A Sweven Elegy from Nature - Chapter 4

 Unicode


အခန်း (၄)


Quတစ်ယောက်လှစ်ခနဲပြေးထွက်လို့လာခဲ့သည်။ဘာမဆိုညာမဆိုချက်ချင်းလှည့်ကာထွက်ပြေးသွားသောကောင်လေးအားနေသန်၏မျက်လုံးများကတစ်ခဏမျှထိလိုက်ကြည့်နေပါသေး၏။ဖြတ်ခနဲအသိဝင်လာလေတဲ့အချိန်နေသန့်ပါးစပ်ကနေလွှတ်ခနဲထွက်သွားသည်က . .


"နေပါအုန်း..."တဲ့။


သို့သော်Quတစ်ယောက်ကြားပေတော့မည်မဟုတ်တော့။သူသည်ဟိုးအဝေးတစ်နေရာကိုပြေးလို့သွားနေပြီဖြစ်ပြီးမရပ်မနားကြောက်လန့်တကြားပြေးလွှားလို့နေပါသည်။


စိတ်ထဲတွင်ခံစားချက်ပေါင်းစုံနှင့်စိတ်လှုပ်ရှားလို့နေပြီးလေ၏အလျင်လိုပြေးနေမိသဖြင့်Qu၏ခန္ဓာကိုယ်သည်နှလုံးခုန်မှုမြင့်တက်လာသည်နှင့်အမျှတဖြည်းဖြည်းအားနည်းလို့လာလေသည်။


ရုတ်တရက်မထင်မှတ်သောအရာအားကြုံလိုက်ရပြီးများစွာတုန်လှုပ်ကြောက်လန့်သွားတာကြောင့်ခန္ဓာကိုယ်ကပို၍ပင် ပန်းတော့သည်ထင်၏။


အေးစက်နေသောလေစိမ်းများကQuရဲ့ရင်ဘတ်ထဲသို့အင်နှင့်အားနှင့်ဆောင့်လို့ဝင်ပါ၏။ဒါကိုလဲQuဂရုမစိုက်အားသေး။အဆိုးဆုံးကဒီတလောနေမကောင်းဖြစ်နေသည်ကိုပင်မေ့ကာပြေးမြဲပြေးနေမိ၏။


အချိန်ကြာလာသည်နှင့်တဆစ်ဆစ်ကိုက်ခဲလာသောခြေလက်များနှင့်အရိုးထဲထိစိမ့်ဝင်လာသောလေအေးများ။Quတစ်ယောက်တကယ်ပဲဘာမှမမြင်ပေတော့။သူပြေးမြဲသာပြေးနေပေတော့သည်။


တစ်ယောက်ထဲကြောင်ကာကျန်ရစ်ခဲ့လေသောနေသန့်အားလီယွန်ကခေါင်းလေးနှင့်လှုပ်ကာနှိုးလိုက်လေ၏။ထိုအခါမှ နေသန်တစ်ယောက်ပြန်လည်အသက်ဝင်လို့လာသည်။ထို့နောက်ခဏအကြာတွင်တော့လှုပ်လှုပ်ရှားရှားဖြစ်လို့လာသည်။အသိဝင်လာချင်းချင်းသူသည်ရုတ်တရက်ဆတ်ခနဲထကာဝတ်ထားသောအနွေးထည်အထူကြီးအားဆွဲချွတ်ပစ်လေတော့သည်။ပူသည်။ပူသည်။နေသန်ဒါပဲသိသည်။ပူသည်။အလွန်ပူ၏။


လီယွန်ကမူနေသန့်ရဲ့မူမမှန်သောလုပ်ရပ်တွေကိုအသေးစိတ်မျက်မှောင်ကြုတ်ကာထိုင်ကြည့်နေ၏။နေသန်သည်အင်္ကျီတွေကိုတစ်ဆင့်ချင်းချွတ်ပစ်လိုက်ပြီးနောက်ဆုံးအင်္ကျီတစ်ထည်ကျန်မှသာရပ်တန့်တော့၏။ထို့နောက်ဒူးပေါ်လက်တင်ကာမောဟိုက်စွာအသက်ကိုလု၍ရှုနေ၏။


​ဒီဇင်ဘာ၏အေးခဲလှသောဆောင်းရာသီကြီးတွင်နေသန်တစ်ယောက်ချွေးပြိုက်ပြိုက်ထွက်လို့နေလေ၏။ခန္ဓာကိုယ်တစ်ခုလုံးပူလောင်နေပြီးစိတ်လှုပ်ရှားလွန်းနေသဖြင့် ယခုသူဘာဖြစ်နေသည်ကိုပင်သေချာမသိတော့။


မျက်လုံးများကိုအကြိမ်ကြိမ်မှိတ်လိုက်၊ဖွင့်လိုက်လုပ်ပါသော်လည်းသူ၏ဦးနှောက်ထဲတွင်စွဲထင်နေသောမျက်ဝန်းစိမ်းစိမ်းတွေကပုံနှိပ်တံဆိပ်လိုနေသန့်နှလုံးသားအတွင်းစတင်ထုဆစ်နေလေတော့သည်။


တစ်ယောက်ကကြောက်ရွံ့ကာပြေးလွှားသည်။တစ်ယောက်ကထိတ်လန့်မောဟိုက်ကာကျန်ရစ်ခဲ့သည်။ဖြစ်ပျက်သွားပုံခြင်းမတူပေသော်ငြားတူညီသည်ကတော့ သူတို့သည်သူတို့ဘဝတွင်ဘယ်တုန်းကမှဤသို့တုန့်ပြန်လိမ့်မည်ဟုမထင်မှတ်ထားသောတုံ့ပြန်မှုများကိုသူတို့ကိုယ်တိုင်လက်ခံရပေတော့သည်။


‎                          𐮜 𐮜 𐮜


Giethoornမြို့အလွန်ရှိတောင်ကုန်းများသည်အလွန်တရာမှလှပရက်ပေသည်။ပန်းမျိုးစုံနှင့်အရောင်စုံလင်လို့နေပြီးတောင်တန်းတစ်လျှောက်ပန်းပင်များပုံစံမျိုးစုံဖြင့်ပေါက်ရောက်၏။တောင်ကုန်းအလွန်ရှိသစ်တောကြီးဟာဆိုရင်လဲစိမ်းစိုလို့နေကာ အသက်ဝင်နေပေသည်။နွေဦးရာသီဖြစ်သဖြင့်တိရစ္ဆာန်လေးများကအပြင်သို့ထွက်လာကာကွင်းပြင်ကျယ်ကြီးထဲသို့လာကျက်စားကြပြီးလိပ်ပြာငယ်များလဲလာရောက်နားခိုကြသည်။


ဟိုး တောင်ထိပ်ပေါ်တွင်သိုးအုပ်တစ်စုလဲရှိပေသည်။နွားအုပ်တစ်စုသည်လဲထိုသိုးအုပ်တစ်စုဘေးတွင်ရှိလို့နေပေပြီးထိုမြက်ခင်းလွင်ပြင်ကြီး၏ဘေးတွင်တော့လမ်းသွယ်ဖြစ်ဟန်တူသောလမ်းကြောင်းလေးရှိပြီးထိုလမ်းကြောင်းသည်တောနက်ကြီးဆီသို့ဦးတည်လို့ထား၏။


