သေနတ်သံ

 သေနတ်သံ



ပွတ်ရှကင် ရေးသည်


ကျွန်တော်တို့ စစ်တပ်မှာ မြို့ငယ်တစ်မြို့တွင် စခန်းချလျက် ရှိသည်။


စစ်ဗိုလ်ဘဝကို အများသိကြသည့် အတိုင်းပင်၊ နံနက်တွင် ဒရိန်း ပြရသည်။ မြင်းစီး သင်ရကျင့်ရသည်။ ညနေစာကို စစ်ဗိုလ်ကြီးနှင့် အတူ စားသည့်အခါ စားရသည်။ တစ်ခါတစ်ရံလည်း ရေဟူဒီကြီးတစ်ယောက်၏ ဆိုင်တွင် စားရသည်။ ညနေစောင်းတွင်ကား အလုပ်အထူး အထွေ မရှိ။ ဖဲရိုက်ကာ အရက် တမြမြသောက်ရင်းပင် အချိန်ကုန်ကြရလေသည်။ ထိုမြို့ငယ်ကလေး၌ လည်ပတ်စရာ အိမ်တစ်အိမ်မျှ မရှိ။ အပျို ရွယ်လေးများလည်း မရှိ။ ကျွန်တော်တို့သည် ရဲဘော်တစ်ဦးဦး အခန်း တွင် စုဝေး၍ ပျင်းရိနေကြရတော့သည်။ တစ်ယောက်၏ ယူနီဖောင်းကို တစ်ယောက် ကြည့်နေရုံမှအပ တခြားကြည့်စရာ ရှုစရာ မရှိပေ။


ကျွန်တော်တို့ အဖော်တစ်သင်းမှာ အားလုံး စစ်သားချည်းဖြစ်သည်။ သို့ရာတွင် စစ်သားမဟုတ်သူ တစ်ယောက် ပါရှိနေလေသည်။ သူ့အသက် မှာ သုံးဆယ့်ငါးနှစ်ရှိရာ၊ ကျွန်တော်တို့အထဲတွင် သူသည် လူကြီးဖြစ်နေ လေသည်။ သူသည် ကျွန်တော်တို့ထက် အတွေ့ အကြုံများလေသည်။


နဂိုက ဣန္ဒြေကြီးနှင့် နေတတ်သည့်အပြင်၊ ပြောလိုက်လျှင်လည်း တစ် တစ်ခွခွ ရက်ရက်စက်စက် ရှိလှသဖြင့် သူငယ်များအပေါ်တွင် သူသည် အတော်ပင် ဩဇာရှိလေသည်။ သူသည် အတော်ပင် ထူးဆန်းသူတစ်ဦး ဖြစ်သည်။ သူ့ အဖြစ်အကြောင်းစုံကို သိသူမရှိချေ။


သူ့ပုံပန်းမှာ ရုရှားလူမျိုးတစ်ဦး ဖြစ်ပါလျက်နှင့် သူ့ အမည်မှာ ရုရှားအမည် မဟုတ်။ တိုင်းခြားသား တစ်ဦး အမည် ဖြစ်ချေသည်။ သူ သည် တစ်ရံရောအခါက ရုရှားတပ်မတော်တွင် အမှုထမ်းခဲ့၍ အတော် ပင် ဂုဏ်ထူးများ တံဆိပ်များရရှိပေသည်။ ဆက်လက်၍သာ အမှုထမ်း သွားပါမူ သူသည် အတော်ပင် ရာထူးအဆင့်အတန်း မြင့်တန်ရာ၏။ သို့ရာတွင် စစ်တပ်မှထွက်၍ ဤမြို့ငယ်တွင် မထင်မရှားဘဝနှင့် နေလာ ခဲ့သည်မှာ အတော်ပင် ထူးဆန်းလှ၏။


သူ့ ဇာစ်မြစ်ကို မည်သူမျှ မသိချေ။ သူသည် ဆင်းဆင်းရဲရဲနှင့် နေ လေသည်။ သွားစရာလာစရာ ရှိလျှင် ခြေကျင်လျှောက်သည်။ အပေါ် အင်္ကျီအနက် စုတ်စုတ်ပြတ်ပြတ်ကြီးကိုပင် အစဉ်ဝတ်လေသည်။ သို့ရာ တွင် သူသည် စစ်သားများအပေါ်တွင် စေတနာ ထက်သန်လေသည်။ သူ့ အိမ်တွင် စစ်သားများ ဝင်ထွက် စားသောက် ကြသည် ကို အထူးပင် နှစ်သက်လိုလားလေသည်။ သူ့ အစားအသောက်မှာ ကောင်းမွန်လှသည် ဟု မဆိုသာချေ။ တစ်ခါစားလျှင် ဟင်းနှစ်မည်,သုံးမည်မျှသာ ရှိသည်။ စစ်သားအိုကြီး တစ်ယောက်က ချက်ကျွေးလေသည်။ သို့ပင်ဖြစ်စေကာမူ သူသည် ရှန်ပိန် အရက်အကောင်းစားကို ဧည့်သည်များ လိုသလောက် တိုက်လေသည်။ သူ ဤမျှသုံးစွဲ နိုင်အောင် ငွေကြေး မည်မျှဝင်သည်ကို မည်သူမျှ မသိကြချေ။ မည်သူကမျှလည်း မမေးဝံ့ချေ။


သူ့၌ စာအုပ်များစွာ ရှိသည်။ စာအုပ်များအပြင် ဝတ္ထု စာအုပ်များ လည်း ရှိလေသည်။ သူသည် သူ့စာအုပ်များကို ငှားလိုက်ပြီးလျှင် ပြန်၍တောင်းသည်လည်း မရှိ။ ဤသည်ကား သူ့အကျင့် တစ်ခုပင် ဖြစ်သည်။ သူ့ဝါသနာမှာ သေနတ်ပစ်ခြင်းပင်တည်း။ သူ့အိမ်နံရံ တစ်ခုလုံးသည် သေနတ်ကျည်ဆန်ရာများနှင့် ပြည့်နှက်နေရာ ပျားအုံကြီးနှင့်ပင် တူတော့သည်။ သူ့တွင် အချမ်းသာဆုံးဟု ဆိုနိုင်သည်မှာ သေနတ်အမျိုးမျိုး ရှိ ခြင်းပင် ဖြစ်၏။ သေနတ် မျိုးစုံသည်နှင့်အမျှ သူသည် သေနတ်အပစ် တွင် မယုံနိုင်လောက်အောင် ကျင်လည်လေသည်။ အကယ်၍ သူက ဦးထုပ် ပျော့ကလေး ဆောင်းထားသော လူတစ်ယောက်၏ ခေါင်းပေါ်တွင် တင် ထားသည့်သစ်တော်သီးကို သေနတ်နှင့်ပစ်မည်ဟု ဆိုလိုက်လျှင် အပစ်ခံ ချင်သူ မရှားပေ။ သူလက်တည့်ခြင်းကို အထူးပင် ယုံကြည်ကြသောရင် ပင် ဖြစ်လေသတော်တို့သည် ရောက်သက်၍တစ်နေ့၌ ကျွန်တော်တို့သည် တစ်ယောက်ချင်းချိန်း၍ သေနတ်နှင့် ပစ်ခြင်းအကြောင်းသို့ စကားမစပ် ရောက်သွားလေသည်။ ဆီလဗီယို (ထို သူ၏ အမည်) သည် ထိုအကြောင်းမျိုးနှင့် ပတ်သက်၍ စကားစပ်မိလျှင် ဝင်၍ မဖြေပြဘဲ ဆိတ်ဆိတ်သာ နေလေ့ရှိသည်။ သူ့အား ဤအကြောင်း နှင့် စပ်လျဉ်း၍ လုပ်ဖူးသလောဟု မေးလျှင် တစ်ခါက လုပ်ဖူးပါသည် ဟု စိတ်မပါဟန်ဖြင့် သာမန်မျှသာ ပြောလေသည်။ ကျွန်တော်တို့၏ အယူမှာ သူသည် သေနတ်ပစ်ရာ၌ အလွန် လက်တည့်သောကြောင့် သူ လက်ချက်ကြောင့် အသက်သေရရှာသောသူ တစ်ဦးတစ်ယောက်ရှိ၍သာ ထိုအကြောင်းမျိုးကို ပြောရန် နှုတ်လေးသည် ဟူသတည်း။ သို့သော်သူ ရုပ်ရည်အမူအရာကို ကြည့်လိုက်လျှင် သူသည် လူသတ်ဖူးသူ တစ်ယောက် မဟုတ်ဟု ယုံကြည်ဖွယ်ရာ ရှိလေသည်။ မသင်္ကာစရာ မရှိစေကာမူ သူ့ အမူအရာမှာ တစ်နေ့တွင် ရုပ်ခြည်း ပြောင်းလွှဲသွားသဖြင့် ကျွန်တော် တို့မှာ အတော်ပင် အံ့အားသင့်သွားကြလေတော့သည်။


