တူမီးအမေး သူဆို့အဖြေ
တူမီးအမေး ၊ သူတို့အဖြေ
တူမီးအမေး ၊ သူတို့အဖြေကဏ္ဏအဖြစ် အနောက်မြောက်လွင်ပြင်တဝှမ်း စစ်အာဏာရှင်ကို တိုက်ပွဲဝင်နေကြတဲ့ လက်နက်ကိုင်ရဲဘော်၊ သပိတ်ဦးဆောင်သူတစ်ဦးနှင့် ထောက်ပို့ရဲဘော်များရဲ့ တော်လှန်ရေးအတွေးအမြင်များအား ခုလိုဘဲမေးမြန်း တင်ဆက်ထားရှိပါတယ်။
=====================================
မေး။ ရဲဘော်ရဲ့ တော်လှန်ရေး ပန်းတိုင်ကဘာလဲ၊ တော်လှန်ရေးကို ဘယ်လို အဆုံးသတ်ချင်လဲ။
လက်နက်ကိုင်ရဲဘော်တစ်ဦး။ ။
ကျနော့ရဲ့တော်လှန်ရေးပန်းတိုင်က စစ်အုပ်စုနဲ့စစ်အာဏာရှင်ယန္တရား အလုံးစုံပျက်သုဥ်းရေးပါ။တော်လှန်ရေးကို စနစ် တကျနဲ့ တော်လှန်ရေးပီပီသသ အဆုံးသတ်ချင်ပါတယ်။
ထောက်ပို့ရဲဘော်တစ်ဦး။
ကိုယ်ကြမ္မာကို ကိုယ်တိုင် ဖန်တီးနိုင်ခြင်းတို့ ရှိစေဖို့ နှင့် စစ်အာဏာရှင်စနစ်နှင့်အတူ အာဏာရှင် စနစ်မှန်သမျှကို အဆုံးသတ်နိုင်ဖို့ ရည်မှန်းတယ်။ ဒီရည်မှန်းချက်တွေနဲ့အတူ စစ်တပ်ရဲ့ ထောက်တိုင်တွေအဖြစ်ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေ ပြန်လည်ပြုပြင်ဖွဲ့စည်းခြင်းနှင့်အတူ ခေတ်အဆက်ဆက် ကျောင်းသား၊အလုပ်သမားထုနှင့် လူထုအပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် ထိုက်တန်တဲ့ တရားမျှတမှုကို ရယူရင်း အဆုံးသတ်လိုပါတယ်။
သပိတ်ဦးဆောင်သူတစ်ဦး။
တော်လှန်ရေးပန်းတိုင်ကတော့ စစ်အာဏာရှင်နှင့် တကွ အာဏာရှင် စနစ်မှန်သမျှ ပြုတ်ကျရေးနှင့် လွတ်လပ်ခြင်း၊ တရားမျှတခြင်းနှင့် အချင်းချင်းကြားထဲမှာ အပြန်အလှန်လေးစားတန်ဖိုးထားမှုများရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ပေါက်ရေးက တော်လှန်ရေးရဲ့ ပန်းတိုင်ဖြစ်ပါတယ်။ တော်လှန်ရေးကို ဘယ်လို အဆုံးသတ်ချင်လဲ ဆိုရင်တော့ အာဏာရှင်စနစ်အားလုံးချုပ်ငြိမ်းပြီး အစုအဖွဲ့တွေ မတူညီ ကွဲပြားတဲ့ နယ်မြေဒေသတွေကြားထဲမှာ သဘောတူညီမှုတွေ ၊ အပြန်အလှန်လေးစားမှု၊ ညှိနှိုင်းမှု၊ တန်ဖိုးထားမှုတွေနဲ့ အတူတကွလက်တွဲပြီး အာဏာရှင်စနစ် ချုပ်ငြိမ်းပြီးသည့်နောက်မှာကို ဖွဲ့ဖြိုးတိုးတက်တဲ့ လူမှု့ပတ်ဝန်းကျင်တစ်ခု တည်ဆောက်နိုင်ဖို့ ဒီမိုကရေစနစ်ကို အပြည့်အဝခံစားနိုင်မယ့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကို အပြည့်အဝဖော်ဆောင်နိုင်မယ့် ပြည်ထောင်စုဖြစ်အောင် လက်တွဲညီညီဖြစ်အောင် ဆောင်ရွက်တဲ့ ပုံစံမျိုးနဲ့ဘဲ ဒီတော်လှန်ရေးကို အဆုံးသတ်ချင်ပါတယ်။