တောအုပ်ထဲတွင်မူထူးဆန်းသောရေကန်လေးတစ်ကန်ရှိလေသည်။ငန်းဖြူများက သူတို့အပိုင်ဟုမူပိုင်ယူထားပါသော်လည်းထိုရေကန်လေးသည်တောရိုင်းထဲမှတိရစ္ဆာန်ပေါင်းစုံတို့အမြဲလာကာကျက်စားကြသောတစ်ခုတည်းသောနေရာဖြစ်သည်။ဘေးနားတွင်တောင်ကုန်းကဲ့သို့မို့မို့လေးဖြစ်နေသောနေရာလွတ်တစ်ခုရှိပြီးယခုမူထိုနေရာသည်နွေဦးရာသီ၏အာဏာစက်ကြောင့်တစိမ်းစိမ်းဖြင့်ရွှင်လန်းလို့ပေးနေရပါသည်။


နေသန်ဘေးနားကမြက်ပင်တစ်ပင်ကို ကောက်ကာနှုတ်လိုက်ပြန်သည်။ထို့နောက်ရေကန်ထဲသို့လှမ်းကာပစ်လိုက်သည်။ထို့နောက်တစ်ဖန်လက်ကမြက်ပင်တစ်ပင်ထံရောက်သွားပြန်သည်။ဤသို့လုပ်နေသည်မှာမရေမတွက်နိုင်ဖြစ်ပြီးနေသန်မှာမူ မရပ်မနားမပျင်းမရိလုပ်မြဲလုပ်လို့နေသည်။သူသည်တောအုပ်လေးထဲသို့လာသောလမ်းသွယ်လေးမှလူတစ်ဦးကိုစောင့်စားနေတာဖြစ်သည်။


​နေ့စဉ်မပြတ်အချိန်မှန်မှန်ဤနေရာတွင် နေသန့်အားတွေ့ရတတ်သောကြောင့်တစ်ချို့ယုန်လေးများပင်နေသန့်အားတွေ့နေကျဖြစ်နေပြီဖြစ်၍လွတ်လပ်စွာသူ၏ဘေးတွင်သွားလာလှုပ်ရှားနေကြပေပြီ။နေသန်သည်သိပ်လဲမလှုပ်ရှားတတ်၊သူတို့ကိုကြောက်သည့်ဟန်လဲမပေါ်၊အန္တရယ်ပေးမည့်ပုံလဲမပေါ်သောကြောင့်စိတ်အေးလက်အေးဖြင့်ပင်နေသန့်အနားသွားလာကြ၏။


တကယ်လဲဟုတ်ပေသည်။

နေသန်သည်ငုတ်တုတ်ထိုင်နေပြီးမြက်ပင်များကိုအနုကြမ်းဖျက်ဆီးနေခြင်းမှအပ တခြားဘာဆိုဘာမှလုပ်မနေပေ။ပျင်းလဲပျင်းနေပုံမပေါ်၊ညည်းလဲမညည်းညူနေဒီတိုင်းသူအရမ်းကိုထမ်းဆောင်ချင်နေသည့်တာဝန်တစ်ရပ်အားထမ်းဆောင်နေသကဲ့သို့တစ်စုံတစ်ယောက်ကိုသာစောင့်မြဲစောင့်မျှော်လျက်ရှိနေပါ၏။


‎                          𐮜 𐮜 𐮜


ပန်းတွေစုံလင်စွာဖြင့်မြင်ရသောအိမ်လေးတစ်အိမ်ရှိ၏။တောင်ကုန်းပေါ်တွင်တစ်ထီးတည်းတည်ရှိလို့နေပြီးခိုင်ခိုင်မာမာတည်ရှိလို့လဲနေ၏။ခြံဝင်းဘေးတွင်တော့ နွားတစ်ချို့အားတွေ့မြင်ရတတ်ပြီးတစ်ခါတစ်လေအိမ်ပိုင်ရှင်ဖြစ်သူကလဲကျွေးမွေးစောင့်ရှောက်ထားဟန်နှင့်တူသည်။


အိမ်လေး၏အရှေ့တွင်မူသစ်ဆွေးခုံလေးတစ်ခုရှိသည်။ထိုအရာသည်ထိုအိမ်လေးထဲရှိလူ၏အပျင်းပြေစာဖတ်လေ့ရှိသောနေရာဖြစ်၏။ယခုတွင်ပေတော့ကြောင်နက်လေးတစ်ကောင်မှေးစက်လျက်ရှိ၏။


ကျွီ။


တံခါးတစ်ချက်ပွင့်လာကာအိမ်လေးထဲမှ ထွက်လာ၍အဝတ်လာလှမ်းသောQuအား သစ်ဆွေးပေါ်တွင်မှေးစက်နေသောလီယွန်ကဘုကြည့်ကြည့်သည်။Quကလဲလီယွန့်အားမြင်​တော့ဘုကြည့်ပြန်ကြည့်ပစ်လိုက်ပြီးသူ့ကိုတမင်တကာရှောင်ဖယ်လို့သွားပြီးအဝတ်တွေကိုသူ့နေရာတွင်သွားလှမ်းနေသည်။


ပြီးနောက်ပြန်အဝင်ခြံဝင်းထဲရှိအသစ်စိုက်ထားသောပန်းပင်တို့ကိုတစ်ချက်စီစစ်ပြီးအိမ်ထဲဝင်ဟန်ပြုသည်။ထိုသို့မလုပ်မီQuသည်အတွေးတစ်ချက်ပေါ်ဟန်ဖြင့် လီယွန့်အားနောက်ပြန်လှည့်ကြည့်ကာစကားဆိုလေ၏။


"မလာဘူးလား နွားနို့ရှိသေးတယ် လာခဲ့"


လီယွန်ကမဖြေပါ။Quနှင့်ဝေးရာတစ်နေရာသို့တမင်သက်သက်ပြန်မဖြေပဲကြည့်နေပါ၏။ထိုအခါQuကလဲနှာခေါင်းရှုံ့ကာပြလိုက်ပြီးအိမ်တံခါးကိုဒုန်းခနဲမြည်အောင်ပိတ်သွားသည်။ဟိုတစ်ပတ်ကမှနေလို့ထိုင်လို့ပြန်ကောင်းလာသဖြင့်သိပ်တော့လှုပ်လှုပ်ရှားရှားလုပ်လို့မရသေး။


Quဆိုဖာပေါ်သို့ပစ်လှဲချလိုက်ပြီးအနားယူလိုက်သည်။မျက်စိမှိတ်လိုက်သည်နှင့်ပေါ်လာတတ်သောထိုစူးရှရှနုံတုံတုံ အကြည့်တွေကိုဒီတစ်ခါတော့အပြည့်အဝကြည့်ပစ်လိုက်မည်ဟုကြုံးဝါးပစ်လိုက်ပြီး မျက်စိကိုစုံမှိတ်ချပစ်လိုက်သည်။စက္ကန့်အကြာအထိငြိမ်နေပြီးမှတစ်ခဏအကြာမှာတော့ခန္ဓာကိုယ်ကတဖြည်းဖြည်းနိမ့်ချီ၊မြင့်ချီဖြစ်လာပြီးနောက်တသိမ့်သိမ့်တုန်ရင်လာကာစတင်စိတ်လှုပ်ရှားလာပါတော့သည်။


Qu၏ခန္ဓာကိုယ်နှင့်အသိစိတ်ကထိုအကြည့်တွေကိုအလွန်သဘောကျဟန်တူသည်။ဒါကြောင့်သူ့ကိုစိတ်လှုပ်ရှားစေ၍ နှလုံးခုန်မြန်လာစေသည်မဟုတ်ပေလား။Quလက်တွေကိုကျစ်ကျစ်ပါအောင်ဆုပ်ထားပါသော်လည်းနောက်ဆုံးမျက်လုံးကိုသာဖွင့်လိုက်ရသည်။


