A Sweven Elegy from Nature - Chapter 10

 Unicode


အခန်း (၁၀)


လီယွန်ခုမှပဲသက်ပြင်းချနိုင်တော့သည်။သူသည်သူ၏လက်ဖမိုးလေးအားရင်ဘတ်ပေါ်သို့တစ်ချက်ဖိကာ 'ဟူး' ဟူ၍လေပူများကိုမှုတ်ထုတ်ရင်းခုနကကိုယ်တိုင်တွန်းကာဖွင့်ပေးခဲ့တဲ့တံခါးလေးအားခြေထောက်လေးနဲ့အသာပိတ်ပေးလိုက်လေသည်။


ပိတ်ပြီးပြန်လှည့်လာသည်အထိနဖူးချင်းတိုက်လို့မပြီးကြသေးသောကိုယ်တော်နှစ်ဦးအားလီယွန်စိတ်ပျက်စွာကြည့်လိုက်၏။လုပ်ကလဲလုပ်ပေးသေးအမြင်ကလဲမကြည်ပေသောမြှားနတ်မောင်အားပြပါဆိုလျှင်လီယွန့်အားတန်းလက်ညှိုးထိုးရပေမည်။


လီယွန်ညည်းတွားလိုက်သည်။


"အေးလေ နှစ်တစ်ထောင်လောက်မချစ်ဖူးကြပေတော့ ဒီလောက်တော့ရှိမှာပေါ့"


သီချင်းနောက်တစ်ပုဒ်ကူးပြောင်းကာဆက်ကာလွှင့်နေလျက်ရှိသောရေဒီယိုလေးသည်Quလက်လွတ်စပယ်ဖြင့်ချထားခဲ့လျက်အတိုင်းပင်ရှိပေသည်။အသက်ခပ်မျှင်မျှင်လေးနှစ်ခုကလေထုထဲတွင်ရစ်ဝဲလို့နေပြီးထိုမှတဆင့်သွေးကြောတွေထဲသို့တောက်လျှောက်ဝင်ကြည့်ပါလျှင်အသက်ဝင်နေသောနှလုံးသားလေးနှစ်ခုအပြိုင်အဆိုင်ဖြင့်ကဆုန်ပေါက်နေသည်ကိုမြင်ရမည်။


လီယွန်ထိုနားတွင်ထိုင်နေတာကြာပြီ။

​ပြီတော့လေမလားလို့ဖြည့်တွေးရင်းထိုင်စောင့်နေတာဖြစ်သည်။ဖြစ်သည်ကသူမှားသွား၏။အနှီအချစ်ငတ်နေသောသူနှစ်ယောက်ကားပိုကိုပိုလွန်းသည်။လီယွန် သက်ပြင်းကိုလေးပင်စွာချလိုက်ရင်းတစ်ချက်ခပ်ကျယ်ကျယ် 'ညှောင်း' ဟုဆိုကာညည်းတွားလိုက်လေသည်။


မတတ်နိုင်။ချစ်ခြင်းကိုခွဲသည်ဟုဆိုလဲ မတတ်နိုင်။


".."


".."


လီယွန့်အသံကြောင့်နှစ်ဦးသားမျက်စိများကိုယ်စီပွင့်သွားကြပြီးဖွင့်ဖွင့်ချင်းပင်အယောင်ယောင်အမှားမှားဖြင့်ကိုယ်ချင်းလှစ်ခနဲခွာသွားကြသည်။နောက်တစ်ယောက်တစ်ဖက်ဆီလှည့်ကာအဓိပ္ပာယ်မရှိသည့်အရာတွေကိုစတင်ကာလုပ်လေတော့သည်။


ပန်းကန်မရှိဘဲရေတွေဖွင့်ချပြီးမရှိလေတဲ့ပန်းကန်ကိုဆေးနေတာတို့၊ဘာမှမရှိလေတဲ့ နံရံကြီးကိုစိတ်ဝင်တစားစမ်းစစ်နေတာတို့။လီယွန်ဒီအိုကြီးအိုမနှစ်ယောက်ကိုဘယ်နှစ်ကြိမ်မြှောက်မှန်းမသိ အမှန်တကယ်ပင်စိတ်ပျက်မိပါ၏။


ဟင်း။


"Qu"


လီယွန်ရုပ်တည်နေလျက်နှင့်ပင်ခေါ်လိုက်သည်။Quမှာလီယွန်သူ့ဘက်ကစ၍ပြန်ခေါ်လာလေသောကြောင့်မျက်လုံးများပင့်တက်သွားကာလီယွန့်အားကြည့်လေသည်။လီယွန်သည်အလွန်ခေါင်းမာသောကြောင်တစ်ကောင်ဖြစ်သည်။သူတို့ရန်ဖြစ်ပြီးတိုင်းဘယ်သောအခါမှလီယွန့်ဘက်မှစကားစ၍မခေါ်ဖူးချေ။သူချည်း စကားစရသည်ဖြစ်၏။ယခုမူ..။


Quလီယွန့်အားစိတ်ရှိလက်ရှိစိုက်ကြည့်နေပါ၏။သူကကိုယ့်အတွေးထဲထိဝင်စကားပြောနိုင်လျှင်ကိုယ်လဲသူ့အတွေးထဲဝင်လို့ရနိုင်လောက်သည်မလား။စမ်းဝင်ကြည့်ရမည်။ဟုတ်သည်။ဟုတ်သည်။


သို့သော်လီယွန့်၏ဘာလုပ်နေတာလဲဆိုသောမျက်နှာနှင့်သူ၏ခန္ဓာကိုယ်က 'မရဘူး စမ်းမနေနဲ့' ဆိုသောဘောက်ဆတ်ဆတ်အတုံ့အပြန်ကြောင့်Quစိတ်လျော့လိုက်ရသည်။ထို့နောက်လီယွန့်အားပြန်ကာစကားပြောလိုက်၏။


