အော့ အော်

“ဆွမ်းအုပ်နီနီ အမေရွက်လို့

နက်ဖြန်မနက် ကျောင်းထွက်မယ်။

မောင်လဲလိုက်မယ် ချန်မထားနဲ့

အမေသွားတော့ ပျင်းလှတယ်။

ကျောင်းကြီးပေါ်မှာ မောင်ငယ်ဆော့တော့

ဘုန်းကြီးအော်လို့ ရိုက်လိမ့်မယ်။

မောင်မဆော့ပါ စိပ်ပုတီးနဲ့

ဘုန်းတော်ကြီးလို နေပါ့မယ်။

လိုက်မယ်၊ လိုက်မယ်။”


သမီးသည် မူကြိုကျောင်းက ပြန်အလာတွင် ကျောင်းကသင်လိုက်သော ကဗျာကို ရွတ်ဆိုရင်း

အိမ်ပေါ် ပြေးတက်လာသည်။ကျွန်တော်ကား ကဗျာလေး မတောက်တခေါက် ရေးတတ်သူ ဖြစ်၏။ ကဗျာတွေ အများကြီးတော့ဖတ်ထားသဖြင့် “ကဗျာနား” ရှိနေသည်။

ဆွမ်းအုပ်နီနီ ကဗျာကို ကြားရတိုင်း စိတ်ထဲမှာ ဘဝင်မကျ ဖြစ်ခဲ့ရ၏။ ထိုကဗျာတွင် တစ်နေရာ၌

ကာရန်လွတ်နေသည်။ “ကျောင်းကြီးပေါ်မှာ မောင်ငယ်ဆော့တော့” ဆိုသော စာကြောင်းနှင့်

“ဘုန်းကြီးအော်လို့ ရိုက်လိမ့်မယ်” ဆိုသော စာကြောင်းနှစ်ကြောင်းတွင် ကာရန် အချိတ်အဆက် မညီဘဲ

ရှိနေ၏။ ကျောင်းကြီးပေါ်နှင့် ဘုန်းကြီးအော်ကို ချိတ်ထားသည်ဟု ဆွဲယူနိုင်သော်လည်း နေရာ

အထားအသို မမှန်။ ကာရန်ကို ဒီလိုချိတ်လို့ မရ။

ထိုကဗျာကို ဆရာကြီး ရေးခဲ့ခြင်း ဖြစ်၏။ ဆရာကြီးလို ပုဂ္ဂိုလ်မျိုးကတော့ ကာရန် အံမကိုက်အောင်

လုပ်ထားခြင်းမဟုတ်။ တစ်နေရာရာမှာ တစ်ခုခု လွဲချော်ခဲ့ခြင်းပင် ဖြစ်လိမ့်မည် ထင်ပါသည်။ ဘာပဲဖြစ်ဖြစ်

စိတ်ထဲမှာ မတင်မကျ ဖြစ်ခဲ့ရတာ အမှန်။

တစ်လောက ဆရာကြီး၏ ဆောင်းပါးတစ်ပုဒ်မှာ အဖြေကို သွားတွေ့သည်။ ဆရာကြီးက သူ၏

ကဗျာအချို့တွင် မူလရေးသားချက်နှင့် လူအများ ယခု မှတ်ယူနေကြခြင်းတို့ အကြားတွင် ကွဲလွဲချက် ကလေးတွေ ရှိနေကြောင်း ရေးထား၏။ ထိုအထဲတွင် ဆွမ်းအုပ်နီနီ အစချီဥပုသ်စောင့်ကဗျာလည်း ပါသည်။

မူလရေးစဉ်က...

