The Guys From Mandalay, 1950s အခန်း(၃၃)

The Guys From Mandalay, 1950s
အခန်း(၃၃)
...............................................................

၁၉၅၇ ဇွန်လ ၄ ရက်။ နာရီပြန် ၂ ချက်။
မိုးတဖွဲဖွဲအောက်တွင် ရန်ကုန်လမ်းမများအားလုံး တိတ်ဆိတ်ငြိမ်သက်လျက်။

ရေကျော်ရပ်၊ ဗိုလ်ချုပ်လမ်း၊ အမှတ်(၂၀၄)တွင်ရှိသော မစိန်ညွန့်ဆေးလိပ်ခုံတိုက်နဘေးသို့ လူသုံးဦးချဥ်းကပ်လာသည်။

မစိန်ညွန့်ဆေးလိပ်ခုံသည် ရန်ကုန်မြို့၏ နာမည်ကျော်ဆေးလိပ်ခုံလုပ်ငန်းကြီးတစ်ခုဖြစ်သည်။

ဆေးလိပ်သမပေါင်းထောင်ချီရှိပြီး လွတ်လပ်ရေးကာလသပိတ်တိုက်ပွဲများတွင် အရေးပါသည့်နေရာမှလည်း အကြိမ်ကြိမ်ပါဝင်ခဲ့သည့်လုပ်ငန်းကြီးဖြစ်သည်။

ဆေးလိပ်ခုံပိုင်ရှင်ဖြစ်သူ မစိန်ညွန့်၏ နေအိမ်မှာ လေးပင်သုံးခန်းသွပ်မိုးပျဥ်ထောင်နှစ်ထပ်အိမ်ဖြစ်သည်။

မစိန်ညွန့်နှင့် ညီမဖြစ်သူမသန်းတင်၊ မိခင်ဖြစ်သူ ဒေါ်အေးဆင့်တို့ မိန်းမသားများသာနေထိုင်သည့်အတွက် ဆေးလိပ်ခုံအလုပ်သမားများ၊ အလုပ်သမများကို အစောင့်အဖြစ်ခေါ်ထားသည်။

သို့သော်ငြား နာရီပြန် ၂ ချက‌္မို့ မိုးကလေးအေးအေးတွင် အားလုံး ကွေးနေကြ၏။
အိမ်နားသို့ လူသုံးယောက်ကပ်လာသော်လည်း မည်သူမျှ သတိမထားမိကြ။

ယခင်က အိမ်စောင့်ခွေးကြီးတစ်ကောင်ရှိခဲ့သော်လည်း လွန်ခဲ့သော တပတ်ကပင် ထိုခွေးကြီးမှာ အဆိပ်မိပြီး သေသွားပြီဖြစ်သည်။
အိမ်အနီးသရက်ပင်မှတဆင့် မိုးရေဆင်းပိုက်လုံးအတိုင်း လူသုံးဦး တွယ်ဖက်ကာ အိမ်အ‌ပေါ်ထပ်သို့ တက်ကြသည်။

ထို့နောက် အပေါ်ထပ်ဝရံတာသို့ ရောက်သောအခါ တံခါးမကြီးသုံးပေါက်အနက် ညာဘက်အစွန်ဆုံးမှ ပျဥ်တံခါးအား သံတူးရွင်းဖွင့် ကလပ်ဖွင့်လိုက်၏။

အပေါ်ထပ်အိမ်ရှေ့ခန်းတွင် မစိန်ညွန့်၏ ဆွေမျိုးနီးစပ်များဖြစ်သော ဒေါ်ပု၊ ဒေါ်ငယ်၊ အိမ်ဖော်မထွေးရီ တို့ အိပ်နေကြသည်။

မျက်နှာတွင် လက်ကိုင်ပုဝါအဖြူစည်းထားပြီး ငွေရောင်ခြောက်လုံးပြူးကို ကိုင်ထားသောသူက အိမ်ရှေ့တွင် အိပ်နေကြသော မိန်းမတစ်သိုက်ကို နှိုးလိုက်သည်။
ထို့နောက် အသံမထွက်ရန် ပါးစပ်များတွင် အဝတ်များစို့လိုက်ပြီး အသင့်ပါလာသည့် လေထီးကြိုးနှင့် တုပ်နှောင်လိုက်သည်။

ထို့နောက်အိပ်ခန်းများအတွင်းသို့ ဝင်ပြီး မစိန်ညွန့်၏ မိခင် ဒေါ်အေးဆင့် နှင့် ညီမဖြစ်သူ မသန်းတင်တို့ကို ခေါ်ထုတ်ကာ လေထီးကြိုးဖြင့် တုပ်လိုက်၏။

ထို့နောက် ဓါးမြှောင်ကိုင်ထားသူက အမျိုးသမီးများအား စောင့်ကြပ်နေစဥ် သေနတ်ကိုင်ထားသူနှင့် ဓါးရှည်ကိုင်ထားသူတို့က အောက်ထပ်သို့ ဆင်းသွားကြသည်။
အောက်ထပ်တွင် အလုပ်သမား မောင်သိန်းမောင်၊မောင်လှငွေ၊မောင်လေးမောင်တို့ အိပ်နေကြသည်။
ထိုသူများကိုလည်း သေနတ်ဖြင့် ချိန်နှိုးပြီး ကြိုးဖြင့်တုပ်ကာ အပေါ်ထပ်သို့ ခေါ်ခဲ့သည်။

ထို့နောက် အားလုံးကို ခြင်ထောင်ဖြင့် အုပ်လိုက်သည်။

“အခု ဓါးပြတိုက်နေတာနော်..တစ်ယောက္မှ မလှုပ်နဲ့ လှုပ်တဲ့သူပစ်မှာ..ဘယ်မလဲ မီးခံသေတ္တာသော့..ပေး”

ဓါးပြတစ်ဦးက မစိန်ညွန့်၏ မိခင် ပါးစပ်မှ အဝတ်ကို ထုတ်ပေးပြီး ပြောလိုက်သည်။

“ကျွန်မသမီး မစိန်ညွန့်ဆီမှာပါ...ကျွန်မတို့မှာ မရှိပါဘူး”

“မစိန်ညွန့် ဘယ်မှာလဲ”

“မသိပါဘူးရှင်”

ဓါးပြသုံးဦး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။
ဓါးမြှောင်ကိုင်ထားသူက အနောက်ဖေးဘက်သို့ အသာဝင်သွားသည်။

အိမ်သာကား မှောင်နေ၏။
အိမ်သာတံခါးကို အသာဆွဲဖွင့်ကြည့်သည်။ အထဲမှ ဂျက်ထိုးထား၏။

“အစ်မကြီး...အိမ်သာတက်ချင်တယ်ဆိုလည်း တက်ပါ....တဆိတ်လောက် ကျေးဇူးပြုပြီး မီးခံသေတ္တာသော့လေး ပေးပါလား”

တံခါးကို သုံးချက်ခေါက်လိုက်သည်။အိမ်သာက ငြိမ်သက်လျက်။

“အချိန်တွေကြာတယ်..အမကြီး..အပြင်ကလူတွေ..တစ်ခုခုဖြစ်ကုန်မယ်နော်”

ဂျက်ဖွင့်သံနှင့်အတူ အိမ်သာတံခါးပွင့်လာသည်။
မစိန်ညွန့်၏ လည်ပင်းကို ဓါးမြှောင်က ထောက်ထားပြီးသားဖြစ်သွား၏။

မစိန်ညွန့်က အတွင်းခံအင်္ကျီအိတ်ထဲမှ မီးခံသေတ္တာသော့ကို ထုတ်ပေးလိုက်သည်။
အပြင်သို့ရောက်လာပြီးနောက် မစိန်ညွန့်ကို လက်ပြန်ကြိုးတုပ်လိုက်၏။

မီးခံသေတ္တာကို ဖွင့်ကာ  ငွေသားနှင့် ရွှေထည်ပစ္စည်းများကို အမျိုးအစားစိတ်ရှည်လက်ရှည်ခွဲကာ အိတ်များထဲသို့ ထည့်ကြသည်။

အိတ်များကို အမတွင် ဓါးရှည်ကိုင်ဓါးပြ၏ မျက်နှာမှ ပဝါအဖြူစမှာ လျော့ကနဲ အောက်သို့ ပြေကျသွား၏။

“ဟေ့ကောင်..ဂရုစိုက်လေကွာ..”
ခေါင်းဆောင်ဖြစ်သူက ဟန့်လိုက်သည်။

ထို့နောက် ဓါးပြသုံးဦးမှာ အိမ်အောက်ထပ် တံခါးမှ ဂျက်ကို ဖွင့်ကာ အေးအေးဆေးဆေးပင် ထွက်ခွာသွားကြတော့သည်။

မစိန်ညွန့်ဆေးလိပ်ခုံမှ စိန်အလုံးရေ ၁၀၀ ပါရှိသော စိန်ဘယက်တစ်ကုံး၊ စိန်၁၅ လုံးပါ စိန်လည်ကပ်နှစ်ကုံး၊ စိန် ၅၀ ပါ စိန်ဆွဲကြိုးတစ်ကုံး၊ ၁၂ ရတီရှိ စိန်နားကပ်တစ်ရံ၊ ၅ ရတီရှိ စိန်နားကပ်တစ်ရံ၊ စိန်လက်ကောက်လေးကွင်း၊ စိန်အလုံး ၅၀ နှင့် မြ ၁၆ လုံးပါလက်ကေက်တစ်ကွင်း၊ စိန် ၆၁လုံးပါ စိန်လက်ပတ်ကြိုးတစ်ခု၊ ၄၅ ရတီရှိ စိန်ကြယ်သီး ငါးလုံး၊ စိန်လက်စွပ်နှစ်ကွင်း၊ စိန်ဘီးကုပ်၊ စိန်ကြယ်သီဂကွင်းငါးခု၊ သုံးကျပ်သားရွှေဘီး၊ ဒေါ်သန်းတင်တွင်ဝတ်ဆင်ထားသော စိန်ဆွဲကြိုး၊ စိန်လက်ကောက်၊ စိန်နားကပ်၊စိန်လက်စွပ်နှင့် ငွေကျပ်တစ်သိန်းကျော် ပါရှိသည်။

စုစုပေါင်း ငွေကျပ်ခုနှစ်သိန်းဖို့ လုယက်မှုသည် ထိုခေတ်ကာလက အများဆုံးပမာဏဖြစ်သည်။
(ထိုခေတ်က ငွေတစ်သိန်းလျှင် ပြည်လမ်းပေါ်တွင် ခြံကျယ်ကြီးနှင့် တိုက်အိမ်သစ်တစ်လုံး ဝယ်ယူနိုင်သဖြင့် ပြည်လမ်းမပေါ်မှ အိမ်ခြံခုနှစ်လုံးစာတန်ဖိုးဓါးပြတိုက်ယူသွားခြင်းဖြစ်သည်)

နောက်တနေ့တွင် မစိန်ညွန့်အိမ် ဓါးပြတိုက်ခံရသည့်သတင်းကား သတင်းစာများတွင် ခေါင်းကြီးစာလုံမဲကြီးများ ဖြင့် အပြိုင်အဆိုင်ပါရှိလာကြသည်။
ထိုစဥ်က ဒုတိယဝန်ကြီးချုပ်ဖြစ်သော ဦးကျော်ငြိမ်း၏ ဇနီးဒေါ်နွဲ့နွဲ့ရီ၊ ဝန်ကြီးသခင်သာခင် နှင့် အစိုးရအဖွဲ့ဝင်များ ပင် မစိန်ညွန့်အိမ်သို့ ရောက်ရှိလာကာ သတင်းမေးကြသည်။

ရဲတပ်ဖွဲ့ဝင်များအတွက်လည်း မစိန်ညွန့်ဆေးလိပ်ခုံဓါးပြမှုသည် အကြီးမားဆုံး ဖိအားကြီးဖြစ်လာခဲ့သည်။
....................................................................................

