စိန်အလွမ်း
ကျွန်တော်သည် အခြားစာရေးဆရာ အတော်များများလိုပင် တက္ကသိုလ်နောက်ခံ ဝတ္ထုများ၊ကဗျာများ ရေးခဲ့ပါသည်။ စာရေးဆရာ ဖြစ်ခါစမှာ ရေးခဲ့သော လုံးချင်းဝတ္ထုများမှာ တက္ကသိုလ်အကြောင်းတွေ များပါသည်။ လူငယ်စာရေးဆရာ အတော်များများသည် စာရေးခါစတွင် တက္ကသိုလ်အကြောင်း ရေးကြတာများကြောင်း တွေ့ရသည်။
ဘာကြောင့် ဒီလိုဖြစ်ရသလဲဟု ကျွန်တော့်ကိုယ် ကျွန်တော် ဆန်းစစ်ကြည့်မိ၏။ အချက်နှစ်ချက်ကိုတွေ့သည်။ပထမအချက်က ဘွဲ့ရလို့ တက္ကသိုလ်နယ်မြေကို စွန့်ခွာခဲ့ရသော်လည်း တသသ စွဲလန်း နေဆဲဖြစ်၍အလွမ်းပြေ ရေးမိခြင်း။ဒုတိယအချက်ကတော့ ကိုယ် ကျွမ်းကျင်ပိုင်နိုင်သော နေရာဒေသဖြစ်၍ သရုပ်ပေါ်အောင်ရေးသားနိုင်ခြင်း။အထက်ပါ အချက်နှစ်ချက်စလုံးသည် တက္ကသိုလ်နောက်ခံ ဝတ္ထုများ ရေးသားရာမှာကျွန်တော့်အတွက် များစွာ အထောက်အကူ ပြုခဲ့လေသည်။
ကျွန်တော်သည် ရန်ကုန်တက္ကသိုလ်မှာ လေးနှစ်ခွဲလောက် ကျောင်းတက်ခဲ့သည်။ ထိုကာလမှာ ကျွန်တော့်ဘဝ သက်တမ်းတစ်လျှောက် အပျော်ရွှင်ဆုံး၊ အတက်ကြွဆုံး၊ အလွတ်လပ်ဆုံးပင် ဖြစ်၏။
နေ့ကျောင်းသားဖြစ်သော်လည်း တော်ရုံတန်ရုံ အဆောင်ကျောင်းသားတွေထက် ပိုပြီး ကျောင်းမှာ
နှံ့စပ်သည်။ သိပ္ပံဘာသာတွဲနှင့် ဆယ်တန်းအောင်ပြီးကာမှ တက္ကသိုလ်မှာ ဝိဇ္ဇာဘာသာ (ဒဿနိကဗေဒ)ယူခဲ့သဖြင့် ဝိဇ္ဇာဘက်မှာရော သိပ္ပံဘက်မှာပါ သူငယ်ချင်း အပေါင်းအသင်းတွေ ရှိသည်။ ပန်းချီအနုပညာအသင်းနှင့် ဆက်စပ်မိသောအခါ အသိအကျွမ်းက ပိုတောင် များလာသေးသည်။
မနက်စောစော ထမင်းကြော် တစ်ပန်းကန်စားပြီး အိမ်မှထွက်ခဲ့ရာ ကျောင်းထဲမှာပင် တစ်နေကုန်သည်။ ညမိုးစုန်းစုန်းချုပ်မှ အိမ်ပြန်ရောက်တတ်သည်။ တစ်ခါတစ်ရံ ကျောင်းမှာပင်အိပ်တတ်သည်။
ကျောင်းထဲက ကျွန်တော် အိပ်ဖူးသော နေရာများမှာ ရွှေဘိုဆောင်၊ ပဲခူးဆောင်၊ ဒူးယားဆောင်နှင့်စက်မှုတက္ကသိုလ် အဆောင်များ ဖြစ်၏။ အဆောင်တွေမှာသာမက တခြား နေရာများမှာလည်းအိပ်ဖူးသေးသည်။ ပန်းချီ အနုပညာအသင်းက ပိုင်သော ပန်းချီခန်းမ၊ သော့ပျက်နေသော စာသင်ခန်းများမှာ။
ထိုမျှမက “တက္ကသိုလ်မှာ ငါတို့ မအိပ်ဖူးတဲ့ နေရာ မရှိစေရအောင်၊ နောင် အမှတ်တရ ပြန်ပြောလို့ရအောင်” ဆိုပြီး ဘွဲ့နှင်းသဘင် ခန်းမရှေ့က ကျောက်လှေကားပေါ်မှာ ပုဆိုးလေးခြုံပြီး ကွေးခဲ့ဖူးသည်။
ကံ့ကော်တောက ခုံတန်းလျားတွေပေါ်မှာလည်း ငိုက်ခဲ့ဖူးသည်။ သူငယ်ချင်း ကဗျာဆရာတစ်ယောက်နှင့် အတူ တစ်ညလုံး အဓိပတိလမ်းပေါ်မှာ ပက်လက်လှန်ပြီး ကြယ်တွေကို ကြည့်ခဲ့ကြဖူးသည်။ လုံခြုံရေးဝန်ထမ်းတွေက ကျွန်တော်တို့ကိုမြင်တော့ လူနှစ်ယောက် ကားကြိတ်ခံရပြီး လဲနေတာမှတ်လို့လာကြည့်ကြတာ မှတ်မိသေးသည်။
ကျွန်တော်တို့ သူငယ်ချင်းအုပ်စုမှာ သူများတွေထက် ထူးတာ တစ်ခုရှိသေးသည်။ မိန်းကလေးဆောင် တစ်ဆောင်မှာ တစ်ည အိပ်ဖူးခြင်းပင် ဖြစ်၏။ထိုစဉ်က စီးပွားရေးတက္ကသိုလ် ကျောင်းသူများနေသော အင်ကြင်းဆောင်၏ အဆောင်မှူးမှာ ကျွန်တော်၏ ငယ်ဆရာမ ဖြစ်သည်။ သူတို့ အဆောင်မှ နံရံကပ်စာစောင်ထုတ်လျှင် ကျွန်တော်က ပန်းချီအသင်းမှ သူငယ်ချင်းများနှင့်အတူ သွားရောက် တာဝန်ယူ လုပ်ကိုင်ပေးရသည်။တစ်ခါတော့ ညမိုးချုပ်သည်အထိ နံရံကပ်စာစောင်က မပြီးသေးဘဲ ဖြစ်နေ၏။ နောက်တစ်နေ့မှာဝါဆိုသင်္ကန်းကပ်ပွဲ ရှိသည်။ နံရံကပ်စာစောင်ကိုလည်း တစ်ခါတည်း ခင်းကျင်းပြရမည် ဖြစ်၏။ ဆရာမကပြီးအောင်သာလုပ်ဟု ဆိုသည်။
