လေစီးသံ
လေစီးသံ
ပြောရဦးမယ် မစိန်ငွေရေ ဟိုတစ်နေ့ကပေါ့…။ ရှင့်ယောကျ်ား ကိုမြင့်ဆွေရယ်၊ အိမ်က လူကြီးဆီ ရောက်လာတယ်။ ရောက်လာတဲ့ အကြောင်းက
လည်းတော် ဝတ္ထုရေးချင်လို့တဲ့…ဝတ္ထုမှ ဘက်ဆဲလားဝတ္ထုတဲ့တော်။ နေနော်တို့၊ နီကိုရဲတို့ကိုလည်း အားကျသတဲ့…။
အိမ်ကလူကြီးဆီမှာ အကြံဉာဏ် လာတောင်းတာလေ ဘက်ဆဲလားဝတ္ထုတစ်ပုဒ်ကို လူ စိတ်အဝင်စားဆုံးဖြစ်အောင် ဘယ်လိုရေးရင်ရမလဲတဲ့…
အိမ်က လူကြီးကလည်း ဒီလိုမျိုး မေးမယ့်သူကို စောင့်နေတာ။ နွားငတ် ရေတွင်းထဲကျသလို ဖြစ်သွားတာပေါ့…။ ပြောပါလေရော၊ ပါးဖြဲနားဖြဲ။
အဲ…နည်းနည်းစိတ်ဝင်စားဖို့တော့ ကောင်းတယ်။ သူက ဖတ်မှတ်ဖူးတဲ့ ပုံတိုပတ်စလေးတွေ၊ ရယ်စရာလေးတွေကို ကိုးကားပြီး ပြောတာလေ။
ဘက်ဆဲလားဝတ္ထုတစ်ပုဒ်ကို လူစိတ်အဝင်စားဆုံးဖြစ်အောင် အချက်သုံးချက် ပေါင်းစည်းရမတဲ့…။ နံပါတ်တစ်အချက်က မဖွယ်မရာတော် လိင်ကိစ္စတဲ့…။ ပြောမပြောလိုက်ချင်ဘူး။ ထားလိုက်ပါဦးတော်။ နံပါတ်နှစ်အချက်က ချမ်းသာမြင့်မားမှုတဲ့…။ ဒါကတော့ မဆိုးပါဘူး…။ နံပါတ်သုံးအချက်ကအစဉ်အလာကို ဆန့်ကျင်မှုတဲ့။ မိုးကြိုးပစ်စရာတွေ ပါလာဦးမလား မသိဘူး။
အဲဒီအချက်တွေနဲ့ ပတ်သက်ပြီး အိမ်က လူကြီးက ရယ်စရာ ဥပမာတစ်ခုပေးတယ်တော်…။
“မြို့စားကတော်က သူမ၏ပေါင်ပေါ် ရောက်လာသော ဘုရင်ကြီးလက်ကို ဖယ်ခိုင်းလိုက်သည်” တဲ့။ အဲဒီစာကြောင်းမှာ ခုနက အချက်သုံးချက်လုံးပါတယ်တဲ့…။
ကျုပ်ဖြင့် ရယ်ချင်လိုက်တာ။ ဒါပေမဲ့ ဆန်ပြာရင်း မသိမသာနားထောင်ရတာ ဆိုတော့ ရယ်လည်းမရယ်ရဲဘူး။ ရှင့်ယောကျ်ားကတော့ သဘောကျသွားပုံရတယ်။
“စာကြောင်းအနေနဲ့တော့ ဟုတ်ပါပြီ…၊ ဇာတ်ကြောင်းအနေနဲ့ နမူနာ ပြောပါဦး”တဲ့…။
