A Sweven Elegy from Nature

- INTRO -


Quကပြောတယ်။


"နူးညံ့ခြင်းအကြောင်းတွေပြောပြီး ငိုမယ်။

လွမ်းဆွတ်ခြင်းအကြောင်းတွေပြောပြီး ပျော်မယ်။


မိုးဝလို့စိမ်းစိုနေတဲ့မြက်ခင်းပြင်ပေါ်မှာသဘာဝတရားကြီးကိုထိုင်ရှုစားရင်း အကြောင်းရင်းမဲ့ကာ ပြုံးမယ်"တဲ့။


Quကပြောတယ်။


"ရှင်သန်ခြင်းတရားကိုအထပ်ထပ်အခါခါ

မေးခွန်းထုတ်မယ်။သေခြင်းတရားကို

အထပ်ထပ်အခါခါစူးစမ်းမယ်။


'လောကကြီး'လို့ဆိုလိုက်တိုင်း Quရင်ထဲအလိုလိုနွေးထွေးသွားမယ်"တဲ့။


Quကတစ်ခါက ထပ်ပြောဖူးပြန်တယ်။

"အရာအားလုံးရဲ့အဆုံးမှာ ငါတို့အားလုံးဟာဘယ်သူမှ စိတ်မဝင်စားတဲ့ပုံပြင်ဟောင်းတစ်ပုဒ်အနေနဲ့ကျန်ခဲ့မှာပဲ . .


ဒါ . . ကြောင့် ကိုယ်ဘဝ့ကိုဆေးခြယ်နိုင်တုန်းမှာခြယ်ချင်တဲ့အရောင်တွေကို အားရပါးရရေးခြယ်ပစ်လိုက်စမ်းပါ"သတဲ့။


Quက တစ်ခါကညည်းတွားဖူးပြန်တယ်။


"လူတွေဟာ ဒီမြေပေါ်မှာမွေးပြီး ဒီမြေပေါ်မှာပဲသေဆုံးကြရတယ်။သို့ပေတည်း သူတို့ဟာအကြောင်းရင်းမဲ့စွာ 'ဘဝ' ဆိုတဲ့ အလှအပတရားကြီးကိုဖန်ဆင်းခွင့် အပြည့်အဝလက်ကိုင်ရထားကြတာပဲ။


ဘယ်မှာ လောကကြီးကမတရားမိလို့လဲ"တဲ့။


Quဟာ . . နာကျင်ခြင်းတရားတွေကိုမသိပါဘူး။


လောကကြီးမှာ မနာကျင်ဖူးတဲ့လူလို့လဲမရှိ

ပြန်ပေဘူး . . ။


လူတွေအကြောင်းကိုလဲ Quမသိပါဘူး။


ဒါပေမယ့် . . လောကကြီးမှာအရာရာဟာ ဆန်းကြယ်တယ်ဆိုတာကိုတော့Quသိထားတယ်။


ဒါပေမဲ့Quပြောတဲ့ 'လောကကြီး' နဲ့ လူတွေပြောတဲ့ 'လောကကြီး' နဲ့ကတော့လားလားမှမတူပါဘူး။


Quအတွက်လောကကြီးဟာ 

သူ့ရဲ့အဖော်မွန်ကောင်းတစ်ယောက်ဖြစ်ပြီး 

လူတွေအတွက်လောကကြီးဟာတော့ဖြင့်...။


ပုံပြင်လေးတစ်ခုဟာ အစချီလာခဲ့ပြီဆိုရင်ပုံပြင်ရဲ့အဓိကကျတဲ့ဇာတ်ကောင်တွေဟာ အချင်းချင်းတွေ့ကြဖို့အကြောင်းရင်းတွေ လုံလုံလောက်လောက်ရှိနေပြီဟု ဆိုလိုပါသတဲ့လေ။


"ဒီပုံပြင်လေးကိုတော့ 

ဒဏ္ဍာရီတစ်ခုအနေနဲ့ကျန်ခဲ့

စေချင်တယ်"


