ရူးသွပ်ညများ



တစ်လုံးပြီးတစ်လုံး ကျဲချ ပစ်ချလိုက်တဲ့ လက်နက်တွေ



ဆော့စရာအရုပ်လောက် သဘောထားဆော့နေကြလားမသိ



ဘယ်နှယောက်သေဆုံးသတင်းမှာ ငါတို့က လူအများငိုပြစရာ နံပါတ်တွေဖြစ်ကြရ



ဆာလောင်နေတဲ့ မိစ္ဆာတွေအောက် ငါတို့မိန်းမများလည်း သားကောင်ဖြစ်ရ



မသိတတ်သေးတဲ့ကလေးများကလည်း

လူနင်းခွေးနင်း ကပျက်ကသင်းနဲ့



ဪ ဒင်းတိုတွေ မကောင်းမှုကို

ကန်နဲ့သင်းနဲ့ကို စုဆောင်းနေတယ်



ဪ အပြစ်မမြင်ပါနဲ့လေ



လူဆိုတာ ခံတစ်လှည့်စံတစ်လှည့်ကြီးပဲတဲ့



ငါတို နာကျင်မှုတွေက တစ်ချိန်ကျ

စွန့်လွှတ်မှုဆိုပြီး ကဗ္ဗည်းမတင်ရင်တောင် နေပါစေ



ငါတို့ချင်းသိ ငါတို့ချင်းလိပ်ပြာလုံနေရင် ကျေနပ်တယ်



ဟိုဘက်မှာ အိပ်ကောင်ချင်းအိပ်နေတဲ့

ကောင်များ ဘယ်သိကြပါ့မလဲဗျ



စံတစ်လှည့်ကုန်လို ခံတစ်လှည့်ရောက်ကြတော့လည်း



ဆီပုလင်းသာ ဆောင်လိုက်ကြတော့ဗျာ





ရူးသွပ်ညတွေက ရေးရေးလေးလာတဲ့

ရိုင်းရိုင်းစိုင်းစိုင်းကဗျာ



#Tommy

Comments

  1. ​ရှေ့ဆက်ဖို့တွန်းအားတစ်ခု

    ReplyDelete
  2. ငါတို့ချင်းသိ ငါတို့ချင်းလိပ်ပြာလုံနေရင် ကျေနပ်တယ်
    အဲ့ဒီစာသားလေးနဲ့တင် အားဖြစ်စေတယ်💪

    ReplyDelete
  3. ဖိုက်တင်းးးး🌵🌵🌵

    ReplyDelete

Post a Comment