လူနှင့် သူငယ်ချင်းရစ်သမ်


(၁)


အိမ်ပေါက်ဝဆီမှ အရိပ်တစ်ခု မြင်လိုက်ရသလို ရှိသောကြောင့် အားယူပြီး ခေါင်းမော့ကြည့်မိသည်။ ထင်မထားပါပဲ သူငယ်ချင်းကို တွေ့ရလေသည်။

“မင်း ဘယ်လိုရောက်လာတာလဲ”

“ရှင် ဒီမှာ ရှိတယ်ဆိုတော့ ကျွန်မ ရောက်လာရတာပေါ့”

“မင်း အခု ဘယ်က လာတာလဲ”

“ကျွန်မနေတဲ့ မြို့ကပေါ့…”


မောလာသဖြင့် စကားကို ဆက်မပြောနိုင်ချေ။ သူငယ်ချင်း၏ အဖြူရောင်အင်္ကျီနှင့် အဝါရောင်လုံချည်တို့သည် လေအလာတွင် တလူးလူး လွင့်နေသည်။

ဆံနွယ်စများကလည်း ကပိုကရို။

သူမက သူ့ကို စေ့စေ့ကြည့်ပြီး မေးသည်။

“ဘာလို့ တစ်ယောက်တည်းနေတာလဲ”

“တစ်ယောက်တည်းရှိလို့ပေါ့”

သူ့ကုတင်နံဘေးမှ မြောက်မြားစွာသော ဆေးပုလင်းများကို ကြည့်ကာ သက်ပြင်းချ၏။

“ကျွန်မ ရောက်လာလိမ့်မယ်လို့ ရှင် မျှော်လင့်မထားဘူး မဟုတ်လား”

“မျှော်တော့ မျှော်မိပါတယ်။ ထင်တော့ မထင်မိဘူး…”

သူငယ်ချင်းက ပြန့်ကျဲနေသော သူ့စာမူများကို စီစီရီရီ ကောက်သိမ်းပေးရင်း…


“ရှင် တော်တော်ခက်တဲ့လူ”

“မလွယ်မှန်းတော့ ကိုယ့်ကိုယ်ကိုလည်း သိပါတယ်”

သူငယ်ချင်းက ဘာမှ မပြောတော့ချေ။ သူ့အခန်းကိုသာ ရှင်းလင်းပေးနေသည်။



(၂)


“တစ်နေကုန် ရှင် ကုတင်ပေါ်မှာပဲ လှဲနေရတာပေါ့…”

“တစ်ခါတစ်ခါ လေသာဆောင်မှာ သွားထိုင်တယ်”

“စားတော့ သောက်တော့ကော…”

“ထမင်းဆိုင်က ချိုင့်နဲ့ လာပို့တယ်”

သူငယ်ချင်းက ခေါင်းကို တွင်တွင်ခါယမ်း၏။


“ရှင်ဒီလို လွယ်လွယ်သေသွားဖို့ မကြိုးစားနဲ့လေ…”

“မကြိုးစားပါဘူး သူ့ဘာသာ လွယ်လွယ် သေသွားမှာပါ”

“တော်တော့…”


ထိုသို့ပြောပြီး သူမက တစ်အိမ်လုံးကို လှည့်ပတ် ရှင်းလင်းတော့၏။ သူ့ကိုလည်း ဂရုထားဟန် မပြပါ။ ထရေစီဟန်း၏ သီချင်းများကို ညည်းနေသည်။

သို့သော်လည်း ပြတ်တောင်း ပြတ်တောင်း မျှသာ။

“ဟေ့…”

သူ့ခေါ်သံကြောင့် သူငယ်ချင်း၏တေးသံက တိတ်သွားသည်။

“ဘာလဲ”

“မင်းကိုယ့်ကို သတိရနေသေးတယ်နော်…”

“ကျွန်မက ရှင့်ကို လွယ်လွယ် အသေမခံနိုင်ဘူး၊ အို…ရှင်သေကို မသေစေရဘူး…”

“ကိုယ့်ရောဂါအကြောင်းကို ဆရာဝန် အသိဆုံးပါ…”

“ရှင့်အကြောင်းကို ကျွန်မ အသိဆုံးပါ”


ထို့နောက် သူငယ်ချင်းက သူ့ကို အိုဗာတင်းတစ်ခွက် ဖျော်ပေးလေသည်။



(၃)

သူငယ်ချင်းက စိတ်မဝင်စားဟန်ဖြင့် မေးသည်။

“ဒီအတိုင်းပဲ နေသွားမလို့လား…”

မကျန်းမာပါပဲလျက် သူတစ်ယောက်တည်း ဤသို့နေခြင်းကို ဆိုလိုပုံပေါ်ပါသည်။

“ဘဝက ဒါပဲလေ…ဒီလိုပဲ နေရတော့မှာပေါ့…”

သူငယ်ချင်းက ခေါင်းကို ခပ်ဖြည်းဖြည်းယမ်းခါသည်။

“ရှင် ဒီအတိုင်း အသေခံတော့မလို့လား…”

အင်း…သေရင်လည်း သေသွားမှာပေါ့”

“ရှင် အသေခံလို့ မဖြစ်သေးဘူး…”


သူငယ်ချင်းက ထိုစကားကို ထပ်ပြောသည်။ ခေါင်းမှ ဆံနွယ်များကို ဖွားခနဲ လွင့်သပ်တင်၏။ သူမသည် သူ့သတင်းကို ကြားကြားချင်း ဝေးလံလှသော နယ်စပ်မြို့လေး တစ်မြို့ဆီမှ သူ့ထံသို့ ရောက်လာခြင်း ဖြစ်သည်။ သူမ၏ ဖတ်လက်စ ဒဿနကျမ်းစာအုပ်များ၊ အနုပညာသီအိုရီစာအုပ်များကို ပစ်ချထားခဲ့ပြီး သူ့ဆီကို အရောက်လာခဲ့ခြင်း ဖြစ်လေသည်။

သူ့ကို အသက်ရှင်လျက် တွေ့ရ၍ သူမက ဝမ်းမြောက်ဟန် မပြသလို သူကလည်း ကျေးဇူးတင်စကား မဆိုဖြစ်ပါ။ သူတို့က ထိုသို့ပင် ဆက်ဆံရင်းစွဲ ရှိကြလေသည်။

“မင်းနဲ့ ကိုယ် ဘယ်လိုရင်းနှီးခဲ့ကြတာလဲ”

“ကျွန်မ မေ့သွားပြီ”

“အဟင်း…ကိုယ်လည်း အတူတူပဲ”

နှစ်ယောက်သား ရယ်ဖြစ်ကြသည်။ ရယ်ရင်းတန်းလန်း သူက ချောင်းဆိုးသဖြင့် သူမက သူ့ ကျောကုန်းကို ဖွဖွထုပေးသည်။

“ကိုယ် ဒီလို မရယ်ရတာ ကြာပြီ”

“ကျွန်မကြောင့် ရယ်ဖြစ်တယ်ဆိုရင် ကျေးဇူးတင်ပါတယ်”

ထိုစကားကြောင့် ထပ်ရယ်ဖြစ်ကြသည်။ အရယ်အဆုံးမှာ သူငယ်ချင်းက…


“ရှင် အနုပညာအလုပ်တွေ ဆက်လုပ်ဦးမှာလား…”

“လုပ်မှာ…”

“ရှင်သေရင် ဘယ်စာအုပ်ကို ထားသွားမှာလဲ”

“အဲဒီစာအုပ်ကို ခုထက်ထိ မရေးရသေးဘူး…”

“ဒါဆို မသေနဲ့ဦးပေါ့…”


“မင်းကလည်း အတင်းကြီးပဲ၊ ဒါ့ထက် မင်း မနက်စာ စားပြီးပြီလား…”

“ဟင့်အင်း…ရှင့် ထမင်းချိုင့်လာမှပဲ နည်းနည်းဝင်စားမယ်…”


သူ့ကို ရယ်စရာတွေ ရှေးဟောင်းနှောင်းဖြစ်တွေ ထိုင်ပြောနေသော်လည်း တစ်ချက်တစ်ချက် အမောဖောက်နေသော သူ့ကို ကြည့်ကာ သူငယ်ချင်းမျက်နှာလေးက တည် တည်သွားသည်။ ညနေ လေးနာရီကျော်တွင် သူငယ်ချင်းပြန်သွား၏။ သူ ခြောက်သွေ့စွာ ကျန်ခဲ့လေသည်။

(၄)



ထို့နောက်ပိုင်းမှာ ကာလအတော်ကြာသည်အထိ သူနှင့် သူငယ်ချင်းတို့ အဆက်အသွယ် မရှိတော့ပါ။ သူ၏ ကျန်းမာရေးအခြေအနေက ပိုမိုဆိုးရွားလာ၏။