Quဟာ အဝေးကိုမှိန်းမောကာနေရင်း ရုတ်တရက်ဆန်ကာဖြင့် စကားဆိုပြန်တယ်။


"ဘယ်သူမှ မမြင်နိုင်တဲ့တစ်နေရာမှာ 

လောကကြီးဟာလှပနေတုန်းပါပဲ"တဲ့။


START-Nov/13/Sat/2021


<ဤFicအတွင်းအရှိ တစ်ချို့အရာများသည်စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်၏>


အခန်း (၁)


Giethroonမြို့လေးသည်ယနေ့မိုးတွေသည်းထန်စွာရွာသွန်းနေလေ၏။မိုးစက်မိုးပေါက်လေးများ၏မြေကြီးပေါ်နှင့်၊မြစ်ရေပေါ်သို့တစ်ပေါက်ပေါက်ကျနေသော အသံများဟာမြို့လေးထဲတွင်ပဲ့တင်ကာထွက်လို့နေလေ၏။မိုးချိန်းသံနှင့်လျှပ်စီးလက်သံတို့ကားအချိန်ခဏအတွင်း ထပ်ကာထပ်ကာပဲ့တင်မြည်ဟီးလို့သွားပြီး ကောင်းကင်ယံထက်မှိုင်းညို့ညို့တိမ်များကိုပို၍တိုးလာစေ၏။


​မြစ်ရေစီးကြောင်းအလိုက် စီရီကာတည်ဆောက်ထားသော Cottageအိမ်လေးများသည် ယခုမူချိတ်ပိတ်ကာထားကြလေပြီးလူမရှိ၊သူမရှိ မှောင်မဲလို့နေကာ မြို့လေးသည်လဲတိတ်ဆိတ်လို့နေ၏။ဒီလိုနှင့် တစ်ပေါက်၊တစ်ပေါက်ကျနေသော မိုးစက်သံလေးများနောက်လိုက်ပါသွားပါလျှင် ခပ်သဲ့သဲ့ကြားရလိမ့်မည်ဖြစ်သော သွေးပျက်ဖွယ်ရာအသံတစ်ချို့ကိုကြားရလိမ့်မည်ဖြစ်သည်။


အနက်ရောင်ဝတ်စုံများနှင့်လူတစ်စု။ကိုယ်စီကိုယ်စီထီးအနက်ရောင်များကိုကိုင်ဆောင်ကာထားကြပြီး မျက်နှာတွေဟာလဲညှိုးရော်လို့နေသည်။တစ်ချို့ကနှင်းဆီဖြူတစ်ချို့ကိုလက်၌ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လို့ထားကြပြီး တစ်ချို့ကတော့စာအိတ်ဖြူသေးသေးလေးတွေကိုကိုင်ထားကြသည်။ထိုအုပ်စု၏အလယ်တွင်မှာတော့ အလောင်းမဲ့အုတ်ဂူလေးတစ်ခုတည်ရှိ၏။


ထိုအုတ်ဂူလေး၏တစ်ဖက်တစ်ချက်တွင်အရုပ်ကျိုးပျက်ထိုင်ကျကာနေသော သူနှစ်ယောက်မှာ ငိုပါများလာသောကြောင့် ဆက်ကာငိုပင်မငိုနိုင်တော့ဘဲ မျက်နှာတည်ကာအသက်မဲ့သွားကြတဲ့အဆင့်ကိုရောက်နေကြပြီဖြစ်၏။အုတ်ဂူလေး၏ရှေ့တွင်လည်း မိုးရေများတစ်ကိုယ်လုံးစွတ်စွတ်စိုကာရွှဲလျက် ခွေအိပ်နေသည့်ကြောင်နက်လေးတစ်ကောင်လဲရှိလေ၏။


"ဘာတွေများမှားသွားခဲ့လို့လဲ"


အုတ်ဂူလေးကို အသာထိရင်း ဘေးနားရှိကောင်လေးဟာ ထိုသို့တီးတိုးရေရွတ်သည်။


"ငါတို့ ဘာတွေများမှားသွားခဲ့လို့လဲ..."


