အိမ်သာတစ်လုံး အလိုရှိသည်
“အိမ်သာ” ဆိုသော ဝေါဟာရ၏ အဓိပ္ပာယ်ကို တစ်ခါမျှ နက်နက်နဲနဲ မစဉ်းစားမိခဲ့ဖူးချေ။ ဆိုးသွမ်းသောလူ ကို လူဆိုးဟု ခေါ်ကြသည်။ ရူးနေသောခွေးကို ခွေးရူးဟု ခေါ်ကြသည်။သို့ဖြစ်လျှင် အိမ်သာဆိုသည်မှာ သာယာသော အိမ်ကလေး။
အိမ်သာတဲ့။ ဘယ်လောက် လှသော နာမည်လေးပါလဲ။ အကယ်၍သာ ထိုစကားလုံးကလေးသည်ယခု လက်ရှိအသုံးပြုနေသော အနက်အဓိပ္ပာယ်မျိုး မဟုတ်ခဲ့လျှင် ကလောင်နာမည် အဖြစ်တောင်မှည့်ခေါ်ဖို့ ကောင်းသေးတော့သည်။ “မောင်အိမ်သာ”။ ကဗျာဆန်လိုက်လှပေသည်။ ကိုယ်ကိုယ်တိုင်ပင် ထိုကလောင်အမည်ကို ယူချင် ယူ့ဖြစ်ခဲ့ပါလိမ့်မည်။
ခုတော့ အညစ်အကြေးစွန့်သော နေရာကိုမှ ထိုနာမည် လှလှကလေး ပေးထားခဲ့ကြသည်။
ဘာကြောင့်လဲ။
မြန်မာတို့သည် အလွန် ယဉ်ကျေးဖွယ်ရာသော လူမျိုး၊ စိတ်မချမ်းသာစရာကိုပင် နားခံသာအောင် ပြောတတ်သည့်လူမျိုး ဖြစ်သည်။ သေဆုံးခြင်းကို ကွယ်လွန်သည်၊ အနိစ္စရောက်သည်ဟု သုံးနှုန်းကြသည်။
ဘဝတစ်ပါးသို့ ပြောင်းသွားသည် ဟူ၍ ကျန်ရစ်သူတွေ စိတ်ဖြေသာအောင် ပြောတတ်ကြသေးသည်။
ယုတ်စွအဆုံး အလွန် စက်ဆုပ်ဖွယ်ကောင်းသော ပုဒ်မ ၃၇၆ ကိုတောင် အဓမ္မပြုကျင့်မှုဟု နားဝင်ချိုအောင်ဆိုတတ်ပေသေးသည်။
အိမ်သာကိစ္စမှာလည်း ထို့အတူပင် ဖြစ်လိမ့်မည်။ အညစ်အကြေး စွန့်ပစ်ရာ ရွံရှာဖွယ်ကောင်းသောနေရာကို မသတီစရာ မဖြစ်အောင် စကားလုံးလှလှဖြင့် ဖုံးကွယ် တန်ဆာဆင်ပေးလိုက်ခြင်း ဖြစ်နိုင်သည်။
နောက်တစ်ချက်က ချစ်ခြင်းမယား ရည်းစားလူလုတာလို ခံရခက်သော ဝေဒနာထဲတွင် ဝမ်းထဲကရစ်ရစ်နာနေပြီး မအောင့်နိုင် မအည်းနိုင် ဖြစ်နေစဉ် စွန့်ပစ်စရာ နေရာရှာလို့ မတွေ့ခြင်းသည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။ ထိုသို့သော အချိန်အခါမျိုးမှာ အိမ်သာတစ်လုံးကို တွေ့လိုက်ရလျှင် စိတ်ထဲမှာ ဘယ်လောက် ကြည်နူးသွားသည်ကို လူတိုင်း ကြုံဖူးကြပါလိမ့်မည်။ ထို့ကြောင့်လည်း အိမ်သာမည်ပေသည်။ အိမ်သာဆိုသော ဝေါဟာရကို စတင်တီထွင်ခဲ့သူကို ချီးကျူးထိုက်ပါ၏။
ကျွန်တော်သည် ငယ်ငယ်ကတည်းက အိမ်သာကို စိတ်ဝင်စားခဲ့သည်။ ကလေးဘဝ နောက်ဖေးကိုအိုးကလေးနှင့် ထိုင်ခဲ့ရစဉ်က လူကြီးတွေလို အိမ်သာထဲ ဝင်ချင်လိုက်သည်မှာ ကျွန်တော်၏ အကြီးမားဆုံး ရည်မှန်းချက်တွေထဲမှာ တစ်ခုအပါအဝင်ဟု ဆိုလောက်သည်။