ထို့ကြောင့် အားကြိုးမာန်တက် လုပ်ကြရာ ညဆယ့်နှစ်နာရီ ထိုးခါနီးမှ ပြီးသည်။ အိမ်ပြန်ကြဖို့ မဖြစ်နိုင်တော့။ သို့ဖြင့် အဆောင်မှူးဆရာမ၏ ဧည့်ခန်းထဲမှာ စုအိပ်ကြရသည်။ တံခါးတွေကိုတော့ အပြင်ကနေ အလုံပိတ်ပြီး သော့ခတ်ထားသည်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့သည် ထူးထူးခြားခြားမိန်းကလေးဆောင်မှာ ညအိပ်ခဲ့ဖူးသည်ဟု ကြွားစရာတစ်ခုတော့ ကြုံခဲ့ရလေသည်။
ဘယ်ခေတ်မှာပဲဖြစ်ဖြစ် တက္ကသိုလ်ကျောင်းသား ဘဝသည် ပျော်စရာကောင်းသည်ချည်းပင် ဖြစ်ပါလိမ့်မည်။ သို့တိုင်အောင် ကျောင်းသား ကျောင်းသူတိုင်းက ကိုယ့်ခေတ်သည် ပျော်စရာ အကောင်းဆုံးဟု ထင်ကြမှာ သေချာသည်။ ကျွန်တော်ကလည်း ကျွန်တော်တို့ခေတ်သည် ပျော်စရာအကောင်းဆုံးဟုပင် ဆိုချင်သည်။
ကျွန်တော်တို့ ကျောင်းတက်ခဲ့သည့် အချိန် (၁၉၇၂-၁၉၇၇) မှာ စရိတ်စက အလွန်သက်သာသောကာလဖြစ်၏။ ပထမနှစ် စတက်သော ၁၉၇၂ တွင် လက်ဖက်ရည်တစ်ခွက်မှ သုံးဆယ့်ငါးပြားသာ ရှိသေးသည်။ ဒူးယားစီးကရက် တစ်လိပ် ဆယ့်ငါးပြား ဖြစ်၏။ တစ်နေ့လျှင် အသုံးစရိတ် တစ်ကျပ်၊ ငါးမတ်လောက်သာကုန်ကျသည်။ ကျောင်းလခက တစ်လ ဆယ့်ငါးကျပ်ဖြစ်ပြီး နှစ်လတစ်ကြိမ် ပေးသွင်းရသည်။
အဆောင်နေသည့် ကျောင်းသားကမှ တစ်လ လေးဆယ့်နှစ်ကျပ်လား ပေးရသည်။ ထမင်းနှစ်နပ်ကျွေး သည်။ နေ့လည် ကော်ဖီနှင့် မုန့် တိုက်ကျွေးသေးသည်။ (အဆောင်မှာဟင်းမကောင်းတာကတော့ ဘယ်ခေတ်မှာပဲဖြစ်ဖြစ် အတူတူပင် ဖြစ်လိမ့်မည် ထင်၏။) နေ့ကျောင်းသားတွေကလည်း အဆောင်က သူငယ်ချင်းများနှင့် လိုက်သွားပြီး အဆောင် ထမင်းဟင်းကို ခပ်တည်တည် ဝင်စားလို့ရသည်။ ဘယ်သူကမှ ဟန့်တားခြင်း မရှိ။ နောက်ပိုင်းကုန်ဈေးနှုန်းတွေ ကြီးလာတော့မှ ထမင်းစားလက်မှတ်တွေ ဘာတွေ ပေါ်လာခြင်း ဖြစ်၏။
တစ်ခုတော့ ရှိသည်။ ထိုအချိန်က ဇိမ်ခံပစ္စည်း အလွန်ရှားခြင်းပင် ဖြစ်လေသည်။ မော်တော်ကား၊ရေဒီယို၊ ကက်ဆက် စသည်တို့သာမက ဆပ်ပြာမွှေး၊ သွားတိုက်ဆေးတို့လို အိမ်သုံးပစ္စည်း အသေးအဖွဲလေးတွေတောင် ဇိမ်ခံပစ္စည်းစာရင်းထဲ ပါနေသည်။အဝတ်အစားလည်း အလွန်ရှားသည်။ တက်ထရွန် ရှပ်အင်္ကျီ အဖြူလေးတစ်ထည်လောက်၊အစင်းလေး အကွက်လေး တစ်ထည်နှစ်ထည် လောက်နှင့် ပြီးသည်။ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများမှာ အရပ်ထဲက သူလိုငါလို လူများကဲ့သို့သာ ဝတ်စားဆင်ယင်ကြသည်။ ကျောင်းထဲမှာ ဖက်ရှင်ပြပွဲလို အပြိုင်အဆိုင် ဝတ်စားကြတာမျိုး သိပ်မရှိ။ အဝတ်အစား ဒီဇိုင်းဆန်းဆန်း ခပ်ကြောင်ကြောင်ဝတ်လာလျှင် ဝိုင်းအဟားခံရဖို့ များသည်။
ကျောင်းသူများ အနေနှင့် စကတ်ဝတ်ဖို့ မပြောနဲ့၊ ထဘီကို ခြေသလုံးပေါ်အောင် ဝတ်မိလျှင်ပင်...
“ကောက်စိုက်မလို့လား ဟေ့”
“ခြေသလုံးမှာ မျှော့ကြီး မျှော့ကြီး”
ဟု ဝိုင်းအော်ခံရမှာ သေချာသည်။
ကျောင်းသူတွေ ဖက်ရှင်ဒီဇိုင်းပြပွဲလို အဝတ်အစား အသစ်အဆန်း ဝတ်လို့ရသော နေ့တစ်နေ့တော့ရှိသည်။ ဘွဲ့နှင်းသဘင်နေ့ မတိုင်မီ အပြီးသတ် အစမ်းလေ့ကျင့်သော နေ့ပင် ဖြစ်၏။ တကယ် ဘွဲ့ယူရမည့်နေ့တွင် အပေါ်က ဘွဲ့ဝတ်စုံကြီး ဝတ်ထားရမည်ဖြစ်၍ အထဲက ဝတ်ထားတာ ပေါ်မည်မဟုတ်။
ထို့ကြောင့် အစမ်းလေ့ကျင့်သည့်နေ့မှာ အစွမ်းကုန် ဝတ်စားလာကြသည်။ ကျွန်တော်တို့ ကျောင်းသားတွေကလည်း ဖက်ရှင်ပြပွဲ ကြည့်သလို ကြည့်ပြီး အော်ဟစ်အားပေးကြလေသည်။
ထိုစဉ်က မော်တော်ကားတွေလည်း ခုလို မများလှသေး။ ကားနှင့် ကျောင်းတက်နိုင်သူ အနည်းငယ်သာ ရှိသည်။ ကိုယ့်ဘာသာ ကားမောင်းပြီး ကျောင်းကို လာနိုင်သူဆိုလျှင် လက်ချိုးရေလို့ရပြီး လူတွေက ထူးထူးခြားခြား မှတ်မိနေတတ်သည်။