စတင်ကာတရှုံ့ရှုံ့ငိုသွားလေပြီဖြစ်သောကောင်လေးသည် သူ၏မျက်နှာအားလူတွေမမြင်စေလို့ငှာအောက်သို့ဝှက်ကာထားလေ၏။ဘေးနားရှိကောင်မလေးမှာ ကောင်လေးအားနှစ်သိမ့်ပေးချင်ပါသော်လည်း သူမကိုယ်တိုင်တောင်မဖြည်ဆည်နိုင်မှန်းသိသာလှသည်။အလယ်တွင်အုတ်ဂူအနားသို့တိုးကပ်ကာ ခွေခွေလေးအိပ်နေပေသော ကြောင်နက်လေးမှာမူ တိတ်တခိုးမျက်ရည်ကျလို့နေသည်။


အုတ်ဂူအထက်ရှိ နာမည်နေရာမှာတော့ နာမည်လေးတစ်လုံးကိုသာ အလှပဆုံးရေထိုးထားလေသည်။ထိုသည်မှာ"Qu"ဟုဆိုသတည်း။


                           ༻....×....༺


ကျွီ..ကျွီ၊ကျွီ...ကျွီ။


ကျေးငှက်လေးနှစ်ကောင်ပူးကာအရှေ့နောက် ဆင့်လျက်ကောင်းကင်ယံထက်ပျံဝဲသွားပြီးနောက်တွင်တော့မြေပြင်ထက်ရှိကောင်လေးမှာအချိန်ကျပြီဟု ခေါင်းကိုငြိမ့်ကာပြောလိုက်ပြီး တိုင်နှစ်တိုင်အားမြေကြီးပေါ်ထိုးစိုက်၍ကြိုးတစ်သွယ်နှင့်သွယ်တန်းထားသောအဝတ်လှန်းကြိုးအထက်ရှိ သူ၏အင်္ကျီအဝတ်အစားများကို စတင်ကာခေါက်ယူပါတော့သည်။


ထိုကောင်လေးမှာ ခပ်ဖြည်းဖြည်းတစ်ထည်ချင်းဆီကိုစိတ်ရှည်စွာခေါက်ကာနေပြီး သူ၏ဘေးနားတွင်ချကာထားပေသော ခြင်းထောင်းလုံးလုံးလေးထဲသို့ ခေါက်ကာအစီအရီဖြင့်ထည့်ကာနေလေသည်။အနောက်လေအေးအေးလေးတစ်ချက်တိုက်လာတာနဲ့အမျှ ကောင်လေးနဖူးထက် ဝဲကျနေပေသောဆံပင်များအားခပ်ဖြည်းဖြည်းပင့်တင်ပေးသလိုဖြစ်သွားပြီးကောင်လေး၏ရုပ်ရည်သွင်ပြင်အားပေါ်လွင်စေသွားပါသည်။


အသားဖြူဖြူ၊နှာတံစင်းစင်းနှင့် ရဲတင်းကာပီရိလျက်ရှိသောနှုတ်ခမ်းတို့ရှိပြီး မျက်နှာအချိုးအစားမှာ သေသပ်လှပသည်။မေးစေ့ချွန်သလိုလိုဝိုင်းသလိုလိုနှင့်ရှိသော်လည်းတကယ်တမ်းကြည့်လိုက်လျင်တော့ မေးစေ့ကားသူ၏ခန္ဓာကိုယ်ပိုင်ရှင်နှင့်လိုက်ကာ တည်ရှိပေးနေခြင်းဟုမှတ်ချက်ချရမည်။


ကောင်လေး၏အဝတ်ခေါက်နေသောလက်တို့သည်ဖြည်းဖြည်းချင်းလှုပ်ရှားနေပါသော်လည်း ဒီအလျှင်ကဖြည်းသည်ဟုဆို၍မရပေ။ဒါ့ပြင် ခပ်လောလောဟန်ကိုအနည်းငယ်ဆောင်ကာနေပြီး လေပြင်းတိုက်တော့မည်ကိုကြိုသိနေသဖြင့်အဝတ်များကိုခပ်မြန်မြန်ခေါက်နေရသည့်ကောင်လေးတစ်ယောက်ဟန်ပေပေါ့။


