A Sweven Elegy from Nature - Chapter 6

Unicode


 အခန်း (၆)


ယခုနေသန်၏မျက်လုံးထဲတွင်Quအား

ရမ္မက်ခိုးအပြည့်ဖြင့်ရယူလိုစိတ်များအပြည့်ရှိနေ၏။စူးစူးရဲရဲဖြင့်မူမမှန်စွာဖြစ်နေပြီးထိန်းသာမထိန်းထားလျှင်အခုဆိုQuတစ်ကိုယ်လုံးအားသုံးဆောင်ပြီးနေပြီဖြစ်သည်။တစ်ဖက်ကကောင်လေးကတော့ဖြင့်နူးညံ့၏။ခပ်စိမ်းစိမ်းမျက်ဝန်းများထဲမှနူးညံ့ကာနွေးထွေးမှုအပြည့်ပေးသောအကြည့်များဖြစ်ပေသည်။


နေသန်မျက်လုံးတွေကိုလွှဲပစ်လိုက်သည်။ထို့နောက်ချက်ချင်းမတ်တပ်ရပ်လိုက်ကာ အံကိုကြိတ်ရ၏။Quဟာလဲနေသန်ထလိုက်သောကြောင့်ထိတ်လန့်စွာမတ်တတ်ရပ်လိုက်ပြီးနေသန့်အားအံ့ဩတကြီးစိုက်ကြည့်ရတော့သည်။


လက်ဖျံရိုးမှတစ်လျှောက်လည်ပင်းရိုးပေါ်တွင်အထင်းသားပေါ်လို့နေသော အကြောများသည်ယခုနေသန့်၏လုပ်ရပ်ကြောင့်ပိုလို့ပင်ထင်ရှားလာတော့သည်။နေသန်သည်တစ်ဖက်သို့ဘွင်းဘွင်းလှည့်လို့ထားပြီးလက်သီးကိုဆုပ်အံကိုကြိတ်ကာတစ်ခုခုကိုကြိတ်မနိုင်၊ခဲမရဖြစ်နေလေသည်။


ချည်သားအနက်ရောင်အင်္ကျီကိုရစ်သိုင်းထားပါသောကြိုးနှစ်ခုသည်ယခုတော့တစ်ဖက်ဆီလျှောကျလို့နေသည်။အပေါ်အင်္ကျီအညိုရောင်ကလဲကပိုကရိုဖြစ်လျက်ရှိနေပြီးQuသည်နေသန့်အားကြည့်ပြီးအတော်ပင်နေရခက်လိမ့်မည်ဟုသာမှတ်ချက်ပေးနေမိသည်။


အတွေးနုနယ်လှသောQuသည်ဒီအမူအရာတွေအားလုံး၏တရားခံမှာသူဖြစ်နေကြောင်းရိပ်ပင်မရိပ်မိ။တောရိုင်းသားလေးမို့တုံးအမိပါသည်တို့ဘာတို့ပေပေါ့။


ဒီတစ်ခါတော့Quခပ်ဝေးဝေးကနေသာကြည့်လို့နေပြီးမသက်မသာအခြားဘက်လှည့်လှည့်ကာပေးရသည်။ဘာကြောင့်ဆိုနေသန်ဆိုတဲ့လူကြီးကမျက်လုံးကြီးစွေကာ၊စွေကာဖြင့်Quရှိရာဘက်သို့အတင်းခိုးကြည့်နေသောကြောင့်ဖြစ်သည်။


"Qu.."


"အင်း..."


အညိုရောင် ဒဆံပင်ရှည်ရှည်များဖြင့်သွယ်ဝိုက်ကာထားသောထိုမျက်နှာပိုင်ရှင်။Quအတွက်ရင်လှိုက်ဖိုချင်စရာကောင်းလှသည်။


"ကိုယ်မင်းနောက်လိုက်ခဲ့မယ် ဒီနေ့မှစ တစ်သက်သာထိ ကိုယ်မင်းနောက်ပဲလိုက်ခဲ့တော့မယ် ခွင့်ပြုသလား ပြော.."


"...."


နေလုံးကြီးတဖြည်းဖြည်းအောက်သို့ဝင်ရောက်သွားသည်နှင့်အပြိုင်နေသန်မျှော်လင့်စွာစောင့်စား၍ကြည့်နေသောQu၏အံ့ဩသထက်အံ့ဩနေတဲ့ ရုပ်လေးတို့သည်တစ်ထပ်တည်းကျလို့နေကာတစ်ခဏတော့အလှချင်းယှဉ်နေကျသည်ထင့်။


သို့သော်မည်သို့ပင်ယှဉ်ပါသော်ငြားနေသန့်၏မျက်လုံးထဲတွင်ကားရှေ့ကကောင်လေးကပို၍ပင်လှပလွန်းနေသည်။


ခေတ္တအကြာနေလုံးကြီးအလုံးစုံပျောက်ကွယ်သွားတဲ့နောက်မှာတော့Qu၏မျက်နှာလေးလဲအမှောင်ထုထဲသို့ရောက်ရှိကာသွားပြီးနေသန့် (အစားအစာ) 'Provender' လေးမှာလဲပျောက်လို့သွားပေသည်။တောအုပ်ထဲဖြစ်လို့နေပြီးဒီလောက်ထိကြာမြင့်စွာနေမည်ဟုမထင်မှတ်ထားတာကြောင့်နေသန်မီးအိမ်လဲယူမလာဖြစ်။


ထိုခဏနေသန်၏အတွေးတွေကိုကြားသည့်ဟန်တောအုပ်ထဲရှိပိုးစုန်းကြူးငယ်လေးများကတစ်ကောင်ပြီးတစ်ကောင်ထွက်လို့လာလေသည်။သူတို့သည်နေသန့်၏မျက်နှာပေါ်သို့ဝဲကာပျံသန်းကြသည်။နေသန်ကတော့ထုံစံအတိုင်းမျက်နှာမူမူကြီးနှင့်ဘေးသို့အနည်းငယ်တွန်းကာပထုတ်လိုက်၏။


ထိုအခါပိုးစုန်းကြူးလေးများသည်သူ၏ရှေ့ရှိသောသူထံသို့ချဉ်းကပ်ကာသွားပြီးထိုသူ့မျက်နှာတစ်ဝိုက်တွင်လဲနေသန့်ကဲ့သို့တိုင်းပင်ဝဲပျံကာနေလေသည်။


ထိုအခါQu၏ငိုမဲ့မဲ့မျက်နှာလေးပေါ်ထွက်လာပေပြီးသူ့အားအမှောင်ထဲမှာပင်စိုက်ကြည့်နေသောမျက်ဝန်းစိမ်းများကိုတွေ့ရသည်။နေသန်ထိတ်လန့်မိသွားသည်။


