A Sweven Elegy from Nature - Chapter 2

Unicode


 အခန်း (၂)


မြို့ကလေး၏ ဝန်းကျင်မှာတိတ်ဆိတ်လျက်ရှိ၏။နှင်းခဲများဖြင့်အပြည့်ဖုံးလွှမ်းနေသော အိမ်ခေါင်မိုးလေးများကတောက်လျှောက် ကြည့်သွားပါလျှင် မျက်စိတစ်ဆုံးထိရှိလို့နေပေသည်။ကိုယ်စီ ခြံဝင်းသေးသေးလေးထဲတွင်မူလည်း နှင်းခဲစိုင်များ၏ နေရာယူခြင်းကို အပြည့်အဝခံထားရရှာ၏။


အလယ်တွင်လမ်းမရှိသော မြို့လေးသည် တစ်နေရာရာကိုသွားမည်ဆိုပါကရေကြောင်းဖြစ်သာသွားရသည်။အဓိက ရေစီးကြောင်းသည်မြို့လေးထဲရှိ အိမ်များအား ခြံဝင်းသဖွယ်ပတ်ကာစီးဆင်းလျက်ရှိသည်။


ယခုတော့ဖြင့် ထိုရေစီးကြောင်းကြီးမှာ အေးခဲတောင့်တင်းနေကာ အပေါ်ကမိုးကြည့်ပါလျှင် လမ်းသဖွယ်တောင်ထင်မှတ်ရသည်။မနက်ခင်းစောစောဖြစ်သဖြင့်မည်သူမှ ကိုယ့်အိမ်ထဲကမထွက်ကြသေး။သို့သော် ခဏအကြာတွင်တော့ကလေးများဆူညံစွာထွက်လာကာ နှင်းများ၊ရေခဲများဖြင့်ဆော့ကစားကြတော့မည်ဖြစ်သည်ကိုကြိုတင်မြင်ယောင်နိုင်ပေ၏။


ထိုမှတစ်ဆင့် မြို့လေး၏ဟိုးဘက်တစ်နေရာသို့လှမ်းမျှော်လို့ကြည့်ပါက ​ထူထဲလှသောတောအုပ်ကြီးကိုတွေ့ရပေမည်။ထိုတောအုပ်ကြီးသည် ကျယ်ပြန့်လှသောရေခဲလွင်ပြင်ကြီးနှင့်ဆက်နွယ်လို့ထားပြီးဘေးပတ်ပတ်လည်တွင်မူ သစ်ပင်ကြီးများကခြံရံလို့ထားသည်။


ပုံမှန်ဆိုလျှင် မြို့လေးတွင်ပွင့်လေ့ပွင့်ထရှိသောပန်းများသည်အတော်လေးလှသည်ဟုဆိုရမည်။ယခုတွင်လည်း နှင်းခဲများဖုံးလွှမ်းထားလျက်ရှိနေပေမယ့်အလှကတော့တကယ်မပျက်သွားပေ။တစ်ခုပဲ။အရောင်အသွေးစုံလင်စွာမမြင်ရသည်ပဲရှိမည်။


𝐺𝑖𝑒𝑡ℎ𝑜𝑜𝑟𝑛,𝑁𝑒𝑡ℎ𝑒𝑟𝑙𝑎𝑛𝑑𝑠

𝐷𝑒𝑐𝑒𝑚𝑏𝑒𝑟,𝑊𝑖𝑛𝑡𝑒𝑟

𝐸𝑎𝑟𝑙𝑦 𝑀𝑜𝑟𝑛𝑖𝑛𝑔


အေးစက်လှသော ရေခဲလွင်ပြင်ကြီးတွင်တဖြူးဖြူးနှင့်တိုက်ခတ်နေသော လေစိမ်းများမှအပတခြားဘာမှမရှိ။ကောင်းကင်ယံထက်မှနှင်းမှုန်လေးများဟာအဆက်မပြတ်မြေပြင်ပေါ်သို့ကျဆင်းနေပြီး အဝေးမှလှမ်းကြည့်လျှင်မြင်ရတဲ့သူအားမှုန်ဝါးဝါးဖြင့်မြင်ကွင်းကိုပိတ်ဆို့စေ၏။


အတော်လွမ်းမောဖွယ်ရာ ကောင်းသော

မြင်ကွင်းတစ်ခုဖြစ်ပေသည်။


ထိုအချိန်တွင် သစ်တောများကြားထဲကသစ်ရွက်များလှုပ်ခတ်လို့သွားပြီး ထိုကြားထဲမှအရိပ်သဏ္ဍာန် မည်းမည်းလေးတစ်ခု 'ဖွက်' ခနဲဆိုသလိုထွက်ပေါ်လို့လာလေသည်။ထိုအရာလေးသည် မဲလုံး၍နေသောကြောင့်နှင်းဖြူများ​ကြားထဲတွင် သူကားထိုးထွက်လို့နေသည်။သူသည် သစ်ပင်တစ်ပင်ဆီမှာ အောက်ရှိကျောက်စိုင်ပေါ်သို့အသာအယာခုန်ဆင်းလိုက်ပြီး ရေခဲပြင်ပေါ်သို့ခပ်ဖြည်းဖြည်းလျှောက်လှမ်းလာပါ၏။


ထိုအရာမှာ ကြောင်နက်လေးတစ်ကောင်ဖြစ်ပေပြီးသူသည်ဒီရေခဲပြင်ကြီးတွင်ရှိ တစ်ခုတည်းသောသက်ရှိအရာလဲဖြစ်သည်။၎င်းသည်သူ၏ခြေလှမ်များကိုခပ်ဖွဖွဖြင့်ညှင်ညှင်သာသာလျှောက်လှမ်းပြီးရေခဲပြင်ထက်တွင် မောကြွားစွာဖြတ်လျှောက်၏။


တစ်ခဏအကြာ ရေခဲပြင်လွှာကြီးပေါ်တွင်လျှောက်လှမ်းပြီးသည့်နောက် ရေခဲပြင်အဆုံးတွင်မှာတော့ကြောင်နက်လေးသည် အထက်သို့တစ်ချက်မော့ကြည့်လိုက်ပြီးပေါ့ပါးစွာအထက်သို့ခုန်တက်လိုက်လေသည်။ထိုအခါ ၎င်းသည်တစ်ဖက်ရှိ စမ်းချောင်းလေးနှင့်မြို့လေးအားသွယ်တန်းပေးထားသော တံတားထက်သို့ရောက်လို့ကာသွား၏။


