သွေးအေးသွားမှာတဲ့လား
Unicode
အချိန်က အကောင်းဆုံး သမားတော်တဲ့။
ကြမ်းတမ်းတဲ့ လောကဓံကို ရင်ဆိုင်ရပြီးတဲ့အခါတိုင်း ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေကို တဖြည်းဖြည်း မေ့သွားအောင် ဦးနှောက်က
မှေးမှိန်ဖျော့ဖျောက်ပေးတယ်ဆိုလား။
ကျန်နေသေးတဲ့ ဘဝအပိုင်းအခြားကို
ဆက်ပြီး ရင်ဆိုင်ဖို့ ဒီလိုမှ အားရှိမယ်ပေါ့။
ဒါမှမဟုတ် ကြုံလာဦးမဲ့ အဆိုးကံတွေကို
ထပ်မံရင်ဆိုင်နိုင်ဖို့ ခံနိုင်ရည်ကျင့်ပေးတဲ့
သဘောလားပဲ။
ဘဝမှာ ဖြစ်ပျက်ခဲ့သမျှ အကုန်လုံးကိုသာ
မမေ့နိုင်ဘဲ သတိရနေရင် အဲဒီလူ
ရူးရုံပဲရှိတော့ မယ်မို့ မေ့သင့်မေ့ထိုက်တာတွေ
မေ့ပေးသွားတဲ့ ဦးနှောက်ကို ကျေးဇူးတင်ရမလိုလို။
၂ နှစ်နီးပါးဖြတ်သန်းခဲ့ပြီးတဲ့နောက် တော်လှန်ရေးအခင်းအကျင်းကြီးမှာ အထိအခိုက်အရှအနာတွေ
ဒင်းကြမ်းပြည့်လို့ ရင်နဲ့မဆံ့အောင် ငိုခဲ့ကြရပြီးပြီ၊။
စကားတွေဆွံ့အသွားရလောက်အောင်
အရှိုက်ထိခဲ့ကြဖူးပြီးပြီ။
ငယ်ငယ်က အမေ့အပြောနဲ့ ကြောက်ခဲ့ဖူးတဲ့
ဒေဝေါကြီးဆိုတာကြီးကို အခ မျက်ဝါးထင်ထင်ကြုံလိုက်ရသလို ဘုရား တရား တပြီး ရွံကြောက်ကြီးကြောက်သွားရအောင် ယုတ်ကမ်းခြင်း အမှန်တရားကိုလည်း ကြုံကြ ဖြတ်သန်းကြရဖူးပြီ။
မြသွဲ့သွဲ့ခိုင်မှသည် ညီညီအောင်ထက်နိုင်
ဆရာလေး မောင်ပို။ ထိုမှ ထိုမှသည် များစွာသော ဆွေမျိုးမတော်စပ်ဖူးသူ သူစိမ်းတရံတို့အတွက် ငိုခဲ့ရသော မျက်ရည်များစွာ။
အဆိတ်ခံရသော လက်သည်းများအတွက်
နာခဲ့ရသော လက်ထိပ်များစွာ။ လက်သီးဆုပ် တောက်ခေါက် အံကြိတ်ရပေါင်းလည်း မနည်း။
ဒီနိုင်ငံမှာ ဒီတစ်ကြိမ်လောက် ကျယ်ပြောတဲ့
နာရေးအခင်းအကျင်းတွေ တခြားရှိဖူးပါရဲ့လား။
နိုင်ငံ့မြေပုံရဲ့ ဟိုးအောက် ခြေထောက်ကလေးမှသည် အထက် ဦးခေါင်းပုံစံအထိ
တစ်နိုင်ငံလုံး ငိုသံအတိ။