“ဘာများဖြစ်သလဲ”


နေသန်ခပ်လောလောခြေလှမ်းများနှင့်Quထံလျှောက်လှမ်းလို့လာပြီးပုခုံးနှစ်ဖက်ကိုဖွဖွလေးကိုင်လိုက်ကာသူ့ရုပ်ကြီးနှင့်မအပ်မရာပေသောနူးညံ့ကာနွေးထွေးလှသောအသံနှင့်Quအားစကားဆိုလာသည်။


"ဘာဖြစ်လို့လဲ ကိုယ်ပြောတာအရမ်း

လွန်သွားပေလို့လား"


ထိုစကားကိုကြားမှQu၏မျက်ဝန်းထဲမှပြည့်လျှံနေသောမျက်ရည်ပေါက်များသည် အတားအဆီးမဲ့ကာစတင်ကျဆင်းလို့လာပြီးအသံကျယ်ကြီးနှင့်စတင်ကာငိုဟစ်တော့သည်။


"ဟမ်း..ဟမ်း..ဗြဲ..(sneeze*)..ဗြဲ"


"..."


ကောင်းပေသည်။

အလွန်ကောင်းပေ၏။


စတွေ့တဲ့နေ့မှာပင်နှစ်ယောက်သားတစ်ယောက်တစ်လှည့်စီငိုလို့နေကြပြီးတစ်ယောက်ငိုနေတဲ့အချိန်တွင်တစ်ယောက်ကအပြန်အလှန်အူကြောင်ကြားဖြစ်လို့နေရသည်။အတော်လေးမိုးချုပ်နေပြီဖြစ်သောကြောင့်သစ်တောလေးမှလေစိမ်းများစတင်တိုက်ခတ်လာနေပြီ။


နေသန်Qu၏ပါးလွှာလှသောအင်္ကျီလေးကိုကြည့်ကာသူ၏အပေါ်အင်္ကျီကိုအလျှင်အမြန်ချွတ်လိုက်ပြီးဤကောင်လေးနွေးထွေးစေလို့ငှာဖုံးအုပ်ပေးလိုက်သည်။


ထိုအခါကောင်းလေးမှာမျက်ရည်များ၊နှပ်များနှင့်နေသန့်အားမော့ကြည့်လာပြီး မပီမသနှင့်စကားတွေစတင်ကာအော်ဟစ်တော့သည်​။


"ငါကလွယ်လွယ်နဲ့မဖျားနိုင်ဘူးလေ အင့် ဟ!(ကျွတ်ထိုး*)..ငါက..ငါက မင်းတို့လိုအနွေးထည်ဆိုတဲ့ဟာတွေလဲဝတ်စရာမလိုဘူး"


"..."


"အင့်..ငါက ငါ့ကို ဘယ်အရာမှဖျားအောင်ဖျားအောင် မလုပ်နိုင်ဘူးငါက..ဟ!ငါကသဘာဝတရားနဲ့ဆန့်ကျင်တဲ့ကိစ္စတွေလုပ်မှဖျားတတ်တာ ဟ! .."


"သဘာဝနဲ့ဆန့်ကျင်တာ..??"


Quကမျက်ရည်များကိုသုတ်ကာနေသန့်အနွေးထည်ကိုချွတ်ကာပြန်ပေးလိုက်ပြီး လေသံဝဲဝဲနှင့်ဆိုသည်။


"အင်း..ဒါကြောင့်ဟိုတစ်ခါဖျားတာ သဘာဝနဲ့ဆန့်ကျင်တာလုပ်လို့လို့ပဲကောက်ချက်ချရမယ်ဆန့်ကျင်လေပိုဖျားလေပဲ ပထမဆုံးဘာလုပ်မိလိုက်လို့ဖျားသွားလဲအဖြေရှာလို့မရလိုက်ဘူး ဒါပေမဲ့ သူကဆန့်ကျင်လေပိုဖျားလေပဲဆိုတော့ ကံမကောင်းရင်နောက်ဆုံး.."


"မပြောနဲ့!!!"


Quနေသန့်၏အသံကြောင့်တကယ်ပင်ကြောက်ကာတုန်ယင်လို့သွား၏။


"ဟင့်.."


တောအုပ်ကြီးထဲသို့လဲနေသန့်အသံနက်ကြီးကပျံ့နှံ့သွားပြီးငှက်အချို့ထပျံသွားသံနှင့်အတူသူတို့နားတွင်ရှိပိုးစုန်းကြူးလေးများကထွက်ပြေးလို့သွားလေသည်။Quခမျာခေါင်လေးငုံ့သွားရှာပြီးယခင်ကလဲနေသန့်ကိုကြောက်ရွံ့နေသည်ဖြစ်တာကြောင့်ဒီလိုပုံစံမြင်ရတော့သူပို၍ပင်ထိတ်လန့်သွားလေတော့သည်။


သူသည်နေသန့်အားအလွန်တရာကြောက်ပါသည်။သူ့ကိုမြင်လိုက်ချင်းချင်းသူ့သဘာဝပင်ကိုစရိုက်၊ပြောဆိုဆက်ဆံတဲ့အမူအရာတွေကိုအလုံးစုံတွေ့မြင်လိုက်ရ​သောကြောင့်ဖြစ်သည်။သူသည်သွေးအေးပြီးရက်စက်ကာတစ်ခါတစ်လေထိတ်လန့်ကြောက်ရွံ့ဖွယ်ရာလဲကောင်းသေးသည်။


သို့ပေတည်းသူတို့နှစ်ကြိမ်မြှောက်ပြန်တွေ့တဲ့အချိန်နေသန့်၏သူ့အပေါ်ဆက်ဆံသောအမူအရာများကြောင့်သူအမြင်မှားသည်ဟုပင်တွက်လိုက်ပြီးမိမိသည်လဲထို့ကြောင့်ပင်ရင်းနှီးကျွမ်းဝင်စွာပြောဆိုနေခြင်းဖြစ်သည်။ခက်တော့သည်။ယခုစရိုက်မှန်တွေပေါ်လာရင်Quထွက်ပြေးဖို့ဝန်မလေး။


ထိုစိတ်ကူးနဲ့Quခေါင်းလေးစောင်းကာ မှောင်ကြီးမည်းကြီးကျနေသောလမ်းသွယ်လေးထံသို့အကြည့်ပို့လိုက်သည်။ထို့နောက်နေသန့်အားတစ်ချက်ကြည့်လိုက်သည်။


တစ်စက္ကန့် .. နှစ်စက္ကန့် ..