ပထမဆုံးအကြိမ် အိမ်သာထဲ ဝင်ထိုင်ခွင့် ရခဲ့စဉ်က စိတ်လှုပ်ရှားရမှုသည် ကျောင်းစတက်သောနေ့၊ချစ်သူနှင့် စတွေ့ရသော နေ့တို့နှင့် နှိုင်းယှဉ်နိုင်သည်။ ကျောင်းမှာ သူငယ်ချင်းနှင့်အတူ အိမ်သာ တစ်ပေါက်တည်းမှာ ကျောချင်းကပ်ထိုင်ရင်း စကားတပြောပြော လုပ်ရခြင်းကိုလည်း ဘယ်တော့မှ မမေ့။
အလုပ်ကို အပြင်းအထန်လုပ်ခြင်း၊ စည်းစနစ်ကြီးခြင်းတို့တွင် အဖေ့အမွေကို မရရှိခဲ့သော်လည်းအိမ်သာတက်ရာမှာတော့ အဖေ့ခြေရာကို နင်းနိုင်သူ ဖြစ်လေသည်။ အဖေသည် အိမ်သာတက်လျှင် သတင်းစာတွေ ယူသွားပြီး ကုန်အောင်ဖတ်လေ့ရှိသည်။ နာရီဝက် တစ်နာရီ ကြာသည်။ နောက်ပိုင်းသတင်းစာတွေ စာမျက်နှာ လျှော့လိုက်သောအခါ တိုင်း၊ နယူးစ်ဝိ မဂ္ဂဇင်းများဖြင့် အားဖြည့်ခဲ့သည်။
ကျွန်တော်သည်လည်း အိမ်သာသွားလျှင် တစ်ခုခုတော့ ဖတ်လိုက်ရမှ ကျေနပ်တတ်လေသည်။ကျွန်တော့်အကျင့်က ဆေးလိပ်မသောက်ရသေးလျှင် အိမ်သာသွားချင်စိတ် မပေါ်။ သတင်းစာ မလာသေးလျှင်လည်း အိမ်သာဝင်လို့ မရ။ မနေ့က ပိတ်ရက်မို့ ဒီနေ့ သတင်းစာ မလာလျှင် အတော်ဒုက္ခရောက်သည်။ မဂ္ဂဇင်းဖြစ်ဖြစ်၊ တခြားစာအုပ်ဖြစ်ဖြစ် ဖတ်စရာ တစ်ခုခုတွေ့လျှင် တော်သေးသည်။
ဘာမှ ဖတ်စရာမရှိလျှင် ကျွန်တော် ဝမ်းချုပ်သောနေ့ပင် ဖြစ်၏။
အိမ်သာထဲမှာ စာဖတ်ရခြင်းသည် ပက်လက်ကုလားထိုင်ပေါ်မှာ ဖတ်ရခြင်းလောက်သက်တောင့်သက်သာ မရှိတာ မှန်သည်။ သို့ရာတွင် သူကလည်း တစ်မျိုးသော ရသကို ဖြစ်ပေါ်စေသည်။ကျွန်တော် အိမ်သာသွားလျှင် လွတ်လွတ်လပ်လပ် နားအေးပါးအေး သွားချင်သည်။ အပြင်က ဆူဆူညံညံ အသံတွေ ကြားနေလျှင် စိတ်မဖြောင့်။ တစ်ခါတစ်ရံ ည လူခြေတိတ်ချိန်ကျမှ စာအုပ်တစ်အုပ်ကို စိမ်ပြေနပြေ ဖတ်ရင်း အိမ်သာဝင်ရတာကို သိပ်သဘောကျသည်။
အိမ်သာတစ်လုံး အနေဖြင့် ကျွန်တော်အကြိုက်ဆုံး အနေအထားကား အိမ်နောက်ဘက်မလှမ်းမကမ်းရှိ မြေကွက်လပ်တစ်ခုတွင် ဝါးထရံကာ၊ အထပ်သားမိုးထားသော ပုံစံဖြစ်သည်။ အိမ်သာသို့ သွားရာလမ်းကြောင်းသည် ကွေ့ကွေ့ကောက်ကောက်ကလေး။ စိန်ပန်း သို့တည်းမဟုတ် စွယ်တော်ပင်တစ်ပင်က အုပ်မိုးနေရမည်။ မိုးကလေး တဖြောက်ဖြောက်ရွာနေလျှင် ပိုကောင်းသည်။
ကျွန်တော့်စိတ်ကူးဖြင့် ဆောက်ထားသည့် အိမ်သာကလေး တစ်လုံးပင်တည်း။
