ကျွန်ုပ်နှင့် ရည်းစားစာ

 ကျွန်တော်တို့ လူဆိုးတန်းဟာ အရင်တုန်းကလို မဟုတ်တော့ဘဲ စာဆိုသံ၊ စာဖြေသံတွေနဲ့ ညံနေတယ်။ဆရာအဝင်အထွက်တွေမှာ အရင်တုန်းကလို ဝရုန်းသုန်းကား လုပ်တာတွေ ဘာတွေလည်း သိပ်မရှိတော့ဘူး။ အဲဒီအပြောင်းအလဲ ဖြစ်သွားတာ ကျောင်းသူတစ်ယောက်နဲ့ ဆရာတစ်ယောက်ကြောင့်ပါ။ ကောင်မလေးအကြောင်းကို အရင်ပြောမယ်ဗျာ။ ၆ လပတ် စာမေးပွဲကို တစ်တန်းလုံးကျပြလိုက်တဲ့ ကျွန်တော်တို့ အတန်းကို ဆရာတွေ တော်တော်လက်လန်သွားတာအမှန်ပဲ။ ကျွန်တော်တို့ အတန်းမှာ အဆင့်(၁)ရတဲ့ သက်ချိုဦးဆိုတဲ့ကောင်က ၁ ဘာသာကျ တယ်ဆိုတော့ သဘောပေါက်ရောပေါ့။ ကျွန်တော်တို့ ပြိုင်နေတာက အကျပြိုင်နေကြတာပါ။ ဘာသာနည်းနည်းပဲ ကျတဲ့ကောက်က လူ လိမ်္မာ၊ သိပ်မမိုက်တဲ့ကောင်ပေါ့။ ကျွန်တော်တို့အမြင်မှာ ဒီကောင်ဟာဖော်လံဖား အလကားကောင်။ ကျွန်တော်တို့ ဘက်တော်သား မဟုတ်ဘူးပေါ့။

ဘာသာစုံကျပြီး သုညတွေ ဘာတွေ ၂ဘာသာ လောက်ပါတဲ့ကောင်မှ တကယ့်ဆရာကြီး၊ ကျွန်တော်တို့ လူ ...Hero ။ကျွန်တော်က မြန်မာစာကလွဲပြီး ကျန်တဲ့ဘာသာတွေ အကုန်ကျတယ်။ သုညတွေ ဘာတွေမရပေမယ့် ကျွန်တော့် အဆင့်ကလည်း မဆိုးဘူး ပေါ့။ ဆရာကြီးမဖြစ်တာတောင် သာဝကထဲမှာတော့ ပါတယ်။ အဆင့် (၁)ရတဲ့ သက်ချိုဦးဆို မျက်နှာငယ်ရသလားမမေးနဲ့။ ကျွန်တော်တို့ ထေ့သမျှ ရိသမျှ ဒီကောင်ခံရတယ်။အဲဒီအချိန်မှာတော့ ကျွန်တော်တို့အတန်းဟာ အကောင်းနဲ့ အဆိုးချိန်ခွင်လျှာက ပြောင်းပြန်ပဲ။ လူငယ်ဆိုတဲ့ သတ်္တိကု တလွဲအသုံး ချနေကြတဲ့ အချိန်ပေါ့။ အဲဒီအချိန်မှာ ကျွန်တော်တို့ အတန်းထဲကို ကောင်မလေးတစ်ယောက် ပြောင်းလာတယ်။

နာမည်က “မြမြတ်မိုလ်မျိုး”တဲ့။

တော်တော်လှတယ်ဗျာ...။ လှတာမှ ကျွန်တော်တို့ တစ် ကျောင်းလုံးမှာရော၊ ကျွန်တော်တို့ ကျောင်းသားတွေရဲ့ ပတ်ဝန်းကျင် အသီးသီးမှာရော သူ့လောက်လှတာ၊ သူ့လိုလှတာ တစ်ယောက်မှ မတွေ့ဖူးတဲ့ အလှမျိုး။ ကိုယ်လုံးကိုယ်ပေါက်က “ရှယ်”ခင်ဗျ။ သူကော် ရစ်တာမှာ လျှောက်သွားရင် ကျောင်းသားတော်တော်များများ စကား ပြောတာရပ်ပြီး ကြည့်ကြတယ်။ ကျော်သွားရင် လှည့်ငေးရတယ်။ သူ လမ်းလျှောက်တဲ့ Style က မမြန်မနှေး ပြေပြေကလေးရယ်။မျက်လုံးဝိုင်းကြီး တွေထဲမှာ မျက်သားအဖြူက ဆွတ်ဆွတ်ဖြူနေတာပဲ။ မျက်ဆံနက်ကတော့ မည်းနက်နေတာ။ ကျွန်တော်ကတော့ သူ့ မျက်ဝန်းကို ခိုးကြည့်ဖို့မလွယ်တဲ့ မျက်ဝန်းမျိုးလို့ မှတ်ချက်ချတယ်။

