A Sweven Elegy from Nature - Chapter 3
Unicode
အခန်း (၃)
နှင်းထုကြီးများပေါ်ရှိလှဲလျောင်းနေသောတောရိုင်းတိရစ္ဆာန်ငယ်လေးများသည်ပုထုဇဉ်လူတစ်ဦးကဲ့သို့အားပါးတရလွတ်လပ်စွာဖြင့်ခြေလွတ်လက်လွတ်လှဲနေလျက်အပန်းဖြေနေကြလေ၏။တချို့မှာနှင်းထုများထဲတွင်နှင်းရည်၊နှင်းစက်များဖြင့်ရေချိုးသန့်စင်လျက်ရှိ၏။
သမင်၊ဒရယ် နှင့် ဝက်ဝံ၊ငန်းဖြူလေးများ၊ဇီးကွက်ဖြူတချို့နှင့်အဝေးတစ်နေရာတွင်နှစ်ခြိုက်စွာအိပ်စက်နေကြတဲ့ခြင်္သေ့ထီးတစ်ကောင်နှင့်ကျားမျိုးနွယ်သားအဖသုံးကောင်တို့ရှိ၏။
အကြီးနှစ်ကောင်ဖြစ်သောခြင်္သေ့ထီးနှင့်ကျားထီးမှာအေးဆေးစွာအနားယူလျက်ရှိပြီးကျားပေါက်လေးနှစ်ကောင်မှာတော့တစ်ကောင်နှင့်တစ်ကောင်အချင်းချင်းကျီစယ်လို့ဆော့နေလျက်ရှိသည်။
သူတို့ဖခင်နှင့်ရှေ့ဘေးနားရှိတစ်ထီးတည်းမိန့်မိန့်ကြီးအိပ်လျက်ရှိနေသောခြင်္သေ့ကြီးအားနည်းနည်းမျှပင်ဂရုမစိုက်ဘဲ ခုန်ပေါက်ပြေးလွှားကာဆော့ကစားလျက်ရှိလေသည်။
တစ်ခါ၊တစ်ခါ ခြင်္သေ့ကြီးအားခလုတ်သွားသွားတိုက်တတ်သေးသောကျားပေါက်လေးနှစ်ကောင်ကိုခြင်္သေ့ကြီးသည်အအိပ်မပျက်မျက်လုံးလှန်ကာဖွင့်၍ကြည့်တတ်ပါသော်လည်းရန်ပြုဖို့နေနေသာသာအေးဆေးစွာပင်ပြန်လည်အိပ်စက်လို့သွားတတ်လေ၏။
နှင်းထုများဖုံးလွှမ်းနေသောသစ်ပင်ကြီးများပေါ်တွင်ရှိမြွေစိမ်းလေးများမှာလဲမှေးစက်ကာအိပ်ပျော်နေသယောင်ရှိ၏။
ထိုအခြင်းအရာအားလုံးကိုသူတို့အားလုံး၏အလယ်တည့်တည့်အချက်အချာကျလှသောနေရာတွင်ငြိမ့်ငြောင်းစွာလှဲထိုင်လျက်ရှိနေသောကောင်လေးသည် ပျော်ရွှင်နှစ်လိုစွာဖြင့်ကြည့်လို့နေပေ၏။
6:27PM
ကောင်လေးသည်ထုံစံအတိုင်းညမိုးချုပ်ချိန်တွင်တော့တိရစ္ဆာန်များအားဆိုင်ရာဆိုင်ရာဆီသို့ပြန်လွှတ်လိုက်ပြီးလျှင်လမ်းသွယ်လေးအတိုင်းသူနေထိုင်ရာအရပ်ဆီသို့ ပြန်လာခဲ့သည်။
ကောင်လေး၏အိမ်လေးမှာသေးသော်ငြားလည်းရာသီဥတုဒဏ်ကိုအံတုနိုင်၏။တစ်ကောင်ကြွက်ဖြစ်သည့်ကောင်လေးအဖို့တော့ဒီအိမ်ကြီးကကြီးသင့်သလောက်ကြီးသည်ဟုဆိုရမည်။
ကောင်လေးသည်အိမ်လေးထဲသို့ဝင်လိုက်ပြီးတံခါးအဝတွင်သူ့ထံ၌ကပ်ညှိကာပါလျက်ရှိနေသောနှင်းစက်နှင်းပေါက်များအားလှုပ်ယမ်းကာခါချနေပေသည်။ဆံပင်တွေကိုလဲဝှေ့ယမ်းလိုက်ပြီးမျက်နှာပေါ်မှနှင်းစက်များကိုလည်းဖယ်ရှားပစ်လိုက်သည်။
ထို့နောက်အိမ်လေးအတွင်းထဲသို့တောက်လျှောက်တန်းဝင်လို့သွားပြီးတစ်အောင့်ကြာမှဝတ်ရုံလေးတစ်ထည်ကိုလွှမ်းခြုံကာခွက်လေးတစ်ခွက်ကိုကိုင်ကာပြန်ထွက်လို့လာသည်။
ကောင်လေးသည်ရေနွေးတစ်ထောင်းထောင်းထလျက်ရှိသောထိုခွက်လေးကို ဘေးနားရှိစားပွဲခုံပေါ်သို့ညင်သာစွာချလိုက်ပြီးဆိုဖာအိုကြီးပေါ်သို့ကို့ယိုးကားယားဖြင့်တက်လိုက်သည်။ထို့နောက်ခန္ဓာကိုယ်အားသေးသေးလေးဖြစ်အောင်ကြုံ့လိုက်ပြီးနောက်အေးဆေးစွာမှေးမိန်နေလိုက်လေတော့သည်။
8:45PM
ဆောင်းရာသီ၏အာသီသသည်တော့အပြင်ဘက်တွင်တော့ပြင်းထန်စွာလှုပ်ရှားလျက်ရှိပေ၏။
ထိုအချိန်ကောင်လေး၏အိမ်တံခါးပေါက်
ကလေးဟာကျွီခနဲပွင့်ဟလို့သွားသည်။ကောင်လေးသည်ထိုအသံကိုကြားတော့မှေးမိန်နေရာမှမျက်လုံးတစ်ဖက်ကိုဖွင့်ကာကြည့်၏။သို့သော်ဘာမှမဖြစ်သလိုဖြင့်အနောက်ကိုအသေအချာပြန်မှီလျက်စကားတစ်ခွန်းအားပျင်းရိစွာဆိုခါဖြင့်မျက်စိပြန်ကာမှိတ်သွားလေသည်။
"တံခါးပြန်ပိတ်ခဲ့ အေးတယ်"
ကြောင်နက်လေးသည်စိတ်ပျက်သောအမူအရာအားကောင်လေးမမြင်အောင်လုပ်ပြလိုက်ပြီးတံခါးကိုနောက်ခြေထောက်နှင့်ဆောင့်အောင့်ကာပိတ်ပေးခဲ့လိုက်သည်။ထို့နောက်သူ၏မူပိုင်ပုံစံအတိုင်းဖြည်းဖြည်းချင်းအိမ်လေးထဲသို့လျှောက်လှမ်းလို့လာပြီးကောင်လေးကွေးနေလျက်ရှိသောဆိုဖာအိုကြီးဘေးရှိဆိုဖာသေးသေးလေးပေါ်သို့ခုန်တက်ကာသူလဲပဲအနားယူလေတော့သည်။
"..."
