ကြေပြုန်းပျက်စီး ပြာနှင့်ပြီးသည်


Unicode



(၁)


လက်ပံတောရွာကလေးသည် တပေါင်းလကွယ်ည၏အမှောင်ထုထဲတွင် တိတ်ဆိတ်ငြိမ်သက်စွာ လဲလျောင်း အိပ်စက်နေ၏။ တစ်ချက်တစ်ချက်တိုးဝှေ့တိုက်ခတ်လာသောနွေလေရူးကြောင့် သစ်ရွက်သစ်ခက်တို့လှူပ်ခတ်သံမှတပါး ပတ်ဝန်းကျင်တစ်ခုလုံးအပ်ကျသံကြားရမလောက်ပင်။ လေအသုတ်နှင့်ရောနှောကပ်ပါလာသောဧကရာဇ်ပန်းရနံ့တို့သာ အကာလကိုမင်းမူနေလေသည်။


ထိုစဉ်-

``ရွာကို မီးရှို့နေကြပြီဟေ့ ထကြပြေးကြတော့ဟေ့’’


ရွာကာလသားခေါင်းကိုစံအေး၏ကျယ်လောင်စူးရှသောအသံသည်မိုးမရွာလေမလာဘဲပစ်ချလိုက်သည့်မိုးကြိုးကဲ့သို့ ငြိမ်သက်နေသောအမှောင်ထုကိုထိုးခွဲဖျက်ဆီးလိုက်သည်။ အိပ်တန်းဝင်ကျေးငှက်တို့ပင် လန့်ဖျက်ထပြန် ကုန်ကြသည်။ တစ်ရွာလုံးလှုပ်လှုပ်ရွရွဖြစ်လာပြီး တောင်ဘက်သပြေကုန်းရွာမီးရှုံ့ခံရစဉ်က ရွာတွင်လုပ်သည့်အစဉ်းအဝေးတွင်သူ ကြီးပြောပြထားသည့်အတိုင်း အလောတကောလုပ်ဆောင်ပြင်ဆင်ကြလေသည်။


(၂)


လက်ပံတောရွာသည် စစ်ကိုင်းတိုင်းယင်းမာပင်နယ်ထဲက ရွာလေးတစ်ရွာဖြစ်သည်။ အိမ်ခြေ ၅၀ ဝန်းကျင်သာ ရှိသည်။ တစ်ရွာလုံးတောင်ယာလယ်လုပ်ဓားမခုတ်ဘဝဖြင့်ရာသီပေါ်ကောက်ပဲသီးနှံများကိုစိုက်ပျိုးပြီးအသက်မွေးကြသည်။


``ညက သပြေကုန်းကိုမီးရှို့သွားကြတာခင်ဗျားတို့လည်းသိမှာပါ၊ ကျုပ်တို့ရွာကိုလည်းတစ်ချိန်ချိန်ဒီ ကောင်တွေ ရှို့လာနိုင်တယ်၊ အဲဒါကြောင့်ကြိုတင်ပြင်ဆင်စရာလေးတွေဆွေးနွေးရအောင်ခေါ်လိုက်တာပါ’’


သူကြီးကိုဘထွန်းစကားစလိုက်သည်နှင့် စောစောကကျွက်စီကျွက်စီဖြစ်နေသောလူအုပ်ကြီးသည် မီးခဲကို ရေဖြန်း လိုက်သည့်ပမာ ရှဲခနဲငြိမ်သက်သွားသည်။


``ကျုပ်တို့ရွာမှာ လူငယ်တော်တော်များများကလည်းPDFထဲရောက်ကုန်ပြီ၊ အဲဒီတော့ကျုပ်တို့လို အသက် လေး၊ ငါးဆယ်ပတ်ဝန်းကျင် လူကြီးတွေကပဲ ဦးဆောင်ဦးရွက်လုပ်ရမှာပဲ၊ ကျုပ်နဲ့စံအေး ကျုပ်တို့ရွာသားတွေမီးဘေးကလွတ်အောင်ရှောင်နိုင်ဖို့ အစီအစဉ်တွေဆွဲထားတယ်၊ ကဲ စံအေး အဲဒါတွေကိုရှင်းပြလိုက်စမ်းကွာ’’


ကိုစံအေးသည် အသက်၄၀ ကျော်လူပျိုကြီးကာလသားခေါင်းဖြစ်သည်။ ရွာအကျိုးအတွက်အမြဲတမ်းတက်ကြွသူလည်းဖြစ်ကာ သူကြီး၏အားကိုးအားထားအခံရဆုံးသူလည်းဖြစ်သည်။


``လူငယ်တွေလည်းမရှိတော့ ကျုပ်တို့လိုလူလတ်ပိုင်းတွေက အလှည့်ကျကင်းစောင့်ကြရမယ်၊ ကျုပ် တစ်ဖွဲ့သုံးယောက်နဲ့ အဖွဲ့လေးတွေခွဲထားတယ်။ အဲဒီစာရင်း နောက်ပြီးပြမယ်။ တကယ်လို့အရှို့ခံရပြီဆိုရင် အလှည့်ကျကင်းသမားတွေက တစ်အိမ်မကျန်လိုက်နှိုးရမယ်။ အဲဒါကတော့ ကင်းသမားတွေရဲ့တာဝန်ပေါ့’’