ဟုတ် တယ်လေ ဒီလောက် မျက်ဝန်းအိမ်ကြီးပြီး မျက်ဆံနက် ထင်းလွန်း နေတော့ ခိုးကြည့်တဲ့ ကျွန်တော်တို့ကောင်တွေ ရင်တုန်တာပေါ့။ နှုတ်ခမ်းနီ ပြေပြေဆိုးထားတဲ့ နှုတ်ခမ်းက ဖူးနေတာပဲ။ အသားအရေ က သိပ်လှတဲ့ ကြက်ဥအကာရောင် ဝါဖျော့မှုန်ညက်...အဝေးကြီး ကတည်းက လင်းလက်နေတဲ့ အသားအရေ။ လက်သည်းကလေး တွေဆို ကော့လို့၊ သူက လက်သည်းကို အစိမ်းရောင်ဆိုးတယ်။ မြင့်မြင့်ရီလေးကို မေးတော့ ကျောင်းစိမ်းနဲ့လိုက်အောင် ဆိုးတာပါ တဲ့။

သူလို သိပ်လှတဲ့ ကောင်မလေးက ဘာဖြစ်လို့ ကျွန်တော်တို့ နှစ်ကျတန်းကိုမှ ပြောင်းလာရသလဲဆိုတော့ သူကလည်း မနှစ်က ၁၀ တန်းကျတာကိုး။ ပျားတုပ်ဆို တောက်တခေါက်ခေါက်နဲ့၊ ဒီလောက်လှတဲ့ ကောင်မလေး ၁၀တန်း ကျရသလားပေါ့လေ။ ဘာဆိုင်လို့တုံး။ တော်တော်ဟားရတဲ့ကောင်။ ကျွန်တော်တို့လည်း တစ်ခုတော့ သိသွားပါတယ်။ ၁၀ တန်းအောင် မအောင်ဆိုတာ ချော တာ လှတာနဲ့မဆိုင်ဘူးလို့။ ဒါပေမယ့် ဖြစ်နိုင်ရင် ကျွန်တော်လည်း သူ့ကို ၁၀တန်း အောင်စေချင်ပါတယ်။

မြင့်မိုလ်မျိုးက အခုမှ ကျွန်တော်တို့အတန်းကို ပြောင်းလာ တာဆိုတော့ ကျွန်တော်တို့အတန်းရဲ့ အထာကို သူ ဘယ်သိမလဲ။ ဒီအတန်းဟာ နှစ်ကျတွေကို စုထားတဲ့ အတန်းဆိုတာလောက်ပဲ သိ တာ။ ဒီတော့ သူက ရောက်ကတည်းက စာကိုပဲဖိကြိုးစားတာ၊ ဆရာ စာမေးရင် ဘယ်တော့မှမဖြေတတ်တဲ့ ကျွန်တော်တို့အတန်းမှာ သူက တော့ ထဖြေတာပဲ။ အရင်တုန်းက စာထဖြေတဲ့ ကျောင်းသားဆို နှိပ်ကွပ်တတ်တဲ့ ကျွန်တော်တို့အုပ်စုလည်း မြင့်မိုလ်မျိုးကိုကျတော့ မနှိပ်ကွပ်ရဲဘူးဖြစ်နေတယ်။ သူက ကျောင်းသူအသစ်မို့ ဆိုတာထက် သူက သိပ်လှတဲ့ မိန်းကလေးတစ်ယောက်မို့ပါ။တစ်နေ့မှာ ဓာတုဗေဒဆရာမ ဒေါ်ဌေးအောင်က Equation တစ်ခုကိုမေးတယ်။ ထုံးစံအတိုင်း မြတ်မိုလ်ပဲ ထဖြေတာပေါ့။ ဖြေတာလည်း မှန်တယ်ခင်ဗျ။

