ကျွန်ုပ်နှင့် ပုတ်သင်ညို
ကျွန်ုပ်နှင့် ပုတ်သင်ညို
““ကဲ...အားလုံး လွယ်အိတ်တွေ ခုံပေါ်တင်လိုက်ကြစမ်း””
ဆရာမအသံကြောင့် ကျွန်တော်နဲ့ ပေါက်စီ တော်တော် တုန်လှုပ်သွားသည်။ အတန်းထဲမှာလည်း တိတ်နေရာကနေ အားလုံး ငြိမ်ကျသွားတာပဲ။ ကျွန်တော် အသာလှည့်ကြည့်လိုက်တော့ မတ်တပ် ရပ် လက်ပိုက်ထားတဲ့ ပျားတုတ်မျက်နှာစပ်ဖြဲဖြဲနဲ့၊ ကျွန်တော်သိတယ်။ ဒီကောင် ညစ်ပြီဆိုတာကို၊ ဒါပေမယ့် ဘာမှ မတတ်နိုင်ဘူးလေ။ လွယ်အိတ်တင်သံတွေ တဘုတ်ဘုတ်ထဲမှာ ကျွန်တော်နဲ့ ပေါက်စီရဲ့ လွယ်အိတ်ကိုလည်း တင်လိုက်ရတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ကြောက်စိတ်က လွယ်အိတ်ထဲမှာ မရှိပါဘူး။ လှလှစိုးနဲ့ ဖြူဖြူသန်းရဲ့ လွယ်အိတ်ထဲမှာပဲ ရှိတာပါ။
““ကျော်မြင့်ရဲ့ ပိုက်ဆံငါးဆယ်ပျောက်တယ်လို့ လာတိုင်ထား တယ်... အဲဒါလွယ်အိတ်တွေ အားလုံးစစ်မယ်...ကိုယ့်လွယ်အိတ် ရှေ့မှာပဲ ကိုယ်နေရမယ်...ဘယ်မှမထရဘူး ဒါမျိုး ငါမကြိုက်ဘူးဆို တာ မင်းတို့ မသိဘူး ... မိလို့ကတော့ သေပြီသာ အောက်မေ့ တော့””
ဆရာမ ဒေါသကြောင့် တစ်တန်းလုံး ပိုငြိမ်သွားတယ်။ ကိုယ်မယူကြပေမယ့် ကျောင်းသားတိုင်းရဲ့ မျက်နှာမှာ စိုးရိမ်ပူပန်မှုတွေ ရှိနေတာပဲ။ ဆရာမ စိတ်တိုနေပြီ။ ဒေါသထွက်နေပြီကိုး။ လုံးဝမျက်နှာ မပျက်တာကတော့ ဟိုကောင် ပျားတုပ်ပဲ။ ကျွန်တော် သိတယ်၊ ဒီကောင် ပိုက်ဆံငါးဆယ်ပျောက်တာ မဟုတ်ဘူး။ ကျွန်တော်တို့ နှစ်ယောက်ကို တမင်ညစ်တာ။
ဒီကောင်နဲ့ ကျွန်တော်တို့နှစ်ယောက်အကြောင်း ပြောရဦး မယ်။
ဒီကောင့် နာမည်အရင်းက ကျော်မြင့်တဲ့၊ မုန့်စား ကျောင်း ဆင်းလို့ ဆော့ကြရင်း ဒီကောင့်ကို ဝါးရုံပင်က ပျားဆယ်ကောင် လောက် ဝိုင်းတုပ်လို့ ဒီကောင့်နာမည် ပျားတုပ်ဖြစ်သွားတာ။ ဒီကောင် နဲ့ ကျွန်တော်တို့နှစ်ယောက်က မတည့်ဘူး။ ဘယ်နေရာက စ,မတည့် သလဲဆိုတော့ မမှတ်မိတော့ဘူး။ လက်သီးထိုးတမ်း ကစားတုန်း ကပဲလား၊ ပြေးပုန်းကစားရင်းနဲ့ပဲလား။ တစ်ခုခုတော့ တစ်ခုခုပါပဲ။ ကျွန်တော်တို့နှစ်ယောက်နဲ့တင် မကပါဘူး။ သူနဲ့ မတည့် တဲ့သူက အတန်းထဲမှာ တော်တော်များတယ်။ ဒီကောင့် ပုံစံက ဗလ ကောင်းကောင်း၊ အသားညိုညို၊ မျက်ပေါက်ကျဉ်းကျဉ်းနဲ့။ သူ့မျက်နှာ က ဘယ်တော့မှ ပြုံးတတ်တဲ့မျက်နှာမျိုး မဟုတ်ဘူး။ ဒီကောင်က ကျွန်တော့်ထက် ဗလကောင်းတော့ ကျွန်တော့်ကို ရင့်ချင်ပေမယ့် ပေါက်စီရှိတော့ ကျွန်တော့်ကို သိပ်မကြောရဲဘူး။ ဒီတော့ ပျားတုပ်က ကျွန်တော်တို့ကို ချောင်းနေတာကြာပြီ။
ပေါက်စီရဲ့ နာမည်အရင်းက ဝင်းဦးပါ။ သူတို့အဖေ ကပေါက်စီရောင်းလို့ သူ့ကို ပေါက်စီလို့ ခေါ်တာ။ တကယ်ဆိုရင်တော့ ပေါက်စီလို့မခေါ်ဘဲ ဒီကောင့်ကို ပုတ်သင်ညိုလို့ ခေါ်ရမှာ။ ဒီကောင် က ပုတ်သင်ညိုဖမ်းတာ သိပ်လျင်တာ။ ကျွန်တော်တို့လို အုန်းလက်ထိပ် မှာ ကျော့ကွင်းကလေး လုပ်စရာမလိုဘူး။ ပုတ်သင်ညိုတွေ့တာနဲ့ အပင်နားကပ်ပြီး ခပ်တည်တည်နဲ့ ဖမ်းလိုက်တာပဲ။ ဒီကောင့်လက်က မြွေပွေးလို မြန်မာ။
ကျွန်တော့် သူငယ်ချင်းပေါက်စီက လှလှစိုးကို ကြိုက်နေတာ။ သူ ကြိုက်ပုံကတစ်မျိုးခင်ဗျ။ လှလှစိုးကို တွေ့တာနဲ့ စတာပဲ။ လှလှစိုးက ပြန်ရန်တွေ့ရင် ပေါက်စီက ကျေကျေနပ်နပ်ကြီး ပြုံးလို့။ ““လှလှစိုးက ဒီအတိုင်းနေရင် မလှဘူးကွ... ရန်ထောင်မှလှတာ”” တဲ့။ လှလှစိုးကလည်း ရန်သာထောင်တာပါ။ ပေါက်စီ အေးအေး ဆေးဆေးနေတဲ့ ရက်တွေဆို သူပါလာတဲ့ မြေပဲယိုတို့ ဘာတို့ ကျွေး တတ်ပါတယ်။ ဒီတော့ ပေါက်စီနဲ့ ကျွန်တော်ကစ၊ လှလှစိုးနဲ့ သူ့ သူငယ်ချင်း ဖြူဖြူသန်းက ရန် ပြန်ထောင်။ အဲဒီလို ချစ်စရာကောင်းတဲ့ ပျော်ရွှင်မှုကို ပျားတုပ်က ကြည့်မရဘူး၊ မနာလိုဘူးပေါ့ဗျာ။
