ကျည်စဝင် ခေါင်းတစ်လုံး၏ မေးခွန်းများ
အမေ…
သမီးက ဒီနိုင်ငံကမွေးတဲ့ ကလေးတစ်ယောက်မဟုတ်ဘူးလားဟင်
ဘာလို့ သမီးကို ဒီနိုင်ငံကလူတွေကပဲ ဒုက္ခပေးနေတာလဲဟင်
စစ်သားဆိုတာ တိုင်းပြည်နဲ့ လူမျိုးကို ကာကွယ်တယ်လို့ ဖတ်စာအုပ်ထဲပါတယ်လေ
ဘာလို့ သမီးကို မကာကွယ်တာလဲဟင်
အမေ…
လေယာဉ်ပျံတွေက ဘယ်လိုပျံလဲဟင်
ငှက်တွေက အတောင်ခတ်ပျံကြတာ
သူက အတောင်လည်းမခတ်ဘူး
ပြီးတော့…
ဘာလို့ လေယာဉ်တွေက သမီးတို့ကို ဒုက္ခပေးနေတာလဲဟင်
အမေ…
အဖေက လူသတ်ဖူးလားဟင်
ပစ္စည်းခိုးဖူးလားဟင်
လိမ်ပြောဖူးလားဟင်
ဒါဆို အမေ…
ဘာလို့ အဖေက ထောင်ထဲရောက်နေတာလဲဟင်
အမေ…
ဘုရားသခင်ရဲ့ ကလေးတွေဖြစ်တဲ့ သမီးတို့က
ဘာလို့ ကောင်းချီးမင်္ဂလာရမယ့်အစား
ခေါင်းထဲက ကျည်စပဲရရတာလဲဟင်
အမေ…
ဘုရားသခင်က အရာအားလုံးကိုလုပ်နိုင်တယ်ဆို
သမီးခေါင်းထဲက ကျည်စကို သူမထုတ်ပေးနိုင်ဘူးလားဟင်
အမေ…
ဘာလို့ငိုတာလဲ အမေ…
ဖြေပါအမေ…
သမီးလိမ္မာပါ့မယ်အမေ…
အမေ…အမေ…
#Tommy
(ကြေကွဲခြင်းဖြင့်)
Done 💪
ReplyDelete💔😥ရင်နာရတယ် တို့တွေချစ်တဲ့သွေးချင်းတွေရယ် 🌸
ReplyDelete💔💔
ReplyDeleteDone☘️
ReplyDelete🥲🥲🥲 fighting 💪💪💪
ReplyDeleteDone
ReplyDeleteDone UK
Deleteအရေးတော်ပုံ ကျိန်းသေပေါက်အောင်မြင်ရမည်
ReplyDelete