ထိုမှတစ်ဆင့် မြို့လေးထဲသို့ ဖြည်းဖြည်းချင်းဝင်ကာ သူဦးတည်လျက်ရှိသော နေရာသို့ ဖြည်းဖြည်းနှင့်မှန်မှန် အေးဆေးစွာလျှောက်လှမ်းလို့လာသည်။အတော်ကြာ ဟိုဘက်ကွေ့၊ဒီဘက်ကွေ့ ဟိုခုန်ကူး၊ဒီခုန်ကူးလုပ်ခါပြီးတော့မှ ပန်းတွေဝေနေကာ ကြီးမား​သောသစ်ပင်ကြီးတစ်ပင်တည်းရှိသည့်ခြံဝင်းထသို့ လှစ်ခနဲခုန်ကာဝင်လာပေသည်။ထို့နောက် ကြောင်နက်လေးသည်ခြံဝင်ရိုးမှတစ်ဆင့် သစ်ပင်ကြီးပေါ်သို့ခုန်ကာ တက်လိုက်ပြီးလျှင်ထိုသစ်ပင်၏ကြီးမားသောအခက်အလက်ပေါ်တွင် အိန္ဒြေရှိစွာနှင့်အကျအနထိုင်လိုက်လေ၏။ထို့နောက်မူ သူသည်ပြတင်းပေါက်မှတစ်ဆင့်ထိုအိမ်ထဲရှိ လူများကိုလှမ်းကြည့်ရင်း သူတို့ဆီသို့နားစွင့်လိုက်ပါတော့သည်။


"နိတ် ရေနွေးကြမ်း"


တစ်ယောက်စာ စားပွဲခုံသေးသေးလေးပေါ်သို့ ရေနွေးကြမ်းခွက်ကိုချပေးလိုက်သော မိန်းကလေးမှာ 'စင်သီယာ ဂျိုးနပ်စ် မော့ဂ်' ဖြစ်ပေသည်။သူမသည် ယခုလက်ရှိတွင်ဟင်းချက်နေပုံရပြီး ထိုသို့ပြောရသည်မှာလဲသူမ၏ထုံးကာစီးထားသောရှည်လျားလှသည့်ဆံနွယ်များထက်တွင် ဟင်းစ တချို့ကပ်ညှိနေသောကြောင့်ဖြစ်သည်။


ခုံလေးပေါ်တွင် စင်သီယာချပေးထားသောရေနွေးကြမ်းခွက်လေးမှာအတော်နွေးရုံလေးဖြစ်သည်။သို့သော်စင်သီယာ သောက်စေသောသူက ထိုရေနွေးကြမ်းခွက်လေးအားမူနည်းနည်းမှပင်စိတ်မဝင်စားပါချေ။သူသည် ရေနွေးကြမ်းထက်ရှိလှိုက်ထွက်နေသောရေနွေးငွေ့များအား ခေတ္တမျှတော့စိုက်ကြည့်လိုက်ပါသော်လည်း ခဏအကြာမှာတော့ထုံစံအတိုင်းမျက်နှာလွှဲသွားသည်။


စင်သီယာက ဟင်းချက်နေရင်းမှ နေသန်(ခေါ်)နိတ်ထလင်းနော့တ်အားကြည့်ရင်းသက်ပြင်းချမိပေသည်။သူတို့ဘာလို့တစ်အိမ်တည်းအတူရှိနေသည်လဲ ဟုသိချင်နေသည်ဟုတ်။ဒီအကြောင်းကိုသိချင်သည်ဆိုရင်တော့ သူတို့စတွေ့တဲ့နေ့ .. မဟုတ်ပေ သူတို့ဖြစ်တည်မှုအစသို့ ပြန်သွားရမည်ဖြစ်၏။


စင်သီယာသည် အလွန်အင်မတန်မှ ကျက်သရေရှိဖွယ်ကောင်းသော မိန်းကလေးတစ်ယောက်ဖြစ်သည်။အသက် ဆယ့်ရှစ်နှစ်မှာပင် ပညာအရည်အချင်းနှင့်ကမ္ဘာပတ်ခွင့်ရခဲ့ပြီး ယခုနှစ်ဆယ့်နှစ်နားနီးသည့်အချိန်တွင် သုံးမကုန်ပေသော ပိုက်ဆံအထပ်လိုက်ကို သူမလက်ဝယ်လက်ကိုင်ရထားလေ၏။


အရည်အချင်းထက်မြက်ပြီး ရုပ်ရည်ပါလှပါသောကြောင့် စင်သီယာမှာအများအမြင်တွင် အချင်းကောအဆင်းပါပြည့်စုံသည့်သူတစ်ယောက်ဖြစ်သည်။သူမသည် ဒီမြို့ရှိ 'မေးသမျှသိ' မောရစ်နှင့် ပညာသင်ရင်း တွေ့ဆုံခဲ့တာဖြစ်ပြီးသူမ၏ဖိတ်ကြားမှုဖြင့် စင်သီယာသည်ဒီသာယာအေးချမ်းလှသောမြို့လေးသို့ရောက်ရှိလာခဲ့ပြီး ယခုတွင်တော့နောက်ဆုံးထိအခြေချဖို့တောင် စိတ်ကူးဖြစ်သွား၏။


စင်သီယာသည် နေသန့်အနားတိုးကပ်လို့သွားရင်းသူ့အားနှစ်သိမ့်သလိုပြုံးပြလိုက်သည်။နေသန်သည်သူ့အတွက်တော့ မောင်လေးတစ်ယောက်ကဲ့သို့ဖြစ်ပေသည်။သူနဲ့သိတဲ့နေ့ကစ၍ နေသန်နှင့်စင်သီယာသည် တစ်ယောက်ကိုယ်တစ်ယောက်အပြန်အလှန်နားလည်ခဲ့ကြပြီး တစ်ယောက်အတွက်တစ်ယောက် အသက်အန္တရယ်ပင်ကြုံရဲသည်ထိကို ဖြစ်သွားကြ၏။