".."
"Qu"
"အင်း.."
တိတ်ဆိတ်နေသောအခန်းကျဉ်းလေးထဲတွင်ကောင်လေး၏တိုးညှင်းလှသောထူးသံလေးပေါ်ထွက်လို့လာ၏။
"မင်း ဒီတိုင်းပဲနေသွားတော့မှာလား"
Quကထိုမေးခွန်းအားမတုံ့ဆိုင်းမဆိုင်းဖြေပါ၏။
"အင်းလေ"
"မင်းအပြင်လောကမှာဘာတွေဖြစ်နေလဲ
မသိချင်ဘူးလား"
"ဟင့်အင်..စိတ်မဝင်စားဘူး"
"သေချာလို့လားQu မင်းဒီတလော နေလို့မကောင်းချင်ချင်ဖြစ်နေပြန်တာ ငါမသိဘူးများထင်နေသလား"
ထိုအခါမှဆိုဖာအိုကြီးအတွင်းသို့မြှုပ်လုမတတ်ဖြစ်ကာမှေးစက်နေသောQuဆိုသောကောင်လေးသည်မျက်လုံးများကို ဖြတ်ခနဲဖွင့်လာ၏။ထို့နောက်ခက်ခက်ခဲခဲ အားယူကာထလိုက်ပြီးဘေးနားရှိကြောင်နက်လေးအားအံ့ဩစွာစိုက်ကြည့်လျက်ဆိုလာသည်။
"မင်း ဘယ်လိုသိသွားပြန်ပြီလဲ"
ကြုံ့ကြုံ့လေးကွေးကာခွေလျက်ရှိသောကြောင်နက်လေးသည်တုပ်တုပ်မျှပင်မလှုပ်ပေ။ငြိမ်သက်စွာအနားယူနေသည်ထင်၏။ဒါကိုQuကထိုအနားယူလျက်ရှိသောကြောင်အားသွားကာမေးခွန်းထုတ်နေပုံရသည်။ပုံမာန်ဆိုဒီအခြေအနေအားလူတွေထူးဆန်းကာကြောင်၍နေကြမည်ဖြစ်ပါသော်လည်းယခုမူမည်သူမှမရှိသဖြင့်ကောင်လေးကတော့ရဲတင်းနေသည်ထင့်။
ဘာကြောင့်ဆိုဤနေရာတွင်
လူတစ်ဦး၊တစ်ယောက်မှရှိနိုင်လိမ့်မည်မဟုတ်။သိလဲသိမည်မဟုတ်။သိ၍လည်း လာမည်မဟုတ်။ထို့ကြောင့်။
Quစိုက်ကြည့်မြဲစိုက်ကြည့်နေကာကြောင်နက်လေး၏အဖြေအားစောင့်ဆိုင်းနေပါ၏။ခေတ္တမျှကြာသော်ကြောင်နက်လေးဟာပျင်းရိစွာထလာရင်းခြေလက်များကိုအေးအေးဆေးဆေးဆန့်ထုတ်လိုက်ပြီးလျှင်တော့အမြှီးကိုပါခါယမ်းပစ်လိုက်သည်။ပြီးမှQuအားအေးစက်စက်နိုင်လှသောရုပ်တည်ကြီးဖြင့်ကြည့်၍ဆို၏။
"ငါအကုန်သိတယ်Qu မင်းကိုပဲမသိတာ
မင်းဘာဖြစ်နေလဲဆိုတာတော့ ငါအကုန်သိတယ်"
Quကကြောင်နက်လေး၏စကားကြောင့်ခေတ္တကြောင်ကာတိတ်ဆိတ်သွားပြီးနောက်တစ်အောင့်အကြာတွင်တော့ဘာမပြောညာမပြောထကာအော်ရယ်လေတော့သည်။ဟက်ဟက်ပက်ပက်ပိုးဆိုးပက်ဆက်ရယ်နေသည်မှာသူ့နှယ်လောကတွင်အကောင်းဆုံး၊အပြောင်မြောက်ဆုံးဟာသတစ်ပုဒ်ကိုနားထောင်လိုက်ရသည့်အလား။
အချိန်အတော်ကြာသည်ထိအတောမသတ်နိုင်သေးသောQuအားကြည့်ရင်းကြောင်နက်လေးသည်ထုံစံအတိုင်းစိတ်ပျက်လျက်ရှိနေပါ၏။
"ဟား...မင်းသိလား မင်းပျင်းနေတယ်ထင်တယ် နောက်နေ့မင်းကိုကတ်စ်ပါတို့ဆီခေါ်သွားပေးမယ်သူတို့လဲမင်းကိုမတွေ့တာ ကြာပြီပဲ"
ကြောင်နက်လေးကထိုစကားကိုကြားတော့နှုတ်ခေါင်းရှုံ့ကာတစ်ခါပြန်ခွေလို့သွားပြီးပျင်းပျင်းရိရိအာသန်းလိုက်ကာဆိုသည်။
"မတွေ့ချင်ပါဘူး ဟိုကောင်ပေါက်စတွေ ငါကြည့်မရလွန်းလို့ ငါ့များသူတို့ဆော့တဲ့အရုပ်များမှတ်နေလားမသိဘူး ဟိုတို့လိုက်၊ဒီတို့လိုက်နဲ့ နိုး မလိုက်ဘူးငါ့ဘာငါအစာပဲထွက်ရှာမယ်"
"ပြောမှပဲ..မင်းဒီတလော ပြည့်လာတယ်နော်ဘယ်ကအစာတွေရနေတာလဲ ငါ့ဆီကမတောင်းတာတောင်ကြာပြီ"
