သွားများကို မနာအောင် နုတ်ပေးမည်
သွားများကို မနာအောင် နုတ်ပေးမည်
ကျွန်တော်တို့၏ ပါးစပ်ထဲတွင်ရှိသော ခပ်မာမာ အချောင်းကလေးများကို ဘာကြောင့် “သွား” ဟု ခေါ်ရသလဲဆိုတာ ကျွန်တော် မသိရိုး အမှန်ပါ။ အင်္ဂလိပ်လိုတော့ သွားကို “တု(သ်)” ဟု ခေါ်သည်။ ဒါကအရပ်သုံးစကား။ ပညာရပ်ဆန်ဆန် ခေါ်လျှင်တော့ သွားနှင့်ပတ်သက်သော ကိစ္စများကို “ဒန်တယ်လ်” ၊“ဒန်တစ်စ်” စသည်ဖြင့် သုံးနှုန်းကြသည်။ ပါဠိလိုကျတော့လည်း သွားကို “ဒန္တ” ဟု ခေါ်လေသည်။
ဒီနေရာမှာ ပါဠိအခေါ်အဝေါ် “ဒန္တ” နှင့် အင်္ဂလိပ် အသုံးအနှုန်း “ဒန်တယ်လ်” တို့ ခပ်ဆင်ဆင် ဖြစ်နေသည်ကို တွေ့ရသည်။ ဒါကလည်း သိပ်တော့မဆန်းပါ။ ဥရောပ ဘာသာစကား အတော်များများမှာပါဠိဘာသာနှင့်အတူ အာရှတိုက်အလယ်ပိုင်း ကုန်းပြင်မြင့်ကြီးမှာ မြစ်ဖျားခံခ့ြဲကပြီးမှ အသီးသီး ခွဲဖြာထွက်ခဲ့ကြခြင်းကြောင့် တချို့ စကားလုံးတွေ သွားတူနေကြခြင်း ဖြစ်လေသည်။
သွားနှင့်ပတ်သက်၍ လူရွှင်တော်များ၏ ထင်မြင်သုံးသပ်ချက်ကတော့ တစ်မျိုးဖြစ်၏။ “သွား” ကို “သွား” ဟု မခေါ်သင့်၊ “ခြေ” ဟု ခေါ်သင့်သည်။ အစားအစာများကို ကိုက်ဝါး ကြိတ်ခြေရသောကြောင့်ဖြစ်၏။ ခြေထောက်များကိုသာ “သွား” ဟု ခေါ်သင့်သည်။ ခြေထောက်နှင့်သာ သွားလို့ရသောကြောင့်ဖြစ်သည်ဟု ဆို၏။ ဒါကလည်း အလျဉ်းသင့်လို့ တင်ပြရခြင်းသာ ဖြစ်ပါသည်။ သွားကို ခြေဟုခေါ်သင့်ကြောင်း ထောက်ခံဆွေးနွေးနေခြင်း မဟုတ်ပါ။ လူရွှင်တော်တွေ ပြောသလိုသာ ပြောင်းလဲ
ခေါ်ဝေါ်မည် ဆိုပါက...
လူတစ်ယောက် ပါးကြီးယောင်ကိုင်းပြီး ရှုံ့မဲ့နေတာကို အိမ်နီးနားချင်း တစ်ယောက်က မြင်တော့...
“ဘာဖြစ်လို့လဲဗျ” ဟု မေးမည်။
“ခြေကိုက်လို့ပါဗျာ”
ဟု ဖြေလျှင်...
“ခြေကိုက်တာများဗျာ၊ ခြေဘက်ဆိုင်ရာ ဆေးတက္ကသိုလ်က ပြင်ပလူနာဌာနကို သွားပြပါလား”
“ကျုပ်က ခြေနုတ်ရမှာ ကြောက်တယ်ဗျ”
ဟု ပြောကြသောအခါ ဝေါဟာရတွေ ရှုပ်ထွေးကုန်ပါလိမ့်မည်။ ဒီတော့ သူ့အရှိအတိုင်း ထားတာပဲကောင်းပါသည်။
ကျွန်တော်သည် လူရွှင်တော်တွေကို အားကျလို့ မဟုတ်သော်လည်း ဝါသနာအလျောက် နည်းနည်းတော့ လျှောက်တွေးမိတာလေး ပြောပြချင်ပါသည်။
လူတွေ ဘာကြောင့် သွား သုံးဆယ့်နှစ်ချောင်း ရှိရသနည်း။ သုံးဆယ့်နှစ်ကောဠာသကို ကိုယ်စားပြု ထားတာများလား။ ဒီလိုလည်း ဟုတ်မယ် မထင်ပါ။
ခြေတွေ၊ လက်တွေလို သွားတွေမှာကော ဘယ်သန်၊ ညာသန်ရယ်လို့ ရှိသလားဟု စဉ်းစားကြည့်မိ ပြန်သည်။ ကိုယ့်ဘာသာ ထမင်းစားရင်း ပြန်သတိထားကြည့်တော့ ဘယ်သန်၊ ညာသန် တိတိကျကျ ခွဲခြားလို့မရ။ ကြုံသလို ဝါးလိုက်တာပဲ ဆိုတာသာ တွေ့ရသည်။
ဆရာမောင်အောင်ပွင့်၏ ကဗျာတစ်ပုဒ်တွင်... “ငှက်တစ်ကောင်ရဲ့ အတောင်ပံဟာ ဘယ်သန်သန်၊ညာသန်သန်၊ ဘယ်ကို ပျံသလဲဆိုတာပဲ အရေးကြီးတယ်” ဟု ဆိုထားသည်။ ခုလည်း ဒီလိုပါပဲ။
လူတစ်ယောက်ရဲ့ သွားဟာ ဘယ်သန်၊ ညာသန် ဆိုတာထက် ဘာတွေ စားသလဲ၊ ဘယ်လို စားသလဲဆိုတာက ပိုအရေးကြီးပါသည်။
ကြာကြာဝါးမည့်သွား အရိုးကြည့်ရှောင် ဆိုသော စကားရှိသည်။ အရိုးဆိုတာက သွားတွေလောက်နီးနီး မာကျောသဖြင့် မတော်တဆ သွားတွေ ထိခိုက်ပွန်းပဲ့ကုန်မှာ စိုးသောကြောင့်သတိပေးထားဟန် တူသည်။ တကယ်တော့ အရိုးဆိုတာကလည်း အသားစားနိုင်သူတွေသာ တွေ့နိုင်သောအရာ ဖြစ်၏။ လက်လုပ်လက်စား ဆင်းရဲသားတွေ အတွက်တော့ အထူးရှောင်နေစရာ မလို။အနေသာကြီးပဲ။ သူတို့ စားနိုင်သော အရိုးမျိုးကလည်း သွားကို အန္တရာယ်ပေးနိုင်တာ မဟုတ်။ (ဥပမာ...ကန်ဇွန်းရိုးတို့၊ ဟင်းနုနွယ်ရိုးတို့ပေါ့။)
