သူတို့လင်မယား
Unicode
၁)
သူတို့လင်မယားအကြောင်း မပြောမီ ကျွန်ုပ်တို့လင်မယားအကြောင်း ဦးစွာ ပြောရမည်။ ကျွန်ုပ်က အသက်လေးဆယ်ကျော်ပြီဖြစ်ပြီး ကျွန်ုပ်၏ ဇနီးမြူနှင်းချိုက လေးဆယ်ပြည့်လုပြီ ဖြစ်သည်။ ကျွန်ုပ်တို့မှာ သားထောက်သမီးခံလည်း မရှိသဖြင့် ညနေခင်းဆိုလျှင် အိမ်ရှေ့ဝရန်တာကလေးတွင် နှစ်ယောက်အတူထိုင်ကာ ထွေရာလေးပါး ပြောလေ့ရှိ၏။
မြူက ဆန်ဈေး၊ ဆီဈေး တက်သည့်အကြောင်းများ ပြောလျှင် ကျွန်ုပ်က “ဟော... တက်သွားပြန်ပလား။” “ဟင်း... ဈေးတွေကတော့ မတန်တဆပဲ မြူရေ။” စသည်ဖြင့် ရေလိုက်ငါးလိုက် ပြောပေးရ၏။ သို့သော် ကျွန်ုပ်က စက်သုံးဆီများ ဈေးတက်ကြောင်း ပြောသည့်အခါတွင်မူ မြူက ကျွန်ုပ်ကို မျက်မှောင်ကြုတ်၍ ကြည့်ကာ “တော်က လျှော့သုံးမှပေါ့။” “တော်က ဟိုသွားသည်သွား တအားလုပ်တာကိုး။” စသည်ဖြင့် မြည်တွန်တောက်တီးလေ့ရှိသည်။
နှစ်ယောက်သား အိမ်ထောက်သက်ကလည်း မနည်းလှသဖြင့် ကျွန်ုပ်မှာလည်း မြူ့၏ မြည်တွန်တောက်တီးသံကလေးများကိုပင် နားဝင်ပီယံရှိလှသည်ဟု ထင်လာမိသည်။ ကျွန်ုပ်တို့လင်မယားက ဝရန်တာတွင် ထိုင်ကာ ထွေရာလေးပါး ပြောတတ်သည့်အချိန်တိုင်း လမ်းလျှောက်ဈေးသည် တစ်ဦးမဟုတ်တစ်ဦးက အိမ်ရှေ့မှ ဖြတ်လျှောက်သွားလေ့ရှိသည်။ တစ်ရက်ကလည်း ကျွန်ုပ်တို့လင်မယား ထိုင်နေစဥ် အော်သံတစ်ခုက ထွက်လာ၏။
“ဟောဒီက... ပေသီးငံဖျော်”
အသံက ကျယ်၏။ သို့သော် မကြည်လင်။
“မြူရေ... ဘာအော်တာလဲကွယ်။” ကျွန်ုပ်က မေးလိုက်ရာ မြူက ခေါင်းခါသည်။ “မြူလဲ မသိဘူး။ ပေသီးငံဖျော်လို့တော့ ကြားတယ်။”
အသံက နောက်တစ်ကြိမ် ထွက်လာပြန်ရာ ကျွန်ုပ်တို့လင်မယား နှစ်ယောက်လုံး နားစိုက်ထောင်မိသည်။ ကျွန်ုပ်နားထဲတွင် ပေသီးငံဖျော်ချည်း ကြားနေလေရာ စူးစမ်းလိုစိတ်ကြောင့် ထိုအသည်ကို ခေါ်လိုက်ရ၏။
အသည်အမျိုးသမီးက ခြံထဲ ဝင်လာပြီး အိမ်အောက်ကွပ်ပျစ်တွင် ထိုင်ကာ သူ့ခေါင်းပေါ်မှ တောင်းကို ချ၏။ ကျွန်ုပ်တို့လင်မယားကလည်း အိမ်အောက်ကွပ်ပျစ်သို့ ဆင်းလာပြီး သူ့ကို မေးသည်။
“ဘာရောင်းတာလဲ။ ပေသီးကို အငံချက်ထားတာလား။”
“ဟယ်... မဟုတ်ပါဘူး။ ပဲကတ္တီပါပြုတ်ပါ။”
ကျွန်ုပ်၏ အမေးကို အသည်အမျိုးသမီးက မဂိုသံဝဲဝဲဖြင့် ဖြေ၏။ ထိုအခါမှ ကျွန်ုပ်တို့လင်မယားမှာ တစ်ယောက်မျက်နှာတစ်ယောက် ပြန်ကြည့်မိတော့သည်။ အသည်အမျိုးသမီးက အိန္ဒိယအနွယ်တစ်ယောက် ဖြစ်ပြီး စကားကလည်း ဝဲသဖြင့် ကျွန်ုပ်တို့နှစ်ယောက်လုံး နားကြားမှားသွားကြခြင်း ဖြစ်သည်။
“အစ်မကြီး... ဘယ်လောက်သားယူမလဲ။”
အသည်အမျိုးသမီးက သူ့နဖူးမှ ချွေးစများကို လက်ခုံဖြင့် ဖိသုတ်ရင်း မေးသည်။ မြူက အားနာသွားဟန် မချိသွားဖြဲ ရယ်သည်။ ခေါ်ပြီးမှ မဝယ်လျှင်လည်း မကောင်းသဖြင့် ကျွန်ုပ်က ဝင်ပြောရသည်။
“ငါးရာဖိုး.. ထည့်လိုက်ဗျာ။”
“တစ်ထောင်ဖိုးလောက် ထည့်လိုက်ပါ အစ်ကိုကြီးရယ်။ ငါးရာဖိုးတော့ မလုပ်ပါနဲ့။ ကျွန်မလဲ ဒါလေးပဲ ကျန်တော့တာ။”
အသည်အမျိုးသမီးက သူ့တောင်းထဲမှ ပဲပြုတ်များကို စောင်းပြရင်း ညည်းညူသည်။ ကျွန်ုပ်တို့မှာ လင်မယားနှစ်ယောက်တည်း ရှိ၍ ပဲပြုတ်တစ်ထောင်ဖိုး မဝယ်ချင်ပေ။ အသည်အမျိုးသမီးကလည်း အတင်း ထိုးရောင်းနေလေရာ အားနာနာဖြင့် ဝယ်လိုက်ရ၏။ ပဲပြုတ်ကို ချိန်ပေးပြီးမှ အသည်အမျိုးသမီးက သူ့ပလတ်စတစ်ယပ်တောင်ကလေးကို ထုတ်ကာ တဖျတ်ဖျတ် ခတ်ရင်းအမောဖြေသည်။
“ရောင်းကောင်းတယ်မလား... အစ်မရဲ့” ကျွန်ုပ်ဇနီးက လောကွတ်ပြုလိုက်ရာ သူက ခေါင်းခါသည်။
“မကောင်းဘူး... မကောင်းဘူး။ ဈေးရောင်းတွေ တအားပါးတာ။ ရေလေး နည်းနည်းလောက် တိုက်ပါလား။ ရေခဲရေ အေးအေးလေးဆို ပိုကောင်းတယ်။”
“ဟုတ်... အစ်မ။ ခနလေးနော်။” ကျွန်ုပ်ဇနီးက သူ့ကို ပြန်ဖြေလိုက်ပြီး ကျွန်ုပ်ဖက် လှည့်လာ၏။ “ကိုရေ... ရေခဲရေလေး တစ်ဘူးလောက် ယူပေးပါဦး။”
ကျွန်ုပ်က အိမ်အပေါ်သို့ ချက်ချင်း ပြန်တက်ကာ ရေခဲသေတ္တာထဲမှ ရေခဲရေတစ်ဘူးကို သွားယူသည်။ ဤသည်က မြူ့ကို ကြောက်၍မဟုတ်၊ ချစ်လွန်း၍ ဖြစ်၏။ အသည်အမျိုးသမီးက အေးစက်နေသော ရေခဲရေကို ဖန်ခွက်အကြီးတစ်ခွက် အပြည့်ငှဲ့ထည့်ကာ တစ်ကျိုက်တည်းဖြင့် ကုန်အောင် မော့သောက်သည်။
“အမောကို ပြေသွားတာပဲ။ ကျေးဇူးပဲနော်... အစ်မကြီး။”
