A Sweven Elegy from Nature - Chapter 5

 Unicode


အခန်း (၅)


"..."


အမှန်တကယ်ပင်မျက်နှာကြီးကွယ်ကာ ရှက်နေပေသောအမောင်နေသန်အားQuတစ်ယောက်တကယ့်ကိုခြေကုန်လက်ပန်းကျအောင်ရယ်ပစ်ချင်တော့သည်။နေသန်သည်ခေါင်းကိုရှိုလိုက်၊မော့လိုက်နှင့်ဖြစ်လို့နေပြီးတစ်ချက်၊တစ်ချက်တွင်လည်းမျက်စိလေးကလယ်ကလယ်ဖြင့်သူ့အားလှမ်းလို့ကြည့်နေပါသေး၏။


Quသူ့ခြေတစ်လှမ်းကိုနောက်ဆုတ်ပေးလိုက်ပြီးနေသန့်အားလွတ်လပ်ခွင့်ပေးလိုက်သည်။ထို့နောက်တွင်သူ၏မျက်လုံးများကသူလချီကာမသွားဖြစ်ခဲ့သောနေရာလေးဆီသို့ရောက်လို့သွားသည်။Quသတိမမူမိပါဘဲခြေလှမ်းခပ်စိပ်စိပ်များဖြင့်ထိုနေရာလေးသို့ဦးတည်ကာလျှောက်လှမ်းလို့သွားတော့သည်။


နေရောင်ခြည်အလင်းတန်းကတိုက်ရိုက်ထိုးကာအလင်းပြထားသောထိုလူတစ်ဦးထိုင်စာတောင်ကုန်းနေရာလေးတွင် မြက်ခင်းများစိမ်းစိုကြည်လဲ့လို့နေပြီးမြင်လိုက်သည်နှင့်စိတ်ချမ်းသာဖွယ်အပြည့်ရှိ၏။Quဖြည်းဖြည်းချင်းတောင်ကုန်းလေးပေါ်သို့တက်သွားကာထိုနေရာလေးတွင်ထိုင်ချလိုက်ပြီးနောက်သူ့ဆီတည့်တည့်ကျရောက်လာသောနေရောင်အားမျက်လုံးလေးမှိတ်ကာအပြည့်အဝခံယူလိုက်သည်။


မျက်နှာကိုမော့ကာသဘာဝအလျောက်ပြုံးရိပ်ယောင်သန်းနေသောQuအားနေသန်ကမူငေး၍ကြည့်နေ၏။မျက်လုံးများပြုတ်ထွက်မတက်ကိုစူးစိုက်ကာခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးကိုအသေးစိတ်လိုက်မှတ်နေသည်ဖြစ်ပြီးတစ်ခါ၊တစ်ခါသတိမပြုမိပါဘဲလည်ပင်းထဲမှလှိုက်တက်လာသောတံတွေးအချို့ကိုလဲခဏ၊ခဏမျိုချပစ်နေရသေး၏။


Quကအခုမှပင်သူ့နားတွင်နေသန်ဆိုသော လူတစ်ယောက်ရှိသေးသည်ကိုသတိရ၍မျက်လုံးများဖွင့်ကာနေသန့်အားခေါင်းဝေ့ကာရှာသည်။သူ့နောက်လိုက်လာပုံရသောနေသန့်အားသူ၏မလှမ်းမကမ်း နေရာတွင်ရပ်နေသည်ကိုတွေ့လိုက်ရမှသာ Quအပြုံးများအားတစ်ဖန်အသက်ဝင်လို့လာသည်။ယခုတစ်ခါတွင်တော့နေသန်၏ လည်စလုပ်သည်ခပ်ပြင်းပြင်းအရှိန်တစ်ခုကိုမြိုချပစ်လိုက်ပါ၏။


​Quကဒါကိုမြင်သွားသော်သူ၏နုနယ်လှသောအတွေးလေးနှင့်နေသန်ရေဆာနေသည်အထင်ဖြင့်ခပ်မြန်မြန်ထကာရေကန်လေးဆီသို့ဦးတည်ကာသွားလေသည်။ခဏနေတော့လက်လေးနှစ်ဖက်ကိုခပ်အုပ်အုပ်လေးအုပ်ကာဖြင့်ပြန်လာသည်။နေသန်ကဘာလဲလို့ကြည့်တော့Quကအပေါ်သို့ပင့်မြှောက်ကာပြသည်။


"မင်း ရေဆာနေတယ်ထင်လို့ ဒီရေကသန့်ပါတယ် မင်းငါ့ကိုယုံရင်..ဟေ့ ဟေ့ ဖြည်းဖြည်း.."


