ခေတ်ကို ငါဆဲတယ်

လွမ်းရတာ
ကျည်ကွယ်မျက်ကွယ် မဟုတ်ဘူး။
ချစ်တယ်ဆိုတော့
သူ့အလိုလို မိုင်းကထကွဲပြန်တယ်။
ပျော်ရဲ့လားဆိုတော့
သေရင်တောင်
သရဏဂုံမတင်ဝံ့...။
မျက်စေ့ရှေ့မှာတင်
မျက်စေ့ရှေ့မှာ လူမျိုးလည်း သုဉ်းနေပြီ။
သတ်ရဲပါတယ်။
သေနတ်က ရှိဦးမှ...။
သေနတ်ရှိတော့လည်း
ကျည်ဆန်ဆိုတာ
လှိုင်သာယာမီးခွက်စျေးထဲ
မုန်လာထုပ်လို
လက်တွန်းလှည်းနဲ့
ပြေးဝယ်ရတာမဟုတ်ဘူး။
နာပါတယ်...
ရင်ထဲကသယံဇာတဟာ
ကျည်မထွက်တော့
မီးကူးမယ့်အိပ်မက်ကို
စိတ်နဲ့သာ လိုက်သတ်နေရတယ်။
တစ်ခါတလေ...
သွေးနဲ့ရေးတာဟာ
ငါလိုးမလောကကြီး။
ခင်ဗျားတို့ကသာ
စိတ်ကူးထဲ လွတ်မြောက်နယ်မြေရောက်နေတာ။

- နှင်းရိပ်နွေ
တူမီးတော်လှန်ရေးစာစဥ််အမှတ် ( ၆၂ ) တွင် ဖော်ပြသည်။

Comments


  1. တော်လှန်ရေးနှင့် ချစ်ခြင်းတရား
    ------------------------------------

    ဖိနပ်ပြတ်ရင်
    ပြတ်မယ်
    ယုံကြည်ချက်
    မပြတ်ဖို့လိုတယ်

    ပိုက်ဆံပြတ်ရင်
    ပြတ်မယ်
    အတွေးအခေါ်
    မပြတ်ဖို့လိုတယ်

    အဝတ်အစားတွေ
    နွမ်းရင်နွမ်းမယ်
    တော်လှန်စိတ်တွေ
    မပမ်းဖို့လိုတယ်

    ရိက္ခာဖူလုံချင်မှ
    ဖူလုံမယ်
    ချစ်ခြင်းတရားတွေ
    ဖူလုံဖို့လိုတယ်

    ဘဝဟာ
    ကြမ်းတမ်းချင်သလောက်
    ကြမ်းတမ်းပါစေ

    တော်လှန်‌ရေးနဲ့
    ချစ်ခြင်းတရားတွေ
    စီးဆင်းဖို့ လိုတယ်လေ


    San Zuren 🌸

    ReplyDelete
  2. ခံစားချက် ထပ်တူကျပါတယ်

    ReplyDelete
  3. Thanks for sharing.. I really like his poems..

    ReplyDelete
  4. ကောင်းလိုက်တဲ့ ကဗျာလေး

    ReplyDelete
  5. 💪🏻💪🏻💪🏻🌿🌿🌿

    ReplyDelete
  6. ရင်ထဲက သယံဇာတဟာ ကျည်မထွက်တော့ မီးကူးမယ့် အိပ္မက္ကို စိတ်နဲ့သာလိုက်သတ်နေရတယ် 💜 🌸

    ReplyDelete

Post a Comment