ကျွန်ုပ်နှင့် ရည်းစားစာ (Part 2)

အရင်ကလည်း မြတ်မိုလ်နဲ့ ကျွန်တော် ကျောင်းဆင်းရင် ဒီလိုပဲ စကားပြောပြီး ဘီအိုစီ အထိတော့ ပြန်နေကျပါ။ ဒီနေ့တော့ ကျွန်တော် ရင်နည်းနည်း တုန်နေတာ အမှန်ပဲ။ ဒါပေမဲ့ ကျွန်တော် ရင်နည်းနည်း တုန်နေတာ အမှန်ပဲ။ ဒါပေမဲ့ စကားကို ထိန်းပြီးပြောပါတယ်။

““ပထမအစမ်းပြီးရင် ဆရာက လူပြန်ခွဲဦးမှာလား ရဲဝင်း””

““အင်း...ခွဲမယ်တဲ့၊ ဒါပေမဲ့ ကိုယ့်တွဲဖက်နဲ့ကိုယ် အဆင်ပြေ လို့ မခွဲချင်လည်း ရတယ်တဲ့””

““ဟာ...မြတ်မိုလ်ကတော့ ခင်သက်ကြူနဲ့ အရမ်းရင်းနှီး နေပြီ၊ တွဲဖက်တွေဘာတွေလည်း မရှိတော့ပါဘူး။ တကယ်တော့ သူငယ်ချင်းလို ညီအစ်မလို ဖြစ်နေပြီ၊ နော် ကြူ နင်ရော...နွယ်နီနဲ့ အဆင်ပြေရဲ့လား””

““သူကတော့ ထုံးစံအတိုင်းပဲ ထုံဆဲ ညံ့ဆဲပဲ။ ဒါပေမဲ့ဟာ နောက်တစ်ယောက်ဆိုတာတော့ ငါလည်း မပြောင်းချင်တော့ဘူး””

““အဲဒါ သံယောဇဉ်ပေါ့ဟ””

““ဒါပေါ့...””

သံယောဇဉ်လို့ စကားပြောပြီး ပြန်အလှည့်မှာ ကျွန်တော် စာကို မြတ်မိုလ် လွယ်အိတ်ထဲ ထည့်လိုက်တယ်။ ဘယ်သန်လည်း မြင်တယ်။ ကျွန်တော် ရင်တွေတုန်လို့...လက်ဖျားတွေ ချွေးစေးတွေ ရွှဲပြီး အေးစက်နေတာပဲ။ နောက်နေ့ ကျောင်းရောက်တော့ ကျွန်တော် မြတ်မိုလ်ကို မကြည့်ရဲဘူး။

မနက်က လက်ဖက်ရည်ဆိုင်မှာ ကျွန်တော့် စွန့်စားခန်းကို ဘယ်သန်က ပြောပြလို့...ဟိုကောင်တွေ ကျွန်တော့်ကို ကျိတ်မနာ လို့ဖြစ်နေကြတာ...။ ကျွန်တော်သိသားပဲ။ ဒါပေမယ့် မြတ်မိုလ် ကိုတော့ မကြည့်ရဲဘူးဗျာ။ မုန့်စားကျောင်းဆင်းတော့ မြတ်မိုလ်က ဂါဒီယမ်း (အင်္ဂလိပ်စာ လေ့ကျင့်ရေးစာစောင်)ကလေးကိုင်ပြီး မြတ်မိုလ်က ကျွန်တော့်ခုံကို ရောက်လာတယ်။ရင်တွေ တုန်လိုက်တာဗျာ။ ဟိုကောင်တွေလည်း ကျွန်တော့် ကို တအံ့တဩကို ဖြစ်လို့။ မြတ်မိုလ်က ပြုံးလို့ရယ်လို့ ကိုးဗျ။

““ရဲဝင်းရေ Verb form ကတော့ ငါအဆင်ပြေသွားပြီ။Word form တွေပြဟာ..ငါဖြေကြည့်တာ သိပ်မရဘူးဟ...ဒီနံပါတ် d ရဲ့အစက T တဲ့။ အဲဒါ Teacher လား Technique လား””

ကျွန်တော် ရင်တုန်ပန်းတုန်နဲ့ ဖတ်ရတယ်။

““ကမ်္ဘာကြီးကို ပြောင်းလဲပေးနိုင်တာဆိုတော့ ဆရာ ဘယ်ဟုတ်ပါ့မလဲ၊ Technique ပေါ့ဟ””

