A Sweven Elegy from Nature - Chapter 9

 Unicode


အခန်း (၉)


Quကိုယ်လေးထဲသို့စိမ့်ဝင်လာသောကိုယ်ငွေ့ရိပ်ရိပ်လေးကြောင့်ဆစ်ခနဲငြိမ်သက်လို့သွားရသည်။အသက်ရှုမြန်ကာနေပြီး ခန္ဓာကိုယ်ကမူမမှန်ဖြစ်နေတာကြောင့်နေသန်တကယ်ပင်ရှိနေသည်လားလို့စတင်ကာသံသယဝင်လာရသည်။သို့သော်အဲ့ဒီအတွေးအားလုံးမဟုတ်မှန်ကြောင်းချေဖျက်ပေးမည့်အရာကြီးတစ်ခုရှိလေသည်။ထိုအရာသည်ကား . .


"ဒါဆို ပြောစမ်းပါအုန်း အချစ်ရေ ..

မင်းရဲ့ဒီလူကြီးကိုဘယ်လောက်တောင်မှ လွမ်းနေခဲ့ရသလဲလို့လေ"


ဟူသည့်ဒီရှေ့ကနေသန်အတုဆီမှထွက်လာသောစကားများဖြစ်သည်။ဟုတ်သည်လေ။သူသိသည့်နေသန်ဆိုဒီလိုဘယ်တော့မှပြောမည်မဟုတ်​။


Quထိုမျက်ဝန်းတွေကိုစိုက်ကြည့်ရင်းနှလုံးခုန်နှုန်းကိုထိန်းညှိနေသည်။ယဲ့ယဲ့လေးဖြစ်သည်အထိအသက်ကိုခပ်မျှင်မျှင်လေးရှုလိုက်ကာနေသန့်အားထပ်တူပြန်ကာစိုက်ကြည့်လိုက်၏။ဘယ်လိုပြောရမည်လဲ နေသန့်ကိုချစ်နေမိတာကတစ်လောကလုံးမှာကိုယ်အလိုချင်၊အတမ်းတဆုံးအရာတစ်ခုလုံးသူ၏ရှေ့သို့ရောက်နေသလိုလို။


ထိုကော့ညွတ်ညွတ်အပြုံးတွေကိုချစ်ပါသည်။ထိုဆံပင်လိမ်လိမ်ရှည်ရှည်တွေကိုလဲချစ်ပါသည်။ထိုမျက်ဝန်းညိုညိုတွေကိုလဲ ချစ်ရပါ၏။


နေသန်ထလင်းနော့တ်ဆိုလျှင်သူ၏

လည်ပင်းမှဆွဲထားသောလက်ဝါးကပ်တိုင်

ပုံလေးကအစချစ်တတ်ပါ၏။


နေသန့်ဘက်ကအကြည့်မလွှဲသ၍ဆက်ကြည့်နေမည်ဖြစ်သည့်ကောင်လေးကြောင့်နေသန်ကောင်လေး၏ခေါင်းကိုဒေါင်ခနဲမြည်အောင်ခေါက်ပစ်လိုက်သည်။ထိုအခါမှကောင်လေးက 'အ' ဟုဆိုကာမျက်လုံးကိုမှိတ်လျက်တကျွတ်ကျွတ်နှင့်သူနာကြောင်းညည်းတွားလေ၏။


နေသန်ခန္ဓာကိုယ်ကိုပြန်ကာမတ်လိုက်ပြီး 

​ဘေးပတ်ဝန်းကျင်ကိုကြည့်ရှုလိုက်သည်။


"ဆိုတော့..မင်းက ဒီမှာနေတယ်ပေါ့"


"အင်း မင်းကတကယ်ကြီးလား

ငါကိုင်ကြည့်လို့ရမလား"


"ဘာကိုလဲ ရတယ် ကြိုက်တဲ့နေရာပြော"


"မျက်နှာကိုပြောတာ မအေ​​ေ-းရဲ့"


"(smirks*)"


"ငါမင်းကိုမြင်လာတဲ့အချိန်တိုင်း မင်းမျက်နှာကိုထိလိုက်ရင် အငွေ့တွေလိုအဝေးကိုလွှင့်ပြီး..ပျောက်သွားရော လိုက်ဖမ်းလို့ဘယ်လိုမှမရပါဘူးဆို အချစ်ရယ် လွမ်းမောရပါဘိနှယ်"


Quကညှိုးငယ်စွာလက်လေးအဝေးကိုပို့ကာဆိုသည်။


ထိုအခါနေသန်ကQu၏လက်အားသူ၏မျက်နှာပေါ်သို့တင်စေလိုက်ပြီး 'ရော့ဒီမှာကြိုက်သလောက်စမ်း' ဟုသော မျက်လုံးများဖြင့်ကြည့်လာလေသည်။Quကပထမတော့အံ့ဩသွားသည်ထင်၏။မျက်နှာကိုဟိုလိုကိုင်လိုက်၊ဒီလိုကိုင်လိုက်နှင့်။


'တကယ်ပင် အစစ်အတိုင်းပင်'။Quအာမေဍိတ်ပြုလိုက်မိ၏။မြူငွေ့တွေလိုဒီတစ်ခါတော့ပျောက်မသွားတော့။အထပ်ထပ်အခါခါ အတည်ပြုကြည့်ပြီးကာမှQuနေသန့်အားဆတ်ခနဲမော့ကြည့်လိုက်လေသည်။ထို့နောက်ရုတ်တရက်သူ့နေရာကို 'လူတစ်ယောက်' သိသွားပြီဆိုတဲ့စိတ်နှင့်လန့်ကာထခုန်မိလိုက်သည်။


"မင်း..မင်း..မင်းဘယ်လိုရောက်လာတာလဲဒီ ဒီနေရာက လွတ်လပ်နယ်မြေနော် ကျား..ကျားကြီးတွေ ခြင်္သေ့ကြီးတွေရှိတယ် လူမဟုတ်တဲ့ဟာတွေလဲရှိတယ်"


"ဟုတ်လား"


"ဟမ်"


"တကယ်ရှိတာလား ငါမမြင်ဖူးသေးလို့

​တစ်ခါလောက်လိုက်ပြပေရော့လား"


"..."