"မင်းကိစ္စမဟုတ်ဘူး မင်းဘဲစိတ်မဝင်စားဘူးဆို"
Quကကြောင်နက်လေးအားရည်မွန်စွာကြည့်ပါ၏။ထို့နောက်ရေနွေးခွက်ထဲမှရေနွေးများအားလက်ဖြင့်အနည်းငယ်တို့လိုက်ကာကြောင်နက်လေးထံသို့ဖြတ်ခနဲလှမ်းပတ်လိုက်ပေသည်။
"ညှောင်း...!!"
အပူလွန်၍ထကာအော်သောထိုကြောင်နက်၏တုံ့ပြန်ပုံအားတဟားဟားနှင့်သဘောကျကာရယ်ရင်းကြည့်လို့ဝပြီးမှဆိုဖာအိုကြီးထဲပြန်မြှုပ်ကာတိုးညှင်းစွာပြောလိုက်သည်။
"လူတွေကအများကြီးပြောတတ်ကြတယ်
ဒါကြောင့် ငါသူတို့လုပ်တာတွေထိုင်ကြည့်နေလိုက်တယ်လေ..ပြီးတော့ ငါသူတို့ကိုစိတ်မဝင်စားတာမဟုတ်ပါဘူး ငါစိတ်ဝင်စားဖို့မကြိုးစားတာပါ ဒါတော့မင်းသိထားဖို့လိုတယ် အိပ်ပြီဟာ အေးတယ်.."
ထို့နောက်အိမ်လေးထဲရှိလေထုမှာလဲအပြင်ရာသီအတိုင်းအေးစက်လို့သွားလေတော့သည်။
𐮜 𐮜 𐮜
Quမနက်ကပူတင်းလုပ်၍စားထားတာကြောင့်ဗိုက်ကြီးပူကာအီလည်လည်ကြီးဖြစ်လို့နေသည်။လမ်းတစ်လျှောက်လုံးအော့အန်ချင်လိုက်၊ပြို့တက်ချင်လိုက်နှင့် ရာသီဥတုအေးတော့ပိုကာဆိုး၏။သို့သော်ခဏအကြာတွင်မှာတော့သက်သာသယောင်ဖြစ်လို့သွားပြီးQuလဲကောင်းသည်ဟုမှတ်ချက်ပေးကာအရှေ့ကိုလှမ်းလို့ကြည့်လိုက်သည်။လမ်းသွယ်လေးသို့ရောက်နေပြီ။ဒါနှင့်Quလဲအေးဆေးစွာဝင်သွားလိုက်ပါသည်။
𐮜 𐮜 𐮜
လီယွန်ဟုနာမည်ပေးထားတဲ့ကြောင်နက်လေးအားနေသန်ထိုင်ပွတ်နေရင်းနေရာစိမ်းမလို့မျက်စိများကဂဏာမငြိမ်လျှောက်ကြည့်နေမိသည်။တစ်အောင့်ကြာက ယုန်ဖြူတစ်ချို့ကိုတွေ့လိုက်ပါသော်လည်း သူ့ကိုမြင်၍လားမသိထွက်ပြေးသွားကြပြီးသစ်တောထဲသို့ကြည့်ပါလျှင်လည်းမျက်လုံးအစုံပေါင်းများစွာကနေသန့်အားစောင့်ကြည့်နေကြမှန်းနေသန်သိရသည်။
လီယွန့်နောက်လိုက်ရင်းဒီထိရောက်လာခဲ့သည်ဖြစ်သည်။သူတို့မြို့ပြင်တွင်ဒီလိုမျိုးနေရာတွေရှိသည်လို့သိမထားတာကြောင့် အံ့ဩစွာစွာဖြင့်ကြည့်နေမိသည်ဖြစ်၏။
ရေတံခွန်ထံမှတစ်ဆင့်စီးကျလာသောရေများသည်ဤရေကန်အိုင်သေးသေးလေးအတွင်းသို့စီးဆင်းကာဤနေရာ၌တွင်အခြေချကြသည်။ဘေးနားရှိတောင်ကုန်းလေးလိုမို့မောက်နေသောနေရာတွင်နှင်းထုကြီးများကဖုံးလွှမ်းလို့နေပြီးဘေးနားတွင်ဝန်းရံထားသောသစ်ပင်များကလဲတစီတတန်းတည်းလှပလို့။အံ့ဩဖွယ်ရာအလှအပကိုနေသန်ပထမဆုံးရှုစားရသည်ဖြစ်သဖြင့်အနည်းငယ်တော့ဝမ်းသာမိသည်ဟုဆိုရမည်။
"မင်းကဒီမှာနေတာပေါ့ ဟုတ်လား"
နေသန်သူ့ဘေးနားတွင်ငုတ်တုပ်ထိုင်နေသောလီယွန့်အားပွတ်ရင်းခေါင်းလေးငုံ့ကာတိုးညှင်းစွာမေးလိုက်လေသည်။ထို့နောက်တွင်လမ်းသွယ်လေးလိုဖြစ်နေသောနေရာထံသို့ဘာမှမဆိုင်ပါဘဲမသိစိတ်ကအာရုံရောက်လို့သွားသည်။နေသန်ဘာကြောင့်မှမဟုတ်ထိုလမ်းသွယ်လေးထဲသို့အာရုံစူးစိုက်ကာကြည့်နေမိ၏။
တစ်စက္ကန့် .. နှစ်စက္ကန့် ..
