ကျွန်တော်နှင့် ကလေးစစ်သား
Unicode
(၁)
အမှောင်သည် ယိမ်းထိုးနေ၏။
ဟုတ်ပါသည်။
လှုပ်ယိမ်းခါယမ်းနေသော ရထားပြတင်းပေါက်မှတဆင့် အပြင်ဘက် မြင်ကွင်းကို ကြည့်လျှင် အမှောင်သည် ယိမ်းထိုးနေပေသည်။
ကျွန်တော့်ရှေ့တွင် ရှိသောဆရာကြီးမောင်ထူး နှင့် တပ်ကြပ် တို့ နှစ်ယောက်ကား တခူးခူး အိပ်ပျော်နေကြပြီ။
အခု သူတို့ ဆီက ဟောက်သံသည် ရထားသံထက်ပင် တစ်ခါတစ်ခါကျယ်လောင်လာ၏။
သူတို့ ပင်ပန်းကြရော့ပေ့ါ။ ခုနက ဘုရင်နောင် ဒညင်းကုန်းဘူတာမှ ရန်ကုန်ဘူတာကြီးဆီ လာသော မြို့ပတ်တွဲပေါ်တွင် သူတို့နှစ်ယောက် အချင်းချင်း စကားများပြီး နပန်းသတ်ခဲ့ကြသည်ပဲ။
နို့..အပေါ်တွင် စစ်ယူနီဖောင်းကို ဝတ်ထားပြီး အောက်တွင် ဂျင်းဘောင်းဘီဒဲ့ပွ အပြာရောင်ကို ဝတ်ထားသည့် ကျွန်တော်ကရော…သူတို့ နဲအတူ ဘယ်က ဘယ်လို ပါလာရသနည်း။
ဇာတ်လမ်းက အခုမှ စမှာပါ။
………………………………………………………………………………….
(၂)
၂၀၀၃ ခုနှစ်၊ ကျွန်တော် ဆယ်တန်းအောင်သည့်နှစ်တွင်ပင် ကျွန်တော်တို့အိမ်၏ စီးပွားရေးထိုးကျသွားခဲ့သည်။
အဖေ က မိသားစုဝမ်းရေးအတွက် နိုင်ငံရပ်ခြားကို ထွက်သွားခဲ့သည်။
ပထမနှစ်များတွင် အဖေ နိုင်ငံခြားမှ ပို့သောငွေသည် အဖေ နိုင်ငံခြားထွက်ဖို့ အရေး ချေးငှားခဲ့ရသည်များနှင့် လုံးလည်လိုက်ခဲ့သည်။
အမေ့ ၏ ကျောင်းဆရာမလစာနှင့် ကျွန်တော်တို့ ချွေတာစားခဲ့ကြသည်။
ဆယ်တန်းအောင်ပြီးစ ကျွန်တော်သည် တက္ကသိုလ်တက်ရတော့မည်။ သို့သော် နေ့ကျောင်းတက်ဖို့တက် မိသားစုအတွက် ဝင်ငွေရှာပေးပြီး ကျောင်းတက်ဖို့သာ အခြေအနေက ဖန်တီးပေးနေသည်။
အဝေးသင်တက္ကသိုလ်ပထမနှစ်သင်တန်းများ မတက်မီတွင်ပင် ကျွန်တော် အလုပ်ထွက်လုပ်ရတော့သည်။
အဲ့ဒီတုန်းက ကျွန်တော့်အသက် (၁၆)နှစ်ကျော်ခါစ။
ကျွန်တော့်ရပ်ကွက်ထဲမှ သူငယ်ချင်းတစ်ယောက်အကူအညီဖြင့် ပဲခူးဈေးကြီးထဲမှ Ginvera ခေါင်းလျှော်ရည် ကိုယ်စားလှယ်ထံတွင် အရောင်းဝန်ထမ်း ဝင်လုပ်ရသည်။
ကိုယ်စားလှယ်အန်တီကြီးကလည်း အခုမှ ကိုယ်စားလှယ်ရခါစ။
ကျွန်တော်ကလည်း အခုမှ အလုပ်စလုပ်ဖူးတဲ့ ဆယ်ကျော်သက်။
ဝန်ထမ်းကလည်း ကျွန်တော်တစ်ယောက်တည်း။
Ginvera ကုမ္ပဏီမှ စူပါဗိုက်ဆာအကိုကြီးတစ်ဦးက တစ်လတွင် နှစ်ရက်လာပြီး ကျွန်တော့်ကို အရောင်းနည်းတွေ လက်တွေ့လိုက်သင်ပေးသည်။
ဒီလိုနှင့် ကျွန်တော် အရောင်းသမားပေါက်စဖြစ်လာသည်ဆိုပါစို့။
မှတ်မှတ်ရရ လစာက တစ်လခြောက်ထောင်ဖြစ်သည်။ထိုစဉ်က အမေ့ ကျောင်းဆရာမလစာသည် သုံးထောင်သာ။ ဒီတော့ မိသားစုအတွက် အတော်လေးအထောက်အကူဖြစ်သည့် အခြေအနေ။
ကျွန်တော်အရောင်းနယ်က အင်းတိုင် စီအိုတီဈေး ကစပြီး မွန်ပြည်နယ် ကျိုက်ထိုအထိဖြစ်သည်။
ကြားထဲ အင်းတကော်၊ ပဲခူး၊ သနပ်ပင်၊ ဒိုက်ဦး၊ ဝေါ၊ သိမ်ဇရပ် တို့ ပါသည်။
ကျွန်တော့်အလုပ်က တနင်္လာနေ့ဆိုလျှင် ဂျင်ဗဲရားခေါင်းလျှော်ရည်၊ သံလွင်ဆီ၊နို့ရည် စသော ကော်စမတ်တစ်များ၊ ဖက်ရှင်ဆပ်ပြာခဲ၊ ဘိုင်အိုဆော့ခေါင်းလျှော်ရည် စသည်တို့ပါသည့် အိတ်ဖြင့် ပဲခူးပတ်လည် မြို့တွေထဲ့ ဈေးတွေ ဆီ သွားရသည်။
ကုန်စုံဆိုင်များ ၊ အလှကုန်ဆိုင်များကို ဝင်ပြီး ပစ္စည်းနမူနာပြ၊ ကုန်အမှာကောက်ရ၏။ သူတို့ကလည်း ပစ္စည်းတစ်ခုချင်းစီကို ရောင်းသည့်အခါ ပြန်ရှင်းပြရသည်မို့ ပစ္စည်းတစ်ခုချင်းစီ၏ အသုံးပြုပုံ၊ အသုံးဝင်ပုံကို ကျွန်တော်က သေချာရှင်းပြရသည်။
ကုန်အမှာစာရင်း ကောက်ပြီးလျှင် ကျွန်တော်ပဲခူးကို ပြန်လာ။
အင်္ဂါ ၊ ဗုဒ္ဓဟူး၊ ကြာသပတေးရက်များတွင်တော့ ပဲခူးဈေးကြီးထဲက ဆိုင်များ၊ မြို့ထဲက ဆိုင်များတွင် ပစ္စည်းစပ်ချင်စပ်၊ အမှာလိုက်ပို့ချင်လိုက်ပို့၊ နယ်များမှ မှာသော စာရင်းအတိုင်း ပစ္စည်းများ အဆင့်သင့်ထုတ်ပိုးတာမျိုး လုပ်ရသည်။
ကိုယ်စားလှယ်အမကြီး၏ ကုန်စုံဆိုင်ဘေးတွင် အခန်းတစ်ခန်းငှားကာ ကျွန်တော့်ရုံးခန်းဂိုထောင် လုပ်ပေးထားသည်။
သောကြာနေရရောက်လျှင်တော့ ပို့ရမည့် ပစ္စည်းများကို လိုင်းကားနှင့်တင်ပြီး နယ်မြို့များသို့ တစ်ဈေးဝင် တစ်ဈေးထွက် လိုက်ပို့ရတော့သည်။
ပို့ရာတွင် လိုင်းကားဖြင့် ပို့ရသဖြင့် အတော် ကရိကထများသော ကိစ္စဖြစ်သည်။
တစ်မြို့ထဲသို့ ပို့ရလျှင် ကိစ္စမရှိသော်လည်း လမ်းကြောင်းပေါ်မှ နှစ်မြို့ သုံးမြို့ သို့ ပို့ရသည့်အခါ ပစ္စည်းစက္ကူဖာများဖြင့် ကျွန်တော့်မှာ တော်တော် ခေါင်းစားရသည်။
ဥပမာ ကျိုက်ထိုလမ်းကြောင်းဆိုလျှင် လမ်းမြို့များဖြစ်သော ဝေါ နှင့် သိမ်ဇရပ်သို့ ဝင်ရသည်။
ဝေါမှ ပစ္စည်းအကုန်ချ။ ဝေါဈေးထဲမှ ဆိုင်တစ်ခုခုကို ရင်းနှီးအောင်ပေါင်းပြီး ကိုယ့်ပစ္စည်းတွေ ခဏအပ်။
ဝေါဈေးထဲက အမှာဆိုင်တွေလိုက်ပို့၊ ငွေသိမ်း။
ပြီးရင် သိမ်ဇရပ်ကို ဆက်သွား။ ဒီလိုပဲ ဆိုင်တစ်ဆိုင်မှာ ပစ္စည်းအပ်။ လိုက်ပို့။ ပြီးလျှင် ကျိုက်ထိုဆက်သွား။
ကျိုက်ထိုမှာ ပစ္စည်းပို့ ပြီးလျှင် ကျွန်တော့်အိတ်ထဲမှာ ငွေက လေးငါးခြောက်သိန်းဖြစ်နေပြီ။ တစ်ထောင်တန်ခေတ်ဆိုတော့ ပိုက်ဆံထုတ်ကြီးဖောင်းဖောင်းနှင့် ဈေးထဲက မျက်လုံးပေါင်းရာချီရှေ့ သွားလာနေရသည်။
အဲ့ဒီအချိန်ဆို ဗိုက်ကလည်းဆာ၊ မောကလည်းမောနှင့် လူကလည်း တော်တော်ပြိုင်းနေပြီ။
တခြားကုမ္ပဏီတွေလို ရောင်းမောင်းကားမျိုးနှင့်ဖြန့်တာမဟုတ်ပဲ..ကိုယ်စားလှယ်က တဆင့်ဆိုတော့ လိုင်းကားနှင့်ဖြန့်ရသည်မှာ အတော်လေးကို ပင်ပန်းသော ကိစ္စဖြစ်သည်။
ဒါပေမယ့် မတတ်နိုင်။
ဒီလိုနှင့် ကျွန်တော့် အရောင်းသမားလုပ်သက် တစ်နှစ်ရှိလာသည်။ တားဂတ်တွေ မှီအောင် ရောင်းနိုင်သဖြင့် လစာတွေ၊ ဘောနပ်စ်တွေ ခုန်တက်သွားသည်။
အဝေးသင်ပထမနှစ် ကို ချောင်ချောင်လည်လည်ဖြင့် တက်လိုက်နိုင်သည်။
အရောင်းသမားဘဝမှာ ကျွန်တော်ပျော်လာသည်။
ပစ္စည်းတွေလိုက်ပို့လိုက်၊ ငွေထုတ်ကြီးပိုက်ပြီး ပြန်လာလိုက်နှင့် ပေါ့ပေါ့တန်တန်ပင်။
ဆယ်ကျော်သက်အရွယ်မို့ လူတိုင်းကို ကိုယ့်လိုသာထင်ပြီး ကျွန်တော် ပေါ့ဆခဲ့ပါသည်။
အဲ့ဒါကပဲ ဒီဇာတ်လမ်း၏ အစဖြင်လာတော့၏။
(၃)
မှတ်မှတ်ရရ နိုဝင်ဘာလ တစ်ရက်ထဲ ကျွန်တော် ကျိုက်ထိုလမ်းကြောင်းသို့ ပစ္စည်းသွားပို့ရသည်။
လမ်းမြို့ဖြစ်သည့် ဝေါတွင် ပို့သည့်ဆိုင်တစ်ဆိုင်က ပစ္စည်းမှားပါသွားသဖြင့် အတော်တောင်းတောင်းပန်ပန်ဖြင့် ရှင်းယူလိုက်ရသဖြင့် လူရော စိတ်ပါ ပင်ပန်းနေပြီဖြစ်သည်။
ကျိုက်ထိုဈေးထဲရောက်တော့ ကျွန်တော် ထမင်းမစားရသေး။
နေ့လည်တစ်နာရီထိုးပြီ။
ဈေးထဲသို့ ပစ္စည်းများပတ်ပို့ ငွေသိမ်းပြီးချိန်တွင် နေ့လည် သုံးနာရီထိုးလုလုဖြစ်သွားပြီ။
ကျွန်တော့်အိတ်ထဲ ငွေလေးသိန်းကျော် လည်း ပါလာပြီဖြစ်သည်။
ပဲခူးသို့ ပြန်ရန် ကျိုက်ထိုရှမ်းဈေးရှေ့ မှ ပဲခူး - ကျိုက်ထို ဟိုင်းလတ်ကားတစ်စီးပေါ် ကျွန်တော် တက်ထိုင်လိုက်သည်။
ကျွန်တော်တက်ထိုင်ချိန်တွင် ကားပေါ်မှာ ဘယ်သူမှ မရှိသေး။
ကားပေါ်ထိုင်နေရင်း ကားဘေးကပ်လျက် အသုတ်ဆိုင်ကို မြင်လိုက်ရသည်။ ခေါက်ဆွဲသုတ်မွှေးမွှေးနှင့် ဟင်းခါးရည်အနံ့က ကျွန်တော့်ကို ဆွဲဆောင်နေသည်။
ဒီတော့မှ ဗိုက်ဆာနေသည်ကို ကျွန်တော်သိရသည်။
ကျွန်တော် ကားပေါ်က ဆင်းပြီး အသုတ်တစ်ပွဲမှာလိုက်၏။ ဗိုက်ဆာနေသည်မို့ ခေါင်းမဖော်တမ်းကျွန်တော်စားလိုက်သည်။
အသုတ်ဖိုး နှစ်ရာကျသည့်အတွက် ဘောင်းဘီအိတ်ထဲမှ ငါးရာတန်တစ်ရွက်ထုတ်ရှင်းလိုက်သည်။
အသုတ်သည်က ငွေသုံးရာပြန်အမ်းသည်။
ကားပေါ်တွင် ဘယ်သူမှ မရှိသေး။
ပိုက်ဆံမြင်မှ ကျွန်တော့်ပိုက်ဆံထုတ်ကို ကျွန်တော်သတိရသွား၏။
အရင်က လူနှင့်မကွာ ပိုက်ဆံထုတ်ကို ဆောင်နေကျ။ ဒီနေ့မှ ဘယ်လိုဖြစ်သည်မသိ။
ကျွန်တော် ဟိုင်းလတ်ကားပေါ် လှမ်းကြည့်လိုက်တော့ ရွှေဆိုင်မှပေးသည့် အိတ်မျိုးုနှစ်ထပ်နှင့် ထုတ်ထားသည့် ကျွန်တော့်ပိုက်ဆံအိတ်ကို တွေ့လိုက်ရသည်။
ဒီတော့မှ ကျွန်တော်ရင်အေးသွားပြီး ကားပေါ် တက်လိုက်သည်။
ကားပေါ်ရောက်ပြီး အိတ်ကို ကိုင်ကြည့်လိုက်တော့..အိတ်ထဲတွင် ဈေးထဲအလှကုန်ဆိုင်မှ ပြန်လဲခိုင်းလိုက်သည့် ကော်စမတ်တစ်အထုတ်သာရှိပြီး ပိုက်ဆံလေးသိန်းကျော်ထည့်ထားသည့် အိတ်က မရှိတော့။
ကျွန်တော် ပြာဝေမူးနောက်သွားသည်။
''ကျွန်တော့် ပိုက်ဆံအိတ်..ကျွန်တော်ပိုက်ဆံအိတ်..တွေ့မိကြသေးလားဗျာ..လုပ်ပါဦးဗျာ..ဒီကားပေါ် ခုန ဘယ်သူလာသေးလဲ..ပိုက်ဆံတွေပါသွားပြီဗျာ''
ခပ်လှမ်းလှမ်းတွင် ထိုင်နေသည့် ကားဒရိုင်ဘာကို ကျွန်တော်မေးသည်။ အသုတ်သည်ကြီးကို မေးသည်။
အနီးတဝိုက်က လူတွေကို အရူးလို ကျွန်တော် လိုက်မေးသည်။
ဘယ်ကမှ အဖြေမရ။
သွားပြီ။
ငွေလေးသိန်း။
ကျွန်တော့်အဖေ နိုင်ငံခြားတွင် တစ်လလုံးလုပ်ပြီးတောင်မှ တစ်လ ငွေနှစ်သိန်းလောက်ပဲ ပို့နိုင်သည့်အချိန်။
ကျွန်တော်က ငွေလေးသိန်းကို ဖျောက်ပစ်လိုက်မိပြီ။
အရင်ဆုံး ကျွန်တော့်စိတ်တွင် ဝင်လာသည်က အမေ။ စားစရာမရှိ လျော်စရာရှိလာသည့် ကိစ္စ။
အဲ့ဒီတုန်းက ငွေလေးသိန်းဆိုသည်က ကျွန်တော်တို့လို လူလတ်တန်းစားမိသားစုအတွက် အတော်များသည့် ပမာဏ။
ဘဝတွင် ထိုမျှ များပြားသောငွေများကိုလည်း ဒီအလုပ်လုပ်မှ ကိုင်ဖူးခြင်း။
ကျွန်တော့်ခေါင်းတွေ ထူပူနေသည်။
ကျွန်တော့် အလုပ်ရှင်ကို ဘယ်လိုမျက်နှာပြရမလဲ။ အမေ့ကိုရော ဘယ်လိုပြောရမလဲ။
အဖေနိုင်ငံခြားမှာ ပင်ပင်ပန်းပန်းလုပ်ပြီးရှာထားတဲ့ နှစ်လစာလောက်ကို ကျွန်တော်က ဘယ်က ရှာစိုက်ပေးရမလဲ။
အဲ့ဒီအချိန် (၁၇)နှစ်သားတစ်ယောက်ရဲ့ အတွေးထဲမှာ ဒီ ဖိအားတွေကြားက ထွက်ပြေးချင်စိတ်ပဲ ကျွန်တော့်မှာ ပေါက်လာတယ်။
ကျွန်တော့်အိတ်ကပ်ထဲ စမ်းကြည့်တော့ ခုန အဒေါ်ကြီး အမ်းလိုက်တဲ့ ငွေသုံးရာပဲ ရှိတော့သည်။
ကားခနှင့် အခြားခရီးစရိတ်ပိုက်ဆံများကိုလည်း ခုန ပိုက်ဆံအိတ်နှင့်အတူပါသည့် စာအုပ်ကြား ကျွန်တော် ညှပ်ထားခဲ့သည်မို့ သူခိုးထံ ပါသွားခဲ့သည်။
လောလောဆယ် ကျွန်တော် ပဲခူးကို ဘယ်လို ပြန်ရမည်ပင် မသိတော့။ ကားသမားကို တောင်းပန်ပြီး စီးသွားမယ်။ ပဲခူးပြန်မယ်ပဲ ဆိုပါစို့။
ကျွန်တော် ရင်ဆိုင်ရမှာတွေက..။
ပထမဆုံး ပစ္စည်းတွေ ယူသွားပြီး ငွေပြန်မပါလာတဲ့အတွက် ကိုယ်စားလှယ်အမ နဲ့ ရင်ဆိုင်ရမယ်။ ပြီးရင် ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက်နဲ့ လှုပ်ရှားရုန်းကန်နေရတဲ့ အမေ။ နိုင်ငံရပ်ခြား ပင်ပင်ပန်းပန်းအလုပ် သွားလုပ်နေတဲ့ အဖေ။