တစ်ညနေ၌ ကျွန်တော်တို့ အားလုံးပင် ဆီလဗီယိုနှင့်အတူ စား သောက်နေကြသည်။ ထုံးစံအတိုင်းပင် ကျွန်တော်တို့သည် အလွန်အမင်း သောက်ကြ၏။ ညစာ စားပြီးသည့်နောက် ကျွန်တော်တို့က ဆီလဗီယိုကို ဖဲဒိုင်ခံရန် တိုက်တွန်းကြသည်။ ပထမ၌ အတန်ကြာပင် ငြင်းပယ်နေ သည်။ နောက်ဆုံးမှ ကျွန်တော်တို့ အလိုကို လိုက်လျောကာ ဖဲထုပ် အယူ ခိုင်းလိုက်သည်။ သူသည် ငွေတစ်ရာ့ငါးဆယ်ကို စားပွဲပေါ်တွင် ချ၍ ဖဲ ပြင်လေသည်။ ကျွန်တော်တို့လည်း သူ့ ကိုဝိုင်း၍ ထိုင်ကြပြီးလျှင် ဖဲ ကစားကြသည်။


သူသည် ဖဲကစားနေစဉ် စကားတစ်ခွန်းမျှ မပြောချေ။ ငြင်းခြင်း ရှင်းခြင်းစသည့် စကားပြောမှုများကို ရှောင်ကြဉ်လေသည်။ သူသည် သူ့ ဘာသာ အမှတ်ကို ရေတွက်သည်။ မှား၍ ရေမိလျှင်လည်း အထူးအထွေ မပြောချေ။ အလျော်ကိုသာ ပေးလိုက်သည်။ ကျွန်တော်တို့လည်း သူ့နည်း အတိုင်း လုပ်သည်ကို မကန့်ကွက်ပေ။ သို့ရာတွင် ကျွန်တော်တို့အထဲက စစ်ဗိုလ်ကလေးတစ်ယောက်သည် အမှတ်ကို မှား၍ မှတ်လိုက်မိသည်။ ဆီလဗီယိုသည် မည်သို့မျှမပြောဘဲ ထိုအမှတ်ကို ဖျက်၍ အမှန်ကို မြေဖြူ နှင့် မှတ်လိုက်သည်။ စစ်ဗိုလ်ကလေးမှာ ကျွန်တော်တို့တပ်သို့ နောက်မှ ရောက်လာသူ လူသစ်တစ်ဦးဖြစ်သည်။ ထိုကြောင့် ဆီလဗီယို၏ အကြောင်း ကို ကောင်းစွာ မသိသည့်အလျောက် ဆီလဗီယို၏ပြင်ချက်ကို ဖျက်၍ သူ အမှတ်အတိုင်း ပြန်ရေးလိုက်သည်။ ဆီလဗီယိုလည်း စကားတစ်လုံးမျှ ပြန်မပြောဘဲ၊ ပြန်ဖျက်၍ ပြန်ရေးလိုက်သည်။ ရေးပြီးလျှင် ဖဲကို ဝေမြဲဝေ လေသည်။ သူ၏ အမှတ်မထင်သော အမူအရာကြောင့် စစ်ဗိုလ်ကလေး က ဒေါသဖြစ်လာတော့သည်။ အရက်ရှိန်ကလည်း ထ၊ မိတ်ဆွေများက လည်း သရော်သဖြင့် ဒေါသဟုန်ကြီးလာသည့်အလျောက် ကြေးဖယောင်း တိုင်ခွက်ကြီး တစ်ခုကို ဆွဲ၍ ဆီလဗီယိုကို ပေါက်လိုက်လေသည်။ ဆီလဗီယိုသည် ခေါင်းငုံ့ပေးလိုက်သဖြင့် မထိဘဲ ဖယောင်းတိုင်ခွက်ကြီး သည်ကြမ်းပေါ်သို့ ကျသွားလေသည်။ အားလုံးပင် အံ့အားသင့်သွားကြ ၏။ ဒေါသအရှိန်ကြောင့် မျက်နှာကြီး ဖြူဖပ်ဖြူရော်ဖြစ်နေသော ဆီလဗီယို သည် ထိုင်ရာမှထ၍ “ဟေ့ကောင် မင်း ငါ့ အိမ် ထဲက ထွက်သွားလိုက်၊ ငါ့ အိမ်ထဲမှာဖြစ်တာ မင်း ကံကောင်းတယ် အောက်မေ့လိုက်ပါ” ဟု ပြောလိုက်လေသည်။


ကျွန်တော်တို့သည် ဆီလဗီယိုက စစ်ဗိုလ်သစ်နှင့်ချိန်း၍ သေနတ် ချင်းယှဉ်ကာ ပစ်လိမ့်မည်ဟု မျှော်လင့်ကြသည်။ သို့ဖြစ်လျှင် ကျွန်တော် တို့ မိတ်ဆွေသစ်မှာ အသက်ဆုံးရှုံးဖို့ သေချာလေသည်။ စစ်ဗိုလ်က ဆီလဗီယိုသဘောကျသည့် လက်နက်နှင့် တွေ့ဆုံရန် အသင့်ဖြစ်ကြောင်းပြောပြီးလျှင် ထွက်သွားလေသည်။ ဖဲဝိုင်းမှာ ခဏမျှသာ ကြာတော့သည်။ အိမ်ရှင့်မျက်နှာကိုကြည့်ကာ ကျွန်တော်တို့လည်း အလိုက်သိစွာ ဖဲဝိုင်းဖျက် လိုက်ကြသည်။ ဆီလဗီယို၏ အိမ်မှ ထွက်လာကြသောခါ ကျွန်တော် တို့သည် တပ်ထဲတွင် စစ်ဗိုလ်တစ်နေရာ မကြာမီ လစ်လပ်တော့မည့် အကြောင်း ဆွေးနွေး ပြောဆိုကြလေသည်။


