လက်ခံရုပ် နာမ်ကိုစုပ်စေ
လက်ကောက်ဝတ်ကို ဓါးနဲ့လှီးလိုက်ပြီး
ကျလာသမျှ သွေးတွေနဲ့ စက်ဝိုင်းတစ်ခုခြယ်
အောက်လမ်းနဲ့ရေးတဲ့ စာတစ်ခုကဗျာတစ်ခု
စွန့်ထုတ်လိုက်တဲ့ ငါ့သွေးကို သောက်သုံးပါဟု အပေးအယူလုပ်ပါမည်
ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဝိညာဉ် ငါ့ကိုယ်ထဲကို ဝင်ရောက်စီးဆင်းစေ
ပြီးတော့ အသေကောင်နိုင်ငံတော်ရဲ့ သေရွာပြန်စီမံကိန်းကို
တစ်ဆင့်ပြန်လည် အမိန့်ပေးစီမံတည်ဆောက်စေ
စာလေးရေးလို့အေးဆေးနေချင်ခဲ့တဲ့ဆိုတဲ့ စိတ်ကူးအတိုင်း
သူရှိရင် သူရေးမယ့်စာ
ငါ့နှလုံးအိမ်မှာ ထားခဲ့စေ။
နေမင်း လမင်း
အရှင်းသိစေ ဤဆုတောင်း
ငါ့စာ ငါ့ကဗျာကို သူတို့ထိန်းချုပ်
ငါ့ရင်ထဲ သူတို့ပျိုးထားတဲ့ ကဗျာပန်းခင်းနှင်းမြို့
နွေဦးရောက်ပြီမလို့
ပွင့်ပါစေကုန်
ကဗျာပန်းလန်းဆန်းစွာ
လေတိုက်ရာကို ငြိမ့်
ဦးအောင်ချိမ့်
မောင်ချောနွယ်
ဖော်ဝေး
ကြည်ဇော်အေး
အတွေးစကျန်ရစ်သူ ကဗျာဆရာများ
ငါ့လက်ထဲက ခဲတံချွန်ဖျားကို ထိန်းညှိ
ကမ္ဘာသိဖို့ မြန်မာသိဖို့ဆိုပြီး ရည်ရွယ်
ရေးပေးကြစေလိုပါတယ်
လက်ခံမယ့် ဤရုပ်
အသင်တို့ရဲ့ပြေးလွှားနေတဲ့ အရပ်ဆယ်မျက်နှာက
နာမ်တွေကိုစုပ်ယူပါမည်။
ဆရာအကြည်တော်ရဲ့ ဝိညာဉ် ငါ့နားရွက်နှစ်ဖက်နား
တိုးတိုးပြောသွားစေ
ဝမ်းနည်းခြင်းနိုင်ငံတော်ထဲက မျက်ရည်တွေကို သုတ်ပေးမယ့်
ဟာသတွေ ဟာသတွေနဲ့ ဟာသတွေ။
ငါ့အစာအိမ်ထဲကို ဝင်ရောက်တိုက်စားသွားကြစေ
နိုက်ထရစ်အက်ဆစ်တွေ
ဆာလောင်မှုကို တိုးမြှင့်ပေးပါစေ
ကဗျာ၊စာ၊ဂီတ။
အနုပညာဆိုတာ ဘဝလို့ကြွေးကျော်ရဲတဲ့အထိ
ငြိတွယ်နှစ်သက်
ချစ်တတ်တဲ့ နှလုံးသားဖြစ်စေဖို့
ထူးအိမ်သင်ရဲ့ ဝိညာဉ် ပုံရိပ်များ
နှလုံးအိမ်ထဲ ခိုဝင်သွားပါစေ
မင်းလူနဲ့ တာရာမင်းဝေ
သူတို့ဝိညာဉ်တွေလည်း
ငါ့လက်ဖျား
ဦးနှောက်သွေးကြောတွေကြားထဲမှာ
တွဲခိုလိုက်စီးလာခဲ့ပါ
အရှေ့မြို့ရိုးမှ မိုးရေစက်တွေကို နောက်တစ်ခေါက်လောက် ငေးကြည့်ရင်း
လက်တွေ့ကို ထပ်မီးမောင်းထိုးပြနေသေးတဲ့
လက်တွေ့ထဲက လွတ်မြောက်ခြင်းကို ခေါ်သွားပေးပါ
ဒဏ်ရာတွေ တစ်ဖက်မှာ တစ်ချက်စီရထားသေးတဲ့
အတောင်နှစ်ဖက်နဲ့
ဒီက ငှက်ကလေးကိုလည်း
အပျံသင်ပေးစေချင်ပြန်တယ်
ငါ့ကိုလမ်းမှာတွေ့တဲ့အခါ
ခေတ်ဆိုးကြီးထဲမှာ
ဆေးလိပ်လေးဖွာ