ဘာပဲဖြစ်ဖြစ် သွားများမှာ သနားစရာကောင်းတာတော့ အမှန်ပဲဖြစ်၏။ သူတို့ခမျာ ကောင်းတာရော၊မကောင်းတာရော၊ မာတာရော၊ ပျော့တာရော၊ ချိုတာရော၊ စပ်တာရော ပါးစပ်ထဲရောက်တာ မှန်သမျှ အားကြိုးမာန်တက် ကြိတ်ဝါးပေးကြရသည်။ အရသာကိုတော့ မခံစားရ။ တကယ် အလုပ်လုပ်ရတာက သွားများဖြစ်ပြီး အရသာကိုတော့ လျှာကသာ သိမ်းကြုံးခံစားလေသည်။ ဒါကြောင့်လည်း သွားတွေက တစ်ခါတစ်ခါ စိတ်နာနာနှင့် လျှာကို ကိုက်မိခြင်း ဖြစ်လိမ့်မည်။
လူတွေက လျှာအရသာခံကောင်းနေလျှင် ကျေနပ်ပြီး မှိန်းနေကြတာပဲ။ ခံတွင်းပျက်ပြီဆိုမှ ဆေးကုဖို့ သတိရသည်။ ဒါတောင် လျှာအတွက်သာ ကုသခြင်း ဖြစ်၏။ သွားတွေကိုတော့ အာခေါင်ထဲချောင်ထိုးထားမြဲပင်။လူတော်တော်များများသည် သွားတွေကို ဂရုမစိုက်ဘဲ ပစ်ထားတာ အစဉ်အလာတစ်ခု လို အကျင့်ကြီးတောင် ပါနေပြီ။ လူတို့၏ ပင်ကိုစရိုက်ကိုက ဖြစ်လာမှ ဆရာဝန်ဆီပြေးပြီး ကုသခံဖို့ ပို၍ စိတ်သန်သည်။ ကြိုတင်ကာကွယ်မှုကို ကရိကထခံ၍ မလုပ်လိုကြ။
လက်ဖက်ရည်တစ်ခွက်၊ မုန့်ဟင်းခါးတစ်ပွဲ ရှစ်ကျပ် တစ်ဆယ်ကို နေ့တိုင်း စားသောက်ချင် စားသောက်မည်။ စီးကရက်တစ်လိပ် နှစ်ကျပ်၊ သုံးကျပ်ကို နှမြောရကောင်းမှန်း မသိဘဲ လက်ကြားညှပ်ချင်ညှပ်မည်။ တစ်ခါဝယ်ထားလျှင် တမေ့တမော သုံးလို့ရသည့် သွားပွတ်တံ တစ်ချောင်းကိုတော့ အစိတ်သုံးဆယ်ထက်ပိုလျှင် ဈေးကြီးသည်ဟု ထင်တတ်ကြသည်။ သွားတစ်ခါတိုက်မှ လက်တစ်ဆစ်လောက် သုံးရသော သွားတိုက်ဆေးကို နှမြောတွန့်တိုတတ်ကြသည်။
သာမန်လူတန်းစားတွေမှာ အစစအရာရာ ချွေတာနေကြရလို့ ဆိုလျှင် ထားပါတော့။တတ်နိုင်သူတွေ၊ ပညာတတ်တွေမှာလည်း သွားကို ဂရုစိုက်သူ ရှားသည်။ နှုတ်ခမ်းကိုသာ ညီညာအောင် ဂရုစိုက် ဆိုးချင်ဆိုးမည်။ လက်သည်းတွေကိုသာ လှပအောင် ညှိချင်ညှိမည်။ ကိုယ်စီးသည့် ကားကိုသာ ပေါ်လစ်ပြောင်အောင် တိုက်ချင်တိုက်မည်။ ကားရှေ့ “ရှဲ” ကိုသာ မထိခိုက်မိအောင် သချင် သမည်။ သွားတွေကို စနစ်တကျ တိုက်ဖို့ သတိမရချင်ကြ။
ဗီဒီယိုကြည့်ဖို့၊ ဘီယာသောက်ဖို့၊ ကာရာအိုကေပွဲ သွားဖို့၊ ပန်းကုံးစွပ်ဖို့ အချိန်တွေအများကြီး ပေးချင်ပေးမည်။ သွားတွေကို နေရာနှံ့အောင်တိုက်ဖို့ နှစ်မိနစ်၊ သုံးမိနစ်လောက် အချိန်ကို မပေးချင်ကြ။
နာလာပြီ၊ ကိုက်လာပြီ၊ ကျင်လာပြီ၊ မရှုနိုင်မကယ်နိုင် ဖြစ်လာပြီဆိုမှ သတိရကြသည်။ ဆရာဝန်တွေက လည်း ပလာယာတွေ၊ ဇာဂနာတွေကို ကိုင်ပြီး အဆင်သင့် စောင့်ကြိုနေကြပါသည်။ သွားများကို မနာအောင် နုတ်ပေးမည် တဲ့။
တချို့က ဆင်ခြေပေးကောင်း ပေးနိုင်သည်။ “တိရစ္ဆာန်တွေ ဘယ်မှာ သွားတိုက်လို့လဲ၊ ခွေးတွေ၊ ကြောင်တွေ သွားနာ သွားကိုက်တယ်လို့ တစ်ခါမှ မကြားဖူးဘူး”
ဟုတ်သလိုလိုတော့ ရှိပါသည်။ သို့ရာတွင် တိရစ္ဆာန်များသည် လူတွေလို အစား မသောင်းကျန်းကြပါ။ သူတို့ စားနေကျ အစာကိုသာ တစိုက်မတ်မတ် စားကြခြင်း ဖြစ်၏။ ပြီးတော့ တိရစ္ဆာန်များသည် ဆေးလိပ်၊ အရက် မသောက်တတ်၊ ကွမ်းမစားတတ်၊ ချောကလက်တို့ သကြားလုံးတို့ မစားကြ၊ ကော်ဖီမစ်တွေ၊ မိုင်လိုတွေ၊ အိုဗာတင်းတွေ မသောက်ကြ။