နောက်တွင်တော့Quလှစ်ခနဲနေကာထွက်ပြေးပေတော့သည်။


နေသန်ကချက်ချင်းရိပ်မိလိုက်ပေမဲ့လဲဒီကောင်လေးကအလွန်လျှင်မြန်လွန်းလှသည်။ဒါကြောင့်ဟုတ်သည်နေသန်မမှီလိုက်။လမ်းသွယ်လေးဆီကြည့်လိုက်သော်လည်းအရိပ်မျှသာမြင်ရလိုက်သောQuအားနေသန်ငေးမောကြည့်နေပြီးတစ်ထပ်တည်းသောစကားလုံးကိုပဲနောက်တစ်ခါထပ်ပြီးရေရွတ်မိပြန်သည်။


"နေပါအုန်း.."


‎                            𐮜 𐮜 𐮜


ဒုတိယတစ်ကြိမ်Quအားဆုံးရှုံးလိုက်ရသည်မှာမြို့ထဲကသူ့အားကြောက်လန့်နေသောကလေးတစ်သိုက်အကြောက်လွန်၍ကျောက်ခဲတွေနှင့်သူ့ရင်ဘတ်သို့ပစ်ပေါက်နေသယောင်ထင်ရ၏။ထိုနေ့ကGiethoornရှိသူ၏စံအိမ်ကြီးကိုမွန်းတည့်ချိန်လောက်မှရောက်သည်။ဒါလဲနေသန်တစ်ချက်မှမနားဘဲစားပွဲခုန်ထိုင်ကာ အပုံလိုက်ရှိသောစာအုပ်တွေကိုလှန်းလှောကာရှာဖွေရေးလုပ်လေ၏။


ဒီလိုနှင့်မနက်ခင်းလင်းချိန်တွင်နေသန်သူရှာတွေ့ထားတဲ့ထဲမှသုံးလေးအုပ်လေးကို သေသေချာချာဂရုတစိုက်ဖတ်ရှုလေ့လာနေသောအဆင့်သို့ရောက်သွား၏။


Knock!Knock!Knock*


တံခါးခေါက်သံကြောင့်နေသန်မျက်နှာမော့ကာကြည့်လိုက်သည်။သို့သော်ဘာမှမဆိုသောကြောင့်ဒီတိုင်းထားလိုက်သည်။အတန်ကြာတံခါးပွင့်လာတော့မြင်ရသည်မှာသူ၏ဘွားဘွားထလင်းနော့တ်ဖြစ်ပြီး သူမသည်သူမလက်ထဲတွင်ကွတ်ကီးတစ်ချို့နှင့်နွားနို့ပုလင်းတစ်ဗူးလက်ထဲကိုင်လာသည်ကိုမြင်တွေ့ရပေသည်။နေသန် သူ၏အဘွားအားအနည်းငယ်မျှကူညီလိုက်ပြီးနောက်ဂရုမစိုက်အားဘဲစာထဲသာအာရုံစိုက်သွားပြန်သည်။


"နေ..သန်."


"အင်း ဘွား"


"အရွယ်ရောက်နေပြီနော် မင်း"


"..."


"အင်း ရောက်နေပြီလေ"


ထူးထူးဆန်းဆန်းစကားများစတင်လာသဖြင့်နေသန်တစ်ဖန်ခေါင်းမော့ကာကြည့်ရပြန်သည်။ဘွားဘွားထလင်းနော့တ်သည်သူမဝတ်ထားသောစကပ်တိုအားခပ်ဖွဖွချေမွဆုပ်ကိုင်ထားပြီးနေသန့်အားမကြည့်ဘဲအောက်သို့စိုက်ကြည့်ကာအထစ်ထစ်အငေါ့ငေါ့ဖြင့်စကားဆို၏။


"အင်း ကျွန်တော်အရွယ်ရောက်ပြီ

အဲ့ဒီတော့..."


"ဟို ဒီမိသားစုမှာ မင်းတစ်ယောက်ဘဲ

ယောင်္ကျားသားရှိတော့တာလေ နောက်ပြီး

အခုအရွယ်လဲရောက်လာပြီဆိုတော့

မင်း.. "


"အင်း.."


"မင်းနဲ့တူတဲ့သားလေး ဒါမှမဟုတ် သမီးလေးများမရချင်ဘူးလားလို့..."


ဘွားဘွားကမချိပြုံးနှင့်ပြုံးကာနေသန့်အားမေးလိုက်သည်။ပြောလိုက်သည်မှာအတော်ထူးဆန်းနေသည်ဖြစ်တာကြောင့်သူတို့ကြားရှိလေထုထဲခေတ္တမျှငြိမ်သက်လို့သွားသည်။


အတော်လေးကြာမှနေသန်၏စာအုပ်တစ်အုပ်အောက်သို့ပြုတ်ကျသံနှင်အတူပျော်ရွှင်၍ရည်မွန်ဖွယ်ကောင်းလှသောစကားဝိုင်းလေးပြန်လည်ကာအသက်ဝင်လာလေသည်။နေသန်သည်ဘွားဘွားဘာကိုဆိုလိုမှန်းသိပါ၏။သူဒီလိုလဲလုပ်သင့်နေသည်မှန်းလဲသိပါ၏။နောက်ပြီးသူဒီလိုမလုပ်ချင်မှန်းလဲသိပါ၏။


နေသန်သည်သူ့ကိုယ်သူသိသည်ဟုအမြဲတမ်းလက်ကိုင်ထားသည်။သူသည်မည်သည့်သူကို၊မည်သည့်အခါတွင်မှ သဘောကျဘူးသည်မရှိ။ 'Absolutely' အပ်ပစ်လုလီး တစ်ယောက်တစ်လေမှပင်မရှိ။နိုးဝမ်း။Zip Zap!


မာန်တက်စွာတွေးတောနေသောနေသန်သည်ရုတ်တရက်ငိုမဲ့မဲ့မျက်နှာလေးသူ၏အတွေးထဲရောက်ချလာတော့ငိုချင်ချင်ဖြစ်လို့သွားသည်။ခြေထောက်များပင်တုန်ရီလာပြီးရှေ့မှကြည့်နေသောအဘွားဖြစ်သူအားသူဘာကြောင့်ဤသို့ဖြစ်နေသည်ကိုသိလိုစိတ်များဖြင့်ပြည့်နေကာရောင့်တက်လာလေ၏။


"အဘွား.."


"ဟေ ပြော ပြောပြော အကုန်ပြော"


"..."