အချိန်တစ်ခုအကြာတွင်တော့ထိုလမ်းကြားလေးထဲမှာတစ်စုံတစ်ရာရှိနေသည်ကို နေသန်ရိပ်မိလိုက်လေသည်။
"..."
တဖြည်းဖြည်းတရိပ်ရိပ်နှင့်ရုပ်လုံးပေါ်လာသောလူရိပ်လေးကိုမြင်သည်ထိနေသန်ဘာမှမလှုပ်ရှားဖြစ်သေး။လူရိပ်လေးသည်အေးဆေးစွာလျှောက်လှမ်းလို့လာပြီး သူရှေ့တည့်တည့်ရှိနေသန့်အားလည်းအာရုံစိုက်မိဟန်မတူ။နေသန်မျက်လုံးလေးပေကလပ်ပေကလပ်နှင့်စိုက်မြဲစိုက်ကြည့်နေမိ၏။တစ်ဖက်မှQuကလဲနေသန့်အနီးသို့လျှောက်လှမ်းမြဲလျှောက်လှမ်းလို့လာ၏။
နေသန်ရှိသောနေရာနားလေးသို့ရောက်ခါမှQu၏မျက်လုံးများဟာဘေးဘီသို့ဝှေ့ကာကစားမိရင်းရှေ့တည့်တည့်ရှိလူရိပ်လိုပုံဏ္ဍာန်ကိုဖြတ်ခနဲမြင်လိုက်ရသွားသည်။ထိုအခါQuကိုယ်လေးတုံ့ခနဲရပ်လို့သွားပါ၏။
နေသန်ကလဲQuအားစိုက်ကြည့်နေ၏။
Quဟာလဲအံ့ဩစွာဖြင့်တစ်ဖက်လူအားစိုက်ကြည့်နေပါ၏။ထိုတစ်ခဏတွင်တော့ ကောင်းကင်ယံထက်မှမြူနှင်းများဟာဖြည်းဖြည်းချင်းကျဆင်းနေရာမှရပ်လို့သွားသည်ထင်၏။
လေအဝေ့ဟာလဲသူတို့နှစ်ယောက်ကြားသို့ ဖြည်းညှင်းစွာတိုက်ခတ်လို့သွားသည်ထင်၏။
တစ်ယောက်မျက်လုံးတစ်ယောက်စိုက်ကြည့်နေကြတဲ့ကောင်လေးနှစ်ယောက်ဟာ သတိလက်လွတ်ငေးစိုက်ကြည့်နေတဲ့တစ်ခဏအင်အားပေါင်းများစွာကနှစ်ယောက်အားလေထုထဲသို့ပင့်တင်ပေးလိုက်သည်ထင့်..။
ထိုအချိန်သဘာဝတရားကြီးဟာဘေးနားကနေသူတို့အားတီးတိုးပြောကာဆိုလေသည်။
အလှပဆုံးသောချစ်ခြင်းတရားတွေဟာ
မမျှော်လင့်တဲ့အချိန်၊မမျှော်လင့်တဲ့နေရာမှာမမျှော်လင့်သောသူနဲ့ကြုံတွေ့တဲ့အချိန်မှာစတင်ပါသတဲ့လေ။
Zawgyi
အခန္း (၃)
ႏွင္းထုႀကီးမ်ားေပၚရွိလွဲေလ်ာင္းေနေသာေတာ႐ိုင္းတိရစာၦန္ငယ္ေလးမ်ားသည္ပုထုဇဥ္လူတစ္ဦးကဲ့သို႔အားပါးတရလြတ္လပ္စြာျဖင့္ေျခလြတ္လက္လြတ္လွဲေနလ်က္အပန္းေျဖေနၾကေလ၏။တခ်ိဳ႕မွာႏွင္းထုမ်ားထဲတြင္ႏွင္းရည္၊ႏွင္းစက္မ်ားျဖင့္ေရခ်ိဳးသန႔္စင္လ်က္ရွိ၏။
သမင္၊ဒရယ္ ႏွင့္ ဝက္ဝံ၊ငန္းျဖဴေလးမ်ား၊ဇီးကြက္ျဖဴတခ်ိဳ႕ႏွင့္အေဝးတစ္ေနရာတြင္ႏွစ္ၿခိဳက္စြာအိပ္စက္ေနၾကတဲ့ျခေသၤ့ထီးတစ္ေကာင္ႏွင့္က်ားမ်ိဳးႏြယ္သားအဖသုံးေကာင္တို႔ရွိ၏။
အႀကီးႏွစ္ေကာင္ျဖစ္ေသာျခေသၤ့ထီးႏွင့္က်ားထီးမွာေအးေဆးစြာအနားယူလ်က္ရွိၿပီးက်ားေပါက္ေလးႏွစ္ေကာင္မွာေတာ့တစ္ေကာင္ႏွင့္တစ္ေကာင္အခ်င္းခ်င္းက်ီစယ္လို႔ေဆာ့ေနလ်က္ရွိသည္။
သူတို႔ဖခင္ႏွင့္ေရွ႕ေဘးနားရွိတစ္ထီးတည္းမိန႔္မိန႔္ႀကီးအိပ္လ်က္ရွိေနေသာျခေသၤ့ႀကီးအားနည္းနည္းမွ်ပင္ဂ႐ုမစိုက္ဘဲ ခုန္ေပါက္ေျပးလႊားကာေဆာ့ကစားလ်က္ရွိေလသည္။