နောက်နေ့ မြင်းစီးကျင့်သည့် နေရာတွင် ကျွန်တော်တို့သည် စစ်ဗိုလ် ကလေး လောကကြီး၌ ရှိမှရှိပါလေစဟု ဆိုနေကြလေသည်။ ထိုအခိုက် တွင် စစ်ဗိုလ်ကလေးကိုယ်တိုင်ပင် ရောက်လာသဖြင့် ကျွန်တော်တို့က ဝိုင်း ၍ မေးကြသည်။ စစ်ဗိုလ်ကလေးက ဆီလဗီယိုထံမှ မည်သို့မျှအကြောင်း မကြားသိရဟု ဆိုလေသည်။


ထိုအချက်မှာ ထူးဆန်းလှချေသည်။ ကျွန်တော်တို့သည် ဆီလဗီယို ထံသို့ သွားကြည့်ကြသောအခါ ဆီလဗီယိုသည် ဝင်းတံခါးတွင် ဖဲချပ် ကလေး ထောင်ထားပြီလျှင် ဖဲချပ်ပေါ်ရှိ အပွင့်ကလေးများကို သေနတ် နှင့်ချိန်၍ ပစ်နေသည်ကို တွေ့ကြရသည်။ သူသည် ကျွန်တော်တို့ကို ခါ တိုင်းကကဲ့သို့ပင် ခေါ်၍ စကားစမြည် ပြောလေသည်။ ညက အဖြစ်အပျက် ကိုမူကား တစ်လုံးတစ်ပါဒမျှ ဖွင့်ဟမပြောချေ။ သုံးရက် ကြာသော်လည်း စစ်ဗိုလ်ကလေးမှာ အသက်သွေးခဲ တည်မြဲတည်လျက် ရှိလေသည်။ ထို အခါ ကျွန်တော်တို့သည် အံ့ဩကြကုန်၏။ “ဘယ့်နှယ်လဲ ဆီလဗီယိုက တစ်ယောက်ချင်း ယှဉ်ပြိုင်ပြီး မတိုက်တော့ဘူးလား” ဟု တစ်ယောက်က တစ်ယောက်ကို မေးမြန်းကြလေသည်။


အမှန်ပင် ဖြစ်သည်။ ဆီလဗီယိုမှာ ယှဉ်ပြိုင်တိုက်ခိုက်ခြင်း မလုပ် တော့ပြီ။ ကျွန်တော်တို့ လူစုထဲတွင် ကျွန်တော်သည် အများထက်ပင် ဆီလဗီယိုနှင့် ပို၍ ခင်မင်လေသည်။ ခင်မင်သည့် အကြောင်းရင်းမှာကား ဆီလဗီယိုမှာ ထူးဆန်းသူဖြစ်၍ တစ်ကြောင်း၊ သတ္တိနှင့် ပြည့်စုံသူတစ်ဦး ဟူ၍ အထင်ကြီးမိ၍ တစ်ကြောင်း ဖြစ်ပေသည်။ သူကလည်း ကျွန်တော့် ကို အခြားမိတ်ဆွေများထက် ပို၍ ချစ်ခင်လေသည်။ ကျွန်တော်နှင့် နှစ် ယောက်ချင်းသာဆိုလျှင် သူသည် ဖော်ဖော်ရွေရွေ ပြောဆိုလေ့ရှိသည်။


သို့ရာတွင် ထိုနေ့ညနေက အဖြစ်အပျက်ကို အကြောင်းပြု၍ ဆီလဗီ ယိုက သေနတ်ချင်းယှဉ်၍ မပစ်သည့်အတွက် ကျွန်တော့်မှာ မကျေမနပ် ကြီးဖြစ်ကာ သူ့ကို အထင်သေးမိပါတော့သည်။ ထို့ကြောင့်လည်း ကျွန် တော်သည် သူ့ကို ရှေးသကဲ့သို့ ခင်မင်သော အမူအရာမပြဘဲ နေခဲ့ပါ သည်။ အမှန်ဆိုရသော် ကျွန်တော်သည် သူ့အစား ရှက်မိပါတော့သည်။ ကျွန်တော့် မကျေနပ်ချက်ကို ဖွင့်ဟ၍ မပြောသော်လည်း ဆီလဗီယို သိ နှင့်ပြီး ဖြစ်လေသည်။ မည်သည့်အကြောင်းကြောင့် မကျေနပ်သည်ကို လည်း တပ်အပ် သိနှင့်လေသည်။ ကျွန်တော် အထင်သေးခံရခြင်း အတွက် သူ့ ခမျာမှာ စိတ်ဒုက္ခ အတော်ရောက်နေဟန် ရှိသည်။ သူသည် တစ်ကြိမ် နှစ်ကြိမ်လောက်ပင် ကျွန်တော့်ကို အကြောင်းအကျိုး ပြောပြ၍ ရှင်းလင်း ပြလိုဟန်ပြ၏။ သို့သော် ကျွန်တော်က သူ့အား ရှင်းပြခွင့် မပေးသဖြင့် သူသည် အတော်ဆိုးသွားပုံ ရလေသည်။ ထိုအခါမှစ၍ ကျွန်တော်သည် သူ့ထံသို့ အဖော်အပေါင်းများနှင့်သာ သွား၍ လည် သည်။ တစ်ယောက် တည်းသွား၍ ရင်းရင်းနှီးနှီးပြောဆိုမှု လုံးဝမရှိတော့ ဘဲ ပပျောက်သွားလေတော့သည်။


မြို့ကြီးပြကြီးတွင် နေသူတို့မှာ အာရုံထွေပြားလေသဖြင့် တော၌ နေရသူတို့၏ ပျင်းရိခြင်း ဒုက္ခကို မသိကြချေ။ ကျွန်တော်တို့မှာမူ အခြား မျှော်မှန်းစရာမရှိတိုင်း စာရောက်မည့်ရက်ကိုသာ ဇောသန်သန်နှင့် မျှော် နေကြရလေတော့သည်။ အင်္ဂါနေ့နှင့် သောကြာနေ့တို့တွင် စစ်တပ်ရုံး၌ စစ်ဗိုလ်များ ပြည့်နှက်နေသည်။ သူတို့သည် ရပ်ဝေးမှစာများ၊ ပါဆယ် ထုပ်များ၊ သတင်းစာများ၊ ငွေများကို အသီးသီး စောင့်မျှော်နေကြသည်။ တစ်ယောက်လျှင် စာတစ်စောင် သော်လည်းကောင်း၊ သတင်းစာ တစ် စောင် သော်လည်းကောင်း ရကြသည်သာတည်း။ လက်ချည်း ပြန်ရသည် ဟူ၍ မရှိ။ ပြန်ရလျှင် မည်မျှ မကျေမနပ်ဖြစ်မည်ကို ချင့်ချိန်၍သာ ကြည့် နိုင်ပေသည်။ ရသောစာများကို တစ်ထိုင်တည်း ဖောက်၍ဖတ်ကြသည်။ ဖတ်ပြီးလျှင် ပါရှိသော အကြောင်းအရာများကို ပြောပြ၏။ သတင်းစာ တို့ကိုလည်း ဖတ်၍ပြကြသဖြင့် အားလုံးသိပြီး ဖြစ်လေသည်။