ပြီးခဲ့တဲ့ လေးရက်လောက်က ပျားတုပ်က ကျွန်တော့် နောက် ကျောမှာ “အရူးပါခင်ဗျာ”ဆိုတဲ့ စာတမ်းရေးပြီးလာကပ်တယ်။ လှလှစိုး တို့ကပြောလို့ ကျွန်တော် ချက်ချင်းသိသွားတယ်။ ညနေကျောင်းဆင်း လို့ ကျွန်တော်က ပြန်ကပ်တော့၊ ပျားတုပ် နောက်ကျောမှာ စာတန်းကြီး က အိမ်အထိပါသွားရော။ ဒီကတည်းက ဒီကောင့်အမုန်းက ကျွန်တော့် တို့အပေါ်မှာ ပိုကြီးသွားတာ။
ဒီနေ့မနက်မှာ ပေါက်စီက ကျွန်တော့်ကို တိုင်ပင်တယ်။
““စာကလေး...ငါ လှလှစိုးကို စ,ရတာ အားမရဘူးကွာ””
““ဘာ အားမရတာလဲ””
ကျွန်တော်ပြန်မေးတော့ ပေါက်စီငြိမ်သွားတယ်။ ဒီကောင် က ဒီလိုပဲ။ တစ်ခုခုလုပ်ရင် သိပ်စဉ်းစားတဲ့ကောင်။
““ငါ စရင် သူက သိပ်စိတ်မဆိုးတော့ဘူးကွ...ငါက စရင် ငါ့ကို စိတ်အရမ်းဆိုးပြီး ဒေါသတွေဘာတွေထွက်မှ ကျေနပ်တာ””
- ““ဒါဆို မင်းက ဘယ်လိုစချင်လို့လဲ””
ဒီကောင် ပြန်ငြိမ်သွားပြန်ရော။ ပြီးတော့မှ စဉ်းစားမိသလို လုပ်ပြီး ပြောတယ်။ အမှန်တော့ ဒီကောင် စဉ်စားပြီးသားပါ။ သူ့ အကျင့်အတိုင်း စကားကို ခဏနားပြီးမှ ပြောတာ။
““မုန့်စားဆင်းရင် ပုတ်သင်ညိုဖမ်းပြီးလွယ်အိတ်ထဲထည့်မယ် ကွာ””
““ဟာ...ဆရာမသိသွားရင် ဆော်မှာနော်...တခြားဟာ စဉ်းစားကွာ””
““မသိပါဘူးကွာ...အိမ်ကျမှသိအောင် လွယ်အိတ်ထဲကို သေသေချာချာ ထည့်မှာပေါ့””
ပြဿနာက အဲဒီက စတာပါ။မုန့်စားဆင်းတော့ ကျွန်တော်နဲ့ ပေါက်စီ အကြော်တစ်ခုစီပဲ စားပြီး ကျောင်းနောက်က သစ်ပင်တွေကြားထဲမှာ ပုတ်သင်ညို လိုက်ဖမ်းကြတယ်။ မိတာမှ လေးကောင်တောင်၊ ဒါတောင် တော်ပြီ ပြောလို့။ မိတဲ့ ပုတ်သင်ညိုတွေကို ပေါက်စီက ကိုက်ပေါက်တာပဲ။ ကိုင်အပေါက်ခံရတဲ့ ပုတ်သင်ညိုခမျာ ခြေကလေး၊ လက်ကလေးတွေတဆတ်ဆတ်တုန်ပြီး ငြိမ်သွားတော့မှပေါက်စီကခါးပိုက်ထဲထည့်တာ...
““အရှင်ဆိုရင် ထွက်ပြေးသွားလိမ့်မယ်ကွ””
ကျောင်းတက်ခေါင်းလောင်းမထိုးခင် အတန်းထဲအမီ လာပြီးလှလှစိုးနဲ့ ဖြူဖြူသန်းလွယ်အိတ်ထဲ ပုတ်သင်ညိုနှစ်ကောင်စီ ထည့်တာ ကို ပျားတုပ်က မြင်သွားတယ်။ ကျွန်တော်တို့လည်း သူ့နဲ့ဘာမှ မဆိုင် လို့ သူ့ကို ဂရုမစိုက်ကြဘူးပေါ့။ အခုမှ သူကထပြီး ပြဿနာရှာတာ။ သူ့လုပ်ပေါက်က ကျွန်တော်နဲ့ပေါက်စီ ပြေးလို့မလွတ်နိုင်တဲ့နည်းပဲ။ ပိုက်ဆံ တကယ်မပျောက်ဘဲ ပိုက်ဆံပျောက်တယ်ဆိုပြီး ဆရာမကို သွားတိုင်တယ်။ လွယ်အိတ်တွေထုတ်စစ်လို့ ဟို ကောင်မ လေးတွေ လွယ်အိတ်ထဲမှာ ပုတ်သင်ညိုတွေ့ရင် ကျွန်တော်တို့ ပျာပြီ ပေါ့။ သွားပြီ။
ဆရာမက လွယ်အိတ်တစ်အိတ်စီကို သေသေချာချာ စစ်ပါ တယ်။ စာအု်ပ်တွေ အကုန်ထုပ်၊ စာရွက်တွေ လှန်ပြ၊ အားလုံး လုပ် ကြရတယ်။ တော်သေးတာက မိန်းကလေးတွေ တန်းကိုတော့ ဆရာမ က အရင်မစစ်တာပဲ။ လေးတန်းလောက် စစ်အပြီး ငါးတန်းမြောက်ကို ရောက်တဲ့အချိန်မှာ ဘယာကြော်က မတ်တပ်ထရပ်တယ်။
““ဆရာမ...ကျွန်တော့်မှာ အိမ်ကပေးလိုက်တဲ့ ပိုက်ဆံ ငါးဆယ် ရှိပါတယ်””
““ဘာကွ...မင်းအိမ်က ပေးလိုက်တာ ဟုတ်လား””
““ဟုတ်ပါတယ် ဆရာမ””
““ဘယ်လောက်လဲ””
““ငါးဆယ်ပါ””
ဆရာမ တော်တော်တည်သွားတယ်။ ဘယာကြော်ကိုလည်း တင်းတင်းမာမာ ခက်ခက်ထန်ထန်ကြီးကို ကြည့်တယ်။
““ကျော်မြင့်ပျောက်တာလဲ ငါးဆယ်...မင်းအိမ်က ပေးလိုက် တာလဲ ငါးဆယ်..ပိုက်ဆံပျောက်တယ်လို့ ပြောကတည်းက မထဘဲ အခုစစ်ခါနီးကျတော့မှ ဘာဖြစ်လို့ပြောရတာလဲ...လွယ်အိတ်ယူပြီး ရှေ့ကိုထွက်ခဲ့စမ်း””
တစ်တန်းလုံး ပိုပြီးငြိမ်သွားတယ်။ ဘယာကြော်ကို ဝိုင်းကြည့် နေကြတဲ့ မျက်လုံးတွေက မယုံသင်္ကာစရာ လူတစ်ယောက်ပေါ့လေ။ ဘယာကြော်ကို ယုံတာဆိုလို့ ကျွန်တော်တို့ နှစ်ယောက်ပဲရှိတယ်။ ဒါ တိုက်ဆိုင်မှုသက်သက်။ ဟိုကောင် ပျားတုပ် လုံးဝပိုက်ဆံ မပျောက် ဘူး။