မစိန်ညွန့်ဆေးလိပ်ခုံဓါးပြမှုမဖြစ်ပွားမီ တစ်လအလို ၁၉၅၇ မေလ ၂ ရက်နေ့တွင် ရန်ကုန်မြို့၏ အကြီးကျယ်ဆုံး မြို့လယ်ခေါင်ဓါးပြမှုကြီးကို စိန်ဓါးမြှောင်မှ ဦးဆောင်ကာ အစီအစဥ်ချခဲ့ခြင်းဖြစ်သည်။

ဇွန်လ ၇ ရက်နေ့တွင် အလိန်၏ပစ္စည်းများအား အပြီးသတ်ပို့ဆောင်တော့မည်ဟု ဂန္ဓမာသောင်းရီက စိန်ဓါးမြှောင်ထံ အကြောင်းကြားခဲ့သည်။

နောက်ထပ် ဒေါ်လာငါး‌ေထာင်ကိုပါ ထပ်မံ‌ပေးခဲ့သည်။ ကျန်ငွေကို ပစ္စည်းပို့ပြီးမှ ပေးမည်ဟု ဆိုသည်။

ထိုညနေတွင် စိန်ဓါးမြှောင်က ရန်ကုန်မြို့ပေါ်ရှိ သူလက်ရွေးစင်လူများကို အစည်းအဝေးခေါ်လိုက်သည်။

“မကြာခင်မှာ ငါအလုပ်ကြီးကြီးတစ်ခုလုပ်ပြီး ‌လူမြင်ကွင်းကနေ နှစ်နှစ်လောက်ကိုယ်ယောင်ဖျောက်နေမယ်၊ ငါဘယ်မှာ ရှိနေမယ်ဆိုတာ မင်းတို့ လူရင်းတွေကိုပဲ ငါပြောခဲ့မယ်၊ဒီကြားထဲမှာ မင်းတို့အဆင်ပြေအောင် ငါ အစီအစဥ်တစ်ခုဆွဲထားတယ်”

အားလုံးက စိန်ဓါးမြှောင်ထံမှ စကားကို နားထောင်နေကြသည်။

“အနှင်း ဧရာလေးအိပ်တဲ့ ခေါင်းအုံး သွားယူခဲ့”

အနှင်းက အောက်ထပ်သို့ ဆင်းသွားပြီး ဧရာလေးအိပ်သည့်ခေါင်းအုံးကို ယူခဲ့သည်။
ကလေးအိပ်သည့်ခေါင်းအုံးဖြစ်သဖြင့် ခေါင်းအုံးမှာ ချေးအထပ်ထပ်ညစ်ပတ်နေသည်။

စိန်ဓါးမြှောင်က ဓါးမြှောင်တစ်ချောင်းကိုထုတ်လိုက်ပြီး ခေါင်းအုံးကို ခွဲချလိုက်သည်။

ခေါင်းအုံးထဲမှ ရွှေထည်များထွက်လာ၏။

“ခါလေး..ဒီအစည်းအဝေးမှာ တက်တဲ့လူစာရင်းအတိုင်း ဒီရွှေတွေကို ပုံလိုက်”

ဆရာတင်၊ အနှင်း၊ ဝင်းမောင်၊ မောင်တင်၊ သန်းအောင်၊ ထွန်းခင် ဟု အမည်များရွတ်ကာ ခါလေးက  ခြောက်ပုံပုံလိုက်သည်။

“ခါလေး..မင်းကရော”

“ကျွန်တော်က ဆရာကြီးဘယ်သွားသွားလိုက္မှာပါ..မလိုပါဘူး”

စိန်ဓါးမြှောင်က ခါလေးကို ကြည့်ပြီးရယ်လိုက်သည်။

“ဘာလဲမင်းက အနှင်းကို ငါက ထွန်းရင်ဆီ သွားသွားခိုင်းနေလို့ စိတ်ခုတယ်ပေါ့.အလုပ်သဘောပါကွာ..ဒါလည်း ပြီးပါပြီ...ကဲ..မမြကြည်...မနက်ဖြန်ကျရင် ခါလေးနဲ့ အနှင်းကို မန္တလေးမှာ ဝယ်ပေးထားတဲ့ အိမ်သော့ပေးလိုက်တော့...မင်းတို့ကို ငါလက်ဖွဲ့တာ”

“ဗျာ..ဆရာကြီး”

“ကဲ..မင်းကိစ္စ ခဏထားကွာ...ကဲ ခါလေး..တစ်ယောက်တစ်ပုံစီ ဝေပေးလိုက်”

ရွှေထည်များကို ဝေပေးလိုက်သည်။

“ငါတို့ နှစ်နှစ်လောက် ကိုယ်ယောင်ဖျောက္မှာဖြစ်တဲ့အတွက် ဒီလောက်ပစ္စည်းနဲ့တော့ မလုံလောက်ဘူး...ပြီး‌တော့ ငါ့အတွက်လည်း ငွေလိုတယ်...အခု ငါလက်ခံထားတဲ့အလုပ်ကို မင်းတို့သိသင့်သလောက်တော့သိမှာပါ..အဲ့ဒီအလုပ် က သူတို့ပြောတဲ့ငွေအမောင့်ရဖို့ထက် ငါ့ကိုသတ်ချင်လို့ မျှားတာလို့ပဲ ငါမြင်တယ်...အစိုးရရဲ့ထောင်ချောက်လား..ဂန္ဓမာသောင်းရီရဲ့ ထောင်ချောက်လားတော့ ငါမသိဘူး.ဒီပွဲက သူသေကိုယ်သေအကောက်ကြံကြမယ့်ပွဲ.သေမြေကြီးရှင်ရွှေထီးပဲ..ဒီပွဲမှာ နိုင်နိုင်ရှုံးရှုံး ငါတို့ဆက်နေလည်း ငါတို့ကို သခင်နုဘက်ကရော ဆိုရှယ်လစ်တွေကရော ဒီအတိုင်းထားမယ်မထင်ဘူး..သတ်ရင်သတ် မသတ်ရင် ထောင်ထဲပို့မှာပဲ..ဒီတော့ ငါက အားလုံးနဲ့ဝေးရာကို သွားပြီး ခဏခြေရာဖျောက်နေမယ်..ငါမသွားခင်...ငါတို့ နောက်ဆုံးဘိတ် အချီကြီးတစ်ပွဲနွှဲကြမယ်”

စိန်ဓါးမြှောင်က သတင်းစာတစ်စောင်ကို ယူကာ ဝင်းမောင်ရှေ့သို့ ပစ်ချပေးလိုက်သည်။

“ဝင်းမောင်..မင်း မစိန်ညွန့်ဆေးလိပ်ခုံကိုသိလား”

“သိပါတယ်..ဆရာကြီး”

“ဒီထဲမှာ မစိန်ညွန့်ဆေးပေါ့လိပ်အတု လုပ်တဲ့လူတွေကို စုံစမ်းပေးရင် ဆုငွေပေးမယ်လို့ ကြေညာထားတယ်”

“ဟုတ်ကဲ့..အတုလုပ်တဲ့အိမ်တွေကိုတော့ သန်းအောင်သိပါတယ်..သူတို့တွံ‌ေတးဘက္မှာလုပ်တာ”

“အေး..ဟုတ်ပြီ..မင်းနဲ့သန်းအောင်က မစိန်ညွန့်အိမ်ကိုဝင် အတုလုပ်တဲ့အိမ်တွေကို သတင်းပေးပြီး ရင်းနှီးအောင်လုပ်..ပြီးရင် အိမ်အဝင်အထွက်လမ်းတွေသေချာမှတ်....အိမ်မှာနေတဲ့ လူဦးရေ သေချာမှတ်...ခွေးတွေဘာတွေရှိရင်လည်း ဘယ်နှစ်ကောင်လဲသေချာစာရင်းလုပ်ကြ”

“ဟုတ်ကဲ့..ဆရာကြီး”

“ဇွန်လ ၄ ရက်နေ့ည ၈ နာရီမှာ ဝင်းမောင်၊ မောင်တင်၊ သန်းအောင်က ငါ့အိမ်ကိုလာခဲ့..အိမ်မှာ နတ်ပြကြမယ်..ငါက ခြောက်လုံးပြူးတစ်လက်ပေးလိုက်မယ်..ပြီးရင် မင်းတို့ ရေကျော်က .ဇော် ရုပ်ရှင်ရုံမှာ ညကိုးနာရီခွဲပွဲကို မင်းတို့သုံးယောက်ဝင်ကြည့်နေ...ရုပ်ရှင်က ဆယ့်တစ်နာရီခွဲလောက်ပြီးလိမ့်မယ်..ပြီးတာနဲ့ မစိန်ညွန့်အိမ်နားကို ညနှစ်နာရီမထိုးခင်အရောက်သွား...ငါအစီအစဥ်ဆွဲပေးတဲ့အတိုင်း ဝင်တိုက်ရမယ်။ ပြီးရင် ငါ့အိမ်ကိုတန်းလာကြ။ မင်းတို့ကို ရသင့်တဲ့ဝေစုခွဲပေးမယ်။ ပြီးရင် နောက်နေ့မှာ ပခုက္ကူကို ငါတန်းတက်တော့မှာ...ဒီကိစ္စပြီးရင်..မင်းတို့အားလုံးလည်း လူစုခွဲတော့”

“ဆရာကြီး ကျွန်တော်လည်းလိုက္မယ်လေ”

“မင်းအတွက်ကအလုပ်ရှိတယ်ခါလေး....ငါက ဆရာတင်နဲ့သွားမှာ..ပခုက္ကူက ဆေးဆရာတွေဖိတ်ထားတဲ့ပွဲကိုလည်းသွားရမယ်..ပြီးတော့ ငါ့ညီမဝမ်းကွဲ မရွှေသန်းအလှူအိမ်မှာ ငါတည်းနေမယ်..ဇွန် ၈ ရက်နေ့မှာ ငါတို့အလုပ်က အဖြေထွက်မှာပဲ...ငါက ပခုက္ကူကနေပြီး ဂန္ဓမာသောင်းရီတို့ကို ဆိုရှယ်လစ်စစ်ဗိုလ်တွေလမ်းမှာ ဘယ်လိုဖမ်းလဲဆိုတာ အခြေအနေစောင့်နေမယ်..မင်းက ဒီမှာပဲ ဟန်မပျက်နေပြီး မြကြည်နှင့် အနှင်းကို စောင့်ရှောက်ထား. ငါ့အိမ်မှာရှိတဲ့လက်နက်တွေအကုန်လုံးကို ငန်းနက်ဆီ ပြန်ပို့ဖို့ ထွန်းခင်နဲ့ မရင် က မနက်ဖန်ကစပြီးလုပ်တော့..ဇွန် ၉ ရက် မှာ ငါသံကြိုးရိုက်လိုက်တာနဲ့ မင်းတို့ မန္တလေးက ငါဝယ်ပေးထားတဲ့ အိမ်ကို တက်လာကြ..ပြီးရင် ငါတို့ ဘယ်ဆက်သွားကြမယ်ဆိုတာ ဟိုရောက်မှပြောမယ်”

“ဟုတ်ကဲ့..ဆရာကြီး”
..............................................................

ရဲတပ်ဖွဲ့သည် ထိုအမှုကို ကျစ်ကျစ်လျစ်လျစ် ဖိဖိစီစိးလိုက်သည်။
မြို့လယ်ခေါင်တွင် သိန်းပေါင်းများစွာတိုက်သွားသော ဓါးပြမှုဖြစ်သဖြင့် ရန်ကုန်ရဲအဖွဲ့အတွက် သိက္ခာကျစရာဖြစ်ခဲ့သည်။

မြို့မစုံထောက်အဖွဲ့ကပါ အမှုပေါ်ပေါက်ရန် အသည်းအသန်းကြိုးစားလာသည်။
ရဲတပ်ဖွဲ့ကား ရန်ကုန်နှင့် အနီးတဝိုက်ပဲခူး၊ သန်လျင်စသောမြို့များသို့ပင် လိုက်လံစုံစမ်းကြ၏။

သို့သော်သတင်းအစနပင်မရ။
ဓါးပြမှုကြီးအား အစီအစဥ်ချမှတ်ခဲ့သူ စိန်ဓါးမြှောင်ကား ပခုက္ကူသို့ပင် ထွက်ခွာသွားပြီဖြစ်သည်။

ဓါးပြမှုဖြစ်ပြီး နှစ်ရက်အကြာ ဇွန်လ ၆ ရက်။
ရန်ကုန်မြို့ အလယ်ပိုင်း ရဲဝန်ထောက်ဦးဘဟန် ၏ အိမ်သို့ စာတစ်စောင်ရောက်လာသည်။

ထိုစာအား ဦးဘဟန်ဇနီးက စုံထောက်ရုံးသို့ လိုက်ပေး၏။
စာကိုဖွင့်ဖောက်ဖတ်ပြီးသည့်အခါ ဦးဘဟန်က ရဲမင်းကြီးဦးဘိုထံ ချက်ချင်းဖုန်းခေါ်လိုက်သည်။

ထို့နောက်မကြာမီ ရဲဝန်ထောက်ဦးဘဟန်၊ ဗိုလ်တစ်ထောင်ရဲဌာနအုပ်ဦးကျော်ဖေ၊ ကျောက်တံတားရဲဌာနအုပ် ဦးမြမောင်၊ အလယ်ပိုင်းရဲတပ်ဖွဲ့ဒုစရိုက်နှိမ်နင်းရေးအဖွဲ့ခေါင်းဆောင်ဦးဘကျင်တို့ ဦးဆောင်သော ရဲအင်အားများသည် မော်တော်များဖြင် တွံတေးဘက်သို့ ထွက်ခွာသွားကြတော့သည်။

မကြာမီ ရဲတပ်ဖွဲ့ဝင်များသည် မစိန်ညွန့်ဓါးပြမှုတွင် ပါဝင်သော ယူနွတ်ခေါ် သန်းအောင်ကို တွံတေးမြို့၊ အုန်းတောရပ်၊ ကုလားတန်း ရှိ သူ၏ ဇနီးလောင်း မသန်းကြည်အိမ်တွင် ဖမ်းဆီးမိခဲ့ကြသည်။

သန်းအောင်နှင့် ဇနီးမသန်းကြည်တို့ကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးလာပြီးနောက် ရန်ကုန်သို့ ခေါ်မလာပဲ ရန်ကုန်မြစ်ထဲရှိ မော်တော်တစ်စင်းပေါ်တွင် ချုပ်နှောင်ကာ ရန်ကုန်ဒုတိယရဲမင်းကြီး ဦးသန်းကိုယ်တိုင် စစ်ကြောမေးမြန်းလေသည်။

ည ၇ နာရီခွဲတွင် ရန်ကုန်တိုင်းရဲမင်းကြီးဦးဘို ကိုယ်တိုင် အမှုစစ်မော်တော်ရှိရာသို့ သီးသန့်မော်တော်တစ်စင်းဖြင့် ထပ်ရောက်လာတော့သည်။
သူတို့အဓိကသိချင်သည်ကား ဓါးပြမှု ဆိုသည်ထက် စိန်ဓါးမြှောင် မည်သည့်နေရာတွင်ရှိသည်ဆိုသည့် သတင်းစကားပင်တည်း။
................................................................................