အိမ်က လူကြီးကလည်း ခေါင်းတဆတ်ဆတ်ညိတ်ပြီး ပြောပြပါတယ်…။ ပက်ဖရင့်ဆိုလား…ဘာလား… တော်…၊ အဲဒီစာရေးဆရာရေးတဲ့ “မစ္စတာ အာဒံ” ဆိုတဲ့ ဝတ္ထုကို ကိုးကားပြီးပြောတာ။ မူရင်းဇာတ်လမ်းကို အကုန်ပြောတာတော့ မဟုတ်ဘူး။ အပျိုးလေး ပြောပြပြီးမှ သူဆင်ချင်သလို ပြန်ဆင်တာ။
မူရင်းဇာတ်လမ်းကိုကလည်း စိတ်ဝင်စားစရာလေး တော်ရေ…။
ဒီလိုတော် ကမ္ဘာပေါ်မှာ အဏုမြူဗုံးတစ်လုံး ပေါက်သွားတယ် တဲ့…။ အဲဒီမှာ လူတွေ အသေအပျောက်တော့ မရှိဘူး။ အဲဒီ အဏုမြူဗုံးကထူးဆန်းတယ်။ ယောကျ်ားတွေအားလုံး မြုံသွားကြတယ်တဲ့။ ဟီဟိ…ယောကျ်ားတွေထဲမှာ ကိုမျိုးအောင် မရှိတော့ဘူး။ မျိုးပွားနိုင်တဲ့ယောကျ်ားမရှိတော့ဘူး။
အဲဒီအဖြစ်ကနေ ကင်းလွတ်တဲ့ ယောကျ်ားဆိုလို့ တစ်ယောက်တည်း ကျန်ရစ်ခဲ့သတဲ့။ အဏုမြူဗုံးကွဲတဲ့အချိန်မှာ သူက သတ္ထုတွင်းအနက်ကြီးထဲဆင်းပြီးအလုပ်လုပ်နေတာ။ လုပ်ငန်းပြီးလို့ တွင်းထဲကနေ ပြန်တက်လာတော့ ကမ္ဘာပေါ်မှာ “ကိုမျိုးအောင်” ဆိုလို့ သူတစ်ယောက်တည်း ဖြစ်နေတယ်။
မူရင်းဇာတ်လမ်းက ဘယ်လို ဆက်စခန်းသွားတယ် မသိပါဘူး မစိန်ငွေရယ်…အိမ်က လူကြီးက သူပြောချင်တဲ့ အကြောင်းအရာဆီ ဦးတည်ရွှေ့ပစ်လိုက်တယ်။
အဲဒီ ကိုမျိုးအောင် ကြုံဆုံရတဲ့ အနေအထားကိုပေါ့။ အဟီး…ကိုမျိုးအောင် ကြီးပွားပုံကို ဆိုပါစို့လေ…။
ကမ္ဘာသူ ကမ္ဘာသားတွေဟာ ကိုမျိုးအောင်ကို ရွှေပေါ်မြတင် ထားရတယ်။ ပုံပြင်ထဲကလိုဆိုရင် ဆင်စွယ်ရဲတိုက်ကြီးနဲ့ပေါ့တော်။ ဂုဏ်သရေရှိ
ဘယ်အမျိုးသမီးမဆို သူ့မျက်နှာကို ကြည့်ပြီး သူ့အလိုကျ ဆက်ဆံတယ်။ အဲဒါပဲ…အဲဒါပဲ…အိမ်ကလူကြီး ဇာတ်လမ်းဆင်ပေးတာ အဲဒီလောက်ပဲ။
အဲဒီလောက်မှာတင် သူပြောထားတဲ့ အချက်သုံးချက်က ဘောင်ဝင်နေပြီလေ…။
