွန်ဂရက်က စတင်သော လူ ၇၅၀၀၀ ပါ ဆန္ဒပြပွဲကြီးပေါ်‌ပေါက်ခဲ့သည်။

ထိုပွဲကို အခြေပြုကာ ၁၉၄၈ မတ်လ ၂၈ ရက်နေ့တွင် မြန်မာပြည်၏ အသစ်စက်စက်အစိုးရဖြစ်သော ဖဆပလအစိုးရမှ ဗားကရာလမ်းရှိ ကွန်မြူနစ်ပါတီရုံးချုပ်ကို ဝင်ရောက်ဖမ်းဆီးရာ မည်သည့်ခေါင်းဆောင်ကိုမျှ ဖမ်းမမိခဲ့ချေ။

လွတ်လပ်ရေးရပြီး ၈၃ ရက်အကြာ သခင်သန်းထွန်း ဦးဆောင်သည့် ဗမာပြည်ကွန်မြူနစ်ပါတီ သည် လူလက်နက်စုဆောင်းအခြေပြုပြီးဖြစ်သော ပဲခူး၊ တောင်ငူ၊ပျဥ်းမနား၊မြင်းခြံ၊ စစ်ကိုင်း စသော ဒေသများကို အခြေပြုကာ လက်နက်ကိုင်တော်လှန်ရေးစတင်ဆင်နွှဲတော့သည်။

သခင်စိုး၏ အလံနီကွန်မြူနစ်များ၊ ရခိုင်ပြည်ရှိ မူဂျာဟစ်သူပုန်များက လွတ်လပ်ရေးမရမီကတည်းက လာလတ္တံသောအစိုးရအား ကြိုတင် ပုန်ကန်နေပြီဖြစ်သည်။
၁၉၄၈ မေလတွင် အရံတပ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းမှ ဖွဲ့စည်းခဲ့သော ပြည်သူ့ရဲဘော်အဖွဲ့အတွင်း တွင်လည်း ဦးနု၏ လက်ဝဲညီညွတ်ရေးမူကို လက်ခံသူ လက်မခံသူများ အုပ်စုကွဲပြီး ဗိုလ်လရောင်ဦးဆောင်သည့် ရဲဘော်ြဖူ များ က တောခိုသွားခဲ့သည်။

၁၉၄၈ သြဂုတ် ၁၀ ရက်နေ့တွင် ဗိုလ်စိန်တင်ခေါင်းဆောင်သည့် ဗမာတပ်မတော် တပ်ရင်း(၁)၊ ဗိုလ်ရဲထွဋ်ခေါင်းဆောင် သော တပ်ရင်း(၃)၊ ဗိုလ်အောင်မြင့်ခေါင်းဆောင်သော စစ်ရဲတပ်ရင်း (၂၁)၊ ဗိုလ်ရဲမောင်ခေါင်းဆောင်သော တပ်ရင်း(၆) တို့သည် ဗမာပြည်တော်လှန်သောတပ်မတော်ကို ဖွဲ့စည်းကာ ဗကပ၊ ပြည်သူ့ရဲဘော်တို့နှင့် တပ်ပေါင်းစုဖွဲ့သွားခဲ့၏။

၁၉၄၈ စက်တင်ဘာတွင် ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) က ဗမာ့တပ်မတော်အတွင်းရှိ ကရင်လက်နက်ကိုင်တပ်ရင်းများနျင့် ပူးပေါင်းကာ တောခိုသွားတော့သည်။

၁၉၄၉ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် KNDO က ရန်ကုန်အင်းစိန်မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။
ထိုအချိန်တွင် မန္တလေးတွင် ကျန်ရစ်ကြသော စိန်ဓါးမြှောင် အဖွဲ့သာများ၏ အခြေအနေများကလည်း ပြောင်းလဲနေသည်။

ထွန်းခင်သည် ငရုတ်သီးဘရင်နှင့်အတူ ယောနယ်ဘက်သို့ ရောက်ရှိပြီး အလံနီကွန်မြူနစ်ပါတီဗိုလ်ဖြစ်လာသည်။

တင့်ဆွေမှာ ရဲဘော်ြဖူတို့ တောခိုရာတွင် ပါဝင်သွားပြီး ရဲဘော်ြဖူအဖွဲ့တွင် တောတွင်းတရားသူကြီးအဖြစ် နေရာရနေ၏။
ခါလေးသည် စိန်ဓါးမြှောင်၏ ဇနီးမမြကြည်၊ အနှင်း တို့ကိုခေါ်ကာ ဝင်းမောင် နှင့်အတူ ရန်ကုန်သို့ ဆင်းလာရင်း KNDO များ သိမ်းပိုက်ထားသော ဖြူးမြို့တွင် ပိတ်မိနေလေသည်။

၁၉၄၉ မတ်လ။
 မန္တလေးမြို့သို့ KNDO တပ်များ ဝင်ရောက်သိမ်းပိုက်ပြီး (၃)ရက်အကြာ။
အင်စိန်စစ်မျက်နှာတွင် KNDO များနှင့် အစိုးရဘက်မှ ချင်းသေနတ်ကိုင်တပ်ရင်း(၁)၊ ဘားမားရိုင်ဖယ်တပ်ရင်း (၅)၊ UMP တပ်များ၊ တက္ကသိုလ်အရံတပ်ရင်းများ ဖြင့် တိုက်ခိုက်နေချိန်။

 ကြက်၊ဝက္မွေးမြူရေးနှင့် စိုက်ပျိုးရေးများမှာ မြို့ပြင်တွင်သာရှိသဖြင့် မြို့ထဲတွင် ပိတ်မိနေသော ရန်ကုန်မြို့သူ မြို့သားများအတွက် အသားငါးမှာ ရှားပါးလာနေသည်။
ထို့ကြောင့် မိတ္ထီလာမှ လေယာဥ်ဖြင့် သယ်ယူကာ လာချပေးသော ဆိတ်သားများကို အားကိုးနေရချိန်ဖြစ်သဖြင့် ရန်ကုန်သားတို့ မိုးပျံဆိတ်သားစားရသည့် ကာလပင်။