အညိုရောင် အင်္ကျီလက်ရှည်လေးအားဝတ်ဆင်လို့ထားပြီးထိုအင်္ကျီအားကြည့်ရသည်မှာဟောင်းနွမ်းကာနှစ်ချီလို့နေပြီဖြစ်သည်။ဘောင်းဘီမှာ ခပ်တိုတို၊အညိုဖျော့ရောင်လေးဖြစ်ကာ အနားသတ်တွင်ခပ်သေးသေး စာလုံးလေးတစ်လုံးအားထည့်၍ချုပ်ထားပေ၏။


ကောင်လေးသည် အဝတ်တွေကိုခေါက်လို့ပြီးစီးသည်နှင့် ဘေးနားရှိခြင်ထောင်လေးအား ပေါ့ပါးသွက်လွက်စွာ မ သယ်လို့သွားပြီး ခြံလေးထဲသို့အပြေးသွားလေသည်။ထို့နောက် တစ်ဖန်ခပ်မြန်မြန် အပြေးကလေး ပြန်ထွက်လာပြီး ခြံဝင်းအပြင်ဘက်သစ်ဆွေးထက်တွင်ရှိ သူဖတ်လက်စစာအုပ်လေးအားအလျင်စလိုကောက်ယူလို့သွားသေးသည်။


အိမ်လေးထဲသို့မဝင်ခင်ကောင်လေးသည် ခြေလှမ်းများကိုရပ်ဆိုင်းကာနောက်သို့သမင်လည်ပြန်ကြည့်လေ၏။တောင်တန်းအလွန်တွင်ရှိ နေလုံးနီနီကြီးသည်ယခုမူတောင်တန်းတို့၏ဝါးမျိုခြင်းကိုခံနေရကာတဖြည်းဖြည်းတရိပ်ရိပ်နှင့် အောက်သို့ဝင်သွားနေလေတော့သည်။


ကောင်လေးမှာ ထိုမြင်ကွင်းအားအကြိမ်ပေါင်းထောင်သောင်းမကမြင်ဖူးနေပါသော်လည်း ယခုမှစကြည့်ရဖူးသူနှယ် စိတ်ဝင်တစား အသေးစိတ်ကြည့်နေပါ၏။ထို့နောက်တွင်တော့ ကောင်လေးသည်ခပ်ဖျော့ဖျော့အပြုံးလေးအား ပြုံးကာသက်ပြင်းကိုစိတ်ပေါ့ပါးစွာချရင်းအိမ်လေးထဲသို့ ဝင်သွားလေတော့သည်။


                           ༻....×....༺


𝐺𝑖𝑒𝑡ℎ𝑜𝑜𝑟𝑛, 𝑁𝑒𝑡ℎ𝑒𝑟𝑙𝑎𝑛𝑑𝑠

𝑀𝑎𝑦,𝑆𝑢𝑚𝑚𝑒𝑟

𝑇𝑖𝑚𝑒 𝑈𝑛𝑘𝑛𝑜𝑤𝑛..


နေသန်တစ်ယောက် မြို့လေး၏အထင်ကရနေရာတစ်ခုဖြစ်သော 'စစ်တီးလက်စ်' ဘားတွင် တစ်ယောက်ထဲထိုင်ကာ စာဖတ်နေလေသည်။ဘား၏အလယ်ခေါင်တည့်တည့်၊အားလုံး၏အချက်အချာကျသောနေရာတွင် ဝီစကီတစ်ခွက်နှင့်မိန့်မိန့်ကြီး ထိုင်ကာစာဖတ်နေခြင်းဖြစ်သည်။


နေသန်ကိုင်ထားသောစာအုပ်မှာ ဟောင်းနွမ်းလွန်းနေ၍ ကြွေကျမတက်ပင်ဖြစ်လို့နေပေပြီး တခြားသူတွေအတွက်သာဆိုလျှင်စာအုပ်မှာကိုင်လိုက်ကတည်းက ကြွေကျသွားမည်ဖြစ်သည်။သို့သော် စာအုပ်ကိုင်ပိရိသော နေသန့်လက်ထဲတွင်တော့ အရာမယွင်းပဲ သေသပ်စွာတည်ရှိလို့နေသည်။


နေသန်သည် သူ၏လက်အားရှေ့၌ချထားသောဝီစကီခွက်ထံသို့ ပို့ဆောင်လိုက်ပြီး စာအုပ်အားအကြည့်မပျက်ဘဲ ခွက်ထဲမှဝီစကီများကိုတစ်ကျိုက်ထဲမော့ချပစ်လိုက်လေသည်။


