A Sweven Elegy from Nature - Chapter 8
Unicode
အခန်း (၈)
“မနက်ထလိုက်တဲ့အချိန်တိုင်းမှာ
ပထမဆုံးအတွေးထဲပေါ်လာတာက မင်း..”
Quကုတင်ပေါ်ကနေခြေချလိုက်သည်နှင့်အတွေးတွေကိုဖြန့်ကြက်ပစ်လိုက်သည်။ထို့နောက်လွမ်းမောစွာဖြင့်ပြတင်းပေါက်အပြင်သို့ငေးကြည့်နေမိပြန်သည်။
ပြီးမှမျက်လုံးကိုပွတ်၊သွားတိုက်ဖို့ကိုယ်တိုင်လုပ်ထားသည့်သွားတိုက်တံကိုယူရင်း ရေချိုးခန်းလို့ပုံစံထင်ရတဲ့အခန်းဆီတန်းသွားလိုက်ပြီးရေချိုးခန်းကြေးမုံမှာပေါ်လာတဲ့ကိုယ့်ရဲ့စုပ်ချာချာပုံရိပ်ကိုကြည့်လိုက်သည်။ဒီတစ်ခါလဲငေးမောကာကြည့်နေရပြန်သည်။
“ငါမင်းရဲ့အပြုံးတွေကိုကြိုက်တယ်၊မင်းရဲ့အနံ့အသက်တွေကိုမြတ်နိုးတယ် မင်းရဲ့အသံခပ်အောအောတွေကိုချစ်တယ်”
"ထွီး.."
ဆေးဖက်ဝင်အပင်တစ်ပင်ကနေရတဲ့ပင်စည်အနှစ်တွေကိုသွားတိုက်ဆေးအဖြစ်သုံးကာသွားတိုက်ဆေးတွေကိုပလုတ်ကျင်းထွေးထုတ်လိုက်သည်။ထို့နောက်ရေဖြင့်ထပ်မံပလုတ်ကျင်းလိုက်ကာတစ်ဖန်မျက်နှာကိုပြန်မော့လိုက်သည်။
"ဟဟ ငါမင်းအကြောင်းတွေအများ
ကြီးတွေးမိသွားပြီထင်တယ်.."
Quရေချိုးခန်းထဲမှထွက်လာပြီးလမ်းတစ်လျှောက်မှာရှိတဲ့တဘက်တစ်ထည်ကိုဆွဲယူလိုက်ပြီးမျက်နှာကိုခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်၏။
“မင်းကငါ့ကိုကြောက်ရွံ့စေတယ်”
ကုတင်ပေါ်ထိုင်ကာပေါင်ပေါ်လက်နှစ်ဖက်တင်ရင်Quသက်ပြင်းကိုချဖြစ်တယ်။
“တစ်ခါတစ်လေ .. အချစ်ကိုပုံသဏ္ဌာန်အမျိူးမျိုးနဲ့တွေ့မြင်နိုင်တယ်ထင်ပါ့ ထိုသူရဲ့မျက်ဝန်းကနေလား မျက်ခုံးကနေလား အပြုံးကနေလား အငွေ့အသက်ကနေလား ဒါမမှမဟုတ် စိတ်ဝိညာဉ်ကနေလား..”
လှေကားကနေတစ်ထစ်ချင်းဆီခြေလှမ်းပြီးမနက်စာစားဖို့မီးဖိုခန်းထဲဝင်လိုက်တော့ထောပတ်ယိုတစ်ချို့နှင့်ကွတ်ကီးတစ်ချို့စားပွဲပေါ်မှာပြန့်ကျဲလို့နေတာကိုQuတွေ့လိုက်ရပါသည်။
"အာ..လူးကပ်စ် မင်းတို့ကြွက်တွေကတော့.."