နေသန့်အားလေ့လာချက်အရ နေသန်သည်အလွန်အင်မတန်မှသွေးအေးလှသောသတ္တဝါဟုဆိုရမည်။အမြဲတစေလိုတိတ်ဆိတ်လျက်ရှိပြီး ပြောစရာရှိမှသာပါးစပ်ဟသည်။မောရစ် သူနဲ့တွေ့တဲ့နေ့ကပြောဖူးခဲ့သလိုမျိုးနေသန်ပြုံးသည်နှင့်ရိုသေလေးစားမှုပြသည်ကိုတစ်ခါမှမမြင်ဖူးခဲ့။


နေသန်သည် စာဖတ်ရင်ဖတ်၊မဖတ်လျှင်ငုတ်တုပ်ထိုင်ကာ တွေးချင်ရာတွေတွေးတော့သည်။ထိုအတွေးများသည် ရှုပ်ထွေးပွေလီကာဖြေရှင်းရခက်လှ၏။စင်သီယာ ဘာကြောင့်သိသလဲဆိုတစ်ခါကစင်သီယာနေသန့်အားသူ့အတွေးများကိုလေ့လာချင်၍ ထုတ်ကာပြောခိုင်းခဲ့သည်။ဒါကလည်း စင်သီယာတစ်သက်တွင်နောင်တရဆုံးလုပ်ရပ်တစ်ခုထဲတွင် အပါအဝင်ဖြစ်၏။


"နိတ် အဆင်ပြေရဲ့လား ငါဟင်းချက်လို့ပြီးရင် အပြင်သွားကြမလား ဒါမှမဟုတ် နင့်အိမ်ပဲပြန်ကြမလား အန်တီကတ်တို့ မင်းကိုစိတ်ပူနေရော့မယ်"


စင်သီယာ နေသန်၏မျက်နှာချင်းဆိုင်တွင်

ထိုင်ချရင်း စကားဆိုလိုက်သည်။


"မပူပါဘူး"


"ဟမ်"


"အမေက ကျွန်တော့အတွက်စိတ်မပူပါဘူးလို့"


စင်သီယာ ခေတ္တမျှကြောင်ကာနေပြီးနောက်သက်ပြင်းချမိလိုက်၏။နေသန်ပြောသည်ကလဲမမှားပေ။ထလင်းနော့တ်မိသားစုတွင်နောက်ဆုံးကျန်ရစ်ခဲ့သောအမျိုးသမီးသုံးယောက်လုံးသည် အေးဆေးသာနေတက်ကြပြီး နေသန့်လိုပင်သီးသန့်ဆန်ကာသွေးအေးကြသည်။တစ်ယောက်ကိုယ်တစ်ယောက် ဂရုတော့စိုက်ပါသော်လည်း ဂရုစိုက်မှုကိုတော့ထုတ်မပြကြတတ်သည်ခက်၏။


ခက်သည်။ဟုတ်သည်။အတော်ပင် ခက်ပေသည်။


"သီယာ"


နေသန်က တိုးညှင်းလှစွာဖြင့်အသံထွက်လာ၏။ထို့နောက် စင်သီယာချပေးထားသောရေနွေးခွက်လေးအား လက်နှင့်တို့ရင်း ဖြည်းညှင်းစွာဆိုလာသည်။


"ကျွန်တော် ပြောင်းလဲသင့်လား"


"ဟမ်"


"ကျွန်တော် ပြောင်းလဲသင့်လားလို့"


စင်သီယာ ခေတ္တကြောင်သွားလေသည်။ပြီးမှ သူမလက်ထဲတွင်ကိုင်ထားလျက်ရှိသောဟင်းချက်တဲ့ယောက်မကို အေပရွန်အိတ်ထောင်ထဲသို့ထည့်လိုက်ပြီး နေသန့်အနီးသို့လျှောက်သွားလိုက်ကာ နေသန့်မျက်နှာအားဆွဲလှည့်လိုက်ပြီးသူမနှင့် မျက်လုံးချင်းဆုံစေလိုက်သည်။


"ဒီမှာ နေသန် မင်းဘာမှပြောင်းလဲစရာမလိုဘူး ပြောရရင် အဲ့လိုစဉ်းစားဖို့ကိုမလိုဘူး မင်းဟာ မင်းပဲ ဒါဘယ်သူမှပြောင်းလဲလို့မရဘူး မင်ပုံစံကိုလက်ခံနိုင်တဲ့လူရှိတယ် လက်မခံနိုင်တဲ့သူရှိတယ် အေး..အဲ့ထဲမှာမှမင်းပုံစံအမှန်ကိုလက်ခံပြီး မင်းအနားမှာရှိပေးတဲ့သူတွေရှိတယ် အဲ့ဒီလူတွေကိုပဲ မင်းတန်ဖိုးထားသင့်တယ်...တခြား ဘာကိုမှသောက်ဂရုမှစိုက်စရာမလိုဘူး နိတ်အဲ့ဒါ မင်းမှတ်ထား..."


နေသန့်အား အတင်းဆွဲလှည့်ကာ ဂရုဏာဒေါသောနှင့် စင်သီယာပြောလိုက်မိပါသော်လည်း နေသန်သည်သူ့ပုံစံအတိုင်းအံ့ဩခြင်းလဲမပြ၊တုန်လှုပ်ခြင်းလဲမပြ တည်မြဲစဲတည်နေပေ၏။သို့ပေတည်း စင်သီယာမြင်လိုက်ပါသည်။မျက်လုံးများထဲတွင်တော့ခံစားမှုတစ်ချို့ ဖြတ်သန်းလို့သွားသည်ဆိုတာကို။သူသည်အနည်းငယ်တွေဝေသွားပုံရပြီးနောက်တွင် ပြန်လည်ကာမျက်လုံးချင်းဆုံစေလိုက်ပြီးစင်သီယာ့အားပြောလိုက်သည်။


"သီယာ့လိုမျိုးပေါ့"


"အေး ဟုတ်တယ် ငါ၊မင်းအမေ၊မင်းအဒေါ် မင်းအဘွားလိုမျိုး နောက်ရှိလာမယ့် လူတွေလိုမျိုး"


စင်သီယာက ထိုသို့ပြောပြီးမှ နေသန့်အားလွှတ်လိုက်သည်။နေသန်က သူ့အားညှစ်ဆွဲကာထားသဖြင့်ပူကျစ်နီရဲသွားသောပါးအား အသာအယာပွတ်လိုက်ပြီး စင်သီယာ့ကိုကြည့်ကာဆိုသည်။


"နောက်လာမယ့်လူတွေ ဆိုတာ??"