အချိန်တွေသာ ကြာသွားသည်။

Quဟာထိုနေ့ကတည်းကထိုမျက်ဝန်းတွေကိုပဲအိမ်မက်မက်နေမိ၏။နေ့ကော၊ညကော၊မနက်ကောအချိန်တိုင်းသူ့နှယ်လွမ်းဆွတ်နေသနှယ်ပင်ဖြစ်လို့နေ၏။သူ့တစ်သက်တွင်မဖျားဖူးသောဖျားနာခြင်းကိုလဲရင်ဆိုင်လိုက်ရပြီးနှလုံးသားနေရာတွင်လဲဆူးချွန်ဖြင့်ထိုးစိုက်ထားသလိုတဆစ်ဆစ်နာကျင်ရပါ၏။


လီယွန်သည်လဲထိုနေ့မှစ၍Quအားအရင်လိုစကားမပြောတော့ဘဲအပြင်မှာသာ နေထိုင်သည်။သူဘာကိုဆိုလိုနေခြင်းမှာQuသိပါသော်လည်း 'ဟင့်အင်' သူအဲ့ဒီကိုတော့ထပ်မသွားချင်ပါ။သူကြောက်၏။


သူတကယ်ကြောက်ပါ၏။

ပထမကတော့လူတစ်ယောက်ဖြစ်နေလို့

ကြောက်သည်ပေါ့။ဒုတိယကတော့ထိုမျက်ဝန်းများကိုကြောက်သည်။တတိယ..ကဖြင့် Qu .. Quကိုယ့်ကိုယ်ကိုယ်ကြောက်သည်။သူ့ရှေ့ရောက်သွားလျှင် ဖြစ်ပျက်သွားတဲ့ မိမိပုံစံကိုကြိုက်လဲမကြိုက်၊ကြောက်လဲကြောက်၏။


သို့ပေတည်းမသိစိတ်ကတော့ဖြင့်ထိုသူ့ထံသို့သာဝင်ရောက်ချင်မိသည်။ကိုယ့်ရဲ့တစ်စိတ်တစ်ဒေသပျောက်ဆုံးသွားသလိုမျိုး ခံစားချက်ကိုကိုယ်တိုင်ခံစားရသည်မှာ သိပ်တော့အဆင်မပြေလှ။


Quလက်ကိုင်ပုဝါအရှည်လေးကိုတဘက်လိုလည်ပင်း၌လွှမ်းခြုံလိုက်ပြီးလျှင်သက်ပြင်းကိုဖြည်းညှင်စွာချရင်းစတင်ထွက်ခွာလာခဲ့သည်။


လမ်းတစ်လျှောက်လုံးနောက်ပြန်လှည့်ဖို့လုပ်တာကအကြိမ်တစ်သောင်း။ပြီးတော့ သူကကောအဲ့ဒီမှာရှိနေမှာမို့လို့လား။မရှိနေလောက်ပါဘူးလေ။ဒါဆိုတော်တော်အဆင်ပြေသည်။သူကတ်စ်ပါတို့ကိုလဲသူလွမ်းလှပြီဖြစ်၏။


ထိုအကြံနှင့်တက်ကြွစွာခြေလှမ်းလာသောQu၏ခြေလှမ်းများကိုတစ်စုံတစ်ခုကရှေ့ကနေပိတ်ကာကာဆီးလိုက်လေ၏။သေချာပြောရမည်ဆိုလျှင်တစ်စုံတစ်ယောက်။စစမြင်လိုက်ရသည်မှာရင်ခွင်အကျယ်ကြီးတစ်ခုဖြစ်ပြီးအမည်းရောင်ချည်သားအင်္ကျီပါတွဲလျက်မြင်ရသည်။လက်နှစ်ဖက်ကသူ၏အပေါ်အင်္ကျီကုတ်အိပ်ကပ်ထဲသို့လျှိုထည့်ထားပြီးခြေတန်းများကမူအောက်ထိတဖြောင့်တည်း။


နှလုံး၏စည်းချက်အတိုင်းQuတိတ်တဆိတ်ရေရွတ်မိသည်။ 'အဲ့လူ မဖြစ်ပါစေနဲ့ အဲ့လူမဖြစ်ပါစေနဲ့' လို့ရေရွတ်ကာမျက်လုံးမှိတ်ခေါင်းမော့ကြည့်လိုက်သော်လည်း ရင်ဆိုင်လိုက်ရသည်မှာသူ့အားစိတ်တိုစွာဖြင့်ကြည့်နေသောသူမဖြစ်ဖို့ဆုတောင်းထားသည့်သူ၏မျက်ဝန်းများဖြစ်သည်။


ပထမတော့Quအရင်အတိုင်းကြောက်လို့သွားပေမယ့်စူးစိုက်ကာမျက်မှောင်တွေကိုတွန့်ထားတဲ့မျက်ခုံးနှင့်ထိုမျက်ဝန်းများကိုသေချာမြင်လိုက်ရတဲ့အချိန်စိတ်ထဲဘာလို့မှန်းမသိနေလို့ကောင်းသွားသည်။နောက်တော့Quလဲဘာဆက်လုပ်ရမည်မှန်းမသိသဖြင့်ထိုနားတွင်ပဲရပ်ကာခေါင်းကိုအောက်သို့စိုက်ကာထားလိုက်၏။


ရှေ့တွင်ထီးထီးမားမားကြီးရပ်ကာနေသောလူကြီးအားတစ်ခါ၊တစ်ခါဘာလုပ်ရမည်မသိသဖြင့်ခိုးခိုးကြည့်ပါသော်လည်းကြာကြာတော့မကြည့်ရဲ။


အဘယ်ကြောင့်ဆိုသော်အကျွန်ုပ်၏နှလုံးသားသည်ဤလူနှင့်တွေ့လျှင်ထိန်းမနိုင်သိမ်းမရသည့်စပ်စလူးပြာကလပ်စိမ်ကလေး ဖြစ်သွားပေသောကြောင့်ဖြစ်သည်။


"မင်း ဘာလို့ပြန်မလာတာလဲ"


အချိန်အနည်းငယ်ကြာသော်ထိုသူ့ထံမှနွေးထွေးမှုရှိသော်လည်းအေးစက်ကာနေသောအသံခပ်အောအောစကားသံထွက်လို့လာသည်။အမူအရာမပျက်သူ့ကိုကြည့်နေသည်မှာသူ့အားအကောင်လိုက်မြိုချတော့မည်အတိုင်းပင်။Quအပေါ်သို့တစ်ချက်မော့ကြည့်ကာသူ၏မျက်ဝန်းများကိုကြည့်ပြီးမှ အမှန်တိုင်းဖြေလိုက်သည်။


"နေမကောင်းလို့"


".."


ချက်ချင်းမျက်မှောင်ထပ်ကြုံ့သွားကာသူ၏လက်အားလာရောက်ဆုပ်ကိုင်သောလူကြီးအားQuကြောက်မနေဘဲအံ့ဩစွာကြည့်နေမိသည်။ထို့နောက်ထကာတစ်ခုခုကိုကိုင်ပေါက်တော့မည့်နှယ်ပုံနှင့်မျက်နှာကဖြစ်ပျက်လို့သွားသောလူကြီးသည်Quအားမော့ကြည့်လာ၏။


"..."


