သေနတ်သံရှင်းပြချက်

ရှင်းပြချက်မဖတ်ခင် ဝတ္ထုပြန်ဖတ်ချင်သူတွေ ဖတ်လို့ရအောင် link ပြန်ထည့်ပေးထားပါတယ်။
ဖတ်ရန်- https://ouo.io/119CBz

ရှင်းပြချက်

ဝတ္ထုတိုသည် စာပေပုံစံများတွင် အတော်နုသည်ဟုပင် ဆိုချင်ပါသည်။ ဗြုန်းခနဲဆိုလျှင် ကဗျာက ပို၍နုသည်ဟု ထင်ကြပေမည်။ ကဗျာနုပုံနှင့် ဝတ္ထု တိုနုပုံတို့သည် သဘောတရားချင်း မတူပေ။ ကဗျာက အတွေးအခေါ်နုသည် ဟု ဆိုသာပါ၏။ သို့သော် ဝတ္ထုတိုက တင်ပြမှု၌ နုသည်ဟု ဆိုနိုင်မည် ထင်မိ ပါသည်။

ဝတ္ထုတိုသည် ဖြစ်ကတတ်ဆန်း ရေးလျှင်လည်း ဖြစ်နိုင်သော စာမျိုးဖြစ် သည်။ ကျနသပ်ရပ်အောင် ရေးဖို့ကား အတော်ပင် ခဲခက်လှချေသည်။ ဝတ္ထု တို၏ မိခင်မှာ ပုံပြင်ဖြစ်သည်။ ပုံပြင်သည် နှစ်ပေါင်းများစွာ ရှေးယခင်ကာလ ကတည်းက ထွန်းကားလာခဲ့၏။

သို့သော် ဝတ္ထုတိုဟု ကျွန်တော်တို့ သိထားသော စာပေပုံစံမျိုးရေးသော အတတ်မှာ လွန်ခဲ့သော အနှစ်တစ်ရာလောက်ကမှ စ၍ ထွန်းကားလာသည်ဆို ၏။ ယခုထက်တိုင်အောင်ပင် ထိုအတတ်ပညာသည် ပြောင်းလဲတိုးတက်လျက် ရှိသည်။ နောက်ခေတ်ဆရာများက ယခင်ခေတ် ဆရာများ၏ နည်းမှ တဖြည်း ဖြည်း ခွဲထွက်၍ ထွင်လာကြသည်။ ဇာတ်အိမ်ဟုခေါ်သော (Plot)သည် ဝတ္ထု၌ အရေးကြီးသော အစိတ်အပိုင်းအဖြစ်မှ တဖြည်းဖြည်း ရွေ့ လျောသွားလေပြီ။

ဇာတ်အိမ်မပါ သော ဝတ္ထုတိုများစွာ ပေါ်ပေါက်လာလေရာ စာဖတ်သူအချို့ သည် ထိုဝတ္ထုတိုမျိုးကို ဝတ္ထုတိုမှ ဟုတ်ပါလေစ။ ဆောင်းပါးလား၊ သို့တည်း မဟုတ်၊ Sketch ဟု ခေါ်သော ခြင်းရာစာတမ်းလားဟူ၍ ဇဝေဇဝါ ဖြစ်ကြ ပေတော့သည်။

ရှေးခပ်ကျကျ အယူအဆမှာကား ဝတ္ထုတို (ဤနေရာတွင် ဝတ္ထုကြီးများ ပင် အကျုံးဝင်သည်။) သည် ဝတ္ထုဇာတ်လမ်းကို ပြောရမည်ဟူ၏။ A°°story must tell a story ဟူသော အင်္ဂလိပ်စကားအတိုင်းပင် ဖြစ်သည်။ ယခု ခေတ်၌ကား ဝတ္ထုတိုသည် ဇာတ်လမ်းကို ပြောချင်မှပြောမည်။ စာရေးဆရာ ၏ အာဘော်ကိုသာ ထုတ်ဖော်ချင် ထုတ်ဖော်မည်။ ဘဝအခြေတစ်ခုကို ပြချင် ပြမည်။ ဘဝနှင့်ပတ်သက်သော အမြင်တစ်ခုကို တင်ပြချင်တင်ပြမည်။ ဝတ္ထု ရေးဆရာသည် ဝတ္ထုတိုကို ပုံစံချ၍ ရေးဖို့ မကြိုးပမ်းတော့ဘဲ ရေးချင်သလို ရေးလာတော့သည်။

ဤနေရာတွင် စကားစပ်မိ၍ သတိရသဖြင့် ကြားဖြတ်စကား ပြောပါရ စေ။ တစ်ခါက ဝတ္ထုတိုစာအုပ်များကို စာပေဗိမာန်ဆုအတွက် ရွေးချယ်ရာတွင် အကဲဖြတ် ပုဂ္ဂိုလ်ကြီးအချို့က ရှေးကျသော (အထက်တွင် ဖော်ပြထားသည့်) အယူအဆအတိုင်း ဝတ္ထုတိုများကို စိစစ်ကြသည်ဟု ကြားလိုက်ရပါသည်။ ဝတ္ထုတိုဆိုတာ ဇာတ်လမ်းပြောပြနိုင်ရင် ပြီးတာပဲ၊ ဖတ်လို့ကောင်းရင် အောင် မြင်တာပဲဟူသော သဘောထားအတိုင်း ရွေးချယ်ကြသည်ဟု သိရပါသည်။ အချိတ်အဆက် အကွက်များများနှင့် ဇာတ်အိမ်ဖွဲ့ထားသော ဝတ္ထုတိုကိုဝတ္ထုတိုကောင်းဟု ထင်မှတ်နေသော ရှေးပညာရှိကြီးများ၏ ရွေးချယ်ရေးမူမှာလက်ရှိ ခေတ်အယူအဆ အခြေအနေနှင့် မကိုက်ညီတော့ဟု ဆိုလိုက်ချင်ပါသော် လည်း မြန်မာတို့ထုံးစံအတိုင်း လူကြီးမို့ ခေါင်းငုံ့နေလိုက်ပါတော့မည်။

ဇာတ်လမ်းဇာတ်ကွက်များကို စုပေါင်း၍ ဇာတ်အိမ်ဟု ယခု ခေါ်နေကြပါ သည်။ (အင်္ဂလိပ်လို Plotဟု ခေါ်သည်။) ဝတ္ထုတစ်ပုဒ် ရေးမည်ကြံလျှင် ဖတ် သူ စိတ်ဝင်စားအောင်ရေးဖို့ ရည်ရွယ်သည့်အလျောက် ဇာတ်အိမ်ဇာတ်ကွက် များကို အချိတ်အဆက်များ ပြုလုပ်၍ ချလိုက်သည်။ ထို့နောက် ဇာတ်ကောင် များကို ထိုဇာတ်လမ်းနှင့် ကိုက်ညီအောင် ပြုမူစေသည်။ ဇာတ်ကောင်များသည် စာရေးဆရာ ချမှတ်ထားသော လမ်းအတိုင်းလိုက်နာ၍ စာရေးဆရာညွှန်ကြား ချက်အတိုင်း ပြုမူဆောင်ရွက်ကြရသည်။ နောက်ဆုံး၌ ဖတ်လျှင် စွဲသွားသောဝတ္ထုတစ်ပုဒ် ပေါ်လာသည်။ ထိုဝတ္ထုမျိုးသည် လူကြိုက်များဖို့အကြောင်းလမ်း များစွာရှိသော ဝတ္ထုမျိုးဖြစ်သည်။

သို့ရာတွင် ထိုဝတ္ထုမျိုးကို စာပေအရာမြောက်သော ဝတ္ထုမျိုးဟု ခေါ်နိုင်ပါ သလား။ ဤမေးခွန်းသည် လူအများ နှာခေါင်းရှုံ့သော မေးခွန်းမျိုးဖြစ်သည် ဟု ကျွန်တော် ထင်မိပါသည်။ သို့ရာတွင် ထိုမေးခွန်းကို မေးမှဖြစ်ပေမည်။ စာပေအရာမြောက်သော ဝတ္ထုဆိုသည်မှာ အဘယ်ဝတ္ထုမျိုးနည်းဟု ပြန်၍ မေးနိုင်ပါ၏။