မိသားစုစားဝတ်နေရေး အထောက်အကူရအောင် အလုပ်ထွက်လုပ်ခါမှ မိသားစုကို ဒုက္ခပေးမိသည့်အဖြစ်။
ကျွန်တော့်မှာ သူတို့ကို ရင်ဆိုင်ဖို့ သတ္တိတွေမရှိတော့။ (နောက်ပိုင်းတွင်တော့ ဆယ်ကျော်သက်ဘဝက ထိုသင်ခန်းစာသည် ကျွန်တော့်ဘဝတွင် အဆိုးဆုံးအခြေအနေတွေကို ထိပ်တိုက်ရင်ဆိုင်ပစ်နိုင်သည်အထိ အသုံးဝင်ခဲ့ပါသည်)
ကျွန်တော် ဘာလုပ်ရမှန်းမသိတော့။
ကျွန်တော် ဘာဖြစ်သွားမှန်းလည်း ကျွန်တော်မသိတော့။ ကျွန်တော့်ကိုယ် ကျွန်တော် သိတာက ကျွန်တော် ကျိုက်ထိုမြို့က လမ်းတစ်ခုပေါ်မှာ ခြေဦးတည့်ရာလျှောက်နေသည်ဆိုတာပါပဲ။
အခုခေတ် တို့ဆေးမိပြီး ဘာမှ မသိဖြစ်သွားသည် ဆိုတာမျိုး လို ကျွန်တော်က ဘယ်သူမှ လာမတို့ပဲ လူက အသိစိတ်မဲ့နေခဲ့သည်။
နောက်တော့ လမ်းလျှောက်လာရင်း ကျိုက်ထိုဘူတာဆိုသည့် အဆောက်အဦတစ်ခုကို တွေ့လိုက်သည်။
ကျွန်တော့်ခေါင်းထဲ အတွေးတစ်ခု ဝင်လာ၏။
''ငါ ဒီအချိန်ပျောက်သွားရင်…မချို (ကိုယ်စားလှယ်အမ) တို့ရော၊ အမေတို့နဲ့ရော ရင်ဆိုင်စရာမလိုတော့ဘူး.. အမေလည်း မချိုတို့ ကို လျော်စရာမလိုဘူး..ငါ ပါ ပျောက်နေတာဆိုတော့ သူတို့ တစ်ခုခု ထင်မှာပဲ..အဲ့ဒီအချိန် ငါ ကျိုက်ထို ကိုဖြတ်တဲ့ ရထားနဲ့ ရေး၊ထားဝယ် ဘက်လိုက်သွားမယ်။ ကော့သောင်းရနောင်းဘက်မှာ အလုပ်ကြမ်းလုပ်ပြီး ဒီငွေကို ပြန်ရအောင်ရှာမယ်။ ပြည့်မှ ပဲခူးပြန်ပြီး ပြန်လျော်ပေးမယ်''
ထိုအတွေးဖြင့် ကျွန်တော် ကျိုက်ထို ဘူတာရုံထဲသို့ ဝင်လိုက်သည်။
ကျွန်တော်ငယ်ငယ်က ဖတ်ခဲ့သည့် မင်းသိင်္ခ၊ မင်းမြတ်သူရတို့ ဝတ္ထုတွေထဲကလို ရထားကို ခိုးစီးသွားမည်။ ဟိုမှာရောက်ရင် ကြုံသလိုနေစားပြီး အလုပ်လုပ်မည်၊ အဆင်ပြေမည် ဟု ထင်ခဲ့သည်။
ဘူတာတွင်လည်း ရေး၊ ထားဝယ်ရထား ဆိုက်လိမ့်မည်ဟု ကျွန်တော် တွေးမိလိုက်သည်။
ကျိုက်ထိုဘူတာကား ခြောက်ကပ်နေသည်။
ရထားပါးချိန်မို့ ခရီးသည်က မရှိသလောက်။
ခရီးသည်များထိုင်ရန်လုပ်ထားသည့် ခုံးတန်းတစ်ခုတွင် တစ်ဦးတည်းထိုင်နေသော လူတစ်ယောက်ကို ကျွန်တော် သတိထားမိလိုက်သည်။
အသက်က လေးဆယ့်ငါးနှစ်လောက်၊ အထုတ်အပိုးများမပါပဲ အဝတ်အစာနွမ်းနွမ်းနှင့်မို့ ဘူတာနားနေသည့် မြို့ခံတစ်ဦးဖြစ်မည်ဟု ကျွန်တော် တွက်လိုက်သည်။
ရေး၊ထားဝယ်ဘက်သွားမည့် ရထားချိန် မေးလျှင် ရတန်ကောင်းသည်ဟု ဆိုကာ သူ့ထံသို့ ကျွန်တော် လျှောက်သွားလိုက်သည်။
''ဦးလေး..ဟို..ရေး ဘက် သွားတဲ့ ရထား က ဘယ်အချိန်လာမှာလဲဗျ''
သူက ကျွန်တော့်ကို သေချာကြည့်ပါတယ်။
အဲ့ဒီအချိန်မှာ သူ့မျက်လုံးတွေဟာ ငါးမျှားနေတဲ့ တံငါသည်တစ်ယောက်လို၊ အမဲလိုက်နေတဲ့ မုဆိုးတစ်ယောက်လို ဖြစ်နေလိမ့်မယ်လို့ နောက်ပိုင်း ကျွန်တော် ပြန်တွေးမိပါတယ်။
''ညီလေးက..ဘာသွားလုပ်မလို့လဲ..အဲ့ဒီကို''
''ကျွန်တော် ကော့သောင်း၊ရနောင်းဘက် အလုပ်သွားလုပ်ချင်လို့ပါ''
''ညီလေး ပုံစံနဲ့……ဟုတ်လို့လားကွာ''
သူပြောလည်း ပြောချင်စရာပင်။
ထိုစဉ်က ကျွန်တော့်ပုံစံ ဂျင်ဗဲရားကုမ္ပဏီမှ ယူနီဖောင်းအဖြစ် ပေးထားသော ခဲရောင်စပို့ရှပ် ၊ အောက်က အပြာရောင်ဒဲ့ပွဂျင်းဘောင်းဘီရှည်နှင့်။ ဖိနပ်ကလည်း အယ်ရိုဆော့ကွင်းထိုးဖိနပ်။ ဆံပင်ကလည်း ဂျယ်တွေဖြင့် ပန့်ခ်ကေထောင်ထားလိုက်သေးသည်။
ဒီတော့ လူက ရထားစီးပြီး နယ်စပ်အလုပ်သွားလုပ်မည့် ပုံ တစ်စက်မှ မထွက်။ ကုမ္ပဏီဝန်ထမ်း Saleman ဟန်ပန်က အပြည့်။
''မင်း တစ်ခုခုပါကွာ…ငါ မှန်းလိုက်မယ်..မင်း အိမ်က ထွက်ပြေးလာတာမဟုတ်လား''
ဒီတော့မှ ကျွန်တော် အလုံးကြီး ကျသွားတော့သည်။
ကံကောင်းသည်က ဂျင်ဗဲရားမှ ထုတ်ပေးသော ယူနီဖောင်းသည် ခဲရောင်စပိုရှပ်ပေါ်တွင်မှ ဂျင်ဗဲရားလိုဂိုအနီလေး တစ်ခုသာ ပါသဖြင့် ရိုးရိုးစပို့ရှပ်လို ဖြစ်နေသဖြင့် ကျွန်တော့်ကို ကုမ္ပဏီဝန်ထမ်းလို့ သူမထင်ခြင်းပင်။
အိမ်မှ ထွက်ပြေးလာသည့် ကောင်လေးဟု သူထင်သွားပုံရ၏။
ကျွန်တော်လည်း စိတ်တွေ ထွေပြားထူပူနေချိန်မို့ သူ့ကို ဘာမှ မရှင်းပြချင်။ ဒီနေရာ ဒီအခြေအနေက မြန်မြန်လွတ်မြောက်လိုစိတ်သာ ကြီးစိုးနေတော့သည်။
''ဟုတ်တယ်..ဦးလေး..ကျွန်တော် အိမ်မှာ မနေချင်တော့လို့..အိမ်နဲ့ ကွိုင်လာတာဗျာ''
ဘဲကြီးက ကျွန်တော့်ကို ငါထင်သားပဲ ဆိုသည့် ပုံစံဖြင့် ခပ်ပြုံးပြုံးကြည့်လိုက်၏။
''မင်း ကျောင်းရော ဘယ်နှစ်တန်းအောင်လဲ''
''ကျွန်တော် ဆယ်တန်းအောင်ပြီးသား၊ ပထမနှစ်ဖြေထားတာ''
ထိုအချိန်တွင် သူ့မျက်လုံးများ အရောင်လက်သွားပြီး ဝမ်းသာအားရဖြစ်သွားသည်။
''ဟာ..ဆယ်တန်းအောင်ပြီးသားကြီးကွာ..ငါ့ညီရာ..နှမြောစရာကြီး..ဘယ့်နှယ့် နယ်စပ်သွားပြီး လုပ်ရင် အလုပ်ကြမ်းတွေလုပ်ရမှာ..မင်းတို့လို ဆယ်တန်းအောင်တဲ့ လူငယ်တွေ တပ်သားအဆင့်နဲ့ တပ်ထဲ ဝင်ရင် အရာရှိဖြစ်နိုင်တယ်ကွ..မင်း တပ်ထဲ ဝင်မလား''
အမှန်ဝန်ခံရရင် သူ ဖောလုံးကို ကျွန်တော် မယုံပါ။
ကျွန်တော့်အကိုဝမ်းကွဲတွေ၊ ဘော်ဒါတွေ ဒီအက်စ်အေသွားတက်နေကြသည်က အများကြီး။
တပ်ထဲ တပ်သားနဲ့ ဝင်ပြီး အရာရှိဖြစ်ဖို့ဆိုတာ မအူပင်က ဝက်မကြီးနှင့် မြောက်ဝင်ရိုးစွန်းက ပိုလာဝက်ဝံ မျိုးစပ်ပြီး မွေးရတာကမှ လွယ်ချင်လွယ်လိမ့်မည့်ကိစ္စကဆိုတာ ကျွန်တော်သိပြီးသား။
သို့ပေမယ့် ကျွန်တော်က လောလောဆယ် ရေနစ်နေသူ။
ကျွန်တော့်ရှေ့ တွေ့သမျှ ဘယ်ကောက်ရိုးမဆို လိုက်ဆွဲကြည့်နေတဲ့ အခြေအနေမဟုတ်လား။
''မင်းပုံစံနဲ့ ဆယ်တန်းကလည်း အောင်ထားဆိုတော့..သေချာပေါက် အရာရှိဖြစ်မှာ..လစာလည်းရမယ်ကွာ..ကွန်ပြူတာတွေ ဘာတွေလည်း သင်ပေးဦးမှာ..ပြီးတော့ အရာရှိမဖြစ်လည်း အရာခံဗိုလ်တော့ ဖြစ်မှာပဲ..လစာရော၊ ရိက္ခာရောရဦးမှာ.. တို့တပ်မှာက''
တကယ်တော့ သူပြောတာတွေ တစ်ခုမှ ကျွန်တော် စိတ်မဝင်စား။
နိုင်ငံတော်ကိုချစ်တဲ့ သားကောင်းစစ်သည်တော်လည်း မဖြစ်ချင်သလို အရာရှိဘာညာလည်း မဖြစ်ချင်။
လောလောဆယ် ကျွန်တော် ဖြစ်ချင်သည်က ကျွန်တော်၏ လက်ရှိပစ္စကအခြေအနေက လွတ်မြောက်ဖို့ပင်။
ဖြစ်နိုင်လျှင် ဂျင်ဗဲရားကုမ္ပဏီမှ အရောင်းဝန်ထမ်းလေး ကျော်စွာနိုင် အဖြစ်ကနေ ချက်ချင်း ပျောက်ကွယ်သွားချင်တာမျိုးဖြစ်သည်။
ကျွန်တော် စိတ်တွေ တအားမွန်းကြပ်ပြီး ဘာကို မှ ဝေခွဲမရတော့။
''ကဲ..လာကွာ..ငါတို့ရုံးသွားကြရအောင်''
သူ ထိုင်ရာမှ ရုတ်တရက် အားယူပြီး ထလိုက်သည့်အခါ သူ့ဘယ်ဘက်ခြေထောက်မှာ ခြေတုကြီးဖြစ်ကြောင်းတော့ ကျွန်တော် သတိထားလိုက်မိပါသည်။
ကျိုက်ထိုဘူတာမှ ထွက်ပြီး လမ်းချိုးလေးတစ်ခုထဲ နည်းနည်းဆက်သွားလိုက်လျှင် ''စစ်သားစုဆောင်းရေး'' အဖွဲ့ ရုံးကလေးဆီ ကျွန်တော်တို့ ရောက်သွားကြပါသည်။
တစ်လမ်းလုံး ကျွန်တော့်အား စကားတွေပြောကာ အူမြူးနေသော ခြေတုကြီးမှာ ရုံးထဲ ဝင်လျှင် ဝင်ချင်း မျက်နှာငယ် လေး ဖြစ်ပြီး အသံတိတ်သွားပါသည်။
အဝတွင် ထိုင်နေသော သုံးရစ်ဖြင့် လူကို ဗိုလ်ကြီး ရှိလားဟု မေးလိုက်သည်။
သုံးရစ်ဆရာကြီးက ခေါင်းငြိမ့်ပြသဖြင့် ကျွန်တော်တို့ ရုံးခန်းထဲ ဝင်ခဲ့ကြသည်။
''ဆရာ..ဒီမှာ..ဆယ်တန်းအောင်ပြီးသားတစ်ယောက်ပါ..သူက နယ်စပ်မှာ အလုပ်သွားလုပ်မလို့တဲ့..အဲ့ဒါ တပ်ထဲ သွင်းပေးဖို့ ကျွန်တော် ခေါ်လာတာ''
ဗိုလ်ကြီးသည် ကျွန်တော့်ကို ဘာမှ ထွေထွေထူးထူးသိပ်မမေး။
နာမည်၊ နေရပ်နှင့် ဆယ်တန်းတကယ်အောင်တာလား ဆိုသည့် မေးခွန်းကို မေးသည်။
ကျွန်တော်က တကယ်အောင်ပါတယ်ဟု ဖြေသောအခါ အေးလေ တကယ်အောင်မအောင် ရန်ကုန် ရောက်ရင် သိရမှာပဲ ဟု ဆိုသည်။
ထို့နောက် မင်း ထမင်းစားပြီးပြီလား ဟု မေးသည်။
ကျွန်တော်က မစားရသေးဘူး ဟု ဖြေသည့်အခါ ခုန အဝတွင် ထိုင်နေသော တပ်ကြပ်ကြီးကို ခေါ်ကာ ပိုက်ဆံပေးရင်း ကျွန်တော့်ကို ထမင်းလိုက်ကျွေးရန် အမိန့်ပေးလိုက်၏။
ကျွန်တော်နှင့် တပ်ကြပ်ကြီး အခန်းထဲက ထွက်ခါနီးတွင် ခြေတုဦးလေးကြီးက ဗိုလ်ကြီးကို တစုံတစ်ခု ပြောလိုက်ပုံရသည်။
ဗိုလ်ကြီးက ''အေး..ထုံးစံအတိုင်း မင်းရစရာရှိတာရမယ်..စကားရှည်မနေနဲ့..ဟေ့ကောင်'' ဟုလေသံမာမာဖြင့် ပြောသံကို ကြားလိုက်ရပါသည်။
(၄)
ကျွန်တော့်ကို ထမင်းကျွေးရန် ခေါ်သွားသော တပ်ကြပ်ကြီးအမည်မှာ ဆရာကြီးမောင်ထူး ဟု သိရသည်။ စကားက ဝဲတဲတဲ။
ထိုအနီးနားမှ လမ်းဘေးထမင်းဆိုင်လေးသို့ ကျွန်တော့်ကို ခေါ်သွားသည်။
''ညီလေးရေ..ဒီနေ့တော့ ငါတို့ တပ်ဆွယ် ကံကောင်းတဲ့နေ့ပဲကွာ…ဆယ်တန်းအောင် နှစ်ယောက်တောင် ရလိုက်တယ်…တကယ်လပ်ကီးပဲ..ကဲ..ဗိုလ်ကြီးက မင်းကြိုက်တာစားတဲ့..ကြိုက်တဲ့ဟင်းသာ ကြိုက်သလောက် မှာစားပေတော့''
အချိန်ကား ည ခုနှစ်နာရီပင်ရှိလောက်ပြီ။ကျွန်တော့်မှာ ဗိုက်လည်းဆာနေပြီဖြစ်သဖြင့် ဝက်သားဟင်းဖြင့် ထမင်းမှာ စားလိုက်သည်။
တပ်ကြပ်ကြီးသည် ကျွန်တော့်ကို တစ်ချိန်လုံး ဘေးက ထိုင်ကြည့်နေသဖြင့် စိတ်ထဲ တစ်မျိုးကြီးခံစားလာရ၏။
ထမင်းစားပြီးသည့်အခါ ခုနလာကြသည့်် စုဆောင်းရေးရုံးသို့ ကျွန်တော်တို့ ပြန်သွားကြသည်။
ရုံးတွင် ချစ်စမ်းမောင် နှင့်် ကျွန်တော် တွေ့ကြတော့သည်။
ချစ်စမ်းမောင် ဆိုသည်မှာ ခုန ဆရာကြီးမောင်ထူးပြောသည့် ဆယ်တန်းအောင်တစ်ယောက်။
တိုက်တိုက်ဆိုင်ဆိုင် သူကလည်း နေ့လည်ကမှ ဒီစစ်သားစုဆောင်းရေးသို့ ရောက်လာသည်ဟု သိရသည်။
သူနှင့် ကျွန်တော့်ကို စုဆောင်းရေးရုံး၏ အနောက်ဘက် အခန်းတစ်ခန်းတွင် အိပ်ရာခင်းပြင်ပေးသည်။
သူတို့မသိပဲ ဘယ်မှ မထွက်ရန်လည်း မှာထား၏။
ချစ်စမ်းမောင်သည် အသားမဲမဲ၊ ခန္ဒာကိုယ်ကျစ်ကျစ်ဖြင့် အညာသားပုံစံဖြစ်သည်။
ရတနာပုံတက္ကသိုလ်တွင် ဒုတိယနှစ် ၊ ပထဝီ တက်နေသူဖြစ်သည်။
မန္တလေးတိုင်းထဲရှိ ရွာတစ်ရွာကဟု သိရသည်။ ဆယ်တန်းအောင်ခါစက ဗိုလ်သင်တန်းလျှောက်မည်ကို မိဘများက ကန့်ကွက်ခဲ့ကြပြီး မန္တလေးတွင် ကျောင်းထားခဲ့သည်။
သူက ယခုအကြိမ် စစ်သားစုဆောင်းရေးသို့ လာဝင်သည်မှာ ဒုတိယမြောက်ဖြစ်ကြောင်း ပြောပြသည်။
ပထမနှစ်တွင် မန္တလေးမှ တပ်ထဲဝင်ခဲ့သော်လည်း မိဘများ သိသွားပြီး မရမက လိုက်ထုတ်ခဲ့သဖြင့် ပြန်လာရသည်။
ယခုတော့ သူငယ်ချင်းများနှင့် ကျိုက်ထီးရိုးဘုရားဖူးလိုက်ခဲ့ရင်း မိဘများ လက်လှမ်းမမီသည့် ဒီကျိုက်ထို စုဆောင်းရေးတွင် တပ်ထဲ လာဝင်ခြင်းတဲ့။
ချစ်စမ်းမောင် ကို ကြည့်ရသည်မှာ အင်မတန်မှ စိတ်အားထက်သန်နေပုံရသည်။
