The Guys From Mandalay, 1950s အခန်း(၃၂)

The Guys From Mandalay, 1950s
အခန်း(၃၂)
...................................................
၁၉၅၇ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် သခင်နုသည် ဝန်ကြီးချုပ်ရာထူးကို ပြန်လည်ရယူလိုက်သည်။

သုံးရက်အကြာ မတ်လ ၄ ရက်နေ့တွင် သောင်းကျန်းသူများလက်နက်ချကြပါ၊ ဒီမိုကရေစီဘောင်အတွင်း ဝင်ကြပါဟု မိန့်ခွန်းပြောသည်။

မတ်လ ၁၁ ရက်နေ့တွင် ကရင်အမျိုးသားမန်းဝင်းမောင် သမ္မတဖြစ်လာ၏။

မတ်လ ၁၂ ရက်နေ့တွင် ပမညတဦးဆောင်သည့် အတိုက်အခံအမတ်များက ဖဆပလအား အယုံအကြည်မရှိကြောင်း အဆိုတင်သွင်းကြသည်။

အဆိုကိုမဲခွဲရာ အင်အားနည်းသည့် ပမညတရှုံးနိမ့်ခဲ့သည်။

သို့သော်လည်း ပမညတ၏ စွပ်စွဲချက်များသည် ဖဆပလ၏ အားနည်းချက်များကို ထိမှန်ခြင်းဖြစ်သဖြင့် သခင်နု နှင် ဦးကျော်ငြိမ်းည် တဖက်နှင့်တဖက် အပြစ်တင်ကြရင်း ဖဆပလတွင်း ပဋိပက္ခမှာ ပိုမိုပြင်းထန်လာသည်။

မတ်လ ၁၃ ရက်နေ့ ၊ နံနက် ၁၀ နာရီ။

“ကိုသောင်းရီ..ခရီးမထွက်ဘူးမို့လား”

“ရှိတယ်..ဦးလေး..ကိစ္စထူးပြီလား”

ချောရင်က အလိန်ကို ခပ်တိုးတိုးပြောလိုက်သည်။

“ကိုသောင်းရီ နဲ့ တွေ့ရင် ပြောမယ်”

ချောရင်က အော်ခေါ်လိုက်သဖြင့် အပေါ်ထပ်မှ ဂန္ဓမာသောင်းရီ ဆင်းလာသည်။

မနက်အစောပိုင်းဖြစ်သဖြင့် ဆိုင်အတွင်း လူမရှိသေး။
စားပွဲတစ်လုံးတွင် သူတို့ဝင်ထိုင်လိုက်ကြသည်။
“ဒီလ ၃၀ ရက်နေ့ မှာ ပထမအသုတ် ပစ္စည်းပို့မယ်..သောင်းရီ..အဆင်ပြေနိုင်မလား”

“ကျွန်တော်တို့ဘက်က အဆင်သင့်ပဲ..အလိန်”

“အဲ့ဒါဆို  ၃၀ ရက်နေ့ ညဆယ်နာရီမှာ ကမ်းနားလမ်းက ဂိုထောင်အမှတ်(၁၃)ရှေ့မှာ လောရီကားတစ်စီးကို သော့တန်းလန်းနဲ့ထားခဲ့မယ်။ ငါက ၂၆ ရက်နေ့ကတည်းက ကျိုင်းတုံကနေတဆင့် နောင်ချိုမှာ ကြိုရောက်နေမယ်။ ဒါက နောင်ချိုမှာ မင်းတို့ပို့ပေးရမယ့်လိပ်စာပဲ”

“ဟုတ်ပြီလေ....ကျန်တဲ့ငွေကိစ္စကရော”

“အဲ့ဒီအတွက် စိတ်မပူပါနဲ့..သောင်းရီ..K14 တွေက အလုပ်နဲ့ပတ်သက်ရင် ကတိတည်ပါတယ်..မင်းတို့သာ ပစ္စည်းကို ရောက်အောင်ပို့၊ နောက်တစ်ခုက လမ်းမှာ ကားနောက်ပါတဲ့ ပစ္စည်းကိုဘာဆိုတာ လှန်တောင် မကြည့်မိဖို့ပဲ..ခြေရာလက်ရာပျက်တာနဲ့ မင်းတို့ပေါ်ထားတဲ့ ငါတိုယုံကြည်မှုက ပြီးသွားပြီပဲ”

ထိုအချိန်တွင် အပြင်ဘက်မှ ထွန်းရင်နှင့် အနှင်းတို့ ဝင်လာသဖြင့် ပြောလက်စ စကားကို ရပ်လိုက်ကြသည်။

“ကဲ..ငါသွားမယ်”

အလိန်က ဆိုင်အပြင်သို့ ပြန်ထွက်ပြီး ရှေ့တွင်ရပ်ထားသည့် ကားပေါ်တက်သွားသည်။ အနှင်းက အလိန် ကားပေါ်တက်သွားသည်အထိ မသိမသာလိုက်အကဲခတ်နေ၏။

“မနှင်း...ဆရာသိန်း အိမ်မှာ ရှိလား”

“ရှိပါတယ်..ကိုဂန္ဓမာ”

“ငါတို့ ဒီညနေ အိမ်ကိုလာခဲ့မယ်..အလုပ်စတော့မယ်လို့ပြောလိုက်”

“ဟုတ်ကဲ့”
........................................

ထိုနေ့ညနေ တွင် ဂန္ဓမာသောင်းရီ၊ ထွန်းရင်နှင့် ချောရင်တို့ စိန်ဓါးမြှောင်၏ အိမ်သို့ ရောက်လာကြသည်။
စိန်ဓါးမြှောင်နှင့်ချောရင်တို့က အပေါ်ထပ်တွင် ဂန္ဓမာသောင်းရီနှင့် စကားပြောနေကြသည်။

အောက်ထပ်တွင် ထိုင်နေသော အနှင်းနားသို့ ထွန်းရင်က ကပ်ထိုင်လိုက်သည်။

“အနှင်း..မနက်ဖြန်အားလား...အကိုလာခေါ်မယ်လေ”
“မနက်ဖြန်တော့မအားဘူး...ကိုထွန်းရင်..ဆရာကြီးခိုင်းထားတာတွေရှိသေးတယ်”

“အကိုက..မနက်ဖြန်ဆို ပျဥ်းမနားအမတ်နဲ့ ပျဥ်းမနားလိုက်သွားရတော့မှာ...လကုန်ခါနီးမှ ပြန်လာမှာ..အနှင်းကို လွမ်းနေတော့မှာပဲ”

အနှင်းက ပြုံးနေလိုက်သည်။

“အနှင်း....တကယ်လို့လေ..အကိုက ဒီနိုင်ငံက ထွက်သွားမယ်ဆို..အနှင်းလိုက္မှာလား”

“ဟင်”

အနှင်း ဆတ်ခနဲဖြစ်သွားသည်။

“အကိုက ဘယ်သွားမှာလဲ..ဘယ်ကိုသွားမှာလဲ”

ထွန်းရင်ကသက်ပြင်းချသည်။

“ဒီလိုပါပဲ...လျှောက်တွေးကြည့်နေတာ..အနှင်းမပါရင် အကိုဘယ်ကိုမှမသွားချင်ဘူးကွယ်..အ..အ..အားလား”

ထွန်းရင်က ရုတ်တရက်ကျောကုန်းကို တွန့်ပြီး ရှေ့သို့ ခုန်ထွက်လိုက်သည်။

အနောက်ဘက်တွင် ဧရာလေးက မီးရှို့ထားသော အမွှေးတိုင်ကို ကိုင်လျက် ထွန်းရင်၏ ကျောကုန်းကို ထိုးလိုက်ခြင်းဖြစ်သည်။

ထွန်းရင်၏ အင်္ကျီတွင် အငွေ့များထွက်နေသည်။

“ဟယ်တော်”

အနှင်းက ထွန်းရင်၏ အင်္ကျီမှမီးပေါက်ကိုလက်ဖြင့် ဖိသတ်ပေးလိုက်သည်။

“ဒီကလေးကတော့..လုပ်ပြန်ပြီ..ကိုထွန်းရင်ရယ် ကျွန်မတောင်းပန်ပါတယ်..‌ပေးပေး..အင်္ကျီချွတ်လိုက်..ပေါက်သွားတဲ့ နေရာကို ကျွန်မ ပြန်သီပေးမယ်”

အနှင်းက ထွန်းရင်၏ အင်္ကျီကို ချွတ်ရန် တောင်းသည်။
ထွန်းရင်က ကြယ်သီးကို ဖြုတ်ပြီး အနှင်းထံပေးလိုက်သည်။

“ဒါက ဘယ်လိုဖြစ်နေကြတာလဲ..အိမ်အောက်ကြီးမှာ”

စက်ဘီးဖြင့် ရောက်လာသူ ခါလေး။

ခါလေးက ထွန်းရင်နှင့် အနှင်းကို အံကြိတ်လျက်ကြည့်နေသည်။

အနှင်းက ခါလေးကို မျက်ရိပ်ပြကာ ခေါင်းခါပြလိုက်သည်။

“ငါတို့ချင်း ဘာဖြစ်ဖြစ်ပေါ့..ခါ‌လေးရာ..မင်းနဲ့ ဘာဆိုင်တာမှတ်လို့”