နေသန်ကလက်နှစ်ဖက်ကိုပိုက်ကာQu၏အိမ်ခြံစည်းရိုးအားခိုင်မခိုင်စမ်းကြည့်နေပြီးစိတ်ချမှနောက်သို့အမှီပြုရင်းဆိုသည်။ထိုအခါQuကတုံ့အအကြောင်အမ်းအမ်းဖြစ်လို့သွားရသည်။


နေသန်သည်Quအားလှပစွာထုဆစ်ထားသောပန်းပုတစ်ခုနှယ်စိုက်ကြည့်နေပါ၏။မျက်လုံးတွေကိုမှေးကြည့်လိုက်၊ဟိုနေရာကိုစိုက်ကြည့်လိုက်၊ဒီနေရာကိုစိုက်ကြည့်လိုက်နှင့်နောက်ဆုံးမလုပ်ရဲလောက်ဖူး၊မကြည့်ရဲလောက်ဖူးထင်သည့်မထင်မှတ်သောနေရာဆီသို့အကြည့်တွေရောက်သွားသည်။


Quရုတ်တရက်ဆန်သွားသောကြောင့်နေသန့်အားကြောင်ကြည့်နေမိသည်။နေသန်၏စပ်ဖြဲဖြဲအပြုံးတွေတွေ့လိုက်ရမှ မိမိအရှက်ကိုမိမိလက်နှင့်ကာရံလိုက်ရသည်။ထိုအခါနေသန်ကအားပါးတရထရယ်သည်။ထို့နောက်သူ၏သွားစီစီလေးတွေကိုကျွတ်ခနဲစုတ်သပ်လိုက်ရင်းအထက်စီးဆန်လှသောစကားများဖြင့်ဆိုသည်။


"ဖုံးမနေနဲ့ ငါကအဲ့နေရာကိုကြည့်စရာကိုမလိုဘူး မင်းကိုမြင်တာနဲ့ကိုကြွလာရော"


နေသန်ကအေးဆေးစွာဆိုသည်။ထို့နောက် ဘေးနားရှိပန်းပွင့်လေးတစ်ပွင့်ကိုခူးလိုက်ကာအနံ့ရှုကြည့်နေ၏။Quဘာပြောမှန်းတကယ်နားမလည်သဖြင့်ဆိတ်ဆိတ်သာနေလိုက်၏။အခုမှစဉ်းစားမိသည်။မမေးလိုက်သည်ကကောင်းသည်ဟုဆိုရမည်။နို့မဟုတ်လျှင်Quအဖို့မတွေးရဲစရာတွေဖြစ်သွားနိုင်၏။နေသန်ကပန်းပွင့်လေးအားကိုင်လာကာQuအနီးသို့လျှောက်လှမ်းလို့လာသည်။


အနားရောက်တော့ခပ်ခွာခွာကလေးရပ်လိုက်ကာQu၏ဆံပင်လေးတွေကိုတယုတယခပ်ဖွဖွလေးသပ်ကာပြင်ပေးနေသည်။ပြီးမှ သူကိုင်လာခဲ့သောပန်းလေးအားQu၏နားကြားထဲသို့ထိုးပေးလိုက်လေသည်။ထို့နောက်Quအားအပေါ်ကနေမိုးကြည့်ပြီးကျေနပ်သယောင်ပြုံးလို့သွားသည်။နောက်ဆုံး စကားတစ်ခွန်းကိုခပ်သွက်သွက်ပြောသွားပြီးဘောင်းဘီအိတ်ထောင်ထဲသို့လက်များလျှိုထည့်ကာQu၏အိမ်လေးထဲသို့ဝင်သွားလေသည်။


ပြောသွားသည်က . .


"အချစ်က အရသာရှိမယ့်ပုံပဲ"တဲ့လေ။


Quထိုနေရာတွင်ရပ်လို့နေသည်မှာမိမိကိုယ်ပိုင်ခြေထောက်များပင်ဆန္ဒထပြကာ စတင်ကျဉ်တက်လို့လာသည်။ရင်တွေတအားကိုလှိုက်ဖိုကာခုန်လို့နေပြီးအသက်ရှုမဝဖြစ်နေတာပဲသိသည်။ပိုဆိုးသည်ကနေသန်ပြောသွားသောစကားများကြောင့်ဖြစ်၏။နေသန်ဘယ်လိုတွေပြောသွားသနည်း။နေသန်ကောဟုတ်ပါရဲ့လား။သူသိသည့်နေသန်ကဒီလိုမျိုးတွေလဲလုပ်တတ်တာပဲလား။ဒါမှမဟုတ်သူပဲနေသန့်ကိုမသိသေးတာလား။


Quဝေခွဲမရဖြစ်နေချိန်အိမ်တံခါးလေးမှာခပ်ဟဟပွင့်လို့သွားလေသည်။Quအိမ်လေးထဲသို့ဘာမှမဟုတ်ဘဲဒီတိုင်းခေါင်းလေးစောင်းကာကြည့်လိုက်သည်။ထိုအခါမှပင် မိမိအိမ်ထဲသို့ဝင်သွားပြီဖြစ်သောနေသန့်အားသတိရကာပြာယာပြာယာဖြင့်အထဲကိုဝင်လာလိုက်ရသည်။အထဲရောက်တော့Quတစ်ခန်းလုံးကိုဝေ့ကြည့်သည်။ကောင်းသည်။အရာအားလုံးQuထားသမျှနေရာတကျရှိနေသေး၏။


"တော်သေးတယ်"


Quသက်ပြင်းချလို့ပင်မဆုံးမီးဖိုခန်းဘက်မှခလွမ်းခလွမ်း၊တကျိကျိနှင့်အသံများကိုစတင်ကာကြားလိုက်ရလေတော့သည်။အား..အပေါ်ယံမဆုံးဖြတ်နဲ့။လူတွေပြောလေ့ရှိတဲ့အပေါ်ယံမဆုံးဖြတ်နဲ့။Quအခါခါ ခေါင်းကိုလက်နှင့်ပုတ်ကာပုတ်ကာရေရွတ်လိုက်ပြီးနောက်အိမ်အတွင်းသို့ဝင်သွားကာကြည့်လိုက်သည်။


​မြင်လိုက်ရသည်ကမီးဖိုစားပွဲပေါ်မှာအလုပ်ရှုပ်ကာနေတဲ့နေသန်။စိတ်ဝင်တစားအားကြိုးမာန်တက်နှင့်တစ်ခုခုကိုလုပ်ဆောင်နေပုံသောကြောင့်Quတိတ်တိတ်လေးသာအနားသို့ကပ်သွားလိုက်၏။မြင်ရလောက်တဲ့နေရာရောက်တော့Quခေါင်းလေးမော့ကာကြည့်လိုက်သည်။


သူတွေ့လိုက်ရသည်ကQuအဖေချန်ထားခဲ့တဲ့တစ်ခုတည်းသောရေဒီိယိုအဟောင်းလေးကိုကိုင်ကာဝက်အူနှင့်လှည့်နေတဲ့သူ၏နေသန်။တစ်ချက်တော့ဘယ်လိုတုံ့ပြန်ရမည်လဲထပ်မသိပြန်သောကြောင့်ကြောင်သွားပေမယ့်နေသန်ကဝက်အူလှည့်ရင်း Quအားကြည့်ကာအနားသို့မျက်စပစ်ပြကာ ခေါ်လေသည်။


"လာလေ.."