စကားမဆုံးခင်Qu၏လက်အားအတင်းဆွဲကာတဂွတ်ဂွတ်သောက်ချလိုက်သောနေသန့်ကြောင့်Quမြှောက်ရပ်လေးဖြစ်သွားသည်။နေသန်ကရေသောက်ပြီးတော့တစ်ခဏရပ်လို့သွားသည်။


ခေတ္တအကြာတွင်တော့ဘာမျှမရှိတော့သောQu၏လက်လေးအားစိတ်ဝင်တစားစိုက်ကြည့်ပါတော့သည်။သူ့ကြည့်ရသည်မှာလှပသောအိမ်မက်တစ်ခုထဲတွင်လွင့်မျောနေသူနှယ်။


Quရေထဲမှာများတစ်ခုခုပါသွားလို့လားလို့

မိမိလက်ကိုမော့ကာကြည့်လိုက်ပေမဲ့ရေတွေရွှဲစိုနေသဖြင့်ကြည်လင်ပြီးဖြူဝင်းကာနေသောသူ၏လက်နုနုလေးမှအပကျန်တာမတွေ့ရ။ဒီတစ်ခါတော့အူကြောင်ကြောင်ဖြစ်ရသည်မှာQuဖြစ်၏။


တကယ်ပင်ဘာလုပ်လို့ဘာကိုင်ရမည်မှန်းမသိသောအ​ခြေအနေဖြစ်ပေသည်။


"ဟိတ်!ဟိတ်!ဘာဖြစ်ရပြန်ပြီတုန်း ဟိတ်!!"


Quအပြင်းအထန်လှုပ်နှိုးလိုက်မှသာမျက်စိကလည်လည်နှင့်Quအားကြည့်လာ၏။ဒါတောင်လက်ကိုမလွှတ်ပေးသေး။Quသူ့အားဆုပ်ကိုင်ထားသောနေရာအားလှုပ်ပြလိုက်သည်။နေသန်ကဘာတုန်းဆိုတဲ့အကြည့်နှင့်ကြည့်သည်။Quစိတ်ပျက်စွာခေါင်းရမ်းလိုက်ပြီးပါးစပ်ကသာပြောလိုက်ရတော့သည်။


"လွှတ်ပေးအုန်းလေ"


"..."


ထိုအခါနေသန်ကတွေဝေစွာဖြင့်ကြည့်နေပြီးမှစကားတစ်ခွန်းကိုဆိုလာသည်။


"မလွှတ်ချင်ဘူး"


"ဟမ်"


"..."


မိမိလက်လွတ်လပ်မှုကိုမျှော်လင့်နေပါသော်လည်းမမျှော်လင့်ထားသောအဖြေကြောင့်Quအံ့ဩသွားရသည်။သူ့အားစူးစူးရဲရဲစိုက်ကြည့်နေသောနေသန်သည်တကယ်လုံးဝလွှတ်ပေးမည့်ပုံမပေါ်။ဒါကြောင့် Quလက်လျော့လိုက်ရပြီး 'ကိုင်ကိုင်' ဟုသာညည်းညည်းညူညူပြောလိုက်သည်။


ထိုအခါမှမှိုရသွားသည့်နေသန်သည်မျက်နှာကြီးရွှင်လန်းလို့လာပြီးQu၏လက်နှစ်ဖက်အားအပိုင်သိမ်းပေတော့သည်။Quလဲပြောပြီးစလစ်ဖြစ်နေတာကြောင့်ဒီတိုင်းသာထားလိုက်တော့သည်။


"မင်း.."


"အင်း..."


"မင်းနာမည်ဘယ်သူလဲ"


"နေသန်..နေသန် ထလင်းနော့တ်"


"အင်းနေသန် ငါ့ကိုထူးဆန်းတယ်လို့မထင်မိဘူးလား ဒါမှမဟုတ် တစ်ခုခုမူမမှန်တာတို့ဘာတို့ပေါ့ ဥပမာ ဒီတောကြီးထဲမှာတစ်ယောက်တည်းဘာလုပ်နေတာလဲတို့ဘာတို့...??"


နေသန်ကခဏလောက်ခပ်တွေတွေတွေးရင်းနောက်ခေါင်းကိုခပ်ဖြည်းဖြည်းခါရမ်းပြသည်။Quတစ်ချက်လှစ်ခနဲရယ်လိုက်မိသည်။


"okayyလေ မထင်ဘူးဆိုလဲပြီးတာပါပဲ"


Qu နေသန်တမင်သက်သက်ပြောင်လိမ်နေမှန်းသိပါသည်။သို့သော် ဒီအရာကလဲကောင်းပါသည်။သူ့အတွက်ကောနေသန့်အတွက်ပါဘာပြဿနာမှရှိမလာနိုင်ပေလေ။


"မင်းကကော ဘယ်သူလဲ"


နေသန်က စိတ်ဝင်စားစွာမေးသည်။


"ငါကလား..?? အင်မ်...ငါ့ကိုQuလို့ခေါ်ကြတယ် အသံထွက်ကQuyu ခ..ရူ့.. ANTIQUE ရဲ့အတိုကောက်လေ ချစ်စရာကောင်းတယ်မလား ဟဲဟဲ တခြားဟာတော့ထွေထွေထူးထူးမရှိဘူး ငါကသိပ်ပြီးအရေးမပါလှဘူးလေ"


