မှန်ကန်ခြင်းနှင့် ရဲရင့်ခြင်း
မှန်ကန်ခြင်းနှင့် ရဲရင့်ခြင်း
သတ္တိနှင့် သစ္စာ၊ မှန်ကန်ခြင်းနှင့် ရဲရင့်ခြင်းတို့သည် ဒွန်တွဲနေ၏။ သစ္စာမဲ့သူသည် သတ္တိမဲ့သူဖြစ်၏။ သစ္စာရှိသူသည် သတ္တိရှိသူဖြစ်၏။ သစ္စာကို သတ္တိနှင့် စောင့်ထိန်းရ၏။ သတ္တိဆိုရာ၌ မှန်ကန်သော ကိစ္စကို ရဲဝံ့စွာ ပြုလုပ်ခြင်းသာ မဟုတ်သေး။ မကောင်းမှုကို စောင့်ထိန်းနိုင်ခြင်း၊ မှားယွင်းသော ဆန္ဒလောဘကို ချုပ်တည်းနိုင်ခြင်း၊ အောင့်အည်း သည်းခံနိုင်ခြင်းတို့သည်လည်း သတ္တိမည်၏။
မှန်ကန်ခြင်းနှင့် ရဲရင့်ခြင်းလည်း ထိုနည်းအတူ တစ်ခုနှင့်တစ်ခု အမှီသဟဲပြုနေ၏။ ပင်ကိုယ်မူလက မည်မျှပင် ရဲရင့်သူဖြစ်နေစေကာမူ မမှန်ကန်သောအမှုကို ပြုလိုက်မိပြီဟု မိမိကိုယ်မိမိ ထင်လိုက်သည်နှင့် တစ်ပြိုင်နက်၊ ထိုသူ၏ ရဲရင့်ခြင်းတို့သည် ပျောက်ကွယ်သွား၍ ကြောက်ရွံ့သူအဖြစ်သို့ ရောက်ရှိသွားတော့၏။
ဝတ္ထုတစ်ခုနှင့် သာဓကပြုပါမည်။
လွန်ခဲ့သော နှစ်ပေါင်း ၃၅ နှစ်ကျော်က ဖြစ်ပါသည်။ ကာယကံရှင်များမှာမူ လူ့ဘောင်၌ မရှိကြတော့ပြီ။
ဦးအောင်ဒွန်း … ။
ကျွန်တော်တို့ရွာမှ ရွာသူကြီး ဦးအောင်ဒွန်း။ အင်မတန်မှ ရဲရင့်သတ္တိရှိသည်ဟု ကျော်ကြားသည်။ သူခိုးဓားပြကို လက်ရဖမ်းခဲ့ဖူး၍ နာမည်ကောင်းလက်မှတ်နှင့် ဆုတော်ငွေများ ရခဲ့ဖူးသည်။ နှစ်လုံးပြူး သေနတ်ကိုင်ရသည်။ ဆယ်ခိုင်သူကြီး ခန့်အပ်ခြင်းခံရ၍ ရွာဆယ်ရွာကို အုပ်ချုပ်ရသည်။ ထိုရွာများ၌ ဖြစ်ပေါ်သော အမှုကြီးငယ်တို့သည် ဆယ်အိမ်ခေါင်းများမှ တစ်ဆင့် သူ့ဆီရောက်ရသည်။ ကြီးသောအမှုဆိုလျှင် ရုံးဂါတ်ပို့၍ ငယ်သောအမှုဆိုလျှင် သူပင်စီရင်ချက်ချလိုက်သည်။ တစ်ညချုပ်နှောင်ခွင့်နှင့် ငါးကျပ်အထိ ဒဏ်ငွေတပ်နိုင်သော အာဏာရှိသည်။
လူကောင်ကြီးမား၍ ဥပဓိရုပ်လည်း ကောင်းလှသည်။ အားအင်ဗလလည်း ပြည့်စုံလှသည်။ နွားထီးတစ်ကောင်ကို လက်ပြင်ရိုး လက်သီးနှင့်ထိုး၍ လှဲနိုင်သည်ဟု ပြောကြသည်။
သူ့အိမ်နှင့် ကျွန်တော်တို့အိမ်မှာ မျက်စောင်းထိုး ဓားလွယ်ခုတ် အိမ်နီးချင်း ဖြစ်ပါသည်။
ကျွန်တော် အမှတ်သညာ ထားတတ်သော အရွယ်မှာ သူ့အသက်သည် ၅၀ မျှဟု ခန့်မှန်းမိပါသည်။ ဆွေမျိုးမတော်သော်လည်း သူ့ကို ကျွန်တော်က “ဘိုး” ဟု ခေါ်ပါသည်။
ဘိုးသည် ကျွန်တော့်ကို ငယ်စဉ်က ချီပိုးလာခဲ့သူဖြစ်သည်။ ဘိုးသည် အသားဖြူရာဝယ် သူ့တစ်ကိုယ်လုံးမှာ ဆေးနီဆေးနက်များ ထိုးထား၍ အလွန်လှသည်ဟု ကျွန်တော် ယူဆခဲ့ပါသည်။ ကျွန်တော့်အဖေကိုယ်မှာလည်း ဆေးရုပ်များ ရှိပါသည်။ သို့သော် သူ့လောက် မများ၊ ထို့ပြင် အနက်ရုပ်သာရှိ၍ အနီရုပ် မရှိ။ ဘိုး၏ ကျောပြောင်ကိုကား ကျွန်တော်က အရုပ်ကားဟု ခေါ်ပါသည်။
“ဘိုးရယ် ဝမ်းလျားမှောက်စမ်းပါဦး၊ ကျွန်တော် အရုပ်တွေ ကြည့်ချင်လို့ပါ”
“အို … အခုထိုင်ရင်း ကြည့်လည်း မြင်နေရသားပဲ မြေးရဲ့”
“မဟုတ်ဘူး … မဟုတ်ဘူး၊ မှောက်ကြည့်ရမှ ပိုကောင်းတယ်”
ဘိုး၏ ကျယ်ပြန်သော ကျောပြင်ဝယ် နဂါးရုပ်၊ ဂဠုန်ရုပ်၊ ဇော်ဂျီရုပ်၊ ကြောင်ရုပ်၊ ကျားရုပ်၊ ခြင်္သေ့ စသည်တို့မှာ ဆေးနီ ဆေးနက်တို့ဖြင့် ယခုမျက်စိနှင့် ကြည့်သော် လွန်စွာမှ လက်ရာမြောက်လှပါပေသည်။ အချိုးအစားကျ၍ ပီပီသသ ရှိပါပေသည်။
“ဘိုးရယ် ဒီအရုပ်တွေ ဘိုးကို ဘယ်သူထိုးပေးထားတာလဲဟင် … ”
“ဘိုးဟာဘိုး ထိုးတာပေါ့ကွ”
“အောင်မယ် မဖြစ်နိုင်တာကြီးကို၊ ဘိုး ညာတယ်၊ ကဲ … ဘိုး ကျောကုန်း ဘိုးမြင်ရလို့လား”
“မှန်ထဲ … နောက်ပြန်ကြည့် ထိုးတာပေါ့ကွ .. ”
“အောင်မယ် … အောင်မယ် … ဘိုးအိမ်မှာ ဘိုးကျောကုန်းလောက်ကြီးတဲ့ မှန်တစ်ချပ်မှ မရှိဘဲနဲ့”
ဘိုးသည် ရယ်မောကာ … “အလကား ပြောတာပါကွာ၊ ဆရာဦး ထိုးပေးတာပေါ့ကွ၊ ဆရာဦးကို မင်းသိတယ် မဟုတ်လား … ”
ဆရာဦးသည် ဘိုးအိမ် ခေါင်းရင်းက ထိုးကွင်းထိုးဆရာ ဖြစ်ပါ၏။ ထို့ပြင် ရုပ်သေးရုပ်တွေထုသော ပန်းပုဆရာလည်း ဖြစ်ပါ၏။
“ဘိုး … ဒီအရုပ်တွေထိုးတော့ မနာဘူးလားဟင် … ”
“နာတာပေါ့ မြေးရဲ့၊ ဒါပေမယ့် ယောက်ျားဆိုတာ ဆေးထိုးခံနိုင်တဲ့ သတ္တိရှိရမယ်ကွယ့်၊ ငါ့မြေးလည်း ကြီးရင် ထိုးကွင်းထိုးရမယ်ကွယ့်”
သို့သော် ကျွန်တော်တို့ အချိန်ရောက်သောကာလ၌ ထိုးကွင်းထိုးခေတ်ကုန်၍ ကံကောင်းသည်ဟု ဆိုရမည်။ သို့ရာတွင် အချို့လူကြီးများက မကြိုက်ကြ။ ကျွန်တော် ၁၄ နှစ်သားလောက်၌ ဆရာဦးက ကျွန်တော့်ပေါင်မှာ ကျားရုပ်ထိုးပေးသည်။ ထိုရသည်မှာ အနီစင်း၊ အနက်စင်းနှင့် တကယ့်ကျားရောင် ထွက်ရမည်။ အသက်လည်း ပါရမည်။ သို့သော် ဤဖေကိုယ်သတ္တိခဲက အဖေချုပ်ကိုင်ထားသည့် လက်ထဲမှ ကုန်းအော်ရုန်းထွက်သဖြင့် ပထမဆုံးတစ်ကြောင်းမျှ သွားရသေးရာ ကျားရုပ်မဖြစ်၊ ကြွက်ရုပ်ကလေးလိုလို ရေးရေးမျှထင်တော့၏။ သည်တော့ ဆရာဦးက ကျွန်တော့်အဖေအား ဘာပြောသည် ထင်သနည်း။
