လွမ်းမိသော



Unicode



မျက်စိနဲ့မမြင်ရပေမယ့် အထိတွေ့တွေ၊အသံတွေကို နားထောင်ခြင်းအားဖြင့် စာရေးသူတို့ ပက်၀န်းကျင်မှာ လေ ရှိနေတယ်ဆိုတာ အားလုံးလက်ခံထားကြပြီးသားမဟုတ်လား။စာရေးသူက ဒီလေကို သိပ်သဘောကျတယ်။ဒီလေတွေ တိုက်ခတ်တာကြောင့် ပက်၀န်းကျင်တခွင် အေးမြတယ်၊သစ်ရွက်လေးတွေ ယိမ်းထိုးလှုပ်ခါကြတာကြည့်ပြီး ကြည်နူးတယ်၊နောက်ပြီး အပွင့်အဖက် အရွက်ခြောက်တွေ ကြွေလာတာမြင်ရင် ပြေးလွှားပြီး အလုအယက် လိုက်ဖမ်းကြဖူးတဲ့ ငယ်ဘ၀လေးကို သိပ်သတိရတယ်။တမာပင်ကြီးရဲ့ ရင်ခွင်မှာ ဆော့ကစားရင်း ကြီးပြင်းလာရတဲ့ဘ၀ဟာ သိပ်ကိုဖြူစင်ပြီး ချစ်စရာလည်းကောင်းလှတယ်။
စာရေးသူတို့ငယ်ငယ်က အိမ်ရယ်၊တမာရိပ်အောက်က ကစား၀ိုင်းရယ်၊ဗီဒီယိုရုံရယ်က နိဗ္ဗာန်ဘုံပဲ။နွေဦးရောက်ရင် ဒီတမာရိပ်က တအားအေးမြပြီး အိမ်မပြန်ချင်အောင် ဆွဲဆောင်နိုင်လွန်းတယ်။နွေဦးတင်ပဲလားဆိုတော့ မဟုတ်ပြန်ဘူး။မိုးရာသီဆိုလည်း ဒီတမာရိပ်အောက်မှာပဲ ကြိုးခုန်တမ်းကစားကြ၊ရာတရို ရိုတရာတမ်းကစားကြနဲ့ ထမင်းလည်းမေ့၊ဟင်းလည်းမေ့ အိမ်ဆိုတာလည်းမေ့ပါပဲ။မိုးရွာပြီဆိုတာနဲ့ အိမ်နားကသူငယ်ချင်း ကစားဖက်တွေကို ရေချိုးဖို့လိုက်ခေါ်၊ကိုယ်ကမခေါ်ရင် သူတို့ကလာခေါ်တာကြောင့် အမေကဘယ်လောက်ပဲ တားပါစေ အိင်္ကျီချွတ်ပြီး တန်းနေအောင်ပြေးတော့တာပဲ။ရောက်ပြန်ပြီ ဒီတမာပင်ကြီးအောက်။မိုးရွာထဲ ကြိုးခုန်တမ်းကစားခဲ့ကြတဲ့ သူငယ်ချင်းမတွေတောင် ခုချိန်လွမ်းမိလာရဲ့။အိမ်ထောင်ကျတဲ့သူ ကျကုန်ပါပြီလေ။ပြန်ဆုံဖြစ်ရင်တော့ ဒီအကြောင်းတွေ ပြန်ပြောဖြစ်ကြမယ် ထင်ရဲ့ကွယ်။
ဒီလိုနဲ့ ဆောင်းတွင်းဘက်၀င်လာပြီဆိုရင်လည်း အနွေးထည်ကြီးတွေနဲ့ မနက်စောစောစီးစီး တမာပင်အောက်က ကြို့တို့ကြဲတဲ နေရောင်ကိုလာလှုံကြသေးတယ်။အိမ်ကမနက်စာစားဖို့ လိုက်ခေါ်နေကြ။
စားပြီးကြတဲ့ခါလည်း ပြန်လာကြပြန်ရော။မှတ်မှတ်ရ
ရပေါ့ စာရေးသူ သူငယ်ချင်းရဲ့ဦးလေးက ပုံပြောသိပ်ကောင်းတာ။အဲ့နေ့က ဆောင်းမနက်ခင်းလေး။"မိုးတောင်မလင်းသေးဘူး လူစုံကြပြီတော် ထမင်းလေးဘာလေး ပြန်စားကြပါဦး "ဆိုပြီး အမေကြီးပုကတော့ ဆူနေကျပေါ့။ထိုနေ့ကလည်း သူဆူသလို စောစောစီးစီး လူစုံနေကြလေရဲ့။ထုံးစံတိုင်း ပုံပြင်ပြောပြဖို့ ၀ိုင်းတောင်းဆိုကြတယ်။ဦးလေးကတော့ "ဟိုး...