A Sweven Elegy from Nature - Chapter 13

 Unicode


အခန်း (၁၃)


ဝိညာဉ်တွေဟာဘယ်သောအခါမှတိုက်ဆိုင်မှုတွေကိုမယုံဘူးတဲ့လေ။တကယ်လို့ သင့်ရဲ့ဝိညာဉ်ဟာတခြားဝိညာဉ်တစ်ခုအပေါ်အမှန်တကယ်ညှိတွယ်နေခဲ့ပြီဆိုရင်ဒါဟာသင့်ရဲ့'soulmate' စိတ်တူကိုယ်တူပေါင်းဖက်ရမယ့်သူကိုတွေ့ပြီလို့ဆိုလိုသတဲ့။


တချို့ပုံပြင်တွေဟာပျော်ရွှင်ခြင်းအဆုံးသတ်ကိုဖြည်းဖြည်းချင်းဆီဦးတည်ကြတယ်။တချို့ကျတော့ခပ်မြန်မြန်ဦးတည်ကြပြန်ပြီးတချို့ကျတော့ပျော်ရွှင်ခြင်းတွေကိုအရင်ခံစားရတတ်တယ်။ဒါပေမဲ့ အဆုံးသတ်ကတော့ .. အဘယ်သူသိနိုင်မည်လဲ။


‎                           𐮜 𐮜 𐮜


နွေဦးရာသီကြီး၏လှပခြင်းတွေဟာထိုနွေဦးရာသီအတွင်းမှာမွေ့လျော်နေကြတဲ့သူနှစ်ဦးထံသို့အပြည့်အဝကိုင်းညွတ်နေကြသည်။လှပခြင်းတရားတွေနှင့်အတူရောယှက်နေတဲ့ပျော်ရွှင်ခြင်းတွေနဲ့ချစ်ခြင်းတရားတွေဟာလေထုအတွင်းပိုလျှံကာနေတယ်။


ရေဒီယိုတစ်လုံးနှင့်ပုဝါတစ်ထည်ဘေးခင်းကာအစားအသောက်များစွာနှင့်အတူလီယွန်လေးအတူရှိလို့နေသည်။ခြင်းတောင်းထဲမှပန်းသီးအချို့ကိုလီယွန်ခေါင်းထိုးရှာနေတာဖြစ်ပြီးအစိမ်းတွေပဲတွေ့ကာနေသောကြောင့်စိတ်ညစ်နေပေသည်။


မြက်ခင်းစိုစိုတွေဟာမကြာသေးခင်ကမှရေပက်ဖြန်းထားသောကြောင့်အသက်ဝင်ကာစိမ်းရွှင်လို့နေပေသည်။ရေဒီယိုထံမှပျံ့လွှင့်နေတဲ့သံစဉ်အေးအေးလေးနှင့်အတူမျက်စိတွေကိုမှေးစဉ်လျက်တစ်ယောက်ကိုယ်တစ်ယောက်မှီငြမ်းကာပြုထားကြတဲ့နေသန်နှင့်Quဟာတော့တိတ်တဆိတ်ဖြင့်ချစ်ခြင်းတွေကိုခံစားနေကြတယ်။


လီယွန်ခြင်းထောင်ထဲကိုအချိန်တစ်ခုထိခေါင်းမြုပ်နေ၍အတော်လေးညည်းညူကာဆွဲထုတ်လိုက်ရသေးသည်။အမွှေးတချို့ပင်ကျွတ်ကာသွားပြီးဘေးနားရှိချထားသောကွတ်ကီးတွေပေါ်ပြန့်ကျဲလို့သွားသည်။လီယွန်သူစားနေသည့်ကွတ်ကီးလေးပေါ်သို့ကျသွားသောသူ့အမွှေးအချို့ကိုလက်ကလေးနှင့်ဖယ်ရှားရင်းရှေ့နားမှဆရာသမားနှစ်ယောက်ကိုတစ်ချက်မော်ကာကြည့်ရှုလိုက်သည်။


ရေဒီယိုမှတစ်ချက်တစ်ချက်မြှင့်ချီမြှင့်ချီဖြစ်သွားတဲ့အသံနှုန်းအားလီယွန်လက်လေးနှင့်တိုးချဲ့၍သူသည်လည်းပျံ့လွင့်နေသည့်သီချင်းလေးအားခေါင်းလေးလှုပ်ကာ၊လှုပ်ကာဖြင့်ငြိမ့်ငြောင်းလိုက်သေးသည်။


ကျေးငှက်တချို့သည်ဘေးနားရှိသစ်ပင်များတွင်ဝင်ရောက်နားခိုကာQuအားဝင်ရောက်နှုတ်ဆက်ကြသည်။Quခေါင်းငြိမ့်ကာအသိအမှတ်ပြုပေးလိုက်ပါသော်လည်းတချို့သောစပ်စုစိန်ငှက်တို့ကပျံမသွားသေးဘဲနေသန့်အားမည်သူနည်းဟုစပ်စုကြသည်။Quထိုငှက်တစ်စုအားမျက်မှောင်ကုတ်ကာကြည့်ပေးလိုက်ပြီးမှမျက်စိလေးပြန်မှိတ်သွားသည်။


