A Sweven Elegy from Nature - Chapter 12

 Unicode


အခန်း (၁၂)


မြေအောက်ခန်းထဲရောက်နေပြီဆိုတဲ့အသိတရားကြီးကQuအားပုံမာန်ထက်ပိုပြီးထိတ်လန့်စေသည်။သူ့မိဘတွေဆုံးရှုံးပြီးလိုက်ကတည်းကဤနေရာသို့လုံးဝခြေမချဖြစ်တော့တာဖြစ်သောကြောင့်ယခုအချိန်တွင်မြေအောက်ခန်း၏နေရာတိုင်းတွင်

ဖုန်တွေအလိပ်လိုက်တက်လို့နေပေ၏။


Quဘေးဘီဝဲရာကိုကြည့်ရင်းမသိစိတ်၏စေစားရာကြောင့်ကြောက်လန့်ကာနေမိသည်။


သို့သော်သူ၏လက်ကလေးအားခပ်ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်၍အပြုံးနှင့်လှည့်ကြည့်ပေးလာပါသောနေသန့်အားမြင်လိုက်ချိန်တွင်Quတကယ်ပင်အင်အားတွေပြည့်လာမိသည်။


နေသန်ကQuပြန်ပြုံးသည်သည်ကိုမြင်မှ စိတ်ချဟန်နှင့်ဘေးဘီဝဲရာကိုစတင်လေ့လာတော့သည်။ပထမဦးဆုံးသတိထားမိသည်ကမြေအောက်ခန်းသို့ဆင်းခဲ့ရသော လှေကားတွေမှာသစ်သားတွေမဟုတ်ပါဘဲ သဘာဝအလျောက်ရှိနေသောအုတ်ခုံအဆင့်ဆင့်တွေဖြစ်သည်။


မြေကြီးတွေနှင့်ဆက်စပ်လို့နေပြီးတချို့ဆိုပန်းပင်အချို့ပင်ပေါက်ရောက်နေသေး၏။ခပ်ဖြေးဖြေးနှင့်အောက်သို့ဆင်းလာတဲ့အခါတွင်နံရံပေါ်ရှိရေနံဆီမီးအိမ်အချို့ကိုတွေ့ရ၏။နေသန်အိတ်ထောင်ထဲမှမီးခြစ်အားထုတ်လိုက်ကာတစ်ခုကိုမီးညှိကာထွန်းညှိလိုက်တော့တစ်ခဏအတွင်းမှာပင်ဖြတ်ခနဲသောအရှိန်အဟုန်နှင့်အတူမြေအောက်ခန်းတစ်ခုလုံးလင်းထိန်လို့သွားသည်။Quကရှင်းပြသည်။


"ဒါကတစ်ခုထွန်းလိုက်တာနဲ့အကုန်ရတယ်လေ"


နေသန်ခေါင်းငြိမ့်ကာနားလည်ကြောင်းပြလိုက်သည်။ထို့နောက်မြေအောက်ခန်းလေးထဲသို့ဝေ့ဝိုက်ကာကြည့်လိုက်၏။မြက်ခင်းအချို့နှင့်ပန်းပင်အချို့၏မွှေးရနံ့ကသင်းပျံ့လို့နေ၏။ဖုန်တက်နေသောဆိုဖာသုံးခုနှင့်ဗီရိုတစ်ခု။ဖယောင်းတိုင်အချို့တွင်ကပ်ညှိနေသောဖုန်အချို့ကလဲမီးတောက်နှင့်အတူလောင်ကျွမ်းနေ၏။


အလယ်နံရံတွင်စားပွဲခုံတစ်ခုရှိပြီးလက်နှင့်ကိုယ်တိုင်ထုဆစ်ထားပုံရ၍လက်ရာမှာသေသပ်လှသည်။ထိုစားပွဲခုံအပေါ်တည့်တည့်ကိုကြည့်မည်ဆိုလျှင်တော့ဖုန်တက်ကာနေသောပန်းချီကားလေးတစ်ချက်ရှိလေသည်။


Quလက်တွေကနေသန့်ဆီမှလျောကျလို့သွားသည်။နေသန်ဘေးသို့လှည့်ကြည့်လိုက်သောအခါတွင်Quကနေသန်ခုနကအာရုံရောက်နေသောပိတ်ကားအနားသို့တုံဏှိဘာဝေဖြင့်လျှောက်လှမ်းလို့သွားသည်။နေသန်Quအမူအရာအားဒီတိုင်းကြည့်သာနေပေးလိုက်၏။


ပန်းချီကားချပ်နားသို့အရောက်တွင်Quကပိတ်ကားကိုတစ်ချက်မော်ကြည့်ကာသူ့လက်လေးတွေဖြင့်ဖုန်အချို့အားဖယ်ရှားလိုက်၏။ရှင်းရှင်းလင်းလင်းမပေါ်လာသော်ငြားလည်းထွက်ပေါ်လာသောလူသုံးယောက်အချင်းချင်းတင်းတင်းကြပ်ကြပ်ဖက်နေသောပုံအားနေသန်တွေ့လိုက်ရသည်။ကလေးလေးတစ်ယောက်နှင့်သူ့အားထွေးပွေ့ကာထားသောအပြုံးပိုင်ရှင်များ။


Quကပြုံးကာကြည့်နေ၏။ထို့နောက်နောက်သို့လှည့်ကာနေသန့်ကိုရှေ့သို့လာရန်လက်ပြသည်။နေသန်ကမျက်လုံးလေးပြူးကာဖြစ်သွားသော်လည်းQu၏လာပါဟူသောစကားနှင့်အပြုံးကြောင့်ပြုံးကာအနားသို့ကပ်သွားလိုက်၏။အနားသို့ရောက်သောအခါQuကနေသန့်လက်ကိုဆွဲကာဖက်တွယ်လေသည်။ထို့နောက်ပြုံးကာဖြင့် ပန်းချီကားချပ်ကြီးအားကြည့်ကာဆိုသည်။


"ဒါငါတို့မိသားစုပုံလေ ငါမွေးတုန်းကပေါ့"


".."