နေလုံးကြီး ဒီဘက်ရွေ့လာရင် ပြောပြမယ်" တဲ့။စာရေးသူတို့အားလုံး 'ဟာ....' ဆိုပြီး စိတ်မရှည်သံများ တပြိုင်နက်တည်း ထွက်လာကြတယ်။သို့သော်လည်း အုပ်စုကတောင့်တာကိုး။၀ိုင်းပူဆာကြတော့ ပြောပြရှာပါတယ်။မြင်းပျံကြီးပုံပြင်တွေ ကျားကြောက်လို့ ရှင်ကြီးခိုး ရှင်ကြီးကျားထက်ဆိုး ဆိုတဲ့ ပုံပြင်လေးတွေက ဘယ်တော့မှမေ့မရတဲ့ ငယ်ဘ၀အမှတ်တရလေးတွေပေါ့ရှင်။
နေ့လည်ဘက်ရောက်လာတာနဲ့ အားလုံးအသင့်အနေထားနဲ့ ထုပ်စီးတိုးဖို့ပြင်ကြပြီ။ဟိုလူမလာသေးလို့ လာအောင်စောင့်ဦးဟေ့ ဆိုတာမျိုးတွေ....။
မနေနိုင်တော့တဲ့ သူတွေကတော့ သူတို့ထွက်အလာမစောင့်ကြပဲ အိမ်တိုင်ယာရောက် သွားခေါ်ကြတယ်။လူစုံပြီဆိုတာနဲ့ ထုပ်စီးတိုးဖို့ သူ့လူကိုယ့်လူ စခွဲကြတော့တယ်။စာရေးသူဆို ငယ်ငယ်ကဘယ်ကစားနည်းမှ သိပ်မဖြစ်ဘူး။ဒါကြောင့် ဖြစ်တဲ့လူ၊လျှင်တဲ့လူကို ရွေးတဲ့ခါ အမြဲကျန်နေကြ။ဒါပေမယ့်လည်း ကစားတိုင်း ပါရပါတယ် ချန်ခဲ့တာမျိုးတော့ မရှိကြဘူး။ဒီဘက်လူကမခေါ်ရင် တဘက်ကလူက ခေါ်ပေးတယ်။
တနေ့ခင်းလုံး ဒီတမာရိပ်လေးမှာ ဆူဆူညံညံနဲ့ ဆော့ကြ၊ပြေးကြ လွှားကြ၊ငြင်းကြ၊လုကြ အခန့်မသင့်ရင် ရန်ဖြစ်ကြနဲ့။ပြီးတော့လည်း ပြန်တည့်ကြတာပါပဲ။ရန်ဖြစ်လိုက် ပြီးရင် ပြန်ခေါ်လိုက်လုပ်တတ်တာ ကလေးသဘာ၀ မဟုတ်လား။
ကလေးတွေဆော့တာကို ဘေးကထိုင်ကြည့်ပြီး တ၀ါး၀ါးရယ်နေကြတာက လူကြီးတဖွဲ့။ဒီကြားထဲ ကလေးတွေရန်ဖြစ်ရင် ၀င်ဖြေရှင်းရနဲ့။စာရေးသူတို့ကတော့ ဆော့နေရင်း မောလာရင် မေကြီးပုအိမ်ပေါ်တက်ပြီး ရေပြေးသောက်ကြတာပဲ။မေကြီးပုတို့ကလည်း ကလေးတွေတွက်ရောဆိုပြီး ရေသုံးအိုးတောင် လုပ်ပေးထားတာ။မနိုင်လို့ပဲမပြောတော့တာလား ကလေးတွေကို အလိုလိုက်တာလား မသိ။တ၀ုန်း၀ုန်းတဒိုင်းဒိုင်း လုပ်လည်းအထူးတလည် မဆူတော့။သူလည်းမောပြီထင်ပါရဲ့။ပြီးတော့ သူ့မြေးတွေလည်း သုံးလေးယောက်ပါတာကိုး။
ဒီလိုနဲ့ ညနေပိုင်းဘက်ရောက်လာပြီဆို တောထဲတောင်ထဲက လှည်းတွေပြန်လာကြပြီ။မြက်တွေရိပ်လာတဲ့ လှည်းတွေမြင်ရင် နွယ်ကြိုးပါလား ဆိုပြီးလိုက်တောင်းကြ။တောထဲကလာသူတွေကလည်း ကလေးတွေတောင်းကြမှန်းသိလို့ အလိုက်တသိ ယူယူလာပေးကြတယ်။အဲ့ဒီအခါ စာရေးသူတို့ ကစားနည်းပြောင်းသွားရပြန်သည်။ကြိုးခုန်တမ်းပြောင်းကစားကြပြီ။တောထဲကပြန်ချိန်ဖြစ်၍ ကလေးတွေရဲ့ ရန်သူတော်ကြီး ဦးလေးနိုင်ထွေးရောက်လာပြီလေ။စပါပြီ။ကလေးတွေကို မြှောက်ပေးပြီ။ဘယ်သူက ပိုဖြစ်တယ်၊ဘယ်သူကတော့ ညံ့တယ် မပါနဲ့ စသဖြင့်မခံချင်အောင် စ တော့သည်။ကလေးတွေကလည်း စ တာကိုစ မှန်းလည်းမသိ၊ခဏခဏသေတာနဲဲ့တိုးတဲ့ခါ(ကြိုးခုန်ရင်းထိမိရင် ထိတဲ့လူကသေတယ်ဆိုပြီး ကြိုးယမ်းပေးရတယ် ယမ်းပေးတဲ့လူကလွတ်ပြီး ခုန်တဲ့အလှည့်ရောက်တယ်) မနေနိုင်တော့ သူ့ကိုပြန်ဆဲကြတယ်။တချို့ဆို ငိုကြတယ်။အဲ့တုန်းကတော့ ဦးလေးနိုင်ထွေးကြီးကို စိတ်လည်းတိုသလို ပြန်လည်းဆဲမိတယ်။ခုချိန်ပြန်တွေ့ရင် အားနာတယ်၊ငရဲကြီးမှာပဲလို့လည်း တွေးမိတယ်။ဦးလေးနိုင်ထွေးတင်မက မဆီမဆိုင် သူ့မိန်းမထိပါဆဲကြတယ်။ဒါကိုလည်း အပြုံးမပျက် ဆက် စ တုန်းပဲ။ခုတော့ သူ့ကိုမြင်တိုင်း တရိုတသေ နှုတ်ဆက်ဖြစ်ပါတယ်။ငယ်ငယ်က ဘယ်လောက်ပဲ ဆဲခဲ့ဆဲခဲ့ပါစေလေ။
နောက်နေ့ကိုရောက်ခဲ့ပြန်ပြီပေါ့။ဒီနေ့တော့ လူမစုံသေးဘူးဟေ့ ဆိုပြီး လူအစုံကိုစောင့်ရင်း မေကြီးပုရဲ့ မောင်းစင်မှာ ၀င်ထောင်းကူကြတယ်။မေကြီးပုကတော့ လက်ညပ်တာ၊ထောင်းမိတာဖြစ်မှာစိုးလို့ ဆန်ပြာတဲ့အရှေ့က မနေခိုင်းပဲ အနောက်ကနေပဲ ထောင်းခိုင်းတယ်။ကလေးတွေဆိုတော့ ညကကြည့်တဲ့ ဗီဒီယိုကားအကြောင်းပြော၊ရယ်ကြ ဟားကြနဲ့။မေကြီးပုကပါ ၀င်ပြောပြီးရယ်နဲ့။သိပ်ကိုချစ်ဖို့ကောင်းတဲ့ မေကြီးပု။ပြီးသွားလို့ လူအစုံမလာသေးရင် ဘာလုပ်ရမှန်းမသိတော့ မေကြီးပုခေါင်းကို ဆံပင်ဖြူရှာပေးကြ၊ပြီးရင် ဆံပင်ပုံ မဟုတ်တုတ်ကတွေ လုပ်ပေးကြနဲ့။လူကြီးခေါင်းက ကျွန်မတို့တွက် ဆော့စရာလိုတောင် ဖြစ်ခဲ့တယ်။
'ဟေ့ အနောက်ရုံက မိချောင်းကားပြမှာတဲ့ ' ဆိုရင် အပြေးအလွှားထွက်လာကြပြီး ပိုက်ဆံနှစ်ဆယ် အိမ်ကပြန်တောင်းကြရော။ပြီးရင်လူစုပြီး သွားကြည့်ကြတယ်။ဒီနေ့ အလယ်ရုံက စူပါမင်းလိုစွမ်းအားရှင် ပြမှာတဲ့ဆိုလည်း အပြေးအလွှားသွားကြတာ။ဗီဒီယိုရုံတွေကလည်း တကယ်ကို ခင်တွယ်စရာကောင်းခဲ့တာ။ပိုက်ဆံမပါတဲ့ခါ ဗီဒီယိုရုံရဲ့ ထရံတွေကို ချိုးပြီး ကြည့်ဖူးတယ်။ရုံစောင့် မေကြီးခွေးရဲ့အော်တာကိုလည်း ခံခဲ့ဖူးတယ်။ပြီးရင် ပြေးတော့တာပဲ။ဗီဒီယိုရုံကအပြန် ညနေဘက် မေကြီးပုတို့ တမာရွက်ခူးတာနဲ့ကြုံရင် တမာရွက်တွေ ကောက်ကူကြတယ်။တမာရွက်ပြုတ်တစည်း တရာတဲ့လေ။အမေချက်တဲ့ ခရမ်းချဥ်သီးချက်နဲ့ စားလိုက်ရရင် ၀က်သားဟင်းလည်းမလို တမျိုးတည်းနဲ့ ပြီးတယ်။ငယ်ဘ၀လေးက တကယ်ကိုပျော်ဖို့ကောင်းခဲ့ပါလား လို့လည်းခုချိန်ပြန်လွမ်းမိတယ်၊တမ်းတမိတယ်။