တိရစ္ဆာန်များ၏ သက်တမ်းမှာလည်း တိုတောင်းသည်။ သွားတွေ အကုန်မကျိုးခင် သေဆုံးကြရသည်သာ ဖြစ်၏။ အကြောင်းကြောင်းကြောင့် စောစောစီးစီး သွားတွေ ကျိုးကုန်လျှင်လည်း အစာမစားနိုင်သဖြင့် သေကြရသည်သာ ဖြစ်၏။ တိရစ္ဆာန်တွေမှာ သွားနာ၊ သွားကိုက် မဖြစ်ဘူး ဆိုတာလည်း မဟုတ်သေးပါ။ ဖြစ်နိုင်ပါသည်။
မပြောတတ်လို့သာ ကြိတ်မှိတ် ခံကြရခြင်း ဖြစ်မည်။ သို့တည်းမဟုတ် သူတို့နည်းနှင့် သူတို့ အနာသက်သာစေသော သစ်ဥသစ်ရွက်တွေ စားပြီး ကုသကြတာလည်း ဖြစ်နိုင်သည်။ သူတို့အနေနှင့် သွားတိုက်ဖို့ ဆိုတာကတော့ မဖြစ်နိုင်သည့် ကိစ္စပဲ။ သဘာဝနည်းနှင့်ပင် သွားတွေကို သန့်ရှင်းရေး လုပ်ကြရဟန် တူသည်။ ဥပမာ ဆင်တွေဆိုလျှင် ကြံစုပ်ခြင်းဖြင့် သွားတိုက်ပြီးသား ဖြစ်သွားနိုင်သည်။ တကယ်လို့ ဆင်တွေသာ သွားတိုက်ရမည် ဆိုလျှင် အစွယ်နှစ်ချောင်းနှင့်ပင် တစ်နေ့ သွားတိုက်ဆေး နှစ်ဘူးလောက် ကုန်ပါလိမ့်မည်။
တကယ် စဉ်းစားကြည့်တော့ လူတွေ သွားကို ဂရုမစိုက်ဘဲ ပစ္စလက္ခ ထားကြခြင်းအတွက်
ဆရာဝန်များနှင့် သွားဘက်ဆိုင်ရာ ဆေးပညာရှင်များမှာလည်း အပြစ်မကင်းလှပါ။ သွားရောဂါတွေဘယ်လောက် ဖြစ်လာလာ၊ ဘယ်လောက် နာနာ၊ ဘယ်လောက် ကိုက်ကိုက် သွားဆရာဝန်တွေဆီရောက်လျှင် ယူပစ်သလို ပျောက်အောင် ကုသပေးနိုင်သည်။
တကယ်လည်း ယူပစ်လိုက်တာပဲ မဟုတ်လား။ သွားနုတ်တယ်ဆိုတာ သွားကို ယူပစ်လိုက်ခြင်းနှင့်အတူတူပဲ မဟုတ်လား။ ထို့ကြောင့်ပင် အချို့ လူနာများက သွားနုတ်ခ ပေးရတာကို မတန်ဘူးဟုထင်နေကြခြင်း ဖြစ်၏။ ကိုယ့်ဆီက သွားတစ်ချောင်းလုံးလည်း နုတ်ယူထားလိုက်သေး၊ ပိုက်ဆံလည်းထပ်ပေးရသေး ဆိုတော့ နာတာပေါ့ဟု တွက်ကြလေ၏။
ဆရာဝန်တွေဘက်က ကြည့်တော့လည်း ဒီသွားတစ်ချောင်းကို နုတ်နိုင်ဖို့အတွက် ရင်းနှီးခဲ့ရတာနည်းတာမှတ်လို့။ နှစ်ပေါင်းများစွာ ကျောင်းတက်ခဲ့ရတာ၊ သွားစိုက်ခုံ တစ်ခုံကလည်း တွင်ခုံ တစ်ခုံစာလောက် ဈေးကြီးနေတာ လူနာတွေ မသိကြ။
စေတနာနှင့် အလကား နုတ်ပေးချင်ပါတယ်ပဲထား။ သွားနုတ်ရာမှာ မနာကျင်စေရန် မေတ္တာဓာတ်ဖြင့် ထုံအောင် လုပ်လို့တော့ မရ။ ထုံဆေးတွေ ဘယ်လောက် ဈေးကြီးနေတယ်ဆိုတာ ထုံဖူးသူတိုင်း သိကြပါလိမ့်မည်။
ဘာပဲဖြစ်ဖြစ် ရောက်လာသမျှ သွားဝေဒနာ အမျိုးမျိုးကို (အမြစ်ပါမကျန်) ပျောက်အောင်ကုသပေးနိုင်တာ အမှန်ပင် ဖြစ်၏။ ကုသသည့် နည်းပညာအသစ်တွေကလည်း အထောက်အကူပြုသည်။အရင်ကလို သွားနာ၊ သွားကိုက်တိုင်း နုတ်စရာ မလိုတော့။ နာနေသောသွားသည် ဆက်ပြီး အသုံးပြုလို့ ရနေသေးလျှင် သွားမျက်နှာပြင်မှ အပေါက်ဖောက်ပြီး ယောင်နေသော အကြောကို ဖြတ်တောက်ပစ်သည်။ ပိုးသတ်သည်။ ပြီးတော့ ဖောက်ထားသော အပေါက်ကို ဖာပေးလိုက်သည်။
သွားတစ်ချောင်း အလဟဿ ဆုံးရှုံးစရာ မလိုတော့။ နောက်ဆိုလျှင် အပေါက်ဖောက်စရာတောင်မလိုတော့ဘဲ အပြင်မှ လေဆာရောင်ခြည်ဖြင့် ကုသလို့ ရနိုင်စရာ ရှိသည်။
သွားပညာရှင်များကလည်း သွားပြုပြင်မှု နည်းပညာ အသစ်အဆန်းတွေ ရှာဖွေ တီထွင်လာကြသည်။ ပါးစပ်ထဲမှာ ခိုးလိုးခုလုဖြစ်ပြီး ကို့ယို့ကားယား နိုင်လှသော အံကပ်နေရာတွင် မေးရိုးမှာ ဝက်အူဖြင့် အသေစုပ်ပြီး တကယ့်သွားလို ဖြစ်အောင် အစားထိုးလာတော့မည်။ နောက်တစ်ဆင့်က သွားအတုကို သံလိုက်မြှုပ်ပြီး ကပ်ထားဖို့ ဖြစ်သည်။ ပွန်းပ့ေဲ နသော သွားတွေကို ကြွေသားပြန်တင်ပေးဖို့လည်း စီစဉ်နေပြီ။