လူတော်တော်များများသည် လူပျိုပေါက်၊ အပျိုပေါက် ဘဝက အိမ်သာထဲမှာ ရည်းစားစာ ခိုးဖတ်ခဲ့ဖူး ကြပါလိမ့်မည်။ ရေမွှေးနံ့ သင်းပျံ့သော၊ ပန်းပွင့်ပုံ၊ လိပ်ပြာပုံတို့ ပါသော အပြာရောင်၊ အဝါရောင် စာရွက်ကလေးများသည် အိမ်သာနှင့် မလိုက်ဖက်လှသော်လည်း ထို့ထက် လုံခြုံစိတ်ချရသောနေရာ မရှိပြီ။
ကျွန်တော်ငယ်စဉ် ကဗျာစရေးကာစတုန်းက တခြားလူတွေ မြင်မှာ၊ သိမှာကို ရှက်သည်။ ကျွန်တော့်ကဗျာတွေကို ဖတ်ပြီး ဟားတိုက်ရယ်မောကြမှာကို ကြောက်သည်။ ထို့ကြောင့် အိမ်သာထဲဝင်၍ ချစ်သူ၏ ပါးပြင်မှ သနပ်ခါးမှုန့်များ အကြောင်း၊ သွယ်လျသော လက်ချောင်းကလေးများနှင့် ရွှေဝါရောင် မွေးညင်းကလေးများ အကြောင်းကို ကဗျာရေးခဲ့လေသည်။
ကျွန်တော့် သူငယ်ချင်း ပန်းချီဆရာတစ်ယောက် ဆိုလျှင် လူကြီးတွေ မသိအောင် အိမ်သာထဲမှာပန်းချီခိုးဆွဲရင်း လေ့ကျင့်ခဲ့ရသည်ဟု ပြောဖူးသည်။ ခုတော့ သူသည် နာမည်ကျော်ပန်းချီဆရာ တစ်ယောက် ဖြစ်နေပြီ။
နောက်သူငယ်ချင်း ပန်းချီဆရာတစ်ယောက်ကတော့ သူ့အတွက် လုံခြုံမှု၊ စိတ်ချရမှု၊ ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိမှုတို့ကို ပေးခဲ့သော အိမ်သာကို ဂုဏ်ပြုသောအားဖြင့် အိမ်သာတစ်လုံး၏ အတွင်းပိုင်းရှုခင်းပုံကို ဆီဆေးပန်းချီကား တစ်ချပ်အဖြစ် တခမ်းတနား ရေးဆွဲဂုဏ်ပြုခဲ့သည်။
ကျွန်တော်သည် မီးရထားဖြင့် အကြိမ်ကြိမ် ခရီးသွားခဲ့ဖူးသည်။ တွဲသစ်၊ တွဲဟောင်း၊ တွဲအိုမျိုးစုံအောင် စီးဖူးသည်။ ရိုးရိုးတန်း၊ အထက်တန်း၊ အထက်တန်းအိပ်ခန်း တို့ကိုလည်း စုံအောင် စီးဖူးသည်။
ရိုးရိုးတန်း ထိုင်ခုံများသည် ထိုင်ရတာ သက်တောင့်သက်သာ မရှိ။ ညရထားဆိုလျှင် အိပ်ဖို့အခက်အခဲ ရှိသည်။ အရမ်း အိပ်ချင်လွန်းတော့မှ ကြမ်းပြင်ပေါ် တစ်ခုခုခင်းပြီး မသက်မသာ အိပ်ရသည်။တချို့ ရထားတွေကျတော့ ခုံတန်းနှစ်ခုကြားမှာ လူတွေ၊ ကုန်တွေ အပြည့်အသိပ် ပါလာတတ်သည်။
ထိုင်ရတာတောင် မလူးသာ မလွန့်သာ။
အထက်တန်းတွဲတွေကျတော့ ဇိမ်ကျကျ သွားနိုင်သည်။ ခုံတွေက ကျယ်သည်။ တွဲသစ်က ခုံတွေဆိုလျှင် ဆိုဖာက အိအိစက်စက်၊ ခုံတစ်ခုံတိုင်းမှာ ဆေးလိပ်ခွက်၊ စားပွဲငယ် အရှင်တစ်ခု ပါသည်။ ရှေ့မှာ ခြေတင်စရာ ပါသည်။ အိပ်ချင်လျှင် ထိုင်ခုံနောက်မှီကို ပက်လက်ကုလားထိုင်လို လှန်ချလို့ရသည်။