ဒါနဲ့ ဆရာမက ကျန်တ ဲ့Equationကို သူ့ကိုပဲအတန်းထဲက တစ်ယောက်ယောက်ကို မေးဖို့ခိုင်းတယ်။ သူက ကျွန်တော်တို့ ယောကျာ်းလေးတွေကို လှည့်ပြီးမေးတာ။ မေးပုံက လည်းကြည့်ဦး။ ဒီဘက်အတန်းသားတွေထဲက ရတဲ့လူထဖြေပါတဲ့။ ထလိုက်ကြတာဗျာ။ အပြိုင်အဆိုင်ပဲ။ ကျွန်တော့်နားက ပျားတုပ်ရော၊ ပေါက်စီရော၊ ဘယ်သန်ရောပဲ။ ကျွန်တော်တော့ တွေဝေနေတာနဲ့ မထဖြစ်လိုက်ဘူး။ မုန့်စားဆင်းလို့ အဲဒီကိစ်္စကိုပြောကြတော့ ထရပ်တဲ့ ကောင်တွေအားလုံးက မိန်းကလေးတစ်ယောက်က မေးတာကို မခံချင် လို့ ငါတို့လည်းသိတယ်ဆိုတဲ့စိတ်နဲ့ ဖြေတာလို့ တစ်လေသံတည်း ထွက်ကြတယ်။ တော်တော် ဟားရတယ်ဗျာ။

သူတို့ ဘာကြောင့် ထရပ်တယ်ဆိုတာ ကျွန်တော်သိနေတာပဲ၊ အားလုံးလည်း သိကြပါ တယ်။ အလှအပကို ဘယ်သူလွန်ဆန်နိုင်လို့လဲ။ ကျွန်တော်တို့ နှလုံးသားတွေက အဖြူဦးစ ရင်ခုန်လွယ်စဆိုတော့ ပိုဆိုးတာပေါ့။ ဘယ်သံနဲ့ မြင့်မြင့်ရီကလေးလည်း ပြဿနာတွေ ဘာတွေ တက်ကြတယ်။ ထရပ်ရပါ့မလားပေါ့လေ။ အဲဒီ နေ့ကတည်းက ကျွန်တော်တို့ရဲ့ “နက်”ကို သိသွားတဲ့ ဆရာတွေ၊ ဆရာမတွေက မြတ်မိုလ်မျိုးနဲ့ ကျွန်တော်တို့ကို ကိုင်တော့တာပဲ။

ကျွန်တော်တို့ထက် ပညာရော အသက်အရွယ်ရော ပြည့်စုံကြီးရင့်ပြီး ကျွန်တော်တို့ကို စင်ပေါ်က ထိုင်ကြည့်နေရတဲ့ ဆရာ၊ ဆရာမတွေက ကျွန်တော်တို့ ဘာဖြစ်နေတယ်ဆိုတာကို မသိဘဲ နေပါ့မလား။ ဒါနဲ့ပဲ ကျွန်တာ်တို့အတန်းဟာ သူ့ကို မခံချင်လို့ဆိုတဲ့ ခေါင်းစဉ်န့ ဲစာတွေဘာတွေ ပြန်လုပ်လာတယ်။

“ဆရာတစ်ယောက်ဆို တာကတော့ ဆရာဦးကိုကိုပေါ့။

ဆရာက တည်သလားမမေးနဲ့။ ကျွန်တော်တို့ ၈ တန်းတုန်းက သင်္ချာသင်တဲ့ဆရာ။ ဆရာက စာအသင်ပြလည်း ကောင်းသလား မမေးနဲ့။ စာသင်ရင် ဆရာ့အသံက တစ်ခန်းလုံး ဟိန်းနေတာ။ ဆရာက ခြိမ်းခြောက်တတ်၊ သတိပေးတတ်တဲ့ ဆရာမျိုး မဟုတ်ဘူး။ လုပ်ပြီ ဟေ့ဆို အပြတ်ဘဲ။ ဆရာ့ရဲ့ စူးရှတဲ့ မျက်လုံးကို ဘယ်ကျောင်းသားမှ ရင်ဆိုင်ပြီး မကြည့်ရဲဘူး။ ဆရာက ကြိမ်လုံးမကိုင်ပါဘူး။ သူ့လက်ဝါး၊မြေဖြူခဲ၊ Duster နဲ့တင် ကျွန်တော်တို့ ကြောက်နေရတာ၊ ၈ တန်းသင်တဲ့ ဆရာဆိုပြီး ကျွန်တော်တို့ ဆရာ့ကို ပြက်ရယ်မပြုရဲဘူး။ အဲဒီ ၈တန်းကတည်းက ကြောက်ခဲ့ရတာ ဖိန့်ဖိန်တုန် မဟုတ်လား၊ ကျောင်းတစ်ကျောင်းလုံးမှာ ကျောင်းသားတိုင် ကျောင်းအုပ်ဆရာ ကြီးထက် ဆရာ့ကို ပိုကြောက်ကြတာ အမှန်ပဲ။