တစ္ခါ၊တစ္ခါ ျခေသၤ့ႀကီးအားခလုတ္သြားသြားတိုက္တတ္ေသးေသာက်ားေပါက္ေလးႏွစ္ေကာင္ကိုျခေသၤ့ႀကီးသည္အအိပ္မပ်က္မ်က္လုံးလွန္ကာဖြင့္၍ၾကည့္တတ္ပါေသာ္လည္းရန္ျပဳဖို႔ေနေနသာသာေအးေဆးစြာပင္ျပန္လည္အိပ္စက္လို႔သြားတတ္ေလ၏။
ႏွင္းထုမ်ားဖုံးလႊမ္းေနေသာသစ္ပင္ႀကီးမ်ားေပၚတြင္ရွိေႁမြစိမ္းေလးမ်ားမွာလဲေမွးစက္ကာအိပ္ေပ်ာ္ေနသေယာင္ရွိ၏။
ထိုအျခင္းအရာအားလုံးကိုသူတို႔အားလုံး၏အလယ္တည့္တည့္အခ်က္အခ်ာက်လွေသာေနရာတြင္ၿငိမ့္ေျငာင္းစြာလွဲထိုင္လ်က္ရွိေနေသာေကာင္ေလးသည္ ေပ်ာ္႐ႊင္ႏွစ္လိုစြာျဖင့္ၾကည့္လို႔ေနေပ၏။
6:27PM
ေကာင္ေလးသည္ထုံစံအတိုင္းညမိုးခ်ဳပ္ခ်ိန္တြင္ေတာ့တိရစာၦန္မ်ားအားဆိုင္ရာဆိုင္ရာဆီသို႔ျပန္လႊတ္လိုက္ၿပီးလွ်င္လမ္းသြယ္ေလးအတိုင္းသူေနထိုင္ရာအရပ္ဆီသို႔ ျပန္လာခဲ့သည္။
ေကာင္ေလး၏အိမ္ေလးမွာေသးေသာ္ျငားလည္းရာသီဥတုဒဏ္ကိုအံတုႏိုင္၏။တစ္ေကာင္ႂကြက္ျဖစ္သည့္ေကာင္ေလးအဖို႔ေတာ့ဒီအိမ္ႀကီးကႀကီးသင့္သေလာက္ႀကီးသည္ဟုဆိုရမည္။
ေကာင္ေလးသည္အိမ္ေလးထဲသို႔ဝင္လိုက္ၿပီးတံခါးအဝတြင္သူ႔ထံ၌ကပ္ညႇိကာပါလ်က္ရွိေနေသာႏွင္းစက္ႏွင္းေပါက္မ်ားအားလႈပ္ယမ္းကာခါခ်ေနေပသည္။ဆံပင္ေတြကိုလဲေဝွ႔ယမ္းလိုက္ၿပီးမ်က္ႏွာေပၚမွႏွင္းစက္မ်ားကိုလည္းဖယ္ရွားပစ္လိုက္သည္။
ထို႔ေနာက္အိမ္ေလးအတြင္းထဲသို႔ေတာက္ေလွ်ာက္တန္းဝင္လို႔သြားၿပီးတစ္ေအာင့္ၾကာမွဝတ္႐ုံေလးတစ္ထည္ကိုလႊမ္းၿခဳံကာခြက္ေလးတစ္ခြက္ကိုကိုင္ကာျပန္ထြက္လို႔လာသည္။
ေကာင္ေလးသည္ေရေႏြးတစ္ေထာင္းေထာင္းထလ်က္ရွိေသာထိုခြက္ေလးကို ေဘးနားရွိစားပြဲခုံေပၚသို႔ညင္သာစြာခ်လိုက္ၿပီးဆိုဖာအိုႀကီးေပၚသို႔ကို႔ယိုးကားယားျဖင့္တက္လိုက္သည္။ထို႔ေနာက္ခႏၶာကိုယ္အားေသးေသးေလးျဖစ္ေအာင္ႀကဳံ႕လိုက္ၿပီးေနာက္ေအးေဆးစြာေမွးမိန္ေနလိုက္ေလေတာ့သည္။
8:45PM
ေဆာင္းရာသီ၏အာသီသသည္ေတာ့အျပင္ဘက္တြင္ေတာ့ျပင္းထန္စြာလႈပ္ရွားလ်က္ရွိေပ၏။
ထိုအခ်ိန္ေကာင္ေလး၏အိမ္တံခါးေပါက္
ကေလးဟာကြၽီခနဲပြင့္ဟလို႔သြားသည္။ေကာင္ေလးသည္ထိုအသံကိုၾကားေတာ့ေမွးမိန္ေနရာမွမ်က္လုံးတစ္ဖက္ကိုဖြင့္ကာၾကည့္၏။သို႔ေသာ္ဘာမွမျဖစ္သလိုျဖင့္အေနာက္ကိုအေသအခ်ာျပန္မွီလ်က္စကားတစ္ခြန္းအားပ်င္းရိစြာဆိုခါျဖင့္မ်က္စိျပန္ကာမွိတ္သြားေလသည္။
"တံခါးျပန္ပိတ္ခဲ့ ေအးတယ္"
ေၾကာင္နက္ေလးသည္စိတ္ပ်က္ေသာအမူအရာအားေကာင္ေလးမျမင္ေအာင္လုပ္ျပလိုက္ၿပီးတံခါးကိုေနာက္ေျခေထာက္ႏွင့္ေဆာင့္ေအာင့္ကာပိတ္ေပးခဲ့လိုက္သည္။ထို႔ေနာက္သူ၏မူပိုင္ပုံစံအတိုင္းျဖည္းျဖည္းခ်င္းအိမ္ေလးထဲသို႔ေလွ်ာက္လွမ္းလို႔လာၿပီးေကာင္ေလးေကြးေနလ်က္ရွိေသာဆိုဖာအိုႀကီးေဘးရွိဆိုဖာေသးေသးေလးေပၚသို႔ခုန္တက္ကာသူလဲပဲအနားယူေလေတာ့သည္။
"..."