ခြေထောက်အသွားအလာနှင့်တစ်ခါတစ်ခါပင့်မြှောက်ပေးတတ်သောနေသန့်ကြောင့်Quတစ်ခါတစ်ခါလေပေါ်သို့ပျံတက်သွားသယောင်ခံစားရသည်။သူ့ရင်ခွင်နားကိုခေါင်းတိုးဝှေ့ကာဆံပင်တွေကိုဖွတတ်ပေသောQuဟာလဲနေသန်မျက်လုံးဖွင့်ကြည့်လိုက်လျှင်တွေ့ရတာချည်းဖြစ်သည်။


နေသန်တစ်ချက်ပြုံးလိုက်သည်။

ထို့နောက်ငြင်သာစွာQuခေါင်းဖူးဖူးလေးအားနှာခေါင်းတို့နှင့်တို့ဝှေ့ကာနမ်းရှုပ်လိုက်သည်။အဖြူရောင်အောက်ခံအင်္ကျီလက်ရှည်ပေါ်မှာDark Academiaစတိုင်အညိုရင့်ရောင်လေးသိုင်းဖက်ကာဝတ်ဆင်ထားသောQuသည်ယခုအလွန်ပင်လှပကာတင့်တယ်နေပေ၏။


နေရောင်ခြည်အားတိုက်ရိုက်ထိတွေ့ထားသောကြောင့်တောက်ပြောင်လျက်နေသော Qu၏အသားအရည်နှင့်ဝဲကျနေသောဆံပင်ခပ်အုပ်အုပ်လေးကသူ၏အလှတရားကို ပို၍မြှင့်ကာဖော်ဆောင်ပေးသည်။


​သူ့အမေချုပ်ပေးခဲ့သည်ဟုဆိုသောအညိုဖျော့ရောင်ဘောင်းဘီအားအနားသတ်ခေါက်တင်ကာဝတ်ဆင်ထားသောကြောင့်အနည်းငယ်တိုနေသယောင်ထင်ရစေ၏။ဖိနပ်အနက်ရောင်ကိုခြေအိတ်အဖြူများဖြင့်ထိုးကာစွပ်ထား၏။မြင်နေရသောဖြူလွှသောခြေတံလေးများကလှပသည်ဟုထင်ရပါသော်လည်းသေချာကြည့်လျှင်ANTIQUE၏ယောက်ျားသားဆန်မှုတို့ကထိုးထွက်လို့နေ၏။


နေသန်Quခါးလေးအားပင့်မြှောက်ကာလေပေါ်သို့ပျံဝဲစေလိုက်တော့Quကခပ်ဟဟရယ်သည်။


နေသန်သည်အနက်ရောင်လည်စွပ်အောက်ခံအင်္ကျီကိုဝတ်ဆင်ထားပြီးအပေါ်ကတော့ဖြင့်အနက်ရောင်စိမ်းဝါရောင်လက်ရှည်ကိုခေါက်လျက်တင်ကာဝတ်ဆင်ထားသည်။


အောက်တွင်တော့ဘောင်းဘီအညိုရောင်အားခါးပတ်သွယ်သွယ်နှင့်ပတ်ကာရစ်နှောင်ထားပြီးQuကဲ့သို့ပင်ဖိနပ်အနက်ရောင်များကိုခြေအိတ်ဖြူများဖြင့်ထိုးစွပ်ထားသည်။ဝဲကျနေသောဆံပင်ရှည်ရှည်များအားနောက်သို့မြှောက်ကာစုစီးထားပြီးအချို့ကမူနေသန့်၏ပါးပြင်ထက်သို့ဝေ့ဝဲကာကျနေ၏။


ခပ်တည်တည်မျက်နှာထားထက်မှပြုံးရိပ်ယောင်သန်းနေသောအမူအရာကြောင့် နေသန့်အားပုံမာန်ထက်နှစ်ဆပို၍ပင်ကြည့်ပျော်ဖွယ်ကောင်းစေနေသည်။


တစ်ယောက်ကိုယ်တစ်ယောက်တင်းကြပ်စွာဖက်တွယ်ထားသည်မှာလွတ်ထွက်သွားမည်အားကြောက်နေကြသည့်အလား။


"ဘာကြည့်နေတာလဲ"


Quကနေသန့်အားမော့ကြည့်ရာမှမြင်တွေ့လိုက်ရသောခပ်စူးစူးအကြည့်တွေကြောင့် မေးလိုက်ခြင်း။


"ဆောရီး ကိုယ်မင်းမျက်လုံးတွေအောက်မှာပြိုကျသွားတယ်ထင်တယ် နောက်တစ်ကြိမ်ထပ်ပြီးတော့ပေါ့"


"ဪ.."


"ဘာလဲ မယုံဘူးလား"


"အဲ့ဒီလို မဆိုလိုပါဘူး"


"ဒါဆို ဘာလို့ဘာမှမတုံ့ပြန်တာလဲ"


နေသန်ကခပ်ရစ်ရစ်ပင်ပြန်မေးလိုက်သည်။ထိုအခါQuကစိတ်ရှည်စွာနေသန့်အားမော့ကြည့်ရင်းခြေလှမ်းများကိုရပ်တန့်ကာနေသန့်ပါးလေးတွေကိုကိုင်လျက်ပြောလာသည်။


"ဘာလို့ဆိုငါလဲထပ်တူပဲမလို့ပေါ့"


နေသန်ကခေတ္တအံ့ဩကာသွားပြီးမှခပ်ဖျော့ဖျော့ရယ်လိုက်ကာQuအားသူ့နဖူးနှင့်တိုက်ရင်းချစ်စနိုးနှင့်နှာမှုတ်လိုက်သည်။Quလဲနေသန့်နည်းတူရယ်လိုက်သည်။နှစ်ယောက်သားရှိအပြုံးများကလှပသည်။ပျော့ပျောင်းသည်ပြီးတော့ရင်နာစရာလဲကောင်းလှသည်။