ဆရာ ကျွန်တော်တို့အတန်းကို ဝင်ခါစက ကျွန်တော်တို့ ကြောင်သွားတာ။ ဖြစ်ချင်တိုင်းဖြစ်ပြီး ဆူညံနေတဲ့ ကျွန်တော်တို့ အတန်းထဲကို ဆရာက ခပ်တည်တည်ဝင်လာရင်း ခုံမှာ ဝင်ထိုင်တယ်။ ဆရာလည်း ထိုင်ပြီးရော ကျွန်တော်တို့ တစ်တန်းလုံး ငြိမ်သွားတာပဲ။

““ကဲ...ဒီနေ့ကစပြီး မင်းတို့အတန်းကို ငါ ကိုင်တယ်ကွာ...ဘယ်သူ ဘာပြောချင်တာရှိလဲ””

ဘယ်သူက ဘာပြောရမှာလဲ။ ကျွန်တော်တို့အားလုံး ၈ တန်း တုံးက ဆရာ့တပည့်ဖြစ်ခဲ့ဖူးတဲ့သူချည်းပဲ။ ဆရာ့ လက်သံ ဆရာ့ လွှမ်းမိုးမှုကိုခံခဲ့ရတဲ့ လူချည်းပဲ။

““ကဲ..မင်းတို့ပြောစရာမရှိရင် ငါ ပြောတာ နားထောင်... ငါတော့ ပြောစရာရှိတယ်...မင်းတို့ အဆင့်တွေ မင်းတို့ မှတ်မိကြ လား””

ဆရာ့စကားကို ဘယ်သူမှ ဘာပြန်ဖြေရမှန်းမသိဘူး။ တစ်တန်းလုံးဟာ ကြောင်ပြီးတိတ်နေတယ်။ ဆရာက ပြုံးတယ်။ ဆရာ ပြုံးတာကို ကျောင်းသားတိုင်း ကြောက်ကြပါတယ်။

ဟေ့ကောင်တွေ...၆ လပတ်တုန်းက မင်းတို့ရခဲ့တဲ့ အဆင့် ကိုပြောတာ မှတ်မိလား””

““မှတ်မိပါတယ်””

ကျွန်တော်တို့ အတန်းရဲ့ ပထမဦးဆုံး သံပြိုင်အော်တဲ့ အသံပါ။

““ဟုတ်ပြီ...မှတ်မိရင် အဆင့် (၁)ထစမ်း””

ဆရာ့စကားဆုံးတော့ သက်ချိုဦးဘေးနား ပို့လိုက်တယ်။ မမြင့်ဌေးလည်း ဆရာ့ကိုကြောက်တော့ လာရတာပေါ့။ ဆရာက နေရာပြောင်းပြီးသည်အထိ ကြည့်နေတယ်။ ကျွန်တော်တို့လည်း ဘာလုပ်တယ်ဆိုတာကို လုံးဝမသိဘူး။ ယောကျာ်းကလေးတစ်တန်း မိန်းကလေးတစ်တန်း သပ်သပ် ထိုင်ရတဲ့ ကျောင်းမှာ ဆရာက ဘာဖြစ်လို့ မိန်းကလေးကို သက်ချိုဦးအနား ပို့ရတာလဲ။

““သက်ချိုဦး မင်းဟာ အဆင့်( ၁)ရတဲ့အတွက် ဒီအတန်းထဲမှာ အတော်ဆုံးလို့ အဓိပ်္ပာယ်ရတယ်...မမြင့်ဌေးက နောက်ဆုံးအဆင့်ရတဲ့အတွက် အညံ့ဆုံးလို့ အဓိပ်္ပာယ်ရတယ်...ဒီတော့ ဒီနေ့ကစပြီး မင်းဟာ မမြင့်ဌေးရဲ့ ဒုတိယဆရာပဲ...မမြင့်ဌေးကို စာသင်ပေး ပြပေး၊ နားမလည်တာ ရှင်းပေးပါ...မမြင့်ဌေး စာမေးပွဲကျရင်လည်း မင်း အရိုက်ခံရမယ်...ကြားလား””

ကျွန်တော်တို့ တစ်တန်းလုံး တော်တော် အံ့အားသင့်သွားကြ တာပေါ့။ ဒီလိုမျိုး တစ်ခါမှ မကြားခဲ့ဖူးဘူး မဟုတ်လား။