ဆုပ်ကိုင်မြဲဆုပ်ကိုင်ထားသောလက်တို့သည်အနည်းငယ်တင်းကြပ်လို့သွားသည်ကို သတိထားမိလိုက်သည်။Quနေသန့်အားမော့ကြည့်လိုက်တော့နေသန်နှင့်မျက်လုံးချင်းဆုံသည်။သူသည်မျက်မှောင်ကို အသေမှင်ကုတ်ထားပါသော်လည်းသူ့မျက်လုံးထဲတွင်သူ့အတွက်နွေးထွေးမှုတွေပါနေသည်ဟုခံစားရသဖြင့်Quညှင်သာစွာပြုံးမိသည်။


"အရေးပါမပါကတစ်ဖက်လူအပေါ်မူတည်တာမဟုတ်လား မင်းဆုံးဖြတ်စရာမှမဟုတ်တာ"


Quကနေသန့်ကိုမျက်မှုန်လေးကုတ်ကာရယ်ကျဲကျဲနှင့်ကြည့်လိုက်သည်။နေသန်က Quအားအတည်ကြီးပြောနေတာဖြစ်သည်။Quခေါင်းကိုအသာအယာငြိမ့်ဖြစ်လိုက်ပါ၏။


"အင်း ဟုတ်ပါတယ်လေ ဒါဆိုငါတို့သူငယ်ချင်းလုပ်ကြတာပေါ့"


"သူ..ငယ်...ချင်း..?"


နေသန် အံ့ဩစွာရေရွတ်လိုက်လေ၏။


"အင်းလေ မင်းငါနဲ့သူငယ်ချင်းဖြစ်ချင်လို့

ဒီကိုပြန်လာတာမလား"


ထိုအခါနေသန်ကQuအားညှိုးငယ်စွာစိုက်ကြည့်နေပါ၏။ထို့နောက်အောက်သို့ ငုံ့သွားကာပြီးမှတစ်ဖန်Quအားစိုက်ကြည့်လာပါ၏။


ထိုအခါထိုအညိုရောင်လဲ့လဲ့မျက်အိမ်များထဲမှမျက်ရည်စတချို့လှိမ့်ဆင်းလို့လာသည်။ရုတ်တရက်ထပ်ကာကြောင်သွားသောကြောင့်Quအံ့ဩစွာခေတ္တငြိမ်သက်နေမိသွား၏။သူ့လက်ကိုအဆုပ်မပျက် အောက်သို့ဇွက်ခနဲထိုင်ချလိုက်ပြီးထို့နောက်အသည်းအသန်းစ၍ငိုပါတော့သည်။Quသည် 'ဘာဖြစ်လို့လဲ' ဟုမေးကြည့်ပါသော်လည်းနေသန်ကငိုမြဲငိုနေသည်။Quမျက်နှာကြီးအူကြောင်ကြောင်ကြီးဖြစ်လို့နေတော့သည်။


“ဒီကောင်ကဘာကြီးတုန်း

ငါကြောက်လာပြီ”


"...(ငိုရှိုက်သံ).."


"..."


"..."


"တိတ် တိတ် တိတ် မငိုနဲ့တော့"


Awkward*(နေရခက်သောအခြေအနေ)


နေသန်ကQuထံမှနှစ်သိမ့်စကားထွက်လာသောကြောင့်ခေါင်းလေးကိုအသာအယာမော့ကြည့်ပါ၏။ထို့နောက်လေလုံးမကွဲသောအသံလေးနှင့်Quအားပြောသည်။


"ပါးလေး ပါးလေးကိုင်ကြည့်ချင်မိတယ်"


"ဟမ်..."


"အဟင့် Quပါးလေးကိုင်ချင်တယ်လို့

ကိုင်ခွင့်မပေးဘူးလား ဗြဲ..အဟမ်းဟမ်း..

ကိုင်ခွင့်မပေးဘူးပေါ့ ဗြဲ..."


မျက်ရည်များရွှဲနေသောမှုန်သုန်သုန် မျက်နှာလေးနဲ့တောင်းဆိုကာထပ်မံငိုရှိုက်သွားသောနေသန့်ကြောင့်Quမရယ်သင့်ပါသော်လည်းခွီးခနဲအသံထွက်သွားသည်။


ပြောရလျှင်ထိုလေးထောင့်ကျကျမျက်နှာပေါ်မှမျက်ရည်များသည်ပင်သူ၏ခန္ဓာကိုယ်ပိုင်ရှင်ကြောင့်ရုပ်မပျက်စေဘဲဘယ်လိုပြောရမည်လဲခန့်လို့ပင်နေသေးသည်။ခပ်ချောချော၊ခပ်ချေချေ၊ခပ်တည်တည်၊ခပ်အေးအေးမျက်နှာပေါက်နှင့်လူက ချက်ချင်းထကာငိုသည်ကိုပထမဦးဆုံးကြုံလိုက်ရခြင်းဖြစ်သည်။


ပြောရမည်ဆိုလျှင်သူသည်ဒီလူနှင့်မှပထမဦးဆုံးတွေကိုအများကြီးကြုံကြိုက်လိုက်ရသည်ဖြစ်သည်။