"နောက်ဆုံးတော့ စကားစပြောပြီပေါ့"


"ဟင့်"


Qu၏ခပ်ရွဲ့ရွဲ့မေးခွန်းနှင့်အတူတစ်ဖက်သို့ဟင့်ခနဲနေကာလှည့်သွားတဲ့လီယွန်ကိုကြည့်ပြီးနေသန်မျက်မှောင်ကြုတ်ကြည့်လိုက်သည်။ဘာတွေလဲ။Quကအခုလီယွန်ဆိုတဲ့ 'ကြောင်' နက်တစ်ကောင်အားစကားပြောနေသည်လား။ဒါကိုလီယွန်ကနားလည်နေသည်လား။ဒါမှမဟုတ်တိုက်ဆိုင်သည်လား။


"ပြောပါအုန်း ငါ့စိတ်ဆိုးနေတဲ့အကြောင်းအရင်း"


"မင်းသိပါတယ်"


"ဪ.. အဲ့တာကြောင့်ငါ့ကိုစိတ်ဆိုးတယ်ပေါ့ အေး အဲ့တာဆို ငါလဲစိတ်ဆိုးတယ် နေ့လဲမရညလဲမရအမြဲခေါင်းထဲနေရာယူယူနေတဲ့ နင်ခေါ်စေချင်တဲ့ကောင်ကငါ့အတွေးတွေနယ်ကျူးကျော်ခံလိုက်ရပြီလား ထင်ရတယ်"


"အခု နှလုံးသားလေးပါ ကျူးကျော်ခံလိုက်ရပြီမလား"


"ဘာပြောတယ်?!"


"အခုသူကနှလုံးသားလေးပါ 

နယ်ချဲ့လာပြီမလားလို့"


လီယွန်ကပြုံးစိစိနှင့်Quအားကြည့်ကာစကားပြောနေရာမှ​အူကြောင်ကြောင်နှင့်သူတို့အားအခုထိစိုက်ကြည့်နေသေးသောနေသန့်အားမျက်စပစ်ပြလိုက်သည်။ထိုအခါမှQuနေသန်ရှိမှန်းသတိရတော့သည်။


အမြဲတမ်းတစ်ကိုယ်တည်း၊တစ်ကောင်ကြွက်ဖြစ်နေတတ်ပြီး မည်သို့သောအချိန်တွင်မှမည်သူရှိမနေဘူးတာကြောင့် ယခုလဲ မည်သူမှမရှိဘူးအထင်နဲ့လီယွန့်အားအော်ကြီးဟစ်ကျယ်နှင့်စကားပြောနေလေသည်။ပြီးတော့သူပြောလိုက်သည့်စကား။နေသန်ကြားသွားလေသလား။


Quနေသန့်အားအကဲခတ်သလိုကြည့်လိုက်သည်။အူကြောင်ကြောင်နားမလည်သောအမူအရာကလွဲလို့ကျန်တာဘာမှမတွေ့ရ။ထိုအခါမှQuရင်အေးသွားသည်။အခုမှပြန်တွေးမိသည်ကသူပြောလိုက်သည့်စကားများကဘာဆိုတာကိုပင်။နေသန်သည်ဆွံ့အနားမကြားသူမဟုတ်ပါ။ဘယ်လောက်အံ့ဩနေနေQu၏ရှင်းလင်းပြတ်သားသောစကားကိုတော့ပီသအောင်ကြားမိမှာပင်။


အံ့ဩ၍သိချင်နေသောအချိန်တွင်လူတွေကပို၍အာရုံစူးစိုက်တတ်ကြ၏တဲ့။ဒီအချက်ကိုတွေးမိတော့Quမျက်နှာကြီးနီရဲလို့သွားရသည်။Quသည်ချက်ချင်းဆိုသလို ပါးစပ်နှင့်နှာခေါင်းပေါက်တွေကိုအလုံစုပိတ်လိုက်ကာအသက်ကိုခေတ္တအောင့်ပစ်လိုက်သည်။တကယ်တမ်းဤသည်က Quရှက်နေတာကိုဖော်ပြတာဖြစ်သည်။


Quသူ့ကိုယ်သူဒီလိုရှက်တတ်မှန်းလဲနေသန်နှင့်တွေ့မှသိရသည်ဖြစ်သည်။သူ့ဘဝတစ်လျှောက်လုံးသဘာဝကြီးကဲ့သို့လွတ်လပ်စွာနေခဲ့ရပြီးလောကကြီးကဲ့သို့ပင် ပွင့်လင်းမြင်သာစွာပြောဆိုဆက်ဆံတာကြောင့်အရှက်မရှိသလို၊အကြောက်လဲမရှိခဲ့။ယခုတော့တည့်တည့်တိုးပြီ။သူလူတစ်ယောက်နှင့်တော့တစ်ခါလောက်တွေ့အုန်းမည်ဟုဆုံးဖြတ်ဖူးသော်ငြားထို 'တစ်ခါ' သည်ဒါကဟိုးအဝေးကြီးမှာပဲရှိသေးသည်လေ။ဘာကြောင့်စော၍တွေ့ရသည်လဲ။အံ့ဩပေပါ့။


"ဒါ..ဆို မင်းတို့ နှစ်ယောက်ကအချင်းချင်းစကားပြောတတ်ကြတယ်ပေါ့ ဟုတ်လား"


အတွေးကိုယ်စီနှင့်ရှိနေသောအိမ်လေးအတွင်းထဲရှိသက်ရှိသုံးဦးသည်နေသန်၏သံသယအပြည့်ဖြင့်မေးလိုက်သော မေးခွန်းကြောင့်ပို၍ပင်တိတ်ဆိတ်လို့သွား၏။လီယွန်ကတော့Quအားလှည့်ကြည့်သည်။မင်းပြောလေဆိုသောအကြည့်များဖြင့်။Quလက်တွေကိုကစားနေမိသည်။ဘာကြောင့်မှန်းမသိအမှန်အတိုင်းမဖြေသည်ကကောင်းသည်ဟူသောအတွေးတွေကခေါင်းထဲတွင်ကြီးစိုးနေ၏။