Quခေါင်းမော့ကာညည်းတွားလိုက်သည်။နောက်သက်ပြင်းကိုစိတ်လေစွာချလိုက်ပြီး ပေပွနေသောထောပတ်ယိုများကိုအဝတ်တစ်ထည်နှင့်ဘေးသို့ဆွဲချကာသုတ်လိုက်သည်။ပြီးမှအမှိုက်ထဲသို့သိမ်းကြုံးကာထည့်ပစ်လိုက်ပြီးခုံပေါ်ကပြန့်ကျဲနေတဲ့မုန့်စအချို့ကိုလဲစိတ်ရှင်းသွားသည်အထိ ပြောင်နေအောင်သန့်ရှင်းလိုက်သည်။
ခုံပေါ်ကမုန့်စတွေကိုရှင်းရင်းဦးနှောက်ထဲတွင်ထင်ဟပ်လာပြန်သောအူတူတူပုံရိပ်တစ်ခု။အူတူတူပုံရိပ်နှင့်ပင်ကိုကြည့်ကောင်းလှသောမျက်နှာကိုQuမှန်းကာမှန်းကာစားပွဲပြင်ကိုခပ်ကြမ်းကြမ်းသုတ်ပစ်နေမိသည်။
ထို့နောက်ဘေးနားရှိဘေစင်မှရေတွေကို လွတ်လပ်စွာဖွင့်ချပစ်လိုက်ပြီးနဖူးဆီသို့ဝဲကျလျက်ရှိနေသောဆံပင်တွေကိုပါးစပ်နှင့်မှုတ်ထုတ်လိုက်သည်။
"ဖူး!"
“ငါမင်းနဲ့အမြဲတမ်းတွေ့နေရတဲ့လူတိုင်းကို
သဝန်တိုမိတယ်..”
“မှန်ကြည့်လိုက်ရင်ပေါ်လာတဲ့မင်းရဲ့ပုံရိပ်လေးကို ငါအနုပညာတစ်ရပ်လို ချစ်မြတ်နိုးစမ်းချင်တယ်”
“ဪ အချစ်ဟာအခြေအနေမျိုးစုံမှာ အဓိပ္ပာယ်ပေါင်းမျိုးစုံနဲ့ရင်ထဲကိုဖြည်းဖြည်းချင်းဆီဝင်လာတတ်ပါ့လား..”
Quသက်ပြင်းကိုချလိုက်ပြီးဆေးဖို့ကျန်ရှိနေတဲ့ပန်းကန်တွေကိုဆက်ကာဆေးကြောနေလိုက်တယ်။မနက်စာစားချင်စိတ်မရှိတာကြောင့်အိမ်ရှေ့ကိုတစ်ခါထဲထွက်လာလိုက်ပြီးအနားတွင်ရှိနေတဲ့နွားအချို့ကိုမြက်ခြောက်တွေထိုးသိပ်ကျွေးနေဖြစ်သည်။
“ငါ့ကိုမင်းရဲ့အနံ့အသက်တွေဖုံးလွှမ်းသွားတဲ့အထိဖက်ပေးပါ နိတ်..”
နေပူလွန်းသဖြင့်ထွက်လာပေသောချွေးစက်များကိုလက်ဖနောင့်နှင့်သုတ်လိုက်ရင်းQuနေလုံးကြီးကိုလှမ်းကြည့်လိုက်သည်။ပူပြင်းလှသော်လည်းလောကကြီးအတွက်အလင်းရောင်ပေးနေသည်။ပူလောင်လှသော်လည်းကိုယ့်အတွက်လိုအပ်နေတဲ့အရာတစ်ခုဖြစ်နေသည်။
"ဟဟ"
Quတစ်ချက်အသံထွက်ပြီးခပ်ဟဟရယ်လိုက်ရင်းခေါင်းကိုခါယမ်းလိုက်ကာ မတ်တပ်ရပ်လိုက်သည်။နောက်ခြံလေးထဲသို့တစ်ချက်ခါးထောက်ကာဝေ့ကြည့်ပြီးနောက်ပန်းတွေကိုရေလောင်းအုန်းမည်ဟုဆိုပြီးအထဲထဲသို့ဝင်သွားပြန်သည်။
“ငါ့အတွက်တော့ အိမ်ဆိုတာ မင်းရဲ့လက်မောင်းတွေပေါ်မှာပါ နေသန်..”
“ထလင်းနော့တ် ဆိုတဲ့မျိုးရိုးကိုဆက်ခံချင်နေတဲ့ တောထဲက ငနုံလေးတစ်ယောက်သာသာပါ”
အိမ်ထဲကနေရေပိုက်လေးနှင့်ထွက်လာပြီးခြံဝင်းထဲရှိပန်းပင်ရောင်စုံလေးများကိုဆေးခြယ်ပေးနေသောQuသည်သီချင်းလေးနှင့်သာမာန်စိတ်အေးလက်အေး၊ပေါ့ပေါ့ပါးပါးအလုပ်လုပ်နေသည်ဟုထင်ရပါသော်လည်းတကယ်တမ်းတော့သူ၏စိတ်ထဲတွင်မူသူ၏ကယောက်ကယက်အတွေးတွေကိုကြိုးစား၍ဖျောက်ပစ်နေရရှာ၏။
“ငါကမင်းကိုနည်းနည်းလေးတော့ခံစားရစေတယ်လို့ပြောပါ ဘာလို့ဆိုမင်း..က ငါ့..ရဲ့အရာရာမလို့..”