ထိုအမျိုးသမီးက မြူ့ကို နှုတ်ဆက်ကာ ပြန်သွား၏။ သူက အသားခပ်ညိုညို၊ ဝဝဖိုင့်ဖိုင့်နှင့် ဖြစ်ပြီး အသက်ငါးဆယ် ပတ်ချာလည်ခန့် ရှိမည်ဟု ကျွန်ုပ် မှန်းဆမိသည်။ ထို့ကြောင့် မြူ့ကို အစ်မကြီး ခေါ်သည်ကို သိပ်တော့ သဘောမတွေ့လှပေ။
၂)
တစ်ခုသော နံနက်ခင်းတွင် ကျွန်ုပ်တို့လင်မယားက နှစ်ယောက်အတူ ဈေးသွားကြ၏။ ကျွန်ုပ်တို့အိမ်နှင့် ဝါးတစ်ရိုက်ခန့်အကွာတွင် ဈေးခပ်သေးသေးကလေး တစ်ခုရှိသဖြင့် အချိန်ပိုရလျှင် လင်မယားနှစ်ယောက် ဈေးအထိ လမ်းလျှောက်လေ့ရှိသည်။ ဈေးက သေးသည်၊ ဆိုင်စုံသည်၊ အသည်စုံသည်၊ သို့သော် နံနက်ခင်းတစ်ဖြတ်သာ ရှိသည်။ မနက်ဆယ်နာရီခန့်မှ သွားမိလျှင် ထိုနေ့အဖို့ ဟင်းမရတော့ပေ။
“ဒီနေ့ ပုစွန်ဆီပြန် ချက်ရအောင် ကိုရေ။” မြူက ကျွန်ုပ်လက်ကို ဆွဲ၍ ပြောလာသည်တွင် ကျွန်ုပ်က ဆီဈေး အဆမတန်တက်သွားကြောင်း သတိရမိ၏။
“ဆီဈေးကြီးတယ်။ မြူပဲ တလောကပြောတော့ ဆီလျှော့ရမယ်ဆို။”
“အဲ့ဒါဆို တော် မစားနဲ့။ ရေနဲ့ ပြုတ်ပေးမယ်။” မြူ၏ မကျေမနပ် ရေရွတ်သံက ထွက်လာ၏။ ကျွန်ုပ်မှာ မြူ စိတ်ဆိုးသွားမှန်း သိသော်လည်း အဘယ့်ကြောင့် စိတ်ဆိုးသည်ကို မသိသဖြင့် ငြိမ်ငြိမ်လေး နေလိုက်ရတော့သည်။
ဈေးသို့ ရောက်လာလေပြီ။ ဈေးရှေ့တွင် လက်ဖျော်လက်ဖက်ရည်ဆိုင် အသေးလေးရှိ၏။ ကျွန်ုပ်တို့လင်မယားက လက်ဖက်ရည်ဆိုင်ရှေ့မှ ဖြတ်အလျှောက် ကျွန်ုပ်မိတ်ဆွေ ကိုအောင်ကျော်က လှမ်းခေါ်၏။
“ဟေး.. ကိုရှိုင်း ဈေးလာတာလား။ အစ်မရော ပါတာပဲ... တို့ကောင်ကြီး ခြင်းဆွဲရတာပေါ့လေ။”
“ခြင်းဆွဲတော့ ဘယ်ဟုတ်မလဲဗျာ...”
ကျွန်ုပ်က ရယ်ကြဲကြဲဖြင့် ပြန်ဖြေသည်။ မြူက ကျွန်ုပ်ကို စိတ်ဆိုးနေသော်လည်း အပြင်လူရှိနေ၍ အပြုံးနုနုဖြင့် ဆိုသည်။
“ကို ဒီမှာစကားပြောနေခဲ့လေ။ မြူ့ဘာသာပဲ ဝယ်တော့မယ်။”
သို့နှင့် ကျွန်ုပ်က ကိုအောင်ကျော်တို့ လက်ဖက်ရည်ဝိုင်းတွင် ဝင်ထိုင်သည်။ ကိုအောင်ကျော်က ကျွန်ုပ်အတွက် ရေနွေးကြမ်းတစ်ခွက်ငှဲ့ပေးလိုက်ပြီး ဆိုင်ရှင်ကို လှမ်းအော်သည်။
“ကိုဆံရှည်... ဒီကို ကျစိမ့်တစ်ခွက်နဲ့ အီကြာကွေးတစ်ချောင်း ချဗျာ။”
“ရမယ်”
ကိုဆံရှည်က ကွမ်းကို မြောင်းထဲ ဗျစ်ခနဲ ထွေးလိုက်ပြီး လက်ဖက်ရည်ဖျော်သည်။ ထိုအခါမှ ကျွန်ုပ်က ဆိုင်ကလေးကို အကဲခတ်မိသည်။ သူ့ဆိုင်ကလေးက ဗန်ဒါပင်အရိပ်အောက်တွင် ပင်စည်ကို ငုံ၍ ဖွင့်ထားခြင်းဖြစ်၏။ ဗန်ဒါပင်၏ပင်စည်ကို နံဘေးတိုင်အဖြစ် ယူကာ ခုံခပ်ကြီးကြီးတစ်လုံး ရိုက်ထားပြီး ရေနုတ်မြောင်းကို ခွ၍ ကျောက်ပြားခင်းကာ မီးဖိုနှစ်ဖို တင်ထား၏။ တစ်ဖိုက လက်ဖက်ရည်နှပ်အိုး ဖြစ်ပြီး ကျန်တစ်ဖိုက ရေနွေးအိုး ဖြစ်သည်။ ခုံကြီးပေါ်တွင် အီကြာကွေးဗန်းတစ်ဗန်းနှင့် ရေနွေးဓာတ်ဘူးများ၊ နို့စိမ်းဘူးများ စီတန်းထား၏။
“လိုတာပြောနော်။”
သူက လက်ဖက်ရည်ခွက်နှင့် အီကြာကွေးကို ချပေးရင်း ပြောသည်။ ကိုအောင်ကျော်က ခေါင်းညိတ်လိုက်ပြီး အီကြာကွေးပန်းကန်ကို ကျွန်ုပ်ရှေ့သို့ တိုးပေးသည်။
“လက်ဖက်ရည်သောက် ကိုရှိုင်း။ ဒီဆိုင်က လက်ရာကောင်းတယ်။ ခင်ဗျား မတွေ့တာကြာပါပြီ။ အခုတလော အခြေအနေ ကောင်းလား။”
“မကောင်းဘူး... နိုင်ငံရေးမကောင်းရင် စီးပွားရေး၊ လူမှုရေး အကုန်ဆုတ်ယုတ်တာ ထုံးစံပဲ။ စစ်ကိုင်းတို့ ကရင်နီတို့ သတင်းတွေကတော့ ခင်ဗျား သိတဲ့အတိုင်းပဲ။”
ကျွန်ုပ်က ပြန်ဖြေလိုက်ရာ ကိုအောင်ကျော်က သက်ပြင်းချသည်။ ကျွန်ုပ်က ‘အလကား... ဆိုင်အစုတ်ကလေးပဲ ဖြစ်မယ်' ဟု အထင်သေးနေမိပြီးမှ လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ရာ လက်ရာကောင်းဖြစ်ကြောင်း သိလိုက်ရ၏။
“တကယ်ကောင်းတာပဲဗျ။ ဒါနဲ့ ဆိုင်ရှင်နာမည်က ကိုဆံရှည်တဲ့လား။”
ကျွန်ုပ်က ဘိုကေတိုတို ညှပ်ထားသော ဆိုင်ရှင်ကို အကဲခတ်ရင်း မေး၏။ ဆိုင်ရှင်က အသားခပ်လတ်လတ်နှင့် အရပ်ပုပု၊ ပိန်ပိန်သေးသေး ဖြစ်၏။ ပုဆိုးတစ်ထည်ကိုသာ ခပ်တိုတို ဝတ်ထားပြီး အပေါ်အင်္ကျီ မပါသဖြင့် သူ့နံရိုးများကိုပင် မြင်နေရသေးသည်။ ကိုအောင်ကျော်က ရယ်လျက်ပြန်ဖြေသည်။
“မဟုတ်ပါဘူးဗျာ.... ဒီလိုပဲ ခေါ်ကြတာပါ။ သူက အညာသား၊ အရင်က ဆံပင် ကျောထိ ရှည်လို့ ဆံရှည်ဆံရှည် ခေါ်ရာကနေ ဆံရှည် တွင်သွားတာ။”
“သြော်... ဒီလိုကိုး။”