အတော်ကြာသည်အထိတစ်ဖက်လူဆီမှအသံကတိတ်ဆိတ်လို့နေသည်။နေသန်ကQuသူ့အားချိတ်ဆွဲထားသောလက်အားကြည့်ပြီးကြည်နူးလို့မပြီးသေးဖြစ်နေတာဖြစ်သည်။စက္ကန့်ကြာအထိဘာမှတုံ့ပြန်မလာသောနေသန့်ကြောင့်Quကဘေးသို့ငှဲ့စောင်းကာကြည့်၏။


သူချိတ်ဆွဲသောသူ၏လက်မောင်းနားကိုစိုက်ကြည့်ကာစပ်ဖြဲဖြဲလုပ်နေသောနေသန့်အားတွေ့လိုက်ရချိန်Quသွေးတက်မိတော့မည်ထင်၏။ထို့ကြောင့်အမှတ်ရှိအောင်တစ်ချက်နေသန့်လက်မောင်းရင်းနားအားခပ်နာနာလိမ်ဆွဲပေးလိုက်၏။


"အား အား..အား..."


"မှတ်ပလား ငါမိတ်ဆက်ပေးနေတယ်လေ

ဒါငါဘယ်သူကိုမှမိတ်မဆက်ပေးဖူးဘူး လီယွန်တောင်သိရဲ့လားမသိဘူး အဲ့တာကို

ဘာဖြစ်လို့.."


"အား..အား.."


"ဘာဖြစ်လို့.."


"အား အား...နာတယ် နာတယ်အချစ်ရဲ့"


"..အာရုံမစိုက်ဘဲ နေရတာလဲ.."


Quလွှတ်လိုက်ချိန်တွင်နေသန်ကတအားအားနှင့်ညည်းညူကာဝံပုလွေပေါက်မျက်လုံးလေးများနှင့်Quအားကြည့်သည်။ထို့နောက်ပါးစပ်က 'နာတယ်' ဟုခနဲ့ကာဆိုရင်းQuပြသောပန်းချီကားချပ်ကိုကြည့်လိုက်သည်။


"မင်း မိဘတွေကမင်းနဲ့လဲ မတူဘူးရော်"


နေသန်ကသူသတိထားမိတာကိုပွင့်ပွင့်လင်းလင်းပြောလိုက်မိတာဖြစ်သော်ငြားQu၏မျက်နှာထက်ကအပြုံးများကချက်ချင်းပျောက်ကွယ်လို့သွားရ၏။နေသန်ကတစ်ခါချင့်ချိန်စဉ်းစားဟန်ဖြင့်ပန်းချီကားပေါ်ရှိပြုံးနေသောအမျိုးသားနှင့်အမျိုးသမီးကိုကြည့်ကာဆိုပြန်သည်။


"ပန်းချီမသေသပ်လို့ထင်တယ် ဒါပေမဲ့

ငါ့အမြင်တော့သေသပ်ပါတယ် ဘာလို့မင်းနဲ့မတူရ..ရ..ဟေ့ ဟေ့ ဘာလို့ငိုရတာလဲ အချစ်ရဲ့"


Quအမှန်တကယ်ငိုနေခြင်းမဟုတ်ဒီတိုင်းသူလက်မခံနိုင်တဲ့အမှန်တရားကိုနေသန်မှနေတဆင့်ကြားလိုက်ရသောကြောင့်ဝမ်းနည်းသွားခြင်းဖြစ်သည်။သို့သော်မတတ်နိုင်ပါဘိ။ဝမ်းနည်းသည့်အလျောက်ကျဆင်းလာသောထိုမျက်ရည်ပေါက်တို့အားQuလဲမတားဆီးနိုင်ပါ။


နေသန်ကQuအားသက်ပြင်းချချ၍မျက်ရည်များကိုသူ့လက်ဖနောင့်များနဲ့သုတ်ပေးနေသည်။သို့သော်ဘာမှတော့မပြော။Quနေသန့်အားတကယ်တကယ့်ကိုနှစ်ခြိုက်မြတ်နိုးမိပါ၏။ဤလူသားနှင့်အတူရှိနေခြင်းဟာသူ့အားခွန်အားများသာမကဝမ်းသာခြင်း၊ဝမ်းနည်းခြင်းအဖျာဖျာကိုလဲအကြိမ်အလိုက်ပေးစွမ်းနိုင်၏။


Quနေသန့်အားစိုက်ကြည့်နေမိသည်။

နေသန်ကQuစိုက်ကြည့်နေသည်ကိုဘာမှမပြောဘဲလျစ်လျူရှုကာထား၏။ထိုအခါQuကရယ်လိုက်ကာဆိုသည်။


"မင်းဟန်ဆောင်တာကလဲမကောင်းလိုက်တာ"