““ကဲ...အဆင့် (၂)ထ...အဆင့် (၅၉)ထ””

အဲဒီလိုနဲ့ ဆရာက အဆင့်ရှေ့နောက် တွဲစီပေးလိုက်တာ ယောကျာ်းလေးနဲ့ မိန်းကလေးတွေ တစ်ခန်းလုံး ရှုပ်ပွသွားတာပဲ။ ကျွန်တော်ဆို မိန်းကလေးတွေ ၃ယောက်ရှိတဲ့ အတန်းကို ရောက်သွား တယ်။ ကျွန်တော်ရတဲ့ ကောင်မလေးက နွယ်နီတဲ့။ ကောင်မလေးက ၀၀ နှေးနှေး လေးလေးထဲက။ အဲဒီနေ့ကတော့ ဟိုပြောင်းဒီရွှေ့၊ ရယ်ကြမောကြနဲ့ တစ်တန်းလုံးကို ဆူညံနေတာပဲ။ ပျော်စရာကြီး ကိုဖြစ်လို့၊ နေရာတွေ နေသားတကျဖြစ်တော့ ဆရာက ဘယ်ဆရာ ဝင်ဝင် ဒီအတိုင်းပဲ ထိုင်ရမယ်လို့ ပြောတယ်။

မြတ်မိုလ်ကတော့ ခင်သက်ကြူဆိုတဲ့ ကောင်မလေးနဲ့ တွဲရ တယ်။ သူက ၆လပတ်မဖြေရလို့ အဆင့်သတ်မှတ်ချက် မရှိပေမယ့် ဆရာက တွဲပေးတာပါ။ မြမိုလ်တို့အတန်းမှာ ဘေးက ဇော်ဝင်း၊ ပြီး မြင့်မောင်။ အဲဒီနေ့က ဆရာက သီအိုရမ် ၂၀ကို သင်တယ်။

““ကဲ...မနက်ဖြန်ကို ဒီသီအိုရမ်ကို ကြိုက်တဲ့လူ ဘောမှာ ထွက်တွက်ခိုင်းမယ်...ငါထွက်ခိုင်းတဲ့လူက တပည့်ဖြစ်နေပြီး တွက် လို့မရရရင် သူ့တွဲဖက်ဆရာပါ အရိုက်ခံရမယ်...တွဲဖက်ဆရာဆိုရင် တော့ သူတစ်ယောက်ပဲ အရိုက်ခံရမယ်””

ဒုက်္ခက အဲဒီတော့မှ စတာပါ။ ကိုယ့်ကိုယ်ကိုက ကိစ်္စမရှိဘူး။ တွဲဖက်ကမရရင် ကိုယ်ကအချောင်အတီးခံရမှာ။ ကိုယ်က ကျေညက် အောင်အရင်လုပ်။ ပြီးရင် ကိုယ့်တွဲဖက်ကိုမေး။ သူ မရရင် ရအောင် ရှင်းပြ၊ သူ့ကို စိတ်မချလို့ အကြိမ်ကြိမ်လေ့ကျင့်ပေးရနဲ့ ဖတ်ဖတ်ကို မောရောဗျာ။

နောက်နေ့ကျတော့ ဆရာက ၄ယောက်ကို ထွက်တွက်ခိုင်း ပါတယ်။ အားလုံး တွဲဖက်တွေချည်းပဲ။ တွဲဖက်တွေအားလုံး မှန်အောင် တွက်နိုင်တော့ ဆရာက တွဲဖက်ဆရာတွေကိုပါ ထည့်ချီးကျူးပါတယ်။ နောက် ၃ရက်ကြာတော့ အောင်ချိုဆိုတဲ့ကောင် ခရီးသွားပုစ်္ဆာ ထွက် တွက်ခိုင်းတာ မှားလို့ သူ့တွဲဖက်ဆရာ ခင်အေးဟန်ပါ အတီးခံရ တယ်။ အောင်ချိုက ၂ချက်၊ ခင်အေးဟန်က တစ်ချက်ပိုတယ် ၃ချက်။ ခင်အေးဟန်က သူရကြောင်း သူ့ကိုမရိုက်ဖို့ အကြောက်အကန် တောင်းဆိုပေမယ့် ဆရာက ခွင့်မပြုဘူး။ တပည့်မကောင်းတာ ဆရာညံ့လို့ပဲဆိုပြီး တီးတာပဲ။