ရန်ကုန်ထောင်ကြီးအတွင်းတွင်လည‌္း တပတ်တစ်ကြိမ်ရသည့် မိုးပျံဆိတ်သားအတွက် ထောင်တွင်းစစ်ဖြစ်မည့် အနေအထားသို့ဦးတည်နေသည်။

နာဂျစ်အာရတ်ဦးဆောင်သောအုပ်စုသည် အသားရှားသည့်ကာလတွင် အသားဝေစုအများစုကို အုန်းဖေတို့ စားဖိုဘုတ်အုပ်စုနှင့်နောက်လိုက္များက ဗိုလ်ကျထားကြသည်ဟု စွပ်စွဲကာ ရန်ပွဲဆီ ဦးတည်နေကြ၏။

ဂန္ဓမာသောင်းရီနှင့် စိန်ဓါးမြှောင်တို့က အခြေအနေကို စောင့်ကြည့်နေကြသည်။

စိန်ဓါးမြှောင်သည် ရန်ကုန်ထောင်တွင် တစ်နှစ်နီးပါးရှိပြီဖြစ်ပြီး ဂန္ဓမာသောင်းရီ၊ အုန်းဖေ တို့နှင့် ရင်းနှီးနေပြီလည်းဖြစ်သည်။

“အကျဥ်းသားနံပါတ်.(၂၁၆၆)စီ .. MI ခန်းကို လာခဲ့ပါ”
မိန်းဂျေးမှ ထောင်ဝါဒါ၏ အသံကို ကြားသဖြင့် စားဖိုဆောင်အတွင်း ကန်စွန်းရွက်များကို ဓါးဖြင့် စင်းနေသည့် စိန်ဓါးမြှောင် ထ လိုက်လာခဲ့သည်။
MI ခန်းဆိုသည်မှာ ထောက်လှမ်းရေးအဖွဲ့များအတွက် သီးသန့်ထားပေးသောအခန်းဖြစ်ပြီး ထိုအခန်းတွင် အထူးသီးသန့် အကျဥ်းသားများကို ထောင်ဝင်စာတွေ့ဆုံခွင့်ပေးလေ့ရှိသည်။
တစ်ခုခုထူးခြားပြီဆိုသည်ကို စိန်ဓါးမြှောင်အတွေ့အကြုံအရ သိလိုက်သည်။
အခန်းတွင်း ဝင်လိုက်သည်နှင့် ကြိုရောက်နှင့်နေသော ဂန္ဓမာသောင်းရီ ကို တွေ့လိုက်ရသည်။
ဂန္ဓမာသောင်းရီ နှင့် စကားပြောနေသူ က ရုတ်တရက် စကားကို ရပ်လိုက်ပြီး စိန်ဓါးမြှောင်ဘက်သို့ လှည့်လိုက်သည်။
“ကိုညွန့်...ကျွန်တော့်ကို မှတ်မိလားဗျ”
စိန်ဓါးမြှောင်က ထိုသူကို သေချာကြည့်လိုက်သည်။
“ကျုပ်သခင်သိန်း ဗျာ....ရွှေဘို မှာ သခင်စံမြင့်နဲ့ အတူလာတဲ့သူလေ”
ထိုအခါမှ စိန်ဓါမြှောင်က သခင်သိန်းကို မှတ်မိတော့သည်။

သခင်သိန်း က ဖဆပလအစိုးရ၏ ပြည်ထဲရေးဝန်ကြီး ဆိုရှယ်လစ်ခေါင်းဆောင် ဦးကျော်ငြိမ်း ၏ လက်ရုံးလည်း ဖြစ်သည်။

“ကျွန်တော့်ကို ဘာကိစ္စများရှိလို့ လာတွေ့ရတာလဲ..သခင်သိန်း”

“ခင်ဗျားနဲ့ ကိုသောင်းရီ ကို ဖဆပလအနေနဲ့ အကူအညီတောင်းစရာရှိလို့ လာခဲ့တာပဲ”

“မနောက်ပါနဲ့ဗျာ...ကျွန်တော်တို့က ထောင်နှစ်ရှည်ကျနေကြတာ..ခင်ဗျားတို့ကို ဘာများကူနိုင်မှာလဲ"

"ကူနိုင်တဲ့ကိစ္စမို့ လာတာပေါ့ ကိုယ့်လူ...ထောင်နှစ်ရှည်ကိစ္စက မပူပါနဲ့...မကြာခင်မှာ အဆင်ပြေသွားပါလိမ့်မယ်... ဒီကိစ္စကို ဦးကျော်ငြိမ်းကလည်း သဘောတူပြီးပါပြီ"

"ဟင်...ဦးကျော်ငြိမ်းက"

ခက်ဇော်

အပိုင်း(၁၈)

The Guys Froms Mandalay,1950s
               အခန္း(၁၇)
                   ..............

အုန္းေဖ ဆိုသူ၏ ေခၚေဆာင္ရာသို႔ စိန္ဓါးေျမႇာင္ႏွင့္ ဗိုလ္တက္ထြန္းတို႔ လိုက္သြားၾကသည္။
ရန္ကုန္ေထာင္ႀကီး၏ ဘယ္ဘက္အစြန္းတြင္ရွိေသာ စားဖိုေဆာင္သည္ သစ္သားယက္မႀကီးမ်ားျဖင့္ တည္ေဆာက္ထားေသာ အေဆာက္အဦႀကီးျဖစ္သည္။

“ကိုဂႏၶမာႀကီး ဘယ္မွာလဲ..ထြန္းရင္”

စားဖိုးေဆာင္ေရွ႕တြင္ ထိုင္လ်က္ ေဆးေပါ့လိပ္ဖြာေနသည့္ လူလတ္ပိုင္းတစ္ေယာက္ကို အုန္းေဖ က ေမးလိုက္သည္။