Quစိတ်တည်ငြိမ်စွာဖြင့်ဖြည်းဖြည်းချင်းနေသန့်အနားသို့ကပ်ကာသွားလိုက်ပြီးဘေးနားတွင်တိတ်တဆိတ်ဖြင့်ရပ်ကာနေလိုက်သည်။ထို့နောက်Quအကြည့်တွေကပြုံးရိပ်ယောင်သန်းနေသောနေသန့်၏မျက်နှာဆီသို့ရောက်လို့သွားရသည်။အတွေးတွေထွေလာများပြားလာသောကြောင့်Quခေါင်းကိုတစ်ချက်ဝှေ့ကာခါရမ်းလိုက်ကာရေဒီယိုဟောင်းလေးကို ခပ်ဆွေးဆွေးကြည့်လိုက်မိသည်။


အတိတ်ကဖြစ်ရပ်တွေကို

ပြန်မြင်ယောင်လာမိသည်။


"ရပြီ"


နေသန်ကဝမ်းသာအားရဖြင့်ဝက်အူကိုဘေးသို့ချကာအသံစမ်းကြည့်နေသည်။Quတကယ်စိတ်ဝင်တစားကြည့်နေပါသော်လည်းစိတ်နှင့်လူနှင့်ကပ်မနေ။ထိုအချိန်ရေဒီယိုဟောင်းလေးထံမှအသံယဲ့ယဲ့လေးတစ်ချို့ထွက်ပေါ်လာလေသည်။ထိုအခါနေသန်မှာပြုံးရွှင်၍ဒီဘက်သို့လှည့်လာကာစကားဆိုမည်ပြုသည်။


ဘာကိုမှမမျှော်လင့်ထားပါသော်လည်းယခုဖြစ်နေတဲ့Qu၏စိတ်ဓာတ်ကျနေဟန်တူသောမျက်နှာလေးကိုမြင်တော့နေသန်ပြာယာခတ်သွားရသည်။


"ဘာလို့လဲ..ကိုယ်မကိုင်သင့်တဲ့ပစ္စည်းမို့လား ဒါဆို တောင်းပန်ပါတယ် နောက်အချစ်မသိဘဲမကိုင်တော့ပါဘူး နော်.."


".."


နေသန့်ထံမှတယုတယစကားတွေလျှံထွက်လာလေတော့Quနေသန့်မျက်လုံးများထဲသို့စိုက်ကြည့်နေရင်းမျက်ရည်တွေကျလာမိသည်။မျက်ရည်များစီးကျနေလျက်နေပင်Quအားပါးတရပြုံးလိုက်လေကာနေသန့်အားကြည့်နေသည်။နေသန်က စိတ်မကောင်းဟန်ရှိသည်။


သူမသိသည်မှာနေသန်သည်အမှန်တကယ်ပင်ရင်ထဲအောင့်လို့နေသည်ကို။ဒီကောင်လေးမျက်ရည်တွေကိုနေသန်နားကြည်းမိပါ၏။ဖြစ်နိုင်လျှင်နေသန်သာQuခံစားရမယ့်နာကျင်မှုတွေအားလုံးကိုခံစားပစ်မည်။ပျော်ရွှင်မှုကတော့ဒီကောင်လေးထိုက်သန်သည့်အတိုင်းပေါ့။


နေသန်သည်Qu၏ကိုယ်လေးအားသူ၏ရင်ခွင်ကျယ်ကြီးထဲသို့ဆွဲကာသွင်းလိုက်ပြီးအကြမ်းတရမ်းမဟုတ်ပေဘဲ ခပ်ဖွဖွလေးသာဖက်ကာပေးသည်။Quတစ်ခဏတော့လက်တွေဘယ်နားထားရမှန်းမသိသောကြောင့်အူကြောင်ကြောင်ဖြစ်နေသေး၏။နောက်မှသူအမြဲကိုင်ကြည့်ချင်နေသောနေသန့်ကျောပြင်ကြီးပေါ်တွင်စိတ်လိုလက်ရအခြေချလိုက်၏။


ထို့နောက်တွင်သူ၏နေသန့်အားအားနှင့်ညှစ်ကာဖက်လိုက်သည်။တစ်ခါလောက်ဖြစ်ဖြစ်ကိုကျေနပ်ပါပြီ။သူ့အတွက်ဒီလောက်ဆိုရင်ကိုလုံလောက်ပါပြီ။Quနေသန့်ရင်ထဲသို့တိုးဝင်းရင်းသူ၏ဆံပင်တွေကိုဖွကာပစ်နေလိုက်သည်။


ထိုအခါနေသန်ကလဲမလွှတ်စတမ်းပို၍တင်းလို့နေအောင်ဖက်ထားပေးသည်။Quရင်ထဲနွေးထွေးမှုလှိုင်းလေးဖြတ်သန်းလို့သွားသည်။


တစ်ခဏအကြာတွင်Quနေသန့်ရင်ခွင်ထဲမှဖြည်းညှင်းစွာထွက်လိုက်ကာရေဒီယိုလေးအားအသာထိကာစကားဆိုသည်။


"ဒါ ငါ့အဖေနဲ့အမေ နောက်ဆုံးငါ့ရှေ့မှာ 

ဖွင့်ပြီး ကပြခဲ့ဖူးတဲ့ရေဒီယိုလေးလေ"


Quထပ်မံကျဆင်းလာပြန်တဲ့မျက်ရည်တွေကိုသုတ်လိုက်ကာရေဒီယိုလေးအားဝမ်းနည်းစွာရင်ခွင်ထဲသို့ပွေ့ဖက်လိုက်သည်။ထိုအခါ နောက်မှနေသန်ကလဲသူ့ကိုတစ်ဆင့်သိုင်းဖက်လာလေသည်။အတန်ကြာနွေးထွေးစွာသိုင်းဖက်နေပြီးမှနေသန်ကQu၏လက်တစ်ဖက်အားဆွဲကိုင်လာရင်းဆိုလာသည်။


"ဒါဆို ကိုယ်တို့မျိုးဆက်ဆက်ခံကြတာပေါ့"


နေသန်ကQu၏ကိုယ်လေးအားဆွဲလှည့်လိုက်ကာလက်တွေကိုအနေထားမှန်မှန်ဆုပ်ကိုင်လိုက်ရင်းစတင်ကာကချေတော့သည်။Quပထမတော့အံ့ဩသွားပေမယ့်နေသန်၏မျက်လုံးများကိုမှိတ်ကာသံစဉ်အတိုင်းစီးမျောနေသည်ကိုမြင်တော့တစ်ချက်မျက်လုံးများပိတ်သွားသည်အထိရယ်လိုက်မိသည်။နောက်သူလဲမျက်စိတွေကိုမှိတ်ပစ်လိုက်ရင်း ပြုံးကာအလိုက်သင့်ပြန်ကာကနေလိုက်လေသည်။


ရေဒီယိုလေးထဲမှာလွှင့်မျောနေသည်က . .