Quမဖုံးကွယ်နိုင်ဘဲစိတ်ထဲကရယ်ချင်စိတ်မှာမျက်နှာပေါ်သို့ထိုးတက်ကာလာလေသည်။သို့သော်လူတစ်ယောက်ကားဤသို့ပြုမူနေထိုင်ရမည်မဟုတ်သဖြင့်ဟန်ဆောင်ချောင်းဆိုးလိုက်ကာရယ်ကျဲကျဲဖြင့်ပင် အေးဆေးစွာဆိုလိုက်သည်။


"အဆင်ပြေပါတယ်..ငါကသိပ်ဖျားတတ်တဲ့သူမျိုးမဟုတ်ပါဘူးလေ ဒီတစ်ခါသိပ်ထူးဆန်းတယ်"


"ငါစောင့်နေရတာ"


"..."


"...."


"..မင်း ဒီသုံးလလုံးတစ်ယောက်တည်း

ဒီမှာငါ့ကိုထိုင်စောင့်နေတာလား အို!ခက်လိုက်ပါဘိနှယ်"


နေသန်ကမျက်နှာငယ်လေးနှင့်အသနားခံကာခေါင်းငြိမ့်ပြလိုက်သောကြောင့်Quကတစ်ခုခုကိုတွေးမိသည့်နှယ်ခပ်တွေတွေဖြင့်စကားပြန်လာသည်။


"အာ..ဒါဆိုတော်တော်စောင့်လိုက်ရမှာပဲ

​Sorry!"


ထို့နောက်Quကသူ့အားဆုပ်ကိုင်ထားသောနေသန့်လက်အားစိုက်ကြည့်လိုက်သည်။နေသန်ကထိုအခါမှသူ့အားကြီးနှင့်ဆုပ်ကိုင်ထားသောQu၏လက်အားမလွှတ်ချင်၊လွှတ်ချင်နဲ့လွှတ်ပေးသည်။မလွှတ်ပေးသေးခင်ထိကိုQuအားတကြည့်ကြည့်နှင့်ကိုင်ခွင့်ပေးပါ၊ကိုင်ခွင့်ပေးပါဟုခွင့်တောင်းနေသောမျက်လုံးများဖြင့်အကြိမ်ကြိမ်တောင်းဆိုနေသေးသည်။


Quထပ်ကာရယ်ချင်ပါသောကြောင့်နေသန်သူ့စိတ်ကိုထိန်းကာသူ့အားလွှတ်ပေးလိုက်ရသဖြင့်စိတ်ပျက်နေတဲ့မျက်နှာကြီးအားတည့်တည့်မတ်မတ်ရှုစိုက်ကာကြည့်လိုက်ပါ၏။ထိုအခါရုတ်တရက်ဆန်စွာဖြင့်နောက်သို့ဆုတ်လို့သွားသောနေသန်။စတွေ့ကတည်းကမလှုပ်မယှက်သူကြီးက ယခုမှစတင်ကာလှုပ်ရှားလေတော့သည်။


လှုပ်လေတော့လည်းထူးထူးဆန်းဆန်းဖြင့်။ဘာလို့နောက်ဆုတ်သွားရသနည်း။


"..."


နေပါအုန်း ဒါ..သူ့ကိုကြောက်နေသည်လား။Quသံသယအပြည့်နှင့်ရှေ့သို့တိုးကြည့်လိုက်သည်။ဧကန်မှန်စွာပင်သူကနောက်ဆုတ်လို့သွားသည်။Quတစ်ခါရှေ့တိုးကြည့်ပြန်သည်။သူကနောက်ဆုတ်ပြန်သည်။ရှေ့တိုးကြည့်သည်။နောက်သို့ဆုတ်လေ၏။ဒီတစ်ကြိမ်တော့Quရှေ့ကိုခပ်မြန်မြန်တိုးချလိုက်သည်။


ထိုအခါနေသန်ကမျက်လုံးများပြူးကျယ်သွားကာလှစ်ခနဲအောက်သို့ခေါင်းရှိုကာထိုင်ချလိုက်လေတော့သည်။ရုတ်တရက်ကုတ်ကုတ်ကလေးထိုင်ချလိုက်သောနေသန့်ကြောင့်ဒီတစ်ခါတော့Quမထိန်းနိုင်တော့ဘဲထကာအော်ရယ်ပါတော့သည်။


"ဟားဟား ဟားဟားဟားဟား သူကဒီလိုလေး..ဟားဟား ငါ့ကိုကြောက်လို့တဲ့ ဒီလို..ဒီလိုလေးငုံ့သွားတာတဲ့...ဟားဟား.."


Quရယ်နေသည်ကိုမျက်နှာငယ်လေးနှင့် မော့ကြည့်နေသောထိုလူသည်ကျားပေါက်လေးတစ်ကောင်နှင့်အလွန်ဆင်လှသည်ဟုတွေးမိသောကြောင့်သေချာစိုက်ကြည့်နေမိ၏။ထိုအခါနေသန်ကQuသူ့ကိုကြည့်နေသည်မြင်တော့တစ်ဖက်သို့ချက်ချင်းလှည့်ကာသွားသည်။


ထို့နောက်အလုံးလုံးထွေးထွေးနှင့်စကားတစ်ခွန်းကိုပြောလာလေသည်။


"မကြည့်နဲ့"


"ဟမ်..ဘာပြောတာ"


"မ..မကြည့်နဲ့လို့"


"ဟင်...ဘာကြောင့်တုန်း ငါလူတစ်ယောက်ကိုအခုမှလက်တွေ့မြင်ဖူးတာ သေချာကြည့်အုန်းမှပေါ့ဘာဖြစ်လို့မကြည့်ခိုင်းရတာလဲ Do you seriously think I'm an elf or something.."


နေသန်ကခေါင်းလေးကိုရှိုကာကြုံ့ဝင်သွားပြန်သည်။Quမေးခွန်းကိုထပ်ကာမေးလိုက်သည်။


"ဟမ်လို့"


"ငါ ငါ ရှက် ရှက်လို့.."




Zawgyi


အခန္း (၄)


Quတစ္ေယာက္လွစ္ခနဲေျပးထြက္လို႔လာခဲ့သည္။ဘာမဆိုညာမဆိုခ်က္ခ်င္းလွည့္ကာထြက္ေျပးသြားေသာေကာင္ေလးအားေနသန္၏မ်က္လုံးမ်ားကတစ္ခဏမွ်ထိလိုက္ၾကည့္ေနပါေသး၏။ျဖတ္ခနဲအသိဝင္လာေလတဲ့အခ်ိန္ေနသန႔္ပါးစပ္ကေနလႊတ္ခနဲထြက္သြားသည္က . .