စာပေသည် လူ့ အကြောင်းကို ဖော်ပြသည်ဆိုသော စကားသည် မှန်ပါ ၏။ သို့ရာတွင် လူတို့ လုပ်ကိုင်ပြောဆိုပြုမူနေသော အကြောင်းအရာများကို မှတ်တမ်းတင်ခြင်းသည် စာပေပြုစုခြင်း မဟုတ်။ သမိုင်း၊ ကျမ်းအစရှိသည့် အရေးအသားတို့သည် ပညာရပ်များ ဖြစ်သည်။ စာပေမဟုတ်ပေ။ စာပေသည် လူ၏နှလုံးသားမှ ထွက်ပေါ်လာသော စိတ်အာရုံတို့၏ လှုပ်ရှားစေစားမှုတို့ကို သရုပ်ဖော်ခြင်းပင် ဖြစ်သည်။ မှတ်တမ်းတင်ခြင်းနှင့် သရုပ်ဖော်ခြင်း ကွဲပြား ခြားနားသည်။ မှတ်တမ်းတင်ခြင်းသည် တွေ့ကြုံဖြစ်ပျက်သမျှကို အရင်းတိုင်း မှတ်သားအစီရင်ခံခြင်း ဖြစ်သည်။ သရုပ်ဖော်ခြင်းမှာ သာမန်အားဖြင့် မမြင် နိုင်စွမ်းသော စိတ်အာရုံတို့ကို ထိုစိတ်အာရုံက စေစားသဖြင့် ပြုလုပ်ရသော အပြုအမူ၊ ဖြစ်ပျက်လာသော အဖြစ်အပျက်၊ ပေါ်ပေါက်လာသော အခြေအနေ တို့ဖြင့် ဖော်ပြခြင်းဖြစ်သည်။

စာပေအရာမြောက်သောဝတ္ထုတွင် ဇာတ်ကောင်(သို့မဟုတ် ဇာတ်ကောင် တို့)သည် လူသားတို့ ရင်တွင်းဝယ် အမြဲကိန်းအောင်းနေသော စိတ်အာရုံတို့ ၌ ဖော်ပြလိုရာ စိတ်အာရုံ တစ်ခုခု၏ စေစားမှုကြောင့် ပြောဆိုလုပ်ဆောင်၏။ ထိုဇာတ်ကောင်သည် စာလုံးများ ဖွဲ့စည်းထားသော လောကထဲ၌သာ ရှိသော် လည်း လူသားစင်စစ်ကဲ့သို့ အသက်ဝင်လျက် ရှိရမည်။ ထိုဝတ္ထု၏ ဆိုရင်း အဓိပ္ပာယ်မှာ လူသားတို့၏ စိတ်အာရုံများနှင့် ဆက်စပ်သော အဓိပ္ပာယ် ဖြစ်ရ မည်။ (ဆိုရင်း အဓိပ္ပာယ်ဆိုသော စကားမှာ အင်္ဂလိပ် [Theme] ကိုပြန် ထားခြင်း ဖြစ်သည်။) စာပေဟု ဆိုသာဆိုနေရသည်။ စင်စစ်မှာမူ ရင်တွင်းမှ ပေါက်ပွားသော စိတ်၏ အရိပ်အယောင်အဓိပ္ပာယ်ပြန်ဆိုချက်မျှသာဖြစ်သည်။

ရင်တွင်းမှ ပေါက်ပွားလာသော စိတ်နှင့် ဦးနှောက်မှ ထွက်ပေါ်လာသော ဉာဏ်တို့သည် ခါတိုင်းမှာလိုလိုပင် အတိုက်အခံ ဖြစ်နေတတ်ကြသည်။

စာပေသည် ဦးနှောက်နှင့် နှလုံးသားတိုက်ပွဲ မှတ်တမ်းပင် ဖြစ်သည်ဟု ကျွန်တော် ဆိုကြည့်စမ်းချင်ပါသည်။ ဝတ္ထုတိုသည် ထိုတိုက်ပွဲကြီး၏ တစ်စိတ် တစ်ဒေသ ဖြစ်သော ပြောက်ကျားတိုက်ပွဲကလေး မှတ်တမ်းဖြစ်သည်ဟုလည်း ဆိုစမ်းပါရစေ။

“သေနတ်သံ ဝတ္ထုတိုသည် ရုရှားစာရေးဆရာကြီး ပွတ်ရှကင်း၏ ဝတ္ထုတို များတွင် နာမည် အတော်ကြီးပေသည်။ ပွတ်ရှကင်းသည် ၁၇၀၉-ခုနှစ်တွင် ဖွား၍ ၁၈၃၇- ခုနှစ်တွင် ကွယ်လွန်သည်။ သူသေရသည်မှာ နှစ်ယောက်ချင်းသေနတ် ယှဉ်ပစ်ရာ၌ ဒဏ်ရာရပြီးနောက် သေရခြင်းဖြစ်သည်။ ယခု ဝတ္ထုထဲ ၌ပါသော နှစ်ယောက်ချင်း ယှဉ်၍ပစ်သော အမှုမျိုး၌ ပွတ်ရှကင်း မည်မျှ ဝင်စားကြောင်း သူသေပုံကို ကြည့်ခြင်းဖြင့် သိနိုင်ပါသည်။

“သေနတ်သံ ဝတ္ထုတိုတွင် ဇာတ်လမ်း ဇာတ်ကွက် အချိတ်အဆက် အတော်ပင် ပါရှိသည်။ နောက်က ကက်သရင်းမင်းစဖီးလ်ဒ်၏ သီလရှင် ဝတ္ထုနှင့် အတော်ပင် ကွာခြားလှသည်။

သီလရှင်တွင် အပျိုပေါက်ကလေး စိတ်လှုပ်ရှားမှုကို သူ့ အတွေး အခေါ်များဖြင့် ဖော်ပြထားသည်။ “သေနတ်သံ၌ကား လူတစ်ယောက်၏ စိတ်ထားကို အခြားသူတစ်ယောက် (စာရေးဆရာ) က ဖော်ပြထားသည်။

“သေနတ်သံ ဝတ္ထုတိုတွင် ပထမအပိုဒ်၌ ကျွန်တော် စာရေးသူသို့ မဟုတ်) ဝတ္ထုကို ပြောပြသူ)နှင့်တကွ အခြားစစ်သားများ မြို့ကလေးတစ်မြို့၌ စခန်းချ နေရာဝယ် လုပ်စရာ ဘာမျှမရှိသဖြင့် ပျင်းနေကြကြောင်း ဆိုထားသည်။ ဒုတိယအပိုဒ်တွင် စစ်သားများအကြား၌ စစ်သားမဟုတ်သူတစ်ဦး ပါရှိကြောင်း ညွှန်ကာ ထိုသူ၏ ထူးခြားချက်တို့ကို ဖော်ပြသည်။ ထိုအချက် များသည် ထိုသူအား ဇာတ်လိုက်အဖြစ်သို့ ရောက်စေသည်။ ဖတ်ရသူသည် ထိုသူကိုသာ အာရုံ စူးစိုက်လာတော့သည်။ ထိုတွင်မှ စာရေးသူက ထိုသူကို ရှေ့ဆုံးတွင် ထားပြီးလျှင် သူ့အကြောင်းကို ဆက်လက်ဖော်ပြခြင်းအားဖြင့် ဇာတ်လမ်းပေးလေသည်။

ထိုသူ(သူ့ အမည် ဆီလဗီယို)၌ သေနတ်ပစ် ဝါသနာပါကြောင်း ဖော် ပြပြီးလျှင် ဝါသနာပါသော်ငြားလည်း နှစ်ယောက်ချင်း ချိန်း၍ သေနတ်ဖြင့် ပြဿနာ ဖြေရှင်းမှုအကြောင်းများ ပြောတိုင်း ဆီလဗီယိုမှာ ငြိမ်၍နေ ကြောင်း ဖော်ပြလိုက်သည်။ သေနတ်ပစ်ဝါသနာပါလျှင် ထိုအကြောင်းများ ပြောသည့်အခါ အာသွက် လျှာသွက် ဖြစ်မည်မှာ ဓမ္မတာပင် ဖြစ်ပါလျက် ဆိတ်ဆိတ် နေခြင်းသည် ထူးဆန်းသောအချက် ဖြစ်သည်။ ထိုအချက်ကို ဖော်ပြလိုက် ခြင်းဖြင့် စာဖတ်သူ၏ သိလိုဇောကို လှုပ်ဆွပေးလိုက်သည်။

စာဖတ်သူ၏ သိလိုဇော ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် ဝတ္ထု ပြောသူ ကျွန်တော်က စာဖတ်သူနှင့်အတူ သိလိုဇောကြွကာ စာဖတ်သူနှင့် အတူ ဒီလို ဖြစ်လေသလား၊ ဟိုလို ဖြစ်လေသလား ဟူသော သို့လောသို့လော တွေးတောပြ လိုက်သည်။ ဤနည်းဖြင့် စာဖတ်သူ၏ သိလိုဇောကို ကြွသည်ထက် ကြွစေသည်။ စာဖတ်သူအား မိမိနှင့် အရည်တူ အတူ သဘောမျိုး ရောက်စေခြင်းလည်း ဖြစ်သည်။ ယင်းသို့ လုပ်ကိုင်ခြင်းဖြင့် စာဖတ်သူ၏ ခင်မင်မှုကို ရယူခြင်းပင်။