မေး။ ။အညာဒေသမှာ လှုပ်ရှားနေတဲ့ ရဲဘော်ဖြစ်တဲ့ အလျောက် အညာဒေသအတွက် မျှော်မှန်းထားတဲ့ တော်လှန်ရေး ရည်မှန်းချက် ရှိပါသလား။ ရှိရင် ပြောပြပေးပါ။
လက်နက်ကိုင်ရဲဘော်တစ်ဦး။
အညာဒေသကို လွတ်မြောက်နယ်မြေဖြစ်စေချင်ပါတယ်
ထောက်ပို့ရဲဘော်တစ်ဦး။
အညာဒေသ လွတ်မြောက်ဖို့နဲ့ အတူ အညာဒေသရဲ့ ဖွံဖြိုးတိုးတက်မှုနှင့် တော်လှန်ရေးကာလအတွင်း ဆုံးရှုံးခဲ့ရတာတွေကို ပြန်လည်ကုစားနိုင်ဖို့၊ ဒါပြီး တခြားသော ဒေသများနှင့်တန်းတူညီမျှသော အလုပ်အကိုင်အခွင့်လမ်းတို့နှင့်အတူ နိုင်ငံရေး၊ ယဥ်ကျေးမှု၊ လူမှုရေးအရ တန်းတူညီမျှမှုတို့ကို မျှော်မှန်းပါတယ်။
သပိတ်ဦးဆောင်သူတစ်ဦး။
အညာဒေသတစ်ခုတည်းအတွက်ဆိုပြီးတော့ မျှော်လင့်ထားတာမျိုးတော့ မရှိဘူးပေါ့နော်၊ တနိုင်ငံလုံးစာအတွက် အားလုံးမျှော်မှန်းထားတဲ့အတိုင်းဘဲ မျှော်မှန်းချက်တွေရှိတယ်။ ဒါမယ့် အညာဒေသမှာကကျတော့ လက်ရှိအခြေအနေတွေအရ တခြားသောတိုင်းနှင့် ပြည်နယ်တွေနဲ့ မတူညီဘဲ တော်လှန်ရေးမှာ ပူးပေါင်းဆောင်ရွက်နေတဲ့ အပိုင်းတွေ ၊ ပြည်သူတွေခံနေရတဲ့ အခက်အခဲဒုက္ခတွေ ဒါတွေအပေါ်မူတည်ပြီးတော့ အညာဒေသအတွက်မျှော်မှန်းထားတဲ့ တော်လှန်ရေးပန်းတိုင်ကတော့ ရှိတယ်၊ အဲ့တာကတော့ ရိုးရိုးရှင်းရှင်းလေးဘဲ၊ ဒီအညာဒေသမှာ လှုပ်ရှားမှုတွေကို ပြည်သူလူထုတွေက အားကောင်းကောင်းနှင့် ပါဝင်ပူးပေါင်းကြတယ်ပေါ့၊ အဲ့ဒီအတွက်ကို အညာဒေသရဲ့ ခိုင်မာပြတ်သားတဲ့ နိုင်ငံရေးအရဦးဆောင်မှုလိုအပိုင်းတွေမှာဆိုရင် ဒီအညာဒေသက ပြည်သူတွေမှာဘဲ လုပ်ပိုင်ခွင့်အပြည့်အဝရတာမျိုးကို လုပ်ချင်တယ်၊ လိုချင်တယ်၊ ဘာလို့လဲဆိုတော့ အညာဟာအင်မတန်မှ ရိုးရှင်းတယ်၊ ရိုးရှင်းတဲ့ အထိုက်လျောက် နိုင်ငံရေးကစားသူတွေရဲ့ မျက်စိကျလာတာမျိုး ဖြစ်လာတဲ့ အနေအထားမှာ ဒီအရိုးခံပြည်သူလူထုတွေက တစ်နှစ်ကျော်ကာလတလျောက်လုံးကျရာ ကဏ္ဍ ၊ တာဝန်ကို ထမ်းဆောင်ခဲ့ကြတယ်၊ အဲ့ဒီလိုမျိုး ခက်ခဲတဲ့ အခြေအနေမှာ ရုန်းကန်ခဲ့ကြပြီးတော့ တကယ့်တော်လှန်ရေးရဲ့ အသီးအပွင့်ကို ခံစားရတော့မယ့်အချိန်မှာ ဒီနိုင်ငံရေးအစုအဖွဲ့တွေရဲ့ မျက်စိကျရာနယ်မြေတစ်ခု ဖြစ်လာမှာကို မလိုလားဘူးပေါ့နော်၊ ဒီအတွက်ကြောင့်မလို့ အညာဒေသရဲ့ မျှော်မှန်းချက်ကတော့ ရှင်းရှင်းလေးဘဲ ၊ ပြည်သူတွေ ခက်ခဲတဲ့အချိန်မှာပါဝင်ခဲ့ကြတယ်၊ အဲ့အတွက် အညာဒေသရဲ့ တော်လှန်ရေး ရည်မှန်းချက်၊ အညာဒေသရဲ့ နိုင်ငံရေး ရပ်တည်ချက် ၊စစ်ရေး ရပ်တည်ချက်တွေနဲ့ ပက်သက်ရင် ဒီအညာသူ၊ အညာသားတွေ လုပ်ပိုင်ခွင့် အပြည့်အဝရှိတာမျိုးကို ရချင်တယ်၊ အညာဒေသသည် ဖွံ့ဖြိုးတိုးတက်မှုအပိုင်းမှာ အင်မတန်မှ နှောင့်နှေးတယ်၊ ဒီအတွက်တော်လှန်ရေးပန်းတိုင်က စစ်အာဏာရှင်စနစ်ပြုတ်ကျရေးနှင့် အညာဒေသ ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအပိုင်းတွေ အညာဒေသရဲ့ ဒီမိုကရေစီတည်ဆောက်ရေး လုပ်ငန်းစဥ်တွေမှာ အညာသူအညာသားတွေ လုပ်ပိုင်ခွင့် အပြည့်အဝရရှိဖို့တွေကတော့ ညီမရဲ့ အညာဒေသအပေါ်မှာထားရှိတဲ့ တော်လှန်ရေးပန်းတိုင်ပါ။
မေး။ ။ ဗမာပြည်သူတွေအတွက် ဗမာပြည်ထောင် ( ယူနစ် ) တစ်ခု ရှိသင့်တယ်လို့ ထင်သလား။
လက်နက်ကိုင်ရဲဘော်တစ်ဦး။ လက်နက်ကိုင်ရဲဘော်တစ်ဦး။ ဗမာပြည်သူတွေအတွက် ဗမာပြည်နယ်ရှိသင့်ပါတယ်။
ထောက်ပို့ရဲဘော်တစ်ဦး။
ဗမာပြည်သူတွေအတွက် ဗမာယူနစ် ( ဖက်ဒရယ် ယူနစ် ) တစ်ခု ရှိကို ရှိရပါမယ်။ လက်ရှိအနေအထားမှာ ဖက်ဒရယ် ချာတာအရ ဘယ်လို သဏ္ဍန်မျိုးဖြစ်လာနိုင်မလဲဆိုတာပြောလို့ မရသေးပေမယ့် ဗမာဟာ လူမျိုးစုများအနက်က လူမျိုးစုတစ်ခုသာဖြစ်တယ်၊ ဒီအတွက် အခွင့်ထူးခံပြီး ဗမာမဟုတ်သော တခြားသော လူမျိုးစုတွေရဲ့ လုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ချက်တွေကို ဝင်ရောက်စွက်ဖက်ချင်နေလို့ မရပါဘူး၊ ဖက်ဒရယ်ပြည်ထောင်စုကိုရဖို့ လူမျိုးစုတွေအားလုံး လက်တွဲပြီး တိုက်ပွဲဝင်ကြဖို့ လိုတာမှန်ပေမယ့် တော်လှန်ရေးကာလအလွန်မှာတော့ ဗမာတွေအတွက် တိကျတဲ့ ယူနစ်တစ်ခု သတ်မှတ်မထားခြင်းက အခွင့်ထူးခံလူမျိုးစုတစ်ခုအနေနဲ့ တခြားသော လူမျိုးစုများရဲ့ နိုင်ငံရေး အရဖြစ်စေ၊ ယဥ်ကျေးမှု အရဖြစ်စေ သွားရောက် လွှမ်းမိုးနိုင်တဲ့ အနေအထား အခင်းအကျင်းကို ဖန်တီးထားသလိုဖြစ်နေပြီး လူမျိုးစု ပြသာနာတွေကလည်း ဆက်လက်တည်ရှိနေဦးမှာ ဖြစ်ပါတယ်။
သပိတ်ဦးဆောင်သူတစ်ဦး။