ထိုမျက်အိမ်ထဲမှအညိုရောင်လဲ့လဲ့မျက်ဆန်များကမျက်ရည်များပြည့်နေသောကြောင့်သလင်းသဏ္ဍာန်ကြည်လဲ့လို့နေသည်။အသားရည်၏ခပ်စိမ့်စိမ့်အရောင်ကထိုကျဆင်းနေသောမျက်ရည်များနှင့်ရောယှက်ကာလှိမ့်ဆင်းလို့နေသည်မှာQuအားရယ်ချင်စေပြီးနှစ်လိုဖွယ်ရာလဲကောင်းနေပေသည်။


Quသဘောကျစွာရယ်မောလိုက်ပြီးသူ့အားတစ်ချက်၊တစ်ချက်မော့ကာခိုးကြည့်နေသောနေသန့်၏အညိုရောင်ဆံပင်ခပ်ရှည်ရှည်များကိုဖွကာပစ်လိုက်သည်။ထိုင်နေလို့သာတော်တော့သည်။နို့မို့ဆီဒီလူကောင်အကြီးကြီးကိုQuမှီနိုင်စရာတစ်စက်မှမရှိ။နေသန်ကQu၏လုပ်ရပ်ကြောင့်အငိုတိတ်သွားသည်။


Quကလဲအငိုတိတ်သွားသောနေသန့်အားမျက်လုံးပြူးလေးနှင့်ကြည့်နေသည်။နေသန်ကသူနှင့်အတန်ငယ်သာကွာဝေးသောထိုမျက်နှာလေးအားအသေးစိတ်ကြည့်ရှုကာနေပြီးနှလုံးသားထဲမှာကပ်ညှိနေပြီးဖြစ်သောပုံရိပ်အားဟောဒီ့သူ့ရှေ့ကမျက်နှာနှင့်တိုက်ကြည့်ပါ၏။


မျက်ဝန်း၊မျက်ခုံး၊နှာတံ၊ထိုအပြုံး။


တထေရာတည်း။

တထပ်တည်းဆို၊တစ်ထပ်တည်းပဲ။


နေသန်၏နှုတ်ခမ်းထောင့်လေးခပ်ဖျော့ဖျော့ကွေးတက်လို့သွားသည်။ထို့နောက် သူတစ်ခါမှမပြုံးပြဖူးသောနှစ်လိုဖွယ်ရာအပြုံးကိုသူ့အရှေ့ကလူသားဟုထင်မှတ်ရသည့်အရာလေးအတွက်ဖန်တီးလိုက်လေသည်။


ဟုတ်သည်။

ထိုသို့ပြုံးလိုက်သောအကြောင်းအရင်းသည်ကQuဆိုသောကောင်လေးတစ်ယောက်ကြောင့်ဖြစ်ပါသည်တဲ့လေ။


သူသည်ယခုငိုချင်လို့ငိုနေတာမဟုတ်ပါဒီအတိုင်းဒီကောင်လေးကိုအနုနည်းနဲ့စည်းရုံးနေတာဖြစ်သည်။နေသန် ထလင်းနော့တ်ဆိုတဲ့လူကငိုရိုးထုံစံဘယ်ရှိလိမ့်ပါလိမ့်။ဒါပေမယ့်နောက်တွင်ဒီကောင်လေးအတွက်နဲ့ခြွင်းချက်တွေရှိလာနိုင်သေးသည်။


Quနေသန်သူ့ကိုပြုံးပြနေသောကြောင့်ပြန်ကာပြုံးပြလိုက်လေ၏။အပြုံးကိုယ်စီနှင့်သူတို့ကြားတွင်ရောယှက်နေသောအဝါရောင်ပျော်ရွှင်မှုလေးမှာသက်တန့်သနှယ် လှပပါ၏။


ထိုအခိုက်အတန့်တွင်သူတို့နှစ်ယောက်လုံးတစ်ပြိုင်တည်းသိလိုက်ရသည်ကသူတို့သည်ယခု 'Epiphany' အားကြုံလိုက်ရပြီဆိုတာကိုပင်။


Epiphany:a moment when you suddenly feel that you understand or suddenly become conscious of something that is very important to you♡



Zawgyi


အခန္း (၅)


"..."


အမွန္တကယ္ပင္မ်က္ႏွာႀကီးကြယ္ကာ ရွက္ေနေပေသာအေမာင္ေနသန္အားQuတစ္ေယာက္တကယ့္ကိုေျခကုန္လက္ပန္းက်ေအာင္ရယ္ပစ္ခ်င္ေတာ့သည္။ေနသန္သည္ေခါင္းကိုရႈိလိုက္၊ေမာ့လိုက္ႏွင့္ျဖစ္လို႔ေနၿပီးတစ္ခ်က္၊တစ္ခ်က္တြင္လည္းမ်က္စိေလးကလယ္ကလယ္ျဖင့္သူ႔အားလွမ္းလို႔ၾကည့္ေနပါေသး၏။