ထို့နောက်ထိုခွက်အတွက်ပင်သီးသန့်ပြုလုပ်ထားပါသောပုဝါသေးသေးလေးပေါ်သို့ အသာအရာချတင်လိုက်သည်။ထိုခွက် ဘားကောင်တာပေါ်သို့ဆိုက်ရောက်သွားသည်နှင့်အပြိုင် နေသန်သည်သူ၏နောက်လက်တစ်ဖက်ဖြင့်စာမျက်နှာအားနောက်တစ်ရွက်သို့ ဖြည်းညှင်းစွာလှန်လှောလိုက်ပါသည်။


ဘားအတွင်းတွင်ဆူညံနေသော စကားပြောသံများ၊ရယ်မောသံများနှင့်သီချင်းသံခပ်အေးအေးလေးကားပျံ့နှံ့နေပါသော်လည်း ဘားအတွင်းရှိလူများအားလုံးသည်တိုင်ပင်စရာပင်မလိုဘဲ အကြည့်များကဒီထူးဆန်းထွေလာသတ္တဝါ နေသန့်ထံသို့သာကျရောက်မြဲဖြစ်ကြသည်။


"အဲ့တာ ဘယ်သူလဲ မောရစ်"


ထိုထဲမှ ဘေးဘက်ထောင့်စွန့်နားရှိခုံတန်းနားမှစကားစလိုက်သော အသံတစ်ခု။


"ညည်းမေးမှာသိသားပဲ အဲ့တာ 'နေသန် ထလင်းနော့တ်' လေ သူတို့အိမ်ကဟိုးဘက်မြို့ထောင့်စွန်းနားကအိမ်အကြီးကြီး မြင်ခဲ့တယ်မလား"


"အေး ဒါကြောင့် ထူးတောင်ထူးဆန်းနေသားပဲလို့တွေးနေတာ သူတို့ကချမ်းသာတယ်လား"


"အဲ့လိုလို့လဲ ပြောလို့မရဘူး သူတို့ကသာမာန်ပါပဲဒါပေမဲ့ နည်းနည်းတော့မသင်္ကာစရာကောင်းတယ်"


"ဘာကိုလဲ"


"ပြောတာကြားဖူးတာတော့ နေသန်တို့အိမ်မှာ နေသန့်အမေရယ် အဘွားရယ် သူတို့အိမ်ဖော်မလေးရယ် သုံးယောက်ပဲနေတာတဲ့"


"အို့ မိန်းမတွေကြီးပါပဲလား အိမ်ဖော်မလေးဆိုတော့နေသန်နဲ့မညှိပေဘူးလား"


"အိုက်ယား မပြောစမ်းနဲ့ အဲ့ဒီအိမ်ဖော်မက အထူးဆန်းဆုံး မနက်ဆို ခြင်းထောင်းတစ်တောင်းနဲ့မြို့အနှံ့ပတ်ပြီး ပန်းတွေလိုက်ခူးတယ် ညနေဆိုရင်သူတို့ အဲ့Balcony ကနေအဲ့ဒီအိမ်ဖော်မကထွက်လာပြီးချည်ထိုင်ထိုးတယ်ဗျား ..အစဉ်မလာမပြတ်နေ့စဉ်ပဲအေ့ ပြီးတော့ပြောတာကြားတာတော့အိမ်ဖော်မက နေ့သန့်ရဲ့အဒေါ်လို့လဲပြောကြတယ်"


"ဪ..ဟုတ်ပေ့လား ရုပ်ကတော့သွားထိလို့မရဘူးနော် တကယ့်အကျော်အမော်ပဲ တို့တောင်ယိုင်နှဲ့မိတယ် မောရစ်ညည်းမယိုင်မိဘူးလို့တော့ မပြောနဲ့နော်"