ဗမာပြည်သူတွေအတွက် ဗမာယူနစ်တစ်ခု ရှိသင့်တယ်လို့ မြင်ပါတယ်၊ ပြန်လည်သုံးသပ်ကြည့်မယ်ဆိုရင် ဒီဗမာက လူအင်အားကြီးမားတဲ့ဖြစ်တဲ့အတွက် လူမျိုးကြီးဝါဒအောက်မှာ ဗမာတွေက လူအင်အားများအတွက်အတွက် အကျုံးဝင်ခဲ့တယ်။ နောက်ပြီး ဗမာတွေက မြေမျက်နှာသွင်ပြင်အရ ပြန့်ကျဲနေထိုင်တယ် ၊သူတို့အားလုံးကို စုစည်းနိုင်တဲ့ ဗမာယူနစ်ရယ်ဆိုပြီးတော့ ဥပဒေအရရော တခြားသောနိုင်ငံရေးအရရော စစ်ရေးအရရော ခိုင်ခိုင်မာမာရပ်တည်ပေးနိုင်တဲ့ စုဖွဲ့မှုကရှိမနေဘူး ၊ ဘူအင်အားကြီးတဲ့အတွက် ဗမာတွေအုပ်စိုးတာရှိလာတယ်၊ ဒါပေမယ့် သူတို့အတွက် နည်းလမ်းမှန်မှန်နဲ့ ရပ်တည်တာမျိုးမရှိဘူးပေါ့နော်၊ ဗမာတွေသည် လူမျိုးကြီးဖြစ်နေလို့သာ ဖိနှိပ်မှုကို အဲ့လောက်ကြီးမကြုံရသေးတာ ၊ ဗမာဆိုတာလည်း တိုင်းရင်းသားတွေထဲက အင်အားစုတစ်ခုဘဲ၊ အင်အားများတဲ့ လူမျိုးစုဖြစ်နေလို့သာ လူမျိုးကြီးဝါဒကိုရင့်ကျက်နေတဲ့ အင်အားစုလိုဖြစ်နေတာ၊ တကယ်လို့ သူတို့သာ လူနည်းစုဖြစ်မယ်ဆိုရင်သူတို့ရဲ့ ကာကွယ်မှု၊ ရပ်တည်ချက်က ဘယ်မှာလဲဆိုပြီးစဥ်းစားစရာဖြစ်လာပြီ၊ စုဖွဲ့မှုတွေကိုကြည့်လိုက်မယ်ဆိုရင်လည်း တိုင်းရင်းသားတွေမှာလည်း သူတို့အလျောက် တိုင်းရင်းသားဒေသအသီးသီးမှာ နိုင်ငံရေးအရရော ရပ်တည်မယ့် အစုအဖွဲ့တွေရှိသလို စစ်ရေးအရဆောင်ရွက်မယ့် အစုအဖွဲ့တွေ ရှိတယ် ၊ ဗမာအတွက်ကြည့်မယ်ဆိုရင် ဗမာယူနစ်ရှိမနေဘူး ၊ ဗမာတွေအတွက် နိုင်ငံရေးအရ ဦးဆောင်မှုပေးမာ ဘယ်မာလဲ ၊စစ်ရေးအရ ထိန်းကျောင်းဖို့ရာ ဘယ်မာလဲ၊ သူတို့အတွက်တိကျခိုင်မာပြဌာန်းထားတာဘယ်မာလဲ ၊ ဒါကရှိမနေဘူး ဒီအတွက်ကြောင့်မလို့ ဗမာအတွက်လည်း ယူနစ်တစ်ခုရှိသင့်တယ်လို့ မြင်တယ်၊ ဗမာတင်မဟုတ်ဘူး လူမျိုးစုအစုအဖွဲ့တိုင်းမှာ ကိုယ်ပိုင်ပြဌန်းချက်တွေ အပြည့်အဝပေးနိုင်မယ့် ယူနစ်တွေ ရှီသင့်တယ်လို့ မြင်ပါတယ်။
မေး ။ ။လက်နက်ကိုင်တော်လှန်ရေး ပိုမို အားကောင်းဖို့ ကျေးလက်နေ ပြည်သူတွေအနေနဲ့ ဘယ်လို ပါဝင်လုပ်ဆောင်ဖို့ လိုမလဲ။
လက်နက်ကိုင်ရဲဘော်တစ်ဦး။ ။
လက်နက်ကိုင်တော်လှန်ရေး ပိုမိုအားကောင်းဖို့ ကျေးလက်နေပြည်သူတွေအနေနဲ့ ဒေသခံတော်လှန်ရေးအဖွဲ့တွေရဲ့ အကြံပြုချက်တွေကို နားထောင်ကြဖို့။လုံခြုံရေးသတိရှိဖို့တွေပဲ လိုအပ်ပါတယ်။
ထောက်ပို့ရဲဘော်တစ်ဦး။