"အာား..!!"
နောက်ဆုံးစိတ်မထိန်းနိုင်တော့ဘဲရေဖြန်းနေရင်းမှQuစိတ်တိုစွာညည်းတွားလိုက်ကာလက်ထဲမှရေပိုက်ကိုခပ်ကြမ်းကြမ်းအောက်သို့ပစ်ချပစ်လိုက်သည်။ထို့နောက် ကောင်းကင်သို့မျက်လုံးများမှိတ်ကာမော့ကြည့်လိုက်ပြီးသူ့စိတ်တွေကိုပွင့်ထွက်လိုငြားစိတ်ထဲမှပြောမိနေသောစကားလုံးများထဲမှနောက်ဆုံးအဆုံးသတ်ကိုကျယ်လောင်စွာအော်ဟစ်ကာပြောပစ်လိုက်သည်။
"ငါမင်းကိုအရမ်းလိုအပ်တယ်!!!"
"ဘယ်သူ့ကိုလဲ"
"ဟွတ်..ဘယ်သူတုန်း"
Quသူ့နောက်မှအသံတစ်သံကြားလိုက်ရသည်ထင်သောကြောင့်ထကာခုန်လိုက်မိသည်။သို့သော်မည်သူမှရှိမနေ။
သို့သော်Quသံသယစိတ်ကိုဖယ်ရှားရန်အလို့ငှာအိမ်၏ဘေးဘက်တစ်ဝိုက်သို့ဝှေ့ယမ်းကာရှာဖွေကြည့်လိုက်မိသည်။အတော်ကြာသည်ထိရှာကြည့်သေးပါသော်လည်း မတွေ့သည်ကမတွေ့ပေ။နေပါအုန်း။ဒီအချိန်ကြီးဘယ်လူကဒီလိုနေရာကိုလာမယ်တဲ့လဲ။ရူးမိုက်လိုက်တာQuရာ။ကြားယောင်တာဖြစ်မည်။ဟုတ်သည်လေ။ထိုအသံကိုလဲလွမ်းဆွတ်နေသည်ဖြစ်၍လေ။
ထိုသို့တွေးလိုက်မိသောကြောင့်Qu၏မျက်နှာလေးခပ်ရှိန်းရှိန်းလေးဖြစ်လို့သွားသည်။မည်သူမှကြည့်မနေပါသော်လည်းရှက်ရှက်နှင့်အောက်သို့ငုံ့ချကာရေတွေအများကြီးလျှံထွက်လျက်ရှိသောရေပိုက်ကိုကောက်ပိတ်လိုက်သည်။အများကြီးလျှံကျသွားတာဖြစ်တာကြောင့်မို့ဒီနေ့အဖို့ရေချွေတာရတော့မည်ဟုQuတွေးလိုက်သည်။
ရေကန်သို့အသွားအပြန်ဆယ်ခါလောက်ထပ်မလုပ်ချင်ပါ။တစ်ခေါက်ဆိုလျှင်ကိုခြေကုန်လက်ပန်းကျလို့ဖြစ်သည်။နှစ်ခေါက်ဆိုလျှင်Quထိုနားတွင်ပင်မောလွန်း၍လစ်ထွက်သွားနိုင်၏။ဘယ်သူမှသူတည်ရှိမှန်းသိမနေပါသော်လည်းတကယ်လို့များလမ်းသွားလမ်းလာများရှိခဲ့သော်သူ၏အလောင်းကိုရှာဖွေတွေ့ရှိသွားပါက 'ကမ္ဘာပေါ်တွင်ရေသယ်ရ၍ လစ်သွားသော တောထဲကပထမဆုံးလူသား' ဟူ၍ခေါင်းစဉ်တပ်ခံရနိုင်သည်။
"ဟင့်..မဆိုးဘူးပဲ"
Quတွေးတွေးဆဆဖြင့်ရေရွတ်လိုက်ပြီးတစ်ခုခုတော့လုပ်ရမည်ဟုခပ်မြန်မြန်တွေးကာခေါင်းကိုငုံ့လျက်နောက်သို့လှည့်လိုက်မိသည်။ထိုအခါနဖူးကခပ်မာမာအရာတစ်ခုကိုတိုက်မိလို့သွားပြီးQuကိုယ်လေးလဲနောက်ပြန်လှန်ကျလို့သွားရသည်။Qu ကိုယ့်ကိုယ်ကိုထိန်းလိုက်ပါသော်လည်းအရှိန်ကလွန်နေပြီးဖြစ်သည်။ထို့ကြောင့်စိတ်လျော့ပြီးလက်လွှတ်ကာမျက်လုံးစုံမှိတ်ပြီးကျသာကျစေလိုက်သည်။မဟုတ်လဲ သဘာဝတရားကြီးကသူ့ကိုအနာမရစေချင်လျှင်မရနိုင်မဟုတ်ပေလား။