ရှင့်ယောကျ်ား ကိုမြင့်ဆွေကြီးကတော့ သဘောကျနေတာပေါ့။ တဟဲဟဲနဲ့ သွားကြီးကို ဖြဲလို့။ ဇာတ်လမ်းထဲက သတ္ထုတွင်းအလုပ်သမား ကိုမျိုးအောင်ကို သဘောကျတာများလားမှ မသိဘဲ။ တော်သာမြင်ရင် ဗိုက်ခေါက်ကြီး ဆွဲမိလိမ့်မယ် ထင်တယ်။
နောက်ပြီးတော့ သူတို့တွေ ဆက်ပြောကြသေးတယ်။ ဘာအစ်ဇင်၊ ညာအစ်ဇင်နဲ့…သူတို့ စာရေးဆရာအလုပ်က တော်တော်ရှုပ်တာပါပဲ။
အဲ…အဲ…စကားကို ပြန်ကောက်ရဦးမယ်။ ခုနက ဘက်ဆဲလား စာရေးနည်းမှာလေ တခြားမူကွဲတွေ ရှိသေးသတဲ့။ ဟိုဟာတော်…ဇာတ်အဖွင့်မှာလေ။
တစ်အချက်အနေနဲ့က စိန်ခေါ်သံ ပါရမယ်တဲ့…။ တော့်ယောကျ်ား ကိုမြင့်ဆွေ အရက်မူးရင် ရပ်ကွက်ကို စိန်ခေါ်သလို ဖြစ်မှာပေါ့…။ နှစ်အချက်က
အကျပ်အတည်းကို ပြရမယ်တဲ့…။ သုံးအချက်က ရွေ့နေတဲ့ အသွားအလာတစ်ခုထဲက ဖြတ်ပိုင်းတစ်ခု ဖြစ်ရမယ်…တဲ့။
အိမ်က လူကြီးက အဲဒီလိုပြောတော့ ရှင့်ယောကျ်ားက အတော်စိတ်ဝင်စားပြန်တယ်။ ခေါင်းကြီးကို ရှေ့တိုးလာပြန်ရော။ ဒါပေမဲ့ ဆက်ရှင်းပြဖို့
အခွင့်မသာလိုက်ပါဘူး။ အိမ်က လူကြီးဆီ စာသင်မယ့်ကျောင်းသားလေးတွေ ရောက်လာလို့ သူတို့စကားဝိုင်း ရပ်သွားတယ်။ ရှင့်လူကြီးလည်း ပြန်သွားတယ်။
ကျုပ်ဘာသာ ကျုပ်ဆက်စဉ်းစားမိတယ်။ ခုနက အချက်သုံးချက်ပါမယ့် စာပိုဒ်ဆိုရင်လေ စိန်ခေါ်သံ၊ အကျပ်အတည်း၊ ရွေးလျားမှုတစ်ခု
ထဲက ဖြတ်ပိုင်းဆိုရင်လေ…။ ရှင် မရယ်နဲ့ ကျုပ်ဘာသာ စဉ်းစားမိသလို စာပိုဒ်ဖွဲ့ပြမယ်…နားထောင်…။
“ဒီလောက် လူကြပ်ပြီး ဘတ်စ်ကားကလည်း နှေးနေရတဲ့ကြားထဲမှာ လေလည်တဲ့သူ ရှိလို့ကတော့ ငါနဲ့အတွေ့ပဲဟေ့ ကြားကြလား”
ကဲ…ဖြစ်တယ်မို့လား။
တာရာမင်းဝေ
(zawgyi)
ေလစီးသံ
ေျပာရဦးမယ္ မစိန္ေငြေရ ဟိုတစ္ေန႔ကေပါ့…။ ရွင့္ေယာက်္ား ကိုျမင့္ေဆြရယ္၊ အိမ္က လူႀကီးဆီ ေရာက္လာတယ္။ ေရာက္လာတဲ့ အေၾကာင္းက
လည္းေတာ္ ဝတၳဳေရးခ်င္လို႔တဲ့…ဝတၳဳမွ ဘက္ဆဲလားဝတၳဳတဲ့ေတာ္။ ေနေနာ္တို႔၊ နီကိုရဲတို႔ကိုလည္း အားက်သတဲ့…။