​သို့သော်နေသန်၏မေးခွန်းမဆိုပေသောမေးခွန်းကလဲသူတို့အချင်းချင်းစကားပြောနိုင်သည်ကိုသိသည်ဖြစ်၏။ဒီအတိုင်း သူတို့ကိုယ်တိုင်အတည်ပြုစေချင်သောကြောင့်သာမေးလိုက်ခြင်းသာဖြစ်သည်။


Quနေသန့်အားခေါင်းငုံ့ထားရာမှမျက်လုံးလေးလှန်ကြည့်လာသည်။မျက်လုံးချင်းဆုံသွားတဲ့တစ်ခဏနေသန်သည်သူတို့ဆီမှဟုတ်တယ်ဆိုသောအဖြေထက်မင်းကဘာလဲဆိုတာကိုပို၍ပြောစေချင်ပုံပေါ်နေသည်။


Quမျက်တောင်လေးတွေတွန့်လို့သွားသည်။ဘာကြောင့်ဆိုလီယွန်သည်သူတို့၏ပွဲကြီးပွဲကောင်းအားကြည့်ရန်မီးဖိုချောင်ဗီရိုထဲမှသူစားနေကျမုန့်ခြောက်ဗူးကိုသွားကာယူနေသည်ကြောင့်။သူသည် မုန့်ခြောက်ဗူးပုလင်း၏လက်ကိုင်ကိုပါးစပ်နှင့် ကိုက်လာလေပြီးခုနသူထိုင်နေသည့်နေရာတွင်အတိအကျပြန်ကာထိုင်လိုက်ပြီးသူ့လက်လေးဖြင့်မုန့်တွေကိုစတင်ကာစားလေတော့သည်။မျက်လုံးများကလဲနေသန်နှင့်Quအားတစ်လှည့်ဆီအကြည့်မပျက်။


နေသန်ကလီယွန့်၏အပြုအမူတွေကိုမျက်လုံးတောက်ထောက်လိုက်ကြည့်ပါသော်လည်းအံ့ဩသည့်အမူအရာမပြ။လီယွန်မုန့်များကိုစတင်နှိုက်စားသည့်အခါတွင်နေသန့်၏မျက်လုံးအစုံတို့ကQuထံသို့တန်းတန်းမတ်မတ်ပြန်ဆိုက်ရောက်လာပြီဖြစ်သည်။


"ဟို.."


"အမ်း..."


"ဟို ငါက"


"အမ်း..နားထောင်နေတယ်"


"ငါ..ငါက လူ လူမဟုတ်ဘူးထင် ထင်တယ်"


"အဲ့တာက ပြောစရာလိုသေးလို့လား"


"အဲ့တာဆို ဘာလို့မေးနေလဲ"


"ငါက မင်းဘာလဲ မေးတာလေ မင်းလူမဟုတ်တာသိလို့ ဘာလဲမေးတာပေါ့ အဲ့လောက်တုံးလား"


"ငါလဲ သိတာဖြေတာလေ ငါကလူမဟုတ်ဘူးဆိုတာပဲသိတာ အဲ့တော့ငါသိတာဖြေတာပဲ ငါ့ကိုတုံးတယ်မပြောနဲ့  နော်! မင်းကပိုတုံးတယ်ပြီးတော့ သူများပစ္စည်းကိုလဲလျှောက်ကိုင်တယ် သူများအိမ်ထဲလဲခွင့်မတောင်းဘဲဝင်လာတယ် နော်! သွားသွား ရှူး .. ငါ့ဘာမှလာမပြောနဲ့တော့"


တနော်နော်နှင့်နှုတ်ခမ်းလေးထော်ထော်ကာကြောက်ကြောက်ရွံ့ရွံ့ပြောနေပေသောQuကိုနေသန်မျက်တောင်မခတ်ပဲစိုက်ကြည့်နေမိ၏။ထို့နောက်ရုတ်တရက်ဆန်စွာတစ်ဖက်သို့လှည့်ပစ်လိုက်ပြီး ပါးစပ်ကိုလက်သီးစုပ်နှင့်အုပ်လိုက်ကာသူ၏ပြုံးစစဖြစ်နေသောမျက်နှာကြီးအားဖုံးထားနေရသည်။အကြောင်းမှာ . .


"အား..ဘာလို့အဲ့လောက်ချစ်စရာကောင်းရတာလဲ ဘာလို့လဲ ဘာလို့လဲ ဝှိုင်း ဝှိုင်း.."


လက်သီးစုပ်အတွင်းသို့မပီမသစကားတွေရေရွတ်ကာထည့်သွင်းနေပြီးစိတ်ခံစားချက်တွေကိုဖွင့်ထုတ်နေပေသောနေသန့်ကို Quမော့ကြည့်မော့ကြည့်လုပ်ပါ၏။တော်ကြာတစ်ခုခုထဖြစ်ရင်သူဘယ်ပြေးရမည်လဲမသိ။သူ့ဘဝလို့ပြောနိုင်သည့်သူ့ရှင်သန်လာခဲ့တစ်လျှောက်တွင်သူရှောင်ပြေးခဲ့သည်ဆိုလို့ လူသားတွေပဲရှိသည်။