စင်သီယာက ပြုံးစိစိနှင့်ပြောလိုက်သည်။


"အဲ့တာလား အဲ့တာက အဟင်း..မင်း အားနည်းချက်ကိုလက်ခံပေးမယ့်သူ၊မင်းဆိုတဲ့ဖြစ်တည်မှုကိုမြတ်နိုးမယ့်သူ၊မင်းရဲ့အရာအားလုံးကိုတန်ဖိုးထားတဲ့သူ၊မင်းကလဲအရာအားလုံးပေးဆပ်ရလောက်တဲ့အထိမင်းချစ်မြတ်နိုးမယ့်သူ တစ်နည်းအားဖြင့် မင်းဘဝရဲ့ မရှိမဖြစ် အရေးပါးဆုံးဖြစ်လာမယ့်သူ အဲ့လိုမျိုးပေါ့"


စင်သီယာကဟန်နှင့်ပန်နှင့်ပြောနေလေသည်။


"အင်း ကျွန်တော့်မှာရှိတယ်လေ"


"ဟေ ဘယ်သူလဲ"


"သီယာလေ"


စင်သီယာ့ အံ့ဩကာဝမ်းသာ၍သွားပြီးကာမှတစ်ဖန် မျက်နှာကြီးရှုံ့မဲ့လို့သွားရသည်။ဒီမောင်တစ်ယောက်ရထားပါနှယ် တုံးအသည်ကလွန်လှသည်။


"ငါပြောတာအဲ့လို မဟုတ်ဘူးဟ ဘယ်လိုပြောရမလဲမသိဘူးကွာအဲ့လိုဘဲ မှတ်ထားရှိလာလိမ့်မယ်"


"ဒါဆို သူကအခုဘယ်မှာလဲ"


"တစ်နေရာမှာပေါ့"


"ကျွန်တော်နဲ့မသိဘူးပေါ့ ဟုတ်လား"


"သိရင်လဲသိချင်သိနေမှာပေါ့ မင်းတောင် ငါနဲ့အရင်တုန်းက သိလို့လားစိတ်ချ..စိတ်ချ မင်းမင်္ဂလာဆောင်ကျ ဘုန်းတော်ကြီးရှာစရာမလိုဘူး ဘာလို့ဆို ငါကိုယ်တိုင်ဆောင်ပေးမှာမို့"


စင်သီယာ ဝင့်ကြွားစွာပြောသည်။

နေသန်ကတော့ မေးခွန်းရှာနေတုန်း။


"ဒါဆို သူနဲ့ဘယ်မှာတွေ့ရမှာလဲ ဘယ်အချိန်မှတွေ့ရမှာလဲ၊သူက.. ..တကယ်ကောရှိရဲ့လား"


နောက်ဆုံးမေးခွန်းမှာ တိမ်ဝင်သွားတဲ့နေသန့်အသံကိုစင်သီယာသတိထားမိသည်။စင်သီယာ သက်ပြင်းကိုညှင်သာစွာချလိုက်ပြီး နေသန့်ရှေ့ဒူးထောက်ထိုင်ချလိုက်ကာ ဆိုသည်။


"ဟင်း...ငါလဲမသိတော့ဘူး နိတ်ရာ တစ်ခါတစ်လေလောကကြီးကဆန်းကြယ်တယ်ကွ ဘယ်သူမှဘာဖြစ်လာမယ် ဘာမှမသိနိုင်ဘူး မင်းပြောသလိုတကယ်ရှိချင်မှလဲ ရှိလာနိုင်မှာ .."


"..."


"ဒါပေမဲ့ စိတ်မပူပါနဲ့ ဟဲဟဲ..ငါတို့မောင်နှမ

နှစ်ယောက်တစ်အိုးတစ်အိမ်ထူထောင်ပြီး 

သက်ဆုံးတိုင်ထိနေကြတာပေါ့ မဟုတ်လား"


"မြှောင်.."


ပြတင်းတံခါးပေါက်အား ကုတ်ခြစ်ကာနေသောကြောင်နက်လေးကြောင့် နေသန်ကော၊စင်သီယာပါထိုသို့အာရုံရောက်ရှိသွားသည်။နေသန်က သက်ပြင်းချရင်းပြောသည်။


"လီယွန် လာပြီ ကျွန်တော်အစာသွားယူပေးလိုက်အုန်းမယ် အစ်မ တံခါးဖွင့်ပေးလိုက်"


စင်သီယာလဲပဲ သက်ပြင်းချလိုက်ကာ ခေါင်းငြိမ့်လိုက်၏။ထို့နောက် ကြောင်နက်လေးအား အထဲသို့မချီပေးရင်းထွက်ခွာသွားသော နေသန်၏နောက်ကျောပြင်အားကြည့်ရင်းထပ်ကာ သက်ပြင်းတွေချမိပြန်သည်။


"မင်းအတွက် အကောင်းဆုံးတွေပဲ ဖြစ်လာပါစေ နိတ်ရာ"



Zawgyi


 အခန္း (၂)



ၿမိဳ႕ကေလး၏ ဝန္းက်င္မွာတိတ္ဆိတ္လ်က္ရွိ၏။ႏွင္းခဲမ်ားျဖင့္အျပည့္ဖုံးလႊမ္းေနေသာ အိမ္ေခါင္မိုးေလးမ်ားကေတာက္ေလွ်ာက္ ၾကည့္သြားပါလွ်င္ မ်က္စိတစ္ဆုံးထိရွိလို႔ေနေပသည္။ကိုယ္စီ ၿခံဝင္းေသးေသးေလးထဲတြင္မူလည္း ႏွင္းခဲစိုင္မ်ား၏ ေနရာယူျခင္းကို အျပည့္အဝခံထားရရွာ၏။


အလယ္တြင္လမ္းမရွိေသာ ၿမိဳ႕ေလးသည္ တစ္ေနရာရာကိုသြားမည္ဆိုပါကေရေၾကာင္းျဖစ္သာသြားရသည္။အဓိက ေရစီးေၾကာင္းသည္ၿမိဳ႕ေလးထဲရွိ အိမ္မ်ားအား ၿခံဝင္းသဖြယ္ပတ္ကာစီးဆင္းလ်က္ရွိသည္။