တပ်ထဲကို ဘယ်လို ဝင်ချင်ခဲ့ကြောင်း၊ အရာရှိဘယ်လိုဖြစ်ချင်ကြောင်းတွေ ကျွန်တော့်ကို တခုပ်တရပြောပြသည်။
ကျွန်တော်ကလည်း တစ်ချိန်မှာ စာရေးဆရာဖြစ်လာမည့် အလောင်းအလျာမို့လားမသိ။
ကိုယ့်အပူနှင့်ကိုယ် ထူပူနေချိန်တွင်တောင် သူ့အကြောင်းကို စိတ်ဝင်တစားလျှောက်မေးမြန်းနေမိသည်။
ထိုညက သူနှင့် ကျွန်တော် ခင်သွားကြသည်။
ကိုးနာရီခွဲလောက်ကျတော့ ကျွန်တော်တို့ အိမ်သာထသွားဖို့ အပြင်ထွက်လိုက်သည်။
တံခါးဝတွင် လက်မောင်းနှစ်ရစ်ဖြင့် တပ်ကြပ်တစ်ယောက် အိပ်ငိုက်နေရာမှ ဆတ်ခနဲလန့်နိုးလာ၏။
''ဘယ် ထွက်ကြမလို့လဲ''
''အိပ်ခါနီး အိမ်သာသွားချင်လို့ပါ''
''မင်းတို့ကောင်တွေ စကားတွေတော်တော်ပြောကြတာပဲ..စောစောအိပ်ကွ..ည နှစ်နာရီရထားနဲ့ မင်းတို့ကို ရန်ကုန်ပို့မှာ..ညကျ ထရဦးမယ်..သွားသွား..နောက်ဖေးမှာ အိမ်သာက..ဟိုစပ်စု ဒီစပ်စု မလုပ်နဲ့နော်..တန်းတန်းပြန်လာခဲ့''
တပ်ကြပ် ညွှန်ပြသည့်လမ်းအတိုင်း ကျွန်တော်ရယ်၊ ချစ်စမ်းမောင်ရယ် အိမ်သာ သွားလိုက်ကြသည်။
အိမ်သာကား စုဆောင်းရေးရုံးအနောက်ဘက် ခပ်လှမ်းလှမ်းမှောင်ရိပ်တွင်ဖြစ်သည်။
ချစ်စမ်းမောင် အိမ်သာတက်ပြီးနောက် ကျွန်တော် က အပေါ့ပဲ သွားလိုက်သည်။
အပေါ့သွားရာမှ ပြန်ဆင်းလာတော့ အနောက်ဘေး အဖီထွက်နေသည့် နေရာတွင် ချစ်စမ်းမောင်က ကျွန်တော့်ကို ကျောပေးပြီး ငုတ်တုတ်ထိုင်နေသည်ကို တွေ့ရသည်။
ကျွန်တော် သူ့နောက်ကိုရောက်သွားတော့…အဖီအောက်အမှောင်ထဲတွင် ထိပ်တုံးခတ်ခံထားရသည့် လူနှစ်ယောက်။
ထိုစဉ်က ထိပ်တုံးဆိုသည်ကို မြန်မာဗီဒီယိုများထဲတွင်သာ မြင်ဖူးသည့် ကျွန်တော့်အတွက် ထိပ်တုံးခတ်ခံထားရသည့်လူများကို အပြင်တွင် အရှင်လတ်လတ်မြင်ဖူးသည့်အခါ အံသြမိသည်။
အိမ်သာမှ မီးသီးအလင်းရောင်ပျပျဖြင့် ထိပ်တုံးစာမိနေသူနှစ်ယောက်၏ မျက်နှာကို မြင်နေရသည်။
''မင်းတို့ ဒီအချိန် လစ်ရင် မှီသေးတယ်နော်..ဟေ့ရောင်တွေ..ငါတို့လိုဖြစ်သွားရင်တော့ ဒီမှာ မြင်တဲ့အတိုင်းပဲ''
သူတို့ မျက်နှာတွေက ဖူးယောင်နေသည်။
ကျွန်တော်က ချစ်စမ်းမောင်ကို ဘာဖြစ်တာလဲ ဟုမေးလိုက်သည်။
''စစ်ပြေးတွေတဲ့..သင်တန်းကျောင်းက ပြေးလာတာဆိုလား…အလကားပါကွာ..ဒီကောင်တွေ စိတ်ဓာတ်မရှိပဲ တပ်ထဲဝင်ပြီး ခံနိုင်ရည်မရှိတဲ့ကောင်တွေ''
ထိပ်တုံးသမားနှစ်ယောက်ရှေ့တွင် ချစ်စမ်းမောင်က ထိုသို့ ပြောလိုက်သဖြင့် ကျွန်တော်ပင် ကြားထဲက အားနာသွားရသည်။
ကျွန်တော်တို့ကို အချိန်မီသေးတယ်ဟု ပြောသော တစ်ယောက်ကတော့ ချစ်စမ်းမောင်ကို လှောင်ပြုံး ပြုံးပြီး ကြည့်နေသည်။
ကျွန်တော်နှင့် ချစ်စမ်းမောင် ပေးထားသောအခန်းတွင်း ပြန်ဝင်လာလိုက်သည်။
အိပ်ရန် မျက်လုံးမှိတ်လိုက်စဉ် နောက်ဖေး အဖီမှ ထိပ်တုံးသမားနှစ်ယောက်၏ မျက်နှာက ပေါ်လာသည်။
''ဒီကောင်တွေ စိတ်ဓာတ်မရှိပဲ တပ်ထဲဝင်ပြီး ခံနိုင်ရည်မရှိ ထွက်ပြေးတဲ့ကောင်တွေ''
ချစ်စမ်းမောင် စကားကို ကျွန်တော်ကြားယောင်သည်။
ချစ်စမ်းမောင် ကတော့ တပ်ထဲဝင်လာတာ စိတ်ဓာတ်နှင့် မျှော်လင့်ချက်နှင့်။ စိတ်အားထက်သန်မှုတွေနှင့်။
ကျွန်တော်ကရော။
ကျွန်တော်က အခုထိ ဒီနေရာသာရောက်နေတာ ဘာ ဆို ဘာမှ စိတ်ထဲ ထွေထွေထူးထူး မရှိ။ ပစ္စကအခြေအနေ က လွတ်ပြီးရောသဘောနှင့် လိုက်လာခဲ့ခြင်း။
ဒီအဖီထဲက ထိပ်တုံးနဲ့ နောက်တစ်ခါ ဖူးစာဆုံမှာက ငါများလားဆိုသည့် အတွေးဖြင့် အတော်နှင့် အိပ်မပျော်။
မှေးခနဲ အိပ်ပျော်ချိန်မှာပဲ ခြေထောက်ကို ဆွဲပြီ အော်ဟစ်နိုးသည်ကို ခံစားလိုက်ရသည်။
''ကဲ..ကောင်လေးတွေ..ရော့…အပေါ်က ဒီယူနီဖောင်းတွေ ထပ်ဝတ်၊ သွားမယ်၊ ရထားဆိုက်တော့မယ်''
ဆရာကြီးမောင်ထူး ။
ဘေးမှာက ကျွန်တော်တို့ကို တညလုံးစောင့်နေပုံရသည့် တပ်ကြပ်။
သူပေးသည့် စစ်ယူနီဖောင်းအင်္ကျ ီကို ကျွန်တော်တို့ နှစ်ယောက် ထပ်ဝတ်လိုက်သည်။
ထို့နောက် သူတို့နောက်သို့ လိုက်သွား၏။ ဦးတည်ရာကား ကျိုက်ထိုဘူတာ။
မကြာမီ ရထားဆိုက်လာ၏။
ကျွန်တော်စတိုင်လ်က အပေါ်က စစ်ယူနီဖောင်း နှင့် အောက်က ဂျင်းဘောင်းဘီဒဲ့ပွ။
ချစ်စမ်းမောင်ကကျ ဘယ်ကတည်းက တပ်ထဲဝင်ချင်နေမှန်းမသိ။ စစ်ဘောင်းဘီရှည်တစ်ထည် အသင့်ပါလာသဖြင့် စစ်ဘောင်းဘီ၊ စစ်အင်္ကျ ီဖြင့်။
ဘူတာတွင် နောက်ထပ် နှစ်ရစ်နှင့် တစ်ယောက်က စောင့်နေသည်။
ရထားတွဲပေါ်တက်သည့်နှင့် အာတီအိုနှစ်ယောက်ခုံတွင် ကျွန်တော်၊ ချစ်စမ်းမောင် နှင့် ဆရာကြီး မောင်ထူးထိုင်သည်။
တပ်ကြပ်နှစ်ယောက်က အိမ်သာရှေ့နေရာလွတ်တွင်တစ်ယောက်၊ အတက်အဆင်းနေရာတွင်တစ်ယောက် ခွေခေါက်လိုက်ပါလာတော့သည်။
သူတို့ကို ကြည့်ပြီး ကျွန်တော်စိတ်မကောင်း။
တပ်ကြပ်တစ်ယောက်က အတက်အဆင်းတံခါးတွင် အိပ်နေရာမှ ကျွန်တော်တို့ ခုံရှေ့တည့်တည့် ကြမ်းပြင်တွင် လာထိုင်သည်။
သူနှင့် ကျွန်တော် စကားစပ်မိရာမှ သူက ပဲခူးသားမှန်း ကျွန်တော်သိလိုက်ရသည်။
သိမ်ဇရပ်ဘူတာအရောက်တွင် ဆရာကြီးမောင်ထူးက ခဏဆင်းသွား၏။ သူတို့ပြောစကားအရ အရက်သွားဝယ်တာမှန်းကျွန်တော်သိလိုက်သည်။
ထိုအချိန်တွင် ကျွန်တော်နှင့် စကားပြောနေသည့် တပ်ကြပ် က ကျွန်တော့်ကို စကားစလာသည်။
''ညီလေး..အကိုက ပဲခူးရောက်ရင် ဆင်းမှာ..ဗိုလ်ကြီးမသိအောင်..ဆင်းပြီး အကို့ မိဘအိမ်ခဏဝင်၊ မနက်ဖြန် နေ့လည်ရန်ကုန်မြို့ထဲ မှာ မင်း ဆယ်တန်းအောင်လက်မှတ်ကို သွားထုတ်ဖို့ စာရင်းသွားတင်ရမယ်..ပြီးမှ ကျိုက်ထိုပြန်မှာ။ မင်း မိဘတွေကို မင်းဒီထဲ ဝင်တာ အသိပေးချင်ရင် အကို သွားပေးမယ်..လိပ်စာသာပေးလိုက်''
ကျွန်တော် စဉ်းစားသည်။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ဘယ်ရောက်နေသည်ဆိုတာကို အမေတို့ကိုတော့ အသိပေးမှ ဖြစ်မည်ဟုပဲ အဖြေက ထွက်လာသည်။
ထို့ကြောင့် ထိုတပ်ကြပ်ဆီက စာရွက်တစ်ရွက်ပေါ်တွင် ကျွန်တော့်လိပ်စာရေးပေးလိုက်သည်။
ကျွန်တော့်ဘဝ၊ ကျွန်တော့်မိသားစုအတွက်တော့ ထိုတပ်ကြပ်ဆရာသည် အင်မတန်ကျေးဇူးတင်ထိုက်သော ပုဂ္ဂိုလ်ပင်ဖြစ်သည်။
သူ့ကြောင့်သာ ကျွန်တော် ကံကောင်းပြီး ကလေးစစ်သားမဖြစ်ခဲ့ခြင်းပင်။
ထိုအချိန် ပဲခူးအိမ်တွင် ကျန်နေသော ကျွန်တော့်မိသားစုမှာ ကျွန်တော်ပြန်မလာသဖြင့် အတော်စိတ်ပူနေကြသည်။
အမေဆိုလျှင် နိုဝင်ဘာချမ်းချမ်းအေးအေးတွင် လမ်းထိပ်တွင် တစ်ညလုံးထွက်ထိုင်ပြီး ကျွန်တော် ပြန်အလာကို စောင့်နေခဲ့သည်။
ပိုက်ဆံထုတ်များဖြင့် ပြန်မလာတော့သည့် သား အတွက် အမေ၊ အတူနေ ကြီးတော်ကြီးနှင့် ကျွန်တော်ညီလေးတို့မှာ အတော်လေးကို သောကရောက်ခဲ့ကြသည်။
တစ်နေရာရာတွင် အသတ်ခံရပြီလားဆိုသည့်အတွေးဖြင့် အမေ့မှာ အတော်ပူလောင်ခဲ့သည်ဟု နောက်ပိုင်း ကျွန်တော်ရောက်မှ သိရသည်။
ဆက်ရလျှင်တော့ ပဲခူးတွင် တပ်ကြပ်က ဆင်းသွားသည်။
ရထားပေါ်တွင် ဆရာကြီးမောင်ထူး၊ နောက်ထပ် တပ်ကြပ်တစ်ယောက်နှင့် ကျွန်တာ်တို့ နှစ်ယောက်သာ ကျန်တော့၏။
ရန်ကုန်ဘူတာကြီးရောက်သည့်အခါ ဒညင်းကုန်းဘူတာသို့ မြို့ပတ်ရထား ထပ်စီးရသည်။
မြို့ပတ်ရထားပေါ်ရောက်သည်နှင့် စစ်သည်နှစ်ယောက်သည် သူတို့ ကော်လံဂျပ်တွေကို သေချာတိုက်ချွတ်ကြသည်။ ဦးထုတ်တံဆိပ်တွေကို သေချာတိုက်သည်။
ခါးပတ်တွေကို ချွတ်ကာ ခါးပတ်ခေါင်းကို သေချာတိုက်ချွတ်ကြသည်။
ယူနီဖောင်းတွေ၊ ဖိနပ်တွေကိုလည်း သေသေသပ်သပ် ပြင်ဆင်နေကြ၏။
အရေးကြီးသည့် ဌာနတစ်ခုသို့ ဝင်တော့မည်မှန်း ကျွန်တော်ခန့်မှန်းမိသည်။
ကျွန်တော်ကတော့ စစ်အင်္ကျီ နှင့် ဂျုင်းပန် နှင့် ဂေါ်လျက်။
ဒညင်းကုန်း စစ်သားစုဆောင်းရေးတပ် သို့ ကျွန်တော်တို့ ရောက်ပြီ။
တပ်ထဲ မဝင်ခင် အပြင်ဘက်တွင် မနက်စာစားရန် လက်ဖက်ရည်ဆိုင် ထိုင်ကြသည်။
လက်ဖက်ရည်ဆိုင်တစ်ခုလုံးတွင် မြန်မာပြည်အနှံ့ စစ်သားစုဆောင်းရေးတပ်မှ စစ်သည်များနှင့်် ကျွန်တော်တို့လို စုဆောင်းခံရသူများ ဖြင့် ပြည့်နေ၏။
''ကျိုက်ထို ကတော့ မိုက်တယ်ဟေ့..ဆယ်တန်းအောင်နှစ်ယောက်တဲ့ကွ..မင်းသားဆိုဒ်တွေနဲ့…''
''ငါတို့ဆီက နှစ်ယောက်နဲ့ မင်တို့တစ်ယောက်နဲ့ အလဲအထပ်ရိုက်မလား..ကျိုက်ထို''
လက်ဖက်ရည်ဆိုင်ထဲမှ သူတို့စကားဝိုင်းတွင် ကျွန်တော်တို့ မှာ ပေါ်ပြူလာဖြစ်နေသည်။
နောင် ဆယ်နှစ်ခန့်အကြာ အညာဘက်မှ နွားပွဲဈေးများကို ရောက်သည့်အခါ နွားချောကိုင်ထားသည့် ပွဲစားအနား တရစ်ဝဲ၀ဲချီးမွမ်းနေကြသည့် နွားပွဲစားများကိုမြင်ရသည့်အခါ ထိုစဉ်က ကျွန်တော်တို့ အဖြစ်ကို မကြာမကြာပြန်တွေးမိပါတော့သည်။
ယခုလည်း ကျွန်တော်တို့နှစ်ယောက်မှာ အခြာစုဆောင်းရေးတပ်ကလူများအတွက် ပြောစရာဖြစ်လို့နေသည်။
ဆရာကြီးမောင်ထူးတို့မှာလည်း မျက်နှာ တပြုံးပြုံးနှင့်။
ဒညင်းကုန်း စစ်သားစုဆောင်းရေးထဲ ဝင်ပါပြီ။
ပထမဆုံး အဆောင်တစ်ခုထဲတွင် အသက် ဆယ်နှစ် ဆယ့်တစ်နှစ်ဝန်းကျင် ကလေးငယ်အချို့တွေ့ရသည်။ ထမင်းချက်သည့်သူချက်၊ ရေခပ်သည့်သူခပ်နှင့်။
''အဲ့ဒါလေကွာ..တပ်ထဲ ဝင်ချင်ပါလျက်နဲ့ အသက်အရမ်းငယ်သေးလို့ ဒီမှာပဲ ခေါ်ထားရတဲ့ကလေးတွေ…လူကောင်နည်းနည်းကြီးရင်တော့ ဒီကောင်တွေ ကို ထည့်တာပဲ''
ဆရာကြီးမောင်ထူး က ကျွန်တော့်တို့ကို ရှင်းပြသည်။
ဒညင်းကုန်းရောက်မှ မြန်မာပြည်အနှံ့က စုဆောင်းခံရသည့် လူတန်းကြီးကို ကျွန်တော်တို့ တွေ့ရတော့သည်။
အသွင်အပြင်အမျိုးမျိုး၊ ပုံစံအမျိုးမျိုးဖြင့်။
ကျွန်တော်တို့ ဆေးစစ်ရန် အခန်းတစ်ခုရှေ့တွင် တန်းစီရသည်။
အခန်းထဲတွင် ဘောင်းဘီချွတ်ပြခိုင်းသည်။ ဖင်ကုန်းပြီး ချောင်းဆိုးခိုင်းသည်။
ဆေးစစ်ပြီး ဆံပင်ညှပ်ရန် တန်းစီနေချိန်တွင် အရာခံဗိုလ်အဆင့်တစ်ဦးက ကျွန်တော့်နာမည်ကို လာအော်ခေါ်သည်။
''ကျိုက်ထိုက ကျော်စွာနိုင်..ဆေးကျတယ်..မင်း အိမ်ပြန်ရမယ်''
တန်းစီနေသော လူအုပ်ကြီးက ကျွန်တော့်ကို သနားစဖွယ် သတ္တဝါတစ်ကောင်သဖွယ် ဝိုင်းကြည့်ကြလေသည်။
ထိုအခိုက်တွင် ကျွန်တော် အတော်အားငယ်သွား၏။
ဘယ့်နှယ့်…ပိုက်ဆံပျောက်လို့ ဘူပြီး စစ်ထဲဝင်တယ်။ ဆေးကကျတယ်ဆိုတော့ အေအိုင်ဒီအက်စ်များ ငါ ထပ်ဖြစ်နေလားဆိုပြီး အတော်ကို စိတ်လေသွားခြင်းပင်။
အရာခံဗိုလ်က ကျွန်တော့်ကို အဆောက်အဦတစ်ခုထဲသို့ ခေါ်သွားသည်။
ထိုအဆောက်အဦထဲတွင် သုံးပွင့်နှင့် ဗိုလ်ကြီးတစ်ဦးထိုင်နေ၏။
''ကဲ..ငါ့ညီထိုင်..မင်း အဖေ အမေ နာမည်ပြောပါဦး''
''……………………………..''