"အ့"


Quသူ့နှလုံးလေးကိုထိကာရုတ်တရက်လဲကျသွားသည်။နေသန်လှမ်းကာထိန်းပေးလိုက်သောကြောင့်သာမြေကြီးနှင့်ခေါင်းနှင့်မိတ်မဆက်လိုက်ရခြင်း။နှလုံးတစ်ခုလုံး စုပ်ဖြဲခံလိုက်ရသလိုနာကျင်မှုနင့်အတူQu၏ခန္ဓာကိုယ်တစ်ခုလုံးတုန်ရီကာနာကျင်လာတာကြောင့်Quတုန်ရီနာကျင်စွာအော်ဟစ်မိသည်။


"ဘာမှမဖြစ်ဘူး ဘာမှမဖြစ်ဘူး ကိုယ်ရှိတယ် ကိုယ်ရှိတယ် ကိုယ်အမြဲလဲရှိနေပေးမှာ"


နေသန့်Quကိုယ်လုံးလေးအားထွေးပိုက်ကာရင်ခွင်ထဲသို့ဝှက်ထားလိုက်သည်။တစ်ခုခုကိုကြောက်နေသည့်အလား။Quနာကျင်နေရသည်ကိုကြည့်ရင်းနေသန်ငိုမိသည်။မျက်ရည်များစတင်ကာစီးကျလာသော်လည်းထိုသည်ကိုဂရုမစိုက်နိုင်သေးဘဲ 'ကိုယ်ရှိတယ်' ဆိုသည့်စကားအားထပ်တလဲလဲအကြိမ်ကြိမ်အဖန်ဖန်သာပြောနေပေးနေသည်။


Quတုန်ရီနေရာမှလက်ကလေးမြှောက်လာသည်။နေသန်က တစ်ခုခုတောင်းဆိုသည်မှတ်၍အနားသို့ကပ်လာသည်။


ထိုအခါQu၏လက်လေးတွေကနေသန့်ပါးပြင်ကိုထိသွားသည်။ထိုအခါမှQuလက်လေးတွေလှုပ်ရှားတော့သည်။နေသန်တောင့်တောင့်ကြီးရပ်နေမိသည်။ထို့နောက်ခုနကထက်ပင်ပို၍မျက်ရည်များစီးကျလာပေသည်။


Quကသူ့မျက်ရည်တွေကိုသုတ်ပေးနေခြင်း။အသံထွက်အောင်ပင်ငိုရှိုက်မိသော်လည်းQuအားမလွှတ်တမ်းဖက်ထား၍စကားပြောပေးနေသောနေသန့်ကိုလီယွန်ဘေးနားကနေကြည့်နေသည်။


ခုနQuလဲကျသွားကတည်းကရောက်နေတာဖြစ်သည်။သို့သော်နေသန်၏လျင်မြန်လှသောလုပ်ရပ်ကြောင့်လီယွန်စိတ်အေးသွားရသည်။


သို့သော်ထိုတစ်ခိုက်အတွင်းမှာပင်ဖြစ်ပွားလာသည့်အဖြစ်အပျက်များကိုလီယွန်လဲမခံစားနိုင်ပါ။မျက်ရည်ကျတတ်မည်မှန်လျှင်လီယွန်အခုငိုရှိုက်မိမည်ကဧကန်မလွဲပင်။


Quနာကျင်သော်လည်းယဲ့ယဲ့လေးသာညည်းသည်။ဒါကိုသိနေသောနေသန်ကပို၍ပင်နာကျင်လာကာမျက်ရည်များများစွာကျဆင်းလာပြီးQuအားပွေ့ဖက်၍တုန်ရီစွာငိုကြွေးနေပေတော့သည်။


Quတစ်ချက်ဆတ်ခနဲကော့တက်သွားပြီး နောက်ဆုံးတစ်ခေါက်နေသန့်အားမော့ကြည့်သွားသည်။နောက်နေသန့်မျက်နှာရှိမျက်ရည်များကိုငြင်သာစွာသုတ်ပေးလိုက်ပြီးချက်ချင်းပင်ခန္ဓာကိုယ်ကဖော့ဖယောင်းလိုပျော့ပျောင်းသွားကာလောကကြီးနှင့်ခေတ္တအဆက်အသွယ်ပြတ်လို့သွားပေတော့သည်။နေသန်ပြောသလိုဆိုနောက်တစ်ကြိမ်ထပ်ပြီးတော့ပေါ့။


"Qu..!!"


"ညှောင်း..!!(Qu!!!)"