အိပ်ခန်းဆိုတာကတော့ ပြောစရာတောင် မလို။ ကိုယ့်အခန်းနှင့် ကိုယ်၊ လေးယောက်တစ်ခန်း၊နှစ်ယောက်တစ်ခန်း၊ သီးသီးသန့်သန့် အိပ်ချင်လျှင် စင်ပေါ်တက်ပြီး အိပ်လိုက်ရုံပင်။ ရထားက ဘယ်ညာယိမ်းထိုးနေသဖြင့် ပုခက်ထဲထည့်ပြီး ချော့သိပ်ခြင်းကို ခံရသလို ငြိမ့်နေသည်။ ရထားသံ ဂျုံးဂျုံးဂျက်ဂျက် ကလည်း စည်းဝါးကျကျ သီချင်းဆိုပြနေသလို အတော် စည်းစိမ်ကြီးလေသည်။
ရိုးရိုးတန်း၊ အထက်တန်း ဘယ်လိုပဲကွာကွာ၊ တူညီတာ တစ်ခုတော့ ရှိသည်။ တွဲတိုင်း တွဲတိုင်းမှာ ရှိသော အိမ်သာများသည် ကြွေကျောက် ခြေနင်းခုံများနှင့် မြေပြင်ကို ဒိုးယိုပေါက်မြင်နေရသော
ပြွန်ပေါက်တစ်ခု တပ်ထားသည်ချည်း ဖြစ်ခြင်းပင်။
မှန်၏။ အိမ်သာမှာ ဆိုဖာတပ်လို့မှ မရတာပဲလေ။
“ကျုပ်ကို အိမ်သာလို သဘောထားကြတယ်၊ အရေးကြုံမှပဲ သတိရတတ်ကြတယ်၊ကိစ္စလည်းပြီးရော အမြန်ဆုံး ပြန်ထွက်ချင်ကြတယ်၊ လှည့်ကြည့်ဖော်တောင် မရတော့ဘူး”
ဥပမာဆောင်၍ ပြောတတ်ကြသည်။ လူတို့ကသာ အိမ်သာနှင့် နှိုင်း၍ ပြောကြသော်လည်း အိမ်သာ ကိုယ်တိုင်ကျတော့ ဘယ်သောအခါမှ စိတ်မဆိုးတတ်ချေ။ သူ့ကို မေ့နေလို့လည်း စိတ်မနာ။ သူ့ဆီရောက်လာသူကိုလည်း စကားနာ မထိုး။ အရေးပေါ် ရောက်ရှိသူတိုင်းကို သဘောထားကြီးစွဆီးကြိုသည်ချည်း ဖြစ်သည်။
အိမ်သာသည် မျက်နှာကြီးငယ် မလိုက်တတ်။ မည်သူ၏ ပစ္စည်းကို နေရာကောင်းကောင်းပေးမည်၊
မည်သူ့ ပစ္စည်းတော့ ချောင်ထဲ ပို့ထားမည် ဟူ၍ မရှိချေ။
သုဿာန်တွေမှာမှ နေရာကောင်း မကောင်း၊ တွင်း အတိမ်အနက် ခွဲခြားမှု ရှိတတ်သေးသည်။ မီးသဂြိုဟ်ရာမှာလည်း အရိုးကျရုံလောက်သာ ရှို့ချင် ရှို့လို့ရသည်။
အရိုးပြာကို ပြန်လိုချင်လို့ ရသေးသည်။
အိမ်သာကတော့ မည်သူ၏ ပစ္စည်းကိုမှ ပြန်လည်ထုတ်ပေးရိုး ထုံးစံမရှိ။
အိမ်သာသည် တစ်ပါးသူ၏ ရွံရှာဖွယ် အညစ်အကြေး မှန်သမျှကို ကြည်ဖြူစွာ လက်ခံသည်။
သူ့ကိုယ်သူ အညစ်အနွမ်းခံ၍ လူအများ၏ သန့်ရှင်းရေး၊ စိတ်ချမ်သာရေးအတွက် ကိုယ်ကျိုးစွန့်ဆောင်ရွက်ပေးသည်။
သူသည် သစ္စာရှိသည်။ ရိုးသားသည်။ နားလည်တတ်သည်။ အနစ်နာခံသည်။
ခွင့်လွှတ်တတ်သည်။ အဆင့်အတန်း ခွဲခြားမှု လုံးဝမရှိ။
ကျွန်တော်သည် အိမ်သာတစ်လုံး အလိုရှိပါသည်။
(ချယ်ရီ မဂ္ဂ္ဂဇင်း၊ သြဂုတ်၊ ၁၉၈၇)