``အားလုံးအနေနဲ့ ကိုယ့်ရဲ့တန်ဖိုးရှိတဲ့ပစ္စည်း အထူးသဖြင့်လက်ဝတ်ရတနာတွေကို ကိုယ်အလွယ်ယူလို့ နေရာမှာထားကြပါ။ နောက်အဝတ်အစားတွေ၊ စောင်တွေကို အထုပ်အပိုးနဲ့အဆင်သင့်ထားပါ။ မိုးကာတွေကို လည်း အလွယ်ထားပါ။ သယ်ရအဆင်ပြေမဲ့စားသောက်ကုန်ပစ္စည်းတွေကိုလည်း စုထားကြပါ’’


` `တကယ်လို့မီးရှိူ့နေပြီဆိုတဲ့အချက်ပေးသံကြားရင် ယူစရာရှိတဲ့ပစ္စည်းတွေယူပြီး ရွာအနောက်ဘက်ကညောင်ပင်ကြီးအောက်မှာ လာစုပါ။ ယောက်ျားသားတွေက ကိုယ်လွတ်ရုံးမပြေးရဘူး။ အရင်ဆုံးကိုယ့်မိသားစုကို လွတ်အောင်လုပ်ပါ။ ပြီးကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ မိန်းမသားတွေ၊ကလေးတွေ၊အဖိုးအဖွားတွေကို လွတ်အောင် ကူညီပါ။ ညောင်ပင်အောက်စုံပြီးရင်လူစစ်မယ်။ လူစုံရင် အနောက်တောထဲကိုဝင်ပြေးကြမယ်။’’


ကိုစံအေး၏ပြောကြားချက်အပြီးတွင် ရွာသူရွာသားများသည် ပြန်၍လှုပ်လှုပ်ရွရွဖြစ်လာသည်။ ကိုစံအေးသည် ကင်းအဖွဲ့များခွဲထားသောစာရွက်ကို ရွတ်ဖတ်ပြလိုက်ပြီး အစည်းအဝေးကိုသိမ်းလိုက်သည်။


(၃)

``ကိုပိုက်ထွေး ဘကြီးသာအေးကိုပွေ့ခေါ်ပေးပါဦး’’


``အေးအေး မိအေးကြည်၊ ဘကြီးသာအေးကိုငါခေါ်ခဲ့မယ်၊ နင့်သားတွေကိုခေါ်ပြီး ညောင်ပင်ဆီကိုမြန်မြန်ပြေး’’


လယ်ပံတောတစ်ရွာလုံး ကမ္ဘာပျက်သည့်နှယ် အော်ဟစ်ပြေးလွှားနေကြသည်။ ကလေးငိုသံ၊ ခွေးဟောင်သံတို့သည် ရောနှောယှက်ထွေးလျက် ကျယ်လောင်စူးရှနေသည်။ မီးကအရှေ့ဖျားက စတင်အရှို့ခံရသည်ဖြစ်ကာ မီးရောင်များကြောင့် အရှေ့ကောင်းကင်တခွင်လုံးလင်းချင်းနေသည်။ မီးခိုးလုံးကြီးများသည် အထက်စီသို့တလိမ့်လိမ့်လှိမ့်တက်နေသည်။ တဒိုင်းဒိုင်းမြည်သံများသည် သေနတ်သံလား၊ ဝါးလုံးတို့၏ပေါက်ကွဲသံလားပင်ဝေခွဲမရနိူင်။ တစ်ရွာလုံးယောက်ယက်ခက် ထိတ်လန့်ကြောက်ရွံ့နေကြသည်။


``လှမြင့်တို့ မောင်ဌေးတို့ မင့်တို့တခြားအိမ်တွေကိုဝင်စစ်ကြည့်ကြဦး၊ တခြားကောင်တွေကိုလည်း အိမ်တွေကိုဝင်စစ်ကြဖို့ ပြောလိုက်ကြဦး’’


` `ဟုတ်ကဲ့ ကိုစံအေး’’


ယောက်ျားသားများသည် အသက်ကြီးသူများနှင့်ကလေးငယ်များကို ကူညီကယ်ထုတ်ပေးကြသည်။တစ်အိမ်တက်ဆင်း လူကျန်မကျန်စစ်ကြသည်။ လူမကျန်တော့ဘူးဆိုမှ သူတို့လည်းညောင်ပင်ဆီကို ပြေးကြသည်။


``ကဲ…စံအေး လူအမြန်စစ်’’


သူကြီးက ကိုစံအေးကိုပြောလိုက်သည်။


``ကျုပ် ခုမှသတိရတယ် ကိုဘထွန်း၊ ကျုပ်တို့နွားတွေကို မလွှတ်ခဲ့ရဘူး၊ အကုန်မီးထဲပါကုန်လိမ့်မယ်’’