ထိုနေ့ညနေတွင်ပင် “သောင်း”ဘားအပေါ်ထပ်တွင် ဂန္ဓမာသောင်းရီ၊ မသောင်း၊ ချောရင်၊ထွန်းရင်၊ ချစ်ညို၊ ဇော်မိုက်တို့ ဆိုင်ပိတ်ပြီး အစည်းအဝေးလုပ်ကြသည်။

“လော်ရီကားတွေ သုံးစီးကို မောင်းဖို့  မင်းစီစဥ်ထားပြီးပြီလား ထွန်းရင်”

“ဟုတ်ကဲ့..ကျွန်တော်နဲ့ချစ်ညို၊ ဇော်မိုက်တို့ မောင်းမှာပါ”

“ဟိုထမင်းဆိုင်မှာ စိန်ဓါးမြှောင်ကို လက်ထဲကို ကားတွေလွှဲပြီးတာနဲ့ မင်းတို့က နောက်ကလိုက်လာမယ့် ပျူစောထီးတပ်တွေကိုစောင့်၊ ရှေ့ရွာတွေမှာ စစ်ရဲနဲ့ပျူစောထီးပူးပေါင်းအဖွဲ့တွေက အဲ့ဒီကားတွေကို တားထားလိမ့်မယ်၊ ပျူစောထီးအဖွဲ့တွေ ထမင်းဆိုင်ကို လာဝိုင်းပြီးတာနဲ့ မင်းတို့က စိန်ဓါးမြှောင်ကို အဲ့ဒီမှာတင် အသေပစ်သတ်လိုက်တော့..ဟုတ်ပြီလား..ဂရုစိုက်ရမယ်နော်”

“ဟုတ်ကဲ့.ကိုဂန္ဓမာ”

“ချောရင် သင်္ဘောငှားပြီးပြီလား”

“သင်္ဘောလည်း အဆင်သင့်ပါပဲ... ဗိုလ်မောင်မောင်နဲ့ အတူတူ မြစ်ဝက စစ်သင်္ဘောကိုလည်း ပိုက်ဆံပေးပြီး ညှိပြီးပါပြီ..အဲ့ဒီညတန်းတက်ရုံပါပဲ”

“ဟုတ်ပြီ..ငါနဲ့ မသောင်းက အလိန်ဆီက ငွေရပြီးတာနဲ့..သင်္ဘောနဲ့ မြိတ်ဘက်ဘက် ထွက်မယ်..ဗိုလ်မောင်မောင်က ကမ်းခြေစောင့်ရေတပ်ကို ငွေပေးပြီး ညှိထားပြီးသားပဲ....စံဘ အယူခံအမိန့်က နောက်တစ်လ စီရင်ချက်ကျမယ်..ချောရင်ကို ငါ ဒေါ်လာတစ်သောင်းပေးခဲ့မယ်..သခင်နုလူတွေကိုလည်း ငါသေချာပြောခဲ့ပြီးပြီ..အဲ့ဒီငွေတွေသုံးလိုက်ရင် စံဘသေချာပေါက်လွတ်ပြီ..ချောရင်...စံဘလွတ်တာနဲ့ နင်နဲ့ထွန်းရင်က မြိတ်ကို လိုက်လာကြ...ငါတို့ ပီနန်းဘက် တန်းထွက်တော့မယ်”

“မသောင်းက ပီနန်းက ဟူစိန်ကြီးဆီ သံကြိုးရိုက်ပြီးပြီလား”

“သူ့ဆီက သံကြိုးစာတောင် ပြန်ရပြီးပြီ..အားလုံးအဆင်သင့်လုပ်ပေးထားမယ်တဲ့...အကို”

ထိုအချိန်တွင် ဆိုင်ရှေ့မှ ကားတစ်စီးဆိုက်လာသံကြားရသည်။

“ဇော်မိုက်..တံခါးသွားဖွင့်ပြီး..အသာကြည့်..လူစိမ်းဆို အဝင်မခံနဲ့..ရဲတို့ဘာတို့ဆို ပစ်သာပစ်”

ထွန်းရင်က ဇော်မိုက်ကို ခြောက်လုံးပြူးပေးလိုက်သည်။
ခဏအကြာဇော်မိုက် ပြန်တက်လာသည်။

“ဟိုတရုတ်အဘိုးကြီး..ကိုထွန်းရင်”

“အေး...ငါတို့ဆင်းလာခဲ့မယ်..အထဲခေါ်ထားလိုက်”

ဂန္ဓမာသောင်းရီ ၊ ချောရင်နှင့် ထွန်းရင်တို့ အိမ်အောက်သို့ဆင်းလိုက်ကြသည်။

“မနက်ဖြန် ညအတွက် အဆင်သင့်ဖြစ်ကြပြီလား..သောင်းရီ”

အလိန်က ခုံတစ်လုံးတွင်ဝင်ထိုင်ရင်း မေးလိုက်သည်။
ဂန္ဓမာသောင်းရီက စီးကရက်တစ်လိပ် ကမ်းပေးလိုက်၏။

“နိုး..ဒါငါ ဘိန်းရှုချိန်ကွ”

“ဘိန်းတော့ မရဘူး..ကိုအလိန်”

“အေးပါ...လောလောဆယ်..မနက်ဖန်ကိစ္စ ပြောနေတာ”
“ဟိုတခါလမ်းကြောင်းအတိုင်း ကျွန်တော်တို့ သေချာလုပ်ထားပြီးပြီ..ခင်ဗျားဘက် ကျန်တဲ့ငွေသာ”

“ငါမင်းကို ယုံတယ်..ဂန္ဓမာ...ကျန်တဲ့ငွေကို မနက်ဖန်ည မင်းတို့ ဆိပ်ကမ်းက ငါ့ဂိုထောင်ရှေ့ ရောက်တာနဲ့ ငါခိုင်းထားတဲ့ တရုတ်တစ်ယောက်က မင်းတို့လက်အပ်လိမ့်မယ်...မနက်ဖြန်မနက်ဆို ငါမြန်မာနိုင်ငံမှာ မရှိတော့ဘူး..ဟိုကို ငါတို့ ပစ္စည်းတွေချောမောစွာရောက်လိမ့်မယ်လို့ ငါယုံကြည်ပါတယ်...မဟုတ်ရင်တော့...K14 တွေ သတ်လို့မရတဲ့လူ ကမ္ဘာမှာ မရှိသေးဘူး..အင်း..သတ်ရုံတင်မဟုတ်ဘူး..မသတ်ခင်ခံရမယ့်ငရဲတွေပါဖန်တီးပေးသေးတာ.. ဒီတော့... မင်းမသေခင်မှာ ငရဲဆိုတာ ဘယ်လိုလဲဆိုတဲ့ အရသာကို ဒေါ်လာတစ်သိန်းနဲ့ လဲလိုက်တယ်လို့ပဲ ငါသတိပေးပါရစေ”

ဂန္ဓမာသောင်းရီက အလိန်ကို ပခုံးတွန့်ပြလိုက်သည်။
...................................................................................

ဇွန်လ ၇ ရက်နေ့ နံနက်လေးနာရီ။
ပုဇွန်တောင်၊ညောင်တန်လမ်း၊ အမှတ်(၃၈)နေအိမ်သို့ ရဲများရုတ်တရက်ဝင်ရောက်စီးနင်းလိုက်ကြသည်။

လက်နက်များအားလုံးကိုလည်း ငန်းနက်ဆီ အပြီးသတ်ပို့ကာ ဖျောက်ဖျက်ထားပြီမို့ ရဲတပ်ဖွဲ့ဝင်များ အလွယ်တကူပင် ဝင်ရောက်နိုင်ခဲ့ကြသည်။

မမြကြည်၊ အနှင်းနှင့် ခါလေးတို့ကို ဖမ်းဆီးနိုင်ခဲ့သည်။
အိမ်အားရှာဖွေရာ ငွေအနည်းငယ်မျှလွဲပြီး တိုက်ရာပါမည်သည့်ပစ္စည်းမျှမတွေ့ခဲ့ကြရသဖြင့် ရဲတပ်ဖွဲ့အကြပ်ရိုက်သွားကြသည်။

တစ်ချိန်တည်းတွင်ပင် အောက်ပုဇွန်တောင်လမ်းရှိ လှသိင်္ဂီဆံပင်ညှပ်ဆိုင်အား ဝင်ရောက်ဖမ်ဆီးရာ ရင်ရင်ကိုသာဖမ်းဆီးရမိခဲ့သည်။

ခင်ပွန်းဖြစ်သူထွန်းခင်မှာ မော်လမြိုင်ဘက်သို့ ခရီးသွားနေသဖြင့် လွတ်မြောက်သွားခဲ့သည်။
ကမ်းနားလမ်းရှိ ဝင်းမောင်၏ အိမ်သို့ ဝင်ရောက်ရှာဖွေသောအခါ ဝင်းမောင် မှာ ရဲများအား သေနတ်ဖြင့် ပစ်ခတ်ကာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

ဇနီးမစိန်ရီကိုမူ ငွေတစ်သောင်းခွဲ၊ စိန်လက်ကောက်တစ်ရံ ၊ စိန်ဘယက်တစ်ကုံး နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အလုံမြို့နယ်၊လွတ်လပ်ရေးကွက်သစ်အတွင်းမှ မောင်တင်နေထိုင်ရာအိမ်သို့ ဝင်ရောက်စီးနင်းရာတွင် မောင်တင်အား ဖမ်းမမိပဲ မောင်တင်၏ ညီ မောင်ကြည်နှင့် မရီတို့ကိုသာ ဖမ်းဆီးရမိခဲ့သည်။

ရဲတပ်ဖွဲ့ကား ညတွင်းချင်းပင် စိန်ဓါးမြှောင်ဂိုဏ်း၏ ရန်ကုန်မြို့ပေါ် ပင်မလက်တံများကို ဖိုက်စိပ်တိုက်ရှာဖွေကာ ဖမ်းဆီးပစ်ခဲ့သည်။
ထိုသတင်းကို သတင်းစာများတွင်မပါစေရန် အထူးလျှို့ဝှက်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

သို့မဟုတ်ပါက သတင်းများကို စိန်ဓါးမြှောင်ဖတ်မိပြီး ခြေရာမဖျောက်သွားစေရန်အတွက် လျှို့ဝှက်စစ်ဆင်ရေးလုပ်ခဲ့ခြင်းဖြစ်သည်။
သခင်နုအစိုးရကလည်း စိန်ဓါးမြှောင်ကို ဖမ်းဆီးမိရေး အတွက် ရဲတပ်ဖွဲ့အပေါ် ဖိအားများပေးနေခဲ့သည်။
ရန်ကုန်မြို့ပေါ်ရှိ သူ၏ မိသားစုနှင့်စိန်ဓါးမြှောင်ဂိုဏ်းခေါင်းဆောင်များ ဖမ်းဆီးခံရသည့်သတင်းကို ပခုက္ကူမှ စိန်ဓါးမြှောင် သည် လုံးဝမသိရှိခဲ့။

ထိုအချိန်တွင် စိန်ဓါးမြှောင်သည် ဂန္ဓမာသောင်းရီ တို့နှင့် အချိန်းအချက်လုပ်ထားသော ထမင်းဆိုင်တွင် ဆိုရှယ်လစ်စစ်ဗိုလ်များ၏တပ်မှ စစ်သားများက ကင်းပုန်းဝပ်ကာစောင့်မည့် အစီအစဥ်ကို ဆွဲပေးနေသည်။