အများစုမှာ တက္ကသိုလ်ကျောင်းသား ကျောင်းသူဆိုပြီး သုံးလိုက်ဖြုန်းလိုက် ဝါဝါကြွားကြွား မနေနိုင်ကြ။ တချို့မှာ ကျောင်းစရိတ်ကာမိအောင် အလုပ်လုပ်ကြရသေးသည်။ ကျွန်တော်သည်လည်း တစ်ဘက်မှ စာအုပ်လုပ်ငန်းကို လုပ်ရင်း ကျောင်းတက်ရသူ ဖြစ်၏။
သို့တိုင်အောင် မပြည့်စုံသော အခြေအနေကို မညည်းညူကြ။ ကျောင်းဝင်းထဲ ရောက်သည်နှင့် အဆင်မပြေတာ အားလုံးကို မေ့သွားကြရသည်။ ငါတို့ပိုင်သော နယ်မြေထဲ ရောက်ပြီဆိုပြီး စိတ်ထဲကအလိုလို လုံခြုံစိတ်ချသွားကြရသည်။ ကျောင်းတော်ကြီးကို မိမိတို့ ဘိုးဘွားအစဉ်အဆက်ကပိုင်ဆိုင်လာခဲ့သော ခြံဝင်းကျယ်ကြီးလို သဘောထားသည်။ အဆောက်အဦးများကို မိသားစုပိုင်အိမ်ရာတွေလို တွယ်တာသည်။ သစ်ပုပ်ပင်ကြီးကိုပင် ကိုယ့်အဘိုးကိုယ်တိုင် စိုက်ခဲ့သလိုအောက်မေ့ကြလေသည်။
ကျွန်တော်သည် တက္ကသိုလ်ကို ကိုယ့်အိမ်လို သဘောထားပြီး နေခဲ့သူ ဖြစ်၏။ ကျောင်းထဲမှာလျှောက်သွားရင်း ညဉ့်နက်သွားလျှင် အဆောင်က သူငယ်ချင်းတစ်ယောက်ယောက် အခန်းမှာတက်အိပ်လိုက်သည်သာ ဖြစ်၏။
ကျွန်တော်နှင့် ပေါင်းမိသော သူငယ်ချင်းများမှာလည်း ဘာသာရပ်တူလို့ ပေါင်းမိခြင်း မဟုတ်ဘဲဝါသနာတူချင်း ဆုံမိကြခြင်းဖြစ်၍ ပိုပြီးညီညွတ်သည်။ ကဗျာသမား၊ စာသမား၊ ပန်းချီ အနုပညာသမားများ။
တချို့ဆိုလျှင် ခုချိန်ထိ စာပေနယ်ထဲမှာ လုပ်ဖော်ကိုက်ဖက်များအဖြစ် တတဲတွ ွဲ ရှိနေတုန်း ဖြစ်၏။
ကျွန်တော်တို့ အုပ်စုမှာ လူလည်းစုံသည်။ အနယ်နယ်အရပ်ရပ်မှ လာကြသူတွေ ဖြစ်၏။
အထက်အညာသား (သပိတ်ကျင်း) မှသည် မြိတ်သားအထိ ပါသည်။ ရန်ကုန်တက္ကသိုလ်၊စီးပွားရေးတက္ကသိုလ်၊ လုပ်သားများကောလိပ်၊ ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်တို့မှ ကျောင်းသားများဖြစ်ကြသည်။
နောက်သည့်ပြောင်သည့် နေရာမှာလည်း ရှာမှရှားသည်ဟု ဆိုရမည်။ ဒီအရွယ်ကြီးတွေရောက်မှတက္ကသိုလ်ကျောင်းဝင်းထဲမှာ ဂေါ်လီရိုက်ချင် ရိုက်တတ်သည်။ တုတ်တစ်ချောင်းစီကိုင်ပြီး ပင်ပေါင်ဘောလုံးဖြင့် ဂေါက်သီးရိုက်ချင် ရိုက်သည်။
ပန်းချီခန်းမှာ မော်ဒယ်အဖြစ် အသုံးပြုသော အရိုးခေါင်းကြီးတစ်လုံး ရှိသည်။ ဝါးလုံးနှစ်ချောင်းကိုကန့်လန့်ဖြတ်ချည်၊ ထိပ်မှာ အရိုးခေါင်းစွပ်၊ အဝတ်နက်တစ်ထည် ခြုံပေးပြီး ညနေ ကျောင်းသူတွေ
အဆောင်ပြန်သည့်လမ်းက စောင့်နေသည်။ လာပြီဆိုတော့မှ ခြုံထဲကနေ ဘွားခနဲ ပေါ်လာအောင်လုပ်ပြီး “ဟား ဟား ဟား ဟား” ဟု အသံသြသြကြီးနှင့် အော်သည်။
ကျောင်းသူတွေ လန့်ပြီး အော်ကြသည်။ အဆောင်သူများမှာ အနောက်အပြောင် ခံရပေါင်းများပြီဖြစ်၍ စိတ်မဆိုးကြ။ သူတို့အဆောင်ကို ယောက်ျားလေးတွေ လာလည်သည့် အခါမှာလည်း သူတို့က ခြေလှမ်းမှား လောက်အောင် ဝိုင်းဟားကြတာပဲ မဟုတ်လား။
ညဘက်ကျလျှင်တော့ မိန်းကလေး အဆောင်တွေရှေ့သွားပြီး သီချင်းဆိုကြသည်။
ဂစ်တာတစ်လက်နှင့် ခေတ်ပေါ်သီချင်းတွေ ဆိုသည့်အခါ ဆိုသည်။ “ဗွေးဒုတ်” တို့၊ “နားပန်းဆံ” တို့လိုသီချင်းတွေကို အုပ်စုလိုက် အသံကုန် ဟစ်ချင်ဟစ်သည်။ ရှိပြီးသားသီချင်းတွေကို စာသားဖျက်ပြီး ဆိုချင်ဆိုသည်။ (မောင့်လပြည့်ဝန်းကို မောင့်လက်ပစ်ဗုံး ဟု စာသားပြောင်းဆိုတာမျိုး ဖြစ်၏။)
တစ်ခါတလေ ရန်ကုန်တက္ကသိုလ်က အဆောင်တွေရှေ့မှာ ဆိုရတာ ရိုးအီလျှင် လှိုင်နယ်မြေဘက်က အင်ကြင်းတို့၊ ကံ့ကော်တို့ ရှေ့မှာဖြစ်စေ၊ စက်မှုတက္ကသိုလ် ဂျီဟောရှေ့မှာဖြစ်စေသွားဆိုတတ်သည်။
ကျောင်းသားလူငယ်ပီပီ ပျော်ပျော်ပါးပါး နောက်နောက်ပြောင်ပြောင် နေတတ်သော်လည်းဟော့ဟော့ရမ်းရမ်းတော့ မရှိကြ။ ကျောင်းသူတွေကို ပျော်စေပျက်စေ နောက်ပြောင်တာမျိုးသာ ဖြစ်၏။