ကျွန်ုပ်က ကိုဆံရှည်ကို ကြည့်နေမိသည့်အခိုက် ခပ်ဖိုင့်ဖိုင့် အမျိုးသမီးတစ်ယောက်က ခြင်းတောင်းတစ်လုံးကို ဆွဲကာ ဆိုင်ထဲ ဝင်လာ၏။ သူ့ခြင်းထဲတွင် အဖုံးပါသည့်စတီးခွက်ကလေးများ အပြည့်ထည့်ထားပြီး လက်တစ်ဖက်တွင် ငွေစက္ကူအထပ်လိုက်ကို ခေါက်ချိုး၍ အလျားလိုက် ကိုင်ထား၏။
“ကိုညာသား... ချိုစိမ့်နှစ်ခွက်။ ရေနွေးတစ်ထုပ်ပဲ ပေး။”
အမျိုးသမီးက ဆိုင်ရှင်ကို မှာလိုက်ပြီး ကျွန်ုပ်တို့ဘက် လှည့်လာလေရာ လွန်ခဲ့သောရက်ပိုင်းက ပဲကတ္တီပါပြုတ် လာရောင်းသွားသော အမျိုးသမီးမှန်း မှတ်မိလိုက်၏။ သူကလည်း ကျွန်ုပ်ကို ချက်ချင်း မှတ်မိသွားပြီး ရယ်လျက် နှုတ်ဆက်သည်။
“အစ်ကိုကြီး.... ဈေးလာတာလား။ အစ်မကြီးရော မပါဘူးလား။”
“ပါတယ်ဗျ။ အစ်မက ဒီဆိုင်ကလား။”
“ဒါက ကျွန်မယောက်ျားလေ။ အခု ဈေးတန်းထဲ လက်ဖက်ရည် သွားပို့မလို့။”
ထိုအမျိုးသမီးက ပြန်ဖြေမှ ကျွန်ုပ်မှာ အံ့အားသင့်ရသည်။ ထိုအမျိုးသမီးက လက်ဖက်ရည်နှစ်ခွက်နှင့် ရေနွေးကြမ်းတစ်ထုပ်ကို ဆွဲကာ ဈေးတန်းထဲပြန်ဝင်သွား၏။ ကျွန်ုပ်နှင့် ကိုအောင်ကျော်ကလည်း ထွေရာလေးပါး ဆက်ပြောဖြစ်၏။ ကိုအောင်ကျော်က ထိုအမျိုးသမီးကို ဆံရှည်ကတော်ဟူ၍ ခေါ်ကြကြောင်း ပြောပြသဖြင့် ကျွန်ုပ်မှာ အံ့သြရသေးသည်။
၃)
အချိန်နှစ်လကျော်က ကုန်လွန်သွားပြန်၏။ ကျွန်ုပ်တို့လင်မယားနှင့် ကိုဆံရှည်တို့ လင်မယားမှာလည်း အတော်လေး ခင်မင်လာကြသည်။ သူတို့လင်မယားကလည်း ကျွန်ုပ်တို့လင်မယားနည်းတူ သားသမီးမရှိ၊ လင်မယားနှစ်ယောက်တည်း ဈေးနံဘေးရှိ အိမ်တန်းလျားတွင် အခန်းငှားနေကြောင်း သိခဲ့ရသည်။
နံနက်ခင်း ဆယ်နာရီခန့်အထိ လင်မယားနှစ်ယောက်အတူ လက်ဖက်ရည်ဆိုင်ကလေး ဖွင့်ကြပြီး ညနေခင်းဆိုလျှင် ဇနီးသည်က ပဲကတ္တီပါပြုတ် လှည့်ရောင်းသည်။ နံနက်ခင်းဆိုလျှင် ကျွန်ုပ်က သူတို့လက်ဖက်ရည်ဆိုင်ကလေး၌ လက်ဖက်ရည် သောက်တတ်သည့် အကျင့်တစ်ခု တိုးလာခဲ့ပြီ ဖြစ်သည်။ ထိုအမျိုးသမီးက ညနေခင်းတိုင်း အရောင်းပါးလျှင်ဖြစ်စေ၊ ရေဆာလျှင်ဖြစ်စေ သူက ကျွန်ုပ်တို့အိမ်ကို ဝင်လာလေ့ရှိသည်။
တစ်ညနေခင်း၌ ကျွန်ုပ်က သူ့တောင်းထဲမှ မုန့်ထုပ်ကလေးတစ်ထုပ်ကို မြင်မိ၍ မေးမိသည်။
“ဘာတွေဝယ်လာတာလဲ အစ်မ”
“သြော်.. တုတ်ထိုးဝယ်လာတာ အစ်ကိုကြီးရေ။ ကိုညာသားက တုတ်ထိုး ကြိုက်တယ်။ အချဥ်ရည်လေးနဲ့ ထမင်းနဲ့စားတယ်။ သူ့အတွက်... သူ့အတွက်။”
သူက ပြုံးပြုံးကြီး ပြောနေလေရာ ကျွန်ုပ်မှာ ရယ်ချင်မိတော့သည်။ စိတ်ထဲတွင်လည်း ‘အသက်ကဖြင့် ဒီလောက်ရောက်နေပြီ။ ငယ်စိတ်က မကုန်သေးဘဲကိုး' ဟူ၍ တွေးလိုက်မိ၏။ လူဟူသည်ကား သူတစ်ပါးမျက်ချေးသာ မြင်တတ်သည့်အလျောက် မြူက ဈေးသွားတိုင်း ကျွန်ုပ်အတွက် ကော်ပြန့်စိမ်းကလေး ဝယ်လာတတ်သည်ကိုမူ အချစ်ဟုသာ မှတ်ထား၏။
နေ့စဥ် သူ လာတိုင်း တောင်းထဲတွင် ထိုအထုပ် ပါလာတတ်၏။ ကျွန်ုပ်က မြင်နေကျ ဖြစ်နေ၍ အထူးတလည် မမေးမိတော့ပေ။ သို့သော် တစ်ရက်တွင်မူ သူ့တောင်းထဲ၌ တုတ်ထိုးထုပ် ပါမလာတော့ပေ။ သူ့ထုံးစံအတိုင်း ရေခဲရေ တစ်ခွက်အပြည့် သောက်လိုက်ပြီးမှ ပလတ်စတစ်ယပ်တောင်ကလေးကို ခတ်ရင်း ညည်းတွားသည်။
“ဟိုကောင်နဲ့ ကျွန်မနဲ့ ကွဲတော့မယ်...အစ်မရေ”
“ဟယ်.. ဘယ်လိုဖြစ်တာလဲ။”
မြူက တအံ့တသြမေး၏။ သူက သက်ပြင်းကို ဟင်းခနဲ ချလိုက်ပြီးမှ မြည်တွန်တောက်တီးသည်။
“အလကား မကောင်းတဲ့ကောင်... အဲ့ဒီကြက်သည်မတွေ ပြောတဲ့စကားကို ယုံပြီး ကျွန်မကို အပြစ် လာပြောနေတယ်။ သူနဲ့ယူတာပဲ ဘယ်လောက် ကြာနေပြီလဲ။ တကယ် စိတ်တိုတယ်... အဲ့ဒီကောင်ကို။”
“သြော်... အစ်မရယ် လင်မယားချင်း ကတောက်ကဆဖြစ်တာကတော့ မိသားစုတိုင်း ရှိပါတယ်။”
“သူလဲ သူ့ဘာသာ လက်ဖက်ရည် ရောင်းစား၊ ကျွန်မလဲ ကျွန်မဘာသာ ပဲပြုတ် ရောင်းစားလို့ရတယ်။ သူ့ကို ဘာများ ဂရုစိုက်နေရမလဲ။ အခုအခန်းကိုလဲ တစ်ခြမ်းစီ ကန့်ထားတယ်။ အတူတူဝယ်ထားတဲ့ နို့ဆီတွေ၊ သကြားတွေ ကုန်တာနဲ့ သင်းနဲ့ ကျွန်မနဲ့ အပြတ်ပဲ။”
မြူက နှစ်သိမ့်လိုက်သည်တွင် သူက ပို၍ စိတ်တိုလာပြီး ကိုဆံရှည်အပေါ် မကျေနပ်ချက်များကို တစ်ညနေခင်းကုန်အောင် ထိုင်ပြောနေပါတော့သည်။ ကျွန်ုပ်မှာ ဝရန်တာတွင် ထိုင်၍ စာဖတ်နေရင်းမှ စိတ်ရှုပ်လာရ၏။ သို့သော် အခင်အမင် ပျက်မည် စိုး၍ တိတ်တိတ်ကလေးသာ နေရသည်။ တစ်ရက်တလေမျှ နားဒုက္ခခံရသည်က ပြသနာမဟုတ်ဟု ကျွန်ုပ်တွေးသည်။