"ေနပါအုန္း..."တဲ့။


သို႔ေသာ္Quတစ္ေယာက္ၾကားေပေတာ့မည္မဟုတ္ေတာ့။သူသည္ဟိုးအေဝးတစ္ေနရာကိုေျပးလို႔သြားေနၿပီျဖစ္ၿပီးမရပ္မနားေၾကာက္လန႔္တၾကားေျပးလႊားလို႔ေနပါသည္။


စိတ္ထဲတြင္ခံစားခ်က္ေပါင္းစုံႏွင့္စိတ္လႈပ္ရွားလို႔ေနၿပီးေလ၏အလ်င္လိုေျပးေနမိသျဖင့္Qu၏ခႏၶာကိုယ္သည္ႏွလုံးခုန္မႈျမင့္တက္လာသည္ႏွင့္အမွ်တျဖည္းျဖည္းအားနည္းလို႔လာေလသည္။


႐ုတ္တရက္မထင္မွတ္ေသာအရာအားႀကဳံလိုက္ရၿပီးမ်ားစြာတုန္လႈပ္ေၾကာက္လန႔္သြားတာေၾကာင့္ခႏၶာကိုယ္ကပို၍ပင္ ပန္းေတာ့သည္ထင္၏။


ေအးစက္ေနေသာေလစိမ္းမ်ားကQuရဲ႕ရင္ဘတ္ထဲသို႔အင္ႏွင့္အားႏွင့္ေဆာင့္လို႔ဝင္ပါ၏။ဒါကိုလဲQuဂ႐ုမစိုက္အားေသး။အဆိုးဆုံးကဒီတေလာေနမေကာင္းျဖစ္ေနသည္ကိုပင္ေမ့ကာေျပးၿမဲေျပးေနမိ၏။


အခ်ိန္ၾကာလာသည္ႏွင့္တဆစ္ဆစ္ကိုက္ခဲလာေသာေျခလက္မ်ားႏွင့္အ႐ိုးထဲထိစိမ့္ဝင္လာေသာေလေအးမ်ား။Quတစ္ေယာက္တကယ္ပဲဘာမွမျမင္ေပေတာ့။သူေျပးၿမဲသာေျပးေနေပေတာ့သည္။


တစ္ေယာက္ထဲေၾကာင္ကာက်န္ရစ္ခဲ့ေလေသာေနသန႔္အားလီယြန္ကေခါင္းေလးႏွင့္လႈပ္ကာႏႈိးလိုက္ေလ၏။ထိုအခါမွ ေနသန္တစ္ေယာက္ျပန္လည္အသက္ဝင္လို႔လာသည္။ထို႔ေနာက္ခဏအၾကာတြင္ေတာ့လႈပ္လႈပ္ရွားရွားျဖစ္လို႔လာသည္။အသိဝင္လာခ်င္းခ်င္းသူသည္႐ုတ္တရက္ဆတ္ခနဲထကာဝတ္ထားေသာအေႏြးထည္အထူႀကီးအားဆြဲခြၽတ္ပစ္ေလေတာ့သည္။ပူသည္။ပူသည္။ေနသန္ဒါပဲသိသည္။ပူသည္။အလြန္ပူ၏။


လီယြန္ကမူေနသန႔္ရဲ႕မူမမွန္ေသာလုပ္ရပ္ေတြကိုအေသးစိတ္မ်က္ေမွာင္ၾကဳတ္ကာထိုင္ၾကည့္ေန၏။ေနသန္သည္အက်ႌေတြကိုတစ္ဆင့္ခ်င္းခြၽတ္ပစ္လိုက္ၿပီးေနာက္ဆုံးအက်ႌတစ္ထည္က်န္မွသာရပ္တန႔္ေတာ့၏။ထို႔ေနာက္ဒူးေပၚလက္တင္ကာေမာဟိုက္စြာအသက္ကိုလု၍ရႈေန၏။


​ဒီဇင္ဘာ၏ေအးခဲလွေသာေဆာင္းရာသီႀကီးတြင္ေနသန္တစ္ေယာက္ေခြၽးၿပိဳက္ၿပိဳက္ထြက္လို႔ေနေလ၏။ခႏၶာကိုယ္တစ္ခုလုံးပူေလာင္ေနၿပီးစိတ္လႈပ္ရွားလြန္းေနသျဖင့္ ယခုသူဘာျဖစ္ေနသည္ကိုပင္ေသခ်ာမသိေတာ့။


မ်က္လုံးမ်ားကိုအႀကိမ္ႀကိမ္မွိတ္လိုက္၊ဖြင့္လိုက္လုပ္ပါေသာ္လည္းသူ၏ဦးေႏွာက္ထဲတြင္စြဲထင္ေနေသာမ်က္ဝန္းစိမ္းစိမ္းေတြကပုံႏွိပ္တံဆိပ္လိုေနသန႔္ႏွလုံးသားအတြင္းစတင္ထုဆစ္ေနေလေတာ့သည္။


တစ္ေယာက္ကေၾကာက္႐ြံ႕ကာေျပးလႊားသည္။တစ္ေယာက္ကထိတ္လန႔္ေမာဟိုက္ကာက်န္ရစ္ခဲ့သည္။ျဖစ္ပ်က္သြားပုံျခင္းမတူေပေသာ္ျငားတူညီသည္ကေတာ့ သူတို႔သည္သူတို႔ဘဝတြင္ဘယ္တုန္းကမွဤသို႔တုန႔္ျပန္လိမ့္မည္ဟုမထင္မွတ္ထားေသာတုံ႔ျပန္မႈမ်ားကိုသူတို႔ကိုယ္တိုင္လက္ခံရေပေတာ့သည္။


‎                          𐮜 𐮜 𐮜


Giethoornၿမိဳ႕အလြန္ရွိေတာင္ကုန္းမ်ားသည္အလြန္တရာမွလွပရက္ေပသည္။ပန္းမ်ိဳးစုံႏွင့္အေရာင္စုံလင္လို႔ေနၿပီးေတာင္တန္းတစ္ေလွ်ာက္ပန္းပင္မ်ားပုံစံမ်ိဳးစုံျဖင့္ေပါက္ေရာက္၏။ေတာင္ကုန္းအလြန္ရွိသစ္ေတာႀကီးဟာဆိုရင္လဲစိမ္းစိုလို႔ေနကာ အသက္ဝင္ေနေပသည္။ေႏြဦးရာသီျဖစ္သျဖင့္တိရစာၦန္ေလးမ်ားကအျပင္သို႔ထြက္လာကာကြင္းျပင္က်ယ္ႀကီးထဲသို႔လာက်က္စားၾကၿပီးလိပ္ျပာငယ္မ်ားလဲလာေရာက္နားခိုၾကသည္။


ဟိုး ေတာင္ထိပ္ေပၚတြင္သိုးအုပ္တစ္စုလဲရွိေပသည္။ႏြားအုပ္တစ္စုသည္လဲထိုသိုးအုပ္တစ္စုေဘးတြင္ရွိလို႔ေနေပၿပီးထိုျမက္ခင္းလြင္ျပင္ႀကီး၏ေဘးတြင္ေတာ့လမ္းသြယ္ျဖစ္ဟန္တူေသာလမ္းေၾကာင္းေလးရွိၿပီးထိုလမ္းေၾကာင္းသည္ေတာနက္ႀကီးဆီသို႔ဦးတည္လို႔ထား၏။


ေတာအုပ္ထဲတြင္မူထူးဆန္းေသာေရကန္ေလးတစ္ကန္ရွိေလသည္။ငန္းျဖဴမ်ားက သူတို႔အပိုင္ဟုမူပိုင္ယူထားပါေသာ္လည္းထိုေရကန္ေလးသည္ေတာ႐ိုင္းထဲမွတိရစာၦန္ေပါင္းစုံတို႔အၿမဲလာကာက်က္စားၾကေသာတစ္ခုတည္းေသာေနရာျဖစ္သည္။ေဘးနားတြင္ေတာင္ကုန္းကဲ့သို႔မို႔မို႔ေလးျဖစ္ေနေသာေနရာလြတ္တစ္ခုရွိၿပီးယခုမူထိုေနရာသည္ေႏြဦးရာသီ၏အာဏာစက္ေၾကာင့္တစိမ္းစိမ္းျဖင့္႐ႊင္လန္းလို႔ေပးေနရပါသည္။