အိန္ဒြေပျက်လောက်အောင် မနှောင့်ယှက်ကြ။ တခြားသူက ကျောင်းသူတစ်ယောက်ကို စော်ကားလျှင်လည်းမခံ။ ကိုယ့်နှမကို ထိသလို သဘောထားသည်။
အမိတက္ကသိုလ်၏ ဂုဏ်သိက္ခာကိုလည်း အလွန်တန်ဖိုးထားသည်။ ကိုယ့်ကိုယ်ကို တက္ကသိုလ်ကျောင်းသားဆိုပြီး စိတ်ကြီးဝင်မိတာမျိုးတော့ အထိုက်အလျောက်ရှိသည်။ ထိုစိတ်ကြောင့်ပင်
ကိုယ်ရည်ကိုယ်သွေး မြင့်မားပြီး သိမ်ငယ်ညံ့ဖျင်းသော အပြုအမူ၊ အပြောအဆိုမျိုးကို ရှောင်ရှား နိုင်ကြခြင်းမှာလည်း အမှန်ပင် ဖြစ်၏။
ကျွန်တော်သည် တက္ကသိုလ် ပထမနှစ်မှစ၍ စာပေလောကထဲ ဝင်နိုင်ဖို့ ကြိုးစားနေပြီ ဖြစ်၏။
ကဗျာတွေ၊ ဝတ္ထုတွေရေးပြီး မဂ္ဂဇင်းတိုက်များသို့ ပို့သည်။ ကျောင်းက နံရံကပ်စာစောင်များ၊ နှစ်လည် မဂ္ဂဇင်းများမှာ ကဗျာတွေ ရေးသည်။ သူငယ်ချင်းတွေ စုပြီး လက်ရေး ကဗျာစာအုပ်ကလေးမျာရေးသားထုတ်ဝေသည်။
ယုဒဿန်မျှော်စင် ထိပ်ဖျားမှ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက် မြေအောက်ခန်းအထိ နှံ့နှံ့စပ်စပ်ရောက်ဖူးခဲ့သဖြင့် တက္ကသိုလ်အကြောင်းကို ပိုင်နိုင်စွာ ဖွဲ့ဆိုနိုင်ခဲ့သည်။
တက္ကသိုလ်၏ အထင်ကရ အဆောက်အဦး အမှတ်အသားများက ကျွန်တော်၏ ရေးဖွဲ့လို့အကောင်းဆုံး ဇာတ်ကောင်များပင် ဖြစ်၏။ “နှလုံးသားတို့၏ ပူးတွဲကြေညာချက်” ဟူသော ကဗျာတွင်
အောက်ပါအတိုင်း ကျွန်တော် ရေးခဲ့သည်။
သိပ်ချစ်ကြသော
ငါတို့နှစ်ဦး၏ နှလုံးသားကို
လုပ်ကြံရန် ကြံစည်သူသည်
အင်းလျားကန်၏ ဝမ်းဗိုက်ကို
ဓားဖြင့်ခွဲရန် ကြံစည်သကဲ့သို့ လည်းကောင်း၊
သစ်ပုပ်ပင် ထိပ်ဖျား၌ သာနေသော
လပြည့်ဝန်းကို
မျက်နှာသစ်ပေးရန် ကြံစည်သကဲ့သို့ လည်းကောင်း၊
သထုံဆောင်နှင့် အင်ကြင်းဆောင်ကို
ဥမင်လိုဏ်ခေါင်း တူး၍
ဆက်သွယ်ရန် ကြံစည်သကဲ့သို့ လည်းကောင်း၊
ယုဒဿန်မျှော်စင်ကို
ရွှေရည်စိမ်ရန် ကြံစည်သကဲ့သို့ လည်းကောင်း၊
ဘွဲ့နှင်းသဘင် ခန်းမပေါ်၌
ဖယောင်းတိုင် သက်စေ့ထွန်း၍
မွေးနေ့ကိတ်မုန့် အဖြစ်
အသုံးပြုရန် ကြံစည်သကဲ့သို့ လည်းကောင်း၊
အလွန် မိုက်မဲလှစွာသော
သူရူးသာ ဖြစ်လိမ့်မည်တည်း။”
တစ်ခုသော နွေရာသီ၏ နေ့တစ်နေ့ကို ကျွန်တော် ဘယ်တော့မှ မမေ့။ နောက်ဆုံးနှစ် စာမေးပွဲ၏ နောက်ဆုံးနေ့ဖြစ်သော နှုတ်ဖြေမေးခွန်းကို ဖြေပြီးနောက် အဓိပတိလမ်းအတိုင်း ကျွန်တော်လျှောက်လာခဲ့သည်။
ဒီနေ့သည် ကျွန်တော့်အဖို့ တက္ကသိုလ်ကျောင်းသားဘဝ၏ နောက်ဆုံးနေ့။ ကျွန်တော်တို့သည် တက္ကသိုလ် ကျောင်းတော်ကြီးမှာ လေးနှစ်လေးမိုး နေခဲ့သည်။ နောက်တစ်ကြိမ် ပြန်လည် မရရှိနိုင်သောပျော်ရွှင်ဖွယ်နေ့ရက်များကို ဖြတ်သန်းခဲ့ကြသည်။
အခုတော့ တက္ကသိုလ်နယ်မြေကို ခွဲခွာရတော့မည်။ မျက်လွှာချနေသော မိခင်နှင့်တူသော ဘွဲ့နှင်းသဘင် ခန်းမကြီး။ မကွဲနိုင်သော မှန်တစ်ချပ်ဟု ကျွန်တော် တင်စားခဲ့သော အင်းလျားကန်ကြီး။မှော်ရုံဟေဝန်ကဲ့သို့ ညှို့ငင်ဖမ်းစားနိုင်သော ကံ့ကော်တော တို့သည် နောက်မှာကျန်ခဲ့ပြီ။ အဓိပတိလမ်းထိပ် မုခ်ဦးတံခါးဝမှာ ကျွန်တော် ရပ်လိုက်သည်။ လွမ်းဆွတ် တသဖွယ်သော ပရဝုဏ်ကို တစ်ချက် လှည့်ကြည့်သည်။ ရှေ့ကို တစ်လှမ်းလှမ်းလိုက်လျှင် လက်တွေ့ ဘဝခရီးအစသို့ခြေချမိတော့မည်။ ထိုစဉ်မှာပင် ကျွန်တော့်ရင်၌ ကဗျာတစ်ပုဒ် ဖြစ်ပေါ်လာသည်။
ရှေ့သို့ လှမ်းလျှင်
ခြေရာထင်မည်
အသင် စိုးရွံ့နေသလော။ ။
(မြကျွန်းသာ မဂ္ဂဇင်း၊ ရန်ကုန်တက္က္ကသိုလ် စိန်ရတုနေ့ ကျောင်းသားများ၊ ဒီဇင်ဘာ၊ ၁၉၉၅)