အိမ္ကလူႀကီးဆီမွာ အႀကံဉာဏ္ လာေတာင္းတာေလ ဘက္ဆဲလားဝတၳဳတစ္ပုဒ္ကို လူ စိတ္အဝင္စားဆံုးျဖစ္ေအာင္ ဘယ္လိုေရးရင္ရမလဲတဲ့…
အိမ္က လူႀကီးကလည္း ဒီလိုမ်ဳိး ေမးမယ့္သူကို ေစာင့္ေနတာ။ ႏြားငတ္ ေရတြင္းထဲက်သလို ျဖစ္သြားတာေပါ့…။ ေျပာပါေလေရာ၊ ပါးၿဖဲနားၿဖဲ။
အဲ…နည္းနည္းစိတ္ဝင္စားဖို႔ေတာ့ ေကာင္းတယ္။ သူက ဖတ္မွတ္ဖူးတဲ့ ပံုတိုပတ္စေလးေတြ၊ ရယ္စရာေလးေတြကို ကိုးကားၿပီး ေျပာတာေလ။
ဘက္ဆဲလားဝတၳဳတစ္ပုဒ္ကို လူစိတ္အဝင္စားဆံုးျဖစ္ေအာင္ အခ်က္သံုးခ်က္ ေပါင္းစည္းရမတဲ့…။ နံပါတ္တစ္အခ်က္က မဖြယ္မရာေတာ္၊
လိင္ကိစၥတဲ့…။ ေျပာမေျပာလိုက္ခ်င္ဘူး။ ထားလိုက္ပါဦးေတာ္။ နံပါတ္ႏွစ္အခ်က္က ခ်မ္းသာျမင့္မားမႈတဲ့…။ ဒါကေတာ့ မဆိုးပါဘူး…။ နံပါတ္သံုးအခ်က္က
အစဥ္အလာကို ဆန္႔က်င္မႈတဲ့။ မိုးႀကိဳးပစ္စရာေတြ ပါလာဦးမလား မသိဘူး။
အဲဒီအခ်က္ေတြနဲ႔ ပတ္သက္ၿပီး အိမ္က လူႀကီးက ရယ္စရာ ဥပမာတစ္ခုေပးတယ္ေတာ္…။
“ၿမိဳ႕စားကေတာ္က သူမ၏ေပါင္ေပၚ ေရာက္လာေသာ ဘုရင္ႀကီးလက္ကို ဖယ္ခိုင္းလိုက္သည္” တဲ့။ အဲဒီစာေၾကာင္းမွာ ခုနက အခ်က္သံုးခ်က္လံုးပါတယ္တဲ့…။
က်ဳပ္ျဖင့္ ရယ္ခ်င္လိုက္တာ။ ဒါေပမဲ့ ဆန္ျပာရင္း မသိမသာနားေထာင္ရတာ ဆိုေတာ့ ရယ္လည္းမရယ္ရဲဘူး။ ရွင့္ေယာက်္ားကေတာ့ သေဘာက်သြားပံုရတယ္။
“စာေၾကာင္းအေနနဲ႔ေတာ့ ဟုတ္ပါၿပီ…၊ ဇာတ္ေၾကာင္းအေနနဲ႔ နမူနာ ေျပာပါဦး”တဲ့…။
အိမ္က လူႀကီးကလည္း ေခါင္းတဆတ္ဆတ္ညိတ္ၿပီး ေျပာျပပါတယ္…။ ပက္ဖရင့္ဆိုလား…ဘာလား… ေတာ္…၊ အဲဒီစာေရးဆရာေရးတဲ့ “မစၥတာ အာဒံ”
ဆိုတဲ့ ဝတၳဳကို ကိုးကားၿပီးေျပာတာ။ မူရင္းဇာတ္လမ္းကို အကုန္ေျပာတာေတာ့ မဟုတ္ဘူး။ အပ်ဳိးေလး ေျပာျပၿပီးမွ သူဆင္ခ်င္သလို ျပန္ဆင္တာ။
မူရင္းဇာတ္လမ္းကိုကလည္း စိတ္ဝင္စားစရာေလး ေတာ္ေရ…။