““မင်းကို ဘာဖြစ်လို့တစ်ချက် ပိုရိုက်တာလဲ သိလား... မင်းဟာ အောင်ချိုကို နားလည်အောင် မသင်နိုင်တဲ့ တွဲဖက် ဆရာမို့ ဆရာတာဝန်မကျေလို့ပဲ””

ဆရာဟာ ကျွန်တော်တို့ကို တမင် ပညာပေးနေတာပါ။ ဆရာတွေကို ကန့်လန့်လုပ်နေတဲ့ ကျွန်တော်တို့ကို ဆရာ လုပ်ရတာ ဘယ်လောက် တာဝန်ယူရတယ်၊ ဘယ်လောက် ခက်တယ်၊ ဆရာ့ သိက်္ခာဆိုတာ တပည့်မှာရှိတယ်ဆိုတာကို လှလှပပ ပညာပေးနေ တာပါ။ ပြီးတော့ စာမလုပ်ချင်တဲ့ ကျွန်တော်တို့ကို စာလုပ်ဖြစ်အောင်အချင်းချင်း ပြန်ခိုင်းသွားတာပါ။ တော်တော်ကလေးလှတဲ့ ဍ္ဍဩ]? တစ်ခု အဖြစ် ကျွန်တော် အခုထိ မှတ်မိနေပါတယ်။ကျွန်တော်တို့အုပ်စုဟာ ဆရာဦးကိုကိုရယ်၊ မြတ်မိုလ်ရယ်၊ ကိုယ့်တွဲဖက်တပည့်ရယ်ကြောင့် စာမလုပ်လို့ မရဖြစ်လာပါတယ်။

ပထမအစမ်းမှာ 1 to 30 ထဲပါဖို့ အားလုံးကြိုးစားရပါတယ်။ အဆင့် 30 နောက် ရောက်သွားရင် ကိုယ်က တွဲဖက်တပည့်ဖြစ်တော့မှာကိုး....။ဒါ ကျွန်တော်တို့အတန်းရဲ့ ရုပ်ပိုင်းဆရာ ပြောင်းလဲချက်ပါ။ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲချက်ကတော့ ကျွန်တော်တို့ အား လုံးအတွက် မြတ်မိုလ်ပါပဲ။ ကျွန်တော့်စိတ်ထင်ကတော့ မြတ်မိုလ်ကို တစ်ကျောင်းလုံးက ဝိုင်းကြိုက်နေတယ် ထင်တာပဲ။ ကျွန်တော်လည်း ဒီတစ်ခါတော့ ကြိုက်ပါတယ်။ ကြိုက်တာမှ လူငယ်တစ်ယောက် ဘ၀ အရူးအမူးကို ကြိုက်တယ်။ ပေါက်စီနဲ့ ပျားတုပ်လည်း ကြိုက်နေကြတာပါပဲ။ ဒါပေမယ့် ဒီကောင်တွေက ဒိုင်လျှိုသမားတွေ။

ကျွန်တော်ကတော့ မရဘူး။ ချစ်နေတာကြီးတစ်ခုကို ရင်ထဲ မှာထားပြီး ဟန်ဆောင်နေရတယ်ဆိုတာ တော်တော် ပင်ပန်းတယ်ဗျာ။ ဒီတော့ ကျွန်တော် မြတ်မိုလ်ကို ခင်အောင် ပေါင်းတယ်။ သူနဲ့ စာအကြောင်း ပေအကြောင်းတွေ ဆွေးနွေးတယ်။ ကျွန်တော့် တွဲဖက် နွယ်နီ့ကို ဘယ်လိုသင်ပေးသင့်သလဲ စသည်ဖြင့် အကြံ ဉာဏ်တွေ ဘာတွေ တောင်းတယ်။ သူ့တွဲဖက် ခင်သက်ကြူနဲ့လည်း ရင်းနှီး အောင် ပေါင်းတယ်။ မြတ်မိုလ်ရဲ့တွဲဖက် ခင်သက်ကြူက ရုပ်အဆိုး ကြီးတော့ မဟုတ်ပါဘူး။ အသားဖြူဖြူနဲ့ ကြည့်ကောင်းပါတယ်။

ဒါပေမယ့် မျက်လုံးက နည်းနည်းစောင်းနေတယ်။

““နွယ်နီ့အတွက် စိတ်ညစ်တယ် မြတ်မိုလ်ရာ... သူက မကြိုး စားတာ ဝီရိယမရှိတာ၊ မထက်မြက်တာ မဟုတ်ဘူး...ဉာဏ်ကို ထိုင်းတယ်...လက်္ခဏာတူချင်း မြှောက်ရင်အပေါင်း၊ လက်္ခဏာမတူ တာမြှောက်ရင် အနုတ်ရတယ်ဆိုတာကို ခုထိ တွက်ရင် ဘယ်တော့မှ မမှန်ဘူး ... ကျွန်တော်ပြောတာ အကြိမ်တစ်သန်းလောက်ရှိတော့ မယ်””