ထိုအခါနေသန်ကဟွန့်ခနဲနေကာဆိုပါ၏။


"အချစ်ကစိုက်ကြည့်နေတာကို ဘယ်သူကခံနိုင်မှာလဲလို့"


"ဟားဟား ဟုတ်ပါပြီ ဟုတ်ပါပြီ ငါမှားတာပါ မတတ်နိုင်ဘူး မင်းက အင်း..ကြည့်ကောင်းလွန်းနေတယ်လေ"


"အဲ့တာဆိုကိုယ်ကပြင်းပြင်းထန်ထန်ငြင်းရလိမ့်မယ် အချစ်လောက်ချောတာ အချစ်လောက်ရသဆန်တာ အလှတရားတွေတစ်စုတစ်ဝေးထဲဖော်ပြထားတဲ့မျက်နှာကို ကိုယ်ဒီတသက်မမြင်ဖူးသေးဘူး အချစ်ကိုကြည့်ရင်ကိုယ်ယစ်မူးလွန်းလို့လေ ပါးစပ်ထဲမြုံထားပြီးဥထားချင်စိတ်တောင်ဖြစ်မိတယ်ထင်ပါ့"


"..."


Quစကားတွေမဲ့သွားရ၏။နေသန့်မျက်ဝန်းထဲမှရမ္မက်ခိုးတွေကိုတွေ့နေရသောကြောင့်လည်းကောင်း၊အခုလေးတင်ကမှဖြစ်ခဲ့တဲ့အဖြစ်အပျက်ကြောင့်လည်းကောင်းQuသိသည်မှာဒီကိစ္စနှင့်ပက်သက်ပြီးနေသန့်အားမစသင့်ကြောင်းပင်။


"အမ်း ဟို ကြည့်ပြီးပြီဆိုတော့ အပေါ်ပြန်တက်တော့မလား"


နေသန်ကသူတို့အနောက်တည့်တည့်မှ အလုံပိတ်ထားသောတံခါးကိုမျက်စောင်းထိုးကြည့်လိုက်ပါသော်လည်းQuမကြည့်စေချင်လျှင်မြေအောက်ခန်းစွဲလမ်းမှုကသူ့အတွက်အသေးမွှားကိစ္စသာဖြစ်တာကြောင့်ပြုံးကာခေါင်းငြိမ့်လိုက်သည်။


"အင်း သွားစို့"


Quလဲသိပါသည်။နေသန့်မျက်လုံးများကိုအမြဲတမ်းအရိပ်တကြည့်ကြည့်ကြည့်နေဖြစ်တဲ့Quဖို့နေသန်မည်သည်ကိုကြည့်လိုက်မှန်းခန့်မှန်းစရာပင်မလို။သို့သော်ထိုနေရာသည်သူ့မိဘတွေကတောင်သူရှိနေစဉ်ကပိတ်ပင်တားမြစ်ထားသည့်နေရာဖြစ်သည်။ထို့ကြောင့်Quလဲအထဲတွင်ဘာတွေရှိသလဲ အမှန်တကယ်မသိ။


နေသန့်၏စကားကြောင့်Quစိတ်အေးသွား၏။တကယ်လို့နေသန်ကာသာအဲ့အထဲကဘာလဲလို့မေးခဲ့ရင်Quဖွင့်ပြဖို့ဝန်လေးမည်မဟုတ်။ထို့ကြောင့်ကောင်းသည်ဟုဆိုရမည်။နှစ်ဦးစလုံးသည်ကိုယ်စီချစ်စိတ်ကိုအကြောင်းပြုကာအချိန်မတန်သေးသည့်အလုပ်ကိုလုပ်မိခြင်းမှ တားမြစ်နိုင်လိုက်သည်။


နေသန်Quလက်ကိုဆွဲကာအပေါ်သို့တက်သွားသည်။သူနောက်ဆုံးတစ်ခါထိုတံခါးလေးသို့တစ်ချက်ကြည့်လိုက်သေးသည်။ဘာကြောင့်မှန်းမသိဒီတံခါးနောက်ကွယ်ကအရာကQuနှင့်အကြီးအကျယ်ဆက်နွယ်နေသည်ကိုခံစားရသည်။သို့သော် နေသန်တစ်ကိုယ်ကောင်းဆန်မိသည်။Quနှင့်သူအချိန်တစ်ခုမျှတော့ဖြတ်သန်းချင်သေးသည်။


မည်သူမှနေသန့်ကိုမည်သည်မှမပြောသော်လည်းသူတို့နှစ်ယောက်အတူရှိနေခြင်းဟာQuအတွက်သာမကမည်သည့်အရာအတွက်မှကောင်းမည်မဟုတ်ကြောင်းနေသန်အလိုလိုသိနေမိသည်။ထိုထဲတွင်ကံမကောင်းရင်လူသားတွေပါပါနိုင်၏။


နေသန်အများကြီးသိမြင်ပါသည်။Quလဲထိုနည်း၎င်းပင်ဖြစ်သော်ငြားလည်း နေသန်Quလက်အားတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားချင်မိသည်။


သူတို့ဒီအချစ်ခွန်အားလေးနှင့်ခိုင်မာပြတ်သားစွာမြေအောက်ခန်းတံခါးကိုဆွဲကာပိတ်လိုက်သည်။အချိန်တစ်ခုအတွင်းတော့သူတို့ဒီထဲကိုဆင်းလိမ့်မည်မဟုတ်။


စက္ကန့်ပိုင်းလောက်ဒီတိုင်းလက်ချင်းဆုပ်

ကိုင်ကာရပ်နေကြသောသူတို့နှစ်ဦး။


နေသန်Quအားလှည့်ကြည့်လိုက်သည်။

Quကလဲနေသန့်အားလှည့်ကာကြည့်သည်။


"ဒါဆို ကိုယ်တို့ဘာလုပ်ကြမလဲ"


"..."