သဘာဝနှင့်ချိတ်ဆက်နေပြီး မိုး၊လေ၊ရေ၊မြေ၊ပထဝီမြေသားတွေကQu၏သွေးကြောတွေဖြစ်ပြီးလောကကြီးကသူ၏အတွေးကမ္ဘာကြီးပင်ဖြစ်သည်။လူသားတွေလောကကြီးအကြောင်းညည်းတွားသမျှသည်Qu၏နားထဲတွင်တန်းစီကာရောက်သည်။ညည်းတွားခြင်း၊ဆဲဆိုခြင်း၊မကောင်းပြောခြင်း၊မုန်းတီးရွံရှာခြင်းတွေမှအစ 'ဝါး လောကကြီးကသာယာလိုက်တာ' ဟူသော ရှားပါးလှသည့်စကားများအဆုံးသူ၏နားထဲတွင်နေရာဒေသမရွေး လတ္တီတွဒ်၊လောင်ဂျီတွဒ်မည်မျှဝေးကွာနေပစေသူကြားနေရသည်။


တား၍မရ၊ပိတ်ပင်၍မရ၊နားမထောင်ချင်၍မရ။


ဒါကြောင့်Quသည်လူသားတွေကိုတော့ကြောက်သည်။သူတို့၏လောဘတွေ၊အတ္တတွေကိုမျက်ဝါးထင်ထင်မြင်ဖူးပြီးအရှင်းလင်းဆုံးကြားယောင်ဖူးတာကြောင့် သူသည် လူသားတို့ညည်းတွားသည့်လောကကြီးနှင့်ဝေးဝေးနေဖြစ်သည်။ဘယ်သောအခါမှဘာမှမဖြစ်ဖူးသောQuသည်သဘာဝနှင့်ဆန့်ကျင်သောအရာများကိုလုပ်လေမှ ဒဏ်ရာအကြီးအကျယ်ရလေသည်။


ထိုသည်ကလဲနေသန်နှင့်စတွေ့တဲ့နေ့။

Quသူတွေးမိနေခဲ့သောအချက်လေးများ ဖြစ်နေမလားလို့အမြဲစိုးရိမ်ခဲ့သည်။သူကိုယ့်ကိုယ်ကိုနေသန့်အားနှစ်နှစ်ကာကာမြတ်နိုးစွာချစ်မိနေပြီမှန်းသိသည့်အချိန်တွင် ထိုအချက်မှာမှန်ကန်နေကြောင်းသူဝမ်းနည်းစွာဖြင့်သိခဲ့ရသည်။


လူသားတွေဒီတစ်ချက်တော့မှန်သည်။

အချစ်ကလူတွေသာမကတခြားသတ္တဝါများကိုပင်ဒီရေအလားတိုက်စားလောင်ကျွမ်းစေသည်။ထိုတခြားသတ္တဝါထဲတွင်Quလဲပါသည်ဖြစ်လိမ့်မည်။သိပ်ဆန်းကြယ်သပါ့ လောကကြီးရယ်။


Qu၏တွေဝေသွားသောမျက်နှာကြောင့်နေသန်တခစ်ခစ်ခိုးကာသဘောကျနေရာမှရပ်လိုက်၏။ထို့နောက်အရှေ့သို့ အသာအယာတစ်လှမ်းချင်းဆီတိုးသွားကာQu၏မျက်နှာအားမော့စေလိုက်သည်။သူ၏လက်ထဲတွင်Quပါးလေးတွေကနွေးကာရဲတွတ်လို့နေသည်။နှုတ်ခမ်းတင်းရိရိလေးကားနီစွတ်လို့နေပြီးကိုက်ဖိထားသဖြင့်သွားရည်တချို့ပင်စိုစွတ်လို့နေ၏။


နေသန်Qu၏မျက်လုံးတွေကိုကြည့်လိုက်သည်။Quကဘာလုပ်တာလဲလို့မေးချင်နေပေမယ့်ပါးစပ်ကိုနေသန်ဆွဲကာညှစ်ထားသောကြောင့်မေး၍မရ။နေသန် သူ၏နှုတ်ခမ်းတွေကိုတွန့်ချိုးပစ်လိုက်သည်။ထိုအခါတွင်တစ်ဆင့်တစ်ဆင့်ပြောင်းလဲလာသောQu၏မျက်နှာအမူအရာတွေအားလုံးကိုနေသန်အသေးစိတ်စိုက်ကာပြုံးကြည့်နေ၏။


ထို့နောက်နေသန်Quကိုယ်လေးအားဆတ်ခနဲဆွဲယူကာအားနှင့်ချုပ်ကာဖျစ်ညှစ်ပစ်လိုက်သည်။သူ၏ရင်ခွင်အတွင်းသို့ယက်ကန်ယက်ကန်နှင့်ပါလာလေသောQuကိုနေသန်လျှာသပ်ရင်းကြည့်လိုက်ကာစတွေ့ကတည်းကတမ်းတနေနေသောသူ၏ချိုမြိန်သည့်အရသာကိုထိုနှုတ်ခမ်းများပေါ်တွင်အပြည့်အဝချကာဖြည့်ဆည်းလိုက်လေတော့သည်။



Zawgyi


အခန္း (၁၀)

လီယြန္ခုမွပဲသက္ျပင္းခ်ႏိုင္ေတာ့သည္။သူသည္သူ၏လက္ဖမိုးေလးအားရင္ဘတ္ေပၚသို႔တစ္ခ်က္ဖိကာ 'ဟူး' ဟူ၍ေလပူမ်ားကိုမႈတ္ထုတ္ရင္းခုနကကိုယ္တိုင္တြန္းကာဖြင့္ေပးခဲ့တဲ့တံခါးေလးအားေျခေထာက္ေလးနဲ႔အသာပိတ္ေပးလိုက္ေလသည္။

ပိတ္ၿပီးျပန္လွည့္လာသည္အထိနဖူးခ်င္းတိုက္လို႔မၿပီးၾကေသးေသာကိုယ္ေတာ္ႏွစ္ဦးအားလီယြန္စိတ္ပ်က္စြာၾကည့္လိုက္၏။လုပ္ကလဲလုပ္ေပးေသးအျမင္ကလဲမၾကည္ေပေသာျမႇားနတ္ေမာင္အားျပပါဆိုလွ်င္လီယြန႔္အားတန္းလက္ညႇိဳးထိုးရေပမည္။