“အိမ္သာ” ဆိုေသာ ေဝါဟာရ၏ အဓိပၸာယ္ကို တစ္ခါမွ် နက္နက္နဲနဲ မစဥ္းစားမိခဲ့ဖူးေခ်။ ဆိုးသြမ္းေသာလူ ကို လူဆိုးဟု ေခၚၾကသည္။ ႐ူးေနေသာေခြးကို ေခြး႐ူးဟု ေခၚၾကသည္။သို႔ျဖစ္လွ်င္ အိမ္သာဆိုသည္မွာ သာယာေသာ အိမ္ကေလး။
အိမ္သာတဲ့။ ဘယ္ေလာက္ လွေသာ နာမည္ေလးပါလဲ။ အကယ္၍သာ ထိုစကားလုံးကေလးသည္ယခု လက္ရွိအသုံးျပဳေနေသာ အနက္အဓိပၸာယ္မ်ိဳး မဟုတ္ခဲ့လွ်င္ ကေလာင္နာမည္ အျဖစ္ေတာင္မွည့္ေခၚဖို႔ ေကာင္းေသးေတာ့သည္။ “ေမာင္အိမ္သာ”။ ကဗ်ာဆန္လိုက္လွေပသည္။ ကိုယ္ကိုယ္တိုင္ပင္ ထိုကေလာင္အမည္ကို ယူခ်င္ ယူ႔ျဖစ္ခဲ့ပါလိမ့္မည္။
ခုေတာ့ အညစ္အေၾကးစြန႔္ေသာ ေနရာကိုမွ ထိုနာမည္ လွလွကေလး ေပးထားခဲ့ၾကသည္။
ဘာေၾကာင့္လဲ။
ျမန္မာတို႔သည္ အလြန္ ယဥ္ေက်းဖြယ္ရာေသာ လူမ်ိဳး၊ စိတ္မခ်မ္းသာစရာကိုပင္ နားခံသာေအာင္ ေျပာတတ္သည့္လူမ်ိဳး ျဖစ္သည္။ ေသဆုံးျခင္းကို ကြယ္လြန္သည္၊ အနိစၥေရာက္သည္ဟု သုံးႏႈန္းၾကသည္။
ဘဝတစ္ပါးသို႔ ေျပာင္းသြားသည္ ဟူ၍ က်န္ရစ္သူေတြ စိတ္ေျဖသာေအာင္ ေျပာတတ္ၾကေသးသည္။
ယုတ္စြအဆုံး အလြန္ စက္ဆုပ္ဖြယ္ေကာင္းေသာ ပုဒ္မ ၃၇၆ ကိုေတာင္ အဓမၼျပဳက်င့္မႈဟု နားဝင္ခ်ိဳေအာင္ဆိုတတ္ေပေသးသည္။
အိမ္သာကိစၥမွာလည္း ထို႔အတူပင္ ျဖစ္လိမ့္မည္။ အညစ္အေၾကး စြန႔္ပစ္ရာ ႐ြံရွာဖြယ္ေကာင္းေသာေနရာကို မသတီစရာ မျဖစ္ေအာင္ စကားလုံးလွလွျဖင့္ ဖုံးကြယ္ တန္ဆာဆင္ေပးလိုက္ျခင္း ျဖစ္ႏိုင္သည္။
ေနာက္တစ္ခ်က္က ခ်စ္ျခင္းမယား ရည္းစားလူလုတာလို ခံရခက္ေသာ ေဝဒနာထဲတြင္ ဝမ္းထဲကရစ္ရစ္နာေနၿပီး မေအာင့္ႏိုင္ မအည္းႏိုင္ ျဖစ္ေနစဥ္ စြန႔္ပစ္စရာ ေနရာရွာလို႔ မေတြ႕ျခင္းသည္လည္း တစ္ခုအပါအဝင္ ျဖစ္သည္။ ထိုသို႔ေသာ အခ်ိန္အခါမ်ိဳးမွာ အိမ္သာတစ္လုံးကို ေတြ႕လိုက္ရလွ်င္ စိတ္ထဲမွာ ဘယ္ေလာက္ ၾကည္ႏူးသြားသည္ကို လူတိုင္း ႀကဳံဖူးၾကပါလိမ့္မည္။ ထို႔ေၾကာင့္လည္း အိမ္သာမည္ေပသည္။ အိမ္သာဆိုေသာ ေဝါဟာရကို စတင္တီထြင္ခဲ့သူကို ခ်ီးက်ဴးထိုက္ပါ၏။
ကြၽန္ေတာ္သည္ ငယ္ငယ္ကတည္းက အိမ္သာကို စိတ္ဝင္စားခဲ့သည္။ ကေလးဘဝ ေနာက္ေဖးကိုအိုးကေလးႏွင့္ ထိုင္ခဲ့ရစဥ္က လူႀကီးေတြလို အိမ္သာထဲ ဝင္ခ်င္လိုက္သည္မွာ ကြၽန္ေတာ္၏ အႀကီးမားဆုံး ရည္မွန္းခ်က္ေတြထဲမွာ တစ္ခုအပါအဝင္ဟု ဆိုေလာက္သည္။