ခုချိန်တော့ဖြင့် ဒီတမာပင်ကြီးရဲ့ ရင်ခွင်ကိုခွဲခွာလာတာ ရှစ်နှစ်၊ကိုးနှစ်လောက်လည်း ရှိကရောပေါ့။တမာပင်ကြီးလည်း အိုရှာပြီ။အရင်ကလောက် တမာတွေ မ​ေ၀တော့။ဒီအရိပ်မှာ ခိုရင်းလှုံရင်း ပြေးလွှားဆော့ကစားကြတဲ့ ကလေးတွေလည်း လူကြီးဖြစ်ရှာပြီ။တက္ကသိုလ်ကျောင်းသား ကျောင်းသူကြီးတွေပေါ့။တချို့ကလည်း အိမ်ထောင်ရပ်သားကလေးတွေနဲ့။တချို့ကျလည်း မိဘနေရာတောင်ရောက်ကုန်ကြပြီ။သြော်....အညာမြေမှာ ကြီးပျင်းခဲ့ရတဲ့ လူတယောက်ရဲ့ ငယ်ဘ၀လေးက သိပ်ကိုရိုးရှင်းခဲ့သည်။အပူအပင်ကင်းခဲ့သည်။ခုတော့ဖြင့် တမာပင်ကြီးနဲ့လည်း ​ေ၀းရှာပြီ။ငယ်ဘ၀က အေးချမ်းခြင်းတွေနဲ့ လည်း မတွေ့ရတာကြာပြီ။လူ့လောကကြီးကို ရင်ဆိုင်လာရပြီ။အခက်ခဲတွေ၊ပြဿနာတွေ၊စိတ်ညစ်မှုတွေနဲ့ နဖူးတွေ့ဒူးတွေ့ ကြုံလာရပြီ။ငယ်ငယ်ကလို အိမ်နဲ့ကျောင်း၊ကျောင်းနဲ့ မေကြီးပုအိမ်ရှေ့မဟုတ်တော့။တာ၀န်ကျရာ နယ်ပယ်အသီးသီးမှာ သက်ဆိုင်ရာတာ၀န်တွေနဲ့ ။ငယ်ငယ်ကလိုမျိုးလည်း လွတ်လွတ်လပ်လပ် မရှိချေတော့။လွမ်းမယ်ဆိုလည်း လွမ်းလောက်သည် မဟုတ်လား။မည်သို့ပင်ဆိုစေကာမူ ကျွန်မတို့အားလုံးရင်ထဲမှာတော့ တမာတွေကအမြဲ​ေ၀နေဦးမယ်၊အမြဲမွှေးနေဦးမယ်၊တမာညွှန့်လေးတွေ အမြဲစားကောင်းနေဦးမယ်၊တမာရိပ်ကလည်း အရင်ကလို အေးမြနေလိမ့်ဦးမယ်။မြို့ပြရဲ့ အလှအပရောင်စုံတွေ အောက်ကနေ အညာကတမာအိုကြီးရဲ့ အရိပ်ကို တမ်းတမိပါတယ်။နေကောင်းကျန်းမာပါစေကွယ်။လွမ်းတယ် တမာအိုရယ်....ခင်ဗျားရင်ခွင်က ထွက်ခွာလာတဲ့ ကလေးတွေ အခုတော့ ကောင်းကောင်းကြီးပျင်းခဲ့ပြီလေ....လူ့လောကကြီးကို ကောင်းကောင်းအကျိုးပြုနိုင်ဖို့ ကြိုးစားပါ့မယ်လို့ မိဘနေရာကထားပြီး ကတိပေးပါရစေ။
ချစ်သောတမာ......။
ဂန္ထ၀င်ဆည်းဆာ






Zawgyi