".."
"Qu"
"အင္း.."
တိတ္ဆိတ္ေနေသာအခန္းက်ဥ္းေလးထဲတြင္ေကာင္ေလး၏တိုးညႇင္းလွေသာထူးသံေလးေပၚထြက္လို႔လာ၏။
"မင္း ဒီတိုင္းပဲေနသြားေတာ့မွာလား"
Quကထိုေမးခြန္းအားမတုံ႔ဆိုင္းမဆိုင္းေျဖပါ၏။
"အင္းေလ"
"မင္းအျပင္ေလာကမွာဘာေတြျဖစ္ေနလဲ
မသိခ်င္ဘူးလား"
"ဟင့္အင္..စိတ္မဝင္စားဘူး"
"ေသခ်ာလို႔လားQu မင္းဒီတေလာ ေနလို႔မေကာင္းခ်င္ခ်င္ျဖစ္ေနျပန္တာ ငါမသိဘူးမ်ားထင္ေနသလား"
ထိုအခါမွဆိုဖာအိုႀကီးအတြင္းသို႔ျမႇဳပ္လုမတတ္ျဖစ္ကာေမွးစက္ေနေသာQuဆိုေသာေကာင္ေလးသည္မ်က္လုံးမ်ားကို ျဖတ္ခနဲဖြင့္လာ၏။ထို႔ေနာက္ခက္ခက္ခဲခဲ အားယူကာထလိုက္ၿပီးေဘးနားရွိေၾကာင္နက္ေလးအားအံ့ဩစြာစိုက္ၾကည့္လ်က္ဆိုလာသည္။
"မင္း ဘယ္လိုသိသြားျပန္ၿပီလဲ"
ႀကဳံ႕ႀကဳံ႕ေလးေကြးကာေခြလ်က္ရွိေသာေၾကာင္နက္ေလးသည္တုပ္တုပ္မွ်ပင္မလႈပ္ေပ။ၿငိမ္သက္စြာအနားယူေနသည္ထင္၏။ဒါကိုQuကထိုအနားယူလ်က္ရွိေသာေၾကာင္အားသြားကာေမးခြန္းထုတ္ေနပုံရသည္။ပုံမာန္ဆိုဒီအေျခအေနအားလူေတြထူးဆန္းကာေၾကာင္၍ေနၾကမည္ျဖစ္ပါေသာ္လည္းယခုမူမည္သူမွမရွိသျဖင့္ေကာင္ေလးကေတာ့ရဲတင္းေနသည္ထင့္။
ဘာေၾကာင့္ဆိုဤေနရာတြင္
လူတစ္ဦး၊တစ္ေယာက္မွရွိႏိုင္လိမ့္မည္မဟုတ္။သိလဲသိမည္မဟုတ္။သိ၍လည္း လာမည္မဟုတ္။ထို႔ေၾကာင့္။
Quစိုက္ၾကည့္ၿမဲစိုက္ၾကည့္ေနကာေၾကာင္နက္ေလး၏အေျဖအားေစာင့္ဆိုင္းေနပါ၏။ေခတၱမွ်ၾကာေသာ္ေၾကာင္နက္ေလးဟာပ်င္းရိစြာထလာရင္းေျခလက္မ်ားကိုေအးေအးေဆးေဆးဆန႔္ထုတ္လိုက္ၿပီးလွ်င္ေတာ့အျမႇီးကိုပါခါယမ္းပစ္လိုက္သည္။ၿပီးမွQuအားေအးစက္စက္ႏိုင္လွေသာ႐ုပ္တည္ႀကီးျဖင့္ၾကည့္၍ဆို၏။
"ငါအကုန္သိတယ္Qu မင္းကိုပဲမသိတာ
မင္းဘာျဖစ္ေနလဲဆိုတာေတာ့ ငါအကုန္သိတယ္"
Quကေၾကာင္နက္ေလး၏စကားေၾကာင့္ေခတၱေၾကာင္ကာတိတ္ဆိတ္သြားၿပီးေနာက္တစ္ေအာင့္အၾကာတြင္ေတာ့ဘာမေျပာညာမေျပာထကာေအာ္ရယ္ေလေတာ့သည္။ဟက္ဟက္ပက္ပက္ပိုးဆိုးပက္ဆက္ရယ္ေနသည္မွာသူ႔ႏွယ္ေလာကတြင္အေကာင္းဆုံး၊အေျပာင္ေျမာက္ဆုံးဟာသတစ္ပုဒ္ကိုနားေထာင္လိုက္ရသည့္အလား။
အခ်ိန္အေတာ္ၾကာသည္ထိအေတာမသတ္ႏိုင္ေသးေသာQuအားၾကည့္ရင္းေၾကာင္နက္ေလးသည္ထုံစံအတိုင္းစိတ္ပ်က္လ်က္ရွိေနပါ၏။
"ဟား...မင္းသိလား မင္းပ်င္းေနတယ္ထင္တယ္ ေနာက္ေန႔မင္းကိုကတ္စ္ပါတို႔ဆီေခၚသြားေပးမယ္သူတို႔လဲမင္းကိုမေတြ႕တာ ၾကာၿပီပဲ"
ေၾကာင္နက္ေလးကထိုစကားကိုၾကားေတာ့ႏႈတ္ေခါင္းရႈံ႕ကာတစ္ခါျပန္ေခြလို႔သြားၿပီးပ်င္းပ်င္းရိရိအာသန္းလိုက္ကာဆိုသည္။