သို့သော်အချိန်အတော်အတန်ကြာသည်ထိသူမြေပြင်ပေါ်သို့ကျမသွားသလိုနာလဲမနာလာ။ဒီတိုင်းတန်းလန်းကြီးဖြစ်လို့နေသည်။မျက်စိဖွင့်ကာဘေးပတ်လည်ကြည့်လိုက်တော့သူယခင်နေရာတွင်ပဲရှိသေးသည်။တွေးတောမရနေတုန်းရုတ်တရက်ခါးနားမှဆစ်ခနဲနာကျင်မှုကိုခံစားလိုက်ရလေသည်။ထိုနာကျင်မှုနဲ့အတူသွေးကြောများသည်နှလုံးသားထဲသို့လျှောဝင်သွားသကဲ့သို့ခံစားရပြီးသူအရင်တစ်ခါဖျားတုန်းကသကဲ့သို့ခံစားရသလိုမျိုးတစ်ချက်ခံစားလိုက်ရသည်။
Quခန္ဓာကိုယ်တဖြည်းဖြည်းအားလျော့ကျလာသည်။အားလျော့လာလို့ထင်သည်သူရချင်နေသောနေသန့်၏ကိုယ်သင်းရနံ့ခပ်ငွေ့ငွေ့လေးကိုနှာခေါင်းထဲတွင်ရနေရသည်။Quမျက်လုံးတွေကိုမှိတ်ထားမိသည်။
ဒါတွေဖြစ်နေတာတောင်မှသူ့ကိုပွေ့ချီထားသောနေသန့်အားမတွေ့သေးပါ။မတွေ့ဘဲ မျက်စိပင်မှိတ်သွားသောကြောင့်နေသန် ကြောင်သွားရပါသည်။အတော်ကြာသည်အထိပွင့်မလာသောထိုချစ်စဖွယ်သောက်လုံးနှစ်လုံးလေးတွေကိုကြာတော့စိတ်မရှည်တော့။ထို့ကြောင့်သူဆုပ်ကိုင်ထားသောQu၏ခါးနားကိုနောက်တစ်ခါအားထည့်၍ညှစ်ပစ်လိုက်သည်။
"အ!"
ဒီတစ်ခါတော့ကောင်လေးအသံထွက်ပြီ။
သို့သော်ထူးဆန်းသည်။သူဖိလိုက်သည်မှာကောင်လေး၏ခါးဖြစ်သော်လည်းကောင်လေးအော်လိုက်ချိန်တွင်သူ၏ရင်ဘတ်နေရာကိုဖိကာအော်လိုက်ခြင်းဖြစ်၏။
Quမျက်လုံးတွေပွင့်ပွင်းချင်းနေသန့်အားမြင်လိုက်ရသည်ဖြစ်၏။သူ့အားခါးမှပွေ့ထားပြီးသူဘာတုံ့ပြန်မလဲကိုစောင့်နေသောပုံနှင့်မျက်ခုံးများကိုပင့်လို့ထား၏။Quစက္ကန့်ပိုင်းမျှအားဖြင့်ပျော်လို့သွားသည်။ထို့နောက် ခပ်မြန်မြန်ထရပ်လိုက်ကာနေသန့်အားဝမ်းသာအားရကြည့်သည်။
နေသန်ကသူ့အားတွေ့လိုက်ရ၍ဝမ်းသာသွားပုံရသောQuကြောင့်နည်းနည်းတော့ပြုံးလိုက်မိသည်။ထိုအခါQuမျက်နှာလေးမဲ့လို့သွားသည်။ထို့နောက်ခေါင်းကိုအလုံးစုံအောက်သို့စိတ်ဓာတ်ကျသူတစ်ယောက်နှယ်ငုံ့လို့သွားကာခပ်ပြင်းပြင်းသက်ပြင်းချလိုက်သည်ကိုတွေ့လိုက်ရသည်။
"ငါမြင်ယောင်နေပြန်ပြီ ဒီတစ်ခါတော့