နေကြရလေပြည့်နှက်နေသည်။ စစ်ဗိုလ် သတင်းစာများ၊အသီးသီး ရောင် သော်လည်းကောက်ချည်း ပြန်ဆီလဗီယိုလည်း စစ်တပ်မှတစ်ဆင့် စာများကိုရရှိလေသဖြင့် စာ လာချိန်တွင် စစ်ရုံးသို့လာ၍ စာယူလေ့ရှိသည်။ တစ်နေ့၌ သူသည် ချိတ် ပိတ်ထားသော စာတစ်စောင်ကို ရရှိလေသည်။ စာအိတ်ကို ဟန်ပါပါနှင့် ဖွင့်၍ဖတ်ရာ သူ့မျက်လုံးများသည် ဖတ်ရင်းပင် တောက်ပလာတော့ သည်။ အနီးအနားရှိ စစ်ဗိုလ်များက သူတို့စာများကို သူတို့ စိတ်ဝင်စား ကာ ဖတ်နေကြသဖြင့် သူ့အမူအရာကို မမြင်လိုက်ကြချေ။


ထိုအခါ ဆီလဗီယိုက “မိတ်ဆွေတို့ ကျွန်တော် အရေးကြီးလို့ ချက်ချင်းပဲ ဒီမြို့က ထွက်ခွာရတော့မယ်။ ဒါကြောင့်မို့ ခင်ဗျားတို့အားလုံး ဒီညနေ ကျွန်တော်နဲ့အတူ ညစာစားကြဖို့ တောင်းပန်ပါတယ်” ဟု ဖိတ်လေသည်။ သူသည် ကျွန်တော့်ဘက်သို့ လှည့်၍ “ခင်ဗျားလဲ လာခဲ့နော်။ မပျက်မကွက် ဆက်ဆက်လာစေချင်ပါတယ်” ဟု အရေးတယူ တရိုတသေ ဖိတ်လေသည်။ စစ်ဗိုလ်များအားလုံးကပင် ညစာ စားပွဲ လာခဲ့ပါမည်ဟုပြောကြလေသည်။ ကျွန်တော်ကလည်း ဆက်ဆက်လာခဲ့ပါမည့်အကြောင်း ပြန်ပြောလိုက်သည်။ ဆီလဗီယိုလည်း ချက်ချင်းပင် စစ်ရုံးထဲမှ ထွက် သွားလေသည်။ ကျွန်တော်တို့လည်း မိမိတို့လိုရာ သွားကြသည်။


ကျွန်တော်သည် ဆီလဗီယို၏ နေအိမ်သို့ ချိန်းထားသည့် အချိန် တွင် ရောက်ပါသည်။ စစ်တပ်တစ်တပ်လုံးရှိ စစ်ဗိုလ်များသည်လည်း ရောက်နှင့်ကြလေပြီ။ သူ့ပစ္စည်းများမှာ ခရီးထွက်ရမည့်အတွက် ထုပ်ပိုး ပြီးဖြစ်ကြောင်း တွေ့ရသည်။ ကျွန်တော်တို့သည် ထမင်းစားပွဲတွင် ထိုင် ကြလေသည်။ ဆီလဗီယိုသည် ခါတိုင်းထက်ပင်ပို၍ ဖော်ရွေ ပျော်ရွှင်နေတော့သည်။ ဧည့်သည်များကလည်း အိမ်ရှင်သလို ကြကုန်၏။ အရက်သောက်ကြသည်မှာလည်း ပြောမကုန်အောင်ပင် ဖြစ်ချေသည်။


စားသောက်ပြီးနောက် အချိန်တန်သောအခါ အားလုံးကပင် ဆီလဗီ ယိုအား ကျေးဇူးတင်စကား ပြောကြလေသည်။ ခရီးလမ်းတွင် ဘေးမခ ရန်မသိပါစေနှင့်ဟုဆုတောင်းကြသည်။ နှုတ်ခွန်းဆက်ကြပြီးနောက် အသီး သီး ပြန်ကြသော်လည်း ကျွန်တော့်ကိုမူ မပြန်စေသေးဘဲ ဆွဲထားလေ သည်။ “ခင်ဗျား နေခဲ့ပါဦး။ ကျွန်တော် ပြောစရာရှိလို့ပါ”ဟု သူက ဆိုသည်။


ယိုအား ကျေးဆုတောင်းကြသည်။ မပြန်စေသေးဘဲဧည့်သည်အားလုံး ပြန်ကြလေပြီ။ သူနှင့်ကျွန်တော် နှစ်ယောက် တည်းသာ ကျန်ခဲ့လေသည်။ မျက်နှာချင်းဆိုင်ပြီး အတန်ကြာသော် ဆေး တံသောက်ကာ ငြိမ်၍ နေလေသည်။ ဆီလဗီယိုသည် ဧည့်သည်များနှင့် စားသောက်နေစဉ်ကကဲ့သို့ ပျော်ရွှင်ပုံမရတော့ဘဲ ငေးမှိုင်မှိုင် ဖြစ်နေချေ သည်။ သူ့မျက်နှာမှာလည်း ဖြူဖပ်ဖြူရော် ဖြစ်နေ၏။ နှုတ်ခမ်းမှ မှုတ် ထုတ်လိုက်သော မီးခိုးများကြောင့် သူ၏ရုပ်သဏ္ဌာန်သည် ပို၍ ကြောက် ခမန်း ဖြစ်နေတော့သည်။


အတန်ကြာသောအခါ ဆီလဗီယိုက စ၍ ပြောလေသည်။ “မိတ်ဆွေ ခင်ဗျားနဲ့ ကျွန်တော် နောက်ဒီတစ်သက်မှာ ပြန်တွေ့ချင်မှ တွေ့ကြတော့ မယ်။ ဒါကြောင့်မို့ လူချင်းမခွဲခင် ကျွန်တော် တစ်ခု ရှင်းသွားချင်ပါတယ်။ ခင်ဗျားလဲ အသိသားပဲ။ ကျွန်တော်ဟာ တခြားလူတွေ ဘယ်လိုထင်ထင် သိပ်ဂရုစိုက်တာ မဟုတ်ဘူး။ ဒါပေမယ့် ခင်ဗျားကိုတော့ သူတကာထက် ပိုပြီး ခင်တဲ့အတွက် ခင်ဗျားက ကျွန်တော့်အပေါ်မှာ အထင်လွဲမှာ အထင် သေးမှာတော့ အလွန်စိုးတယ်” ။


သူသည် ခေတ္တ အပြောရပ်ပြီး ဆေးတံကို ဖွာနေလေသည်။ ကျွန်တော့်မှာမူ စကားတစ်လုံးမျှ ပြန်မပြောဘဲ မျက်စိအောက်စိုက်၍ နေလေသည်။


