A Sweven Elegy from Nature - Chapter 7

 Unicode


အခန်း (၇)


Knock!Knock!


သီယာလက်ဖက်ရည်သောက်ချင်လာ၍ ရေနွေးတည်ရန်ထလိုက်သည်။ထို့နောက် မီးကိုပျိုးကာဘေးနားတွင်ရပ်စောင့်နေတုန်းတံခါးဆီမှအသံနှစ်ချက်ဆင့်လျက်ပဲ့တင်ထွက်လာသည်ကိုကြားလိုက်ရသည်။ဘယ်သူပါလဲ၊ခန့်မှန်းပါအုန်းမယ်ဆိုမှ 'ဟ' ခန့်မှန်းစရာမှမလိုတာ။ဘာမဆိုညာမဆို အချိန်မရွေးရောက်လာတတ်တဲ့ နိတ် ထလင်းနော့တ်ပင်ပေါ့။သူသည်တံခါးကိုနှစ်ချက်သာခေါက်ရမည်ဟုလက်ကိုင်ထားပုံရသည်။တကယ်လို့များမကြားလျှင်ဘယ်နှယ့်လုပ်ပ့ါ။


စင်သီယာခေါင်းကိုခါယမ်းကာတံခါးသွားဖွင့်ပေးလိုက်ပြီးချက်ချင်းမဝင်စေဘဲ 'အသင်ဘာလာလုပ်သလဲ' ဆိုတဲ့အကြည့်နဲ့ခါးထောက်ကာနေသန့်အားစူးစူးရဲရဲစိုက်ကြည့်နေလိုက်သည်။


သီယာသည်အညိုရောင်စွယ်တာအင်္ကျီနှင့် ပိုးသားအပေါ်ထည်လက်ပြတ်အင်္ကျီကိုလိုက်ဖက်စွာတွဲလျက်ဝတ်ဆင်ထားပြီးပိုးထည်သားစကပ်အားအင်္ကျီများနှင့်လိုက်ဖက်အောင်အညိုနုရောင်လေးအားဝတ်ဆင်ထားသည်။


​ဆံပင်ခွေခွေများကိုအလိပ်လိုက်ခေါင်းပေါ်သို့ထုံးကာစီးတင်လို့ထားပြီးမျက်နှာမှာသဘာဝအတိုင်းလှနေလေ၏။နေသန် သီယာ့အားသွားစိကာပြုံးပြလိုက်သည်။စင်သီယာကထိုအခါမှ စိတ်ပျက်သောအမူအရာကြီးပေါ်လာပြီး 'လာစမ်းပါဟာ' ဟုလက်ယက်ကာအထဲသို့ဝင်စေသည်။


ထိုအခါမှနေသန်လည်းအထဲသို့ ဖြည်းဖြည်းချင်းဝင်ထိုင်လိုက်ပြီးတစ်ယောက်ထဲထိုင်ခုံပေါ်တွင်စိတ်ပျက်စွာတွေးတောနေပေသည်။စင်သီယာရေနွေးတည်ထားတာကိုချကာလက်ကိုနှစ်ချက်မျှခါလိုက်ပြီးနောက် 'ကဲ' ဟုအစချီကာနေသန့်မျက်နှာချင်းဆိုင်ခုံလေသို့ဝင်ထိုင်လိုက်သည်။ထို့နောက် 'ပြော' ဟူသောစကားဆက်နှင့်မေးငေါ့ကာရုပ်တည်ကြီးနှင့်အလေးအနက်ဆိုလိုက်သည်။


နေသန်သည်အမှန်ပင်တွေဝေနေပြီးခုံပေါ်သို့ယှက်တင်ထားသောသူ၏လက်နှစ်ဖက်အားဆုပ်လိုက်၊ဖွင့်လိုက်ပြုလုပ်နေမိသည်။စင်သီယာမျက်လုံးကိုတစ်ချက်မှေးကာနေသန့်အားစူးစမ်းလိုက်သည်။ဒီကောင်လေးဒီတစ်ခါကောဘာဖြစ်လာပြန်ပြီလဲ။


ဟိုတစ်ခါလှေတစ်စီးနှင့်မြို့ပတ်ကာမူးရူးအော်ဟစ်နေသောဗလတောင့်တောင့် တေလေဂျပိုးအရက်သမားအား 'ဒီတိုင်းဆက်သွားလို့ရှိရင် ငါမင်းကိုတကယ်သတ်မိမယ်နော်' ဟုရုပ်တည်ကြီးနှင့်ခြိမ်းခြောက်လိုက်သောကြောင့်ထိုသူကြောက်ကြောက်လန့်လန့်ဖြင့်ထကာမြို့အားပတ်သောင်းကျန်းသွားသည်ကိုစင်သီယာကိုယ်တိုင်သွားရောက်ဖျောင်းဖျပေးခဲ့ရသည်။


စင်သီယာဒီတစ်ခါတော့သတင်းကောင်းဖြစ်ဖို့မျှော်လင့်မိသည်။မဟုတ်မှန်းသိနေပေမဲ့လို့ပေါ့။


နေသန်၏တွေဝေကာတွေဝေလျက်ရှိသောအမူအရာကြောင့်သီယာစိတ်မရှည်ဘဲခုံပေါ်ကရုတ်တရက်ထသွားဟန်ပြုသည်။


"ဘယ်သွားမလို့လဲ"


"မင်းကိုစောင့်မလို့လေ..မင်းပြောချင်တဲ့အထိစောင့်မလို့ အခုပြောချင်ရင်အခုရှိမယ်နောက်မှပြောချင်ရင်နောက်မှရှိမယ် ဘာရွေးမလဲ"


"..."