နာမည်ကြားကာမျှနဲ့ ဆွေမျိုးတွေလိုခံစားရအောင် သွေးချင်းနီးကြ နီမောင်းကြဖူးတာ ရှိခဲ့ဖူးပါသလား။
ဒီဝေဒနာတွေရဲ့ တွန်းအားကြောင့်ပဲ ငါတို့ဟာ ယုံကြည်ချက်တစ်ခုတည်းအပေါ် အတူတကွ
ရပ်နေကြသူတွေဆိုတဲ့စိတ်နဲ့ မေတ္တာယိုဖိတ်
စီးဆင်းကြရင်း တော်လှန်ရေး ကွန်ရက်တွေ ချိတ်ဆက်သွားလိုက်ပုံတွေ။
လမ်းဘေး ဖရဲသီးစိတ်သည်ကလေးကနေ ရုံးကန်ကနားကြီးထဲက ဖရဲသီးကြီးအဆင့်ထိ တနည်း
နည်းနဲ့ တထောင့်ထောင့်မှာ လိုအပ်ချိန် တိုင်ပင်ကိုက် လင်းလက်ပေးကြတဲ့ ကြယ်တွေ။
ထင်ထင်ရှားရှားရှိသူ ရှိရဲ့။ မထင်မရှား
တည်တည်ငြိမ်ငြိမ် မင်မောင်းသေသေနဲ့
လင်းသူလည်း လင်းရဲ့။
ခတ်ကျွဲမှန်ရင် ဒဏ်ရာမကင်းဘူးတဲ့။
ရှင်သန်မှုမစို့မပို့လေးအတွက် ပန်းပြားပင်များလို ယိမ်းနွဲ့နေကြသော ရပ်ဝန်းကို မသထီလို့ ထိုရပ်ဝန်းကို စွန့်ခွါပြီး လက်သီးလက်မောင်း တန်းခဲ့ကြတာမဟုတ်လား။
ကိုယ့်ခံယူချက်နဲ့ကိုယ် ကိုယ့်စည်း ကိုယ့်လစ်မစ်နဲ့ကိုယ်ဟေ့ဆိုတဲ့ မာန်ဖီသံနဲ့ ငါတို့ဟာ မာရေကျောရေသမားတွေဖြစ်ကြောင်း ကိုယ့်ကျောရိုးကိုယ် တသသ ထုတ်ပြခဲ့ကြတာပေါ့။
တဖြောင်းဖြောင်း ကျိုးသံကြားလည်း တောအုပ်ဟာ မုန်တိုင်းကို ခွဲထုတ်ဆွဲဖြဲရင်း ရဲရဲကြီး ရင်ဆိုင်ပစ်နေဆဲပဲလေ။ ငါတို့ဟာ အနှစ်ကိုဆောင်ထားတဲ့ သစ်မာပင်တွေချည်းပဲဟေ့လို့ ပန်းပြားပင်ပျော့တွေဆီ ဟိန်းထုတ် သိကြားစေခဲ့တာ သေချာတယ်။
ညီလေး ဖုန်းကြီး ကိုင်လို့ ဘာတွေတွေးနေတာလဲ၊ ဘာသတင်းတွေ ထူးပြန်ပြီလဲတဲ့။
အစ်ကို့ အမေးစကားကြောင့် တစ်နှစ်တာ လောကဓံကို ခြေရာကောက် ခံစားနေတဲ့ အတွေးစတချို့ ပြုတ်ထွက်သွားခဲ့တယ်။
ဒီနေ့က ကျွန်တော်တို့ ကိုဗစ်ရောဂါဆိုးကို မိသားစုလိုက် ရင်ဆိုင်ခဲ့ရတဲ့ နှစ်ပတ်လည်နေ့လို့ ဖေ့ဘုတ် မင်မိုရီအရ သိရတယ်လို့ အစ်ကို့ဆီပြောတော့
“ဟေ ... ဟုတ်လားဟ၊
အချိန်တွေလိုက်တာကွာ”တဲ့။
