A Sweven Elegy from Nature - Chapter 11
 Unicode
အခန်း (၁၁)
•Mini Mature Scenes mates•
နေသန်သူ၏လျှာအားလှုပ်စိလှုပ်စိဖြင့်ပွင့်ဟကာနေသောQu၏ပါးစပ်ပေါက်ထဲသို့ထိုးကာထည့်လိုက်သည်။မေးစေ့ကိုလက်နှင့်အတင်းဆုပ်ကိုင်ထားကာခေါင်းကိုမော့စေထားသောနေသန့်ကြောင့်Quခမျာဇက်ကြီးကိုလိမ်ကာထားရသည်။စလာကတည်းကQu၏ပါးစပ်အားအားပါးတရစုပ်ယူသုံးစွဲလာတာကြောင့်Quလန့်သွားသလိုကြောက်လဲကြောက်သွားသည်။
နေသန်ကQu၏ခန္ဓာကိုယ်ကိုအတင်းပွေ့ဖက်ထားရာမှတစ်ချက်မြှောက်ကာမတင်လိုက်ပြီးသူ၏ကိုယ်ပေါ်သို့ခွကာတက်စေသည်။Quကလဲသူ့အားမလိုက်သဖြင့်အယောင်ယောင်အမှားမှားဖြင့်နေသန့်ခါးအား​ခြေထောက်နှစ်ဖက်ဖြင့်ဖက်ကာခွထားမိလိုက်သည်။
နေသန်ကသူလိုချင်သည့်အတိုင်းQuခြေထောက်များကြမ်းပြင်မှလွတ်သွားသည်နှင့်တစ်ပြိုင်နက်မီးဖိုချောင်၏ဘေစင်ဘေးပေါ်သို့သွားကာQuအားညှင်သာစွာချလိုက်သည်။ပြီးနောက်သူ၏အနမ်းအရှိန်ကို နှစ်ဆမြှင့်တင်လိုက်လေသည်။ခေါင်းအား ညာဘက်ယိမ်း၊ဘယ်ဘက်ယိမ်းဖြင့်သူ့အလိုကျအတိုင်းသာပြုလုပ်စေပြီးQu၏ခံတွင်းတစ်ခုလုံးကိုပိုင်စိုး၍ယူကာထား၏။
Quကြောက်သည်။ဘာတွေလုပ်နေမှန်း မသိသည့်နေသန့်ရဲ့အကြမ်းပတမ်းပုံစံအားQuမတတ်သာလို့သာအလိုက်သင့်နေရသည်။တကယ်တမ်းသူကြောက်လွန်း၍တုန်တောင်နေပြီ။နေသန့်လည်ပင်းအားသိုင်းဖက်ထားသလိုဖြစ်နေသောသူ၏လက်တွေကိုကြောက်ကြောက်နှင့်ဖယ်ရှားမည်လုပ်တော့နေသန်ကလက်တစ်ဖက်ဖြင့်ပြန်ကာသူ့အားဖက်ထား​စေသည်။
Quငိုသာငိုချလိုက်ချင်သည်။သူဘယ်လိုကြီးဖြစ်နေမှန်းမသိတော့။ခံတွင်းတစ်ခုလုံးကိုနယ်ချဲ့ကာနေသောနေသန့်အားတွန်းကန်ပစ်လိုက်ချင်ပါသော်လည်းအချည်းနှီးသာဖြစ်မည်မှန်းသိထား၏။ရှက်သလိုလိုခံစားနေရပြီးရုပ်ပျက်ဆင်းပျက်ဖြစ်နေမှာမှန်းသိတာကြောင့်နေသန့်ကိုတောင်မကြည့်တော့ပဲမျက်လုံးများကိုဇွတ်ပိတ်ကာထားလိုက်သည်။
နေသန်သူလိုချင်တာမှန်သမျှကိုမလွတ်တမ်းအရယူနေလေ၏။ချိုမြိန်ဖွယ်ကောင်းသောသူ့ချစ်ရသူလေး၏ခံတွင်းထဲတွင် သွားရည်တလိလိတွေကအစအရသာရှိလှသည်။သွားစီစီလေးတွေကိုလဲနေသန်လျှာနှင့်အားရပါးရယက်လိုက်ပြီးတစ်ခါနှုတ်ခမ်းလေးအားအသံထွက်သည်အထိစုပ်ယူပစ်လိုက်ပြန်၏။
နေသန်အခုနိဗ္ဗာန်တက်လို့ရပြီ။ရှိသမျှနတ်ဘုရားအပေါင်းတို့အကျွန်တော်မျိုးနေသန်ယခုနတ်ပြည်တက်ဆိုလဲတက်လို့ရပြီ။ဒီအရသာဒီအထိအတွေ့၊ဒီခံစားမှု အာာား . . အကုန်လုံး အကုန်လုံး ဒီကောင်လေး၏အရာအားလုံးဟာနေသန့်အတွက်ယစ်မူးဖွယ်ကောင်းလွန်းနေသည်။