ေနသန္ေဘးနားကျမက္ပင္တစ္ပင္ကို ေကာက္ကာႏႈတ္လိုက္ျပန္သည္။ထို႔ေနာက္ေရကန္ထဲသို႔လွမ္းကာပစ္လိုက္သည္။ထို႔ေနာက္တစ္ဖန္လက္ကျမက္ပင္တစ္ပင္ထံေရာက္သြားျပန္သည္။ဤသို႔လုပ္ေနသည္မွာမေရမတြက္ႏိုင္ျဖစ္ၿပီးေနသန္မွာမူ မရပ္မနားမပ်င္းမရိလုပ္ၿမဲလုပ္လို႔ေနသည္။သူသည္ေတာအုပ္ေလးထဲသို႔လာေသာလမ္းသြယ္ေလးမွလူတစ္ဦးကိုေစာင့္စားေနတာျဖစ္သည္။


​ေန႔စဥ္မျပတ္အခ်ိန္မွန္မွန္ဤေနရာတြင္ ေနသန႔္အားေတြ႕ရတတ္ေသာေၾကာင့္တစ္ခ်ိဳ႕ယုန္ေလးမ်ားပင္ေနသန႔္အားေတြ႕ေနက်ျဖစ္ေနၿပီျဖစ္၍လြတ္လပ္စြာသူ၏ေဘးတြင္သြားလာလႈပ္ရွားေနၾကေပၿပီ။ေနသန္သည္သိပ္လဲမလႈပ္ရွားတတ္၊သူတို႔ကိုေၾကာက္သည့္ဟန္လဲမေပၚ၊အႏၲရယ္ေပးမည့္ပုံလဲမေပၚေသာေၾကာင့္စိတ္ေအးလက္ေအးျဖင့္ပင္ေနသန႔္အနားသြားလာၾက၏။


တကယ္လဲဟုတ္ေပသည္။

ေနသန္သည္ငုတ္တုတ္ထိုင္ေနၿပီးျမက္ပင္မ်ားကိုအႏုၾကမ္းဖ်က္ဆီးေနျခင္းမွအပ တျခားဘာဆိုဘာမွလုပ္မေနေပ။ပ်င္းလဲပ်င္းေနပုံမေပၚ၊ညည္းလဲမညည္းညဴေနဒီတိုင္းသူအရမ္းကိုထမ္းေဆာင္ခ်င္ေနသည့္တာဝန္တစ္ရပ္အားထမ္းေဆာင္ေနသကဲ့သို႔တစ္စုံတစ္ေယာက္ကိုသာေစာင့္ၿမဲေစာင့္ေမွ်ာ္လ်က္ရွိေနပါ၏။


‎                          𐮜 𐮜 𐮜


ပန္းေတြစုံလင္စြာျဖင့္ျမင္ရေသာအိမ္ေလးတစ္အိမ္ရွိ၏။ေတာင္ကုန္းေပၚတြင္တစ္ထီးတည္းတည္ရွိလို႔ေနၿပီးခိုင္ခိုင္မာမာတည္ရွိလို႔လဲေန၏။ၿခံဝင္းေဘးတြင္ေတာ့ ႏြားတစ္ခ်ိဳ႕အားေတြ႕ျမင္ရတတ္ၿပီးတစ္ခါတစ္ေလအိမ္ပိုင္ရွင္ျဖစ္သူကလဲေကြၽးေမြးေစာင့္ေရွာက္ထားဟန္ႏွင့္တူသည္။


အိမ္ေလး၏အေရွ႕တြင္မူသစ္ေဆြးခုံေလးတစ္ခုရွိသည္။ထိုအရာသည္ထိုအိမ္ေလးထဲရွိလူ၏အပ်င္းေျပစာဖတ္ေလ့ရွိေသာေနရာျဖစ္၏။ယခုတြင္ေပေတာ့ေၾကာင္နက္ေလးတစ္ေကာင္ေမွးစက္လ်က္ရွိ၏။


ကြၽီ။


တံခါးတစ္ခ်က္ပြင့္လာကာအိမ္ေလးထဲမွ ထြက္လာ၍အဝတ္လာလွမ္းေသာQuအား သစ္ေဆြးေပၚတြင္ေမွးစက္ေနေသာလီယြန္ကဘုၾကည့္ၾကည့္သည္။Quကလဲလီယြန႔္အားျမင္​ေတာ့ဘုၾကည့္ျပန္ၾကည့္ပစ္လိုက္ၿပီးသူ႔ကိုတမင္တကာေရွာင္ဖယ္လို႔သြားၿပီးအဝတ္ေတြကိုသူ႔ေနရာတြင္သြားလွမ္းေနသည္။


ၿပီးေနာက္ျပန္အဝင္ၿခံဝင္းထဲရွိအသစ္စိုက္ထားေသာပန္းပင္တို႔ကိုတစ္ခ်က္စီစစ္ၿပီးအိမ္ထဲဝင္ဟန္ျပဳသည္။ထိုသို႔မလုပ္မီQuသည္အေတြးတစ္ခ်က္ေပၚဟန္ျဖင့္ လီယြန႔္အားေနာက္ျပန္လွည့္ၾကည့္ကာစကားဆိုေလ၏။


"မလာဘူးလား ႏြားႏို႔ရွိေသးတယ္ လာခဲ့"


လီယြန္ကမေျဖပါ။Quႏွင့္ေဝးရာတစ္ေနရာသို႔တမင္သက္သက္ျပန္မေျဖပဲၾကည့္ေနပါ၏။ထိုအခါQuကလဲႏွာေခါင္းရႈံ႕ကာျပလိုက္ၿပီးအိမ္တံခါးကိုဒုန္းခနဲျမည္ေအာင္ပိတ္သြားသည္။ဟိုတစ္ပတ္ကမွေနလို႔ထိုင္လို႔ျပန္ေကာင္းလာသျဖင့္သိပ္ေတာ့လႈပ္လႈပ္ရွားရွားလုပ္လို႔မရေသး။


Quဆိုဖာေပၚသို႔ပစ္လွဲခ်လိုက္ၿပီးအနားယူလိုက္သည္။မ်က္စိမွိတ္လိုက္သည္ႏွင့္ေပၚလာတတ္ေသာထိုစူးရွရွႏုံတုံတုံ အၾကည့္ေတြကိုဒီတစ္ခါေတာ့အျပည့္အဝၾကည့္ပစ္လိုက္မည္ဟုႀကဳံးဝါးပစ္လိုက္ၿပီး မ်က္စိကိုစုံမွိတ္ခ်ပစ္လိုက္သည္။စကၠန႔္အၾကာအထိၿငိမ္ေနၿပီးမွတစ္ခဏအၾကာမွာေတာ့ခႏၶာကိုယ္ကတျဖည္းျဖည္းနိမ့္ခ်ီ၊ျမင့္ခ်ီျဖစ္လာၿပီးေနာက္တသိမ့္သိမ့္တုန္ရင္လာကာစတင္စိတ္လႈပ္ရွားလာပါေတာ့သည္။


Qu၏ခႏၶာကိုယ္ႏွင့္အသိစိတ္ကထိုအၾကည့္ေတြကိုအလြန္သေဘာက်ဟန္တူသည္။ဒါေၾကာင့္သူ႔ကိုစိတ္လႈပ္ရွားေစ၍ ႏွလုံးခုန္ျမန္လာေစသည္မဟုတ္ေပလား။Quလက္ေတြကိုက်စ္က်စ္ပါေအာင္ဆုပ္ထားပါေသာ္လည္းေနာက္ဆုံးမ်က္လုံးကိုသာဖြင့္လိုက္ရသည္။