နေသန်ကော၊လီယွန်ကပါပြိုင်တူအော်လိုက်တာကြောင့်အသံကနှစ်ဆကျယ်လို့သွားသည်။တောအုပ်ကြီးဆီမှခပ်နက်နက်ဟိန်းသံများကိုကြားလိုက်ရပါသော်လည်းQuမှာမူထိုအသံများကိုမကြားလိုက်ရတော့ပေ။


‎                            𐮜 𐮜 𐮜


“ငါတို့တွေပန်းတွေလိုရှင်သန်ကြရအောင်

လွတ်လပ်စွာအရိုင်းဆန်ပြီးစိတ်ကူးယဉ်ဆန်စွာပျော်မြူးကြမယ် ကမ္ဘာလောကအပေါ်ဖြာကျနေတဲ့နေရောင်ခြည်ကိုခံယူပြီးလှပစွာဖော်ကြူးကြမယ်ငါတို့တစ်တွေ ပန်းတွေလိုနေကြရအောင်နော်နော်..နိတ်”


အိပ်ယာထဲတွင်လှဲနေသောQuကိုဘေးနားရှိနေသန်နှင့်ကုတင်ပေါ်တွင်လဲလျောင်းနေသောလီယွန်ကစက္ကန့်တိုင်းမော့ကာကြည့်ပါ၏။ညနေတောင်စောင်းပြီးနေပြီဖြစ်တာကိုနိုးထမလာသေးသောQuကြောင့် နှစ်ယောက်လုံးတစ်ယောက်ကိုယ်တစ်ယောက်အသိမပေးရဘဲပြိုင်တူစိတ်ပူနေမိသည်။


နေသန်ကQuလက်ကလေးကိုဆုပ်ကိုင်ထားရာမှတွေဝေစွာဖြင့်ခပ်ဖွဖွလွှတ်လိုက်သည်။လီယွန်ကဒါကို မြင်သည်။သို့သော် ဘာမျှတော့မပြော။မိနစ်အတော်ကြာသည်အထိလက်နှစ်ဖက်ကိုကျစ်ကျစ်ဆုပ်ကာခေါင်းကိုအောက်စိုက်ပြီးတွေးတောနေသောနေသန်ဘာကိုတွေးတောနေသည်လဲဆိုတာကိုလီယွန်သိသည်။


"အဲ့ဒါမင်းအမှားမဟုတ်ဘူး နေသန်"


လီယွန်စိတ်ထဲကနေပြောပေးမိလိုက်သည်။နေသန်မကြားနိုင်ပါသော်လည်းသူ့အကြည့်ကများအနည်းငယ်အထောက်အကူပြုသော်ငြားနေသန့်နားသို့တိုးကပ်ကာငုပ်တုပ်ထိုင်လိုက်ရင်းခေါင်းကိုနေသန့်လက်နားထိုးပေးလိုက်သည်။နေသန်ကလီယွန့်အားမော့ကြည့်ပြီးခေါင်းကိုခပ်ဖွဖွပုတ်ပေးပါသည်။


"ငါ..အပြစ်ရှိတယ်လို့ခံစားရတယ်"


"..."


"မင်းရောငါရော သူရော ဒါကဘာလို့ဖြစ်နေသလဲဆိုတာသိတယ်"


"..."


"ဒါကိုပြင်လိုက်ရင်ရတယ်မှန်းလဲသိတယ်

ဒါပေမဲ့..ငါ.."


"မပြင်နိုင်ဘူးမလား"


လီယွန်သက်ပြင်းချရင်းစိတ်ထဲကပြန်ပြောမိသည်။နေသန်ကလဲသက်ပြင်းချပါသည်။ထို့နောက်လီယွန့်အားပြုံးကာကြည့်လိုက်ပြီးနောက်Quထံသို့အကြည့်ရောက်သွားသည်​။လီယွန်လဲQuကိုကြည့်လိုက်သည်။


"ငါသူ့ကိုဒီအိမ်ကနေခေါ်ထုတ်သွားမယ်"


"..."


"အနည်းဆုံးတော့သူဒီအိမ်ကနေဝေးသွားရင်နည်နည်းသက်သာမယ်ထင်တယ် လီယွန် ငါသူ့ကိုတကယ်ပဲမစွန့်လွှတ်နိုင်ဘူး ဒါပေမဲ့..ဒါပေမဲ့"


"..."


"တကယ်လို့ငါစွန့်လွှတ်လိုက်လို့

သူသာအဆင်ပြေသွားမယ်ဆိုရင်တော့.."


လီယွန်နေသန့်အားမမှိတ်မသုန်စိုက်ကြည့်သည်။နေသန်ကQuအားကြည့်နေဆဲ။ခဏကြာမှလီယွန်ရှိရာကိုလှည့်လာပြီးလီယွန့်အားပြုံး၍စိုက်ကြည့်ကာဆိုသည်။


"ငါထွက်သွားပေးမယ် အဝေးဆုံးကို

သူငါ့ကိုမေ့ပျောက်သွားသည်အထိ

ငါထွက်သွားပေးပါ့မယ်"



Zawgyi

အခန္း (၁၃)

ဝိညာဥ္ေတြဟာဘယ္ေသာအခါမွတိုက္ဆိုင္မႈေတြကိုမယုံဘူးတဲ့ေလ။တကယ္လို႔ သင့္ရဲ႕ဝိညာဥ္ဟာတျခားဝိညာဥ္တစ္ခုအေပၚအမွန္တကယ္ညႇိတြယ္ေနခဲ့ၿပီဆိုရင္ဒါဟာသင့္ရဲ႕'soulmate' စိတ္တူကိုယ္တူေပါင္းဖက္ရမယ့္သူကိုေတြ႕ၿပီလို႔ဆိုလိုသတဲ့။

တခ်ိဳ႕ပုံျပင္ေတြဟာေပ်ာ္႐ႊင္ျခင္းအဆုံးသတ္ကိုျဖည္းျဖည္းခ်င္းဆီဦးတည္ၾကတယ္။တခ်ိဳ႕က်ေတာ့ခပ္ျမန္ျမန္ဦးတည္ၾကျပန္ၿပီးတခ်ိဳ႕က်ေတာ့ေပ်ာ္႐ႊင္ျခင္းေတြကိုအရင္ခံစားရတတ္တယ္။ဒါေပမဲ့ အဆုံးသတ္ကေတာ့ .. အဘယ္သူသိႏိုင္မည္လဲ။