''အေး..မင်းကွာ..တော်သေးတာပေါ့ကွာ..ဖုန်းက အချိန်မီ ဝင်လာလို့..မင်းလုပ်တာနဲ့ ငါတို့ပါ ဒုက္ခရောက်မယ့်ကိန်း..ကဲ..ကဲ..ဒီညနေ မင်းကို ခေါ်လာတဲ့ လူတွေနဲ့ ကျိုက်ထိုဆွယ်ကို ပြန်လိုက်သွား..ဟိုရောက်ရင် မင်း ပဲခူးပြန်ဖို့ အားလုံး စီစဉ်ပေးလိုက်မယ်..ဟုတ်ပြီလား..ကဲရော့..မင်းအမေနဲ့ ဖုန်းပြောလိုက်ဦး''
ထိုဗိုလ်ကြီး ဘာတွေ ပြောနေသည်ကို ကျွန်တော်မသိသော်လည်း ပဲခူးပြန်ရမည်ဆိုတော့ စိတ်ထဲ နည်းနည်းတော့ လေးသွားသည်က အမှန်။
ပြသနာတွေက ကျွန်တော့်ကို စောင့်ကြိုနေမှာ မဟုတ်လား။ ကျွန်တော်စိတ်ကို တင်းပြီး ဖုန်းကိုင်လိုက်သည်။
တစ်ဖက်က အမေ့ငိုသံ အရင်ကြားရသည်။
တကယ်တမ်း ပဲခူးမှာ ဖြစ်နေသည်က ကျွန်တော်ထင်သလိုမဟုတ်။
ကျွန်တော့်အကြောင်းကြားခိုင်းသော တပ်ကြပ်မှာ မနက်ရှစ်နာရီခန့်တွင် ကျွန်တော့်အိမ်ကို ရောက်သွားခဲ့သည်။
အမေ့ကို အကျိုးအကြောင်းပြောပြသည်။
ထိုအခါ အမေသည့် ကျွန်တော်ဦးလေးများ၊ အမေ့မိတ်ဆွေများနှင့် တိုင်ပင်ပြီး ပဲခူးမြို့၊ တပ်မ(၇၇)မှ တပ်အရာရှိကြီးများထံ သွားတွေ့သည်။
ကျိုက်ထိုသို့ ချက်ချင်းလိုက်သွားပြီး ကျွန်တော့်ကို လက်ခံခဲ့ရာ စုဆောင်းရေးတပ်မှူးနှင့် သွားတွေ့သည်။
အကျိုးအကြောင်းပြောပြသည်။
ထိုစဉ်က ကလေးစစ်သားကိစ္စနှင့်ပတ်သက်ပြီး BBC VOA တို့မှ အဆက်မပြတ်ထုတ်လွှင့်နေပြီး..ICRC နှင့် UNICEF ကလည်း စစ်အစိုးရကို ဖိအားပေးနေချိန်ဖြစ်သည်။
ကျွန်တော့်ကိစ္စက ကျောင်းဆရာမတစ်ဦး၏ အသက်(၁၈)နှစ် မပြည့် သေးသော သားတစ်ယောက်ကို တပ်ထဲ ခေါ်သွင်းသည့်ကိစ္စ ဖြစ်နေသဖြင့် တပ်ကလည်း ပြသနာဖြစ်မည်ကို စိုးရိမ်သွားပုံရသည်။
ကျွန်တော့်အလုပ်လုပ်သည့် ကုမ္ပဏီနှင့် ကိုယ်စားလှယ်မချိုကလည်း ခါးပိုက်နှိုက်ခံသည့်ကိစ္စကို ကျိုက်ထို ကားဂိတ်က ဖောက်သည်ဆိုင်တစ်ချို့က ပြောပြသဖြင့် သိပြီးသွားကြပြီ။
တကယ်က သူတို့က အသက်ငယ်ငယ်နှင့် တားဂတ်ထိအောင်ရောင်းပြနိုင်သော ကျွန်တော့် လူမှုဆက်ဆံရေးကို သဘောကျကြသည်။
ထို့ကြောင့် ကျွန်တော်ပျောက်သည့်ငွေ တဝက်ကို လျှော်ပေးမည်။ ကျွန်တော့်ကို အလုပ်မထွက်စေပဲ ကျန်သည့် ငွေကို လစာထဲက နည်းနည်းချင်းဖြတ်သွားမည်ဟု အမေ့ကို လှမ်းအကြောင်းကြားခဲ့သည်။
ဒီလိုနှင့် ကျွန်တော့် ပြသနာက ဒညင်းကုန်းစစ်သားစုဆောင်းရေးက အရာရှိများအထိရောက်လာပြီး ကျွန်တော့်ကို ဆေးကျသည်ဆိုသော ခေါင်းစဉ်ဖြင့် အချိန်မီ ထုတ်ထားနိုင်လိုက်ခြင်းဖြစ်သည်။
ဒါတွေကို ကျွန်တော်သိေတော့ ရင်ဘတ်က အလုံးကြီး ကျသွားပြီ။
ပထမ ထူပူနေတဲ့ ခေါင်းက ပြန်အေးသွားပြီ။
ဒီနေရာကြီးက မြန်မြန်လစ်ချင်လှပြီဖြစ်သည်။
ပြီးတော့ ငါ ဘယ်လိုတွေတောင် အူကြောင်ကြားပြီး ဒီလူတွေနဲ့ ဒီအထိ လိုက်ခဲ့တာလဲ ဆိုပြီး ကိုယ့်ကိုကိုယ် ပြန်တွေးနိုင်လာပြီဖြစ်သည်။
တကယ်လို့သာ ကျွန်တော်သည် ဖြစ်လာသည့် ပြသနာကို ရင်မဆိုင်ပဲ ရှောင်ထွက်ဖို့ ကြိုးစားခဲ့သည်။
သို့သော် ကျွန်တော်မျှော်လင့်ထားသလို ပြသနာက အရမ်းမကြီးထွား။
အဓိက ကတော့ သတ္တိနှင့် ကျိုးကြောင်းဆင်ခြင်မှုနည်းသဖြင့် ကိုယ်နှင့် လုံးဝမကိုက်ညီသော ကိစ္စကြီးကို ဖန်တီးမိလိုက်ခြင်းပင်။
ကျွန်တော် အခြေအနေကိုသာ အမေတို့ သိမသွားခဲ့လျှင် ကျွန်တော်တပ်ထဲ ရောက်သွားမည်။
တကယ်ဝါသနာမပါ၊ စိတ်ထက်သန်မှုမရှိသဖြင့် မြန်မာ့တပ်မတော်ကြီးလည်း ကျွန်တော့်ကို ကျွေးရသည့် ပဲဟင်းဖိုးသာ ပိုကုန်မည်။ ပြီးတော့ အခုလို စာရေးဆရာဘဝရောက်သည့်အခါ တပ်ကို မထိတထိ ကလိတတ်သည့် ကျွန်တော်သည် တပ်ထဲရောက်သည့်အခါ အဘယ်နည်းဖြင့် အပိုးကျိုးအံ့နည်း။ အတွင်းသိ အစင်းသိ ဘဝဖြင့် ကလောင်သရမ်းမှ အကုန် ဒုက္ခများကုန်မည် ။ ထိုအခါ ကျွန်တော်လည်း ဟိုညကတွေ့သည့်ကောင်တွေလို ထိပ်တုံးဖြင့် ခြင်တောထဲ နေရသည့် အဖြစ်ကြုံရနိုင်သည်။
ဘယ်သူ့အတွက်မှ ကောင်းသည့်ကိစ္စမဟုတ်။
ကျွန်တော့်ရဲ့ တညတာ ချစ်မိတ်ဆွေကြီး ချစ်စမ်းမောင် ကတော့ ဆံပင်ကို ပုံစံကေထိုးပြီး တပ်ထဲ ပါသွားပြီဖြစ်သည်။ မသွားခင် ကျွန်တော့်ကိုပင် ဒီတစ်ခေါက် မပါလည်း နောက်တစ်ခေါက်ပေါ့ကွာ ဆိုပြီး အားပေးသွားသေး၏။
''နောက်တစ်ခေါက်ကတော့ ဗိုလ်ချုပ်ကြီးရာထူးလာပေးမှပဲ ဝင်တော့မယ်ကွာ'' ဆိုပြီး သူ့ကို ကျွန်တော် အရွှန်းပြန်ဖောက်လိုက်သေးသည်။
ကိစ္စဝိစ္စပြီးတော့ ကျွန်တော်တို့ ပြန်ရမည်တော့မည်။
ဒညင်းကုန်မြို့ပတ်ရထားမလာမီ ဆရာကြီးမောင်ထူးနှင့် တပ်ကြပ်တို့က ဒညင်းကုန်းဘူတာအနီး ရှကီဆိုင် ဝင်ထိုင်ကြသည်။
ကျွန်တော်လည်း ထိုအချိန်ကျမှ မူလလက်ဟောင်း ကိုယ့်စိတ်အားထက်သန်ရာကို သတိရလေတော့သတည်း။
သူတို့တွင်ပါသော ငွေနှင့် ကျွန်တော့်တွင် မနေ့ကတည်းကျန်သည့် ငွေကိုးရာပေါင်းလိုက်သောအခါ မြန်မာတပ်မတော်မှ စစ်တွေသားတပ်ကြပ်ကြီးတစ်ဦး ၊ ကျောက်ဖြူသားတပ်ကြပ်တစ်ဦးနှင့် ပဲခူးသား နာရီပိုင်းစစ်သားလောင်း တို့သည် ဇေယျဝတီအရက်ဖြူ သုံးလုံး ပစ်ကူဖြင့် လက်ဖက်သုပ်တောင်ကုန်းကို တက်သိမ်းကြလေတော့သည်။
ထိုသို့သိမ်းနေစဉ် ''သင်္ဘောဥသြသံ ဆွဲ ဆွဲလက်ဗျယ်…သင်္ဘောကမ်းကခွာ..ဝီးကရဖို့ပြင်..ကျောက်ဖြူသူ ပြောစကားသံ..နားထဲမှာ ပြန်ကြားမိတယ်ဝေ'' ဟု ကျောက်ဖြူသား တပ်ကြပ်က သီချင်းထအော်ဆိုလေသည်။
ဆရာကြီးမောင်ထူးကလည်း ''မူးလာရင် အရှက်မရှိကေ..ကရောက်ဖြူသားချေ'' အစချီပြီး ဆဲရာမှ တိုက်ပွဲသစ်စလေတော့သည်။
နောက်တော့ ဆရာကြီးမောင်ထူး ၏ ရိက္ခာဆန်ခွဲတန်း လူလည်ကျသည့်ကိစ္စ မှသည် တပ်ကြပ်ဆရာ၏ ယောက္ခမ ချဲထိုးခိုင်းပြီး ငွေမပေးသည် အထိ ချီကာ အောက်ဖဲများ လှန်ကြတော့သည်။
မြို့ပတ်ရထားပေါ်အထိ တိုက်ပွဲက ဆက်သွား၏။ ကျွန်တော်ကား နှစ်ဖက်တိုက်ပွဲကြား တိုင်တည်ခံပရိသတ်အဖြစ် နေရာရလေသည်။
မြို့ပတ်ရထားကား ညပိုင်းဖြစ်သဖြင့် အတော်လူရှင်းနေပေပြီ။
တတွဲလုံးတွင် ကျွန်တော်တို့သုံးယောက်နှင့် မြို့ထဲက ညဈေးတစ်ခုသို့ သွားမည့်ဟန်တူသည့် ဈေးသည်နှစ်ဦးသာရှိတော့၏။
တိုက်ပွဲက ပြင်းထန်လာသဖြင့် ဈေးသည်နှစ်ဦးလည်း တွဲပြောင်းပြေးလေသည်။
မကြာမီပင် တပ်ကြပ်ကြီးနှင့် တပ်ကြပ်သည် ကျွန်တော်တည်းဟူသော နာရီပိုင်းစစ်သားလောင်းအား ပရိသတ်အရာထားကာ ရထားပေါ်ထ နပန်းသတ်ကြသည်မှာ ရန်ကုန်ဘူတာကြီး ရောက်ခါနီး အထိပင်။
(၅)
ကျွန်တော့်ရှေ့တွင် ဆရာကြီးမောင်ထူး နှင့် တပ်ကြပ် တို့ နှစ်ဦးမှာ တစ်ခူးခူးနှင့် အိပ်ပျော်နေကြပြီ။
အမှောင်သည် ယိမ်းထိုးနေ၏။
ဟုတ်ပါသည်။
လှုပ်ယိမ်းခါယမ်းနေသော ရထားပြတင်းပေါက်မှတဆင့် အပြင်ဘက် မြင်ကွင်းကို ကြည့်လျှင် အမှောင်သည် ယိမ်းထိုးနေပေသည်။
ထို အမှောင်ထု အသားထဲ ရထားနှင့်အတူ ကျွန်တော်တို့ တိုးဝင်နေကြသည်။
မကြာမီ အာရုဏ်တက်တော့မည်။ အလင်းထဲသို့ ရောက်ကြတော့မည်။
အမှောင်ကို ကြောက်ပြီး ရှောင်ပြေးပုန်းလျှင် ပိုမှောင်ဖို့သာ ရှိတော့ကြောင်း ကျွန်တော် သိသွားခဲ့ပြီ။
ကျွန်တော်လည်း အခုမှ သတိတရဖြင့် အပေါ်တွင် ထပ်ဝတ်ထားသော စစ်ယူနီဖောင်းအင်္ကျ ီ ကို ချွတ်ပစ်လိုက်ရသည်။
ကျွန်တော်သည် ရထားတစ်စင်းဆိုလျှင် စာရေးဆရာဘဝတည်းဟူသော ဘူတာသည် ကျွန်တော့်ကို ထိုကတည်းက စောင့်ကြိုကောင်းစောင့်ကြိုနေပေလိမ့်မည်။
သို့သော်..ကျွန်တော်ကား…နောက်ထပ် ဆယ်စုနှစ်များတွင် အလင်းအမှောင်၊ အနုအကြမ်း၊ အကွေ့အကောက်များသော လမ်းများစွာဆီ ထပ်မံချော်ထွက်မျောပါပြီးမှသာ.။
ဗြိတိသျှကိုကိုမောင်
Zawgyi
(၁)
အေမွာင္သည္
ယိမ္းထိုးေန၏။
ဟုတ္ပါသည္။
လႈပ္ယိမ္းခါယမ္းေနေသာ
ရထားျပတင္းေပါက္မွတဆင့္
အျပင္ဘက္ ျမင္ကြင္းကို ၾကည့္လ်ွင္ အေမွာင္သည္ ယိမ္းထိုးေနေပသည္။
ကြ်န္ေတာ့္ေရွ႕တြင္
ရွိေသာဆရာၾကီးေမာင္ထူး
နွင့္ တပ္ၾကပ္ တို႕ နွစ္ေယာက္ကား တခူးခူး အိပ္ေပ်ာ္ေနၾကျပီ။
အခု
သူတို႕ ဆီက ေဟာက္သံသည္ ရထားသံထက္ပင္ တစ္ခါတစ္ခါက်ယ္ေလာင္လာ၏။
သူတို႕
ပင္ပန္းၾကေရာ့ေပ့ါ။ ခုနက ဘုရင္ေနာင္ ဒညင္းကုန္းဘူတာမွ ရန္ကုန္ဘူတာၾကီးဆီ လာေသာ ျမိဳ႕ပတ္တြဲေပၚတြင္ သူတို႕နွစ္ေယာက္ အခ်င္းခ်င္း စကားမ်ားျပီး နပန္းသတ္ခဲ့ၾကသည္ပဲ။
နိုု႕..အေပၚတြင္ စစ္ယူနီေဖာင္းကို ၀တ္ထားျပီး ေအာက္တြင္ ဂ်င္းေဘာင္းဘီဒဲ့ပြ အျပာေရာင္ကို ၀တ္ထားသည့္ ကြ်န္ေတာ္ကေရာ…သူတို႕ နဲအတူ ဘယ္က ဘယ္လို ပါလာရသနည္း။
ဇာတ္လမ္းက
အခုမွ စမွာပါ။
………………………………………………………………………………….