“မောင်ဆယ်ရေ … ခုခေတ် ကလေးတွေတော့ သတ္တိသုဉ်းကုန်ပါဘိကွာ။ ငါ့သားတွေလည်း အတူတူပဲကွ၊ မင်းတို့လို ငါတို့လို ဆယ်နှစ်၊ ဆယ့်တစ်နှစ်သားလောက်က ထိုးကွင်းထိုးခံလာလို့ရှိရင် ဒီကျားရုပ်လောက် ဘယ်ဖြုန်လိမ့်မလဲကွာ။ ခံနိုင်ရည် ရှိနေမှာပဲ။ မိဖုရား … ကင်းကိုက်တဲ့ အတိုင်းပဲ သွား … သွား”
ဆရာဦးက ကျွန်တော့်ကို နှင်လွှတ်ပါသည်။ ကျွန်တော်သည် ပေါင်ကလေး ထော့နဲ့ထော့နဲ့၊ မျက်ရည်ကလေး စို့စို့နှင့်။
ဘယ်မျက်ရည် မစို့ဘဲ ခံနိုင်မလဲဗျ။ လေးခွရှိတဲ့ ကြေးစုတ်ကြီးနှင့် တစ်ချက်ထိုးလိုက်ရင်း သွေးတစ်ပေါက် ထွက်လာရင်း …
ဤအခါ၌ ကျွန်တော်သည် ထိုးကွင်းမျှမက၊ ဆေးရုပ်တွေကိုယ်လုံးတွင်ရှိသော အဖေတို့၊ ဘိုးတို့ သတ္တိကို ချီးကျူးမိပါသည်။ ဘိုးက ပို၍များပါသည်။ ဘိုးသည် ခေါင်းဖြူဖြူတွင် ကတုံးရိတ်ထားသူ ဖြစ်လေရာ၊ ငယ်ထိပ်မှစ၍ ခြေဖမိုးအထိ ကျောကုန်း၊ လက်ပြင်၊ ခြေသလုံး၊ ခြေကျင်းဝတ်ပါမကျန် ဆေးတွေ အပြည့်ရှိသည်။
ဘာရည်ရွယ်ချက်နှင့် ဘာအစွမ်းထက်သည်တော့ ကျွန်တော်မပြောတတ်ချေ။ သို့သော် ခံနိုင်ရည်ရှိသော ယောက်ျားကောင်းတစ်ယောက် ဖြစ်ကြောင်းတော့ ထင်ရှား၏။
ဘိုးသည် ခွန်အားဗလနှင့် ရဲစွမ်းသတ္တိကောင်းရုံသာ မဟုတ်သေး၊ စာပေပညာကိုလည်း တတ်ကျွမ်းသူဖြစ်၏။ ဘိုးသည် ဘိသိက်ဆရာဖြစ်သည်။ ဘုရားကိုးဆူဆရာဖြစ်၏။ စာဟောဆရာဖြစ်၏။ ရတုဩဘာ စာရေးဆရာဖြစ်၏။
ဘိုးသည် နေ့စဉ် နံနက်တိုင်း ဘုန်းကြီးကျောင်းက အုန်းမောင်းခေါက်တွင် ထ၍ ဘုရားရှိခိုးပြီး စာရွတ်၏။ သူစာရွတ်သည်ကို ဘေးသုံးလေးအိမ်က ကြားရ၏။ သို့သော် ဘာမျှ နားမလည်နိုင်ပေ။ သူ့အသံ “ဟနံနံ - ဟနံနံ” ဟူ၍သာ ကြားနေရ၏။
“အဖေ … ဘိုးက ဟနံနံ ဟနံနံနဲ့ ဘာလုပ်နေတာလဲ အဖေရ”
ကျွန်တော်ငယ်စဉ်က အိပ်ရာထဲတွင် အဖေ့အား မေးခဲ့၏။
“စာဝါးတာခေါ်တယ် သားရဲ့”
“ဘာလို့ စာဝါးတာလဲ အဖေရ”
“သူရထားတဲ့ စာတွေကို မမေ့၊ မပျောက်အောင် နှုတ်က မြန်မြန်ရွတ်နေတာပေါ့ကွာ … ”
“ကျွန်တော်လည်း ဘိုးလို စာဝါးချင်တယ် အဖေ”
“ဒါဖြင့် စာများများ တတ်အောင်သင်ပေါ့ကွ၊ ထမင်းစားချင်တော့ ထမင်းရှိမှ စားဖြစ်သလို စာဝါးချင်တော့ ကိုယ်တတ်ထားတဲ့စာ ရှိမှပေါ့ကွ”
ကျွန်တော်သည် ဘိုးကို အစစအရာရာ ချီးကျူးအားကျသူ ဖြစ်ခဲ့၏။ ကျွန်တော်သည် ဘိုးအတုကိုယူကာ ကကြီး၊ ခခွေးကစ၍ စာဝါးခဲ့၏။ နို့ပြီး ဘိုးက (အဆက်ဆက်က အစဉ်သာယာတဲ့ သရက်ပင်ရွာက အထူးအကျိုးပြုတဲ့ ဦးဖိုးနု) ဟု ရှင်ပြုဖိတ်စာတွင်ရေးလျှင် ကျွန်တော်ကလည်း (မချို့အစဉ်သာတဲ့ ကြို့ပင်ရွာက အထူးအကျိုးသယ်ပိုးတဲ့ ဦးဘိုးဆယ်) ဟု ကျွန်တော့်အဖေနှင့် ရွာနာမည်ကို နဘေထပ်ဆိုလိုက်သောအခါ ဘိုးကလွန်စွာ သဘောကျလှ၏။ “မောင်ဆယ် မင့်သားကြီး ငါ့ခြေရာနင်းလိမ့်မယ်” ဟု ဂုဏ်ယူပြောဆို၏။ သို့သော် ဘိုးခြေရာကို နင်းဖို့၊ ဘိုးကိုမီဖို့က ခဲယဉ်းလှပါ၏။
ဘိုးသည် ရပ်ရွာ၌ အုပ်ချုပ်စီမံရာတွင် သူ၊ မင်္ဂလာဆောင်၌ ဘိသိက်သွန်းရာတွင် သူ၊ ရှင်ပြုဉ္စင်းခံတို့၌ ဩဘာစာများရေးသား ဖတ်ကြားရာတွင် သူ၊ ရပ်သူရွာသားတို့ အပျင်းလည်းပြေ၊ ပညာ ဗဟုသုတလည်းရအောင် ဇာတ်နိပါတ်တော်တို့ကို သံနေသံထားနှင့် ဟောပြောရာတွင်လည်း သူ။
သူ … သူ … သူ … ထိုသူသည် အသက်ငါးဆယ်ကျော်၌ ကံချော်၍ အကြံတော်တလွဲကို လိုက်မှားမိချေသည်။
မချောဖြူ …
သူသည် နာမည်နှင့်လိုက်အောင် ဖြူသည်။ ချောသည်။ လှသည်။ လှသည်နှင့်အမျှ လင်ငယ်နေတတ်သူ။
သူ၏ ပထမဦးဆုံးယောက်ျားသည် သူနောက်ယောက်ျားထားတာ ပက်ပင်းမိ၍ သူ့အား လယ်ကွင်းထဲ ခေါ်သွားကာ ဓားနှင့် ခုတ်သတ်ပြီး သူ့ကိုယ်သူတော့ မီးရထားအနင်းခံ၍ ပွဲချင်းပြီး စီရင်ပစ်လိုက်သည်။
သို့သော် မကောင်းမှုပြုရန် အကုသိုလ်ကံ ကျန်နေသေးသော မဟဝါကား မသေ၊ လည်ပင်း ဓားဒဏ်ရာတွေနှင့် မေ့မြောနေရာမှ သတိပြန်ရလာခဲ့သည်။
ဘိုးနှင့် အခင်းဖြစ်ပွားရန် အချိန်မှာ ထိုမိန်းမသည် အသက် ၃၀ ခန့်၊ လည်ပင်းမှာ ဓားဒဏ်ရာနှစ်ချက် ရှိသည်။ အသားရောင် ဖြူဖြူဝင်းဝင်းနှင့် ပြည့်ပြည့်တင်းတင်း၊ ထိုအချိန်၌ သူ၏ ဒုတိယလော၊ တတိယလော၊ မပြောတတ်သည့် လင်ယောက်ျားမှာ ဘိန်းစားဖိုးဆိုင်း။
ကျွန်တော် သတိပြုမိသောအချိန်မှာ မချောဖြူသည် ရွာထဲမှာ ခံတောင်းရွက်၍ ငရုတ်၊ ကြက်သွန်၊ ဆီ၊ ဆား စသော ကုန်စုံရောင်းသည်။ ဘိုးသည် ထိုကုန်စုံဝယ်ရင်းမှ စတင်သည်။