ပထမဆုံးအႀကိမ္ အိမ္သာထဲ ဝင္ထိုင္ခြင့္ ရခဲ့စဥ္က စိတ္လႈပ္ရွားရမႈသည္ ေက်ာင္းစတက္ေသာေန႔၊ခ်စ္သူႏွင့္ စေတြ႕ရေသာ ေန႔တို႔ႏွင့္ ႏႈိင္းယွဥ္ႏိုင္သည္။ ေက်ာင္းမွာ သူငယ္ခ်င္းႏွင့္အတူ အိမ္သာ တစ္ေပါက္တည္းမွာ ေက်ာခ်င္းကပ္ထိုင္ရင္း စကားတေျပာေျပာ လုပ္ရျခင္းကိုလည္း ဘယ္ေတာ့မွ မေမ့။
အလုပ္ကို အျပင္းအထန္လုပ္ျခင္း၊ စည္းစနစ္ႀကီးျခင္းတို႔တြင္ အေဖ့အေမြကို မရရွိခဲ့ေသာ္လည္းအိမ္သာတက္ရာမွာေတာ့ အေဖ့ေျခရာကို နင္းႏိုင္သူ ျဖစ္ေလသည္။ အေဖသည္ အိမ္သာတက္လွ်င္ သတင္းစာေတြ ယူသြားၿပီး ကုန္ေအာင္ဖတ္ေလ့ရွိသည္။ နာရီဝက္ တစ္နာရီ ၾကာသည္။ ေနာက္ပိုင္းသတင္းစာေတြ စာမ်က္ႏွာ ေလွ်ာ့လိုက္ေသာအခါ တိုင္း၊ နယူးစ္ဝိ မဂၢဇင္းမ်ားျဖင့္ အားျဖည့္ခဲ့သည္။
ကြၽန္ေတာ္သည္လည္း အိမ္သာသြားလွ်င္ တစ္ခုခုေတာ့ ဖတ္လိုက္ရမွ ေက်နပ္တတ္ေလသည္။ကြၽန္ေတာ့္အက်င့္က ေဆးလိပ္မေသာက္ရေသးလွ်င္ အိမ္သာသြားခ်င္စိတ္ မေပၚ။ သတင္းစာ မလာေသးလွ်င္လည္း အိမ္သာဝင္လို႔ မရ။ မေန႔က ပိတ္ရက္မို႔ ဒီေန႔ သတင္းစာ မလာလွ်င္ အေတာ္ဒုကၡေရာက္သည္။ မဂၢဇင္းျဖစ္ျဖစ္၊ တျခားစာအုပ္ျဖစ္ျဖစ္ ဖတ္စရာ တစ္ခုခုေတြ႕လွ်င္ ေတာ္ေသးသည္။
ဘာမွ ဖတ္စရာမရွိလွ်င္ ကြၽန္ေတာ္ ဝမ္းခ်ဳပ္ေသာေန႔ပင္ ျဖစ္၏။
အိမ္သာထဲမွာ စာဖတ္ရျခင္းသည္ ပက္လက္ကုလားထိုင္ေပၚမွာ ဖတ္ရျခင္းေလာက္သက္ေတာင့္သက္သာ မရွိတာ မွန္သည္။ သို႔ရာတြင္ သူကလည္း တစ္မ်ိဳးေသာ ရသကို ျဖစ္ေပၚေစသည္။ကြၽန္ေတာ္ အိမ္သာသြားလွ်င္ လြတ္လြတ္လပ္လပ္ နားေအးပါးေအး သြားခ်င္သည္။ အျပင္က ဆူဆူညံညံ အသံေတြ ၾကားေနလွ်င္ စိတ္မေျဖာင့္။ တစ္ခါတစ္ရံ ည လူေျခတိတ္ခ်ိန္က်မွ စာအုပ္တစ္အုပ္ကို စိမ္ေျပနေျပ ဖတ္ရင္း အိမ္သာဝင္ရတာကို သိပ္သေဘာက်သည္။
အိမ္သာတစ္လုံး အေနျဖင့္ ကြၽန္ေတာ္အႀကိဳက္ဆုံး အေနအထားကား အိမ္ေနာက္ဘက္မလွမ္းမကမ္းရွိ ေျမကြက္လပ္တစ္ခုတြင္ ဝါးထရံကာ၊ အထပ္သားမိုးထားေသာ ပုံစံျဖစ္သည္။ အိမ္သာသို႔ သြားရာလမ္းေၾကာင္းသည္ ေကြ႕ေကြ႕ေကာက္ေကာက္ကေလး။ စိန္ပန္း သို႔တည္းမဟုတ္ စြယ္ေတာ္ပင္တစ္ပင္က အုပ္မိုးေနရမည္။ မိုးကေလး တေျဖာက္ေျဖာက္႐ြာေနလွ်င္ ပိုေကာင္းသည္။
ကြၽန္ေတာ့္စိတ္ကူးျဖင့္ ေဆာက္ထားသည့္ အိမ္သာကေလး တစ္လုံးပင္တည္း။