တစ်ပတ်ကုန်သွားခဲ့သည်။ ကိုဆံရှည်၏ ဇနီးကမူ ယခုအထိ အိမ်လာတိုင်း ကွဲမည်၊ ကွာမည် တကဲကဲ လုပ်နေဆဲ ဖြစ်၏။ မြူကလည်း အသက်ကြီးလျှင် ဆေးပေးမီးယူရကြောင်း ပြောဆိုကာ ပြေရာပြေကြောင်း ပြောပေး၏။ သို့သော် ကျွန်ုပ်က သည်းမခံနိုင်တော့ပေ။ ဖတ်လက်စ စာအုပ်ကို ဘတ်ခနဲ ပိတ်၍ အိမ်အောက်သို့ ခပ်သွက်သွက် ဆင်းလာခဲ့ပြီး ပြောလိုက်၏။
“ကွဲမယ်ဆိုလဲ ကွဲဗျာ။ နှစ်ယောက်လုံး အတူနေပြီး ဒုက္ခများနေမဲ့အစား ကွဲသာကွဲပစ်လိုက်။ ဇယားရှုပ်တယ်။”
“အို.. ကိုကိုက ဘာလို့ အဲ့လိုပြောရသလဲ။ မိန်းမတစ်ယောက် အိမ်ထောင်ကွဲတာ လွယ်တာ မှတ်လို့။”
ကိုဆံရှည်၏ဇနီးက ပြန်မပြောခင် မြူက ကျွန်ုပ်ကို ရန်လုပ်သည်။ ရန်လုပ်သူက မြူဖြစ်နေသောအခါ ကျွန်ုပ်က စိတ်ကို အတတ်နိုင်ဆုံး လျှော့ချလိုက်ပြီး လေပြည်သွေးရသည်။
“သူတို့ မချစ်တော့ဘဲ အတူနေတော့ရော ဘာကောင်းလို့လဲကွာ။ ကိုကိုက စေတနာနဲ့ ပြောတာပါ မြူရဲ့။”
မြူက ကျွန်ုပ်ကို မျက်စောင်းထိုး၏။ ကိုဆံရှည်၏ ဇနီးက ထိုညနေခင်း၌ စကားများများ မပြောတော့ဘဲ တရှုံ့ရှုံ့ ငိုကာ ပြန်သွား၏။ ထိုအခါမှ ကျွန်ုပ်လည်း မြူနှင့် ထွေရာလေးပါး ပြောခွင့်ရတော့သည်။ ထို့နောက်တွင်မူ ထိုအမျိုးသမီးက ပဲပြုတ်မရောင်းတော့ပေ။ ကျွန်ုပ်တို့လင်မယားကလည်း ဈေးမသွားဖြစ်၍ သူတို့လင်မယားနှင့် မတွေ့ဖြစ်ကြသေး။ လေးငါးခြောက်ရက်မျှ ကြာသွားပြီးမှ ထိုအမျိုးသမီးက ပဲပြုတ်တောင်းကို ရွက်ကာ ပေါ်လာပြန်သည်။
ဤတစ်ကြိမ်၌ သူသည် သူ့ခင်ပွန်း မကောင်းကြောင်း တစ်ခွန်းမျှ မဟဘဲ ရေခဲရေသာ တောင်းသောက်၏။ ကျွန်ုပ်က သူ့တောင်းထဲသို့ လှမ်းကြည့်လိုက်ရာ ခါတိုင်းထက်ကြီးသော တုတ်ထိုးနှင့် အချဉ်ရည်ထုပ်ကို မြင်လိုက်ရသည်။ သူတို့လင်မယား ပြန်ပေါင်းထုပ်သွားမှန်း ရိပ်မိသဖြင့် ကျွန်ုပ်က စနောက်သည်။
“အစ်မ... ကွဲစရာရှိ ကွဲပလိုက်။ ရှေ့နေတွေ ဘာတွေ လိုရင်လဲ ပြော။”
မြူက ကျွန်ုပ်၏ ဗိုက်သားကို ဆွဲလိမ်၏။ ကိုဆံရှည်၏ဇနီးက ရယ်လိုက်ပြီး ပြန်ပြောသည်။
“ကျွန်မစိတ်အလိုဆို ကွဲတယ် အစ်ကိုကြီး။ ကိုညာသားက အတင်းပြန်ချော့နေလို့.. ပြန်တော့မယ်နော်။ ကိုညာသားက အချဉ်ရည်နဲ့ ထမင်းနဲ့ဆို တအားကြိုက်တာ။”
ထိုအမျိုးသမီးက နှုတ်ဆက်ထွက်ခွာသွားမှ ကျွန်ုပ်က ကွပ်ပျစ်ပေါ် တက်ထိုင်၏။ မြူက ကျွန်ုပ်ကြိုက်တတ်သော မြင်းခွာရွက်ကလေး သုတ်ပေးလေရာ နှစ်ယောက်သား အတူထိုင်၍ ရေနွေးကြမ်းနှင့် သောက်ရင်း ကျွန်ုပ်က ရေရွတ်သည်။
“လူတွေများကွာ.. ဒီအသက်အရွယ်ကြီး ရောက်နေပြီ။ တဏှာရာဂတွေ မဖြတ်နိုင်သေးဘူး။ မြူ့လက်ရာကလေးက ကောင်းလိုက်တာကွယ်။”
ပြီးပါပြီ။
***
အမ်ကာမိုင်း
24 Aug 22
Zawgyi
သီဟိုဠ္မွ ဉာဏ္ႀကီးရွင္သည္ အာယုဝၯနေဆးၫႊန္းစာကို ဇလြန္ေဈးေဘး ဗာဒံပင္ထက္ အဓိ႒ာန္လ်က္ ဂဃနဏဖတ္ခဲ့သည္။၁)
သူတို႔လင္မယားအေၾကာင္း မေျပာမီ ကြၽႏ္ုပ္တို႔လင္မယားအေၾကာင္း ဦးစြာ ေျပာရမည္။ ကြၽႏ္ုပ္က အသက္ေလးဆယ္ေက်ာ္ၿပီျဖစ္ၿပီး ကြၽႏ္ုပ္၏ ဇနီးျမဴႏွင္းခ်ိဳက ေလးဆယ္ျပည့္လုၿပီ ျဖစ္သည္။ ကြၽႏ္ုပ္တို႔မွာ သားေထာက္သမီးခံလည္း မရွိသျဖင့္ ညေနခင္းဆိုလွ်င္ အိမ္ေရွ႕ဝရန္တာကေလးတြင္ ႏွစ္ေယာက္အတူထိုင္ကာ ေထြရာေလးပါး ေျပာေလ့ရွိ၏။
ျမဴက ဆန္ေဈး၊ ဆီေဈး တက္သည့္အေၾကာင္းမ်ား ေျပာလွ်င္ ကြၽႏ္ုပ္က “ေဟာ... တက္သြားျပန္ပလား။” “ဟင္း... ေဈးေတြကေတာ့ မတန္တဆပဲ ျမဴေရ။” စသည္ျဖင့္ ေရလိုက္ငါးလိုက္ ေျပာေပးရ၏။ သို႔ေသာ္ ကြၽႏ္ုပ္က စက္သုံးဆီမ်ား ေဈးတက္ေၾကာင္း ေျပာသည့္အခါတြင္မူ ျမဴက ကြၽႏ္ုပ္ကို မ်က္ေမွာင္ၾကဳတ္၍ ၾကည့္ကာ “ေတာ္က ေလွ်ာ့သုံးမွေပါ့။” “ေတာ္က ဟိုသြားသည္သြား တအားလုပ္တာကိုး။” စသည္ျဖင့္ ျမည္တြန္ေတာက္တီးေလ့ရွိသည္။
ႏွစ္ေယာက္သား အိမ္ေထာက္သက္ကလည္း မနည္းလွသျဖင့္ ကြၽႏ္ုပ္မွာလည္း ျမဴ႕၏ ျမည္တြန္ေတာက္တီးသံကေလးမ်ားကိုပင္ နားဝင္ပီယံရွိလွသည္ဟု ထင္လာမိသည္။ ကြၽႏ္ုပ္တို႔လင္မယားက ဝရန္တာတြင္ ထိုင္ကာ ေထြရာေလးပါး ေျပာတတ္သည့္အခ်ိန္တိုင္း လမ္းေလွ်ာက္ေဈးသည္ တစ္ဦးမဟုတ္တစ္ဦးက အိမ္ေရွ႕မွ ျဖတ္ေလွ်ာက္သြားေလ့ရွိသည္။ တစ္ရက္ကလည္း ကြၽႏ္ုပ္တို႔လင္မယား ထိုင္ေနစဥ္ ေအာ္သံတစ္ခုက ထြက္လာ၏။
“ေဟာဒီက... ေပသီးငံေဖ်ာ္”
အသံက က်ယ္၏။ သို႔ေသာ္ မၾကည္လင္။
“ျမဴေရ... ဘာေအာ္တာလဲကြယ္။” ကြၽႏ္ုပ္က ေမးလိုက္ရာ ျမဴက ေခါင္းခါသည္။ “ျမဴလဲ မသိဘူး။ ေပသီးငံေဖ်ာ္လို႔ေတာ့ ၾကားတယ္။”