‎                           𐮜 𐮜 𐮜

ေႏြဦးရာသီႀကီး၏လွပျခင္းေတြဟာထိုေႏြဦးရာသီအတြင္းမွာေမြ႕ေလ်ာ္ေနၾကတဲ့သူႏွစ္ဦးထံသို႔အျပည့္အဝကိုင္းၫြတ္ေနၾကသည္။လွပျခင္းတရားေတြႏွင့္အတူေရာယွက္ေနတဲ့ေပ်ာ္႐ႊင္ျခင္းေတြနဲ႔ခ်စ္ျခင္းတရားေတြဟာေလထုအတြင္းပိုလွ်ံကာေနတယ္။

ေရဒီယိုတစ္လုံးႏွင့္ပုဝါတစ္ထည္ေဘးခင္းကာအစားအေသာက္မ်ားစြာႏွင့္အတူလီယြန္ေလးအတူရွိလို႔ေနသည္။ျခင္းေတာင္းထဲမွပန္းသီးအခ်ိဳ႕ကိုလီယြန္ေခါင္းထိုးရွာေနတာျဖစ္ၿပီးအစိမ္းေတြပဲေတြ႕ကာေနေသာေၾကာင့္စိတ္ညစ္ေနေပသည္။

ျမက္ခင္းစိုစိုေတြဟာမၾကာေသးခင္ကမွေရပက္ျဖန္းထားေသာေၾကာင့္အသက္ဝင္ကာစိမ္း႐ႊင္လို႔ေနေပသည္။ေရဒီယိုထံမွပ်ံ႕လႊင့္ေနတဲ့သံစဥ္ေအးေအးေလးႏွင့္အတူမ်က္စိေတြကိုေမွးစဥ္လ်က္တစ္ေယာက္ကိုယ္တစ္ေယာက္မွီျငမ္းကာျပဳထားၾကတဲ့ေနသန္ႏွင့္Quဟာေတာ့တိတ္တဆိတ္ျဖင့္ခ်စ္ျခင္းေတြကိုခံစားေနၾကတယ္။

လီယြန္ျခင္းေထာင္ထဲကိုအခ်ိန္တစ္ခုထိေခါင္းျမဳပ္ေန၍အေတာ္ေလးညည္းညဴကာဆြဲထုတ္လိုက္ရေသးသည္။အေမႊးတခ်ိဳ႕ပင္ကြၽတ္ကာသြားၿပီးေဘးနားရွိခ်ထားေသာကြတ္ကီးေတြေပၚျပန႔္က်ဲလို႔သြားသည္။လီယြန္သူစားေနသည့္ကြတ္ကီးေလးေပၚသို႔က်သြားေသာသူ႔အေမႊးအခ်ိဳ႕ကိုလက္ကေလးႏွင့္ဖယ္ရွားရင္းေရွ႕နားမွဆရာသမားႏွစ္ေယာက္ကိုတစ္ခ်က္ေမာ္ကာၾကည့္ရႈလိုက္သည္။

ေရဒီယိုမွတစ္ခ်က္တစ္ခ်က္ျမႇင့္ခ်ီျမႇင့္ခ်ီျဖစ္သြားတဲ့အသံႏႈန္းအားလီယြန္လက္ေလးႏွင့္တိုးခ်ဲ႕၍သူသည္လည္းပ်ံ႕လြင့္ေနသည့္သီခ်င္းေလးအားေခါင္းေလးလႈပ္ကာ၊လႈပ္ကာျဖင့္ၿငိမ့္ေျငာင္းလိုက္ေသးသည္။

ေက်းငွက္တခ်ိဳ႕သည္ေဘးနားရွိသစ္ပင္မ်ားတြင္ဝင္ေရာက္နားခိုကာQuအားဝင္ေရာက္ႏႈတ္ဆက္ၾကသည္။Quေခါင္းၿငိမ့္ကာအသိအမွတ္ျပဳေပးလိုက္ပါေသာ္လည္းတခ်ိဳ႕ေသာစပ္စုစိန္ငွက္တို႔ကပ်ံမသြားေသးဘဲေနသန႔္အားမည္သူနည္းဟုစပ္စုၾကသည္။Quထိုငွက္တစ္စုအားမ်က္ေမွာင္ကုတ္ကာၾကည့္ေပးလိုက္ၿပီးမွမ်က္စိေလးျပန္မွိတ္သြားသည္။

ေျခေထာက္အသြားအလာႏွင့္တစ္ခါတစ္ခါပင့္ေျမႇာက္ေပးတတ္ေသာေနသန႔္ေၾကာင့္Quတစ္ခါတစ္ခါေလေပၚသို႔ပ်ံတက္သြားသေယာင္ခံစားရသည္။သူ႔ရင္ခြင္နားကိုေခါင္းတိုးေဝွ႔ကာဆံပင္ေတြကိုဖြတတ္ေပေသာQuဟာလဲေနသန္မ်က္လုံးဖြင့္ၾကည့္လိုက္လွ်င္ေတြ႕ရတာခ်ည္းျဖစ္သည္။