``ဟုတ်သားပဲဟ၊ ဒါပေမဲ့ခုမှသွားရင်တော့အန္တရာယ်များတယ်၊ ဘယ်တတ်နိုင်မလဲကွာ၊ သဗ္ဗေသတ္တာ ကမ္မတကာ ပေါ့ကွာ’’


``ကျုပ် သွားလိုက်မယ်သူကြီး၊ နွားတွေကို မီးထဲတော့အပါမခံနိုင်ဘူး၊ တစ်သက်လုံးသူတို့နဲ့လုပ်စား လာတာ၊ ဒီလိုထားခဲ့လို့ဘယ်ကောင်းမလဲ’’


``ဒီလိုလုပ်ဗျာ၊ ကျုပ်သွားပြီးလို့ နာရီဝက်ကြာမှကျုပ်ပြန်မလာရင် တောထဲသွားကြတော့ကျုပ်ကိုစောင့်မနေကြနဲ့၊ ကဲ…ပိုက်ထွေး မင်းလူစစ်လိုက်ကွာ’’


ပြောပြောဆိုဆိုပင် ကိုစံအေးသည်ရွာထဲသို့ တရှိန်ထိုးပြေးသွားလေသည်။


(၄)


ကိုစံအေးသည် ရွာအနောက်ဘက်ခြမ်းကစပြီး အိမ်ပေါက်စေ့ဝင်ကာ နွားများကိုလွှတ်ပေးသည်။ လူတွေ၏ ဝရုန်းသုန်းကားအဖြစ်ကြောင့် သူတို့ပါကြောက်ရွံ့နေသည့်နှယ် နွားများသည်အော်ဟစ်မြည်ကြွေးနေကြသည်။

တစ်ရွာလုံးနွားမွေးကြသည်ဖြစ်ရာ ကိုစံအေးခမျာအလျင်လိုသလောက် မမြန်ဘဲဖြစ်နေသည်။ တစ်ချို့နွားများ သည်ကြောက်ရွံ့၍ ခုန်ပေါက်နေကြကာ ကြိုးဖြည်ဖို့ငြိမ်သက်စေရန် စုပ်တသပ်သပ်လုပ်နေရသေးသည်။ နွားခြံများဆီကိုလည်းပြေးရသေး၏။ လူလည်းမောဟိုက်နေပြီ။


``ဟင်…ဟိုမှာကျော်တင့်တင်းကုပ်ကို မီးဆွဲနေပြီဟ’’


ကိုစံအေးသည် တင်းကုပ်ဆီသို့ပြေးသွားသည်။ တင်းကုပ်ပေါ် မြေပဲမှော်တွေလည်းအပြည့်တင်ထားရာ လှောင်စာ ထည့်ထားသည့်နှယ် ခေါင်မှစ၍တဟုန်းဟုန်းလောင်နေသည်။ အောက်ကနွားနှစ်ကောင်သည် အပူဒဏ်ကြောင့်ကြောက်လန့်ခုန်ပေါက်နေသည်။


``ကျွတ်…ကျွတ်…ကျွတ်…ကျွတ်၊ ငြိမ်ငြိမ်နေ ငါ့ကောင်ကြီးတွေရ၊ ငါလွှတ်ပေးမှာပေါ့’’


ပြောသာပြောနေရသည်။ အပူကတော်တော်ဟပ်သည်။ တင်းကုပ်အပေါ်တစ်ခြမ်းအတော်ကုန်သွားပြီ။ ပြိုမကြမီ မြန်မြန်လုပ်ရမည်။ နွားနီကြီးကိုဖြည်နိုင်လိုက်ပြီ။


``ကဲ…ငါ့ကောင်ကြီးမြန်မြန်သာပြေးပေတော့’’


နွားနီကြီးသည် ကဆုန်ပေါက်ပြေးသွားသည်။ နွားဗျာကြီးအလှည့်ကျန်သေးသည်။နွားကမြူးနေသဖြင့် လူကိုမခိုက်မိအောင်လည်း ရှောင်နေရသည်။ နွားကိုတင်းကုပ်ဂဘန်း(ခါးပန်း)နှင့် တွဲချဉ်ထား သည်ဖြစ်ရာ နွား၏ရုန်းအား၊ မီး၏လောင်မြိုက်အားတို့ကြောင့် တင်ကုပ်သည်ဝုန်းခနပြိုကျသွားသည်။ ကိုစံအေးရော နွားဗျာ ကြီးပါ ရုတ်တရက်ပြိုကျလာသောတင်းကုပ်ကြီးအောက်မှ လွတ်အောင်မရှောင်နိုင်လိုက်ကြပေ။


(၅)


``ပိုက်ထွေး…လူတော့စုံပါတယ်နော်’’


``စုံပြီ သူကြီး’’


``စံအေးကလည်းကွာ၊ တော်တော်ကြာနေပြီမလာသေးဘူး၊ ဒီကောင်တစ်ခုခုများဖြစ်နေပြီလားမသိဘူး’’


သူကြီးဦးဘထွန်းသည် စိုးရိမ်တကြီးဖြစ်နေသည်။ ကိုစံအေးသွားတာ နာရီဝက်လောက်ရှိတော့မည်။ အခုထိလူရိပ် လူယောင်တောင် မမြင်ရသေး။