မုန့်စားကျောင်း ဘယ်လို တက်သွားမှန်းတောင် ကျွန်တော် မသိလိုက်ဘူး။နောက်နေ့တွေမှာလည်း မြတ်မိုလ်က ဒီလိုပဲဗျာ။ အရင်နေ့ တွေကအတိုင်းပဲ။ စိတ်ဆိုးတာ၊ ကျွန်တော့်ကို ခပ်တန်းတန်း ဖြစ်သွား တာမျိုး လုံးဝမရှိဘူး။ ပေါက်စီ၊ ပျားတုပ်နဲ့ သခေါတောင် ကျွန်တော့်ကို လန့်နေကြတယ်။ ကျွန်တော်က စာထဲမှာ တစ်ပတ်ပြည့်ရင် အဖြေ ပေးပါလို့ ရေးထားတာကိုး။

တစ်ပတ်ပြည့်တဲ့ မနက်ကျတော့ ကျွန်တော့်ဘော်ဒါတွေနဲ့ ကျောင်းထိပ်မှာ ရပ်နေကြတယ်။ ကျွန်တော် ရင်တွေတုန်ပုံများ မပြော ပါနဲ့တော့။ ကျန်တဲ့ကောင်တွေလည်း ကျွန်တော်နဲ့ရောပြီး ရင်တွေ တုန်နေကြတယ်။ ရနာရီ ထိုးခါနီး ၁၀မိနစ်လောက်မှာ မြတ်မိုလ်နဲ့ ခင်သက်ကြူ ရောက်လာကြတယ်။ မြမိုလ်က ကျွန်တော့်ကို ပြုံးပြပြီး အဆောင်နောက်ကို လာခဲ့နော်လို့ ပြောသွားတယ်။

ပျော်လိုက်တာဗျာ။ ကျွန်တော့် တစ်ကိုယ်လုံးကို လေတွေ တဟူးဟူးတိုက်နေသလိုပဲ။ ကျွန်တော်နဲ့ ဘယ်သန် ရောက်သွားတော့ မြတ်မိုလ်တစ်ယောက်တည်း စာအိတ်ကလေးကိုင်လို့ စောင့်နေတာ ခင်ဗျာ။ အသက်ရှူမတတ် ဖြစ်နေတဲ့ ကျွန်တော့်ကို မြတ်မိုလ်က စာအိတ်လှမ်းပေးရင်း ပြုံးပြီး ပြောတယ်။

““သစ်္စာရှိရှိ ချစ်ရမယ်နော်...ရဲဝင်း””

မတ်တတ်က ငြိမ်သက် အိပ်မက်ထဲ နစ်မြုပ်နေသူလိုကျွန်တော် ကျန်ခဲ့တယ်။ ဘယ်သန်ပြောတော့ ကျွန်တော် ၂ မိနစ် နီးပါးလောက် အဲဒီလို ဖြစ်နေတာတဲ့။ ဘယ်သန်ရဲ့ ဖတ်လေကွာ ဖတ်လေကွာဆိုတဲ့ အသံကိုသာ မကြားရင် ကျွန်တော် ဘယ်လောက် ဆက်ပြီး အဲဒီလိုကြီး နေဦးမလဲ မသိဘူး။ စာအိတ်ကို ဖောက်တော့ ကျွန်တော့်လက်တွေ အရမ်းတုန်နေတယ်။

ရဲဝင်း

နင့် အချစ်ကိုငါလက်ခံပါတယ်။

အချစ်အတွက်ကြောင့် ပညာရေး မထိခိုက်စေချင်တာ ဆန္ဒအမှန်ပါ။

နင်လည်းစာကြိုးစားနော်….။ငါ့ကိုသစ္စာရှိရှိချစ်ပါ။

ခင်သက်ကြူ


““ဟာ... မဟုတ်ဘူး။ မဟုတ်ဘူး ... ခင်သက်ကြူ မဟုတ် ဘူး””

ကျွန်တော် သွေးရူးသွေးတမ်းနဲ့ အော်ပေမယ့် မြတ်မိုလ်က မရှိတော့ပါဘူး။ ဘယ်သန်က စာကို အတင်းလုဖတ်ပြီး ဘယ်လိုဖြစ် တာလဲလို့မေးတယ်။ ကျွန်တော်လည်း ဘယ်သိမှာလဲ။ ဘာတွေဖြစ် ကုန်တယ်ဆိုတာ ကျွန်တော် လုံးဝမသိနိုင်တော့ဘူး။

အတန်းထဲရောက်တော့ မြတ်မိုလ်က ပုံမှန်ပါပဲ။ ခင်သက်ကြူ ကလည်း ပုံမှန်ပါပဲ။ ကျွန်တော်ချက်ချင်း သွားရှင်းချင်ပေမယ့် အတန်း သားတွေနဲ့မို့ မုန့်စားဆင်းတဲ့အထိ စောင့်ရတယ်။ မုန့်စားဆင်းတော့ ကျွန်တော်တောင် သွားစရာမလိုပါဘူး။ မြတ်မိုလ်က ဂါးဒီးယန်း သတင်းစာကလေးနဲ့ ရောက်လာတယ်။

““မြတ်မိုလ်...နင်မှားနေပြီမြတ်မိုလ်””

““ငါမှားနေပြီ...ဘာလဲ...ဩော် သိပြီ ခင်သက်ကြူကိုပါမခေါ်ခဲ့လို့လားဟေ့ ခင်သက်...””