ကျွန်တော်သည် အမှတ်သညာ ထားတတ်သော အရွယ်မှစ၍ ဘိုးအိမ်မှာ အနေအစားများသည်။ အကြောင်းမှာ ဘိုးအိမ်သည် ဘယ်တော့မှ ဟင်းကောင်းမပြတ်ချေ။ မပြတ်ခြင်းမှာ ကျေးရွာဓလေ့ထုံးစံရှိ၏။ ရွာတွင် ကျွဲနွားသေ၍လည်းကောင်း၊ သတ်၍လည်းကောင်း၊ အမဲသားပေါ်လျှင် သူကြီးအိမ်ကို တစ်တွဲပို့ရသည်။ ဝမ်းတွင်းသားအစုံလည်း ပါရသည်။ ဘိုး အုပ်ချုပ်သော ရွာက ဆယ်ရွာဆိုတော့ ဘိုးအိမ်မှာ အမဲဟင်းလျာ ပြတ်သည်မရှိတော့ချေ။
ဘိုးကိုယ်တိုင်ကတော့ အမဲသားမစားချေ။ ကျွန်တော့်အဖေလည်း မစားချေ။ ကျွဲနွားဖြင့် အသက်မွေးရသော ကျေးရွာတို့တွင် အမဲသားမစားခြင်းသည် လူကြီးလူကောင်းတို့၏ ဂုဏ်အင်္ဂါတစ်ရပ် ဖြစ်ပေသည်။
ဘိုးတို့ ဂေါ်ပုံတစ်ရပ်ကို တွေး၍ ရယ်ချင်ပါသေးသည်။
ဝါတွင်း မိုးရာသီဆိုတော့ ကျွန်တော်တို့ လယ်တောဒေသမှာ ငါးပေါသည်။ သည်တော့ မချောဖြူက ကုန်စုံရောင်းခြင်းကို ရပ်ဆိုင်၍ မုန့်ဟင်းခါးရောင်းသည်။ ထိုအခါ ဘိုးက ကျွန်တော့်ကို ခုတုံးလုပ်၍ မနက်တိုင်း မချောဖြူ မုန့်ဟင်းခါး ရောင်းလာတိုင်း -
“ဟေ့ မင်းဒီနေ့ မုန့်ဟင်းခါး စားဦးမလား” မေးသည်။ ကျွန်တော်ကတော့ ၁၀ နှစ်သားအရွယ်လောက် ဘယ်သိလိမ့်ဦးမှာတုန်း။ အမြဲတမ်း ခေါင်းညိတ်သည်ပေါ့။ ဘိုး၏ အိမ်သားများကတော့ နှာခေါင်းရှုံ့ကြပြီ၊ ရိပ်မိနေကြပြီ။ ထိုအခါ ဘိုးမှာ ဇနီးအမယ်ကြီးနှင့် သမီးနှင့် သမက်ရှိသည်။
ကျွန်တော့ကို မုန့်ဟင်းခါးကျွေးတော့ ဝါတွင်းမှာ သတ်သက်လွတ်သမား ဘိုးက မုန့်ကို ဘယ်လိုစားပါသနည်းဟူမူ ဟင်းရည်မဆမ်းစေဘဲ၊ သူ့အိမ်က နို့ဆီနှင့် ဆမ်း၍ စားပါသည်ခင်ဗျား။
ေဩာ် … အာဂဘိုး၊ လူကြီးလူကောင်း ဂေါ်ပုံ မဆိုးဘူးနှော။ ဦးကြီးတို့ နည်းယူကြ။
ထို့ပြင် ဘိုးတွင် သူများနှင့်မတူသော ထူးခြားချက်တစ်ရပ် ရှိသေးသည်။ ဘိုးသည် ထမင်းစားပြီး ပလုတ်ကျင်းသောအခါ၌ လည်းကောင်း၊ တစ်ခုခုစားသောက်ပြီး ပလုတ်ကျင်းသောအခါ၌ လည်းကောင်း၊ ဘယ်တော့မှ ထွေးမပစ်ချေ။ ပါးလုတ်ရည်ကို မျိုချလိုက်သည်သာ ဖြစ်၏။
ကျွန်တော်က “ဘိုးလုပ်ပုံဟာ သူများနဲ့ မတူဘူး။ မရွံဘူးလား” ဟု မေးသောအခါ “ဟ … ကိုယ့်ပါးစပ်ထဲကဟာ ကိုယ်ရွံနေမှဖြင့် ငါ့လခွီးတဲ့၊ လည်ပင်းလှီးပစ်ဖို့သာ ရှိတော့တာပေါ့ကွ” ဟု ပြန်ဖြေပါသည်။
ဟုတ်တုတ်တုတ်။
ယင်းသို့လျှင် မချောဖြူသည် ကုန်စုံရောင်းရင်းဖြင့် လည်းကောင်း၊ မုန့်ဟင်းခါး ရောင်းရင်းဖြင့် လည်းကောင်း၊ ဘိုးအိမ် နေတိုင်းလိုလို ဝင်ထွက်နေရာမှ လေးငါးလမျှကြာသော် မချောဖြူယောက်ျား ဘိန်းစား ကိုဖိုးဆိုင်မှာ အိတ်ထဲဘိန်းငါးကျပ်သားခန့်နှင့် လက်ပူးလက်ကြပ် ဘိုးက ဖမ်းမိလေ၍ ခမျာ ထောင်ကျသွားရှာလေသည်။
ဒါ ဘိုးက သူ့နောက်လိုက် မတရား သက်သေများနှင့် သက်သက်အမှုဆင်တာ ဖြစ်ကြောင်းကို တစ်ရွာလုံးက သိကြ၍ တဖျစ်တောက်တောက် နေကြ၏။ ကိုဖိုးဆိုင်သည် ဘိန်းစားသော်လည်း မခိုးတတ်၊ မဝှက်တတ်၊ လူကောင်းတစ်ယောက် ဖြစ်၏။ သူ့ဟာသူ ထန်းတက်၍ စား၏။ ပုံးမြုံး ထောင်၍ စား၏။
ထိုမှ အရပ်ထဲက လူကြီးများသည် ဘိုးကို ဝိုင်းကြဉ်စ ပြုလာ၏။ သည့်နောက် မကြာမီတွင် ဘိုးသည် သူ့အိမ်သူ အိမ်သားများနှင့် ရန်ဖြစ်ကြလေ၍ အမယ်ကြီးသည် သမီးနှင့် သားမက်ကိုခေါ်ကာ သူ့ဇာတိရွာသို့ ပြန်သွားလေတော့သည်။
ဘိုးကိုကား မည်သူမျှ တရားချ၍ မရတော့ပြီ။ ယခင်တုန်းက ရပ်ရွာအိမ်ထောင်ရေး ကိစ္စတို့မှာ သူကသာ ဖြန်ဖြေစီမံ ခန့်ခွဲပေးခဲ့သည်။ သူ့ဇာတ်တွင်ကား သူသာ ဇာတ်ဆရာ၊ အခြားဇာတ်ဆရာကို လက်မခံတော့ပြီ။
နောက်ဆုံးတစ်နေ့၌ကား မချောဖြူသည် ဘိုး၏အိမ်ပေါ်သို့ လာလေသတည်း။ သို့သော် ဤဖြစ်ရပ်တွင် ဘိုး၏ရလဒ်ကား ကျဆုံးခြင်းပင်တည်း။
မချောဖြူ ဘိုးအိမ်ရောက်ပြီး ဒုတိယမြောက်နေ့ နံနက်တွင် အသက် ၆၀ မျှရှိမည်ဖြစ်သော အမယ်ကြီးတစ်ယောက် ဆောင်ဓားရှည်ကြီး တစ်လက်ကို ကိုင်ကာ ဘိုး၏ အိမ်ဝင်းထဲ ရောက်နေလျက် ဓားတစ်လက်လက်နှင့် ဆဲရေးကြိမ်းမောင်း နေပေတော့သည်။
“ဟဲ့ … အောင်ဒွန်း၊ နင် ဗလကောင်းလှတယ်။ သတ္တိကောင်းလှတယ်ဆို၊ ကြိုက်တဲ့ လက်နက်ကိုင်ပြီး တံခါးဖွင့် ဆင်းခဲ့စမ်း …
ချလွမ် …
အိမ်ရှေ့နံရံအကာကို သူ့ဓားနှင့် ပစ်လိုက်သည်။ ထို့နောက် ပြန်ကောက်ကာ ..…
“ဟဲ့ … အောင်ဒွန်း၊ နင် သတ္တိနည်းလှချေလား။ ငါလို အမယ်ကြီးနဲ့မှ ရင်မဆိုင်ဝံ့တော့ဘူးလား။ လူချင်းကြောက်ရင် နင့်မှာ နှစ်လုံးပူး သေနတ်ရှိတယ် မှုတ်လား၊ ဟောဒီမှာ ပစ်လိုက်စမ်းဟေ့”