ရွာသူရွာသားများသည် မီးလျှံတို့၏ဝါးမြိုခြင်းကို မရှုမလှခံနေရသော သူတို့ရွာလေးကိုကြည့်ရင် ငိုကြီး ချက်မ ဖြစ်နေကြသည်။ ယောက်ျားသားများကတော့အံတကြိတ်ကြိတ်၊တောက်တခေါက်ခေါက်။ ရွာကလေးကိုမီးလောင် ကျွမ်းသလို သူတို့ကိုယ်တွင်းတွင်လည်း ခံပြင်းဒေါသထွက်မှုမီးတောက်များ တဟုန်းဟုန်း တောက်လောင် နေသည်။


``အမလေးလေး…ဒီအိမ်လေးတစ်ဆောင်ဆောက်နိုင်ဖို့ ကျုပ်သားလေးခမျာသူများနိုင်ငံမှာ သုံးနှစ်လောက်ကျွန်ခံခဲ့ရတာပါတော်…သူတို့မို့လုပ်ရက်တယ်တော်…အီး…ဟီး…’’


ဒေါ်ပိန်သည် မြေကြီးပေါ်လှိမ့်လှိမ့်ပြီး အော်ဟစ်ငိုကြွေးနေသည်။ အကုန်လုံးတရှိုက်ရှိုက်၊တရှုံ့ရှုံ့ဖြင့် ကိုယ့်အပူနှင့်ကိုယ်ဖြစ်နေရကာ သူများကိုနှစ်သိမ့်ဖို့ပင် ခွန်အားမရှိတော့။


``ဟေ့ ဟေ့…လမ်းကြမှငိုတော့၊ တောထဲဝင်ကြရအောင်၊ စံအေးနောက်မှသူ့ဖာသာလိုက်လာလိမ့်မယ်၊ ဒီမှာ ဆက်နေရင်အန္တရာယ်များတယ်၊ သွားကြရအောင်ဟေ့’’


ကိုဘထွန်း၏စကားဆုံးသည်နှင့် ရွာသူရွာသားများသည် နောက်ဆုံးတစ်ခေါက်အဖြစ်သူတို့ရွာလေးကို အတန် ကြာစိုက်ကြည့်နေမိသည်။ အလျှံတငြီးငြီးမီးတောက်တို့သည် သူတို့ကိုလှောင်ပြောင်နေသည့်နှယ်တဟီးဟီး ရယ်မော၍ ကခုန်သရော်နေကြသည်။ သူတို့၏ရင်၌မူ ဝေဒနာအပူလှိုင်းတို့၏ရိုက်ခက်မှုကြောင့် သည်းကြွေလု မတတ်ပင်။


``ရွာဦးစေတီကို မသွားခင်ကန်တော့ကြရအောင်’’


ဘကြီးညို၏ဆော်သြသံကြောင့် ရွာသူရွာသားများသည် မီးလျှံကြားကရွာဦးစေတီကိုလှမ်းကန်တော့လိုက်ကြသည်။ ကန်တော့အပြီးတွင် အနောက်ဘက်တောအုပ်အတွင်းသို့ တရွေ့ရွေ့တိုးဝင်သွားကြတော့သည်။


(ဝတ္ထုခေါင်းစဉ်မှာ ဆရာကြီးဒဂုန်တာရာ၏မီးလောင်မြေကဗျာမှ ယူသုံးထားခြင်းဖြစ်သည်။)


သော်ဒီအိမ်

27.6.22



Zawgyi




(၁)


လက္ပံေတာ႐ြာကေလးသည္ တေပါင္းလကြယ္ည၏အေမွာင္ထုထဲတြင္ တိတ္ဆိတ္ၿငိမ္သက္စြာ လဲေလ်ာင္း အိပ္စက္ေန၏။ တစ္ခ်က္တစ္ခ်က္တိုးေဝွ႔တိုက္ခတ္လာေသာေႏြေလ႐ူးေၾကာင့္ သစ္႐ြက္သစ္ခက္တို႔လႉပ္ခတ္သံမွတပါး ပတ္ဝန္းက်င္တစ္ခုလုံးအပ္က်သံၾကားရမေလာက္ပင္။ ေလအသုတ္ႏွင့္ေရာေႏွာကပ္ပါလာေသာဧကရာဇ္ပန္းရနံ႔တို႔သာ အကာလကိုမင္းမူေနေလသည္။


ထိုစဥ္-

``႐ြာကို မီးရႈိ႕ေနၾကၿပီေဟ့ ထၾကေျပးၾကေတာ့ေဟ့’’