အသံက ေနာက္တစ္ႀကိမ္ ထြက္လာျပန္ရာ ကြၽႏ္ုပ္တို႔လင္မယား ႏွစ္ေယာက္လုံး နားစိုက္ေထာင္မိသည္။ ကြၽႏ္ုပ္နားထဲတြင္ ေပသီးငံေဖ်ာ္ခ်ည္း ၾကားေနေလရာ စူးစမ္းလိုစိတ္ေၾကာင့္ ထိုအသည္ကို ေခၚလိုက္ရ၏။
အသည္အမ်ိဳးသမီးက ၿခံထဲ ဝင္လာၿပီး အိမ္ေအာက္ကြပ္ပ်စ္တြင္ ထိုင္ကာ သူ႔ေခါင္းေပၚမွ ေတာင္းကို ခ်၏။ ကြၽႏ္ုပ္တို႔လင္မယားကလည္း အိမ္ေအာက္ကြပ္ပ်စ္သို႔ ဆင္းလာၿပီး သူ႔ကို ေမးသည္။
“ဘာေရာင္းတာလဲ။ ေပသီးကို အငံခ်က္ထားတာလား။”
“ဟယ္... မဟုတ္ပါဘူး။ ပဲကတၱီပါျပဳတ္ပါ။”
ကြၽႏ္ုပ္၏ အေမးကို အသည္အမ်ိဳးသမီးက မဂိုသံဝဲဝဲျဖင့္ ေျဖ၏။ ထိုအခါမွ ကြၽႏ္ုပ္တို႔လင္မယားမွာ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ ျပန္ၾကည့္မိေတာ့သည္။ အသည္အမ်ိဳးသမီးက အိႏၵိယအႏြယ္တစ္ေယာက္ ျဖစ္ၿပီး စကားကလည္း ဝဲသျဖင့္ ကြၽႏ္ုပ္တို႔ႏွစ္ေယာက္လုံး နားၾကားမွားသြားၾကျခင္း ျဖစ္သည္။
“အစ္မႀကီး... ဘယ္ေလာက္သားယူမလဲ။”
အသည္အမ်ိဳးသမီးက သူ႔နဖူးမွ ေခြၽးစမ်ားကို လက္ခုံျဖင့္ ဖိသုတ္ရင္း ေမးသည္။ ျမဴက အားနာသြားဟန္ မခ်ိသြားၿဖဲ ရယ္သည္။ ေခၚၿပီးမွ မဝယ္လွ်င္လည္း မေကာင္းသျဖင့္ ကြၽႏ္ုပ္က ဝင္ေျပာရသည္။
“ငါးရာဖိုး.. ထည့္လိုက္ဗ်ာ။”
“တစ္ေထာင္ဖိုးေလာက္ ထည့္လိုက္ပါ အစ္ကိုႀကီးရယ္။ ငါးရာဖိုးေတာ့ မလုပ္ပါနဲ႔။ ကြၽန္မလဲ ဒါေလးပဲ က်န္ေတာ့တာ။”
အသည္အမ်ိဳးသမီးက သူ႔ေတာင္းထဲမွ ပဲျပဳတ္မ်ားကို ေစာင္းျပရင္း ညည္းညဴသည္။ ကြၽႏ္ုပ္တို႔မွာ လင္မယားႏွစ္ေယာက္တည္း ရွိ၍ ပဲျပဳတ္တစ္ေထာင္ဖိုး မဝယ္ခ်င္ေပ။ အသည္အမ်ိဳးသမီးကလည္း အတင္း ထိုးေရာင္းေနေလရာ အားနာနာျဖင့္ ဝယ္လိုက္ရ၏။ ပဲျပဳတ္ကို ခ်ိန္ေပးၿပီးမွ အသည္အမ်ိဳးသမီးက သူ႔ပလတ္စတစ္ယပ္ေတာင္ကေလးကို ထုတ္ကာ တဖ်တ္ဖ်တ္ ခတ္ရင္းအေမာေျဖသည္။
“ေရာင္းေကာင္းတယ္မလား... အစ္မရဲ႕” ကြၽႏ္ုပ္ဇနီးက ေလာကြတ္ျပဳလိုက္ရာ သူက ေခါင္းခါသည္။
“မေကာင္းဘူး... မေကာင္းဘူး။ ေဈးေရာင္းေတြ တအားပါးတာ။ ေရေလး နည္းနည္းေလာက္ တိုက္ပါလား။ ေရခဲေရ ေအးေအးေလးဆို ပိုေကာင္းတယ္။”
“ဟုတ္... အစ္မ။ ခနေလးေနာ္။” ကြၽႏ္ုပ္ဇနီးက သူ႔ကို ျပန္ေျဖလိုက္ၿပီး ကြၽႏ္ုပ္ဖက္ လွည့္လာ၏။ “ကိုေရ... ေရခဲေရေလး တစ္ဘူးေလာက္ ယူေပးပါဦး။”
ကြၽႏ္ုပ္က အိမ္အေပၚသို႔ ခ်က္ခ်င္း ျပန္တက္ကာ ေရခဲေသတၱာထဲမွ ေရခဲေရတစ္ဘူးကို သြားယူသည္။ ဤသည္က ျမဴ႕ကို ေၾကာက္၍မဟုတ္၊ ခ်စ္လြန္း၍ ျဖစ္၏။ အသည္အမ်ိဳးသမီးက ေအးစက္ေနေသာ ေရခဲေရကို ဖန္ခြက္အႀကီးတစ္ခြက္ အျပည့္ငွဲ႔ထည့္ကာ တစ္က်ိဳက္တည္းျဖင့္ ကုန္ေအာင္ ေမာ့ေသာက္သည္။
“အေမာကို ေျပသြားတာပဲ။ ေက်းဇူးပဲေနာ္... အစ္မႀကီး။”
ထိုအမ်ိဳးသမီးက ျမဴ႕ကို ႏႈတ္ဆက္ကာ ျပန္သြား၏။ သူက အသားခပ္ညိဳညိဳ၊ ဝဝဖိုင့္ဖိုင့္ႏွင့္ ျဖစ္ၿပီး အသက္ငါးဆယ္ ပတ္ခ်ာလည္ခန္႔ ရွိမည္ဟု ကြၽႏ္ုပ္ မွန္းဆမိသည္။ ထို႔ေၾကာင့္ ျမဴ႕ကို အစ္မႀကီး ေခၚသည္ကို သိပ္ေတာ့ သေဘာမေတြ႕လွေပ။
၂)
တစ္ခုေသာ နံနက္ခင္းတြင္ ကြၽႏ္ုပ္တို႔လင္မယားက ႏွစ္ေယာက္အတူ ေဈးသြားၾက၏။ ကြၽႏ္ုပ္တို႔အိမ္ႏွင့္ ဝါးတစ္႐ိုက္ခန္႔အကြာတြင္ ေဈးခပ္ေသးေသးကေလး တစ္ခုရွိသျဖင့္ အခ်ိန္ပိုရလွ်င္ လင္မယားႏွစ္ေယာက္ ေဈးအထိ လမ္းေလွ်ာက္ေလ့ရွိသည္။ ေဈးက ေသးသည္၊ ဆိုင္စုံသည္၊ အသည္စုံသည္၊ သို႔ေသာ္ နံနက္ခင္းတစ္ျဖတ္သာ ရွိသည္။ မနက္ဆယ္နာရီခန္႔မွ သြားမိလွ်င္ ထိုေန႔အဖို႔ ဟင္းမရေတာ့ေပ။
“ဒီေန႔ ပုစြန္ဆီျပန္ ခ်က္ရေအာင္ ကိုေရ။” ျမဴက ကြၽႏ္ုပ္လက္ကို ဆြဲ၍ ေျပာလာသည္တြင္ ကြၽႏ္ုပ္က ဆီေဈး အဆမတန္တက္သြားေၾကာင္း သတိရမိ၏။
“ဆီေဈးႀကီးတယ္။ ျမဴပဲ တေလာကေျပာေတာ့ ဆီေလွ်ာ့ရမယ္ဆို။”
“အဲ့ဒါဆို ေတာ္ မစားနဲ႔။ ေရနဲ႔ ျပဳတ္ေပးမယ္။” ျမဴ၏ မေက်မနပ္ ေရ႐ြတ္သံက ထြက္လာ၏။ ကြၽႏ္ုပ္မွာ ျမဴ စိတ္ဆိုးသြားမွန္း သိေသာ္လည္း အဘယ့္ေၾကာင့္ စိတ္ဆိုးသည္ကို မသိသျဖင့္ ၿငိမ္ၿငိမ္ေလး ေနလိုက္ရေတာ့သည္။
ေဈးသို႔ ေရာက္လာေလၿပီ။ ေဈးေရွ႕တြင္ လက္ေဖ်ာ္လက္ဖက္ရည္ဆိုင္ အေသးေလးရွိ၏။ ကြၽႏ္ုပ္တို႔လင္မယားက လက္ဖက္ရည္ဆိုင္ေရွ႕မွ ျဖတ္အေလွ်ာက္ ကြၽႏ္ုပ္မိတ္ေဆြ ကိုေအာင္ေက်ာ္က လွမ္းေခၚ၏။
“ေဟး.. ကိုရႈိင္း ေဈးလာတာလား။ အစ္မေရာ ပါတာပဲ... တို႔ေကာင္ႀကီး ျခင္းဆြဲရတာေပါ့ေလ။”
“ျခင္းဆြဲေတာ့ ဘယ္ဟုတ္မလဲဗ်ာ...”