“ခင်ဗျားအဖို့မှာတော့ ကျွန်တော် ဟိုကောင့်ကို မသတ်လိုက်တာ အံ့ဩစရာဖြစ်နေမှာပဲ။ ခင်ဗျားသိတဲ့အတိုင်းပဲ။ ကျွန်တော်က လက်နက် ရွေးခွင့်ရထားတော့ သူ့အသက်ဟာ ကျွန်တော့်လက်ထဲမှာ ရှိတယ်။ ကျွန်တော့ အသက်တော့ စိုးရိမ်စရာ မရှိပါဘူး။ ဒီလို မသတ်ဘဲ နေလိုက်တာ ကျွန်တော်က သဘောထားကြီးလို့ ပြောရင်လဲ ဖြစ်နိုင်တာပေါ့။ ဒါပေမယ့် ကျွန်တော်ဟာ မညာတတ်ဘူးဗျ။ အကယ်၍သာ ဒီအကောင်ကို ကျွန် တော့အကြောင်း မပေါ်ဘဲ သတ်ပစ်နိုင်မယ်ဆိုရင် ကျွန်တော် ဘယ်လက် လွတ်ခံမှာလဲဗျာ”


ကျွန်တော်သည် ဆီလဗီယိုကို အံ့အားသင့်ကာ စိုက်၍ ကြည့်နေ မိသည်။ ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုသည်မှာ အံ့အားသင့်စရာပင်။


ဆီလဗီယိုက ဆက်လက် ပြောလေသည်။


“အမှန်ပါ မိတ်ဆွေ။ ကျွန်တော့်အကြောင်းကို မဖော်ချင်ဘူး။ ဖော်ဖို့ အခွင့်လဲ မရှိဘူး။ ဒါကြောင့်ပေါ့ လွန်ခဲ့တဲ့ ခြောက်နှစ်လောက်တုန်းက လူတစ်ယောက်က ကျွန်တော့်ကို ပါးရိုက်တာတောင် ကျွန်တော် မသတ်ဘဲ ထားခဲ့သေးတာပဲ”


ထိုအခါ ကျွန်တော်သည် သူ့အကြောင်းကို သိလိုဇော ပြင်းပြလာ တော့သည်။ “အို ခင်ဗျား အဲဒီလူနဲ့ယှဉ်ပြီး မပစ်ဘူးပေါ့ ။ ခင်ဗျားမှာ အကြောင်း ကြောင်းကြောင့် မယှဉ်ပြိုင်ဘူး ထင်ပါရဲ့”ဟု ကျွန်တော်က ထောက် လိုက်လေသည်။


“မဟုတ်ဘူးဗျ။ ကျုပ်တို့နှစ်ယောက် ယှဉ်ပြီးပစ်ကြတယ်။ အဲဒီ တိုက်ပွဲရဲ့ အထိမ်းအမှတ်ကို ပြရဦးမယ်” ။


သူသည်ထ၍ သေတ္တာတစ်ခုထဲမှ ဦးထုပ်နီကလေးတစ်ခု ထုတ်၍ ပြလေသည်။ ထိုဦးထုပ်မှာ ရွှေနားကွပ်နှင့် ဖြစ်သည်။ ပြင်သစ်ပုလိပ် ဦးထုပ်မျိုး ဖြစ်သည်။ သူသည် ဦးထုပ်ကို ဆောင်းပြလေသည်။ ဦးထုပ် တွင် နဖူးနှင့် နှစ်လက်မအကွာတွင် သေနတ်ကျည်ဆန်ရာ တစ်ခု ရှိလေသည်။


“ခင်ဗျားလဲ သိရောပေါ့။ ကျွန်တော်ဟာ ဟိုတုန်းက တပ်ရင်းမှာ အမှု ထမ်းတာပေါ့ ။ ကျုပ်သဘောကို ခင်ဗျားအသိသားပဲ။ ဘယ်နေရာမှာမဆို ကျုပ်က ရှေ့တန်းကမှ အမြဲနေချင်တဲ့ သဘောရှိတယ်။ အဆုံးပြောရမယ် ဆိုရင် အရက်သောက်တာတောင် သူတကာ လိုက်မမီအောင် သောက် တယ်။ ကျုပ်တို့တပ်ထဲမှာ ခဏခဏ တိုက်ပွဲလုပ်ကြတယ်။ အဲဒီပွဲတွေမှာ ကျုပ်က ခေါင်းဆောင်ကြီးပေါ့ ။ ကျုပ်မိတ်ဆွေတွေ၊ ရဲဘော်တွေက ကျုပ် ကို အလွန်ကြည်ညိုကြတာပေါ့ ။ အထက်အရာရှိများကတော့ ဒီကောင် မရှိမဖြစ်ဘူးဆိုပြီး ဆိုးတာ ပေတာကို သည်းခံကြတယ်။


အဲဒါနဲ့ ကျွန်တော်ဟာ တစ်တပ်လုံးမှာ သူရဲကောင်း ဖြစ်နေတုန်း ပဲ၊ စစ်ဗိုလ်သစ်ကလေး တစ်ယောက် ရောက်လာတယ်။ သူကတော့မင်းစိုး ရာဇာ အထဲကပဲ၊ သူ့နာမည်တော့ မပြောပါရစေနဲ့တော့ဗျာ။ ကျွန်တော့်တစ်သက်မှာ ဒီကောင်လောက် ကံကောင်းတဲ့ အကောင်မျိုး တစ်ခါမှ မတွေ့ခဲ့ရဘူး။ သူ့မှာ ရုပ်ရည်လဲ ကောင်းတယ်။ ဉာဏ်လဲ ထက်တယ်။ တေလိုက်တာလဲ လွန်ပါရော။ ပိုက်ဆံကလဲ သိပ်ရှိတာပဲ။ ပြီးတော့လဲ ဆွေကြီးမျိုးကြီးထဲကလဲ ဖြစ်နေသေးတယ်။ ကဲ ဘာများ လိုသေးသလဲ ဗျာ။ လောကကြီးမှာ ဒါကြောင့်ပေါ့။ သူရောက်လာတယ်ဆိုရင် ကျွန် တော့ဂုဏ်သတင်းဟာ မှေးမှိန်သွားတော့တာပေါ့ ။


သူက ကျွန်တော် နာမည်ကြီးတာနဲ့ ကျွန်တော့်ဆီလာပြီး မိတ်ဖွဲ့ ပါသေးတယ်။ ဒါပေမယ့် ကျွန်တော်က ထည်ထည်ဝါဝါကြီး လုပ်နေ လိုက်တယ်။ ဒီတော့လဲ သူက သူ့ဂုဏ်နဲ့သူ နေနိုင်တာမို့ ခပ်တည်တည် နေလိုက်တာပေါ့။ နောက်ဆုံးကျတော့ ကျွန်တော် သူ့ကို မုန်းလာတယ်။ သူက တပ်ထဲမှာတောင် မဟုတ်ဘူး။ မိန်းမတွေနဲ့ ကျတော့လဲ အတော်စွဲ တာကိုး။ ဒီတော့ ကျွန်တော့မှာ မနာလိုစရာတွေ ပေါ်လာတာပေါ့။ ဒါနဲ့ ကျွန်တော်က သူ့ကိုလိုက်ပြီး ရန်စတယ်။ ကျွန်တော်က စာချိုးလိုက်ရင် သူက ပြန်ချေလိုက်တာနဲ့ ကျေရုံ ဘယ်ကမလဲ။ ကျွန်တော်လဲ အရူးဖြစ်ဖြစ် ကျန်ရစ်ခဲ့တာပေါ့။