အခ်ိန္ေတြသာ ၾကာသြားသည္။

Quဟာထိုေန႔ကတည္းကထိုမ်က္ဝန္းေတြကိုပဲအိမ္မက္မက္ေနမိ၏။ေန႔ေကာ၊ညေကာ၊မနက္ေကာအခ်ိန္တိုင္းသူ႔ႏွယ္လြမ္းဆြတ္ေနသႏွယ္ပင္ျဖစ္လို႔ေန၏။သူ႔တစ္သက္တြင္မဖ်ားဖူးေသာဖ်ားနာျခင္းကိုလဲရင္ဆိုင္လိုက္ရၿပီးႏွလုံးသားေနရာတြင္လဲဆူးခြၽန္ျဖင့္ထိုးစိုက္ထားသလိုတဆစ္ဆစ္နာက်င္ရပါ၏။


လီယြန္သည္လဲထိုေန႔မွစ၍Quအားအရင္လိုစကားမေျပာေတာ့ဘဲအျပင္မွာသာ ေနထိုင္သည္။သူဘာကိုဆိုလိုေနျခင္းမွာQuသိပါေသာ္လည္း 'ဟင့္အင္' သူအဲ့ဒီကိုေတာ့ထပ္မသြားခ်င္ပါ။သူေၾကာက္၏။


သူတကယ္ေၾကာက္ပါ၏။

ပထမကေတာ့လူတစ္ေယာက္ျဖစ္ေနလို႔

ေၾကာက္သည္ေပါ့။ဒုတိယကေတာ့ထိုမ်က္ဝန္းမ်ားကိုေၾကာက္သည္။တတိယ..ကျဖင့္ Qu .. Quကိုယ့္ကိုယ္ကိုယ္ေၾကာက္သည္။သူ႔ေရွ႕ေရာက္သြားလွ်င္ ျဖစ္ပ်က္သြားတဲ့ မိမိပုံစံကိုႀကိဳက္လဲမႀကိဳက္၊ေၾကာက္လဲေၾကာက္၏။


သို႔ေပတည္းမသိစိတ္ကေတာ့ျဖင့္ထိုသူ႔ထံသို႔သာဝင္ေရာက္ခ်င္မိသည္။ကိုယ့္ရဲ႕တစ္စိတ္တစ္ေဒသေပ်ာက္ဆုံးသြားသလိုမ်ိဳး ခံစားခ်က္ကိုကိုယ္တိုင္ခံစားရသည္မွာ သိပ္ေတာ့အဆင္မေျပလွ။


Quလက္ကိုင္ပုဝါအရွည္ေလးကိုတဘက္လိုလည္ပင္း၌လႊမ္းၿခဳံလိုက္ၿပီးလွ်င္သက္ျပင္းကိုျဖည္းညႇင္စြာခ်ရင္းစတင္ထြက္ခြာလာခဲ့သည္။


လမ္းတစ္ေလွ်ာက္လုံးေနာက္ျပန္လွည့္ဖို႔လုပ္တာကအႀကိမ္တစ္ေသာင္း။ၿပီးေတာ့ သူကေကာအဲ့ဒီမွာရွိေနမွာမို႔လို႔လား။မရွိေနေလာက္ပါဘူးေလ။ဒါဆိုေတာ္ေတာ္အဆင္ေျပသည္။သူကတ္စ္ပါတို႔ကိုလဲသူလြမ္းလွၿပီျဖစ္၏။


ထိုအႀကံႏွင့္တက္ႂကြစြာေျခလွမ္းလာေသာQu၏ေျခလွမ္းမ်ားကိုတစ္စုံတစ္ခုကေရွ႕ကေနပိတ္ကာကာဆီးလိုက္ေလ၏။ေသခ်ာေျပာရမည္ဆိုလွ်င္တစ္စုံတစ္ေယာက္။စစျမင္လိုက္ရသည္မွာရင္ခြင္အက်ယ္ႀကီးတစ္ခုျဖစ္ၿပီးအမည္းေရာင္ခ်ည္သားအက်ႌပါတြဲလ်က္ျမင္ရသည္။လက္ႏွစ္ဖက္ကသူ၏အေပၚအက်ႌကုတ္အိပ္ကပ္ထဲသို႔လွ်ိဳထည့္ထားၿပီးေျခတန္းမ်ားကမူေအာက္ထိတေျဖာင့္တည္း။


ႏွလုံး၏စည္းခ်က္အတိုင္းQuတိတ္တဆိတ္ေရ႐ြတ္မိသည္။ 'အဲ့လူ မျဖစ္ပါေစနဲ႔ အဲ့လူမျဖစ္ပါေစနဲ႔' လို႔ေရ႐ြတ္ကာမ်က္လုံးမွိတ္ေခါင္းေမာ့ၾကည့္လိုက္ေသာ္လည္း ရင္ဆိုင္လိုက္ရသည္မွာသူ႔အားစိတ္တိုစြာျဖင့္ၾကည့္ေနေသာသူမျဖစ္ဖို႔ဆုေတာင္းထားသည့္သူ၏မ်က္ဝန္းမ်ားျဖစ္သည္။


ပထမေတာ့Quအရင္အတိုင္းေၾကာက္လို႔သြားေပမယ့္စူးစိုက္ကာမ်က္ေမွာင္ေတြကိုတြန႔္ထားတဲ့မ်က္ခုံးႏွင့္ထိုမ်က္ဝန္းမ်ားကိုေသခ်ာျမင္လိုက္ရတဲ့အခ်ိန္စိတ္ထဲဘာလို႔မွန္းမသိေနလို႔ေကာင္းသြားသည္။ေနာက္ေတာ့Quလဲဘာဆက္လုပ္ရမည္မွန္းမသိသျဖင့္ထိုနားတြင္ပဲရပ္ကာေခါင္းကိုေအာက္သို႔စိုက္ကာထားလိုက္၏။


ေရွ႕တြင္ထီးထီးမားမားႀကီးရပ္ကာေနေသာလူႀကီးအားတစ္ခါ၊တစ္ခါဘာလုပ္ရမည္မသိသျဖင့္ခိုးခိုးၾကည့္ပါေသာ္လည္းၾကာၾကာေတာ့မၾကည့္ရဲ။


အဘယ္ေၾကာင့္ဆိုေသာ္အကြၽႏ္ုပ္၏ႏွလုံးသားသည္ဤလူႏွင့္ေတြ႕လွ်င္ထိန္းမႏိုင္သိမ္းမရသည့္စပ္စလူးျပာကလပ္စိမ္ကေလး ျဖစ္သြားေပေသာေၾကာင့္ျဖစ္သည္။


"မင္း ဘာလို႔ျပန္မလာတာလဲ"


အခ်ိန္အနည္းငယ္ၾကာေသာ္ထိုသူ႔ထံမွေႏြးေထြးမႈရွိေသာ္လည္းေအးစက္ကာေနေသာအသံခပ္ေအာေအာစကားသံထြက္လို႔လာသည္။အမူအရာမပ်က္သူ႔ကိုၾကည့္ေနသည္မွာသူ႔အားအေကာင္လိုက္ၿမိဳခ်ေတာ့မည္အတိုင္းပင္။Quအေပၚသို႔တစ္ခ်က္ေမာ့ၾကည့္ကာသူ၏မ်က္ဝန္းမ်ားကိုၾကည့္ၿပီးမွ အမွန္တိုင္းေျဖလိုက္သည္။


"ေနမေကာင္းလို႔"


".."