ယခုေတာ့ျဖင့္ ထိုေရစီးေၾကာင္းႀကီးမွာ ေအးခဲေတာင့္တင္းေနကာ အေပၚကမိုးၾကည့္ပါလွ်င္ လမ္းသဖြယ္ေတာင္ထင္မွတ္ရသည္။မနက္ခင္းေစာေစာျဖစ္သျဖင့္မည္သူမွ ကိုယ့္အိမ္ထဲကမထြက္ၾကေသး။သို႔ေသာ္ ခဏအၾကာတြင္ေတာ့ကေလးမ်ားဆူညံစြာထြက္လာကာ ႏွင္းမ်ား၊ေရခဲမ်ားျဖင့္ေဆာ့ကစားၾကေတာ့မည္ျဖစ္သည္ကိုႀကိဳတင္ျမင္ေယာင္ႏိုင္ေပ၏။


ထိုမွတစ္ဆင့္ ၿမိဳ႕ေလး၏ဟိုးဘက္တစ္ေနရာသို႔လွမ္းေမွ်ာ္လို႔ၾကည့္ပါက ​ထူထဲလွေသာေတာအုပ္ႀကီးကိုေတြ႕ရေပမည္။ထိုေတာအုပ္ႀကီးသည္ က်ယ္ျပန႔္လွေသာေရခဲလြင္ျပင္ႀကီးႏွင့္ဆက္ႏြယ္လို႔ထားၿပီးေဘးပတ္ပတ္လည္တြင္မူ သစ္ပင္ႀကီးမ်ားကၿခံရံလို႔ထားသည္။


ပုံမွန္ဆိုလွ်င္ ၿမိဳ႕ေလးတြင္ပြင့္ေလ့ပြင့္ထရွိေသာပန္းမ်ားသည္အေတာ္ေလးလွသည္ဟုဆိုရမည္။ယခုတြင္လည္း ႏွင္းခဲမ်ားဖုံးလႊမ္းထားလ်က္ရွိေနေပမယ့္အလွကေတာ့တကယ္မပ်က္သြားေပ။တစ္ခုပဲ။အေရာင္အေသြးစုံလင္စြာမျမင္ရသည္ပဲရွိမည္။


𝐺𝑖𝑒𝑡ℎ𝑜𝑜𝑟𝑛,𝑁𝑒𝑡ℎ𝑒𝑟𝑙𝑎𝑛𝑑𝑠

𝐷𝑒𝑐𝑒𝑚𝑏𝑒𝑟,𝑊𝑖𝑛𝑡𝑒𝑟

𝐸𝑎𝑟𝑙𝑦 𝑀𝑜𝑟𝑛𝑖𝑛𝑔


ေအးစက္လွေသာ ေရခဲလြင္ျပင္ႀကီးတြင္တျဖဴးျဖဴးႏွင့္တိုက္ခတ္ေနေသာ ေလစိမ္းမ်ားမွအပတျခားဘာမွမရွိ။ေကာင္းကင္ယံထက္မွႏွင္းမႈန္ေလးမ်ားဟာအဆက္မျပတ္ေျမျပင္ေပၚသို႔က်ဆင္းေနၿပီး အေဝးမွလွမ္းၾကည့္လွ်င္ျမင္ရတဲ့သူအားမႈန္ဝါးဝါးျဖင့္ျမင္ကြင္းကိုပိတ္ဆို႔ေစ၏။


အေတာ္လြမ္းေမာဖြယ္ရာ ေကာင္းေသာ

ျမင္ကြင္းတစ္ခုျဖစ္ေပသည္။


ထိုအခ်ိန္တြင္ သစ္ေတာမ်ားၾကားထဲကသစ္႐ြက္မ်ားလႈပ္ခတ္လို႔သြားၿပီး ထိုၾကားထဲမွအရိပ္သ႑ာန္ မည္းမည္းေလးတစ္ခု 'ဖြက္' ခနဲဆိုသလိုထြက္ေပၚလို႔လာေလသည္။ထိုအရာေလးသည္ မဲလုံး၍ေနေသာေၾကာင့္ႏွင္းျဖဴမ်ား​ၾကားထဲတြင္ သူကားထိုးထြက္လို႔ေနသည္။သူသည္ သစ္ပင္တစ္ပင္ဆီမွာ ေအာက္ရွိေက်ာက္စိုင္ေပၚသို႔အသာအယာခုန္ဆင္းလိုက္ၿပီး ေရခဲျပင္ေပၚသို႔ခပ္ျဖည္းျဖည္းေလွ်ာက္လွမ္းလာပါ၏။


ထိုအရာမွာ ေၾကာင္နက္ေလးတစ္ေကာင္ျဖစ္ေပၿပီးသူသည္ဒီေရခဲျပင္ႀကီးတြင္ရွိ တစ္ခုတည္းေသာသက္ရွိအရာလဲျဖစ္သည္။၎သည္သူ၏ေျခလွမ္မ်ားကိုခပ္ဖြဖြျဖင့္ညႇင္ညႇင္သာသာေလွ်ာက္လွမ္းၿပီးေရခဲျပင္ထက္တြင္ ေမာႂကြားစြာျဖတ္ေလွ်ာက္၏။


တစ္ခဏအၾကာ ေရခဲျပင္လႊာႀကီးေပၚတြင္ေလွ်ာက္လွမ္းၿပီးသည့္ေနာက္ ေရခဲျပင္အဆုံးတြင္မွာေတာ့ေၾကာင္နက္ေလးသည္ အထက္သို႔တစ္ခ်က္ေမာ့ၾကည့္လိုက္ၿပီးေပါ့ပါးစြာအထက္သို႔ခုန္တက္လိုက္ေလသည္။ထိုအခါ ၎သည္တစ္ဖက္ရွိ စမ္းေခ်ာင္းေလးႏွင့္ၿမိဳ႕ေလးအားသြယ္တန္းေပးထားေသာ တံတားထက္သို႔ေရာက္လို႔ကာသြား၏။