ထို့နောက် ဆီလဗီယို မလိုလားကြောင်း ထင်ရှားလှသည့် နှစ်ယောက် ချင်း ချိန်း၍သေနတ်ဖြင့် ဖြေရှင်းရသော အမှုတစ်ခု ပေါ်ပေါက်လာစေသည်။ တပ်သို့ ရောက်လာခါစ စစ်ဗိုလ်ကလေးတစ်ယောက် ရောက်လာ ခါစဖြစ်၍ ဆီလဗီယို၏ အကြောင်းကို ကောင်းကောင်း မသိသေးသည့်အလျောက် ဖဲ ကစားရာတွင် ဆီလဗီယိုကို အထင်လွဲကာ ကြေးဖယောင်း တိုင်ခွက်ကြီးနှင့် ပေါက်လိုက်သည်။ မထိ။ ဆီလဗီယိုက စစ်ဗိုလ်ကို အိမ်က နှင်ချလိုက်သည်။ ကျွန်တော်တို့သည် ဆီလဗီယိုက စစ်ဗိုလ်သစ်နှင့် ချိန်း၍ သေနတ်ချင်းယှဉ်၍ ပစ်လိမ့်မည်ဟု မျှော်လင့်ကြလေသည် ဟူသောစကားဖြင့် ဆီလဗီယို၏ ထူးဆန်းသော အပြုအမူကို ဖော်လိုက်သည်။ သူတို့ ထင်သလို ဆီလဗီယိုကသေနတ်ချင်း ယှဉ်မပစ်ဘဲ ငြိမ်နေလိုက်သဖြင့် ကျွန်တော်တို့ အံ့သြနေကြ သည်။ ကျွန်တော်က မကျေနပ်၍ အထင်သေးနေသည်ကို ဆီလဗီယိုသိသော် လည်း အထင်သေးခံနေတော့သည်။

ယင်းသို့ အတင်မကျ ဖြစ်နေခိုက်တွင် ဆီလဗီယိုထံသို့ စာတစ်စောင် ရောက်လာသည်။ စာရလျှင်ရချင်း ဆီလဗီယိုက မြို့က ထွက်ခွာဖို့ ပြင်လေ သည်။ ဘာကြောင့် သူက စစ်ဗိုလ်သစ်နှင့် သေနတ်ချင်း ယှဉ်မပစ်ပါသလဲ ဟူသော အဖြေ ရှာမရသေး။ ထိုမေးခွန်းအပေါ်တွင် ယခု ဘာကြောင့်အရေး တကြီး မြို့က ထွက်ခွာရမှာလဲဟူသော မေးခွန်းက ထပ်ဆင့်လိုက်လေရာ ကျွန်တော်နှင့်တကွ စာဖတ်သူတို့၌ သိလိုဇောသည် ထိပ်သို့ ရောက်သွားလေ တော့သည်။

ထိုသို့ ဖြစ်နေသောကြောင့် သိလိုဇော လွန်ကဲနေသည်အဖြစ်မှ တစ်နည်း အားဖြင့် လျှော့ချလိုက်သည်။ စာရေးဆရာက ဆီလဗီယိုအား“ကျွန်တော့်ကို ဘာကြောင့် သူသည် စစ်ဗိုလ်သစ်နှင့် သေနတ်ချင်း ယှဉ်မပစ်သလဲဆိုသော အဖြေကို ပေးစေသည်။ ထိုအဖြေ ပေးလိုက်ခြင်းကြောင့် ကျွန်တော်၌ ရှိနေသော သိလိုဇောသည် ပြေပျောက်လျော့နည်းသွားသလား။ မလျော့နည်းပေ။ ဆီလဗီယို၏ တိမ်မြုပ်နေသောအကြောင်းကို ဖော်ပြလိုက်ခြင်းဖြင့် ဆီလဗီယို အပေါ်တွင် စိတ်ဝင်စားမှု ပိုလာလေတော့သည်။

ဆီလဗီယိုက ကျွန်တော့်ကို သူ့အတိတ်အကြောင်းတစ်ခု ပြောပြသည်။ စစ်ဗိုလ်သစ်ကို ပစ်သတ်နိုင်ခွင့် ရပါလျက်နှင့် မသတ်ခဲ့ရုံမက၊ ယခင်ကလည်း စစ်ဗိုလ်ကလေးတစ်ယောက်ကို သတ်ပစ်နိုင်ပါလျက်နှင့် မသတ်ခဲ့ပါဟု ဆီလ ဗီယိုက ဆိုသည်။

သတ်နိုင်ခွင့် ရပါလျက်နှင့် မသတ်ခဲ့ခြင်းမှာ ဘယ်သို့သော အကြောင်း ကြောင့်နည်း။ ဆီလဗီယို၏ အဖြေမှာ ထူးဆန်းလှ၏။

ထိုစစ်ဗိုလ်နှင့် သေနတ်ချင်း ယှဉ်ပစ်ရာဝယ် စစ်ဗိုလ်က ပထမ ပစ်လိုက် သော်လည်း ဆီလဗီယိုကို မထိ။ ဦးထုပ်ကိုသာ ထိသွားသည်။ ဆီလဗီယိုက ပစ်ခွင့်ရသောအခါ မပစ်တော့ဘဲ ထားပစ်ခဲ့သည်။ ဘာကြောင့် ... ထိုစစ်ဗိုလ် ၏ သေရမှာ နည်းနည်းမျှ မကြောက်သော လက္ခဏာကို တွေ့ရသောကြောင့် ပင် ဖြစ်သည်။

ဆီလဗီယိုသည် စစ်ဗိုလ်အား သေရမှာ ကြောက်စိတ်ပေးချင်သည်။ ထို့မှ သာလျှင် သတ်ရသည့် အရသာကို ဆီလဗီယို ရရှိ ခံစားရပေမည်။ သေရမှာ မကြောက်သူကို သတ်လျှင် အချည်းနှီးပင်ဟု ဆီလီဗီယိုက ယူဆသည်။

သူက သတ်နိုင်ပါလျက် မသတ်ခဲ့ရသည်မှာ သူ့အဖို့ တစ်နည်းအားဖြင့် အရှုံး ဖြစ်သည်။ မကျေနိုင်စရာ ဖြစ်သည်။ လက်စားချေချင်စိတ် ပြင်းထန် လျက် ရှိခဲ့သည်။ ထို့ကြောင့် ဆီလဗီယိုသည် စစ်တပ်မှထွက်ပြီးလျှင် ကျွန်တော် တို့ စခန်းချလျက်ရှိသော မြို့ကလေးတွင် ခိုနေခဲ့လေသည်။

ယခု ဆီလဗီယို ဘာကြောင့် အရေးတကြီး မြို့မှ ထွက်ခွာရသည့် အကြောင်းကိုလည်း ဖွင့်ပြောလိုက်သည်။ ရန်သူ စစ်ဗိုလ်ကလေး၌ ချစ်သူဇနီး ရှိနေပြီဖြစ်ကြောင်း သတင်းရ၍ ယခုအချိန်မှာ ကလဲ့စားချေရန် အကောင်းဆုံးအချိန် ဖြစ်သဖြင့် ယခုကဲ့သို့ မြို့မှ ရုတ်တရက် ထွက်ခွာရခြင်းဖြစ်ကြောင်း ဆီလဗီယိုက ဆိုသည်။ “ဒီအကောင်ဟာ ဟိုတုန်းက တစ်ကိုယ်ရေ တစ်ကာယ မို့ သူ့အသက်ကို မနှမြောတာ။ အခုတော့ သူ့ချစ်သူကလေးနဲ့ မင်္ဂလာဆောင်တော့မယ်ဆိုရင် သူ့အသက်ကို သူ မနှမြောဘဲ ခံနိုင်မလားဗျာ။ ကြည့်ကြ သေးတာပေါ့။ အရင်တုန်းကလို သူ့ကို သေနတ်နဲ့ ချိန်နေတုန်းမှာ ချယ်ရီသီး တွေ တပြုတ်ပြုတ် စားနိုင်ဦးမှာတဲ့လား”ဟု ဆီလဗီယိုက ကျွန်တော့်ကို ပြောပြသည်။

ထို့နောက် ကျွန်တော့်အနေနှင့် ဆီလဗီယိုအကြောင်းကို အလိုအလျောက် ဆက်သိနိုင်ခွင့် မရတော့ချေ။ ဆီလဗီယိုလည်း မြို့မှ ထွက်ခွာသွားပြီးနောက် ခြေရာပျောက် ဖြစ်သွားလေသည်။ ထိုအခါ စာရေးဆရာသည် အကြောင်းကြံမှု [Coincidence] နည်းကို အသုံးပြုလိုက်သည်။