Quသူ႔ေျခတစ္လွမ္းကိုေနာက္ဆုတ္ေပးလိုက္ၿပီးေနသန႔္အားလြတ္လပ္ခြင့္ေပးလိုက္သည္။ထို႔ေနာက္တြင္သူ၏မ်က္လုံးမ်ားကသူလခ်ီကာမသြားျဖစ္ခဲ့ေသာေနရာေလးဆီသို႔ေရာက္လို႔သြားသည္။Quသတိမမူမိပါဘဲေျခလွမ္းခပ္စိပ္စိပ္မ်ားျဖင့္ထိုေနရာေလးသို႔ဦးတည္ကာေလွ်ာက္လွမ္းလို႔သြားေတာ့သည္။


ေနေရာင္ျခည္အလင္းတန္းကတိုက္႐ိုက္ထိုးကာအလင္းျပထားေသာထိုလူတစ္ဦးထိုင္စာေတာင္ကုန္းေနရာေလးတြင္ ျမက္ခင္းမ်ားစိမ္းစိုၾကည္လဲ့လို႔ေနၿပီးျမင္လိုက္သည္ႏွင့္စိတ္ခ်မ္းသာဖြယ္အျပည့္ရွိ၏။Quျဖည္းျဖည္းခ်င္းေတာင္ကုန္းေလးေပၚသို႔တက္သြားကာထိုေနရာေလးတြင္ထိုင္ခ်လိုက္ၿပီးေနာက္သူ႔ဆီတည့္တည့္က်ေရာက္လာေသာေနေရာင္အားမ်က္လုံးေလးမွိတ္ကာအျပည့္အဝခံယူလိုက္သည္။


မ်က္ႏွာကိုေမာ့ကာသဘာဝအေလ်ာက္ၿပဳံးရိပ္ေယာင္သန္းေနေသာQuအားေနသန္ကမူေငး၍ၾကည့္ေန၏။မ်က္လုံးမ်ားျပဳတ္ထြက္မတက္ကိုစူးစိုက္ကာခႏၶာကိုယ္အစိတ္အပိုင္းအားလုံးကိုအေသးစိတ္လိုက္မွတ္ေနသည္ျဖစ္ၿပီးတစ္ခါ၊တစ္ခါသတိမျပဳမိပါဘဲလည္ပင္းထဲမွလႈိက္တက္လာေသာတံေတြးအခ်ိဳ႕ကိုလဲခဏ၊ခဏမ်ိဳခ်ပစ္ေနရေသး၏။


Quကအခုမွပင္သူ႔နားတြင္ေနသန္ဆိုေသာ လူတစ္ေယာက္ရွိေသးသည္ကိုသတိရ၍မ်က္လုံးမ်ားဖြင့္ကာေနသန႔္အားေခါင္းေဝ့ကာရွာသည္။သူ႔ေနာက္လိုက္လာပုံရေသာေနသန႔္အားသူ၏မလွမ္းမကမ္း ေနရာတြင္ရပ္ေနသည္ကိုေတြ႕လိုက္ရမွသာ Quအၿပဳံးမ်ားအားတစ္ဖန္အသက္ဝင္လို႔လာသည္။ယခုတစ္ခါတြင္ေတာ့ေနသန္၏ လည္စလုပ္သည္ခပ္ျပင္းျပင္းအရွိန္တစ္ခုကိုၿမိဳခ်ပစ္လိုက္ပါ၏။


​Quကဒါကိုျမင္သြားေသာ္သူ၏ႏုနယ္လွေသာအေတြးေလးႏွင့္ေနသန္ေရဆာေနသည္အထင္ျဖင့္ခပ္ျမန္ျမန္ထကာေရကန္ေလးဆီသို႔ဦးတည္ကာသြားေလသည္။ခဏေနေတာ့လက္ေလးႏွစ္ဖက္ကိုခပ္အုပ္အုပ္ေလးအုပ္ကာျဖင့္ျပန္လာသည္။ေနသန္ကဘာလဲလို႔ၾကည့္ေတာ့Quကအေပၚသို႔ပင့္ေျမႇာက္ကာျပသည္။


"မင္း ေရဆာေနတယ္ထင္လို႔ ဒီေရကသန႔္ပါတယ္ မင္းငါ့ကိုယုံရင္..ေဟ့ ေဟ့ ျဖည္းျဖည္း.."


စကားမဆုံးခင္Qu၏လက္အားအတင္းဆြဲကာတဂြတ္ဂြတ္ေသာက္ခ်လိုက္ေသာေနသန႔္ေၾကာင့္Quေျမႇာက္ရပ္ေလးျဖစ္သြားသည္။ေနသန္ကေရေသာက္ၿပီးေတာ့တစ္ခဏရပ္လို႔သြားသည္။


ေခတၱအၾကာတြင္ေတာ့ဘာမွ်မရွိေတာ့ေသာQu၏လက္ေလးအားစိတ္ဝင္တစားစိုက္ၾကည့္ပါေတာ့သည္။သူ႔ၾကည့္ရသည္မွာလွပေသာအိမ္မက္တစ္ခုထဲတြင္လြင့္ေမ်ာေနသူႏွယ္။


Quေရထဲမွာမ်ားတစ္ခုခုပါသြားလို႔လားလို႔

မိမိလက္ကိုေမာ့ကာၾကည့္လိုက္ေပမဲ့ေရေတြ႐ႊဲစိုေနသျဖင့္ၾကည္လင္ၿပီးျဖဴဝင္းကာေနေသာသူ၏လက္ႏုႏုေလးမွအပက်န္တာမေတြ႕ရ။ဒီတစ္ခါေတာ့အူေၾကာင္ေၾကာင္ျဖစ္ရသည္မွာQuျဖစ္၏။


တကယ္ပင္ဘာလုပ္လို႔ဘာကိုင္ရမည္မွန္းမသိေသာအ​ေျခအေနျဖစ္ေပသည္။


"ဟိတ္!ဟိတ္!ဘာျဖစ္ရျပန္ၿပီတုန္း ဟိတ္!!"