“ရိကၡာ‌ေဆာင္အေနာက္က သူ႔အခန္းကို ခုနပဲ ျပန္သြားတယ္.... စိန္ဓါးမလား စိန္ဓါးေျမႇာင္လား အဲ့ဒီတစ္ေယာက္ကိုပဲ သူ႔ဆီ ေခၚခဲ့ပါတဲ့..က်န္တဲ့တစ္ေယာက္ကိုေတာ့ စားဖိုမွာ တာဝန္ခ်ထားဖို႔ ကြၽန္ေတာ့္ကို ..ခုန မွာသြားတယ္”

“ကဲ..စိန္ဓါးေျမႇာင္ကိုပဲ ဂႏၶမာႀကီးက ေတြ႕လိမ့္မယ္..က်န္တဲ့တစ္‌ေယာက္က ထြန္းရင္နဲ႔ လိုက္သြားေတာ့”

အုန္းေဖက စိန္ဓါးေျမႇာင္ကို ဦးေဆာင္ကာ ဂႏၶမာေသာင္းရင္ ရွိရာ ရိကၡာတိုက္ေဘးရွိ အခန္းသို႔ ထြက္လာေလသည္။

“ကိုဂႏၶမာ...ဒီမွာ ခင္ဗ်ားေခၚခိုင္းတဲ့လူ ေရာက္ၿပီ”

“ေအး..ဝင္ခဲ့ကြ”

အသက္ (၅၀)ခန႔္ လူတစ္ေယာက္ခုတင္ေပၚတြင္ ေျခခ်ိတ္လ်က္ထိုင္ေနသည္။

ေငြေရာင္သန္းေနေသာ ဆံပင္တို႔ကို ေနာက္လွန္ဖီးထားၿပီး ရွပ္အက်ႌလက္တိုႏွင့္ ေဘာင္းဘီရွည္ကို ဝတ္ထား၏။
ထိုသူက အေငြ႕မေသေသးေသာ စီးကရက္ကို လက္ၾကားညႇပ္လ်က္ စိန္ဓါးေျမႇာင္ကို ၿပဳံးျပသည္။

“ကဲ..ထိုင္ပါ..ကိုယ့္လူ.က်ဳပ္နာမည္ ေသာင္းရီပါ”

ေထာင္အေဆာင္ထဲရွိ ကုလားအုပ္စုက သူ႔နာမည္ၾကားသည္ႏွင့္ ရွိန္သြားပုံ၊ ယခုလို ကိုယ့္အခန္းႏွင့္ကိုယ္ သက္ေတာင့္သက္သာေနေနပုံမ်ားကို ၾကည့္ကာ ေသာင္းရီဆိုသူသည္ ေထာင္အရာရွိ တစ္ဦးျဖစ္လိမ့္မည္ဟု စိန္ဓါးေျမႇာင္ ယူဆလိုက္သည္။

“ခင္ဗ်ားနာမည္ကိုေတာ့ သတင္းစာေတြထဲ က်ဳပ္ ဖတ္ဖူးေနတာပဲ.တကယ့္အာဂလူပဲဗ်.. မႏၲေလးေထာင္ကို ေဖာက္ေျပးေသးတာဆို..တုတ္ၿပီးဓါးၿပီးေသနတ္ၿပီးတယ္ဆိုတာက ပါေသးဗ်ာ..အခု ခင္ဗ်ားအေၾကာင္းကို ၿဗိတိသွ်ဘားမားက ႐ုပ္ရွင္ေတာင္႐ိုက္ဦးမလို႔ဆိုပဲ”

“လူေတြက ခ်ဲ႕ကားေျပာၾကတာပါ..ေထာင္မႉးရယ္..ဟင္းဟင္း”

စိန္ဓါးေျမႇာင္က ရယ္သံေလးတဝက္ျဖင့္ ေျပာလိုက္သည္။

ဂႏၶမာေသာင္းရီက အသံထြက္ေအာင္ ရယ္ေမာလိုက္ရင္း..

“ခုန က်ဳပ္ကို ဘယ္လို ေခၚလိုက္တယ္..ေထာင္မႉး..ဟုတ္လား..က်ဳပ္လည္း ခင္ဗ်ားလို ေထာင္က်ေနတဲ့အက်ဥ္းသားပါပဲဗ်ာ..ဟားဟား”

စိန္ဓါးေျမႇာင္ အံဩသြား၏။

အက်ဥ္းသားဆိုေသာ္လည္း ေထာင္က်အက်ႌဝတ္မထား၊ ေထာင္က်ပုံစံဆံပင္ညႇပ္မထားပဲ ကိုယ္ပိုင္အခန္းႏွင့္ ေနေနသူ သည္ မည္သူျဖစ္မည္နည္း။

“ဒါဆို..ခင္ဗ်ားက ဘာလဲ”

“ဂႏၶမာေသာင္းရီေလ”

“ဟုတ္ၿပီ...အခု ဒီကိုေခၚလာတာ ဘာကိစၥလဲ..ဘာလုပ္ခ်င္လို႔လဲ”

“ကိုယ့္လူက စိတ္ႀကီးပဲကိုး... ခင္ဗ်ားတို႔ေရာက္လာကတည္းက နာဂ်စ္တို႔အေဆာင္ကို ပို႔လိုက္မယ္ဆိုတာ သိၿပီးသားပါ...က်ဳပ္ကိုလည္း အထက္ကလူက တာဝန္ေပးလို႔ ခင္ဗ်ားတို႔ကို သူတို႔လက္ထဲက ျပန္ထုတ္ခိုင္းလိုက္တာ”

“ခင္ဗ်ားေျပာတာေတြ ကြၽန္ေတာ္နားမလည္ဘူး..အကိုႀကီး..ခင္ဗ်ားက ဘာလဲလို႔”