နှစ်ပေါင်း အတော်ကြာသွားလေပြီ။ ဤသို့လျှင် စာရေးဆရာသည် ဇာတ် ကောင်တို့၏ ဘဝ၌ ကဏ္ဍခြားလိုက်သည်။ အခြေအနေတွေ ပြောင်းကုန်ပြီ။

ကျွန်တော်လည်း စစ်တပ်မှထွက်၍ လယ်သမားဘဝသို့ ရောက်နေလေ ပြီ။ ဘဝပြောင်းသော်လည်း စစ်သားဘဝကို အောက်မေ့ခြင်းဖြင့် ဘဝဟောင်း ကို စိတ်ဖြင့်ပြန်၍ ဆက်နေလေသေး၏။

ဤနေရာတွင် အကြောင်းကြုံမှုကို အသုံးပြု၍ “ကျွန်တော်နှင့် ဆီလဗီယို ၏ ရန်သူ စစ်ဗိုလ်တို့ ဆုံဆည်းပေးလိုက်သည်။ စစ်ဗိုလ် ဇနီးမောင်နှံသည် ကျွန်တော့် လယ်တောနှင့် မလှမ်းမကမ်း အိမ်ကြီးတွင် လာနေကြသည်။ ကျွန်တော်က အိမ်နီးချင်းဝတ္တရားကြောင့် သွား၍ လည်ပတ်သည်။ အိမ်ကြီးထဲ တွင် သေနတ်ကျည်ဆန် နှစ်ချက်ပေါက်နေသော အရုပ်ကားတစ်ချပ် ချိတ် ထားသည်ကို တွေ့ ရာမှ စကားစပ်မိကာ ဆီလဗီယို၏ အကြောင်းကို မမျှော်လင့်ဘဲ ကြားရလေသည်။

စစ်ဗိုလ်က ဆီလီဗီယို ရုတ်တရက် ရောက်လာပြီးလျှင် ယခင် ကျန်ခဲ့သော သေနတ်ပစ်ခွင့်ကြွေး တောင်းလေသည်။ စစ်ဗိုလ်ကလည်း ကြွေး ပေးရမည့် ဝတ္တရားအတိုင်း ဆီလေဗီယိုအား ပစ်ခွင့်ပေးလေသည်။ သို့သော် အပြင်ခဏ ထွက်သွားသော သူ့ဇနီးကလေး မလာခင် သတ်ပစ်ပါဟု တောင်း ပန်သည်။ ဆီလဗီယိုက သူ့ချည်း ပစ်ခွင့်ရသည်ကို တရားလှသည် မထင်၍ စစ်ဗိုလ်နှင့်သူ မဲချ၍ ပေါက်သည့်အတိုင်း ပစ်ခွင့်ရယူရန်ဆိုသည်။ စစ်ဗိုလ်ကထမ ပစ်ခွင်ကားထိပ်နေသည်ကိုပထမ ပစ်ခွင့်ရသော်လည်း စစ်ဗိုလ်မှာ မွှန်ထူနေသောကြောင့် ဆီလဗီယိုကို မထိဘဲ အရုပ်ကားထိပ်တွင် ကျည်ဆန်နှစ်ချက် မှန်သွားလေသည်။

နောက်ဘာဖြစ်သလဲဆိုသည်ကို ဝတ္ထု တွင် ဆက်၍ ဖတ်ပေတော့။ ဆီလီယိုသည် စစ်ဗိုလ်ကို သေနတ်နှင့် မပစ်ဘဲ ထွက်သွားသော်လည်း ဤ အကြိမ်တွင် သူက အနိုင်ရလိုက်သည်။ စစ်ဗိုလ်မှာ သံယောဇဉ်ကြောင့် သေရမှာ ကြောက်၍ တုန်လှုပ်သွားသည်။ ထိုအခြင်းအရာ ဖြစ်ပေါ်စေနိုင်ခြင်း သည် ဆီလဗီယိုအဖို့ အောင်မြင်ခြင်းပင် ဖြစ်လေတော့သည်။

ပွတ်ရှကင်း၏ ဤဝတ္ထုတို၌ သိလိုဇောကြွစေမှုသည် အင်အားကြီးမား လှသည်။ ဆီလဗီယို၏ စိတ်ဓာတ်နှင့် စိတ်ထားတို့ကို ထိအောင်မိအောင် ဖော်ပြ နိုင်စွမ်းရှိသည်။ လူသည် သံယောဇဉ်ကြောင့် ဘဝကို ခင်တွယ်ခြင်း ဖြစ်ရသည်ဟူသော အခြေခံ အမှန်တရားသည် ဤဝတ္ထု၏ ဆိုရင်းအဓိပ္ပာယ် [Theme] ပင် ဖြစ်သည်။

ဤတ္ထု၌ စာဖတ်သူ၏ အာရုံကို ဆွဲဆောင်နိုင်သော အကြောင်းအရာ များ ပါသော်လည်း ထိုအကြောင်းအရာများထက် အရေးကြီးသော အချက်များ ပါ ရှိပေသေး၏။ ဆီလဗီယိုသည် သေရမှာ မကြောက်သူကို မသတ်ချင်။သတ် ရ၍လည်း အဓိပ္ပာယ်မထူးဟု ယူဆသည်။ သတ်သည်ဆိုလျှင် အပြစ်ပေးသည် ဟူ၏။ အပြစ် ပေးရာ မရောက်လျှင် သတ်ခြင်းလည်း အဓိပ္ပာယ်မရှိ။ သေရမှာ မကြောက်ခြင်း၏ အကြောင်းရင်းသည် သံယောဇဉ်ကင်းမဲ့မှုပင် ဖြစ်သည်။ သေရမှာ ကြောက်သည်နှင့် တစ်ပြိုင်နက် သတ်ဖို့မလိုတော့ဟု ဆုံးဖြတ်လိုက် သော ဆီလဗီယို၏ စိတ်ထားမှာ စိတ်ဝင်စားဖွယ် ဖြစ်သည်။

ဤဝတ္ထု၌ ဇာတ်လမ်းဇာတ်ကွက် အချိတ်အဆက် အင်အား ရှိ၏။သို့ သော် ကမ္ဘာတွင် စာပေအရာဝင်နေသည့် အကြောင်းမှာကား ထိုဇာတ်လမ်း ဇာတ်ကွက် ကောင်းခြင်းထက် သံယောဇဉ်၏ အကျိုးအာနိသင်အကြောင်း လေးနက်စွာ ဖော်ပြနိုင်ခြင်းကြောင့်ပင် ဖြစ်သည်ဟု ဆိုရပေမည်။

ရွင္းျပခ်က္










ဝတၳဳတိုသည္ စာေပပုံစံမ်ားတြင္ အေတာ္ႏုသည္ဟုပင္ ဆိုခ်င္ပါသည္။ ျဗဳန္းခနဲဆိုလွ်င္ ကဗ်ာက ပို၍ႏုသည္ဟု ထင္ၾကေပမည္။ ကဗ်ာႏုပုံႏွင့္ ဝတၳဳ တိုႏုပုံတို႔သည္ သေဘာတရားခ်င္း မတူေပ။ ကဗ်ာက အေတြးအေခၚႏုသည္ ဟု ဆိုသာပါ၏။ သို႔ေသာ္ ဝတၳဳတိုက တင္ျပမႈ၌ ႏုသည္ဟု ဆိုႏိုင္မည္ ထင္မိ ပါသည္။










ဝတၳဳတိုသည္ ျဖစ္ကတတ္ဆန္း ေရးလွ်င္လည္း ျဖစ္ႏိုင္ေသာ စာမ်ိဳးျဖစ္ သည္။ က်နသပ္ရပ္ေအာင္ ေရးဖို႔ကား အေတာ္ပင္ ခဲခက္လွေခ်သည္။ ဝတၳဳ တို၏ မိခင္မွာ ပုံျပင္ျဖစ္သည္။ ပုံျပင္သည္ ႏွစ္ေပါင္းမ်ားစြာ ေရွးယခင္ကာလ ကတည္းက ထြန္းကားလာခဲ့၏။