နေသန်ကိုယ်လေးတစ်ချက်တုန်ရီသွားသည်။ပြီးမှစိတ်ကိုလျော့လိုက်ဟန်ဖြင့်စင်သီယာ့အားအရှေ့ရှိထိုင်ခုံသို့မေးငေါ့ပြသည်။ထိုင်ဟုအမိန့်ပေးလိုက်တာဖြစ်သည်။နေသန်နှင့်စင်သီယာတွင်စင်သီယာက နေသန့်ထက်လအနည်းငယ်သာကြီးပါသော်လည်းနေသန်ကအမြဲတစေ စင်သီယာ့အပေါ်တွင်အာဏာပါဝါဖြင့်ပြောဆိုလေ့ရှိသည်။စင်သီယာလဲနာခံရသည်။


ကြောက်လို့မဟုတ်ပါ။

တကယ်ကြောက်လို့မဟုတ်ရပါ။မယုံလဲ မတတ်နိုင်ဘိ။


စင်သီယာ 'ဟုတ်ပြီ' ဟုဆိုကာထိုင်ခုံ၌ထိုင်လိုက်ပြီးနေသန့်ကဲ့သို့လက်နှစ်ဖက်ကိုယှဉ်လျက်ဟန်ပါပါထပ်ကာနားထောင်ရန်အသင့်ပြင်လိုက်သည်။


"ကဲ ပြော.."


နေသန်ကစင်သီယာ့အားမော့ကြည့်သည်။

ထို့နောက်သိချင်မှုပေါင်းများစွာနှင့် . .


"သီယာ .. လူတစ်ယောက်ကိုကိုယ့်အပိုင်

ဖြစ်စေချင်တဲ့စိတ်တွေအရမ်းပြင်းထန်နေရင်ဘာလုပ်သင့်လဲ"


"ဟေ"


"ဟိုကွာ သူ့ကိုမြင်လိုက်တိုင်း ရေငတ်ပြီးခန္ဓာကိုယ်တွေပူတက်လာတာတို့  ဟာ f*** မဟုတ်သေးပါဘူး.."


နေသန်ခေါင်းကိုခါရမ်းကာစကားပြင်သည်။မဟုတ် ပြင်ဖို့ကြိုးစားသည်။


"အင်း ဘယ်လိုပြောရမလဲ တစ်ကိုယ်လုံးကိုအပိုင်သိမ်းပစ်လိုက်ချင်တာတို့ စပ်စပ်ထိမခံဖြစ်နေတဲ့နေရာလေးတွေရွေးပြီးနမ်းရှုပ်ပစ်လိုက်ချင်တာတို့ပြောတာ"


"..what the "


ယခုဖြစ်ပျက်နေသည့်စင်သီယာ့ရုပ်ကြီးကိုမိတ်ဆွေအပေါင်းတို့မမြင်တာပဲကောင်းမည်။ပြောလို့မရဘဲသွားကာကြည့်မည်ဆိုလျှင်တော့အသင်တို့မျက်နှာတည့်တည့် ရစရာမရှိအောင်ပိုးစိုးပက်စက်ဆဲဆိုခံရနိုင်ပြီးနေသန်နောက်ထပ်တစ်ခွန်းဟလာလျှင်လဲချက်ချင်းထကာငိုတော့မည့်ဟန်လဲရှိ၏။


နေသန်ကတွေဝေစွာအချက်အလက်တွေကိုအသေအချာစဉ်းစားရင်းထပ်ပြောလာ၏။


"ပြီးတော့ သူ့လည်တိုင်လေးတွေ .. သိပ်ကိုအရသာရှိမယ့်ပုံပဲ သီယာရာ"


"..."


"ပြီးတော့အဲ့ငုံစိစိ အဲ့ဒီ အဲ့ဒီ နှုတ်ခမ်းလေး အာာ..အားလုံးပဲ အကုန်လုံးရချင်တာ တစ်ကိုယ်လုံးအပိုင်လုပ်ပစ်ချင်တာ"


"အပိုင်လုပ်ပြီး ဘာလုပ်မလို့တုန်း??"


စင်သီယာသိချင်စိတ်အပြည့်နှင့်ကောက်ကာမေးလိုက်သည်။ထိုအခါနေသန်က အချက်ကောင်းပဲဟုဆိုကာတစ်ဖန်နက်နက်နဲနဲစဉ်းစားသွားပြန်သည်။စင်သီယာ နေသန်စဉ်းစားနေတုန်းချွေးတွေကိုလက်နှင့်အသည်းအသန်သုတ်ရသည်။ပူသည်။ပူသည်။သိပ်ပူသည်။နွေဦးရာသီကြီး အသင်လဲ​-ီးပါပေပဲ။


"အာ သိပြီ"


"အမ်း"


"စားမှာပေါ့"


"ဟမ်??"


"အပိုင်လုပ်ပြီး ခဏခဏစားပစ်မှာ ဟိုကိုယ်ကြိုက်တဲ့မုန့်ကိုထုတ်တဲ့စက်ရုံကိုအပိုင်သိမ်းပစ်လိုက်သလိုမျိုးလေ အမြဲတမ်းအနားထားပြီး သတိရတိုင်း စားမှာ"


"...(သီယာ့ခေါင်းပေါ်မှ ကျီးကန်းအုပ်လိုက်ပျံသွား)"


"..."