““ကဲ...မင်းအိမ်က ဘယ်လောက်ချမ်းသာလို့ မင်းကို ပိုက်ဆံ ငါးဆယ်ပေးရတာလဲ””
ဆရာမပြောတာ သဘာဝကျပါတယ်။ ကျွန်တော်တို့ ရှစ်တန်း ကျောင်းသားဆိုတာ မုန့်ဖိုးငါးမူးလောက်ပဲ ရတတ်တာ။ ချမ်းသာ လွန်းမှ နှစ်ကျပ်ပေါ့။
““ကျွန်တော့်ကိုပေးတာ မဟုတ်ပါဘူး ဆရာမ...ကျောင်းက ပြန်ရင် ဆီရယ်၊ ပဲရယ် ဝယ်ဖို့ အမေက ပေးလိုက်တာပါ””
ဒါ အမှန်ဆုံးစကားပဲ။ ဘယာကြော်တို့အမေက အကြော် ရောင်းတာကိုး။ ကျောင်းကပြန်ရင် ပွင့်ကောင်းကုန်စုံဆိုင်မှာ ဒီကောင် အမြဲ ဆီနဲ့ပဲဝယ်ပြီးပြန်တာ ကျွန်တော်တို့ တွေ့ဖူးတာပဲ။ ဘယာကြော် တို့အိမ်က အကြောင်းရောင်းတယ်ဆိုတာကို ဆရာမလည်း သိတော့ စဉ်းစားရကျပ်နေတယ်။
““မင်းကျောင်းကိုရောက်တော့ အဲဒီပိုက်ဆံကို ဘယ်သူ့ကို ထုတ်ပြသေးလဲ””
““မပြမိဘူး ဆရာမ””
ဆရာမ ဘာပြောရမှန်းမသိတော့။ ဘယာကြော် လွယ်အိတ် ကိုရှာတယ်။ အရှေ့ဆုံး စတိတ်ခုံပေါ်က ဆရာထိုင်တဲ့ခုံမှာ ကြိမ်ခြင်း နဲ့ ကွယ်ပြီးရှာတာပါ။ တစ်ခန်းလုံးငြိမ်ပြီး ဆရာမကိုပဲ ကြည့်နေကြ တယ်။
““အင်း..ပိုက်ဆံတွေ့ပြီ ငါးဆယ်ပဲ””
ဆရာမ စကားဆုံးတော့ တီးတိုးသံတွေနဲ့ အခန်းဟာ ဆူညံ သွားတယ်။ ဆရာမက တိတ်စမ်းလို့ မပြောပါဘူး။ သူ ကိုယ်တိုင် ဘေးမှာ လူရှိရင်လည်း ဒီလိုပဲ ပြောမှာမဟုတ်လား။ ကျွန်တော်နဲ့ ပေါက်စီလည်း ကြောင်သွားတယ်။ လွယ်အိတ်ထဲက ပုတ်သင်ညိုတွေ ဘာတွေမေ့ပြီး ပျားတုပ် တကယ် ပိုက်ဆံပျောက်တာလား၊ ဘယာ ကြော်က ခိုးတာလားတွေ ဘာတွေ ဖြစ်ကုန်တယ်။ ပျောက်တာက လည်း ငါးဆယ်၊ ဘယာကြော် အိတ်ထဲက တွေ့တာကလည်း ငါးဆယ် ပဲမဟုတ်လား။ အဲဒီတိုက်ဆိုင်မှုက နည်းတာမှတ်လို့။ ပျားတုပ် ပိုက်ဆံ မပျောက်ဘဲ ရမ်းပြောတာဆို ဒီလောက်လာမတူနိုင်ဘူးပေါ့။ ဒါပေမယ့် ဘယာကြော်ဆိုတာကလည်း ဒါမျိုးမရှိတဲ့ ရိုးရိုးသားသား ကျောင်းသား ဆင်းရဲတာမှန်ပေမယ့် ဒါမျိုးတော့လုပ်မှာမဟုတ်ဘူး။
““ကဲ ကျော်မြင့် ...မင်း ရှေ့ကို ထွက်ခဲ့စမ်း””
ကျွန်တော့် နံဘေးနားကထွက်နေပြီး ဆရာမဆီကိုသွားတဲ့ ပျားတုပ်မျက်နှာကို ဝိုင်းကြည့်တော့ ခပ်တည်တည်ပဲ။
““ကျော်မြင့်...မင်းမှာ ပိုက်ဆံပါလာတာ ဘယ်သူ့ကို ပြ သေးလဲ””
““ဘယ်သူ့မှ မပြဘူး ဆရာမ””
““ဘယ်အချိန်က ပျောက်တာသိတာလဲ””
““မုန့်စားကျောင်းတက်တော့မှ သိတာပါ””
““မင်း ပိုက်ဆံကို ဘယ်မှာထားတာလဲ””
““လွယ်အိတ်ထဲမှာပါ””
““ဒါဆို မင်းလွယ်အိတ် သွားယူခဲ့စမ်း””
ပျားတုပ် လွယ်အိတ်ယူပြီး ဆရာမက သေသေချာချာ ရှာပါ တယ်။ ဘာမှမတွေ့ဘူး။ ကျွန်တော်တို့လည်း ကိုယ့်ပြဿနာ ကိုယ်မေ့ ပြီး ဘာဆိုတဲ့အဖြေကို အမျိုးမျိုးတွေ့ကြည့်ပါတယ်။ ပျားတုပ်က တကယ်ပျောက်တာဆိုရင်ကျွန်တော်တို့ပြဿနာက ပြီးပြီ။ တော်ပါ သေးရဲ့ပေါ့။ ဒါပေမယ့် ဘယာကြော်ဆိုတဲ့ကောင် တကယ်မခိုးဘူးလို့ လည်း ကျွန်တော်က ထင်ချင်သေးတယ်။
““ကဲ...ကျော်မြင့် မင်းလွယ်အိတ်ထဲမှာတော့ ဘာမှ မရှိ ဘူး...မင်း ဒီပိုက်ဆံ ဘယ်ကရတာလဲ””
““အိမ်လာလည်တဲ့ ဦးလေးက မုန့်ဖိုးပေးတာပါ””
““မင်း အဲဒီပိုက်ဆံနဲ့ ဘာဝယ်စားသေးလဲ””
““ဘာမှ မစားဘူး ဆရာမ””
““ဟုတ်ပြီ...အခု သူ့အိတ်ထဲက ပိုက်ဆံငါးဆယ်တွေ့ထား တယ်..ကဲ ပျောက်သွားတဲ့ မင်းပိုက်ဆံငါးဆယ်က ဘာတန်တွေလဲ””
ဆရာမစကားအဆုံး ပျားတုပ် တွန့်သွားပုံက သူ့ကို ဝါးရုံပင်က ပျားတုပ်ခံရတုန်းက အတိုင်းပါပဲ။ တော်တော်နဲ့ ပြန်မပြောနိုင် ဘဲ စဉ်းစားနေတယ်။ ဆရာမ မျက်နှာက ဝင်းခနဲ တစ်ချက်ပြုံးပြီး ကြောက်စရာ ကောင်းလောက်အောင် ပြန်တည်သွားတယ်။
““ကဲ..ပြောလေ ကျော်မြင့်... ကိုယ်ပျောက်တဲ့ ပိုက်ဆံကဘာတန်တွေဆိုတာတော့ မင်း သိရမှာပေါ့...ကဲ...ပြော...ပြောစမ်း””
““ဟို...ဟို ဆယ်တန်ငါးရွက် ဆရာမ””
““ဆယ်တန်ငါးရွက်..ဟုတ်ပြီ မင်းကို အဲဒီပိုက်ဆံ ဘယ်သူ က ပေးတာ...””