လီယြန္ညည္းတြားလိုက္သည္။

"ေအးေလ ႏွစ္တစ္ေထာင္ေလာက္မခ်စ္ဖူးၾကေပေတာ့ ဒီေလာက္ေတာ့ရွိမွာေပါ့"

သီခ်င္းေနာက္တစ္ပုဒ္ကူးေျပာင္းကာဆက္ကာလႊင့္ေနလ်က္ရွိေသာေရဒီယိုေလးသည္Quလက္လြတ္စပယ္ျဖင့္ခ်ထားခဲ့လ်က္အတိုင္းပင္ရွိေပသည္။အသက္ခပ္မွ်င္မွ်င္ေလးႏွစ္ခုကေလထုထဲတြင္ရစ္ဝဲလို႔ေနၿပီးထိုမွတဆင့္ေသြးေၾကာေတြထဲသို႔ေတာက္ေလွ်ာက္ဝင္ၾကည့္ပါလွ်င္အသက္ဝင္ေနေသာႏွလုံးသားေလးႏွစ္ခုအၿပိဳင္အဆိုင္ျဖင့္ကဆုန္ေပါက္ေနသည္ကိုျမင္ရမည္။

လီယြန္ထိုနားတြင္ထိုင္ေနတာၾကာၿပီ။
​ၿပီေတာ့ေလမလားလို႔ျဖည့္ေတြးရင္းထိုင္ေစာင့္ေနတာျဖစ္သည္။ျဖစ္သည္ကသူမွားသြား၏။အႏွီအခ်စ္ငတ္ေနေသာသူႏွစ္ေယာက္ကားပိုကိုပိုလြန္းသည္။လီယြန္ သက္ျပင္းကိုေလးပင္စြာခ်လိုက္ရင္းတစ္ခ်က္ခပ္က်ယ္က်ယ္ 'ေညႇာင္း' ဟုဆိုကာညည္းတြားလိုက္ေလသည္။

မတတ္ႏိုင္။ခ်စ္ျခင္းကိုခြဲသည္ဟုဆိုလဲ မတတ္ႏိုင္။

".."

".."

လီယြန႔္အသံေၾကာင့္ႏွစ္ဦးသားမ်က္စိမ်ားကိုယ္စီပြင့္သြားၾကၿပီးဖြင့္ဖြင့္ခ်င္းပင္အေယာင္ေယာင္အမွားမွားျဖင့္ကိုယ္ခ်င္းလွစ္ခနဲခြာသြားၾကသည္။ေနာက္တစ္ေယာက္တစ္ဖက္ဆီလွည့္ကာအဓိပၸာယ္မရွိသည့္အရာေတြကိုစတင္ကာလုပ္ေလေတာ့သည္။

ပန္းကန္မရွိဘဲေရေတြဖြင့္ခ်ၿပီးမရွိေလတဲ့ပန္းကန္ကိုေဆးေနတာတို႔၊ဘာမွမရွိေလတဲ့ နံရံႀကီးကိုစိတ္ဝင္တစားစမ္းစစ္ေနတာတို႔။လီယြန္ဒီအိုႀကီးအိုမႏွစ္ေယာက္ကိုဘယ္ႏွစ္ႀကိမ္ေျမႇာက္မွန္းမသိ အမွန္တကယ္ပင္စိတ္ပ်က္မိပါ၏။

ဟင္း။

"Qu"

လီယြန္႐ုပ္တည္ေနလ်က္ႏွင့္ပင္ေခၚလိုက္သည္။Quမွာလီယြန္သူ႔ဘက္ကစ၍ျပန္ေခၚလာေလေသာေၾကာင့္မ်က္လုံးမ်ားပင့္တက္သြားကာလီယြန႔္အားၾကည့္ေလသည္။လီယြန္သည္အလြန္ေခါင္းမာေသာေၾကာင္တစ္ေကာင္ျဖစ္သည္။သူတို႔ရန္ျဖစ္ၿပီးတိုင္းဘယ္ေသာအခါမွလီယြန႔္ဘက္မွစကားစ၍မေခၚဖူးေခ်။သူခ်ည္း စကားစရသည္ျဖစ္၏။ယခုမူ..။

Quလီယြန႔္အားစိတ္ရွိလက္ရွိစိုက္ၾကည့္ေနပါ၏။သူကကိုယ့္အေတြးထဲထိဝင္စကားေျပာႏိုင္လွ်င္ကိုယ္လဲသူ႔အေတြးထဲဝင္လို႔ရႏိုင္ေလာက္သည္မလား။စမ္းဝင္ၾကည့္ရမည္။ဟုတ္သည္။ဟုတ္သည္။

သို႔ေသာ္လီယြန႔္၏ဘာလုပ္ေနတာလဲဆိုေသာမ်က္ႏွာႏွင့္သူ၏ခႏၶာကိုယ္က 'မရဘူး စမ္းမေနနဲ႔' ဆိုေသာေဘာက္ဆတ္ဆတ္အတုံ႔အျပန္ေၾကာင့္Quစိတ္ေလ်ာ့လိုက္ရသည္။ထို႔ေနာက္လီယြန႔္အားျပန္ကာစကားေျပာလိုက္၏။

"ေနာက္ဆုံးေတာ့ စကားစေျပာၿပီေပါ့"

"ဟင့္"

Qu၏ခပ္႐ြဲ႕႐ြဲ႕ေမးခြန္းႏွင့္အတူတစ္ဖက္သို႔ဟင့္ခနဲေနကာလွည့္သြားတဲ့လီယြန္ကိုၾကည့္ၿပီးေနသန္မ်က္ေမွာင္ၾကဳတ္ၾကည့္လိုက္သည္။ဘာေတြလဲ။Quကအခုလီယြန္ဆိုတဲ့ 'ေၾကာင္' နက္တစ္ေကာင္အားစကားေျပာေနသည္လား။ဒါကိုလီယြန္ကနားလည္ေနသည္လား။ဒါမွမဟုတ္တိုက္ဆိုင္သည္လား။