ခါလေးက စက်ဘီးကို‌ ဒေါက်ထောက်လိုက်ပြီး ထွန်းရင်နှင့် မျက်နှာချင်းဆိုင်လိုက်သည်။

ထွန်းရင်နှင့် ခါလေးကြားသို့ အနှင်းက ဝင်ရပ်လိုက်သည်။ လက်ထဲတွင်လည်း ထွန်းရင်၏ မီးပေါက် အင်္ကျီကို ကိုင်လျက်။။

“ခါလေး..နင်ဘာဖြစ်နေတာလဲ..ကိုထွန်းရင် အင်္ကျီကို ဧရာလေးက အမွှေးတိုင်မီးစနဲ့ထိုးလိုက်လို့ ငါပြန်ချုပ်ပေးမလို့..ဒီသေနာလေး မွှေတာ မွှေတာ”

“မနှင်း..ကလေးကို အဲ့ဒီလိုမပြောနဲ့ ကျွန်တော်မကြိုက်ဘူး”

ခါလေးက ဧရာလေးကို ချီပြီး အိမ်ပေါ်ထပ်သို့ တက်သွားသည်။

“အင်း..ကလေးအပြစ်မဟုတ်ပါဘူး..မနှင်းရယ်..ကလေးဆိုတော့ ဆော့မှာပဲ..ကျွန်တော်ကလည်း သိသိကြီးနဲ့ သူ့ကို ကျောပေးထိုင်နေမိတာကိုး..ဟဲဟဲ”

“အားနာလို့ပါ..ကိုထွန်းရင်ရယ်...ကျွန်မသားလေးက ဆိုးတယ်...ခုန ကိုထွန်းရင်ပြောတယ်လေ..ဒီနိုင်ငံက ထွက်သွားမှာဆို...ကျွန်မက ကလေးတစ်ဖက်နဲ့ဆိုတော့”

“အို..သွားရင်..ကျွန်တော်တို့ချည်းမဟုတ်ပါဘူးဗျ...ကိုဂန္ဓမာတို့..စံဘတို့..”

“ကိုထွန်းရင်...ပြန်ကြမယ်...ကားစက်နှိုးတော့”

ထိုအချိန်တွင် ချောရင်က အိမ်ပေါ်ထပ်မှ ဆင်းလာပြီး အော်ပြောလိုက်သဖြင့် ထွန်းရင် ပြောလက်စ ရပ်သွားသည်။

“အကိုပြန်တော့မယ်နော်...မနှင်း”

ထွန်းရင်က ဂျစ်ကားဆီ ထွက်သွားသည်။
ချောရင်က မနှင်း ကို ပြုံးပြကာ ကားထံသို့ ထွက်သွား၏။ ဂန္ဓမာသောင်းရီက နောက္မှလိုက်ဆင်းလာသည်။

ထွန်းရင်တို့ ကားထွက်သွားပြီးနောက် အနှင်းက အိမ်ပေါ်သို့ တက်သွားသည်။

အပေါ်ထပ်တွင် စိန်ဓါးမြှောင်၊ မမြကြည် ၊ ခါလေးနှင့် ဧရာလေးတို့ ရှိနေကြသည်။

မမြကြည်က ဧရာလေးကို ချီပိုးကာ ကစားနေ၏။

“ခါလေး....အခြေအနေဘယ်လိုလဲဟေ့”

“မနှင်းပေးလိုက်တဲ့ ကားနံပါတ်က အရင်ဘီအိုစီက အရာရှိတစ်ယောက်ကားပါ။ ဒါပေမယ့်သူက အခု စင်္ကာပူက သွင်းကုန်လိုင်စင်ရထားတဲ့တရုတ်တစ်ယောက်ကို နှစ်ချုပ်နဲ့ ငှားထားတာတဲ့။ အဲ့ဒီတရုတ် တည်းတဲ့နေရာနဲ့ သူ့ဂိုထောင်လိပ်စာလည်း ရလာပါတယ်”

“ဝင်းမောင်နဲ့ သန်းအောင်ကို ခေါ်..ဒီတရုတ်ပို့မှာ ဘာပစ္စည်းတွေလဲဆိုတာ သူတို့လူတွေကိုခွဲလိုက်ခိုင်းကွာ”

“ဟုတ်ကဲ့..ဆရာကြီး”

“ဆရာကြီး...ကျွန်မဒီနေ့ ထူးခြားတာတစ်ခု ထွန်းရင်ဆီက သိခဲ့ရတယ်”

“ဘာများလဲ အနှင်း”

“ကျွန်မကို နိုင်ငံခြားကို သွားရင်လိုက္မလားလို့မေးတယ်..ကိုဂန္ဓမာတို့လည်း ပါမှာလို့ စကားထွက်သွားသေးတယ်..ချောရင်က ဝင်ဟန့်သွားလို့ ဒီ‌လောက်ပဲ သိလိုက်ရတယ်”

မမြကြည်က ဧရာလေးကို အနှင်း၏ လက်ထဲသို့ ထည့်လိုက်ပြီး..

“ဂန္ဓမာသောင်းရီကြီးနဲ့ အကိုနဲ့တော့ အကြံတူနေကြပြီထင်တယ်...အကို”

“အင်း..သိပ်သေချာတာပေါ့...မြကြည်..ဒီတစ်ခေါက်အလုပ်ဆိုတာလည်း ဂန္ဓမာသောင်းရီရဲ့လှည့်ကွက်ဖြစ်ချင်ဖြစ်နေမှာ..ခါလေး..ဝင်းမောင်နဲ့ သန်းအောင်ကို ငါက..၂၅ ရက်နေ့မတိုင်ခင် အဲ့ဒီတရုတ်ဘာတွေလုပ်တယ်ဆိုတာ ငါသိချင်တယ်လို့ပြောလိုက်..ပြီးတော့...သဘက်ခါကျရင် ငရုတ်သီးဘရင်ကို ရန်ကုန် တက်ခဲ့ဖို့ သံကြိုးရိုက်လိုက်...တစ်ပတ်အတွင်း ထွန်းခင် နဲ့ ငရုတ်သီးဘရင် အညာကို တက်ရမယ်..လမ်းကြောင်းကိစ္စ စီစဥ်စရာတွေရှိတယ်”

ခါလေးက မတ်တပ်ထရပ်လိုက်သည်။

ထို့နောက်
“ဆရာကြီး..ဒီကိစ္စတွေ ဘယ်တော့ပြီးမှာလဲ”

“မကြာခင် အဆုံးသတ်သွားမှာပါ..ခါလေး”

“မြန်မြန်ပြီးမှပဲ..မဟုတ်ရင်..ထွန်းရင်ဆိုတဲ့ကောင်ကို ကျွန်တော် သွားပစ်သတ်မိမယ်”

ခါလေးက အနှင်းကိုပါ ဘုကြည့်ကြည့်သည်။
အနှင်းက ထလာပြီး ခါလေး ပါးကို လိမ်ဆွဲလိုက်သည်။

“ကဲ..ဆရာလေး..သဝန်တိုနေပြီလား..မနှင်းက ပြီးရင် ဓာတ်ရှင်မင်းသမီးလုပ်တော့မှာနော်”

ခါလေးက မနှင်းကို ဘုကြည့်ကြည့်ပြီး လှည့်ထွက်သွားသည်။
စိန်ဓါးမြှောင်နှင့် မမြကြည်က သူတို့ကိုကြည့်ကာ ရယ်နေ၏။
...................................................................................
မတ်လ ၂၇ ရက်။

ဂန္ဓမာသောင်းရီက မသောင်းစပ်ပေးသည့် ရမ်ခွက်ကို သောက်ရင်း ဆိုင်တွင်ဖွင့်သည့် ဓာတ်ပြားကို နားထောင်နေသည်။

ချောရင်က အပြင်မှ ဝင်လာပြီး သောင်းရီဘေးတွင် ဝင်ထိုင်လိုက်သည်။

“အကိုကြီး...ဟိုနေ့ညအလိန်က ဘာတွေပို့မယ်လို့ထင်လဲ”

“နင်သိပြီးသားပဲ ..ချောရင်”

ချောရင်က ခေါင်းခါလိုက်သည်။

“ညီမအထင်တော့...အခုတစ်ခေါက်က ကျွန်မတို့ကို အလိန် စာမေးပွဲစစ်တာထင်တယ်”

“ဘယ်လို”

“သူ့ပစ္စည်းတွေက လေယာဥ်ကွင်းဖောက်ဖို့ယန္တယားစက်အပိုပစ္စည်းတွေဆို..လော်ရီကားသေးသေးလေးတစ်စီးထဲနဲ့ အသုတ်ခွဲပို့တာဘာကြောင့်လဲ..အဲ့ဒါအကိုကြီး စဥ်းစားမိလား”

ဂန္ဓမာသောင်းရီက ခေါင်းညိတ်လိုက်သည်။

“အကိုကြီး ဟိုနေ့က ပျူစောထီးရုံးမှာ လူနှစ်ယောက်နဲ့တွေ့တာ ညီမသိပြီးပြီ”

“ထွန်းရင် ဆီက မဟုတ်လား”

“ဟုတ်တယ်..အကိုကြီး နိုင်ငံခြားထွက်ဖို့အထိ စီစဥ်နေတာ ညီမသိတယ်..ညီမကတော့ ကိုစံဘကိစ္စ မပြတ်သေးပဲ ဘာမှ မလုပ်စေချင်ဘူး”

“ငါတို့အားလုံး ကောင်းဖို့အတွက် ငါလုပ်နေတာ ချောရင်”
“ဟုတ်ပါပြီ..အဲ့ဒါဆိုလည်း ဒီတစ်ခေါက် အလိန်ကိစ္စမှာ ဟိုလူတွေနဲ့ တစ်ခုခုအပေးအယူရှိတယ်ဆို မလုပ်နဲ့ဦး..အဲဒီတရုတ်ကြီးကိုလည်းသိပ်မယုံနဲ့....တကယ်လို့ ပစ္စည်းတွေပါတယ်ဆိုလည်း အရေးမပါသေးတာတွေပဲဖြစ်လိမ့်မယ်...အကိုကြီးသူ့ထောင်ချောက်ထဲရောက်သွားလိမ့်မယ်.နောက်တစ်ခေါက်ကျမှ  ကျွန်မတို့ကို ယုံရပြီဆိုမှ သူအချီကြီးသယ်လိမ့်မယ်..”

