ရန်သူဟာ ရန်သူပီသတယ်
ရန်သူဟာ ရန်သူပီသတယ်။
ရန်သူဟာ သူ့အလုပ်သူလုပ်တယ်။ သူတို့သက်ဆိုးရှည်ဖို့အတွက် နှစ်၃၀နီးပါး သူတို့စိတ်တိုင်းကျရေးဆွဲထားတဲ့ ဖွဲ့စည်းပုံကိုတောင် ချိုးဖောက်ရဲတယ်။ ပြည်သူ့ဆန္ဒတွေဘာတွေ သူတို့မကြည့်။ မသိ။ ပြည်သူရွေးကောက်ထားတဲ့ အစိုးရကိုလည်း လက်နက်အားကိုးနဲ့ ဖြုတ်ချတယ်။ စစ်တပ်ဟာ စစ်တပ်နေရာနေဖို့၊ ပြည်သူကြည်ဖြူတဲ့ စစ်တပ်ဖြစ်ဖို့ ကြိုးပမ်းပေးခဲ့တာတွေကိုလည်း မြောင်းထဲလွှင့်ပစ်လိုက်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားရင်ကြားစေ့ရေး လမ်းစဉ်ကိုလည်း အာဏာသိမ်းပြကာ ခြေနဲ့ဖျက်ပစ်လိုက်တယ်။ ပြီးတော့ အဲဒီ လူထုခေါင်းဆောင်ကိုလည်း ဖမ်းတယ်၊ထောင်ချတယ်။ အရင်စစ်ခေါင်းဆောင်တွေတောင် မလုပ်ဖူးတဲ့ အကျဥ်းထောင်မှာပဲထားတယ်။ နောက်ဆုံးအဆင့် ပြည်သူ အပေါ်ကိုတောင် ယုတ်မာရက်စက်ပြခဲ့တာ မဟုတ်လား။ ခွေးတစ်ကောင်မှာရှိတဲ့ သစ္စာတရားမျိုးတောင် သူတို့ဆီမှာ မရှိ။
ရန်သူဟာ ရန်သူပီသတယ်။
ရန်သူဟာ သူ့အလုပ်သူ လုပ်တယ်။သူအနိုင်ရဖို့ဆိုရင် မတရားအာဏာသိမ်းမှုအတွက် ဆန့်ကျင်ဆန္ဒပြတဲ့ ပြည်သူတွေကိုလည်း ပစ်သတ်ရဲတယ်။နိုင်ငံတကာဥပဒေ စာချုပ်တွေ၊လူ့သဘာဝအခွင့်အရေးတွေအရ မိမိမကျေနပ်တာကို ဆန့်ကျင် ဆန္ဒပြတယ်။ မိမိ လိုလားတာကို တောင်းဆိုဆန္ဒပြကြတာဖြစ်တယ်။ ဒါတွေကို သူတို့ဂရုမစိုက်။ ကုန်ကုန်ပြောရရင် ဒီလို ဆန္ဒပြတာမျိုးဟာ သူတို့စိတ်ကြိုက်ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံပါ အခွင့်အရေးနဲ့တောင် မဆန့်ကျင်ဘူးဆိုတဲ့အကြောင်း သူတို့ အသိအမှတ်မပြုကြ။ လက်နက်မဲ့ပါလား၊ ငြိမ်းချမ်းစွာဆန္ဒပြနေတာပါလား ဆိုပြီး သူတို့ဘက်က သက်ညှာခွင့်မပေး။ လက်နက်မပါတာက သူတို့၊ ပစ်ရမှာက ငါတို့။ ဒါမို့ ဆန္ဒပြရင် ပစ်လိုက်။ ငြိမ်းချမ်းစွာ ဆန္ဒပြတာ သူတို့ကိစ္စမဟုတ်။ ဆန္ဒပြရင် ပစ်တယ်။ ကားနဲ့တိုက်ဖမ်းတယ်။ ဒါတင်မက ဆန္ဒပြပွဲမှာမပါသူတွေကိုလည်း အလွတ်ပေးတာမျိုးမရှိ။ ကိုယ်ဝန်ဆောင်မိခင်က စလို့ ကလေးငယ်တွေအထိ ယုတ်ယုတ်မာမာရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ပြတယ်။ မတရားဖမ်းဆီးချုပ်နှောင်တယ်။ တရားဥပဒေရှေ့မှောက် တန်းတူညီမျှမှုဆိုတဲ့ အခွင့်အရေးတွေ သူတို့သမိုင်းမှာ မရှိခဲ့ကြ။ သူတို့ခြယ်လှယ်ခံရုပ်သေးတရားရုံးတွေနဲ့ သူတို့စိတ်ကြိုက် မတရားစီရင်ကြတယ်။ အကျဉ်းထောင်ဆိုတာ စိတ်ကြိုက် နှိပ်စက်လို့ရတဲ့ နေရာတစ်ခု သဖွယ် ပုံစံအမျိုးမျိုးနဲ့ နှိပ်စက်ကလူပြုကြတယ်။ ဒီလိုရုပ်ပိုင်းဆိုင်ရာနဲ့တင် မကျေနပ်သေးတော့ အကျဥ်းကျသူတွေကို သူတို့မိသားစုတွေနဲ့ တွေ့ခွင့်မပေးတာလိုမျိုးတွေနဲ့ စိတ်ပိုင်းဆိုင်ရာ အရလည်း အမျိုးမျိုးညှဉ်းပန်းနှိပ်စက်ကြပြန်တယ်။ နှစ်ပေါင်းအတော်ကြာ ရပ်ဆိုင်းထားတဲ့ သေဒဏ်ကွပ်မျက်မှုကိုတောင် အတွန့်အဆုတ်မရှိ သူတို့လုပ်ပြတယ်။ နိုင်ငံတကာက မလုပ်ဖို့ ဝိုင်းတားတဲ့ကြားကနေ လုပ်ဖြစ်အောင်လုပ်တယ်။ ရန်သူဟာ သူအနိုင်ရဖို့ဆိုရင် နိုင်ငံတကာကိုလည်းဂရုမစိုက်သလို ကျင့်ဝတ်တွေ၊ဥပဒေတွေ၊စံနှုန်းတွေကိုလည်း မျက်ကွယ်ပြုပစ်လိုက်တယ်။
ရန်သူဟာ ရန်သူပီသတယ်။
ရန်သူဟာ သူလုပ်စရာရှိတာကို သူလုပ်တယ်။ရန်သူဟာ သူအနိုင်ရဖို့ဆိုရင် ဗမာလူမျိုးအချင်းချင်းကိုလည်း သတ်ရဲတယ်။ တစ်ယောက်ချင်းစီ သတ်ပြသလို အစုအပြုံလိုက်လည်း သတ်ပြတယ်။ ရန်သူဟာ ဂျီနိုဆိုက် ဆိုတာကို ဘေးချိတ်ထားတယ်။ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေ၊ စိတ်မမှန်သူတွေကိုလည်း မီးရှို့သတ်တယ်။ဗုဒ္ဓဘာသာဝင်မို့၊ဘုန်းကြီးမို့ သက်ညှာခွင့်ပေးတာမရှိ။ ခုတ်ထစ်ပိုင်းဖြတ်ကြတယ်။ နေအိမ်တွေ၊ဘုန်းကြီးကျောင်းတွေကိုလည်း မီးလောင်တိုက်သွင်းတယ်။ စစ်သည်တော်ကျင့်ဝတ် ဆိုတာ သူတို့အတွက် စာရွက်ပေါ်မှာပဲရှိတယ်။ ပိတ်မိနေတဲ့ သူတို့ စစ်ကြောင်းအတွက် လွတ်မြောက်သွားအောင်ဆိုရင် ကလေးကအစ လူသားဒိုင်းလုပ်တယ်။ရန်သူအတွက် ဂျီနီဗာကွန်ဗင်းရှင်းဆိုတာ စက္ကူစုတ်သာသာလို သဘောထားတယ်။ ခရစ်ယာန်ဘုရားကျောင်း၊ဗလီ အကုန်မီးလောင်မြှိုက်တယ်။ ရန်သူဟာ စစ်ရာဇဝတ်မှုဆိုတာတွေ လျစ်လျူရှုရဲတယ်။ သူတို့ရဲ့ ကျူးလွန်မှုတွေအကြောင်း မြိန်ရေရှက်ရေပြောတယ်။ ပြည်တွင်းစစ်မှာ လေကြောင်းမသုံးရတာတွေ သူတို့ ထည့်မတွက်ဘူး။ သူတို့ စစ်ခွေးတွေ သေပြီဆိုတာနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေကိုလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တယ်။