Quအျပင္းအထန္လႈပ္ႏႈိးလိုက္မွသာမ်က္စိကလည္လည္ႏွင့္Quအားၾကည့္လာ၏။ဒါေတာင္လက္ကိုမလႊတ္ေပးေသး။Quသူ႔အားဆုပ္ကိုင္ထားေသာေနရာအားလႈပ္ျပလိုက္သည္။ေနသန္ကဘာတုန္းဆိုတဲ့အၾကည့္ႏွင့္ၾကည့္သည္။Quစိတ္ပ်က္စြာေခါင္းရမ္းလိုက္ၿပီးပါးစပ္ကသာေျပာလိုက္ရေတာ့သည္။


"လႊတ္ေပးအုန္းေလ"


"..."


ထိုအခါေနသန္ကေတြေဝစြာျဖင့္ၾကည့္ေနၿပီးမွစကားတစ္ခြန္းကိုဆိုလာသည္။


"မလႊတ္ခ်င္ဘူး"


"ဟမ္"


"..."


မိမိလက္လြတ္လပ္မႈကိုေမွ်ာ္လင့္ေနပါေသာ္လည္းမေမွ်ာ္လင့္ထားေသာအေျဖေၾကာင့္Quအံ့ဩသြားရသည္။သူ႔အားစူးစူးရဲရဲစိုက္ၾကည့္ေနေသာေနသန္သည္တကယ္လုံးဝလႊတ္ေပးမည့္ပုံမေပၚ။ဒါေၾကာင့္ Quလက္ေလ်ာ့လိုက္ရၿပီး 'ကိုင္ကိုင္' ဟုသာညည္းညည္းညဴညဴေျပာလိုက္သည္။


ထိုအခါမွမႈိရသြားသည့္ေနသန္သည္မ်က္ႏွာႀကီး႐ႊင္လန္းလို႔လာၿပီးQu၏လက္ႏွစ္ဖက္အားအပိုင္သိမ္းေပေတာ့သည္။Quလဲေျပာၿပီးစလစ္ျဖစ္ေနတာေၾကာင့္ဒီတိုင္းသာထားလိုက္ေတာ့သည္။


"မင္း.."


"အင္း..."


"မင္းနာမည္ဘယ္သူလဲ"


"ေနသန္..ေနသန္ ထလင္းေနာ့တ္"


"အင္းေနသန္ ငါ့ကိုထူးဆန္းတယ္လို႔မထင္မိဘူးလား ဒါမွမဟုတ္ တစ္ခုခုမူမမွန္တာတို႔ဘာတို႔ေပါ့ ဥပမာ ဒီေတာႀကီးထဲမွာတစ္ေယာက္တည္းဘာလုပ္ေနတာလဲတို႔ဘာတို႔...??"


ေနသန္ကခဏေလာက္ခပ္ေတြေတြေတြးရင္းေနာက္ေခါင္းကိုခပ္ျဖည္းျဖည္းခါရမ္းျပသည္။Quတစ္ခ်က္လွစ္ခနဲရယ္လိုက္မိသည္။


"okayyေလ မထင္ဘူးဆိုလဲၿပီးတာပါပဲ"


Qu ေနသန္တမင္သက္သက္ေျပာင္လိမ္ေနမွန္းသိပါသည္။သို႔ေသာ္ ဒီအရာကလဲေကာင္းပါသည္။သူ႔အတြက္ေကာေနသန႔္အတြက္ပါဘာျပႆနာမွရွိမလာႏိုင္ေပေလ။


"မင္းကေကာ ဘယ္သူလဲ"


ေနသန္က စိတ္ဝင္စားစြာေမးသည္။


"ငါကလား..?? အင္မ္...ငါ့ကိုQuလို႔ေခၚၾကတယ္ အသံထြက္ကQuyu ခ..႐ူ႕.. ANTIQUE ရဲ႕အတိုေကာက္ေလ ခ်စ္စရာေကာင္းတယ္မလား ဟဲဟဲ တျခားဟာေတာ့ေထြေထြထူးထူးမရွိဘူး ငါကသိပ္ၿပီးအေရးမပါလွဘူးေလ"