သို႔ေသာ္ ဝတၳဳတိုဟု ကြၽန္ေတာ္တို႔ သိထားေသာ စာေပပုံစံမ်ိဳးေရးေသာ အတတ္မွာ လြန္ခဲ့ေသာ အႏွစ္တစ္ရာေလာက္ကမွ စ၍ ထြန္းကားလာသည္ဆို ၏။ ယခုထက္တိုင္ေအာင္ပင္ ထိုအတတ္ပညာသည္ ေျပာင္းလဲတိုးတက္လ်က္ ရွိသည္။ ေနာက္ေခတ္ဆရာမ်ားက ယခင္ေခတ္ ဆရာမ်ား၏ နည္းမွ တျဖည္း ျဖည္း ခြဲထြက္၍ ထြင္လာၾကသည္။ ဇာတ္အိမ္ဟုေခၚေသာ (Plot)သည္ ဝတၳဳ၌ အေရးႀကီးေသာ အစိတ္အပိုင္းအျဖစ္မွ တျဖည္းျဖည္း ေ႐ြ႕ ေလ်ာသြားေလၿပီ။










ဇာတ္အိမ္မပါ ေသာ ဝတၳဳတိုမ်ားစြာ ေပၚေပါက္လာေလရာ စာဖတ္သူအခ်ိဳ႕ သည္ ထိုဝတၳဳတိုမ်ိဳးကို ဝတၳဳတိုမွ ဟုတ္ပါေလစ။ ေဆာင္းပါးလား၊ သို႔တည္း မဟုတ္၊ Sketch ဟု ေခၚေသာ ျခင္းရာစာတမ္းလားဟူ၍ ဇေဝဇဝါ ျဖစ္ၾက ေပေတာ့သည္။










ေရွးခပ္က်က် အယူအဆမွာကား ဝတၳဳတို (ဤေနရာတြင္ ဝတၳဳႀကီးမ်ား ပင္ အက်ဳံးဝင္သည္။) သည္ ဝတၳဳဇာတ္လမ္းကို ေျပာရမည္ဟူ၏။ A°°story must tell a story ဟူေသာ အဂၤလိပ္စကားအတိုင္းပင္ ျဖစ္သည္။ ယခု ေခတ္၌ကား ဝတၳဳတိုသည္ ဇာတ္လမ္းကို ေျပာခ်င္မွေျပာမည္။ စာေရးဆရာ ၏ အာေဘာ္ကိုသာ ထုတ္ေဖာ္ခ်င္ ထုတ္ေဖာ္မည္။ ဘဝအေျခတစ္ခုကို ျပခ်င္ ျပမည္။ ဘဝႏွင့္ပတ္သက္ေသာ အျမင္တစ္ခုကို တင္ျပခ်င္တင္ျပမည္။ ဝတၳဳ ေရးဆရာသည္ ဝတၳဳတိုကို ပုံစံခ်၍ ေရးဖို႔ မႀကိဳးပမ္းေတာ့ဘဲ ေရးခ်င္သလို ေရးလာေတာ့သည္။










ဤေနရာတြင္ စကားစပ္မိ၍ သတိရသျဖင့္ ၾကားျဖတ္စကား ေျပာပါရ ေစ။ တစ္ခါက ဝတၳဳတိုစာအုပ္မ်ားကို စာေပဗိမာန္ဆုအတြက္ ေ႐ြးခ်ယ္ရာတြင္ အကဲျဖတ္ ပုဂၢိဳလ္ႀကီးအခ်ိဳ႕က ေရွးက်ေသာ (အထက္တြင္ ေဖာ္ျပထားသည့္) အယူအဆအတိုင္း ဝတၳဳတိုမ်ားကို စိစစ္ၾကသည္ဟု ၾကားလိုက္ရပါသည္။ ဝတၳဳတိုဆိုတာ ဇာတ္လမ္းေျပာျပႏိုင္ရင္ ၿပီးတာပဲ၊ ဖတ္လို႔ေကာင္းရင္ ေအာင္ ျမင္တာပဲဟူေသာ သေဘာထားအတိုင္း ေ႐ြးခ်ယ္ၾကသည္ဟု သိရပါသည္။ အခ်ိတ္အဆက္ အကြက္မ်ားမ်ားႏွင့္ ဇာတ္အိမ္ဖြဲ႕ထားေသာ ဝတၳဳတိုကိုဝတၳဳတိုေကာင္းဟု ထင္မွတ္ေနေသာ ေရွးပညာရွိႀကီးမ်ား၏ ေ႐ြးခ်ယ္ေရးမူမွာလက္ရွိ ေခတ္အယူအဆ အေျခအေနႏွင့္ မကိုက္ညီေတာ့ဟု ဆိုလိုက္ခ်င္ပါေသာ္ လည္း ျမန္မာတို႔ထုံးစံအတိုင္း လူႀကီးမို႔ ေခါင္းငုံ႔ေနလိုက္ပါေတာ့မည္။










ဇာတ္လမ္းဇာတ္ကြက္မ်ားကို စုေပါင္း၍ ဇာတ္အိမ္ဟု ယခု ေခၚေနၾကပါ သည္။ (အဂၤလိပ္လို Plotဟု ေခၚသည္။) ဝတၳဳတစ္ပုဒ္ ေရးမည္ႀကံလွ်င္ ဖတ္ သူ စိတ္ဝင္စားေအာင္ေရးဖို႔ ရည္႐ြယ္သည့္အေလ်ာက္ ဇာတ္အိမ္ဇာတ္ကြက္ မ်ားကို အခ်ိတ္အဆက္မ်ား ျပဳလုပ္၍ ခ်လိုက္သည္။ ထို႔ေနာက္ ဇာတ္ေကာင္ မ်ားကို ထိုဇာတ္လမ္းႏွင့္ ကိုက္ညီေအာင္ ျပဳမူေစသည္။ ဇာတ္ေကာင္မ်ားသည္ စာေရးဆရာ ခ်မွတ္ထားေသာ လမ္းအတိုင္းလိုက္နာ၍ စာေရးဆရာၫႊန္ၾကား ခ်က္အတိုင္း ျပဳမူေဆာင္႐ြက္ၾကရသည္။ ေနာက္ဆုံး၌ ဖတ္လွ်င္ စြဲသြားေသာဝတၳဳတစ္ပုဒ္ ေပၚလာသည္။ ထိုဝတၳဳမ်ိဳးသည္ လူႀကိဳက္မ်ားဖို႔အေၾကာင္းလမ္း မ်ားစြာရွိေသာ ဝတၳဳမ်ိဳးျဖစ္သည္။










သို႔ရာတြင္ ထိုဝတၳဳမ်ိဳးကို စာေပအရာေျမာက္ေသာ ဝတၳဳမ်ိဳးဟု ေခၚႏိုင္ပါ သလား။ ဤေမးခြန္းသည္ လူအမ်ား ႏွာေခါင္းရႈံ႕ေသာ ေမးခြန္းမ်ိဳးျဖစ္သည္ ဟု ကြၽန္ေတာ္ ထင္မိပါသည္။ သို႔ရာတြင္ ထိုေမးခြန္းကို ေမးမွျဖစ္ေပမည္။ စာေပအရာေျမာက္ေသာ ဝတၳဳဆိုသည္မွာ အဘယ္ဝတၳဳမ်ိဳးနည္းဟု ျပန္၍ ေမးႏိုင္ပါ၏။










စာေပသည္ လူ႔ အေၾကာင္းကို ေဖာ္ျပသည္ဆိုေသာ စကားသည္ မွန္ပါ ၏။ သို႔ရာတြင္ လူတို႔ လုပ္ကိုင္ေျပာဆိုျပဳမူေနေသာ အေၾကာင္းအရာမ်ားကို မွတ္တမ္းတင္ျခင္းသည္ စာေပျပဳစုျခင္း မဟုတ္။ သမိုင္း၊ က်မ္းအစရွိသည့္ အေရးအသားတို႔သည္ ပညာရပ္မ်ား ျဖစ္သည္။ စာေပမဟုတ္ေပ။ စာေပသည္ လူ၏ႏွလုံးသားမွ ထြက္ေပၚလာေသာ စိတ္အာ႐ုံတို႔၏ လႈပ္ရွားေစစားမႈတို႔ကို သ႐ုပ္ေဖာ္ျခင္းပင္ ျဖစ္သည္။ မွတ္တမ္းတင္ျခင္းႏွင့္ သ႐ုပ္ေဖာ္ျခင္း ကြဲျပား ျခားနားသည္။ မွတ္တမ္းတင္ျခင္းသည္ ေတြ႕ႀကဳံျဖစ္ပ်က္သမွ်ကို အရင္းတိုင္း မွတ္သားအစီရင္ခံျခင္း ျဖစ္သည္။ သ႐ုပ္ေဖာ္ျခင္းမွာ သာမန္အားျဖင့္ မျမင္ ႏိုင္စြမ္းေသာ စိတ္အာ႐ုံတို႔ကို ထိုစိတ္အာ႐ုံက ေစစားသျဖင့္ ျပဳလုပ္ရေသာ အျပဳအမူ၊ ျဖစ္ပ်က္လာေသာ အျဖစ္အပ်က္၊ ေပၚေပါက္လာေသာ အေျခအေန တို႔ျဖင့္ ေဖာ္ျပျခင္းျဖစ္သည္။