““ဥပမာလေးတွေနဲ့ ပြောပြပေါ့””

““ဘယ်လို ဥပမာပေးရမလဲ””

““ဒီလိုလေ ယောကျာ်းလေးတစ်ယောက်နဲ့ ယောကျာ်းလေး တစ်ယောက်တွေ့ရင် သူငယ်ချင်း...မိန်းကလေးနဲ့ မိန်းကလေး တွေ့ရင် သူငယ်ချင်း... ယောကျာ်းလေးနဲ့ မိန်းကလေးတွေ့ရင် သမီး ရည်းစား ဖြစ်ရော..အဲဒါ အနုတ် လက်္ခဏာပဲလို့””

ကျွန်တော့်ကို သွယ်ဝိုက်သောနည်းနဲ့ သတိပေးတာလား ဘာလားတော့ မသိဘူး။ ကျွန်တော်ကတော့ ဒီ ဥပမာကို တော်တော် လေးကို သဘောကျတယ်ဗျာ။ အဲဒီလို ဖြတ်ထိုးဉဏ်ကောင်းတာ ကိုလည်း မြတ်ဗိုလ်ကို အမှတ်ပေးနေမိတယ်။

တစ်နေ့ အခန်းထဲမှာ English Essay တစ်ပုဒ် ရေးတင်ရတယ်။ခေါင်းစဉ်ကMy Best Fruit တဲ့

ကျွန်တော်က အကြိုက်ဆုံးအသီးကို သရက်သီးအကြောင်း ရေးတာပါ။

““ကျွန်တော့်အိမ်ရှေ့မှာ သရက်ပင် ၃ပင်ရှိပါသည်။ သရက်သီးသည် ဈေးပေါသည်။ လူတိုင်းကြိုက်သည်။ ကျွန်တော် အရမ်း ကြိုက်သည်...””

ဘာညာပေါ့ဗျာ။ အဲဒီမှာ သရက်သီးမှည့်တာကို ရေးခါနီးမှာမှည့်တဲ့ စကားလုံးကို ကျွန်တော်မေ့နေတာ၊ ripe ပါ။ ကျွန်တော်စဉ်းစားတာ ဘယ်လိုမှ စဉ်းစားလို့မရဘူး။ ဒါနဲ့ပဲ ကျွန်တော်လည်းမထူးဘူးဆိုပြီး The fall is comedown to the earth. The mangoes are green to yellow ... ဆိုပြီး ရေးလိုက်တယ်။ နောက်နေ့ကျတော့ အင်္ဂလိပ်ဆရာကြီး ဦးသန်းဝေက ကျွန်တော့်တစ်ယောက်တည်းကို ချီးကျူးတယ်။ ဝေါဟာရ ကြွယ်ရ မယ်၊ လွယ်လွယ်လေးနဲ့ လှအောင်ရေးတတ်ရမယ်၊ အက်ဆေးဆိုတာ ရေးတတ်ရင် လွယ်တယ် ဘာညာဗျာ စုံနေတာပဲ။ ကျွန်တော်လည်း နည်းနည်းတော့ စိတ်ထဲမှာ ရှက်တာပေါ့။ ကိုယ်ကမေ့နေလို့ ရအောင် ရေးတာပဲ ရှိတာကိုး။

မုန့်စားဆင်းတော့ ကျွန်တော့်ကို မြတ်မိုလ်က ကွန်ကရက်ကျူ လေးရှင်း လာလုပ်တယ်။ တော်တယ်ပေါ့ဗျာ။ ကျွန်တော် သူ့ကိုတော့ အမှန်အတိုင်း ရှင်းပြပါတယ်။

““ဒီလိုရေးနိုင်တာပဲ လွယ်လို့လား”

““ငါက အမှန်အတိုင်း ပြောပြတာပါ””

““ဘာပဲဖြစ်ဖြစ် ငါကတော့ နင့်ကို သဘောကျတယ်။ နင်နဲ့ ငါနဲ့ အင်္ဂလိပ်စာ ဆွေးနွေးမယ်ဟာ။ ငါက အက်ဆေးနည်းနည်း ညံ့တယ်ဟ””