“ဘာမွမဟုတ္ပါဘူးဆို...ခင္ဗ်ားကို အထက္ကလူတစ္ေယာက္က က်ဳပ္ဆီ ေခၚထားေပးဖို႔ ေျပာလာလို႔..ေခၚထားေပးတာ..အေဆာင္ထဲမွာဆို ခင္ဗ်ားဟာခင္ဗ်ား ဘယ္ေလာက္ တုတ္ၿပီးဓါးၿပီး ကိုယ္ေပ်ာက္ေပ်ာက္ နာဂ်စ္နဲ႔ မတည့္လို႔ကေတာ့ ခင္ဗ်ားအိပ္ေနခ်ိန္မွာ လည္ပင္းလွီးခ်င္လွီးသြားမွာပဲ.. ဒါေၾကာင့္ ခင္ဗ်ားကို က်ဳပ္ဆီေခၚၿပီး အကာအကြယ္ေပးလိုက္တာ”

ဂႏၶမာ၏ စကားသံမ်ားကို စိန္ဓါးေျမႇာင္က သတိထားနားေထာင္ကာ အကဲဖမ္းေနသည္။

“အထက္လူ ဆိုတာ ဘယ္သူလဲ”

“အခ်ိန္တန္ရင္ေတာ့ ခင္ဗ်ား သူနဲ႔ေတြ႕ရမွာပါ..ေလာေလာဆယ္ေတာ့ ခင္ဗ်ားအေနနဲ႔ ဒီစားဖိုေဆာင္ဧရိယာမွာ ေနတာ ပိုေဘးကင္းမွာပါ..အဲ့ဒီအျပင္ဘက္ဆိုရင္ေတာ့ နာဂ်စ္အာရတ္ရဲ႕ ေနရာျဖစ္သြားၿပီ...က်ဳပ္လည္း အာမမခံႏိုင္ဘူး....ခင္ဗ်ား ဖိုႀကီးမွာ တာဝန္က်ၿပီဆို အေဆာင္မွာ ေနဖို႔မလိုအပ္ဘူး.. ဒီမွာေနဖို႔နဲ႔အလုပ္လုပ္ဖို႔ကို အုန္းေဖက စီစဥ္ေပးပါလိမ့္မယ္..”

စိန္ဓါးေျမႇာင္က ဂႏၶမာေသာင္းရီ ဆိုသူကို ေသခ်ာစိုက္ၾကည့္ေနသည္။
ဂႏၶမာကလည္း စိန္ဓါးေျမႇာင္ကို ၿပဳံးလ်က္ ျပန္ၾကည့္ေန၏။

“ဒီေတာ့..ခင္ဗ်ားက ကြၽန္ေတာ့္ကို ကာကြယ္ေပးလိုက္တယ္ေပါ့ေလ..အကိုႀကီး..ကြၽန္ေတာ္က ခင္ဗ်ားကို ေက်းဇူးတင္ရမွာလား”

ဂႏၶမာက ၿပဳံးေနလိုက္သည္။

“စိန္ဓါးေျမႇာင္က ဘယ္သူ႔ကိုမွလည္း ဆရာ တင္မွာ မဟုတ္ဘူးေနာ္”

“‌ေဟ့ေကာင္..ငါလိုးမ မႏၲေလးသား...မင္းကိုဘယ္ေကာင္က ဆရာတင္ခိုင္းေနလို႔လဲ..ဒီမေအလိုးကေတာ့”

အုန္းေဖက အသံက်ယ္က်ယ္ျဖင့္ေအာ္ၿပီး ေရွ႕သို႔ တိုးလာသည္။
စိန္ဓါးေျမႇာင္က ေျခတစ္လွမ္းေနာက္ဆုတ္ၿပီး အုန္းေဖကို အသင့္အေနအထား ရင္ဆိုင္လိုက္၏။

အုန္းေဖ က စိန္ဓါးေျမႇာင္၏ မ်က္ႏွာကို လက္ဝါးေစာင္းႏွင့္ ျဖတ္႐ိုက္လိုက္သည္။
စိန္ဓါးေျမႇာင္က အလိုက္သင့္ေရွာင္လိုက္ၿပီး အုန္းေဖ၏ ေျခဖ်ားကို နင္းကာ လည္ပင္းကို တံေတာင္ျဖင့္ ခတ္လိုက္သည္။

အုန္းေဖ က စိန္ဓါးေျမႇာင္၏ ခါးကို ဖက္ကာ လုံးခ်လိုက္သျဖင့္ ႏွစ္ေယာက္လုံး ေျမႀကီးေပၚ လဲက်သြားသည္။

စိန္ဓါးေျမႇာင္က သိုင္းေျပာင္းျပန္သမားမို႔ သိုင္းကြက္နင္းၿပီး တိုက္ခိုက္ရန္ျပင္ေသာ္လည္း သတ္ပုတ္ရာတြင္ အေရထူေနသူ အုန္းေဖက သန္မာေသာလကၼ်ားျဖင့္ အပိုင္ခ်ဳပ္ထားသျဖင့္ ေျမႀကီးေပၚ ႏွစ္ဦးသား လူးလွီမ့္ေနၾကသည္။

ဂႏၶမာေသာင္းရီ က ခုတင္ေပၚတြင္ ထိုင္လ်က္ စီးကရက္ဖြာကာ သူတို႔ႏွစ္ဦးကို ၾကည့္ေန၏။

ထိုအခ်ိန္တြင္ ႐ုတ္တရက္ အုန္းေဖ၏ လကၼွ စိန္ဓါးေျမႇာင္က လြတ္ထြက္သြားသည္။

အုန္းေဖက အနီးမွ ရိကၡာဆန္အိတ္အထပ္မ်ားေအာက္တြင္ သပ္႐ိုက္ထားေသာ တုတ္ေခ်ာင္းကို ျဖဳတ္ယူလိုက္၏။

