မော့ဆက် (အပိုင်း 5)
အပိုင်း ( ၃ )
۞ ဂျိုဆဲလ် ۞
နာဇီလူသတ်သမား အိုက်ခမန်းကို တရားဥပဒေအရ အရေးယူပြီး (၂)နှစ်ခန့်အကြာတွင် အီဆာဟာရယ်သည် သူ၏ ထောက်လှမ်းရေးအဖွဲ့ဝင် (၁ဝဝ)ကျော်တို့အား နောက်တာဝန်တစ်ရပ်နှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားနေသည်။
"ကျုပ်တို့လုပ်နေကျ လုပ်ငန်းဘောင်ထဲက မဟုတ်တဲ့တာဝန်တစ်ရပ်ကို အခုကျုပ်တို့လုပ်ရမှာဖြစ်ပါတယ်။ သိပ်အရေးကြီးတဲ့တာဝန်တစ်ရပ်ပါပဲ။ ဘာဖြစ်လို့အရေးကြီးသလဲဆိုတော့ လူမှုရေးနဲ့ဘာသာရေးကိစ္စတစ်ခုဖြစ်ပါတယ်။ နောက်ပြီး အစ္စရေးအစိုးရရဲ့သိက္ခာနဲ့တရားဥပဒေစိုးမိုးရေးကိုလည်း ထိခိုက်နိုင်တဲ့ကိစ္စလည်း ဖြစ်ပါတယ်။"
အီဆာ ဤသို့ပြောဆိုပြီးနောက် မော့ဆက်အဖွဲ့ဝင်တို့သည် အစည်းအဝေးခန်းမမှ ခပ်ဖြည်းဖြည်းထွက်လာကြသည်။ သူတို့တတွေတာဝန်ပေးခံရသောကိစ္စမှာ ဖြေရှင်းနေကျ တွေ့ကြုံနေကျ ကိစ္စရပ်မျိုးမဟုတ်ပါ။ အန္တရာယ်အသွယ်သွယ်ပြွမ်းသော တာဝန်များကို သူတို့ရင်ဆိုင်ဖူးသော်လည်း ယခုပေးသောတာဝန်မျိုးကို မကြုံဖူးချေ။
အီဆာသည် အသက်(၉)နှစ်သား ကလေးငယ်တစ်ဦးကိုရှာဖွေရန် သူ၏ မော့ဆက်အဖွဲ့ထဲမှလက်ရွေးစင်အချို့ကိုတာဝန်ပေးလိုက်သည်။ ကလေးငယ်၏ နာမည်မှာ ဂျိုဆဲလ်ရှုမားချား ဖြစ်သည်။
သူ့ခမြာ ဘာမသိညာမသိနှင့် ဘာသာရေးနှင့်ငြင်းခုံမှုများ ဖြစ်ပေါ်လာစေသည့်ပြဿနာလေးဖြစ်လာရှာသည်။
ဂျိုဆဲလ်ကို ၁၉၅၃ ခုနှစ်တွင် ဖခင်အာသာရှုမာချားနှင့် မိခင်အီဒါရှုမားချားတို့မှ မွေးဖွားခဲ့လေသည်။
အီဒါ၏ ဖခင်၊ ဂျိုဆဲလ်၏အဖိုးမှာ နော်မန်ရှတပ်ဆိုသူဖြစ်ပြီး အဖိုးကြီး နော်မန်ရှတပ်သည် သူ၏သားများနှင့် သမီးဖြစ်သူအီဒါတို့ကိုခေါ်၍ ဒုတိယကမ္ဘာစစ်အပြီးအစ္စရေးနိုင်ငံသို့ပြောင်းရွှေ့လာခဲ့သည်။ ထိုအချိန်၌ အစ္စရေးနိုငံသည်လွပ်လပ်ရေးစစ်ပွဲတိုက်ခိုက်နေသဖြင့် စီးပွားရေးနှင့်စားနပ်ရိက္ခာ ရှားပါးချိန်ဖြစ်လေရာ အီဒါနှင့်ခင်ပွန်း အာသာတို့မှာအလွန်ဆင်းရဲပင်ပန်းကြရှာသည်။
အာသာသည် သူ၏ အပ်ချုပ်ပညာဖြင့်အသက်မွေးဝမ်ကျောင်းမှုမပြုနိုင်ဘဲ စက်ရုံတစ်ရုံတွင်အလုပ်ဝင်လုပ်ပြီး အီဒါက ဓာတ်ပုံဆိုင်တစ်ဆိုင်တွင်အလုပ်လုပ်သည်။ ငွေကြေးကျပ်တည်းကြသဖြင့်သမီးဦးကလေး ဇီနာ မွေးဖွားလာသောအခါ ကလေးကိုမွေးစားရန် ဂျူးရွာတစ်ရွာသို့ပို့ထားကြရသည်။