““ကျွန်တော့် အဖေပါ””
““ခုနကပြောတော့ အိမ်လာလည်တဲ့ ဦးလေးဆိုကွ””
““ဟာ...ဟို...မဟုတ်ဘူး...ဟုတ်တယ် ဆရာမ... ဦးလေး က ပေးတာ...အဖေ့ကို ပေးသွားတာ...အဖေကမှ ကျွန်တော့်ကို ပေးတာ””
““ရပြီ...ရပြီ...ကဲ...””
ဆရာမက ဘယာကြော်ဘက်ကို လှည့်ကြည့်ပြီး မေးတယ်။
““မင်းအိတ်ထဲက ပိုက်ဆံတွေက ဘာတန်တွေလဲ””
““ဆယ်တန်နှစ်ရွက်၊ ငါးကျပ်တန်လေးရွက်၊ ကျပ်တန်ရှစ်ရွက် နဲ့ အကြွေနှစ်ကျပ်ပါ ဆရာမ””
ဇာတ်လမ်းက အဲဒီမှာတင် ပြီးသွားတယ်။လွယ်အိတ်တွေလည်း ဆက်မရှာတော့ဘူး။ ဘယာကြော်က သူ့ပိုက်ဆံကိုပြန်ရပြီး ကျွန်တော်တို့ကိုချွန်ဖို့ ဇာတ်လမ်းလုပ်တဲ့ ပျားတုပ်လည်း ဆရာမကြိမ်လုံးက သူ့ကိုတုပ်သွားတဲ့အပြင် ဘယာ ကြော်ရဲ့ ပိုက်ဆံကို မတရားလိုချင်လို့ တမင်လိမ်ပြောတာဆိုတဲ့ နာမည်ဆိုးပါ ပျားတုပ် ထပ်ရသွားတယ်။
နောက်နေ့ ကျောင်းပြန်တက်တော့ လှလှစိုးရော၊ ဖြူဖြူသန်း ရော ကျွန်တော်တို့ကို ဘာမှမပြောကြဘူး။ မျက်စောင်းတွေ လှိမ့်ထိုးနေ တာပဲရှိတယ်။ ဆရာမနဲ့လည်း မတိုင်ဘူး။ ပေါက်စီက မကျေမနပ်နဲ့။
သူ နေလို့မရဘူးဖြစ်နေတယ်။
““ဟေ့ကောင် ပုတ်သင်ညိုကိစ်္စ ဘာမှမပြောဘူးကွ...စိတ် လည်း မဆိုးဘူး””
““မတွေ့လို့ နေမှာပေါ့ကွ””
““မတွေ့ဘဲနဲ့တော့ မနေဘူးကွ...တွေ့ကို တွေ့ရမှာ.. အချိန် စာရင်းနဲစာအုပ်ထည့်ရင် တွေ့မှာပဲ...လွယ်အိတ်ထဲမှာပဲကွာ... လွဲကို မလွဲဘူး””
အဖြေရှာမရပေမယ့် ကျွန်တော်တို့ သွားလည်းမမေးရဲပါဘူး။လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကမှ သိရတာက အဲဒီတုန်းကလှလှစိုး ပုတ်သင်ညိုကို စာအုပ်ထုတ်ရင်းတွေ့တော့ သေးတောင် ပါတယ်ဆိုပဲ။ ဖြူဖြူသန်းက တက်သွားတာတဲ့။ ဘာဖြစ်လို့ အခုမှသိရ သလဲဆိုတော့ ကံတရားရဲ့ထုံးစံအတိုင်း ပေါက်စီနဲ့ ဖြူဖြူသန်းနဲ့ ညား တာကိုး။ လှလှစိုးကတော့ နယ်မှာ ကျောင်းဆရာမဖြစ်နေတယ်။ အိမ်ထောင်လည်းကျပြီတဲ့။
““ဟေ့ကောင် စာကလေး...မျိုးရိုးတော့ရှိတယ်ကွ... ငါ့သား အလတ်က ပုတ်သင်ညိုဖမ်း သိပ်တော်တာ”” လို့ ကျွန်တော့်ကို ပေါက်စီက ကြွားသွားပါတယ်။ဆက်မေးတော့ ပျားတုပ်က ရှေ့နေ့လုပ်နေသတဲ့။ ဆရာမ က စစ်ဆေးမေးမြန်ပြီးတော့ အဖြေမတတ်တဲ့ ဒီကောင်ဟာ အဲဒီက တည်းက ရှေ့နေစာအုပ်တွေများ ဖိဖတ်လိုက်သလားမသိဘူး။ ဒီကောင် နဲ့ တွေ့ရင် ပြန်မေးရဦးမယ်။ ဘယာကြော်ကတော့ စင်္ကာပူမှာတဲ့။
ဘာပဲဖြစ်ဖြစ် ငယ်ရွယ်ရိုးသားစဉ်က လွယ်အိတ်ထဲက လွဲခဲ့တာ တစ်ခုကို ကျွန်တော် အမှတ်တရ မှတ်တမ်းအဖြစ်နဲ့ ရေးတာပါ။ဘာဖြစ်လို့လည်းဆိုတော့ သူတို့ စာကလေးလို့ခေါ်တဲ့ ရဲဝင်းက စာရေးဆရာဖြစ်နေတာကိုး။
Unicode

ဆရာနီကိုရဲ လွယ်အိပ်ထဲမှအလွယ်များ စာအုပ်မှ
Zawgyi
““ကဲ...အားလုံး လြယ္အိတ္ေတြ ခုံေပၚတင္လိုက္ၾကစမ္း””
ဆရာမအသံေၾကာင့္ ကြၽန္ေတာ္နဲ႔ ေပါက္စီ ေတာ္ေတာ္ တုန္လႈပ္သြားသည္။ အတန္းထဲမွာလည္း တိတ္ေနရာကေန အားလုံး ၿငိမ္က်သြားတာပဲ။ ကြၽန္ေတာ္ အသာလွည့္ၾကည့္လိုက္ေတာ့ မတ္တပ္ ရပ္ လက္ပိုက္ထားတဲ့ ပ်ားတုတ္မ်က္ႏွာစပ္ၿဖဲၿဖဲနဲ႔၊ ကြၽန္ေတာ္သိတယ္။ ဒီေကာင္ ညစ္ၿပီဆိုတာကို၊ ဒါေပမယ့္ ဘာမွ မတတ္ႏိုင္ဘူးေလ။ လြယ္အိတ္တင္သံေတြ တဘုတ္ဘုတ္ထဲမွာ ကြၽန္ေတာ္နဲ႔ ေပါက္စီရဲ႕ လြယ္အိတ္ကိုလည္း တင္လိုက္ရတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ရဲ႕ ေၾကာက္စိတ္က လြယ္အိတ္ထဲမွာ မရွိပါဘူး။ လွလွစိုးနဲ႔ ျဖဴျဖဴသန္းရဲ႕ လြယ္အိတ္ထဲမွာပဲ ရွိတာပါ။