စင်သီယာမျက်ခုံးများကိုလက်နှင့်ထောက်ကာစိတ်ကိုအတော်လျော့ထားရသည်။နေသန်ပါးစပ်ကဒီတစ်သက်ဒီလိုမျိုးတွေထွက်လာမည်ဟုသီယာလုံးဝမထင်မှတ်ထားသည်ကတော့အမှန်ပင်။နေသန် လူတစ်ယောက်ကိုဒီလောက်ထိဖြစ်ပျက်သွားလိမ့်မည်ဟုလည်းလုံးဝမမျှော်လင့်ထား။


အဓိကကနေသန့်အားဒီလိုဖြစ်အောင်လုပ်နိုင်သောလူသားဤကမ္ဘာပေါ်တွင်မရှိဟု တွက်ထားခြင်းပင်။မှားပြီ။မှားပြီအမှားကြီးမှားပြီ။သီယာ အမှားကြီးကိုမှားပြီ။


နေသန်ကစင်သီယာ့အားမျက်လုံးလေးကလယ်ကလယ်နှင့်မျှော်လင့်တကြီးစောင့်စားလို့နေ၏။စင်သီယာအသာမျက်စိလှန်ကာတကယ်ပြောနေသည်ဟုတ်မဟုတ် တစ်ခါအကဲခတ်လိုက်ပြန်သည်။


S***!တကယ်ကြီးဟ။F*** Jesus!တပည့်တော်မကိုချက်ချင်းညဏ်အလင်းပြတော်မူပါအုန်း။ဖင်ကထုတ်လိုက်တဲ့ အကြံဉာဏ်လဲရပါ၏။အကြံဉာဏ်ဖြစ်ရင်ကိုရပါပြီ။


"okok ဟူး.."


စင်သီယာစိတ်ကိုအေးအေးထားလိုက်ပြီးနေသန့်အားတစ်ချက်ကြည့်လိုက်သည်။နေသန့်၏မျက်နှာအမူအရာကိုမြင်ရတော့စင်သီယာတစ်ခဏတော့ဝမ်းသာမှုလေးဖြတ်သန်းလို့သွားသည်။ဝါး ငါ့မောင်လေးတစ်ယောက်မိန်းမရတော့မှာပါလားလို့။တစ်ဆက်တည်းတွေးမိလိုက်သည်ကငါအမြှောက်ကောင်းရင်ပေါ့လေပေါ့။


"အဟမ်း..ဆိုတော့ မင်းကသူ့ကိုကြိုက်နေတယ်ပေါ့"


"ကြိုက်နေတယ်??ကျွန်တော်သူ့ကို

ကြိုက်တယ်လို့မပြောမိပါဘူး"


"မင်းပြောတော့ သူ့ကိုရချင်တယ်ဆို"


"ဟုတ်တယ်လေ"


"သူ့လည်ပင်းကအရသာရှိမှာပဲဆို"


"သိပ်ဟုတ်တယ်လေ"


"အဲ့တာကကြိုက်နေတာမဟုတ်လား"


"ကြိုက်နေတာ..."


နေသန်ကတစ်ချက်တွေဝေသွားပြီးနောက်အဖြေကြီးတစ်ခုကိုရသွားသလိုရုတ်တရက်ခုံပေါ်ကနေဝုန်းခနဲထလိုက်သည်။ရုတ်တရက်မို့စင်သီယာလဲလန့်ကာ ထလိုက်မိသည်။


"ဟဲ့ ဘာဖြစ်တာလဲ လန့်တာဟ"


"သီယာ သီယား...သီယာ"


"ဟေ နင့်အမေဒီမှာအလှလေးအတိုင်းပဲ

ရှိသေးပါတယ်တော်"


"ကျွန်တော်သိသွားပြီ ကျွန်တော် ကျွန်တော်က.."


"အေး အေး..."


စင်သီယာစိတ်ဝင်တစားနားစွင့်နေလိုက်၏။


"ကျွန်တော် သူ့ကိုကြိုက်နေတာ!!"


"...the f*** are you think I'm talking about ငါခုနဘာပြောလိုက်တယ်ထင်လို့လဲ နင်ကအပြင်ကကြည့်ရင် လူကြီးလူကောင်းလိုအားလုံးကိုသိနေတဲ့စတိုင်နဲ့ ဒီလိုအရာမှာကျတုံးတာလွန်နေပါရောလား ငါ့မောင်ရ"


"..."


"..(သီယာပွစိ ပွစိ ပွစိ ပွစိ ပြောနေ)"


"...(နေသန် စဉ်းစားနေ)"


"ငါ..(သီယာ ပွစိ ပွစိ ထက် ပွစိ ပွစိ ပြောနေ)"


"..(နေသန် အကြိတ်အနယ် စဉ်းစားနေ)"


"..ငတုံးရဲ့ တုံးလိုက်တာမှလွန်ရောပဲ"


နေသန်သည်ပွစိပွစိပြောနေသောစင်သီယာ့အားအလုံးစုံလျစ်လျူရှုထားပြီးပြတင်းပေါက်ကနေအဝေးသို့လှမ်းကြည့်ကာတွေးတောနေပါ၏။သို့သော်စင်သီယာ၏ စကားထဲမှပါလာတဲ့အရာတစ်ခုကြောင့်နေသန်သည်သီယာ့ဘက်သို့လှည့်ကာကြားဖြတ်စကားတစ်ခွန်းဆိုလိုက်သည်။


"သူကကျွန်တော့်ထက် ပိုတုံးတယ်"


"အေး အဲ့တာဆို စိတ်ချလိုက်တော့"


"ဘာကိုလဲ"


"နင်တို့ညားမှာကိုလေ"


"ကျွန်တော်သူနဲ့မညားချင်ပါဘူး ကျွန်တော်ကသူ့ကို အရသာရှိမှာပဲလို့ပဲပြော..."


"တော် တော် ငါ့နားမှာ အဲ့ဒီ့စကားလုံးတွေမပြောနဲ့တော့ စိတ်ညစ်လာပြီ ခေါင်းကြိမ်းတာ နောက်တစ်ခါဆို ဘယ်လိုလုပ်ရမလဲတွေမေးလာတော့မှာလားမသိဘူး မဖြစ်ဘူး...မဖြစ်ဘူး ငါတံခါးချက်အသစ်ဝယ်ထားမှဖြစ်မယ်.."