"ေျပာပါအုန္း ငါ့စိတ္ဆိုးေနတဲ့အေၾကာင္းအရင္း"

"မင္းသိပါတယ္"

"ဪ.. အဲ့တာေၾကာင့္ငါ့ကိုစိတ္ဆိုးတယ္ေပါ့ ေအး အဲ့တာဆို ငါလဲစိတ္ဆိုးတယ္ ေန႔လဲမရညလဲမရအၿမဲေခါင္းထဲေနရာယူယူေနတဲ့ နင္ေခၚေစခ်င္တဲ့ေကာင္ကငါ့အေတြးေတြနယ္က်ဴးေက်ာ္ခံလိုက္ရၿပီလား ထင္ရတယ္"

"အခု ႏွလုံးသားေလးပါ က်ဴးေက်ာ္ခံလိုက္ရၿပီမလား"

"ဘာေျပာတယ္?!"

"အခုသူကႏွလုံးသားေလးပါ 
နယ္ခ်ဲ႕လာၿပီမလားလို႔"

လီယြန္ကၿပဳံးစိစိႏွင့္Quအားၾကည့္ကာစကားေျပာေနရာမွ​အူေၾကာင္ေၾကာင္ႏွင့္သူတို႔အားအခုထိစိုက္ၾကည့္ေနေသးေသာေနသန႔္အားမ်က္စပစ္ျပလိုက္သည္။ထိုအခါမွQuေနသန္ရွိမွန္းသတိရေတာ့သည္။

အၿမဲတမ္းတစ္ကိုယ္တည္း၊တစ္ေကာင္ႂကြက္ျဖစ္ေနတတ္ၿပီး မည္သို႔ေသာအခ်ိန္တြင္မွမည္သူရွိမေနဘူးတာေၾကာင့္ ယခုလဲ မည္သူမွမရွိဘူးအထင္နဲ႔လီယြန႔္အားေအာ္ႀကီးဟစ္က်ယ္ႏွင့္စကားေျပာေနေလသည္။ၿပီးေတာ့သူေျပာလိုက္သည့္စကား။ေနသန္ၾကားသြားေလသလား။

Quေနသန႔္အားအကဲခတ္သလိုၾကည့္လိုက္သည္။အူေၾကာင္ေၾကာင္နားမလည္ေသာအမူအရာကလြဲလို႔က်န္တာဘာမွမေတြ႕ရ။ထိုအခါမွQuရင္ေအးသြားသည္။အခုမွျပန္ေတြးမိသည္ကသူေျပာလိုက္သည့္စကားမ်ားကဘာဆိုတာကိုပင္။ေနသန္သည္ဆြံ႕အနားမၾကားသူမဟုတ္ပါ။ဘယ္ေလာက္အံ့ဩေနေနQu၏ရွင္းလင္းျပတ္သားေသာစကားကိုေတာ့ပီသေအာင္ၾကားမိမွာပင္။

အံ့ဩ၍သိခ်င္ေနေသာအခ်ိန္တြင္လူေတြကပို၍အာ႐ုံစူးစိုက္တတ္ၾက၏တဲ့။ဒီအခ်က္ကိုေတြးမိေတာ့Quမ်က္ႏွာႀကီးနီရဲလို႔သြားရသည္။Quသည္ခ်က္ခ်င္းဆိုသလို ပါးစပ္ႏွင့္ႏွာေခါင္းေပါက္ေတြကိုအလုံစုပိတ္လိုက္ကာအသက္ကိုေခတၱေအာင့္ပစ္လိုက္သည္။တကယ္တမ္းဤသည္က Quရွက္ေနတာကိုေဖာ္ျပတာျဖစ္သည္။

Quသူ႔ကိုယ္သူဒီလိုရွက္တတ္မွန္းလဲေနသန္ႏွင့္ေတြ႕မွသိရသည္ျဖစ္သည္။သူ႔ဘဝတစ္ေလွ်ာက္လုံးသဘာဝႀကီးကဲ့သို႔လြတ္လပ္စြာေနခဲ့ရၿပီးေလာကႀကီးကဲ့သို႔ပင္ ပြင့္လင္းျမင္သာစြာေျပာဆိုဆက္ဆံတာေၾကာင့္အရွက္မရွိသလို၊အေၾကာက္လဲမရွိခဲ့။ယခုေတာ့တည့္တည့္တိုးၿပီ။သူလူတစ္ေယာက္ႏွင့္ေတာ့တစ္ခါေလာက္ေတြ႕အုန္းမည္ဟုဆုံးျဖတ္ဖူးေသာ္ျငားထို 'တစ္ခါ' သည္ဒါကဟိုးအေဝးႀကီးမွာပဲရွိေသးသည္ေလ။ဘာေၾကာင့္ေစာ၍ေတြ႕ရသည္လဲ။အံ့ဩေပပါ့။

"ဒါ..ဆို မင္းတို႔ ႏွစ္ေယာက္ကအခ်င္းခ်င္းစကားေျပာတတ္ၾကတယ္ေပါ့ ဟုတ္လား"

အေတြးကိုယ္စီႏွင့္ရွိေနေသာအိမ္ေလးအတြင္းထဲရွိသက္ရွိသုံးဦးသည္ေနသန္၏သံသယအျပည့္ျဖင့္ေမးလိုက္ေသာ ေမးခြန္းေၾကာင့္ပို၍ပင္တိတ္ဆိတ္လို႔သြား၏။လီယြန္ကေတာ့Quအားလွည့္ၾကည့္သည္။မင္းေျပာေလဆိုေသာအၾကည့္မ်ားျဖင့္။Quလက္ေတြကိုကစားေနမိသည္။ဘာေၾကာင့္မွန္းမသိအမွန္အတိုင္းမေျဖသည္ကေကာင္းသည္ဟူေသာအေတြးေတြကေခါင္းထဲတြင္ႀကီးစိုးေန၏။