"မေတြ႕ခ်င္ပါဘူး ဟိုေကာင္ေပါက္စေတြ ငါၾကည့္မရလြန္းလို႔ ငါ့မ်ားသူတို႔ေဆာ့တဲ့အ႐ုပ္မ်ားမွတ္ေနလားမသိဘူး ဟိုတို႔လိုက္၊ဒီတို႔လိုက္နဲ႔ ႏိုး မလိုက္ဘူးငါ့ဘာငါအစာပဲထြက္ရွာမယ္"
"ေျပာမွပဲ..မင္းဒီတေလာ ျပည့္လာတယ္ေနာ္ဘယ္ကအစာေတြရေနတာလဲ ငါ့ဆီကမေတာင္းတာေတာင္ၾကာၿပီ"
"မင္းကိစၥမဟုတ္ဘူး မင္းဘဲစိတ္မဝင္စားဘူးဆို"
Quကေၾကာင္နက္ေလးအားရည္မြန္စြာၾကည့္ပါ၏။ထို႔ေနာက္ေရေႏြးခြက္ထဲမွေရေႏြးမ်ားအားလက္ျဖင့္အနည္းငယ္တို႔လိုက္ကာေၾကာင္နက္ေလးထံသို႔ျဖတ္ခနဲလွမ္းပတ္လိုက္ေပသည္။
"ေညႇာင္း...!!"
အပူလြန္၍ထကာေအာ္ေသာထိုေၾကာင္နက္၏တုံ႔ျပန္ပုံအားတဟားဟားႏွင့္သေဘာက်ကာရယ္ရင္းၾကည့္လို႔ဝၿပီးမွဆိုဖာအိုႀကီးထဲျပန္ျမႇဳပ္ကာတိုးညႇင္းစြာေျပာလိုက္သည္။
"လူေတြကအမ်ားႀကီးေျပာတတ္ၾကတယ္
ဒါေၾကာင့္ ငါသူတို႔လုပ္တာေတြထိုင္ၾကည့္ေနလိုက္တယ္ေလ..ၿပီးေတာ့ ငါသူတို႔ကိုစိတ္မဝင္စားတာမဟုတ္ပါဘူး ငါစိတ္ဝင္စားဖို႔မႀကိဳးစားတာပါ ဒါေတာ့မင္းသိထားဖို႔လိုတယ္ အိပ္ၿပီဟာ ေအးတယ္.."
ထို႔ေနာက္အိမ္ေလးထဲရွိေလထုမွာလဲအျပင္ရာသီအတိုင္းေအးစက္လို႔သြားေလေတာ့သည္။
𐮜 𐮜 𐮜
Quမနက္ကပူတင္းလုပ္၍စားထားတာေၾကာင့္ဗိုက္ႀကီးပူကာအီလည္လည္ႀကီးျဖစ္လို႔ေနသည္။လမ္းတစ္ေလွ်ာက္လုံးေအာ့အန္ခ်င္လိုက္၊ၿပိဳ႕တက္ခ်င္လိုက္ႏွင့္ ရာသီဥတုေအးေတာ့ပိုကာဆိုး၏။သို႔ေသာ္ခဏအၾကာတြင္မွာေတာ့သက္သာသေယာင္ျဖစ္လို႔သြားၿပီးQuလဲေကာင္းသည္ဟုမွတ္ခ်က္ေပးကာအေရွ႕ကိုလွမ္းလို႔ၾကည့္လိုက္သည္။လမ္းသြယ္ေလးသို႔ေရာက္ေနၿပီ။ဒါႏွင့္Quလဲေအးေဆးစြာဝင္သြားလိုက္ပါသည္။
𐮜 𐮜 𐮜
လီယြန္ဟုနာမည္ေပးထားတဲ့ေၾကာင္နက္ေလးအားေနသန္ထိုင္ပြတ္ေနရင္းေနရာစိမ္းမလို႔မ်က္စိမ်ားကဂဏာမၿငိမ္ေလွ်ာက္ၾကည့္ေနမိသည္။တစ္ေအာင့္ၾကာက ယုန္ျဖဴတစ္ခ်ိဳ႕ကိုေတြ႕လိုက္ပါေသာ္လည္း သူ႔ကိုျမင္၍လားမသိထြက္ေျပးသြားၾကၿပီးသစ္ေတာထဲသို႔ၾကည့္ပါလွ်င္လည္းမ်က္လုံးအစုံေပါင္းမ်ားစြာကေနသန႔္အားေစာင့္ၾကည့္ေနၾကမွန္းေနသန္သိရသည္။
လီယြန႔္ေနာက္လိုက္ရင္းဒီထိေရာက္လာခဲ့သည္ျဖစ္သည္။သူတို႔ၿမိဳ႕ျပင္တြင္ဒီလိုမ်ိဳးေနရာေတြရွိသည္လို႔သိမထားတာေၾကာင့္ အံ့ဩစြာစြာျဖင့္ၾကည့္ေနမိသည္ျဖစ္၏။