ကြၽန္ေတာ္သည္ အျခားစာေရးဆရာ အေတာ္မ်ားမ်ားလိုပင္ တကၠသိုလ္ေနာက္ခံ ဝတၳဳမ်ား၊ကဗ်ာမ်ား ေရးခဲ့ပါသည္။ စာေရးဆရာ ျဖစ္ခါစမွာ ေရးခဲ့ေသာ လုံးခ်င္းဝတၳဳမ်ားမွာ တကၠသိုလ္အေၾကာင္းေတြ မ်ားပါသည္။ လူငယ္စာေရးဆရာ အေတာ္မ်ားမ်ားသည္ စာေရးခါစတြင္ တကၠသိုလ္အေၾကာင္း ေရးၾကတာမ်ားေၾကာင္း ေတြ႕ရသည္။
ဘာေၾကာင့္ ဒီလိုျဖစ္ရသလဲဟု ကြၽန္ေတာ့္ကိုယ္ ကြၽန္ေတာ္ ဆန္းစစ္ၾကည့္မိ၏။ အခ်က္ႏွစ္ခ်က္ကိုေတြ႕သည္။ပထမအခ်က္က ဘြဲ႕ရလို႔ တကၠသိုလ္နယ္ေျမကို စြန႔္ခြာခဲ့ရေသာ္လည္း တသသ စြဲလန္း ေနဆဲျဖစ္၍အလြမ္းေျပ ေရးမိျခင္း။ဒုတိယအခ်က္ကေတာ့ ကိုယ္ ကြၽမ္းက်င္ပိုင္ႏိုင္ေသာ ေနရာေဒသျဖစ္၍ သ႐ုပ္ေပၚေအာင္ေရးသားႏိုင္ျခင္း။အထက္ပါ အခ်က္ႏွစ္ခ်က္စလုံးသည္ တကၠသိုလ္ေနာက္ခံ ဝတၳဳမ်ား ေရးသားရာမွာကြၽန္ေတာ့္အတြက္ မ်ားစြာ အေထာက္အကူ ျပဳခဲ့ေလသည္။
ကြၽန္ေတာ္သည္ ရန္ကုန္တကၠသိုလ္မွာ ေလးႏွစ္ခြဲေလာက္ ေက်ာင္းတက္ခဲ့သည္။ ထိုကာလမွာ ကြၽန္ေတာ့္ဘဝ သက္တမ္းတစ္ေလွ်ာက္ အေပ်ာ္႐ႊင္ဆုံး၊ အတက္ႂကြဆုံး၊ အလြတ္လပ္ဆုံးပင္ ျဖစ္၏။
ေန႔ေက်ာင္းသားျဖစ္ေသာ္လည္း ေတာ္႐ုံတန္႐ုံ အေဆာင္ေက်ာင္းသားေတြထက္ ပိုၿပီး ေက်ာင္းမွာ
ႏွံ႔စပ္သည္။ သိပၸံဘာသာတြဲႏွင့္ ဆယ္တန္းေအာင္ၿပီးကာမွ တကၠသိုလ္မွာ ဝိဇၨာဘာသာ (ဒႆနိကေဗဒ)ယူခဲ့သျဖင့္ ဝိဇၨာဘက္မွာေရာ သိပၸံဘက္မွာပါ သူငယ္ခ်င္း အေပါင္းအသင္းေတြ ရွိသည္။ ပန္းခ်ီအႏုပညာအသင္းႏွင့္ ဆက္စပ္မိေသာအခါ အသိအကြၽမ္းက ပိုေတာင္ မ်ားလာေသးသည္။
မနက္ေစာေစာ ထမင္းေၾကာ္ တစ္ပန္းကန္စားၿပီး အိမ္မွထြက္ခဲ့ရာ ေက်ာင္းထဲမွာပင္ တစ္ေနကုန္သည္။ ညမိုးစုန္းစုန္းခ်ဳပ္မွ အိမ္ျပန္ေရာက္တတ္သည္။ တစ္ခါတစ္ရံ ေက်ာင္းမွာပင္အိပ္တတ္သည္။
ေက်ာင္းထဲက ကြၽန္ေတာ္ အိပ္ဖူးေသာ ေနရာမ်ားမွာ ေ႐ႊဘိုေဆာင္၊ ပဲခူးေဆာင္၊ ဒူးယားေဆာင္ႏွင့္စက္မႈတကၠသိုလ္ အေဆာင္မ်ား ျဖစ္၏။ အေဆာင္ေတြမွာသာမက တျခား ေနရာမ်ားမွာလည္းအိပ္ဖူးေသးသည္။ ပန္းခ်ီ အႏုပညာအသင္းက ပိုင္ေသာ ပန္းခ်ီခန္းမ၊ ေသာ့ပ်က္ေနေသာ စာသင္ခန္းမ်ားမွာ။
ထိုမွ်မက “တကၠသိုလ္မွာ ငါတို႔ မအိပ္ဖူးတဲ့ ေနရာ မရွိေစရေအာင္၊ ေနာင္ အမွတ္တရ ျပန္ေျပာလို႔ရေအာင္” ဆိုၿပီး ဘြဲ႕ႏွင္းသဘင္ ခန္းမေရွ႕က ေက်ာက္ေလွကားေပၚမွာ ပုဆိုးေလးၿခဳံၿပီး ေကြးခဲ့ဖူးသည္။
ကံ့ေကာ္ေတာက ခုံတန္းလ်ားေတြေပၚမွာလည္း ငိုက္ခဲ့ဖူးသည္။ သူငယ္ခ်င္း ကဗ်ာဆရာတစ္ေယာက္ႏွင့္ အတူ တစ္ညလုံး အဓိပတိလမ္းေပၚမွာ ပက္လက္လွန္ၿပီး ၾကယ္ေတြကို ၾကည့္ခဲ့ၾကဖူးသည္။ လုံၿခဳံေရးဝန္ထမ္းေတြက ကြၽန္ေတာ္တို႔ကိုျမင္ေတာ့ လူႏွစ္ေယာက္ ကားႀကိတ္ခံရၿပီး လဲေနတာမွတ္လို႔လာၾကည့္ၾကတာ မွတ္မိေသးသည္။
ကြၽန္ေတာ္တို႔ သူငယ္ခ်င္းအုပ္စုမွာ သူမ်ားေတြထက္ ထူးတာ တစ္ခုရွိေသးသည္။ မိန္းကေလးေဆာင္ တစ္ေဆာင္မွာ တစ္ည အိပ္ဖူးျခင္းပင္ ျဖစ္၏။ထိုစဥ္က စီးပြားေရးတကၠသိုလ္ ေက်ာင္းသူမ်ားေနေသာ အင္ၾကင္းေဆာင္၏ အေဆာင္မႉးမွာ ကြၽန္ေတာ္၏ ငယ္ဆရာမ ျဖစ္သည္။ သူတို႔ အေဆာင္မွ နံရံကပ္စာေစာင္ထုတ္လွ်င္ ကြၽန္ေတာ္က ပန္းခ်ီအသင္းမွ သူငယ္ခ်င္းမ်ားႏွင့္အတူ သြားေရာက္ တာဝန္ယူ လုပ္ကိုင္ေပးရသည္။တစ္ခါေတာ့ ညမိုးခ်ဳပ္သည္အထိ နံရံကပ္စာေစာင္က မၿပီးေသးဘဲ ျဖစ္ေန၏။ ေနာက္တစ္ေန႔မွာဝါဆိုသကၤန္းကပ္ပြဲ ရွိသည္။ နံရံကပ္စာေစာင္ကိုလည္း တစ္ခါတည္း ခင္းက်င္းျပရမည္ ျဖစ္၏။ ဆရာမကၿပီးေအာင္သာလုပ္ဟု ဆိုသည္။
ထို႔ေၾကာင့္ အားႀကိဳးမာန္တက္ လုပ္ၾကရာ ညဆယ့္ႏွစ္နာရီ ထိုးခါနီးမွ ၿပီးသည္။ အိမ္ျပန္ၾကဖို႔ မျဖစ္ႏိုင္ေတာ့။ သို႔ျဖင့္ အေဆာင္မႉးဆရာမ၏ ဧည့္ခန္းထဲမွာ စုအိပ္ၾကရသည္။ တံခါးေတြကိုေတာ့ အျပင္ကေန အလုံပိတ္ၿပီး ေသာ့ခတ္ထားသည္။ ဘာပဲျဖစ္ျဖစ္ ကြၽန္ေတာ္တို႔သည္ ထူးထူးျခားျခားမိန္းကေလးေဆာင္မွာ ညအိပ္ခဲ့ဖူးသည္ဟု ႂကြားစရာတစ္ခုေတာ့ ႀကဳံခဲ့ရေလသည္။