"အမလေး ငါကစတွေ့ကတည်းက လိုက်လာတာ ခုတော့ အင်း..ခ်ခ် ရာထူးတိုးသွားပါရဲ့ ငါ့ကိုသူ့နာနီတဲ့လေ သူကဖော်ရွေပါတယ် စကားနည်းတာပဲရှိတာ ပြုံးပြတာတွေ၊လေးလေးစားစားမပြုမူတာတွေကလွဲလို့ ကျန်တာကသာမန်ပါပဲ အမ်း..တစ်ခုပဲ သူ့ဒေါသကိုတော့သွားမဆွမိစေနဲ့ပေါ့"


"အင်း ဒီမြို့လေးထဲမှာ ဒီလိုလူရှိတာ နည်းနည်းတော့စိတ်ဝင်စားသွားပြီ မောရစ်မ ညည်းငါ့ကိုမိတ်ဆက်ပေးစမ်း"


အချင်းချင်းတို့ကာ၊ကလိကာ ပြောနေကြသော မြို့၏ 'မေးသမျှသိ' မောရစ်နှင့် တစ်နေ့ကမှGiethoornသို့အလည်ရောက်ရှိလာသော ကောင်မလေးတို့၏စကားကို နေသန်အတိုင်းသားကြားနေရသည်။


သို့သော် နေသန့်၏စိတ်ထဲတွင် သူတို့ချီးကျူးလို့ကြည်းနူးစိတ်လဲမဖြစ်၊မိန်းမတစ်ယောက်ကစိတ်ဝင်စားလို့ဆိုပြီးဝမ်းသာစိတ်လဲမဖြစ်၊အတင်းပြောတဲ့သဘောနဲ့ဆိုရမည်ဆိုရင်လည်းဒေါသလဲမထွက် အထူးတည်ငြိမ်ပါ၏။


နေသန်သည် ရုတ်တရက် ဘားအစွန်းနားတွင်ရှိ ဒေါင်လိုက်ထောင်ထားသောနာရီအိမ်ကိုမေးမော့ကာကြည့်လိုက်သည်။အိမ်ပြန်ချိန်ရောက်ပြီဖြစ်သ၍ နေသန်စာရွက်တွေကိုအသာအယာ ဟိုဘက်ဒီဘက်လှမ်းကာကြည့်ကာ စစ်ဆေးပြီးနောက်ခုံပေါ်မှထလိုက်သည်။


နောက် သူနဲ့သိတယ်လို့ထင်ရပေသောဝိတ်တာအား သွားပြီဟု တစ်ချက်ပြောလိုက်ပြီး ဘားထဲကထွက်မည်ပြုသည်။ထိုအခါစကားပြောရန် ခြေလှမ်းချိန်နေသော မောရစ်တို့နှစ်ယောက်သည် ခပ်မြန်မြန်တံခါးစသို့ပြေးသွားပေပြီးတံခါးရှေ့ပိတ်ရပ်ကာ နေသန့်အားတားလိုက်လေသည်။


နေသန်သည် မျက်နှာအမူအရာမပြောင်းလဲဘဲမောရစ်တို့အားကြည့်သည်။ထို့နောက် သူနဲ့သိသူဖြစ်သော မောရစ်ထံသို့အကြည့်တစ်ချက်ပို့လိုက်သည်။ထိုအခါ မောရစ်က ထစ်ထစ်အအနှင့်စကားဆိုလာသည်။


"အား နိတ် ဒါကငါ့သူငယ်ချင်းစင်သီယာ တဲ့Zealand ကလာတာ ချောတယ်ဟုတ်"


စင်သီယာက နေသန့်အားကြည့်ရင်း ခေါင်းကိုအသာအယာငြိမ့်ပြသည်။နေသန်က မော့ရစ်ကိုကြည့်နေဆဲ။မောရစ်ကမျက်လုံးကိုတစ်ချက်ပြူးလိုက်ရင်းနေသန့်အကြည့်ပြောတဲ့ 'ဆိုလိုရင်းအကြောင်းတိုက်ရိုက်ပြော' ဆိုတဲ့အကြည့်အားတစ်ကိုယ်တည်းကြိတ်မှိတ်ကာစိတ်ညစ်မိလိုက်ရင်း လိုရင်းသာတိုက်ရိုက်ပြောပေးရလေတော့သည်။


"စင်သီယာက မင်းကိုခင်ချင်လို့တဲ့"


"မောရစ်"