ရန်သူဟာ ရန်သူပီသတယ်။
ရန်သူဟာ သူလုပ်စရာရှိတာအကုန်လုပ်တယ်။သူအနိုင်ရဖို့ဆိုရင် စီးပွားရေးဖွံ့ဖြိုးမှုမှန်သမျှ ရပ်ဆိုင်းပစ်တယ်။ဒေါ်လာတွေ အကုန်လက်ဝါးကြီးအုပ်တယ်။ စီမံခန့်ခွဲမှုတတ်,မတတ် ဆိုတာ သူတို့အုပ်စု ဘယ်လောက်အထိကောင်းစားအောင် ဆောင်ရွက်နိုင်သလဲဆိုတဲ့အမြင်နဲ့ အကဲဖြတ်တယ်။ ကျန်တဲ့ တိုင်းပြည်က ပြည်သူတွေ ငတ်တာ ဆင်းရဲတာ သူတို့အလုပ်မဟုတ်။မြန်မာကျပ်ငွေတွေ ဒုံးပျံစီးတဲ့အကြောင်း သူတို့ မသိမဟုတ်။ကုန်စျေးနှုန်းတွေ ဘဝဂ်အထိရောက်သွားတာ သူတို့မသိမဟုတ်။ဓာတ်ဆီစျေးတွေ အတောင်ပေါက်သွားတာ သူတို့မသိမဟုတ်။ အကုန်သိတယ်။၇၀ ကျော် အဘွားကြီးတစ်ယောက် ဆီတစ်ဘူးရဖို့ မျက်နှာငယ်လေးနဲ့ တိုးဝှေ့ဝယ်နေရတယ်။ အလကားဝေတဲ့ စားဆီအတွက် ရန်ဖြစ်ကြတယ်။လုယက်မှုတွေ တစ်နေ့တခြားများလာတယ်။ဒါတွေအားလုံး သူတို့မသိမဟုတ်။ သူတို့အကုန် သိတယ်။ပြည်သူတွေ ကျပ်တည်းလေလေ၊ နွေဦးတော်လှန်ရေး အရှိန်လျော့လေလေဆိုတာကို သူတို့သိတယ်။မျက်ဖြူဆိုက်လေ မောင်ကြိုက်လေမို့ ပြည်သူဘာဖြစ်ဖြစ် သူတို့နိုင်ဖို့ကိုပဲ အာရုံစိုက်တယ်။
ရန်သူဟာ ရန်သူပီသတယ်။
ရက်စက်မှုအပေါင်းသရဖူဆောင်းမယ်။အဓမ္မကိုကိုးကွယ်မယ်။မကောင်းမှုမှန်သမျှ အကုန်ကျင့်ကြံမယ်။
တရားမျှတကို ရေဆုံးမြေဆုံး သူတို့ ချေမှုန်းမယ်။လွတ်လပ်မှုကို ကြိုးစင်တင်မယ်။
ဟုတ်တယ် ။
ရန်သူဟာ ရန်သူပီသတယ်။
သပြေညို
Done 🍀
ReplyDeleteပစ်တိုင်းထောင်
ReplyDeleteနာကျင်မှုတွေကို
မေ့ထားလိုက်ကြမယ်
နာကျင်အောင်လုပ်တဲ့ သူတွေကို ဘယ်တော့မှ မမေ့ဘူး...
စစ်ဦးဘီလူး တဲ့လား..
အမှန်တရားဟာ
ငါတို့ ခန္ဓာကိုယ်ထဲမှာ
အလေးချိန်စီးတော့
ငါတို့ဟာ ပစ်တိုင်းထောင်လို အမြဲတမ်း မတ်မတ်ပဲ..
ဘီလူးကိုလည်း
အရူး အမှတ်နဲ့ ရင်ဆိုင်မယ်... ။
-မင်းခိုက်စိုးစန်
ကျနော်တို့လဲတာဝန်ကျေတဲ့ပြည်သူတေပီသအောင်Click ကြမယ်💪
ReplyDeleteClicked 🌸
ReplyDeleteDone 💪
ReplyDeleteWheel..........dope.🏹🏹🏹
ReplyDeleteDone
ReplyDeleteDone
ReplyDeleteဟုတ်တယ် ရန်သူဟာရန်သူပီသတယ်
ReplyDeleteရန်သူဟာ ရန်သူပီသတယ်
ReplyDeleteDone 🌵
ReplyDeleteဟုတ်တယ် 👍
ReplyDeleteရန်သူဟာ ရန်သူပီသတယ်
Done
ReplyDelete