နောက်ဆုံးကျတော့ ပိုလန်ပြည်သံအမတ်ကြီး ညစာစားပွဲမှာ သူ ဟာ မိန်းမတွေကြားမှာ အတော်စန်းပွင့်တာကိုး။ ဒါနဲ့ ကျွန်တော်က သူ့နား နားမှာ တီးတိုးပြောလိုက်တာ သူက ချက်ချင်းဒေါသဖြစ်ပြီး ကျွန်တော့် ကို ပါးရိုက်လိုက်တယ်။ ဒါနဲ့ ကျွန်တော်တို့နှစ်ယောက်စလုံး ကို ဆွဲ ကြတာပေါ့ ။ မိန်းမတွေကလဲ သတ်ကုန်တော့မှာပဲဆိုပြီး လန့်ပြီး မူးမေ့ ကုန်သူ မူးမေ့ကုန်ကြတာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ကို ဖျဉ်လိုက်တာ နဲ့ လူချင်းကွဲသွားတယ်။ ဒီညပဲ ကျွန်တော်တို့ ကွင်းပြင်ထွက်ပြီး သေနတ် ချင်း ယှဉ်ပစ်ဖို့ ချိန်းလိုက်ကြတယ်။


ပစ်ရမယ့်အချိန်ကလဲ နံနက်မိုးမလင်းတလင်း။ ကျွန်တော်လဲ မိတ် ဆွေ သုံးယောက်နဲ့အတူ ချိန်းထားတဲ့နေရာကို အချိန်မီ ရောက်သွား တယ်။ သူကတော့ မရောက်သေးဘူး။ ဒါနဲ့ စောင့်နေလိုက်ရတာ မိုးလင်း လို့ နေအတော်မြင့်မှ ခပ်ဝေးဝေးက သူလာနေတာကို မြင်ရတော့တယ်။


သူ့မှာ အဖော်တစ်ယောက်လဲပါတယ်။ စစ်ဝတ်စစ်စားနဲ့ပဲ။ သူ့လက်ထဲ မှာ ဦးထုပ်ကို ပက်လက်လှန်ပြီး ချယ်ရီသီးတွေကို ထည့်ထားတယ်။ ပြီးတော့ လက်တစ်ဖက်နဲ့ပဲ အဲဒီ အသီးတွေကို တပြုတ်ပြုတ် စားနေတယ်။ အဖော်များက တစ်ဆယ့်နှစ်လှမ်း လှမ်းပြီး နေရာချပေးတယ်။ ကျွန်တော်တို့လဲ ချထားတဲ့နေရာမှာ ရပ်နေကြတယ်။ ပြီးတော့ စင်စစ်တော့ ကျွန်တော်ကစ,ပြီး ပစ်ဖို့ပဲ။ ဒါပေမယ့် သူ့ကို မုန်းတဲ့စိတ်က ကြီးလွန်း လို့ လက်တုန်နေသေးတာနဲ့ သူ့ကိုပဲ အရင်ပစ်ဖို့ ပြောလိုက်တယ်။ သူ ကလဲ ထုံးစံမကျဘူးဆိုပြီး ကျွန်တော့ကိုပဲ စ,ပြီးပစ်ပါလို့ ပြောတယ်။ ဒါနဲ့ နောက်ဆုံးကျတော့ မဲခွဲကြတာ သူက ပထမပစ်ဖို့ မဲကျတယ်။ ဒါနဲ့ ကျွန်တော့်ကိုချိန်ပြီး ပစ်လိုက်တာ ကျွန်တော့်ဦးထုပ်ကို ကျည်ဆန်ဖောက် သွားတယ်။


သူပစ်ပြီးတော့ ကျွန်တော်ပစ်ဖို့ အလှည့်ကျတာပေါ့ ။ သူ့ အသက် ဟာ ကျွန်တော့်လက်ထဲ ရောက်လာတော့တယ်။ ကျွန်တော် သူ့ကိုသေ သေချာချာကြီးကြည့်ပြီး သူ့မှာ ကြောက်စိတ်၊ စိုးရိမ်စိတ်များ ရှိသလား လို့ လက္ခဏာကို ရှာတာပေါ့။ ဒါပေမယ့် မတွေ့ဘူး။ သူကတော့ ကျွန်တော့ သေနတ်ကို မျက်နှာမူပြီး ဣန္ဒြေမပျက် ချယ်ရီသီးတွေ စားလိုက်၊ အစေ့တွေ ထွေးပစ်လိုက်နဲ့ လုပ်နေတာပဲ။ သူထွေးလိုက်တဲ့ အစေ့တွေဟာ ကျွန်တော်ရပ်နေတဲ့ဆီကိုတောင် ရောက်တယ်။ သူဂရုမစိုက်တာမြင် ရတော့ ကျွန်တော် ရူးမတတ် ဒေါသဖြစ်တာပေါ့။ ဒီလို အသက်ကို အမှု မထားတဲ့အကောင်ကို သတ်ပစ်လိုက်ရလို့ ဘယ်မှာ အကျိုးရှိဦးမှာလဲလို့တွေးမိတယ်။ ဒါနဲ့ ကျွန်တော် ချိန်ထားတဲ့ သေနတ်ကို အောက်ချလိုက် ပြီး “ဟေ့လူ ခင်ဗျားဟာ အသက်သေဖို့ ပြင်ထားပုံမရဘူး။ အခုမှ စားလို့ကောင်းတုန်း ရှိသေးတာကိုး”လို့ ပြောလိုက်တော့၊ သူက “ကိစ္စမရှိပါဘူး ဗျာ၊ အားမနာပါနဲ့ ပစ်သာပစ်ပါ”လို့ ဆိုတယ်။ ကျွန်တော်လဲ အဖော်တွေ ဘက်ကို လှည့်ပြီး “မပစ်တော့ဘူးဗျာ”လို့ ပြောခဲ့တယ်။


အဲဒီကတဲကပဲ ကျွန်တော်လဲ စစ်တပ်ကထွက်ပြီး ဒီမြို့ကလေးမှာ မထင်မရှားနဲ့ နေခဲ့တယ်။ ဒါပေမယ့် ကျွန်တော်ဖြင့် သူ့ကို လက်စားချေဖို့ နေ့စဉ်နဲ့အမျှ တွေးပြီးနေတာပဲ။ အခုမှပဲ လက်စားချေဖို့ အခွင့်သာ တော့တယ်”


သူသည် နံနက်က ရထားသော စာကို ကျွန်တော့်အား လှမ်း၍ ပေး လိုက်လေသည်။ စာထဲတွင် ဆီလဗီယို၏ အထောက်တော်က “လူတစ်ယောက်သည် မကြာမီ အလွန်လှပတင့်တယ်သော မိန်းမပျိုတစ်ယောက် နှင့် လက်ထပ်တော့မည်” ဟု ရေးထားလေသည်။


“ကဲ လူတစ်ယောက်ဆိုတာ ခင်ဗျား သိရောပေါ့ဗျာ။ ဒီအကောင် ဟာ ဟိုတုန်းက တစ်ကိုယ်ရေတစ်ကာယမို့ သူ့ အသက်ကို မနှမြောတာ။ အခုတော့ သူ့ချစ်သူကလေးနဲ့ မင်္ဂလာဆောင်တော့မယ်ဆိုရင်၊ သူ့ အသက်ကို မနှမြောဘဲ ခံနိုင်ရိုးလားဗျာ၊ ကြည့်ကြသေးတာပေါ့။ အရင် ကလို သူ့ကို သေနတ်နဲ့ ချိန်နေတုန်းမှာ ချယ်ရီသီးတွေ တပြုတ်ပြုတ် စားနိုင်ဦးမှာတဲ့လား။ ကျုပ် ဒါကြောင့် မော်စကိုမြို့ကို လိုက်သွားမလို့ဗျ”