႐ြာကာလသားေခါင္းကိုစံေအး၏က်ယ္ေလာင္စူးရွေသာအသံသည္မိုးမ႐ြာေလမလာဘဲပစ္ခ်လိုက္သည့္မိုးႀကိဳးကဲ့သို႔ ၿငိမ္သက္ေနေသာအေမွာင္ထုကိုထိုးခြဲဖ်က္ဆီးလိုက္သည္။ အိပ္တန္းဝင္ေက်းငွက္တို႔ပင္ လန႔္ဖ်က္ထျပန္ ကုန္ၾကသည္။ တစ္႐ြာလုံးလႈပ္လႈပ္႐ြ႐ြျဖစ္လာၿပီး ေတာင္ဘက္သေျပကုန္း႐ြာမီးရႈံ႕ခံရစဥ္က ႐ြာတြင္လုပ္သည့္အစဥ္းအေဝးတြင္သူ ႀကီးေျပာျပထားသည့္အတိုင္း အေလာတေကာလုပ္ေဆာင္ျပင္ဆင္ၾကေလသည္။


(၂)


လက္ပံေတာ႐ြာသည္ စစ္ကိုင္းတိုင္းယင္းမာပင္နယ္ထဲက ႐ြာေလးတစ္႐ြာျဖစ္သည္။ အိမ္ေျခ ၅၀ ဝန္းက်င္သာ ရွိသည္။ တစ္႐ြာလုံးေတာင္ယာလယ္လုပ္ဓားမခုတ္ဘဝျဖင့္ရာသီေပၚေကာက္ပဲသီးႏွံမ်ားကိုစိုက္ပ်ိဳးၿပီးအသက္ေမြးၾကသည္။


``ညက သေျပကုန္းကိုမီးရႈိ႕သြားၾကတာခင္ဗ်ားတို႔လည္းသိမွာပါ၊ က်ဳပ္တို႔႐ြာကိုလည္းတစ္ခ်ိန္ခ်ိန္ဒီ ေကာင္ေတြ ရႈိ႕လာႏိုင္တယ္၊ အဲဒါေၾကာင့္ႀကိဳတင္ျပင္ဆင္စရာေလးေတြေဆြးေႏြးရေအာင္ေခၚလိုက္တာပါ’’


သူႀကီးကိုဘထြန္းစကားစလိုက္သည္ႏွင့္ ေစာေစာကကြၽက္စီကြၽက္စီျဖစ္ေနေသာလူအုပ္ႀကီးသည္ မီးခဲကို ေရျဖန္း လိုက္သည့္ပမာ ရွဲခနဲၿငိမ္သက္သြားသည္။


``က်ဳပ္တို႔႐ြာမွာ လူငယ္ေတာ္ေတာ္မ်ားမ်ားကလည္းPDFထဲေရာက္ကုန္ၿပီ၊ အဲဒီေတာ့က်ဳပ္တို႔လို အသက္ ေလး၊ ငါးဆယ္ပတ္ဝန္းက်င္ လူႀကီးေတြကပဲ ဦးေဆာင္ဦး႐ြက္လုပ္ရမွာပဲ၊ က်ဳပ္နဲ႔စံေအး က်ဳပ္တို႔႐ြာသားေတြမီးေဘးကလြတ္ေအာင္ေရွာင္ႏိုင္ဖို႔ အစီအစဥ္ေတြဆြဲထားတယ္၊ ကဲ စံေအး အဲဒါေတြကိုရွင္းျပလိုက္စမ္းကြာ’’


ကိုစံေအးသည္ အသက္၄၀ ေက်ာ္လူပ်ိဳႀကီးကာလသားေခါင္းျဖစ္သည္။ ႐ြာအက်ိဳးအတြက္အၿမဲတမ္းတက္ႂကြသူလည္းျဖစ္ကာ သူႀကီး၏အားကိုးအားထားအခံရဆုံးသူလည္းျဖစ္သည္။


``လူငယ္ေတြလည္းမရွိေတာ့ က်ဳပ္တို႔လိုလူလတ္ပိုင္းေတြက အလွည့္က်ကင္းေစာင့္ၾကရမယ္၊ က်ဳပ္ တစ္ဖြဲ႕သုံးေယာက္နဲ႔ အဖြဲ႕ေလးေတြခြဲထားတယ္။ အဲဒီစာရင္း ေနာက္ၿပီးျပမယ္။ တကယ္လို႔အရႈိ႕ခံရၿပီဆိုရင္ အလွည့္က်ကင္းသမားေတြက တစ္အိမ္မက်န္လိုက္ႏႈိးရမယ္။ အဲဒါကေတာ့ ကင္းသမားေတြရဲ႕တာဝန္ေပါ့’’


``အားလုံးအေနနဲ႔ ကိုယ့္ရဲ႕တန္ဖိုးရွိတဲ့ပစၥည္း အထူးသျဖင့္လက္ဝတ္ရတနာေတြကို ကိုယ္အလြယ္ယူလို႔ ေနရာမွာထားၾကပါ။ ေနာက္အဝတ္အစားေတြ၊ ေစာင္ေတြကို အထုပ္အပိုးနဲ႔အဆင္သင့္ထားပါ။ မိုးကာေတြကို လည္း အလြယ္ထားပါ။ သယ္ရအဆင္ေျပမဲ့စားေသာက္ကုန္ပစၥည္းေတြကိုလည္း စုထားၾကပါ’’