(၂)
၂၀၀၃
ခုနွစ္၊ ကြ်န္ေတာ္ ဆယ္တန္းေအာင္သည့္နွစ္တြင္ပင္
ကြ်န္ေတာ္တို႕အိမ္၏ စီးပြားေရးထိုးက်သြားခဲ့သည္။
အေဖ
က မိသားစု၀မ္းေရးအတြက္ နိုင္ငံရပ္ျခားကို ထြက္သြားခဲ့သည္။
ပထမနွစ္မ်ားတြင္
အေဖ နိုင္ငံျခားမွ ပို႕ေသာေငြသည္ အေဖ နုိင္ငံျခားထြက္ဖို႕ အေရး ေခ်းငွားခဲ့ရသည္မ်ားနွင့္ လံုးလည္လိုက္ခဲ့သည္။
အေမ့
၏ ေက်ာင္းဆရာမလစာနွင့္ ကြ်န္ေတာ္တို႕ ေခြ်တာစားခဲ့ၾကသည္။
ဆယ္္တန္းေအာင္ျပီးစ
ကြ်န္ေတာ္သည္ တကၠသိုလ္တက္ရေတာ့မည္။ သို႕ေသာ္ ေန႕ေက်ာင္းတက္ဖို႕တက္ မိသားစုအတြက္ ၀င္ေငြရွာေပးျပီး ေက်ာင္းတက္ဖို႕သာ အေျခအေနက ဖန္တီးေပးေနသည္။
အေ၀းသင္တကၠသိုလ္ပထမနွစ္သင္တန္းမ်ား
မတက္မီတြင္ပင္ ကြ်န္ေတာ္ အလုပ္ထြက္လုပ္ရေတာ့သည္။
အဲ့ဒီတုန္းက
ကြ်န္ေတာ့္အသက္ (၁၆)နွစ္ေက်ာ္ခါစ။
ကြ်န္ေတာ့္ရပ္ကြက္ထဲမွ
သူငယ္ခ်င္းတစ္ေယာက္အကူအညီျဖင့္
ပဲခူးေစ်းၾကီးထဲမွ
Ginvera ေခါင္းေလ်ွာ္ရည္
ကိုယ္စားလွယ္ထံတြင္ အေရာင္း၀န္ထမ္း ၀င္လုပ္ရသည္။
ကိုယ္စားလွယ္အန္တီၾကီးကလည္း
အခုမွ ကိုယ္စားလွယ္ရခါစ။
ကြ်န္ေတာ္ကလည္း
အခုမွ အလုပ္စလုပ္ဖူးတဲ့ ဆယ္ေက်ာ္သက္။
၀န္ထမ္းကလည္း ကြ်န္ေတာ္တစ္ေယာက္တည္း။
Ginvera ကုမၸဏီမွ
စူပါဗိုက္ဆာအကိုၾကီးတစ္ဦးက
တစ္လတြင္ နွစ္ရက္လာျပီး ကြ်န္ေတာ့္ကို အေရာင္းနည္းေတြ လက္ေတြ႕လုိက္သင္ေပးသည္။
ဒီလုိနွင့္
ကြ်န္ေတာ္ အေရာင္းသမားေပါက္စျဖစ္လာသည္ဆိုပါစို႕။
မွတ္မွတ္ရရ
လစာက တစ္လေျခာက္ေထာင္ျဖစ္သည္။ထိုစဥ္က
အေမ့ ေက်ာင္းဆရာမလစာသည္ သံုးေထာင္သာ။ ဒီေတာ့ မိသားစုအတြက္ အေတာ္ေလးအေထာက္အကူျဖစ္သည့္ အေျခအေန။
ကြ်န္ေတာ္အေရာင္းနယ္က
အင္းတိုင္ စီအိုတီေစ်း ကစျပီး မြန္ျပည္နယ္ က်ိဳက္ထိုအထိျဖစ္သည္။
ၾကားထဲ
အင္းတေကာ္၊ ပဲခူး၊ သနပ္ပင္၊ ဒိုက္ဦး၊ ေ၀ါ၊ သိမ္ဇရပ္ တို႕ ပါသည္။
ကြ်န္ေတာ့္အလုပ္က
တနလၤာေန႕ဆိုလွ်င္ ဂ်င္ဗဲရားေခါင္းေလ်ွာ္ရည္၊ သံလြင္ဆီ၊နို႕ရည္ စေသာ ေကာ္စမတ္တစ္မ်ား၊ ဖက္ရွင္ဆပ္ျပာခဲ၊ ဘိုင္အိုေဆာ့ေခါင္းေလ်ွာ္ရည္
စသည္တို႕ပါသည့္ အိတ္ျဖင့္ ပဲခူးပတ္လည္ ျမိဳ႕ေတြထဲ႕ ေစ်းေတြ ဆီ သြားရသည္။
ကုန္စံုဆိုင္မ်ား
၊ အလွကုန္ဆိုင္မ်ားကို ၀င္ျပီး ပစၥည္းနမူနာျပ၊ ကုန္အမွာေကာက္ရ၏။ သူတို႕ကလည္း ပစၥည္းတစ္ခုခ်င္းစီကို ေရာင္းသည့္အခါ ျပန္ရွင္းျပရသည္မို႕ ပစၥည္းတစ္ခုခ်င္းစီ၏ အသံုးျပဳပံု၊ အသံုး၀င္ပံုကို ကြ်န္ေတာ္က ေသခ်ာရွင္းျပရသည္။
ကုန္အမွာစာရင္း
ေကာက္ျပီးလ်ွင္ ကြ်န္ေတာ္ပဲခူးကို ျပန္လာ။
အဂၤါ
၊ ဗုဒၶဟူး၊ ၾကာသပေတးရက္မ်ားတြင္ေတာ့ ပဲခူးေစ်းၾကီးထဲက ဆိုင္မ်ား၊ ျမိဳ႕ထဲက ဆိုင္မ်ားတြင္ ပစၥည္းစပ္ခ်င္စပ္၊ အမွာလိုက္ပို႕ခ်င္လိုက္ပို႕၊
နယ္မ်ားမွ မွာေသာ စာရင္းအတိုင္း ပစၥည္းမ်ား အဆင့္သင့္ထုတ္ပိုးတာမ်ိဳး လုပ္ရသည္။
ကိုယ္စားလွယ္အမၾကီး၏
ကုန္စံုဆို္င္ေဘးတြင္
အခန္းတစ္ခန္းငွားကာ ကြ်န္ေတာ့္ရံုးခန္းဂိုေထာင္
လုပ္ေပးထားသည္။
ေသာၾကာေနရေရာက္လ်ွင္ေတာ့
ပို႕ရမည့္ ပစၥည္းမ်ားကို လိုင္းကားနွင့္တင္ျပီး နယ္ျမိဳ႕မ်ားသို႕ တစ္ေစ်း၀င္ တစ္ေစ်းထြက္ လိုက္ပို႕ရေတာ့သည္။
ပို႕ရာတြင္
လိုင္းကားျဖင့္ ပို႕ရသျဖင့္ အေတာ္ ကရိကထမ်ားေသာ ကိစၥျဖစ္သည္။
တစ္ျမိဳ႕ထဲသို႕
ပိုိ႕ရလ်ွင္ ကိစၥမရွိေသာ္လည္း လမ္းေၾကာင္းေပၚမွ နွစ္ျမိဳ႕ သံုးျမိဳ႕ သို႕ ပို႕ရသည့္အခါ ပစၥည္းစကၠဴဖာမ်ားျဖင့္ ကြ်န္ေတာ့္မွာ ေတာ္ေတာ္ ေခါင္းစားရသည္။
ဥပမာ
က်ိဳက္ထိုလမ္းေၾကာင္းဆိုလ်ွင္
လမ္းျမိဳ႕မ်ားျဖစ္ေသာ
ေ၀ါ နွင့္ သိမ္ဇရပ္သို႕ ၀င္ရသည္။
ေ၀ါမွ
ပစၥည္းအကုန္ခ်။ ေ၀ါေစ်းထဲမွ ဆိုင္တစ္ခုခုကို ရင္းနွီးေအာင္ေပါင္းျပီး ကိုယ့္ပစၥည္းေတြ ခဏအပ္။
ေ၀ါေစ်းထဲက
အမွာဆိုင္ေတြလိုက္ပို႕၊
ေငြသိမ္း။
ျပီးရင္
သိမ္ဇရပ္ကို ဆက္သြား။ ဒီလိုပဲ ဆိုင္တစ္ဆိုင္မွာ ပစၥည္းအပ္။ လိုက္ပို႕။ ျပီးလ်ွင္ က်ိဳက္ထိုဆက္သြား။
က်ိဳက္ထိုမွာ
ပစၥည္းပို႕ ျပီးလ်ွင္ ကြ်န္ေတာ့္အိတ္ထဲမွာ ေငြက ေလးငါးေျခာက္သိန္းျဖစ္ေနျပီ။
တစ္ေထာင္တန္ေခတ္ဆိုေတာ့
ပိုက္ဆံထုတ္ၾကီးေဖာင္းေဖာင္းနွင့္
ေစ်းထဲက မ်က္လံုးေပါင္းရာခ်ီေရွ႕ သြားလာေနရသည္။
အဲ့ဒီအခ်ိိ္န္ဆို
ဗိုက္ကလည္းဆာ၊ ေမာကလည္းေမာနွင့္ လူကလည္း ေတာ္ေတာ္ျပိဳင္းေနျပီ။
တျခားကုမၸဏီေတြလို
ေရာင္းေမာင္းကားမ်ိဳးနွင့္ျဖန္႕တာမဟုတ္ပဲ..ကိုယ္စားလွယ္က တဆင့္ဆိုေတာ့ လိုင္းကားနွင့္ျဖန္႕ရသည္မွာ
အေတာ္ေလးကို ပင္ပန္းေသာ ကိစၥျဖစ္သည္။
ဒါေပမယ့္
မတတ္နိုင္။
ဒီလိုနွင့္
ကြ်န္ေတာ့္ အေရာင္းသမားလုပ္သက္ တစ္နွစ္ရွိလာသည္။ တားဂတ္ေတြ မွီေအာင္ ေရာင္းနိုင္သျဖင့္ လစာေတြ၊ ေဘာနပ္စ္ေတြ ခုန္တက္သြားသည္။
အေ၀းသင္ပထမနွစ္
ကို ေခ်ာင္ေခ်ာင္လည္လည္ျဖင့္ တက္လိုက္နိုင္သည္။
အေရာင္းသမားဘ၀မွာ
ကြ်န္ေတာ္ေပ်ာ္လာသည္။
ပစၥည္းေတြလိုက္ပို႕လိုက္၊
ေငြထုတ္ၾကီးပိုက္ျပီး
ျပန္လာလိုက္နွင့္ ေပါ့ေပါ့တန္တန္ပင္။
ဆယ္ေက်ာ္သက္အရြယ္မို႕
လူတိုင္းကို ကိုယ့္လိုသာထင္ျပီး ကြ်န္ေတာ္ ေပါ့ဆခဲ့ပါသည္။
အဲ့ဒါကပဲ
ဒီဇာတ္လမ္း၏ အစျဖင္လာေတာ့၏။
(၃)
မွတ္မွတ္ရရ
နို၀င္ဘာလ
တစ္ရက္ထဲ ကြ်န္ေတာ္ က်ိဳက္ထိုလမ္းေၾကာင္းသို႕ ပစၥည္းသြားပို႕ရသည္။
လမ္းျမိဳ႕ျဖစ္သည့္
ေ၀ါတြင္ ပို႕သည့္ဆိုင္တစ္ဆိုင္က ပစၥည္းမွားပါသြားသျဖင့္ အေတာ္ေတာင္းေတာင္းပန္ပန္ျဖင့္
ရွင္းယူလိုက္ရသျဖင့္ လူေရာ စိတ္ပါ ပင္ပန္းေနျပီျဖစ္သည္။
က်ိဳက္ထိုေစ်းထဲေရာက္ေတာ့
ကြ်န္ေတာ္ ထမင္းမစားရေသး။
ေန႕လည္တစ္နာရီထိုးျပီ။
ေစ်းထဲသို႕
ပစၥည္းမ်ားပတ္ပို႕ ေငြသိမ္းျပီးခ်ိန္တြင္ ေန႕လည္ သံုးနာရီထိုးလုလုျဖစ္သြားျပီ။
ကြ်န္ေတာ့္အိတ္ထဲ
ေငြေလးသိန္းေက်ာ္ လည္း ပါလာျပီျဖစ္သည္။
ပဲခူးသို႕
ျပန္ရန္ က်ိဳက္ထိုရွမ္းေစ်းေရွ႕ မွ ပဲခူး - က်ိဳက္ထို
ဟိုင္းလတ္ကားတစ္စီးေပၚ
ကြ်န္ေတာ္ တက္ထိုင္လိုက္သည္။
ကြ်န္ေတာ္တက္ထိုင္ခ်ိန္တြင္
ကားေပၚမွာ ဘယ္သူမွ မရွိေသး။
ကားေပၚထိုင္ေနရင္း
ကားေဘးကပ္လ်က္ အသုတ္ဆိုင္ကို ျမင္လိုက္ရသည္။ ေခါက္ဆြဲသုတ္ေမႊးေမႊးနွင့္ ဟင္းခါးရည္အနံ႕က ကြ်န္ေတာ့္ကို ဆြဲေဆာင္ေနသည္။
ဒီေတာ့မွ
ဗိုက္ဆာေနသည္ကို ကြ်န္ေတာ္သိရသည္။
ကြ်န္ေတာ္
ကားေပၚက ဆင္းျပီး အသုတ္တစ္ပြဲမွာလိုက္၏။ ဗိုက္ဆာေနသည္မုိ႕ ေခါင္းမေဖာ္တမ္းကြ်န္ေတာ္စားလို္က္သည္။
အသုတ္ဖိုး
နွစ္ရာက်သည့္အတြက္ ေဘာင္းဘီအိတ္ထဲမွ ငါးရာတန္တစ္ရြက္ထုတ္ရွင္းလိုက္သည္။
အသုတ္သည္က
ေငြသံုးရာျပန္အမ္းသည္။
ကားေပၚတြင္
ဘယ္သူမွ မရွိေသး။
ပိုက္ဆံျမင္မွ
ကြ်န္ေတာ့္ပိုက္ဆံထုတ္ကို
ကြ်န္ေတာ္သတိရသြား၏။
အရင္က
လူနွင့္မကြာ ပိုက္ဆံထုတ္ကို ေဆာင္ေနက်။ ဒီေန႕မွ ဘယ္လိုျဖစ္သည္မသိ။
ကြ်န္ေတာ္
ဟိုင္းလတ္ကားေပၚ လွမ္းၾကည့္လိုက္ေတာ့ ေရႊဆိုင္မွေပးသည့္ အိတ္မ်ိဳးုနွစ္ထပ္နွင့္ ထုတ္ထားသည့္ ကြ်န္ေတာ့္ပိုက္ဆံအိတ္ကို ေတြ႕လိုက္ရသည္။
ဒီေတာ့မွ
ကြ်န္ေတာ္ရင္ေအးသြားျပီး
ကားေပၚ တက္လိုက္သည္။
ကားေပၚေရာက္ျပီး
အိတ္ကို ကိုင္ၾကည့္လိုက္ေတာ့..အိတ္ထဲတြင္ ေစ်းထဲအလွကုန္ဆိုင္မွ ျပန္လဲခိုင္းလိုက္သည့္ ေကာ္စမတ္တစ္အထုတ္သာရွိျပီး ပိုက္ဆံေလးသိန္းေက်ာ္ထည့္ထားသည့္
အိတ္က မရွိေတာ့။
ကြ်န္ေတာ္
ျပာေ၀မူးေနာက္သြားသည္။
''ကြ်န္ေတာ့္
ပိုက္ဆံအိတ္..ကြ်န္ေတာ္ပိုက္ဆံအိတ္..ေတြ႕မိၾကေသးလားဗ်ာ..လုပ္ပါဦးဗ်ာ..ဒီကားေပၚ ခုန ဘယ္သူလာေသးလဲ..ပိုက္ဆံေတြပါသြားျပီဗ်ာ''
ခပ္လွမ္းလွမ္းတြင္
ထုိင္ေနသည့္ ကားဒရိုင္ဘာကို ကြ်န္ေတာ္ေမးသည္။ အသုတ္သည္ၾကီးကို ေမးသည္။
အနီးတ၀ို္က္က
လူေတြကို အရူးလို ကြ်န္ေတာ္ လုိက္ေမးသည္။
ဘယ္ကမွ
အေျဖမရ။
သြားျပီ။
ေငြေလးသိန္း။
ကြ်န္ေတာ့္အေဖ
နိုင္ငံျခားတြင္ တစ္လလံုးလုပ္ျပီးေတာင္မွ တစ္လ ေငြနွစ္သိန္းေလာက္ပဲ ပို႕နိုင္သည့္အခ်ိန္။
ကြ်န္ေတာ္က
ေငြေလးသိန္းကို ေဖ်ာက္ပစ္လိုက္မိျပီ။
အရင္ဆံုး
ကြ်န္ေတာ့္စိတ္တြင္ ၀င္လာသည္က အေမ။ စားစရာမရွိ ေလ်ာ္စရာရွိလာသည့္ ကိစၥ။
အဲ့ဒီတုန္းက
ေငြေလးသိန္းဆိုသည္က ကြ်န္ေတာ္တို႕လို လူလတ္တန္းစားမိသားစုအတြက္ အေတာ္မ်ားသည့္
ပမာဏ။
ဘ၀တြင္
ထိုမ်ွ မ်ားျပားေသာေငြမ်ားကိုလည္း ဒီအလုပ္လုပ္မွ ကိုင္ဖူးျခင္း။
ကြ်န္ေတာ့္ေခါင္းေတြ
ထူပူေနသည္။
ကြ်န္ေတာ့္
အလုပ္ရွင္ကို ဘယ္လိုမ်က္နွာျပရမလဲ။ အေမ့ကိုေရာ ဘယ္လိုေျပာရမလဲ။
အေဖနိုင္ငံျခားမွာ
ပင္ပင္ပန္းပန္းလုပ္ျပီးရွာထားတဲ့
နွစ္လစာေလာက္ကို ကြ်န္ေတာ္က ဘယ္က ရွာစိုက္ေပးရမလဲ။
အဲ့ဒီအခ်ိန္
(၁၇)နွစ္သားတစ္ေယာက္ရဲ႕ အေတြးထဲမွာ ဒီ ဖိအားေတြၾကားက ထြက္ေျပးခ်င္စိတ္ပဲ
ကြ်န္ေတာ့္မွာ ေပါက္လာတယ္။
ကြ်န္ေတာ့္အိတ္ကပ္ထဲ
စမ္းၾကည့္ေတာ့ ခုန အေဒၚၾကီး အမ္းလိုက္တဲ့ ေငြသံုးရာပဲ ရွိေတာ့သည္။
ကားခနွင့္
အျခားခရီးစရိတ္ပိုက္ဆံမ်ားကိုလည္း
ခုန ပိုက္ဆံအိတ္နွင့္အတူပါသည့္ စာအုပ္ၾကား ကြ်န္ေတာ္ ညွပ္ထားခဲ့သည္မို႕ သူခိုးထံ ပါသြားခဲ့သည္။
ေလာေလာဆယ္
ကြ်န္ေတာ္ ပဲခူးကို ဘယ္လို ျပန္ရမည္ပင္ မသိေတာ့။ ကားသမားကို ေတာင္းပန္ျပီး စီးသြားမယ္။ ပဲခူးျပန္မယ္ပဲ ဆိုပါစို႕။
ကြ်န္ေတာ္
ရင္ဆိုင္ရမွာေတြက..။
ပထမဆံုး
ပစၥည္္းေတြ ယူသြားျပီး ေငြျပန္မပါလာတဲ့အတြက္ ကိုယ္စားလွယ္အမ နဲ႕ ရင္ဆိုင္ရမယ္။ ျပီးရင္ ကြ်န္ေတာ္တို႕ညီအစ္ကိုနွစ္ေယာက္နဲ႕
လႈပ္ရွားရုန္းကန္ေနရတဲ့
အေမ။ နိုင္ငံရပ္ျခား ပင္ပင္ပန္းပန္းအလုပ္ သြားလုပ္ေနတဲ့ အေဖ။
မိသားစုစား၀တ္ေနေရး
အေထာက္အကူရေအာင္ အလုပ္ထြက္လုပ္ခါမွ မိသားစုကို ဒုကၡေပးမိသည့္အျဖစ္။
ကြ်န္ေတာ့္မွာ
သူတို႕ကို ရင္ဆိုင္ဖို႕ သတၱိေတြမရွိေတာ့။ (ေနာက္ပိုင္းတြင္ေတာ့ ဆယ္ေက်ာ္သက္ဘ၀က ထိုသင္ခန္းစာသည္ ကြ်န္ေတာ့္ဘ၀တြင္ အဆိုးဆံုးအေျခအေနေတြကို ထိပ္တိုက္ရင္ဆိုင္ပစ္နုိင္သည္အထိ
အသံုး၀င္ခဲ့ပါသည္)
ကြ်န္ေတာ္
ဘာလုပ္ရမွန္းမသိေတာ့။
ကြ်န္ေတာ္
ဘာျဖစ္သြားမွန္းလည္း ကြ်န္ေတာ္မသိေတာ့။ ကြ်န္ေတာ့္ကိုယ္ ကြ်န္ေတာ္ သိတာက ကြ်န္ေတာ္ က်ိဳက္ထိုျမိဳ႕က လမ္းတစ္ခုေပၚမွာ ေျခဦးတည့္ရာေလ်ွာက္ေနသည္ဆိုတာပါပဲ။