စိန္ဓါးေျမႇာင္ကလည္း ခူးခါခ်န႔္အကြက္ကို နင္းကာ အေျခအေနကို ေစာင့္ေနသည္။

“ကဲ...မႏၲေလးကလာတဲ့ သိုင္းဆရာဓါးျပဗိုလ္ႀကီးေရာ..ရန္ကုန္ လူမိုက္ႀကီး အုန္းေဖေရာ ေတာ္ၾကေတာ့ကြာ..ဟိုမွာ တန္းပိတ္ဖို႔ ေထာင္မႉးေတြ လာေနၾကၿပီ..ေတာ္ၾကာ ႏွစ္ေကာင္လုံး ႀကိဳးတိုက္ထဲ အပိတ္ခံေနရမယ္ေဟ့”

ႏွစ္ေယာက္လုံး တန႔္သြားၾကသည္။
စိန္ဓါးေျမႇာင္တို႔ကို လိုက္ပို႔ေသာ ေထာင္မႉးႏွင့္ ေနာက္ထပ္ေထာင္ဝန္ထမ္းမ်ားက ဂႏၶမာေသာင္းရီ ၏ အခန္းေရွ႕သို႔ ေရာက္လာသည္။

“ကိုဂႏၶမာႀကီး..ဘယ့္ႏွယ့္လဲ..အားလုံး အဆင္ေျပရဲ႕လား”

“ေျပပါတယ္..ကိုေမာင္ေမာင္တင္...ဒီမွာ မႏၲေလးကေရာက္လာတဲ့ႏွစ္ေယာက္ကို ကြၽန္ေတာ့္ဆီ လူလိုလို႔ ေခၚသြင္းထားလိုက္တယ္ေနာ္”

“ခုန နာဂ်စ္ေျပာၿပီးပါၿပီ..ဟိုေကာင္က သူ႔လူကို လုသြားလို႔ သိပ္ေတာ့ၾကည္ပုံမရဘူး.ခင္ဗ်ားမို႔သာ”

“ေအးဗ်ာ...ကြၽန္ေတာ္လည္း လူလိုလို႔ပါ”

“ရပါတယ္ဗ်ာ..ဒါနဲ႔..သတိထားဦးေနာ္..အဲ့ဒီထဲက စိန္ဓါးေျမႇာင္ဆိုတာ မႏၲေလးေထာင္ကို ေဖာက္ဖူးတယ္တဲ့ဗ်.. မေတာ္ ေထာင္ေဖာက္ေျပးသြားလို႔ ခင္ဗ်ားတာဝန္ျဖစ္ေနမယ္”

“ေဖာက္ပါေစဗ်ာ..ရန္ကုန္ေထာင္ႀကီး ပတ္ခ်ာလည္မွာ ဂါတ္တဲေတြေရာ..စစ္တပ္ေတြေရာအမ်ားႀကီးပဲ..က်ဳပ္ သူ႔ကို ေျပာျပထားပါ့မယ္”

“ဟုတ္ၿပီဗ်ာ..သြားလိုက္ဦးမယ္ဗ်ိဳး..ေထာင္ပိုင္ႀကီးကို ဘာမွာဦးမလဲ”

“မႏၲေလးက လူအတြက္ နဂါးေဆးေပါ့လိပ္ေလးရရင္ သုံးေလးစည္းလိုခ်င္တယ္လို႔...ေျပာေပးပါ”

“ေျပာလိုက္ပါ့မယ္ဗ်ာ..စိတ္ခ်”

ေထာင္မႉးႏွင့္အဖြဲ႕ ျပန္ထြက္သြားသည္။
စိန္ဓါးေျမႇာင္က အေျခအေနကို နားလည္သေဘာေပါက္လိုက္သည္။

ရန္ကုန္ေထာင္ႀကီးတြင္ ဂႏၶမာေသာင္းရီဆိုေသာသူသည္ အေျခအေနတစ္ခုသို႔ ေပါက္ေရာက္ေနသူျဖစ္ေၾကာင္း နားလည္လိုက္သည္။

ယခုအခ်ိန္တြင္ ဂႏၶမာေသာင္းရီႏွင့္ အတူရွိေနသည္က သူ႔အတြက္ အက်ိဳးမယုတ္ႏိုင္ေၾကာင္း ေတြးမိလိုက္သည္။

“ကဲ..ဟိုလူေတြေတာ့ သြားၾကၿပီ.. မင္းတို႔ ဆက္ခ်ၾကဦးမလား”

ဂႏၶမာေသာင္းရီ က အုန္းေဖ ႏွင့္ စိန္ဓါးေျမႇာင္ ဘက္လွည္းကာ ေမးလိုက္သည္။
ႏွစ္ေယာက္လုံးက ရယ္ႀကဲႀကဲႏွင့္။

“ကဲ...မခ်ေတာ့ဘူးဆိုလည္း အရက္အတူေသာက္ၾကမလား”

အုန္းေဖက ေခါင္းညိမ့္လိုက္သည္။

စိန္ဓါးေျမႇာင္က ေက်ာကုန္းက ဖုန္မ်ားကို ခါလိုက္ရင္း 

“အရက္က ရွိလို႔လား”

“ဂႏၶမာေသာင္းရီ အတြက္ ရန္ကုန္ေထာင္ဆိုတာ ဟိုတယ္ပဲ”

ဂႏၶမာက ကုတင္ေခါင္းရင္းတြင္ ခ်ထားေသာ Riondo တံဆိပ္ရမ္ပုလင္းကို ထုတ္လိုက္သည္။

 “အုန္းေဖ....ထြန္းရင္ ကို ပါ သြားေခၚကြာ...ေအကလပ္ ေဆး႐ုံသမားေတြအတြက္ လုပ္ထားတဲ့ ၾကက္စြပ္ျပဳတ္ရယ္၊ အသားခဲထားတဲ့ ေရခဲထဲက နည္းနည္းရယ္ပါယူခဲ့..ရမ္က ပထမခြက္မွာ ေရခဲေလးနဲ႔မွ ဇိမ္က်တာ”

အုန္းေဖ ထထြက္သြား၏။

စိန္ဓါးေျမႇာင္က ဂႏၶမာေသာင္းရီ၏ ေရွ႕ ထိုင္ခုံတြင္ ဝင္ထိုင္လိုက္သည္။

“အကိုႀကီး..ခင္ဗ်ားနာမည္ေရွ႕မွာ ဂႏၶမာက ဘာလို႔ ထည့္ထားတာလဲ”