စာေပအရာေျမာက္ေသာဝတၳဳတြင္ ဇာတ္ေကာင္(သို႔မဟုတ္ ဇာတ္ေကာင္ တို႔)သည္ လူသားတို႔ ရင္တြင္းဝယ္ အၿမဲကိန္းေအာင္းေနေသာ စိတ္အာ႐ုံတို႔ ၌ ေဖာ္ျပလိုရာ စိတ္အာ႐ုံ တစ္ခုခု၏ ေစစားမႈေၾကာင့္ ေျပာဆိုလုပ္ေဆာင္၏။ ထိုဇာတ္ေကာင္သည္ စာလုံးမ်ား ဖြဲ႕စည္းထားေသာ ေလာကထဲ၌သာ ရွိေသာ္ လည္း လူသားစင္စစ္ကဲ့သို႔ အသက္ဝင္လ်က္ ရွိရမည္။ ထိုဝတၳဳ၏ ဆိုရင္း အဓိပၸာယ္မွာ လူသားတို႔၏ စိတ္အာ႐ုံမ်ားႏွင့္ ဆက္စပ္ေသာ အဓိပၸာယ္ ျဖစ္ရ မည္။ (ဆိုရင္း အဓိပၸာယ္ဆိုေသာ စကားမွာ အဂၤလိပ္ [Theme] ကိုျပန္ ထားျခင္း ျဖစ္သည္။) စာေပဟု ဆိုသာဆိုေနရသည္။ စင္စစ္မွာမူ ရင္တြင္းမွ ေပါက္ပြားေသာ စိတ္၏ အရိပ္အေယာင္အဓိပၸာယ္ျပန္ဆိုခ်က္မွ်သာျဖစ္သည္။










ရင္တြင္းမွ ေပါက္ပြားလာေသာ စိတ္ႏွင့္ ဦးေႏွာက္မွ ထြက္ေပၚလာေသာ ဉာဏ္တို႔သည္ ခါတိုင္းမွာလိုလိုပင္ အတိုက္အခံ ျဖစ္ေနတတ္ၾကသည္။










စာေပသည္ ဦးေႏွာက္ႏွင့္ ႏွလုံးသားတိုက္ပြဲ မွတ္တမ္းပင္ ျဖစ္သည္ဟု ကြၽန္ေတာ္ ဆိုၾကည့္စမ္းခ်င္ပါသည္။ ဝတၳဳတိုသည္ ထိုတိုက္ပြဲႀကီး၏ တစ္စိတ္ တစ္ေဒသ ျဖစ္ေသာ ေျပာက္က်ားတိုက္ပြဲကေလး မွတ္တမ္းျဖစ္သည္ဟုလည္း ဆိုစမ္းပါရေစ။










“ေသနတ္သံ ဝတၳဳတိုသည္ ႐ုရွားစာေရးဆရာႀကီး ပြတ္ရွကင္း၏ ဝတၳဳတို မ်ားတြင္ နာမည္ အေတာ္ႀကီးေပသည္။ ပြတ္ရွကင္းသည္ ၁၇၀၉-ခုႏွစ္တြင္ ဖြား၍ ၁၈၃၇- ခုႏွစ္တြင္ ကြယ္လြန္သည္။ သူေသရသည္မွာ ႏွစ္ေယာက္ခ်င္းေသနတ္ ယွဥ္ပစ္ရာ၌ ဒဏ္ရာရၿပီးေနာက္ ေသရျခင္းျဖစ္သည္။ ယခု ဝတၳဳထဲ ၌ပါေသာ ႏွစ္ေယာက္ခ်င္း ယွဥ္၍ပစ္ေသာ အမႈမ်ိဳး၌ ပြတ္ရွကင္း မည္မွ် ဝင္စားေၾကာင္း သူေသပုံကို ၾကည့္ျခင္းျဖင့္ သိႏိုင္ပါသည္။










“ေသနတ္သံ ဝတၳဳတိုတြင္ ဇာတ္လမ္း ဇာတ္ကြက္ အခ်ိတ္အဆက္ အေတာ္ပင္ ပါရွိသည္။ ေနာက္က ကက္သရင္းမင္းစဖီးလ္ဒ္၏ သီလရွင္ ဝတၳဳႏွင့္ အေတာ္ပင္ ကြာျခားလွသည္။










သီလရွင္တြင္ အပ်ိဳေပါက္ကေလး စိတ္လႈပ္ရွားမႈကို သူ႔ အေတြး အေခၚမ်ားျဖင့္ ေဖာ္ျပထားသည္။ “ေသနတ္သံ၌ကား လူတစ္ေယာက္၏ စိတ္ထားကို အျခားသူတစ္ေယာက္ (စာေရးဆရာ) က ေဖာ္ျပထားသည္။










“ေသနတ္သံ ဝတၳဳတိုတြင္ ပထမအပိုဒ္၌ ကြၽန္ေတာ္ စာေရးသူသို႔ မဟုတ္) ဝတၳဳကို ေျပာျပသူ)ႏွင့္တကြ အျခားစစ္သားမ်ား ၿမိဳ႕ကေလးတစ္ၿမိဳ႕၌ စခန္းခ် ေနရာဝယ္ လုပ္စရာ ဘာမွ်မရွိသျဖင့္ ပ်င္းေနၾကေၾကာင္း ဆိုထားသည္။ ဒုတိယအပိုဒ္တြင္ စစ္သားမ်ားအၾကား၌ စစ္သားမဟုတ္သူတစ္ဦး ပါရွိေၾကာင္း ၫႊန္ကာ ထိုသူ၏ ထူးျခားခ်က္တို႔ကို ေဖာ္ျပသည္။ ထိုအခ်က္ မ်ားသည္ ထိုသူအား ဇာတ္လိုက္အျဖစ္သို႔ ေရာက္ေစသည္။ ဖတ္ရသူသည္ ထိုသူကိုသာ အာ႐ုံ စူးစိုက္လာေတာ့သည္။ ထိုတြင္မွ စာေရးသူက ထိုသူကို ေရွ႕ဆုံးတြင္ ထားၿပီးလွ်င္ သူ႔အေၾကာင္းကို ဆက္လက္ေဖာ္ျပျခင္းအားျဖင့္ ဇာတ္လမ္းေပးေလသည္။










ထိုသူ(သူ႔ အမည္ ဆီလဗီယို)၌ ေသနတ္ပစ္ ဝါသနာပါေၾကာင္း ေဖာ္ ျပၿပီးလွ်င္ ဝါသနာပါေသာ္ျငားလည္း ႏွစ္ေယာက္ခ်င္း ခ်ိန္း၍ ေသနတ္ျဖင့္ ျပႆနာ ေျဖရွင္းမႈအေၾကာင္းမ်ား ေျပာတိုင္း ဆီလဗီယိုမွာ ၿငိမ္၍ေန ေၾကာင္း ေဖာ္ျပလိုက္သည္။ ေသနတ္ပစ္ဝါသနာပါလွ်င္ ထိုအေၾကာင္းမ်ား ေျပာသည့္အခါ အာသြက္ လွ်ာသြက္ ျဖစ္မည္မွာ ဓမၼတာပင္ ျဖစ္ပါလ်က္ ဆိတ္ဆိတ္ ေနျခင္းသည္ ထူးဆန္းေသာအခ်က္ ျဖစ္သည္။ ထိုအခ်က္ကို ေဖာ္ျပလိုက္ ျခင္းျဖင့္ စာဖတ္သူ၏ သိလိုေဇာကို လႈပ္ဆြေပးလိုက္သည္။










စာဖတ္သူ၏ သိလိုေဇာ ေပၚေပါက္လာသည္ႏွင့္ တစ္ၿပိဳင္နက္ ဝတၳဳ ေျပာသူ ကြၽန္ေတာ္က စာဖတ္သူႏွင့္အတူ သိလိုေဇာႂကြကာ စာဖတ္သူႏွင့္ အတူ ဒီလို ျဖစ္ေလသလား၊ ဟိုလို ျဖစ္ေလသလား ဟူေသာ သို႔ေလာသို႔ေလာ ေတြးေတာျပ လိုက္သည္။ ဤနည္းျဖင့္ စာဖတ္သူ၏ သိလိုေဇာကို ႂကြသည္ထက္ ႂကြေစသည္။ စာဖတ္သူအား မိမိႏွင့္ အရည္တူ အတူ သေဘာမ်ိဳး ေရာက္ေစျခင္းလည္း ျဖစ္သည္။ ယင္းသို႔ လုပ္ကိုင္ျခင္းျဖင့္ စာဖတ္သူ၏ ခင္မင္မႈကို ရယူျခင္းပင္။