ညီအစ်ကို နှစ်ယောက် ဖေ့ဘုတ်မှာ တက်လာတဲ့
မင်မိုရီကို ပြန်ကြည့်တော့ ကိုယ်က အစ်ကို့ တဲရှေ့
က ပိတောက်ပင်အောက် ကွက်ပျစ်မှာ လှဲပြီး ရေနွေးကြမ်းအိုးနဲ့ ရောဂါဆိုးကို ရင်ဆိုင်လို့။
ကိုဗစ်စဖြစ်ပြီလို့ မိတ်ဆွေတွေသိဖို့ ပုံရိုက်တင်ထားတာကိုး။ ခုတော့ ရောဂါဆိုးဒဏ်ကနေ မိသားစုလိုက် ရုန်းထွက်နိုင်ခဲ့ကြပြီးဖြစ်ပေမဲ့ ဓာတ်ပုံထဲပါတဲ့ နှစ်ဆောင်ပြိုင်တဲကြီးက ခွေးသရမ်းတွေလက်ချက်နဲ့ ပြာပုံအတိ အိကျပျက်စီးခဲ့ပြီ။
နောက် တောကနေ ရွာဘက်အားကိုးတကြီးပြေးတတ်ခိုဝင်ပြီး စောင့်ရှောက်ကုသမှုခံယူခဲ့ကြဖူးတဲ့ ရွာရဲ့ ကိုယ်ထူကိုယ်ထ ကိုဗစ်စင်တာလေးလည်း တိုက်ပွဲဒဏ်ကြောင့် အပြိုပြိုအလဲလဲ။
ခွေးတွေ မီးရှို့ထားခဲ့တဲ့ ကားပျက်ကြီးတစ်စီးက ကိုဗစ်စင်တာအဝင် လမ်းလယ်မှာ ငူငူငေါင်ငေါင်ကြီးကျန်လို့။ တောကတက်လာတဲ့ ရောဂါသည် အမျိုးတွေကို ဒိုင်ခံကျွေးမွေးရင်း ထမင်း ဟင်း လိုရာ ချက်ပြုတ်ပေးခဲ့တဲ့ ညီမဖြစ်သူရဲ့ မိသားစုအိမ်လည်း မီးသင်းပြာပုံဘဝမှာ ရွာထဲက တခြားစွန့်ပစ်ခံအိမ်တွေနဲ့ အဖော်ပြုတိတ်ဆိတ်လို့။
တစ်နှစ်တဲ့။
ဒီတစ်နှစ်ထဲမှာ ထိခိုက်ဆုံးရှုံးသွားလိုက်တဲ့ ရုပ်ဝတ္ထုပစ္စည်းတွေ မနည်းပါလား။ ပြီးတော့ ရင်မှာ စွဲကပ်နေပြီဖြစ်တဲ့ စိတ်ဒဏ်ရာတွေကလည်း လေရှုတိုင်း နာတယ်လို့ ဆိုရချင်မိတယ်။
ဒီနယ်မှာ အသောက်သမားတွေ အမူးနာလို့ ထုတ်ဆဲပြီဆို သွား နားထောင်မနေနဲ့၊ တစ်ယောက်တည်းကိုပဲ တစ်ညီတညွတ်ဆဲကြတယ် ဆိုရလောက်အောင် အမုန်းတွေ အမြစ်တွယ်လို့ ။
ဘယ်လောက်ကြာသည်အထိ သူတို့ ဒီအဆဲ အာလုပ်စကားကို ဆက်ထိန်းကြမလဲ။
ဘယ်သူ သိနိုင်မလဲ။
ပြီးတော့ လမ်းပေါ်မှာပျောက်ဆုံးသွားရတဲ့ အပြစ်မဲ့ ပြည်သူတွေရဲ့ အသက်တွေကကော မေ့လွယ်ပျောက်လွယ် ဈေးပေါပေါတွေများလား။