မ်က္စိနဲ႔မျမင္ရေပမယ့္ အထိေတြ႕ေတြ၊အသံေတြကို နားေထာင္ျခင္းအားျဖင့္ စာေရးသူတို႔ ပက္၀န္းက်င္မွာ ေလ ရွိေနတယ္ဆိုတာ အားလုံးလက္ခံထားၾကၿပီးသားမဟုတ္လား။စာေရးသူက ဒီေလကို သိပ္သေဘာက်တယ္။ဒီေလေတြ တိုက္ခတ္တာေၾကာင့္ ပက္၀န္းက်င္တခြင္ ေအးျမတယ္၊သစ္႐ြက္ေလးေတြ ယိမ္းထိုးလႈပ္ခါၾကတာၾကည့္ၿပီး ၾကည္ႏူးတယ္၊ေနာက္ၿပီး အပြင့္အဖက္ အ႐ြက္ေျခာက္ေတြ ေႂကြလာတာျမင္ရင္ ေျပးလႊားၿပီး အလုအယက္ လိုက္ဖမ္းၾကဖူးတဲ့ ငယ္ဘ၀ေလးကို သိပ္သတိရတယ္။တမာပင္ႀကီးရဲ႕ ရင္ခြင္မွာ ေဆာ့ကစားရင္း ႀကီးျပင္းလာရတဲ့ဘ၀ဟာ သိပ္ကိုျဖဴစင္ၿပီး ခ်စ္စရာလည္းေကာင္းလွတယ္။ စာေရးသူတို႔ငယ္ငယ္က အိမ္ရယ္၊တမာရိပ္ေအာက္က ကစား၀ိုင္းရယ္၊ဗီဒီယို႐ုံရယ္က နိဗၺာန္ဘုံပဲ။ေႏြဦးေရာက္ရင္ ဒီတမာရိပ္က တအားေအးျမၿပီး အိမ္မျပန္ခ်င္ေအာင္ ဆြဲေဆာင္ႏိုင္လြန္းတယ္။ေႏြဦးတင္ပဲလားဆိုေတာ့ မဟုတ္ျပန္ဘူး။မိုးရာသီဆိုလည္း ဒီတမာရိပ္ေအာက္မွာပဲ ႀကိဳးခုန္တမ္းကစားၾက၊ရာတ႐ို ႐ိုတရာတမ္းကစားၾကနဲ႔ ထမင္းလည္းေမ့၊ဟင္းလည္းေမ့ အိမ္ဆိုတာလည္းေမ့ပါပဲ။မိုး႐ြာၿပီဆိုတာနဲ႔ အိမ္နားကသူငယ္ခ်င္း ကစားဖက္ေတြကို ေရခ်ိဳးဖို႔လိုက္ေခၚ၊ကိုယ္ကမေခၚရင္ သူတို႔ကလာေခၚတာေၾကာင့္ အေမကဘယ္ေလာက္ပဲ တားပါေစ အိက်ႌခြၽတ္ၿပီး တန္းေနေအာင္ေျပးေတာ့တာပဲ။ေရာက္ျပန္ၿပီ ဒီတမာပင္ႀကီးေအာက္။မိုး႐ြာထဲ ႀကိဳးခုန္တမ္းကစားခဲ့ၾကတဲ့ သူငယ္ခ်င္းမေတြေတာင္ ခုခ်ိန္လြမ္းမိလာရဲ႕။အိမ္ေထာင္က်တဲ့သူ က်ကုန္ပါၿပီေလ။ျပန္ဆုံျဖစ္ရင္ေတာ့ ဒီအေၾကာင္းေတြ ျပန္ေျပာျဖစ္ၾကမယ္ ထင္ရဲ႕ကြယ္။ ဒီလိုနဲ႔ ေဆာင္းတြင္းဘက္၀င္လာၿပီဆိုရင္လည္း အေႏြးထည္ႀကီးေတြနဲ႔ မနက္ေစာေစာစီးစီး တမာပင္ေအာက္က ႀကိဳ႕တို႔ႀကဲတဲ ေနေရာင္ကိုလာလႈံၾကေသးတယ္။အိမ္ကမနက္စာစားဖို႔ လိုက္ေခၚေနၾက။ စားၿပီးၾကတဲ့ခါလည္း ျပန္လာၾကျပန္ေရာ။မွတ္မွတ္ရ ရေပါ့ စာေရးသူ သူငယ္ခ်င္းရဲ႕ဦးေလးက ပုံေျပာသိပ္ေကာင္းတာ။အဲ့ေန႔က ေဆာင္းမနက္ခင္းေလး။"မိုးေတာင္မလင္းေသးဘူး လူစုံၾကၿပီေတာ္ ထမင္းေလးဘာေလး ျပန္စားၾကပါဦး "ဆိုၿပီး အေမႀကီးပုကေတာ့ ဆူေနက်ေပါ့။ထိုေန႔ကလည္း သူဆူသလို ေစာေစာစီးစီး လူစုံေနၾကေလရဲ႕။ထုံးစံတိုင္း ပုံျပင္ေျပာျပဖို႔ ၀ိုင္းေတာင္းဆိုၾကတယ္။ဦးေလးကေတာ့ "ဟိုး...