ရင်ကို ကော့ပြပြီး သူ့ဓားတစ်ဖန် ပစ်လိုက်ပြန်လေသည်။ အိမ်ပေါ်ကတော့ ဘာသံမျှ မကြားရ၊ ဆိတ်ငြိမ်လှသည်။ လူတစ်ယောက်မှ မရှိဘူးထင်ရသည်။ သို့သော် ဘိုးနှင့် မချောဖြူရှိတာ အမှန်၊ ညကပင် မီးအိမ်ထွန်းတာ မြင်ရသေးသည်။ ယခုမနက် အစောကြီးမှ စောစောစီးစီး ဒီအမယ်ကြီးက ကျွန်တော် အိပ်ရာက မနိုးမီပင် လာရောက်ဆူပူနေခြင်း ဖြစ်သည်။
ဘိုး အိမ်သည် တစ်ထပ်အိမ်မြင့်၊ အောက်ဆင့်မရှိ၊ မြေကြီးပေါ် စားပွဲ ကုလားထိုင် ထားသည်။ အိမ်အကာမှာ နှစ်တစ်လက်မ သစ်သားတန်းတွေကို ကြက်ခြေခတ် ရိုက်ကပ်ထားသည်။ ထိုနံနက်၌ အပေါ်ထပ်ရော၊ အောက်ထပ်ရော တံခါးတွေ အားလုံးပိတ်ထားသည်။
ကျွန်တော်သည် အိပ်ရာမှထကာ ပြတင်းပေါက်မှ အံ့သြစွာနှင့် လှမ်း၍ကြည့်နေသည်။ အမယ်ကြီးသည် ပိန်သော်လည်း စိတ်ကဆောင်နေ၍ တော်တော်ပဲ မာကျောပုံပေါ်သည်။ သူသည် အော်ဟစ်ဆဲရေးရင်း အောက်နံရံကို ဓားနှင့်ခုတ်လိုက်၊ အိမ်အပေါ်ထပ်ကို လှမ်းပစ်လိုက်၊ မောလျှင် ထိုင်ပြီး နားလိုက်၊ နောက်ပြီး တစ်စခန်းထလိုက်နှင့် အရွယ်နှင့် မလိုက်အောင်ပင် ဒေါသနှင့် ဇွဲသတ္တိက ကြီးလှပါသည်။
“ဟေ့ … အောင်ဒွန်း မယားခိုးရဲ့၊ လူ့တိရစ္ဆာန်ရဲ့၊ နင် ငါ့သားမက်အိပ်ထဲ အတင်းဘိန်းထည့်ပြီး နင့်နောက်တော်ပါ သက်သေလိမ်တွေနဲ့ အမှုဆင်ပြီး ထောင်ချတယ်ဆိုတာ လူတိုင်းသိကြတယ်ဟဲ့ …”
ချလွမ် …
ဓားနှင့်တစ်ချက် ပစ်လိုက်ပြန်သည်။
“နင်ဟာ ဆယ်ခိုင်သူကြီး၊ ဘုရားကိုးဆူ ဆရာကြီး၊ ဘိသိက်ဆရာကြီး၊ ရတုသြဘာ ဆရာကြီး၊ ကွက်စိပ် ဆရာကြီးဆိုတဲ့ ဂုဏ်တွေမှ မထောက်ဘူး ငအောင်ဒွန်းရယ်၊ ဟို မျောက်မထားမရော ဆင်းခဲ့၊ နင့်ပါ ငါ နုတ်နုတ်စဉ်းပစ်မဟဲ့။ နင့်အတွက် ငါ တစ်ခါက၊ နှစ်ခါ ရှက်၊ နှစ်ခါက သုံးခါရှက်၊ တစ်သက်လုံး ရှက်နေရမှာလားဟဲ့ … နင်တို့သတ်ပြီး ငါပါ သေပစ်လိုက်မဟဲ့ …”
ဤအချိန်၌ ကျွန်တော့်မှာ အသက် ၈ နှစ်၊ ၉ နှစ်မျှ ရှိဦးမည်ဖြစ်၍ အဖေ့အနားသို့ ချဉ်းကပ်သွားကာ
“အဖေရယ် ဘိုးက ဒီအမယ်ကြီး ပိန်ပိန်ကလေးများ ဘာလို့ ကြောက်နေရသလဲ။ အောက်ဆင်းပြီး ဖမ်းလိုက်ရောပေါ့။ ဘိုးက အားအများကြီး ကြီးတာပဲ မဟုတ်လား။ နို့ပြီး ဘိုးက သူကြီး”
“ဟဲ့ … ဘာကြီးဖြစ်နေနေ ကိုယ် အမှားလုပ်မိတဲ့အခါ မှန်သူကို ရင်မဆိုင်ဝံ့တော့ဘူး။ ကြောက်နေရော၊ ဒါဟာ တရားသဘောပဲ”
“ကျွန်တော် နားမလည်ပါဘူး အဖေရာ”
“အေး … ငါ့သား ကြီးတော့ နားလည်ပါလိမ့်မယ်”
ထိုအချိန်၌ ကျွန်တော်သည် ဘိုးကိုသာ သနားနေတော့သည်။ ဘိုးဘက်က ဘယ်သူမျှ ကူညီမည့်လူလည်း မရှိပါလား။ ဒီအမယ်ကြီးကို လာတားခြင်း၊ ဆွဲငင်ခြင်းလည်း မည်သူမျှ မပြုကြ။ အကယ်တိ အခြားအိမ်၌သာ ဤသို့ဖြစ်နေပါမူ ဘိုးကိုယ်တိုင် သွားရောက်စီစဉ် ဖြန်ဖြေချေမည်။
စင်စစ်တော့ သူကြီးဦးအောင်ဒွန်း၏ မတရားပြုမှုကို တစ်ရွာလုံးက မုန်းတီးရွံရှာနေခြင်းဖြစ်သည်။ ဖြစ်နိုင်လျှင် အမယ်ကြီးဘက်ကပင် အကူအညီပေးကြဦးမည်။ သို့သော် ကူညီစရာပင် မလို၊ အမယ်ကြီးကား အံ့ဖွယ်ကောင်းလောက်အောင်ပင် ဇွဲသတ္တိကြီးလှပါဘိ။ ဤနေ့ ပထမနေ့က နံနက် ဝေလီဝေလင်းမှသည် ၁၀ နာရီခန့်ထိ ဆဲရေးကြိမ်းမောင်းပြီး ထမင်းဆာသောကြောင့် ပြန်သွားသည်။ နောက်နေ့ နံနက် ဝေလီဝေလင်း၌ ယမန်နေ့ကအတိုင်း ပြန်ရောက်လာပြီ ယမန်နေ့ကအတိုင်း ပြုမူပြန်တော့သည်
အမယ်ကြီးသည် ဤသို့ချည်း မနက်တိုင်းလာလုပ်၏။
ပဉ္စမမြောက် ညနေခင်းဝယ် ဦးအောင်ဒွန်းနှင့် မချောဖြူတို့သည် ပစ္စည်းပစ္စယများကို လှည်းတစ်စီးနှင့် တင်၍ ထွက်ခွာသွားကြတော့သည်။
ဤအခင်းဖြစ်နေချိန် ဘိုးအိမ်သို့ မသွားရန် ကျွန်တော့်အား တားမြစ်ထား၍ ယင်းညနေလှည်းပေါ် ပစ္စည်းတွေ တင်နေတုန်းမှာ ဘိုးကို ကျွန်တော် နောက်ဆုံးမြင်လိုက်ရခြင်းပင် ဖြစ်သည်။ ထိုအချိန်၌ သူ့အား မည်သူကမှလည်း လာ၍ နှုတ်မဆက်ကြချေ။
ရွာတွင် သူကြီးမရှိတော့ကြောင်း ကြားသိရသောအခါ၌ ဆယ်အိမ်ခေါင်းတွေ ခေါ်၍ ဖြစ်ပုံကို စစ်ဆေးမေးမြန်းပြီး ဦးအောင်ဒွန်းအား သူကြီးရာထူးမှ ချလိုက်ကာ နောက်ထပ် သူကြီးအသစ် ရွေးကောက်ပွဲ လုပ်လိုက်လေသ်ည။
ဦးအောင်ဒွန်းကား ဂုဏ်သိက္ခာ အဖတ်ဆယ်မရလောက်အောင် ကျဆင်းလေ၍ ရွာသို့ပြန်ပြီ မချဉ်းကပ်ရဲတော့ပေ။ သူ့အိမ်ကို သူ့အမယ်ကြီးနှင့် သမီးသားမက်တို့ ပြန်၍နေကြသည်။
ဦးအောင်ဒွန်းသည် ဤမှ မကြာမီတွင် စိတ်ရောလူရော ပင်ပန်းဆင်းရဲစွာဖြင့် သေဆုံးသွားသည်ဟု ကြားသိရလေသည်။
သော်တာဆွေ
မွန္ကန္ျခင္းႏွင့္ ရဲရင့္ျခင္း