ထိုမွတစ္ဆင့္ ၿမိဳ႕ေလးထဲသို႔ ျဖည္းျဖည္းခ်င္းဝင္ကာ သူဦးတည္လ်က္ရွိေသာ ေနရာသို႔ ျဖည္းျဖည္းႏွင့္မွန္မွန္ ေအးေဆးစြာေလွ်ာက္လွမ္းလို႔လာသည္။အေတာ္ၾကာ ဟိုဘက္ေကြ႕၊ဒီဘက္ေကြ႕ ဟိုခုန္ကူး၊ဒီခုန္ကူးလုပ္ခါၿပီးေတာ့မွ ပန္းေတြေဝေနကာ ႀကီးမား​ေသာသစ္ပင္ႀကီးတစ္ပင္တည္းရွိသည့္ၿခံဝင္းထသို႔ လွစ္ခနဲခုန္ကာဝင္လာေပသည္။ထို႔ေနာက္ ေၾကာင္နက္ေလးသည္ၿခံဝင္႐ိုးမွတစ္ဆင့္ သစ္ပင္ႀကီးေပၚသို႔ခုန္ကာ တက္လိုက္ၿပီးလွ်င္ထိုသစ္ပင္၏ႀကီးမားေသာအခက္အလက္ေပၚတြင္ အိေျႏၵရွိစြာႏွင့္အက်အနထိုင္လိုက္ေလ၏။ထို႔ေနာက္မူ သူသည္ျပတင္းေပါက္မွတစ္ဆင့္ထိုအိမ္ထဲရွိ လူမ်ားကိုလွမ္းၾကည့္ရင္း သူတို႔ဆီသို႔နားစြင့္လိုက္ပါေတာ့သည္။


"နိတ္ ေရေႏြးၾကမ္း"


တစ္ေယာက္စာ စားပြဲခုံေသးေသးေလးေပၚသို႔ ေရေႏြးၾကမ္းခြက္ကိုခ်ေပးလိုက္ေသာ မိန္းကေလးမွာ 'စင္သီယာ ဂ်ိဳးနပ္စ္ ေမာ့ဂ္' ျဖစ္ေပသည္။သူမသည္ ယခုလက္ရွိတြင္ဟင္းခ်က္ေနပုံရၿပီး ထိုသို႔ေျပာရသည္မွာလဲသူမ၏ထုံးကာစီးထားေသာရွည္လ်ားလွသည့္ဆံႏြယ္မ်ားထက္တြင္ ဟင္းစ တခ်ိဳ႕ကပ္ညႇိေနေသာေၾကာင့္ျဖစ္သည္။


ခုံေလးေပၚတြင္ စင္သီယာခ်ေပးထားေသာေရေႏြးၾကမ္းခြက္ေလးမွာအေတာ္ေႏြး႐ုံေလးျဖစ္သည္။သို႔ေသာ္စင္သီယာ ေသာက္ေစေသာသူက ထိုေရေႏြးၾကမ္းခြက္ေလးအားမူနည္းနည္းမွပင္စိတ္မဝင္စားပါေခ်။သူသည္ ေရေႏြးၾကမ္းထက္ရွိလႈိက္ထြက္ေနေသာေရေႏြးေငြ႕မ်ားအား ေခတၱမွ်ေတာ့စိုက္ၾကည့္လိုက္ပါေသာ္လည္း ခဏအၾကာမွာေတာ့ထုံစံအတိုင္းမ်က္ႏွာလႊဲသြားသည္။


စင္သီယာက ဟင္းခ်က္ေနရင္းမွ ေနသန္(ေခၚ)နိတ္ထလင္းေနာ့တ္အားၾကည့္ရင္းသက္ျပင္းခ်မိေပသည္။သူတို႔ဘာလို႔တစ္အိမ္တည္းအတူရွိေနသည္လဲ ဟုသိခ်င္ေနသည္ဟုတ္။ဒီအေၾကာင္းကိုသိခ်င္သည္ဆိုရင္ေတာ့ သူတို႔စေတြ႕တဲ့ေန႔ .. မဟုတ္ေပ သူတို႔ျဖစ္တည္မႈအစသို႔ ျပန္သြားရမည္ျဖစ္၏။


စင္သီယာသည္ အလြန္အင္မတန္မွ က်က္သေရရွိဖြယ္ေကာင္းေသာ မိန္းကေလးတစ္ေယာက္ျဖစ္သည္။အသက္ ဆယ့္ရွစ္ႏွစ္မွာပင္ ပညာအရည္အခ်င္းႏွင့္ကမာၻပတ္ခြင့္ရခဲ့ၿပီး ယခုႏွစ္ဆယ့္ႏွစ္နားနီးသည့္အခ်ိန္တြင္ သုံးမကုန္ေပေသာ ပိုက္ဆံအထပ္လိုက္ကို သူမလက္ဝယ္လက္ကိုင္ရထားေလ၏။


အရည္အခ်င္းထက္ျမက္ၿပီး ႐ုပ္ရည္ပါလွပါေသာေၾကာင့္ စင္သီယာမွာအမ်ားအျမင္တြင္ အခ်င္းေကာအဆင္းပါျပည့္စုံသည့္သူတစ္ေယာက္ျဖစ္သည္။သူမသည္ ဒီၿမိဳ႕ရွိ 'ေမးသမွ်သိ' ေမာရစ္ႏွင့္ ပညာသင္ရင္း ေတြ႕ဆုံခဲ့တာျဖစ္ၿပီးသူမ၏ဖိတ္ၾကားမႈျဖင့္ စင္သီယာသည္ဒီသာယာေအးခ်မ္းလွေသာၿမိဳ႕ေလးသို႔ေရာက္ရွိလာခဲ့ၿပီး ယခုတြင္ေတာ့ေနာက္ဆုံးထိအေျခခ်ဖို႔ေတာင္ စိတ္ကူးျဖစ္သြား၏။


စင္သီယာသည္ ေနသန႔္အနားတိုးကပ္လို႔သြားရင္းသူ႔အားႏွစ္သိမ့္သလိုၿပဳံးျပလိုက္သည္။ေနသန္သည္သူ႔အတြက္ေတာ့ ေမာင္ေလးတစ္ေယာက္ကဲ့သို႔ျဖစ္ေပသည္။သူနဲ႔သိတဲ့ေန႔ကစ၍ ေနသန္ႏွင့္စင္သီယာသည္ တစ္ေယာက္ကိုယ္တစ္ေယာက္အျပန္အလွန္နားလည္ခဲ့ၾကၿပီး တစ္ေယာက္အတြက္တစ္ေယာက္ အသက္အႏၲရယ္ပင္ႀကဳံရဲသည္ထိကို ျဖစ္သြားၾက၏။