"..."


"ငါတို့ ပျော်ကြတာပေါ့"


‎                            𐮜 𐮜 𐮜


"ဘာ!!နေသန်ကမင်းကိုမြင်ခဲ့တာမဟုတ်ဘူးဟုတ်လား"


ထလင်းနော့တ်မိသားစုဖြစ်သည့်အမျိုးသမီးသုံးယောက်သည်ညသန်းခေါင်ကြီး သီယာ့အိမ်ကိုတံခါးလာခေါက်၍သီယာ့ကိုထိုနေ့ကဘာပြောသွား​သည်ကိုစိတ်လှုပ်ရှားစွာဖြင့်လာမေးကြသည်။


သီယာနည်းနည်းတော့အံ့ဩသွားပေမဲ့ခဏချင့်ချိန်စဉ်းစားကာနေသန်ပြောသည်ထဲကအနည်းငယ်ကိုသာချန်လှပ်ထားကာပြောလိုက်သည်။


သို့သော်ထလင်းနော့တ်မိသားစုသည်ထိုအကြောင်းကိုသိချင်သည်မဟုတ်။သူတို့သိချင်သည်ကထိုနေ့ကနွားနို့သောက်ပြီးမြင်ခဲ့ရတာကသီယာဟုတ်မဟုတ်ဆိုတာကိုပင်။


သီယာကစိတ်ရှုပ်စွာမေးဖြစ်သည်။အဘယ်ကြောင့်နွားနို့သောက်ပြီးသူမကိုမြင်ရမည်လဲပေါ့။ထိုအခါထလင်းနော့တ်မိသားစုကဖြေသည်။နွားနို့သည်ဖြူစင်ခြင်းကိုကိုယ်စားပြုသောအရာထဲကတစ်ခုဖြစ်သည်။ထို့ကြောင့်စိတ်ကိုရှင်းလင်းစေ၍ သူတို့ပြောနေသည့်စကားဝိုင်းအလျောက် သိချင်တာကိုရှင်းလင်းစွာသိနိုင်ပေးသည်တဲ့။


ဥပမာလက်ထက်မယ့်ကိစ္စပြောနေသည်ဆိုလျှင်ထိုနွားနို့သောက်နေသူကသူချစ်မိနေတဲ့လူအားမြင်လာမည်ဖြစ်သည်။ဒါကမှော်ဂါထာတွေဆေးစွမ်းတွေမဟုတ်ဘဲ ဒီအတိုင်းထလင်းနော့တ်မိသားစုမျိုးရိုးစဉ်ဆက်ပြုလုပ်ခဲ့သော အရာပင်ဖြစ်သည်။


​မြင်သည့်သူတိုင်းနှင့်လဲညားတာကြီးဖြစ်သည်။


ဤသည်ကသန့်စင်သောချစ်မေတ္တာအား

သန့်စင်သောအရာကိုကိုယ်စားပြုသည့်နွားနို့နှင့်ဖော်ပြကာပေးလိုက်ခြင်းဖြစ်သည်ဟုထလင်းနော့်တို့မှတ်ယူကြသည်။သံသယဝင်ဖွယ်ဖြစ်သော်လည်းမည်သည့်သံသယဝင်ဖွယ်မှမတွေ့ရ။


နွားနို့ကြိုရာတွင်မည်သည့်အရာများထည့်မိလိုက်သည်လဲလို့ထလင်းနော့တ်တို့အသေအချာလိုက်ကြည့်ဖြစ်သည်။သို့သော်မဟုတ်ပါ။ဤသည်ကနွားမမှရသောသာမာန်နွားနို့သာဖြစ်ပြီးကြိုကာကွတ်ကီးနှင့်တို့စားရသောသန့်စင်သောနွားနို့မျှသာဖြစ်လေ၏။




Zawgyi


အခန္း (၁၂)


ေျမေအာက္ခန္းထဲေရာက္ေနၿပီဆိုတဲ့အသိတရားႀကီးကQuအားပုံမာန္ထက္ပိုၿပီးထိတ္လန႔္ေစသည္။သူ႔မိဘေတြဆုံးရႈံးၿပီးလိုက္ကတည္းကဤေနရာသို႔လုံးဝေျခမခ်ျဖစ္ေတာ့တာျဖစ္ေသာေၾကာင့္ယခုအခ်ိန္တြင္ေျမေအာက္ခန္း၏ေနရာတိုင္းတြင္

ဖုန္ေတြအလိပ္လိုက္တက္လို႔ေနေပ၏။


Quေဘးဘီဝဲရာကိုၾကည့္ရင္းမသိစိတ္၏ေစစားရာေၾကာင့္ေၾကာက္လန႔္ကာေနမိသည္။


သို႔ေသာ္သူ၏လက္ကေလးအားခပ္က်စ္က်စ္ပါေအာင္ဆုပ္ကိုင္၍အၿပဳံးႏွင့္လွည့္ၾကည့္ေပးလာပါေသာေနသန႔္အားျမင္လိုက္ခ်ိန္တြင္Quတကယ္ပင္အင္အားေတြျပည့္လာမိသည္။