စိန်ကို အရည်ဖော်နိုင်သည့် နည်းပညာ အောင်မြင်လျှင် သွားတွေကို စိန်ရည်သုတ်ထားခြင်းဖြင့် ဘယ်တော့မှ မကျိုးမပဲ့၊ ပိုးမစားတော့ဘဲ အမြဲ အရောင်တလက်လက် တောက်ပစေမည်ဟုလည်း ဆိုသည်။
နောင်တစ်နေ့ကျလျှင် လူက ဝါးစရာမလိုဘဲ သွားတွေက အလိုအလျောက် လှုပ်ရှားပြီး ကြိတ်ဝါးတာမျိုးတောင် ဖြစ်ကောင်း ဖြစ်လာနိုင်သည်။
ဒီလို နည်းပညာ အသစ်အဆန်းတွေ ပေါ်လာလေ၊ လူတွေက သွားတွေကို ဂရုမစိုက်လေပင် ဖြစ်၏။ တစ်ခုခု ဖြစ်လာလျှင် သွားဆရာဝန်တွေ၊ သွားဘက်ဆိုင်ရာ ပညာရှင်တွေက ကြည့်လုပ်ပေးလိမ့်မယ်ဟူသော အတွေးမျိုး ဝင်လာသောကြောင့်ပင် ဖြစ်၏။ ဆရာဝန်အားကိုးနှင့် လုပ်ချင်တာလုပ်၊ စားချင်တာစားနေချင်သလို နေကြပေလိမ့်မည်။
နောက်တစ်ခုက င့ါမှာ သွားသုံးဆယ့်နှစ်ချောင်းတောင် ရှိတာပဲ။ တစ်ချောင်းတစ်လေ ကျိုးသွားလို့
ဘာအရေးလဲ ဆိုပြီး မထေမဲ့မြင် ပြုကြခြင်းလည်း ဖြစ်၏။အမှန်က လူတွေ သတိမမူမိသော အချက်တစ်ချက် ရှိနေသည်။ လူမှာ သွားသုံးဆယ့်နှစ်ချောင်းတောင် ရှိသော်လည်း အစာအိမ်ကတော့ တစ်ခုတည်းသာ ရှိသည့် အချက်ပင် ဖြစ်၏။
သွားတွေများတိုင်း၊ သွားတွေကောင်းတိုင်း နင်းကန်စားလျှင် အစာအိမ်က ခံနိုင်မည် မဟုတ်။
သွားနာလျှင် နုတ်ပစ်လို့ ရသော်လည်း အစာအိမ်ကျတော့ နုတ်ပစ်လို့ရတာ မဟုတ်။ အစာအိမ်ကို
အံကပ်တပ်ပေးလို့ ဖြစ်တာမျိုးလည်း မဟုတ်။
အစာအိမ်ဆိုသည်မှာ တစ်နပ်စာအတွက် ကွက်တိလုပ်ထားခြင်း ဖြစ်၏။ နက်ဖြန်အတွက်၊
တစ်လစာ အတွက်၊ တစ်နှစ်စာ အတွက်၊ တစ်သက်စာ အတွက် ဆိုပြီး ကြိုတင်စားထားလို့ မရ။
သို့တိုင်အောင် လူတွေကတော့ အငမ်းမရ စားနေကြမြဲ ဝါးနေကြဆဲ။
ဘုရားသခင်သည် သွား သုံးဆယ့်နှစ်ချောင်းတောင် ဖန်ဆင်းပေးခဲ့ခြင်းမှာ လူတွေကို တဆိတ်အလိုလိုက်လွန်းသည် ဟူ၍သာ ဆိုရပေတော့မည်။
(ZAWGYI)
သြားမ်ားကို မနာေအာင္ ႏုတ္ေပးမည္
ကၽြန္ေတာ္တို႔၏ ပါးစပ္ထဲတြင္ရွိေသာ ခပ္မာမာ အေခ်ာင္းကေလးမ်ားကို ဘာေၾကာင့္ “သြား” ဟု ေခၚရသလဲဆိုတာ ကၽြန္ေတာ္ မသိ႐ိုး အမွန္ပါ။ အဂၤလိပ္လိုေတာ့ သြားကို “တု(သ္)” ဟု ေခၚသည္။ ဒါက
အရပ္သံုးစကား။ ပညာရပ္ဆန္ဆန္ ေခၚလွ်င္ေတာ့ သြားႏွင့္ပတ္သက္ေသာ ကိစၥမ်ားကို “ဒန္တယ္လ္” ၊
“ဒန္တစ္စ္” စသည္ျဖင့္ သံုးႏႈန္းၾကသည္။ ပါဠိလိုက်ေတာ့လည္း သြားကို “ဒႏၲ” ဟု ေခၚေလသည္။
ဒီေနရာမွာ ပါဠိအေခၚအေဝၚ “ဒႏၲ” ႏွင့္ အဂၤလိပ္ အသံုးအႏႈန္း “ဒန္တယ္လ္” တို႔ ခပ္ဆင္ဆင္ ျဖစ္ေနသည္ကို ေတြ႔ရသည္။ ဒါကလည္း သိပ္ေတာ့မဆန္းပါ။ ဥေရာပ ဘာသာစကား အေတာ္မ်ားမ်ားမွာ
ပါဠိဘာသာႏွင့္အတူ အာရွတိုက္အလယ္ပိုင္း ကုန္းျပင္ျမင့္ႀကီးမွာ ျမစ္ဖ်ားခံခ့ၾဲကၿပီးမွ အသီးသီး ခြဲျဖာထြက္ခဲ့ၾကျခင္းေၾကာင့္ တခ်ိဳ႕ စကားလံုးေတြ သြားတူေနၾကျခင္း ျဖစ္ေလသည္။
သြားႏွင့္ပတ္သက္၍ လူရႊင္ေတာ္မ်ား၏ ထင္ျမင္သံုးသပ္ခ်က္ကေတာ့ တစ္မ်ိဳးျဖစ္၏။ “သြား” ကို
“သြား” ဟု မေခၚသင့္၊ “ေျခ” ဟု ေခၚသင့္သည္။ အစားအစာမ်ားကို ကိုက္ဝါး ႀကိတ္ေျခရေသာေၾကာင့္
ျဖစ္၏။ ေျခေထာက္မ်ားကိုသာ “သြား” ဟု ေခၚသင့္သည္။ ေျခေထာက္ႏွင့္သာ သြားလို႔ရေသာေၾကာင့္
ျဖစ္သည္ဟု ဆို၏။ ဒါကလည္း အလ်ဥ္းသင့္လို႔ တင္ျပရျခင္းသာ ျဖစ္ပါသည္။ သြားကို ေျခဟု
ေခၚသင့္ေၾကာင္း ေထာက္ခံေဆြးေႏြးေနျခင္း မဟုတ္ပါ။ လူရႊင္ေတာ္ေတြ ေျပာသလိုသာ ေျပာင္းလဲ
ေခၚေဝၚမည္ ဆိုပါက...