​သို႔ေသာ္ေနသန္၏ေမးခြန္းမဆိုေပေသာေမးခြန္းကလဲသူတို႔အခ်င္းခ်င္းစကားေျပာႏိုင္သည္ကိုသိသည္ျဖစ္၏။ဒီအတိုင္း သူတို႔ကိုယ္တိုင္အတည္ျပဳေစခ်င္ေသာေၾကာင့္သာေမးလိုက္ျခင္းသာျဖစ္သည္။

Quေနသန႔္အားေခါင္းငုံ႔ထားရာမွမ်က္လုံးေလးလွန္ၾကည့္လာသည္။မ်က္လုံးခ်င္းဆုံသြားတဲ့တစ္ခဏေနသန္သည္သူတို႔ဆီမွဟုတ္တယ္ဆိုေသာအေျဖထက္မင္းကဘာလဲဆိုတာကိုပို၍ေျပာေစခ်င္ပုံေပၚေနသည္။

Quမ်က္ေတာင္ေလးေတြတြန႔္လို႔သြားသည္။ဘာေၾကာင့္ဆိုလီယြန္သည္သူတို႔၏ပြဲႀကီးပြဲေကာင္းအားၾကည့္ရန္မီးဖိုေခ်ာင္ဗီ႐ိုထဲမွသူစားေနက်မုန႔္ေျခာက္ဗူးကိုသြားကာယူေနသည္ေၾကာင့္။သူသည္ မုန႔္ေျခာက္ဗူးပုလင္း၏လက္ကိုင္ကိုပါးစပ္ႏွင့္ ကိုက္လာေလၿပီးခုနသူထိုင္ေနသည့္ေနရာတြင္အတိအက်ျပန္ကာထိုင္လိုက္ၿပီးသူ႔လက္ေလးျဖင့္မုန႔္ေတြကိုစတင္ကာစားေလေတာ့သည္။မ်က္လုံးမ်ားကလဲေနသန္ႏွင့္Quအားတစ္လွည့္ဆီအၾကည့္မပ်က္။

ေနသန္ကလီယြန႔္၏အျပဳအမူေတြကိုမ်က္လုံးေတာက္ေထာက္လိုက္ၾကည့္ပါေသာ္လည္းအံ့ဩသည့္အမူအရာမျပ။လီယြန္မုန႔္မ်ားကိုစတင္ႏႈိက္စားသည့္အခါတြင္ေနသန႔္၏မ်က္လုံးအစုံတို႔ကQuထံသို႔တန္းတန္းမတ္မတ္ျပန္ဆိုက္ေရာက္လာၿပီျဖစ္သည္။

"ဟို.."

"အမ္း..."

"ဟို ငါက"

"အမ္း..နားေထာင္ေနတယ္"

"ငါ..ငါက လူ လူမဟုတ္ဘူးထင္ ထင္တယ္"

"အဲ့တာက ေျပာစရာလိုေသးလို႔လား"

"အဲ့တာဆို ဘာလို႔ေမးေနလဲ"

"ငါက မင္းဘာလဲ ေမးတာေလ မင္းလူမဟုတ္တာသိလို႔ ဘာလဲေမးတာေပါ့ အဲ့ေလာက္တုံးလား"

"ငါလဲ သိတာေျဖတာေလ ငါကလူမဟုတ္ဘူးဆိုတာပဲသိတာ အဲ့ေတာ့ငါသိတာေျဖတာပဲ ငါ့ကိုတုံးတယ္မေျပာနဲ႔  ေနာ္! မင္းကပိုတုံးတယ္ၿပီးေတာ့ သူမ်ားပစၥည္းကိုလဲေလွ်ာက္ကိုင္တယ္ သူမ်ားအိမ္ထဲလဲခြင့္မေတာင္းဘဲဝင္လာတယ္ ေနာ္! သြားသြား ရႉး .. ငါ့ဘာမွလာမေျပာနဲ႔ေတာ့"

တေနာ္ေနာ္ႏွင့္ႏႈတ္ခမ္းေလးေထာ္ေထာ္ကာေၾကာက္ေၾကာက္႐ြံ႕႐ြံ႕ေျပာေနေပေသာQuကိုေနသန္မ်က္ေတာင္မခတ္ပဲစိုက္ၾကည့္ေနမိ၏။ထို႔ေနာက္႐ုတ္တရက္ဆန္စြာတစ္ဖက္သို႔လွည့္ပစ္လိုက္ၿပီး ပါးစပ္ကိုလက္သီးစုပ္ႏွင့္အုပ္လိုက္ကာသူ၏ၿပဳံးစစျဖစ္ေနေသာမ်က္ႏွာႀကီးအားဖုံးထားေနရသည္။အေၾကာင္းမွာ . .

"အား..ဘာလို႔အဲ့ေလာက္ခ်စ္စရာေကာင္းရတာလဲ ဘာလို႔လဲ ဘာလို႔လဲ ဝႈိင္း ဝႈိင္း.."