ကြၽႏ္ုပ္က ရယ္ႀကဲႀကဲျဖင့္ ျပန္ေျဖသည္။ ျမဴက ကြၽႏ္ုပ္ကို စိတ္ဆိုးေနေသာ္လည္း အျပင္လူရွိေန၍ အၿပဳံးႏုႏုျဖင့္ ဆိုသည္။
“ကို ဒီမွာစကားေျပာေနခဲ့ေလ။ ျမဴ႕ဘာသာပဲ ဝယ္ေတာ့မယ္။”
သို႔ႏွင့္ ကြၽႏ္ုပ္က ကိုေအာင္ေက်ာ္တို႔ လက္ဖက္ရည္ဝိုင္းတြင္ ဝင္ထိုင္သည္။ ကိုေအာင္ေက်ာ္က ကြၽႏ္ုပ္အတြက္ ေရေႏြးၾကမ္းတစ္ခြက္ငွဲ႔ေပးလိုက္ၿပီး ဆိုင္ရွင္ကို လွမ္းေအာ္သည္။
“ကိုဆံရွည္... ဒီကို က်စိမ့္တစ္ခြက္နဲ႔ အီၾကာေကြးတစ္ေခ်ာင္း ခ်ဗ်ာ။”
“ရမယ္”
ကိုဆံရွည္က ကြမ္းကို ေျမာင္းထဲ ဗ်စ္ခနဲ ေထြးလိုက္ၿပီး လက္ဖက္ရည္ေဖ်ာ္သည္။ ထိုအခါမွ ကြၽႏ္ုပ္က ဆိုင္ကေလးကို အကဲခတ္မိသည္။ သူ႔ဆိုင္ကေလးက ဗန္ဒါပင္အရိပ္ေအာက္တြင္ ပင္စည္ကို ငုံ၍ ဖြင့္ထားျခင္းျဖစ္၏။ ဗန္ဒါပင္၏ပင္စည္ကို နံေဘးတိုင္အျဖစ္ ယူကာ ခုံခပ္ႀကီးႀကီးတစ္လုံး ႐ိုက္ထားၿပီး ေရႏုတ္ေျမာင္းကို ခြ၍ ေက်ာက္ျပားခင္းကာ မီးဖိုႏွစ္ဖို တင္ထား၏။ တစ္ဖိုက လက္ဖက္ရည္ႏွပ္အိုး ျဖစ္ၿပီး က်န္တစ္ဖိုက ေရေႏြးအိုး ျဖစ္သည္။ ခုံႀကီးေပၚတြင္ အီၾကာေကြးဗန္းတစ္ဗန္းႏွင့္ ေရေႏြးဓာတ္ဘူးမ်ား၊ ႏို႔စိမ္းဘူးမ်ား စီတန္းထား၏။
“လိုတာေျပာေနာ္။”
သူက လက္ဖက္ရည္ခြက္ႏွင့္ အီၾကာေကြးကို ခ်ေပးရင္း ေျပာသည္။ ကိုေအာင္ေက်ာ္က ေခါင္းညိတ္လိုက္ၿပီး အီၾကာေကြးပန္းကန္ကို ကြၽႏ္ုပ္ေရွ႕သို႔ တိုးေပးသည္။
“လက္ဖက္ရည္ေသာက္ ကိုရႈိင္း။ ဒီဆိုင္က လက္ရာေကာင္းတယ္။ ခင္ဗ်ား မေတြ႕တာၾကာပါၿပီ။ အခုတေလာ အေျခအေန ေကာင္းလား။”
“မေကာင္းဘူး... ႏိုင္ငံေရးမေကာင္းရင္ စီးပြားေရး၊ လူမႈေရး အကုန္ဆုတ္ယုတ္တာ ထုံးစံပဲ။ စစ္ကိုင္းတို႔ ကရင္နီတို႔ သတင္းေတြကေတာ့ ခင္ဗ်ား သိတဲ့အတိုင္းပဲ။”
ကြၽႏ္ုပ္က ျပန္ေျဖလိုက္ရာ ကိုေအာင္ေက်ာ္က သက္ျပင္းခ်သည္။ ကြၽႏ္ုပ္က ‘အလကား... ဆိုင္အစုတ္ကေလးပဲ ျဖစ္မယ္' ဟု အထင္ေသးေနမိၿပီးမွ လက္ဖက္ရည္ကို တစ္ငုံေသာက္လိုက္ရာ လက္ရာေကာင္းျဖစ္ေၾကာင္း သိလိုက္ရ၏။
“တကယ္ေကာင္းတာပဲဗ်။ ဒါနဲ႔ ဆိုင္ရွင္နာမည္က ကိုဆံရွည္တဲ့လား။”
ကြၽႏ္ုပ္က ဘိုေကတိုတို ညႇပ္ထားေသာ ဆိုင္ရွင္ကို အကဲခတ္ရင္း ေမး၏။ ဆိုင္ရွင္က အသားခပ္လတ္လတ္ႏွင့္ အရပ္ပုပု၊ ပိန္ပိန္ေသးေသး ျဖစ္၏။ ပုဆိုးတစ္ထည္ကိုသာ ခပ္တိုတို ဝတ္ထားၿပီး အေပၚအက်ႌ မပါသျဖင့္ သူ႔နံ႐ိုးမ်ားကိုပင္ ျမင္ေနရေသးသည္။ ကိုေအာင္ေက်ာ္က ရယ္လ်က္ျပန္ေျဖသည္။
“မဟုတ္ပါဘူးဗ်ာ.... ဒီလိုပဲ ေခၚၾကတာပါ။ သူက အညာသား၊ အရင္က ဆံပင္ ေက်ာထိ ရွည္လို႔ ဆံရွည္ဆံရွည္ ေခၚရာကေန ဆံရွည္ တြင္သြားတာ။”
“ေၾသာ္... ဒီလိုကိုး။”
ကြၽႏ္ုပ္က ကိုဆံရွည္ကို ၾကည့္ေနမိသည့္အခိုက္ ခပ္ဖိုင့္ဖိုင့္ အမ်ိဳးသမီးတစ္ေယာက္က ျခင္းေတာင္းတစ္လုံးကို ဆြဲကာ ဆိုင္ထဲ ဝင္လာ၏။ သူ႔ျခင္းထဲတြင္ အဖုံးပါသည့္စတီးခြက္ကေလးမ်ား အျပည့္ထည့္ထားၿပီး လက္တစ္ဖက္တြင္ ေငြစကၠဴအထပ္လိုက္ကို ေခါက္ခ်ိဳး၍ အလ်ားလိုက္ ကိုင္ထား၏။
“ကိုညာသား... ခ်ိဳစိမ့္ႏွစ္ခြက္။ ေရေႏြးတစ္ထုပ္ပဲ ေပး။”
အမ်ိဳးသမီးက ဆိုင္ရွင္ကို မွာလိုက္ၿပီး ကြၽႏ္ုပ္တို႔ဘက္ လွည့္လာေလရာ လြန္ခဲ့ေသာရက္ပိုင္းက ပဲကတၱီပါျပဳတ္ လာေရာင္းသြားေသာ အမ်ိဳးသမီးမွန္း မွတ္မိလိုက္၏။ သူကလည္း ကြၽႏ္ုပ္ကို ခ်က္ခ်င္း မွတ္မိသြားၿပီး ရယ္လ်က္ ႏႈတ္ဆက္သည္။
“အစ္ကိုႀကီး.... ေဈးလာတာလား။ အစ္မႀကီးေရာ မပါဘူးလား။”
“ပါတယ္ဗ်။ အစ္မက ဒီဆိုင္ကလား။”