လူတစ္ေယာက္ ပါးႀကီးေယာင္ကိုင္းၿပီး ႐ႈံ႕မဲ့ေနတာကို အိမ္နီးနားခ်င္း တစ္ေယာက္က ျမင္ေတာ့...
“ဘာျဖစ္လို႔လဲဗ်”
ဟု ေမးမည္။
“ေျခကိုက္လို႔ပါဗ်ာ”
ဟု ေျဖလွ်င္...
“ေျခကိုက္တာမ်ားဗ်ာ၊ ေျခဘက္ဆိုင္ရာ ေဆးတကၠသိုလ္က ျပင္ပလူနာဌာနကို သြားျပပါလား”
“က်ဳပ္က ေျခႏုတ္ရမွာ ေၾကာက္တယ္ဗ်”
ဟု ေျပာၾကေသာအခါ ေဝါဟာရေတြ ႐ႈပ္ေထြးကုန္ပါလိမ့္မည္။ ဒီေတာ့ သူ႔အရွိအတိုင္း ထားတာပဲ
ေကာင္းပါသည္။
ကၽြန္ေတာ္သည္ လူရႊင္ေတာ္ေတြကို အားက်လို႔ မဟုတ္ေသာ္လည္း ဝါသနာအေလ်ာက္ နည္းနည္းေတာ့ ေလွ်ာက္ေတြးမိတာေလး ေျပာျပခ်င္ပါသည္။
လူေတြ ဘာေၾကာင့္ သြား သံုးဆယ့္ႏွစ္ေခ်ာင္း ရွိရသနည္း။ သံုးဆယ့္ႏွစ္ေကာဠာသကို ကိုယ္စားျပဳ ထားတာမ်ားလား။ ဒီလိုလည္း ဟုတ္မယ္ မထင္ပါ။
ေျခေတြ၊ လက္ေတြလို သြားေတြမွာေကာ ဘယ္သန္၊ ညာသန္ရယ္လို႔ ရွိသလားဟု စဥ္းစားၾကည့္မိ ျပန္သည္။ ကိုယ့္ဘာသာ ထမင္းစားရင္း ျပန္သတိထားၾကည့္ေတာ့ ဘယ္သန္၊ ညာသန္ တိတိက်က် ခြဲျခားလို႔မရ။ ႀကံဳသလို ဝါးလိုက္တာပဲ ဆိုတာသာ ေတြ႔ရသည္။
ဆရာေမာင္ေအာင္ပြင့္၏ ကဗ်ာတစ္ပုဒ္တြင္... “ငွက္တစ္ေကာင္ရဲ႕ အေတာင္ပံဟာ ဘယ္သန္သန္၊
ညာသန္သန္၊ ဘယ္ကို ပ်ံသလဲဆိုတာပဲ အေရးႀကီးတယ္” ဟု ဆိုထားသည္။ ခုလည္း ဒီလိုပါပဲ။
လူတစ္ေယာက္ရဲ႕ သြားဟာ ဘယ္သန္၊ ညာသန္ ဆိုတာထက္ ဘာေတြ စားသလဲ၊ ဘယ္လို စားသလဲ
ဆိုတာက ပိုအေရးႀကီးပါသည္။
ၾကာၾကာဝါးမည့္သြား အ႐ိုးၾကည့္ေရွာင္ ဆိုေသာ စကားရွိသည္။ အ႐ိုးဆိုတာက သြားေတြေလာက္နီးနီး မာေက်ာသျဖင့္ မေတာ္တဆ သြားေတြ ထိခိုက္ပြန္းပဲ့ကုန္မွာ စိုးေသာေၾကာင့္သတိေပးထားဟန္ တူသည္။ တကယ္ေတာ့ အ႐ိုးဆိုတာကလည္း အသားစားႏိုင္သူေတြသာ ေတြ႔ႏိုင္ေသာအရာ ျဖစ္၏။ လက္လုပ္လက္စား ဆင္းရဲသားေတြ အတြက္ေတာ့ အထူးေရွာင္ေနစရာ မလို။အေနသာႀကီးပဲ။ သူတို႔ စားႏိုင္ေသာ အ႐ိုးမ်ိဳးကလည္း သြားကို အႏၲရာယ္ေပးႏိုင္တာ မဟုတ္။ (ဥပမာ...ကန္ဇြန္း႐ိုးတို႔၊ ဟင္းႏုႏြယ္႐ိုးတို႔ေပါ့။)
ဘာပဲျဖစ္ျဖစ္ သြားမ်ားမွာ သနားစရာေကာင္းတာေတာ့ အမွန္ပဲျဖစ္၏။ သူတို႔ခမ်ာ ေကာင္းတာေရာ၊
မေကာင္းတာေရာ၊ မာတာေရာ၊ ေပ်ာ့တာေရာ၊ ခ်ိဳတာေရာ၊ စပ္တာေရာ ပါးစပ္ထဲေရာက္တာ မွန္သမွ်
အားႀကိဳးမာန္တက္ ႀကိတ္ဝါးေပးၾကရသည္။ အရသာကိုေတာ့ မခံစားရ။ တကယ္ အလုပ္လုပ္ရတာက
သြားမ်ားျဖစ္ၿပီး အရသာကိုေတာ့ လွ်ာကသာ သိမ္းႀကံဳးခံစားေလသည္။ ဒါေၾကာင့္လည္း သြားေတြက
တစ္ခါတစ္ခါ စိတ္နာနာႏွင့္ လွ်ာကို ကိုက္မိျခင္း ျဖစ္လိမ့္မည္။
လူေတြက လွ်ာအရသာခံေကာင္းေနလွ်င္ ေက်နပ္ၿပီး မွိန္းေနၾကတာပဲ။ ခံတြင္းပ်က္ၿပီဆိုမွ ေဆးကုဖို႔ သတိရသည္။ ဒါေတာင္ လွ်ာအတြက္သာ ကုသျခင္း ျဖစ္၏။ သြားေတြကိုေတာ့ အာေခါင္ထဲ