လက်နက်ကိုင်နည်းနာဟာ အကန့်အသတ်ရှိပါတယ်။ ပြည်သူတိုင်း လက်နက်ကိုင်နိုင်ဖို့ မဖြစ်နိုင်ပါဘူး၊ သို့သော် ကျေးရွာတိုင်း၊ ဒေသတိုင်းက ပေးပို့တဲ့ သတင်းအချက်အလက်၊ ထောက်လှမ်းရေးတွေနဲ့ ကြိုတင်ပြင်ဆင်မှုတွေက အညာဒေသရဲ့ လက်နက်ကိုင်တော်လှန်ရေးကို ပိုမိုအရှိန်မြှင့်စေနိုင်မှာပါ။
သပိတ်ဦးဆောင်သူတစ်ဦး။
လက်နက်ကိုင်လမ်းစဥ်ပိုမိုအောင်မြင်ဖို့ ကျေးလက်နေပြည်သူတွေအနေနဲ့ ပြောစရာမလိုလောက်အောင် ကျေးလက်က ပါဝင်နေပြီးတယ်လို့ မြင်တယ်ပေါ့နော်၊ အားလုံးမြင်ကြတဲ့အတိုင်းကျေးလက်မှာ လူထုလှုပ်ရှားမှုတွေကအားကောင်းနေတယ် တဖက်မှာလည်း စစ်အုပ်စုရဲ့ မီးရှို့မှုတွေ အကြမ်းဖက်မှုတွေ ကြားထဲကနေပြီးတော့ ရတဲ့နည်းလမ်းနဲ့ ပါဝင်ကြတယ်။ ကျေလက်ဒေသဟာ သိကြတဲ့အတိုင်းတောင်ယာလုပ်တဲ့ ပြည်သူတွေများတယ်၊ တဖက်မှာလည်းကိုယ့်ရဲ့ လုပ်ငန်းတွေ လုပ်ကြတယ်၊ တဖက်မှာလည်း လူထုလှုပ်ရှားမှုတွေမှာ ပါဝင်နေကြတယ် ၊ တဖက်မှာလည်း လက်နက်ကိုင်တော်လှန်ရေးအတွက်အများစုထောက်ပံ့နေကြတာမျိုးကို တွေ့ရတယ် ၊ ခုလက်ရှိ ကျေးလက်မှာဆိုရင် ရွာတွေကလည်းမီးရှို့ခံထားရလို့ နေဖို့ထိုင်ဖို့တောင်မှ အခက်အခဲဖြစ်တယ်ပေါ့နော်၊ တောင်ယာလုပ်ငန်းကလည်း ခုလက်ရှိစီးပွားရေး လုပ်ငန်းအခြေအနေရလည်း အဆင်မပြေဘူး၊ ဒီလိုကြားထဲကနေ တော်လှန်ရေးမှာ မရှိရှိတာလေးကိုရောင်းထုတ်ပါဝင်နေကြတယ်၊ ဒီထပ်ပိုပြီး ပါဝင်လို့ ရမယ်ဆိုရင်တော့ ဒီနိုင်ငံရေးအသိ၊ တော်လှန်ရေးအသိတို့ကို ကျေးလက်နေပြည်သူလူထုတို့မှာ ပိုမိုရှိလာနိုင်မယ်ဆိုရင် ပိုမိုပါဝင်လာနိုင်မယ်လို့ မြင်တယ် ၊စစ်ရေးလှုပ်ရှားမှုတွေက ကျေးလက်မှာပိုမိုလှုပ်ရှားကြတဲ့ဖြစ်တဲ့အတွက် ကျေးလက်နေပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုကလည်း အလွန်အရေးကြီးတယ်ပေါ့နော်၊ သတင်းပေးပို့တာ ဖြစ်ဖြစ်၊ ထောက်လှမ်းတာဖြစ်ဖြစ် ပါဝင်လို့ ရတယ်ပေါ့နော် ၊ သို့ပေမယ့် ဘယ်လို ဘယ်လိုပါဝင်ပေးပါဆိုပြီးတော့ ဖိအားမပေးလိုဘူးပေါ့နော် ၊သူတို့သည်အခက်အခဲတွေကြားထဲကနေ ဆက်လက်ပါဝင်နေကြဆဲ ဖြစ်တဲ့အတွက်ပါ။
Fighting 💪
ReplyDelete"Truth always win in the end "
✊✊
ReplyDeleteDone 🍀
ReplyDeleteAgree 💯%
ReplyDeleteDone 💪
ReplyDeleteDone
ReplyDeleteDone
DeleteDone
ReplyDeletedone
ReplyDelete