'Be my only one 

이렇게 부르고 싶은 이름 내 곁에 

손을 잡고서 같이 걸어요

비가 오는 밤에도 외로웠던 낮에도 

그대 환한 빛깔을 내게 가득 칠해줘요 

내가 더 잘할게요 이렇게 같이 있어준다면


The name I want to call you by..

Let's hold hands and walk along..

On rainy nights..or on lonely daytimes..please colour me with your shiny light..I'll do believe when you promise me we will

stay together. ...'


ခြေလှမ်းတိုင်းကသံစဉ်၏စီးချက်နှင့်အညီအိမ်လေး၏ကြမ်းခင်းပြင်ပေါ်တွင်လှုပ်ရှားလျက်ရှိ၏။သီချင်းသံအေးအေးလေးက သူတို့၏နားထဲမှတစ်ဆင့်ရင်ဘတ်ထဲသို့ အပူငွေ့လေးတွေနှင့်လှိုက်

ကာစီးဝင်လို့နေသည်။Quနေသန်၏ မျက်နှာကိုအသာမော့ကြည့်မိသည်။


'Now I believe 

라랄라랄라라 부르는 노래 


la..la..la..la..la..la 

I sing a song like this'


ထိုနားလေးရောက်တော့နေသန်ကQuအားခါးကနေမချီလိုက်ကာအပေါ်သို့ပင့်မြှောက်လိုက်ပြီးနောက်ဖြည်းညှင်းစွာဖြင့်သူ၏ရင်ခွင်ထဲသို့ပြန်ဆွဲခေါ်လာပေး၏။Quသဘောကျစွာနှင့်တခစ်ခစ်ရယ်လိုက်ရင်းသဘောကျစွာဖြင့်ပင်နေသန့်စီးချက်အတိုင်းလိုက်ကာကပေးနေလိုက်သည်။


'찾고 찾고 찾아 헤매이던 그대와 

My, oh my, oh my, oh 내 사랑

Be my only love..


with the one I was desperately looking for..My,oh my,My oh my love Be my only love..'


လက်နှစ်ဖက်ကိုရှေ့တန်းကာတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပေသောကောင်လေးနှစ်ယောက်သည်ခန္ဓာကိုယ်အားအနောက်သို့လှန်ကာကော့ထားရာမှဖြည်းဖြည်းချင်းခေါင်းထောင်လို့လာသည်။သူတို့၏မျက်နှာများပေါ်တွင်လည်းပျော်ရွှင်မှုတွေရစ်ဝဲလို့နေပြီးသူတို့သည်သူတို့လက်တွေကိုလဲတစ်ယောက်နှင့်တစ်ယောက်ဝိညာဉ်ချင်းချိတ်ဆက်မိသွားသည်အလားထင်ရသည်အထိတင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလေ၏။


သီချင်းလေးကဆက်ကာစီးမျောကာနေတုန်း။နေသန်ကQuအားဒီတစ်ခါတော့လက်ကိုကမ်းပေးလိုက်ပြီးခေါင်းကိုငုံ့ကာ သူနှင့်ကရန်တောင်းဆိုဟန်ပြု၏။Quဘယ်နှစ်ခါမှန်းမသိတဲ့သဘောကျခြင်းတွေနဲ့ရယ်မောလိုက်ပြီးခေါင်းကိုသူ့လိုဟန်ကျကျငြိမ့်ကာလက်ကိုပြန်ကမ်းပေးလိုက်သည်။


'Now I believe 

라랄라랄라라 부르는 노래 

찾고 찾고 찾아 헤매이던 그대와 

My, oh my, oh my, oh 내 사랑

Be my only love ..


la..la..la..la..la..la 

I sing a song like this with the one I was desperately looking for..My,oh my,My oh my love Be my only love..'


​ဒီတစ်ခါတွင်တော့နေသန်ကQuအားဖြည်းညှင်းစွာဆွဲခေါ်ပြီးမှသီချင်းရောက်နေတဲ့နေရာနှင့်အညီလိုက်ကာစီးမျောစေသည်။ခေါင်းလေးကိုဟိုဘက်စောင်း၊ဒီဘက်စောင်းနှင့်ဂီတအားအပြည့်အဝခံစားနေပေသောနေသန့်ကိုQuကြည့်မြဲကြည့်နေမိပါ၏။


'l랄랄랄라라라라라

랄랄랄라라라라 라라라

랄랄랄라라라라

'My only one' 


la..la..la..la..la..la..la..la

la..la..la..la..la..la..la..la 'my only one'..'


နောက်ဆုံးအဆုံးသတ်နားတွင်နေသန်ကQuအားအသက်ဝင်ကာပျော်ရွှင်ကြည်နူးနေပေတဲ့မျက်လုံးတွေနှင့်ကြည့်လာပြီးသူ၏နဖူးအားQu၏နဖူးလေးနှင့်တိုက်လိုက်ကာမျက်လုံးတွေကိုမှိတ်ထားလိုက်လေသည်။


Quလဲထပ်တူမှိတ်လိုက်ပါ၏။သူတို့၏လက်တွေကတော့ဂဟေဆက်ကာချိတ်ဆက်ထားလျက်နှင့်ပေါ့။


'My Onlyy one...'




Zawgyi


အခန္း (၉)


Quကိုယ္ေလးထဲသို႔စိမ့္ဝင္လာေသာကိုယ္ေငြ႕ရိပ္ရိပ္ေလးေၾကာင့္ဆစ္ခနဲၿငိမ္သက္လို႔သြားရသည္။အသက္ရႈျမန္ကာေနၿပီး ခႏၶာကိုယ္ကမူမမွန္ျဖစ္ေနတာေၾကာင့္ေနသန္တကယ္ပင္ရွိေနသည္လားလို႔စတင္ကာသံသယဝင္လာရသည္။သို႔ေသာ္အဲ့ဒီအေတြးအားလုံးမဟုတ္မွန္ေၾကာင္းေခ်ဖ်က္ေပးမည့္အရာႀကီးတစ္ခုရွိေလသည္။ထိုအရာသည္ကား . .


"ဒါဆို ေျပာစမ္းပါအုန္း အခ်စ္ေရ ..