ေခ်ာင္ထိုးထားၿမဲပင္။လူေတာ္ေတာ္မ်ားမ်ားသည္ သြားေတြကို ဂ႐ုမစိုက္ဘဲ ပစ္ထားတာ အစဥ္အလာတစ္ခု လို အက်င့္ႀကီးေတာင္ ပါေနၿပီ။ လူတို႔၏ ပင္ကိုစ႐ိုက္ကိုက ျဖစ္လာမွ ဆရာဝန္ဆီေျပးၿပီး ကုသခံဖို႔ ပို၍ စိတ္သန္သည္။ ႀကိဳတင္ကာကြယ္မႈကို ကရိကထခံ၍ မလုပ္လိုၾက။
လက္ဖက္ရည္တစ္ခြက္၊ မုန္႔ဟင္းခါးတစ္ပြဲ ရွစ္က်ပ္ တစ္ဆယ္ကို ေန႔တိုင္း စားေသာက္ခ်င္ စားေသာက္မည္။ စီးကရက္တစ္လိပ္ ႏွစ္က်ပ္၊ သံုးက်ပ္ကို ႏွေျမာရေကာင္းမွန္း မသိဘဲ လက္ၾကားညႇပ္ခ်င္
ညႇပ္မည္။ တစ္ခါဝယ္ထားလွ်င္ တေမ့တေမာ သံုးလို႔ရသည့္ သြားပြတ္တံ တစ္ေခ်ာင္းကိုေတာ့ အစိတ္
သံုးဆယ္ထက္ပိုလွ်င္ ေဈးႀကီးသည္ဟု ထင္တတ္ၾကသည္။ သြားတစ္ခါတိုက္မွ လက္တစ္ဆစ္ေလာက္
သံုးရေသာ သြားတိုက္ေဆးကို ႏွေျမာတြန္႔တိုတတ္ၾကသည္။
သာမန္လူတန္းစားေတြမွာ အစစအရာရာ ေခၽြတာေနၾကရလို႔ ဆိုလွ်င္ ထားပါေတာ့။တတ္ႏိုင္သူေတြ၊ ပညာတတ္ေတြမွာလည္း သြားကို ဂ႐ုစိုက္သူ ရွားသည္။ ႏႈတ္ခမ္းကိုသာ ညီညာေအာင္ ဂ႐ုစိုက္ ဆိုးခ်င္ဆိုးမည္။ လက္သည္းေတြကိုသာ လွပေအာင္ ညႇိခ်င္ညႇိမည္။ ကိုယ္စီးသည့္ ကားကိုသာ ေပၚလစ္ေျပာင္ေအာင္ တိုက္ခ်င္တိုက္မည္။ ကားေရွ႕ “ရွဲ” ကိုသာ မထိခိုက္မိေအာင္ သခ်င္ သမည္။ သြားေတြကို စနစ္တက် တိုက္ဖို႔ သတိမရခ်င္ၾက။
ဗီဒီယိုၾကည့္ဖို႔၊ ဘီယာေသာက္ဖို႔၊ ကာရာအိုေကပြဲ သြားဖို႔၊ ပန္းကံုးစြပ္ဖို႔ အခ်ိန္ေတြအမ်ားႀကီး ေပးခ်င္ေပးမည္။ သြားေတြကို ေနရာႏွံ႔ေအာင္တိုက္ဖို႔ ႏွစ္မိနစ္၊ သံုးမိနစ္ေလာက္ အခ်ိန္ကို မေပးခ်င္ၾက။
နာလာၿပီ၊ ကိုက္လာၿပီ၊ က်င္လာၿပီ၊ မ႐ႈႏိုင္မကယ္ႏိုင္ ျဖစ္လာၿပီဆိုမွ သတိရၾကသည္။ ဆရာဝန္ေတြက လည္း ပလာယာေတြ၊ ဇာဂနာေတြကို ကိုင္ၿပီး အဆင္သင့္ ေစာင့္ႀကိဳေနၾကပါသည္။ သြားမ်ားကို မနာေအာင္ ႏုတ္ေပးမည္ တဲ့။
တခ်ိဳ႕က ဆင္ေျခေပးေကာင္း ေပးႏိုင္သည္။ “တိရစာၦန္ေတြ ဘယ္မွာ သြားတိုက္လို႔လဲ၊ ေခြးေတြ၊ ေၾကာင္ေတြ သြားနာ သြားကိုက္တယ္လို႔ တစ္ခါမွ မၾကားဖူးဘူး”
ဟုတ္သလိုလိုေတာ့ ရွိပါသည္။ သို႔ရာတြင္ တိရစာၦန္မ်ားသည္ လူေတြလို အစား မေသာင္းက်န္းၾကပါ။ သူတို႔ စားေနက် အစာကိုသာ တစိုက္မတ္မတ္ စားၾကျခင္း ျဖစ္၏။ ၿပီးေတာ့ တိရစာၦန္မ်ားသည္ ေဆးလိပ္၊ အရက္ မေသာက္တတ္၊ ကြမ္းမစားတတ္၊ ေခ်ာကလက္တို႔ သၾကားလံုးတို႔ မစားၾက၊ ေကာ္ဖီမစ္ေတြ၊ မိုင္လိုေတြ၊ အိုဗာတင္းေတြ မေသာက္ၾက။
တိရစာၦန္မ်ား၏ သက္တမ္းမွာလည္း တိုေတာင္းသည္။ သြားေတြ အကုန္မက်ိဳးခင္ ေသဆံုးၾကရသည္သာ ျဖစ္၏။ အေၾကာင္းေၾကာင္းေၾကာင့္ ေစာေစာစီးစီး သြားေတြ က်ိဳးကုန္လွ်င္လည္း အစာမစားႏိုင္သျဖင့္ ေသၾကရသည္သာ ျဖစ္၏။ တိရစာၦန္ေတြမွာ သြားနာ၊ သြားကိုက္ မျဖစ္ဘူး ဆိုတာလည္း မဟုတ္ေသးပါ။ ျဖစ္ႏိုင္ပါသည္။