အခုေခတ္
တို႕ေဆးမိျပီး ဘာမွ မသိျဖစ္သြားသည္ ဆိုတာမ်ိဳး လို ကြ်န္ေတာ္က ဘယ္သူမွ လာမတို႕ပဲ လူက အသိစိတ္မဲ့ေနခဲ့သည္။
ေနာက္ေတာ့
လမ္းေလ်ွာက္လာရင္း က်ိဳက္ထိုဘူတာဆိုသည့္ အေဆာက္အဦတစ္ခုကို ေတြ႕လိုက္သည္။
ကြ်န္ေတာ့္ေခါင္းထဲ
အေတြးတစ္ခု ၀င္လာ၏။
''ငါ
ဒီအခ်ိန္ေပ်ာက္သြားရင္…မခ်ိဳ (ကိုယ္စားလွယ္အမ) တို႕ေရာ၊
အေမတို႕နဲ႕ေရာ ရင္ဆိုင္စရာမလိုေတာ့ဘူး.. အေမလည္း မခ်ိဳတို႕ ကို ေလ်ာ္စရာမလိုဘူး..ငါ ပါ ေပ်ာက္ေနတာဆိုေတာ့
သူတို႕ တစ္ခုခု ထင္မွာပဲ..အဲ့ဒီအခ်ိန္ ငါ က်ိဳက္ထို ကိုျဖတ္တဲ့
ရထားနဲ႕ ေရး၊ထား၀ယ္ ဘက္လိုက္သြားမယ္။ ေကာ့ေသာင္းရေနာင္းဘက္မွာ အလုပ္ၾကမ္းလုပ္ျပီး ဒီေငြကို ျပန္ရေအာင္ရွာမယ္။ ျပည့္မွ ပဲခူးျပန္ျပီး ျပန္ေလ်ာ္ေပးမယ္''
ထိုအေတြးျဖင့္
ကြ်န္ေတာ္ က်ိဳက္ထို ဘူတာရံုထဲသို႕ ၀င္လိုက္သည္။
ကြ်န္ေတာ္ငယ္ငယ္က
ဖတ္ခဲ့သည့္ မင္းသိခၤ၊ မင္းျမတ္သူရတို႕ ၀တၳဳေတြထဲကလို ရထားကို ခိုးစီးသြားမည္။ ဟိုမွာေရာက္ရင္ ၾကံဳသလိုေနစားျပီး အလုပ္လုပ္မည္၊ အဆင္ေျပမည္ ဟု ထင္ခဲ့သည္။
ဘူတာတြင္လည္း
ေရး၊ ထား၀ယ္ရထား ဆိုက္လိမ့္မည္ဟု ကြ်န္ေတာ္ ေတြးမိလိုက္သည္။
က်ိဳက္ထိုဘူတာကား
ေျခာက္ကပ္ေနသည္။
ရထားပါးခ်ိန္မို႕
ခရီးသည္က မရွိသေလာက္။
ခရီးသည္မ်ားထိုင္ရန္လုပ္ထားသည့္
ခံုးတန္းတစ္ခုတြင္ တစ္ဦးတည္းထိုင္ေနေသာ လူတစ္ေယာက္ကို ကြ်န္ေတာ္ သတိထားမိလိုက္သည္။
အသက္က
ေလးဆယ့္ငါးနွစ္ေလာက္၊
အထုတ္အပိုးမ်ားမပါပဲ အ၀တ္အစာႏြမ္းႏြမ္းနွင့္မို႕
ဘူတာနားေနသည့္ ျမိဳ႕ခံတစ္ဦးျဖစ္မည္ဟု ကြ်န္ေတာ္ တြက္လိုက္သည္။
ေရး၊ထား၀ယ္ဘက္သြားမည့္
ရထားခ်ိန္ ေမးလ်ွင္ ရတန္ေကာင္းသည္ဟု ဆိုကာ သူ႕ထံသို႕ ကြ်န္ေတာ္ ေလ်ွာက္သြားလိုက္သည္။
''ဦးေလး..ဟို..ေရး ဘက္ သြားတဲ့ ရထား က ဘယ္အခ်ိန္လာမွာလဲဗ်''
သူက
ကြ်န္ေတာ့္ကို ေသခ်ာၾကည့္ပါတယ္။
အဲ့ဒီအခ်ိန္မွာ
သူ႕မ်က္လံုးေတြဟာ ငါးမ်ွားေနတဲ့ တံငါသည္တစ္ေယာက္လို၊ အမဲလိုက္ေနတဲ့ မုဆိုးတစ္ေယာက္လို ျဖစ္ေနလိမ့္မယ္လို႕ ေနာက္ပို္င္း ကြ်န္ေတာ္ ျပန္ေတြးမိပါတယ္။
''ညီေလးက..ဘာသြားလုပ္မလို႕လဲ..အဲ့ဒီကို''
''ကြ်န္ေတာ္
ေကာ့ေသာင္း၊ရေနာင္းဘက္
အလုပ္သြားလုပ္ခ်င္လို႕ပါ''
''ညီေလး
ပံုစံနဲ႕……ဟုတ္လို႕လားကြာ''
သူေျပာလည္း
ေျပာခ်င္စရာပင္။
ထိုစဥ္က
ကြ်န္ေတာ့္ပံုစံ ဂ်င္ဗဲရားကုမၸဏီမွ ယူနီေဖာင္းအျဖစ္ ေပးထားေသာ ခဲေရာင္စပို႕ရွပ္ ၊ ေအာက္က အျပာေရာင္ဒဲ့ပြဂ်င္းေဘာင္းဘီရွည္နွင့္။
ဖိနပ္ကလည္း အယ္ရိုေဆာ့ကြင္းထိုးဖိနပ္။ ဆံပင္ကလည္း ဂ်ယ္ေတြျဖင့္ ပန္႕ခ္ေကေထာင္ထားလိုက္ေသးသည္။
ဒီေတာ့
လူက ရထားစီးျပီး နယ္စပ္အလုပ္သြားလုပ္မည့္ ပံု တစ္စက္မွ မထြက္။ ကုမၸဏီ၀န္ထမ္း Saleman ဟန္ပန္က အျပည့္။
''မင္း
တစ္ခုခုပါကြာ…ငါ မွန္းလိုက္မယ္..မင္း
အိမ္က ထြက္ေျပးလာတာမဟုတ္လား''
ဒီေတာ့မွ
ကြ်န္ေတာ္ အလံုးၾကီး က်သြားေတာ့သည္။
ကံေကာင္းသည္က
ဂ်င္ဗဲရားမွ ထုတ္ေပးေသာ ယူနီေဖာင္းသည္ ခဲေရာင္စပိုရွပ္ေပၚတြင္မွ ဂ်င္ဗဲရားလိုဂိုအနီေလး တစ္ခုသာ ပါသျဖင့္ ရိုးရိုးစပို႕ရွပ္လို ျဖစ္ေနသျဖင့္ ကြ်န္ေတာ့္ကို ကုမၸဏီ၀န္ထမ္းလို႕ သူမထင္ျခင္းပင္။
အိမ္မွ
ထြက္ေျပးလာသည့္ ေကာင္ေလးဟု သူထင္သြားပံုရ၏။
ကြ်န္ေတာ္လည္း
စိတ္ေတြ ေထြျပားထူပူေနခ်ိန္မို႕ သူ႕ကို ဘာမွ မရွင္းျပခ်င္။ ဒီေနရာ ဒီအေျခအေနက ျမန္ျမန္လြတ္ေျမာက္လိုစိတ္သာ
ၾကီးစိုးေနေတာ့သည္။
''ဟုတ္တယ္..ဦးေလး..ကြ်န္ေတာ္ အိမ္မွာ မေနခ်င္ေတာ့လို႕..အိမ္နဲ႕ ကြိဳင္လာတာဗ်ာ''
ဘဲၾကီးက
ကြ်န္ေတာ့္ကို ငါထင္သားပဲ ဆိုသည့္ ပံုစံျဖင့္ ခပ္ျပံဳးျပံဳးၾကည့္လုိက္၏။
''မင္း
ေက်ာင္းေရာ ဘယ္နွစ္တန္းေအာင္လဲ''
''ကြ်န္ေတာ္
ဆယ္တန္းေအာင္ျပီးသား၊
ပထမနွစ္ေျဖထားတာ''
ထိုအခ်ိန္တြင္
သူ႕မ်က္လံုးမ်ား အေရာင္လက္သြားျပီး ၀မ္းသာအားရျဖစ္သြားသည္။
''ဟာ..ဆယ္တန္းေအာင္ျပီးသားၾကီးကြာ..ငါ့ညီရာ..နွေျမာစရာၾကီး..ဘယ့္နွယ့္ နယ္စပ္သြားျပီး လုပ္ရင္ အလုပ္ၾကမ္းေတြလုပ္ရမွာ..မင္းတို႕လို ဆယ္တန္းေအာင္တဲ့ လူငယ္ေတြ တပ္သားအဆင့္နဲ႕ တပ္ထဲ ၀င္ရင္ အရာရွိျဖစ္နိုင္တယ္ကြ..မင္း တပ္ထဲ ၀င္မလား''
အမွန္၀န္ခံရရင္
သူ ေဖာလံုးကို ကြ်န္ေတာ္ မယံုပါ။
ကြ်န္ေတာ့္အကို၀မ္းကြဲေတြ၊
ေဘာ္ဒါေတြ ဒီအက္စ္ေအသြားတက္ေနၾကသည္က အမ်ားၾကီး။
တပ္ထဲ
တပ္သားနဲ႕ ၀င္ျပီး အရာရွိျဖစ္ဖို႕ဆိုတာ မအူပင္က ၀က္မၾကီးနွင့္ ေျမာက္၀င္ရိုးစြန္းက ပိုလာ၀က္၀ံ မ်ိဳးစပ္ျပီး ေမြးရတာကမွ လြယ္ခ်င္လြယ္လိမ့္မည့္ကိစၥကဆိုတာ
ကြ်န္ေတာ္သိျပီးသား။
သို႕ေပမယ့္
ကြ်န္ေတာ္က ေလာေလာဆယ္ ေရနစ္ေနသူ။
ကြ်န္ေတာ့္ေရွ႕
ေတြ႕သမ်ွ ဘယ္ေကာက္ရိုးမဆို လိုက္ဆြဲၾကည့္ေနတဲ့ အေျခအေနမဟုတ္လား။
''မင္းပံုစံနဲ႕
ဆယ္တန္းကလည္း ေအာင္ထားဆိုေတာ့..ေသခ်ာေပါက္ အရာရွိျဖစ္မွာ..လစာလည္းရမယ္ကြာ..ကြန္ျပဴတာေတြ ဘာေတြလည္း သင္ေပးဦးမွာ..ျပီးေတာ့ အရာရွိမျဖစ္လည္း အရာခံဗိုလ္ေတာ့ ျဖစ္မွာပဲ..လစာေရာ၊ ရိကၡာေရာရဦးမွာ.. တို႕တပ္မွာက''
တကယ္ေတာ့
သူေျပာတာေတြ တစ္ခုမွ ကြ်န္ေတာ္ စိတ္မ၀င္စား။
နိုင္ငံေတာ္ကိုခ်စ္တဲ့
သားေကာင္းစစ္သည္ေတာ္လည္း
မျဖစ္ခ်င္သလို အရာရွိဘာညာလည္း မျဖစ္ခ်င္။
ေလာေလာဆယ္္
ကြ်န္ေတာ္ ျဖစ္ခ်င္သည္က ကြ်န္ေတာ္၏ လက္ရွိပစၥကအေျခအေနက လြတ္ေျမာက္ဖို႕ပင္။
ျဖစ္နိုင္လ်ွင္
ဂ်င္ဗဲရားကုမၸဏီမွ အေရာင္း၀န္ထမ္းေလး ေက်ာ္စြာနိုင္ အျဖစ္ကေန ခ်က္ခ်င္း ေပ်ာက္ကြယ္သြားခ်င္တာမ်ိဳးျဖစ္သည္။
ကြ်န္ေတာ္
စိတ္ေတြ တအားမြန္းၾကပ္ျပီး ဘာကို မွ ေ၀ခြဲမရေတာ့။
''ကဲ..လာကြာ..ငါတို႕ရံုးသြားၾကရေအာင္''
သူ
ထို္င္ရာမွ ရုတ္တရက္ အားယူျပီး ထလိုက္သည့္အခါ သူ႕ဘယ္ဘက္ေျခေထာက္မွာ ေျခတုၾကီးျဖစ္ေၾကာင္းေတာ့ ကြ်န္ေတာ္ သတိထားလိုက္မိပါသည္္။
က်ိဳက္ထိုဘူတာမွ
ထြက္ျပီး လမ္းခ်ိဳးေလးတစ္ခုထဲ နည္းနည္းဆက္သြားလိုက္လ်ွင္
''စစ္သားစုေဆာင္းေရး''
အဖြဲ႕ ရံုးကေလးဆီ ကြ်န္ေတာ္တို႕ ေရာက္သြားၾကပါသည္။
တစ္လမ္းလံုး
ကြ်န္ေတာ့္အား စကားေတြေျပာကာ အူျမဴးေနေသာ ေျခတုၾကီးမွာ ရံုးထဲ ၀င္လ်ွင္ ၀င္ခ်င္း မ်က္နွာငယ္ ေလး ျဖစ္ျပီး အသံတိတ္သြားပါသည္။
အ၀တြင္
ထိုင္ေနေသာ သံုးရစ္ျဖင့္ လူကို ဗိုလ္ၾကီး ရွိလားဟု ေမးလိုက္သည္။
သံုးရစ္ဆရာၾကီးက
ေခါင္းျငိမ့္ျပသျဖင့္
ကြ်န္ေတာ္တို႕ ရံုးခန္းထဲ ၀င္ခဲ့ၾကသည္။
''ဆရာ..ဒီမွာ..ဆယ္တန္းေအာင္ျပီးသားတစ္ေယာက္ပါ..သူက နယ္စပ္မွာ အလုပ္သြားလုပ္မလို႕တဲ့..အဲ့ဒါ တပ္ထဲ သြင္းေပးဖို႕ ကြ်န္ေတာ္ ေခၚလာတာ''
ဗိုလ္ၾကီးသည္
ကြ်န္ေတာ့္ကို ဘာမွ ေထြေထြထူးထူးသိပ္မေမး။
နာမည္၊
ေနရပ္နွင့္ ဆယ္တန္းတကယ္ေအာင္တာလား ဆိုသည့္ ေမးခြန္းကို ေမးသည္။
ကြ်န္ေတာ္က
တကယ္ေအာင္ပါတယ္ဟု ေျဖေသာအခါ ေအးေလ တကယ္ေအာင္မေအာင္ ရန္ကုန္ ေရာက္ရင္ သိရမွာပဲ ဟု ဆိုသည္။
ထို႕ေနာက္
မင္း ထမင္းစားျပီးျပီလား ဟု ေမးသည္။
ကြ်န္ေတာ္က
မစားရေသးဘူး ဟု ေျဖသည့္အခါ ခုန
အ၀တြင္ ထိုင္ေနေသာ တပ္ၾကပ္ၾကီးကို ေခၚကာ ပိုက္ဆံေပးရင္း ကြ်န္ေတာ့္ကို ထမင္းလိုက္ေကြ်းရန္ အမိန္႕ေပးလိုက္၏။
ကြ်န္ေတာ္နွင့္
တပ္ၾကပ္ၾကီး အခန္းထဲက ထြက္ခါနီးတြင္ ေျခတုဦးေလးၾကီးက ဗိုလ္ၾကီးကို တစံုတစ္ခု ေျပာလိုက္ပံုရသည္။
ဗိုလ္ၾကီးက
''ေအး..ထံုးစံအတိုင္း မင္းရစရာရွိတာရမယ္..စကားရွည္မေနနဲ႕..ေဟ့ေကာင္'' ဟုေလသံမာမာျဖင့္ ေျပာသံကို ၾကားလိုက္ရပါသည္။
(၄)
ကြ်န္ေတာ့္ကို
ထမင္းေကြ်းရန္ ေခၚသြားေသာ တပ္ၾကပ္ၾကီးအမည္မွာ ဆရာၾကီးေမာင္ထူး ဟု သိရသည္။ စကားက
၀ဲတဲတဲ။
ထိုအနီးနားမွ
လမ္းေဘးထမင္းဆိုင္ေလးသို႕
ကြ်န္ေတာ့္ကို ေခၚသြားသည္။
''ညီေလးေရ..ဒီေန႕ေတာ့ ငါတို႕ တပ္ဆြယ္ ကံေကာင္းတဲ့ေန႕ပဲကြာ…ဆယ္တန္းေအာင္ နွစ္ေယာက္ေတာင္ ရလိုက္တယ္…တကယ္လပ္ကီးပဲ..ကဲ..ဗိုလ္ၾကီးက မင္းၾကိဳက္တာစားတဲ့..ၾကိဳက္တဲ့ဟင္းသာ ၾကိဳက္သေလာက္ မွာစားေပေတာ့''
အခ်ိန္ကား
ည ခုနွစ္နာရီပင္ရွိေလာက္ျပီ။ကြ်န္ေတာ့္မွာ
ဗိုက္လည္းဆာေနျပီျဖစ္သျဖင့္
၀က္သားဟင္းျဖင့္ ထမင္းမွာ စားလိုက္သည္။
တပ္ၾကပ္ၾကီးသည္
ကြ်န္ေတာ့္ကို တစ္ခ်ိန္လံုး ေဘးက ထိုင္ၾကည့္ေနသျဖင့္ စိတ္ထဲ တစ္မ်ိဳးၾကီးခံစားလာရ၏။
ထမင္းစားျပီးသည့္အခါ
ခုနလာၾကသည့္္ စုေဆာင္းေရးရံုးသို႕ ကြ်န္ေတာ္တို႕ ျပန္သြားၾကသည္။
ရံုးတြင္
ခ်စ္စမ္းေမာင္ နွင့္္ ကြ်န္ေတာ္ ေတြ႕ၾကေတာ့သည္။
ခ်စ္စမ္းေမာင္
ဆိုသည္မွာ ခုန ဆရာၾကီးေမာင္ထူးေျပာသည့္ ဆယ္တန္းေအာင္တစ္ေယာက္။
တိုက္တိုက္ဆိုင္ဆိုင္
သူကလည္း ေန႕လည္ကမွ ဒီစစ္သားစုေဆာင္းေရးသို႕ ေရာက္လာသည္ဟု သိရသည္။
သူနွင့္
ကြ်န္ေတာ့္ကို စုေဆာင္းေရးရံုး၏ အေနာက္ဘက္ အခန္းတစ္္ခန္းတြင္ အိပ္ရာခင္းျပင္ေပးသည္။
သူတို႕မသိပဲ
ဘယ္မွ မထြက္ရန္လည္း မွာထား၏။
ခ်စ္စမ္းေမာင္သည္
အသားမဲမဲ၊ ခႏၵာကိုယ္က်စ္က်စ္ျဖင့္ အညာသားပံုစံျဖစ္သည္။
ရတနာပံုတကၠသိုလ္တြင္
ဒုတိယနွစ္ ၊ ပထ၀ီ တက္ေနသူျဖစ္သည္။
မႏၱေလးတိုင္းထဲရွိ
ရြာတစ္ရြာကဟု သိရသည္။ ဆယ္တန္းေအာင္ခါစက ဗိုလ္သင္တန္းေလ်ွာက္မည္ကို မိဘမ်ားက ကန္႕ကြက္ခဲ့ၾကျပီး မႏၱေလးတြင္ ေက်ာင္းထားခဲ့သည္။
သူက
ယခုအၾကိမ္ စစ္သားစုေဆာင္းေရးသို႕ လာ၀င္သည္မွာ ဒုတိယေျမာက္ျဖစ္ေၾကာင္း ေျပာျပသည္။
ပထမနွစ္တြင္
မႏၱေလးမွ တပ္ထဲ၀င္ခဲ့ေသာ္လည္း မိဘမ်ား သိသြားျပီး မရမက လိုက္ထုတ္ခဲ့သျဖင့္ ျပန္လာရသည္။
ယခုေတာ့
သူငယ္ခ်င္းမ်ားနွင့္ က်ိဳက္ထီးရိုးဘုရားဖူးလိုက္ခဲ့ရင္း
မိဘမ်ား လက္လွမ္းမမီသည့္ ဒီက်ိဳက္ထို စုေဆာင္းေရးတြင္ တပ္ထဲ လာ၀င္ျခင္းတဲ့။
ခ်စ္စမ္းေမာင္
ကို ၾကည့္ရသည္မွာ အင္မတန္မွ စိတ္အားထက္သန္ေနပံုရသည္။
တပ္ထဲကို
ဘယ္လို ၀င္ခ်င္ခဲ့ေၾကာင္း၊ အရာရွိဘယ္လိုျဖစ္ခ်င္ေၾကာင္းေတြ
ကြ်န္ေတာ့္ကို တခုပ္တရေျပာျပသည္။
ကြ်န္ေတာ္ကလည္း
တစ္ခ်ိန္မွာ စာေရးဆရာျဖစ္လာမည့္ အေလာင္းအလ်ာမို႕လားမသိ။
ကိုယ့္အပူနွင့္ကို္ယ္
ထူပူေနခ်ိန္တြင္ေတာင္