ဒုတိယ ကလေးမှာ သားယောက်ျားဖြစ်ပြီး ဂျိုးဇက်ဟုတွင်လေသည်။ နောင်သော်အများက ဂျိုဆဲလ်ဟုခေါ်ကြလေသည်။ ဂျိုဆဲလ်ကို ဂျေရုဆလင်မြို့၏ မီယာရှိယာရင်ရပ်ကွက်တွင်နေသော အဖိုးအဖွားထံပို့ထားရလေသည်။ ထိုရပ်ကွက်တွင် ဘာသာရေး ကိုင်းရှိုင်းသူများ နေထိုင်ကြသည်။ဂျိုဆဲလ်၏ အဖိုးဖြစ်သူ နော်မန်ရှတပ်သည် ဂျေရူဆလင်တံတိုင်းစောင့်ဟုတွင်သည့်ဘာသာရေးဂိုဏ်းဝင်တစ်ဦးဖြစ်ပြီး ဘာသာရေးဆိုင်ရာ အယူအဆ အလွန်ပြင်းထန်သူဖြစ်သည်။ အစ္စရေးနိုင်ငံတည်ထောင်ခြင်းကိုလည်း ဆန့်ကျင်ပြီး ဂျူးလူငယ်များ နိုင်ငံကိုကာကွယ်ရန် စစ်တပ်ထဲဝင်ခြင်းကိုလည်း ရှုတ်ချခဲ့လေသည်။
ဂျိုဆဲလ်နှင့်အဖိုးဖြစ်သူသည် တစ်ဦးပေါ်တစ်ဦး သံယောဇဉ်တွယ်လာကြပြီး အဖိုးက မြေးဖြစ်သူအားသူ့လို ဘာသာရေးအယူအဆပြင်းထန်သော ဂျူးတစ်ယောက်ဖြစ်လာရန် မျှော်လင့်ခဲ့သည်။
ကလေးငယ်ဂျိုဆဲလ်၏ မိဘနှစ်ပါးဖြစ်သော အာသာနှင့်အီဒါတို့ကမှု လက်တွေ့ကျကျ ပြဿနာကိုသုံးသပ်ကြလေသည်။
တစ်နေ့တွင် သားဖြစ်သူကိုလာရောက်တွေ့ဆုံလေ့ရှိသူ အီဒါက သူမတို့ သားအမိတတွေ အမေရိကန်နိုင်ငံသို့သွားရောက်နေထိုင်မည့်အကြံကို ဖခင်ဖြစ်သူအား ပြောပြလိုက်သည်။ အစ္စရေးနိုင်ငံ၌နေလျှင် အလွန်ကျပ်တည်းကြောင်း ရှင်းပြသည်။
အဖိုးဖြစ်သူနော်မန်ရှတပ်သည် အလွန်ထိတ်လန့်တုန်လှုပ်သွားလေသည်။
"ဂျိုဆဲလ်ကိုတော့ ဘယ်တော့မှမထည့်နိုင်ဘူး သိလား"
အဖိုးဖြစ်သူက ပြတ်ပြတ်သားသား ပြောလိုက်ပြီး စကားပြတ်သွားခဲ့သည်။
၅-နှစ်နီးပါး ကာလအတွင်းတွင် အာသာနှင့်အီဒါတို့မိသားစု ရုန်းရင်းကန်ရင်း စီးပွားရေးပြန်လည်ကောင်းမွန်လာသည်။ မိမိတို့၏ ရင်သွေး သားသမီးများနှင့် အတူတကွနေထိုင်ရန်အိမ်ခန်းတစ်ခန်း ဝယ်ယူလိုက်ကြသည်။ ရွာသို့ပို့ထားသော သမီးကြီး ဇီနာကိုပြန်ခေါ်လိုက်ပြီး သားဂျိုဆဲလ်ကိုခေါ်ရန် ဂျေရုဆလင်မြို့သို့ထွက်လာကြလေသည်။
ဂျိုဆဲလ်၏အဖိုးသည် သူ၏သမီး အီဒါတို့လင်မယားကို စိတ်ထဲမတွေ့နေသည်မှာ ကြာပေပြီ။ သမီးနှင့်သားမက်သည် ခေတ်ဆန်ပြီး ဘာသာရေးကို စိတ်မဝင်စား။ နေ့စဉ်ပြုကျင့်ရမည့် ဘာသာရေးဆုတောင်းပတ္ထနာများကိုပင် မေ့လျော့ထားသူများဖြစ်သည်ဟု သံသယဖြစ်နေသည်။ ထို့အပြင်အမေရိကန်နိုင်ငံတွင်သွားနေမည်ဟူသော သမီးဖြစ်သူ အီဒါ၏စကားကို မမေ့နိုင်အောင်ဖြစ်နေရသည်။