မေျပာတတ္လို႔သာ ႀကိတ္မွိတ္ ခံၾကရျခင္း ျဖစ္မည္။ သို႔တည္းမဟုတ္ သူတို႔နည္းႏွင့္ သူတို႔ အနာသက္သာေစေသာ သစ္ဥသစ္႐ြက္ေတြ စားၿပီး ကုသၾကတာလည္း ျဖစ္ႏိုင္သည္။ သူတို႔အေနႏွင့္ သြားတိုက္ဖို႔ ဆိုတာကေတာ့ မျဖစ္ႏိုင္သည့္ ကိစၥပဲ။ သဘာဝနည္းႏွင့္ပင္ သြားေတြကို သန္႔ရွင္းေရး လုပ္ၾကရဟန္ တူသည္။ ဥပမာ ဆင္ေတြဆိုလွ်င္ ႀကံစုပ္ျခင္းျဖင့္ သြားတိုက္ၿပီးသား ျဖစ္သြားႏိုင္သည္။ တကယ္လို႔ ဆင္ေတြသာ သြားတိုက္ရမည္ ဆိုလွ်င္ အစြယ္ႏွစ္ေခ်ာင္းႏွင့္ပင္ တစ္ေန႔ သြားတိုက္ေဆး ႏွစ္ဘူးေလာက္ ကုန္ပါလိမ့္မည္။
တကယ္ စဥ္းစားၾကည့္ေတာ့ လူေတြ သြားကို ဂ႐ုမစိုက္ဘဲ ပစၥလကၡ ထားၾကျခင္းအတြက္
ဆရာဝန္မ်ားႏွင့္ သြားဘက္ဆိုင္ရာ ေဆးပညာရွင္မ်ားမွာလည္း အျပစ္မကင္းလွပါ။ သြားေရာဂါေတြ
ဘယ္ေလာက္ ျဖစ္လာလာ၊ ဘယ္ေလာက္ နာနာ၊ ဘယ္ေလာက္ ကိုက္ကိုက္ သြားဆရာဝန္ေတြဆီ
ေရာက္လွ်င္ ယူပစ္သလို ေပ်ာက္ေအာင္ ကုသေပးႏိုင္သည္။
တကယ္လည္း ယူပစ္လိုက္တာပဲ မဟုတ္လား။ သြားႏုတ္တယ္ဆိုတာ သြားကို ယူပစ္လိုက္ျခင္းႏွင့္
အတူတူပဲ မဟုတ္လား။ ထို႔ေၾကာင့္ပင္ အခ်ိဳ႕ လူနာမ်ားက သြားႏုတ္ခ ေပးရတာကို မတန္ဘူးဟု
ထင္ေနၾကျခင္း ျဖစ္၏။ ကိုယ့္ဆီက သြားတစ္ေခ်ာင္းလံုးလည္း ႏုတ္ယူထားလိုက္ေသး၊ ပိုက္ဆံလည္း
ထပ္ေပးရေသး ဆိုေတာ့ နာတာေပါ့ဟု တြက္ၾကေလ၏။
ဆရာဝန္ေတြဘက္က ၾကည့္ေတာ့လည္း ဒီသြားတစ္ေခ်ာင္းကို ႏုတ္ႏိုင္ဖို႔အတြက္ ရင္းႏွီးခဲ့ရတာ
နည္းတာမွတ္လို႔။ ႏွစ္ေပါင္းမ်ားစြာ ေက်ာင္းတက္ခဲ့ရတာ၊ သြားစိုက္ခံု တစ္ခံုကလည္း တြင္ခံု
တစ္ခံုစာေလာက္ ေဈးႀကီးေနတာ လူနာေတြ မသိၾက။
ေစတနာႏွင့္ အလကား ႏုတ္ေပးခ်င္ပါတယ္ပဲထား။ သြားႏုတ္ရာမွာ မနာက်င္ေစရန္ ေမတၱာဓာတ္ျဖင့္ ထံုေအာင္ လုပ္လို႔ေတာ့ မရ။ ထံုေဆးေတြ ဘယ္ေလာက္ ေဈးႀကီးေနတယ္ဆိုတာ ထံုဖူးသူတိုင္း သိၾကပါလိမ့္မည္။
ဘာပဲျဖစ္ျဖစ္ ေရာက္လာသမွ် သြားေဝဒနာ အမ်ိဳးမ်ိဳးကို (အျမစ္ပါမက်န္) ေပ်ာက္ေအာင္
ကုသေပးႏိုင္တာ အမွန္ပင္ ျဖစ္၏။ ကုသသည့္ နည္းပညာအသစ္ေတြကလည္း အေထာက္အကူ
ျပဳသည္။အရင္ကလို သြားနာ၊ သြားကိုက္တိုင္း ႏုတ္စရာ မလိုေတာ့။ နာေနေသာသြားသည္ ဆက္ၿပီး
အသံုးျပဳလို႔ ရေနေသးလွ်င္ သြားမ်က္ႏွာျပင္မွ အေပါက္ေဖာက္ၿပီး ေယာင္ေနေသာ အေၾကာကို
ျဖတ္ေတာက္ပစ္သည္။ ပိုးသတ္သည္။ ၿပီးေတာ့ ေဖာက္ထားေသာ အေပါက္ကို ဖာေပးလိုက္သည္။
သြားတစ္ေခ်ာင္း အလဟႆ ဆံုး႐ံႈးစရာ မလိုေတာ့။ ေနာက္ဆိုလွ်င္ အေပါက္ေဖာက္စရာေတာင္
မလိုေတာ့ဘဲ အျပင္မွ ေလဆာေရာင္ျခည္ျဖင့္ ကုသလို႔ ရႏိုင္စရာ ရွိသည္။
သြားပညာရွင္မ်ားကလည္း သြားျပဳျပင္မႈ နည္းပညာ အသစ္အဆန္းေတြ ရွာေဖြ တီထြင္လာၾကသည္။ ပါးစပ္ထဲမွာ ခိုးလိုးခုလုျဖစ္ၿပီး ကို႔ယို႔ကားယား ႏိုင္လွေသာ အံကပ္ေနရာတြင္ ေမး႐ိုးမွာ ဝက္အူျဖင့္ အေသစုပ္ၿပီး တကယ့္သြားလို ျဖစ္ေအာင္ အစားထိုးလာေတာ့မည္။ ေနာက္တစ္ဆင့္က သြားအတုကို သံလိုက္ျမႇဳပ္ၿပီး ကပ္ထားဖို႔ ျဖစ္သည္။ ပြန္းပ့ေဲ နေသာ သြားေတြကို ေႂကြသားျပန္တင္ေပးဖို႔လည္း စီစဥ္ေနၿပီ။