ေနသန္တစ္ခ်က္ၿပဳံးလိုက္သည္။
ထို႔ေနာက္ျငင္သာစြာQuေခါင္းဖူးဖူးေလးအားႏွာေခါင္းတို႔ႏွင့္တို႔ေဝွ႔ကာနမ္းရႈပ္လိုက္သည္။အျဖဴေရာင္ေအာက္ခံအက်ႌလက္ရွည္ေပၚမွာDark Academiaစတိုင္အညိဳရင့္ေရာင္ေလးသိုင္းဖက္ကာဝတ္ဆင္ထားေသာQuသည္ယခုအလြန္ပင္လွပကာတင့္တယ္ေနေပ၏။

ေနေရာင္ျခည္အားတိုက္႐ိုက္ထိေတြ႕ထားေသာေၾကာင့္ေတာက္ေျပာင္လ်က္ေနေသာ Qu၏အသားအရည္ႏွင့္ဝဲက်ေနေသာဆံပင္ခပ္အုပ္အုပ္ေလးကသူ၏အလွတရားကို ပို၍ျမႇင့္ကာေဖာ္ေဆာင္ေပးသည္။

​သူ႔အေမခ်ဳပ္ေပးခဲ့သည္ဟုဆိုေသာအညိဳေဖ်ာ့ေရာင္ေဘာင္းဘီအားအနားသတ္ေခါက္တင္ကာဝတ္ဆင္ထားေသာေၾကာင့္အနည္းငယ္တိုေနသေယာင္ထင္ရေစ၏။ဖိနပ္အနက္ေရာင္ကိုေျခအိတ္အျဖဴမ်ားျဖင့္ထိုးကာစြပ္ထား၏။ျမင္ေနရေသာျဖဴလႊေသာေျခတံေလးမ်ားကလွပသည္ဟုထင္ရပါေသာ္လည္းေသခ်ာၾကည့္လွ်င္ANTIQUE၏ေယာက္်ားသားဆန္မႈတို႔ကထိုးထြက္လို႔ေန၏။

ေနသန္Quခါးေလးအားပင့္ေျမႇာက္ကာေလေပၚသို႔ပ်ံဝဲေစလိုက္ေတာ့Quကခပ္ဟဟရယ္သည္။

ေနသန္သည္အနက္ေရာင္လည္စြပ္ေအာက္ခံအက်ႌကိုဝတ္ဆင္ထားၿပီးအေပၚကေတာ့ျဖင့္အနက္ေရာင္စိမ္းဝါေရာင္လက္ရွည္ကိုေခါက္လ်က္တင္ကာဝတ္ဆင္ထားသည္။

ေအာက္တြင္ေတာ့ေဘာင္းဘီအညိဳေရာင္အားခါးပတ္သြယ္သြယ္ႏွင့္ပတ္ကာရစ္ေႏွာင္ထားၿပီးQuကဲ့သို႔ပင္ဖိနပ္အနက္ေရာင္မ်ားကိုေျခအိတ္ျဖဴမ်ားျဖင့္ထိုးစြပ္ထားသည္။ဝဲက်ေနေသာဆံပင္ရွည္ရွည္မ်ားအားေနာက္သို႔ေျမႇာက္ကာစုစီးထားၿပီးအခ်ိဳ႕ကမူေနသန႔္၏ပါးျပင္ထက္သို႔ေဝ့ဝဲကာက်ေန၏။

ခပ္တည္တည္မ်က္ႏွာထားထက္မွၿပဳံးရိပ္ေယာင္သန္းေနေသာအမူအရာေၾကာင့္ ေနသန႔္အားပုံမာန္ထက္ႏွစ္ဆပို၍ပင္ၾကည့္ေပ်ာ္ဖြယ္ေကာင္းေစေနသည္။

တစ္ေယာက္ကိုယ္တစ္ေယာက္တင္းၾကပ္စြာဖက္တြယ္ထားသည္မွာလြတ္ထြက္သြားမည္အားေၾကာက္ေနၾကသည့္အလား။

"ဘာၾကည့္ေနတာလဲ"

Quကေနသန႔္အားေမာ့ၾကည့္ရာမွျမင္ေတြ႕လိုက္ရေသာခပ္စူးစူးအၾကည့္ေတြေၾကာင့္ ေမးလိုက္ျခင္း။

"ေဆာရီး ကိုယ္မင္းမ်က္လုံးေတြေအာက္မွာၿပိဳက်သြားတယ္ထင္တယ္ ေနာက္တစ္ႀကိမ္ထပ္ၿပီးေတာ့ေပါ့"

"ဪ.."

"ဘာလဲ မယုံဘူးလား"

"အဲ့ဒီလို မဆိုလိုပါဘူး"

"ဒါဆို ဘာလို႔ဘာမွမတုံ႔ျပန္တာလဲ"

ေနသန္ကခပ္ရစ္ရစ္ပင္ျပန္ေမးလိုက္သည္။ထိုအခါQuကစိတ္ရွည္စြာေနသန႔္အားေမာ့ၾကည့္ရင္းေျခလွမ္းမ်ားကိုရပ္တန႔္ကာေနသန႔္ပါးေလးေတြကိုကိုင္လ်က္ေျပာလာသည္။

"ဘာလို႔ဆိုငါလဲထပ္တူပဲမလို႔ေပါ့"