တရုတ်ဖြူတို့ထံပို့မည့် ပစ္စည်းကားနှင့်အတူ  ဂန္ဓမာသောင်းရီကို လက်ရဖမ်းရန်အတွက် မြနှစ် နှင့် အတူ ဝါဆို၊ ဝါပို ညီအစ်ကိုအဖွဲ့က တပ်နှင့် ပူးပေါင်းကာ ထမင်းဆိုင်ပတ်လည်တွင် ဇွန်လ ၇ ရက်နေ့ နေ့လည်ပိုင်းကတည်းက ကြိုတင်နေရာယူထားကြပြီဖြစ်သည်။

စိန်ဓါးမြှောင်ကား ထမင်းဆိုင်တွင်မနေပဲ သူ့အား အလွယ်တကူဝင်ရောက်လုပ်ကြံ၊ ဖမ်းဆီးရန် မလွယ်ကူနိုင်သည့် ပခုက္ကူရှိ အလှူမဏ္ဏပ်ထဲတွင် ရှိနေကာ ဝါဆိုဝါပိုတို့ထံမှ သတင်းစကားကို စောင့်နေမည်ဖြစ်သည်။
ဇွန်လ ၇ ရက်နေ့တွင် အားလုံးကား ပရိယာယ်ကိုယ်စီဖြင့်။
...................................................................................
ဇွန်လ ၇ ရက်။
ည ၈ နာရီ။

ဂန္ဓမာသောင်းရီ၊ မသောင်း၊ ချောရင်၊ ထွန်းရင်၊ ချစ်ညို၊ဇော်မိုက် တို့ ဂျစ်ကားဖြင့် ဆိပ်ကမ်းရှိ အလိန်၏ ဂိုထောင်ရှိရာသို့ ထွက်ခဲ့ကြသည်။
ဆိပ်ကမ်းကား ဂိုထောင်အချို့ဆီမှ မီးရောင်အချို့မှ လွဲပြီး မှောင်မိုက်နေသည်။

ဂိုထောင်ရှေ့တွင် ပက်လက်ကုလားထိုင်ဖြင့် လူတစ်ဦးဆေးလိပ်ဖွာနေ၏။

ဂန္ဓမာသောင်းရီတို့ ကားက ဂိုထောင်ရှေ့တွင် ရပ်လိုက်သောအခါ ထိုသူက ထလာသည်။

“ကိုသောင်းရီဆိုတာလား”

“အေး..ဟုတ်တယ်..ပို့ရမယ့်ကားတွေရော”

“တကယ်ပို့ရမယ့်ပစ္စည်းတွေက ဒီဂိုထောင်မှာမထားပါဘူး..တစ်နေရာမှာထားတာပါ..လာပါလိမ့်မယ်”

ဆယ့်ငါးမိနစ်ခန့်အကြာတွင် ကားသုံးစီး မီးပိတ်လျက် ဝင်လာသည်။
ဂိုထောင်ရှေ့တွင် ရပ်လိုက်သည်။
ကားပေါ်မှ လူသုံးဦးက ဆင်းကာ မှောင်ရိပ်ထဲ ပျောက်ကွယ်သွားကြသည်။
ဆေးလိပ်ဖွာနေသည့်လူက ဂန္ဓမာသောင်းရီဆီသို့ လျှောက်လာပြီး အထုတ်တစ်ထုတ်ကို လက်ထဲ ထည့်ပေးလိုက်သည်။

“ဒါဦးလိန် ပေးခဲ့တဲ့ အထုတ်ပဲ....ကျွန်တော်သွားပြီ”

ထိုသူထွက်သွားပြီးနောက် ဂန္ဓမာက မှောင်ရိပ်ထဲတွင် အထုတ်အားဖြည်ကြည့်သည်။
ချောရင်က လက်နှိပ်ဓာတ်မီးကို ထုတ်ကာ ထိုးပြလိုက်၏။

“ချောရင်..ရော့..သေချာရေကြည့်လိုက်..ကဲထွန်းရင် ကားပေါ်တက်ပြီးသွားကြတော့ဟေ့...ချောရင် သင်္ဘောဘယ်နားမှာလဲ”

ထိုအချိန်တွင် ချောရင်၏ လှုပ်ရှားမှုကြောင့် ဂန္ဓမာသောင်းရီ ကြောင်သွားသည်။

“ဟင်..ချောရင်..ဘာလုပ်တာလဲ”

ချောရင်ကလက်တစ်ဖက်က ငွေထုတ်ကို ကိုင်ပြီး တစ်ဖက်က ခြောက်လုံးပြူးဖြင့် ဂန္ဓမာသောင်းရီ၏ နားထင်ကို ချိန်ထားခြင်းဖြစ်သည်။

“ညီမတို့ ဒီပစ္စည်းတွေကို ဘယ်ကိုမှ မပို့ဘူး..အကိုကြီး”

“နင်ဘာလုပ်တာလဲ..နင်ဘာလုပ်တာလဲ..‌ဟေ့ကောင်..ထွန်းရင်..မင်း.ညီမ..မင်းညီမ”

ထွန်းရင်က က ခါးကြားမှ သေနတ်ကိုထုတ်လိုက်ပြီး

“အခုချိန်မှာ ချောရင်ပြောတာ..နားထောင်လိုက်ပါ...ကိုဂန္ဓမာ”
မသောင်းကား အခြေအနေကို နားမလည်နိုင်အောင် ဖြစ်နေသည်။

ဇော်မိုက်နှင့် ချစ်ညိုတို့က မသောင်းဘေးတွင် ရပ်ကာ သေနတ်ကိုယ်စီဖြင့် မတ်တပ်ရပ်နေကြသည်။
ချောရင်၏ ကြိုတင်စီစဥ်မှုမှန်း ဂန္ဓမာသောင်းရီ သိလိုက်ရသည်။

ထိုစဥ် ရှေ့မှ ကားတစ်စီးက သူတို့လူအုပ်ကို မီးထိုးထားလိုက်သည်။
ကားပေါ်မှ လူငါးဦးဆင်းလာသည်။

အလယ်မှ ပုဂ္ဂိုလ်က ရွေရောင်ဦးထုတ်ကြီး လိုးလိုးလက်လက်ဖြင့်။
ဂန္ဓမာသောင်းရီက သေချာစိုက်ကြည့်ပြီး တအံတသြရေရွတ်လိုက်သည်။

“မဂျစ်ခန်း”

“ကျုပ်တို့ ပြန်တွေ့ကြပြီနော် ကိုဂန္ဓမာသောင်းရီ”

မဂျစ်ခန်းဘေးမှ အသံထွက်လာသူက နာဂျစ်အာရတ်။
ဂန္ဓမာသောင်းရီက အံကိုကြိတ်ထားသည်။

မဂျစ်ခန်းက ကားဘောနက်ဖုံးတွင် မှီလိုက်ရင်း
“ချောရင်...နင့်ကတိအတွက် နင့်ကို‌လေးစားပါတယ်..ကဲ..အခု ဒီကိစ္စပြီးရင် ငါ့ကိုတဝက်ခွဲပေးမယ်ဆိုတဲ့ ဒေါ်လာငါးသောင်း ဘယ်မှာလဲ”

ချောရင်က လက်ထဲမှ ပိုက်ဆံထုတ်ကို မြှောက်ပြလိုက်သည်။

“နာဂျစ် သွားယူ”

နာဂျစ်အာရတ်က ချောရင်ရှိရာသို့ လျှောက်လာသည်။
ချောရင်ထံမှ ငွေထုတ်ကို ယူရန်ပြင်လိုက်စဥ် ချောရင်ထံမှ သေနတ်သံဒိုင်းခနဲထွက်လာသည်။
နာဂျစ်ကား ဗိုက်ကို နှိပ်လျက် ခွေလဲကျသွား၏။

မဂျစ်ခန်းက သေနတ်ကို ထုတ်ချိန်လိုက်သည်။ သူနှင့်အတူပါလာသူများကလည်း စတင်းဂန်းကိုယ်စီဖြင့် ချောရင်တို့ကို ချိန်ထား၏။

ဇော်မိုက်နှင့် ချစ်ညို ကလည်း သေနတ်များဖြင့် သူတို့ကို ပြန်ချိန်ထားလိုက်သည်။
နာဂျစ်ကား ချောရင် ခြေရင်းတွင် တအီးအီးညည်းညူနေသည်။

“နင်က ငါ့အကို ကျောကုန်းကို ဓါးနဲ့ ခုတ်တယ် ဟုတ်လား နာဂျစ်..ကဲ..အကိုထွန်းရင်”

ထွန်းရင်က ဓားမြှောင်ကို ထုတ်ကာ နာဂျစ်၏ ကျောကုန်းအဆုတ်ရှိရာတည့်တည့်သို့ တစ်ချက်တည်း ထိုးစိုက်ချလိုက်၏။
နာဂျစ်အသက်ပျောက်သွားခဲ့ပြီ။

“နင် ကတိမတည်ဘူး..ချောရင်..အဲ့ဒီအတွက် နင်တို့ အားလုံးသေရမယ်”

မဂျစ်ခန်းက လှမ်းအော်သည်။

“ကျွန်မ ဘာမှ မရှင်းပြချင်တော့ဘူး..မဂျစ်..ရှင့်ကို ကျွန်မရဲ့ စီးပွားဖက်ပါတနာက ရှင်းပြလိမ့်မယ်..ဟိုမှာ သူတို့လာနေပြီ”

“ဘာ”

ထိုအချိန်တွင် ဆိပ်ကမ်းဘက်တွင် ရပ်ထားသော သင်္ဘောတစ်စီးပေါ်မှ သူတို့ထံသို့ဆလိုက်မီးများ ထိုးလိုက်သည်။
သင်္ဘောဆိပ်မှ သူတို့ထံလာနေကြသော လူနှစ်ယောက်။
ရှေ့ဆုံးမှ လူက ဥရောပဝတ်စုံကို သေသေသပ်သပ်ဝတ်ထားပထန် ခေါင်းပေါင်းကို ပေါင်းထားသည်။

ထိုသူက သူတို့နှစ်ဖွဲ့၏ အလယ်သို့ ရပ်လိုက်ပြီး ပထန်စကားဖြင့် ပြောလိုက်သည်။

“မဂျစ်ခန်း....ဒီမဒမ်ဟာ ငါ့ရဲ့ စီးပွားရေးမိတ်ဆွေပဲ.....မင်း ဒီကနေ လှည့်ပြန်သွားတော့”

မဂျစ်ခန်းကား မီးရောင်အောက္မှ လူ၏ မျက်နှာကိုကြည့်ပြီး အလွန်အမင်းထိတ်လန့်သွားသည်။

ခက်ဇော်

အပိုင်း (၃၄)
The Guys From Mandalay, 1950s
အခန္း(၃၃)
...............................................................

၁၉၅၇ ဇြန္လ ၄ ရက္။ နာရီျပန္ ၂ ခ်က္။
မိုးတဖြဲဖြဲေအာက္တြင္ ရန္ကုန္လမ္းမမ်ားအားလုံး တိတ္ဆိတ္ၿငိမ္သက္လ်က္။

ေရေက်ာ္ရပ္၊ ဗိုလ္ခ်ဳပ္လမ္း၊ အမွတ္(၂၀၄)တြင္ရွိေသာ မစိန္ၫြန႔္ေဆးလိပ္ခုံတိုက္နေဘးသို႔ လူသုံးဦးခ်ဥ္းကပ္လာသည္။

မစိန္ၫြန႔္ေဆးလိပ္ခုံသည္ ရန္ကုန္ၿမိဳ႕၏ နာမည္ေက်ာ္ေဆးလိပ္ခုံလုပ္ငန္းႀကီးတစ္ခုျဖစ္သည္။

ေဆးလိပ္သမေပါင္းေထာင္ခ်ီရွိၿပီး လြတ္လပ္ေရးကာလသပိတ္တိုက္ပြဲမ်ားတြင္ အေရးပါသည့္ေနရာမွလည္း အႀကိမ္ႀကိမ္ပါဝင္ခဲ့သည့္လုပ္ငန္းႀကီးျဖစ္သည္။

ေဆးလိပ္ခုံပိုင္ရွင္ျဖစ္သူ မစိန္ၫြန႔္၏ ေနအိမ္မွာ ေလးပင္သုံးခန္းသြပ္မိုးပ်ဥ္ေထာင္ႏွစ္ထပ္အိမ္ျဖစ္သည္။

မစိန္ၫြန႔္ႏွင့္ ညီမျဖစ္သူမသန္းတင္၊ မိခင္ျဖစ္သူ ေဒၚေအးဆင့္တို႔ မိန္းမသားမ်ားသာေနထိုင္သည့္အတြက္ ေဆးလိပ္ခုံအလုပ္သမားမ်ား၊ အလုပ္သမမ်ားကို အေစာင့္အျဖစ္ေခၚထားသည္။

သို႔ေသာ္ျငား နာရီျပန္ ၂ ခ်က‌ၼိဳ့ မိုးကေလးေအးေအးတြင္ အားလုံး ေကြးေနၾက၏။
အိမ္နားသို႔ လူသုံးေယာက္ကပ္လာေသာ္လည္း မည္သူမွ် သတိမထားမိၾက။