မြတ်မိုလ်နဲ့ ကျွန်တော်ဆက်ဆံရေးက နင်/ငါဖြစ်သွားပါပြီ။ မြတ်မိုလ်ပြောတာနဲ့ ကျွန်တော်လည်း အင်္ဂလိပ်စာကို အသေအလဲလုပ်ရတာပေါ့။ He dies in action while fighting in a battle .အစရှိ တဲ့ မဟာဗန်္ဓုလ အကြောင်းတွေ ဘာတွေဆို အလွတ်ကို ကျက်ပစ်လိုက်တာ...။Text book ထဲက မဟာဗန်္ဓုလအကြောင်း တစ်ပုဒ်လုံး အလွတ်ရတဲ့ ကျွန်တော့်ကို မြတ်မိုလ်က အထင်တွေ ဘာတွေ ကြီးလို့...။အဲဒီမှာပဲ ကျွန်တော် ဆုံးဖြတ်ချက်ချလိုက်တယ်။ မြတ်မိုလ်ကို စာပေးတော့မယ်လို့...။

ဘော်ဒါတွေအားလုံးက ဝိုင်းကန့်ကွက်ကြပါတယ်။ မဖြစ်နိုင် ဘူးပေါ့လေ။ အခင်မင်ပျက်တာပဲ အဖတ်တင်မယ်ပေါ့။ ကျွန်တော် ကတော့ ကျွန်တော့်ကိုယ်ကျွန်တော် ယုံတယ်။ မိန်းကလေးဆိုတာက တစ်ခါတစ်လေ ရုပ်ရည်ထက် အရည်အချင်းဆိုတာထက် အထင်ကြီး တာကို ပိုသဘောကျတတ်တယ် မဟုတ်လား။ ဘယ်မိန်းကလေးမှ အထင်မကြီးတဲ့လူကို မချစ်ဘူး။ဒီတော့ ကျွန်တော် ရည်းစားစာ ရေးတယ်။ ရည်းစားစာရေးရတာ၁၀တန်းဖြေရတာထက်တောင်ခက်သေး တယ်ဗျာ။ တစ်ပတ်လောက်ကြာတယ်။ ပြင်ဆင်၊ ဖြုတ်၊ ဖြတ်၊ ထပ် ဖြည့်၊ ပြန်ဖြုတ်တွေနဲ့ စုံနေတာပဲ။ နောက်ဆုံး လျှောက်လွှာ စာရွက် လေးနဲ့ လေးရွက်ရတယ်။

““မင်းတို့လိုက်ခဲ့ကွာ ငါက ဒီလိုပဲ စကားပြောရင်း အသာ ကပ်ထည့်မှာပါ””

ကျွန်တော် တောင်းပန်ပြီးခေါ်ပေမယ့် ဘယ်ကောင်မှ မလိုက်ဘူး။ သူတို့ကလည်း ကြိုက်နေတာကိုး... သူတို့လဲ စာမပေး ရဲဘူး။ စာပေးမယ့် ကျွန်တော့်ကိုလည်း အားမပေးဘူးပေါ့ဗျာ။နောက်ဆုံး ဘယ်သန်တစ်ယောက်ပဲရတယ်။ သူကတော့ မြင့်မြင့်ရီလေး ရှိနေတာကိုး။

ဒါနဲ့ ကျောင်းဆင်းတော့ ကျွန်တော်ရယ် ဘယ်သန်ရယ် မြမိုလ်နဲ့ ခင်သက်ကြူနောက်ကို လိုက်လာကြတယ်။ 

အပိုင်း ၂ဖတ်ရန်-  https://ouo.io/LW2Nfz

Comments

  1. တစ်ခါဆို ဆိုသလောက်
    ရစ်ပတ်သွားခဲ့တဲ့ နွယ်ပင်လေး🍀

    ဒီလိုအခက်အခဲအတိုင်း
    အခက်အခဲတိုင်းပေါ့လေ ။
    ငါတို့ အတူဖြတ်ကျော်ပြီး
    ဖြတ်ကျော်ပြီး
    ဖြတ်ကျော်ကြတာပေါ့လေ ။

    အောင်ချိမ့်

    ReplyDelete
  2. ဆက်ဖတ်မယ်😒

    ReplyDelete
  3. Haha. What a fun high school love story!
    Ok! အပိုင်း၂ဆီ ဆက်မယ်။

    ReplyDelete
  4. အထက်တန်းကျောင်းသူဘဝကို
    ပြန်သတိရသွားပီ ...

    ReplyDelete

Post a Comment