“ဘာရယ္မဟုတ္ပါဘူး..ငယ္ငယ္က ဂႏၶမာပန္းေရာင္းဖူးလို႔ ေခၚၾကတာပါ”

“ေၾသာ္..ဒါနဲ႔ ခင္ဗ်ားက ဘာလဲဗ်..တယ္ပိုင္ပါလား..ေထာင္ပိုင္ကေတာ္ကို ဂႏၶမာပန္း ပို႔ေပးတဲ့သူေတာ့မဟုတ္ေလာက္ပါဘူး”

“ကဲ..ဘာေကာင္မွ မဟုတ္ပါဘူးဆိုကြာ..ကိုယ့္အေၾကာင္းကိုယ္ေျပာရတာ ပ်င္းတယ္ကြ..ေနာက္ေတာ့ သိလာလိမ့္မယ္”

ဂႏၶမာစိတ္မရွည္ေတာ့။

ထိုအခ်ိန္တြင္ အုန္းေဖ ႏွင့္ ထြန္းရင္ တို႔ ျပန္ေရာက္လာၾကသည္။

ထြန္းရင္လက္ထဲတြင္ ဟန္းေကာခ်ိဳင့္ျဖင့္ထည့္လာေသာ ၾကက္စြပ္ျပဳတ္ပါလာ၏။
အုန္းေဖက ထမင္းစားပုံစံခြက္ထဲတြင္ ေရခဲမ်ား ထည့္လာသည္။

ဂႏၶမာေသာင္းရီ က ကုတင္ေအာက္ ႀကိမ္ျခင္းထဲမွ ဖန္ခြက္ငါးလုံးကို ထုတ္ယူလိုက္သည္။
အုန္းေဖက ဖန္ခြက္ငါးခြက္ထဲသို႔ ရမ္အရက္ကို ငွဲ႔လိုက္သည္။

“ဒီတစ္ခြက္က ဘယ္သူ႔အတြက္လဲ”

စိန္ဓါးေျမႇာင္က ေမးလိုက္သည္။

“လမ္းမေတာ္ဖိုးတုတ္အတြက္ေလ”
ထိုအခါမွ စိန္ဓါးေျမႇာင္ မ်က္လုံးျပဴးသြားသည္။
သူရဟန္းဘဝကတည္းက ရန္ကုန္တြင္ ေက်ာ္ၾကားခဲ့ေသာ လူမိုက္ႀကီး လမ္းမေတာ္ဖိုးတုတ္ ၏ နာမည္ကို ၾကားဖူးခဲ့သည္။

ကုလား - ဗမာအေရးအခင္းမ်ားတြင္လည္း လမ္းမေတာ္ဖိုးတုတ္၏ နာမည္ကို သတင္းစာမ်ားတြင္ ဖတ္ခဲ့ရဖူး၏။

“သူ က ဒီဝိုင္းကို လာမွာလား”

ဂႏၶမာေသာင္းရီက သူ႔ေရွ႕တြင္ ရွိေသာ အရက္ခြက္ကို ေကာက္ကိုင္လိုက္သည္။

“သူ ေသသြားၿပီ..ဒါေပမယ့္..ငါတို႔ အရက္ေသာက္ေနသမွ် သူငါတို႔နဲ႔ ရွိေနပါေသးတယ္”

ထိုည က စိန္ဓါးေျမႇာင္သည္ မေသာက္စဖူး အရက္ကို မူးေအာင္ ေသာက္ျဖစ္ခဲ့သည္။
ခ်စ္ေသာ ျမၾကည္ အတြက္။
ေသဆုံးခဲ့ၿပီျဖစ္ေသာ ဘေမာင္၊ လွေမာင္၊ ၾကင္ေအး၊ ေမာင္ခ်စ္တို႔အတြက္။
ေနာက္....လမ္းမေတာ္ဖိုးတုတ္၏ အဖြဲ႕ဝင္မ်ားဆိုေသာ ဂႏၶမာေသာင္းရီ ဦးေဆာင္သည့္ ရန္ကုန္ေထာင္ထဲမွ သူ႔မိတ္ေဆြအသစ္မ်ားအတြက္။

.............................................................................................................................
၁၉၄၈ ဇြန္လ ၃ဝ ရက္။
စိန္ဓါးေျမႇာင္အား ရန္ကုန္ေထာင္သို႔ ပို႔ၿပီး တစ္လအၾကာတြင္ ခါေလးႏွင့္ ထြန္းတင္တို႔သည္ မႏၲေလးေထာင္ကို ေဖာက္ကာ ထြက္ေျပးလြတ္ေျမာက္သြားၾကျပန္သည္။
၁၉၄၈ ခုႏွစ္သည္ ျမန္မာျပည္ လြတ္လပ္ေရး သည့္ ခုႏွစ္ျဖစ္သကဲ့သို႔ ျပည္တြင္းစစ္ႀကီးစတင္ရာ ႏွစ္လည္း ျဖစ္ခဲ့သည္။

၁၉၄၈ ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ သခင္သန္းထြန္းေခါင္းေဆာင္သည့္ ဗမာျပည္ကြန္ျမဴနစ္ပါတီမွ ေနာက္ခံထားေသာ ဗမာႏိုင္ငံလုံးဆိုင္ရာအလုပ္သမားမ်ားသမဂၢကြန္ဂရက္က စတင္ေသာ လူ ၇၅၀၀၀ ပါ ဆႏၵျပပြဲႀကီးေပၚ‌ေပါက္ခဲ့သည္။

ထိုပြဲကို အေျချပဳကာ ၁၉၄၈ မတ္လ ၂၈ ရက္ေန႔တြင္ ျမန္မာျပည္၏ အသစ္စက္စက္အစိုးရျဖစ္ေသာ ဖဆပလအစိုးရမွ ဗားကရာလမ္းရွိ ကြန္ျမဴနစ္ပါတီ႐ုံးခ်ဳပ္ကို ဝင္ေရာက္ဖမ္းဆီးရာ မည္သည့္ေခါင္းေဆာင္ကိုမွ် ဖမ္းမမိခဲ့ေခ်။