“ဒါက ကြၽန္မေယာက္်ားေလ။ အခု ေဈးတန္းထဲ လက္ဖက္ရည္ သြားပို႔မလို႔။”
ထိုအမ်ိဳးသမီးက ျပန္ေျဖမွ ကြၽႏ္ုပ္မွာ အံ့အားသင့္ရသည္။ ထိုအမ်ိဳးသမီးက လက္ဖက္ရည္ႏွစ္ခြက္ႏွင့္ ေရေႏြးၾကမ္းတစ္ထုပ္ကို ဆြဲကာ ေဈးတန္းထဲျပန္ဝင္သြား၏။ ကြၽႏ္ုပ္ႏွင့္ ကိုေအာင္ေက်ာ္ကလည္း ေထြရာေလးပါး ဆက္ေျပာျဖစ္၏။ ကိုေအာင္ေက်ာ္က ထိုအမ်ိဳးသမီးကို ဆံရွည္ကေတာ္ဟူ၍ ေခၚၾကေၾကာင္း ေျပာျပသျဖင့္ ကြၽႏ္ုပ္မွာ အံ့ၾသရေသးသည္။
၃)
အခ်ိန္ႏွစ္လေက်ာ္က ကုန္လြန္သြားျပန္၏။ ကြၽႏ္ုပ္တို႔လင္မယားႏွင့္ ကိုဆံရွည္တို႔ လင္မယားမွာလည္း အေတာ္ေလး ခင္မင္လာၾကသည္။ သူတို႔လင္မယားကလည္း ကြၽႏ္ုပ္တို႔လင္မယားနည္းတူ သားသမီးမရွိ၊ လင္မယားႏွစ္ေယာက္တည္း ေဈးနံေဘးရွိ အိမ္တန္းလ်ားတြင္ အခန္းငွားေနေၾကာင္း သိခဲ့ရသည္။
နံနက္ခင္း ဆယ္နာရီခန္႔အထိ လင္မယားႏွစ္ေယာက္အတူ လက္ဖက္ရည္ဆိုင္ကေလး ဖြင့္ၾကၿပီး ညေနခင္းဆိုလွ်င္ ဇနီးသည္က ပဲကတၱီပါျပဳတ္ လွည့္ေရာင္းသည္။ နံနက္ခင္းဆိုလွ်င္ ကြၽႏ္ုပ္က သူတို႔လက္ဖက္ရည္ဆိုင္ကေလး၌ လက္ဖက္ရည္ ေသာက္တတ္သည့္ အက်င့္တစ္ခု တိုးလာခဲ့ၿပီ ျဖစ္သည္။ ထိုအမ်ိဳးသမီးက ညေနခင္းတိုင္း အေရာင္းပါးလွ်င္ျဖစ္ေစ၊ ေရဆာလွ်င္ျဖစ္ေစ သူက ကြၽႏ္ုပ္တို႔အိမ္ကို ဝင္လာေလ့ရွိသည္။
တစ္ညေနခင္း၌ ကြၽႏ္ုပ္က သူ႔ေတာင္းထဲမွ မုန္႔ထုပ္ကေလးတစ္ထုပ္ကို ျမင္မိ၍ ေမးမိသည္။
“ဘာေတြဝယ္လာတာလဲ အစ္မ”
“ေၾသာ္.. တုတ္ထိုးဝယ္လာတာ အစ္ကိုႀကီးေရ။ ကိုညာသားက တုတ္ထိုး ႀကိဳက္တယ္။ အခ်ဥ္ရည္ေလးနဲ႔ ထမင္းနဲ႔စားတယ္။ သူ႔အတြက္... သူ႔အတြက္။”
သူက ၿပဳံးၿပဳံးႀကီး ေျပာေနေလရာ ကြၽႏ္ုပ္မွာ ရယ္ခ်င္မိေတာ့သည္။ စိတ္ထဲတြင္လည္း ‘အသက္ကျဖင့္ ဒီေလာက္ေရာက္ေနၿပီ။ ငယ္စိတ္က မကုန္ေသးဘဲကိုး' ဟူ၍ ေတြးလိုက္မိ၏။ လူဟူသည္ကား သူတစ္ပါးမ်က္ေခ်းသာ ျမင္တတ္သည့္အေလ်ာက္ ျမဴက ေဈးသြားတိုင္း ကြၽႏ္ုပ္အတြက္ ေကာ္ျပန္႔စိမ္းကေလး ဝယ္လာတတ္သည္ကိုမူ အခ်စ္ဟုသာ မွတ္ထား၏။
ေန႔စဥ္ သူ လာတိုင္း ေတာင္းထဲတြင္ ထိုအထုပ္ ပါလာတတ္၏။ ကြၽႏ္ုပ္က ျမင္ေနက် ျဖစ္ေန၍ အထူးတလည္ မေမးမိေတာ့ေပ။ သို႔ေသာ္ တစ္ရက္တြင္မူ သူ႔ေတာင္းထဲ၌ တုတ္ထိုးထုပ္ ပါမလာေတာ့ေပ။ သူ႔ထုံးစံအတိုင္း ေရခဲေရ တစ္ခြက္အျပည့္ ေသာက္လိုက္ၿပီးမွ ပလတ္စတစ္ယပ္ေတာင္ကေလးကို ခတ္ရင္း ညည္းတြားသည္။
“ဟိုေကာင္နဲ႔ ကြၽန္မနဲ႔ ကြဲေတာ့မယ္...အစ္မေရ”
“ဟယ္.. ဘယ္လိုျဖစ္တာလဲ။”
ျမဴက တအံ့တၾသေမး၏။ သူက သက္ျပင္းကို ဟင္းခနဲ ခ်လိုက္ၿပီးမွ ျမည္တြန္ေတာက္တီးသည္။
“အလကား မေကာင္းတဲ့ေကာင္... အဲ့ဒီၾကက္သည္မေတြ ေျပာတဲ့စကားကို ယုံၿပီး ကြၽန္မကို အျပစ္ လာေျပာေနတယ္။ သူနဲ႔ယူတာပဲ ဘယ္ေလာက္ ၾကာေနၿပီလဲ။ တကယ္ စိတ္တိုတယ္... အဲ့ဒီေကာင္ကို။”
“ေၾသာ္... အစ္မရယ္ လင္မယားခ်င္း ကေတာက္ကဆျဖစ္တာကေတာ့ မိသားစုတိုင္း ရွိပါတယ္။”
“သူလဲ သူ႔ဘာသာ လက္ဖက္ရည္ ေရာင္းစား၊ ကြၽန္မလဲ ကြၽန္မဘာသာ ပဲျပဳတ္ ေရာင္းစားလို႔ရတယ္။ သူ႔ကို ဘာမ်ား ဂ႐ုစိုက္ေနရမလဲ။ အခုအခန္းကိုလဲ တစ္ျခမ္းစီ ကန္႔ထားတယ္။ အတူတူဝယ္ထားတဲ့ ႏို႔ဆီေတြ၊ သၾကားေတြ ကုန္တာနဲ႔ သင္းနဲ႔ ကြၽန္မနဲ႔ အျပတ္ပဲ။”
ျမဴက ႏွစ္သိမ့္လိုက္သည္တြင္ သူက ပို၍ စိတ္တိုလာၿပီး ကိုဆံရွည္အေပၚ မေက်နပ္ခ်က္မ်ားကို တစ္ညေနခင္းကုန္ေအာင္ ထိုင္ေျပာေနပါေတာ့သည္။ ကြၽႏ္ုပ္မွာ ဝရန္တာတြင္ ထိုင္၍ စာဖတ္ေနရင္းမွ စိတ္ရႈပ္လာရ၏။ သို႔ေသာ္ အခင္အမင္ ပ်က္မည္ စိုး၍ တိတ္တိတ္ကေလးသာ ေနရသည္။ တစ္ရက္တေလမွ် နားဒုကၡခံရသည္က ျပသနာမဟုတ္ဟု ကြၽႏ္ုပ္ေတြးသည္။