ဂန္ဓမာကချောရင်ကို မျက်မှောင်ကြုံ့ကြည်လိုက်၏။

“ဒီတစ်ခါပဲ ညီမကို ယုံပေးပါ..အကိုကြီး”
.....................................................................
မတ်လ ၃၀ ရက်နေ့ည။
ကမ်းနားလမ်းအတိုင်း လော်ရီကားတစ်စီးထွက်လာသည်။

ထိုကား၏ ရှေ့တွင် ဂျစ်ကားတစ်စီး။
ကားပေါ်တွင် ဂန္ဓမာသောင်းရီနှင့် ထွန်းရင် ပါလာသည်။
ထွန်းရင်က ခရီးဝေးမှ ပြန်လာရသဖြင့် ကားမမောင်းနိုင်။
ပြည်ဘက်သို့ရောက်သည်အထိ ဂန္ဓမာတစ်ယောက်တည်း မောင်းလာသည်။

ပြည်မှတဆင့် မကွေးသို့ ထွန်းရင်ကဆက်မောင်းသည်။
ထိုလမ်းသည် နယ်စပ်များနှင့်ဆက်သယ်ထားသည့်လမ်းမဟုတ်သည့်အပြင် လက်နက်ကိုင်များ စိုးမိုးထားသည့်နေရာအချို့ ရှိနေသေးသဖြင့် အစစ်အဆေးအမေးအမြန်းနည်းပါးသည်။

ရေနံချောင်းမြို့အဝင် စိန်ဓါးမြှောင်နှင့် အချိန်းအချက်ပြုထားသော ထမင်းဆိုင်‌ရှေ့တွင် ကားကို ရပ်လိုက်သည်။
ဂန္ဓမာသောင်းရီနှင့် ထွန်းရင်တို့ က ကားပေါ်မှဆင်းလိုက်သည်။

လော်ရီကားကို မောင်းလာသည့် ဇော်မိုက်နှင့် ချစ်ညို တို့လည်း ဆင်းလာ၏။

အားလုံးကိုယ်စီ၏ ခါးကြားတွင် ခြောက်လုံးပြူးများကို အသင့်ကျည်ထိုး မောင်းတင်ထားကြသည်။
ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် စိန်ဓါးမြှောင်ကို တွေ့လိုက်ရသည်။

“ကဲ..ရောက်လာကြပြီကိုး..ကြွပါ..ကြွပါ”

ဆိုင်ထဲတွင် စိန်ဓါးမြှောင်တစ်ယောက်တည်းထိုင်နေသည်။

ထမင်းဟင်းများတင်ထားသည့်စားပွဲတွင် အမျိုးသမီးငယ်တစ်ဦးသာ ထိုင်နေ၏။

“မြနှစ်ရေ...ဒီမှာ ဧည့်သည်တွေ ဗိုက်ဆာနေကြရော့မယ်..ထမင်းဟင်းတွေ ချပေးလိုက်ပါဦး”

ဂန္ဓမာက စီးကရက်ကို မီးညှိလိုက်ပြီး စိန်ဓါးမြှောင်ဘေးတွင် ဝင်ထိုင်သည်။

“မင်းတစ်ယောက်တည်းပါလား..စိန်ဓါးမြှောင်”

“ကျွန်တော်တို့က ဓါးပြ တွေဗျ.....မလိုအပ်ပဲ လူမြင်ကွင်းမှာ အင်အားပြမနေဘူး.”

ထွန်းရင် က ခါးကြားမှ သေနတ်ထံ လက်တင်ထားပြီး အခြေအနေကို အကဲခတ်နေသည်။
ထမင်းဆိုင်အဝတွင်ရပ်နေကြသော ဇော်မိုက်နှင့် ချစ်ညိုကလည်း သေနတ်များကို ကိုင်လျက် အသင့်အနေအထား။

“ကဲ..လာကြပါဗျာ..ခင်ဗျားတို့ကို ကျွန်တော်ဘာမှ အကောက်မကြံထားပါဘူး..လာပါ..လယ်ကြွက်လေးတွေ ရထားလို့ ကြွပ်နေအောင်ကြော်ထားတယ်..ဝီစကီကောင်းကောင်းလည်းပါလာပါတယ်..မကွေးကနေ ရေခဲတောင် တကူးတကမှာထားသေး..လာ..လာ ကိုယ့်လူတို့”

ထွန်းရင်က သတိထားနေသည့်ပုံစံဖြင့် လာဝင်ထိုင်သည်။
ဂန္ဓမာက မီးခိုးငွေ့များကို စိန်ဓါးမြှောင်ဘက်သို့ မှုတ်ထုတ်လိုက်ပြီး

“ကဲ..ဆရာကြီး..ဒီတစ်ခါရော ဘယ်လိုအကွက်တွေ ခင်းထားပြန်သေးတာတုန်း..အခန်းနောက်မှာ ပုန်းပြီး သေနတ်တွေဘာတွေနဲ့ ချိန်ထားတာရှိရင်လည်း ခေါ်ထုတ်လိုက်လေဗျာ”

“ဟား ဟား ဟား”

စိန်ဓါးမြှောင်က တဟားဟားရယ်သည်။

“ကဲ..တကယ်ဘယ်သူမှမရှိပါဘူးဆိုဗျာ..ဒီဆိုင်မှာ မြနှစ်နဲ့ ကျွန်တော်ပဲရှိတာပါ..ကဲ..ခင်ဗျားတို့ ကားသော့ပေး...မိုးမလင်းခင် မောင်းမှဖြစ်မယ်”

“ခင်ဗျား မောင်းမှာလား”

“မဟုတ်ပါဘူး......မြနှစ် မောင်းသွားမှာ”

“ဟမ်..ဒီကောင်မလေး မောင်းမှာ”

“ဟုတ်တယ်လေ..ဘာဖြစ်လို့လဲ”

“ဖြစ်ရောဖြစ်လို့လား”

“ဘာမဖြစ်ရမှာလဲ...မြနှစ်က ဒီလမ်းဒီခရီးမှာ ဒီလိုကားတွေ လောက်တော့ ဓါးပြတိုက်ပြီးလုမောင်းနေကျ..ပြီးတော့ ရှေ့နှစ်ရွာကျော်မှာ ကျွန်တော့်လူတွေ ထပ်စောင့်နေဦးမှာ”

“ချစ်ညို...ကားသော့ပေးလိုက်ကွာ..ငါစိတ်ချမယ်နော်..စိန်ဓါးမြှောင်”

“သောက်စမ်းပါဗျာ..ပင်ပန်းလာတယ်မဟုတ်လား..ဘာမှမဟုတ်တဲ့ ပစ္စည်းလေးတွေကို”

“ဘာလဲကွ.မင်းစကားက”

စိန်ဓါးမြှောင်က ရယ်ရင်း နောက်တစ်ခွက်ငှဲ့ကာ ထွန်းရင်ဆီ ကမ်းပေးလိုက်သည်။
မြနှစ်ဆိုသည့် အမျိုးသမီးငယ်က ချစ်ညိုဆီမှ ကားသော့ကို ယူသည်။

ထို့နောက် ဆိုင်ကောင်တာအောက်မှ ရိုင်ဖယ်တစ်လက်ကို လွယ်ပြီးထွက်လာသဖြင့် ထွန်းရင်မှာ မျက်လုံးပြူးကြီးဖြင့်လိုက်ကြည့်နေ၏။

“ဆရာကြီး ကျွန်မသွားပြီနော်”

“အေး..မြနှစ်....နင့်အကိုနှစ်ကောင်ကို ပြောလိုက်ဦး..မနက်ဖြန် ငါ ပခုက္ကူဘက်တက်ပြီး ရန်ကုန်ပြန်ဆင်းပြီလို့”

“ဟုတ်”

မြနှစ်က လော်ရီကားတံခါးကို ဆွဲဖွင့်ပြီး ခုန်တက်ကာ မောင်းထွက်သွားသည်။

“ကဲ..လာကြပါဗျာ..တိုက်ချင်လွန်းလို့ကိုယ့်ဆရာတွေကို စောင့်နေတာ...”

ထွန်းရင်က မြနှစ်ကားမောင်းသွားရာလမ်းကို လိုက်ကြည့်နေသည်။

“စိုးရိမ်မနေနဲ့ ထွန်းရင်...မြနှစ် က ကားမောင်းကျွမ်းပြီးသား..ကားမောင်းကျွမ်းရုံတင်မကဘူး..ရိုင်ဖယ်ကို ဘယ်ဘက်လက်နဲ့ ပစ်ရင် ပျံနေတဲ့ ငှက်တောင်ထိတယ်ကွ..ဒီနယ်မှာ တန်ခိုးအကြီးဆုံး ဓါးပြဗိုလ် ဝါဆို ဝါပို ဆိုတာ သူ့အကိုတွေပေါ့...သူလည်း ဆယ့်ခြောက်နှစ်သမီးထဲက မန္တ‌ေလးမှာ ငါတို့နဲ့ဓါးပြလိုက်တိုက်‌ေနတာ”

ချစ်ညိုနှင့် ဇော်မိုက်က တစ်ယောက္မျက်နှာတစ်ယောက်ကြည့်ပြီး ပခုံးတွန့်လိုက်ကြတော့သည်။
....................................................................................