မင္းရဲ႕ဒီလူႀကီးကိုဘယ္ေလာက္ေတာင္မွ လြမ္းေနခဲ့ရသလဲလို႔ေလ"


ဟူသည့္ဒီေရွ႕ကေနသန္အတုဆီမွထြက္လာေသာစကားမ်ားျဖစ္သည္။ဟုတ္သည္ေလ။သူသိသည့္ေနသန္ဆိုဒီလိုဘယ္ေတာ့မွေျပာမည္မဟုတ္​။


Quထိုမ်က္ဝန္းေတြကိုစိုက္ၾကည့္ရင္းႏွလုံးခုန္ႏႈန္းကိုထိန္းညႇိေနသည္။ယဲ့ယဲ့ေလးျဖစ္သည္အထိအသက္ကိုခပ္မွ်င္မွ်င္ေလးရႈလိုက္ကာေနသန႔္အားထပ္တူျပန္ကာစိုက္ၾကည့္လိုက္၏။ဘယ္လိုေျပာရမည္လဲ ေနသန႔္ကိုခ်စ္ေနမိတာကတစ္ေလာကလုံးမွာကိုယ္အလိုခ်င္၊အတမ္းတဆုံးအရာတစ္ခုလုံးသူ၏ေရွ႕သို႔ေရာက္ေနသလိုလို။


ထိုေကာ့ၫြတ္ၫြတ္အၿပဳံးေတြကိုခ်စ္ပါသည္။ထိုဆံပင္လိမ္လိမ္ရွည္ရွည္ေတြကိုလဲခ်စ္ပါသည္။ထိုမ်က္ဝန္းညိဳညိဳေတြကိုလဲ ခ်စ္ရပါ၏။


ေနသန္ထလင္းေနာ့တ္ဆိုလွ်င္သူ၏

လည္ပင္းမွဆြဲထားေသာလက္ဝါးကပ္တိုင္

ပုံေလးကအစခ်စ္တတ္ပါ၏။


ေနသန႔္ဘက္ကအၾကည့္မလႊဲသ၍ဆက္ၾကည့္ေနမည္ျဖစ္သည့္ေကာင္ေလးေၾကာင့္ေနသန္ေကာင္ေလး၏ေခါင္းကိုေဒါင္ခနဲျမည္ေအာင္ေခါက္ပစ္လိုက္သည္။ထိုအခါမွေကာင္ေလးက 'အ' ဟုဆိုကာမ်က္လုံးကိုမွိတ္လ်က္တကြၽတ္ကြၽတ္ႏွင့္သူနာေၾကာင္းညည္းတြားေလ၏။


ေနသန္ခႏၶာကိုယ္ကိုျပန္ကာမတ္လိုက္ၿပီး 

​ေဘးပတ္ဝန္းက်င္ကိုၾကည့္ရႈလိုက္သည္။


"ဆိုေတာ့..မင္းက ဒီမွာေနတယ္ေပါ့"


"အင္း မင္းကတကယ္ႀကီးလား

ငါကိုင္ၾကည့္လို႔ရမလား"


"ဘာကိုလဲ ရတယ္ ႀကိဳက္တဲ့ေနရာေျပာ"


"မ်က္ႏွာကိုေျပာတာ မေအ​​ေ-းရဲ႕"


"(smirks*)"


"ငါမင္းကိုျမင္လာတဲ့အခ်ိန္တိုင္း မင္းမ်က္ႏွာကိုထိလိုက္ရင္ အေငြ႕ေတြလိုအေဝးကိုလႊင့္ၿပီး..ေပ်ာက္သြားေရာ လိုက္ဖမ္းလို႔ဘယ္လိုမွမရပါဘူးဆို အခ်စ္ရယ္ လြမ္းေမာရပါဘိႏွယ္"


Quကညႇိဳးငယ္စြာလက္ေလးအေဝးကိုပို႔ကာဆိုသည္။


ထိုအခါေနသန္ကQu၏လက္အားသူ၏မ်က္ႏွာေပၚသို႔တင္ေစလိုက္ၿပီး 'ေရာ့ဒီမွာႀကိဳက္သေလာက္စမ္း' ဟုေသာ မ်က္လုံးမ်ားျဖင့္ၾကည့္လာေလသည္။Quကပထမေတာ့အံ့ဩသြားသည္ထင္၏။မ်က္ႏွာကိုဟိုလိုကိုင္လိုက္၊ဒီလိုကိုင္လိုက္ႏွင့္။


'တကယ္ပင္ အစစ္အတိုင္းပင္'။Quအာေမဍိတ္ျပဳလိုက္မိ၏။ျမဴေငြ႕ေတြလိုဒီတစ္ခါေတာ့ေပ်ာက္မသြားေတာ့။အထပ္ထပ္အခါခါ အတည္ျပဳၾကည့္ၿပီးကာမွQuေနသန႔္အားဆတ္ခနဲေမာ့ၾကည့္လိုက္ေလသည္။ထို႔ေနာက္႐ုတ္တရက္သူ႔ေနရာကို 'လူတစ္ေယာက္' သိသြားၿပီဆိုတဲ့စိတ္ႏွင့္လန႔္ကာထခုန္မိလိုက္သည္။


"မင္း..မင္း..မင္းဘယ္လိုေရာက္လာတာလဲဒီ ဒီေနရာက လြတ္လပ္နယ္ေျမေနာ္ က်ား..က်ားႀကီးေတြ ျခေသၤ့ႀကီးေတြရွိတယ္ လူမဟုတ္တဲ့ဟာေတြလဲရွိတယ္"


"ဟုတ္လား"


"ဟမ္"


"တကယ္ရွိတာလား ငါမျမင္ဖူးေသးလို႔

​တစ္ခါေလာက္လိုက္ျပေပေရာ့လား"


"..."


ေနသန္ကလက္ႏွစ္ဖက္ကိုပိုက္ကာQu၏အိမ္ၿခံစည္း႐ိုးအားခိုင္မခိုင္စမ္းၾကည့္ေနၿပီးစိတ္ခ်မွေနာက္သို႔အမွီျပဳရင္းဆိုသည္။ထိုအခါQuကတုံ႔အအေၾကာင္အမ္းအမ္းျဖစ္လို႔သြားရသည္။


ေနသန္သည္Quအားလွပစြာထုဆစ္ထားေသာပန္းပုတစ္ခုႏွယ္စိုက္ၾကည့္ေနပါ၏။မ်က္လုံးေတြကိုေမွးၾကည့္လိုက္၊ဟိုေနရာကိုစိုက္ၾကည့္လိုက္၊ဒီေနရာကိုစိုက္ၾကည့္လိုက္ႏွင့္ေနာက္ဆုံးမလုပ္ရဲေလာက္ဖူး၊မၾကည့္ရဲေလာက္ဖူးထင္သည့္မထင္မွတ္ေသာေနရာဆီသို႔အၾကည့္ေတြေရာက္သြားသည္။