နေသန်ကသူ့လက်နှင့်သရုပ်ပြနေရာမှချက်ချင်းခေါင်းကိုနှိပ်ကာတတွတ်တွတ်ပြောပြီးအိမ်အထဲသို့ဝင်သွားပြီဖြစ်သောစင်သီယာ့ကို 'ဘိုင်း' ဟုတော့ နှုတ်ဆက်လိုက်ပါသေးသည်။ထို့နောက်အိမ်ထဲမှထွက်ကာမျက်နှာကြီးစပ်ဖြီးဖြီးနှင့်တက်ကြွသောခြေလှမ်းများဖြင့်လျှောက်လှမ်းကာတစ်နေရာကိုဦးတည်နေပါလေတော့သည်။


အိမ်နဲ့အတော်လေးဝေးဝေးရောက်မှ သီယာ့၏အသံကြီးဟိန်းလို့ထွက်လာသည်။


"ဟဲ့ နင်သူ့ကိုသွားကြီးစိပြီးမပြုံးပြနဲ့ သူကငါ့လိုသည်းခံနိုင်မှာမဟုတ်ဘူး..."


"..ဘာလို့တုန်း.."


နေသန်လမ်းလျှောက်ရင်းနဲ့ပင်ပြန်လည်ကာခွန်းတုန့်ပြန်လိုက်သည်။သီယာ့ထံမှ တစ်ခဏမျှတော့တိတ်ဆိတ်သွားပါသည်။စက္ကန့်အနည်းငယ်ကြာမှာတော့သီယာ၏အသံစူးစူးလေးတစ်ဖန်ထွက်လို့လာသည်။သူမပြောသည်က . .


"နင့်ရုပ်ကလူသေကိုပေါင်ကြောလိမ်ဆွဲပြီး

အတင်းညှစ်ပြုံးခိုင်းနေတဲ့ပုံနဲ့မပြုံးနဲ့ဆို မပြုံးနဲ့ ဒါပဲ"


ခွီး..။ဟားဟားဟား။

ဟားဟားဟား။


သီယာ့စကားအဆုံးတွင်Giethoornရှိအိမ်တိုင်းဆီမှရယ်သံများတစီတလျဉ်လိုက်ကြီးထွက်ကျလို့လာတော့ပေသည်။နေသန်ကမူပြုံးရုံသာပြုံးလိုက်ပြီးခေါင်းတစ်ချက်ခါကာသူသွားနေသည့်နေရာသို့သာပြန်ဦးတည်လိုက်သည်။


သို့သော်ရယ်သံများကမူအတော်ကြာသွားသည်ထိမပျက်သေး။ဒီညတော့မြို့ကလေးအသက်ဝင်ကာသွားသည်။ဒါကိုလဲမြို့ထဲရှိလူတိုင်းကကျေးဇူးတင်ပါ၏။


Giethoornအိမ်လေးတစ်အိမ်ထဲရှိအသက်ကြီးကြီးဇနီးမောင်နှံကတော့ထိုအသံကြားပြီးနောက်တစ်ယောက်ကိုယ်တစ်ယောက်ကြည့်ကာခပ်ဖျော့ဖျော့ရယ်ရင်းဤသို့ဆိုကြသည်။


"အဲ့ ထလင်းနော့တ်ကောင်လေးက လူသစ်မလေးနဲ့ရမယ်ထင်တယ်"


"ဘယ်ကလာ မင်းနဲ့ငါ့တုန်းကတောင်ကြည့်ပါလား မင်းကဟို့ကောင် jeff ကိုသွားရည်တတန်တကနဲ့ ခုကြည့်ပါအုန်း ဘယ်သူ့လက်မောင်းပေါ်မှာဝင်အိပ်နေရပြီလဲ အချစ်ရဲ့.."


"ဟုတ်ပါပြီတော် အင်း အဲ့တာဆို သူကဘယ်သူနဲ့ရမယ်ထင်လဲ Giethoornကောင်မလေးတွေနဲ့တော့တစ်ယောက်မှရင်းနှီးတာမတွေ့မိပေါင်"


"ဒါကလားTime will reveal whose loss is truly love Darl,it will..."


ထို့နောက်သူတို့သည်တစ်ယောက်ကိုယ်တစ်ယောက်နွေးထွေးစွာနှင့်အပြုံးချင်းဖလှယ်လိုက်ရင်းသူတို့လုပ်စရာရှိတာတွေကိုဆက်ကာလုပ်နေရင်းထိုညလေးအားနွေးထွေးစွာဖြတ်သန်းနေပါတော့လေ၏။



Zawgyi


အခန္း (၇)


Knock!Knock!


သီယာလက္ဖက္ရည္ေသာက္ခ်င္လာ၍ ေရေႏြးတည္ရန္ထလိုက္သည္။ထို႔ေနာက္ မီးကိုပ်ိဳးကာေဘးနားတြင္ရပ္ေစာင့္ေနတုန္းတံခါးဆီမွအသံႏွစ္ခ်က္ဆင့္လ်က္ပဲ့တင္ထြက္လာသည္ကိုၾကားလိုက္ရသည္။ဘယ္သူပါလဲ၊ခန႔္မွန္းပါအုန္းမယ္ဆိုမွ 'ဟ' ခန႔္မွန္းစရာမွမလိုတာ။ဘာမဆိုညာမဆို အခ်ိန္မေ႐ြးေရာက္လာတတ္တဲ့ နိတ္ ထလင္းေနာ့တ္ပင္ေပါ့။သူသည္တံခါးကိုႏွစ္ခ်က္သာေခါက္ရမည္ဟုလက္ကိုင္ထားပုံရသည္။တကယ္လို႔မ်ားမၾကားလွ်င္ဘယ္ႏွယ့္လုပ္ပ့ါ။