ဘယ္ေခတ္မွာပဲျဖစ္ျဖစ္ တကၠသိုလ္ေက်ာင္းသား ဘဝသည္ ေပ်ာ္စရာေကာင္းသည္ခ်ည္းပင္ ျဖစ္ပါလိမ့္မည္။ သို႔တိုင္ေအာင္ ေက်ာင္းသား ေက်ာင္းသူတိုင္းက ကိုယ့္ေခတ္သည္ ေပ်ာ္စရာ အေကာင္းဆုံးဟု ထင္ၾကမွာ ေသခ်ာသည္။ ကြၽန္ေတာ္ကလည္း ကြၽန္ေတာ္တို႔ေခတ္သည္ ေပ်ာ္စရာအေကာင္းဆုံးဟုပင္ ဆိုခ်င္သည္။
ကြၽန္ေတာ္တို႔ ေက်ာင္းတက္ခဲ့သည့္ အခ်ိန္ (၁၉၇၂-၁၉၇၇) မွာ စရိတ္စက အလြန္သက္သာေသာကာလျဖစ္၏။ ပထမႏွစ္ စတက္ေသာ ၁၉၇၂ တြင္ လက္ဖက္ရည္တစ္ခြက္မွ သုံးဆယ့္ငါးျပားသာ ရွိေသးသည္။ ဒူးယားစီးကရက္ တစ္လိပ္ ဆယ့္ငါးျပား ျဖစ္၏။ တစ္ေန႔လွ်င္ အသုံးစရိတ္ တစ္က်ပ္၊ ငါးမတ္ေလာက္သာကုန္က်သည္။ ေက်ာင္းလခက တစ္လ ဆယ့္ငါးက်ပ္ျဖစ္ၿပီး ႏွစ္လတစ္ႀကိမ္ ေပးသြင္းရသည္။
အေဆာင္ေနသည့္ ေက်ာင္းသားကမွ တစ္လ ေလးဆယ့္ႏွစ္က်ပ္လား ေပးရသည္။ ထမင္းႏွစ္နပ္ေကြၽး သည္။ ေန႔လည္ ေကာ္ဖီႏွင့္ မုန႔္ တိုက္ေကြၽးေသးသည္။ (အေဆာင္မွာဟင္းမေကာင္းတာကေတာ့ ဘယ္ေခတ္မွာပဲျဖစ္ျဖစ္ အတူတူပင္ ျဖစ္လိမ့္မည္ ထင္၏။) ေန႔ေက်ာင္းသားေတြကလည္း အေဆာင္က သူငယ္ခ်င္းမ်ားႏွင့္ လိုက္သြားၿပီး အေဆာင္ ထမင္းဟင္းကို ခပ္တည္တည္ ဝင္စားလို႔ရသည္။ ဘယ္သူကမွ ဟန႔္တားျခင္း မရွိ။ ေနာက္ပိုင္းကုန္ေဈးႏႈန္းေတြ ႀကီးလာေတာ့မွ ထမင္းစားလက္မွတ္ေတြ ဘာေတြ ေပၚလာျခင္း ျဖစ္၏။
တစ္ခုေတာ့ ရွိသည္။ ထိုအခ်ိန္က ဇိမ္ခံပစၥည္း အလြန္ရွားျခင္းပင္ ျဖစ္ေလသည္။ ေမာ္ေတာ္ကား၊ေရဒီယို၊ ကက္ဆက္ စသည္တို႔သာမက ဆပ္ျပာေမႊး၊ သြားတိုက္ေဆးတို႔လို အိမ္သုံးပစၥည္း အေသးအဖြဲေလးေတြေတာင္ ဇိမ္ခံပစၥည္းစာရင္းထဲ ပါေနသည္။အဝတ္အစားလည္း အလြန္ရွားသည္။ တက္ထ႐ြန္ ရွပ္အက်ႌ အျဖဴေလးတစ္ထည္ေလာက္၊အစင္းေလး အကြက္ေလး တစ္ထည္ႏွစ္ထည္ ေလာက္ႏွင့္ ၿပီးသည္။ တကၠသိုလ္ေက်ာင္းသား၊ ေက်ာင္းသူမ်ားမွာ အရပ္ထဲက သူလိုငါလို လူမ်ားကဲ့သို႔သာ ဝတ္စားဆင္ယင္ၾကသည္။ ေက်ာင္းထဲမွာ ဖက္ရွင္ျပပြဲလို အၿပိဳင္အဆိုင္ ဝတ္စားၾကတာမ်ိဳး သိပ္မရွိ။ အဝတ္အစား ဒီဇိုင္းဆန္းဆန္း ခပ္ေၾကာင္ေၾကာင္ဝတ္လာလွ်င္ ဝိုင္းအဟားခံရဖို႔ မ်ားသည္။
ေက်ာင္းသူမ်ား အေနႏွင့္ စကတ္ဝတ္ဖို႔ မေျပာနဲ႔၊ ထဘီကို ေျခသလုံးေပၚေအာင္ ဝတ္မိလွ်င္ပင္...
“ေကာက္စိုက္မလို႔လား ေဟ့”
“ေျခသလုံးမွာ ေမွ်ာ့ႀကီး ေမွ်ာ့ႀကီး”
ဟု ဝိုင္းေအာ္ခံရမွာ ေသခ်ာသည္။
ေက်ာင္းသူေတြ ဖက္ရွင္ဒီဇိုင္းျပပြဲလို အဝတ္အစား အသစ္အဆန္း ဝတ္လို႔ရေသာ ေန႔တစ္ေန႔ေတာ့ရွိသည္။ ဘြဲ႕ႏွင္းသဘင္ေန႔ မတိုင္မီ အၿပီးသတ္ အစမ္းေလ့က်င့္ေသာ ေန႔ပင္ ျဖစ္၏။ တကယ္ ဘြဲ႕ယူရမည့္ေန႔တြင္ အေပၚက ဘြဲ႕ဝတ္စုံႀကီး ဝတ္ထားရမည္ျဖစ္၍ အထဲက ဝတ္ထားတာ ေပၚမည္မဟုတ္။
ထို႔ေၾကာင့္ အစမ္းေလ့က်င့္သည့္ေန႔မွာ အစြမ္းကုန္ ဝတ္စားလာၾကသည္။ ကြၽန္ေတာ္တို႔ ေက်ာင္းသားေတြကလည္း ဖက္ရွင္ျပပြဲ ၾကည့္သလို ၾကည့္ၿပီး ေအာ္ဟစ္အားေပးၾကေလသည္။
ထိုစဥ္က ေမာ္ေတာ္ကားေတြလည္း ခုလို မမ်ားလွေသး။ ကားႏွင့္ ေက်ာင္းတက္ႏိုင္သူ အနည္းငယ္သာ ရွိသည္။ ကိုယ့္ဘာသာ ကားေမာင္းၿပီး ေက်ာင္းကို လာႏိုင္သူဆိုလွ်င္ လက္ခ်ိဳးေရလို႔ရၿပီး လူေတြက ထူးထူးျခားျခား မွတ္မိေနတတ္သည္။
အမ်ားစုမွာ တကၠသိုလ္ေက်ာင္းသား ေက်ာင္းသူဆိုၿပီး သုံးလိုက္ျဖဳန္းလိုက္ ဝါဝါႂကြားႂကြား မေနႏိုင္ၾက။ တခ်ိဳ႕မွာ ေက်ာင္းစရိတ္ကာမိေအာင္ အလုပ္လုပ္ၾကရေသးသည္။ ကြၽန္ေတာ္သည္လည္း တစ္ဘက္မွ စာအုပ္လုပ္ငန္းကို လုပ္ရင္း ေက်ာင္းတက္ရသူ ျဖစ္၏။