ဂျိုဆဲလ်ကို ဂျေရုဆလင်တွင်ထားခြင်းသည် ကလေးအတွက် အလွန်တန်ဖိုးရှိကြောင်း အဖိုးဖြစ်သူကမိခင်အီဒါအား နားဝင်အောင် အချိန်အတော်ကြာပြောပြနေသဖြင့် အီဒါ လက်လျှော့ပြန်သွားရသည်။ နောက်မကြာမီအီဒါ ပြန်ရောက်လာပြီး မျက်ရည်တစမ်းစမ်းနှင့် "အဖေရယ်..ကျမရဲ့သားကို ကျမ ပြန်ခေါ်ပါရစေတော့"ဟု တောင်းပန်လေသည်။
အဖိုးကြီးသည် လက်လျှော့လိုက်ပြီး ဝမ်းနည်းဆို့နစ်သော အသံဖြင့် နောက်အပတ် ဂျိုဆဲလ်ကိုလာခေါ်ရန် သမီးကိုမှာလိုက်သည်။ သူ၏ ချစ်လှစွာသော မြေးငယ်နှင့်တစ်ပတ်လောက်နေပါရစေဟုအကြောင်းပြသည်။ အီဒါလည်း ဝမ်းပန်းတသာဖြင့် သားကိုနမ်းကာ နှုတ်ဆက်ခဲ့ပြီး တဲလာဗီဘတ်စ်ကားပေါ်သို့တက်လာခဲ့သည်။ ကားပေါ်တွင်သူမ၏ သားသမီးများနှင့် စုစုဝေးဝေးပြန်နေကြမည့်အချိန်ကိုစဉ်းစားရင်း ကြည်နှုးလာမိသည်။
သို့သော် ထိုအချိန်မှစ၍ အီဒါသည် သားငယ်ဂျိုဆဲလ်ကို ၃-နှစ်တာ ကာလနီးပါး မတွေ့ရတော့ချေ။ အီဒါ၏ ဖခင်နော်မန်ရှတပ်သည် မြေးအား သူကဲ့သို့ ဘာသာရေးကိုင်းရှိုင်းသူဂျူးတစ်ယောက်ဖြစ်လာရန်သင်ကြားလေ့ကျင့်ပေးရန်ဆုံးဖြတ်ပြီးသားဖြစ်သည်။ သူ၏ နေတူရေကာတာအမည်ရှိဘာသာရေးဂိုဏ်းဝင်ခေါင်းဆောင်များထံသို့ ပို့ထားလျှင်ကောင်းမည်ဟု ယုံကြည်ထားသည်။
အီဒါသည် ဂျေရုဆလင်သို့ နောက်တစ်ခါက်လာသောအခါ ဂျိုဆဲလ်ပျောက်သွားလေသည်။ သူမ၏ဖခင်က မြေးဖြစ်သူဘယ်မှာနေသည်ကို မပြောပြချေ။ အီဒါကအမျိုးမျိုး တောင်းပန်အသနားခံသော်လည်း အကြောင်းမထူးသဖြင့် ရဲသို့တိုင်လိုက်လေသည်။ ရဲများစစ်ဆေးရန်လာသောအခါ အဖိုးကြီးက ဘူးကွယ်နေလေသည်။
တရားစွဲဆိုတင်ပို့ပြီးသောအခါ အထက်တရားရုံးက အဖိုးကြီးကိုထောင်ဒဏ်ချမှတ်ခဲ့သည်။ ဂျိုဆဲလ်ရှိသည့်နေရာကို မထုတ်ဖော်မချင်း ထောင်ထဲတွင်နေရန်ဖြစ်သည်။ သို့သော် ဆိုက်ဗေးရီးယားလိုနေရာမျိုးတွင် အကျဉ်း(၈)နှစ်ကျခဲ့သူအဖိုးကြီးသည် ဤထောင်လောက်တော့အပျော့ဟု ထင်ခဲ့သည်။