မြေစာပုံထဲက ပေါ်တဝက်မြုပ်တဝက် ပြန်တွေ့ရတဲ့ ချင်း မောင်နှမလေးရဲ့ မြင်ကွင်းကကော အချိန်သမားတော်ရဲ့ ကုသမှုမှာ မေ့ပျောက်နိုင်ရမဲ့ မြင်ကွင်းတဲ့လား။
ဟင့်အင်း ။ ကိုယ် မထင်ပါဘူး။ ပြောကြတယ်။ အချိန်က သမားတော်တဲ့။
“အင်း .... သမားတိုင်းကော စွမ်းနိုင်ကြပါတော့မလား။”
မောင်မင်းဒီ
တူမီးတော်လှန်ရေးစာစဥ််၊ အမှတ် ( ၆၃ ) တွင်ဖော်ပြသည်။
Zawgyi
အခ်ိန္က အေကာင္းဆုံး သမားေတာ္တဲ့။
ၾကမ္းတမ္းတဲ့ ေလာကဓံကို ရင္ဆိုင္ရၿပီးတဲ့အခါတိုင္း ႀကဳံခဲ့ရတဲ့ အျဖစ္အပ်က္ေတြကို တျဖည္းျဖည္း ေမ့သြားေအာင္ ဦးေႏွာက္က
ေမွးမွိန္ေဖ်ာ့ေဖ်ာက္ေပးတယ္ဆိုလား။
က်န္ေနေသးတဲ့ ဘဝအပိုင္းအျခားကို
ဆက္ၿပီး ရင္ဆိုင္ဖို႔ ဒီလိုမွ အားရွိမယ္ေပါ့။
ဒါမွမဟုတ္ ႀကဳံလာဦးမဲ့ အဆိုးကံေတြကို
ထပ္မံရင္ဆိုင္ႏိုင္ဖို႔ ခံႏိုင္ရည္က်င့္ေပးတဲ့
သေဘာလားပဲ။
ဘဝမွာ ျဖစ္ပ်က္ခဲ့သမွ် အကုန္လုံးကိုသာ
မေမ့ႏိုင္ဘဲ သတိရေနရင္ အဲဒီလူ
႐ူး႐ုံပဲရွိေတာ့ မယ္မို႔ ေမ့သင့္ေမ့ထိုက္တာေတြ
ေမ့ေပးသြားတဲ့ ဦးေႏွာက္ကို ေက်းဇူးတင္ရမလိုလို။
၂ ႏွစ္နီးပါးျဖတ္သန္းခဲ့ၿပီးတဲ့ေနာက္ ေတာ္လွန္ေရးအခင္းအက်င္းႀကီးမွာ အထိအခိုက္အရွအနာေတြ
ဒင္းၾကမ္းျပည့္လို႔ ရင္နဲ႔မဆံ့ေအာင္ ငိုခဲ့ၾကရၿပီးၿပီ၊။
စကားေတြဆြံ႕အသြားရေလာက္ေအာင္
အရႈိက္ထိခဲ့ၾကဖူးၿပီးၿပီ။
ငယ္ငယ္က အေမ့အေျပာနဲ႔ ေၾကာက္ခဲ့ဖူးတဲ့
ေဒေဝါႀကီးဆိုတာႀကီးကို အခ မ်က္ဝါးထင္ထင္ႀကဳံလိုက္ရသလို ဘုရား တရား တၿပီး ႐ြံေၾကာက္ႀကီးေၾကာက္သြားရေအာင္ ယုတ္ကမ္းျခင္း အမွန္တရားကိုလည္း ႀကဳံၾက ျဖတ္သန္းၾကရဖူးၿပီ။
ျမသြဲ႕သြဲ႕ခိုင္မွသည္ ညီညီေအာင္ထက္ႏိုင္
ဆရာေလး ေမာင္ပို။ ထိုမွ ထိုမွသည္ မ်ားစြာေသာ ေဆြမ်ိဳးမေတာ္စပ္ဖူးသူ သူစိမ္းတရံတို႔အတြက္ ငိုခဲ့ရေသာ မ်က္ရည္မ်ားစြာ။
အဆိတ္ခံရေသာ လက္သည္းမ်ားအတြက္
နာခဲ့ရေသာ လက္ထိပ္မ်ားစြာ။ လက္သီးဆုပ္ ေတာက္ေခါက္ အံႀကိတ္ရေပါင္းလည္း မနည္း။