သို႔တိုင္ေအာင္ မျပည့္စုံေသာ အေျခအေနကို မညည္းညဴၾက။ ေက်ာင္းဝင္းထဲ ေရာက္သည္ႏွင့္ အဆင္မေျပတာ အားလုံးကို ေမ့သြားၾကရသည္။ ငါတို႔ပိုင္ေသာ နယ္ေျမထဲ ေရာက္ၿပီဆိုၿပီး စိတ္ထဲကအလိုလို လုံၿခဳံစိတ္ခ်သြားၾကရသည္။ ေက်ာင္းေတာ္ႀကီးကို မိမိတို႔ ဘိုးဘြားအစဥ္အဆက္ကပိုင္ဆိုင္လာခဲ့ေသာ ၿခံဝင္းက်ယ္ႀကီးလို သေဘာထားသည္။ အေဆာက္အဦးမ်ားကို မိသားစုပိုင္အိမ္ရာေတြလို တြယ္တာသည္။ သစ္ပုပ္ပင္ႀကီးကိုပင္ ကိုယ့္အဘိုးကိုယ္တိုင္ စိုက္ခဲ့သလိုေအာက္ေမ့ၾကေလသည္။
ကြၽန္ေတာ္သည္ တကၠသိုလ္ကို ကိုယ့္အိမ္လို သေဘာထားၿပီး ေနခဲ့သူ ျဖစ္၏။ ေက်ာင္းထဲမွာေလွ်ာက္သြားရင္း ညဥ့္နက္သြားလွ်င္ အေဆာင္က သူငယ္ခ်င္းတစ္ေယာက္ေယာက္ အခန္းမွာတက္အိပ္လိုက္သည္သာ ျဖစ္၏။
ကြၽန္ေတာ္ႏွင့္ ေပါင္းမိေသာ သူငယ္ခ်င္းမ်ားမွာလည္း ဘာသာရပ္တူလို႔ ေပါင္းမိျခင္း မဟုတ္ဘဲဝါသနာတူခ်င္း ဆုံမိၾကျခင္းျဖစ္၍ ပိုၿပီးညီၫြတ္သည္။ ကဗ်ာသမား၊ စာသမား၊ ပန္းခ်ီ အႏုပညာသမားမ်ား။
တခ်ိဳ႕ဆိုလွ်င္ ခုခ်ိန္ထိ စာေပနယ္ထဲမွာ လုပ္ေဖာ္ကိုက္ဖက္မ်ားအျဖစ္ တတဲတြ ြဲ ရွိေနတုန္း ျဖစ္၏။
ကြၽန္ေတာ္တို႔ အုပ္စုမွာ လူလည္းစုံသည္။ အနယ္နယ္အရပ္ရပ္မွ လာၾကသူေတြ ျဖစ္၏။
အထက္အညာသား (သပိတ္က်င္း) မွသည္ ၿမိတ္သားအထိ ပါသည္။ ရန္ကုန္တကၠသိုလ္၊စီးပြားေရးတကၠသိုလ္၊ လုပ္သားမ်ားေကာလိပ္၊ ေဆးတကၠသိုလ္၊ စက္မႈတကၠသိုလ္တို႔မွ ေက်ာင္းသားမ်ားျဖစ္ၾကသည္။
ေနာက္သည့္ေျပာင္သည့္ ေနရာမွာလည္း ရွာမွရွားသည္ဟု ဆိုရမည္။ ဒီအ႐ြယ္ႀကီးေတြေရာက္မွတကၠသိုလ္ေက်ာင္းဝင္းထဲမွာ ေဂၚလီ႐ိုက္ခ်င္ ႐ိုက္တတ္သည္။ တုတ္တစ္ေခ်ာင္းစီကိုင္ၿပီး ပင္ေပါင္ေဘာလုံးျဖင့္ ေဂါက္သီး႐ိုက္ခ်င္ ႐ိုက္သည္။
ပန္းခ်ီခန္းမွာ ေမာ္ဒယ္အျဖစ္ အသုံးျပဳေသာ အ႐ိုးေခါင္းႀကီးတစ္လုံး ရွိသည္။ ဝါးလုံးႏွစ္ေခ်ာင္းကိုကန႔္လန႔္ျဖတ္ခ်ည္၊ ထိပ္မွာ အ႐ိုးေခါင္းစြပ္၊ အဝတ္နက္တစ္ထည္ ၿခဳံေပးၿပီး ညေန ေက်ာင္းသူေတြ
အေဆာင္ျပန္သည့္လမ္းက ေစာင့္ေနသည္။ လာၿပီဆိုေတာ့မွ ၿခဳံထဲကေန ဘြားခနဲ ေပၚလာေအာင္လုပ္ၿပီး “ဟား ဟား ဟား ဟား” ဟု အသံၾသၾသႀကီးႏွင့္ ေအာ္သည္။
ေက်ာင္းသူေတြ လန႔္ၿပီး ေအာ္ၾကသည္။ အေဆာင္သူမ်ားမွာ အေနာက္အေျပာင္ ခံရေပါင္းမ်ားၿပီျဖစ္၍ စိတ္မဆိုးၾက။ သူတို႔အေဆာင္ကို ေယာက္်ားေလးေတြ လာလည္သည့္ အခါမွာလည္း သူတို႔က ေျခလွမ္းမွား ေလာက္ေအာင္ ဝိုင္းဟားၾကတာပဲ မဟုတ္လား။
ညဘက္က်လွ်င္ေတာ့ မိန္းကေလး အေဆာင္ေတြေရွ႕သြားၿပီး သီခ်င္းဆိုၾကသည္။
ဂစ္တာတစ္လက္ႏွင့္ ေခတ္ေပၚသီခ်င္းေတြ ဆိုသည့္အခါ ဆိုသည္။ “ေဗြးဒုတ္” တို႔၊ “နားပန္းဆံ” တို႔လိုသီခ်င္းေတြကို အုပ္စုလိုက္ အသံကုန္ ဟစ္ခ်င္ဟစ္သည္။ ရွိၿပီးသားသီခ်င္းေတြကို စာသားဖ်က္ၿပီး ဆိုခ်င္ဆိုသည္။ (ေမာင့္လျပည့္ဝန္းကို ေမာင့္လက္ပစ္ဗုံး ဟု စာသားေျပာင္းဆိုတာမ်ိဳး ျဖစ္၏။)
တစ္ခါတေလ ရန္ကုန္တကၠသိုလ္က အေဆာင္ေတြေရွ႕မွာ ဆိုရတာ ႐ိုးအီလွ်င္ လႈိင္နယ္ေျမဘက္က အင္ၾကင္းတို႔၊ ကံ့ေကာ္တို႔ ေရွ႕မွာျဖစ္ေစ၊ စက္မႈတကၠသိုလ္ ဂ်ီေဟာေရွ႕မွာျဖစ္ေစသြားဆိုတတ္သည္။
ေက်ာင္းသားလူငယ္ပီပီ ေပ်ာ္ေပ်ာ္ပါးပါး ေနာက္ေနာက္ေျပာင္ေျပာင္ ေနတတ္ေသာ္လည္းေဟာ့ေဟာ့ရမ္းရမ္းေတာ့ မရွိၾက။ ေက်ာင္းသူေတြကို ေပ်ာ္ေစပ်က္ေစ ေနာက္ေျပာင္တာမ်ိဳးသာ ျဖစ္၏။
အိေျႏၵပ်က္ေလာက္ေအာင္ မေႏွာင့္ယွက္ၾက။ တျခားသူက ေက်ာင္းသူတစ္ေယာက္ကို ေစာ္ကားလွ်င္လည္းမခံ။ ကိုယ့္ႏွမကို ထိသလို သေဘာထားသည္။
အမိတကၠသိုလ္၏ ဂုဏ္သိကၡာကိုလည္း အလြန္တန္ဖိုးထားသည္။ ကိုယ့္ကိုယ္ကို တကၠသိုလ္ေက်ာင္းသားဆိုၿပီး စိတ္ႀကီးဝင္မိတာမ်ိဳးေတာ့ အထိုက္အေလ်ာက္ရွိသည္။ ထိုစိတ္ေၾကာင့္ပင္