“ကျောင်းကြီးပေါ်မှာ မောင်ငယ်ဆော့တော့”

ဟူသော စာကြောင်းမှ “ဆော့” နှင့် ကာရန်ကိုက်အောင် နောက်တစ်ကြောင်းတွင် “ဘုန်းကြီးအော့လို့

ရိုက်လိမ့်မယ်” ဟူ၍ “အော့” ကို သုံးထားသည်။ နောက်ပိုင်းတွင် စာစီမှားသောကြောင့် ဖြစ်စေ၊

အမှတ်မှားသောကြောင့် ဖြစ်စေ “အော့” မှသည် “အော်” ဖြစ်သွားရခြင်းပင်။

ထိုဆောင်းပါး ဖတ်ပြီးတော့မှ ကျွန်တော် စိတ်ချမ်းသာသွားသည်။ “အော့” ဆိုသော စကားလုံးမှာ

“ဆော့” နှင့် ကာရန်ကိုက်ရုံမျှ မဟုတ်၊ အဓိပ္ပာယ်ကလည်း အလွန်တာသွားသည်။ ကျွန်တော်

စဉ်းစားကြည့်သည်။ “အော့” ဆိုသော စကားလုံး၏ အဓိပ္ပာယ်။


အော့သည်၊ အန်သည်၊ မအန်ခင်မှာ ထွက်ပေါ်လာသော အသံ...။ အော့သံ၊ နောက်တစ်နည်း

အော်ခြင်းကဲ့သို့ အသံ မကျယ်လောင်ဘဲ ကျိတ်၍ မာန်မဲသည့် သဘောဟု ယူနိုင်သည်။ ဟုတ်ပြီ။

လှလိုက်သည့် စကားလုံးကလေး။ ဘုန်းတော်ကြီး၏ စရိုက်နှင့် အံကိုက် ကွက်တိဝင်သည်။

သို့ရာတွင် ခုထိ လူအများက “ဘုန်းကြီးအော်လို့ ရိုက်လိမ့်မယ်” ဟူ၍သာ ဆိုနေကြတုန်းပင်။

သမီးလည်း ဒီအတိုင်း။ ထို့ကြောင့် သမီးကို ခေါ်ပြီး...

“ခုန ဆိုတဲ့ကဗျာ ပြန်ဆိုပြစမ်း သမီး”

သမီးက ဆိုပြသည်။ ဘုန်းကြီးအော်... နေရာရောက်သောအခါ...

“ခဏနေဦး သမီး၊ သမီးဆိုတာ မှားနေတယ်၊ ဘုန်းကြီးအော်လို့ မဟုတ်ဘူး။ ဘုန်းကြီးအော့... လို့ ဆိုမှ မှန်တယ်”

“အော့... ဟုတ်လား၊ အော့ ဆိုတာ ဘာလဲ ဖေဖေ”

ကလေး နားလည်အောင် ရှင်းပြဖို့ စကားလုံး ရှာရသည်။


“အော့ ဆိုတာ ဒီလိုလေ၊ တစ်ခါတစ်ခါ ဧည့်သည်တွေရှေ့မှာ သမီးက ဖေဖေ မကြိုက်တာကို လုပ်တဲ့အခါ ဖေဖေက သမီးနော်၊ ဟင်း... ဟင်း ဆိုပြီး မာန်တယ် မဟုတ်လား၊ အဲဒါကို ပြောတ ဘုန်းကြီးကလည်း ဟင်း... ဟင်း ဆိုပြီး မာန်ပြီး ထရိုက်လိမ့်မယ်လို့ ပြောတာ၊ ရှင်းပြီလား”

သမီး ခေါင်းညိတ်သည်။

“ဒါဆို ပြန်ဆိုကြည့်စမ်း”

“ဆွမ်းအုပ်နီနီ အမေရွက်လို့...


... ... ... ... ... ... ... ... ...


... ... ... ... ... ... ... ... ...


... ဘုန်းကြီးအော့လို့ ရိုက်လိမ့်မယ်”

“အေး ဟုတ်ပြီ”

ကျွန်တော် ဘဝင်ကျသွားသည်။

သို့ရာတွင် နောက်တစ်နေ့ သမီး မူကြိုကျောင်းက ပြန်လာသောအခါ အလိုမကျသလို သုန်သုန်မှုန်မှုန် ဖြစ်နေသည်။

“ဖေဖေ မကောင်းဘူး သိလား၊ ဖေဖေ ပြောသလို ဘုန်းကြီးအော့လို့ ရိုက်လိမ့်မယ်လို့ ဆိုတော့ သူများတွေက ဝိုင်းရယ်ကြတယ်၊ ဆရာမကလည်း ပီအောင် ဆိုမှပေါ့လို့ ပြောတယ်”

ဟု ငိုမဲ့မဲ့ ပြောသည်။ ကျွန်တော်က...