“‌ရော့..ဒီမှာ..ကျွန်တော်တို့ ရန်ကုန်ကနေ နောင်ချိုအထိ တပင်တပန်းပို့ခဲ့ကြရတဲ့ လော်ရီကားထဲက အရေးကြီးပစ္စည်းတွေ..ခင်ဗျားအတွက်လက်ဆောင်တစ်ခုနှိုက်လာခဲ့တယ်”

စိန်ဓါးမြှောင်က ဆိုင်ထဲဝင်ဝင်လာချင်း ဂန္ဓမာကို ပစ်ပေးလိုက်သဖြင့် ဂန္ဓမာက ဖမ်းယူလိုက်သည်။

ထို့နောက် စက္ကူပတ်ကိုခွာကြည့်လိုက်၏။

“ဟင်”

အထဲက ပစ္စည်းကြောင့် ဘေးနားတွင်ထိုင်နေသော မသောင်းပါ ပြုံးစိစိဖြစ်သွားသည်။

“ဆပ်ပြာတောင့်ကြီးပါလား”

“ခင်ဗျားလူတွေက ကျွန်တော်တို့ကို ဆပ်ပြာတောင့်တွေပို့ခိုင်းပြီး...ဒေါ်လာတစ်သိန်းပေးနေတာပါလား..ကိုဂန္ဓမာရဲ့..ဘယ့်နှယ့်တုန်း”

ချောရင် ဂန္ဓမာသောင်းရီ လက်မှဆပ်ပြာတောင့်ကို ယူလိုက်သည်။

ထို့နောက် ဆိုင်ရှေ့ရှိ မြောင်းပေါက်သို့ ပစ်ချလိုက်သည်။

“ဟုတ်တယ်..ဦးလေး..ကျွန်မတို့ရဲ့ သစ္စာရှိမှုကို ဟိုဘက်က စာမေးပွဲစစ်တာပဲ..ရှင် ဘာလို့ သူတို့ ကုန်ပစ္စည်းကိုလှန်ကြည့်ရတာလဲ”

“ကြည့်စရာမလိုပါဘူး..ဘာတွေတင်ခဲ့လဲဆိုတာ ငါကြိုသိပြီးသားပဲ..ကလေးမရဲ့..အခုက နင်တို့ ကိုဂန္ဓမာကြီးကို ယူလာပြတာ.အဟေး..ဟေ့ ဘယ်လိုလဲ ကိုဂန္ဓမာ ကျွန်တော်မပြောခဲ့ဖူးလား..ဘာမှ တန်ဖိုးမရှိတဲ့ ပစ္စည်းတွေပို့ခိုင်းလိုက်ပါတယ်ဆိုတာ”

ချောရင်က ဂန္ဓမာသောင်းရီကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။

“ဦးလေး..ဒီကိစ္စဒီမှာတင် ပြီးလိုက်တော့..သူတို့ဘက်က ကျွန်မတို့ကို စာမေးပွဲစစ်တာ..ဘာပဲဖြစ်ဖြစ် ကျွန်မတို့ စာမေးပွဲအောင်သွားပြီ...ဒီဆပ်ပြာတုံးကိစ္စလည်း မသိချင်ယောင်ဆောင်ပေးနေလိုက်ပါ..မကြာခင် လုပ်ငန်းသေချာပေါက်စတော့မှာပဲ”

“ဟုတ်ပါတယ်လေ...နင်တို့နဲ့အလုပ်လုပ်တဲ့လူကလူတော်ပါပဲ...ဘာလို့လဲဆိုတော့ သူလည်း ဘယ်သူ့ကိုမှ မယုံတတ်လို့ပဲ..ငါကလည်း အဲ့ဒီလိုမျိုးမှ သဘောကျသဟေ့”
စိန်ဓါးမြှောင်က ခေါက်ဆွဲကြော်တစ်ပွဲ ပါဆယ်မှာပြီး‌နောက် ဂျစ်ကားဖြင့် ပြန်ထွက်သွားသည်။

နောက်တစ်နေ့တွင် အလိန် “သောင်း”ဘားသို့ ရောက်လာသည်။

ပစ္စည်းများချောမွေ့စွာရောက်သဖြင့် နောက်ထပ်စရံငွေ ဒေါ်လာတစ်သောင်းထပ်မံပေးသွားသည်။

“မင်းတို့ အောင်မြင်တယ်...ဂန္ဓမာ...ငါ ဟောင်ကောင်ကိုကြေးနန်းရိုက်လိုက်ပြီးပြီ...ဇွန်လ ၇ ရက်နေ့ညမှာ လောရီကား သုံးစီးစာပစ္စည်းတွေအပြီးပို့မယ်..အဲ့ဒီညမှာပဲ မင်းတို့ကို ငါငွေအပြတ်ချေမယ်..ဒါပြီးရင်မင်းတို့နဲ့ ငါတို့ကိစ္စပြီးပြီ”

အလိန်၏ ကားက သောင်းဘားရှေ့မှ မောင်းထွက်သွားသည်။

မရှေ့မနှောင်းပင် အလိန်၏ ကားနောက် မလှမ်းမကမ်းမှ ကားတစ်စီးက လိုက်လာ၏။

ကားပေါ်တွင် ပါလာသူကား ဝင်းမောင်နှင့် မောင်တင်။
အလိန်၏ ကားက သူငှားရမ်းနေထိုင်သည့် အခန်းရှေ့တွင် ရပ်သွားသည်။

ထို့နောက် မကြာမီ အလိန်ပြန်ဆင်းလာပြီး ကားပေါ်တက်ကာ ထွက်သွားသည်။

“ဒီညတော့အဘိုးကြီး မာကျောက်ဝိုင်းကိုသွားဆော့တာပဲ..မိုးလင်းလောက်တယ်...သူ့ဂိုထောင်ထဲ ငါတို့ ဝင်ကြမယ် မောင်တင်”
.....................................................................................
စိန်ဓါးမြှောင်က လက်ထဲတွင်ရှိသော လေးထောင့်ရှည်မျောမျောအတုံးကို ကိုင်ကြည့်သည်။

“ဂိုထောင်ထဲမှာ ဒါတွေချည်းပဲလား....ဝင်းမောင်”

“ဟုတ်တယ်..ဆရာကြီး...ကျွန်တော်လည်း ဂိုထောင်ထဲက သေတ္တာတစ်ခုကိုလက်ရာမပျက်အသာနှိုက်ကြည့်တာ..ဆပ်ပြာတောင့်ပဲထွက်လာတယ်..အများကြီးယူလာရင်လည်း သိသာသွားမှာစိုးလို့”

စိန်ဓါးမြှောင်က လက်ထဲမှ ဆပ်ပြာတုံးကိုနမ်းကြည့်လိုက်သည်။

“အင်း.တရုတ်ဖြူကောင်တွေ ချေးတွန်းဖို့ ဆပ်ပြာတောင့်တွေပို့ပေးရုံနဲ့‌ေတာ့ ဒေါ်လာတစ်သိန်း ဘယ်သူမှမပေးဘူး..တခုခုတော့ လွဲနေပြီ”

ခက်ဇော်
The Guys From Mandalay, 1950s
အခန္း(၃၂)
...................................................
၁၉၅၇ ခုႏွစ္၊ မတ္လ ၁ ရက္ေန႔တြင္ သခင္ႏုသည္ ဝန္ႀကီးခ်ဳပ္ရာထူးကို ျပန္လည္ရယူလိုက္သည္။

သုံးရက္အၾကာ မတ္လ ၄ ရက္ေန႔တြင္ ေသာင္းက်န္းသူမ်ားလက္နက္ခ်ၾကပါ၊ ဒီမိုကေရစီေဘာင္အတြင္း ဝင္ၾကပါဟု မိန႔္ခြန္းေျပာသည္။

မတ္လ ၁၁ ရက္ေန႔တြင္ ကရင္အမ်ိဳးသားမန္းဝင္းေမာင္ သမၼတျဖစ္လာ၏။

မတ္လ ၁၂ ရက္ေန႔တြင္ ပမညတဦးေဆာင္သည့္ အတိုက္အခံအမတ္မ်ားက ဖဆပလအား အယုံအၾကည္မရွိေၾကာင္း အဆိုတင္သြင္းၾကသည္။

အဆိုကိုမဲခြဲရာ အင္အားနည္းသည့္ ပမညတရႈံးနိမ့္ခဲ့သည္။

သို႔ေသာ္လည္း ပမညတ၏ စြပ္စြဲခ်က္မ်ားသည္ ဖဆပလ၏ အားနည္းခ်က္မ်ားကို ထိမွန္ျခင္းျဖစ္သျဖင့္ သခင္ႏု ႏွင္ ဦးေက်ာ္ၿငိမ္းည္ တဖက္ႏွင့္တဖက္ အျပစ္တင္ၾကရင္း ဖဆပလတြင္း ပဋိပကၡမွာ ပိုမိုျပင္းထန္လာသည္။