ဆီလဗီယိုသည် လက်တွင် ကိုင်ထားသော ဦးထုပ်ကို ကြမ်းပြင်ပေါ် သို့ ပစ်ချလိုက်ပြီးလျှင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေလေသည်။ ကျွန် တော်လည်း သူ့စကားကို မလှုပ်မရှား ထိုင်ပြီးနားထောင် လာခဲ့ရာ ယခု တွင်မှု စိတ်လှုပ်ရှားလျက် ရှိလေပြီ။


ထိုအခိုက် အစေခံက ခရီးထွက်ရန် ရထားကို မြင်းတပ်ပြီး ဖြစ် ကြောင်း ပြောလာသဖြင့် ဆီလဗီယိုသည် ကျွန်တော့်ကို လက်ဆွဲပြီးလျှင် ဖက်လိုက်လေသည်။ ထိုသို့ ရင်းနှီးစွာ နှုတ်ဆက်ပြီးနောက် သူသည် ရထားထဲသို့ ဝင်၍ ထိုင်လိုက်ပြီးလျှင် နောက်ဆုံး နှုတ်ဆက်လေသည်။ ထို့နောက် ရထားသည် ကဆုန်ချ၍ ပြေးလေရာ မြင်းများ နောက်ကထပ် ကြပ်မကွာ လိမ့်၍ ပါသွားလေသည်။


နှစ်ပေါင်း အတော်ကြာသွားလေပြီ။ ကျွန်တော်လည်း အိမ်တွင်းကိစ္စ များကြောင့် စစ်တပ်မှထွက်၍ ဆင်းရဲသားဘဝ လယ်ယာလုပ်ကိုင် စားသောက်နေရလေသည်။ တောရွာကလေးတွင် တို့ လုပ်ကိုင်နေရသဖြင့် ရှေးကစစ်ထဲတွင် ပျော်ပါးခဲ့သမျှတို့ကို စားမြုံပြန်၍ နေရလေတော့သည်။


ကျွန်တော်နေထိုင်သည့် လယ်တောနှင့် မလှမ်းမကမ်းတွင် မြေပိုင်00=ရှင်ကြီးအိမ် တစ်အိမ်ရှိလေသည်။ ထိုအိမ်ကြီးနှင့် လယ်မြေတို့ကို ပိုင်သူ မြို့စားကတော်ကြီးမှာ သူ့ပိုင်နက်ကို တစ်ခါမျှ လာရောက်ဖူးသည်ဟု မကြားရဖူးချေ။ သူရင်းငှား၊ လခစားများနှင့်သာ လွှဲထားခဲ့လေသည်။ နှစ်၊ လ အတော်ကြာသောအခါ ထိုမြို့စားကတော်ကြီး ကွယ်လွန်သဖြင့် သမီး က အမွေခံယူရလေသည်။ သမီး မြို့စားကတော်ကလေးနှင့် မြို့စားကလေး တို့သည် မိမိတို့ပိုင် ပစ္စည်းများကို လှည့်လည် ကြည့်ရှုရန် အဆိုပါ အိမ် ကြီးသို့ ဇွန်လဆန်းလောက်တွင် ရောက်လာကြလေသည်။


ကျွန်တော်လည်း အိမ်နီးနားချင်းအဖြစ် လာရောက်နေထိုင်ကြသော မြို့စားကလေးနှင့် မြို့စားကတော်ကလေးတို့ ကို အသိပြုလိုသော ဆန္ဒရှိလေသည်။ အသိအကျွမ်းဖွဲ့ ရန်လည်း ဝတ္တရား ရှိနေလေသည်။ ထို့ပြင် မြို့စားကတော်ကလေး လှပသည်ဟူသော ကျော်စောမှုသည် တောရွာ ကလေးတွင် တစ်မုဟုတ်ချင်း ပျံ့နှံ့သွားသည့်အလျောက် သူ၏ ရူပါရုံရှု မြင်လိုဇောကလည်း ကျွန်တော့်စိတ်ဝယ် သေးငယ်လှသည်ဟု မဆိုသာ ပေ။ ထို့ကြောင့် ကျွန်တော်သည် အိမ်ကြီးသို့ အလည်သွားလေသည်။


အစေခံက တံခါးဖွင့်ပေးသဖြင့် ဝင်သွားရာ အလွန်ပင် ရုပ်ရည်ချော မောခံ့ညားသော အသက်(၃၀)ကျော် လူတစ်ယောက်က ဖော်ရွေစွာ ခရီး ဦးကြို ပြုလေသည်။ ထိုသူမှာ မြို့စားကလေးဖြစ်သည်။ ကျွန်တော်တို့နှစ်ယောက်လုံး ကုလားထိုင်ပေါ်တွင် ထိုင်မိကြပြီးနောက်၊ မကြာမီပင် အလွန် ချောမောလှပသော မိန်းမပျိုတစ်ယောက် ထွက်လာလေသည်။ မြို့စား ကလေးက သူ့ ဇနီးနှင့် မိတ်ဖွဲ့ပေးလေသည်။ သူတို့မှာ ကျွန်တော့်ကို အိမ် နီးချင်းဟူသော အနေဖြင့် အထူးပင် ဖော်ရွေကြပါသည်။ ကျွန်တော် သည် သူတို့ဖော်ရွေမှုကြောင့် အနေအထိုင် ချောင်ချိကာ အခန်းတွင်းရှိ စာအုပ်များ၊ အရုပ်ကားများကို လှည့်လည် ကြည့်ရှုလေသည်။ အရုပ်ကား များအနက် တစ်ကားမှာ ကျွန်တော့်ကို စိတ်ဝင်စားစေလေသည်။ အရုပ် ကား၏ ထူးခြားခြင်းကြောင့်မဟုတ်။ ကားထိပ်ဘက်တွင် သေနတ်ကျည် ဆန်ရာနှစ်ခု ထပ်လျက် ပေါက်နေသောကြောင့် ဖြစ်သည်။


”ဒီ သေနတ်ပစ်တဲ့ လူဟာ အတော်တည့်ပုံရတယ်” ဟု ကျွန်တော် က မြို့စားကလေးဘက်သို့ လှည့်၍ ချီးမွမ်းလိုက်လေသည်။


“ဟုတ်ပါတယ်၊ အတော်တည့်တဲ့ လူပါ။ ခင်ဗျားကော သေနတ်ပစ် တော်ရဲ့ လား”


“အသင့်အတင့်ပေါ့ဗျာ။ ကျွန်တော်တော့ ဖဲချပ်ပေါ်ရှိတဲ့ ဖဲပွင့် ကလေးတွေကို ကိုယ်ကြိုက်တဲ့ ခြောက်လုံးပြူးနဲ့ဆိုရင် မလွဲတမ်း ပစ် တတ်ပါတယ်”