သူ႕အေၾကာင္းကို စိတ္၀င္တစားေလ်ွာက္ေမးျမန္းေနမိသည္။
ထိုညက
သူနွင့္ ကြ်န္ေတာ္ ခင္သြားၾကသည္။
ကိုးနာရီခြဲေလာက္က်ေတာ့
ကြ်န္ေတာ္တို႕ အိမ္သာထသြားဖို႕ အျပင္ထြက္လိုက္သည္။
တံခါး၀တြင္
လက္ေမာင္းနွစ္ရစ္ျဖင့္
တပ္ၾကပ္တစ္ေယာက္ အိပ္ငိုက္ေနရာမွ ဆတ္ခနဲလန္႕နိုးလာ၏။
''ဘယ္
ထြက္ၾကမလို႕လဲ''
''အိပ္ခါနီး
အိမ္သာသြားခ်င္လို႕ပါ''
''မင္းတို႕ေကာင္ေတြ
စကားေတြေတာ္ေတာ္ေျပာၾကတာပဲ..ေစာေစာအိပ္ကြ..ည နွစ္နာရီရထားနဲ႕ မင္းတို႕ကို ရန္ကုန္ပို႕မွာ..ညက် ထရဦးမယ္..သြားသြား..ေနာက္ေဖးမွာ အိမ္သာက..ဟိုစပ္စု ဒီစပ္စု မလုပ္နဲ႕ေနာ္..တန္းတန္းျပန္လာခဲ့''
တပ္ၾကပ္
ညႊန္ျပသည့္လမ္းအတိုင္း
ကြ်န္ေတာ္ရယ္၊ ခ်စ္စမ္းေမာင္ရယ္ အိမ္သာ သြားလိုက္ၾကသည္။
အိမ္သာကား
စုေဆာင္းေရးရံုးအေနာက္ဘက္
ခပ္လွမ္းလွမ္းေမွာင္ရိပ္တြင္ျဖစ္သည္။
ခ်စ္စမ္းေမာင္
အိမ္သာတက္ျပီးေနာက္ ကြ်န္ေတာ္ က အေပါ့ပဲ သြားလိုက္သည္။
အေပါ့သြားရာမွ
ျပန္ဆင္းလာေတာ့ အေနာက္ေဘး အဖီထြက္ေနသည့္ ေနရာတြင္ ခ်စ္စမ္းေမာင္က ကြ်န္ေတာ့္ကို ေက်ာေပးျပီး ငုတ္တုတ္ထိုင္ေနသည္ကို ေတြ႕ရသည္။
ကြ်န္ေတာ္
သူ႕ေနာက္ကိုေရာက္သြားေတာ့…အဖီေအာက္အေမွာင္ထဲတြင္ ထိ္ပ္တံုးခတ္ခံထားရသည့္ လူနွစ္ေယာက္။
ထိုစဥ္က
ထိပ္တံုးဆိုသည္ကို ျမန္မာဗီဒီယိုမ်ားထဲတြင္သာ ျမင္ဖူးသည့္ ကြ်န္ေတာ့္အတြက္ ထိပ္တံုးခတ္ခံထားရသည့္လူမ်ားကို အျပင္တြင္
အရွင္လတ္လတ္ျမင္ဖူးသည့္အခါ
အံၾသမိသည္။
အိမ္သာမွ
မီးသီးအလင္းေရာင္ပ်ပ်ျဖင့္
ထိပ္တံုးစာမိေနသူနွစ္ေယာက္၏
မ်က္နွာကို ျမင္ေနရသည္။
''မင္းတို႕
ဒီအခ်ိန္ လစ္ရင္ မီွေသးတယ္ေနာ္..ေဟ့ေရာင္ေတြ..ငါတို႕လိုျဖစ္သြားရင္ေတာ့ ဒီမွာ ျမင္တဲ့အတိုုင္းပဲ''
သူတို႕
မ်က္နွာေတြက ဖူးေယာင္ေနသည္။
ကြ်န္ေတာ္က
ခ်စ္စမ္းေမာင္ကို ဘာျဖစ္တာလဲ ဟုေမးလိုက္သည္။
''စစ္ေျပးေတြတဲ့..သင္တန္းေက်ာင္းက ေျပးလာတာဆိုလား…အလကားပါကြာ..ဒီေကာင္ေတြ စိတ္ဓာတ္မရွိပဲ တပ္ထဲ၀င္ျပီး ခံနိုင္ရည္္မရွိတဲ့ေကာင္ေတြ''
ထိပ္တံုးသမားနွစ္ေယာက္ေရွ႕တြင္
ခ်စ္စမ္းေမာင္က ထိုသို႕ ေျပာလိုက္သျဖင့္ ကြ်န္ေတာ္ပင္ ၾကားထဲက အားနာသြားရသည္။
ကြ်န္ေတာ္တို႕ကို
အခ်ိန္မီေသးတယ္ဟု ေျပာေသာ တစ္ေယာက္ကေတာ့ ခ်စ္စမ္းေမာင္ကို ေလွာင္ျပံဳး ျပံဳးျပီး ၾကည့္ေနသည္။
ကြ်န္ေတာ္နွင့္
ခ်စ္စမ္းေမာင္ ေပးထားေသာအခန္းတြင္း ျပန္၀င္လာလိုက္သည္။
အိပ္ရန္
မ်က္လံုးမွိတ္လိုက္စဥ္
ေနာက္ေဖး အဖီမွ ထိပ္တံုးသမားနွစ္ေယာက္၏ မ်က္နွာက ေပၚလာသည္။
''ဒီေကာင္ေတြ
စိတ္ဓာတ္မရွိပဲ တပ္ထဲ၀င္ျပီး ခံနိုင္ရည္မရွိ ထြက္ေျပးတဲ့ေကာင္ေတြ''
ခ်စ္စမ္းေမာင္
စကားကို ကြ်န္ေတာ္ၾကားေယာင္သည္။
ခ်စ္စမ္းေမာင္
ကေတာ့ တပ္ထဲ၀င္လာတာ စိတ္ဓာတ္နွင့္ ေမ်ွာ္လင့္ခ်က္နွင့္။ စိတ္အားထက္သန္မႈေတြနွင့္။
ကြ်န္ေတာ္ကေရာ။
ကြ်န္ေတာ္က
အခုထိ ဒီေနရာသာေရာက္ေနတာ ဘာ ဆို ဘာမွ
စိတ္ထဲ ေထြေထြထူးထူး မရွိ။ ပစၥကအေျခအေန က လြတ္ျပီးေရာသေဘာနွင့္ လိုက္လာခဲ့ျခင္း။
ဒီအဖီထဲက
ထိပ္တံုးနဲ႕ ေနာက္တစ္ခါ ဖူးစာဆံုမွာက ငါမ်ားလားဆိုသည့္ အေတြးျဖင့္ အေတာ္နွင့္ အိပ္မေပ်ာ္။
ေမွးခနဲ
အိပ္ေပ်ာ္ခ်ိန္မွာပဲ ေျခေထာက္ကို ဆြဲျပီ ေအာ္ဟစ္နိုးသည္ကို ခံစားလိုက္ရသည္။
''ကဲ..ေကာင္ေလးေတြ..ေရာ့…အေပၚက ဒီယူနီေဖာင္းေတြ ထပ္၀တ္၊ သြားမယ္၊ ရထားဆိုက္ေတာ့မယ္''
ဆရာၾကီးေမာင္ထူး
။
ေဘးမွာက
ကြ်န္ေတာ္တို႕ကုိ တညလံုးေစာင့္ေနပံုရသည့္ တပ္ၾကပ္။
သူေပးသည့္
စစ္ယူနီေဖာင္းအကၤ် ီကို ကြ်န္ေတာ္တို႕ နွစ္ေယာက္ ထပ္၀တ္လိုက္သည္။
ထို႕ေနာက္
သူတို႕ေနာက္သို႕ လိုက္သြား၏။ ဦးတည္ရာကား က်ိဳက္ထိုဘူတာ။
မၾကာမီ
ရထားဆိုက္လာ၏။
ကြ်န္ေတာ္စတိုင္လ္က
အေပၚက စစ္ယူနီေဖာင္း နွင့္ ေအာက္က ဂ်င္းေဘာင္းဘီဒဲ့ပြ။
ခ်စ္စမ္းေမာင္ကက်
ဘယ္ကတည္းက တပ္ထဲ၀င္ခ်င္ေနမွန္းမသိ။ စစ္ေဘာင္းဘီရွည္တစ္ထည္ အသင့္ပါလာသျဖင့္ စစ္ေဘာင္းဘီ၊ စစ္အကၤ် ီျဖင့္။
ဘူတာတြင္
ေနာက္ထပ္ နွစ္ရစ္နွင့္ တစ္ေယာက္က ေစာင့္ေနသည္။
ရထားတြဲေပၚတက္သည့္နွင့္
အာတီအိုနွစ္ေယာက္ခံုတြင္
ကြ်န္ေတာ္၊ ခ်စ္စမ္းေမာင္ နွင့္ ဆရာၾကီး ေမာင္ထူးထိုင္သည္။
တပ္ၾကပ္နွစ္ေယာက္က
အိမ္သာေရွ႕ေနရာလြတ္တြင္တစ္ေယာက္၊
အတက္အဆင္းေနရာတြင္တစ္ေယာက္
ေခြေခါက္လိုက္ပါလာေတာ့သည္။
သူတို႕ကို
ၾကည့္ျပီး ကြ်န္ေတာ္စိတ္မေကာင္း။
တပ္ၾကပ္တစ္ေယာက္က
အတက္အဆင္းတံခါးတြင္ အိပ္ေနရာမွ ကြ်န္ေတာ္တို႕ ခံုေရွ႕တည့္တည့္ ၾကမ္းျပင္တြင္ လာထိုင္သည္။
သူနွင့္
ကြ်န္ေတာ္ စကားစပ္မိရာမွ သူက ပဲခူးသားမွန္း ကြ်န္ေတာ္သိလိုက္ရသည္။
သိမ္ဇရပ္ဘူတာအေရာက္တြင္
ဆရာၾကီးေမာင္ထူးက ခဏဆင္းသြား၏။ သူတို႕ေျပာစကားအရ အရက္သြား၀ယ္တာမွန္းကြ်န္ေတာ္သိလိုက္သည္။
ထိုအခ်ိန္တြင္
ကြ်န္ေတာ္နွင့္ စကားေျပာေနသည့္ တပ္ၾကပ္ က ကြ်န္ေတာ့္ကို စကားစလာသည္။
''ညီေလး..အကိုက ပဲခူးေရာက္ရင္ ဆင္းမွာ..ဗိုလ္ၾကီးမသိေအာင္..ဆင္းျပီး အကို႕ မိဘအိမ္ခဏ၀င္၊ မနက္ျဖန္ ေန႕လည္ရန္ကုန္ျမိဳ႕ထဲ မွာ မင္း ဆယ္တန္းေအာင္လက္မွတ္ကို သြားထုတ္ဖို႕ စာရင္းသြားတင္ရမယ္..ျပီးမွ က်ိဳက္ထိုျပန္မွာ။ မင္း မိဘေတြကို မင္းဒီထဲ ၀င္တာ အသိေပးခ်င္ရင္ အကို သြားေပးမယ္..လိပ္စာသာေပးလိုက္''
ကြ်န္ေတာ္
စဥ္းစားသည္။ ဘာပဲျဖစ္ျဖစ္ ကြ်န္ေတာ္ ဘယ္ေရာက္ေနသည္ဆိုတာကို အေမတို႕ကိုေတာ့ အသိေပးမွ ျဖစ္မည္ဟုပဲ အေျဖက ထြက္လာသည္။
ထို႕ေၾကာင့္
ထိုတပ္ၾကပ္ဆီက စာရြက္တစ္ရြက္ေပၚတြင္ ကြ်န္ေတာ့္လိပ္စာေရးေပးလိုက္သည္။
ကြ်န္ေတာ့္ဘ၀၊
ကြ်န္ေတာ့္မိသားစုအတြက္ေတာ့
ထိုတပ္ၾကပ္ဆရာသည္ အင္မတန္ေက်းဇူးတင္ထုိက္ေသာ ပုဂၢိဳလ္ပင္ျဖစ္သည္။
သူ႕ေၾကာင့္သာ
ကြ်န္ေတာ္ ကံေကာင္းျပီး ကေလးစစ္သားမျဖစ္ခဲ့ျခင္းပင္။
ထိုအခ်ိန္
ပဲခူးအိမ္တြင္ က်န္ေနေသာ ကြ်န္ေတာ့္မိသားစုမွာ ကြ်န္ေတာ္ျပန္မလာသျဖင့္ အေတာ္စိတ္ပူေနၾကသည္။
အေမဆိုလ်ွင္
နို၀င္ဘာခ်မ္းခ်မ္းေအးေအးတြင္
လမ္းထိပ္တြင္ တစ္ညလံုးထြက္ထိုင္ျပီး ကြ်န္ေတာ္ ျပန္အလာကို ေစာင့္ေနခဲ့သည္။
ပိုက္ဆံထုတ္မ်ားျဖင့္
ျပန္မလာေတာ့သည့္ သား အတြက္ အေမ၊ အတူေန ၾကီးေတာ္ၾကီးနွင့္ ကြ်န္ေတာ္ညီေလးတို႕မွာ အေတာ္ေလးကို ေသာကေရာက္ခဲ့ၾကသည္။
တစ္ေနရာရာတြင္
အသတ္ခံရျပီလားဆိုသည့္အေတြးျဖင့္
အေမ့မွာ အေတာ္ပူေလာင္ခဲ့သည္ဟု ေနာက္ပိုင္း ကြ်န္ေတာ္ေရာက္မွ သိရသည္။
ဆက္ရလ်ွင္ေတာ့
ပဲခူးတြင္ တပ္ၾကပ္က ဆင္းသြားသည္။
ရထားေပၚတြင္
ဆရာၾကီးေမာင္ထူး၊ ေနာက္ထပ္ တပ္ၾကပ္တစ္ေယာက္နွင့္ ကြ်န္တာ္တို႕ နွစ္ေယာက္သာ က်န္ေတာ့၏။
ရန္ကုန္ဘူတာၾကီးေရာက္သည့္အခါ
ဒညင္းကုန္းဘူတာသို႕ ျမိဳ႕ပတ္ရထား ထပ္စီးရသည္။
ျမိဳ႕ပတ္ရထားေပၚေရာက္သည္နွင့္
စစ္သည္နွစ္ေယာက္သည္ သူတို႕ ေကာ္လံဂ်ပ္ေတြကို ေသခ်ာတိုက္ခြ်တ္ၾကသည္။ ဦးထုတ္တံဆိပ္ေတြကို ေသခ်ာတိုက္သည္။
ခါးပတ္ေတြကို
ခြ်တ္ကာ ခါးပတ္ေခါင္းကို ေသခ်ာတိုက္ခြ်တ္ၾကသည္။
ယူနီေဖာင္းေတြ၊
ဖိနပ္ေတြကိုလည္း ေသေသသပ္သပ္ ျပင္ဆင္ေနၾက၏။
အေရးၾကီးသည့္
ဌာနတစ္ခုသို႕ ၀င္ေတာ့မည္မွန္း ကြ်န္ေတာ္ခန္႕မွန္းမိသည္။
ကြ်န္ေတာ္ကေတာ့
စစ္အကၤ်ီ နွင့္ ဂ်ုင္းပန္ နွင့္ ေဂၚလ်က္။
ဒညင္းကုန္း
စစ္သားစုေဆာင္းေရးတပ္
သို႕ ကြ်န္ေတာ္တို႕ ေရာက္ျပီ။
တပ္ထဲ
မ၀င္ခင္ အျပင္ဘက္တြင္ မနက္စာစားရန္ လက္ဖက္ရည္ဆိုင္ ထိုင္ၾကသည္။
လက္ဖက္ရည္ဆိုင္တစ္ခုလံုးတြင္
ျမန္မာျပည္အနွံ႕ စစ္သားစုေဆာင္းေရးတပ္မွ စစ္သည္မ်ားနွင့္္ ကြ်န္ေတာ္တို႕လို စုေဆာင္းခံရသူမ်ား ျဖင့္ ျပည့္ေန၏။
''က်ိဳက္ထို
ကေတာ့ မိုက္တယ္ေဟ့..ဆယ္တန္းေအာင္နွစ္ေယာက္တဲ့ကြ..မင္းသားဆိုဒ္ေတြနဲ႕…''
''ငါတို႕ဆီက
နွစ္ေယာက္နဲ႕ မင္တို႕တစ္ေယာက္နဲ႕ အလဲအထပ္ရိုက္မလား..က်ိဳက္ထို''
လက္ဖက္ရည္ဆိုင္ထဲမွ
သူတို႕စကား၀ိုင္းတြင္
ကြ်န္ေတာ္တို႕ မွာ ေပၚျပဴလာျဖစ္ေနသည္။
ေနာင္
ဆယ္နွစ္ခန္႕အၾကာ အညာဘက္မွ ႏြားပြဲေစ်းမ်ားကို ေရာက္သည့္အခါ ႏြားေခ်ာကိုင္ထားသည့္ ပြဲစားအနား တရစ္၀ဲ၀ဲခ်ီးမြမ္းေနၾကသည့္ ႏြားပြဲစားမ်ားကိုျမင္ရသည့္အခါ
ထိုစဥ္က ကြ်န္ေတာ္တို႕ အျဖစ္ကို မၾကာမၾကာျပန္ေတြးမိပါေတာ့သည္။
ယခုလည္း
ကြ်န္ေတာ္တို႕နွစ္ေယာက္မွာ
အျခာစုေဆာင္းေရးတပ္ကလူမ်ားအတြက္
ေျပာစရာျဖစ္လို႕ေနသည္။
ဆရာၾကီးေမာင္ထူးတို႕မွာလည္း
မ်က္နွာ တျပံဳးျပံဳးနွင့္။
ဒညင္းကုန္း
စစ္သားစုေဆာင္းေရးထဲ ၀င္ပါျပီ။
ပထမဆံုး
အေဆာင္တစ္ခုထဲတြင္ အသက္ ဆယ္နွစ္ ဆယ့္တစ္နွစ္၀န္းက်င္ ကေလးငယ္အခ်ိဳ႕ေတြ႕ရသည္။ ထမင္းခ်က္သည့္သူခ်က္၊ ေရခပ္သည့္သူခပ္နွင့္။
''အဲ့ဒါေလကြာ..တပ္ထဲ ၀င္ခ်င္ပါလ်က္နဲ႕ အသက္အ၇မ္းငယ္ေသးလို႕ ဒီမွာပဲ ေခၚထားရတဲ့ကေလးေတြ…လူေကာင္နည္းနည္းၾကီးရင္ေတာ့
ဒီေကာင္ေတြ ကို ထည့္တာပဲ''
ဆရာၾကီးေမာင္ထူး
က ကြ်န္ေတာ့္တို႕ကို ရွင္းျပသည္။
ဒညင္းကုန္းေရာက္မွ
ျမန္မာျပည္အနွံ႕က စုေဆာင္းခံရသည့္ လူတန္းၾကီးကို ကြ်န္ေတာ္တုိ႕ ေတြ႕ရေတာ့သည္။
အသြင္အျပင္အမ်ိဳးမ်ိဳး၊
ပံုစံအမ်ိဳးမ်ိဳးျဖင့္။
ကြ်န္ေတာ္တို႕
ေဆးစစ္ရန္ အခန္းတစ္ခုေရွ႕တြင္ တန္းစီရသည္။
အခန္းထဲတြင္
ေဘာင္းဘီခြ်တ္ျပခိုင္းသည္။
ဖင္ကုန္းျပီး ေခ်ာင္းဆိုးခိုင္းသည္။
ေဆးစစ္ျပီး
ဆံပင္ညွပ္ရန္ တန္းစီေနခ်ိန္တြင္ အရာခံဗိုလ္အဆင့္တစ္ဦးက ကြ်န္ေတာ့္နာမည္ကို လာေအာ္ေခၚသည္။
''က်ိဳက္ထိုက
ေက်ာ္စြာနိုင္..ေဆးက်တယ္..မင္း အိမ္ျပန္ရမယ္''
တန္းစီေနေသာ
လူအုပ္ၾကီးက ကြ်န္ေတာ့္ကို သနားစဖြယ္ သတၱ၀ါတစ္ေကာင္သဖြယ္ ၀ိုင္းၾကည့္ၾကေလသည္။
ထိုအခိုက္တြင္
ကြ်န္ေတာ္ အေတာ္အားငယ္သြား၏။
ဘယ့္နွယ့္…ပိုက္ဆံေပ်ာက္လို႕ ဘူျပီး စစ္ထဲ၀င္တယ္။ ေဆးကက်တယ္ဆိုေတာ့ ေအအိုင္ဒီအက္စ္မ်ား ငါ ထပ္ျဖစ္ေနလားဆိုျပီး အေတာ္ကို စိတ္ေလသြားျခင္းပင္။
အရာခံဗိုလ္က
ကြ်န္ေတာ့္ကို အေဆာက္အဦတစ္ခုထဲသို႕ ေခၚသြားသည္။
ထုိအေဆာက္အဦထဲတြင္
သံုးပြင့္နွင့္ ဗိုလ္ၾကီးတစ္ဦးထိုင္ေန၏။
''ကဲ..ငါ့ညီထိုင္..မင္း အေဖ အေမ နာမည္ေျပာပါဦး''
''……………………………..''