လြတ္လပ္ေရးရၿပီး ၈၃ ရက္အၾကာ သခင္သန္းထြန္း ဦးေဆာင္သည့္ ဗမာျပည္ကြန္ျမဴနစ္ပါတီ သည္ လူလက္နက္စုေဆာင္းအေျချပဳၿပီးျဖစ္ေသာ ပဲခူး၊ ေတာင္ငူ၊ပ်ဥ္းမနား၊ျမင္းၿခံ၊ စစ္ကိုင္း စေသာ ေဒသမ်ားကို အေျချပဳကာ လက္နက္ကိုင္ေတာ္လွန္ေရးစတင္ဆင္ႏႊဲေတာ့သည္။

သခင္စိုး၏ အလံနီကြန္ျမဴနစ္မ်ား၊ ရခိုင္ျပည္ရွိ မူဂ်ာဟစ္သူပုန္မ်ားက လြတ္လပ္ေရးမရမီကတည္းက လာလတၱံေသာအစိုးရအား ႀကိဳတင္ ပုန္ကန္ေနၿပီျဖစ္သည္။
၁၉၄၈ ေမလတြင္ အရံတပ္အျဖစ္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းမွ ဖြဲ႕စည္းခဲ့ေသာ ျပည္သူ႔ရဲေဘာ္အဖြဲ႕အတြင္း တြင္လည္း ဦးႏု၏ လက္ဝဲညီၫြတ္ေရးမူကို လက္ခံသူ လက္မခံသူမ်ား အုပ္စုကြဲၿပီး ဗိုလ္လေရာင္ဦးေဆာင္သည့္ ရဲေဘာ္ျဖဴ မ်ား က ေတာခိုသြားခဲ့သည္။

၁၉၄၈ ၾသဂုတ္ ၁၀ ရက္ေန႔တြင္ ဗိုလ္စိန္တင္ေခါင္းေဆာင္သည့္ ဗမာတပ္မေတာ္ တပ္ရင္း(၁)၊ ဗိုလ္ရဲထြဋ္ေခါင္းေဆာင္ ေသာ တပ္ရင္း(၃)၊ ဗိုလ္ေအာင္ျမင့္ေခါင္းေဆာင္ေသာ စစ္ရဲတပ္ရင္း (၂၁)၊ ဗိုလ္ရဲေမာင္ေခါင္းေဆာင္ေသာ တပ္ရင္း(၆) တို႔သည္ ဗမာျပည္ေတာ္လွန္ေသာတပ္မေတာ္ကို ဖြဲ႕စည္းကာ ဗကပ၊ ျပည္သူ႔ရဲေဘာ္တို႔ႏွင့္ တပ္ေပါင္းစုဖြဲ႕သြားခဲ့၏။

၁၉၄၈ စက္တင္ဘာတြင္ ကရင္အမ်ိဳးသားကာကြယ္ေရးအဖြဲ႕ (KNDO) က ဗမာ့တပ္မေတာ္အတြင္းရွိ ကရင္လက္နက္ကိုင္တပ္ရင္းမ်ားန်င့္ ပူးေပါင္းကာ ေတာခိုသြားေတာ့သည္။

၁၉၄၉ ေဖေဖာ္ဝါရီလ ၂ ရက္ေန႔တြင္ KNDO က ရန္ကုန္အင္းစိန္ၿမိဳ႕ကို သိမ္းပိုက္ႏိုင္ခဲ့သည္။
ထိုအခ်ိန္တြင္ မႏၲေလးတြင္ က်န္ရစ္ၾကေသာ စိန္ဓါးေျမႇာင္ အဖြဲ႕သာမ်ား၏ အေျခအေနမ်ားကလည္း ေျပာင္းလဲေနသည္။

ထြန္းခင္သည္ င႐ုတ္သီးဘရင္ႏွင့္အတူ ေယာနယ္ဘက္သို႔ ေရာက္ရွိၿပီး အလံနီကြန္ျမဴနစ္ပါတီဗိုလ္ျဖစ္လာသည္။

တင့္ေဆြမွာ ရဲေဘာ္ျဖဴတို႔ ေတာခိုရာတြင္ ပါဝင္သြားၿပီး ရဲေဘာ္ျဖဴအဖြဲ႕တြင္ ေတာတြင္းတရားသူႀကီးအျဖစ္ ေနရာရေန၏။
ခါေလးသည္ စိန္ဓါးေျမႇာင္၏ ဇနီးမျမၾကည္၊ အႏွင္း တို႔ကိုေခၚကာ ဝင္းေမာင္ ႏွင့္အတူ ရန္ကုန္သို႔ ဆင္းလာရင္း KNDO မ်ား သိမ္းပိုက္ထားေသာ ျဖဴးၿမိဳ႕တြင္ ပိတ္မိေနေလသည္။

၁၉၄၉ မတ္လ။
 မႏၲေလးၿမိဳ႕သို႔ KNDO တပ္မ်ား ဝင္ေရာက္သိမ္းပိုက္ၿပီး (၃)ရက္အၾကာ။
အင္စိန္စစ္မ်က္ႏွာတြင္ KNDO မ်ားႏွင့္ အစိုးရဘက္မွ ခ်င္းေသနတ္ကိုင္တပ္ရင္း(၁)၊ ဘားမား႐ိုင္ဖယ္တပ္ရင္း (၅)၊ UMP တပ္မ်ား၊ တကၠသိုလ္အရံတပ္ရင္းမ်ား ျဖင့္ တိုက္ခိုက္ေနခ်ိန္။