Qu႐ုတ္တရက္ဆန္သြားေသာေၾကာင့္ေနသန႔္အားေၾကာင္ၾကည့္ေနမိသည္။ေနသန္၏စပ္ၿဖဲၿဖဲအၿပဳံးေတြေတြ႕လိုက္ရမွ မိမိအရွက္ကိုမိမိလက္ႏွင့္ကာရံလိုက္ရသည္။ထိုအခါေနသန္ကအားပါးတရထရယ္သည္။ထို႔ေနာက္သူ၏သြားစီစီေလးေတြကိုကြၽတ္ခနဲစုတ္သပ္လိုက္ရင္းအထက္စီးဆန္လွေသာစကားမ်ားျဖင့္ဆိုသည္။


"ဖုံးမေနနဲ႔ ငါကအဲ့ေနရာကိုၾကည့္စရာကိုမလိုဘူး မင္းကိုျမင္တာနဲ႔ကိုႂကြလာေရာ"


ေနသန္ကေအးေဆးစြာဆိုသည္။ထို႔ေနာက္ ေဘးနားရွိပန္းပြင့္ေလးတစ္ပြင့္ကိုခူးလိုက္ကာအနံ႔ရႈၾကည့္ေန၏။Quဘာေျပာမွန္းတကယ္နားမလည္သျဖင့္ဆိတ္ဆိတ္သာေနလိုက္၏။အခုမွစဥ္းစားမိသည္။မေမးလိုက္သည္ကေကာင္းသည္ဟုဆိုရမည္။ႏို႔မဟုတ္လွ်င္Quအဖို႔မေတြးရဲစရာေတြျဖစ္သြားႏိုင္၏။ေနသန္ကပန္းပြင့္ေလးအားကိုင္လာကာQuအနီးသို႔ေလွ်ာက္လွမ္းလို႔လာသည္။


အနားေရာက္ေတာ့ခပ္ခြာခြာကေလးရပ္လိုက္ကာQu၏ဆံပင္ေလးေတြကိုတယုတယခပ္ဖြဖြေလးသပ္ကာျပင္ေပးေနသည္။ၿပီးမွ သူကိုင္လာခဲ့ေသာပန္းေလးအားQu၏နားၾကားထဲသို႔ထိုးေပးလိုက္ေလသည္။ထို႔ေနာက္Quအားအေပၚကေနမိုးၾကည့္ၿပီးေက်နပ္သေယာင္ၿပဳံးလို႔သြားသည္။ေနာက္ဆုံး စကားတစ္ခြန္းကိုခပ္သြက္သြက္ေျပာသြားၿပီးေဘာင္းဘီအိတ္ေထာင္ထဲသို႔လက္မ်ားလွ်ိဳထည့္ကာQu၏အိမ္ေလးထဲသို႔ဝင္သြားေလသည္။


ေျပာသြားသည္က . .


"အခ်စ္က အရသာရွိမယ့္ပုံပဲ"တဲ့ေလ။


Quထိုေနရာတြင္ရပ္လို႔ေနသည္မွာမိမိကိုယ္ပိုင္ေျခေထာက္မ်ားပင္ဆႏၵထျပကာ စတင္က်ဥ္တက္လို႔လာသည္။ရင္ေတြတအားကိုလႈိက္ဖိုကာခုန္လို႔ေနၿပီးအသက္ရႈမဝျဖစ္ေနတာပဲသိသည္။ပိုဆိုးသည္ကေနသန္ေျပာသြားေသာစကားမ်ားေၾကာင့္ျဖစ္၏။ေနသန္ဘယ္လိုေတြေျပာသြားသနည္း။ေနသန္ေကာဟုတ္ပါရဲ႕လား။သူသိသည့္ေနသန္ကဒီလိုမ်ိဳးေတြလဲလုပ္တတ္တာပဲလား။ဒါမွမဟုတ္သူပဲေနသန႔္ကိုမသိေသးတာလား။


Quေဝခြဲမရျဖစ္ေနခ်ိန္အိမ္တံခါးေလးမွာခပ္ဟဟပြင့္လို႔သြားေလသည္။Quအိမ္ေလးထဲသို႔ဘာမွမဟုတ္ဘဲဒီတိုင္းေခါင္းေလးေစာင္းကာၾကည့္လိုက္သည္။ထိုအခါမွပင္ မိမိအိမ္ထဲသို႔ဝင္သြားၿပီျဖစ္ေသာေနသန႔္အားသတိရကာျပာယာျပာယာျဖင့္အထဲကိုဝင္လာလိုက္ရသည္။အထဲေရာက္ေတာ့Quတစ္ခန္းလုံးကိုေဝ့ၾကည့္သည္။ေကာင္းသည္။အရာအားလုံးQuထားသမွ်ေနရာတက်ရွိေနေသး၏။


"ေတာ္ေသးတယ္"


Quသက္ျပင္းခ်လို႔ပင္မဆုံးမီးဖိုခန္းဘက္မွခလြမ္းခလြမ္း၊တက်ိက်ိႏွင့္အသံမ်ားကိုစတင္ကာၾကားလိုက္ရေလေတာ့သည္။အား..အေပၚယံမဆုံးျဖတ္နဲ႔။လူေတြေျပာေလ့ရွိတဲ့အေပၚယံမဆုံးျဖတ္နဲ႔။Quအခါခါ ေခါင္းကိုလက္ႏွင့္ပုတ္ကာပုတ္ကာေရ႐ြတ္လိုက္ၿပီးေနာက္အိမ္အတြင္းသို႔ဝင္သြားကာၾကည့္လိုက္သည္။


​ျမင္လိုက္ရသည္ကမီးဖိုစားပြဲေပၚမွာအလုပ္ရႈပ္ကာေနတဲ့ေနသန္။စိတ္ဝင္တစားအားႀကိဳးမာန္တက္ႏွင့္တစ္ခုခုကိုလုပ္ေဆာင္ေနပုံေသာေၾကာင့္Quတိတ္တိတ္ေလးသာအနားသို႔ကပ္သြားလိုက္၏။ျမင္ရေလာက္တဲ့ေနရာေရာက္ေတာ့Quေခါင္းေလးေမာ့ကာၾကည့္လိုက္သည္။


သူေတြ႕လိုက္ရသည္ကQuအေဖခ်န္ထားခဲ့တဲ့တစ္ခုတည္းေသာေရဒီိယိုအေဟာင္းေလးကိုကိုင္ကာဝက္အူႏွင့္လွည့္ေနတဲ့သူ၏ေနသန္။တစ္ခ်က္ေတာ့ဘယ္လိုတုံ႔ျပန္ရမည္လဲထပ္မသိျပန္ေသာေၾကာင့္ေၾကာင္သြားေပမယ့္ေနသန္ကဝက္အူလွည့္ရင္း Quအားၾကည့္ကာအနားသို႔မ်က္စပစ္ျပကာ ေခၚေလသည္။


"လာေလ.."