““ေက်ာ္ျမင့္ရဲ႕ ပိုက္ဆံငါးဆယ္ေပ်ာက္တယ္လို႔ လာတိုင္ထား တယ္... အဲဒါလြယ္အိတ္ေတြ အားလုံးစစ္မယ္...ကိုယ့္လြယ္အိတ္ ေရွ႕မွာပဲ ကိုယ္ေနရမယ္...ဘယ္မွမထရဘူး ဒါမ်ိဳး ငါမႀကိဳက္ဘူးဆို တာ မင္းတို႔ မသိဘူး ... မိလို႔ကေတာ့ ေသၿပီသာ ေအာက္ေမ့ ေတာ့””
ဆရာမ ေဒါသေၾကာင့္ တစ္တန္းလုံး ပိုၿငိမ္သြားတယ္။ ကိုယ္မယူၾကေပမယ့္ ေက်ာင္းသားတိုင္းရဲ႕ မ်က္ႏွာမွာ စိုးရိမ္ပူပန္မႈေတြ ရွိေနတာပဲ။ ဆရာမ စိတ္တိုေနၿပီ။ ေဒါသထြက္ေနၿပီကိုး။ လုံးဝမ်က္ႏွာ မပ်က္တာကေတာ့ ဟိုေကာင္ ပ်ားတုပ္ပဲ။ ကြၽန္ေတာ္ သိတယ္၊ ဒီေကာင္ ပိုက္ဆံငါးဆယ္ေပ်ာက္တာ မဟုတ္ဘူး။ ကြၽန္ေတာ္တို႔ ႏွစ္ေယာက္ကို တမင္ညစ္တာ။
ဒီေကာင္နဲ႔ ကြၽန္ေတာ္တို႔ႏွစ္ေယာက္အေၾကာင္း ေျပာရဦး မယ္။
ဒီေကာင့္ နာမည္အရင္းက ေက်ာ္ျမင့္တဲ့၊ မုန္႔စား ေက်ာင္း ဆင္းလို႔ ေဆာ့ၾကရင္း ဒီေကာင့္ကို ဝါး႐ုံပင္က ပ်ားဆယ္ေကာင္ ေလာက္ ဝိုင္းတုပ္လို႔ ဒီေကာင့္နာမည္ ပ်ားတုပ္ျဖစ္သြားတာ။ ဒီေကာင္ နဲ႔ ကြၽန္ေတာ္တို႔ႏွစ္ေယာက္က မတည့္ဘူး။ ဘယ္ေနရာက စ,မတည့္ သလဲဆိုေတာ့ မမွတ္မိေတာ့ဘူး။ လက္သီးထိုးတမ္း ကစားတုန္း ကပဲလား၊ ေျပးပုန္းကစားရင္းနဲ႔ပဲလား။ တစ္ခုခုေတာ့ တစ္ခုခုပါပဲ။ ကြၽန္ေတာ္တို႔ႏွစ္ေယာက္နဲ႔တင္ မကပါဘူး။ သူနဲ႔ မတည့္ တဲ့သူက အတန္းထဲမွာ ေတာ္ေတာ္မ်ားတယ္။ ဒီေကာင့္ ပုံစံက ဗလ ေကာင္းေကာင္း၊ အသားညိဳညိဳ၊ မ်က္ေပါက္က်ဥ္းက်ဥ္းနဲ႔။ သူ႔မ်က္ႏွာ က ဘယ္ေတာ့မွ ၿပဳံးတတ္တဲ့မ်က္ႏွာမ်ိဳး မဟုတ္ဘူး။ ဒီေကာင္က ကြၽန္ေတာ့္ထက္ ဗလေကာင္းေတာ့ ကြၽန္ေတာ့္ကို ရင့္ခ်င္ေပမယ့္ ေပါက္စီရွိေတာ့ ကြၽန္ေတာ့္ကို သိပ္မေၾကာရဲဘူး။ ဒီေတာ့ ပ်ားတုပ္က ကြၽန္ေတာ္တို႔ကို ေခ်ာင္းေနတာၾကာၿပီ။
ေပါက္စီရဲ႕ နာမည္အရင္းက ဝင္းဦးပါ။ သူတို႔အေဖ ကေပါက္စီေရာင္းလို႔ သူ႔ကို ေပါက္စီလို႔ ေခၚတာ။ တကယ္ဆိုရင္ေတာ့ ေပါက္စီလို႔မေခၚဘဲ ဒီေကာင့္ကို ပုတ္သင္ညိဳလို႔ ေခၚရမွာ။ ဒီေကာင္ က ပုတ္သင္ညိဳဖမ္းတာ သိပ္လ်င္တာ။ ကြၽန္ေတာ္တို႔လို အုန္းလက္ထိပ္ မွာ ေက်ာ့ကြင္းကေလး လုပ္စရာမလိုဘူး။ ပုတ္သင္ညိဳေတြ႕တာနဲ႔ အပင္နားကပ္ၿပီး ခပ္တည္တည္နဲ႔ ဖမ္းလိုက္တာပဲ။ ဒီေကာင့္လက္က ေႁမြေပြးလို ျမန္မာ။
ကြၽန္ေတာ့္ သူငယ္ခ်င္းေပါက္စီက လွလွစိုးကို ႀကိဳက္ေနတာ။ သူ ႀကိဳက္ပုံကတစ္မ်ိဳးခင္ဗ်။ လွလွစိုးကို ေတြ႕တာနဲ႔ စတာပဲ။ လွလွစိုးက ျပန္ရန္ေတြ႕ရင္ ေပါက္စီက ေက်ေက်နပ္နပ္ႀကီး ၿပဳံးလို႔။ ““လွလွစိုးက ဒီအတိုင္းေနရင္ မလွဘူးကြ... ရန္ေထာင္မွလွတာ”” တဲ့။ လွလွစိုးကလည္း ရန္သာေထာင္တာပါ။ ေပါက္စီ ေအးေအး ေဆးေဆးေနတဲ့ ရက္ေတြဆို သူပါလာတဲ့ ေျမပဲယိုတို႔ ဘာတို႔ ေကြၽး တတ္ပါတယ္။ ဒီေတာ့ ေပါက္စီနဲ႔ ကြၽန္ေတာ္ကစ၊ လွလွစိုးနဲ႔ သူ႔ သူငယ္ခ်င္း ျဖဴျဖဴသန္းက ရန္ ျပန္ေထာင္။ အဲဒီလို ခ်စ္စရာေကာင္းတဲ့ ေပ်ာ္႐ႊင္မႈကို ပ်ားတုပ္က ၾကည့္မရဘူး၊ မနာလိုဘူးေပါ့ဗ်ာ။
ၿပီးခဲ့တဲ့ ေလးရက္ေလာက္က ပ်ားတုပ္က ကြၽန္ေတာ့္ ေနာက္ ေက်ာမွာ “အ႐ူးပါခင္ဗ်ာ”ဆိုတဲ့ စာတမ္းေရးၿပီးလာကပ္တယ္။ လွလွစိုး တို႔ကေျပာလို႔ ကြၽန္ေတာ္ ခ်က္ခ်င္းသိသြားတယ္။ ညေနေက်ာင္းဆင္း လို႔ ကြၽန္ေတာ္က ျပန္ကပ္ေတာ့၊ ပ်ားတုပ္ ေနာက္ေက်ာမွာ စာတန္းႀကီး က အိမ္အထိပါသြားေရာ။ ဒီကတည္းက ဒီေကာင့္အမုန္းက ကြၽန္ေတာ့္ တို႔အေပၚမွာ ပိုႀကီးသြားတာ။
ဒီေန႔မနက္မွာ ေပါက္စီက ကြၽန္ေတာ့္ကို တိုင္ပင္တယ္။
““စာကေလး...ငါ လွလွစိုးကို စ,ရတာ အားမရဘူးကြာ””