မတ္လ ၁၃ ရက္ေန႔ ၊ နံနက္ ၁၀ နာရီ။

“ကိုေသာင္းရီ..ခရီးမထြက္ဘူးမို႔လား”

“ရွိတယ္..ဦးေလး..ကိစၥထူးၿပီလား”

ေခ်ာရင္က အလိန္ကို ခပ္တိုးတိုးေျပာလိုက္သည္။

“ကိုေသာင္းရီ နဲ႔ ေတြ႕ရင္ ေျပာမယ္”

ေခ်ာရင္က ေအာ္ေခၚလိုက္သျဖင့္ အေပၚထပ္မွ ဂႏၶမာေသာင္းရီ ဆင္းလာသည္။

မနက္အေစာပိုင္းျဖစ္သျဖင့္ ဆိုင္အတြင္း လူမရွိေသး။
စားပြဲတစ္လုံးတြင္ သူတို႔ဝင္ထိုင္လိုက္ၾကသည္။
“ဒီလ ၃၀ ရက္ေန႔ မွာ ပထမအသုတ္ ပစၥည္းပို႔မယ္..ေသာင္းရီ..အဆင္ေျပႏိုင္မလား”

“ကြၽန္ေတာ္တို႔ဘက္က အဆင္သင့္ပဲ..အလိန္”

“အဲ့ဒါဆို  ၃၀ ရက္ေန႔ ညဆယ္နာရီမွာ ကမ္းနားလမ္းက ဂိုေထာင္အမွတ္(၁၃)ေရွ႕မွာ ေလာရီကားတစ္စီးကို ေသာ့တန္းလန္းနဲ႔ထားခဲ့မယ္။ ငါက ၂၆ ရက္ေန႔ကတည္းက က်ိဳင္းတုံကေနတဆင့္ ေနာင္ခ်ိဳမွာ ႀကိဳေရာက္ေနမယ္။ ဒါက ေနာင္ခ်ိဳမွာ မင္းတို႔ပို႔ေပးရမယ့္လိပ္စာပဲ”

“ဟုတ္ၿပီေလ....က်န္တဲ့ေငြကိစၥကေရာ”

“အဲ့ဒီအတြက္ စိတ္မပူပါနဲ႔..ေသာင္းရီ..K14 ေတြက အလုပ္နဲ႔ပတ္သက္ရင္ ကတိတည္ပါတယ္..မင္းတို႔သာ ပစၥည္းကို ေရာက္ေအာင္ပို႔၊ ေနာက္တစ္ခုက လမ္းမွာ ကားေနာက္ပါတဲ့ ပစၥည္းကိုဘာဆိုတာ လွန္ေတာင္ မၾကည့္မိဖို႔ပဲ..ေျခရာလက္ရာပ်က္တာနဲ႔ မင္းတို႔ေပၚထားတဲ့ ငါတိုယုံၾကည္မႈက ၿပီးသြားၿပီပဲ”

ထိုအခ်ိန္တြင္ အျပင္ဘက္မွ ထြန္းရင္ႏွင့္ အႏွင္းတို႔ ဝင္လာသျဖင့္ ေျပာလက္စ စကားကို ရပ္လိုက္ၾကသည္။

“ကဲ..ငါသြားမယ္”

အလိန္က ဆိုင္အျပင္သို႔ ျပန္ထြက္ၿပီး ေရွ႕တြင္ရပ္ထားသည့္ ကားေပၚတက္သြားသည္။ အႏွင္းက အလိန္ ကားေပၚတက္သြားသည္အထိ မသိမသာလိုက္အကဲခတ္ေန၏။

“မႏွင္း...ဆရာသိန္း အိမ္မွာ ရွိလား”

“ရွိပါတယ္..ကိုဂႏၶမာ”

“ငါတို႔ ဒီညေန အိမ္ကိုလာခဲ့မယ္..အလုပ္စေတာ့မယ္လို႔ေျပာလိုက္”

“ဟုတ္ကဲ့”
........................................

ထိုေန႔ညေန တြင္ ဂႏၶမာေသာင္းရီ၊ ထြန္းရင္ႏွင့္ ေခ်ာရင္တို႔ စိန္ဓါးေျမႇာင္၏ အိမ္သို႔ ေရာက္လာၾကသည္။
စိန္ဓါးေျမႇာင္ႏွင့္ေခ်ာရင္တို႔က အေပၚထပ္တြင္ ဂႏၶမာေသာင္းရီႏွင့္ စကားေျပာေနၾကသည္။

ေအာက္ထပ္တြင္ ထိုင္ေနေသာ အႏွင္းနားသို႔ ထြန္းရင္က ကပ္ထိုင္လိုက္သည္။

“အႏွင္း..မနက္ျဖန္အားလား...အကိုလာေခၚမယ္ေလ”
“မနက္ျဖန္ေတာ့မအားဘူး...ကိုထြန္းရင္..ဆရာႀကီးခိုင္းထားတာေတြရွိေသးတယ္”

“အကိုက..မနက္ျဖန္ဆို ပ်ဥ္းမနားအမတ္နဲ႔ ပ်ဥ္းမနားလိုက္သြားရေတာ့မွာ...လကုန္ခါနီးမွ ျပန္လာမွာ..အႏွင္းကို လြမ္းေနေတာ့မွာပဲ”

အႏွင္းက ၿပဳံးေနလိုက္သည္။

“အႏွင္း....တကယ္လို႔ေလ..အကိုက ဒီႏိုင္ငံက ထြက္သြားမယ္ဆို..အႏွင္းလိုကၼွာလား”

“ဟင္”

အႏွင္း ဆတ္ခနဲျဖစ္သြားသည္။

“အကိုက ဘယ္သြားမွာလဲ..ဘယ္ကိုသြားမွာလဲ”

ထြန္းရင္ကသက္ျပင္းခ်သည္။

“ဒီလိုပါပဲ...ေလွ်ာက္ေတြးၾကည့္ေနတာ..အႏွင္းမပါရင္ အကိုဘယ္ကိုမွမသြားခ်င္ဘူးကြယ္..အ..အ..အားလား”

ထြန္းရင္က ႐ုတ္တရက္ေက်ာကုန္းကို တြန႔္ၿပီး ေရွ႕သို႔ ခုန္ထြက္လိုက္သည္။

အေနာက္ဘက္တြင္ ဧရာေလးက မီးရႈိ႕ထားေသာ အေမႊးတိုင္ကို ကိုင္လ်က္ ထြန္းရင္၏ ေက်ာကုန္းကို ထိုးလိုက္ျခင္းျဖစ္သည္။

ထြန္းရင္၏ အက်ႌတြင္ အေငြ႕မ်ားထြက္ေနသည္။

“ဟယ္ေတာ္”

အႏွင္းက ထြန္းရင္၏ အက်ႌမွမီးေပါက္ကိုလက္ျဖင့္ ဖိသတ္ေပးလိုက္သည္။

“ဒီကေလးကေတာ့..လုပ္ျပန္ၿပီ..ကိုထြန္းရင္ရယ္ ကြၽန္မေတာင္းပန္ပါတယ္..‌ေပးေပး..အက်ႌခြၽတ္လိုက္..ေပါက္သြားတဲ့ ေနရာကို ကြၽန္မ ျပန္သီေပးမယ္”

အႏွင္းက ထြန္းရင္၏ အက်ႌကို ခြၽတ္ရန္ ေတာင္းသည္။
ထြန္းရင္က ၾကယ္သီးကို ျဖဳတ္ၿပီး အႏွင္းထံေပးလိုက္သည္။

“ဒါက ဘယ္လိုျဖစ္ေနၾကတာလဲ..အိမ္ေအာက္ႀကီးမွာ”

စက္ဘီးျဖင့္ ေရာက္လာသူ ခါေလး။

ခါေလးက ထြန္းရင္ႏွင့္ အႏွင္းကို အံႀကိတ္လ်က္ၾကည့္ေနသည္။

အႏွင္းက ခါေလးကို မ်က္ရိပ္ျပကာ ေခါင္းခါျပလိုက္သည္။

“ငါတို႔ခ်င္း ဘာျဖစ္ျဖစ္ေပါ့..ခါ‌ေလးရာ..မင္းနဲ႔ ဘာဆိုင္တာမွတ္လို႔”

ခါေလးက စက္ဘီးကို‌ ေဒါက္ေထာက္လိုက္ၿပီး ထြန္းရင္ႏွင့္ မ်က္ႏွာခ်င္းဆိုင္လိုက္သည္။

ထြန္းရင္ႏွင့္ ခါေလးၾကားသို႔ အႏွင္းက ဝင္ရပ္လိုက္သည္။ လက္ထဲတြင္လည္း ထြန္းရင္၏ မီးေပါက္ အက်ႌကို ကိုင္လ်က္။။

“ခါေလး..နင္ဘာျဖစ္ေနတာလဲ..ကိုထြန္းရင္ အက်ႌကို ဧရာေလးက အေမႊးတိုင္မီးစနဲ႔ထိုးလိုက္လို႔ ငါျပန္ခ်ဳပ္ေပးမလို႔..ဒီေသနာေလး ေမႊတာ ေမႊတာ”

“မႏွင္း..ကေလးကို အဲ့ဒီလိုမေျပာနဲ႔ ကြၽန္ေတာ္မႀကိဳက္ဘူး”

ခါေလးက ဧရာေလးကို ခ်ီၿပီး အိမ္ေပၚထပ္သို႔ တက္သြားသည္။

“အင္း..ကေလးအျပစ္မဟုတ္ပါဘူး..မႏွင္းရယ္..ကေလးဆိုေတာ့ ေဆာ့မွာပဲ..ကြၽန္ေတာ္ကလည္း သိသိႀကီးနဲ႔ သူ႔ကို ေက်ာေပးထိုင္ေနမိတာကိုး..ဟဲဟဲ”

“အားနာလို႔ပါ..ကိုထြန္းရင္ရယ္...ကြၽန္မသားေလးက ဆိုးတယ္...ခုန ကိုထြန္းရင္ေျပာတယ္ေလ..ဒီႏိုင္ငံက ထြက္သြားမွာဆို...ကြၽန္မက ကေလးတစ္ဖက္နဲ႔ဆိုေတာ့”

“အို..သြားရင္..ကြၽန္ေတာ္တို႔ခ်ည္းမဟုတ္ပါဘူးဗ်...ကိုဂႏၶမာတို႔..စံဘတို႔..”