စိန္ကို အရည္ေဖာ္ႏိုင္သည့္ နည္းပညာ ေအာင္ျမင္လွ်င္ သြားေတြကို စိန္ရည္သုတ္ထားျခင္းျဖင့္ ဘယ္ေတာ့မွ မက်ိဳးမပဲ့၊ ပိုးမစားေတာ့ဘဲ အၿမဲ အေရာင္တလက္လက္ ေတာက္ပေစမည္ဟုလည္း ဆိုသည္။
ေနာင္တစ္ေန႔က်လွ်င္ လူက ဝါးစရာမလိုဘဲ သြားေတြက အလိုအေလ်ာက္ လႈပ္ရွားၿပီး
ႀကိတ္ဝါးတာမ်ိဳးေတာင္ ျဖစ္ေကာင္း ျဖစ္လာႏိုင္သည္။
ဒီလို နည္းပညာ အသစ္အဆန္းေတြ ေပၚလာေလ၊ လူေတြက သြားေတြကို ဂ႐ုမစိုက္ေလပင္ ျဖစ္၏။ တစ္ခုခု ျဖစ္လာလွ်င္ သြားဆရာဝန္ေတြ၊ သြားဘက္ဆိုင္ရာ ပညာရွင္ေတြက ၾကည့္လုပ္ေပးလိမ့္မယ္ဟူေသာ အေတြးမ်ိဳး ဝင္လာေသာေၾကာင့္ပင္ ျဖစ္၏။ ဆရာဝန္အားကိုးႏွင့္ လုပ္ခ်င္တာလုပ္၊ စားခ်င္တာစား
ေနခ်င္သလို ေနၾကေပလိမ့္မည္။
ေနာက္တစ္ခုက င့ါမွာ သြားသံုးဆယ့္ႏွစ္ေခ်ာင္းေတာင္ ရွိတာပဲ။ တစ္ေခ်ာင္းတစ္ေလ က်ိဳးသြားလို႔
ဘာအေရးလဲ ဆိုၿပီး မေထမဲ့ျမင္ ျပဳၾကျခင္းလည္း ျဖစ္၏။အမွန္က လူေတြ သတိမမူမိေသာ အခ်က္တစ္ခ်က္ ရွိေနသည္။ လူမွာ သြားသံုးဆယ့္ႏွစ္ေခ်ာင္းေတာင္ ရွိေသာ္လည္း အစာအိမ္ကေတာ့ တစ္ခုတည္းသာ ရွိသည့္ အခ်က္ပင္ ျဖစ္၏။
သြားေတြမ်ားတိုင္း၊ သြားေတြေကာင္းတိုင္း နင္းကန္စားလွ်င္ အစာအိမ္က ခံႏို္င္မည္ မဟုတ္။
သြားနာလွ်င္ ႏုတ္ပစ္လို႔ ရေသာ္လည္း အစာအိမ္က်ေတာ့ ႏုတ္ပစ္လို႔ရတာ မဟုတ္။ အစာအိမ္ကို
အံကပ္တပ္ေပးလို႔ ျဖစ္တာမ်ိဳးလည္း မဟုတ္။
အစာအိမ္ဆိုသည္မွာ တစ္နပ္စာအတြက္ ကြက္တိလုပ္ထားျခင္း ျဖစ္၏။ နက္ျဖန္အတြက္၊
တစ္လစာ အတြက္၊ တစ္ႏွစ္စာ အတြက္၊ တစ္သက္စာ အတြက္ ဆိုၿပီး ႀကိဳတင္စားထားလို႔ မရ။
သို႔တိုင္ေအာင္ လူေတြကေတာ့ အငမ္းမရ စားေနၾကၿမဲ ဝါးေနၾကဆဲ။
ဘုရားသခင္သည္ သြား သံုးဆယ့္ႏွစ္ေခ်ာင္းေတာင္ ဖန္ဆင္းေပးခဲ့ျခင္းမွာ လူေတြကို တဆိတ္
အလိုလိုက္လြန္းသည္ ဟူ၍သာ ဆိုရေပေတာ့မည္။
Done 🍀
ReplyDeleteပေါက်ပေါက်ရှာရှာဗျာ :D
Deleteတွေးလည်း တွေးတတ်ပါ့ ဆရာရယ်
ReplyDeleteဖတ်ရင်းပြုံးမိတယ်
ကိုယ်ကတော့ သွားကိုဂရုစိုက်တဲ့ထဲမှာပါတယ်။
ဒီဆောင်းပါးလေးမျှဝေပေးလို့ကျေးဇူးပါ ♡
Sayar Min Luကိုသိပ်သဘောကျတာပေါက်"ရှာ"တွေးတတ်လို့ကို☺️
ReplyDelete👍
ReplyDelete😊Clicked 🌸
ReplyDeleteသွားဘယ်သန်ညာသန်ရှိတယ်ထင်တာပဲ
ReplyDeleteကိုယ်ကဘယ်သန် မလို့ဘယ်နဲ့ဝါးရတာပိုဘက်သင့်ပြီးဆင်ေပြတယ်😁ညာနဲ့ေပြာင်းဝါးရင်ဆင်မေပြဘူး
Done UK
ReplyDelete😁သွားဖြဲပြီး ရယ်နိုင်တဲ့ချိန် အမြန်ရောက်အောင် ကြိုးစားထားကြမယ်💪
ReplyDeleteသွားတွေက စိတ်နာနာနှင့် လျှာကို ကိုက်မိတယ်ဆိုတဲ့ စာကြောင်းလေး သဘောကျမိ😄
ReplyDeleteDone 💪
ReplyDeleteWheel.........dope🏹🏹🏹
ReplyDeleteDone
ReplyDeleteGood story!
ReplyDelete💪💪💪
ReplyDelete