စင္သီယာေခါင္းကိုခါယမ္းကာတံခါးသြားဖြင့္ေပးလိုက္ၿပီးခ်က္ခ်င္းမဝင္ေစဘဲ 'အသင္ဘာလာလုပ္သလဲ' ဆိုတဲ့အၾကည့္နဲ႔ခါးေထာက္ကာေနသန႔္အားစူးစူးရဲရဲစိုက္ၾကည့္ေနလိုက္သည္။


သီယာသည္အညိဳေရာင္စြယ္တာအက်ႌႏွင့္ ပိုးသားအေပၚထည္လက္ျပတ္အက်ႌကိုလိုက္ဖက္စြာတြဲလ်က္ဝတ္ဆင္ထားၿပီးပိုးထည္သားစကပ္အားအက်ႌမ်ားႏွင့္လိုက္ဖက္ေအာင္အညိဳႏုေရာင္ေလးအားဝတ္ဆင္ထားသည္။


​ဆံပင္ေခြေခြမ်ားကိုအလိပ္လိုက္ေခါင္းေပၚသို႔ထုံးကာစီးတင္လို႔ထားၿပီးမ်က္ႏွာမွာသဘာဝအတိုင္းလွေနေလ၏။ေနသန္ သီယာ့အားသြားစိကာၿပဳံးျပလိုက္သည္။စင္သီယာကထိုအခါမွ စိတ္ပ်က္ေသာအမူအရာႀကီးေပၚလာၿပီး 'လာစမ္းပါဟာ' ဟုလက္ယက္ကာအထဲသို႔ဝင္ေစသည္။


ထိုအခါမွေနသန္လည္းအထဲသို႔ ျဖည္းျဖည္းခ်င္းဝင္ထိုင္လိုက္ၿပီးတစ္ေယာက္ထဲထိုင္ခုံေပၚတြင္စိတ္ပ်က္စြာေတြးေတာေနေပသည္။စင္သီယာေရေႏြးတည္ထားတာကိုခ်ကာလက္ကိုႏွစ္ခ်က္မွ်ခါလိုက္ၿပီးေနာက္ 'ကဲ' ဟုအစခ်ီကာေနသန႔္မ်က္ႏွာခ်င္းဆိုင္ခုံေလသို႔ဝင္ထိုင္လိုက္သည္။ထို႔ေနာက္ 'ေျပာ' ဟူေသာစကားဆက္ႏွင့္ေမးေငါ့ကာ႐ုပ္တည္ႀကီးႏွင့္အေလးအနက္ဆိုလိုက္သည္။


ေနသန္သည္အမွန္ပင္ေတြေဝေနၿပီးခုံေပၚသို႔ယွက္တင္ထားေသာသူ၏လက္ႏွစ္ဖက္အားဆုပ္လိုက္၊ဖြင့္လိုက္ျပဳလုပ္ေနမိသည္။စင္သီယာမ်က္လုံးကိုတစ္ခ်က္ေမွးကာေနသန႔္အားစူးစမ္းလိုက္သည္။ဒီေကာင္ေလးဒီတစ္ခါေကာဘာျဖစ္လာျပန္ၿပီလဲ။


ဟိုတစ္ခါေလွတစ္စီးႏွင့္ၿမိဳ႕ပတ္ကာမူး႐ူးေအာ္ဟစ္ေနေသာဗလေတာင့္ေတာင့္ ေတေလဂ်ပိုးအရက္သမားအား 'ဒီတိုင္းဆက္သြားလို႔ရွိရင္ ငါမင္းကိုတကယ္သတ္မိမယ္ေနာ္' ဟု႐ုပ္တည္ႀကီးႏွင့္ၿခိမ္းေျခာက္လိုက္ေသာေၾကာင့္ထိုသူေၾကာက္ေၾကာက္လန္႔လန္႔ျဖင့္ထကာၿမိဳ႕အားပတ္ေသာင္းက်န္းသြားသည္ကိုစင္သီယာကိုယ္တိုင္သြားေရာက္ေဖ်ာင္းဖ်ေပးခဲ့ရသည္။


စင္သီယာဒီတစ္ခါေတာ့သတင္းေကာင္းျဖစ္ဖို႔ေမွ်ာ္လင့္မိသည္။မဟုတ္မွန္းသိေနေပမဲ့လို႔ေပါ့။


ေနသန္၏ေတြေဝကာေတြေဝလ်က္ရွိေသာအမူအရာေၾကာင့္သီယာစိတ္မရွည္ဘဲခုံေပၚက႐ုတ္တရက္ထသြားဟန္ျပဳသည္။


"ဘယ္သြားမလို႔လဲ"


"မင္းကိုေစာင့္မလို႔ေလ..မင္းေျပာခ်င္တဲ့အထိေစာင့္မလို႔ အခုေျပာခ်င္ရင္အခုရွိမယ္ေနာက္မွေျပာခ်င္ရင္ေနာက္မွရွိမယ္ ဘာေ႐ြးမလဲ"


"..."