ေနသန္ကေခတၱအံ့ဩကာသြားၿပီးမွခပ္ေဖ်ာ့ေဖ်ာ့ရယ္လိုက္ကာQuအားသူ႔နဖူးႏွင့္တိုက္ရင္းခ်စ္စႏိုးႏွင့္ႏွာမႈတ္လိုက္သည္။Quလဲေနသန႔္နည္းတူရယ္လိုက္သည္။ႏွစ္ေယာက္သားရွိအၿပဳံးမ်ားကလွပသည္။ေပ်ာ့ေပ်ာင္းသည္ၿပီးေတာ့ရင္နာစရာလဲေကာင္းလွသည္။

"အ့"

Quသူ႔ႏွလုံးေလးကိုထိကာ႐ုတ္တရက္လဲက်သြားသည္။ေနသန္လွမ္းကာထိန္းေပးလိုက္ေသာေၾကာင့္သာေျမႀကီးႏွင့္ေခါင္းႏွင့္မိတ္မဆက္လိုက္ရျခင္း။ႏွလုံးတစ္ခုလုံး စုပ္ၿဖဲခံလိုက္ရသလိုနာက်င္မႈနင့္အတူQu၏ခႏၶာကိုယ္တစ္ခုလုံးတုန္ရီကာနာက်င္လာတာေၾကာင့္Quတုန္ရီနာက်င္စြာေအာ္ဟစ္မိသည္။

"ဘာမွမျဖစ္ဘူး ဘာမွမျဖစ္ဘူး ကိုယ္ရွိတယ္ ကိုယ္ရွိတယ္ ကိုယ္အၿမဲလဲရွိေနေပးမွာ"

ေနသန႔္Quကိုယ္လုံးေလးအားေထြးပိုက္ကာရင္ခြင္ထဲသို႔ဝွက္ထားလိုက္သည္။တစ္ခုခုကိုေၾကာက္ေနသည့္အလား။Quနာက်င္ေနရသည္ကိုၾကည့္ရင္းေနသန္ငိုမိသည္။မ်က္ရည္မ်ားစတင္ကာစီးက်လာေသာ္လည္းထိုသည္ကိုဂ႐ုမစိုက္ႏိုင္ေသးဘဲ 'ကိုယ္ရွိတယ္' ဆိုသည့္စကားအားထပ္တလဲလဲအႀကိမ္ႀကိမ္အဖန္ဖန္သာေျပာေနေပးေနသည္။

Quတုန္ရီေနရာမွလက္ကေလးေျမႇာက္လာသည္။ေနသန္က တစ္ခုခုေတာင္းဆိုသည္မွတ္၍အနားသို႔ကပ္လာသည္။

ထိုအခါQu၏လက္ေလးေတြကေနသန႔္ပါးျပင္ကိုထိသြားသည္။ထိုအခါမွQuလက္ေလးေတြလႈပ္ရွားေတာ့သည္။ေနသန္ေတာင့္ေတာင့္ႀကီးရပ္ေနမိသည္။ထို႔ေနာက္ခုနကထက္ပင္ပို၍မ်က္ရည္မ်ားစီးက်လာေပသည္။

Quကသူ႔မ်က္ရည္ေတြကိုသုတ္ေပးေနျခင္း။အသံထြက္ေအာင္ပင္ငိုရႈိက္မိေသာ္လည္းQuအားမလႊတ္တမ္းဖက္ထား၍စကားေျပာေပးေနေသာေနသန႔္ကိုလီယြန္ေဘးနားကေနၾကည့္ေနသည္။

ခုနQuလဲက်သြားကတည္းကေရာက္ေနတာျဖစ္သည္။သို႔ေသာ္ေနသန္၏လ်င္ျမန္လွေသာလုပ္ရပ္ေၾကာင့္လီယြန္စိတ္ေအးသြားရသည္။

သို႔ေသာ္ထိုတစ္ခိုက္အတြင္းမွာပင္ျဖစ္ပြားလာသည့္အျဖစ္အပ်က္မ်ားကိုလီယြန္လဲမခံစားႏိုင္ပါ။မ်က္ရည္က်တတ္မည္မွန္လွ်င္လီယြန္အခုငိုရႈိက္မိမည္ကဧကန္မလြဲပင္။

Quနာက်င္ေသာ္လည္းယဲ့ယဲ့ေလးသာညည္းသည္။ဒါကိုသိေနေသာေနသန္ကပို၍ပင္နာက်င္လာကာမ်က္ရည္မ်ားမ်ားစြာက်ဆင္းလာၿပီးQuအားေပြ႕ဖက္၍တုန္ရီစြာငိုေႂကြးေနေပေတာ့သည္။

Quတစ္ခ်က္ဆတ္ခနဲေကာ့တက္သြားၿပီး ေနာက္ဆုံးတစ္ေခါက္ေနသန႔္အားေမာ့ၾကည့္သြားသည္။ေနာက္ေနသန႔္မ်က္ႏွာရွိမ်က္ရည္မ်ားကိုျငင္သာစြာသုတ္ေပးလိုက္ၿပီးခ်က္ခ်င္းပင္ခႏၶာကိုယ္ကေဖာ့ဖေယာင္းလိုေပ်ာ့ေပ်ာင္းသြားကာေလာကႀကီးႏွင့္ေခတၱအဆက္အသြယ္ျပတ္လို႔သြားေပေတာ့သည္။ေနသန္ေျပာသလိုဆိုေနာက္တစ္ႀကိမ္ထပ္ၿပီးေတာ့ေပါ့။

"Qu..!!"

"ေညႇာင္း..!!(Qu!!!)"