“ကိုထြန္းရင္...ျပန္ၾကမယ္...ကားစက္ႏႈိးေတာ့”

ထိုအခ်ိန္တြင္ ေခ်ာရင္က အိမ္ေပၚထပ္မွ ဆင္းလာၿပီး ေအာ္ေျပာလိုက္သျဖင့္ ထြန္းရင္ ေျပာလက္စ ရပ္သြားသည္။

“အကိုျပန္ေတာ့မယ္ေနာ္...မႏွင္း”

ထြန္းရင္က ဂ်စ္ကားဆီ ထြက္သြားသည္။
ေခ်ာရင္က မႏွင္း ကို ၿပဳံးျပကာ ကားထံသို႔ ထြက္သြား၏။ ဂႏၶမာေသာင္းရီက ေနာကၼွလိုက္ဆင္းလာသည္။

ထြန္းရင္တို႔ ကားထြက္သြားၿပီးေနာက္ အႏွင္းက အိမ္ေပၚသို႔ တက္သြားသည္။

အေပၚထပ္တြင္ စိန္ဓါးေျမႇာင္၊ မျမၾကည္ ၊ ခါေလးႏွင့္ ဧရာေလးတို႔ ရွိေနၾကသည္။

မျမၾကည္က ဧရာေလးကို ခ်ီပိုးကာ ကစားေန၏။

“ခါေလး....အေျခအေနဘယ္လိုလဲေဟ့”

“မႏွင္းေပးလိုက္တဲ့ ကားနံပါတ္က အရင္ဘီအိုစီက အရာရွိတစ္ေယာက္ကားပါ။ ဒါေပမယ့္သူက အခု စကၤာပူက သြင္းကုန္လိုင္စင္ရထားတဲ့တ႐ုတ္တစ္ေယာက္ကို ႏွစ္ခ်ဳပ္နဲ႔ ငွားထားတာတဲ့။ အဲ့ဒီတ႐ုတ္ တည္းတဲ့ေနရာနဲ႔ သူ႔ဂိုေထာင္လိပ္စာလည္း ရလာပါတယ္”

“ဝင္းေမာင္နဲ႔ သန္းေအာင္ကို ေခၚ..ဒီတ႐ုတ္ပို႔မွာ ဘာပစၥည္းေတြလဲဆိုတာ သူတို႔လူေတြကိုခြဲလိုက္ခိုင္းကြာ”

“ဟုတ္ကဲ့..ဆရာႀကီး”

“ဆရာႀကီး...ကြၽန္မဒီေန႔ ထူးျခားတာတစ္ခု ထြန္းရင္ဆီက သိခဲ့ရတယ္”

“ဘာမ်ားလဲ အႏွင္း”

“ကြၽန္မကို ႏိုင္ငံျခားကို သြားရင္လိုကၼလားလို႔ေမးတယ္..ကိုဂႏၶမာတို႔လည္း ပါမွာလို႔ စကားထြက္သြားေသးတယ္..ေခ်ာရင္က ဝင္ဟန႔္သြားလို႔ ဒီ‌ေလာက္ပဲ သိလိုက္ရတယ္”

မျမၾကည္က ဧရာေလးကို အႏွင္း၏ လက္ထဲသို႔ ထည့္လိုက္ၿပီး..

“ဂႏၶမာေသာင္းရီႀကီးနဲ႔ အကိုနဲ႔ေတာ့ အႀကံတူေနၾကၿပီထင္တယ္...အကို”

“အင္း..သိပ္ေသခ်ာတာေပါ့...ျမၾကည္..ဒီတစ္ေခါက္အလုပ္ဆိုတာလည္း ဂႏၶမာေသာင္းရီရဲ႕လွည့္ကြက္ျဖစ္ခ်င္ျဖစ္ေနမွာ..ခါေလး..ဝင္းေမာင္နဲ႔ သန္းေအာင္ကို ငါက..၂၅ ရက္ေန႔မတိုင္ခင္ အဲ့ဒီတ႐ုတ္ဘာေတြလုပ္တယ္ဆိုတာ ငါသိခ်င္တယ္လို႔ေျပာလိုက္..ၿပီးေတာ့...သဘက္ခါက်ရင္ င႐ုတ္သီးဘရင္ကို ရန္ကုန္ တက္ခဲ့ဖို႔ သံႀကိဳး႐ိုက္လိုက္...တစ္ပတ္အတြင္း ထြန္းခင္ နဲ႔ င႐ုတ္သီးဘရင္ အညာကို တက္ရမယ္..လမ္းေၾကာင္းကိစၥ စီစဥ္စရာေတြရွိတယ္”

ခါေလးက မတ္တပ္ထရပ္လိုက္သည္။

ထို႔ေနာက္
“ဆရာႀကီး..ဒီကိစၥေတြ ဘယ္ေတာ့ၿပီးမွာလဲ”

“မၾကာခင္ အဆုံးသတ္သြားမွာပါ..ခါေလး”

“ျမန္ျမန္ၿပီးမွပဲ..မဟုတ္ရင္..ထြန္းရင္ဆိုတဲ့ေကာင္ကို ကြၽန္ေတာ္ သြားပစ္သတ္မိမယ္”

ခါေလးက အႏွင္းကိုပါ ဘုၾကည့္ၾကည့္သည္။
အႏွင္းက ထလာၿပီး ခါေလး ပါးကို လိမ္ဆြဲလိုက္သည္။

“ကဲ..ဆရာေလး..သဝန္တိုေနၿပီလား..မႏွင္းက ၿပီးရင္ ဓာတ္ရွင္မင္းသမီးလုပ္ေတာ့မွာေနာ္”

ခါေလးက မႏွင္းကို ဘုၾကည့္ၾကည့္ၿပီး လွည့္ထြက္သြားသည္။
စိန္ဓါးေျမႇာင္ႏွင့္ မျမၾကည္က သူတို႔ကိုၾကည့္ကာ ရယ္ေန၏။
...................................................................................
မတ္လ ၂၇ ရက္။

ဂႏၶမာေသာင္းရီက မေသာင္းစပ္ေပးသည့္ ရမ္ခြက္ကို ေသာက္ရင္း ဆိုင္တြင္ဖြင့္သည့္ ဓာတ္ျပားကို နားေထာင္ေနသည္။

ေခ်ာရင္က အျပင္မွ ဝင္လာၿပီး ေသာင္းရီေဘးတြင္ ဝင္ထိုင္လိုက္သည္။

“အကိုႀကီး...ဟိုေန႔ညအလိန္က ဘာေတြပို႔မယ္လို႔ထင္လဲ”

“နင္သိၿပီးသားပဲ ..ေခ်ာရင္”

ေခ်ာရင္က ေခါင္းခါလိုက္သည္။

“ညီမအထင္ေတာ့...အခုတစ္ေခါက္က ကြၽန္မတို႔ကို အလိန္ စာေမးပြဲစစ္တာထင္တယ္”

“ဘယ္လို”

“သူ႔ပစၥည္းေတြက ေလယာဥ္ကြင္းေဖာက္ဖို႔ယႏၲယားစက္အပိုပစၥည္းေတြဆို..ေလာ္ရီကားေသးေသးေလးတစ္စီးထဲနဲ႔ အသုတ္ခြဲပို႔တာဘာေၾကာင့္လဲ..အဲ့ဒါအကိုႀကီး စဥ္းစားမိလား”

ဂႏၶမာေသာင္းရီက ေခါင္းညိတ္လိုက္သည္။

“အကိုႀကီး ဟိုေန႔က ပ်ဴေစာထီး႐ုံးမွာ လူႏွစ္ေယာက္နဲ႔ေတြ႕တာ ညီမသိၿပီးၿပီ”

“ထြန္းရင္ ဆီက မဟုတ္လား”

“ဟုတ္တယ္..အကိုႀကီး ႏိုင္ငံျခားထြက္ဖို႔အထိ စီစဥ္ေနတာ ညီမသိတယ္..ညီမကေတာ့ ကိုစံဘကိစၥ မျပတ္ေသးပဲ ဘာမွ မလုပ္ေစခ်င္ဘူး”

“ငါတို႔အားလုံး ေကာင္းဖို႔အတြက္ ငါလုပ္ေနတာ ေခ်ာရင္”
“ဟုတ္ပါၿပီ..အဲ့ဒါဆိုလည္း ဒီတစ္ေခါက္ အလိန္ကိစၥမွာ ဟိုလူေတြနဲ႔ တစ္ခုခုအေပးအယူရွိတယ္ဆို မလုပ္နဲ႔ဦး..အဲဒီတ႐ုတ္ႀကီးကိုလည္းသိပ္မယုံနဲ႔....တကယ္လို႔ ပစၥည္းေတြပါတယ္ဆိုလည္း အေရးမပါေသးတာေတြပဲျဖစ္လိမ့္မယ္...အကိုႀကီးသူ႔ေထာင္ေခ်ာက္ထဲေရာက္သြားလိမ့္မယ္.ေနာက္တစ္ေခါက္က်မွ  ကြၽန္မတို႔ကို ယုံရၿပီဆိုမွ သူအခ်ီႀကီးသယ္လိမ့္မယ္..”