ယခင္က အိမ္ေစာင့္ေခြးႀကီးတစ္ေကာင္ရွိခဲ့ေသာ္လည္း လြန္ခဲ့ေသာ တပတ္ကပင္ ထိုေခြးႀကီးမွာ အဆိပ္မိၿပီး ေသသြားၿပီျဖစ္သည္။
အိမ္အနီးသရက္ပင္မွတဆင့္ မိုးေရဆင္းပိုက္လုံးအတိုင္း လူသုံးဦး တြယ္ဖက္ကာ အိမ္အ‌ေပၚထပ္သို႔ တက္ၾကသည္။

ထို႔ေနာက္ အေပၚထပ္ဝရံတာသို႔ ေရာက္ေသာအခါ တံခါးမႀကီးသုံးေပါက္အနက္ ညာဘက္အစြန္ဆုံးမွ ပ်ဥ္တံခါးအား သံတူး႐ြင္းဖြင့္ ကလပ္ဖြင့္လိုက္၏။

အေပၚထပ္အိမ္ေရွ႕ခန္းတြင္ မစိန္ၫြန႔္၏ ေဆြမ်ိဳးနီးစပ္မ်ားျဖစ္ေသာ ေဒၚပု၊ ေဒၚငယ္၊ အိမ္ေဖာ္မေထြးရီ တို႔ အိပ္ေနၾကသည္။

မ်က္ႏွာတြင္ လက္ကိုင္ပုဝါအျဖဴစည္းထားၿပီး ေငြေရာင္ေျခာက္လုံးျပဴးကို ကိုင္ထားေသာသူက အိမ္ေရွ႕တြင္ အိပ္ေနၾကေသာ မိန္းမတစ္သိုက္ကို ႏႈိးလိုက္သည္။
ထို႔ေနာက္ အသံမထြက္ရန္ ပါးစပ္မ်ားတြင္ အဝတ္မ်ားစို႔လိုက္ၿပီး အသင့္ပါလာသည့္ ေလထီးႀကိဳးႏွင့္ တုပ္ေႏွာင္လိုက္သည္။

ထို႔ေနာက္အိပ္ခန္းမ်ားအတြင္းသို႔ ဝင္ၿပီး မစိန္ၫြန႔္၏ မိခင္ ေဒၚေအးဆင့္ ႏွင့္ ညီမျဖစ္သူ မသန္းတင္တို႔ကို ေခၚထုတ္ကာ ေလထီးႀကိဳးျဖင့္ တုပ္လိုက္၏။

ထို႔ေနာက္ ဓါးေျမႇာင္ကိုင္ထားသူက အမ်ိဳးသမီးမ်ားအား ေစာင့္ၾကပ္ေနစဥ္ ေသနတ္ကိုင္ထားသူႏွင့္ ဓါးရွည္ကိုင္ထားသူတို႔က ေအာက္ထပ္သို႔ ဆင္းသြားၾကသည္။
ေအာက္ထပ္တြင္ အလုပ္သမား ေမာင္သိန္းေမာင္၊ေမာင္လွေငြ၊ေမာင္ေလးေမာင္တို႔ အိပ္ေနၾကသည္။
ထိုသူမ်ားကိုလည္း ေသနတ္ျဖင့္ ခ်ိန္ႏႈိးၿပီး ႀကိဳးျဖင့္တုပ္ကာ အေပၚထပ္သို႔ ေခၚခဲ့သည္။

ထို႔ေနာက္ အားလုံးကို ျခင္ေထာင္ျဖင့္ အုပ္လိုက္သည္။

“အခု ဓါးျပတိုက္ေနတာေနာ္..တစ္ေယာကၼွ မလႈပ္နဲ႔ လႈပ္တဲ့သူပစ္မွာ..ဘယ္မလဲ မီးခံေသတၱာေသာ့..ေပး”

ဓါးျပတစ္ဦးက မစိန္ၫြန႔္၏ မိခင္ ပါးစပ္မွ အဝတ္ကို ထုတ္ေပးၿပီး ေျပာလိုက္သည္။

“ကြၽန္မသမီး မစိန္ၫြန႔္ဆီမွာပါ...ကြၽန္မတို႔မွာ မရွိပါဘူး”

“မစိန္ၫြန႔္ ဘယ္မွာလဲ”

“မသိပါဘူးရွင္”

ဓါးျပသုံးဦး တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္လိုက္ၾကသည္။
ဓါးေျမႇာင္ကိုင္ထားသူက အေနာက္ေဖးဘက္သို႔ အသာဝင္သြားသည္။

အိမ္သာကား ေမွာင္ေန၏။
အိမ္သာတံခါးကို အသာဆြဲဖြင့္ၾကည့္သည္။ အထဲမွ ဂ်က္ထိုးထား၏။

“အစ္မႀကီး...အိမ္သာတက္ခ်င္တယ္ဆိုလည္း တက္ပါ....တဆိတ္ေလာက္ ေက်းဇူးျပဳၿပီး မီးခံေသတၱာေသာ့ေလး ေပးပါလား”

တံခါးကို သုံးခ်က္ေခါက္လိုက္သည္။အိမ္သာက ၿငိမ္သက္လ်က္။

“အခ်ိန္ေတြၾကာတယ္..အမႀကီး..အျပင္ကလူေတြ..တစ္ခုခုျဖစ္ကုန္မယ္ေနာ္”

ဂ်က္ဖြင့္သံႏွင့္အတူ အိမ္သာတံခါးပြင့္လာသည္။
မစိန္ၫြန႔္၏ လည္ပင္းကို ဓါးေျမႇာင္က ေထာက္ထားၿပီးသားျဖစ္သြား၏။

မစိန္ၫြန႔္က အတြင္းခံအက်ႌအိတ္ထဲမွ မီးခံေသတၱာေသာ့ကို ထုတ္ေပးလိုက္သည္။
အျပင္သို႔ေရာက္လာၿပီးေနာက္ မစိန္ၫြန႔္ကို လက္ျပန္ႀကိဳးတုပ္လိုက္၏။

မီးခံေသတၱာကို ဖြင့္ကာ  ေငြသားႏွင့္ ေ႐ႊထည္ပစၥည္းမ်ားကို အမ်ိဳးအစားစိတ္ရွည္လက္ရွည္ခြဲကာ အိတ္မ်ားထဲသို႔ ထည့္ၾကသည္။

အိတ္မ်ားကို အမတြင္ ဓါးရွည္ကိုင္ဓါးျပ၏ မ်က္ႏွာမွ ပဝါအျဖဴစမွာ ေလ်ာ့ကနဲ ေအာက္သို႔ ေျပက်သြား၏။

“ေဟ့ေကာင္..ဂ႐ုစိုက္ေလကြာ..”
ေခါင္းေဆာင္ျဖစ္သူက ဟန႔္လိုက္သည္။

ထို႔ေနာက္ ဓါးျပသုံးဦးမွာ အိမ္ေအာက္ထပ္ တံခါးမွ ဂ်က္ကို ဖြင့္ကာ ေအးေအးေဆးေဆးပင္ ထြက္ခြာသြားၾကေတာ့သည္။

မစိန္ၫြန႔္ေဆးလိပ္ခုံမွ စိန္အလုံးေရ ၁၀၀ ပါရွိေသာ စိန္ဘယက္တစ္ကုံး၊ စိန္၁၅ လုံးပါ စိန္လည္ကပ္ႏွစ္ကုံး၊ စိန္ ၅၀ ပါ စိန္ဆြဲႀကိဳးတစ္ကုံး၊ ၁၂ ရတီရွိ စိန္နားကပ္တစ္ရံ၊ ၅ ရတီရွိ စိန္နားကပ္တစ္ရံ၊ စိန္လက္ေကာက္ေလးကြင္း၊ စိန္အလုံး ၅၀ ႏွင့္ ျမ ၁၆ လုံးပါလက္ေကက္တစ္ကြင္း၊ စိန္ ၆၁လုံးပါ စိန္လက္ပတ္ႀကိဳးတစ္ခု၊ ၄၅ ရတီရွိ စိန္ၾကယ္သီး ငါးလုံး၊ စိန္လက္စြပ္ႏွစ္ကြင္း၊ စိန္ဘီးကုပ္၊ စိန္ၾကယ္သီဂကြင္းငါးခု၊ သုံးက်ပ္သားေ႐ႊဘီး၊ ေဒၚသန္းတင္တြင္ဝတ္ဆင္ထားေသာ စိန္ဆြဲႀကိဳး၊ စိန္လက္ေကာက္၊ စိန္နားကပ္၊စိန္လက္စြပ္ႏွင့္ ေငြက်ပ္တစ္သိန္းေက်ာ္ ပါရွိသည္။

စုစုေပါင္း ေငြက်ပ္ခုႏွစ္သိန္းဖို႔ လုယက္မႈသည္ ထိုေခတ္ကာလက အမ်ားဆုံးပမာဏျဖစ္သည္။
(ထိုေခတ္က ေငြတစ္သိန္းလွ်င္ ျပည္လမ္းေပၚတြင္ ၿခံက်ယ္ႀကီးႏွင့္ တိုက္အိမ္သစ္တစ္လုံး ဝယ္ယူႏိုင္သျဖင့္ ျပည္လမ္းမေပၚမွ အိမ္ၿခံခုႏွစ္လုံးစာတန္ဖိုးဓါးျပတိုက္ယူသြားျခင္းျဖစ္သည္)

ေနာက္တေန႔တြင္ မစိန္ၫြန႔္အိမ္ ဓါးျပတိုက္ခံရသည့္သတင္းကား သတင္းစာမ်ားတြင္ ေခါင္းႀကီးစာလုံမဲႀကီးမ်ား ျဖင့္ အၿပိဳင္အဆိုင္ပါရွိလာၾကသည္။
ထိုစဥ္က ဒုတိယဝန္ႀကီးခ်ဳပ္ျဖစ္ေသာ ဦးေက်ာ္ၿငိမ္း၏ ဇနီးေဒၚႏြဲ႕ႏြဲ႕ရီ၊ ဝန္ႀကီးသခင္သာခင္ ႏွင့္ အစိုးရအဖြဲ႕ဝင္မ်ား ပင္ မစိန္ၫြန႔္အိမ္သို႔ ေရာက္ရွိလာကာ သတင္းေမးၾကသည္။

ရဲတပ္ဖြဲ႕ဝင္မ်ားအတြက္လည္း မစိန္ၫြန႔္ေဆးလိပ္ခုံဓါးျပမႈသည္ အႀကီးမားဆုံး ဖိအားႀကီးျဖစ္လာခဲ့သည္။
....................................................................................

မစိန္ၫြန႔္ေဆးလိပ္ခုံဓါးျပမႈမျဖစ္ပြားမီ တစ္လအလို ၁၉၅၇ ေမလ ၂ ရက္ေန႔တြင္ ရန္ကုန္ၿမိဳ႕၏ အႀကီးက်ယ္ဆုံး ၿမိဳ႕လယ္ေခါင္ဓါးျပမႈႀကီးကို စိန္ဓါးေျမႇာင္မွ ဦးေဆာင္ကာ အစီအစဥ္ခ်ခဲ့ျခင္းျဖစ္သည္။

ဇြန္လ ၇ ရက္ေန႔တြင္ အလိန္၏ပစၥည္းမ်ားအား အၿပီးသတ္ပို႔ေဆာင္ေတာ့မည္ဟု ဂႏၶမာေသာင္းရီက စိန္ဓါးေျမႇာင္ထံ အေၾကာင္းၾကားခဲ့သည္။

ေနာက္ထပ္ ေဒၚလာငါး‌ေထာင္ကိုပါ ထပ္မံ‌ေပးခဲ့သည္။ က်န္ေငြကို ပစၥည္းပို႔ၿပီးမွ ေပးမည္ဟု ဆိုသည္။

ထိုညေနတြင္ စိန္ဓါးေျမႇာင္က ရန္ကုန္ၿမိဳ႕ေပၚရွိ သူလက္ေ႐ြးစင္လူမ်ားကို အစည္းအေဝးေခၚလိုက္သည္။

“မၾကာခင္မွာ ငါအလုပ္ႀကီးႀကီးတစ္ခုလုပ္ၿပီး ‌လူျမင္ကြင္းကေန ႏွစ္ႏွစ္ေလာက္ကိုယ္ေယာင္ေဖ်ာက္ေနမယ္၊ ငါဘယ္မွာ ရွိေနမယ္ဆိုတာ မင္းတို႔ လူရင္းေတြကိုပဲ ငါေျပာခဲ့မယ္၊ဒီၾကားထဲမွာ မင္းတို႔အဆင္ေျပေအာင္ ငါ အစီအစဥ္တစ္ခုဆြဲထားတယ္”

အားလုံးက စိန္ဓါးေျမႇာင္ထံမွ စကားကို နားေထာင္ေနၾကသည္။

“အႏွင္း ဧရာေလးအိပ္တဲ့ ေခါင္းအုံး သြားယူခဲ့”