နေသန်Qu၏မေ့စေ့နားကစီးကျနေသော သွားရည်တွေကိုမျက်စိစွေကာကြည့်လိုက်ရင်းအနမ်းတွေကိုခေတ္တရပ်ပစ်လိုက်ကာထိုသွားရည်ကြည်ကြည်များအားလျှာနှင့်လိုက်ယက်ကာပေးလိုက်၏။ထိုအခါမှQuခမျာအသက်ရှုခွင့်ရပြီးအသက်ကိုအမောတကောရှူကာနေရရှာ၏။
နေသန်ကသွားရည်တွေအားပြောင်စင်အောင်ထိယက်လေပြီးမှQuအားမော့ကြည့်လာသည်။Quကလဲနေသန့်ကိုအကြည့်မျက်လုံးချင်းဆုံသွားတစ်ခဏနေသန်ကမထိတရော့အပြုံးဖြင့်ပြုံးပြသည်။Quရှက်ပါသည်။ဘာမပြောညာမပြောနှင့် ကောက်ကာပါးစပ်ကိုစုပ်လိုက်၊မျိုလိုက်လုပ်နေပြီးသားရဲတစ်ကောင်လိုQuအားစားသုံးနေသည်မှာရှက်စရာဟုတ်၊မဟုတ်မသိသော်လည်းQuရှက်လှသည်။
နေသန်ကQuရှက်ပြီးခေါင်းကိုဘေးဘက်သို့စောင်းကာသွားသောကြောင့်ခပ်ဟဟတစ်ချက်ရယ်လိုက်သည်။Quက သူ၏ပါးစပ်ရှိသွားရည်များကိုလက်ဖမိုးနှင့်သုတ်သည်။နေသန်ကခုထိသူလုပ်နေသမျှကိုလိုက်ကြည့်နေဆဲ။Quကရှက်တော့မနေတော့ပါသော်လည်းသူ့အားတောက်လျှောက်စိုက်ကြည့်ကာနေသောနေသန့်ကြောင့်နည်းနည်းတော့အနေရခက်လာ၏။
"အရမ်းကြီး ကြည့်မနေ.."
ကျွတ်!!ကျွတ်!ကျွတ်!
တစ်ယောက်ယောက်မုန့်စားနေသောအသံဖြစ်သည်။Quနားမလည်သလိုကြည့်လိုက်သည်။နေသန်ကလည်းQuအကြည့်အားနားလည်သလိုQuအားပြန်ကာကြည့်သည်။ပြီးမှနှစ်ယောက်သားမျက်လုံးတွေပြူးကျယ်သွားကာဘေးနားတွင်ထိုင်ကာအေးအေးဆေးဆေးမုန့်စားနေသောလီယွန့်အားလှည့်ကြည့်လိုက်၏။
လီယွန်ကသူတို့နောက်လိုက်လာသည် ဖြစ်ပြီးဘေစင်ဘေးတွင်ရှိနေခြင်းဖြစ်သည်။လက်ထဲကမုန့်ဗူးတောင်တဝက်ကျိုးနေပြီဖြစ်ပြီးလီယွန့်၏ပြုံးစိစိလူယုတ်မာအပြုံးကြီးကQuပင်မကခုနကတရစပ်အကြမ်းပတမ်းဖြင့်လုပ်ချင်တာလုပ်နေသောနေသန်တောင်ကြက်သီးထစေသွား၏။
လီယွန်ကသူ့ကိုသတိရကာသွားပြီဖြစ်သောရှေ့ကနှစ်ယောက်ကိုကျေးဇူးတင်အသိမှတ်ပြုသလိုခပ်ရွဲ့ရွဲ့ခေါင်းငုံ့ကာဦးညွှတ်ပြသည်။
"ကျေးဇူးပါ သတိရပေးသေးလို့မဟုတ်ရင် ငါကအိပ်ယာထဲထိလိုက်ရတော့မယ်ထင်နေတာ"
"မင်း မင်း တစ်ချိန်လုံးလိုက်ကြည့်နေတာလား"
Quကတုန်တုန်ယင်ယင်နှင့်မေးသည်။နေသန်ကQuအားကြည့်လာပြီးလီယွန့်အားပြန်ကြည့်သည်။ထို့နောက်သူလဲမေးလာ၏။
"ငါQuကိုလုပ်ချင်တိုင်းလုပ်နေတာကို
မင်းကမုန့်စားပြီးထိုင်ကြည့်နေတာလား"
"နိတ်..."