“မဟုတ်ဘူး သမီး၊ သမီးက ပီတယ်၊ သူတို့က မပီတာ၊ အော့က မှန်တယ်၊ အော်က မှားတယ်”

သမီးက ခြေကလေးဆောင့်ပြီး...

“အော့ချင်ရင်လည်း ဖေဖေ တစ်ယောက်တည်းပဲ အော့နေ၊ သူများတွေ အားလုံး အော်နေတာ၊

သမီးလည်း အော်ရမှာပဲ”

ကျွန်တော်သည် စကားတစ်လုံးသာ ရေရွတ်နိုင်သည်။

“သြော်”

(မဟေသီ မဂ္ဂဇင်း၊ ဇွန၊်၁၉၈၈)


“ဆြမ္းအုပ္နီနီ အေမ႐ြက္လို႔


နက္ျဖန္မနက္ ေက်ာင္းထြက္မယ္။


ေမာင္လဲလိုက္မယ္ ခ်န္မထားနဲ႔


အေမသြားေတာ့ ပ်င္းလွတယ္။


ေက်ာင္းႀကီးေပၚမွာ ေမာင္ငယ္ေဆာ့ေတာ့


ဘုန္းႀကီးေအာ္လို႔ ႐ိုက္လိမ့္မယ္။


ေမာင္မေဆာ့ပါ စိပ္ပုတီးနဲ႔


ဘုန္းေတာ္ႀကီးလို ေနပါ့မယ္။


လိုက္မယ္၊ လိုက္မယ္။”




သမီးသည္ မူႀကိဳေက်ာင္းက ျပန္အလာတြင္ ေက်ာင္းကသင္လိုက္ေသာ ကဗ်ာကို ႐ြတ္ဆိုရင္း


အိမ္ေပၚ ေျပးတက္လာသည္။ကြၽန္ေတာ္ကား ကဗ်ာေလး မေတာက္တေခါက္ ေရးတတ္သူ ျဖစ္၏။ ကဗ်ာေတြ အမ်ားႀကီးေတာ့ဖတ္ထားသျဖင့္ “ကဗ်ာနား” ရွိေနသည္။


ဆြမ္းအုပ္နီနီ ကဗ်ာကို ၾကားရတိုင္း စိတ္ထဲမွာ ဘဝင္မက် ျဖစ္ခဲ့ရ၏။ ထိုကဗ်ာတြင္ တစ္ေနရာ၌


ကာရန္လြတ္ေနသည္။ “ေက်ာင္းႀကီးေပၚမွာ ေမာင္ငယ္ေဆာ့ေတာ့” ဆိုေသာ စာေၾကာင္းႏွင့္


“ဘုန္းႀကီးေအာ္လို႔ ႐ိုက္လိမ့္မယ္” ဆိုေသာ စာေၾကာင္းႏွစ္ေၾကာင္းတြင္ ကာရန္ အခ်ိတ္အဆက္ မညီဘဲ


ရွိေန၏။ ေက်ာင္းႀကီးေပၚႏွင့္ ဘုန္းႀကီးေအာ္ကို ခ်ိတ္ထားသည္ဟု ဆြဲယူႏိုင္ေသာ္လည္း ေနရာ


အထားအသို မမွန္။ ကာရန္ကို ဒီလိုခ်ိတ္လို႔ မရ။


ထိုကဗ်ာကို ဆရာႀကီး ေရးခဲ့ျခင္း ျဖစ္၏။ ဆရာႀကီးလို ပုဂၢိဳလ္မ်ိဳးကေတာ့ ကာရန္ အံမကိုက္ေအာင္


လုပ္ထားျခင္းမဟုတ္။ တစ္ေနရာရာမွာ တစ္ခုခု လြဲေခ်ာ္ခဲ့ျခင္းပင္ ျဖစ္လိမ့္မည္ ထင္ပါသည္။ ဘာပဲျဖစ္ျဖစ္