သတၱိႏွင့္ သစၥာ၊ မွန္ကန္ျခင္းႏွင့္ ရဲရင့္ျခင္းတို႔သည္ ဒြန္တြဲေန၏။ သစၥာမဲ့သူသည္ သတၱိမဲ့သူျဖစ္၏။ သစၥာရွိသူသည္ သတၱိရွိသူျဖစ္၏။ သစၥာကို သတၱိႏွင့္ ေစာင့္ထိန္းရ၏။ သတၱိဆိုရာ၌ မွန္ကန္ေသာ ကိစၥကို ရဲဝံ့စြာ ျပဳလုပ္ျခင္းသာ မဟုတ္ေသး။ မေကာင္းမႈကို ေစာင့္ထိန္းႏိုင္ျခင္း၊ မွားယြင္းေသာ ဆႏၵေလာဘကို ခ်ဳပ္တည္းႏိုင္ျခင္း၊ ေအာင့္အည္း သည္းခံႏိုင္ျခင္းတို႔သည္လည္း သတၱိမည္၏။
မွန္ကန္ျခင္းႏွင့္ ရဲရင့္ျခင္းလည္း ထိုနည္းအတူ တစ္ခုႏွင့္တစ္ခု အမွီသဟဲျပဳေန၏။ ပင္ကိုယ္မူလက မည္မွ်ပင္ ရဲရင့္သူျဖစ္ေနေစကာမူ မမွန္ကန္ေသာအမႈကို ျပဳလိုက္မိၿပီဟု မိမိကိုယ္မိမိ ထင္လိုက္သည္ႏွင့္ တစ္ၿပိဳင္နက္၊ ထိုသူ၏ ရဲရင့္ျခင္းတို႔သည္ ေပ်ာက္ကြယ္သြား၍ ေၾကာက္ရြံ႕သူအျဖစ္သို႔ ေရာက္ရွိသြားေတာ့၏။
ဝတၳဳတစ္ခုႏွင့္ သာဓကျပဳပါမည္။
လြန္ခဲ့ေသာ ႏွစ္ေပါင္း ၃၅ ႏွစ္ေက်ာ္က ျဖစ္ပါသည္။ ကာယကံရွင္မ်ားမွာမူ လူ႔ေဘာင္၌ မရွိၾကေတာ့ၿပီ။
ဦးေအာင္ဒြန္း … ။
ကၽြန္ေတာ္တို႔ရြာမွ ရြာသူႀကီး ဦးေအာင္ဒြန္း။ အင္မတန္မွ ရဲရင့္သတၱိရွိသည္ဟု ေက်ာ္ၾကားသည္။ သူခိုးဓားျပကို လက္ရဖမ္းခဲ့ဖူး၍ နာမည္ေကာင္းလက္မွတ္ႏွင့္ ဆုေတာ္ေငြမ်ား ရခဲ့ဖူးသည္။ ႏွစ္လံုးျပဴး ေသနတ္ကိုင္ရသည္။ ဆယ္ခိုင္သူႀကီး ခန္႔အပ္ျခင္းခံရ၍ ရြာဆယ္ရြာကို အုပ္ခ်ဳပ္ရသည္။ ထိုရြာမ်ား၌ ျဖစ္ေပၚေသာ အမႈႀကီးငယ္တို႔သည္ ဆယ္အိမ္ေခါင္းမ်ားမွ တစ္ဆင့္ သူ႔ဆီေရာက္ရသည္။ ႀကီးေသာအမႈဆိုလွ်င္ ႐ံုးဂါတ္ပို႔၍ ငယ္ေသာအမႈဆိုလွ်င္ သူပင္စီရင္ခ်က္ခ်လိုက္သည္။ တစ္ညခ်ဳပ္ေႏွာင္ခြင့္ႏွင့္ ငါးက်ပ္အထိ ဒဏ္ေငြတပ္ႏိုင္ေသာ အာဏာရွိသည္။
လူေကာင္ႀကီးမား၍ ဥပဓိ႐ုပ္လည္း ေကာင္းလွသည္။ အားအင္ဗလလည္း ျပည့္စံုလွသည္။ ႏြားထီးတစ္ေကာင္ကို လက္ျပင္႐ိုး လက္သီးႏွင့္ထိုး၍ လွဲႏိုင္သည္ဟု ေျပာၾကသည္။
သူ႔အိမ္ႏွင့္ ကၽြန္ေတာ္တို႔အိမ္မွာ မ်က္ေစာင္းထိုး ဓားလြယ္ခုတ္ အိမ္နီးခ်င္း ျဖစ္ပါသည္။
ကၽြန္ေတာ္ အမွတ္သညာ ထားတတ္ေသာ အရြယ္မွာ သူ႔အသက္သည္ ၅၀ မွ်ဟု ခန္႔မွန္းမိပါသည္။ ေဆြမ်ိဳးမေတာ္ေသာ္လည္း သူ႔ကို ကၽြန္ေတာ္က “ဘိုး” ဟု ေခၚပါသည္။
ဘိုးသည္ ကၽြန္ေတာ့္ကို ငယ္စဥ္က ခ်ီပိုးလာခဲ့သူျဖစ္သည္။ ဘိုးသည္ အသားျဖဴရာဝယ္ သူ႔တစ္ကိုယ္လံုးမွာ ေဆးနီေဆးနက္မ်ား ထိုးထား၍ အလြန္လွသည္ဟု ကၽြန္ေတာ္ ယူဆခဲ့ပါသည္။ ကၽြန္ေတာ့္အေဖကိုယ္မွာလည္း ေဆး႐ုပ္မ်ား ရွိပါသည္။ သို႔ေသာ္ သူ႔ေလာက္ မမ်ား၊ ထို႔ျပင္ အနက္႐ုပ္သာရွိ၍ အနီ႐ုပ္ မရွိ။ ဘိုး၏ ေက်ာေျပာင္ကိုကား ကၽြန္ေတာ္က အ႐ုပ္ကားဟု ေခၚပါသည္။
“ဘိုးရယ္ ဝမ္းလ်ားေမွာက္စမ္းပါဦး၊ ကၽြန္ေတာ္ အ႐ုပ္ေတြ ၾကည့္ခ်င္လို႔ပါ”
“အို … အခုထိုင္ရင္း ၾကည့္လည္း ျမင္ေနရသားပဲ ေျမးရဲ႕”
“မဟုတ္ဘူး … မဟုတ္ဘူး၊ ေမွာက္ၾကည့္ရမွ ပိုေကာင္းတယ္”
ဘိုး၏ က်ယ္ျပန္ေသာ ေက်ာျပင္ဝယ္ နဂါး႐ုပ္၊ ဂဠဳန္႐ုပ္၊ ေဇာ္ဂ်ီ႐ုပ္၊ ေၾကာင္႐ုပ္၊ က်ား႐ုပ္၊ ျခေသၤ့ စသည္တို႔မွာ ေဆးနီ ေဆးနက္တို႔ျဖင့္ ယခုမ်က္စိႏွင့္ ၾကည့္ေသာ္ လြန္စြာမွ လက္ရာေျမာက္လွပါေပသည္။ အခ်ိဳးအစားက်၍ ပီပီသသ ရွိပါေပသည္။
“ဘိုးရယ္ ဒီအ႐ုပ္ေတြ ဘိုးကို ဘယ္သူထိုးေပးထားတာလဲဟင္ … ”
“ဘိုးဟာဘိုး ထိုးတာေပါ့ကြ”
“ေအာင္မယ္ မျဖစ္ႏိုင္တာႀကီးကို၊ ဘိုး ညာတယ္၊ ကဲ … ဘိုး ေက်ာကုန္း ဘိုးျမင္ရလို႔လား”
“မွန္ထဲ … ေနာက္ျပန္ၾကည့္ ထိုးတာေပါ့ကြ .. ”
“ေအာင္မယ္ … ေအာင္မယ္ … ဘိုးအိမ္မွာ ဘိုးေက်ာကုန္းေလာက္ႀကီးတဲ့ မွန္တစ္ခ်ပ္မွ မရွိဘဲနဲ႔”
ဘိုးသည္ ရယ္ေမာကာ … “အလကား ေျပာတာပါကြာ၊ ဆရာဦး ထိုးေပးတာေပါ့ကြ၊ ဆရာဦးကို မင္းသိတယ္ မဟုတ္လား … ”
ဆရာဦးသည္ ဘိုးအိမ္ ေခါင္းရင္းက ထိုးကြင္းထိုးဆရာ ျဖစ္ပါ၏။ ထိို႔ျပင္ ႐ုပ္ေသး႐ုပ္ေတြထုေသာ ပန္းပုဆရာလည္း ျဖစ္ပါ၏။
“ဘိုး … ဒီအ႐ုပ္ေတြထိုးေတာ့ မနာဘူးလားဟင္ … ”
“နာတာေပါ့ ေျမးရဲ႕၊ ဒါေပမယ့္ ေယာက္်ားဆိုတာ ေဆးထိုးခံႏိုင္တဲ့ သတၱိရွိရမယ္ကြယ့္၊ ငါ့ေျမးလည္း ႀကီးရင္ ထိုးကြင္းထိုးရမယ္ကြယ့္”
သို႔ေသာ္ ကၽြန္ေတာ္တို႔ အခ်ိန္ေရာက္ေသာကာလ၌ ထိုးကြင္းထိုးေခတ္ကုန္၍ ကံေကာင္းသည္ဟု ဆိုရမည္။ သို႔ရာတြင္ အခ်ိဳ႕လူႀကီးမ်ားက မႀကိဳက္ၾက။ ကၽြန္ေတာ္ ၁၄ ႏွစ္သားေလာက္၌ ဆရာဦးက ကၽြန္ေတာ့္ေပါင္မွာ က်ား႐ုပ္ထိုးေပးသည္။ ထိုရသည္မွာ အနီစင္း၊ အနက္စင္းႏွင့္ တကယ့္က်ားေရာင္ ထြက္ရမည္။ အသက္လည္း ပါရမည္။ သို႔ေသာ္ ဤေဖကိုယ္သတၱိခဲက အေဖခ်ဳပ္ကိုင္ထားသည့္ လက္ထဲမွ ကုန္းေအာ္႐ုန္းထြက္သျဖင့္ ပထမဆံုးတစ္ေၾကာင္းမွ် သြားရေသးရာ က်ား႐ုပ္မျဖစ္၊ ႂကြက္႐ုပ္ကေလးလိုလို ေရးေရးမွ်ထင္ေတာ့၏။ သည္ေတာ့ ဆရာဦးက ကၽြန္ေတာ့္အေဖအား ဘာေျပာသည္ ထင္သနည္း။