စင်သီယာဟာ မောရစ်၏တိုက်ရိုက်ဆန်လှသောစကားကြောင့်အနည်းငယ် မာထန်လို့သွားသည်။နောက်မှသတိရသွားဟန် နေသန့်အားတစ်ချက်ကြည့်ပြီး မျက်နှာအသာလွှဲသွားသည်။နေသန်က ခေါင်းကိုအသာအယာ သုံး၊လေးချက်မျှငြိမ့်လိုက်သည်။ထို့နောက်တွင်သူတို့အားကျော်

တက်သွားကာ နေသန်သည်ဘားထဲမှ ခပ်တည်တည်ပင်ထွက်ခွာသွားပေတော့သည်။


"မောရစ်"


ဘားထဲမှာကျန်ရစ်သော စင်သီယာသည် မျက်နှာလွှဲထားရာမှ ချက်ချင်းပျော်ရွှင်သည့်ပုံစံပြောင်းသွားသည်။မောရစ်အား ဟန်ပါပါတစ်ချက်ခေါ်လိုက်ပြီးသူမက ပြုံးရွှင်စွာဆိုလာသည်။ "ငါသူ့ကို ကြိုက်ပြီ" မောရစ်ထိုစကားကိုကြားတော့ အနည်းငယ်ထိတ်လန့်သွားပါ၏။တခြားသူများ ဒီစကားကိုကြားရင်တော့ ဒီကောင်မလေးဟာ ယောင်္ကျားရူးတစ်ယောက်ပေရော့လားဟုထင်ချင်ထင်ကြလိမ့်မည်ဖြစ်သော်လည်း စင်သီယာ၏စကားအနက်အဓိပ္ပာယ်မှာ ဤသို့မဟုတ်မှန်းမောရစ်တစ်ယောက်သာသိသည်။ ဟုတ်ပါပေတယ်။နေသန့်လိုလူမျိုးကို စိတ်မဝင်စားလျှင် စင်သီယာဘယ်ဟုတ်တော့မလဲ။မောရစ်သည် ပြုံးရွှင်နေသော စင်သီယာ့အားသက်ပြင်းချကာပြောလိုက်၏။ "သိပ်ပြီး လုပ်မနေနဲ့အုန်းသီယာ နင်ကသူ့ကို ဘာသာရပ်တစ်ခုအနေနဲ့လေ့လာမှာဖြစ်ပေမဲ့လည်းသူများတွေကအဲ့လိုမျိုးမြင်မှာ မဟုတ်ဘူး" တံခါးပေါက်ကိုကပ်ကာ ထွက်သွားသော နေသန့်အားလှမ်းကြည့်နေပါသော စင်သီယာသည် မောရစ်စကားကိုကြားတော့ ဒီဘက်ကိုဖြတ်ခနဲပြန်ကာလှည့်လာပါသည်။ထို့နောက် မောရစ်အနားသို့ကဗျာဆန်ဆန်ဖြင့်တိုးကပ်လို့လာပြီး သူမ၏ဆံပင်ခပ်နက်နက်များကိုနောက်သို့ ဖြတ်ခနဲ လှန်ချပြကာ ပြီးနောက် သူမ၏မူပိုင်အပြုံးဖြစ်ပေသော 'Softl Softly' အပြုံးနှင့်ပြုံးကာခပ်အေးအေးဆိုလာ၏။ "မောရစ် Who the f*** do you think I am.Do I look like I give a sh** about them.(chuckle)စိတ်အေးအေးထားစမ်းပါဟ..." စကားပြောနေရင်းမှ စင်သီယာဟာသူမပိုက်ဆံအိတ်ကိုကိုင်ကာပစ္စည်းတွေကိုစစ်နေလေ၏။ပြီးမှပိုက်ဆံအိတ်ကိုပိတ်ကာစကားမဲ့နေသောမောရစ်၏ မျက်နှာကိုခပ်ဖျော့ဖျော့ပြုံးကာမော့ကြည့်လာပြီး စကားတစ်ခွန်းပြောရင်းနှုတ်ဆက်သွားသည်။ "ဘိုင်း မောရစ် and .. (chuckle)calm down.." Chapter 2 - To be continued...

Comments

Post a Comment