စိတ္ထဲမွာ မတင္မက် ျဖစ္ခဲ့ရတာ အမွန္။


တစ္ေလာက ဆရာႀကီး၏ ေဆာင္းပါးတစ္ပုဒ္မွာ အေျဖကို သြားေတြ႕သည္။ ဆရာႀကီးက သူ၏


ကဗ်ာအခ်ိဳ႕တြင္ မူလေရးသားခ်က္ႏွင့္ လူအမ်ား ယခု မွတ္ယူေနၾကျခင္းတို႔ အၾကားတြင္ ကြဲလြဲခ်က္ ကေလးေတြ ရွိေနေၾကာင္း ေရးထား၏။ ထိုအထဲတြင္ ဆြမ္းအုပ္နီနီ အစခ်ီဥပုသ္ေစာင့္ကဗ်ာလည္း ပါသည္။


မူလေရးစဥ္က...


“ေက်ာင္းႀကီးေပၚမွာ ေမာင္ငယ္ေဆာ့ေတာ့”


ဟူေသာ စာေၾကာင္းမွ “ေဆာ့” ႏွင့္ ကာရန္ကိုက္ေအာင္ ေနာက္တစ္ေၾကာင္းတြင္ “ဘုန္းႀကီးေအာ့လို႔


႐ိုက္လိမ့္မယ္” ဟူ၍ “ေအာ့” ကို သုံးထားသည္။ ေနာက္ပိုင္းတြင္ စာစီမွားေသာေၾကာင့္ ျဖစ္ေစ၊


အမွတ္မွားေသာေၾကာင့္ ျဖစ္ေစ “ေအာ့” မွသည္ “ေအာ္” ျဖစ္သြားရျခင္းပင္။


ထိုေဆာင္းပါး ဖတ္ၿပီးေတာ့မွ ကြၽန္ေတာ္ စိတ္ခ်မ္းသာသြားသည္။ “ေအာ့” ဆိုေသာ စကားလုံးမွာ


“ေဆာ့” ႏွင့္ ကာရန္ကိုက္႐ုံမွ် မဟုတ္၊ အဓိပၸာယ္ကလည္း အလြန္တာသြားသည္။ ကြၽန္ေတာ္


စဥ္းစားၾကည့္သည္။ “ေအာ့” ဆိုေသာ စကားလုံး၏ အဓိပၸာယ္။




ေအာ့သည္၊ အန္သည္၊ မအန္ခင္မွာ ထြက္ေပၚလာေသာ အသံ...။ ေအာ့သံ၊ ေနာက္တစ္နည္း


ေအာ္ျခင္းကဲ့သို႔ အသံ မက်ယ္ေလာင္ဘဲ က်ိတ္၍ မာန္မဲသည့္ သေဘာဟု ယူႏိုင္သည္။ ဟုတ္ၿပီ။


လွလိုက္သည့္ စကားလုံးကေလး။ ဘုန္းေတာ္ႀကီး၏ စ႐ိုက္ႏွင့္ အံကိုက္ ကြက္တိဝင္သည္။


သို႔ရာတြင္ ခုထိ လူအမ်ားက “ဘုန္းႀကီးေအာ္လို႔ ႐ိုက္လိမ့္မယ္” ဟူ၍သာ ဆိုေနၾကတုန္းပင္။


သမီးလည္း ဒီအတိုင္း။ ထို႔ေၾကာင့္ သမီးကို ေခၚၿပီး...


“ခုန ဆိုတဲ့ကဗ်ာ ျပန္ဆိုျပစမ္း သမီး”


သမီးက ဆိုျပသည္။ ဘုန္းႀကီးေအာ္... ေနရာေရာက္ေသာအခါ...