ေနသန္ကQuျပန္ၿပဳံးသည္သည္ကိုျမင္မွ စိတ္ခ်ဟန္ႏွင့္ေဘးဘီဝဲရာကိုစတင္ေလ့လာေတာ့သည္။ပထမဦးဆုံးသတိထားမိသည္ကေျမေအာက္ခန္းသို႔ဆင္းခဲ့ရေသာ ေလွကားေတြမွာသစ္သားေတြမဟုတ္ပါဘဲ သဘာဝအေလ်ာက္ရွိေနေသာအုတ္ခုံအဆင့္ဆင့္ေတြျဖစ္သည္။


ေျမႀကီးေတြႏွင့္ဆက္စပ္လို႔ေနၿပီးတခ်ိဳ႕ဆိုပန္းပင္အခ်ိဳ႕ပင္ေပါက္ေရာက္ေနေသး၏။ခပ္ေျဖးေျဖးႏွင့္ေအာက္သို႔ဆင္းလာတဲ့အခါတြင္နံရံေပၚရွိေရနံဆီမီးအိမ္အခ်ိဳ႕ကိုေတြ႕ရ၏။ေနသန္အိတ္ေထာင္ထဲမွမီးျခစ္အားထုတ္လိုက္ကာတစ္ခုကိုမီးညႇိကာထြန္းညႇိလိုက္ေတာ့တစ္ခဏအတြင္းမွာပင္ျဖတ္ခနဲေသာအရွိန္အဟုန္ႏွင့္အတူေျမေအာက္ခန္းတစ္ခုလုံးလင္းထိန္လို႔သြားသည္။Quကရွင္းျပသည္။


"ဒါကတစ္ခုထြန္းလိုက္တာနဲ႔အကုန္ရတယ္ေလ"


ေနသန္ေခါင္းၿငိမ့္ကာနားလည္ေၾကာင္းျပလိုက္သည္။ထို႔ေနာက္ေျမေအာက္ခန္းေလးထဲသို႔ေဝ့ဝိုက္ကာၾကည့္လိုက္၏။ျမက္ခင္းအခ်ိဳ႕ႏွင့္ပန္းပင္အခ်ိဳ႕၏ေမႊးရနံ႔ကသင္းပ်ံ႕လို႔ေန၏။ဖုန္တက္ေနေသာဆိုဖာသုံးခုႏွင့္ဗီ႐ိုတစ္ခု။ဖေယာင္းတိုင္အခ်ိဳ႕တြင္ကပ္ညႇိေနေသာဖုန္အခ်ိဳ႕ကလဲမီးေတာက္ႏွင့္အတူေလာင္ကြၽမ္းေန၏။


အလယ္နံရံတြင္စားပြဲခုံတစ္ခုရွိၿပီးလက္ႏွင့္ကိုယ္တိုင္ထုဆစ္ထားပုံရ၍လက္ရာမွာေသသပ္လွသည္။ထိုစားပြဲခုံအေပၚတည့္တည့္ကိုၾကည့္မည္ဆိုလွ်င္ေတာ့ဖုန္တက္ကာေနေသာပန္းခ်ီကားေလးတစ္ခ်က္ရွိေလသည္။


Quလက္ေတြကေနသန႔္ဆီမွေလ်ာက်လို႔သြားသည္။ေနသန္ေဘးသို႔လွည့္ၾကည့္လိုက္ေသာအခါတြင္Quကေနသန္ခုနကအာ႐ုံေရာက္ေနေသာပိတ္ကားအနားသို႔တုံဏွိဘာေဝျဖင့္ေလွ်ာက္လွမ္းလို႔သြားသည္။ေနသန္Quအမူအရာအားဒီတိုင္းၾကည့္သာေနေပးလိုက္၏။


ပန္းခ်ီကားခ်ပ္နားသို႔အေရာက္တြင္Quကပိတ္ကားကိုတစ္ခ်က္ေမာ္ၾကည့္ကာသူ႔လက္ေလးေတြျဖင့္ဖုန္အခ်ိဳ႕အားဖယ္ရွားလိုက္၏။ရွင္းရွင္းလင္းလင္းမေပၚလာေသာ္ျငားလည္းထြက္ေပၚလာေသာလူသုံးေယာက္အခ်င္းခ်င္းတင္းတင္းၾကပ္ၾကပ္ဖက္ေနေသာပုံအားေနသန္ေတြ႕လိုက္ရသည္။ကေလးေလးတစ္ေယာက္ႏွင့္သူ႔အားေထြးေပြ႕ကာထားေသာအၿပဳံးပိုင္ရွင္မ်ား။


Quကၿပဳံးကာၾကည့္ေန၏။ထို႔ေနာက္ေနာက္သို႔လွည့္ကာေနသန႔္ကိုေရွ႕သို႔လာရန္လက္ျပသည္။ေနသန္ကမ်က္လုံးေလးျပဴးကာျဖစ္သြားေသာ္လည္းQu၏လာပါဟူေသာစကားႏွင့္အၿပဳံးေၾကာင့္ၿပဳံးကာအနားသို႔ကပ္သြားလိုက္၏။အနားသို႔ေရာက္ေသာအခါQuကေနသန႔္လက္ကိုဆြဲကာဖက္တြယ္ေလသည္။ထို႔ေနာက္ၿပဳံးကာျဖင့္ ပန္းခ်ီကားခ်ပ္ႀကီးအားၾကည့္ကာဆိုသည္။


"ဒါငါတို႔မိသားစုပုံေလ ငါေမြးတုန္းကေပါ့"


".."