ေရတံခြန္ထံမွတစ္ဆင့္စီးက်လာေသာေရမ်ားသည္ဤေရကန္အိုင္ေသးေသးေလးအတြင္းသို႔စီးဆင္းကာဤေနရာ၌တြင္အေျခခ်ၾကသည္။ေဘးနားရွိေတာင္ကုန္းေလးလိုမို႔ေမာက္ေနေသာေနရာတြင္ႏွင္းထုႀကီးမ်ားကဖုံးလႊမ္းလို႔ေနၿပီးေဘးနားတြင္ဝန္းရံထားေသာသစ္ပင္မ်ားကလဲတစီတတန္းတည္းလွပလို႔။အံ့ဩဖြယ္ရာအလွအပကိုေနသန္ပထမဆုံးရႈစားရသည္ျဖစ္သျဖင့္အနည္းငယ္ေတာ့ဝမ္းသာမိသည္ဟုဆိုရမည္။
"မင္းကဒီမွာေနတာေပါ့ ဟုတ္လား"
ေနသန္သူ႔ေဘးနားတြင္ငုတ္တုပ္ထိုင္ေနေသာလီယြန႔္အားပြတ္ရင္းေခါင္းေလးငုံ႔ကာတိုးညႇင္းစြာေမးလိုက္ေလသည္။ထို႔ေနာက္တြင္လမ္းသြယ္ေလးလိုျဖစ္ေနေသာေနရာထံသို႔ဘာမွမဆိုင္ပါဘဲမသိစိတ္ကအာ႐ုံေရာက္လို႔သြားသည္။ေနသန္ဘာေၾကာင့္မွမဟုတ္ထိုလမ္းသြယ္ေလးထဲသို႔အာ႐ုံစူးစိုက္ကာၾကည့္ေနမိ၏။
တစ္စကၠန္႔ .. ႏွစ္စကၠန္႔ ..
အခ်ိန္တစ္ခုအၾကာတြင္ေတာ့ထိုလမ္းၾကားေလးထဲမွာတစ္စုံတစ္ရာရွိေနသည္ကို ေနသန္ရိပ္မိလိုက္ေလသည္။
"..."
တျဖည္းျဖည္းတရိပ္ရိပ္ႏွင့္႐ုပ္လုံးေပၚလာေသာလူရိပ္ေလးကိုျမင္သည္ထိေနသန္ဘာမွမလႈပ္ရွားျဖစ္ေသး။လူရိပ္ေလးသည္ေအးေဆးစြာေလွ်ာက္လွမ္းလို႔လာၿပီး သူေရွ႕တည့္တည့္ရွိေနသန႔္အားလည္းအာ႐ုံစိုက္မိဟန္မတူ။ေနသန္မ်က္လုံးေလးေပကလပ္ေပကလပ္ႏွင့္စိုက္ၿမဲစိုက္ၾကည့္ေနမိ၏။တစ္ဖက္မွQuကလဲေနသန႔္အနီးသို႔ေလွ်ာက္လွမ္းၿမဲေလွ်ာက္လွမ္းလို႔လာ၏။
ေနသန္ရွိေသာေနရာနားေလးသို႔ေရာက္ခါမွQu၏မ်က္လုံးမ်ားဟာေဘးဘီသို႔ေဝွ႔ကာကစားမိရင္းေရွ႕တည့္တည့္ရွိလူရိပ္လိုပုံ႑ာန္ကိုျဖတ္ခနဲျမင္လိုက္ရသြားသည္။ထိုအခါQuကိုယ္ေလးတုံ႔ခနဲရပ္လို႔သြားပါ၏။
ေနသန္ကလဲQuအားစိုက္ၾကည့္ေန၏။
Quဟာလဲအံ့ဩစြာျဖင့္တစ္ဖက္လူအားစိုက္ၾကည့္ေနပါ၏။ထိုတစ္ခဏတြင္ေတာ့ ေကာင္းကင္ယံထက္မွျမဴႏွင္းမ်ားဟာျဖည္းျဖည္းခ်င္းက်ဆင္းေနရာမွရပ္လို႔သြားသည္ထင္၏။
ေလအေဝ့ဟာလဲသူတို႔ႏွစ္ေယာက္ၾကားသို႔ ျဖည္းညႇင္းစြာတိုက္ခတ္လို႔သြားသည္ထင္၏။
တစ္ေယာက္မ်က္လုံးတစ္ေယာက္စိုက္ၾကည့္ေနၾကတဲ့ေကာင္ေလးႏွစ္ေယာက္ဟာ သတိလက္လြတ္ေငးစိုက္ၾကည့္ေနတဲ့တစ္ခဏအင္အားေပါင္းမ်ားစြာကႏွစ္ေယာက္အားေလထုထဲသို႔ပင့္တင္ေပးလိုက္သည္ထင့္..။
ထိုအခ်ိန္သဘာဝတရားႀကီးဟာေဘးနားကေနသူတို႔အားတီးတိုးေျပာကာဆိုေလသည္။
အလွပဆုံးေသာခ်စ္ျခင္းတရားေတြဟာ
မေမွ်ာ္လင့္တဲ့အခ်ိန္၊မေမွ်ာ္လင့္တဲ့ေနရာမွာမေမွ်ာ္လင့္ေသာသူနဲ႔ႀကဳံေတြ႕တဲ့အခ်ိန္မွာစတင္ပါသတဲ့ေလ။
Thanks.
ReplyDeleteDone🌸
ReplyDeleteDone 🍀
ReplyDeleteDone 💪
ReplyDelete