တစ္ပတ္ကုန္သြားခဲ့သည္။ ကိုဆံရွည္၏ ဇနီးကမူ ယခုအထိ အိမ္လာတိုင္း ကြဲမည္၊ ကြာမည္ တကဲကဲ လုပ္ေနဆဲ ျဖစ္၏။ ျမဴကလည္း အသက္ႀကီးလွ်င္ ေဆးေပးမီးယူရေၾကာင္း ေျပာဆိုကာ ေျပရာေျပေၾကာင္း ေျပာေပး၏။ သို႔ေသာ္ ကြၽႏ္ုပ္က သည္းမခံႏိုင္ေတာ့ေပ။ ဖတ္လက္စ စာအုပ္ကို ဘတ္ခနဲ ပိတ္၍ အိမ္ေအာက္သို႔ ခပ္သြက္သြက္ ဆင္းလာခဲ့ၿပီး ေျပာလိုက္၏။
“ကြဲမယ္ဆိုလဲ ကြဲဗ်ာ။ ႏွစ္ေယာက္လုံး အတူေနၿပီး ဒုကၡမ်ားေနမဲ့အစား ကြဲသာကြဲပစ္လိုက္။ ဇယားရႈပ္တယ္။”
“အို.. ကိုကိုက ဘာလို႔ အဲ့လိုေျပာရသလဲ။ မိန္းမတစ္ေယာက္ အိမ္ေထာင္ကြဲတာ လြယ္တာ မွတ္လို႔။”
ကိုဆံရွည္၏ဇနီးက ျပန္မေျပာခင္ ျမဴက ကြၽႏ္ုပ္ကို ရန္လုပ္သည္။ ရန္လုပ္သူက ျမဴျဖစ္ေနေသာအခါ ကြၽႏ္ုပ္က စိတ္ကို အတတ္ႏိုင္ဆုံး ေလွ်ာ့ခ်လိုက္ၿပီး ေလျပည္ေသြးရသည္။
“သူတို႔ မခ်စ္ေတာ့ဘဲ အတူေနေတာ့ေရာ ဘာေကာင္းလို႔လဲကြာ။ ကိုကိုက ေစတနာနဲ႔ ေျပာတာပါ ျမဴရဲ႕။”
ျမဴက ကြၽႏ္ုပ္ကို မ်က္ေစာင္းထိုး၏။ ကိုဆံရွည္၏ ဇနီးက ထိုညေနခင္း၌ စကားမ်ားမ်ား မေျပာေတာ့ဘဲ တရႈံ႕ရႈံ႕ ငိုကာ ျပန္သြား၏။ ထိုအခါမွ ကြၽႏ္ုပ္လည္း ျမဴႏွင့္ ေထြရာေလးပါး ေျပာခြင့္ရေတာ့သည္။ ထို႔ေနာက္တြင္မူ ထိုအမ်ိဳးသမီးက ပဲျပဳတ္မေရာင္းေတာ့ေပ။ ကြၽႏ္ုပ္တို႔လင္မယားကလည္း ေဈးမသြားျဖစ္၍ သူတို႔လင္မယားႏွင့္ မေတြ႕ျဖစ္ၾကေသး။ ေလးငါးေျခာက္ရက္မွ် ၾကာသြားၿပီးမွ ထိုအမ်ိဳးသမီးက ပဲျပဳတ္ေတာင္းကို ႐ြက္ကာ ေပၚလာျပန္သည္။
ဤတစ္ႀကိမ္၌ သူသည္ သူ႔ခင္ပြန္း မေကာင္းေၾကာင္း တစ္ခြန္းမွ် မဟဘဲ ေရခဲေရသာ ေတာင္းေသာက္၏။ ကြၽႏ္ုပ္က သူ႔ေတာင္းထဲသို႔ လွမ္းၾကည့္လိုက္ရာ ခါတိုင္းထက္ႀကီးေသာ တုတ္ထိုးႏွင့္ အခ်ဥ္ရည္ထုပ္ကို ျမင္လိုက္ရသည္။ သူတို႔လင္မယား ျပန္ေပါင္းထုပ္သြားမွန္း ရိပ္မိသျဖင့္ ကြၽႏ္ုပ္က စေနာက္သည္။
“အစ္မ... ကြဲစရာရွိ ကြဲပလိုက္။ ေရွ႕ေနေတြ ဘာေတြ လိုရင္လဲ ေျပာ။”
ျမဴက ကြၽႏ္ုပ္၏ ဗိုက္သားကို ဆြဲလိမ္၏။ ကိုဆံရွည္၏ဇနီးက ရယ္လိုက္ၿပီး ျပန္ေျပာသည္။
“ကြၽန္မစိတ္အလိုဆို ကြဲတယ္ အစ္ကိုႀကီး။ ကိုညာသားက အတင္းျပန္ေခ်ာ့ေနလို႔.. ျပန္ေတာ့မယ္ေနာ္။ ကိုညာသားက အခ်ဥ္ရည္နဲ႔ ထမင္းနဲ႔ဆို တအားႀကိဳက္တာ။”
ထိုအမ်ိဳးသမီးက ႏႈတ္ဆက္ထြက္ခြာသြားမွ ကြၽႏ္ုပ္က ကြပ္ပ်စ္ေပၚ တက္ထိုင္၏။ ျမဴက ကြၽႏ္ုပ္ႀကိဳက္တတ္ေသာ ျမင္းခြာ႐ြက္ကေလး သုတ္ေပးေလရာ ႏွစ္ေယာက္သား အတူထိုင္၍ ေရေႏြးၾကမ္းႏွင့္ ေသာက္ရင္း ကြၽႏ္ုပ္က ေရ႐ြတ္သည္။
“လူေတြမ်ားကြာ.. ဒီအသက္အ႐ြယ္ႀကီး ေရာက္ေနၿပီ။ တဏွာရာဂေတြ မျဖတ္ႏိုင္ေသးဘူး။ ျမဴ႕လက္ရာကေလးက ေကာင္းလိုက္တာကြယ္။”
ၿပီးပါၿပီ။
***
အမ္ကာမိုင္း
24 Aug 22
ဥာဏ်ပညာရယ်
ReplyDeleteချစ်ခြင်းတရားရယ်
တော်လှန်ရေးကို
ရှင်သန်စေမယ်...❣️
Fighting all clickers (づ。◕‿‿◕。)づ
ReplyDeleteDone 🍀
ReplyDelete🤍
Deletedone
ReplyDeleteClicked 🌸
ReplyDeleteDone 💪
ReplyDeleteစာပေအနုပညာပုံဖော်ပြသောအခါ ဘဝအမောထဲက ချစ်ခြင်းတရားတွေ တွေ့ရတယ်
ReplyDeleteသူများကျ ပြောတတ်တာ
ReplyDeleteသူ့ကျ "မြူ့လက်ရာကလေးက ကောင်းလိုက်တာကွယ်။” တဲ့ 😁
Done
ReplyDeleteချစ်စရာကောင်းတာ 😁
ReplyDeleteမြူ့လက်ရာကလေးက ကေ
ာင်းလိုက်တာကွယ် တဲ့လား
Done
ReplyDelete👍💪👍
ReplyDeleteDone UK
ReplyDelete