 ၾကက္၊ဝေကၼြးျမဴေရးႏွင့္ စိုက္ပ်ိဳးေရးမ်ားမွာ ၿမိဳ႕ျပင္တြင္သာရွိသျဖင့္ ၿမိဳ႕ထဲတြင္ ပိတ္မိေနေသာ ရန္ကုန္ၿမိဳ႕သူ ၿမိဳ႕သားမ်ားအတြက္ အသားငါးမွာ ရွားပါးလာေနသည္။
ထို႔ေၾကာင့္ မိတၳီလာမွ ေလယာဥ္ျဖင့္ သယ္ယူကာ လာခ်ေပးေသာ ဆိတ္သားမ်ားကို အားကိုးေနရခ်ိန္ျဖစ္သျဖင့္ ရန္ကုန္သားတို႔ မိုးပ်ံဆိတ္သားစားရသည့္ ကာလပင္။

ရန္ကုန္ေထာင္ႀကီးအတြင္းတြင္လည‌္း တပတ္တစ္ႀကိမ္ရသည့္ မိုးပ်ံဆိတ္သားအတြက္ ေထာင္တြင္းစစ္ျဖစ္မည့္ အေနအထားသို႔ဦးတည္ေနသည္။

နာဂ်စ္အာရတ္ဦးေဆာင္ေသာအုပ္စုသည္ အသားရွားသည့္ကာလတြင္ အသားေဝစုအမ်ားစုကို အုန္းေဖတို႔ စားဖိုဘုတ္အုပ္စုႏွင့္ေနာက္လိုကၼ်ားက ဗိုလ္က်ထားၾကသည္ဟု စြပ္စြဲကာ ရန္ပြဲဆီ ဦးတည္ေနၾက၏။

ဂႏၶမာေသာင္းရီႏွင့္ စိန္ဓါးေျမႇာင္တို႔က အေျခအေနကို ေစာင့္ၾကည့္ေနၾကသည္။

စိန္ဓါးေျမႇာင္သည္ ရန္ကုန္ေထာင္တြင္ တစ္ႏွစ္နီးပါးရွိၿပီျဖစ္ၿပီး ဂႏၶမာေသာင္းရီ၊ အုန္းေဖ တို႔ႏွင့္ ရင္းႏွီးေနၿပီလည္းျဖစ္သည္။

“အက်ဥ္းသားနံပါတ္.(၂၁၆၆)စီ .. MI ခန္းကို လာခဲ့ပါ”
မိန္းေဂ်းမွ ေထာင္ဝါဒါ၏ အသံကို ၾကားသျဖင့္ စားဖိုေဆာင္အတြင္း ကန္စြန္း႐ြက္မ်ားကို ဓါးျဖင့္ စင္းေနသည့္ စိန္ဓါးေျမႇာင္ ထ လိုက္လာခဲ့သည္။
MI ခန္းဆိုသည္မွာ ေထာက္လွမ္းေရးအဖြဲ႕မ်ားအတြက္ သီးသန႔္ထားေပးေသာအခန္းျဖစ္ၿပီး ထိုအခန္းတြင္ အထူးသီးသန႔္ အက်ဥ္းသားမ်ားကို ေထာင္ဝင္စာေတြ႕ဆုံခြင့္ေပးေလ့ရွိသည္။
တစ္ခုခုထူးျခားၿပီဆိုသည္ကို စိန္ဓါးေျမႇာင္အေတြ႕အႀကဳံအရ သိလိုက္သည္။
အခန္းတြင္း ဝင္လိုက္သည္ႏွင့္ ႀကိဳေရာက္ႏွင့္ေနေသာ ဂႏၶမာေသာင္းရီ ကို ေတြ႕လိုက္ရသည္။
ဂႏၶမာေသာင္းရီ ႏွင့္ စကားေျပာေနသူ က ႐ုတ္တရက္ စကားကို ရပ္လိုက္ၿပီး စိန္ဓါးေျမႇာင္ဘက္သို႔ လွည့္လိုက္သည္။
“ကိုၫြန႔္...ကြၽန္ေတာ့္ကို မွတ္မိလားဗ်”
စိန္ဓါးေျမႇာင္က ထိုသူကို ေသခ်ာၾကည့္လိုက္သည္။
“က်ဳပ္သခင္သိန္း ဗ်ာ....ေ႐ႊဘို မွာ သခင္စံျမင့္နဲ႔ အတူလာတဲ့သူေလ”
ထိုအခါမွ စိန္ဓါေျမႇာင္က သခင္သိန္းကို မွတ္မိေတာ့သည္။

သခင္သိန္း က ဖဆပလအစိုးရ၏ ျပည္ထဲေရးဝန္ႀကီး ဆိုရွယ္လစ္ေခါင္းေဆာင္ ဦးေက်ာ္ၿငိမ္း ၏ လက္႐ုံးလည္း ျဖစ္သည္။

“ကြၽန္ေတာ့္ကို ဘာကိစၥမ်ားရွိလို႔ လာေတြ႕ရတာလဲ..သခင္သိန္း”

“ခင္ဗ်ားနဲ႔ ကိုေသာင္းရီ ကို ဖဆပလအေနနဲ႔ အကူအညီေတာင္းစရာရွိလို႔ လာခဲ့တာပဲ”

“မေနာက္ပါနဲ႔ဗ်ာ...ကြၽန္ေတာ္တို႔က ေထာင္ႏွစ္ရွည္က်ေနၾကတာ..ခင္ဗ်ားတို႔ကို ဘာမ်ားကူႏိုင္မွာလဲ"

"ကူႏိုင္တဲ့ကိစၥမို႔ လာတာေပါ့ ကိုယ့္လူ...ေထာင္ႏွစ္ရွည္ကိစၥက မပူပါနဲ႔...မၾကာခင္မွာ အဆင္ေျပသြားပါလိမ့္မယ္... ဒီကိစၥကို ဦးေက်ာ္ၿငိမ္းကလည္း သေဘာတူၿပီးပါၿပီ"

"ဟင္...ဦးေက်ာ္ၿငိမ္းက"

ခက္ေဇာ္

အပိုင္း(၁၈)

Comments

Post a Comment