““မဟုတ်ဘူး...မဟုတ်ဘူး...ငါစာပေးတာ ခင်သက်ကြူ ကို မဟုတ်ဘူး””

““ဟင်..ဒါဆိုစာကဘယ်လိုလုပ်ပြီးခင်သက်ကြူလွယ်အိတ် ထဲရောက်နေတာလဲ..ခင်သက်ကြူက ပြီးခဲ့တဲ့ ၃ရက်လောက်ကမှ ငါ့ကို တိုင်ပင်လို့ ငါက သဘောတူတယ်ဆိုပြီး သူ့ကို တိုက်တွန်း ပေးရတာ””

““ငါက သူ့ကိုပေးတာမဟုတ်ဘူးဆို...””

““သူ့ကို မပေးရင် စာက ဘယ်လိုလုပ် သူ့ လွယ်အိတ်ထဲ ရောက်နေလဲ””

ကျွန်တော်လည်း မရှင်းတတ်တော့ဘူး။ နင့်ကိုပေးတာ မြတ်မိုလ်လို့ ကျွန်တော် မပြောရဲတာလည်း အမှန်ပဲ။ ကျွန်တော့် အကြောင်းသိသွားတော့ ပျားတုပ်တို့ကတော့ တဟားဟားပေါ့ဗျာ။ ကျွန်တော် မြတ်မိုလ်လွယ်အိတ်ထဲကို သေသေချာချာ ထည့်တာပါ။ ဒါပေမယ့် အဲဒီတုန်းက ရင်ခုန်နေတော့ ကျွန်တော်ပဲ မှားထည့်မိ သလား။ ဘာမှ တွေးလို့မရတော့ဘူး။ ဘယ်သန်ကတော့ ကျွန်တော် စာထည့်တာ မြတ်မိုလ်လွယ်အိတ်လို့ပဲ ပြောတယ်။

သေချာတာကတော့ ခင်သက်ကြူက အဖြေပေးနေပြီ။ ရတာ မလို လိုတာမရဆိုတဲ့ စကားပုံက ကျွန်တော်နဲ့ကွက်တိကို မှန်နေတာ ပေါ့ဗျာ။ ကျွန်တော့်အမှားက မြတ်မိုလ်ကို ပေးတဲ့စာမှာ နာမည် ထည့်မရေးဘဲ မင်းနဲ့ကိုယ်နဲ့ ရေးထားတာပါပဲ။ နောက်ဆုံး Sign ထိုးတော့မှ ကျွန်တော့်နာမည်ကို ထိုးလိုက်တာကိုး။ပျားတုပ်ကတော့...

““အလကားနေရင်း ရည်းစားတစ်ယောက် ရတာပဲကွာ... ယူလိုက်ပေါ့ကွာ””

တဲ့။ ကျွန်တော်မှ ခင်သက်ကြူကို မကြိုက်တာ။ ဘယ်လိုလုပ်ရမလဲ။ ခင်သက်ကြူကို အမှန်အတိုင်း ဖွင့်ပြောမယ် လုပ်တော့ သူငယ်ချင်းတွေက

““သူက မင်းကို အဖြေပေးထားတာ ...မင်းက ဒီလိုသွားပြောရင် ခင်သက်ကြူ အရမ်းရှက်သွားမှာပေါ့”” တဲ့။

ဒါလည်း ဟုတ်တာပဲ။ မိန်းကလေးတစ်ယောက်ကို မချစ်တာ မချစ်လို့ရတယ်။ သူ့ဂုဏ်သိက်္ခာကိုတော့ စော်ကားခွင့်မရှိဘူးဆိုတာ ကျွန်တော်သိတယ်။ ကျွန်တော့်မှာ ဘာလုပ်ရမှန်းကို မသိပါဘူးဗျာ။ တကယ့် အရူးမီးဝိုင်းပါပဲ။ မြတ်မိုလ်ကိုလည်း ရှက်။ ခင်သက်ကြူကို လည်း မျက်နှာပူနဲ့ နောက်ဆုံးတော့ မြတ်မိုလ်ကိုပဲ အကူအညီတောင်း ရတယ်။

““ဒါဆိုရင်လည်း ပြီးရောလေ...ငါ ခင်သက်ကြူကို နားလည် အောင် ပြောပေးပါ့မယ်””