` `တကယ္လို႔မီးရွိူ႔ေနၿပီဆိုတဲ့အခ်က္ေပးသံၾကားရင္ ယူစရာရွိတဲ့ပစၥည္းေတြယူၿပီး ႐ြာအေနာက္ဘက္ကေညာင္ပင္ႀကီးေအာက္မွာ လာစုပါ။ ေယာက္်ားသားေတြက ကိုယ္လြတ္႐ုံးမေျပးရဘူး။ အရင္ဆုံးကိုယ့္မိသားစုကို လြတ္ေအာင္လုပ္ပါ။ ၿပီးကိုယ့္ပတ္ဝန္းက်င္မွာရွိတဲ့ မိန္းမသားေတြ၊ကေလးေတြ၊အဖိုးအဖြားေတြကို လြတ္ေအာင္ ကူညီပါ။ ေညာင္ပင္ေအာက္စုံၿပီးရင္လူစစ္မယ္။ လူစုံရင္ အေနာက္ေတာထဲကိုဝင္ေျပးၾကမယ္။’’


ကိုစံေအး၏ေျပာၾကားခ်က္အၿပီးတြင္ ႐ြာသူ႐ြာသားမ်ားသည္ ျပန္၍လႈပ္လႈပ္႐ြ႐ြျဖစ္လာသည္။ ကိုစံေအးသည္ ကင္းအဖြဲ႕မ်ားခြဲထားေသာစာ႐ြက္ကို ႐ြတ္ဖတ္ျပလိုက္ၿပီး အစည္းအေဝးကိုသိမ္းလိုက္သည္။


(၃)

``ကိုပိုက္ေထြး ဘႀကီးသာေအးကိုေပြ႕ေခၚေပးပါဦး’’


``ေအးေအး မိေအးၾကည္၊ ဘႀကီးသာေအးကိုငါေခၚခဲ့မယ္၊ နင့္သားေတြကိုေခၚၿပီး ေညာင္ပင္ဆီကိုျမန္ျမန္ေျပး’’


လယ္ပံေတာတစ္႐ြာလုံး ကမာၻပ်က္သည့္ႏွယ္ ေအာ္ဟစ္ေျပးလႊားေနၾကသည္။ ကေလးငိုသံ၊ ေခြးေဟာင္သံတို႔သည္ ေရာေႏွာယွက္ေထြးလ်က္ က်ယ္ေလာင္စူးရွေနသည္။ မီးကအေရွ႕ဖ်ားက စတင္အရႈိ႕ခံရသည္ျဖစ္ကာ မီးေရာင္မ်ားေၾကာင့္ အေရွ႕ေကာင္းကင္တခြင္လုံးလင္းခ်င္းေနသည္။ မီးခိုးလုံးႀကီးမ်ားသည္ အထက္စီသို႔တလိမ့္လိမ့္လွိမ့္တက္ေနသည္။ တဒိုင္းဒိုင္းျမည္သံမ်ားသည္ ေသနတ္သံလား၊ ဝါးလုံးတို႔၏ေပါက္ကြဲသံလားပင္ေဝခြဲမရႏိူင္။ တစ္႐ြာလုံးေယာက္ယက္ခက္ ထိတ္လန႔္ေၾကာက္႐ြံ႕ေနၾကသည္။


``လွျမင့္တို႔ ေမာင္ေဌးတို႔ မင့္တို႔တျခားအိမ္ေတြကိုဝင္စစ္ၾကည့္ၾကဦး၊ တျခားေကာင္ေတြကိုလည္း အိမ္ေတြကိုဝင္စစ္ၾကဖို႔ ေျပာလိုက္ၾကဦး’’


` `ဟုတ္ကဲ့ ကိုစံေအး’’


ေယာက္်ားသားမ်ားသည္ အသက္ႀကီးသူမ်ားႏွင့္ကေလးငယ္မ်ားကို ကူညီကယ္ထုတ္ေပးၾကသည္။တစ္အိမ္တက္ဆင္း လူက်န္မက်န္စစ္ၾကသည္။ လူမက်န္ေတာ့ဘူးဆိုမွ သူတို႔လည္းေညာင္ပင္ဆီကို ေျပးၾကသည္။


``ကဲ…စံေအး လူအျမန္စစ္’’


သူႀကီးက ကိုစံေအးကိုေျပာလိုက္သည္။


``က်ဳပ္ ခုမွသတိရတယ္ ကိုဘထြန္း၊ က်ဳပ္တို႔ႏြားေတြကို မလႊတ္ခဲ့ရဘူး၊ အကုန္မီးထဲပါကုန္လိမ့္မယ္’’


``ဟုတ္သားပဲဟ၊ ဒါေပမဲ့ခုမွသြားရင္ေတာ့အႏၲရာယ္မ်ားတယ္၊ ဘယ္တတ္ႏိုင္မလဲကြာ၊ သေဗၺသတၱာ ကမၼတကာ ေပါ့ကြာ’’


``က်ဳပ္ သြားလိုက္မယ္သူႀကီး၊ ႏြားေတြကို မီးထဲေတာ့အပါမခံႏိုင္ဘူး၊ တစ္သက္လုံးသူတို႔နဲ႔လုပ္စား လာတာ၊ ဒီလိုထားခဲ့လို႔ဘယ္ေကာင္းမလဲ’’