ေနသန႔္အားေလ့လာခ်က္အရ ေနသန္သည္အလြန္အင္မတန္မွေသြးေအးလွေသာသတၱဝါဟုဆိုရမည္။အၿမဲတေစလိုတိတ္ဆိတ္လ်က္ရွိၿပီး ေျပာစရာရွိမွသာပါးစပ္ဟသည္။ေမာရစ္ သူနဲ႔ေတြ႕တဲ့ေန႔ကေျပာဖူးခဲ့သလိုမ်ိဳးေနသန္ၿပဳံးသည္ႏွင့္႐ိုေသေလးစားမႈျပသည္ကိုတစ္ခါမွမျမင္ဖူးခဲ့။


ေနသန္သည္ စာဖတ္ရင္ဖတ္၊မဖတ္လွ်င္ငုတ္တုပ္ထိုင္ကာ ေတြးခ်င္ရာေတြေတြးေတာ့သည္။ထိုအေတြးမ်ားသည္ ရႈပ္ေထြးေပြလီကာေျဖရွင္းရခက္လွ၏။စင္သီယာ ဘာေၾကာင့္သိသလဲဆိုတစ္ခါကစင္သီယာေနသန႔္အားသူ႔အေတြးမ်ားကိုေလ့လာခ်င္၍ ထုတ္ကာေျပာခိုင္းခဲ့သည္။ဒါကလည္း စင္သီယာတစ္သက္တြင္ေနာင္တရဆုံးလုပ္ရပ္တစ္ခုထဲတြင္ အပါအဝင္ျဖစ္၏။


"နိတ္ အဆင္ေျပရဲ႕လား ငါဟင္းခ်က္လို႔ၿပီးရင္ အျပင္သြားၾကမလား ဒါမွမဟုတ္ နင့္အိမ္ပဲျပန္ၾကမလား အန္တီကတ္တို႔ မင္းကိုစိတ္ပူေနေရာ့မယ္"


စင္သီယာ ေနသန္၏မ်က္ႏွာခ်င္းဆိုင္တြင္

ထိုင္ခ်ရင္း စကားဆိုလိုက္သည္။


"မပူပါဘူး"


"ဟမ္"


"အေမက ကြၽန္ေတာ့အတြက္စိတ္မပူပါဘူးလို႔"


စင္သီယာ ေခတၱမွ်ေၾကာင္ကာေနၿပီးေနာက္သက္ျပင္းခ်မိလိုက္၏။ေနသန္ေျပာသည္ကလဲမမွားေပ။ထလင္းေနာ့တ္မိသားစုတြင္ေနာက္ဆုံးက်န္ရစ္ခဲ့ေသာအမ်ိဳးသမီးသုံးေယာက္လုံးသည္ ေအးေဆးသာေနတက္ၾကၿပီး ေနသန႔္လိုပင္သီးသန႔္ဆန္ကာေသြးေအးၾကသည္။တစ္ေယာက္ကိုယ္တစ္ေယာက္ ဂ႐ုေတာ့စိုက္ပါေသာ္လည္း ဂ႐ုစိုက္မႈကိုေတာ့ထုတ္မျပၾကတတ္သည္ခက္၏။


ခက္သည္။ဟုတ္သည္။အေတာ္ပင္ ခက္ေပသည္။


"သီယာ"


ေနသန္က တိုးညႇင္းလွစြာျဖင့္အသံထြက္လာ၏။ထို႔ေနာက္ စင္သီယာခ်ေပးထားေသာေရေႏြးခြက္ေလးအား လက္ႏွင့္တို႔ရင္း ျဖည္းညႇင္းစြာဆိုလာသည္။


"ကြၽန္ေတာ္ ေျပာင္းလဲသင့္လား"


"ဟမ္"


"ကြၽန္ေတာ္ ေျပာင္းလဲသင့္လားလို႔"


စင္သီယာ ေခတၱေၾကာင္သြားေလသည္။ၿပီးမွ သူမလက္ထဲတြင္ကိုင္ထားလ်က္ရွိေသာဟင္းခ်က္တဲ့ေယာက္မကို ေအပ႐ြန္အိတ္ေထာင္ထဲသို႔ထည့္လိုက္ၿပီး ေနသန႔္အနီးသို႔ေလွ်ာက္သြားလိုက္ကာ ေနသန႔္မ်က္ႏွာအားဆြဲလွည့္လိုက္ၿပီးသူမႏွင့္ မ်က္လုံးခ်င္းဆုံေစလိုက္သည္။


"ဒီမွာ ေနသန္ မင္းဘာမွေျပာင္းလဲစရာမလိုဘူး ေျပာရရင္ အဲ့လိုစဥ္းစားဖို႔ကိုမလိုဘူး မင္းဟာ မင္းပဲ ဒါဘယ္သူမွေျပာင္းလဲလို႔မရဘူး မင္ပုံစံကိုလက္ခံႏိုင္တဲ့လူရွိတယ္ လက္မခံႏိုင္တဲ့သူရွိတယ္ ေအး..အဲ့ထဲမွာမွမင္းပုံစံအမွန္ကိုလက္ခံၿပီး မင္းအနားမွာရွိေပးတဲ့သူေတြရွိတယ္ အဲ့ဒီလူေတြကိုပဲ မင္းတန္ဖိုးထားသင့္တယ္...တျခား ဘာကိုမွေသာက္ဂ႐ုမွစိုက္စရာမလိုဘူး နိတ္အဲ့ဒါ မင္းမွတ္ထား..."


ေနသန႔္အား အတင္းဆြဲလွည့္ကာ ဂ႐ုဏာေဒါေသာႏွင့္ စင္သီယာေျပာလိုက္မိပါေသာ္လည္း ေနသန္သည္သူ႔ပုံစံအတိုင္းအံ့ဩျခင္းလဲမျပ၊တုန္လႈပ္ျခင္းလဲမျပ တည္ၿမဲစဲတည္ေနေပ၏။သို႔ေပတည္း စင္သီယာျမင္လိုက္ပါသည္။မ်က္လုံးမ်ားထဲတြင္ေတာ့ခံစားမႈတစ္ခ်ိဳ႕ ျဖတ္သန္းလို႔သြားသည္ဆိုတာကို။သူသည္အနည္းငယ္ေတြေဝသြားပုံရၿပီးေနာက္တြင္ ျပန္လည္ကာမ်က္လုံးခ်င္းဆုံေစလိုက္ၿပီးစင္သီယာ့အားေျပာလိုက္သည္။


"သီယာ့လိုမ်ိဳးေပါ့"


"ေအး ဟုတ္တယ္ ငါ၊မင္းအေမ၊မင္းအေဒၚ မင္းအဘြားလိုမ်ိဳး ေနာက္ရွိလာမယ့္ လူေတြလိုမ်ိဳး"


စင္သီယာက ထိုသို႔ေျပာၿပီးမွ ေနသန႔္အားလႊတ္လိုက္သည္။ေနသန္က သူ႔အားညႇစ္ဆြဲကာထားသျဖင့္ပူက်စ္နီရဲသြားေသာပါးအား အသာအယာပြတ္လိုက္ၿပီး စင္သီယာ့ကိုၾကည့္ကာဆိုသည္။


"ေနာက္လာမယ့္လူေတြ ဆိုတာ??"


