မရေရာတဲ့ လမ်းမတွေရဲ့ အဆုံး

Unicode


မရေရာတဲ့ လမ်းမတွေရဲ့ အဆုံး ----------------------------------------------- တာဝန်ယူမှုကင်းမယ့်တဲ့ ကောင်းကင်အောက်မှာ ဘာမှမသိတက်သေးတဲ့ ကလေးငယ်တွေများစွာ အနာဂတ်တွေ အကုန်ပျက်စီးနေခဲ့ရပြီ တရာမျှတမှုဆိုတာဟာ စာအုပ်တွေထဲမှာဘဲ ရှင်သန်နေတုန်းပဲလား လက်တွေ့မှာ အသက်မယ့်တဲ့အပြုံးတွေနဲ့ လူသားအားလုံးကို ဟန်ဆောင်ပြုံးပြနေဆဲ သုံးစားမရတဲ့ တစ်ကိုယ်ကောင်းဆန် အတ္တတွေက တစ်နိုင်ငံလုံးကို ဝါးမြိုလိုက်တယ် အရုပ်ကြိုးပျက် ယိုင်နဲ့စွာ နဲ့ အဆင်ပြေပါတယ်ဆိုပြီး နိုင်ငံတကာကို လက်ပြနေတဲ့ နိုင်ငံငယ်လေးထဲမှာ စုတ်ပျက်သပ်နေတဲ့ ဘဝပေါင်းများစွာဟာ တိတ်တစိတ် ပျောက်ကွယ်နေခဲ့ရပြီ ဘယ်မှာလည်း....... အမှန်တရားကိုစောင့်တဲ့ နတ် ဘယ်မှာလည်း....... တန်းတူညီမျှခြင်း ဘယ်မှာလည်း........ တရာမျှတမှု ဘယ်မှာလည်း........... ဘယ်မှာလည်း ဘယ်မှာလည်းလို့ မေးရင်း ငါဟာ မရေရာမသေချာတဲ့လမ်းမထပ်မှာ စမ်းတဝါးဝါးနဲ့ လျှောက်နေခဲ့ပြီလေ အရာအားလုံး တရာမျှတ လွတ်လပ်ခြင်းတွေရခဲ့ပြီးလို့ ဖြစ်ချင်တာကိုပြောပါဆို အမေ့အိမ်ကို အပြေးလေးပြန်ပြီး ဘာပကာသနမှမရှိတဲ့ ဘဝလေးနဲ့ ဝါသနာပါရာ ဂီတတွေ ကဗျာတွေကြားမှာ အေးအေးချမ်းချမ်း ဖျက်သန်းချင်တယ်......... #နန္ဒ #မရေရာတဲ့လမ်းမတွေရဲ့အဆုံး




Zawgyi


တာဝန္ယူမႈကင္းမယ့္တဲ့ ေကာင္းကင္ေအာက္မွာ ဘာမွမသိတက္ေသးတဲ့ ကေလးငယ္ေတြမ်ားစြာ အနာဂတ္ေတြ အကုန္ပ်က္စီးေနခဲ့ရၿပီ တရာမွ်တမႈဆိုတာဟာ စာအုပ္ေတြထဲမွာဘဲ ရွင္သန္ေနတုန္းပဲလား လက္ေတြ႕မွာ အသက္မယ့္တဲ့အၿပဳံးေတြနဲ႔ လူသားအားလုံးကို ဟန္ေဆာင္ၿပဳံးျပေနဆဲ သုံးစားမရတဲ့ တစ္ကိုယ္ေကာင္းဆန္ အတၱေတြက တစ္ႏိုင္ငံလုံးကို ဝါးၿမိဳလိုက္တယ္ အ႐ုပ္ႀကိဳးပ်က္ ယိုင္နဲ႔စြာ နဲ႔ အဆင္ေျပပါတယ္ဆိုၿပီး ႏိုင္ငံတကာကို လက္ျပေနတဲ့ ႏိုင္ငံငယ္ေလးထဲမွာ စုတ္ပ်က္သပ္ေနတဲ့ ဘဝေပါင္းမ်ားစြာဟာ တိတ္တစိတ္ ေပ်ာက္ကြယ္ေနခဲ့ရၿပီ ဘယ္မွာလည္း....... အမွန္တရားကိုေစာင့္တဲ့ နတ္ ဘယ္မွာလည္း....... တန္းတူညီမွ်ျခင္း ဘယ္မွာလည္း........ တရာမွ်တမႈ ဘယ္မွာလည္း........... ဘယ္မွာလည္း ဘယ္မွာလည္းလို႔ ေမးရင္း ငါဟာ မေရရာမေသခ်ာတဲ့လမ္းမထပ္မွာ စမ္းတဝါးဝါးနဲ႔ ေလွ်ာက္ေနခဲ့ၿပီေလ အရာအားလုံး တရာမွ်တ လြတ္လပ္ျခင္းေတြရခဲ့ၿပီးလို႔ ျဖစ္ခ်င္တာကိုေျပာပါဆို အေမ့အိမ္ကို အေျပးေလးျပန္ၿပီး ဘာပကာသနမွမရွိတဲ့ ဘဝေလးနဲ႔ ဝါသနာပါရာ ဂီတေတြ ကဗ်ာေတြၾကားမွာ ေအးေအးခ်မ္းခ်မ္း ဖ်က္သန္းခ်င္တယ္......... #နႏၵ #မေရရာတဲ့လမ္းမေတြရဲ႕အဆုံး

Comments

  1. ကျွန်တော်တို့ရဲဘော်တေရဲ့ဖြစ်ချင်တဲ့ဆန္ဒတွေအမြန်ဆုံးပြည့်နိုင်ပါစေဗျာ

    ReplyDelete
  2. တရားမျှတမှု ဆိတ်သုဥ်းသော အချိန်တွေ အမြန်ဆုံး အဆုံးသတ်နိုင်ဖို့ အားတင်းထားကြမယ် 💪

    ReplyDelete
  3. အတူတူ အားတင်းထားကြရအောင်ပါ။

    ReplyDelete

Post a Comment