လက္သီးစုပ္အတြင္းသို႔မပီမသစကားေတြေရ႐ြတ္ကာထည့္သြင္းေနၿပီးစိတ္ခံစားခ်က္ေတြကိုဖြင့္ထုတ္ေနေပေသာေနသန႔္ကို Quေမာ့ၾကည့္ေမာ့ၾကည့္လုပ္ပါ၏။ေတာ္ၾကာတစ္ခုခုထျဖစ္ရင္သူဘယ္ေျပးရမည္လဲမသိ။သူ႔ဘဝလို႔ေျပာႏိုင္သည့္သူ႔ရွင္သန္လာခဲ့တစ္ေလွ်ာက္တြင္သူေရွာင္ေျပးခဲ့သည္ဆိုလို႔ လူသားေတြပဲရွိသည္။

သဘာဝႏွင့္ခ်ိတ္ဆက္ေနၿပီး မိုး၊ေလ၊ေရ၊ေျမ၊ပထဝီေျမသားေတြကQu၏ေသြးေၾကာေတြျဖစ္ၿပီးေလာကႀကီးကသူ၏အေတြးကမာၻႀကီးပင္ျဖစ္သည္။လူသားေတြေလာကႀကီးအေၾကာင္းညည္းတြားသမွ်သည္Qu၏နားထဲတြင္တန္းစီကာေရာက္သည္။ညည္းတြားျခင္း၊ဆဲဆိုျခင္း၊မေကာင္းေျပာျခင္း၊မုန္းတီး႐ြံရွာျခင္းေတြမွအစ 'ဝါး ေလာကႀကီးကသာယာလိုက္တာ' ဟူေသာ ရွားပါးလွသည့္စကားမ်ားအဆုံးသူ၏နားထဲတြင္ေနရာေဒသမေ႐ြး လတၱီတြဒ္၊ေလာင္ဂ်ီတြဒ္မည္မွ်ေဝးကြာေနပေစသူၾကားေနရသည္။

တား၍မရ၊ပိတ္ပင္၍မရ၊နားမေထာင္ခ်င္၍မရ။

ဒါေၾကာင့္Quသည္လူသားေတြကိုေတာ့ေၾကာက္သည္။သူတို႔၏ေလာဘေတြ၊အတၱေတြကိုမ်က္ဝါးထင္ထင္ျမင္ဖူးၿပီးအရွင္းလင္းဆုံးၾကားေယာင္ဖူးတာေၾကာင့္ သူသည္ လူသားတို႔ညည္းတြားသည့္ေလာကႀကီးႏွင့္ေဝးေဝးေနျဖစ္သည္။ဘယ္ေသာအခါမွဘာမွမျဖစ္ဖူးေသာQuသည္သဘာဝႏွင့္ဆန႔္က်င္ေသာအရာမ်ားကိုလုပ္ေလမွ ဒဏ္ရာအႀကီးအက်ယ္ရေလသည္။

ထိုသည္ကလဲေနသန္ႏွင့္စေတြ႕တဲ့ေန႔။
Quသူေတြးမိေနခဲ့ေသာအခ်က္ေလးမ်ား ျဖစ္ေနမလားလို႔အၿမဲစိုးရိမ္ခဲ့သည္။သူကိုယ့္ကိုယ္ကိုေနသန႔္အားႏွစ္ႏွစ္ကာကာျမတ္ႏိုးစြာခ်စ္မိေနၿပီမွန္းသိသည့္အခ်ိန္တြင္ ထိုအခ်က္မွာမွန္ကန္ေနေၾကာင္းသူဝမ္းနည္းစြာျဖင့္သိခဲ့ရသည္။

လူသားေတြဒီတစ္ခ်က္ေတာ့မွန္သည္။
အခ်စ္ကလူေတြသာမကတျခားသတၱဝါမ်ားကိုပင္ဒီေရအလားတိုက္စားေလာင္ကြၽမ္းေစသည္။ထိုတျခားသတၱဝါထဲတြင္Quလဲပါသည္ျဖစ္လိမ့္မည္။သိပ္ဆန္းၾကယ္သပါ့ ေလာကႀကီးရယ္။

Qu၏ေတြေဝသြားေသာမ်က္ႏွာေၾကာင့္ေနသန္တခစ္ခစ္ခိုးကာသေဘာက်ေနရာမွရပ္လိုက္၏။ထို႔ေနာက္အေရွ႕သို႔ အသာအယာတစ္လွမ္းခ်င္းဆီတိုးသြားကာQu၏မ်က္ႏွာအားေမာ့ေစလိုက္သည္။သူ၏လက္ထဲတြင္Quပါးေလးေတြကေႏြးကာရဲတြတ္လို႔ေနသည္။ႏႈတ္ခမ္းတင္းရိရိေလးကားနီစြတ္လို႔ေနၿပီးကိုက္ဖိထားသျဖင့္သြားရည္တခ်ိဳ႕ပင္စိုစြတ္လို႔ေန၏။

ေနသန္Qu၏မ်က္လုံးေတြကိုၾကည့္လိုက္သည္။Quကဘာလုပ္တာလဲလို႔ေမးခ်င္ေနေပမယ့္ပါးစပ္ကိုေနသန္ဆြဲကာညႇစ္ထားေသာေၾကာင့္ေမး၍မရ။ေနသန္ သူ၏ႏႈတ္ခမ္းေတြကိုတြန႔္ခ်ိဳးပစ္လိုက္သည္။ထိုအခါတြင္တစ္ဆင့္တစ္ဆင့္ေျပာင္းလဲလာေသာQu၏မ်က္ႏွာအမူအရာေတြအားလုံးကိုေနသန္အေသးစိတ္စိုက္ကာၿပဳံးၾကည့္ေန၏။

ထို႔ေနာက္ေနသန္Quကိုယ္ေလးအားဆတ္ခနဲဆြဲယူကာအားႏွင့္ခ်ဳပ္ကာဖ်စ္ညႇစ္ပစ္လိုက္သည္။သူ၏ရင္ခြင္အတြင္းသို႔ယက္ကန္ယက္ကန္ႏွင့္ပါလာေလေသာQuကိုေနသန္လွ်ာသပ္ရင္းၾကည့္လိုက္ကာစေတြ႕ကတည္းကတမ္းတေနေနေသာသူ၏ခ်ိဳၿမိန္သည့္အရသာကိုထိုႏႈတ္ခမ္းမ်ားေပၚတြင္အျပည့္အဝခ်ကာျဖည့္ဆည္းလိုက္ေလေတာ့သည္။

Comments

Post a Comment