''ေအး..မင္းကြာ..ေတာ္ေသးတာေပါ့ကြာ..ဖုန္းက အခ်ိန္မီ ၀င္လာလို႕..မင္းလုပ္တာနဲ႕ ငါတို႕ပါ ဒုကၡေရာက္မယ့္ကိန္း..ကဲ..ကဲ..ဒီညေန မင္းကို ေခၚလာတဲ့ လူေတြနဲ႕ က်ိဳက္ထိုဆြယ္ကို ျပန္လိုက္သြား..ဟိုေရာက္ရင္ မင္း ပဲခူးျပန္ဖို႕ အားလံုး စီစဥ္ေပးလိုက္မယ္..ဟုတ္ျပီလား..ကဲေရာ့..မင္းအေမနဲ႕ ဖုန္းေျပာလိုက္ဦး''
ထိုဗိုလ္ၾကီး
ဘာေတြ ေျပာေနသည္ကို ကြ်န္ေတာ္မသိေသာ္လည္း ပဲခူးျပန္ရမည္ဆိုေတာ့ စိတ္ထဲ နည္းနည္္းေတာ့ ေလးသြားသည္က အမွန္။
ျပသနာေတြက
ကြ်န္ေတာ့္ကို ေစာင့္ၾကိဳေနမွာ မဟုတ္လား။ ကြ်န္ေတာ္စိတ္ကို တင္းျပီး ဖုန္းကိုင္လိုက္သည္။
တစ္ဖက္က
အေမ့ငိုသံ အရင္ၾကားရသည္။
တကယ္တမ္း
ပဲခူးမွာ ျဖစ္ေနသည္က ကြ်န္ေတာ္ထင္သလိုမဟုတ္။
ကြ်န္ေတာ့္အေၾကာင္းၾကားခိုင္းေသာ
တပ္ၾကပ္မွာ မနက္ရွစ္နာရီခန္႕တြင္ ကြ်န္ေတာ့္အိမ္ကို ေရာက္သြားခဲ့သည္။
အေမ့ကို
အက်ိဳးအေၾကာင္းေျပာျပသည္။
ထိုအခါ
အေမသည့္ ကြ်န္ေတာ္ဦးေလးမ်ား၊ အေမ့မိတ္ေဆြမ်ားနွင့္ တိုင္ပင္ျပီး ပဲခူးျမိဳ႕၊ တပ္မ(၇၇)မွ တပ္အရာရွိၾကီးမ်ားထံ
သြားေတြ႕သည္။
က်ိဳက္ထိုသို႕
ခ်က္ခ်င္းလိုက္သြားျပီး
ကြ်န္ေတာ့္ကို လက္ခံခဲ့ရာ စုေဆာင္းေရးတပ္မွဴးနွင့္ သြားေတြ႕သည္။
အက်ိဳးအေၾကာင္းေျပာျပသည္။
ထိုစဥ္က
ကေလးစစ္သားကိစၥနွင့္ပတ္သက္ျပီး
BBC VOA တို႕မွ အဆက္မျပတ္ထုတ္လႊင့္ေနျပီး..ICRC
နွင့္ UNICEF ကလည္း စစ္အစိုးရကို ဖိအားေပးေနခ်ိန္ျဖစ္သည္။
ကြ်န္ေတာ့္ကိစၥက
ေက်ာင္းဆရာမတစ္ဦး၏ အသက္(၁၈)နွစ္ မျပည့္
ေသးေသာ သားတစ္ေယာက္ကို တပ္ထဲ ေခၚသြင္းသည့္ကိစၥ ျဖစ္ေနသျဖင့္ တပ္ကလည္း ျပသနာျဖစ္မည္ကို စိုးရိမ္သြားပံုရသည္။
ကြ်န္ေတာ့္အလုပ္လုပ္သည့္
ကုမၸဏီနွင့္ ကိုယ္စားလွယ္မခ်ိဳကလည္း ခါးပိုက္နႈိက္ခံသည့္ကိစၥကို
က်ိဳက္ထို ကားဂိတ္က ေဖာက္သည္ဆိုင္တစ္ခ်ိဳ႕က ေျပာျပသျဖင့္ သိျပီးသြားၾကျပီ။
တကယ္က
သူတို႕က အသက္ငယ္ငယ္နွင့္ တားဂတ္ထိေအာင္ေရာင္းျပနိုင္ေသာ
ကြ်န္ေတာ့္ လူမႈဆက္ဆံေရးကို သေဘာက်ၾကသည္။
ထို႕ေၾကာင့္
ကြ်န္ေတာ္ေပ်ာက္သည့္ေငြ
တ၀က္ကို ေလ်ွာ္ေပးမည္။ ကြ်န္ေတာ့္ကို အလုပ္မထြက္ေစပဲ က်န္သည့္ ေငြကို လစာထဲက နည္းနည္းခ်င္းျဖတ္သြားမည္ဟု
အေမ့ကို လွမ္းအေၾကာင္းၾကားခဲ့သည္။
ဒီလိုနွင့္
ကြ်န္ေတာ့္ ျပသနာက ဒညင္းကုန္းစစ္သားစုေဆာင္းေရးက
အရာရွိမ်ားအထိေရာက္လာျပီး
ကြ်န္ေတာ့္ကို ေဆးက်သည္ဆိုေသာ ေခါင္းစဥ္ျဖင့္ အခ်ိန္မီ ထုတ္ထားနိုင္လိုက္ျခင္းျဖစ္သည္။
ဒါေတြကို
ကြ်န္ေတာ္သိေေတာ့ ရင္ဘတ္က အလံုးၾကီး က်သြားျပီ။
ပထမ
ထူပူေနတဲ့ ေခါင္းက ျပန္ေအးသြားျပီ။
ဒီေနရာၾကီးက
ျမန္ျမန္လစ္ခ်င္လွျပီျဖစ္သည္။
ျပီးေတာ့ ငါ ဘယ္လိုေတြေတာင္ အူေၾကာင္ၾကားျပီး
ဒီလူေတြနဲ႕ ဒီအထိ လိုက္ခဲ့တာလဲ ဆိုျပီး ကိုယ့္ကိုကိုယ္ ျပန္ေတြးနိုင္လာျပီျဖစ္သည္။
တကယ္လို႕သာ
ကြ်န္ေတာ္သည္ ျဖစ္လာသည့္ ျပသနာကို ရင္မဆိုင္ပဲ ေရွာင္ထြက္ဖို႕ ၾကိဳးစားခဲ့သည္။
သို႕ေသာ္
ကြ်န္ေတာ္ေမ်ွာ္လင့္ထားသလို
ျပသနာက အရမ္းမၾကီးထြား။
အဓိက
ကေတာ့ သတၱိနွင့္ က်ိဳးေၾကာင္းဆင္ျခင္မႈနည္းသျဖင့္
ကိုယ္နွင့္ လံုး၀မကိုက္ညီေသာ ကိစၥၾကီးကို ဖန္တီးမိလိုက္ျခင္းပင္။
ကြ်န္ေတာ္
အေျခအေနကိုသာ အေမတို႕ သိမသြားခဲ့လ်ွင္ ကြ်န္ေတာ္တပ္ထဲ ေရာက္သြားမည္။
တကယ္၀ါသနာမပါ၊
စိတ္ထက္သန္မႈမရွိသျဖင့္
ျမန္မာ့တပ္မေတာ္ၾကီးလည္း
ကြ်န္ေတာ့္ကို ေကြ်းရသည့္ ပဲဟင္းဖိုးသာ ပိုကုန္မည္။ ျပီးေတာ့ အခုလို စာေရးဆရာဘ၀ေရာက္သည့္အခါ တပ္ကို မထိတထိ ကလိတတ္သည့္ ကြ်န္ေတာ္သည္ တပ္ထဲေရာက္သည့္အခါ အဘယ္နည္းျဖင့္ အပိုးက်ိဳးအံ့နည္း။ အတြင္းသိ အစင္္းသိ ဘ၀ျဖင့္ ကေလာင္သရမ္းမွ အကုန္ ဒုကၡမ်ားကုန္မည္ ။ ထိုအခါ ကြ်န္ေတာ္လည္း
ဟိုညကေတြ႕သည့္ေကာင္ေတြလို
ထိပ္တံုးျဖင့္ ျခင္ေတာထဲ ေနရသည့္ အျဖစ္ၾကံဳရနိုင္သည္။
ဘယ္သူ႕အတြက္မွ
ေကာင္းသည့္ကိစၥမဟုတ္။
ကြ်န္ေတာ့္ရဲ႕
တညတာ ခ်စ္မိတ္ေဆြၾကီး ခ်စ္စမ္းေမာင္ ကေတာ့ ဆံပင္ကို ပံုစံေကထိုးျပီး တပ္ထဲ ပါသြားျပီျဖစ္သည္။ မသြားခင္ ကြ်န္ေတာ့္ကိုပင္ ဒီတစ္ေခါက္ မပါလည္း ေနာက္တစ္ေခါက္ေပါ့ကြာ ဆိုျပီး အားေပးသြားေသး၏။
''ေနာက္တစ္ေခါက္ကေတာ့
ဗိုလ္ခ်ဳပ္ၾကီးရာထူးလာေပးမွပဲ
၀င္ေတာ့မယ္ကြာ'' ဆိုျပီး သူ႕ကို ကြ်န္ေတာ္ အရႊန္းျပန္ေဖာက္လိုက္ေသးသည္။
ကိစၥ၀ိစၥျပီးေတာ့
ကြ်န္ေတာ္္တို႕ ျပန္ရမည္ေတာ့မည္။
ဒညင္းကုန္ျမိဳ႕ပတ္ရထားမလာမီ
ဆရာၾကီးေမာင္ထူးနွင့္
တပ္ၾကပ္တို႕က ဒညင္းကုန္းဘူတာအနီး ရွကီဆိုင္ ၀င္ထိုင္ၾကသည္။
ကြ်န္ေတာ္လည္း
ထိုအခ်ိန္က်မွ မူလလက္ေဟာင္း ကိုယ့္စိတ္အားထက္သန္ရာကို သတိရေလေတာ့သတည္း။
သူတို႕တြင္ပါေသာ
ေငြနွင့္ ကြ်န္ေတာ့္တြင္ မေန႕ကတည္းက်န္သည့္ ေငြကိုးရာေပါင္းလိုက္ေသာအခါ
ျမန္မာတပ္မေတာ္မွ စစ္ေတြသားတပ္ၾကပ္ၾကီးတစ္ဦး
၊ ေက်ာက္ျဖဴသားတပ္ၾကပ္တစ္ဦးနွင့္
ပဲခူးသား နာရီပိုင္းစစ္သားေလာင္း တို႕သည္ ေဇယ်၀တီအရက္ျဖဴ သံုးလံုး ပစ္ကူျဖင့္ လက္ဖက္သုပ္ေတာင္ကုန္းကို တက္သိမ္းၾကေလေတာ့သည္။
ထိုသို႕သိမ္းေနစဥ္
''သေဘၤာဥၾသသံ ဆြဲ ဆြဲလက္ဗ်ယ္…သေဘၤာကမ္းကခြာ..၀ီးကရဖို႕ျပင္..ေက်ာက္ျဖဴသူ ေျပာစကားသံ..နားထဲမွာ ျပန္ၾကားမိတယ္ေ၀'' ဟု ေက်ာက္ျဖဴသား တပ္ၾကပ္က
သီခ်င္းထေအာ္ဆိုေလသည္။
ဆရာၾကီးေမာင္ထူးကလည္း
''မူးလာရင္ အရွက္မရွိေက..ကေရာက္ျဖဴသားေခ်'' အစခ်ီျပီး ဆဲရာမွ တိုက္ပြဲသစ္စေလေတာ့သည္။
ေနာက္ေတာ့
ဆရာၾကီးေမာင္ထူး ၏ ရိကၡာဆန္ခြဲတန္း လူလည္က်သည့္ကိစၥ မွသည္ တပ္ၾကပ္ဆရာ၏
ေယာကၡမ ခ်ဲထိုးခိုင္းျပီး ေငြမေပးသည္ အထိ ခ်ီကာ ေအာက္ဖဲမ်ား လွန္ၾကေတာ့သည္။
ျမိဳ႕ပတ္ရထားေပၚအထိ
တိုက္ပြဲက ဆက္သြား၏။ ကြ်န္ေတာ္ကား နွစ္ဖက္တိုက္ပြဲၾကား တိုင္တည္ခံပရိသတ္အျဖစ္ ေနရာရေလသည္။
ျမိဳ႕ပတ္ရထားကား
ညပိုင္းျဖစ္သျဖင့္ အေတာ္လူရွင္းေနေပျပီ။
တတြဲလံုးတြင္
ကြ်န္ေတာ္တို႕သံုးေယာက္နွင့္
ျမိဳ႕ထဲက ညေစ်းတစ္ခုသို႕ သြားမည့္ဟန္တူသည့္ ေစ်းသည္နွစ္ဦးသာရွိေတာ့၏။
တိုက္ပြဲက
ျပင္းထန္လာသျဖင့္ ေစ်းသည္နွစ္ဦးလည္း တြဲေျပာင္းေျပးေလသည္။
မၾကာမီပင္
တပ္ၾကပ္ၾကီးနွင့္ တပ္ၾကပ္သည္ ကြ်န္ေတာ္တည္းဟူေသာ နာရီပိုင္းစစ္သားေလာင္းအား ပရိသတ္အရာထားကာ ရထားေပၚထ နပန္းသတ္ၾကသည္မွာ ၇န္ကုန္ဘူတာၾကီး ေရာက္ခါနီး အထိပင္။
(၅)
ကြ်န္ေတာ့္ေရွ႕တြင္
ဆရာၾကီးေမာင္ထူး နွင့္ တပ္ၾကပ္ တို႕ နွစ္ဦးမွာ တစ္ခူးခူးနွင့္ အိပ္ေပ်ာ္ေနၾကျပီ။
အေမွာင္သည္
ယိမ္းထိုးေန၏။
ဟုတ္ပါသည္။
လႈပ္ယိမ္းခါယမ္းေနေသာ
ရထားျပတင္းေပါက္မွတဆင့္
အျပင္ဘက္ ျမင္ကြင္းကို ၾကည့္လ်ွင္ အေမွာင္သည္ ယိမ္းထိုးေနေပသည္။
ထို
အေမွာင္ထု အသားထဲ ရထားနွင့္အတူ ကြ်န္ေတာ္တို႕ တိုး၀င္ေနၾကသည္။
မၾကာမီ
အာရုဏ္တက္ေတာ့မည္။ အလင္းထဲသို႕ ေရာက္ၾကေတာ့မည္။
အေမွာင္ကို
ေၾကာက္ျပီး ေရွာင္ေျပးပုန္းလ်ွင္ ပိုေမွာင္ဖို႕သာ ရွိေတာ့ေၾကာင္း ကြ်န္ေတာ္ သိသြားခဲ့ျပီ။
ကြ်န္ေတာ္လည္း
အခုမွ သတိတရျဖင့္ အေပၚတြင္ ထပ္၀တ္ထားေသာ စစ္ယူနီေဖာင္းအကၤ် ီ ကို ခြ်တ္ပစ္လုိက္ရသည္။
ကြ်န္ေတာ္သည္
ရထားတစ္စင္းဆိုလ်ွင္ စာေရးဆရာဘ၀တည္းဟူေသာ ဘူတာသည္ ကြ်န္ေတာ့္ကို ထိုကတည္းက ေစာင့္ၾကိဳေကာင္းေစာင့္ၾကိဳေနေပလိမ့္မည္။
သို႕ေသာ္..ကြ်န္ေတာ္ကား…ေနာက္ထပ္ ဆယ္စုနွစ္မ်ားတြင္ အလင္းအေမွာင္၊ အနုအၾကမ္း၊ အေကြ႕အေကာက္မ်ားေသာ လမ္းမ်ားစြာဆီ ထပ္မံေခ်ာ္ထြက္ေမ်ာပါျပီးမွသာ.။
ျဗိတိသ်ွကိုကိုေမာင္
Done
ReplyDeleteဆရာဗြိစာ ဆိုအသေကြိုက်
Done 💪
ReplyDeleteClicked💫
ReplyDelete🌃
ReplyDelete🖤
Delete
ReplyDelete😍😍😍ဘာဘာညာညာClickerပဲ
Done!
ReplyDeleteပီးမှပြန်လာဖတ်တော့မယ်ရှည်ကြီးပဲ
Done 🍀
ReplyDeleteGood story
ReplyDeleteDone
ReplyDeleteDone
ReplyDelete