ကိုယ္ရည္ကိုယ္ေသြး ျမင့္မားၿပီး သိမ္ငယ္ညံ့ဖ်င္းေသာ အျပဳအမူ၊ အေျပာအဆိုမ်ိဳးကို ေရွာင္ရွား ႏိုင္ၾကျခင္းမွာလည္း အမွန္ပင္ ျဖစ္၏။
ကြၽန္ေတာ္သည္ တကၠသိုလ္ ပထမႏွစ္မွစ၍ စာေပေလာကထဲ ဝင္ႏိုင္ဖို႔ ႀကိဳးစားေနၿပီ ျဖစ္၏။
ကဗ်ာေတြ၊ ဝတၳဳေတြေရးၿပီး မဂၢဇင္းတိုက္မ်ားသို႔ ပို႔သည္။ ေက်ာင္းက နံရံကပ္စာေစာင္မ်ား၊ ႏွစ္လည္ မဂၢဇင္းမ်ားမွာ ကဗ်ာေတြ ေရးသည္။ သူငယ္ခ်င္းေတြ စုၿပီး လက္ေရး ကဗ်ာစာအုပ္ကေလးမ်ာေရးသားထုတ္ေဝသည္။
ယုဒႆန္ေမွ်ာ္စင္ ထိပ္ဖ်ားမွ တကၠသိုလ္မ်ား ဗဟိုစာၾကည့္တိုက္ ေျမေအာက္ခန္းအထိ ႏွံ႔ႏွံ႔စပ္စပ္ေရာက္ဖူးခဲ့သျဖင့္ တကၠသိုလ္အေၾကာင္းကို ပိုင္ႏိုင္စြာ ဖြဲ႕ဆိုႏိုင္ခဲ့သည္။
တကၠသိုလ္၏ အထင္ကရ အေဆာက္အဦး အမွတ္အသားမ်ားက ကြၽန္ေတာ္၏ ေရးဖြဲ႕လို႔အေကာင္းဆုံး ဇာတ္ေကာင္မ်ားပင္ ျဖစ္၏။ “ႏွလုံးသားတို႔၏ ပူးတြဲေၾကညာခ်က္” ဟူေသာ ကဗ်ာတြင္
ေအာက္ပါအတိုင္း ကြၽန္ေတာ္ ေရးခဲ့သည္။
သိပ္ခ်စ္ၾကေသာ
ငါတို႔ႏွစ္ဦး၏ ႏွလုံးသားကို
လုပ္ႀကံရန္ ႀကံစည္သူသည္
အင္းလ်ားကန္၏ ဝမ္းဗိုက္ကို
ဓားျဖင့္ခြဲရန္ ႀကံစည္သကဲ့သို႔ လည္းေကာင္း၊
သစ္ပုပ္ပင္ ထိပ္ဖ်ား၌ သာေနေသာ
လျပည့္ဝန္းကို
မ်က္ႏွာသစ္ေပးရန္ ႀကံစည္သကဲ့သို႔ လည္းေကာင္း၊
သထုံေဆာင္ႏွင့္ အင္ၾကင္းေဆာင္ကို
ဥမင္လိုဏ္ေခါင္း တူး၍
ဆက္သြယ္ရန္ ႀကံစည္သကဲ့သို႔ လည္းေကာင္း၊
ယုဒႆန္ေမွ်ာ္စင္ကို
ေ႐ႊရည္စိမ္ရန္ ႀကံစည္သကဲ့သို႔ လည္းေကာင္း၊
ဘြဲ႕ႏွင္းသဘင္ ခန္းမေပၚ၌
ဖေယာင္းတိုင္ သက္ေစ့ထြန္း၍
ေမြးေန႔ကိတ္မုန႔္ အျဖစ္
အသုံးျပဳရန္ ႀကံစည္သကဲ့သို႔ လည္းေကာင္း၊
အလြန္ မိုက္မဲလွစြာေသာ
သူ႐ူးသာ ျဖစ္လိမ့္မည္တည္း။”
တစ္ခုေသာ ေႏြရာသီ၏ ေန႔တစ္ေန႔ကို ကြၽန္ေတာ္ ဘယ္ေတာ့မွ မေမ့။ ေနာက္ဆုံးႏွစ္ စာေမးပြဲ၏ ေနာက္ဆုံးေန႔ျဖစ္ေသာ ႏႈတ္ေျဖေမးခြန္းကို ေျဖၿပီးေနာက္ အဓိပတိလမ္းအတိုင္း ကြၽန္ေတာ္ေလွ်ာက္လာခဲ့သည္။
ဒီေန႔သည္ ကြၽန္ေတာ့္အဖို႔ တကၠသိုလ္ေက်ာင္းသားဘဝ၏ ေနာက္ဆုံးေန႔။ ကြၽန္ေတာ္တို႔သည္ တကၠသိုလ္ ေက်ာင္းေတာ္ႀကီးမွာ ေလးႏွစ္ေလးမိုး ေနခဲ့သည္။ ေနာက္တစ္ႀကိမ္ ျပန္လည္ မရရွိႏိုင္ေသာေပ်ာ္႐ႊင္ဖြယ္ေန႔ရက္မ်ားကို ျဖတ္သန္းခဲ့ၾကသည္။
အခုေတာ့ တကၠသိုလ္နယ္ေျမကို ခြဲခြာရေတာ့မည္။ မ်က္လႊာခ်ေနေသာ မိခင္ႏွင့္တူေသာ ဘြဲ႕ႏွင္းသဘင္ ခန္းမႀကီး။ မကြဲႏိုင္ေသာ မွန္တစ္ခ်ပ္ဟု ကြၽန္ေတာ္ တင္စားခဲ့ေသာ အင္းလ်ားကန္ႀကီး။ေမွာ္႐ုံေဟဝန္ကဲ့သို႔ ညႇိဳ႕ငင္ဖမ္းစားႏိုင္ေသာ ကံ့ေကာ္ေတာ တို႔သည္ ေနာက္မွာက်န္ခဲ့ၿပီ။ အဓိပတိလမ္းထိပ္ မုခ္ဦးတံခါးဝမွာ ကြၽန္ေတာ္ ရပ္လိုက္သည္။ လြမ္းဆြတ္ တသဖြယ္ေသာ ပရဝုဏ္ကို တစ္ခ်က္ လွည့္ၾကည့္သည္။ ေရွ႕ကို တစ္လွမ္းလွမ္းလိုက္လွ်င္ လက္ေတြ႕ ဘဝခရီးအစသို႔ေျခခ်မိေတာ့မည္။ ထိုစဥ္မွာပင္ ကြၽန္ေတာ့္ရင္၌ ကဗ်ာတစ္ပုဒ္ ျဖစ္ေပၚလာသည္။
ေရွ႕သို႔ လွမ္းလွ်င္
ေျခရာထင္မည္
အသင္ စိုး႐ြံ႕ေနသေလာ။ ။
(ျမကြၽန္းသာ မဂၢဇင္း၊ ရန္ကုန္တကၠၠသိုလ္ စိန္ရတုေန႔ ေက်ာင္းသားမ်ား၊ ဒီဇင္ဘာ၊ ၁၉၉၅)
.png)
ReplyDeleteဥာဏ်ပညာရယ်
ချစ်ခြင်းတရားရယ်
တော်လှန်ရေးကို
ရှင်သန်စေမယ်...❣️
Done 🍀
ReplyDeleteအမှတ်ရစရာတွေနဲ့ ကျောင်းသားဘဝ
ReplyDeleteClicked 🌸
ReplyDeleteClicked🌸
ReplyDeleteDone
ReplyDeleteWheel.......dope.🏹🏹🏹
ReplyDeleteDone
ReplyDeleteDone2UK
DeleteDone 💪
ReplyDeleteတက္ကသိုလ်ကျောင်းသား ကျောင်းသူဘဝက အပျော်ရဆုံး အချိန်တွေ....
ReplyDeleteDone
ReplyDelete