““တကယ်ပါဟာ ... ဒီစာကို ငါပေးတာမဟုတ်ပါဘူး ... တစ်ယောက်ယောက်က နောက်ပြီးထည့်တာပဲ နေမှာပါ ဘယ်လို လုပ်မလဲ””

““ခင်သက်ကြူ အဖြေပေးတဲ့စာသာ ငါ့ကိုပြန်ပေးပါ ငါမပေး ပေးဘူးလို့ ပြောလိုက်ရင် ပြီးရောပေါ့...ဒီအကြောင်း နင် ဘယ်သူ့ ကိုမှတော့ မပြောရဘူးနော်””

““စိတ်ချပါဟာ””

မြတ်မိုလ် ဘာတွေလုပ်လိုက်သလဲတော့ မသိဘူး။ ကျွန်တော် ကသာ မျက်နှာပူနေတာ ခင်သက်ကြူတော့ အေးအေးဆေးဆေး ခေါ် ခေါ်ပြောပြောပါပဲ။ မြတ်မိုလ်ကို ထပ်လိုက်တဲ့လူတွေ ရှိပေမယ့် တစ်ယောက်မှ မရကြပါဘူး။ ဒီလိုနဲ့ စာမေးပွဲ ဖြေကြရတယ်။ကျွန်တော် စာမေးပွဲအောင်ပါတယ်။ခွာကောင်းပေမယ့် မြင်းလိပ်ပြီး D တွေဘာတွေတော့ မပါဘူး။ မြတ်မိုလ်ကတော့D နှစ်လုံးပါပြီး စိုက်ပျိုးရေးတက်္ကသိုလ် ရသွားတယ်။ အမှတ်စာရင်းတွေ သွားထုတ်ပြီး တက်္ကသိုလ်ဝင်ခွင့်တွေတင် ပြီးတဲ့နောက် တက်္ကသိုလ်ရောက်မှ ကျွန်တော်နဲ့ ဗိုလ်တထောင် တက်္ကသိုလ်အတူတူတက်ခဲ့ရတဲ့ ခင်သက်ကြူက ပြောပြတယ်။

““အဲဒီတုန်းက နင်စာထည့်တာ သူ့လွယ်အိတ်ထဲကိုပါပဲ... သူက နင့်ကိုမကြိုက်ဘူးဟ...ခင်တာတော့ အရမ်းခင်တယ်...အဲဒါ ကြောင့်မို့ ငါနဲ့ပေါင်းပြီး ကြံတာ...နင်ဖြစ်နေပုံကိုကြည့်ပြီး ငါတို့မှာ ရယ်ရခက် ငိုရအခက် သိလား””

ကျွန်တော် အချိန်တော်တော်ကြာအောင် မကျေမနပ်ဖြစ်နေတဲ့ စိတ်ဒုက်္ခက လွတ်သွားပါတယ်။ ကျွန်တော် ပျဉ်းမနား တက်္ကသိုလ်မှာ တက်နေတဲ့ မြတ်မိုလ်ကိုလည်း စိတ်မဆိုးတော့ပါဘူး။အခုအချိန်မှာ ကျွန်တော်ချစ်တာကလည်း မြတ်မိုလ် မဟုတ် တော့ဘူးလေ။ တစ်ခုတော့ သင်ခန်းစာ ရလိုက်ပါတယ်။ ရည်းစား စာပေးရင် ကိုယ်ကပေးမှန်းသိအောင် ပေးရတယ်ဆိုတာ လေးပါ။

Comments

  1. တစ်ခါဆို ဆိုသလောက်
    ရစ်ပတ်သွားခဲ့တဲ့ နွယ်ပင်လေး🍀

    ဒီလိုအခက်အခဲအတိုင်း
    အခက်အခဲတိုင်းပေါ့လေ ။
    ငါတို့ အတူဖြတ်ကျော်ပြီး
    ဖြတ်ကျော်ပြီး
    ဖြတ်ကျော်ကြတာပေါ့လေ ။

    အောင်ချိမ့်

    ReplyDelete
  2. ဝတ္ထုလေးကြိုက်လိုက်တာ
    ကျေးဇူးပါ

    ReplyDelete
  3. ကိုယ်ပါရင်တုန်နေတာဖတ်ရင်းနဲ့😁

    ReplyDelete
  4. မိန်းမလှလေးက သင်ခန်းစာပေးသွားတာ
    စိတ်မကောင်းဘူးရဲဝင်းရာ
    အဖြစ်ကရယ်ရခက် ငိုရခက်ပဲ 😅

    ReplyDelete
  5. သြော်...ရဲဝင်းက မြတ်မိုလ်နဲ့ ဖူးစာမပါဘူးပဲ😁

    ReplyDelete

Post a Comment