အေတာ္ၾကာသည္အထိတစ္ဖက္လူဆီမွအသံကတိတ္ဆိတ္လို႔ေနသည္။ေနသန္ကQuသူ႔အားခ်ိတ္ဆြဲထားေသာလက္အားၾကည့္ၿပီးၾကည္ႏူးလို႔မၿပီးေသးျဖစ္ေနတာျဖစ္သည္။စကၠန႔္ၾကာအထိဘာမွတုံ႔ျပန္မလာေသာေနသန႔္ေၾကာင့္Quကေဘးသို႔ငွဲ႔ေစာင္းကာၾကည့္၏။


သူခ်ိတ္ဆြဲေသာသူ၏လက္ေမာင္းနားကိုစိုက္ၾကည့္ကာစပ္ၿဖဲၿဖဲလုပ္ေနေသာေနသန႔္အားေတြ႕လိုက္ရခ်ိန္Quေသြးတက္မိေတာ့မည္ထင္၏။ထို႔ေၾကာင့္အမွတ္ရွိေအာင္တစ္ခ်က္ေနသန႔္လက္ေမာင္းရင္းနားအားခပ္နာနာလိမ္ဆြဲေပးလိုက္၏။


"အား အား..အား..."


"မွတ္ပလား ငါမိတ္ဆက္ေပးေနတယ္ေလ

ဒါငါဘယ္သူကိုမွမိတ္မဆက္ေပးဖူးဘူး လီယြန္ေတာင္သိရဲ႕လားမသိဘူး အဲ့တာကို

ဘာျဖစ္လို႔.."


"အား..အား.."


"ဘာျဖစ္လို႔.."


"အား အား...နာတယ္ နာတယ္အခ်စ္ရဲ႕"


"..အာ႐ုံမစိုက္ဘဲ ေနရတာလဲ.."


Quလႊတ္လိုက္ခ်ိန္တြင္ေနသန္ကတအားအားႏွင့္ညည္းညဴကာဝံပုေလြေပါက္မ်က္လုံးေလးမ်ားႏွင့္Quအားၾကည့္သည္။ထို႔ေနာက္ပါးစပ္က 'နာတယ္' ဟုခနဲ႔ကာဆိုရင္းQuျပေသာပန္းခ်ီကားခ်ပ္ကိုၾကည့္လိုက္သည္။


"မင္း မိဘေတြကမင္းနဲ႔လဲ မတူဘူးေရာ္"


ေနသန္ကသူသတိထားမိတာကိုပြင့္ပြင့္လင္းလင္းေျပာလိုက္မိတာျဖစ္ေသာ္ျငားQu၏မ်က္ႏွာထက္ကအၿပဳံးမ်ားကခ်က္ခ်င္းေပ်ာက္ကြယ္လို႔သြားရ၏။ေနသန္ကတစ္ခါခ်င့္ခ်ိန္စဥ္းစားဟန္ျဖင့္ပန္းခ်ီကားေပၚရွိၿပဳံးေနေသာအမ်ိဳးသားႏွင့္အမ်ိဳးသမီးကိုၾကည့္ကာဆိုျပန္သည္။


"ပန္းခ်ီမေသသပ္လို႔ထင္တယ္ ဒါေပမဲ့

ငါ့အျမင္ေတာ့ေသသပ္ပါတယ္ ဘာလို႔မင္းနဲ႔မတူရ..ရ..ေဟ့ ေဟ့ ဘာလို႔ငိုရတာလဲ အခ်စ္ရဲ႕"


Quအမွန္တကယ္ငိုေနျခင္းမဟုတ္ဒီတိုင္းသူလက္မခံႏိုင္တဲ့အမွန္တရားကိုေနသန္မွေနတဆင့္ၾကားလိုက္ရေသာေၾကာင့္ဝမ္းနည္းသြားျခင္းျဖစ္သည္။သို႔ေသာ္မတတ္ႏိုင္ပါဘိ။ဝမ္းနည္းသည့္အေလ်ာက္က်ဆင္းလာေသာထိုမ်က္ရည္ေပါက္တို႔အားQuလဲမတားဆီးႏိုင္ပါ။


ေနသန္ကQuအားသက္ျပင္းခ်ခ်၍မ်က္ရည္မ်ားကိုသူ႔လက္ဖေနာင့္မ်ားနဲ႔သုတ္ေပးေနသည္။သို႔ေသာ္ဘာမွေတာ့မေျပာ။Quေနသန႔္အားတကယ္တကယ့္ကိုႏွစ္ၿခိဳက္ျမတ္ႏိုးမိပါ၏။ဤလူသားႏွင့္အတူရွိေနျခင္းဟာသူ႔အားခြန္အားမ်ားသာမကဝမ္းသာျခင္း၊ဝမ္းနည္းျခင္းအဖ်ာဖ်ာကိုလဲအႀကိမ္အလိုက္ေပးစြမ္းႏိုင္၏။


Quေနသန႔္အားစိုက္ၾကည့္ေနမိသည္။

ေနသန္ကQuစိုက္ၾကည့္ေနသည္ကိုဘာမွမေျပာဘဲလ်စ္လ်ဴရႈကာထား၏။ထိုအခါQuကရယ္လိုက္ကာဆိုသည္။


"မင္းဟန္ေဆာင္တာကလဲမေကာင္းလိုက္တာ"