Quစိတ္တည္ၿငိမ္စြာျဖင့္ျဖည္းျဖည္းခ်င္းေနသန႔္အနားသို႔ကပ္ကာသြားလိုက္ၿပီးေဘးနားတြင္တိတ္တဆိတ္ျဖင့္ရပ္ကာေနလိုက္သည္။ထို႔ေနာက္Quအၾကည့္ေတြကၿပဳံးရိပ္ေယာင္သန္းေနေသာေနသန႔္၏မ်က္ႏွာဆီသို႔ေရာက္လို႔သြားရသည္။အေတြးေတြေထြလာမ်ားျပားလာေသာေၾကာင့္Quေခါင္းကိုတစ္ခ်က္ေဝွ႔ကာခါရမ္းလိုက္ကာေရဒီယိုေဟာင္းေလးကို ခပ္ေဆြးေဆြးၾကည့္လိုက္မိသည္။


အတိတ္ကျဖစ္ရပ္ေတြကို

ျပန္ျမင္ေယာင္လာမိသည္။


"ရၿပီ"


ေနသန္ကဝမ္းသာအားရျဖင့္ဝက္အူကိုေဘးသို႔ခ်ကာအသံစမ္းၾကည့္ေနသည္။Quတကယ္စိတ္ဝင္တစားၾကည့္ေနပါေသာ္လည္းစိတ္ႏွင့္လူႏွင့္ကပ္မေန။ထိုအခ်ိန္ေရဒီယိုေဟာင္းေလးထံမွအသံယဲ့ယဲ့ေလးတစ္ခ်ိဳ႕ထြက္ေပၚလာေလသည္။ထိုအခါေနသန္မွာၿပဳံး႐ႊင္၍ဒီဘက္သို႔လွည့္လာကာစကားဆိုမည္ျပဳသည္။


ဘာကိုမွမေမွ်ာ္လင့္ထားပါေသာ္လည္းယခုျဖစ္ေနတဲ့Qu၏စိတ္ဓာတ္က်ေနဟန္တူေသာမ်က္ႏွာေလးကိုျမင္ေတာ့ေနသန္ျပာယာခတ္သြားရသည္။


"ဘာလို႔လဲ..ကိုယ္မကိုင္သင့္တဲ့ပစၥည္းမို႔လား ဒါဆို ေတာင္းပန္ပါတယ္ ေနာက္အခ်စ္မသိဘဲမကိုင္ေတာ့ပါဘူး ေနာ္.."


".."


ေနသန႔္ထံမွတယုတယစကားေတြလွ်ံထြက္လာေလေတာ့Quေနသန႔္မ်က္လုံးမ်ားထဲသို႔စိုက္ၾကည့္ေနရင္းမ်က္ရည္ေတြက်လာမိသည္။မ်က္ရည္မ်ားစီးက်ေနလ်က္ေနပင္Quအားပါးတရၿပဳံးလိုက္ေလကာေနသန႔္အားၾကည့္ေနသည္။ေနသန္က စိတ္မေကာင္းဟန္ရွိသည္။


သူမသိသည္မွာေနသန္သည္အမွန္တကယ္ပင္ရင္ထဲေအာင့္လို႔ေနသည္ကို။ဒီေကာင္ေလးမ်က္ရည္ေတြကိုေနသန္နားၾကည္းမိပါ၏။ျဖစ္ႏိုင္လွ်င္ေနသန္သာQuခံစားရမယ့္နာက်င္မႈေတြအားလုံးကိုခံစားပစ္မည္။ေပ်ာ္႐ႊင္မႈကေတာ့ဒီေကာင္ေလးထိုက္သန္သည့္အတိုင္းေပါ့။


ေနသန္သည္Qu၏ကိုယ္ေလးအားသူ၏ရင္ခြင္က်ယ္ႀကီးထဲသို႔ဆြဲကာသြင္းလိုက္ၿပီးအၾကမ္းတရမ္းမဟုတ္ေပဘဲ ခပ္ဖြဖြေလးသာဖက္ကာေပးသည္။Quတစ္ခဏေတာ့လက္ေတြဘယ္နားထားရမွန္းမသိေသာေၾကာင့္အူေၾကာင္ေၾကာင္ျဖစ္ေနေသး၏။ေနာက္မွသူအၿမဲကိုင္ၾကည့္ခ်င္ေနေသာေနသန႔္ေက်ာျပင္ႀကီးေပၚတြင္စိတ္လိုလက္ရအေျခခ်လိုက္၏။


ထို႔ေနာက္တြင္သူ၏ေနသန႔္အားအားႏွင့္ညႇစ္ကာဖက္လိုက္သည္။တစ္ခါေလာက္ျဖစ္ျဖစ္ကိုေက်နပ္ပါၿပီ။သူ႔အတြက္ဒီေလာက္ဆိုရင္ကိုလုံေလာက္ပါၿပီ။Quေနသန႔္ရင္ထဲသို႔တိုးဝင္းရင္းသူ၏ဆံပင္ေတြကိုဖြကာပစ္ေနလိုက္သည္။


ထိုအခါေနသန္ကလဲမလႊတ္စတမ္းပို၍တင္းလို႔ေနေအာင္ဖက္ထားေပးသည္။Quရင္ထဲေႏြးေထြးမႈလႈိင္းေလးျဖတ္သန္းလို႔သြားသည္။


တစ္ခဏအၾကာတြင္Quေနသန႔္ရင္ခြင္ထဲမွျဖည္းညႇင္းစြာထြက္လိုက္ကာေရဒီယိုေလးအားအသာထိကာစကားဆိုသည္။


"ဒါ ငါ့အေဖနဲ႔အေမ ေနာက္ဆုံးငါ့ေရွ႕မွာ 

ဖြင့္ၿပီး ကျပခဲ့ဖူးတဲ့ေရဒီယိုေလးေလ"


Quထပ္မံက်ဆင္းလာျပန္တဲ့မ်က္ရည္ေတြကိုသုတ္လိုက္ကာေရဒီယိုေလးအားဝမ္းနည္းစြာရင္ခြင္ထဲသို႔ေပြ႕ဖက္လိုက္သည္။ထိုအခါ ေနာက္မွေနသန္ကလဲသူ႔ကိုတစ္ဆင့္သိုင္းဖက္လာေလသည္။အတန္ၾကာေႏြးေထြးစြာသိုင္းဖက္ေနၿပီးမွေနသန္ကQu၏လက္တစ္ဖက္အားဆြဲကိုင္လာရင္းဆိုလာသည္။