တက်ကြွနေသောအဘွားဖြစ်သူကိုနေသန်သံသယဝင်မအားသေးပါ။ဒါကြောင့် စိတ်ထဲသိချင်နေတာကိုသာပထမထား၍မေးလိုက်သည်။


"တစ်ယောက်ယောက်ရှေ့မှာလေ ချက်ချင်းကြီး ငိုချလိုက်ပြီး ချက်ချင်းကြီးထစိတ်ကောက်မိရင် တစ်ဖက်လူဘယ်လိုခံစားရနိုင်လဲ"


"ဘာ မင်းကသီယာ့ရှေ့မှာငိုဖူးတာလား"


"what?? မဟုတ်ပါဘူး ဘယ်ကလာ ဖြေမှာသာဖြေပေးပါ ကျွန်တော်သိချင်လွန်းလို့ရူးနှမ်းတော့မယ်ဗျ"


"အမ်း .. ဆိုတော့မင်းချက်ချင်းကြီးဆိုတာ ဘယ်လောက်ချက်ချင်းကြီးလဲ"


မဖြေဘဲတုံ့ဆိုင်းနေသောသူ၏အရှုပ်ထုတ်မြေးအားဘွားဘွားထလင်းနော့တ်သည် ဒီလိုမျိုးတုံ့ပြန်မည်မှန်းမှန်းထားပြီးသားဖြစ်သည်။ဒါကြောင့်ဘွားဘွားသည်ကွတ်ကီးပန်းကန်ကိုရှေ့သို့ချပေးလိုက်ပြီးနွားနို့အနည်းငယ်ကိုခွက်ထဲသို့ငှဲ့ထည့်ပေးလိုက်ကာ နေသန့်ရှေ့သို့တိုးပေးသည်။


"ကဲကဲ .. ရပြီ အဲ့တာတော့ကိုယ့်ဘာကိုယ်စဉ်စား ငါလဲမပြောတတ်ဘူး"


"..."


"ငိုတယ် နေသန်ကသူစိမ်းရှေ့မှမငိုဖူးပါဘူး အေးလေ သီယာကသူစိမ်းမှမဟုတ်တာ ကောင်းတယ် ကောင်းတယ်.."


ထိုအခါနေသန်ကသူ၏မူပိုင်ဖြစ်သောနုံအအမျက်နှာသေဖြင့်ဘွားဘွားအားကြည့်သည်။ဘွားဘွားထလင်းနော့တ်သည်သူ၏မြေးအားမျက်စိတစ်ဖက်မှိတ်ပြပြီးပြုံးကာဆိုသည်။


"ဒါမင်းအတွက် သောက်လိုက်နော် သေချာလဲစား အာဟာရပြည့်တယ်ပြီးတော့ အမြင်မှန်ကိုလဲရှင်းရှင်းလင်းလင်းမြင်နိုင်တယ်"


ဤသို့ပြောကာတံခါးကိုဆောင့်ပိတ်ကာထွက်သွားပေသောဘွားဘွားထလင်းနော့တ်သည်အပြင်သို့ရောက်သော်လူမရှိသည့်စံအိမ်ကြီးထဲသို့တစ်ချက်ဝေ့ကြည့်ပြီးတံခါးနားကိုချက်ချင်းကပ်ကာခိုးနားထောင်တော့၏။


သူမ၏ဘေးတွင်ကနဦးကတည်းကစောင့်လျက်ရှိနေသောအိမ်တော်၏သခင်မဖြစ်သူကတ်ထလင်းနော့တ်နှင့်သူမ၏ညီမဖြစ်သူခီလာထလင်းနော့တ်တို့သည်တံခါးပွင့်လာတော့အလုအယက်အဘွားဖြစ်သူအားဆွဲခေါ်လိုက်ပြီးသူမတို့၏ဘေးတွင်အတူတူနားထောင်စေသည်။


Tik-Tok.Tik-Tok.


မိနစ်အပိုင်းအကြာတွင်နေသန်သည်အခန်းထဲမှတိတ်ဆိတ်စွာထွက်လို့လာသည်။သူသည်တံခါးဖွင့်လိုက်ချိန်တံခါးဝတွင်အသင့်ရှိနေသောသူ၏အဒေါ်၊အမေနှင့်အဘွားတို့အားငုံတုံတုံသာတစ်ချက်ကြည့်သွားပြီးသူ၏လက်မှဝတ်ရုံကိုဖြန့်ကာဝတ်ဆင်လိုက်ပြီးအပြင်သွားရန်ပြင်လိုက်သည်။


"အဲ့တာ ဘယ်တုန်း ထလင်းနော့တ်"


ခီလာကအာဏာပါဝါသံဖြင့်မေးသည်။


"ဟမ် အာ ကျွန်တော် သီယာ့သွားတွေ့မလို့ ဟိုတိုင်ပင်စရာလေးတွေရှိလို့ သွားတော့မယ်ဗျာ ညစာဟိုမှာဘဲစားခဲ့မယ်"


ထိုအခါထလင်းနော့တ်အမျိုးသမီးသုံးယောက်သည်တစ်ယောက်ကိုယ်တစ်ယောက်ကြည့်လိုက်ကြပြီးနောက်အပျော်လုံးဆို့စွာစပ်ဖြီးဖြီးဖြင့်လက်တွေရိုက်၊ဖင်တွေတိုက်ပြီးနောက်နေသန့်အားအတင်းတွန်းလွှတ်ကာစင်သီယာ့ဆိီသို့သွားစေဟုမောင်းထုတ်လိုက်ပါတော့လေသတည်း။



Zawgyi


အခန္း (၆)


ယခုေနသန္၏မ်က္လုံးထဲတြင္Quအား

ရမၼက္ခိုးအျပည့္ျဖင့္ရယူလိုစိတ္မ်ားအျပည့္ရွိေန၏။စူးစူးရဲရဲျဖင့္မူမမွန္စြာျဖစ္ေနၿပီးထိန္းသာမထိန္းထားလွ်င္အခုဆိုQuတစ္ကိုယ္လုံးအားသုံးေဆာင္ၿပီးေနၿပီျဖစ္သည္။တစ္ဖက္ကေကာင္ေလးကေတာ့ျဖင့္ႏူးညံ့၏။ခပ္စိမ္းစိမ္းမ်က္ဝန္းမ်ားထဲမွႏူးညံ့ကာေႏြးေထြးမႈအျပည့္ေပးေသာအၾကည့္မ်ားျဖစ္ေပသည္။


ေနသန္မ်က္လုံးေတြကိုလႊဲပစ္လိုက္သည္။ထို႔ေနာက္ခ်က္ခ်င္းမတ္တပ္ရပ္လိုက္ကာ အံကိုႀကိတ္ရ၏။Quဟာလဲေနသန္ထလိုက္ေသာေၾကာင့္ထိတ္လန႔္စြာမတ္တတ္ရပ္လိုက္ၿပီးေနသန႔္အားအံ့ဩတႀကီးစိုက္ၾကည့္ရေတာ့သည္။