ထိုအခါေနသန္ကဟြန႔္ခနဲေနကာဆိုပါ၏။


"အခ်စ္ကစိုက္ၾကည့္ေနတာကို ဘယ္သူကခံႏိုင္မွာလဲလို႔"


"ဟားဟား ဟုတ္ပါၿပီ ဟုတ္ပါၿပီ ငါမွားတာပါ မတတ္ႏိုင္ဘူး မင္းက အင္း..ၾကည့္ေကာင္းလြန္းေနတယ္ေလ"


"အဲ့တာဆိုကိုယ္ကျပင္းျပင္းထန္ထန္ျငင္းရလိမ့္မယ္ အခ်စ္ေလာက္ေခ်ာတာ အခ်စ္ေလာက္ရသဆန္တာ အလွတရားေတြတစ္စုတစ္ေဝးထဲေဖာ္ျပထားတဲ့မ်က္ႏွာကို ကိုယ္ဒီတသက္မျမင္ဖူးေသးဘူး အခ်စ္ကိုၾကည့္ရင္ကိုယ္ယစ္မူးလြန္းလို႔ေလ ပါးစပ္ထဲၿမဳံထားၿပီးဥထားခ်င္စိတ္ေတာင္ျဖစ္မိတယ္ထင္ပါ့"


"..."


Quစကားေတြမဲ့သြားရ၏။ေနသန႔္မ်က္ဝန္းထဲမွရမၼက္ခိုးေတြကိုေတြ႕ေနရေသာေၾကာင့္လည္းေကာင္း၊အခုေလးတင္ကမွျဖစ္ခဲ့တဲ့အျဖစ္အပ်က္ေၾကာင့္လည္းေကာင္းQuသိသည္မွာဒီကိစၥႏွင့္ပက္သက္ၿပီးေနသန႔္အားမစသင့္ေၾကာင္းပင္။


"အမ္း ဟို ၾကည့္ၿပီးၿပီဆိုေတာ့ အေပၚျပန္တက္ေတာ့မလား"


ေနသန္ကသူတို႔အေနာက္တည့္တည့္မွ အလုံပိတ္ထားေသာတံခါးကိုမ်က္ေစာင္းထိုးၾကည့္လိုက္ပါေသာ္လည္းQuမၾကည့္ေစခ်င္လွ်င္ေျမေအာက္ခန္းစြဲလမ္းမႈကသူ႔အတြက္အေသးမႊားကိစၥသာျဖစ္တာေၾကာင့္ၿပဳံးကာေခါင္းၿငိမ့္လိုက္သည္။


"အင္း သြားစို႔"


Quလဲသိပါသည္။ေနသန႔္မ်က္လုံးမ်ားကိုအၿမဲတမ္းအရိပ္တၾကည့္ၾကည့္ၾကည့္ေနျဖစ္တဲ့Quဖို႔ေနသန္မည္သည္ကိုၾကည့္လိုက္မွန္းခန႔္မွန္းစရာပင္မလို။သို႔ေသာ္ထိုေနရာသည္သူ႔မိဘေတြကေတာင္သူရွိေနစဥ္ကပိတ္ပင္တားျမစ္ထားသည့္ေနရာျဖစ္သည္။ထို႔ေၾကာင့္Quလဲအထဲတြင္ဘာေတြရွိသလဲ အမွန္တကယ္မသိ။


ေနသန႔္၏စကားေၾကာင့္Quစိတ္ေအးသြား၏။တကယ္လို႔ေနသန္ကာသာအဲ့အထဲကဘာလဲလို႔ေမးခဲ့ရင္Quဖြင့္ျပဖို႔ဝန္ေလးမည္မဟုတ္။ထို႔ေၾကာင့္ေကာင္းသည္ဟုဆိုရမည္။ႏွစ္ဦးစလုံးသည္ကိုယ္စီခ်စ္စိတ္ကိုအေၾကာင္းျပဳကာအခ်ိန္မတန္ေသးသည့္အလုပ္ကိုလုပ္မိျခင္းမွ တားျမစ္ႏိုင္လိုက္သည္။


ေနသန္Quလက္ကိုဆြဲကာအေပၚသို႔တက္သြားသည္။သူေနာက္ဆုံးတစ္ခါထိုတံခါးေလးသို႔တစ္ခ်က္ၾကည့္လိုက္ေသးသည္။ဘာေၾကာင့္မွန္းမသိဒီတံခါးေနာက္ကြယ္ကအရာကQuႏွင့္အႀကီးအက်ယ္ဆက္ႏြယ္ေနသည္ကိုခံစားရသည္။သို႔ေသာ္ ေနသန္တစ္ကိုယ္ေကာင္းဆန္မိသည္။Quႏွင့္သူအခ်ိန္တစ္ခုမွ်ေတာ့ျဖတ္သန္းခ်င္ေသးသည္။


မည္သူမွေနသန႔္ကိုမည္သည္မွမေျပာေသာ္လည္းသူတို႔ႏွစ္ေယာက္အတူရွိေနျခင္းဟာQuအတြက္သာမကမည္သည့္အရာအတြက္မွေကာင္းမည္မဟုတ္ေၾကာင္းေနသန္အလိုလိုသိေနမိသည္။ထိုထဲတြင္ကံမေကာင္းရင္လူသားေတြပါပါႏိုင္၏။