“ေမာင္ဆယ္ေရ … ခုေခတ္ ကေလးေတြေတာ့ သတၱိသုဥ္းကုန္ပါဘိကြာ။ ငါ့သားေတြလည္း အတူတူပဲကြ၊ မင္းတို႔လို ငါတို႔လို ဆယ္ႏွစ္၊ ဆယ့္တစ္ႏွစ္သားေလာက္က ထိုးကြင္းထိုးခံလာလို႔ရွိရင္ ဒီက်ား႐ုပ္ေလာက္ ဘယ္ျဖဳန္လိမ့္မလဲကြာ။ ခံႏိုင္ရည္ ရွိေနမွာပဲ။ မိဖုရား … ကင္းကိုက္တဲ့ အတိုင္းပဲ သြား … သြား”
ဆရာဦးက ကၽြန္ေတာ့္ကို ႏွင္လႊတ္ပါသည္။ ကၽြန္ေတာ္သည္ ေပါင္ကေလး ေထာ့နဲ႔ေထာ့နဲ႔၊ မ်က္ရည္ကေလး စို႔စို႔ႏွင့္။
ဘယ္မ်က္ရည္ မစို႔ဘဲ ခံႏိုင္မလဲဗ်။ ေလးခြရွိတဲ့ ေၾကးစုတ္ႀကီးႏွင့္ တစ္ခ်က္ထိုးလိုက္ရင္း ေသြးတစ္ေပါက္ ထြက္လာရင္း …
ဤအခါ၌ ကၽြန္ေတာ္သည္ ထိုးကြင္းမွ်မက၊ ေဆး႐ုပ္ေတြကိုယ္လံုးတြင္ရွိေသာ အေဖတို႔၊ ဘိုးတို႔ သတၱိကို ခ်ီးက်ဴးမိပါသည္။ ဘိုးက ပို၍မ်ားပါသည္။ ဘိုးသည္ ေခါင္းျဖဴျဖဴတြင္ ကတံုးရိတ္ထားသူ ျဖစ္ေလရာ၊ ငယ္ထိပ္မွစ၍ ေျခဖမိုးအထိ ေက်ာကုန္း၊ လက္ျပင္၊ ေျခသလံုး၊ ေျခက်င္းဝတ္ပါမက်န္ ေဆးေတြ အျပည့္ရွိသည္။
ဘာရည္ရြယ္ခ်က္ႏွင့္ ဘာအစြမ္းထက္သည္ေတာ့ ကၽြန္ေတာ္မေျပာတတ္ေခ်။ သို႔ေသာ္ ခံႏိုင္ရည္ရွိေသာ ေယာက္်ားေကာင္းတစ္ေယာက္ ျဖစ္ေၾကာင္းေတာ့ ထင္ရွား၏။
ဘုိးသည္ ခြန္အားဗလႏွင့္ ရဲစြမ္းသတၱိေကာင္း႐ံုသာ မဟုတ္ေသး၊ စာေပပညာကိုလည္း တတ္ကၽြမ္းသူျဖစ္၏။ ဘိုးသည္ ဘိသိက္ဆရာျဖစ္သည္။ ဘုရားကိုးဆူဆရာျဖစ္၏။ စာေဟာဆရာျဖစ္၏။ ရတုဩဘာ စာေရးဆရာျဖစ္၏။
ဘိုးသည္ ေန႔စဥ္ နံနက္တိုင္း ဘုန္းႀကီးေက်ာင္းက အုန္းေမာင္းေခါက္တြင္ ထ၍ ဘုရားရွိခိုးၿပီး စာရြတ္၏။ သူစာရြတ္သည္ကို ေဘးသံုးေလးအိမ္က ၾကားရ၏။ သုိ႔ေသာ္ ဘာမွ် နားမလည္ႏိုင္ေပ။ သူ႔အသံ “ဟနံနံ - ဟနံနံ” ဟူ၍သာ ၾကားေနရ၏။
“အေဖ … ဘိုးက ဟနံနံ ဟနံနံနဲ႔ ဘာလုပ္ေနတာလဲ အေဖရ”
ကၽြန္ေတာ္ငယ္စဥ္က အိပ္ရာထဲတြင္ အေဖ့အား ေမးခဲ့၏။
“စာဝါးတာေခၚတယ္ သားရဲ႕”
“ဘာလို႔ စာဝါးတာလဲ အေဖရ”
“သူရထားတဲ့ စာေတြကို မေမ့၊ မေပ်ာက္ေအာင္ ႏႈတ္က ျမန္ျမန္ရြတ္ေနတာေပါ့ကြာ … ”
“ကၽြန္ေတာ္လည္း ဘိုးလို စာဝါးခ်င္တယ္ အေဖ”
“ဒါျဖင့္ စာမ်ားမ်ား တတ္ေအာင္သင္ေပါ့ကြ၊ ထမင္းစားခ်င္ေတာ့ ထမင္းရွိမွ စားျဖစ္သလို စာဝါးခ်င္ေတာ့ ကိုယ္တတ္ထားတဲ့စာ ရွိမွေပါ့ကြ”
ကၽြန္ေတာ္သည္ ဘိုးကို အစစအရာရာ ခ်ီးက်ဴးအားက်သူ ျဖစ္ခဲ့၏။ ကၽြန္ေတာ္သည္ ဘိုးအတုကိုယူကာ ကႀကီး၊ ခေခြးကစ၍ စာဝါးခဲ့၏။ ႏို႔ၿပီး ဘိုးက (အဆက္ဆက္က အစဥ္သာယာတဲ့ သရက္ပင္ရြာက အထူးအက်ိဳးျပဳတဲ့ ဦးဖိုးႏု) ဟု ရွင္ျပဳဖိတ္စာတြင္ေရးလွ်င္ ကၽြန္ေတာ္ကလည္း (မခ်ိဳ႕အစဥ္သာတဲ့ ႀကိဳ႕ပင္ရြာက အထူးအက်ိဳးသယ္ပိုးတဲ့ ဦးဘိုးဆယ္) ဟု ကၽြန္ေတာ့္အေဖႏွင့္ ရြာနာမည္ကို နေဘထပ္ဆိုလိုက္ေသာအခါ ဘိုးကလြန္စြာ သေဘာက်လွ၏။ “ေမာင္ဆယ္ မင့္သားႀကီး ငါ့ေျခရာနင္းလိမ့္မယ္” ဟု ဂုဏ္ယူေျပာဆို၏။ သို႔ေသာ္ ဘိုးေျခရာကို နင္းဖို႔၊ ဘိုးကိုမီဖို႔က ခဲယဥ္းလွပါ၏။
ဘိုးသည္ ရပ္ရြာ၌ အုပ္ခ်ဳပ္စီမံရာတြင္ သူ၊ မဂၤလာေဆာင္၌ ဘိသိက္သြန္းရာတြင္ သူ၊ ရွင္ျပဳၪၥင္းခံတို႔၌ ဩဘာစာမ်ားေရးသား ဖတ္ၾကားရာတြင္ သူ၊ ရပ္သူရြာသားတို႔ အပ်င္းလည္းေျပ၊ ပညာ ဗဟုသုတလည္းရေအာင္ ဇာတ္နိပါတ္ေတာ္တို႔ကို သံေနသံထားႏွင့္ ေဟာေျပာရာတြင္လည္း သူ။
သူ … သူ … သူ … ထိုသူသည္ အသက္ငါးဆယ္ေက်ာ္၌ ကံေခ်ာ္၍ အၾကံေတာ္တလြဲကို လိုက္မွားမိေခ်သည္။
မေခ်ာျဖဴ …
သူသည္ နာမည္ႏွင့္လိုက္ေအာင္ ျဖဴသည္။ ေခ်ာသည္။ လွသည္။ လွသည္ႏွင့္အမွ် လင္ငယ္ေနတတ္သူ။
သူ၏ ပထမဦးဆံုးေယာက္်ားသည္ သူေနာက္ေယာက္်ားထားတာ ပက္ပင္းမိ၍ သူ႔အား လယ္ကြင္းထဲ ေခၚသြားကာ ဓားႏွင့္ ခုတ္သတ္ၿပီး သူ႔ကိုယ္သူေတာ့ မီးရထားအနင္းခံ၍ ပြဲခ်င္းၿပီး စီရင္ပစ္လိုက္သည္။
သို႔ေသာ္ မေကာင္းမႈျပဳရန္ အကုသိုလ္ကံ က်န္ေနေသးေသာ မဟဝါကား မေသ၊ လည္ပင္း ဓားဒဏ္ရာေတြႏွင့္ ေမ့ေျမာေနရာမွ သတိျပန္ရလာခဲ့သည္။
ဘိုးႏွင့္ အခင္းျဖစ္ပြားရန္ အခ်ိန္မွာ ထိုမိန္းမသည္ အသက္ ၃၀ ခန္႔၊ လည္ပင္းမွာ ဓားဒဏ္ရာႏွစ္ခ်က္ ရွိသည္။ အသားေရာင္ ျဖဴျဖဴဝင္းဝင္းႏွင့္ ျပည့္ျပည့္တင္းတင္း၊ ထိုအခ်ိန္၌ သူ၏ ဒုတိယေလာ၊ တတိယေလာ၊ မေျပာတတ္သည့္ လင္ေယာက္်ားမွာ ဘိန္းစားဖိုးဆိုင္း။
ကၽြန္ေတာ္ သတိျပဳမိေသာအခ်ိန္မွာ မေခ်ာျဖဴသည္ ရြာထဲမွာ ခံေတာင္းရြက္၍ င႐ုတ္၊ ၾကက္သြန္၊ ဆီ၊ ဆား စေသာ ကုန္စံုေရာင္းသည္။ ဘိုးသည္ ထိုကုန္စံုဝယ္ရင္းမွ စတင္သည္။
ကၽြန္ေတာ္သည္ အမွတ္သညာ ထားတတ္ေသာ အရြယ္မွစ၍ ဘိုးအိမ္မွာ အေနအစားမ်ားသည္။ အေၾကာင္းမွာ ဘိုးအိမ္သည္ ဘယ္ေတာ့မွ ဟင္းေကာင္းမျပတ္ေခ်။ မျပတ္ျခင္းမွာ ေက်းရြာဓေလ့ထံုးစံရွိ၏။ ရြာတြင္ ကၽြဲႏြားေသ၍လည္းေကာင္း၊ သတ္၍လည္းေကာင္း၊ အမဲသားေပၚလွ်င္ သူႀကီးအိမ္ကို တစ္တြဲပို႔ရသည္။ ဝမ္းတြင္းသားအစံုလည္း ပါရသည္။ ဘိုး အုပ္ခ်ဳပ္ေသာ ရြာက ဆယ္ရြာဆိုေတာ့ ဘိုးအိမ္မွာ အမဲဟင္းလ်ာ ျပတ္သည္မရွိေတာ့ေခ်။