လက္ဖ်ံ႐ိုးမွတစ္ေလွ်ာက္လည္ပင္း႐ိုးေပၚတြင္အထင္းသားေပၚလို႔ေနေသာ အေၾကာမ်ားသည္ယခုေနသန႔္၏လုပ္ရပ္ေၾကာင့္ပိုလို႔ပင္ထင္ရွားလာေတာ့သည္။ေနသန္သည္တစ္ဖက္သို႔ဘြင္းဘြင္းလွည့္လို႔ထားၿပီးလက္သီးကိုဆုပ္အံကိုႀကိတ္ကာတစ္ခုခုကိုႀကိတ္မႏိုင္၊ခဲမရျဖစ္ေနေလသည္။


ခ်ည္သားအနက္ေရာင္အက်ႌကိုရစ္သိုင္းထားပါေသာႀကိဳးႏွစ္ခုသည္ယခုေတာ့တစ္ဖက္ဆီေလွ်ာက်လို႔ေနသည္။အေပၚအက်ႌအညိဳေရာင္ကလဲကပိုက႐ိုျဖစ္လ်က္ရွိေနၿပီးQuသည္ေနသန႔္အားၾကည့္ၿပီးအေတာ္ပင္ေနရခက္လိမ့္မည္ဟုသာမွတ္ခ်က္ေပးေနမိသည္။


အေတြးႏုနယ္လွေသာQuသည္ဒီအမူအရာေတြအားလုံး၏တရားခံမွာသူျဖစ္ေနေၾကာင္းရိပ္ပင္မရိပ္မိ။ေတာ႐ိုင္းသားေလးမို႔တုံးအမိပါသည္တို႔ဘာတို႔ေပေပါ့။


ဒီတစ္ခါေတာ့Quခပ္ေဝးေဝးကေနသာၾကည့္လို႔ေနၿပီးမသက္မသာအျခားဘက္လွည့္လွည့္ကာေပးရသည္။ဘာေၾကာင့္ဆိုေနသန္ဆိုတဲ့လူႀကီးကမ်က္လုံးႀကီးေစြကာ၊ေစြကာျဖင့္Quရွိရာဘက္သို႔အတင္းခိုးၾကည့္ေနေသာေၾကာင့္ျဖစ္သည္။


"Qu.."


"အင္း..."


အညိဳေရာင္ ဒဆံပင္ရွည္ရွည္မ်ားျဖင့္သြယ္ဝိုက္ကာထားေသာထိုမ်က္ႏွာပိုင္ရွင္။Quအတြက္ရင္လႈိက္ဖိုခ်င္စရာေကာင္းလွသည္။


"ကိုယ္မင္းေနာက္လိုက္ခဲ့မယ္ ဒီေန႔မွစ တစ္သက္သာထိ ကိုယ္မင္းေနာက္ပဲလိုက္ခဲ့ေတာ့မယ္ ခြင့္ျပဳသလား ေျပာ.."


"...."


ေနလုံးႀကီးတျဖည္းျဖည္းေအာက္သို႔ဝင္ေရာက္သြားသည္ႏွင့္အၿပိဳင္ေနသန္ေမွ်ာ္လင့္စြာေစာင့္စား၍ၾကည့္ေနေသာQu၏အံ့ဩသထက္အံ့ဩေနတဲ့ ႐ုပ္ေလးတို႔သည္တစ္ထပ္တည္းက်လို႔ေနကာတစ္ခဏေတာ့အလွခ်င္းယွဥ္ေနက်သည္ထင့္။


သို႔ေသာ္မည္သို႔ပင္ယွဥ္ပါေသာ္ျငားေနသန႔္၏မ်က္လုံးထဲတြင္ကားေရွ႕ကေကာင္ေလးကပို၍ပင္လွပလြန္းေနသည္။


ေခတၱအၾကာေနလုံးႀကီးအလုံးစုံေပ်ာက္ကြယ္သြားတဲ့ေနာက္မွာေတာ့Qu၏မ်က္ႏွာေလးလဲအေမွာင္ထုထဲသို႔ေရာက္ရွိကာသြားၿပီးေနသန႔္ (အစားအစာ) 'Provender' ေလးမွာလဲေပ်ာက္လို႔သြားေပသည္။ေတာအုပ္ထဲျဖစ္လို႔ေနၿပီးဒီေလာက္ထိၾကာျမင့္စြာေနမည္ဟုမထင္မွတ္ထားတာေၾကာင့္ေနသန္မီးအိမ္လဲယူမလာျဖစ္။


ထိုခဏေနသန္၏အေတြးေတြကိုၾကားသည့္ဟန္ေတာအုပ္ထဲရွိပိုးစုန္းၾကဴးငယ္ေလးမ်ားကတစ္ေကာင္ၿပီးတစ္ေကာင္ထြက္လို႔လာေလသည္။သူတို႔သည္ေနသန႔္၏မ်က္ႏွာေပၚသို႔ဝဲကာပ်ံသန္းၾကသည္။ေနသန္ကေတာ့ထုံစံအတိုင္းမ်က္ႏွာမူမူႀကီးႏွင့္ေဘးသို႔အနည္းငယ္တြန္းကာပထုတ္လိုက္၏။


ထိုအခါပိုးစုန္းၾကဴးေလးမ်ားသည္သူ၏ေရွ႕ရွိေသာသူထံသို႔ခ်ဥ္းကပ္ကာသြားၿပီးထိုသူ႔မ်က္ႏွာတစ္ဝိုက္တြင္လဲေနသန႔္ကဲ့သို႔တိုင္းပင္ဝဲပ်ံကာေနေလသည္။


ထိုအခါQu၏ငိုမဲ့မဲ့မ်က္ႏွာေလးေပၚထြက္လာေပၿပီးသူ႔အားအေမွာင္ထဲမွာပင္စိုက္ၾကည့္ေနေသာမ်က္ဝန္းစိမ္းမ်ားကိုေတြ႕ရသည္။ေနသန္ထိတ္လန႔္မိသြားသည္။


“ဘာမ်ားျဖစ္သလဲ”


ေနသန္ခပ္ေလာေလာေျခလွမ္းမ်ားႏွင့္Quထံေလွ်ာက္လွမ္းလို႔လာၿပီးပုခုံးႏွစ္ဖက္ကိုဖြဖြေလးကိုင္လိုက္ကာသူ႔႐ုပ္ႀကီးႏွင့္မအပ္မရာေပေသာႏူးညံ့ကာေႏြးေထြးလွေသာအသံႏွင့္Quအားစကားဆိုလာသည္။


"ဘာျဖစ္လို႔လဲ ကိုယ္ေျပာတာအရမ္း

လြန္သြားေပလို႔လား"


ထိုစကားကိုၾကားမွQu၏မ်က္ဝန္းထဲမွျပည့္လွ်ံေနေသာမ်က္ရည္ေပါက္မ်ားသည္ အတားအဆီးမဲ့ကာစတင္က်ဆင္းလို႔လာၿပီးအသံက်ယ္ႀကီးႏွင့္စတင္ကာငိုဟစ္ေတာ့သည္။


"ဟမ္း..ဟမ္း..ၿဗဲ..(sneeze*)..ၿဗဲ"


"..."