ေနသန္အမ်ားႀကီးသိျမင္ပါသည္။Quလဲထိုနည္း၎ပင္ျဖစ္ေသာ္ျငားလည္း ေနသန္Quလက္အားတင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္ထားခ်င္မိသည္။


သူတို႔ဒီအခ်စ္ခြန္အားေလးႏွင့္ခိုင္မာျပတ္သားစြာေျမေအာက္ခန္းတံခါးကိုဆြဲကာပိတ္လိုက္သည္။အခ်ိန္တစ္ခုအတြင္းေတာ့သူတို႔ဒီထဲကိုဆင္းလိမ့္မည္မဟုတ္။


စကၠန႔္ပိုင္းေလာက္ဒီတိုင္းလက္ခ်င္းဆုပ္

ကိုင္ကာရပ္ေနၾကေသာသူတို႔ႏွစ္ဦး။


ေနသန္Quအားလွည့္ၾကည့္လိုက္သည္။

Quကလဲေနသန႔္အားလွည့္ကာၾကည့္သည္။


"ဒါဆို ကိုယ္တို႔ဘာလုပ္ၾကမလဲ"


"..."


"..."


"ငါတို႔ ေပ်ာ္ၾကတာေပါ့"


‎                            𐮜 𐮜 𐮜


"ဘာ!!ေနသန္ကမင္းကိုျမင္ခဲ့တာမဟုတ္ဘူးဟုတ္လား"


ထလင္းေနာ့တ္မိသားစုျဖစ္သည့္အမ်ိဳးသမီးသုံးေယာက္သည္ညသန္းေခါင္ႀကီး သီယာ့အိမ္ကိုတံခါးလာေခါက္၍သီယာ့ကိုထိုေန႔ကဘာေျပာသြား​သည္ကိုစိတ္လႈပ္ရွားစြာျဖင့္လာေမးၾကသည္။


သီယာနည္းနည္းေတာ့အံ့ဩသြားေပမဲ့ခဏခ်င့္ခ်ိန္စဥ္းစားကာေနသန္ေျပာသည္ထဲကအနည္းငယ္ကိုသာခ်န္လွပ္ထားကာေျပာလိုက္သည္။


သို႔ေသာ္ထလင္းေနာ့တ္မိသားစုသည္ထိုအေၾကာင္းကိုသိခ်င္သည္မဟုတ္။သူတို႔သိခ်င္သည္ကထိုေန႔ကႏြားႏို႔ေသာက္ၿပီးျမင္ခဲ့ရတာကသီယာဟုတ္မဟုတ္ဆိုတာကိုပင္။


သီယာကစိတ္ရႈပ္စြာေမးျဖစ္သည္။အဘယ္ေၾကာင့္ႏြားႏို႔ေသာက္ၿပီးသူမကိုျမင္ရမည္လဲေပါ့။ထိုအခါထလင္းေနာ့တ္မိသားစုကေျဖသည္။ႏြားႏို႔သည္ျဖဴစင္ျခင္းကိုကိုယ္စားျပဳေသာအရာထဲကတစ္ခုျဖစ္သည္။ထို႔ေၾကာင့္စိတ္ကိုရွင္းလင္းေစ၍ သူတို႔ေျပာေနသည့္စကားဝိုင္းအေလ်ာက္ သိခ်င္တာကိုရွင္းလင္းစြာသိႏိုင္ေပးသည္တဲ့။


ဥပမာလက္ထက္မယ့္ကိစၥေျပာေနသည္ဆိုလွ်င္ထိုႏြားႏို႔ေသာက္ေနသူကသူခ်စ္မိေနတဲ့လူအားျမင္လာမည္ျဖစ္သည္။ဒါကေမွာ္ဂါထာေတြေဆးစြမ္းေတြမဟုတ္ဘဲ ဒီအတိုင္းထလင္းေနာ့တ္မိသားစုမ်ိဳး႐ိုးစဥ္ဆက္ျပဳလုပ္ခဲ့ေသာ အရာပင္ျဖစ္သည္။


​ျမင္သည့္သူတိုင္းႏွင့္လဲညားတာႀကီးျဖစ္သည္။


ဤသည္ကသန႔္စင္ေသာခ်စ္ေမတၱာအား

သန႔္စင္ေသာအရာကိုကိုယ္စားျပဳသည့္ႏြားႏို႔ႏွင့္ေဖာ္ျပကာေပးလိုက္ျခင္းျဖစ္သည္ဟုထလင္းေနာ့္တို႔မွတ္ယူၾကသည္။သံသယဝင္ဖြယ္ျဖစ္ေသာ္လည္းမည္သည့္သံသယဝင္ဖြယ္မွမေတြ႕ရ။


ႏြားႏို႔ႀကိဳရာတြင္မည္သည့္အရာမ်ားထည့္မိလိုက္သည္လဲလို႔ထလင္းေနာ့တ္တို႔အေသအခ်ာလိုက္ၾကည့္ျဖစ္သည္။သို႔ေသာ္မဟုတ္ပါ။ဤသည္ကႏြားမမွရေသာသာမာန္ႏြားႏို႔သာျဖစ္ၿပီးႀကိဳကာကြတ္ကီးႏွင့္တို႔စားရေသာသန႔္စင္ေသာႏြားႏို႔မွ်သာျဖစ္ေလ၏။

Comments

Post a Comment