သူ စကားပြောနိုင် ရှိသေးသော အချိန်ကလေးမှာ သူငယ်ချင်းထံမှ စာရှည်ကြီးတစ်စောင် ရောက်လာ၏။ “နေကောင်းအောင်နေနော်” ဟု ထပ်ကာထပ်ကာ ဆိုထား၏။ သူ စာပြန်နိုင်စွမ်း မရှိပါ။ ထို့ကြောင့် ကက်ဆက်တိပ်ခွေထဲမှာ အသံသွင်းပြီးတော့သာ တုံ့ပြန်စကားပေးဖြစ်၏။ ထိုသို့ဖြင့်ပင် နံနက်၏နေရောင်ကို ငေးရင်း ည၏ကြယ်စုများကို ကြည့်မောရင်း မိုးဖွဲဖွဲရွာနေသော နေ့တစ်နေ့မှာ သူသေဆုံးသွားပါသည်။

သူ့ဈာပနာသို့ သူငယ်ချင်း မလာပါ။ ထိုနေ့မှာ သူမသည် တိတ်ဆိတ်စွာ နေကောင်းနေပါမည်။ ဆံနွယ်ခက်အချို့ကို နှုတ်ခမ်းနှင့်ကိုက်ခဲရင်း အဝေးသို့ ငေးချင် ငေးပါမည်။ သေချာသည်ကတော့ တစ်ခါတုန်းက သူမမှာ သူငယ်ချင်းတစ်ယောက် ရှိခဲ့ဖူးလေသည်။

တာရာမင်းဝေ

(အလံမထူခဲ့သောလက်များစာအုပ်မှ)

 လူႏွင့္ သူငယ္ခ်င္းရစ္သမ္


(၁)




အိမ္ေပါက္ဝဆီမွ အရိပ္တစ္ခု ျမင္လိုက္ရသလို ရွိေသာေၾကာင့္ အားယူၿပီး ေခါင္းေမာ့ၾကည့္မိသည္။ ထင္မထားပါပဲ သူငယ္ခ်င္းကို ေတြ႕ရေလသည္။


“မင္း ဘယ္လိုေရာက္လာတာလဲ”


“ရွင္ ဒီမွာ ရွိတယ္ဆိုေတာ့ ကြၽန္မ ေရာက္လာရတာေပါ့”


“မင္း အခု ဘယ္က လာတာလဲ”


“ကြၽန္မေနတဲ့ ၿမိဳ႕ကေပါ့…”




ေမာလာသျဖင့္ စကားကို ဆက္မေျပာႏိုင္ေခ်။ သူငယ္ခ်င္း၏ အျဖဴေရာင္အက်ႌႏွင့္ အဝါေရာင္လုံခ်ည္တို႔သည္ ေလအလာတြင္ တလူးလူး လြင့္ေနသည္။


ဆံႏြယ္စမ်ားကလည္း ကပိုက႐ို။


သူမက သူ႔ကို ေစ့ေစ့ၾကည့္ၿပီး ေမးသည္။


“ဘာလို႔ တစ္ေယာက္တည္းေနတာလဲ”


“တစ္ေယာက္တည္းရွိလို႔ေပါ့”


သူ႔ကုတင္နံေဘးမွ ေျမာက္ျမားစြာေသာ ေဆးပုလင္းမ်ားကို ၾကည့္ကာ သက္ျပင္းခ်၏။


“ကြၽန္မ ေရာက္လာလိမ့္မယ္လို႔ ရွင္ ေမွ်ာ္လင့္မထားဘူး မဟုတ္လား”


“ေမွ်ာ္ေတာ့ ေမွ်ာ္မိပါတယ္။ ထင္ေတာ့ မထင္မိဘူး…”


သူငယ္ခ်င္းက ျပန္႔က်ဲေနေသာ သူ႔စာမူမ်ားကို စီစီရီရီ ေကာက္သိမ္းေပးရင္း…




“ရွင္ ေတာ္ေတာ္ခက္တဲ့လူ”


“မလြယ္မွန္းေတာ့ ကိုယ့္ကိုယ္ကိုလည္း သိပါတယ္”


သူငယ္ခ်င္းက ဘာမွ မေျပာေတာ့ေခ်။ သူ႔အခန္းကိုသာ ရွင္းလင္းေပးေနသည္။






(၂)




“တစ္ေနကုန္ ရွင္ ကုတင္ေပၚမွာပဲ လွဲေနရတာေပါ့…”