ထို႔ေနာက္ ဆီလဗီယို မလိုလားေၾကာင္း ထင္ရွားလွသည့္ ႏွစ္ေယာက္ ခ်င္း ခ်ိန္း၍ေသနတ္ျဖင့္ ေျဖရွင္းရေသာ အမႈတစ္ခု ေပၚေပါက္လာေစသည္။ တပ္သို႔ ေရာက္လာခါစ စစ္ဗိုလ္ကေလးတစ္ေယာက္ ေရာက္လာ ခါစျဖစ္၍ ဆီလဗီယို၏ အေၾကာင္းကို ေကာင္းေကာင္း မသိေသးသည့္အေလ်ာက္ ဖဲ ကစားရာတြင္ ဆီလဗီယိုကို အထင္လြဲကာ ေၾကးဖေယာင္း တိုင္ခြက္ႀကီးႏွင့္ ေပါက္လိုက္သည္။ မထိ။ ဆီလဗီယိုက စစ္ဗိုလ္ကို အိမ္က ႏွင္ခ်လိုက္သည္။ ကြၽန္ေတာ္တို႔သည္ ဆီလဗီယိုက စစ္ဗိုလ္သစ္ႏွင့္ ခ်ိန္း၍ ေသနတ္ခ်င္းယွဥ္၍ ပစ္လိမ့္မည္ဟု ေမွ်ာ္လင့္ၾကေလသည္ ဟူေသာစကားျဖင့္ ဆီလဗီယို၏ ထူးဆန္းေသာ အျပဳအမူကို ေဖာ္လိုက္သည္။ သူတို႔ ထင္သလို ဆီလဗီယိုကေသနတ္ခ်င္း ယွဥ္မပစ္ဘဲ ၿငိမ္ေနလိုက္သျဖင့္ ကြၽန္ေတာ္တို႔ အံ့ၾသေနၾက သည္။ ကြၽန္ေတာ္က မေက်နပ္၍ အထင္ေသးေနသည္ကို ဆီလဗီယိုသိေသာ္ လည္း အထင္ေသးခံေနေတာ့သည္။










ယင္းသို႔ အတင္မက် ျဖစ္ေနခိုက္တြင္ ဆီလဗီယိုထံသို႔ စာတစ္ေစာင္ ေရာက္လာသည္။ စာရလွ်င္ရခ်င္း ဆီလဗီယိုက ၿမိဳ႕က ထြက္ခြာဖို႔ ျပင္ေလ သည္။ ဘာေၾကာင့္ သူက စစ္ဗိုလ္သစ္ႏွင့္ ေသနတ္ခ်င္း ယွဥ္မပစ္ပါသလဲ ဟူေသာ အေျဖ ရွာမရေသး။ ထိုေမးခြန္းအေပၚတြင္ ယခု ဘာေၾကာင့္အေရး တႀကီး ၿမိဳ႕က ထြက္ခြာရမွာလဲဟူေသာ ေမးခြန္းက ထပ္ဆင့္လိုက္ေလရာ ကြၽန္ေတာ္ႏွင့္တကြ စာဖတ္သူတို႔၌ သိလိုေဇာသည္ ထိပ္သို႔ ေရာက္သြားေလ ေတာ့သည္။










ထိုသို႔ ျဖစ္ေနေသာေၾကာင့္ သိလိုေဇာ လြန္ကဲေနသည္အျဖစ္မွ တစ္နည္း အားျဖင့္ ေလွ်ာ့ခ်လိုက္သည္။ စာေရးဆရာက ဆီလဗီယိုအား“ကြၽန္ေတာ့္ကို ဘာေၾကာင့္ သူသည္ စစ္ဗိုလ္သစ္ႏွင့္ ေသနတ္ခ်င္း ယွဥ္မပစ္သလဲဆိုေသာ အေျဖကို ေပးေစသည္။ ထိုအေျဖ ေပးလိုက္ျခင္းေၾကာင့္ ကြၽန္ေတာ္၌ ရွိေနေသာ သိလိုေဇာသည္ ေျပေပ်ာက္ေလ်ာ့နည္းသြားသလား။ မေလ်ာ့နည္းေပ။ ဆီလဗီယို၏ တိမ္ျမဳပ္ေနေသာအေၾကာင္းကို ေဖာ္ျပလိုက္ျခင္းျဖင့္ ဆီလဗီယို အေပၚတြင္ စိတ္ဝင္စားမႈ ပိုလာေလေတာ့သည္။










ဆီလဗီယိုက ကြၽန္ေတာ့္ကို သူ႔အတိတ္အေၾကာင္းတစ္ခု ေျပာျပသည္။ စစ္ဗိုလ္သစ္ကို ပစ္သတ္ႏိုင္ခြင့္ ရပါလ်က္ႏွင့္ မသတ္ခဲ့႐ုံမက၊ ယခင္ကလည္း စစ္ဗိုလ္ကေလးတစ္ေယာက္ကို သတ္ပစ္ႏိုင္ပါလ်က္ႏွင့္ မသတ္ခဲ့ပါဟု ဆီလ ဗီယိုက ဆိုသည္။










သတ္ႏိုင္ခြင့္ ရပါလ်က္ႏွင့္ မသတ္ခဲ့ျခင္းမွာ ဘယ္သို႔ေသာ အေၾကာင္း ေၾကာင့္နည္း။ ဆီလဗီယို၏ အေျဖမွာ ထူးဆန္းလွ၏။










ထိုစစ္ဗိုလ္ႏွင့္ ေသနတ္ခ်င္း ယွဥ္ပစ္ရာဝယ္ စစ္ဗိုလ္က ပထမ ပစ္လိုက္ ေသာ္လည္း ဆီလဗီယိုကို မထိ။ ဦးထုပ္ကိုသာ ထိသြားသည္။ ဆီလဗီယိုက ပစ္ခြင့္ရေသာအခါ မပစ္ေတာ့ဘဲ ထားပစ္ခဲ့သည္။ ဘာေၾကာင့္ ... ထိုစစ္ဗိုလ္ ၏ ေသရမွာ နည္းနည္းမွ် မေၾကာက္ေသာ လကၡဏာကို ေတြ႕ရေသာေၾကာင့္ ပင္ ျဖစ္သည္။










ဆီလဗီယိုသည္ စစ္ဗိုလ္အား ေသရမွာ ေၾကာက္စိတ္ေပးခ်င္သည္။ ထို႔မွ သာလွ်င္ သတ္ရသည့္ အရသာကို ဆီလဗီယို ရရွိ ခံစားရေပမည္။ ေသရမွာ မေၾကာက္သူကို သတ္လွ်င္ အခ်ည္းႏွီးပင္ဟု ဆီလီဗီယိုက ယူဆသည္။










သူက သတ္ႏိုင္ပါလ်က္ မသတ္ခဲ့ရသည္မွာ သူ႔အဖို႔ တစ္နည္းအားျဖင့္ အရႈံး ျဖစ္သည္။ မေက်ႏိုင္စရာ ျဖစ္သည္။ လက္စားေခ်ခ်င္စိတ္ ျပင္းထန္ လ်က္ ရွိခဲ့သည္။ ထို႔ေၾကာင့္ ဆီလဗီယိုသည္ စစ္တပ္မွထြက္ၿပီးလွ်င္ ကြၽန္ေတာ္ တို႔ စခန္းခ်လ်က္ရွိေသာ ၿမိဳ႕ကေလးတြင္ ခိုေနခဲ့ေလသည္။










ယခု ဆီလဗီယို ဘာေၾကာင့္ အေရးတႀကီး ၿမိဳ႕မွ ထြက္ခြာရသည့္ အေၾကာင္းကိုလည္း ဖြင့္ေျပာလိုက္သည္။ ရန္သူ စစ္ဗိုလ္ကေလး၌ ခ်စ္သူဇနီး ရွိေနၿပီျဖစ္ေၾကာင္း သတင္းရ၍ ယခုအခ်ိန္မွာ ကလဲ့စားေခ်ရန္ အေကာင္းဆုံးအခ်ိန္ ျဖစ္သျဖင့္ ယခုကဲ့သို႔ ၿမိဳ႕မွ ႐ုတ္တရက္ ထြက္ခြာရျခင္းျဖစ္ေၾကာင္း ဆီလဗီယိုက ဆိုသည္။ “ဒီအေကာင္ဟာ ဟိုတုန္းက တစ္ကိုယ္ေရ တစ္ကာယ မို႔ သူ႔အသက္ကို မႏွေျမာတာ။ အခုေတာ့ သူ႔ခ်စ္သူကေလးနဲ႔ မဂၤလာေဆာင္ေတာ့မယ္ဆိုရင္ သူ႔အသက္ကို သူ မႏွေျမာဘဲ ခံႏိုင္မလားဗ်ာ။ ၾကည့္ၾက ေသးတာေပါ့။ အရင္တုန္းကလို သူ႔ကို ေသနတ္နဲ႔ ခ်ိန္ေနတုန္းမွာ ခ်ယ္ရီသီး ေတြ တျပဳတ္ျပဳတ္ စားႏိုင္ဦးမွာတဲ့လား”ဟု ဆီလဗီယိုက ကြၽန္ေတာ့္ကို ေျပာျပသည္။