နေသန့်၏စကားကြောင့်Quကရှက်သွားပြီး နေသန်၏ပုခုံးအားတစ်ချက်ခပ်နာနာရိုက်ရင်းသူ၏နာမည်အားချွဲ့နွဲ့ကာအသံရှည်ဆွဲခေါ်လိုက်သည်။နေသန်ကဘေစင်ပေါ်တင်ထားတဲ့သူ့လက်တွေကိုလေပေါ်သို့မြှောက်လိုက်ရင်းQuအားဖြေရှင်းချက်ပေးသည်။
"ငါက ဖြစ်ခဲ့တဲ့အတိုင်းပြောတာပါ ဆောရီး ဆောရီး မဟုတ်လို့လား"
"မဟုတ်ဘူးလေ အင်း ဟုတ်ရင်ဟုတ်
အာ ဟုတ်ရင်တောင် အဲ့လိုကြီးတိုက်ရိုက်မပြောနဲ့လေ"
"ဒါဆို ဟုတ်တာတော့ဝန်ခံတယ်ပေါ့"
"...."
"...."
"မသိဘူး.."
Quကနေသန့်အားစကားဗိုလ်လုနေရာမှ နေသန်၏မျက်ခုံးပင့်အမေးကိုခပ်ဖျော့ဖျော့ဖြေလိုက်သည်။နေသန်ကဒီတစ်ခါတော့ခပ်ကျယ်ကျယ်ရယ်လိုက်သည်။ထို့နောက်Qu၏ပါးပြင်ဖွေးဖွေးလေးထက်သို့သူ့၏နှာခေါင်းတွေကိုဖိမြှုပ်ပစ်လိုက်သည်။နောက်တွင်တစ်ချက်ခပ်ဖွဖွနှုတ်ခမ်းအားထိရုံသာနမ်းလိုက်ကာပြုံးရင်းစကားဆိုသည်။
"အချစ်က ရှက်တတ်သားပဲ"
"...အင်း.."
နေသန်၏အပြောကို Quကဝန်ခံသလိုလို မဟုတ်သလိုလိုနှင့်ချုပ်လိုက်သည်။လီယွန်မုန့်ဗူးအားဆွဲကာကုတ်ချင်တော့သည်။သူ့ကိုမေ့သွားပြန်ပြီ။
ငါ*ိုးမသားတွေ။
ဒီဖေ*ိုးမ သားတွေ။
ငါ့ကိုမမြင်နိုင်လောက်တဲ့
အထိဖြစ်ပျက်နေကြတာ။ငါ *ိုး...မ..။
"လီယွန်"
"...(ဆဲဆိုနေ)"
"လီယွန့်..!!"
ဒုတိယအခါမှခေါင်းမော့ကာလာလေသာ 
လီယွန့်အားQuမျက်မှောင်ကုတ်ကာမေးလိုက်သည်။
"ဘာတွေတွေးနေလို့ ငါခေါ်တာမကြားရတာလဲ ပြီးတော့ ဟေး အဲ့မုန့်ခြောက်ဗူးကငါကိုယ်တိုင်လုပ်ထားတာနော် အေး ထိလို့ကတော့မင်းနဲ့ငါနဲ့ထဲကတစ်ယောက်ယောက်တော့မြို့ထဲသွားရလိမ့်မယ် အိုး! ပြောတာပဲ ကြည့် အခုပဲတစ်ဝက်ကျိုးသွားပြီ.."