ေနလုံးႀကီး ဒီဘက္ေ႐ြ႕လာရင္ ေျပာျပမယ္" တဲ့။စာေရးသူတို႔အားလုံး 'ဟာ....' ဆိုၿပီး စိတ္မရွည္သံမ်ား တၿပိဳင္နက္တည္း ထြက္လာၾကတယ္။သို႔ေသာ္လည္း အုပ္စုကေတာင့္တာကိုး။၀ိုင္းပူဆာၾကေတာ့ ေျပာျပရွာပါတယ္။ျမင္းပ်ံႀကီးပုံျပင္ေတြ က်ားေၾကာက္လို႔ ရွင္ႀကီးခိုး ရွင္ႀကီးက်ားထက္ဆိုး ဆိုတဲ့ ပုံျပင္ေလးေတြက ဘယ္ေတာ့မွေမ့မရတဲ့ ငယ္ဘ၀အမွတ္တရေလးေတြေပါ့ရွင္။ ေန႔လည္ဘက္ေရာက္လာတာနဲ႔ အားလုံးအသင့္အေနထားနဲ႔ ထုပ္စီးတိုးဖို႔ျပင္ၾကၿပီ။ဟိုလူမလာေသးလို႔ လာေအာင္ေစာင့္ဦးေဟ့ ဆိုတာမ်ိဳးေတြ....။ မေနႏိုင္ေတာ့တဲ့ သူေတြကေတာ့ သူတို႔ထြက္အလာမေစာင့္ၾကပဲ အိမ္တိုင္ယာေရာက္ သြားေခၚၾကတယ္။လူစုံၿပီဆိုတာနဲ႔ ထုပ္စီးတိုးဖို႔ သူ႔လူကိုယ့္လူ စခြဲၾကေတာ့တယ္။စာေရးသူဆို ငယ္ငယ္ကဘယ္ကစားနည္းမွ သိပ္မျဖစ္ဘူး။ဒါေၾကာင့္ ျဖစ္တဲ့လူ၊လွ်င္တဲ့လူကို ေ႐ြးတဲ့ခါ အၿမဲက်န္ေနၾက။ဒါေပမယ့္လည္း ကစားတိုင္း ပါရပါတယ္ ခ်န္ခဲ့တာမ်ိဳးေတာ့ မရွိၾကဘူး။ဒီဘက္လူကမေခၚရင္ တဘက္ကလူက ေခၚေပးတယ္။ တေန႔ခင္းလုံး ဒီတမာရိပ္ေလးမွာ ဆူဆူညံညံနဲ႔ ေဆာ့ၾက၊ေျပးၾက လႊားၾက၊ျငင္းၾက၊လုၾက အခန္႔မသင့္ရင္ ရန္ျဖစ္ၾကနဲ႔။ၿပီးေတာ့လည္း ျပန္တည့္ၾကတာပါပဲ။ရန္ျဖစ္လိုက္ ၿပီးရင္ ျပန္ေခၚလိုက္လုပ္တတ္တာ ကေလးသဘာ၀ မဟုတ္လား။ ကေလးေတြေဆာ့တာကို ေဘးကထိုင္ၾကည့္ၿပီး တ၀ါး၀ါးရယ္ေနၾကတာက လူႀကီးတဖြဲ႕။ဒီၾကားထဲ ကေလးေတြရန္ျဖစ္ရင္ ၀င္ေျဖရွင္းရနဲ႔။စာေရးသူတို႔ကေတာ့ ေဆာ့ေနရင္း ေမာလာရင္ ေမႀကီးပုအိမ္ေပၚတက္ၿပီး ေရေျပးေသာက္ၾကတာပဲ။ေမႀကီးပုတို႔ကလည္း ကေလးေတြတြက္ေရာဆိုၿပီး ေရသုံးအိုးေတာင္ လုပ္ေပးထားတာ။မႏိုင္လို႔ပဲမေျပာေတာ့တာလား ကေလးေတြကို အလိုလိုက္တာလား မသိ။တ၀ုန္း၀ုန္းတဒိုင္းဒိုင္း လုပ္လည္းအထူးတလည္ မဆူေတာ့။သူလည္းေမာၿပီထင္ပါရဲ႕။ၿပီးေတာ့ သူ႔ေျမးေတြလည္း သုံးေလးေယာက္ပါတာကိုး။ ဒီလိုနဲ႔ ညေနပိုင္းဘက္ေရာက္လာၿပီဆို ေတာထဲေတာင္ထဲက လွည္းေတြျပန္လာၾကၿပီ။ျမက္ေတြရိပ္လာတဲ့ လွည္းေတြျမင္ရင္ ႏြယ္ႀကိဳးပါလား ဆိုၿပီးလိုက္ေတာင္းၾက။ေတာထဲကလာသူေတြကလည္း ကေလးေတြေတာင္းၾကမွန္းသိလို႔ အလိုက္တသိ ယူယူလာေပးၾကတယ္။အဲ့ဒီအခါ စာေရးသူတို႔ ကစားနည္းေျပာင္းသြားရျပန္သည္။ႀကိဳးခုန္တမ္းေျပာင္းကစားၾကၿပီ။ေတာထဲကျပန္ခ်ိန္ျဖစ္၍ ကေလးေတြရဲ႕ ရန္သူေတာ္ႀကီး ဦးေလးႏိုင္ေထြးေရာက္လာၿပီေလ။စပါၿပီ။ကေလးေတြကို ေျမႇာက္ေပးၿပီ။ဘယ္သူက ပိုျဖစ္တယ္၊ဘယ္သူကေတာ့ ညံ့တယ္ မပါနဲ႔ စသျဖင့္မခံခ်င္ေအာင္ စ ေတာ့သည္။ကေလးေတြကလည္း စ တာကိုစ မွန္းလည္းမသိ၊ခဏခဏေသတာနဲဲ့တိုးတဲ့ခါ(ႀကိဳးခုန္ရင္းထိမိရင္ ထိတဲ့လူကေသတယ္ဆိုၿပီး ႀကိဳးယမ္းေပးရတယ္ ယမ္းေပးတဲ့လူကလြတ္ၿပီး ခုန္တဲ့အလွည့္ေရာက္တယ္) မေနႏိုင္ေတာ့ သူ႔ကိုျပန္ဆဲၾကတယ္။တခ်ိဳ႕ဆို ငိုၾကတယ္။အဲ့တုန္းကေတာ့ ဦးေလးႏိုင္ေထြးႀကီးကို စိတ္လည္းတိုသလို ျပန္လည္းဆဲမိတယ္။ခုခ်ိန္ျပန္ေတြ႕ရင္ အားနာတယ္၊ငရဲႀကီးမွာပဲလို႔လည္း ေတြးမိတယ္။ဦးေလးႏိုင္ေထြးတင္မက မဆီမဆိုင္ သူ႔မိန္းမထိပါဆဲၾကတယ္။ဒါကိုလည္း အၿပဳံးမပ်က္ ဆက္ စ တုန္းပဲ။ခုေတာ့ သူ႔ကိုျမင္တိုင္း တ႐ိုတေသ ႏႈတ္ဆက္ျဖစ္ပါတယ္။ငယ္ငယ္က ဘယ္ေလာက္ပဲ ဆဲခဲ့ဆဲခဲ့ပါေစေလ။ ေနာက္ေန႔ကိုေရာက္ခဲ့ျပန္ၿပီေပါ့။ဒီေန႔ေတာ့ လူမစုံေသးဘူးေဟ့ ဆိုၿပီး လူအစုံကိုေစာင့္ရင္း ေမႀကီးပုရဲ႕ ေမာင္းစင္မွာ ၀င္ေထာင္းကူၾကတယ္။ေမႀကီးပုကေတာ့ လက္ညပ္တာ၊ေထာင္းမိတာျဖစ္မွာစိုးလို႔ ဆန္ျပာတဲ့အေရွ႕က မေနခိုင္းပဲ အေနာက္ကေနပဲ ေထာင္းခိုင္းတယ္။ကေလးေတြဆိုေတာ့ ညကၾကည့္တဲ့ ဗီဒီယိုကားအေၾကာင္းေျပာ၊ရယ္ၾက ဟားၾကနဲ႔။ေမႀကီးပုကပါ ၀င္ေျပာၿပီးရယ္နဲ႔။သိပ္ကိုခ်စ္ဖို႔ေကာင္းတဲ့ ေမႀကီးပု။ၿပီးသြားလို႔ လူအစုံမလာေသးရင္ ဘာလုပ္ရမွန္းမသိေတာ့ ေမႀကီးပုေခါင္းကို ဆံပင္ျဖဴရွာေပးၾက၊ၿပီးရင္ ဆံပင္ပုံ မဟုတ္တုတ္ကေတြ လုပ္ေပးၾကနဲ႔။လူႀကီးေခါင္းက ကြၽန္မတို႔တြက္ ေဆာ့စရာလိုေတာင္ ျဖစ္ခဲ့တယ္။ 'ေဟ့ အေနာက္႐ုံက မိေခ်ာင္းကားျပမွာတဲ့ ' ဆိုရင္ အေျပးအလႊားထြက္လာၾကၿပီး ပိုက္ဆံႏွစ္ဆယ္ အိမ္ကျပန္ေတာင္းၾကေရာ။ၿပီးရင္လူစုၿပီး သြားၾကည့္ၾကတယ္။ဒီေန႔ အလယ္႐ုံက စူပါမင္းလိုစြမ္းအားရွင္ ျပမွာတဲ့ဆိုလည္း အေျပးအလႊားသြားၾကတာ။ဗီဒီယို႐ုံေတြကလည္း တကယ္ကို ခင္တြယ္စရာေကာင္းခဲ့တာ။ပိုက္ဆံမပါတဲ့ခါ ဗီဒီယို႐ုံရဲ႕ ထရံေတြကို ခ်ိဳးၿပီး ၾကည့္ဖူးတယ္။႐ုံေစာင့္ ေမႀကီးေခြးရဲ႕ေအာ္တာကိုလည္း ခံခဲ့ဖူးတယ္။ၿပီးရင္ ေျပးေတာ့တာပဲ။ဗီဒီယို႐ုံကအျပန္ ညေနဘက္ ေမႀကီးပုတို႔ တမာ႐ြက္ခူးတာနဲ႔ႀကဳံရင္ တမာ႐ြက္ေတြ ေကာက္ကူၾကတယ္။တမာ႐ြက္ျပဳတ္တစည္း တရာတဲ့ေလ။အေမခ်က္တဲ့ ခရမ္းခ်ဥ္သီးခ်က္နဲ႔ စားလိုက္ရရင္ ၀က္သားဟင္းလည္းမလို တမ်ိဳးတည္းနဲ႔ ၿပီးတယ္။ငယ္ဘ၀ေလးက တကယ္ကိုေပ်ာ္ဖို႔ေကာင္းခဲ့ပါလား