ဆုပ္ကိုင္ၿမဲဆုပ္ကိုင္ထားေသာလက္တို႔သည္အနည္းငယ္တင္းၾကပ္လို႔သြားသည္ကို သတိထားမိလိုက္သည္။Quေနသန႔္အားေမာ့ၾကည့္လိုက္ေတာ့ေနသန္ႏွင့္မ်က္လုံးခ်င္းဆုံသည္။သူသည္မ်က္ေမွာင္ကို အေသမွင္ကုတ္ထားပါေသာ္လည္းသူ႔မ်က္လုံးထဲတြင္သူ႔အတြက္ေႏြးေထြးမႈေတြပါေနသည္ဟုခံစားရသျဖင့္Quညႇင္သာစြာၿပဳံးမိသည္။


"အေရးပါမပါကတစ္ဖက္လူအေပၚမူတည္တာမဟုတ္လား မင္းဆုံးျဖတ္စရာမွမဟုတ္တာ"


Quကေနသန႔္ကိုမ်က္မႈန္ေလးကုတ္ကာရယ္က်ဲက်ဲႏွင့္ၾကည့္လိုက္သည္။ေနသန္က Quအားအတည္ႀကီးေျပာေနတာျဖစ္သည္။Quေခါင္းကိုအသာအယာၿငိမ့္ျဖစ္လိုက္ပါ၏။


"အင္း ဟုတ္ပါတယ္ေလ ဒါဆိုငါတို႔သူငယ္ခ်င္းလုပ္ၾကတာေပါ့"


"သူ..ငယ္...ခ်င္း..?"


ေနသန္ အံ့ဩစြာေရ႐ြတ္လိုက္ေလ၏။


"အင္းေလ မင္းငါနဲ႔သူငယ္ခ်င္းျဖစ္ခ်င္လို႔

ဒီကိုျပန္လာတာမလား"


ထိုအခါေနသန္ကQuအားညႇိဳးငယ္စြာစိုက္ၾကည့္ေနပါ၏။ထို႔ေနာက္ေအာက္သို႔ ငုံ႔သြားကာၿပီးမွတစ္ဖန္Quအားစိုက္ၾကည့္လာပါ၏။


ထိုအခါထိုအညိဳေရာင္လဲ့လဲ့မ်က္အိမ္မ်ားထဲမွမ်က္ရည္စတခ်ိဳ႕လွိမ့္ဆင္းလို႔လာသည္။႐ုတ္တရက္ထပ္ကာေၾကာင္သြားေသာေၾကာင့္Quအံ့ဩစြာေခတၱၿငိမ္သက္ေနမိသြား၏။သူ႔လက္ကိုအဆုပ္မပ်က္ ေအာက္သို႔ဇြက္ခနဲထိုင္ခ်လိုက္ၿပီးထို႔ေနာက္အသည္းအသန္းစ၍ငိုပါေတာ့သည္။Quသည္ 'ဘာျဖစ္လို႔လဲ' ဟုေမးၾကည့္ပါေသာ္လည္းေနသန္ကငိုၿမဲငိုေနသည္။Quမ်က္ႏွာႀကီးအူေၾကာင္ေၾကာင္ႀကီးျဖစ္လို႔ေနေတာ့သည္။


“ဒီေကာင္ကဘာႀကီးတုန္း

ငါေၾကာက္လာၿပီ”


"...(ငိုရႈိက္သံ).."


"..."


"..."


"တိတ္ တိတ္ တိတ္ မငိုနဲ႔ေတာ့"


Awkward*(ေနရခက္ေသာအေျခအေန)


ေနသန္ကQuထံမွႏွစ္သိမ့္စကားထြက္လာေသာေၾကာင့္ေခါင္းေလးကိုအသာအယာေမာ့ၾကည့္ပါ၏။ထို႔ေနာက္ေလလုံးမကြဲေသာအသံေလးႏွင့္Quအားေျပာသည္။


"ပါးေလး ပါးေလးကိုင္ၾကည့္ခ်င္မိတယ္"


"ဟမ္..."


"အဟင့္ Quပါးေလးကိုင္ခ်င္တယ္လို႔

ကိုင္ခြင့္မေပးဘူးလား ၿဗဲ..အဟမ္းဟမ္း..

ကိုင္ခြင့္မေပးဘူးေပါ့ ၿဗဲ..."


မ်က္ရည္မ်ား႐ႊဲေနေသာမႈန္သုန္သုန္ မ်က္ႏွာေလးနဲ႔ေတာင္းဆိုကာထပ္မံငိုရႈိက္သြားေသာေနသန႔္ေၾကာင့္Quမရယ္သင့္ပါေသာ္လည္းခြီးခနဲအသံထြက္သြားသည္။


ေျပာရလွ်င္ထိုေလးေထာင့္က်က်မ်က္ႏွာေပၚမွမ်က္ရည္မ်ားသည္ပင္သူ၏ခႏၶာကိုယ္ပိုင္ရွင္ေၾကာင့္႐ုပ္မပ်က္ေစဘဲဘယ္လိုေျပာရမည္လဲခန႔္လို႔ပင္ေနေသးသည္။ခပ္ေခ်ာေခ်ာ၊ခပ္ေခ်ေခ်၊ခပ္တည္တည္၊ခပ္ေအးေအးမ်က္ႏွာေပါက္ႏွင့္လူက ခ်က္ခ်င္းထကာငိုသည္ကိုပထမဦးဆုံးႀကဳံလိုက္ရျခင္းျဖစ္သည္။