ဘိုးကိုယ္တိုင္ကေတာ့ အမဲသားမစားေခ်။ ကၽြန္ေတာ့္အေဖလည္း မစားေခ်။ ကၽြဲႏြားျဖင့္ အသက္ေမြးရေသာ ေက်းရြာတို႔တြင္ အမဲသားမစားျခင္းသည္ လူႀကီးလူေကာင္းတို႔၏ ဂုဏ္အဂၤါတစ္ရပ္ ျဖစ္ေပသည္။
ဘိုးတို႔ ေဂၚပံုတစ္ရပ္ကို ေတြး၍ ရယ္ခ်င္ပါေသးသည္။
ဝါတြင္း မိုးရာသီဆိုေတာ့ ကၽြန္ေတာ္တို႔ လယ္ေတာေဒသမွာ ငါးေပါသည္။ သည္ေတာ့ မေခ်ာျဖဴက ကုန္စံုေရာင္းျခင္းကို ရပ္ဆိုင္၍ မုန္႔ဟင္းခါးေရာင္းသည္။ ထိုအခါ ဘိုးက ကၽြန္ေတာ့္ကို ခုတံုးလုပ္၍ မနက္တိုင္း မေခ်ာျဖဴ မုန္႔ဟင္းခါး ေရာင္းလာတိုင္း -
“ေဟ့ မင္းဒီေန႔ မုန္႔ဟင္းခါး စားဦးမလား” ေမးသည္။ ကၽြန္ေတာ္ကေတာ့ ၁၀ ႏွစ္သားအရြယ္ေလာက္ ဘယ္သိလိမ့္ဦးမွာတုန္း။ အျမဲတမ္း ေခါင္းညိတ္သည္ေပါ့။ ဘိုး၏ အိမ္သားမ်ားကေတာ့ ႏွာေခါင္း႐ႈံ႕ၾကၿပီ၊ ရိပ္မိေနၾကၿပီ။ ထိုအခါ ဘိုးမွာ ဇနီးအမယ္ႀကီးႏွင့္ သမီးႏွင့္ သမက္ရွိသည္။
ကၽြန္ေတာ့ကို မုန္႔ဟင္းခါးေကၽြးေတာ့ ဝါတြင္းမွာ သတ္သက္လြတ္သမား ဘိုးက မုန္႔ကို ဘယ္လိုစားပါသနည္းဟူမူ ဟင္းရည္မဆမ္းေစဘဲ၊ သူ႔အိမ္က ႏို႔ဆီႏွင့္ ဆမ္း၍ စားပါသည္ခင္ဗ်ား။
ေဩာ္ … အာဂဘိုး၊ လူႀကီးလူေကာင္း ေဂၚပံု မဆိုးဘူးေႏွာ။ ဦးႀကီးတို႔ နည္းယူၾက။
ထို႔ျပင္ ဘိုးတြင္ သူမ်ားႏွင့္မတူေသာ ထူးျခားခ်က္တစ္ရပ္ ရွိေသးသည္။ ဘိုးသည္ ထမင္းစားၿပီး ပလုတ္က်င္းေသာအခါ၌ လည္းေကာင္း၊ တစ္ခုခုစားေသာက္ၿပီး ပလုတ္က်င္းေသာအခါ၌ လည္းေကာင္း၊ ဘယ္ေတာ့မွ ေထြးမပစ္ေခ်။ ပါးလုတ္ရည္ကို မ်ိဳခ်လိုက္သည္သာ ျဖစ္၏။
ကၽြန္ေတာ္က “ဘိုးလုပ္ပံုဟာ သူမ်ားနဲ႔ မတူဘူး။ မရြံဘူးလား” ဟု ေမးေသာအခါ “ဟ … ကိုယ့္ပါးစပ္ထဲကဟာ ကိုယ္ရြံေနမွျဖင့္ ငါ့လခြီးတဲ့၊ လည္ပင္းလီွးပစ္ဖို႔သာ ရွိေတာ့တာေပါ့ကြ” ဟု ျပန္ေျဖပါသည္။
ဟုတ္တုတ္တုတ္။
ယင္းသို႔လွ်င္ မေခ်ာျဖဴသည္ ကုန္စံုေရာင္းရင္းျဖင့္ လည္းေကာင္း၊ မုန္႔ဟင္းခါး ေရာင္းရင္းျဖင့္ လည္းေကာင္း၊ ဘိုးအိမ္ ေနတိုင္းလိုလို ဝင္ထြက္ေနရာမွ ေလးငါးလမွ်ၾကာေသာ္ မေခ်ာျဖဴေယာက္်ား ဘိန္းစား ကိုဖိုးဆိုင္မွာ အိတ္ထဲဘိန္းငါးက်ပ္သားခန္႔ႏွင့္ လက္ပူးလက္ၾကပ္ ဘိုးက ဖမ္းမိေလ၍ ခမ်ာ ေထာင္က်သြားရွာေလသည္။
ဒါ ဘိုးက သူ႔ေနာက္လိုက္ မတရား သက္ေသမ်ားႏွင့္ သက္သက္အမႈဆင္တာ ျဖစ္ေၾကာင္းကို တစ္ရြာလံုးက သိၾက၍ တဖ်စ္ေတာက္ေတာက္ ေနၾက၏။ ကိုဖိုးဆိုင္သည္ ဘိန္းစားေသာ္လည္း မခိုးတတ္၊ မဝွက္တတ္၊ လူေကာင္းတစ္ေယာက္ ျဖစ္၏။ သူ႔ဟာသူ ထန္းတက္၍ စား၏။ ပံုးျမံဳး ေထာင္၍ စား၏။
ထိုမွ အရပ္ထဲက လူႀကီးမ်ားသည္ ဘိုးကို ဝိုင္းၾကဥ္စ ျပဳလာ၏။ သည့္ေနာက္ မၾကာမီတြင္ ဘိုးသည္ သူ႔အိမ္သူ အိမ္သားမ်ားႏွင့္ ရန္ျဖစ္ၾကေလ၍ အမယ္ႀကီးသည္ သမီးႏွင့္ သားမက္ကိုေခၚကာ သူ႔ဇာတိရြာသို႔ ျပန္သြားေလေတာ့သည္။
ဘိုးကိုကား မည္သူမွ် တရားခ်၍ မရေတာ့ၿပီ။ ယခင္တုန္းက ရပ္ရြာအိမ္ေထာင္ေရး ကိစၥတို႔မွာ သူကသာ ျဖန္ေျဖစီမံ ခန္႔ခြဲေပးခဲ့သည္။ သူ႔ဇာတ္တြင္ကား သူသာ ဇာတ္ဆရာ၊ အျခားဇာတ္ဆရာကို လက္မခံေတာ့ၿပီ။
ေနာက္ဆံုးတစ္ေန႔၌ကား မေခ်ာျဖဴသည္ ဘိုး၏အိမ္ေပၚသို႔ လာေလသတည္း။ သို႔ေသာ္ ဤျဖစ္ရပ္တြင္ ဘိုး၏ရလဒ္ကား က်ဆံုးျခင္းပင္တည္း။
မေခ်ာျဖဴ ဘိုးအိမ္ေရာက္ၿပီး ဒုတိယေျမာက္ေန႔ နံနက္တြင္ အသက္ ၆၀ မွ်ရွိမည္ျဖစ္ေသာ အမယ္ႀကီးတစ္ေယာက္ ေဆာင္ဓားရွည္ႀကီး တစ္လက္ကို ကိုင္ကာ ဘိုး၏ အိမ္ဝင္းထဲ ေရာက္ေနလ်က္ ဓားတစ္လက္လက္ႏွင့္ ဆဲေရးႀကိမ္းေမာင္း ေနေပေတာ့သည္။
“ဟဲ့ … ေအာင္ဒြန္း၊ နင္ ဗလေကာင္းလွတယ္။ သတၱိေကာင္းလွတယ္ဆို၊ ႀကိဳက္တဲ့ လက္နက္ကိုင္ၿပီး တံခါးဖြင့္ ဆင္းခဲ့စမ္း … ”
ခ်လြမ္ …
အိမ္ေရွ႕နံရံအကာကို သူ႔ဓားႏွင့္ ပစ္လိုက္သည္။ ထို႔ေနာက္ ျပန္ေကာက္ကာ ..…
“ဟဲ့ … ေအာင္ဒြန္း၊ နင္ သတၱိနည္းလွေခ်လား။ ငါလို အမယ္ႀကီးနဲ႔မွ ရင္မဆိုင္ဝံ့ေတာ့ဘူးလား။ လူခ်င္းေၾကာက္ရင္ နင့္မွာ ႏွစ္လံုးပူး ေသနတ္ရွိတယ္ မႈတ္လား၊ ေဟာဒီမွာ ပစ္လိုက္စမ္းေဟ့”
ရင္ကို ေကာ့ျပၿပီး သူ႔ဓားတစ္ဖန္ ပစ္လိုက္ျပန္ေလသည္။ အိမ္ေပၚကေတာ့ ဘာသံမွ် မၾကားရ၊ ဆိတ္ၿငိမ္လွသည္။ လူတစ္ေယာက္မွ မရွိဘူးထင္ရသည္။ သို႔ေသာ္ ဘိုးႏွင့္ မေခ်ာျဖဴရွိတာ အမွန္၊ ညကပင္ မီးအိမ္ထြန္းတာ ျမင္ရေသးသည္။ ယခုမနက္ အေစာႀကီးမွ ေစာေစာစီးစီး ဒီအမယ္ႀကီးက ကၽြန္ေတာ္ အိပ္ရာက မႏိုးမီပင္ လာေရာက္ဆူပူေနျခင္း ျဖစ္သည္။