``ဒီလိုလုပ္ဗ်ာ၊ က်ဳပ္သြားၿပီးလို႔ နာရီဝက္ၾကာမွက်ဳပ္ျပန္မလာရင္ ေတာထဲသြားၾကေတာ့က်ဳပ္ကိုေစာင့္မေနၾကနဲ႔၊ ကဲ…ပိုက္ေထြး မင္းလူစစ္လိုက္ကြာ’’


ေျပာေျပာဆိုဆိုပင္ ကိုစံေအးသည္႐ြာထဲသို႔ တရွိန္ထိုးေျပးသြားေလသည္။


(၄)


ကိုစံေအးသည္ ႐ြာအေနာက္ဘက္ျခမ္းကစၿပီး အိမ္ေပါက္ေစ့ဝင္ကာ ႏြားမ်ားကိုလႊတ္ေပးသည္။ လူေတြ၏ ဝ႐ုန္းသုန္းကားအျဖစ္ေၾကာင့္ သူတို႔ပါေၾကာက္႐ြံ႕ေနသည့္ႏွယ္ ႏြားမ်ားသည္ေအာ္ဟစ္ျမည္ေႂကြးေနၾကသည္။

တစ္႐ြာလုံးႏြားေမြးၾကသည္ျဖစ္ရာ ကိုစံေအးခမ်ာအလ်င္လိုသေလာက္ မျမန္ဘဲျဖစ္ေနသည္။ တစ္ခ်ိဳ႕ႏြားမ်ား သည္ေၾကာက္႐ြံ႕၍ ခုန္ေပါက္ေနၾကကာ ႀကိဳးျဖည္ဖို႔ၿငိမ္သက္ေစရန္ စုပ္တသပ္သပ္လုပ္ေနရေသးသည္။ ႏြားၿခံမ်ားဆီကိုလည္းေျပးရေသး၏။ လူလည္းေမာဟိုက္ေနၿပီ။


``ဟင္…ဟိုမွာေက်ာ္တင့္တင္းကုပ္ကို မီးဆြဲေနၿပီဟ’’


ကိုစံေအးသည္ တင္းကုပ္ဆီသို႔ေျပးသြားသည္။ တင္းကုပ္ေပၚ ေျမပဲေမွာ္ေတြလည္းအျပည့္တင္ထားရာ ေလွာင္စာ ထည့္ထားသည့္ႏွယ္ ေခါင္မွစ၍တဟုန္းဟုန္းေလာင္ေနသည္။ ေအာက္ကႏြားႏွစ္ေကာင္သည္ အပူဒဏ္ေၾကာင့္ေၾကာက္လန႔္ခုန္ေပါက္ေနသည္။


``ကြၽတ္…ကြၽတ္…ကြၽတ္…ကြၽတ္၊ ၿငိမ္ၿငိမ္ေန ငါ့ေကာင္ႀကီးေတြရ၊ ငါလႊတ္ေပးမွာေပါ့’’


ေျပာသာေျပာေနရသည္။ အပူကေတာ္ေတာ္ဟပ္သည္။ တင္းကုပ္အေပၚတစ္ျခမ္းအေတာ္ကုန္သြားၿပီ။ ၿပိဳမၾကမီ ျမန္ျမန္လုပ္ရမည္။ ႏြားနီႀကီးကိုျဖည္ႏိုင္လိုက္ၿပီ။


``ကဲ…ငါ့ေကာင္ႀကီးျမန္ျမန္သာေျပးေပေတာ့’’


ႏြားနီႀကီးသည္ ကဆုန္ေပါက္ေျပးသြားသည္။ ႏြားဗ်ာႀကီးအလွည့္က်န္ေသးသည္။ႏြားကျမဴးေနသျဖင့္ လူကိုမခိုက္မိေအာင္လည္း ေရွာင္ေနရသည္။ ႏြားကိုတင္းကုပ္ဂဘန္း(ခါးပန္း)ႏွင့္ တြဲခ်ဥ္ထား သည္ျဖစ္ရာ ႏြား၏႐ုန္းအား၊ မီး၏ေလာင္ၿမိဳက္အားတို႔ေၾကာင့္ တင္ကုပ္သည္ဝုန္းခနၿပိဳက်သြားသည္။ ကိုစံေအးေရာ ႏြားဗ်ာ ႀကီးပါ ႐ုတ္တရက္ၿပိဳက်လာေသာတင္းကုပ္ႀကီးေအာက္မွ လြတ္ေအာင္မေရွာင္ႏိုင္လိုက္ၾကေပ။


(၅)


``ပိုက္ေထြး…လူေတာ့စုံပါတယ္ေနာ္’’


``စုံၿပီ သူႀကီး’’


``စံေအးကလည္းကြာ၊ ေတာ္ေတာ္ၾကာေနၿပီမလာေသးဘူး၊ ဒီေကာင္တစ္ခုခုမ်ားျဖစ္ေနၿပီလားမသိဘူး’’