“တစ္ခါတစ္ခါ ေလသာေဆာင္မွာ သြားထိုင္တယ္”


“စားေတာ့ ေသာက္ေတာ့ေကာ…”


“ထမင္းဆိုင္က ခ်ိဳင့္နဲ႔ လာပို႔တယ္”


သူငယ္ခ်င္းက ေခါင္းကို တြင္တြင္ခါယမ္း၏။




“ရွင္ဒီလို လြယ္လြယ္ေသသြားဖို႔ မႀကိဳးစားနဲ႔ေလ…”


“မႀကိဳးစားပါဘူး သူ႔ဘာသာ လြယ္လြယ္ ေသသြားမွာပါ”


“ေတာ္ေတာ့…”




ထိုသို႔ေျပာၿပီး သူမက တစ္အိမ္လုံးကို လွည့္ပတ္ ရွင္းလင္းေတာ့၏။ သူ႔ကိုလည္း ဂ႐ုထားဟန္ မျပပါ။ ထေရစီဟန္း၏ သီခ်င္းမ်ားကို ညည္းေနသည္။


သို႔ေသာ္လည္း ျပတ္ေတာင္း ျပတ္ေတာင္း မွ်သာ။


“ေဟ့…”


သူ႔ေခၚသံေၾကာင့္ သူငယ္ခ်င္း၏ေတးသံက တိတ္သြားသည္။


“ဘာလဲ”


“မင္းကိုယ့္ကို သတိရေနေသးတယ္ေနာ္…”


“ကြၽန္မက ရွင့္ကို လြယ္လြယ္ အေသမခံႏိုင္ဘူး၊ အို…ရွင္ေသကို မေသေစရဘူး…”


“ကိုယ့္ေရာဂါအေၾကာင္းကို ဆရာဝန္ အသိဆုံးပါ…”


“ရွင့္အေၾကာင္းကို ကြၽန္မ အသိဆုံးပါ”




ထို႔ေနာက္ သူငယ္ခ်င္းက သူ႔ကို အိုဗာတင္းတစ္ခြက္ ေဖ်ာ္ေပးေလသည္။






(၃)


သူငယ္ခ်င္းက စိတ္မဝင္စားဟန္ျဖင့္ ေမးသည္။


“ဒီအတိုင္းပဲ ေနသြားမလို႔လား…”


မက်န္းမာပါပဲလ်က္ သူတစ္ေယာက္တည္း ဤသို႔ေနျခင္းကို ဆိုလိုပုံေပၚပါသည္။


“ဘဝက ဒါပဲေလ…ဒီလိုပဲ ေနရေတာ့မွာေပါ့…”


သူငယ္ခ်င္းက ေခါင္းကို ခပ္ျဖည္းျဖည္းယမ္းခါသည္။


“ရွင္ ဒီအတိုင္း အေသခံေတာ့မလို႔လား…”


အင္း…ေသရင္လည္း ေသသြားမွာေပါ့”


“ရွင္ အေသခံလို႔ မျဖစ္ေသးဘူး…”




သူငယ္ခ်င္းက ထိုစကားကို ထပ္ေျပာသည္။ ေခါင္းမွ ဆံႏြယ္မ်ားကို ဖြားခနဲ လြင့္သပ္တင္၏။ သူမသည္ သူ႔သတင္းကို ၾကားၾကားခ်င္း ေဝးလံလွေသာ နယ္စပ္ၿမိဳ႕ေလး တစ္ၿမိဳ႕ဆီမွ သူ႔ထံသို႔ ေရာက္လာျခင္း ျဖစ္သည္။ သူမ၏ ဖတ္လက္စ ဒႆနက်မ္းစာအုပ္မ်ား၊ အႏုပညာသီအိုရီစာအုပ္မ်ားကို ပစ္ခ်ထားခဲ့ၿပီး သူ႔ဆီကို အေရာက္လာခဲ့ျခင္း ျဖစ္ေလသည္။


သူ႔ကို အသက္ရွင္လ်က္ ေတြ႕ရ၍ သူမက ဝမ္းေျမာက္ဟန္ မျပသလို သူကလည္း ေက်းဇူးတင္စကား မဆိုျဖစ္ပါ။ သူတို႔က ထိုသို႔ပင္ ဆက္ဆံရင္းစြဲ ရွိၾကေလသည္။


“မင္းနဲ႔ ကိုယ္ ဘယ္လိုရင္းႏွီးခဲ့ၾကတာလဲ”


“ကြၽန္မ ေမ့သြားၿပီ”