Quခပ်ရှည်ရှည်စကားနှင့်လီယွန့်အားငေါက်လိုက်သည်။လီယွန်ကဟွန့်ဟုတစ်ချက်ပြုကာသွားပြီးမုန့်ခြောက်ဗူးအားဘေးသို့ဖယ်သွားကာအောက်သို့ခုန်ဆင်းလိုက်သည်။ပြီးမှနေသန့်အားတစ်ချက်နောက်လှည့်ကာစူးစူးစိုက်စိုက်ဖြင့်သုံးစက္ကန့်လောက်အကြည့်ပေးသွားသည်။ပြီးမှ ဘာမှမဖြစ်သလိုနှင့်တံခါးကိုကိုယ်တိုင်တွန်းဖွင့်ပြီးအိမ်လေးထဲမှအေးဆေးစွာထွက်သွားလေတော့သည်။
လီယွန်ထွက်သွားပြီးနောက်နေသန်ကQuအားစကားဆိုလာသည်။
"အဲ့ကောင် ငါ့ကိုwarningပေးသွားတာ"
"ဘယ်လို"
Quနေသန့်စကားကိုနားမလည်၍မေးလိုက်သည်။နေသန်ကအပြင်ဘက်ရှိလီယွန်အားထွက်သွားသည်ကိုလှန်းကြည့်နေရာမှသူ့ဆီပြန်ကာလှည့်လိုက်ပြီးပြုံးရင်းဆိုသည်။
"မင်းကိုငါ့ဆီအပ်သွားပြီ Qu မင်းကြောင်က မင်းကိုငါ့ဆီရောင်းစားလိုက်ပြီ"
"ဘာာ!!"
"မင်းက ကိုယ့်အပိုင်ဖြစ်သွားပြီ"
"ဟမ်???"
"နောက်နေ့ကျမှ မင်းမိဘတွေဆီခွင့်တောင်းကြတာပေါ့ အခုတော့ လာ .. လိုက်ခဲ့အုန်း"
နေသန်ကQuအားဘေစင်ပေါ်မှမကာချပေးလိုက်ပြီးသူ၏လက်ကိုကမ်းပေးလိုက်သည်။Quကြောင်တောင်တောင်လေးနှင့်ပင်သူ၏လက်အားပြန်ကာကမ်းပေးလိုက်ပြီးနေသန့်နောက်ပါသွားသည်။နေသန်ကအိမ်လေးအတွင်းသို့ဝင်သွားသည်။
Qu၏အိမ်လေးသည်ကျဉ်းလှသည်။ရှေ့တွင်Quနားနေကျဆိုဖာကြီးနှင့်လီယွန့်အတွက်နေရာ၊ဘေးတွင်မီးဖိုခန်း၊အဆုံးသို့ဝင်သွားပါလျှင်သူ၏စာကြည့်ခန်းအပေါ်ထပ်ထပ်ခိုးလေးတွင်မူသူ၏အိပ်ခန်း။ယခုမူ နေသန်ကသူ၏စာကြည့်ခန်းကိုကျော်လွန်ကာအတွင်းထဲသို့ဝင်သွားနေသည်။
ဪ..မေ့နေတာ..။
Quရှောင်သည်ကလူတွေချည်းပဲမဟုတ်။
နောက်တစ်ခုရှိသေးသည်။လူတွေလိုပင် သူ့အားအန္တရာယ်သင့်စေတဲ့အရာတစ်ခု..ထိုဟာကတော့ . . 
"မြေအောက်ခန်း"
အိမ်လေး၏မြေအောက်ခန်း။နေသန်က တံခါးပေါက်မှာရပ်သည်။ထို့နောက်စိတ်လှုပ်ရှားစွာဖြင့်Quအားလှည့်ကြည့်လာသည်။Qu၏အမူအရာကိုမြင်တော့ဒီထဲကိုတစ်ခါမှမဝင်ဖူးမှန်းသိလိုက်ရပြီးဝင်ဖို့မကြိုးစားမှန်းလဲသိလိုက်ရသည်။နေသန်အိမ်ထဲဝင်လာကတည်းကတစ်အိမ်လုံးပတ်ကြည့်ထားတာဖြစ်သည်။ဒီနားရောက်တော့ဝင်ကြည့်ချင်သော်လည်းQuရဲ့privacyအားလေးစားသမှုနှင့်ဝင်မကြည့်ခဲ့ရန်ဆုံးဖြတ်ခဲ့တာဖြစ်သည်။
နေသန်ကားမြေအောက်ခန်းတွေကိုအလွန်အမင်ခုံမင်နှစ်သက်သူတစ်ဦးဖြစ်သည်။သူတို့မြို့လေးမှာမြေအောက်ခန်းရှိတဲ့သူသိပ်မရှိသဖြင့်သွားကာစပ်စု၍လဲမရ။စာအုပ်တွေထဲမှာပဲတွေ့ရတတ်သည်။
ထို့ကြောင့်ဒီမြေအောက်ခန်းကိုတွေ့သည့်အချိန်နေသန်အလွန်အမင်စိတ်လှုပ်ရှားခဲ့သည်။Quခွင့်ပြုချက်ကိုစောင့်အုန်းမည်ဟုတွေး၍သာဝင်မကြည့်ခဲ့တာဖြစ်သည်။ယခုQuလဲရှိပြီဆိုတော့တူတူဝင်ကြည့်ရန်ခေါ်လာခြင်းဖြစ်သည်။
သို့ပင်တည်းQu၏အမူအရာကနေသန့်အားတုံ့ဆိုင်းစေသည်။ထိုမှသာမကသူ၏နှလုံးသားအားလောင်စာဖြည့်လိုက်သလိုတောက်လောင်စေသည်။
"Qu.."