ေကာင္းေပသည္။

အလြန္ေကာင္းေပ၏။


စေတြ႕တဲ့ေန႔မွာပင္ႏွစ္ေယာက္သားတစ္ေယာက္တစ္လွည့္စီငိုလို႔ေနၾကၿပီးတစ္ေယာက္ငိုေနတဲ့အခ်ိန္တြင္တစ္ေယာက္ကအျပန္အလွန္အူေၾကာင္ၾကားျဖစ္လို႔ေနရသည္။အေတာ္ေလးမိုးခ်ဳပ္ေနၿပီျဖစ္ေသာေၾကာင့္သစ္ေတာေလးမွေလစိမ္းမ်ားစတင္တိုက္ခတ္လာေနၿပီ။


ေနသန္Qu၏ပါးလႊာလွေသာအက်ႌေလးကိုၾကည့္ကာသူ၏အေပၚအက်ႌကိုအလွ်င္အျမန္ခြၽတ္လိုက္ၿပီးဤေကာင္ေလးေႏြးေထြးေစလို႔ငွာဖုံးအုပ္ေပးလိုက္သည္။


ထိုအခါေကာင္းေလးမွာမ်က္ရည္မ်ား၊ႏွပ္မ်ားႏွင့္ေနသန႔္အားေမာ့ၾကည့္လာၿပီး မပီမသႏွင့္စကားေတြစတင္ကာေအာ္ဟစ္ေတာ့သည္​။


"ငါကလြယ္လြယ္နဲ႔မဖ်ားႏိုင္ဘူးေလ အင့္ ဟ!(ကြၽတ္ထိုး*)..ငါက..ငါက မင္းတို႔လိုအေႏြးထည္ဆိုတဲ့ဟာေတြလဲဝတ္စရာမလိုဘူး"


"..."


"အင့္..ငါက ငါ့ကို ဘယ္အရာမွဖ်ားေအာင္ဖ်ားေအာင္ မလုပ္ႏိုင္ဘူးငါက..ဟ!ငါကသဘာဝတရားနဲ႔ဆန႔္က်င္တဲ့ကိစၥေတြလုပ္မွဖ်ားတတ္တာ ဟ! .."


"သဘာဝနဲ႔ဆန႔္က်င္တာ..??"


Quကမ်က္ရည္မ်ားကိုသုတ္ကာေနသန႔္အေႏြးထည္ကိုခြၽတ္ကာျပန္ေပးလိုက္ၿပီး ေလသံဝဲဝဲႏွင့္ဆိုသည္။


"အင္း..ဒါေၾကာင့္ဟိုတစ္ခါဖ်ားတာ သဘာဝနဲ႔ဆန႔္က်င္တာလုပ္လို႔လို႔ပဲေကာက္ခ်က္ခ်ရမယ္ဆန႔္က်င္ေလပိုဖ်ားေလပဲ ပထမဆုံးဘာလုပ္မိလိုက္လို႔ဖ်ားသြားလဲအေျဖရွာလို႔မရလိုက္ဘူး ဒါေပမဲ့ သူကဆန႔္က်င္ေလပိုဖ်ားေလပဲဆိုေတာ့ ကံမေကာင္းရင္ေနာက္ဆုံး.."


"မေျပာနဲ႔!!!"


Quေနသန႔္၏အသံေၾကာင့္တကယ္ပင္ေၾကာက္ကာတုန္ယင္လို႔သြား၏။


"ဟင့္.."


ေတာအုပ္ႀကီးထဲသို႔လဲေနသန႔္အသံနက္ႀကီးကပ်ံ႕ႏွံ႔သြားၿပီးငွက္အခ်ိဳ႕ထပ်ံသြားသံႏွင့္အတူသူတို႔နားတြင္ရွိပိုးစုန္းၾကဴးေလးမ်ားကထြက္ေျပးလို႔သြားေလသည္။Quခမ်ာေခါင္ေလးငုံ႔သြားရွာၿပီးယခင္ကလဲေနသန႔္ကိုေၾကာက္႐ြံ႕ေနသည္ျဖစ္တာေၾကာင့္ဒီလိုပုံစံျမင္ရေတာ့သူပို၍ပင္ထိတ္လန႔္သြားေလေတာ့သည္။


သူသည္ေနသန႔္အားအလြန္တရာေၾကာက္ပါသည္။သူ႔ကိုျမင္လိုက္ခ်င္းခ်င္းသူ႔သဘာဝပင္ကိုစ႐ိုက္၊ေျပာဆိုဆက္ဆံတဲ့အမူအရာေတြကိုအလုံးစုံေတြ႕ျမင္လိုက္ရ​ေသာေၾကာင့္ျဖစ္သည္။သူသည္ေသြးေအးၿပီးရက္စက္ကာတစ္ခါတစ္ေလထိတ္လန႔္ေၾကာက္႐ြံ႕ဖြယ္ရာလဲေကာင္းေသးသည္။


သို႔ေပတည္းသူတို႔ႏွစ္ႀကိမ္ေျမႇာက္ျပန္ေတြ႕တဲ့အခ်ိန္ေနသန႔္၏သူ႔အေပၚဆက္ဆံေသာအမူအရာမ်ားေၾကာင့္သူအျမင္မွားသည္ဟုပင္တြက္လိုက္ၿပီးမိမိသည္လဲထို႔ေၾကာင့္ပင္ရင္းႏွီးကြၽမ္းဝင္စြာေျပာဆိုေနျခင္းျဖစ္သည္။ခက္ေတာ့သည္။ယခုစ႐ိုက္မွန္ေတြေပၚလာရင္Quထြက္ေျပးဖို႔ဝန္မေလး။


ထိုစိတ္ကူးနဲ႔Quေခါင္းေလးေစာင္းကာ ေမွာင္ႀကီးမည္းႀကီးက်ေနေသာလမ္းသြယ္ေလးထံသို႔အၾကည့္ပို႔လိုက္သည္။ထို႔ေနာက္ေနသန႔္အားတစ္ခ်က္ၾကည့္လိုက္သည္။


တစ္စကၠန႔္ .. ႏွစ္စကၠန႔္ ..