ဒီႏိုင္ငံမွာ ဒီတစ္ႀကိမ္ေလာက္ က်ယ္ေျပာတဲ့
နာေရးအခင္းအက်င္းေတြ တျခားရွိဖူးပါရဲ႕လား။
ႏိုင္ငံ့ေျမပုံရဲ႕ ဟိုးေအာက္ ေျခေထာက္ကေလးမွသည္ အထက္ ဦးေခါင္းပုံစံအထိ
တစ္ႏိုင္ငံလုံး ငိုသံအတိ။
နာမည္ၾကားကာမွ်နဲ႔ ေဆြမ်ိဳးေတြလိုခံစားရေအာင္ ေသြးခ်င္းနီးၾက နီေမာင္းၾကဖူးတာ ရွိခဲ့ဖူးပါသလား။
ဒီေဝဒနာေတြရဲ႕ တြန္းအားေၾကာင့္ပဲ ငါတို႔ဟာ ယုံၾကည္ခ်က္တစ္ခုတည္းအေပၚ အတူတကြ
ရပ္ေနၾကသူေတြဆိုတဲ့စိတ္နဲ႔ ေမတၱာယိုဖိတ္
စီးဆင္းၾကရင္း ေတာ္လွန္ေရး ကြန္ရက္ေတြ ခ်ိတ္ဆက္သြားလိုက္ပုံေတြ။
လမ္းေဘး ဖရဲသီးစိတ္သည္ကေလးကေန ႐ုံးကန္ကနားႀကီးထဲက ဖရဲသီးႀကီးအဆင့္ထိ တနည္း
နည္းနဲ႔ တေထာင့္ေထာင့္မွာ လိုအပ္ခ်ိန္ တိုင္ပင္ကိုက္ လင္းလက္ေပးၾကတဲ့ ၾကယ္ေတြ။
ထင္ထင္ရွားရွားရွိသူ ရွိရဲ႕။ မထင္မရွား
တည္တည္ၿငိမ္ၿငိမ္ မင္ေမာင္းေသေသနဲ႔
လင္းသူလည္း လင္းရဲ႕။
ခတ္ကြၽဲမွန္ရင္ ဒဏ္ရာမကင္းဘူးတဲ့။
ရွင္သန္မႈမစို႔မပို႔ေလးအတြက္ ပန္းျပားပင္မ်ားလို ယိမ္းႏြဲ႕ေနၾကေသာ ရပ္ဝန္းကို မသထီလို႔ ထိုရပ္ဝန္းကို စြန႔္ခြါၿပီး လက္သီးလက္ေမာင္း တန္းခဲ့ၾကတာမဟုတ္လား။
ကိုယ့္ခံယူခ်က္နဲ႔ကိုယ္ ကိုယ့္စည္း ကိုယ့္လစ္မစ္နဲ႔ကိုယ္ေဟ့ဆိုတဲ့ မာန္ဖီသံနဲ႔ ငါတို႔ဟာ မာေရေက်ာေရသမားေတြျဖစ္ေၾကာင္း ကိုယ့္ေက်ာ႐ိုးကိုယ္ တသသ ထုတ္ျပခဲ့ၾကတာေပါ့။
တေျဖာင္းေျဖာင္း က်ိဳးသံၾကားလည္း ေတာအုပ္ဟာ မုန္တိုင္းကို ခြဲထုတ္ဆြဲၿဖဲရင္း ရဲရဲႀကီး ရင္ဆိုင္ပစ္ေနဆဲပဲေလ။ ငါတို႔ဟာ အႏွစ္ကိုေဆာင္ထားတဲ့ သစ္မာပင္ေတြခ်ည္းပဲေဟ့လို႔ ပန္းျပားပင္ေပ်ာ့ေတြဆီ ဟိန္းထုတ္ သိၾကားေစခဲ့တာ ေသခ်ာတယ္။
ညီေလး ဖုန္းႀကီး ကိုင္လို႔ ဘာေတြေတြးေနတာလဲ၊ ဘာသတင္းေတြ ထူးျပန္ၿပီလဲတဲ့။
အစ္ကို႔ အေမးစကားေၾကာင့္ တစ္ႏွစ္တာ ေလာကဓံကို ေျခရာေကာက္ ခံစားေနတဲ့ အေတြးစတခ်ိဳ႕ ျပဳတ္ထြက္သြားခဲ့တယ္။