““ဘာ အားမရတာလဲ””
ကြၽန္ေတာ္ျပန္ေမးေတာ့ ေပါက္စီၿငိမ္သြားတယ္။ ဒီေကာင္ က ဒီလိုပဲ။ တစ္ခုခုလုပ္ရင္ သိပ္စဥ္းစားတဲ့ေကာင္။
““ငါ စရင္ သူက သိပ္စိတ္မဆိုးေတာ့ဘူးကြ...ငါက စရင္ ငါ့ကို စိတ္အရမ္းဆိုးၿပီး ေဒါသေတြဘာေတြထြက္မွ ေက်နပ္တာ””
- ““ဒါဆို မင္းက ဘယ္လိုစခ်င္လို႔လဲ””
ဒီေကာင္ ျပန္ၿငိမ္သြားျပန္ေရာ။ ၿပီးေတာ့မွ စဥ္းစားမိသလို လုပ္ၿပီး ေျပာတယ္။ အမွန္ေတာ့ ဒီေကာင္ စဥ္စားၿပီးသားပါ။ သူ႔ အက်င့္အတိုင္း စကားကို ခဏနားၿပီးမွ ေျပာတာ။
““မုန္႔စားဆင္းရင္ ပုတ္သင္ညိဳဖမ္းၿပီးလြယ္အိတ္ထဲထည့္မယ္ ကြာ””
““ဟာ...ဆရာမသိသြားရင္ ေဆာ္မွာေနာ္...တျခားဟာ စဥ္းစားကြာ””
““မသိပါဘူးကြာ...အိမ္က်မွသိေအာင္ လြယ္အိတ္ထဲကို ေသေသခ်ာခ်ာ ထည့္မွာေပါ့””
ျပႆနာက အဲဒီက စတာပါ။မုန္႔စားဆင္းေတာ့ ကြၽန္ေတာ္နဲ႔ ေပါက္စီ အေၾကာ္တစ္ခုစီပဲ စားၿပီး ေက်ာင္းေနာက္က သစ္ပင္ေတြၾကားထဲမွာ ပုတ္သင္ညိဳ လိုက္ဖမ္းၾကတယ္။ မိတာမွ ေလးေကာင္ေတာင္၊ ဒါေတာင္ ေတာ္ၿပီ ေျပာလို႔။ မိတဲ့ ပုတ္သင္ညိဳေတြကို ေပါက္စီက ကိုက္ေပါက္တာပဲ။ ကိုင္အေပါက္ခံရတဲ့ ပုတ္သင္ညိဳခမ်ာ ေျခကေလး၊ လက္ကေလးေတြတဆတ္ဆတ္တုန္ၿပီး ၿငိမ္သြားေတာ့မွေပါက္စီကခါးပိုက္ထဲထည့္တာ...
““အရွင္ဆိုရင္ ထြက္ေျပးသြားလိမ့္မယ္ကြ””
ေက်ာင္းတက္ေခါင္းေလာင္းမထိုးခင္ အတန္းထဲအမီ လာၿပီးလွလွစိုးနဲ႔ ျဖဴျဖဴသန္းလြယ္အိတ္ထဲ ပုတ္သင္ညိဳႏွစ္ေကာင္စီ ထည့္တာ ကို ပ်ားတုပ္က ျမင္သြားတယ္။ ကြၽန္ေတာ္တို႔လည္း သူ႔နဲ႔ဘာမွ မဆိုင္ လို႔ သူ႔ကို ဂ႐ုမစိုက္ၾကဘူးေပါ့။ အခုမွ သူကထၿပီး ျပႆနာရွာတာ။ သူ႔လုပ္ေပါက္က ကြၽန္ေတာ္နဲ႔ေပါက္စီ ေျပးလို႔မလြတ္ႏိုင္တဲ့နည္းပဲ။ ပိုက္ဆံ တကယ္မေပ်ာက္ဘဲ ပိုက္ဆံေပ်ာက္တယ္ဆိုၿပီး ဆရာမကို သြားတိုင္တယ္။ လြယ္အိတ္ေတြထုတ္စစ္လို႔ ဟို ေကာင္မ ေလးေတြ လြယ္အိတ္ထဲမွာ ပုတ္သင္ညိဳေတြ႕ရင္ ကြၽန္ေတာ္တို႔ ပ်ာၿပီ ေပါ့။ သြားၿပီ။
ဆရာမက လြယ္အိတ္တစ္အိတ္စီကို ေသေသခ်ာခ်ာ စစ္ပါ တယ္။ စာအု္ပ္ေတြ အကုန္ထုပ္၊ စာ႐ြက္ေတြ လွန္ျပ၊ အားလုံး လုပ္ ၾကရတယ္။ ေတာ္ေသးတာက မိန္းကေလးေတြ တန္းကိုေတာ့ ဆရာမ က အရင္မစစ္တာပဲ။ ေလးတန္းေလာက္ စစ္အၿပီး ငါးတန္းေျမာက္ကို ေရာက္တဲ့အခ်ိန္မွာ ဘယာေၾကာ္က မတ္တပ္ထရပ္တယ္။
““ဆရာမ...ကြၽန္ေတာ့္မွာ အိမ္ကေပးလိုက္တဲ့ ပိုက္ဆံ ငါးဆယ္ ရွိပါတယ္””
““ဘာကြ...မင္းအိမ္က ေပးလိုက္တာ ဟုတ္လား””
““ဟုတ္ပါတယ္ ဆရာမ””
““ဘယ္ေလာက္လဲ””
““ငါးဆယ္ပါ””
ဆရာမ ေတာ္ေတာ္တည္သြားတယ္။ ဘယာေၾကာ္ကိုလည္း တင္းတင္းမာမာ ခက္ခက္ထန္ထန္ႀကီးကို ၾကည့္တယ္။
““ေက်ာ္ျမင့္ေပ်ာက္တာလဲ ငါးဆယ္...မင္းအိမ္က ေပးလိုက္ တာလဲ ငါးဆယ္..ပိုက္ဆံေပ်ာက္တယ္လို႔ ေျပာကတည္းက မထဘဲ အခုစစ္ခါနီးက်ေတာ့မွ ဘာျဖစ္လို႔ေျပာရတာလဲ...လြယ္အိတ္ယူၿပီး ေရွ႕ကိုထြက္ခဲ့စမ္း””
တစ္တန္းလုံး ပိုၿပီးၿငိမ္သြားတယ္။ ဘယာေၾကာ္ကို ဝိုင္းၾကည့္ ေနၾကတဲ့ မ်က္လုံးေတြက မယုံသကၤာစရာ လူတစ္ေယာက္ေပါ့ေလ။ ဘယာေၾကာ္ကို ယုံတာဆိုလို႔ ကြၽန္ေတာ္တို႔ ႏွစ္ေယာက္ပဲရွိတယ္။ ဒါ တိုက္ဆိုင္မႈသက္သက္။ ဟိုေကာင္ ပ်ားတုပ္ လုံးဝပိုက္ဆံ မေပ်ာက္ ဘူး။
““ကဲ...မင္းအိမ္က ဘယ္ေလာက္ခ်မ္းသာလို႔ မင္းကို ပိုက္ဆံ ငါးဆယ္ေပးရတာလဲ””
ဆရာမေျပာတာ သဘာဝက်ပါတယ္။ ကြၽန္ေတာ္တို႔ ရွစ္တန္း ေက်ာင္းသားဆိုတာ မုန္႔ဖိုးငါးမူးေလာက္ပဲ ရတတ္တာ။ ခ်မ္းသာ လြန္းမွ ႏွစ္က်ပ္ေပါ့။