လူေတာ္ေတာ္မ်ားမ်ားသည္ လူပ်ိဳေပါက္၊ အပ်ိဳေပါက္ ဘဝက အိမ္သာထဲမွာ ရည္းစားစာ ခိုးဖတ္ခဲ့ဖူး ၾကပါလိမ့္မည္။ ေရေမႊးနံ႔ သင္းပ်ံ႕ေသာ၊ ပန္းပြင့္ပုံ၊ လိပ္ျပာပုံတို႔ ပါေသာ အျပာေရာင္၊ အဝါေရာင္ စာ႐ြက္ကေလးမ်ားသည္ အိမ္သာႏွင့္ မလိုက္ဖက္လွေသာ္လည္း ထို႔ထက္ လုံၿခဳံစိတ္ခ်ရေသာေနရာ မရွိၿပီ။
ကြၽန္ေတာ္ငယ္စဥ္ ကဗ်ာစေရးကာစတုန္းက တျခားလူေတြ ျမင္မွာ၊ သိမွာကို ရွက္သည္။ ကြၽန္ေတာ့္ကဗ်ာေတြကို ဖတ္ၿပီး ဟားတိုက္ရယ္ေမာၾကမွာကို ေၾကာက္သည္။ ထို႔ေၾကာင့္ အိမ္သာထဲဝင္၍ ခ်စ္သူ၏ ပါးျပင္မွ သနပ္ခါးမႈန႔္မ်ား အေၾကာင္း၊ သြယ္လ်ေသာ လက္ေခ်ာင္းကေလးမ်ားႏွင့္ ေ႐ႊဝါေရာင္ ေမြးညင္းကေလးမ်ား အေၾကာင္းကို ကဗ်ာေရးခဲ့ေလသည္။
ကြၽန္ေတာ့္ သူငယ္ခ်င္း ပန္းခ်ီဆရာတစ္ေယာက္ ဆိုလွ်င္ လူႀကီးေတြ မသိေအာင္ အိမ္သာထဲမွာပန္းခ်ီခိုးဆြဲရင္း ေလ့က်င့္ခဲ့ရသည္ဟု ေျပာဖူးသည္။ ခုေတာ့ သူသည္ နာမည္ေက်ာ္ပန္းခ်ီဆရာ တစ္ေယာက္ ျဖစ္ေနၿပီ။
ေနာက္သူငယ္ခ်င္း ပန္းခ်ီဆရာတစ္ေယာက္ကေတာ့ သူ႔အတြက္ လုံၿခဳံမႈ၊ စိတ္ခ်ရမႈ၊ ကိုယ္ပိုင္လြတ္လပ္ခြင့္ရွိမႈတို႔ကို ေပးခဲ့ေသာ အိမ္သာကို ဂုဏ္ျပဳေသာအားျဖင့္ အိမ္သာတစ္လုံး၏ အတြင္းပိုင္းရႈခင္းပုံကို ဆီေဆးပန္းခ်ီကား တစ္ခ်ပ္အျဖစ္ တခမ္းတနား ေရးဆြဲဂုဏ္ျပဳခဲ့သည္။
ကြၽန္ေတာ္သည္ မီးရထားျဖင့္ အႀကိမ္ႀကိမ္ ခရီးသြားခဲ့ဖူးသည္။ တြဲသစ္၊ တြဲေဟာင္း၊ တြဲအိုမ်ိဳးစုံေအာင္ စီးဖူးသည္။ ႐ိုး႐ိုးတန္း၊ အထက္တန္း၊ အထက္တန္းအိပ္ခန္း တို႔ကိုလည္း စုံေအာင္ စီးဖူးသည္။
႐ိုး႐ိုးတန္း ထိုင္ခုံမ်ားသည္ ထိုင္ရတာ သက္ေတာင့္သက္သာ မရွိ။ ညရထားဆိုလွ်င္ အိပ္ဖို႔အခက္အခဲ ရွိသည္။ အရမ္း အိပ္ခ်င္လြန္းေတာ့မွ ၾကမ္းျပင္ေပၚ တစ္ခုခုခင္းၿပီး မသက္မသာ အိပ္ရသည္။တခ်ိဳ႕ ရထားေတြက်ေတာ့ ခုံတန္းႏွစ္ခုၾကားမွာ လူေတြ၊ ကုန္ေတြ အျပည့္အသိပ္ ပါလာတတ္သည္။
ထိုင္ရတာေတာင္ မလူးသာ မလြန႔္သာ။
အထက္တန္းတြဲေတြက်ေတာ့ ဇိမ္က်က် သြားႏိုင္သည္။ ခုံေတြက က်ယ္သည္။ တြဲသစ္က ခုံေတြဆိုလွ်င္ ဆိုဖာက အိအိစက္စက္၊ ခုံတစ္ခုံတိုင္းမွာ ေဆးလိပ္ခြက္၊ စားပြဲငယ္ အရွင္တစ္ခု ပါသည္။ ေရွ႕မွာ ေျခတင္စရာ ပါသည္။ အိပ္ခ်င္လွ်င္ ထိုင္ခုံေနာက္မွီကို ပက္လက္ကုလားထိုင္လို လွန္ခ်လို႔ရသည္။