စင္သီယာက ၿပဳံးစိစိႏွင့္ေျပာလိုက္သည္။


"အဲ့တာလား အဲ့တာက အဟင္း..မင္း အားနည္းခ်က္ကိုလက္ခံေပးမယ့္သူ၊မင္းဆိုတဲ့ျဖစ္တည္မႈကိုျမတ္ႏိုးမယ့္သူ၊မင္းရဲ႕အရာအားလုံးကိုတန္ဖိုးထားတဲ့သူ၊မင္းကလဲအရာအားလုံးေပးဆပ္ရေလာက္တဲ့အထိမင္းခ်စ္ျမတ္ႏိုးမယ့္သူ တစ္နည္းအားျဖင့္ မင္းဘဝရဲ႕ မရွိမျဖစ္ အေရးပါးဆုံးျဖစ္လာမယ့္သူ အဲ့လိုမ်ိဳးေပါ့"


စင္သီယာကဟန္ႏွင့္ပန္ႏွင့္ေျပာေနေလသည္။


"အင္း ကြၽန္ေတာ့္မွာရွိတယ္ေလ"


"ေဟ ဘယ္သူလဲ"


"သီယာေလ"


စင္သီယာ့ အံ့ဩကာဝမ္းသာ၍သြားၿပီးကာမွတစ္ဖန္ မ်က္ႏွာႀကီးရႈံ႕မဲ့လို႔သြားရသည္။ဒီေမာင္တစ္ေယာက္ရထားပါႏွယ္ တုံးအသည္ကလြန္လွသည္။


"ငါေျပာတာအဲ့လို မဟုတ္ဘူးဟ ဘယ္လိုေျပာရမလဲမသိဘူးကြာအဲ့လိုဘဲ မွတ္ထားရွိလာလိမ့္မယ္"


"ဒါဆို သူကအခုဘယ္မွာလဲ"


"တစ္ေနရာမွာေပါ့"


"ကြၽန္ေတာ္နဲ႔မသိဘူးေပါ့ ဟုတ္လား"


"သိရင္လဲသိခ်င္သိေနမွာေပါ့ မင္းေတာင္ ငါနဲ႔အရင္တုန္းက သိလို႔လားစိတ္ခ်..စိတ္ခ် မင္းမဂၤလာေဆာင္က် ဘုန္းေတာ္ႀကီးရွာစရာမလိုဘူး ဘာလို႔ဆို ငါကိုယ္တိုင္ေဆာင္ေပးမွာမို႔"


စင္သီယာ ဝင့္ႂကြားစြာေျပာသည္။

ေနသန္ကေတာ့ ေမးခြန္းရွာေနတုန္း။


"ဒါဆို သူနဲ႔ဘယ္မွာေတြ႕ရမွာလဲ ဘယ္အခ်ိန္မွေတြ႕ရမွာလဲ၊သူက.. ..တကယ္ေကာရွိရဲ႕လား"


ေနာက္ဆုံးေမးခြန္းမွာ တိမ္ဝင္သြားတဲ့ေနသန႔္အသံကိုစင္သီယာသတိထားမိသည္။စင္သီယာ သက္ျပင္းကိုညႇင္သာစြာခ်လိုက္ၿပီး ေနသန႔္ေရွ႕ဒူးေထာက္ထိုင္ခ်လိုက္ကာ ဆိုသည္။


"ဟင္း...ငါလဲမသိေတာ့ဘူး နိတ္ရာ တစ္ခါတစ္ေလေလာကႀကီးကဆန္းၾကယ္တယ္ကြ ဘယ္သူမွဘာျဖစ္လာမယ္ ဘာမွမသိႏိုင္ဘူး မင္းေျပာသလိုတကယ္ရွိခ်င္မွလဲ ရွိလာႏိုင္မွာ .."


"..."


"ဒါေပမဲ့ စိတ္မပူပါနဲ႔ ဟဲဟဲ..ငါတို႔ေမာင္ႏွမ

ႏွစ္ေယာက္တစ္အိုးတစ္အိမ္ထူေထာင္ၿပီး 

သက္ဆုံးတိုင္ထိေနၾကတာေပါ့ မဟုတ္လား"


"ေျမႇာင္.."


ျပတင္းတံခါးေပါက္အား ကုတ္ျခစ္ကာေနေသာေၾကာင္နက္ေလးေၾကာင့္ ေနသန္ေကာ၊စင္သီယာပါထိုသို႔အာ႐ုံေရာက္ရွိသြားသည္။ေနသန္က သက္ျပင္းခ်ရင္းေျပာသည္။


"လီယြန္ လာၿပီ ကြၽန္ေတာ္အစာသြားယူေပးလိုက္အုန္းမယ္ အစ္မ တံခါးဖြင့္ေပးလိုက္"


စင္သီယာလဲပဲ သက္ျပင္းခ်လိုက္ကာ ေခါင္းၿငိမ့္လိုက္၏။ထို႔ေနာက္ ေၾကာင္နက္ေလးအား အထဲသို႔မခ်ီေပးရင္းထြက္ခြာသြားေသာ ေနသန္၏ေနာက္ေက်ာျပင္အားၾကည့္ရင္းထပ္ကာ သက္ျပင္းေတြခ်မိျပန္သည္။


"မင္းအတြက္ အေကာင္းဆုံးေတြပဲ ျဖစ္လာပါေစ နိတ္ရာ"

Comments

  1. အပင်တွေပြည့်နေတဲ့ ခြံလေးရယ်
    ကြောင်နက်လေးးရယ်...🌱🖤

    ReplyDelete
  2. စစ်​ခွေးနိဂုံး ၂၀၂၃ ✊

    Till the end
    Fighting together 💪

    ReplyDelete

Post a Comment