"ဒါဆို ကိုယ္တို႔မ်ိဳးဆက္ဆက္ခံၾကတာေပါ့"


ေနသန္ကQu၏ကိုယ္ေလးအားဆြဲလွည့္လိုက္ကာလက္ေတြကိုအေနထားမွန္မွန္ဆုပ္ကိုင္လိုက္ရင္းစတင္ကာကေခ်ေတာ့သည္။Quပထမေတာ့အံ့ဩသြားေပမယ့္ေနသန္၏မ်က္လုံးမ်ားကိုမွိတ္ကာသံစဥ္အတိုင္းစီးေမ်ာေနသည္ကိုျမင္ေတာ့တစ္ခ်က္မ်က္လုံးမ်ားပိတ္သြားသည္အထိရယ္လိုက္မိသည္။ေနာက္သူလဲမ်က္စိေတြကိုမွိတ္ပစ္လိုက္ရင္း ၿပဳံးကာအလိုက္သင့္ျပန္ကာကေနလိုက္ေလသည္။


ေရဒီယိုေလးထဲမွာလႊင့္ေမ်ာေနသည္က . .


'Be my only one 

이렇게 부르고 싶은 이름 내 곁에 

손을 잡고서 같이 걸어요

비가 오는 밤에도 외로웠던 낮에도 

그대 환한 빛깔을 내게 가득 칠해줘요 

내가 더 잘할게요 이렇게 같이 있어준다면


The name I want to call you by..

Let's hold hands and walk along..

On rainy nights..or on lonely daytimes..please colour me with your shiny light..I'll do believe when you promise me we will

stay together. ...'


ေျခလွမ္းတိုင္းကသံစဥ္၏စီးခ်က္ႏွင့္အညီအိမ္ေလး၏ၾကမ္းခင္းျပင္ေပၚတြင္လႈပ္ရွားလ်က္ရွိ၏။သီခ်င္းသံေအးေအးေလးက သူတို႔၏နားထဲမွတစ္ဆင့္ရင္ဘတ္ထဲသို႔ အပူေငြ႕ေလးေတြႏွင့္လႈိက္

ကာစီးဝင္လို႔ေနသည္။Quေနသန္၏ မ်က္ႏွာကိုအသာေမာ့ၾကည့္မိသည္။


'Now I believe 

라랄라랄라라 부르는 노래 


la..la..la..la..la..la 

I sing a song like this'


ထိုနားေလးေရာက္ေတာ့ေနသန္ကQuအားခါးကေနမခ်ီလိုက္ကာအေပၚသို႔ပင့္ေျမႇာက္လိုက္ၿပီးေနာက္ျဖည္းညႇင္းစြာျဖင့္သူ၏ရင္ခြင္ထဲသို႔ျပန္ဆြဲေခၚလာေပး၏။Quသေဘာက်စြာႏွင့္တခစ္ခစ္ရယ္လိုက္ရင္းသေဘာက်စြာျဖင့္ပင္ေနသန႔္စီးခ်က္အတိုင္းလိုက္ကာကေပးေနလိုက္သည္။


'찾고 찾고 찾아 헤매이던 그대와 

My, oh my, oh my, oh 내 사랑

Be my only love..


with the one I was desperately looking for..My,oh my,My oh my love Be my only love..'


လက္ႏွစ္ဖက္ကိုေရွ႕တန္းကာတင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္ထားေပေသာေကာင္ေလးႏွစ္ေယာက္သည္ခႏၶာကိုယ္အားအေနာက္သို႔လွန္ကာေကာ့ထားရာမွျဖည္းျဖည္းခ်င္းေခါင္းေထာင္လို႔လာသည္။သူတို႔၏မ်က္ႏွာမ်ားေပၚတြင္လည္းေပ်ာ္႐ႊင္မႈေတြရစ္ဝဲလို႔ေနၿပီးသူတို႔သည္သူတို႔လက္ေတြကိုလဲတစ္ေယာက္ႏွင့္တစ္ေယာက္ဝိညာဥ္ခ်င္းခ်ိတ္ဆက္မိသြားသည္အလားထင္ရသည္အထိတင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္ထားေလ၏။


သီခ်င္းေလးကဆက္ကာစီးေမ်ာကာေနတုန္း။ေနသန္ကQuအားဒီတစ္ခါေတာ့လက္ကိုကမ္းေပးလိုက္ၿပီးေခါင္းကိုငုံ႔ကာ သူႏွင့္ကရန္ေတာင္းဆိုဟန္ျပဳ၏။Quဘယ္ႏွစ္ခါမွန္းမသိတဲ့သေဘာက်ျခင္းေတြနဲ႔ရယ္ေမာလိုက္ၿပီးေခါင္းကိုသူ႔လိုဟန္က်က်ၿငိမ့္ကာလက္ကိုျပန္ကမ္းေပးလိုက္သည္။


'Now I believe 

라랄라랄라라 부르는 노래 

찾고 찾고 찾아 헤매이던 그대와 

My, oh my, oh my, oh 내 사랑

Be my only love ..


la..la..la..la..la..la 

I sing a song like this with the one I was desperately looking for..My,oh my,My oh my love Be my only love..'


​ဒီတစ္ခါတြင္ေတာ့ေနသန္ကQuအားျဖည္းညႇင္းစြာဆြဲေခၚၿပီးမွသီခ်င္းေရာက္ေနတဲ့ေနရာႏွင့္အညီလိုက္ကာစီးေမ်ာေစသည္။ေခါင္းေလးကိုဟိုဘက္ေစာင္း၊ဒီဘက္ေစာင္းႏွင့္ဂီတအားအျပည့္အဝခံစားေနေပေသာေနသန႔္ကိုQuၾကည့္ၿမဲၾကည့္ေနမိပါ၏။


'l랄랄랄라라라라라

랄랄랄라라라라 라라라

랄랄랄라라라라

'My only one' 


la..la..la..la..la..la..la..la

la..la..la..la..la..la..la..la 'my only one'..'


ေနာက္ဆုံးအဆုံးသတ္နားတြင္ေနသန္ကQuအားအသက္ဝင္ကာေပ်ာ္႐ႊင္ၾကည္ႏူးေနေပတဲ့မ်က္လုံးေတြႏွင့္ၾကည့္လာၿပီးသူ၏နဖူးအားQu၏နဖူးေလးႏွင့္တိုက္လိုက္ကာမ်က္လုံးေတြကိုမွိတ္ထားလိုက္ေလသည္။


Quလဲထပ္တူမွိတ္လိုက္ပါ၏။သူတို႔၏လက္ေတြကေတာ့ဂေဟဆက္ကာခ်ိတ္ဆက္ထားလ်က္ႏွင့္ေပါ့။


'My Onlyy one...'

Comments

Post a Comment