အႏွင္းက ေအာက္ထပ္သို႔ ဆင္းသြားၿပီး ဧရာေလးအိပ္သည့္ေခါင္းအုံးကို ယူခဲ့သည္။
ကေလးအိပ္သည့္ေခါင္းအုံးျဖစ္သျဖင့္ ေခါင္းအုံးမွာ ေခ်းအထပ္ထပ္ညစ္ပတ္ေနသည္။

စိန္ဓါးေျမႇာင္က ဓါးေျမႇာင္တစ္ေခ်ာင္းကိုထုတ္လိုက္ၿပီး ေခါင္းအုံးကို ခြဲခ်လိုက္သည္။

ေခါင္းအုံးထဲမွ ေ႐ႊထည္မ်ားထြက္လာ၏။

“ခါေလး..ဒီအစည္းအေဝးမွာ တက္တဲ့လူစာရင္းအတိုင္း ဒီေ႐ႊေတြကို ပုံလိုက္”

ဆရာတင္၊ အႏွင္း၊ ဝင္းေမာင္၊ ေမာင္တင္၊ သန္းေအာင္၊ ထြန္းခင္ ဟု အမည္မ်ား႐ြတ္ကာ ခါေလးက  ေျခာက္ပုံပုံလိုက္သည္။

“ခါေလး..မင္းကေရာ”

“ကြၽန္ေတာ္က ဆရာႀကီးဘယ္သြားသြားလိုကၼွာပါ..မလိုပါဘူး”

စိန္ဓါးေျမႇာင္က ခါေလးကို ၾကည့္ၿပီးရယ္လိုက္သည္။

“ဘာလဲမင္းက အႏွင္းကို ငါက ထြန္းရင္ဆီ သြားသြားခိုင္းေနလို႔ စိတ္ခုတယ္ေပါ့.အလုပ္သေဘာပါကြာ..ဒါလည္း ၿပီးပါၿပီ...ကဲ..မျမၾကည္...မနက္ျဖန္က်ရင္ ခါေလးနဲ႔ အႏွင္းကို မႏၲေလးမွာ ဝယ္ေပးထားတဲ့ အိမ္ေသာ့ေပးလိုက္ေတာ့...မင္းတို႔ကို ငါလက္ဖြဲ႕တာ”

“ဗ်ာ..ဆရာႀကီး”

“ကဲ..မင္းကိစၥ ခဏထားကြာ...ကဲ ခါေလး..တစ္ေယာက္တစ္ပုံစီ ေဝေပးလိုက္”

ေ႐ႊထည္မ်ားကို ေဝေပးလိုက္သည္။

“ငါတို႔ ႏွစ္ႏွစ္ေလာက္ ကိုယ္ေယာင္ေဖ်ာကၼွာျဖစ္တဲ့အတြက္ ဒီေလာက္ပစၥည္းနဲ႔ေတာ့ မလုံေလာက္ဘူး...ၿပီး‌ေတာ့ ငါ့အတြက္လည္း ေငြလိုတယ္...အခု ငါလက္ခံထားတဲ့အလုပ္ကို မင္းတို႔သိသင့္သေလာက္ေတာ့သိမွာပါ..အဲ့ဒီအလုပ္ က သူတို႔ေျပာတဲ့ေငြအေမာင့္ရဖို႔ထက္ ငါ့ကိုသတ္ခ်င္လို႔ မွ်ားတာလို႔ပဲ ငါျမင္တယ္...အစိုးရရဲ႕ေထာင္ေခ်ာက္လား..ဂႏၶမာေသာင္းရီရဲ႕ ေထာင္ေခ်ာက္လားေတာ့ ငါမသိဘူး.ဒီပြဲက သူေသကိုယ္ေသအေကာက္ႀကံၾကမယ့္ပြဲ.ေသေျမႀကီးရွင္ေ႐ႊထီးပဲ..ဒီပြဲမွာ ႏိုင္ႏိုင္ရႈံးရႈံး ငါတို႔ဆက္ေနလည္း ငါတို႔ကို သခင္ႏုဘက္ကေရာ ဆိုရွယ္လစ္ေတြကေရာ ဒီအတိုင္းထားမယ္မထင္ဘူး..သတ္ရင္သတ္ မသတ္ရင္ ေထာင္ထဲပို႔မွာပဲ..ဒီေတာ့ ငါက အားလုံးနဲ႔ေဝးရာကို သြားၿပီး ခဏေျခရာေဖ်ာက္ေနမယ္..ငါမသြားခင္...ငါတို႔ ေနာက္ဆုံးဘိတ္ အခ်ီႀကီးတစ္ပြဲႏႊဲၾကမယ္”

စိန္ဓါးေျမႇာင္က သတင္းစာတစ္ေစာင္ကို ယူကာ ဝင္းေမာင္ေရွ႕သို႔ ပစ္ခ်ေပးလိုက္သည္။

“ဝင္းေမာင္..မင္း မစိန္ၫြန႔္ေဆးလိပ္ခုံကိုသိလား”

“သိပါတယ္..ဆရာႀကီး”

“ဒီထဲမွာ မစိန္ၫြန႔္ေဆးေပါ့လိပ္အတု လုပ္တဲ့လူေတြကို စုံစမ္းေပးရင္ ဆုေငြေပးမယ္လို႔ ေၾကညာထားတယ္”

“ဟုတ္ကဲ့..အတုလုပ္တဲ့အိမ္ေတြကိုေတာ့ သန္းေအာင္သိပါတယ္..သူတို႔တြံ‌ေတးဘကၼွာလုပ္တာ”

“ေအး..ဟုတ္ၿပီ..မင္းနဲ႔သန္းေအာင္က မစိန္ၫြန႔္အိမ္ကိုဝင္ အတုလုပ္တဲ့အိမ္ေတြကို သတင္းေပးၿပီး ရင္းႏွီးေအာင္လုပ္..ၿပီးရင္ အိမ္အဝင္အထြက္လမ္းေတြေသခ်ာမွတ္....အိမ္မွာေနတဲ့ လူဦးေရ ေသခ်ာမွတ္...ေခြးေတြဘာေတြရွိရင္လည္း ဘယ္ႏွစ္ေကာင္လဲေသခ်ာစာရင္းလုပ္ၾက”

“ဟုတ္ကဲ့..ဆရာႀကီး”

“ဇြန္လ ၄ ရက္ေန႔ည ၈ နာရီမွာ ဝင္းေမာင္၊ ေမာင္တင္၊ သန္းေအာင္က ငါ့အိမ္ကိုလာခဲ့..အိမ္မွာ နတ္ျပၾကမယ္..ငါက ေျခာက္လုံးျပဴးတစ္လက္ေပးလိုက္မယ္..ၿပီးရင္ မင္းတို႔ ေရေက်ာ္က .ေဇာ္ ႐ုပ္ရွင္႐ုံမွာ ညကိုးနာရီခြဲပြဲကို မင္းတို႔သုံးေယာက္ဝင္ၾကည့္ေန...႐ုပ္ရွင္က ဆယ့္တစ္နာရီခြဲေလာက္ၿပီးလိမ့္မယ္..ၿပီးတာနဲ႔ မစိန္ၫြန႔္အိမ္နားကို ညႏွစ္နာရီမထိုးခင္အေရာက္သြား...ငါအစီအစဥ္ဆြဲေပးတဲ့အတိုင္း ဝင္တိုက္ရမယ္။ ၿပီးရင္ ငါ့အိမ္ကိုတန္းလာၾက။ မင္းတို႔ကို ရသင့္တဲ့ေဝစုခြဲေပးမယ္။ ၿပီးရင္ ေနာက္ေန႔မွာ ပခုကၠဴကို ငါတန္းတက္ေတာ့မွာ...ဒီကိစၥၿပီးရင္..မင္းတို႔အားလုံးလည္း လူစုခြဲေတာ့”

“ဆရာႀကီး ကြၽန္ေတာ္လည္းလိုကၼယ္ေလ”

“မင္းအတြက္ကအလုပ္ရွိတယ္ခါေလး....ငါက ဆရာတင္နဲ႔သြားမွာ..ပခုကၠဴက ေဆးဆရာေတြဖိတ္ထားတဲ့ပြဲကိုလည္းသြားရမယ္..ၿပီးေတာ့ ငါ့ညီမဝမ္းကြဲ မေ႐ႊသန္းအလႉအိမ္မွာ ငါတည္းေနမယ္..ဇြန္ ၈ ရက္ေန႔မွာ ငါတို႔အလုပ္က အေျဖထြက္မွာပဲ...ငါက ပခုကၠဴကေနၿပီး ဂႏၶမာေသာင္းရီတို႔ကို ဆိုရွယ္လစ္စစ္ဗိုလ္ေတြလမ္းမွာ ဘယ္လိုဖမ္းလဲဆိုတာ အေျခအေနေစာင့္ေနမယ္..မင္းက ဒီမွာပဲ ဟန္မပ်က္ေနၿပီး ျမၾကည္ႏွင့္ အႏွင္းကို ေစာင့္ေရွာက္ထား. ငါ့အိမ္မွာရွိတဲ့လက္နက္ေတြအကုန္လုံးကို ငန္းနက္ဆီ ျပန္ပို႔ဖို႔ ထြန္းခင္နဲ႔ မရင္ က မနက္ဖန္ကစၿပီးလုပ္ေတာ့..ဇြန္ ၉ ရက္ မွာ ငါသံႀကိဳး႐ိုက္လိုက္တာနဲ႔ မင္းတို႔ မႏၲေလးက ငါဝယ္ေပးထားတဲ့ အိမ္ကို တက္လာၾက..ၿပီးရင္ ငါတို႔ ဘယ္ဆက္သြားၾကမယ္ဆိုတာ ဟိုေရာက္မွေျပာမယ္”

“ဟုတ္ကဲ့..ဆရာႀကီး”
..............................................................

ရဲတပ္ဖြဲ႕သည္ ထိုအမႈကို က်စ္က်စ္လ်စ္လ်စ္ ဖိဖိစီစိးလိုက္သည္။
ၿမိဳ႕လယ္ေခါင္တြင္ သိန္းေပါင္းမ်ားစြာတိုက္သြားေသာ ဓါးျပမႈျဖစ္သျဖင့္ ရန္ကုန္ရဲအဖြဲ႕အတြက္ သိကၡာက်စရာျဖစ္ခဲ့သည္။

ၿမိဳ႕မစုံေထာက္အဖြဲ႕ကပါ အမႈေပၚေပါက္ရန္ အသည္းအသန္းႀကိဳးစားလာသည္။
ရဲတပ္ဖြဲ႕ကား ရန္ကုန္ႏွင့္ အနီးတဝိုက္ပဲခူး၊ သန္လ်င္စေသာၿမိဳ႕မ်ားသို႔ပင္ လိုက္လံစုံစမ္းၾက၏။

သို႔ေသာ္သတင္းအစနပင္မရ။
ဓါးျပမႈႀကီးအား အစီအစဥ္ခ်မွတ္ခဲ့သူ စိန္ဓါးေျမႇာင္ကား ပခုကၠဴသို႔ပင္ ထြက္ခြာသြားၿပီျဖစ္သည္။

ဓါးျပမႈျဖစ္ၿပီး ႏွစ္ရက္အၾကာ ဇြန္လ ၆ ရက္။
ရန္ကုန္ၿမိဳ႕ အလယ္ပိုင္း ရဲဝန္ေထာက္ဦးဘဟန္ ၏ အိမ္သို႔ စာတစ္ေစာင္ေရာက္လာသည္။

ထိုစာအား ဦးဘဟန္ဇနီးက စုံေထာက္႐ုံးသို႔ လိုက္ေပး၏။
စာကိုဖြင့္ေဖာက္ဖတ္ၿပီးသည့္အခါ ဦးဘဟန္က ရဲမင္းႀကီးဦးဘိုထံ ခ်က္ခ်င္းဖုန္းေခၚလိုက္သည္။

ထို႔ေနာက္မၾကာမီ ရဲဝန္ေထာက္ဦးဘဟန္၊ ဗိုလ္တစ္ေထာင္ရဲဌာနအုပ္ဦးေက်ာ္ေဖ၊ ေက်ာက္တံတားရဲဌာနအုပ္ ဦးျမေမာင္၊ အလယ္ပိုင္းရဲတပ္ဖြဲ႕ဒုစ႐ိုက္ႏွိမ္နင္းေရးအဖြဲ႕ေခါင္းေဆာင္ဦးဘက်င္တို႔ ဦးေဆာင္ေသာ ရဲအင္အားမ်ားသည္ ေမာ္ေတာ္မ်ားျဖင္ တြံေတးဘက္သို႔ ထြက္ခြာသြားၾကေတာ့သည္။

မၾကာမီ ရဲတပ္ဖြဲ႕ဝင္မ်ားသည္ မစိန္ၫြန႔္ဓါးျပမႈတြင္ ပါဝင္ေသာ ယူႏြတ္ေခၚ သန္းေအာင္ကို တြံေတးၿမိဳ႕၊ အုန္းေတာရပ္၊ ကုလားတန္း ရွိ သူ၏ ဇနီးေလာင္း မသန္းၾကည္အိမ္တြင္ ဖမ္းဆီးမိခဲ့ၾကသည္။

သန္းေအာင္ႏွင့္ ဇနီးမသန္းၾကည္တို႔ကို ရဲတပ္ဖြဲ႕မွ ဖမ္းဆီးလာၿပီးေနာက္ ရန္ကုန္သို႔ ေခၚမလာပဲ ရန္ကုန္ျမစ္ထဲရွိ ေမာ္ေတာ္တစ္စင္းေပၚတြင္ ခ်ဳပ္ေႏွာင္ကာ ရန္ကုန္ဒုတိယရဲမင္းႀကီး ဦးသန္းကိုယ္တိုင္ စစ္ေၾကာေမးျမန္းေလသည္။

ည ၇ နာရီခြဲတြင္ ရန္ကုန္တိုင္းရဲမင္းႀကီးဦးဘို ကိုယ္တိုင္ အမႈစစ္ေမာ္ေတာ္ရွိရာသို႔ သီးသန႔္ေမာ္ေတာ္တစ္စင္းျဖင့္ ထပ္ေရာက္လာေတာ့သည္။
သူတို႔အဓိကသိခ်င္သည္ကား ဓါးျပမႈ ဆိုသည္ထက္ စိန္ဓါးေျမႇာင္ မည္သည့္ေနရာတြင္ရွိသည္ဆိုသည့္ သတင္းစကားပင္တည္း။
................................................................................