ေနာက္တြင္ေတာ့Quလွစ္ခနဲေနကာထြက္ေျပးေပေတာ့သည္။


ေနသန္ကခ်က္ခ်င္းရိပ္မိလိုက္ေပမဲ့လဲဒီေကာင္ေလးကအလြန္လွ်င္ျမန္လြန္းလွသည္။ဒါေၾကာင့္ဟုတ္သည္ေနသန္မမွီလိုက္။လမ္းသြယ္ေလးဆီၾကည့္လိုက္ေသာ္လည္းအရိပ္မွ်သာျမင္ရလိုက္ေသာQuအားေနသန္ေငးေမာၾကည့္ေနၿပီးတစ္ထပ္တည္းေသာစကားလုံးကိုပဲေနာက္တစ္ခါထပ္ၿပီးေရ႐ြတ္မိျပန္သည္။


"ေနပါအုန္း.."


‎                            𐮜 𐮜 𐮜


ဒုတိယတစ္ႀကိမ္Quအားဆုံးရႈံးလိုက္ရသည္မွာၿမိဳ႕ထဲကသူ႔အားေၾကာက္လန႔္ေနေသာကေလးတစ္သိုက္အေၾကာက္လြန္၍ေက်ာက္ခဲေတြႏွင့္သူ႔ရင္ဘတ္သို႔ပစ္ေပါက္ေနသေယာင္ထင္ရ၏။ထိုေန႔ကGiethoornရွိသူ၏စံအိမ္ႀကီးကိုမြန္းတည့္ခ်ိန္ေလာက္မွေရာက္သည္။ဒါလဲေနသန္တစ္ခ်က္မွမနားဘဲစားပြဲခုန္ထိုင္ကာ အပုံလိုက္ရွိေသာစာအုပ္ေတြကိုလွန္းေလွာကာရွာေဖြေရးလုပ္ေလ၏။


ဒီလိုႏွင့္မနက္ခင္းလင္းခ်ိန္တြင္ေနသန္သူရွာေတြ႕ထားတဲ့ထဲမွသုံးေလးအုပ္ေလးကို ေသေသခ်ာခ်ာဂ႐ုတစိုက္ဖတ္ရႈေလ့လာေနေသာအဆင့္သို႔ေရာက္သြား၏။


Knock!Knock!Knock*


တံခါးေခါက္သံေၾကာင့္ေနသန္မ်က္ႏွာေမာ့ကာၾကည့္လိုက္သည္။သို႔ေသာ္ဘာမွမဆိုေသာေၾကာင့္ဒီတိုင္းထားလိုက္သည္။အတန္ၾကာတံခါးပြင့္လာေတာ့ျမင္ရသည္မွာသူ၏ဘြားဘြားထလင္းေနာ့တ္ျဖစ္ၿပီး သူမသည္သူမလက္ထဲတြင္ကြတ္ကီးတစ္ခ်ိဳ႕ႏွင့္ႏြားႏို႔ပုလင္းတစ္ဗူးလက္ထဲကိုင္လာသည္ကိုျမင္ေတြ႕ရေပသည္။ေနသန္ သူ၏အဘြားအားအနည္းငယ္မွ်ကူညီလိုက္ၿပီးေနာက္ဂ႐ုမစိုက္အားဘဲစာထဲသာအာ႐ုံစိုက္သြားျပန္သည္။


"ေန..သန္."


"အင္း ဘြား"


"အ႐ြယ္ေရာက္ေနၿပီေနာ္ မင္း"


"..."


"အင္း ေရာက္ေနၿပီေလ"


ထူးထူးဆန္းဆန္းစကားမ်ားစတင္လာသျဖင့္ေနသန္တစ္ဖန္ေခါင္းေမာ့ကာၾကည့္ရျပန္သည္။ဘြားဘြားထလင္းေနာ့တ္သည္သူမဝတ္ထားေသာစကပ္တိုအားခပ္ဖြဖြေခ်မြဆုပ္ကိုင္ထားၿပီးေနသန႔္အားမၾကည့္ဘဲေအာက္သို႔စိုက္ၾကည့္ကာအထစ္ထစ္အေငါ့ေငါ့ျဖင့္စကားဆို၏။


"အင္း ကြၽန္ေတာ္အ႐ြယ္ေရာက္ၿပီ

အဲ့ဒီေတာ့..."


"ဟို ဒီမိသားစုမွာ မင္းတစ္ေယာက္ဘဲ

ေယာက်ၤားသားရွိေတာ့တာေလ ေနာက္ၿပီး

အခုအ႐ြယ္လဲေရာက္လာၿပီဆိုေတာ့

မင္း.. "


"အင္း.."


"မင္းနဲ႔တူတဲ့သားေလး ဒါမွမဟုတ္ သမီးေလးမ်ားမရခ်င္ဘူးလားလို႔..."


ဘြားဘြားကမခ်ိၿပဳံးႏွင့္ၿပဳံးကာေနသန႔္အားေမးလိုက္သည္။ေျပာလိုက္သည္မွာအေတာ္ထူးဆန္းေနသည္ျဖစ္တာေၾကာင့္သူတို႔ၾကားရွိေလထုထဲေခတၱမွ်ၿငိမ္သက္လို႔သြားသည္။


အေတာ္ေလးၾကာမွေနသန္၏စာအုပ္တစ္အုပ္ေအာက္သို႔ျပဳတ္က်သံႏွင္အတူေပ်ာ္႐ႊင္၍ရည္မြန္ဖြယ္ေကာင္းလွေသာစကားဝိုင္းေလးျပန္လည္ကာအသက္ဝင္လာေလသည္။ေနသန္သည္ဘြားဘြားဘာကိုဆိုလိုမွန္းသိပါ၏။သူဒီလိုလဲလုပ္သင့္ေနသည္မွန္းလဲသိပါ၏။ေနာက္ၿပီးသူဒီလိုမလုပ္ခ်င္မွန္းလဲသိပါ၏။


ေနသန္သည္သူ႔ကိုယ္သူသိသည္ဟုအၿမဲတမ္းလက္ကိုင္ထားသည္။သူသည္မည္သည့္သူကို၊မည္သည့္အခါတြင္မွ သေဘာက်ဘူးသည္မရွိ။ 'Absolutely' အပ္ပစ္လုလီး တစ္ေယာက္တစ္ေလမွပင္မရွိ။ႏိုးဝမ္း။Zip Zap!