သာရာဘက် အသာလေးမှေးပြီး မျောနေတဲ့
ကလေးတစ်ကောင်လို့ပဲ သိကြမှာလား
စာရေးဆရာတစ်ယောက်လိုမျိုး လက်ဆွဲနှုတ်ဆက်မလား
ကဗျာဆရာတစ်ယောက်လိုမျိုး လက်ဖက်ရည်လိုက်သောက်ဖို့ခေါ်မလား
အပေါ်က ဆရာကြီးတွေလို လေးစားသမှုကို ငါရော ရမလား
ငါရေးသောစာသားတွေ တစ်ကြောင်းချင်းကရော မင်းကို ဦးတည်နေရင်
ငါ့စာတွေ ကောင်းတယ်လို့ ပြောနိုင်သေးလား
ငါရေးသော ကဗျာတွေ တစ်ကြောင်းချင်းကရော မင်းကို ရှုံ့ချနေရင်
ငါ့ကို ဆေးလိပ်သောက်ပါဦးဆိုပြီး ကမ်းပေးနိုင်သေးလား
ငါ့စာတွေကောင်းကြောင်း ထပ်ထပ်ကြားချင်တယ်
ငါ့ကို လေးစားသမှုနဲ့ ကမ်းပေးတဲ့
ဆေးလိပ်ကို ကျေနပ်စိတ်နဲ့ တဖွဖွသောက်ချင်တယ်
ငါသေတဲ့အခါလည်း နာရေးမှာ ငါ့ကို တော်လှန်အနုပညာသမားဆိုပြီး လူတွေဝိုင်းနေစေချင်သေးတယ်
ငါ့ကဗျာတွေကို ကြိုက်နှစ်သက်စွာနဲ့ ရွတ်ကြဖတ်ကြ
သေပြီးမှပဲ ဘဝထဲ လူတကယ်ဖြစ်တယ်ကွဆိုတဲ့
ဘယ်သူမှန်း မမှတ်မိတော့တဲ့သူဆီက ကြွေးကျော်သံကို တမလွန်မှာ ကြွေးကျော်ချင်တယ်
“ပလုံ”ဆိုတဲ့ ကဗျာထဲကလိုပြောရရင်
ငါ့အတ္ထုပ္ပတိကို ပြန်ဖွင့်တဲ့အခါ
ငါဟာ ရေထဲကနေ အလှပဆုံး ခုန်ပျံတက်လာတဲ့ လင်းပိုင်တစ်ကောင်ဖြစ်ချင်တယ်
#Tommy
…ငြိမ်းချမ်းမှုဆီသို့…
See You Soon Enough…
"ဝမ်းနည်းခြင်းနိုင်ငံတော်ထဲက မျက်ရည်တွေကို သုတ်ပေးမယ့်
ReplyDeleteဟာသတွေ ဟာသတွေနဲ့ ဟာသတွေ။"
Done🌸
ReplyDeleteDone 🍀
ReplyDeleteစစ်ခွေးနိဂုံး ၂၀၂၃ ✊
ReplyDeleteTill the end
Fighting together 💪
ReplyDelete1.2.2013
ကမ္ဘာမကြေတဲ့နေ့
ဒီနေ့ဟာ
မတရား အာဏာသိမ်းခံရတာ ၂ နှစ်ပြည့်တဲ့နေ့
လူတစုနဲ့ စစ်တပ်က လ-က်နက်ကိုင်ပြီး
တိုင်းပြည်ကို စိန်ခေါ်ခဲ့တဲ့တာ ၂ နှစ်ပြည့်တဲ့နေ့
ဖွံ့ဖြိုးတိုးတက်မှု အရှိန်ရတဲ့တိုင်းပြည်ကို
လူတစု ဖျ-က်ဆီးခဲ့တာ ၂ နှစ်ပြည့်တဲ့နေ့
တိုင်းပြည်အနာဂတ် အမှောင်ကျသွားတာ ၂ နှစ်ပြည့်တဲ့နေ့
တိုင်းပြည်နဲ့လူထု အကြ-မ်းဖက်ခံနေရတာ ၂ နှစ်ပြည့်တဲ့နေ့
လူငယ်တွေ တိုင်းပြည်တာဝန် ပခုံးပြောင်း
လွဲယူလာတာ ၂ နှစ်ပြည့်တဲ့နေ့
နိုင်ငံတော်သစ်တခုရဖို့ တိုက်ပွဲဝင်နေတာ ၂ နှစ်ပြည့်တဲ့နေ့
မြန်မာ ခေတ်သစ်ဖတ်စာထဲမှာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ဟာ မြန်မာပြည်သူတွေအတွက် ကမ္ဘာမကြေတဲ့နေ့