ပါဆင်နယ် ကဏ္ဍများ
မနက်နိုးလာလို့ မင်းဝတ်ထားတဲ့ စွပ်ကျယ်လက်ပြတ်လေးမှာ
အပေါက်လေးက ဟိုတစ်စ ဒီတစ်စ
ခြင်ကိုက်ထားလို့ အနီဖုတွေထ
ခြင်ထောင်မရှိဘူးလေ
ခေါင်းကိုထောင်လိုက်တော့ ဇက်ကကိုက်
ခါးကလည်း နာ
အိပ်ရေးကဝတယ်မဆိုသာ
အသက်ကလေးကရပြီ
မွေ့ယာမပါ ဖျာတစ်ချပ်
အကွက်လေးတွေထဲ ကြမ်းပိုးကရှိသေး
ဆောင်းတွင်းဆို ပုဆိုးကိုခြုံ
အပေါက်က ရှိသေးတော့ လေကတိုးလို့ အေးလို့တုန်
သာမန်နေ့ဆို ဒီပုဆိုးပေါက်ကိုပဲပြန်ခေါင်းအုံးခဲ့ရ ညများစွာ
ဒီထက်ဆိုးတာ အခုမနက်နိုးတော့ ဘာမှစားစရာမရှိ
ဆားနည်းနည်းပွတ်
ဆန်ဆေးရေအကျန်နဲ့ မျက်လုံးတစ်ဝိုက်ကိုဆွတ်ဆေး
ပိုက်ဆံအိတ်အစုတ်ကို ဖွင့်ကြည့်တော့ အကြွေအစအနတွေ ထွက်ကျလာလေရဲ့
မျှော်လင့်တကြီးနဲ့ အကုန်ပေါင်းကြည့်
သင်္ချာဉာဏ်ပေါ်သမျှတွေနဲ့ ဘယ်လောက်တွက်ကြည့်ကြည့်
ဒီမနက်ဖို့တော့ မုန့်ဟင်းခါးအလွတ်တစ်ပွဲစာမရခဲ့ပေ
အရည်သာ(-)ရာဖိုးပေးပါ
မြန်မာပြည်အောက်ဆုံးက လူတစ်ယောက်ရဲ့ မနက်ခင်း
ဘယ်သူနဲ့ ဘာဆိုင်လဲ
ပါဆင်နယ် ကဏ္ဍတွေ…
လမ်းကြားထဲ ဓါးထိုးပြီး လုသွားတာခံရတဲ့ ပိုက်ဆံအိတ်ထဲမှာ
ချစ်ရသူပုံဖြစ်ဖြစ်
သားသမီးရဲ့ ပုံတွေဖြစ်ဖြစ် ပါရင်လည်းပါသွားမှာပေါ့
လုတဲ့သူနဲ့ ဘာဆိုင်လဲ ဓါတ်ပုံကို ပစ်ချခဲ့ရုံပေါ့
ဘယ်သူနဲ့ ဘာဆိုင်လဲ
ပါဆင်နယ် ကဏ္ဍတွေ…
မလိုရင် ဖြတ်ချထားလိုက်
ဒါ မှန်တာပဲမလား
တစ်ခုခုကို လိုနေရင်း မွေးလာတဲ့ ဘဝလား?
“ဆေးလိပ်တစ်ဘူးလောက် သွားဝယ်ဦးမယ်”ဆိုပြီး ပြန်မလာတော့တဲ့ အဖေ?
“အမေ ပင်ပန်းနေလို့ တစ်ရေးလောက် မှေးဦးမယ်ဆိုပြီး ပြန်နိုးမလာတော့တဲ့ အမေ?
ခရစ္စမတ်နေ့မှာ လက်ဆောင်တွေနဲ့ ပြန်လာမယ်အမှတ်နဲ့ အေးစိမ့်စိမ့် စောင့်နေရင်း အိပ်ပျော်သွားတဲ့နောက်နေ့မှာ ဘဝပြောင်းသွားခဲ့တာတွေ?
မွေးကတည်းက ကမ္ဘာကြီးက မှောင်မည်းနေတာလား?
ကိုယ့်နှလုံးသားခုန်သံကိုယ်မကြားရပဲ တိတ်ဆိတ်နေတာလား?
ကိုယ့်ခြေထောက်နဲ့ကိုယ်မပြေးဖူးတဲ့ ဘဝတစ်ခု?
ကိုယ့်လက်နဲ့ကိုယ် စာမရေးနိုင်ဖူးတဲ့ ဘဝတစ်ခု
စာအုပ်တစ်အုပ်တောင် မဖတ်နိုင်ခဲ့တဲ့ ဘဝတစ်ခု?
ဒါမှမဟုတ်လည်း တော်လှန်ရေးအတွက် သေနတ်ကိုင်သွားရင်း မိုင်းနင်းမိတဲ့ ခြေတစ်ဖက် လက်တစ်ဖက်ရာဇဝင်တွေလား?
သူတို့က အများပိုင်ရုပ်သံပေါ်က “ဟာ” “ဟင်” ဆိုပြီး အံ့ဩပြ ငိုပြစရာ နံပါတ်တွေပဲလေ
ဘယ်သူနဲ့ ဘာဆိုင်လဲ
ပါဆင်နယ် ကဏ္ဍတွေ…
ငွေတွေနောက်လိုက်ရင်း သေသွားတာလည်း
သေသွားတဲ့ကောင်ရဲ့ ပါဆင်နယ်ပဲ
ဇာတ်တူသားစားတဲ့ကောင်တွေသတ်လို့သေရတာကလည်း
သေသွားတဲ့ကောင်ရဲ့ ပါဆင်နယ်ပဲ
ဇာတ်တူသားစားတဲ့ကောင်တွေ တစ်ပြည်လုံးကို သတ်လို့ တစ်နိုင်ငံလုံးသေနေတာကျတော့လည်း
ငါတို့နိုင်ငံရဲ့ ပါဆင်နယ်ပဲပေါ့
ဘယ်သူနဲ့ ဘာဆိုင်လဲ
ပါဆင်နယ် ကဏ္ဍတွေ…
#Tommy
Done
ReplyDeleteDone 💪
ReplyDeleteDone
ReplyDeleteDone💜
ReplyDeleteDone.
ReplyDelete"ဇာတ်တူသားစားတဲ့ကောင်တွေ တစ်ပြည်လုံးကို သတ်လို့ တစ်နိုင်ငံလုံးသေနေတာကျတော့လည်း
ReplyDeleteငါတို့နိုင်ငံရဲ့ ပါဆင်နယ်ပဲပေါ့.."
အရေးတော်ပုံ အောင်ရမည် စစ်အာဏာရှင်စနစ် ကျိန်းသေကျိန်းသေပေါက် ကျဆုံးရမည်
ReplyDeleteဘယ်သူနဲ့ ဘာဆိုင်လဲ
ReplyDeleteပါဆင်နယ် ကဏ္ဍတွေ…
Clicked🌸
ReplyDeleteGood
ReplyDelete