ေနသန္ကိုယ္ေလးတစ္ခ်က္တုန္ရီသြားသည္။ၿပီးမွစိတ္ကိုေလ်ာ့လိုက္ဟန္ျဖင့္စင္သီယာ့အားအေရွ႕ရွိထိုင္ခုံသို႔ေမးေငါ့ျပသည္။ထိုင္ဟုအမိန႔္ေပးလိုက္တာျဖစ္သည္။ေနသန္ႏွင့္စင္သီယာတြင္စင္သီယာက ေနသန႔္ထက္လအနည္းငယ္သာႀကီးပါေသာ္လည္းေနသန္ကအၿမဲတေစ စင္သီယာ့အေပၚတြင္အာဏာပါဝါျဖင့္ေျပာဆိုေလ့ရွိသည္။စင္သီယာလဲနာခံရသည္။


ေၾကာက္လို႔မဟုတ္ပါ။

တကယ္ေၾကာက္လို႔မဟုတ္ရပါ။မယုံလဲ မတတ္ႏိုင္ဘိ။


စင္သီယာ 'ဟုတ္ၿပီ' ဟုဆိုကာထိုင္ခုံ၌ထိုင္လိုက္ၿပီးေနသန႔္ကဲ့သို႔လက္ႏွစ္ဖက္ကိုယွဥ္လ်က္ဟန္ပါပါထပ္ကာနားေထာင္ရန္အသင့္ျပင္လိုက္သည္။


"ကဲ ေျပာ.."


ေနသန္ကစင္သီယာ့အားေမာ့ၾကည့္သည္။

ထို႔ေနာက္သိခ်င္မႈေပါင္းမ်ားစြာႏွင့္ . .


"သီယာ .. လူတစ္ေယာက္ကိုကိုယ့္အပိုင္

ျဖစ္ေစခ်င္တဲ့စိတ္ေတြအရမ္းျပင္းထန္ေနရင္ဘာလုပ္သင့္လဲ"


"ေဟ"


"ဟိုကြာ သူ႔ကိုျမင္လိုက္တိုင္း ေရငတ္ၿပီးခႏၶာကိုယ္ေတြပူတက္လာတာတို႔  ဟာ f*** မဟုတ္ေသးပါဘူး.."


ေနသန္ေခါင္းကိုခါရမ္းကာစကားျပင္သည္။မဟုတ္ ျပင္ဖို႔ႀကိဳးစားသည္။


"အင္း ဘယ္လိုေျပာရမလဲ တစ္ကိုယ္လုံးကိုအပိုင္သိမ္းပစ္လိုက္ခ်င္တာတို႔ စပ္စပ္ထိမခံျဖစ္ေနတဲ့ေနရာေလးေတြေ႐ြးၿပီးနမ္းရႈပ္ပစ္လိုက္ခ်င္တာတို႔ေျပာတာ"


"..what the "


ယခုျဖစ္ပ်က္ေနသည့္စင္သီယာ့႐ုပ္ႀကီးကိုမိတ္ေဆြအေပါင္းတို႔မျမင္တာပဲေကာင္းမည္။ေျပာလို႔မရဘဲသြားကာၾကည့္မည္ဆိုလွ်င္ေတာ့အသင္တို႔မ်က္ႏွာတည့္တည့္ ရစရာမရွိေအာင္ပိုးစိုးပက္စက္ဆဲဆိုခံရႏိုင္ၿပီးေနသန္ေနာက္ထပ္တစ္ခြန္းဟလာလွ်င္လဲခ်က္ခ်င္းထကာငိုေတာ့မည့္ဟန္လဲရွိ၏။


ေနသန္ကေတြေဝစြာအခ်က္အလက္ေတြကိုအေသအခ်ာစဥ္းစားရင္းထပ္ေျပာလာ၏။


"ၿပီးေတာ့ သူ႔လည္တိုင္ေလးေတြ .. သိပ္ကိုအရသာရွိမယ့္ပုံပဲ သီယာရာ"


"..."


"ၿပီးေတာ့အဲ့ငုံစိစိ အဲ့ဒီ အဲ့ဒီ ႏႈတ္ခမ္းေလး အာာ..အားလုံးပဲ အကုန္လုံးရခ်င္တာ တစ္ကိုယ္လုံးအပိုင္လုပ္ပစ္ခ်င္တာ"


"အပိုင္လုပ္ၿပီး ဘာလုပ္မလို႔တုန္း??"


စင္သီယာသိခ်င္စိတ္အျပည့္ႏွင့္ေကာက္ကာေမးလိုက္သည္။ထိုအခါေနသန္က အခ်က္ေကာင္းပဲဟုဆိုကာတစ္ဖန္နက္နက္နဲနဲစဥ္းစားသြားျပန္သည္။စင္သီယာ ေနသန္စဥ္းစားေနတုန္းေခြၽးေတြကိုလက္ႏွင့္အသည္းအသန္သုတ္ရသည္။ပူသည္။ပူသည္။သိပ္ပူသည္။ေႏြဦးရာသီႀကီး အသင္လဲ​-ီးပါေပပဲ။


"အာ သိၿပီ"


"အမ္း"


"စားမွာေပါ့"


"ဟမ္??"


"အပိုင္လုပ္ၿပီး ခဏခဏစားပစ္မွာ ဟိုကိုယ္ႀကိဳက္တဲ့မုန႔္ကိုထုတ္တဲ့စက္႐ုံကိုအပိုင္သိမ္းပစ္လိုက္သလိုမ်ိဳးေလ အၿမဲတမ္းအနားထားၿပီး သတိရတိုင္း စားမွာ"


"...(သီယာ့ေခါင္းေပၚမွ က်ီးကန္းအုပ္လိုက္ပ်ံသြား)"


"..."