ဂႏၶမာကေခ်ာရင္ကို မ်က္ေမွာင္ႀကဳံ႕ၾကည္လိုက္၏။

“ဒီတစ္ခါပဲ ညီမကို ယုံေပးပါ..အကိုႀကီး”
.....................................................................
မတ္လ ၃၀ ရက္ေန႔ည။
ကမ္းနားလမ္းအတိုင္း ေလာ္ရီကားတစ္စီးထြက္လာသည္။

ထိုကား၏ ေရွ႕တြင္ ဂ်စ္ကားတစ္စီး။
ကားေပၚတြင္ ဂႏၶမာေသာင္းရီႏွင့္ ထြန္းရင္ ပါလာသည္။
ထြန္းရင္က ခရီးေဝးမွ ျပန္လာရသျဖင့္ ကားမေမာင္းႏိုင္။
ျပည္ဘက္သို႔ေရာက္သည္အထိ ဂႏၶမာတစ္ေယာက္တည္း ေမာင္းလာသည္။

ျပည္မွတဆင့္ မေကြးသို႔ ထြန္းရင္ကဆက္ေမာင္းသည္။
ထိုလမ္းသည္ နယ္စပ္မ်ားႏွင့္ဆက္သယ္ထားသည့္လမ္းမဟုတ္သည့္အျပင္ လက္နက္ကိုင္မ်ား စိုးမိုးထားသည့္ေနရာအခ်ိဳ႕ ရွိေနေသးသျဖင့္ အစစ္အေဆးအေမးအျမန္းနည္းပါးသည္။

ေရနံေခ်ာင္းၿမိဳ႕အဝင္ စိန္ဓါးေျမႇာင္ႏွင့္ အခ်ိန္းအခ်က္ျပဳထားေသာ ထမင္းဆိုင္‌ေရွ႕တြင္ ကားကို ရပ္လိုက္သည္။
ဂႏၶမာေသာင္းရီႏွင့္ ထြန္းရင္တို႔ က ကားေပၚမွဆင္းလိုက္သည္။

ေလာ္ရီကားကို ေမာင္းလာသည့္ ေဇာ္မိုက္ႏွင့္ ခ်စ္ညိဳ တို႔လည္း ဆင္းလာ၏။

အားလုံးကိုယ္စီ၏ ခါးၾကားတြင္ ေျခာက္လုံးျပဴးမ်ားကို အသင့္က်ည္ထိုး ေမာင္းတင္ထားၾကသည္။
ဆိုင္ထဲသို႔ ဝင္လိုက္သည္ႏွင့္ စိန္ဓါးေျမႇာင္ကို ေတြ႕လိုက္ရသည္။

“ကဲ..ေရာက္လာၾကၿပီကိုး..ႂကြပါ..ႂကြပါ”

ဆိုင္ထဲတြင္ စိန္ဓါးေျမႇာင္တစ္ေယာက္တည္းထိုင္ေနသည္။

ထမင္းဟင္းမ်ားတင္ထားသည့္စားပြဲတြင္ အမ်ိဳးသမီးငယ္တစ္ဦးသာ ထိုင္ေန၏။

“ျမႏွစ္ေရ...ဒီမွာ ဧည့္သည္ေတြ ဗိုက္ဆာေနၾကေရာ့မယ္..ထမင္းဟင္းေတြ ခ်ေပးလိုက္ပါဦး”

ဂႏၶမာက စီးကရက္ကို မီးညႇိလိုက္ၿပီး စိန္ဓါးေျမႇာင္ေဘးတြင္ ဝင္ထိုင္သည္။

“မင္းတစ္ေယာက္တည္းပါလား..စိန္ဓါးေျမႇာင္”

“ကြၽန္ေတာ္တို႔က ဓါးျပ ေတြဗ်.....မလိုအပ္ပဲ လူျမင္ကြင္းမွာ အင္အားျပမေနဘူး.”

ထြန္းရင္ က ခါးၾကားမွ ေသနတ္ထံ လက္တင္ထားၿပီး အေျခအေနကို အကဲခတ္ေနသည္။
ထမင္းဆိုင္အဝတြင္ရပ္ေနၾကေသာ ေဇာ္မိုက္ႏွင့္ ခ်စ္ညိဳကလည္း ေသနတ္မ်ားကို ကိုင္လ်က္ အသင့္အေနအထား။

“ကဲ..လာၾကပါဗ်ာ..ခင္ဗ်ားတို႔ကို ကြၽန္ေတာ္ဘာမွ အေကာက္မႀကံထားပါဘူး..လာပါ..လယ္ႂကြက္ေလးေတြ ရထားလို႔ ႂကြပ္ေနေအာင္ေၾကာ္ထားတယ္..ဝီစကီေကာင္းေကာင္းလည္းပါလာပါတယ္..မေကြးကေန ေရခဲေတာင္ တကူးတကမွာထားေသး..လာ..လာ ကိုယ့္လူတို႔”

ထြန္းရင္က သတိထားေနသည့္ပုံစံျဖင့္ လာဝင္ထိုင္သည္။
ဂႏၶမာက မီးခိုးေငြ႕မ်ားကို စိန္ဓါးေျမႇာင္ဘက္သို႔ မႈတ္ထုတ္လိုက္ၿပီး

“ကဲ..ဆရာႀကီး..ဒီတစ္ခါေရာ ဘယ္လိုအကြက္ေတြ ခင္းထားျပန္ေသးတာတုန္း..အခန္းေနာက္မွာ ပုန္းၿပီး ေသနတ္ေတြဘာေတြနဲ႔ ခ်ိန္ထားတာရွိရင္လည္း ေခၚထုတ္လိုက္ေလဗ်ာ”

“ဟား ဟား ဟား”

စိန္ဓါးေျမႇာင္က တဟားဟားရယ္သည္။

“ကဲ..တကယ္ဘယ္သူမွမရွိပါဘူးဆိုဗ်ာ..ဒီဆိုင္မွာ ျမႏွစ္နဲ႔ ကြၽန္ေတာ္ပဲရွိတာပါ..ကဲ..ခင္ဗ်ားတို႔ ကားေသာ့ေပး...မိုးမလင္းခင္ ေမာင္းမွျဖစ္မယ္”

“ခင္ဗ်ား ေမာင္းမွာလား”

“မဟုတ္ပါဘူး......ျမႏွစ္ ေမာင္းသြားမွာ”

“ဟမ္..ဒီေကာင္မေလး ေမာင္းမွာ”

“ဟုတ္တယ္ေလ..ဘာျဖစ္လို႔လဲ”

“ျဖစ္ေရာျဖစ္လို႔လား”

“ဘာမျဖစ္ရမွာလဲ...ျမႏွစ္က ဒီလမ္းဒီခရီးမွာ ဒီလိုကားေတြ ေလာက္ေတာ့ ဓါးျပတိုက္ၿပီးလုေမာင္းေနက်..ၿပီးေတာ့ ေရွ႕ႏွစ္႐ြာေက်ာ္မွာ ကြၽန္ေတာ့္လူေတြ ထပ္ေစာင့္ေနဦးမွာ”

“ခ်စ္ညိဳ...ကားေသာ့ေပးလိုက္ကြာ..ငါစိတ္ခ်မယ္ေနာ္..စိန္ဓါးေျမႇာင္”

“ေသာက္စမ္းပါဗ်ာ..ပင္ပန္းလာတယ္မဟုတ္လား..ဘာမွမဟုတ္တဲ့ ပစၥည္းေလးေတြကို”

“ဘာလဲကြ.မင္းစကားက”

စိန္ဓါးေျမႇာင္က ရယ္ရင္း ေနာက္တစ္ခြက္ငွဲ႔ကာ ထြန္းရင္ဆီ ကမ္းေပးလိုက္သည္။
ျမႏွစ္ဆိုသည့္ အမ်ိဳးသမီးငယ္က ခ်စ္ညိဳဆီမွ ကားေသာ့ကို ယူသည္။

ထို႔ေနာက္ ဆိုင္ေကာင္တာေအာက္မွ ႐ိုင္ဖယ္တစ္လက္ကို လြယ္ၿပီးထြက္လာသျဖင့္ ထြန္းရင္မွာ မ်က္လုံးျပဴးႀကီးျဖင့္လိုက္ၾကည့္ေန၏။

“ဆရာႀကီး ကြၽန္မသြားၿပီေနာ္”

“ေအး..ျမႏွစ္....နင့္အကိုႏွစ္ေကာင္ကို ေျပာလိုက္ဦး..မနက္ျဖန္ ငါ ပခုကၠဴဘက္တက္ၿပီး ရန္ကုန္ျပန္ဆင္းၿပီလို႔”

“ဟုတ္”

ျမႏွစ္က ေလာ္ရီကားတံခါးကို ဆြဲဖြင့္ၿပီး ခုန္တက္ကာ ေမာင္းထြက္သြားသည္။

“ကဲ..လာၾကပါဗ်ာ..တိုက္ခ်င္လြန္းလို႔ကိုယ့္ဆရာေတြကို ေစာင့္ေနတာ...”