“ခဏေနဦး သမီး၊ သမီးဆိုတာ မွားေနတယ္၊ ဘုန္းႀကီးေအာ္လို႔ မဟုတ္ဘူး။ ဘုန္းႀကီးေအာ့... လို႔ ဆိုမွ မွန္တယ္”


“ေအာ့... ဟုတ္လား၊ ေအာ့ ဆိုတာ ဘာလဲ ေဖေဖ”


ကေလး နားလည္ေအာင္ ရွင္းျပဖို႔ စကားလုံး ရွာရသည္။




“ေအာ့ ဆိုတာ ဒီလိုေလ၊ တစ္ခါတစ္ခါ ဧည့္သည္ေတြေရွ႕မွာ သမီးက ေဖေဖ မႀကိဳက္တာကို လုပ္တဲ့အခါ ေဖေဖက သမီးေနာ္၊ ဟင္း... ဟင္း ဆိုၿပီး မာန္တယ္ မဟုတ္လား၊ အဲဒါကို ေျပာတ ဘုန္းႀကီးကလည္း ဟင္း... ဟင္း ဆိုၿပီး မာန္ၿပီး ထ႐ိုက္လိမ့္မယ္လို႔ ေျပာတာ၊ ရွင္းၿပီလား”


သမီး ေခါင္းညိတ္သည္။


“ဒါဆို ျပန္ဆိုၾကည့္စမ္း”


“ဆြမ္းအုပ္နီနီ အေမ႐ြက္လို႔...




... ... ... ... ... ... ... ... ...




... ... ... ... ... ... ... ... ...




... ဘုန္းႀကီးေအာ့လို႔ ႐ိုက္လိမ့္မယ္”


“ေအး ဟုတ္ၿပီ”


ကြၽန္ေတာ္ ဘဝင္က်သြားသည္။


သို႔ရာတြင္ ေနာက္တစ္ေန႔ သမီး မူႀကိဳေက်ာင္းက ျပန္လာေသာအခါ အလိုမက်သလို သုန္သုန္မႈန္မႈန္ ျဖစ္ေနသည္။


“ေဖေဖ မေကာင္းဘူး သိလား၊ ေဖေဖ ေျပာသလို ဘုန္းႀကီးေအာ့လို႔ ႐ိုက္လိမ့္မယ္လို႔ ဆိုေတာ့ သူမ်ားေတြက ဝိုင္းရယ္ၾကတယ္၊ ဆရာမကလည္း ပီေအာင္ ဆိုမွေပါ့လို႔ ေျပာတယ္”


ဟု ငိုမဲ့မဲ့ ေျပာသည္။ ကြၽန္ေတာ္က...


“မဟုတ္ဘူး သမီး၊ သမီးက ပီတယ္၊ သူတို႔က မပီတာ၊ ေအာ့က မွန္တယ္၊ ေအာ္က မွားတယ္”


သမီးက ေျခကေလးေဆာင့္ၿပီး...


“ေအာ့ခ်င္ရင္လည္း ေဖေဖ တစ္ေယာက္တည္းပဲ ေအာ့ေန၊ သူမ်ားေတြ အားလုံး ေအာ္ေနတာ၊


သမီးလည္း ေအာ္ရမွာပဲ”


ကြၽန္ေတာ္သည္ စကားတစ္လုံးသာ ေရ႐ြတ္ႏိုင္သည္။


“ေၾသာ္”

Comments

  1. ဝမ်းနည်းစရာတွေက ဆက်တိုက်ပဲ
    ဒါပေမယ့် ငါတို့ မငိုဘူး
    အိမ်မက်တွေအတွက် ပြုံးထားပါတယ်...

    ReplyDelete
  2. အမှန်ကိုဖုံးချင်ကြတဲ့အမှားတွေကများတယ် မြန်မာရယ် တလရ ကြာနေတာလဲ အဲလိုအကျင့်တွေမဖျောက်ကြလို့ပေါ့ 😟

    ReplyDelete
  3. Replies
    1. အမှားကြာတော့ အမှန်ဖြစ်
      အမှန်ပြင်ပေးရင် လက်မခံချင်ကြ
      ကိုယ်လည်း ခုမှ အမှန်သိရတယ်
      ကျေးဇူးပါ

      Delete
  4. အမှားကို အမှန်ထင်ခဲ့တာတွေ
    အမှန်ကို အမှားလို့ပြောဆိုကြတာတွေ ရှိကြတုန်းပါ

    ReplyDelete

Post a Comment