စင္သီယာမ်က္ခုံးမ်ားကိုလက္ႏွင့္ေထာက္ကာစိတ္ကိုအေတာ္ေလ်ာ့ထားရသည္။ေနသန္ပါးစပ္ကဒီတစ္သက္ဒီလိုမ်ိဳးေတြထြက္လာမည္ဟုသီယာလုံးဝမထင္မွတ္ထားသည္ကေတာ့အမွန္ပင္။ေနသန္ လူတစ္ေယာက္ကိုဒီေလာက္ထိျဖစ္ပ်က္သြားလိမ့္မည္ဟုလည္းလုံးဝမေမွ်ာ္လင့္ထား။


အဓိကကေနသန႔္အားဒီလိုျဖစ္ေအာင္လုပ္ႏိုင္ေသာလူသားဤကမာၻေပၚတြင္မရွိဟု တြက္ထားျခင္းပင္။မွားၿပီ။မွားၿပီအမွားႀကီးမွားၿပီ။သီယာ အမွားႀကီးကိုမွားၿပီ။


ေနသန္ကစင္သီယာ့အားမ်က္လုံးေလးကလယ္ကလယ္ႏွင့္ေမွ်ာ္လင့္တႀကီးေစာင့္စားလို႔ေန၏။စင္သီယာအသာမ်က္စိလွန္ကာတကယ္ေျပာေနသည္ဟုတ္မဟုတ္ တစ္ခါအကဲခတ္လိုက္ျပန္သည္။


S***!တကယ္ႀကီးဟ။F*** Jesus!တပည့္ေတာ္မကိုခ်က္ခ်င္းညဏ္အလင္းျပေတာ္မူပါအုန္း။ဖင္ကထုတ္လိုက္တဲ့ အႀကံဉာဏ္လဲရပါ၏။အႀကံဉာဏ္ျဖစ္ရင္ကိုရပါၿပီ။


"okok ဟူး.."


စင္သီယာစိတ္ကိုေအးေအးထားလိုက္ၿပီးေနသန႔္အားတစ္ခ်က္ၾကည့္လိုက္သည္။ေနသန႔္၏မ်က္ႏွာအမူအရာကိုျမင္ရေတာ့စင္သီယာတစ္ခဏေတာ့ဝမ္းသာမႈေလးျဖတ္သန္းလို႔သြားသည္။ဝါး ငါ့ေမာင္ေလးတစ္ေယာက္မိန္းမရေတာ့မွာပါလားလို႔။တစ္ဆက္တည္းေတြးမိလိုက္သည္ကငါအေျမႇာက္ေကာင္းရင္ေပါ့ေလေပါ့။


"အဟမ္း..ဆိုေတာ့ မင္းကသူ႔ကိုႀကိဳက္ေနတယ္ေပါ့"


"ႀကိဳက္ေနတယ္??ကြၽန္ေတာ္သူ႔ကို

ႀကိဳက္တယ္လို႔မေျပာမိပါဘူး"


"မင္းေျပာေတာ့ သူ႔ကိုရခ်င္တယ္ဆို"


"ဟုတ္တယ္ေလ"


"သူ႔လည္ပင္းကအရသာရွိမွာပဲဆို"


"သိပ္ဟုတ္တယ္ေလ"


"အဲ့တာကႀကိဳက္ေနတာမဟုတ္လား"


"ႀကိဳက္ေနတာ..."


ေနသန္ကတစ္ခ်က္ေတြေဝသြားၿပီးေနာက္အေျဖႀကီးတစ္ခုကိုရသြားသလို႐ုတ္တရက္ခုံေပၚကေနဝုန္းခနဲထလိုက္သည္။႐ုတ္တရက္မို႔စင္သီယာလဲလန႔္ကာ ထလိုက္မိသည္။


"ဟဲ့ ဘာျဖစ္တာလဲ လန႔္တာဟ"


"သီယာ သီယား...သီယာ"


"ေဟ နင့္အေမဒီမွာအလွေလးအတိုင္းပဲ

ရွိေသးပါတယ္ေတာ္"


"ကြၽန္ေတာ္သိသြားၿပီ ကြၽန္ေတာ္ ကြၽန္ေတာ္က.."


"ေအး ေအး..."


စင္သီယာစိတ္ဝင္တစားနားစြင့္ေနလိုက္၏။


"ကြၽန္ေတာ္ သူ႔ကိုႀကိဳက္ေနတာ!!"


"...the f*** are you think I'm talking about ငါခုနဘာေျပာလိုက္တယ္ထင္လို႔လဲ နင္ကအျပင္ကၾကည့္ရင္ လူႀကီးလူေကာင္းလိုအားလုံးကိုသိေနတဲ့စတိုင္နဲ႔ ဒီလိုအရာမွာက်တုံးတာလြန္ေနပါေရာလား ငါ့ေမာင္ရ"


"..."


"..(သီယာပြစိ ပြစိ ပြစိ ပြစိ ေျပာေန)"


"...(ေနသန္ စဥ္းစားေန)"


"ငါ..(သီယာ ပြစိ ပြစိ ထက္ ပြစိ ပြစိ ေျပာေန)"


"..(ေနသန္ အႀကိတ္အနယ္ စဥ္းစားေန)"


"..ငတုံးရဲ႕ တုံးလိုက္တာမွလြန္ေရာပဲ"


ေနသန္သည္ပြစိပြစိေျပာေနေသာစင္သီယာ့အားအလုံးစုံလ်စ္လ်ဴရႈထားၿပီးျပတင္းေပါက္ကေနအေဝးသို႔လွမ္းၾကည့္ကာေတြးေတာေနပါ၏။သို႔ေသာ္စင္သီယာ၏ စကားထဲမွပါလာတဲ့အရာတစ္ခုေၾကာင့္ေနသန္သည္သီယာ့ဘက္သို႔လွည့္ကာၾကားျဖတ္စကားတစ္ခြန္းဆိုလိုက္သည္။


"သူကကြၽန္ေတာ့္ထက္ ပိုတုံးတယ္"


"ေအး အဲ့တာဆို စိတ္ခ်လိုက္ေတာ့"


"ဘာကိုလဲ"


"နင္တို႔ညားမွာကိုေလ"


"ကြၽန္ေတာ္သူနဲ႔မညားခ်င္ပါဘူး ကြၽန္ေတာ္ကသူ႔ကို အရသာရွိမွာပဲလို႔ပဲေျပာ..."