ထိုေန႔ညေနတြင္ပင္ “ေသာင္း”ဘားအေပၚထပ္တြင္ ဂႏၶမာေသာင္းရီ၊ မေသာင္း၊ ေခ်ာရင္၊ထြန္းရင္၊ ခ်စ္ညိဳ၊ ေဇာ္မိုက္တို႔ ဆိုင္ပိတ္ၿပီး အစည္းအေဝးလုပ္ၾကသည္။

“ေလာ္ရီကားေတြ သုံးစီးကို ေမာင္းဖို႔  မင္းစီစဥ္ထားၿပီးၿပီလား ထြန္းရင္”

“ဟုတ္ကဲ့..ကြၽန္ေတာ္နဲ႔ခ်စ္ညိဳ၊ ေဇာ္မိုက္တို႔ ေမာင္းမွာပါ”

“ဟိုထမင္းဆိုင္မွာ စိန္ဓါးေျမႇာင္ကို လက္ထဲကို ကားေတြလႊဲၿပီးတာနဲ႔ မင္းတို႔က ေနာက္ကလိုက္လာမယ့္ ပ်ဴေစာထီးတပ္ေတြကိုေစာင့္၊ ေရွ႕႐ြာေတြမွာ စစ္ရဲနဲ႔ပ်ဴေစာထီးပူးေပါင္းအဖြဲ႕ေတြက အဲ့ဒီကားေတြကို တားထားလိမ့္မယ္၊ ပ်ဴေစာထီးအဖြဲ႕ေတြ ထမင္းဆိုင္ကို လာဝိုင္းၿပီးတာနဲ႔ မင္းတို႔က စိန္ဓါးေျမႇာင္ကို အဲ့ဒီမွာတင္ အေသပစ္သတ္လိုက္ေတာ့..ဟုတ္ၿပီလား..ဂ႐ုစိုက္ရမယ္ေနာ္”

“ဟုတ္ကဲ့.ကိုဂႏၶမာ”

“ေခ်ာရင္ သေဘၤာငွားၿပီးၿပီလား”

“သေဘၤာလည္း အဆင္သင့္ပါပဲ... ဗိုလ္ေမာင္ေမာင္နဲ႔ အတူတူ ျမစ္ဝက စစ္သေဘၤာကိုလည္း ပိုက္ဆံေပးၿပီး ညႇိၿပီးပါၿပီ..အဲ့ဒီညတန္းတက္႐ုံပါပဲ”

“ဟုတ္ၿပီ..ငါနဲ႔ မေသာင္းက အလိန္ဆီက ေငြရၿပီးတာနဲ႔..သေဘၤာနဲ႔ ၿမိတ္ဘက္ဘက္ ထြက္မယ္..ဗိုလ္ေမာင္ေမာင္က ကမ္းေျခေစာင့္ေရတပ္ကို ေငြေပးၿပီး ညႇိထားၿပီးသားပဲ....စံဘ အယူခံအမိန႔္က ေနာက္တစ္လ စီရင္ခ်က္က်မယ္..ေခ်ာရင္ကို ငါ ေဒၚလာတစ္ေသာင္းေပးခဲ့မယ္..သခင္ႏုလူေတြကိုလည္း ငါေသခ်ာေျပာခဲ့ၿပီးၿပီ..အဲ့ဒီေငြေတြသုံးလိုက္ရင္ စံဘေသခ်ာေပါက္လြတ္ၿပီ..ေခ်ာရင္...စံဘလြတ္တာနဲ႔ နင္နဲ႔ထြန္းရင္က ၿမိတ္ကို လိုက္လာၾက...ငါတို႔ ပီနန္းဘက္ တန္းထြက္ေတာ့မယ္”

“မေသာင္းက ပီနန္းက ဟူစိန္ႀကီးဆီ သံႀကိဳး႐ိုက္ၿပီးၿပီလား”

“သူ႔ဆီက သံႀကိဳးစာေတာင္ ျပန္ရၿပီးၿပီ..အားလုံးအဆင္သင့္လုပ္ေပးထားမယ္တဲ့...အကို”

ထိုအခ်ိန္တြင္ ဆိုင္ေရွ႕မွ ကားတစ္စီးဆိုက္လာသံၾကားရသည္။

“ေဇာ္မိုက္..တံခါးသြားဖြင့္ၿပီး..အသာၾကည့္..လူစိမ္းဆို အဝင္မခံနဲ႔..ရဲတို႔ဘာတို႔ဆို ပစ္သာပစ္”

ထြန္းရင္က ေဇာ္မိုက္ကို ေျခာက္လုံးျပဴးေပးလိုက္သည္။
ခဏအၾကာေဇာ္မိုက္ ျပန္တက္လာသည္။

“ဟိုတ႐ုတ္အဘိုးႀကီး..ကိုထြန္းရင္”

“ေအး...ငါတို႔ဆင္းလာခဲ့မယ္..အထဲေခၚထားလိုက္”

ဂႏၶမာေသာင္းရီ ၊ ေခ်ာရင္ႏွင့္ ထြန္းရင္တို႔ အိမ္ေအာက္သို႔ဆင္းလိုက္ၾကသည္။

“မနက္ျဖန္ ညအတြက္ အဆင္သင့္ျဖစ္ၾကၿပီလား..ေသာင္းရီ”

အလိန္က ခုံတစ္လုံးတြင္ဝင္ထိုင္ရင္း ေမးလိုက္သည္။
ဂႏၶမာေသာင္းရီက စီးကရက္တစ္လိပ္ ကမ္းေပးလိုက္၏။

“ႏိုး..ဒါငါ ဘိန္းရႈခ်ိန္ကြ”

“ဘိန္းေတာ့ မရဘူး..ကိုအလိန္”

“ေအးပါ...ေလာေလာဆယ္..မနက္ဖန္ကိစၥ ေျပာေနတာ”
“ဟိုတခါလမ္းေၾကာင္းအတိုင္း ကြၽန္ေတာ္တို႔ ေသခ်ာလုပ္ထားၿပီးၿပီ..ခင္ဗ်ားဘက္ က်န္တဲ့ေငြသာ”

“ငါမင္းကို ယုံတယ္..ဂႏၶမာ...က်န္တဲ့ေငြကို မနက္ဖန္ည မင္းတို႔ ဆိပ္ကမ္းက ငါ့ဂိုေထာင္ေရွ႕ ေရာက္တာနဲ႔ ငါခိုင္းထားတဲ့ တ႐ုတ္တစ္ေယာက္က မင္းတို႔လက္အပ္လိမ့္မယ္...မနက္ျဖန္မနက္ဆို ငါျမန္မာႏိုင္ငံမွာ မရွိေတာ့ဘူး..ဟိုကို ငါတို႔ ပစၥည္းေတြေခ်ာေမာစြာေရာက္လိမ့္မယ္လို႔ ငါယုံၾကည္ပါတယ္...မဟုတ္ရင္ေတာ့...K14 ေတြ သတ္လို႔မရတဲ့လူ ကမာၻမွာ မရွိေသးဘူး..အင္း..သတ္႐ုံတင္မဟုတ္ဘူး..မသတ္ခင္ခံရမယ့္ငရဲေတြပါဖန္တီးေပးေသးတာ.. ဒီေတာ့... မင္းမေသခင္မွာ ငရဲဆိုတာ ဘယ္လိုလဲဆိုတဲ့ အရသာကို ေဒၚလာတစ္သိန္းနဲ႔ လဲလိုက္တယ္လို႔ပဲ ငါသတိေပးပါရေစ”

ဂႏၶမာေသာင္းရီက အလိန္ကို ပခုံးတြန႔္ျပလိုက္သည္။
...................................................................................

ဇြန္လ ၇ ရက္ေန႔ နံနက္ေလးနာရီ။
ပုဇြန္ေတာင္၊ေညာင္တန္လမ္း၊ အမွတ္(၃၈)ေနအိမ္သို႔ ရဲမ်ား႐ုတ္တရက္ဝင္ေရာက္စီးနင္းလိုက္ၾကသည္။

လက္နက္မ်ားအားလုံးကိုလည္း ငန္းနက္ဆီ အၿပီးသတ္ပို႔ကာ ေဖ်ာက္ဖ်က္ထားၿပီမို႔ ရဲတပ္ဖြဲ႕ဝင္မ်ား အလြယ္တကူပင္ ဝင္ေရာက္ႏိုင္ခဲ့ၾကသည္။

မျမၾကည္၊ အႏွင္းႏွင့္ ခါေလးတို႔ကို ဖမ္းဆီးႏိုင္ခဲ့သည္။
အိမ္အားရွာေဖြရာ ေငြအနည္းငယ္မွ်လြဲၿပီး တိုက္ရာပါမည္သည့္ပစၥည္းမွ်မေတြ႕ခဲ့ၾကရသျဖင့္ ရဲတပ္ဖြဲ႕အၾကပ္႐ိုက္သြားၾကသည္။

တစ္ခ်ိန္တည္းတြင္ပင္ ေအာက္ပုဇြန္ေတာင္လမ္းရွိ လွသိဂႌဆံပင္ညႇပ္ဆိုင္အား ဝင္ေရာက္ဖမ္ဆီးရာ ရင္ရင္ကိုသာဖမ္းဆီးရမိခဲ့သည္။

ခင္ပြန္းျဖစ္သူထြန္းခင္မွာ ေမာ္လၿမိဳင္ဘက္သို႔ ခရီးသြားေနသျဖင့္ လြတ္ေျမာက္သြားခဲ့သည္။
ကမ္းနားလမ္းရွိ ဝင္းေမာင္၏ အိမ္သို႔ ဝင္ေရာက္ရွာေဖြေသာအခါ ဝင္းေမာင္ မွာ ရဲမ်ားအား ေသနတ္ျဖင့္ ပစ္ခတ္ကာ ထြက္ေျပးလြတ္ေျမာက္သြားခဲ့သည္။

ဇနီးမစိန္ရီကိုမူ ေငြတစ္ေသာင္းခြဲ၊ စိန္လက္ေကာက္တစ္ရံ ၊ စိန္ဘယက္တစ္ကုံး ႏွင့္အတူ ဖမ္းဆီးရမိခဲ့သည္။
အလုံၿမိဳ႕နယ္၊လြတ္လပ္ေရးကြက္သစ္အတြင္းမွ ေမာင္တင္ေနထိုင္ရာအိမ္သို႔ ဝင္ေရာက္စီးနင္းရာတြင္ ေမာင္တင္အား ဖမ္းမမိပဲ ေမာင္တင္၏ ညီ ေမာင္ၾကည္ႏွင့္ မရီတို႔ကိုသာ ဖမ္းဆီးရမိခဲ့သည္။

ရဲတပ္ဖြဲ႕ကား ညတြင္းခ်င္းပင္ စိန္ဓါးေျမႇာင္ဂိုဏ္း၏ ရန္ကုန္ၿမိဳ႕ေပၚ ပင္မလက္တံမ်ားကို ဖိုက္စိပ္တိုက္ရွာေဖြကာ ဖမ္းဆီးပစ္ခဲ့သည္။
ထိုသတင္းကို သတင္းစာမ်ားတြင္မပါေစရန္ အထူးလွ်ိဳ႕ဝွက္လုပ္ေဆာင္ခဲ့ျခင္းျဖစ္သည္။