ေနသန္ေကာ၊လီယြန္ကပါၿပိဳင္တူေအာ္လိုက္တာေၾကာင့္အသံကႏွစ္ဆက်ယ္လို႔သြားသည္။ေတာအုပ္ႀကီးဆီမွခပ္နက္နက္ဟိန္းသံမ်ားကိုၾကားလိုက္ရပါေသာ္လည္းQuမွာမူထိုအသံမ်ားကိုမၾကားလိုက္ရေတာ့ေပ။

‎                            𐮜 𐮜 𐮜

“ငါတို႔ေတြပန္းေတြလိုရွင္သန္ၾကရေအာင္
လြတ္လပ္စြာအ႐ိုင္းဆန္ၿပီးစိတ္ကူးယဥ္ဆန္စြာေပ်ာ္ျမဴးၾကမယ္ ကမာၻေလာကအေပၚျဖာက်ေနတဲ့ေနေရာင္ျခည္ကိုခံယူၿပီးလွပစြာေဖာ္ၾကဴးၾကမယ္ငါတို႔တစ္ေတြ ပန္းေတြလိုေနၾကရေအာင္ေနာ္ေနာ္..နိတ္”

အိပ္ယာထဲတြင္လွဲေနေသာQuကိုေဘးနားရွိေနသန္ႏွင့္ကုတင္ေပၚတြင္လဲေလ်ာင္းေနေသာလီယြန္ကစကၠန႔္တိုင္းေမာ့ကာၾကည့္ပါ၏။ညေနေတာင္ေစာင္းၿပီးေနၿပီျဖစ္တာကိုႏိုးထမလာေသးေသာQuေၾကာင့္ ႏွစ္ေယာက္လုံးတစ္ေယာက္ကိုယ္တစ္ေယာက္အသိမေပးရဘဲၿပိဳင္တူစိတ္ပူေနမိသည္။

ေနသန္ကQuလက္ကေလးကိုဆုပ္ကိုင္ထားရာမွေတြေဝစြာျဖင့္ခပ္ဖြဖြလႊတ္လိုက္သည္။လီယြန္ကဒါကို ျမင္သည္။သို႔ေသာ္ ဘာမွ်ေတာ့မေျပာ။မိနစ္အေတာ္ၾကာသည္အထိလက္ႏွစ္ဖက္ကိုက်စ္က်စ္ဆုပ္ကာေခါင္းကိုေအာက္စိုက္ၿပီးေတြးေတာေနေသာေနသန္ဘာကိုေတြးေတာေနသည္လဲဆိုတာကိုလီယြန္သိသည္။

"အဲ့ဒါမင္းအမွားမဟုတ္ဘူး ေနသန္"

လီယြန္စိတ္ထဲကေနေျပာေပးမိလိုက္သည္။ေနသန္မၾကားႏိုင္ပါေသာ္လည္းသူ႔အၾကည့္ကမ်ားအနည္းငယ္အေထာက္အကူျပဳေသာ္ျငားေနသန႔္နားသို႔တိုးကပ္ကာငုပ္တုပ္ထိုင္လိုက္ရင္းေခါင္းကိုေနသန႔္လက္နားထိုးေပးလိုက္သည္။ေနသန္ကလီယြန႔္အားေမာ့ၾကည့္ၿပီးေခါင္းကိုခပ္ဖြဖြပုတ္ေပးပါသည္။

"ငါ..အျပစ္ရွိတယ္လို႔ခံစားရတယ္"

"..."

"မင္းေရာငါေရာ သူေရာ ဒါကဘာလို႔ျဖစ္ေနသလဲဆိုတာသိတယ္"

"..."

"ဒါကိုျပင္လိုက္ရင္ရတယ္မွန္းလဲသိတယ္
ဒါေပမဲ့..ငါ.."

"မျပင္ႏိုင္ဘူးမလား"

လီယြန္သက္ျပင္းခ်ရင္းစိတ္ထဲကျပန္ေျပာမိသည္။ေနသန္ကလဲသက္ျပင္းခ်ပါသည္။ထို႔ေနာက္လီယြန႔္အားၿပဳံးကာၾကည့္လိုက္ၿပီးေနာက္Quထံသို႔အၾကည့္ေရာက္သြားသည္​။လီယြန္လဲQuကိုၾကည့္လိုက္သည္။

"ငါသူ႔ကိုဒီအိမ္ကေနေခၚထုတ္သြားမယ္"

"..."

"အနည္းဆုံးေတာ့သူဒီအိမ္ကေနေဝးသြားရင္နည္နည္းသက္သာမယ္ထင္တယ္ လီယြန္ ငါသူ႔ကိုတကယ္ပဲမစြန႔္လႊတ္ႏိုင္ဘူး ဒါေပမဲ့..ဒါေပမဲ့"

"..."

"တကယ္လို႔ငါစြန႔္လႊတ္လိုက္လို႔
သူသာအဆင္ေျပသြားမယ္ဆိုရင္ေတာ့.."

လီယြန္ေနသန႔္အားမမွိတ္မသုန္စိုက္ၾကည့္သည္။ေနသန္ကQuအားၾကည့္ေနဆဲ။ခဏၾကာမွလီယြန္ရွိရာကိုလွည့္လာၿပီးလီယြန႔္အားၿပဳံး၍စိုက္ၾကည့္ကာဆိုသည္။

"ငါထြက္သြားေပးမယ္ အေဝးဆုံးကို
သူငါ့ကိုေမ့ေပ်ာက္သြားသည္အထိ
ငါထြက္သြားေပးပါ့မယ္"

Comments

Post a Comment