“အဟင္း…ကိုယ္လည္း အတူတူပဲ”


ႏွစ္ေယာက္သား ရယ္ျဖစ္ၾကသည္။ ရယ္ရင္းတန္းလန္း သူက ေခ်ာင္းဆိုးသျဖင့္ သူမက သူ႔ ေက်ာကုန္းကို ဖြဖြထုေပးသည္။


“ကိုယ္ ဒီလို မရယ္ရတာ ၾကာၿပီ”


“ကြၽန္မေၾကာင့္ ရယ္ျဖစ္တယ္ဆိုရင္ ေက်းဇူးတင္ပါတယ္”


ထိုစကားေၾကာင့္ ထပ္ရယ္ျဖစ္ၾကသည္။ အရယ္အဆုံးမွာ သူငယ္ခ်င္းက…




“ရွင္ အႏုပညာအလုပ္ေတြ ဆက္လုပ္ဦးမွာလား…”


“လုပ္မွာ…”


“ရွင္ေသရင္ ဘယ္စာအုပ္ကို ထားသြားမွာလဲ”


“အဲဒီစာအုပ္ကို ခုထက္ထိ မေရးရေသးဘူး…”


“ဒါဆို မေသနဲ႔ဦးေပါ့…”




“မင္းကလည္း အတင္းႀကီးပဲ၊ ဒါ့ထက္ မင္း မနက္စာ စားၿပီးၿပီလား…”


“ဟင့္အင္း…ရွင့္ ထမင္းခ်ိဳင့္လာမွပဲ နည္းနည္းဝင္စားမယ္…”




သူ႔ကို ရယ္စရာေတြ ေရွးေဟာင္းေႏွာင္းျဖစ္ေတြ ထိုင္ေျပာေနေသာ္လည္း တစ္ခ်က္တစ္ခ်က္ အေမာေဖာက္ေနေသာ သူ႔ကို ၾကည့္ကာ သူငယ္ခ်င္းမ်က္ႏွာေလးက တည္ တည္သြားသည္။ ညေန ေလးနာရီေက်ာ္တြင္ သူငယ္ခ်င္းျပန္သြား၏။ သူ ေျခာက္ေသြ႕စြာ က်န္ခဲ့ေလသည္။


(၄)






ထို႔ေနာက္ပိုင္းမွာ ကာလအေတာ္ၾကာသည္အထိ သူႏွင့္ သူငယ္ခ်င္းတို႔ အဆက္အသြယ္ မရွိေတာ့ပါ။ သူ၏ က်န္းမာေရးအေျခအေနက ပိုမိုဆိုး႐ြားလာ၏။


သူ စကားေျပာႏိုင္ ရွိေသးေသာ အခ်ိန္ကေလးမွာ သူငယ္ခ်င္းထံမွ စာရွည္ႀကီးတစ္ေစာင္ ေရာက္လာ၏။ “ေနေကာင္းေအာင္ေနေနာ္” ဟု ထပ္ကာထပ္ကာ ဆိုထား၏။ သူ စာျပန္ႏိုင္စြမ္း မရွိပါ။ ထို႔ေၾကာင့္ ကက္ဆက္တိပ္ေခြထဲမွာ အသံသြင္းၿပီးေတာ့သာ တုံ႔ျပန္စကားေပးျဖစ္၏။ ထိုသို႔ျဖင့္ပင္ နံနက္၏ေနေရာင္ကို ေငးရင္း ည၏ၾကယ္စုမ်ားကို ၾကည့္ေမာရင္း မိုးဖြဲဖြဲ႐ြာေနေသာ ေန႔တစ္ေန႔မွာ သူေသဆုံးသြားပါသည္။


သူ႔ဈာပနာသို႔ သူငယ္ခ်င္း မလာပါ။ ထိုေန႔မွာ သူမသည္ တိတ္ဆိတ္စြာ ေနေကာင္းေနပါမည္။ ဆံႏြယ္ခက္အခ်ိဳ႕ကို ႏႈတ္ခမ္းႏွင့္ကိုက္ခဲရင္း အေဝးသို႔ ေငးခ်င္ ေငးပါမည္။ ေသခ်ာသည္ကေတာ့ တစ္ခါတုန္းက သူမမွာ သူငယ္ခ်င္းတစ္ေယာက္ ရွိခဲ့ဖူးေလသည္။


တာရာမင္းေဝ


(အလံမထူခဲ့ေသာလက္မ်ားစာအုပ္မွ)

Comments

Post a Comment