ထို႔ေနာက္ ကြၽန္ေတာ့္အေနႏွင့္ ဆီလဗီယိုအေၾကာင္းကို အလိုအေလ်ာက္ ဆက္သိႏိုင္ခြင့္ မရေတာ့ေခ်။ ဆီလဗီယိုလည္း ၿမိဳ႕မွ ထြက္ခြာသြားၿပီးေနာက္ ေျခရာေပ်ာက္ ျဖစ္သြားေလသည္။ ထိုအခါ စာေရးဆရာသည္ အေၾကာင္းႀကံမႈ [Coincidence] နည္းကို အသုံးျပဳလိုက္သည္။










ႏွစ္ေပါင္း အေတာ္ၾကာသြားေလၿပီ။ ဤသို႔လွ်င္ စာေရးဆရာသည္ ဇာတ္ ေကာင္တို႔၏ ဘဝ၌ က႑ျခားလိုက္သည္။ အေျခအေနေတြ ေျပာင္းကုန္ၿပီ။










ကြၽန္ေတာ္လည္း စစ္တပ္မွထြက္၍ လယ္သမားဘဝသို႔ ေရာက္ေနေလ ၿပီ။ ဘဝေျပာင္းေသာ္လည္း စစ္သားဘဝကို ေအာက္ေမ့ျခင္းျဖင့္ ဘဝေဟာင္း ကို စိတ္ျဖင့္ျပန္၍ ဆက္ေနေလေသး၏။










ဤေနရာတြင္ အေၾကာင္းႀကဳံမႈကို အသုံးျပဳ၍ “ကြၽန္ေတာ္ႏွင့္ ဆီလဗီယို ၏ ရန္သူ စစ္ဗိုလ္တို႔ ဆုံဆည္းေပးလိုက္သည္။ စစ္ဗိုလ္ ဇနီးေမာင္ႏွံသည္ ကြၽန္ေတာ့္ လယ္ေတာႏွင့္ မလွမ္းမကမ္း အိမ္ႀကီးတြင္ လာေနၾကသည္။ ကြၽန္ေတာ္က အိမ္နီးခ်င္းဝတၱရားေၾကာင့္ သြား၍ လည္ပတ္သည္။ အိမ္ႀကီးထဲ တြင္ ေသနတ္က်ည္ဆန္ ႏွစ္ခ်က္ေပါက္ေနေသာ အ႐ုပ္ကားတစ္ခ်ပ္ ခ်ိတ္ ထားသည္ကို ေတြ႕ ရာမွ စကားစပ္မိကာ ဆီလဗီယို၏ အေၾကာင္းကို မေမွ်ာ္လင့္ဘဲ ၾကားရေလသည္။










စစ္ဗိုလ္က ဆီလီဗီယို ႐ုတ္တရက္ ေရာက္လာၿပီးလွ်င္ ယခင္ က်န္ခဲ့ေသာ ေသနတ္ပစ္ခြင့္ေႂကြး ေတာင္းေလသည္။ စစ္ဗိုလ္ကလည္း ေႂကြး ေပးရမည့္ ဝတၱရားအတိုင္း ဆီေလဗီယိုအား ပစ္ခြင့္ေပးေလသည္။ သို႔ေသာ္ အျပင္ခဏ ထြက္သြားေသာ သူ႔ဇနီးကေလး မလာခင္ သတ္ပစ္ပါဟု ေတာင္း ပန္သည္။ ဆီလဗီယိုက သူ႔ခ်ည္း ပစ္ခြင့္ရသည္ကို တရားလွသည္ မထင္၍ စစ္ဗိုလ္ႏွင့္သူ မဲခ်၍ ေပါက္သည့္အတိုင္း ပစ္ခြင့္ရယူရန္ဆိုသည္။ စစ္ဗိုလ္ကထမ ပစ္ခြင္ကားထိပ္ေနသည္ကိုပထမ ပစ္ခြင့္ရေသာ္လည္း စစ္ဗိုလ္မွာ မႊန္ထူေနေသာေၾကာင့္ ဆီလဗီယိုကို မထိဘဲ အ႐ုပ္ကားထိပ္တြင္ က်ည္ဆန္ႏွစ္ခ်က္ မွန္သြားေလသည္။










ေနာက္ဘာျဖစ္သလဲဆိုသည္ကို ဝတၳဳ တြင္ ဆက္၍ ဖတ္ေပေတာ့။ ဆီလီယိုသည္ စစ္ဗိုလ္ကို ေသနတ္ႏွင့္ မပစ္ဘဲ ထြက္သြားေသာ္လည္း ဤ အႀကိမ္တြင္ သူက အႏိုင္ရလိုက္သည္။ စစ္ဗိုလ္မွာ သံေယာဇဥ္ေၾကာင့္ ေသရမွာ ေၾကာက္၍ တုန္လႈပ္သြားသည္။ ထိုအျခင္းအရာ ျဖစ္ေပၚေစႏိုင္ျခင္း သည္ ဆီလဗီယိုအဖို႔ ေအာင္ျမင္ျခင္းပင္ ျဖစ္ေလေတာ့သည္။










ပြတ္ရွကင္း၏ ဤဝတၳဳတို၌ သိလိုေဇာႂကြေစမႈသည္ အင္အားႀကီးမား လွသည္။ ဆီလဗီယို၏ စိတ္ဓာတ္ႏွင့္ စိတ္ထားတို႔ကို ထိေအာင္မိေအာင္ ေဖာ္ျပ ႏိုင္စြမ္းရွိသည္။ လူသည္ သံေယာဇဥ္ေၾကာင့္ ဘဝကို ခင္တြယ္ျခင္း ျဖစ္ရသည္ဟူေသာ အေျခခံ အမွန္တရားသည္ ဤဝတၳဳ၏ ဆိုရင္းအဓိပၸာယ္ [Theme] ပင္ ျဖစ္သည္။










ဤတၳဳ၌ စာဖတ္သူ၏ အာ႐ုံကို ဆြဲေဆာင္ႏိုင္ေသာ အေၾကာင္းအရာ မ်ား ပါေသာ္လည္း ထိုအေၾကာင္းအရာမ်ားထက္ အေရးႀကီးေသာ အခ်က္မ်ား ပါ ရွိေပေသး၏။ ဆီလဗီယိုသည္ ေသရမွာ မေၾကာက္သူကို မသတ္ခ်င္။သတ္ ရ၍လည္း အဓိပၸာယ္မထူးဟု ယူဆသည္။ သတ္သည္ဆိုလွ်င္ အျပစ္ေပးသည္ ဟူ၏။ အျပစ္ ေပးရာ မေရာက္လွ်င္ သတ္ျခင္းလည္း အဓိပၸာယ္မရွိ။ ေသရမွာ မေၾကာက္ျခင္း၏ အေၾကာင္းရင္းသည္ သံေယာဇဥ္ကင္းမဲ့မႈပင္ ျဖစ္သည္။ ေသရမွာ ေၾကာက္သည္ႏွင့္ တစ္ၿပိဳင္နက္ သတ္ဖို႔မလိုေတာ့ဟု ဆုံးျဖတ္လိုက္ ေသာ ဆီလဗီယို၏ စိတ္ထားမွာ စိတ္ဝင္စားဖြယ္ ျဖစ္သည္။










ဤဝတၳဳ၌ ဇာတ္လမ္းဇာတ္ကြက္ အခ်ိတ္အဆက္ အင္အား ရွိ၏။သို႔ ေသာ္ ကမာၻတြင္ စာေပအရာဝင္ေနသည့္ အေၾကာင္းမွာကား ထိုဇာတ္လမ္း ဇာတ္ကြက္ ေကာင္းျခင္းထက္ သံေယာဇဥ္၏ အက်ိဳးအာနိသင္အေၾကာင္း ေလးနက္စြာ ေဖာ္ျပႏိုင္ျခင္းေၾကာင့္ပင္ ျဖစ္သည္ဟု ဆိုရေပမည္။

Comments

Post a Comment