ဒီေန႔က ကြၽန္ေတာ္တို႔ ကိုဗစ္ေရာဂါဆိုးကို မိသားစုလိုက္ ရင္ဆိုင္ခဲ့ရတဲ့ ႏွစ္ပတ္လည္ေန႔လို႔ ေဖ့ဘုတ္ မင္မိုရီအရ သိရတယ္လို႔ အစ္ကို႔ဆီေျပာေတာ့
“ေဟ ... ဟုတ္လားဟ၊
အခ်ိန္ေတြလိုက္တာကြာ”တဲ့။
ညီအစ္ကို ႏွစ္ေယာက္ ေဖ့ဘုတ္မွာ တက္လာတဲ့
မင္မိုရီကို ျပန္ၾကည့္ေတာ့ ကိုယ္က အစ္ကို႔ တဲေရွ႕
က ပိေတာက္ပင္ေအာက္ ကြက္ပ်စ္မွာ လွဲၿပီး ေရေႏြးၾကမ္းအိုးနဲ႔ ေရာဂါဆိုးကို ရင္ဆိုင္လို႔။
ကိုဗစ္စျဖစ္ၿပီလို႔ မိတ္ေဆြေတြသိဖို႔ ပုံ႐ိုက္တင္ထားတာကိုး။ ခုေတာ့ ေရာဂါဆိုးဒဏ္ကေန မိသားစုလိုက္ ႐ုန္းထြက္ႏိုင္ခဲ့ၾကၿပီးျဖစ္ေပမဲ့ ဓာတ္ပုံထဲပါတဲ့ ႏွစ္ေဆာင္ၿပိဳင္တဲႀကီးက ေခြးသရမ္းေတြလက္ခ်က္နဲ႔ ျပာပုံအတိ အိက်ပ်က္စီးခဲ့ၿပီ။
ေနာက္ ေတာကေန ႐ြာဘက္အားကိုးတႀကီးေျပးတတ္ခိုဝင္ၿပီး ေစာင့္ေရွာက္ကုသမႈခံယူခဲ့ၾကဖူးတဲ့ ႐ြာရဲ႕ ကိုယ္ထူကိုယ္ထ ကိုဗစ္စင္တာေလးလည္း တိုက္ပြဲဒဏ္ေၾကာင့္ အၿပိဳၿပိဳအလဲလဲ။
ေခြးေတြ မီးရႈိ႕ထားခဲ့တဲ့ ကားပ်က္ႀကီးတစ္စီးက ကိုဗစ္စင္တာအဝင္ လမ္းလယ္မွာ ငူငူေငါင္ေငါင္ႀကီးက်န္လို႔။ ေတာကတက္လာတဲ့ ေရာဂါသည္ အမ်ိဳးေတြကို ဒိုင္ခံေကြၽးေမြးရင္း ထမင္း ဟင္း လိုရာ ခ်က္ျပဳတ္ေပးခဲ့တဲ့ ညီမျဖစ္သူရဲ႕ မိသားစုအိမ္လည္း မီးသင္းျပာပုံဘဝမွာ ႐ြာထဲက တျခားစြန႔္ပစ္ခံအိမ္ေတြနဲ႔ အေဖာ္ျပဳတိတ္ဆိတ္လို႔။
တစ္ႏွစ္တဲ့။
ဒီတစ္ႏွစ္ထဲမွာ ထိခိုက္ဆုံးရႈံးသြားလိုက္တဲ့ ႐ုပ္ဝတၳဳပစၥည္းေတြ မနည္းပါလား။ ၿပီးေတာ့ ရင္မွာ စြဲကပ္ေနၿပီျဖစ္တဲ့ စိတ္ဒဏ္ရာေတြကလည္း ေလရႈတိုင္း နာတယ္လို႔ ဆိုရခ်င္မိတယ္။
ဒီနယ္မွာ အေသာက္သမားေတြ အမူးနာလို႔ ထုတ္ဆဲၿပီဆို သြား နားေထာင္မေနနဲ႔၊ တစ္ေယာက္တည္းကိုပဲ တစ္ညီတၫြတ္ဆဲၾကတယ္ ဆိုရေလာက္ေအာင္ အမုန္းေတြ အျမစ္တြယ္လို႔ ။