ထောင်ဝါဒါများကလည်း သူ၏ လုပ်ရပ်များကိုမနှစ်သက်သော်လည်း သူ၏ ဘာသာရေးယုံကြည်မှုကိုလေးစားကြသဖြင့် သူ့ကိုထောင်ထဲတွင် အကျဉ်းသားလိုမဟုတ်ဘဲ ဂုဏ်ထူးဆောင်ဧည့်သည်တစ်ယောက်ကဲ့သို့ပြုစုထားကြသည်။
အထက်တရားရုံးက ကလေးခိုးမှုကို ကြောက်မက်ဖွယ်ရာဇဝတ်ပြစ်မှုတစ်ခုအဖြစ် သတ်မှတ်ထားခဲ့သော်လည်းဘာမှ မတတ်နိုင်ခဲ့ချေ။
အဖိုးကြီး၏ နေတူရေကာတာ ဘာသာရေးဂိုဏ်းသည် အခြားသောအယူသည်းဂိုဏ်းများ၏ ကူညီမှုကိုရယူလျက် ကလေးကိစ္စကို ရေငုံနှုတ်ပိတ်နေလေသည်။ အစ္စရေးနိုင်ငံအနှံ့ရှိသော ဘာသာရေးဆိုင်ရာ ကျောင်းများ အဖွဲ့အစည်းများကို ရဲတို့က ပိုက်စိတ်တိုက်ရှာဖွေကြသည်။ နေရာစေ့လူစေ့ရှာဖွေမေးမြန်းခဲ့ကြသည်။ သို့သော်သဲလွန်စ တစ်ခုမျှပင်မတွေ့ကြချေ။
ဂျိုဆဲလ်၏ မိခင်အီဒါသည် ထိုကိစ္စကို သတင်းစာဆရာများကိုဖွင့်ပြောလိုက်သောအခါ သတင်းစာများက ဝိုင်းဝန်းရေးသားကြသဖြင့် နိုင်ငံသိကိစ္စကြီးတစ်ရပ်ဖြစ်လာလေသည်။
ကလေးတစ်ယောက်ကိုပင်မရှာဖွေနိုင်သော အာဏာပိုင်အဖွဲ့အစည်းများကို ကာတွန်းများကသရော်ကြသည်။
ယာဉ်စည်းကမ်းဖောက်ဖျက်သူကို ရဲက ဒဏ်ငွေတပ်သောအခါဒဏ်ငွေပေးဆောင်သူက အောက်ပါအတိုင်း လှောင်သလိုလိုပြန်ပြောတတ်၏။
" ကျုပ်ကိုဒဏ်တပ်ပြီး အချိန်ဖြုန်းမနေနဲ့၊ ခင်ဗျားတို့ ဂျိုဆဲလ်ကိုအရင်တွေ့အောင်ရှာပါအုံး သိလား"
ရဲစခန်းအဆောက်အုံပေါ်တွင် ဂျိုဆဲလ်ဘယ်မှာလဲဟူသော စာလုံးများ ရေးသွားကြပြန်သည်။
သက်ဆိုင်ရာ အာဏာပိုင်များ ဒေါသဖြစ်ကြရသည။် စုံထောက်များနှင့် ယူနီဖောင်းဝတ်ရဲများလပေါင်းများစွာ ကြိုးစားစုံစမ်းသော်လည်း အကြောင်းမထူးခဲ့ပေ။
ဂျိုဆဲလ်တစ်ယောက် ဤကမ္ဘာမြေပေါ်မှ ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားခဲ့လေပြီ။

ဒီအပိုင်း ဂျိုဆဲလ်ပျောက်သွားတဲ့ အကြောင်းကလည်း တော်တော်စိတ်ဝင်စားဖို့ကောင်းတာပဲ။ နောက်လာမယ့် အပိုင်းမှာ အီဆာဟာရယ်နဲ့ သူ့အဖွဲ့သားတွေ ဘယ်လိုလှုပ်ရှားမလဲ သိချင်နေပြီး🤩
ReplyDeleteDone☘️
ReplyDeleteVery interesting
ဒါနဲ့ ads link မထည့်တော့တာလားဗျ
DeleteDone 💪
ReplyDeleteDone 🍀
ReplyDeleteDone
ReplyDeleteDone
ReplyDeleteDone
ReplyDeleteDone
ReplyDeleteClicked🌸
ReplyDelete👍🌟
ReplyDeleteDone
ReplyDelete