““ကြၽန္ေတာ့္ကိုေပးတာ မဟုတ္ပါဘူး ဆရာမ...ေက်ာင္းက ျပန္ရင္ ဆီရယ္၊ ပဲရယ္ ဝယ္ဖို႔ အေမက ေပးလိုက္တာပါ””
ဒါ အမွန္ဆုံးစကားပဲ။ ဘယာေၾကာ္တို႔အေမက အေၾကာ္ ေရာင္းတာကိုး။ ေက်ာင္းကျပန္ရင္ ပြင့္ေကာင္းကုန္စုံဆိုင္မွာ ဒီေကာင္ အၿမဲ ဆီနဲ႔ပဲဝယ္ၿပီးျပန္တာ ကြၽန္ေတာ္တို႔ ေတြ႕ဖူးတာပဲ။ ဘယာေၾကာ္ တို႔အိမ္က အေၾကာင္းေရာင္းတယ္ဆိုတာကို ဆရာမလည္း သိေတာ့ စဥ္းစားရက်ပ္ေနတယ္။
““မင္းေက်ာင္းကိုေရာက္ေတာ့ အဲဒီပိုက္ဆံကို ဘယ္သူ႔ကို ထုတ္ျပေသးလဲ””
““မျပမိဘူး ဆရာမ””
ဆရာမ ဘာေျပာရမွန္းမသိေတာ့။ ဘယာေၾကာ္ လြယ္အိတ္ ကိုရွာတယ္။ အေရွ႕ဆုံး စတိတ္ခုံေပၚက ဆရာထိုင္တဲ့ခုံမွာ ႀကိမ္ျခင္း နဲ႔ ကြယ္ၿပီးရွာတာပါ။ တစ္ခန္းလုံးၿငိမ္ၿပီး ဆရာမကိုပဲ ၾကည့္ေနၾက တယ္။
““အင္း..ပိုက္ဆံေတြ႕ၿပီ ငါးဆယ္ပဲ””
ဆရာမ စကားဆုံးေတာ့ တီးတိုးသံေတြနဲ႔ အခန္းဟာ ဆူညံ သြားတယ္။ ဆရာမက တိတ္စမ္းလို႔ မေျပာပါဘူး။ သူ ကိုယ္တိုင္ ေဘးမွာ လူရွိရင္လည္း ဒီလိုပဲ ေျပာမွာမဟုတ္လား။ ကြၽန္ေတာ္နဲ႔ ေပါက္စီလည္း ေၾကာင္သြားတယ္။ လြယ္အိတ္ထဲက ပုတ္သင္ညိဳေတြ ဘာေတြေမ့ၿပီး ပ်ားတုပ္ တကယ္ ပိုက္ဆံေပ်ာက္တာလား၊ ဘယာ ေၾကာ္က ခိုးတာလားေတြ ဘာေတြ ျဖစ္ကုန္တယ္။ ေပ်ာက္တာက လည္း ငါးဆယ္၊ ဘယာေၾကာ္ အိတ္ထဲက ေတြ႕တာကလည္း ငါးဆယ္ ပဲမဟုတ္လား။ အဲဒီတိုက္ဆိုင္မႈက နည္းတာမွတ္လို႔။ ပ်ားတုပ္ ပိုက္ဆံ မေပ်ာက္ဘဲ ရမ္းေျပာတာဆို ဒီေလာက္လာမတူႏိုင္ဘူးေပါ့။ ဒါေပမယ့္ ဘယာေၾကာ္ဆိုတာကလည္း ဒါမ်ိဳးမရွိတဲ့ ႐ိုး႐ိုးသားသား ေက်ာင္းသား ဆင္းရဲတာမွန္ေပမယ့္ ဒါမ်ိဳးေတာ့လုပ္မွာမဟုတ္ဘူး။
““ကဲ ေက်ာ္ျမင့္ ...မင္း ေရွ႕ကို ထြက္ခဲ့စမ္း””
ကြၽန္ေတာ့္ နံေဘးနားကထြက္ေနၿပီး ဆရာမဆီကိုသြားတဲ့ ပ်ားတုပ္မ်က္ႏွာကို ဝိုင္းၾကည့္ေတာ့ ခပ္တည္တည္ပဲ။
““ေက်ာ္ျမင့္...မင္းမွာ ပိုက္ဆံပါလာတာ ဘယ္သူ႔ကို ျပ ေသးလဲ””
““ဘယ္သူ႔မွ မျပဘူး ဆရာမ””
““ဘယ္အခ်ိန္က ေပ်ာက္တာသိတာလဲ””
““မုန္႔စားေက်ာင္းတက္ေတာ့မွ သိတာပါ””
““မင္း ပိုက္ဆံကို ဘယ္မွာထားတာလဲ””
““လြယ္အိတ္ထဲမွာပါ””
““ဒါဆို မင္းလြယ္အိတ္ သြားယူခဲ့စမ္း””
ပ်ားတုပ္ လြယ္အိတ္ယူၿပီး ဆရာမက ေသေသခ်ာခ်ာ ရွာပါ တယ္။ ဘာမွမေတြ႕ဘူး။ ကြၽန္ေတာ္တို႔လည္း ကိုယ့္ျပႆနာ ကိုယ္ေမ့ ၿပီး ဘာဆိုတဲ့အေျဖကို အမ်ိဳးမ်ိဳးေတြ႕ၾကည့္ပါတယ္။ ပ်ားတုပ္က တကယ္ေပ်ာက္တာဆိုရင္ကြၽန္ေတာ္တို႔ျပႆနာက ၿပီးၿပီ။ ေတာ္ပါ ေသးရဲ႕ေပါ့။ ဒါေပမယ့္ ဘယာေၾကာ္ဆိုတဲ့ေကာင္ တကယ္မခိုးဘူးလို႔ လည္း ကြၽန္ေတာ္က ထင္ခ်င္ေသးတယ္။
““ကဲ...ေက်ာ္ျမင့္ မင္းလြယ္အိတ္ထဲမွာေတာ့ ဘာမွ မရွိ ဘူး...မင္း ဒီပိုက္ဆံ ဘယ္ကရတာလဲ””
““အိမ္လာလည္တဲ့ ဦးေလးက မုန္႔ဖိုးေပးတာပါ””
““မင္း အဲဒီပိုက္ဆံနဲ႔ ဘာဝယ္စားေသးလဲ””
““ဘာမွ မစားဘူး ဆရာမ””
““ဟုတ္ၿပီ...အခု သူ႔အိတ္ထဲက ပိုက္ဆံငါးဆယ္ေတြ႕ထား တယ္..ကဲ ေပ်ာက္သြားတဲ့ မင္းပိုက္ဆံငါးဆယ္က ဘာတန္ေတြလဲ””
ဆရာမစကားအဆုံး ပ်ားတုပ္ တြန္႔သြားပုံက သူ႔ကို ဝါး႐ုံပင္က ပ်ားတုပ္ခံရတုန္းက အတိုင္းပါပဲ။ ေတာ္ေတာ္နဲ႔ ျပန္မေျပာႏိုင္ ဘဲ စဥ္းစားေနတယ္။ ဆရာမ မ်က္ႏွာက ဝင္းခနဲ တစ္ခ်က္ၿပဳံးၿပီး ေၾကာက္စရာ ေကာင္းေလာက္ေအာင္ ျပန္တည္သြားတယ္။
““ကဲ..ေျပာေလ ေက်ာ္ျမင့္... ကိုယ္ေပ်ာက္တဲ့ ပိုက္ဆံကဘာတန္ေတြဆိုတာေတာ့ မင္း သိရမွာေပါ့...ကဲ...ေျပာ...ေျပာစမ္း””
““ဟို...ဟို ဆယ္တန္ငါး႐ြက္ ဆရာမ””
““ဆယ္တန္ငါး႐ြက္..ဟုတ္ၿပီ မင္းကို အဲဒီပိုက္ဆံ ဘယ္သူ က ေပးတာ...””