ဘယ္ေလာက္ၾကာသည္အထိ သူတို႔ ဒီအဆဲ အာလုပ္စကားကို ဆက္ထိန္းၾကမလဲ။
ဘယ္သူ သိႏိုင္မလဲ။
ၿပီးေတာ့ လမ္းေပၚမွာေပ်ာက္ဆုံးသြားရတဲ့ အျပစ္မဲ့ ျပည္သူေတြရဲ႕ အသက္ေတြကေကာ ေမ့လြယ္ေပ်ာက္လြယ္ ေဈးေပါေပါေတြမ်ားလား။
ေျမစာပုံထဲက ေပၚတဝက္ျမဳပ္တဝက္ ျပန္ေတြ႕ရတဲ့ ခ်င္း ေမာင္ႏွမေလးရဲ႕ ျမင္ကြင္းကေကာ အခ်ိန္သမားေတာ္ရဲ႕ ကုသမႈမွာ ေမ့ေပ်ာက္ႏိုင္ရမဲ့ ျမင္ကြင္းတဲ့လား။
ဟင့္အင္း ။ ကိုယ္ မထင္ပါဘူး။ ေျပာၾကတယ္။ အခ်ိန္က သမားေတာ္တဲ့။
“အင္း .... သမားတိုင္းေကာ စြမ္းႏိုင္ၾကပါေတာ့မလား။”
ေမာင္မင္းဒီ
တူမီးေတာ္လွန္ေရးစာစဥ္္၊ အမွတ္ ( ၆၃ ) တြင္ေဖာ္ျပသည္။
👍💪
ReplyDeleteDone 🍀
ReplyDeleteစိတ်ဒဏ်ရာတွေ ရလိုက်တာများ။
ReplyDeleteဒါပေမယ့် အားတင်းပြီး ရှေ့ဆက်နေဆဲပါပဲ။ ဒီစာစဉ်လေးက ရင်ထဲကို နှစ်သိမ့်မှု ဖြစ်စေပါတယ်။ မျှဝေပေးလို့ ကျေးဇူးပါ။
ခေါင်းဆောင်လား..?
ReplyDeleteတိုက်ပွဲက
ဖော်ဆောင်ပေးလိမ့်မယ်
ပြည်သူ့ခေါင်းဆောင်ဆိုတာ
တိုက်ပွဲဝင်
ပြည်သူလူထုထဲမှာ ရှိတယ်
အားလုံး တိုက်ပွဲဝင်ရဲရင်
အားလုံး ဟာ ခေါင်းဆောင်တွေပဲ
"ငါတို့အားလုံး အမှန်တရား၏ ခေါင်းဆောင်များ"
"အရှိုက်ထိခဲ့ကြဖူးပြီးပြီ...."
ReplyDeleteမသေရုံ မရူးရုံ ပါပဲ......
Wheel..........dope🏹🏹🏹
ReplyDeleteသွေးရင်းတွေ မဟုတ်ကြပေမယ့် တစ်မြေတည်းနေတဲ့ သွေးချင်းတွေပဲမို့ ပေးခဲ့ကြရတဲ့ အသက်တွေ ဘဝတွေတိုင်းအတွက် သွေးအေးသွားဖို့ဆိုတာ မဖြစ်နိုင်ဘူး အဆုံးထိ ကိုယ်တတ်နိုင်တဲ့ ဘက်ကပါဝင် တွန်းလှန်နေမှာပဲ
ReplyDeleteထိတယ်မင်မင်ရေကျမကလစ်ကိုဆက်ထိန်းထားမယ်ပွဲြီးတဲ့အထိ💪
ReplyDeletedone
ReplyDeleteDone2UK
DeleteDone 💪
ReplyDeleteDone
ReplyDeleteတော်လှန်ရေးမှာပေးဆပ်ခဲ့ကြသူများအတွက် သွေးမအေးဘဲ
ReplyDeleteအဆုံးထိပါဝင်ကြရအောင်
Done
ReplyDelete