ေျပာရမည္ဆိုလွ်င္သူသည္ဒီလူႏွင့္မွပထမဦးဆုံးေတြကိုအမ်ားႀကီးႀကဳံႀကိဳက္လိုက္ရသည္ျဖစ္သည္။


ထိုမ်က္အိမ္ထဲမွအညိဳေရာင္လဲ့လဲ့မ်က္ဆန္မ်ားကမ်က္ရည္မ်ားျပည့္ေနေသာေၾကာင့္သလင္းသ႑ာန္ၾကည္လဲ့လို႔ေနသည္။အသားရည္၏ခပ္စိမ့္စိမ့္အေရာင္ကထိုက်ဆင္းေနေသာမ်က္ရည္မ်ားႏွင့္ေရာယွက္ကာလွိမ့္ဆင္းလို႔ေနသည္မွာQuအားရယ္ခ်င္ေစၿပီးႏွစ္လိုဖြယ္ရာလဲေကာင္းေနေပသည္။


Quသေဘာက်စြာရယ္ေမာလိုက္ၿပီးသူ႔အားတစ္ခ်က္၊တစ္ခ်က္ေမာ့ကာခိုးၾကည့္ေနေသာေနသန႔္၏အညိဳေရာင္ဆံပင္ခပ္ရွည္ရွည္မ်ားကိုဖြကာပစ္လိုက္သည္။ထိုင္ေနလို႔သာေတာ္ေတာ့သည္။ႏို႔မို႔ဆီဒီလူေကာင္အႀကီးႀကီးကိုQuမွီႏိုင္စရာတစ္စက္မွမရွိ။ေနသန္ကQu၏လုပ္ရပ္ေၾကာင့္အငိုတိတ္သြားသည္။


Quကလဲအငိုတိတ္သြားေသာေနသန႔္အားမ်က္လုံးျပဴးေလးႏွင့္ၾကည့္ေနသည္။ေနသန္ကသူႏွင့္အတန္ငယ္သာကြာေဝးေသာထိုမ်က္ႏွာေလးအားအေသးစိတ္ၾကည့္ရႈကာေနၿပီးႏွလုံးသားထဲမွာကပ္ညႇိေနၿပီးျဖစ္ေသာပုံရိပ္အားေဟာဒီ့သူ႔ေရွ႕ကမ်က္ႏွာႏွင့္တိုက္ၾကည့္ပါ၏။


မ်က္ဝန္း၊မ်က္ခုံး၊ႏွာတံ၊ထိုအၿပဳံး။


တေထရာတည္း။

တထပ္တည္းဆို၊တစ္ထပ္တည္းပဲ။


ေနသန္၏ႏႈတ္ခမ္းေထာင့္ေလးခပ္ေဖ်ာ့ေဖ်ာ့ေကြးတက္လို႔သြားသည္။ထို႔ေနာက္ သူတစ္ခါမွမၿပဳံးျပဖူးေသာႏွစ္လိုဖြယ္ရာအၿပဳံးကိုသူ႔အေရွ႕ကလူသားဟုထင္မွတ္ရသည့္အရာေလးအတြက္ဖန္တီးလိုက္ေလသည္။


ဟုတ္သည္။

ထိုသို႔ၿပဳံးလိုက္ေသာအေၾကာင္းအရင္းသည္ကQuဆိုေသာေကာင္ေလးတစ္ေယာက္ေၾကာင့္ျဖစ္ပါသည္တဲ့ေလ။


သူသည္ယခုငိုခ်င္လို႔ငိုေနတာမဟုတ္ပါဒီအတိုင္းဒီေကာင္ေလးကိုအႏုနည္းနဲ႔စည္း႐ုံးေနတာျဖစ္သည္။ေနသန္ ထလင္းေနာ့တ္ဆိုတဲ့လူကငို႐ိုးထုံစံဘယ္ရွိလိမ့္ပါလိမ့္။ဒါေပမယ့္ေနာက္တြင္ဒီေကာင္ေလးအတြက္နဲ႔ႁခြင္းခ်က္ေတြရွိလာႏိုင္ေသးသည္။


Quေနသန္သူ႔ကိုၿပဳံးျပေနေသာေၾကာင့္ျပန္ကာၿပဳံးျပလိုက္ေလ၏။အၿပဳံးကိုယ္စီႏွင့္သူတို႔ၾကားတြင္ေရာယွက္ေနေသာအဝါေရာင္ေပ်ာ္႐ႊင္မႈေလးမွာသက္တန႔္သႏွယ္ လွပပါ၏။


ထိုအခိုက္အတန႔္တြင္သူတို႔ႏွစ္ေယာက္လုံးတစ္ၿပိဳင္တည္းသိလိုက္ရသည္ကသူတို႔သည္ယခု 'Epiphany' အားႀကဳံလိုက္ရၿပီဆိုတာကိုပင္။


Epiphany:a moment when you suddenly feel that you understand or suddenly become conscious of something that is very important to you♡

Comments

Post a Comment