အရွယ်တူလူငယ်တွေထဲမှာတောင်
ငါတို့ဟာ နုံချာတဲ့ လူ့ဂွစာတွေ
ငါ့တို့အတွက်ဆိုလို့
ဆေးပေါ့လိပ်လေးတွေရယ်
ကိုင်နေကျစာအုပ်တစ်နဲ့ဖောင်တိန်တစ်ချောင်း
ငါ့ကျောပိုးအိပ်ထဲမှာ ကျယ်ပြန့်စွာနေရာယူထားတဲ့
အနီရောင်အောက်ခံအဝါရောင်ခွတ်ဒေါင်းအလံတော်လေးရယ်
ဒီထပ်ပိုပြီး မလိုအပ်ခဲ့ဘူး
နေရာတကာ သူများပြောသမျှ
ခေါင်းငုံလက်ခံနိုင်တဲ့စိတ်မရှိတာကြောင့်
ငါဟာလူတွေထဲကလူတွေနဲ့ဝေးလာခဲ့တယ်
တောတောင်ကြားက မျက်ခင်းစိမ်းစိမ်းတွေမှာ
ပျော်မွေ့တက်ခဲ့တယ်
ဒီလိုနဲ့ ဝေးကွာလာလိုက်တာ
အတူတစ်လမ်းထဲသွားတဲ့ ငါ့လူတွေတောင်
ငါ့ကိုအရင် စွန့်ခွာသွားကြတယ်
ကောင်းကင်မှာ ငွေကြယ်တွေ
စုံအောင်လင်းလက်နေသေးပေမယ့်
ယုံကြည်ချက်တူ လက်တွဲလာခဲ့တဲ့ လူတစ်စုမှာ
အရင်လို လူမဆုံတော့ဘူး
အသွားလမ်းကလည်း
မဖြောင့်ဖြူးသလို
အပြန်လမ်းဟာလည်း မသေချာခဲ့ဘူး
သေရာပါဆူးနေတဲ့ ရင်ထဲက ဒဏ်ရာတွေကို
တစ်ခန်းတစ်နား ထမ်းပိုးသယ်ရင်း
အလွမ်းများ ညဆက်ခဲ့တယ်
နေရောင်မပျောက်ရှခင်
ကြွေကာခြောက်ခဲ့ရတဲ့
ရွက်သစ်ရွက်နုလေးတွေကို ကြည့်ရင်း
ငါလည်း ဘယ်တော့
ကြွေကျနွမ်းရမလည်း
တွဲလက်လေးတွေ ပြုတ်ကျကျန်ခဲ့ရတဲ့
ဒီနွေရဲ့ ချောက်ကမ်းပါးထဲမှာ
ငါ့ကို စောင့်နေကြမလား
ကန္တာရ နွေအပူအလည်မှာ
ယောင်ချာချာ ငါတစ်ယောက်တည်း
နောက်ဆုံးတော့လည်း
သမိုင်းပေးတာဝန်တွေကိုထမ်းရင်း
သွေးကြွေးအတွက်
ဆက်လက်ရပ်တည် ချီတက်ရအုန်းမည်......
#နန္ဒ
Done🍪
ReplyDelete🤜🤛
ReplyDeleteDone 🍀
ReplyDeletedone
ReplyDeleteClicked🌸
ReplyDeleteThis comment has been removed by the author.
ReplyDeleteTake care, guys.
ReplyDeletegood
ReplyDeleteDone 💪
ReplyDelete♡
ReplyDeleteDone
ReplyDeleteအားတင်းထားပါအုန်း ရဲဘော် ...
ReplyDeleteအမှန်တရားလမ်းဟာ မချောမွေ့ပေမဲ့
မှန်သောလမ်းကို လျှောက်လှမ်းနေသမျှတော့ လိပ်ပြာလုံနေဆဲပါ။
ကံကိုယုံပြီး ဆူးပုံကို
နင်းကြတာ မဟုတ်သလို
ဉာဏ်ကိုယုံပြီး တော်လှန်ကြမြဲမို့
" ငါတို့ နိုင်ကို နိုင်ရမှာ " 💯💯