ဒီလိုေတာ္ ကမၻာေပၚမွာ အဏုျမဴဗံုးတစ္လံုး ေပါက္သြားတယ္ တဲ့…။ အဲဒီမွာ လူေတြ အေသအေပ်ာက္ေတာ့ မရွိဘူး။ အဲဒီ အဏုျမဴဗံုးက
ထူးဆန္းတယ္။ ေယာက်္ားေတြအားလံုး ၿမံဳသြားၾကတယ္တဲ့။ ဟီဟိ…ေယာက်္ားေတြထဲမွာ ကိုမ်ဳိးေအာင္ မရွိေတာ့ဘူး။ မ်ဳိးပြားႏိုင္တဲ့ေယာက်္ား
မရွိေတာ့ဘူး။
အဲဒီအျဖစ္ကေန ကင္းလြတ္တဲ့ ေယာက်္ားဆိုလို႔ တစ္ေယက္တည္း က်န္ရစ္ခဲ့သတဲ့။ အဏုျမဴဗံုးကြဲတဲ့အခ်ိန္မွာ သူက သတၳဳတြင္းအနက္ႀကီးထဲဆင္းၿပီး
အလုပ္လုပ္ေနတာ။ လုပ္ငန္းၿပီးလို႔ တြင္းထဲကေန ျပန္တက္လာေတာ့ ကမၻာေပၚမွာ “ကိုမ်ဳိးေအာင္” ဆိုလို႔ သူတစ္ေယာက္တည္း ျဖစ္ေနတယ္။
မူရင္းဇာတ္လမ္းက ဘယ္လို ဆက္စခန္းသြားတယ္ မသိပါဘူး မစိန္ေငြရယ္…အိမ္က လူႀကီးက သူေျပာခ်င္တဲ့ အေၾကာင္းအရာဆီ ဦးတည္ေရႊ႕ပစ္လိုက္တယ္။
အဲဒီ ကိုမ်ဳိးေအာင္ ႀကံဳဆံုရတဲ့ အေနအထားကိုေပါ့။ အဟီး…ကိုမ်ဳိးေအာင္ ႀကီးပြားပံုကို ဆိုပါစို႔ေလ…။
ကမၻာသူ ကမၻာသားေတြဟာ ကိုမ်ဳိးေအာင္ကို ေရႊေပၚျမတင္ ထားရတယ္။ ပံုျပင္ထဲကလိုဆိုရင္ ဆင္စြယ္ရဲတိုက္ႀကီးနဲ႔ေပါ့ေတာ္။ ဂုဏ္သေရရွိ
ဘယ္အမ်ဳိးသမီးမဆို သူ႕မ်က္ႏွာကို ၾကည့္ၿပီး သူ႕အလိုက် ဆက္ဆံတယ္။ အဲဒါပဲ…အဲဒါပဲ…အိမ္ကလူႀကီး ဇာတ္လမ္းဆင္ေပးတာ အဲဒီေလာက္ပဲ။
အဲဒီေလာက္မွာတင္ သူေျပာထားတဲ့ အခ်က္သံုးခ်က္က ေဘာင္ဝင္ေနၿပီေလ…။
ရွင့္ေယာက်္ား ကိုျမင့္ေဆြႀကီးကေတာ့ သေဘာက်ေနတာေပါ့။ တဟဲဟဲနဲ႔ သြားႀကီးကို ၿဖဲလို႔။ ဇာတ္လမ္းထဲက သတၳဳတြင္းအလုပ္သမား ကိုမ်ဳိးေအာင္ကို
သေဘာက်တာမ်ားလားမွ မသိဘဲ။ ေတာ္သာျမင္ရင္ ဗိုက္ေခါက္ႀကီး ဆြဲမိလိမ့္မယ္ ထင္တယ္။
ေနာက္ၿပီးေတာ့ သူတို႔ေတြ ဆက္ေျပာၾကေသးတယ္။ ဘာအစ္ဇင္၊ ညာအစ္ဇင္နဲ႔…သူတို႔ စာေရးဆရာအလုပ္က ေတာ္ေတာ္႐ႈပ္တာပါပဲ။