ခ်က္ခ်င္းမ်က္ေမွာင္ထပ္ႀကဳံ႕သြားကာသူ၏လက္အားလာေရာက္ဆုပ္ကိုင္ေသာလူႀကီးအားQuေၾကာက္မေနဘဲအံ့ဩစြာၾကည့္ေနမိသည္။ထို႔ေနာက္ထကာတစ္ခုခုကိုကိုင္ေပါက္ေတာ့မည့္ႏွယ္ပုံႏွင့္မ်က္ႏွာကျဖစ္ပ်က္လို႔သြားေသာလူႀကီးသည္Quအားေမာ့ၾကည့္လာ၏။


"..."


Quမဖုံးကြယ္ႏိုင္ဘဲစိတ္ထဲကရယ္ခ်င္စိတ္မွာမ်က္ႏွာေပၚသို႔ထိုးတက္ကာလာေလသည္။သို႔ေသာ္လူတစ္ေယာက္ကားဤသို႔ျပဳမူေနထိုင္ရမည္မဟုတ္သျဖင့္ဟန္ေဆာင္ေခ်ာင္းဆိုးလိုက္ကာရယ္က်ဲက်ဲျဖင့္ပင္ ေအးေဆးစြာဆိုလိုက္သည္။


"အဆင္ေျပပါတယ္..ငါကသိပ္ဖ်ားတတ္တဲ့သူမ်ိဳးမဟုတ္ပါဘူးေလ ဒီတစ္ခါသိပ္ထူးဆန္းတယ္"


"ငါေစာင့္ေနရတာ"


"..."


"...."


"..မင္း ဒီသုံးလလုံးတစ္ေယာက္တည္း

ဒီမွာငါ့ကိုထိုင္ေစာင့္ေနတာလား အို!ခက္လိုက္ပါဘိႏွယ္"


ေနသန္ကမ်က္ႏွာငယ္ေလးႏွင့္အသနားခံကာေခါင္းၿငိမ့္ျပလိုက္ေသာေၾကာင့္Quကတစ္ခုခုကိုေတြးမိသည့္ႏွယ္ခပ္ေတြေတြျဖင့္စကားျပန္လာသည္။


"အာ..ဒါဆိုေတာ္ေတာ္ေစာင့္လိုက္ရမွာပဲ

​Sorry!"


ထို႔ေနာက္Quကသူ႔အားဆုပ္ကိုင္ထားေသာေနသန႔္လက္အားစိုက္ၾကည့္လိုက္သည္။ေနသန္ကထိုအခါမွသူ႔အားႀကီးႏွင့္ဆုပ္ကိုင္ထားေသာQu၏လက္အားမလႊတ္ခ်င္၊လႊတ္ခ်င္နဲ႔လႊတ္ေပးသည္။မလႊတ္ေပးေသးခင္ထိကိုQuအားတၾကည့္ၾကည့္ႏွင့္ကိုင္ခြင့္ေပးပါ၊ကိုင္ခြင့္ေပးပါဟုခြင့္ေတာင္းေနေသာမ်က္လုံးမ်ားျဖင့္အႀကိမ္ႀကိမ္ေတာင္းဆိုေနေသးသည္။


Quထပ္ကာရယ္ခ်င္ပါေသာေၾကာင့္ေနသန္သူ႔စိတ္ကိုထိန္းကာသူ႔အားလႊတ္ေပးလိုက္ရသျဖင့္စိတ္ပ်က္ေနတဲ့မ်က္ႏွာႀကီးအားတည့္တည့္မတ္မတ္ရႈစိုက္ကာၾကည့္လိုက္ပါ၏။ထိုအခါ႐ုတ္တရက္ဆန္စြာျဖင့္ေနာက္သို႔ဆုတ္လို႔သြားေသာေနသန္။စေတြ႕ကတည္းကမလႈပ္မယွက္သူႀကီးက ယခုမွစတင္ကာလႈပ္ရွားေလေတာ့သည္။


လႈပ္ေလေတာ့လည္းထူးထူးဆန္းဆန္းျဖင့္။ဘာလို႔ေနာက္ဆုတ္သြားရသနည္း။


"..."


ေနပါအုန္း ဒါ..သူ႔ကိုေၾကာက္ေနသည္လား။Quသံသယအျပည့္ႏွင့္ေရွ႕သို႔တိုးၾကည့္လိုက္သည္။ဧကန္မွန္စြာပင္သူကေနာက္ဆုတ္လို႔သြားသည္။Quတစ္ခါေရွ႕တိုးၾကည့္ျပန္သည္။သူကေနာက္ဆုတ္ျပန္သည္။ေရွ႕တိုးၾကည့္သည္။ေနာက္သို႔ဆုတ္ေလ၏။ဒီတစ္ႀကိမ္ေတာ့Quေရွ႕ကိုခပ္ျမန္ျမန္တိုးခ်လိုက္သည္။


ထိုအခါေနသန္ကမ်က္လုံးမ်ားျပဴးက်ယ္သြားကာလွစ္ခနဲေအာက္သို႔ေခါင္းရႈိကာထိုင္ခ်လိုက္ေလေတာ့သည္။႐ုတ္တရက္ကုတ္ကုတ္ကေလးထိုင္ခ်လိုက္ေသာေနသန႔္ေၾကာင့္ဒီတစ္ခါေတာ့Quမထိန္းႏိုင္ေတာ့ဘဲထကာေအာ္ရယ္ပါေတာ့သည္။


"ဟားဟား ဟားဟားဟားဟား သူကဒီလိုေလး..ဟားဟား ငါ့ကိုေၾကာက္လို႔တဲ့ ဒီလို..ဒီလိုေလးငုံ႔သြားတာတဲ့...ဟားဟား.."


Quရယ္ေနသည္ကိုမ်က္ႏွာငယ္ေလးႏွင့္ ေမာ့ၾကည့္ေနေသာထိုလူသည္က်ားေပါက္ေလးတစ္ေကာင္ႏွင့္အလြန္ဆင္လွသည္ဟုေတြးမိေသာေၾကာင့္ေသခ်ာစိုက္ၾကည့္ေနမိ၏။ထိုအခါေနသန္ကQuသူ႔ကိုၾကည့္ေနသည္ျမင္ေတာ့တစ္ဖက္သို႔ခ်က္ခ်င္းလွည့္ကာသြားသည္။


ထို႔ေနာက္အလုံးလုံးေထြးေထြးႏွင့္စကားတစ္ခြန္းကိုေျပာလာေလသည္။


"မၾကည့္နဲ႔"


"ဟမ္..ဘာေျပာတာ"


"မ..မၾကည့္နဲ႔လို႔"


"ဟင္...ဘာေၾကာင့္တုန္း ငါလူတစ္ေယာက္ကိုအခုမွလက္ေတြ႕ျမင္ဖူးတာ ေသခ်ာၾကည့္အုန္းမွေပါ့ဘာျဖစ္လို႔မၾကည့္ခိုင္းရတာလဲ Do you seriously think I'm an elf or something.."


ေနသန္ကေခါင္းေလးကိုရႈိကာႀကဳံ႕ဝင္သြားျပန္သည္။Quေမးခြန္းကိုထပ္ကာေမးလိုက္သည္။


"ဟမ္လို႔"


"ငါ ငါ ရွက္ ရွက္လို႔.."

Comments

Post a Comment