သို႔မဟုတ္ပါက သတင္းမ်ားကို စိန္ဓါးေျမႇာင္ဖတ္မိၿပီး ေျခရာမေဖ်ာက္သြားေစရန္အတြက္ လွ်ိဳ႕ဝွက္စစ္ဆင္ေရးလုပ္ခဲ့ျခင္းျဖစ္သည္။
သခင္ႏုအစိုးရကလည္း စိန္ဓါးေျမႇာင္ကို ဖမ္းဆီးမိေရး အတြက္ ရဲတပ္ဖြဲ႕အေပၚ ဖိအားမ်ားေပးေနခဲ့သည္။
ရန္ကုန္ၿမိဳ႕ေပၚရွိ သူ၏ မိသားစုႏွင့္စိန္ဓါးေျမႇာင္ဂိုဏ္းေခါင္းေဆာင္မ်ား ဖမ္းဆီးခံရသည့္သတင္းကို ပခုကၠဴမွ စိန္ဓါးေျမႇာင္ သည္ လုံးဝမသိရွိခဲ့။

ထိုအခ်ိန္တြင္ စိန္ဓါးေျမႇာင္သည္ ဂႏၶမာေသာင္းရီ တို႔ႏွင့္ အခ်ိန္းအခ်က္လုပ္ထားေသာ ထမင္းဆိုင္တြင္ ဆိုရွယ္လစ္စစ္ဗိုလ္မ်ား၏တပ္မွ စစ္သားမ်ားက ကင္းပုန္းဝပ္ကာေစာင့္မည့္ အစီအစဥ္ကို ဆြဲေပးေနသည္။

တ႐ုတ္ျဖဴတို႔ထံပို႔မည့္ ပစၥည္းကားႏွင့္အတူ  ဂႏၶမာေသာင္းရီကို လက္ရဖမ္းရန္အတြက္ ျမႏွစ္ ႏွင့္ အတူ ဝါဆို၊ ဝါပို ညီအစ္ကိုအဖြဲ႕က တပ္ႏွင့္ ပူးေပါင္းကာ ထမင္းဆိုင္ပတ္လည္တြင္ ဇြန္လ ၇ ရက္ေန႔ ေန႔လည္ပိုင္းကတည္းက ႀကိဳတင္ေနရာယူထားၾကၿပီျဖစ္သည္။

စိန္ဓါးေျမႇာင္ကား ထမင္းဆိုင္တြင္မေနပဲ သူ႔အား အလြယ္တကူဝင္ေရာက္လုပ္ႀကံ၊ ဖမ္းဆီးရန္ မလြယ္ကူႏိုင္သည့္ ပခုကၠဴရွိ အလႉမဏၰပ္ထဲတြင္ ရွိေနကာ ဝါဆိုဝါပိုတို႔ထံမွ သတင္းစကားကို ေစာင့္ေနမည္ျဖစ္သည္။
ဇြန္လ ၇ ရက္ေန႔တြင္ အားလုံးကား ပရိယာယ္ကိုယ္စီျဖင့္။
...................................................................................
ဇြန္လ ၇ ရက္။
ည ၈ နာရီ။

ဂႏၶမာေသာင္းရီ၊ မေသာင္း၊ ေခ်ာရင္၊ ထြန္းရင္၊ ခ်စ္ညိဳ၊ေဇာ္မိုက္ တို႔ ဂ်စ္ကားျဖင့္ ဆိပ္ကမ္းရွိ အလိန္၏ ဂိုေထာင္ရွိရာသို႔ ထြက္ခဲ့ၾကသည္။
ဆိပ္ကမ္းကား ဂိုေထာင္အခ်ိဳ႕ဆီမွ မီးေရာင္အခ်ိဳ႕မွ လြဲၿပီး ေမွာင္မိုက္ေနသည္။

ဂိုေထာင္ေရွ႕တြင္ ပက္လက္ကုလားထိုင္ျဖင့္ လူတစ္ဦးေဆးလိပ္ဖြာေန၏။

ဂႏၶမာေသာင္းရီတို႔ ကားက ဂိုေထာင္ေရွ႕တြင္ ရပ္လိုက္ေသာအခါ ထိုသူက ထလာသည္။

“ကိုေသာင္းရီဆိုတာလား”

“ေအး..ဟုတ္တယ္..ပို႔ရမယ့္ကားေတြေရာ”

“တကယ္ပို႔ရမယ့္ပစၥည္းေတြက ဒီဂိုေထာင္မွာမထားပါဘူး..တစ္ေနရာမွာထားတာပါ..လာပါလိမ့္မယ္”

ဆယ့္ငါးမိနစ္ခန႔္အၾကာတြင္ ကားသုံးစီး မီးပိတ္လ်က္ ဝင္လာသည္။
ဂိုေထာင္ေရွ႕တြင္ ရပ္လိုက္သည္။
ကားေပၚမွ လူသုံးဦးက ဆင္းကာ ေမွာင္ရိပ္ထဲ ေပ်ာက္ကြယ္သြားၾကသည္။
ေဆးလိပ္ဖြာေနသည့္လူက ဂႏၶမာေသာင္းရီဆီသို႔ ေလွ်ာက္လာၿပီး အထုတ္တစ္ထုတ္ကို လက္ထဲ ထည့္ေပးလိုက္သည္။

“ဒါဦးလိန္ ေပးခဲ့တဲ့ အထုတ္ပဲ....ကြၽန္ေတာ္သြားၿပီ”

ထိုသူထြက္သြားၿပီးေနာက္ ဂႏၶမာက ေမွာင္ရိပ္ထဲတြင္ အထုတ္အားျဖည္ၾကည့္သည္။
ေခ်ာရင္က လက္ႏွိပ္ဓာတ္မီးကို ထုတ္ကာ ထိုးျပလိုက္၏။

“ေခ်ာရင္..ေရာ့..ေသခ်ာေရၾကည့္လိုက္..ကဲထြန္းရင္ ကားေပၚတက္ၿပီးသြားၾကေတာ့ေဟ့...ေခ်ာရင္ သေဘၤာဘယ္နားမွာလဲ”

ထိုအခ်ိန္တြင္ ေခ်ာရင္၏ လႈပ္ရွားမႈေၾကာင့္ ဂႏၶမာေသာင္းရီ ေၾကာင္သြားသည္။

“ဟင္..ေခ်ာရင္..ဘာလုပ္တာလဲ”

ေခ်ာရင္ကလက္တစ္ဖက္က ေငြထုတ္ကို ကိုင္ၿပီး တစ္ဖက္က ေျခာက္လုံးျပဴးျဖင့္ ဂႏၶမာေသာင္းရီ၏ နားထင္ကို ခ်ိန္ထားျခင္းျဖစ္သည္။

“ညီမတို႔ ဒီပစၥည္းေတြကို ဘယ္ကိုမွ မပို႔ဘူး..အကိုႀကီး”

“နင္ဘာလုပ္တာလဲ..နင္ဘာလုပ္တာလဲ..‌ေဟ့ေကာင္..ထြန္းရင္..မင္း.ညီမ..မင္းညီမ”

ထြန္းရင္က က ခါးၾကားမွ ေသနတ္ကိုထုတ္လိုက္ၿပီး

“အခုခ်ိန္မွာ ေခ်ာရင္ေျပာတာ..နားေထာင္လိုက္ပါ...ကိုဂႏၶမာ”
မေသာင္းကား အေျခအေနကို နားမလည္ႏိုင္ေအာင္ ျဖစ္ေနသည္။

ေဇာ္မိုက္ႏွင့္ ခ်စ္ညိဳတို႔က မေသာင္းေဘးတြင္ ရပ္ကာ ေသနတ္ကိုယ္စီျဖင့္ မတ္တပ္ရပ္ေနၾကသည္။
ေခ်ာရင္၏ ႀကိဳတင္စီစဥ္မႈမွန္း ဂႏၶမာေသာင္းရီ သိလိုက္ရသည္။

ထိုစဥ္ ေရွ႕မွ ကားတစ္စီးက သူတို႔လူအုပ္ကို မီးထိုးထားလိုက္သည္။
ကားေပၚမွ လူငါးဦးဆင္းလာသည္။

အလယ္မွ ပုဂၢိဳလ္က ေ႐ြေရာင္ဦးထုတ္ႀကီး လိုးလိုးလက္လက္ျဖင့္။
ဂႏၶမာေသာင္းရီက ေသခ်ာစိုက္ၾကည့္ၿပီး တအံတၾသေရ႐ြတ္လိုက္သည္။

“မဂ်စ္ခန္း”

“က်ဳပ္တို႔ ျပန္ေတြ႕ၾကၿပီေနာ္ ကိုဂႏၶမာေသာင္းရီ”

မဂ်စ္ခန္းေဘးမွ အသံထြက္လာသူက နာဂ်စ္အာရတ္။
ဂႏၶမာေသာင္းရီက အံကိုႀကိတ္ထားသည္။

မဂ်စ္ခန္းက ကားေဘာနက္ဖုံးတြင္ မွီလိုက္ရင္း
“ေခ်ာရင္...နင့္ကတိအတြက္ နင့္ကို‌ေလးစားပါတယ္..ကဲ..အခု ဒီကိစၥၿပီးရင္ ငါ့ကိုတဝက္ခြဲေပးမယ္ဆိုတဲ့ ေဒၚလာငါးေသာင္း ဘယ္မွာလဲ”

ေခ်ာရင္က လက္ထဲမွ ပိုက္ဆံထုတ္ကို ေျမႇာက္ျပလိုက္သည္။

“နာဂ်စ္ သြားယူ”

နာဂ်စ္အာရတ္က ေခ်ာရင္ရွိရာသို႔ ေလွ်ာက္လာသည္။
ေခ်ာရင္ထံမွ ေငြထုတ္ကို ယူရန္ျပင္လိုက္စဥ္ ေခ်ာရင္ထံမွ ေသနတ္သံဒိုင္းခနဲထြက္လာသည္။
နာဂ်စ္ကား ဗိုက္ကို ႏွိပ္လ်က္ ေခြလဲက်သြား၏။

မဂ်စ္ခန္းက ေသနတ္ကို ထုတ္ခ်ိန္လိုက္သည္။ သူႏွင့္အတူပါလာသူမ်ားကလည္း စတင္းဂန္းကိုယ္စီျဖင့္ ေခ်ာရင္တို႔ကို ခ်ိန္ထား၏။

ေဇာ္မိုက္ႏွင့္ ခ်စ္ညိဳ ကလည္း ေသနတ္မ်ားျဖင့္ သူတို႔ကို ျပန္ခ်ိန္ထားလိုက္သည္။
နာဂ်စ္ကား ေခ်ာရင္ ေျခရင္းတြင္ တအီးအီးညည္းညဴေနသည္။

“နင္က ငါ့အကို ေက်ာကုန္းကို ဓါးနဲ႔ ခုတ္တယ္ ဟုတ္လား နာဂ်စ္..ကဲ..အကိုထြန္းရင္”

ထြန္းရင္က ဓားေျမႇာင္ကို ထုတ္ကာ နာဂ်စ္၏ ေက်ာကုန္းအဆုတ္ရွိရာတည့္တည့္သို႔ တစ္ခ်က္တည္း ထိုးစိုက္ခ်လိုက္၏။
နာဂ်စ္အသက္ေပ်ာက္သြားခဲ့ၿပီ။

“နင္ ကတိမတည္ဘူး..ေခ်ာရင္..အဲ့ဒီအတြက္ နင္တို႔ အားလုံးေသရမယ္”

မဂ်စ္ခန္းက လွမ္းေအာ္သည္။

“ကြၽန္မ ဘာမွ မရွင္းျပခ်င္ေတာ့ဘူး..မဂ်စ္..ရွင့္ကို ကြၽန္မရဲ႕ စီးပြားဖက္ပါတနာက ရွင္းျပလိမ့္မယ္..ဟိုမွာ သူတို႔လာေနၿပီ”

“ဘာ”

ထိုအခ်ိန္တြင္ ဆိပ္ကမ္းဘက္တြင္ ရပ္ထားေသာ သေဘၤာတစ္စီးေပၚမွ သူတို႔ထံသို႔ဆလိုက္မီးမ်ား ထိုးလိုက္သည္။
သေဘၤာဆိပ္မွ သူတို႔ထံလာေနၾကေသာ လူႏွစ္ေယာက္။
ေရွ႕ဆုံးမွ လူက ဥေရာပဝတ္စုံကို ေသေသသပ္သပ္ဝတ္ထားပထန္ ေခါင္းေပါင္းကို ေပါင္းထားသည္။

ထိုသူက သူတို႔ႏွစ္ဖြဲ႕၏ အလယ္သို႔ ရပ္လိုက္ၿပီး ပထန္စကားျဖင့္ ေျပာလိုက္သည္။

“မဂ်စ္ခန္း....ဒီမဒမ္ဟာ ငါ့ရဲ႕ စီးပြားေရးမိတ္ေဆြပဲ.....မင္း ဒီကေန လွည့္ျပန္သြားေတာ့”

မဂ်စ္ခန္းကား မီးေရာင္ေအာကၼွ လူ၏ မ်က္ႏွာကိုၾကည့္ၿပီး အလြန္အမင္းထိတ္လန႔္သြားသည္။

ခက္ေဇာ္

အပိုင္း (၃၄)

Comments

Post a Comment