မာန္တက္စြာေတြးေတာေနေသာေနသန္သည္႐ုတ္တရက္ငိုမဲ့မဲ့မ်က္ႏွာေလးသူ၏အေတြးထဲေရာက္ခ်လာေတာ့ငိုခ်င္ခ်င္ျဖစ္လို႔သြားသည္။ေျခေထာက္မ်ားပင္တုန္ရီလာၿပီးေရွ႕မွၾကည့္ေနေသာအဘြားျဖစ္သူအားသူဘာေၾကာင့္ဤသို႔ျဖစ္ေနသည္ကိုသိလိုစိတ္မ်ားျဖင့္ျပည့္ေနကာေရာင့္တက္လာေလ၏။


"အဘြား.."


"ေဟ ေျပာ ေျပာေျပာ အကုန္ေျပာ"


"..."


တက္ႂကြေနေသာအဘြားျဖစ္သူကိုေနသန္သံသယဝင္မအားေသးပါ။ဒါေၾကာင့္ စိတ္ထဲသိခ်င္ေနတာကိုသာပထမထား၍ေမးလိုက္သည္။


"တစ္ေယာက္ေယာက္ေရွ႕မွာေလ ခ်က္ခ်င္းႀကီး ငိုခ်လိုက္ၿပီး ခ်က္ခ်င္းႀကီးထစိတ္ေကာက္မိရင္ တစ္ဖက္လူဘယ္လိုခံစားရႏိုင္လဲ"


"ဘာ မင္းကသီယာ့ေရွ႕မွာငိုဖူးတာလား"


"what?? မဟုတ္ပါဘူး ဘယ္ကလာ ေျဖမွာသာေျဖေပးပါ ကြၽန္ေတာ္သိခ်င္လြန္းလို႔႐ူးႏွမ္းေတာ့မယ္ဗ်"


"အမ္း .. ဆိုေတာ့မင္းခ်က္ခ်င္းႀကီးဆိုတာ ဘယ္ေလာက္ခ်က္ခ်င္းႀကီးလဲ"


မေျဖဘဲတုံ႔ဆိုင္းေနေသာသူ၏အရႈပ္ထုတ္ေျမးအားဘြားဘြားထလင္းေနာ့တ္သည္ ဒီလိုမ်ိဳးတုံ႔ျပန္မည္မွန္းမွန္းထားၿပီးသားျဖစ္သည္။ဒါေၾကာင့္ဘြားဘြားသည္ကြတ္ကီးပန္းကန္ကိုေရွ႕သို႔ခ်ေပးလိုက္ၿပီးႏြားႏို႔အနည္းငယ္ကိုခြက္ထဲသို႔ငွဲ႔ထည့္ေပးလိုက္ကာ ေနသန႔္ေရွ႕သို႔တိုးေပးသည္။


"ကဲကဲ .. ရၿပီ အဲ့တာေတာ့ကိုယ့္ဘာကိုယ္စဥ္စား ငါလဲမေျပာတတ္ဘူး"


"..."


"ငိုတယ္ ေနသန္ကသူစိမ္းေရွ႕မွမငိုဖူးပါဘူး ေအးေလ သီယာကသူစိမ္းမွမဟုတ္တာ ေကာင္းတယ္ ေကာင္းတယ္.."


ထိုအခါေနသန္ကသူ၏မူပိုင္ျဖစ္ေသာႏုံအအမ်က္ႏွာေသျဖင့္ဘြားဘြားအားၾကည့္သည္။ဘြားဘြားထလင္းေနာ့တ္သည္သူ၏ေျမးအားမ်က္စိတစ္ဖက္မွိတ္ျပၿပီးၿပဳံးကာဆိုသည္။


"ဒါမင္းအတြက္ ေသာက္လိုက္ေနာ္ ေသခ်ာလဲစား အာဟာရျပည့္တယ္ၿပီးေတာ့ အျမင္မွန္ကိုလဲရွင္းရွင္းလင္းလင္းျမင္ႏိုင္တယ္"


ဤသို႔ေျပာကာတံခါးကိုေဆာင့္ပိတ္ကာထြက္သြားေပေသာဘြားဘြားထလင္းေနာ့တ္သည္အျပင္သို႔ေရာက္ေသာ္လူမရွိသည့္စံအိမ္ႀကီးထဲသို႔တစ္ခ်က္ေဝ့ၾကည့္ၿပီးတံခါးနားကိုခ်က္ခ်င္းကပ္ကာခိုးနားေထာင္ေတာ့၏။


သူမ၏ေဘးတြင္ကနဦးကတည္းကေစာင့္လ်က္ရွိေနေသာအိမ္ေတာ္၏သခင္မျဖစ္သူကတ္ထလင္းေနာ့တ္ႏွင့္သူမ၏ညီမျဖစ္သူခီလာထလင္းေနာ့တ္တို႔သည္တံခါးပြင့္လာေတာ့အလုအယက္အဘြားျဖစ္သူအားဆြဲေခၚလိုက္ၿပီးသူမတို႔၏ေဘးတြင္အတူတူနားေထာင္ေစသည္။


Tik-Tok.Tik-Tok.


မိနစ္အပိုင္းအၾကာတြင္ေနသန္သည္အခန္းထဲမွတိတ္ဆိတ္စြာထြက္လို႔လာသည္။သူသည္တံခါးဖြင့္လိုက္ခ်ိန္တံခါးဝတြင္အသင့္ရွိေနေသာသူ၏အေဒၚ၊အေမႏွင့္အဘြားတို႔အားငုံတုံတုံသာတစ္ခ်က္ၾကည့္သြားၿပီးသူ၏လက္မွဝတ္႐ုံကိုျဖန႔္ကာဝတ္ဆင္လိုက္ၿပီးအျပင္သြားရန္ျပင္လိုက္သည္။


"အဲ့တာ ဘယ္တုန္း ထလင္းေနာ့တ္"


ခီလာကအာဏာပါဝါသံျဖင့္ေမးသည္။


"ဟမ္ အာ ကြၽန္ေတာ္ သီယာ့သြားေတြ႕မလို႔ ဟိုတိုင္ပင္စရာေလးေတြရွိလို႔ သြားေတာ့မယ္ဗ်ာ ညစာဟိုမွာဘဲစားခဲ့မယ္"


ထိုအခါထလင္းေနာ့တ္အမ်ိဳးသမီးသုံးေယာက္သည္တစ္ေယာက္ကိုယ္တစ္ေယာက္ၾကည့္လိုက္ၾကၿပီးေနာက္အေပ်ာ္လုံးဆို႔စြာစပ္ၿဖီးၿဖီးျဖင့္လက္ေတြ႐ိုက္၊ဖင္ေတြတိုက္ၿပီးေနာက္ေနသန႔္အားအတင္းတြန္းလႊတ္ကာစင္သီယာ့ဆိီသို႔သြားေစဟုေမာင္းထုတ္လိုက္ပါေတာ့ေလသတည္း။

Comments

Post a Comment