"ေတာ္ ေတာ္ ငါ့နားမွာ အဲ့ဒီ့စကားလုံးေတြမေျပာနဲ႔ေတာ့ စိတ္ညစ္လာၿပီ ေခါင္းႀကိမ္းတာ ေနာက္တစ္ခါဆို ဘယ္လိုလုပ္ရမလဲေတြေမးလာေတာ့မွာလားမသိဘူး မျဖစ္ဘူး...မျဖစ္ဘူး ငါတံခါးခ်က္အသစ္ဝယ္ထားမွျဖစ္မယ္.."


ေနသန္ကသူ႔လက္ႏွင့္သ႐ုပ္ျပေနရာမွခ်က္ခ်င္းေခါင္းကိုႏွိပ္ကာတတြတ္တြတ္ေျပာၿပီးအိမ္အထဲသို႔ဝင္သြားၿပီျဖစ္ေသာစင္သီယာ့ကို 'ဘိုင္း' ဟုေတာ့ ႏႈတ္ဆက္လိုက္ပါေသးသည္။ထို႔ေနာက္အိမ္ထဲမွထြက္ကာမ်က္ႏွာႀကီးစပ္ၿဖီးၿဖီးႏွင့္တက္ႂကြေသာေျခလွမ္းမ်ားျဖင့္ေလွ်ာက္လွမ္းကာတစ္ေနရာကိုဦးတည္ေနပါေလေတာ့သည္။


အိမ္နဲ႔အေတာ္ေလးေဝးေဝးေရာက္မွ သီယာ့၏အသံႀကီးဟိန္းလို႔ထြက္လာသည္။


"ဟဲ့ နင္သူ႔ကိုသြားႀကီးစိၿပီးမၿပဳံးျပနဲ႔ သူကငါ့လိုသည္းခံႏိုင္မွာမဟုတ္ဘူး..."


"..ဘာလို႔တုန္း.."


ေနသန္လမ္းေလွ်ာက္ရင္းနဲ႔ပင္ျပန္လည္ကာခြန္းတုန႔္ျပန္လိုက္သည္။သီယာ့ထံမွ တစ္ခဏမွ်ေတာ့တိတ္ဆိတ္သြားပါသည္။စကၠန႔္အနည္းငယ္ၾကာမွာေတာ့သီယာ၏အသံစူးစူးေလးတစ္ဖန္ထြက္လို႔လာသည္။သူမေျပာသည္က . .


"နင့္႐ုပ္ကလူေသကိုေပါင္ေၾကာလိမ္ဆြဲၿပီး

အတင္းညႇစ္ၿပဳံးခိုင္းေနတဲ့ပုံနဲ႔မၿပဳံးနဲ႔ဆို မၿပဳံးနဲ႔ ဒါပဲ"


ခြီး..။ဟားဟားဟား။

ဟားဟားဟား။


သီယာ့စကားအဆုံးတြင္Giethoornရွိအိမ္တိုင္းဆီမွရယ္သံမ်ားတစီတလ်ဥ္လိုက္ႀကီးထြက္က်လို႔လာေတာ့ေပသည္။ေနသန္ကမူၿပဳံး႐ုံသာၿပဳံးလိုက္ၿပီးေခါင္းတစ္ခ်က္ခါကာသူသြားေနသည့္ေနရာသို႔သာျပန္ဦးတည္လိုက္သည္။


သို႔ေသာ္ရယ္သံမ်ားကမူအေတာ္ၾကာသြားသည္ထိမပ်က္ေသး။ဒီညေတာ့ၿမိဳ႕ကေလးအသက္ဝင္ကာသြားသည္။ဒါကိုလဲၿမိဳ႕ထဲရွိလူတိုင္းကေက်းဇူးတင္ပါ၏။


Giethoornအိမ္ေလးတစ္အိမ္ထဲရွိအသက္ႀကီးႀကီးဇနီးေမာင္ႏွံကေတာ့ထိုအသံၾကားၿပီးေနာက္တစ္ေယာက္ကိုယ္တစ္ေယာက္ၾကည့္ကာခပ္ေဖ်ာ့ေဖ်ာ့ရယ္ရင္းဤသို႔ဆိုၾကသည္။


"အဲ့ ထလင္းေနာ့တ္ေကာင္ေလးက လူသစ္မေလးနဲ႔ရမယ္ထင္တယ္"


"ဘယ္ကလာ မင္းနဲ႔ငါ့တုန္းကေတာင္ၾကည့္ပါလား မင္းကဟို႔ေကာင္ jeff ကိုသြားရည္တတန္တကနဲ႔ ခုၾကည့္ပါအုန္း ဘယ္သူ႔လက္ေမာင္းေပၚမွာဝင္အိပ္ေနရၿပီလဲ အခ်စ္ရဲ႕.."


"ဟုတ္ပါၿပီေတာ္ အင္း အဲ့တာဆို သူကဘယ္သူနဲ႔ရမယ္ထင္လဲ Giethoornေကာင္မေလးေတြနဲ႔ေတာ့တစ္ေယာက္မွရင္းႏွီးတာမေတြ႕မိေပါင္"


"ဒါကလားTime will reveal whose loss is truly love Darl,it will..."


ထို႔ေနာက္သူတို႔သည္တစ္ေယာက္ကိုယ္တစ္ေယာက္ေႏြးေထြးစြာႏွင့္အၿပဳံးခ်င္းဖလွယ္လိုက္ရင္းသူတို႔လုပ္စရာရွိတာေတြကိုဆက္ကာလုပ္ေနရင္းထိုညေလးအားေႏြးေထြးစြာျဖတ္သန္းေနပါေတာ့ေလ၏။

Comments

Post a Comment