ထြန္းရင္က ျမႏွစ္ကားေမာင္းသြားရာလမ္းကို လိုက္ၾကည့္ေနသည္။

“စိုးရိမ္မေနနဲ႔ ထြန္းရင္...ျမႏွစ္ က ကားေမာင္းကြၽမ္းၿပီးသား..ကားေမာင္းကြၽမ္း႐ုံတင္မကဘူး..႐ိုင္ဖယ္ကို ဘယ္ဘက္လက္နဲ႔ ပစ္ရင္ ပ်ံေနတဲ့ ငွက္ေတာင္ထိတယ္ကြ..ဒီနယ္မွာ တန္ခိုးအႀကီးဆုံး ဓါးျပဗိုလ္ ဝါဆို ဝါပို ဆိုတာ သူ႔အကိုေတြေပါ့...သူလည္း ဆယ့္ေျခာက္ႏွစ္သမီးထဲက မႏၲ‌ေလးမွာ ငါတို႔နဲ႔ဓါးျပလိုက္တိုက္‌ေနတာ”

ခ်စ္ညိဳႏွင့္ ေဇာ္မိုက္က တစ္ေယာကၼ်က္ႏွာတစ္ေယာက္ၾကည့္ၿပီး ပခုံးတြန႔္လိုက္ၾကေတာ့သည္။
....................................................................................

“‌ေရာ့..ဒီမွာ..ကြၽန္ေတာ္တို႔ ရန္ကုန္ကေန ေနာင္ခ်ိဳအထိ တပင္တပန္းပို႔ခဲ့ၾကရတဲ့ ေလာ္ရီကားထဲက အေရးႀကီးပစၥည္းေတြ..ခင္ဗ်ားအတြက္လက္ေဆာင္တစ္ခုႏႈိက္လာခဲ့တယ္”

စိန္ဓါးေျမႇာင္က ဆိုင္ထဲဝင္ဝင္လာခ်င္း ဂႏၶမာကို ပစ္ေပးလိုက္သျဖင့္ ဂႏၶမာက ဖမ္းယူလိုက္သည္။

ထို႔ေနာက္ စကၠဴပတ္ကိုခြာၾကည့္လိုက္၏။

“ဟင္”

အထဲက ပစၥည္းေၾကာင့္ ေဘးနားတြင္ထိုင္ေနေသာ မေသာင္းပါ ၿပဳံးစိစိျဖစ္သြားသည္။

“ဆပ္ျပာေတာင့္ႀကီးပါလား”

“ခင္ဗ်ားလူေတြက ကြၽန္ေတာ္တို႔ကို ဆပ္ျပာေတာင့္ေတြပို႔ခိုင္းၿပီး...ေဒၚလာတစ္သိန္းေပးေနတာပါလား..ကိုဂႏၶမာရဲ႕..ဘယ့္ႏွယ့္တုန္း”

ေခ်ာရင္ ဂႏၶမာေသာင္းရီ လက္မွဆပ္ျပာေတာင့္ကို ယူလိုက္သည္။

ထို႔ေနာက္ ဆိုင္ေရွ႕ရွိ ေျမာင္းေပါက္သို႔ ပစ္ခ်လိုက္သည္။

“ဟုတ္တယ္..ဦးေလး..ကြၽန္မတို႔ရဲ႕ သစၥာရွိမႈကို ဟိုဘက္က စာေမးပြဲစစ္တာပဲ..ရွင္ ဘာလို႔ သူတို႔ ကုန္ပစၥည္းကိုလွန္ၾကည့္ရတာလဲ”

“ၾကည့္စရာမလိုပါဘူး..ဘာေတြတင္ခဲ့လဲဆိုတာ ငါႀကိဳသိၿပီးသားပဲ..ကေလးမရဲ႕..အခုက နင္တို႔ ကိုဂႏၶမာႀကီးကို ယူလာျပတာ.အေဟး..ေဟ့ ဘယ္လိုလဲ ကိုဂႏၶမာ ကြၽန္ေတာ္မေျပာခဲ့ဖူးလား..ဘာမွ တန္ဖိုးမရွိတဲ့ ပစၥည္းေတြပို႔ခိုင္းလိုက္ပါတယ္ဆိုတာ”

ေခ်ာရင္က ဂႏၶမာေသာင္းရီကို ၾကည့္ကာ ေခါင္းညိတ္ျပလိုက္သည္။

“ဦးေလး..ဒီကိစၥဒီမွာတင္ ၿပီးလိုက္ေတာ့..သူတို႔ဘက္က ကြၽန္မတို႔ကို စာေမးပြဲစစ္တာ..ဘာပဲျဖစ္ျဖစ္ ကြၽန္မတို႔ စာေမးပြဲေအာင္သြားၿပီ...ဒီဆပ္ျပာတုံးကိစၥလည္း မသိခ်င္ေယာင္ေဆာင္ေပးေနလိုက္ပါ..မၾကာခင္ လုပ္ငန္းေသခ်ာေပါက္စေတာ့မွာပဲ”

“ဟုတ္ပါတယ္ေလ...နင္တို႔နဲ႔အလုပ္လုပ္တဲ့လူကလူေတာ္ပါပဲ...ဘာလို႔လဲဆိုေတာ့ သူလည္း ဘယ္သူ႔ကိုမွ မယုံတတ္လို႔ပဲ..ငါကလည္း အဲ့ဒီလိုမ်ိဳးမွ သေဘာက်သေဟ့”
စိန္ဓါးေျမႇာင္က ေခါက္ဆြဲေၾကာ္တစ္ပြဲ ပါဆယ္မွာၿပီး‌ေနာက္ ဂ်စ္ကားျဖင့္ ျပန္ထြက္သြားသည္။

ေနာက္တစ္ေန႔တြင္ အလိန္ “ေသာင္း”ဘားသို႔ ေရာက္လာသည္။

ပစၥည္းမ်ားေခ်ာေမြ႕စြာေရာက္သျဖင့္ ေနာက္ထပ္စရံေငြ ေဒၚလာတစ္ေသာင္းထပ္မံေပးသြားသည္။

“မင္းတို႔ ေအာင္ျမင္တယ္...ဂႏၶမာ...ငါ ေဟာင္ေကာင္ကိုေၾကးနန္း႐ိုက္လိုက္ၿပီးၿပီ...ဇြန္လ ၇ ရက္ေန႔ညမွာ ေလာရီကား သုံးစီးစာပစၥည္းေတြအၿပီးပို႔မယ္..အဲ့ဒီညမွာပဲ မင္းတို႔ကို ငါေငြအျပတ္ေခ်မယ္..ဒါၿပီးရင္မင္းတို႔နဲ႔ ငါတို႔ကိစၥၿပီးၿပီ”

အလိန္၏ ကားက ေသာင္းဘားေရွ႕မွ ေမာင္းထြက္သြားသည္။

မေရွ႕မေႏွာင္းပင္ အလိန္၏ ကားေနာက္ မလွမ္းမကမ္းမွ ကားတစ္စီးက လိုက္လာ၏။

ကားေပၚတြင္ ပါလာသူကား ဝင္းေမာင္ႏွင့္ ေမာင္တင္။
အလိန္၏ ကားက သူငွားရမ္းေနထိုင္သည့္ အခန္းေရွ႕တြင္ ရပ္သြားသည္။

ထို႔ေနာက္ မၾကာမီ အလိန္ျပန္ဆင္းလာၿပီး ကားေပၚတက္ကာ ထြက္သြားသည္။

“ဒီညေတာ့အဘိုးႀကီး မာေက်ာက္ဝိုင္းကိုသြားေဆာ့တာပဲ..မိုးလင္းေလာက္တယ္...သူ႔ဂိုေထာင္ထဲ ငါတို႔ ဝင္ၾကမယ္ ေမာင္တင္”
.....................................................................................
စိန္ဓါးေျမႇာင္က လက္ထဲတြင္ရွိေသာ ေလးေထာင့္ရွည္ေမ်ာေမ်ာအတုံးကို ကိုင္ၾကည့္သည္။

“ဂိုေထာင္ထဲမွာ ဒါေတြခ်ည္းပဲလား....ဝင္းေမာင္”

“ဟုတ္တယ္..ဆရာႀကီး...ကြၽန္ေတာ္လည္း ဂိုေထာင္ထဲက ေသတၱာတစ္ခုကိုလက္ရာမပ်က္အသာႏႈိက္ၾကည့္တာ..ဆပ္ျပာေတာင့္ပဲထြက္လာတယ္..အမ်ားႀကီးယူလာရင္လည္း သိသာသြားမွာစိုးလို႔”

စိန္ဓါးေျမႇာင္က လက္ထဲမွ ဆပ္ျပာတုံးကိုနမ္းၾကည့္လိုက္သည္။

“အင္း.တ႐ုတ္ျဖဴေကာင္ေတြ ေခ်းတြန္းဖို႔ ဆပ္ျပာေတာင့္ေတြပို႔ေပး႐ုံနဲ႔‌ေတာ့ ေဒၚလာတစ္သိန္း ဘယ္သူမွမေပးဘူး..တခုခုေတာ့ လြဲေနၿပီ”

ခက္ေဇာ္

Comments

Post a Comment