သူႀကီးဦးဘထြန္းသည္ စိုးရိမ္တႀကီးျဖစ္ေနသည္။ ကိုစံေအးသြားတာ နာရီဝက္ေလာက္ရွိေတာ့မည္။ အခုထိလူရိပ္ လူေယာင္ေတာင္ မျမင္ရေသး။


႐ြာသူ႐ြာသားမ်ားသည္ မီးလွ်ံတို႔၏ဝါးၿမိဳျခင္းကို မရႈမလွခံေနရေသာ သူတို႔႐ြာေလးကိုၾကည့္ရင္ ငိုႀကီး ခ်က္မ ျဖစ္ေနၾကသည္။ ေယာက္်ားသားမ်ားကေတာ့အံတႀကိတ္ႀကိတ္၊ေတာက္တေခါက္ေခါက္။ ႐ြာကေလးကိုမီးေလာင္ ကြၽမ္းသလို သူတို႔ကိုယ္တြင္းတြင္လည္း ခံျပင္းေဒါသထြက္မႈမီးေတာက္မ်ား တဟုန္းဟုန္း ေတာက္ေလာင္ ေနသည္။


``အမေလးေလး…ဒီအိမ္ေလးတစ္ေဆာင္ေဆာက္ႏိုင္ဖို႔ က်ဳပ္သားေလးခမ်ာသူမ်ားႏိုင္ငံမွာ သုံးႏွစ္ေလာက္ကြၽန္ခံခဲ့ရတာပါေတာ္…သူတို႔မို႔လုပ္ရက္တယ္ေတာ္…အီး…ဟီး…’’


ေဒၚပိန္သည္ ေျမႀကီးေပၚလွိမ့္လွိမ့္ၿပီး ေအာ္ဟစ္ငိုေႂကြးေနသည္။ အကုန္လုံးတရႈိက္ရႈိက္၊တရႈံ႕ရႈံ႕ျဖင့္ ကိုယ့္အပူႏွင့္ကိုယ္ျဖစ္ေနရကာ သူမ်ားကိုႏွစ္သိမ့္ဖို႔ပင္ ခြန္အားမရွိေတာ့။


``ေဟ့ ေဟ့…လမ္းၾကမွငိုေတာ့၊ ေတာထဲဝင္ၾကရေအာင္၊ စံေအးေနာက္မွသူ႔ဖာသာလိုက္လာလိမ့္မယ္၊ ဒီမွာ ဆက္ေနရင္အႏၲရာယ္မ်ားတယ္၊ သြားၾကရေအာင္ေဟ့’’


ကိုဘထြန္း၏စကားဆုံးသည္ႏွင့္ ႐ြာသူ႐ြာသားမ်ားသည္ ေနာက္ဆုံးတစ္ေခါက္အျဖစ္သူတို႔႐ြာေလးကို အတန္ ၾကာစိုက္ၾကည့္ေနမိသည္။ အလွ်ံတၿငီးၿငီးမီးေတာက္တို႔သည္ သူတို႔ကိုေလွာင္ေျပာင္ေနသည့္ႏွယ္တဟီးဟီး ရယ္ေမာ၍ ကခုန္သေရာ္ေနၾကသည္။ သူတို႔၏ရင္၌မူ ေဝဒနာအပူလႈိင္းတို႔၏႐ိုက္ခက္မႈေၾကာင့္ သည္းေႂကြလု မတတ္ပင္။


``႐ြာဦးေစတီကို မသြားခင္ကန္ေတာ့ၾကရေအာင္’’


ဘႀကီးညိဳ၏ေဆာ္ၾသသံေၾကာင့္ ႐ြာသူ႐ြာသားမ်ားသည္ မီးလွ်ံၾကားက႐ြာဦးေစတီကိုလွမ္းကန္ေတာ့လိုက္ၾကသည္။ ကန္ေတာ့အၿပီးတြင္ အေနာက္ဘက္ေတာအုပ္အတြင္းသို႔ တေ႐ြ႕ေ႐ြ႕တိုးဝင္သြားၾကေတာ့သည္။


(ဝတၳဳေခါင္းစဥ္မွာ ဆရာႀကီးဒဂုန္တာရာ၏မီးေလာင္ေျမကဗ်ာမွ ယူသုံးထားျခင္းျဖစ္သည္။)


ေသာ္ဒီအိမ္

27.6.22

Comments


  1. ကြယ်ကြွေညတွေကိုပဲ ငေးးးး နေတော့မှာလား?
    အရုဏ်ကို ပုတ်နှိုး အလင်းရောင်ပျိုးကြပါစို့

    ReplyDelete
  2. မြန်မာပြည်ကြီးရဲ့ခေတ်အဆက်ဆက်
    အနင်းခံမြေစာပင်ပြည်သူတွေရဲ့ဘဝတွေ....😥

    ReplyDelete
  3. အခါအခါ အိမ်တွေမီးရှို့ခံရ..သူတို့ရင်ထဲလည်း နာကျင်မှုတွေ အခါခါလောင်ကျွမ်းနေပြီး...

    ReplyDelete

Post a Comment