“မောင်ကော ဒီလိုပစ်နိုင်တယ် မဟုတ်လား”ဟု မြို့စားကတော် က ဝင်၍ မေးလိုက်ရာ၊ မြို့စားကလေးက “တစ်နေ့နေ့တော့ ပစ်နိုင်သော ပေါ့ ခင်ရယ်။ အစတုန်းကတော့ မောင်လဲ မညံ့လှပါဘူး။ ဒါပေမယ့် သေနတ်မကိုင်တာ လေးနှစ်ရှိသွားပြီ” ဟု ပြောလိုက်လေသည်။


“ဟာ မြို့စားက လွယ်လွယ်ကလေး ပြောလိုက်တာပါ။ သေနတ် ပစ်တော်တယ်ဆိုတာ နေ့စဉ်ကျင့်နေနိုင်မှ တန်ခါ ကျတယ်။ နေ့စဉ် မကျင့်ဘူးဆိုမှဖြင့် တော်ဖို့ အလွန်ခဲယဉ်းပါတယ်။ ကျွန်တော်ဖြင့် တစ် သက်နဲ့တစ်ကိုယ် သေနတ်ပစ်အတော်ဆုံး လူတစ်ယောက်ပဲ တွေ့ ရသေး တယ်။ အဲဒီလူကလဲ တစ်နေ့ကို အနည်းဆုံး လေးခါတော့ အပစ်ကျင့်တာပဲ”


“သူပစ်တာက ဘယ်လိုလဲဗျ”


“အို ဒီလူကတော့ နံရံပေါ် ခြင်ကလေးတစ်ကောင် နားရင် သူများ လို လက်နဲ့ ပုတ်ပစ်တာ မဟုတ်ဘူး။ သေနတ်ဆွဲပြီး သေပေတော့ ရွှေ ခြင်ဆိုပြီး ပစ်လိုက်တာ။ ခြင်ကလေး နားနေရာက ပြာကျသွားတာပဲ။ မရယ်နဲ့ မြို့စားကလေးရဲ့ ၊ ကျွန်တော်ပြောတာ မပိုပါဘူး။ တကယ်ပါ”


“ဟာ ဒီလိုဆိုရင် သိပ်တော်တာပါပဲကလား။ သူ့နာမည် သိရဲ့ လား”ဟု မြို့စားကလေးက မေးလိုက်သည်။ “သူ့နာမည်ကတော့ ဆီလဗီယိုတဲ့”


“အလို ဆီလဗီယို၊ ခင်ဗျား ဆီလဗီယိုကို သိသလား” ဟု မြို့စား ကလေးမှာ ထိုင်ရာမှာ ထခုန်မတတ်ဖြစ်အောင် အံ့အားသင့်ကာ မေးလိုက် လေသည်။


”အို မသိဘဲ နေနိုင်ပါ့မလား ခင်ဗျာ။ ကျွန်တော် စစ်တပ်ထဲမှာတုန်း က သူနဲ့ တော်တော်ခင်မင်တာပဲ။ သူက တပ်ထဲက မဟုတ်ပေမယ့် အားလုံး ကပဲ သူ့ကို တပ်သားတစ်ယောက်လို သဘောထားကြတယ်။ မြို့စားမင်း လဲ သူ့ကို ကောင်းကောင်းသိပါတယ် ထင်ပါရဲ့”


“သိတာပေါ့ဗျာ။ သူက ခင်ဗျားကို ထူးဆန်းတဲ့ အကြောင်းတစ်ခု မပြောဖူးဘူးလား”


“မြို့စားမင်း ဆိုလိုတာက သူ့ကို ပါးရိုက်တဲ့ အကြောင်းလား”


”ပါးရိုက်တဲ့ လူရဲ့ နာမည်ကို ပြောသေးသလား”


”မပြောပါဘူး မြို့စားမင်းရဲ့ ။ သော် ဒါနဲ့ အဲဒီ သူ့ပါးရိုက်တဲ့ လူ ဟာ မြို့စားမင်းတော့ မဟုတ်ဘူးပေါ့ နော်”


“ကျုပ်ပဲ။ ဟိုပန်းချီကားမှာရှိတဲ့ သေနတ်ကျည်ဆန်ရာ နှစ်ခုဟာ သူနဲ့ကျုပ် နောက်ဆုံးတွေ့တဲ့ အထိမ်းအမှတ်ပေါ့”ဟု မြို့စားကလေးက ပြောလေသည်။


“တော်စမ်းပါ မောင်ရယ် မပြောပါနဲ့။ ဒီအကြောင်းကို ထပ်ကြားရ မယ်ဆိုရင် စိတ်မချမ်းသာစရာပါ မောင်ရယ်” ဟု မြို့စားကတော်က ဝင် ၍ ပြောလေသည်။


“ကိစ္စမရှိပါဘူး ခင်ရယ်။ ဒီက မိတ်ဆွေက မောင့်အကြောင်း ကြား ပြီးသားမို့ ဆီလဗီယိုက မောင့်ကို ဘယ်လို လက်စားချေတယ်ဆိုတဲ့ အကြောင်းပြောလိုက်ဦးမှ ဖြစ်မှာပေါ့” ဟု ပြောကာ မြို့စားကလေးက ကျွန်တော့အနီးသို့ ရောက်အောင် ကုလားထိုင်ဆွဲ ၍ ထိုင်ပြီးလျှင် ပြောပြ လေသည်။


“လွန်ခဲ့တဲ့ ငါးနှစ်လောက်တုန်းက ကျွန်တော် မင်္ဂလာဆောင်တယ်။ မင်္ဂလာဦးဖြစ်တဲ့ ပထမလမှာ ကျွန်တော်တို့ ဒီရွာလာပြီး ပျော်ပွဲစား ထွက် နေကြတယ်။ ဒီအိမ်ကြီးထဲမှာပေါ့ ဗျာ ဖြစ်တာ။


တစ်နေ့တော့ ကျွန်လက်တည့်စမ်းသည် ဆီလ၏ ထူးဆန်းအောက်တွင် ပြန်ဖြစ်ဗျာ။ သူ ဒီလိုပစ်သွားတဲ့ အကြောင်းကတော့ စိတ်မကျေပွဲ ကလေးအနေ နဲ့ လက်တည့်စမ်းသွားတာပဲ ထင်ပါရဲ့ဗျာ”


မြို့စားကလေးသည် ဆီလဗီယို လက်စားချေပုံကို ပြောပြ၍ ပြီးဆုံး လေပြီ။ ကျွန်တော်လည်း ဆီလဗီယို၏ ထူးဆန်းသော စိတ်ထားကို စဉ်း စားလျက်ပင်။ ဆီလဗီယိုကိုကား ကျွန်တော့်တစ်သက်တွင် ပြန်၍ တွေ့ နိုင်တော့မည် မဟုတ်ပေ။ သူသည် သူပုန်ထရာတွင် ခေါင်းဆောင်အဖြစ် ပါဝင်တိုက်ခိုက်ရာ စကူလီနီတိုက်ပွဲ၌ ကျဆုံးသည်ဟု သတင်းရရှိခဲ့လေ သည်။

Comments

  1. ကျေးဇူးပါ
    နောက်မှ သေချာဖတ်တော့မယ် ♡

    ReplyDelete

  2. အတွေးအမြင် ရှင်းမှ
    နိုင်ငံရေးအမြင် ရှင်းမယ်
    တော်လှန်ရေးပြတ်သားမယ်

    😍😍😍ဘာဘာညာညာClickerပဲ

    ReplyDelete

Post a Comment