အဲ…အဲ…စကားကို ျပန္ေကာက္ရဦးမယ္။ ခုနက ဘက္ဆဲလား စာေရးနည္းမွာေလ တျခားမူကြဲေတြ ရွိေသးသတဲ့။ ဟိုဟာေတာ္…ဇာတ္အဖြင့္မွာေလ။
တစ္အခ်က္အေနနဲ႔က စိန္ေခၚသံ ပါရမယ္တဲ့…။ ေတာ့္ေယာက်္ား ကိုျမင့္ေဆြ အရက္မူးရင္ ရပ္ကြက္ကို စိန္ေခၚသလို ျဖစ္မွာေပါ့…။ ႏွစ္အခ်က္က
အက်ပ္အတည္းကို ျပရမယ္တဲ့…။ သံုးအခ်က္က ေရြ႕ေနတဲ့ အသြားအလာတစ္ခုထဲက ျဖတ္ပိုင္းတစ္ခု ျဖစ္ရမယ္…တဲ့။
အိမ္က လူႀကီးက အဲဒီလိုေျပာေတာ့ ရွင့္ေယာက်္ားက အေတာ္စိတ္ဝင္စားျပန္တယ္။ ေခါင္းႀကီးကို ေရွ႕တိုးလာျပန္ေရာ။ ဒါေပမဲ့ ဆက္ရွင္းျပဖို႔
အခြင့္မသာလိုက္ပါဘူး။ အိမ္က လူႀကီးဆီ စာသင္မယ့္ေက်ာင္းသားေလးေတြ ေရာက္လာလို႔ သူတို႔စကားဝိုင္း ရပ္သြားတယ္။ ရွင့္လူႀကီးလည္း ျပန္သြားတယ္။
က်ဳပ္ဘာသာ က်ဳပ္ဆက္စဥ္းစားမိတယ္။ ခုနက အခ်က္သံုးခ်က္ပါမယ့္ စာပိုဒ္ဆိုရင္ေလ စိန္ေခၚသံ၊ အက်ပ္အတည္း၊ ေရြးလ်ားမႈတစ္ခု
ထဲက ျဖတ္ပိုင္းဆိုရင္ေလ…။ ရွင္ မရယ္နဲ႔ က်ဳပ္ဘာသာ စဥ္းစားမိသလို စာပိုဒ္ဖြဲ႕ျပမယ္…နားေထာင္…။
“ဒီေလာက္ လူၾကပ္ၿပီး ဘတ္စ္ကားကလည္း ေႏွးေနရတဲ့ၾကားထဲမွာ ေလလည္တဲ့သူ ရွိလို႔ကေတာ့ ငါနဲ႔အေတြ႕ပဲေဟ့ ၾကားၾကလား”
ကဲ…ျဖစ္တယ္မို႔လား။
Done 🍀
ReplyDelete😂😂
ReplyDeleteပေါ့ပေါ့ပါးပါးလေးနဲ့ တကယ်ထိတဲ့ ဟာသဝတ္ထုလေး 😄
ReplyDeleteNice!
Ha ha..... :D
ReplyDeleteClicked🌸
ReplyDelete👍👍
ReplyDeleteWheel........dope.🏹🏹🏹
ReplyDeleteHee"😁
ReplyDeleteDone
ReplyDeleteDone 💪
ReplyDeleteDone
ReplyDeleteKeep Clicking 💪
ReplyDeleteကြယ်ကြွေညတွေကိုပဲ ငေးးးး နေတော့မှာလား?
ReplyDeleteအရုဏ်ကို ပုတ်နှိုး အလင်းရောင်ပျိုးကြပါစို့
Done
ReplyDeleteThis comment has been removed by the author.
DeleteDon2 UK
DeleteDone
ReplyDelete