အိပ္ခန္းဆိုတာကေတာ့ ေျပာစရာေတာင္ မလို။ ကိုယ့္အခန္းႏွင့္ ကိုယ္၊ ေလးေယာက္တစ္ခန္း၊ႏွစ္ေယာက္တစ္ခန္း၊ သီးသီးသန႔္သန႔္ အိပ္ခ်င္လွ်င္ စင္ေပၚတက္ၿပီး အိပ္လိုက္႐ုံပင္။ ရထားက ဘယ္ညာယိမ္းထိုးေနသျဖင့္ ပုခက္ထဲထည့္ၿပီး ေခ်ာ့သိပ္ျခင္းကို ခံရသလို ၿငိမ့္ေနသည္။ ရထားသံ ဂ်ဳံးဂ်ဳံးဂ်က္ဂ်က္ ကလည္း စည္းဝါးက်က် သီခ်င္းဆိုျပေနသလို အေတာ္ စည္းစိမ္ႀကီးေလသည္။
႐ိုး႐ိုးတန္း၊ အထက္တန္း ဘယ္လိုပဲကြာကြာ၊ တူညီတာ တစ္ခုေတာ့ ရွိသည္။ တြဲတိုင္း တြဲတိုင္းမွာ ရွိေသာ အိမ္သာမ်ားသည္ ေႂကြေက်ာက္ ေျခနင္းခုံမ်ားႏွင့္ ေျမျပင္ကို ဒိုးယိုေပါက္ျမင္ေနရေသာ
ႁပြန္ေပါက္တစ္ခု တပ္ထားသည္ခ်ည္း ျဖစ္ျခင္းပင္။
မွန္၏။ အိမ္သာမွာ ဆိုဖာတပ္လို႔မွ မရတာပဲေလ။
“က်ဳပ္ကို အိမ္သာလို သေဘာထားၾကတယ္၊ အေရးႀကဳံမွပဲ သတိရတတ္ၾကတယ္၊ကိစၥလည္းၿပီးေရာ အျမန္ဆုံး ျပန္ထြက္ခ်င္ၾကတယ္၊ လွည့္ၾကည့္ေဖာ္ေတာင္ မရေတာ့ဘူး”
ဥပမာေဆာင္၍ ေျပာတတ္ၾကသည္။ လူတို႔ကသာ အိမ္သာႏွင့္ ႏႈိင္း၍ ေျပာၾကေသာ္လည္း အိမ္သာ ကိုယ္တိုင္က်ေတာ့ ဘယ္ေသာအခါမွ စိတ္မဆိုးတတ္ေခ်။ သူ႔ကို ေမ့ေနလို႔လည္း စိတ္မနာ။ သူ႔ဆီေရာက္လာသူကိုလည္း စကားနာ မထိုး။ အေရးေပၚ ေရာက္ရွိသူတိုင္းကို သေဘာထားႀကီးစြဆီးႀကိဳသည္ခ်ည္း ျဖစ္သည္။
အိမ္သာသည္ မ်က္ႏွာႀကီးငယ္ မလိုက္တတ္။ မည္သူ၏ ပစၥည္းကို ေနရာေကာင္းေကာင္းေပးမည္၊
မည္သူ႔ ပစၥည္းေတာ့ ေခ်ာင္ထဲ ပို႔ထားမည္ ဟူ၍ မရွိေခ်။
သုႆာန္ေတြမွာမွ ေနရာေကာင္း မေကာင္း၊ တြင္း အတိမ္အနက္ ခြဲျခားမႈ ရွိတတ္ေသးသည္။ မီးသၿဂိဳဟ္ရာမွာလည္း အ႐ိုးက်႐ုံေလာက္သာ ရႈိ႕ခ်င္ ရႈိ႕လို႔ရသည္။
အ႐ိုးျပာကို ျပန္လိုခ်င္လို႔ ရေသးသည္။
အိမ္သာကေတာ့ မည္သူ၏ ပစၥည္းကိုမွ ျပန္လည္ထုတ္ေပး႐ိုး ထုံးစံမရွိ။
အိမ္သာသည္ တစ္ပါးသူ၏ ႐ြံရွာဖြယ္ အညစ္အေၾကး မွန္သမွ်ကို ၾကည္ျဖဴစြာ လက္ခံသည္။
သူ႔ကိုယ္သူ အညစ္အႏြမ္းခံ၍ လူအမ်ား၏ သန႔္ရွင္းေရး၊ စိတ္ခ်မ္သာေရးအတြက္ ကိုယ္က်ိဳးစြန႔္ေဆာင္႐ြက္ေပးသည္။
သူသည္ သစၥာရွိသည္။ ႐ိုးသားသည္။ နားလည္တတ္သည္။ အနစ္နာခံသည္။
ခြင့္လႊတ္တတ္သည္။ အဆင့္အတန္း ခြဲျခားမႈ လုံးဝမရွိ။
ကြၽန္ေတာ္သည္ အိမ္သာတစ္လုံး အလိုရွိပါသည္။
ReplyDeleteဥာဏ်ပညာရယ်
ချစ်ခြင်းတရားရယ်
တော်လှန်ရေးကို
ရှင်သန်စေမယ်...❣️
Done 🍀
ReplyDeleteDone
ReplyDeleteClicked💫
ReplyDeleteDone 💪
ReplyDelete🌃
ReplyDelete🏡🏡
ReplyDeleteDone🎐
ReplyDelete❤✌
ReplyDeleteDone
ReplyDelete