ဘိုး အိမ္သည္ တစ္ထပ္အိမ္ျမင့္၊ ေအာက္ဆင့္မရွိ၊ ေျမႀကီးေပၚ စားပြဲ ကုလားထိုင္ ထားသည္။ အိမ္အကာမွာ ႏွစ္တစ္လက္မ သစ္သားတန္းေတြကို ၾကက္ေျခခတ္ ႐ိုက္ကပ္ထားသည္။ ထိုနံနက္၌ အေပၚထပ္ေရာ၊ ေအာက္ထပ္ေရာ တံခါးေတြ အားလံုးပိတ္ထားသည္။
ကၽြန္ေတာ္သည္ အိပ္ရာမွထကာ ျပတင္းေပါက္မွ အံ့ၾသစြာႏွင့္ လွမ္း၍ၾကည့္ေနသည္။ အမယ္ႀကီးသည္ ပိန္ေသာ္လည္း စိတ္ကေဆာင္ေန၍ ေတာ္ေတာ္ပဲ မာေက်ာပံုေပၚသည္။ သူသည္ ေအာ္ဟစ္ဆဲေရးရင္း ေအာက္နံရံကို ဓားႏွင့္ခုတ္လိုက္၊ အိမ္အေပၚထပ္ကို လွမ္းပစ္လိုက္၊ ေမာလွ်င္ ထိုင္ၿပီး နားလိုက္၊ ေနာက္ၿပီး တစ္စခန္းထလိုက္ႏွင့္ အရြယ္ႏွင့္ မလိုက္ေအာင္ပင္ ေဒါသႏွင့္ ဇြဲသတၱိက ႀကီးလွပါသည္။
“ေဟ့ … ေအာင္ဒြန္း မယားခိုးရဲ႕၊ လူ႔တိရစာၦန္ရဲ႕၊ နင္ ငါ့သားမက္အိပ္ထဲ အတင္းဘိန္းထည့္ၿပီး နင့္ေနာက္ေတာ္ပါ သက္ေသလိမ္ေတြနဲ႔ အမႈဆင္ၿပီး ေထာင္ခ်တယ္ဆိုတာ လူတိုင္းသိၾကတယ္ဟဲ့ …”
ခ်လြမ္ …
ဓားႏွင့္တစ္ခ်က္ ပစ္လိုက္ျပန္သည္။
“နင္ဟာ ဆယ္ခိုင္သူႀကီး၊ ဘုရားကိုးဆူ ဆရာႀကီး၊ ဘိသိက္ဆရာႀကီး၊ ရတုၾသဘာ ဆရာႀကီး၊ ကြက္စိပ္ ဆရာႀကီးဆိုတဲ့ ဂုဏ္ေတြမွ မေထာက္ဘူး ငေအာင္ဒြန္းရယ္၊ ဟို ေမ်ာက္မထားမေရာ ဆင္းခဲ့၊ နင့္ပါ ငါ ႏုတ္ႏုတ္စဥ္းပစ္မဟဲ့။ နင့္အတြက္ ငါ တစ္ခါက၊ ႏွစ္ခါ ရွက္၊ ႏွစ္ခါက သံုးခါရွက္၊ တစ္သက္လံုး ရွက္ေနရမွာလားဟဲ့ … နင္တို႔သတ္ၿပီး ငါပါ ေသပစ္လိုက္မဟဲ့ …”
ဤအခ်ိန္၌ ကၽြန္ေတာ့္မွာ အသက္ ၈ ႏွစ္၊ ၉ ႏွစ္မွ် ရွိဦးမည္ျဖစ္၍ အေဖ့အနားသို႔ ခ်ဥ္းကပ္သြားကာ …
“အေဖရယ္ ဘိုးက ဒီအမယ္ႀကီး ပိန္ပိန္ကေလးမ်ား ဘာလို႔ ေၾကာက္ေနရသလဲ။ ေအာက္ဆင္းၿပီး ဖမ္းလိုက္ေရာေပါ့။ ဘိုးက အားအမ်ားႀကီး ႀကီးတာပဲ မဟုတ္လား။ ႏို႔ၿပီး ဘိုးက သူႀကီး”
“ဟဲ့ … ဘာႀကီးျဖစ္ေနေန ကိုယ္ အမွားလုပ္မိတဲ့အခါ မွန္သူကို ရင္မဆိုင္ဝံ့ေတာ့ဘူး။ ေၾကာက္ေနေရာ၊ ဒါဟာ တရားသေဘာပဲ”
“ကၽြန္ေတာ္ နားမလည္ပါဘူး အေဖရာ”
“ေအး … ငါ့သား ႀကီးေတာ့ နားလည္ပါလိမ့္မယ္”
ထိုအခ်ိန္၌ ကၽြန္ေတာ္သည္ ဘိုးကိုသာ သနားေနေတာ့သည္။ ဘိုးဘက္က ဘယ္သူမွ် ကူညီမည့္လူလည္း မရွိပါလား။ ဒီအမယ္ႀကီးကို လာတားျခင္း၊ ဆြဲငင္ျခင္းလည္း မည္သူမွ် မျပဳၾက။ အကယ္တိ အျခားအိမ္၌သာ ဤသို႔ျဖစ္ေနပါမူ ဘိုးကိုယ္တိုင္ သြားေရာက္စီစဥ္ ျဖန္ေျဖေခ်မည္။
စင္စစ္ေတာ့ သူႀကီးဦးေအာင္ဒြန္း၏ မတရားျပဳမႈကို တစ္ရြာလံုးက မုန္းတီးရြံရွာေနျခင္းျဖစ္သည္။ ျဖစ္ႏိုင္လွ်င္ အမယ္ႀကီးဘက္ကပင္ အကူအညီေပးၾကဦးမည္။ သို႔ေသာ္ ကူညီစရာပင္ မလို၊ အမယ္ႀကီးကား အံ့ဖြယ္ေကာင္းေလာက္ေအာင္ပင္ ဇြဲသတၱိႀကီးလွပါဘိ။ ဤေန႔ ပထမေန႔က နံနက္ ေဝလီေဝလင္းမွသည္ ၁၀ နာရီခန္႔ထိ ဆဲေရးႀကိမ္းေမာင္းၿပီး ထမင္းဆာေသာေၾကာင့္ ျပန္သြားသည္။ ေနာက္ေန႔ နံနက္ ေဝလီေဝလင္း၌ ယမန္ေန႔ကအတိုင္း ျပန္ေရာက္လာၿပီ ယမန္ေန႔ကအတိုင္း ျပဳမူျပန္ေတာ့သည္။
အမယ္ႀကီးသည္ ဤသို႔ခ်ည္း မနက္တိုင္းလာလုပ္၏။
ပၪၥမေျမာက္ ညေနခင္းဝယ္ ဦးေအာင္ဒြန္းႏွင့္ မေခ်ာျဖဴတို႔သည္ ပစၥည္းပစၥယမ်ားကို လွည္းတစ္စီးႏွင့္ တင္၍ ထြက္ခြာသြားၾကေတာ့သည္။
ဤအခင္းျဖစ္ေနခ်ိန္ ဘိုးအိမ္သို႔ မသြားရန္ ကၽြန္ေတာ့္အား တားျမစ္ထား၍ ယင္းညေနလွည္းေပၚ ပစၥည္းေတြ တင္ေနတုန္းမွာ ဘိုးကို ကၽြန္ေတာ္ ေနာက္ဆံုးျမင္လိုက္ရျခင္းပင္ ျဖစ္သည္။ ထိုအခ်ိန္၌ သူ႔အား မည္သူကမွလည္း လာ၍ ႏႈတ္မဆက္ၾကေခ်။
ရြာတြင္ သူႀကီးမရွိေတာ့ေၾကာင္း ၾကားသိရေသာအခါ၌ ဆယ္အိမ္ေခါင္းေတြ ေခၚ၍ ျဖစ္ပံုကို စစ္ေဆးေမးျမန္းၿပီး ဦးေအာင္ဒြန္းအား သူႀကီးရာထူးမွ ခ်လိုက္ကာ ေနာက္ထပ္ သူႀကီးအသစ္ ေရြးေကာက္ပြဲ လုပ္လိုက္ေလသ္ည။
ဦးေအာင္ဒြန္းကား ဂုဏ္သိကၡာ အဖတ္ဆယ္မရေလာက္ေအာင္ က်ဆင္းေလ၍ ရြာသို႔ျပန္ၿပီ မခ်ဥ္းကပ္ရဲေတာ့ေပ။ သူ႔အိမ္ကို သူ႔အမယ္ႀကီးႏွင့္ သမီးသားမက္တို႔ ျပန္၍ေနၾကသည္။
ဦးေအာင္ဒြန္းသည္ ဤမွ မၾကာမီတြင္ စိတ္ေရာလူေရာ ပင္ပန္းဆင္းရဲစြာျဖင့္ ေသဆံုးသြားသည္ဟု ၾကားသိရေလသည္။
💪💪
ReplyDeleteDone 🍀
ReplyDeleteဘာပြောရမှန်းတောင်မသိ
ReplyDeleteအသက်ကြီးမှ ကိုယ့်ဒုက္ခကိုယ်ရှာမိတဲ့ ဘိုး
A moung ta ka a moung sone, ki lay thar amoung pop kwal.😁😁
DeleteClicked 🌸
ReplyDeleteDone
ReplyDeleteDone2UK
DeleteDone 💪
ReplyDeleteDone
ReplyDeleteThis comment has been removed by the author.
ReplyDeleteDone
ReplyDeleteအထက်တန်းကျောင်းသားဘဝက မြန်မာစာချိန် မှာသင်ခဲ့ရတာ အမှတ်ရမိပါတယ်
ReplyDeleteDone
ReplyDeleteDone
Delete