““ကြၽန္ေတာ့္ အေဖပါ””
““ခုနကေျပာေတာ့ အိမ္လာလည္တဲ့ ဦးေလးဆိုကြ””
““ဟာ...ဟို...မဟုတ္ဘူး...ဟုတ္တယ္ ဆရာမ... ဦးေလး က ေပးတာ...အေဖ့ကို ေပးသြားတာ...အေဖကမွ ကြၽန္ေတာ့္ကို ေပးတာ””
““ရၿပီ...ရၿပီ...ကဲ...””
ဆရာမက ဘယာေၾကာ္ဘက္ကို လွည့္ၾကည့္ၿပီး ေမးတယ္။
““မင္းအိတ္ထဲက ပိုက္ဆံေတြက ဘာတန္ေတြလဲ””
““ဆယ္တန္ႏွစ္႐ြက္၊ ငါးက်ပ္တန္ေလး႐ြက္၊ က်ပ္တန္ရွစ္႐ြက္ နဲ႔ အေႂကြႏွစ္က်ပ္ပါ ဆရာမ””
ဇာတ္လမ္းက အဲဒီမွာတင္ ၿပီးသြားတယ္။လြယ္အိတ္ေတြလည္း ဆက္မရွာေတာ့ဘူး။ ဘယာေၾကာ္က သူ႔ပိုက္ဆံကိုျပန္ရၿပီး ကြၽန္ေတာ္တို႔ကိုခြၽန္ဖို႔ ဇာတ္လမ္းလုပ္တဲ့ ပ်ားတုပ္လည္း ဆရာမႀကိမ္လုံးက သူ႔ကိုတုပ္သြားတဲ့အျပင္ ဘယာ ေၾကာ္ရဲ႕ ပိုက္ဆံကို မတရားလိုခ်င္လို႔ တမင္လိမ္ေျပာတာဆိုတဲ့ နာမည္ဆိုးပါ ပ်ားတုပ္ ထပ္ရသြားတယ္။
ေနာက္ေန႔ ေက်ာင္းျပန္တက္ေတာ့ လွလွစိုးေရာ၊ ျဖဴျဖဴသန္း ေရာ ကြၽန္ေတာ္တို႔ကို ဘာမွမေျပာၾကဘူး။ မ်က္ေစာင္းေတြ လွိမ့္ထိုးေန တာပဲရွိတယ္။ ဆရာမနဲ႔လည္း မတိုင္ဘူး။ ေပါက္စီက မေက်မနပ္နဲ႔။
သူ ေနလို႔မရဘူးျဖစ္ေနတယ္။
““ေဟ့ေကာင္ ပုတ္သင္ညိဳကိစ္ၥ ဘာမွမေျပာဘူးကြ...စိတ္ လည္း မဆိုးဘူး””
““မေတြ႕လို႔ ေနမွာေပါ့ကြ””
““မေတြ႕ဘဲနဲ႔ေတာ့ မေနဘူးကြ...ေတြ႕ကို ေတြ႕ရမွာ.. အခ်ိန္ စာရင္းနဲစာအုပ္ထည့္ရင္ ေတြ႕မွာပဲ...လြယ္အိတ္ထဲမွာပဲကြာ... လြဲကို မလြဲဘူး””
အေျဖရွာမရေပမယ့္ ကြၽန္ေတာ္တို႔ သြားလည္းမေမးရဲပါဘူး။လြန္ခဲ့တဲ့ ႏွစ္ႏွစ္ေလာက္ကမွ သိရတာက အဲဒီတုန္းကလွလွစိုး ပုတ္သင္ညိဳကို စာအုပ္ထုတ္ရင္းေတြ႕ေတာ့ ေသးေတာင္ ပါတယ္ဆိုပဲ။ ျဖဴျဖဴသန္းက တက္သြားတာတဲ့။ ဘာျဖစ္လို႔ အခုမွသိရ သလဲဆိုေတာ့ ကံတရားရဲ႕ထုံးစံအတိုင္း ေပါက္စီနဲ႔ ျဖဴျဖဴသန္းနဲ႔ ညား တာကိုး။ လွလွစိုးကေတာ့ နယ္မွာ ေက်ာင္းဆရာမျဖစ္ေနတယ္။ အိမ္ေထာင္လည္းက်ၿပီတဲ့။
““ေဟ့ေကာင္ စာကေလး...မ်ိဳး႐ိုးေတာ့ရွိတယ္ကြ... ငါ့သား အလတ္က ပုတ္သင္ညိဳဖမ္း သိပ္ေတာ္တာ”” လို႔ ကြၽန္ေတာ့္ကို ေပါက္စီက ႂကြားသြားပါတယ္။ဆက္ေမးေတာ့ ပ်ားတုပ္က ေရွ႕ေန႔လုပ္ေနသတဲ့။ ဆရာမ က စစ္ေဆးေမးျမန္ၿပီးေတာ့ အေျဖမတတ္တဲ့ ဒီေကာင္ဟာ အဲဒီက တည္းက ေရွ႕ေနစာအုပ္ေတြမ်ား ဖိဖတ္လိုက္သလားမသိဘူး။ ဒီေကာင္ နဲ႔ ေတြ႕ရင္ ျပန္ေမးရဦးမယ္။ ဘယာေၾကာ္ကေတာ့ စကၤာပူမွာတဲ့။
ဘာပဲျဖစ္ျဖစ္ ငယ္႐ြယ္႐ိုးသားစဥ္က လြယ္အိတ္ထဲက လြဲခဲ့တာ တစ္ခုကို ကြၽန္ေတာ္ အမွတ္တရ မွတ္တမ္းအျဖစ္နဲ႔ ေရးတာပါ။ဘာျဖစ္လို႔လည္းဆိုေတာ့ သူတို႔ စာကေလးလို႔ေခၚတဲ့ ရဲဝင္းက စာေရးဆရာျဖစ္ေနတာကိုး။
ဆရာနီကိုရဲ လြယ္အိပ္ထဲမွအလြယ္မ်ား စာအုပ္မွ

Clicked💫
ReplyDeleteDone 🍀
ReplyDeleteDone again 🍀
DeleteDone 💪
ReplyDelete
ReplyDeleteကြယ်ကြွေညတွေကိုပဲ ငေးးးး နေတော့မှာလား?
အရုဏ်ကို ပုတ်နှိုး အလင်းရောင်ပျိုးကြပါစို့
Nice article
DeleteDone
ReplyDelete်အ👍👍👍
ReplyDeleteDone
ReplyDelete🤣❤️
ReplyDelete