လွင့်ပျောက်... မြိုချ...


အဆင်ပြေပါတယ် မေရာ...

မာနတွေက ထမင်းမှမကျွေးတာ

နဖူး မြေသားမှုန်ကပ်တဲ့အထိ

ခေါင်းချထားရုံပေါ့

ကျော့မော့တယ်ဆိုတာ ခဏပဲလေ

ကမ္ဘာက စောင်းနေတော့လည်း

ဇက်အညှပ်ခံကြည့်ပေးရုံပေါ့

အနာကို ထိုင်သခွင့်တောင်မရှိတဲ့လူတွေကြားနေပြီး

လက်ဝါးမှာ

အချစ်ကို တက်တူးထိုးထားတာ

ကဗျာဆရာပါပဲ


#Tommy

Comments

Post a Comment