လို႔လည္းခုခ်ိန္ျပန္လြမ္းမိတယ္၊တမ္းတမိတယ္။ ခုခ်ိန္ေတာ့ျဖင့္ ဒီတမာပင္ႀကီးရဲ႕ ရင္ခြင္ကိုခြဲခြာလာတာ ရွစ္ႏွစ္၊ကိုးႏွစ္ေလာက္လည္း ရွိကေရာေပါ့။တမာပင္ႀကီးလည္း အိုရွာၿပီ။အရင္ကေလာက္ တမာေတြ မ​ေ၀ေတာ့။ဒီအရိပ္မွာ ခိုရင္းလႈံရင္း ေျပးလႊားေဆာ့ကစားၾကတဲ့ ကေလးေတြလည္း လူႀကီးျဖစ္ရွာၿပီ။တကၠသိုလ္ေက်ာင္းသား ေက်ာင္းသူႀကီးေတြေပါ့။တခ်ိဳ႕ကလည္း အိမ္ေထာင္ရပ္သားကေလးေတြနဲ႔။တခ်ိဳ႕က်လည္း မိဘေနရာေတာင္ေရာက္ကုန္ၾကၿပီ။ေၾသာ္....အညာေျမမွာ ႀကီးပ်င္းခဲ့ရတဲ့ လူတေယာက္ရဲ႕ ငယ္ဘ၀ေလးက သိပ္ကို႐ိုးရွင္းခဲ့သည္။အပူအပင္ကင္းခဲ့သည္။ခုေတာ့ျဖင့္ တမာပင္ႀကီးနဲ႔လည္း ​ေ၀းရွာၿပီ။ငယ္ဘ၀က ေအးခ်မ္းျခင္းေတြနဲ႔ လည္း မေတြ႕ရတာၾကာၿပီ။လူ႔ေလာကႀကီးကို ရင္ဆိုင္လာရၿပီ။အခက္ခဲေတြ၊ျပႆနာေတြ၊စိတ္ညစ္မႈေတြနဲ႔ နဖူးေတြ႕ဒူးေတြ႕ ႀကဳံလာရၿပီ။ငယ္ငယ္ကလို အိမ္နဲ႔ေက်ာင္း၊ေက်ာင္းနဲ႔ ေမႀကီးပုအိမ္ေရွ႕မဟုတ္ေတာ့။တာ၀န္က်ရာ နယ္ပယ္အသီးသီးမွာ သက္ဆိုင္ရာတာ၀န္ေတြနဲ႔ ။ငယ္ငယ္ကလိုမ်ိဳးလည္း လြတ္လြတ္လပ္လပ္ မရွိေခ်ေတာ့။လြမ္းမယ္ဆိုလည္း လြမ္းေလာက္သည္ မဟုတ္လား။မည္သို႔ပင္ဆိုေစကာမူ ကြၽန္မတို႔အားလုံးရင္ထဲမွာေတာ့ တမာေတြကအၿမဲ​ေ၀ေနဦးမယ္၊အၿမဲေမႊးေနဦးမယ္၊တမာၫႊန္႔ေလးေတြ အၿမဲစားေကာင္းေနဦးမယ္၊တမာရိပ္ကလည္း အရင္ကလို ေအးျမေနလိမ့္ဦးမယ္။ၿမိဳ႕ျပရဲ႕ အလွအပေရာင္စုံေတြ ေအာက္ကေန အညာကတမာအိုႀကီးရဲ႕ အရိပ္ကို တမ္းတမိပါတယ္။ေနေကာင္းက်န္းမာပါေစကြယ္။လြမ္းတယ္ တမာအိုရယ္....ခင္ဗ်ားရင္ခြင္က ထြက္ခြာလာတဲ့ ကေလးေတြ အခုေတာ့ ေကာင္းေကာင္းႀကီးပ်င္းခဲ့ၿပီေလ....လူ႔ေလာကႀကီးကို ေကာင္းေကာင္းအက်ိဳးျပဳႏိုင္ဖို႔ ႀကိဳးစားပါ့မယ္လို႔ မိဘေနရာကထားၿပီး ကတိေပးပါရေစ။ ခ်စ္ေသာတမာ......။ ဂႏၴ၀င္ဆည္းဆာ

Comments

  1. ဖတ်ကြည့်ပြီးကိုယ်ပါတဂယ်လွမ်းမိသွားတယ်🌚🌚🌚

    ReplyDelete
  2. လွမ်းမိပါသော ငယ်ဘဝများဆီ....

    ReplyDelete
  3. ဥာဏ်ပညာရယ်
    ချစ်ခြင်းတရားရယ်
    တော်လှန်ရေးကို
    ရှင်သန်စေမယ်...❣️

    ReplyDelete
  4. အညာသားတစ်ယောက်ဆိုတော့ အညာရဲ့အငွေ့အသက်တွေ ပိုခံစားမိတယ်...

    ReplyDelete
  5. သဘာဝဆန်လိုက်တဲ့ ဝတ္ထုလေး...🍂 Love this.

    ReplyDelete

Post a Comment