"..."
"အချစ်.."
"ဟင် ဟင် ဟမ် ပြောပြော"
နေသန်က Quအားပြုံးကာ နှစ်သိမ့်သည်။
"မင်းမဝင်ချင်ရင်နေပါစေ"
"မင်းက ဝင်ချင်လို့လား"
"အင်း ငါကလား ငါက အင်းပြောရရင် မြေအောက်ခန်းတွေကိုအစွဲအလမ်းရှိတယ် ဒါပေမဲ့ မင်းနိုးဆို ငါလဲနိုးပဲ"
"ဒါဆို..."
Quကတွေဝေသွားသလိုမတ်မတ်လေးဖြစ်သွားသည်။နေသန်ကမကြည့်ရလဲဖြစ်သည်မို့Quအားအာရုံပြောင်းရန် လက်ကိုဆွဲကာအပြင်ကိုဆွဲခေါ်မည်လုပ်သည်။
"ရတယ် အချစ် သွားမယ် ကိုယ်တို့.."
"ဆင်းကြည့်ကြမယ်"
"ဟမ်"
"မြေအောက်ခန်းထဲကို ငါတို့ဆင်းကြည့်ကြမယ်လို့"
Quကနေသန့်အားဆုံးဖြတ်ချက်ခိုင်မာ၍ပြတ်သားသောမျက်လုံးများဖြင့်မော့ကြည့်ကာဆိုသည်။နေသန်Quအားငေးမောဖြစ်သည်။ဒီကောင်လေး။ဒီကောင်လေးကသူ့ကိုအမြဲတမ်းဤသို့လှည့်စားတတ်သည်ပဲ။တွေဝေစေသည်။မောဟိုက်စေသည်။နောက် ရင်ခုန်စေသည်..။
ဧကန္တ စုန်း၊ကဝေတစ်ယောက်ပေလား။
သင်လေးကအကျွန်ုပ်ပ်အားစုန်းအတတ်နှင့်ညို့ယူနေသလားထင်ရသည်။မည်သို့ပင်ဖြစ်စေအကျွန်တော်ကျရှုံးမိသည်ကတော့ငြင်းမရ။ဒီကောင်လေးအပေါ်ကျရှုံးခြင်းကသူ့အတွက်အဖိုးတန်ဆုံးရတနာတစ်ခုကိုလက်ခံရရှိလိုက်သယောင်ထင်ရ၏။
ကျရှုံးစေ။ကျရှုံးစေတော့။
ငါဆိုတဲ့လူသားမင်းဆီမှာဆိုရင်မလွတ်တမ်းအကြိမ်ကြိမ်အခါခါကျရှုံးစေလေတော့ချစ်သောသူရေ။
နေသန်Quအားနှစ်လိုဖွယ်အကောင်းဆုံးအပြုံးနှင့်ပြုံးကာပြလိုက်သည်။
"အင်း ဒါဆိုတူတူသွားကြမယ်"
Zawgyi
အခန်း (၁၁)
"အရမ်းကြီး ကြည့်မနေ.."
ကျွတ်!!ကျွတ်!ကျွတ်!
"နိတ်..."
"...."
"...."
"မသိဘူး.."
"အချစ်က ရှက်တတ်သားပဲ"
"...အင်း.."
ငါ*ိုးမသားတွေ။
ဒီဖေ*ိုးမ သားတွေ။
အထိဖြစ်ပျက်နေကြတာ။ငါ *ိုး...မ..။
"လီယွန်"
"...(ဆဲဆိုနေ)"
"လီယွန့်..!!"
"ဘယ်လို"
"ဘာာ!!"
"ဟမ်???"
ဪ..မေ့နေတာ..။
"မြေအောက်ခန်း"
"Qu.."
"..."
"အချစ်.."
"ဟင် ဟင် ဟမ် ပြောပြော"
"မင်းက ဝင်ချင်လို့လား"
"ဒါဆို..."
"ဆင်းကြည့်ကြမယ်"
"ဟမ်"
ကျရှုံးစေ။ကျရှုံးစေတော့။
Comments
Post a Comment