တကယ့်အတိုင်းပဲ ငါ့ကိုထပ်မနှိပ်ဆက်ပါနဲ့တော့အချစ်ရယ်..ငါထပ်မြင်ရရင်ရူးနှမ်းမိလိမ့်တော့မယ် အချစ်ရဲ့"
မျက်လုံးများကိုလက်ဖျံနှင့်ကွယ်ကာရူးရူးတန်းတန်းလျှောက်ပြောနေသောQuအားနေသန်မျက်ခုံးပင့်ကာကြည့်သည်။ထို့နောက်သူနှင့်အနည်းငယ်ပုကာနေတဲ့အရပ်နှင့်ညီအောင်ခေါင်းကိုငုံ့ချလိုက်ကာမမြင်ရသောQu၏မျက်ဝန်းနေရာသို့ စိုက်ကြည့်ကာဆိုလိုက်သည်။
"ဒါဆို ခုမင်းမြင်နေရတာ ဘာလို့ထင်လို့လဲ"
"ငါ့စိတ်လေ ဒါကြောင့်မို့ငါမြင်ချင်တဲ့လူကိုမြင်နေရတာမဟုတ်လား"
"အိုး..မင်းက ဒီလူကိုမြင်ချင်နေတယ်ပေါ့
ဟုတ်သလား"
နေသန်ကကိုယ့်ရင်ဘတ်အားခပ်သာသာ နှစ်ချက်မျှအသံထွက်ကာပုတ်လိုက်ပြီးဆိုသည်။Quကမျက်လုံးလေးနှင့်ခိုးကာကြည့်သည်။ခိုးကြည့်ရင်းနေသန့်၏ကောက်ကျစ်ကာဉာဏ်နီဉာဏ်နက်များလှသောအပြုံးများကိုမြင်သွားတော့ထပ်ကာမျက်လုံးတွေကိုဖုံးအုပ်လိုက်ပြန်သည်။
"ပြောပါအုန်း မင်းစိတ်ကဒီလူကိုဘာကြောင့်မြင်ချင်နေရတာလဲ"
နေသန်ကအစ်အောက်လေသည်။
"မသိဘူး ဒီတိုင်းငါ့စိတ်ထဲမှာရှိနေတာကို"
"အိုး..အချိန်တိုင်းပဲလား"
"အင်းလေ အချိန်တိုင်းပဲ ငါရူးတော့မယ်လို့
ထပ်မပေါ်လာနဲ့တော့လို့"
Quကငိုမဲ့မဲ့နှင့်ဆိုသည်။ထိုအခါနေသန်က သူ့လက်ဖျံနှင့်သူမျက်လုံးများကိုဖုံးကွယ်ထားသောQu၏လက်အားငြင်သာစွာ ဖယ်ရှားလိုက်ပြီးသူ၏မျက်လုံးထဲသို့တည့်တည့်မတ်မတ်စိုက်ကြည့်ရင်းဆိုလေသည်။
"ဒါဆို ပြောစမ်းပါအုန်း အချစ်ရေ .. မင်းရဲ့ဒီလူကြီးကိုဘယ်လောက်တောင်မှလွမ်းနေခဲ့ရသလဲလို့လေ"
Zawgyi
အခန္း (၈)
“မနက္ထလိုက္တဲ့အခ်ိန္တိုင္းမွာ
ပထမဆုံးအေတြးထဲေပၚလာတာက မင္း..”
Quကုတင္ေပၚကေနေျခခ်လိုက္သည္ႏွင့္အေတြးေတြကိုျဖန္႔ၾကက္ပစ္လိုက္သည္။ထို႔ေနာက္လြမ္းေမာစြာျဖင့္ျပတင္းေပါက္အျပင္သို႔ေငးၾကည့္ေနမိျပန္သည္။
ၿပီးမွမ်က္လုံးကိုပြတ္၊သြားတိုက္ဖို႔ကိုယ္တိုင္လုပ္ထားသည့္သြားတိုက္တံကိုယူရင္း ေရခ်ိဳးခန္းလို႔ပုံစံထင္ရတဲ့အခန္းဆီတန္းသြားလိုက္ၿပီးေရခ်ိဳးခန္းေၾကးမုံမွာေပၚလာတဲ့ကိုယ့္ရဲ႕စုပ္ခ်ာခ်ာပုံရိပ္ကိုၾကည့္လိုက္သည္။ဒီတစ္ခါလဲေငးေမာကာၾကည့္ေနရျပန္သည္။
“ငါမင္းရဲ႕အၿပဳံးေတြကိုႀကိဳက္တယ္၊မင္းရဲ႕အနံ႔အသက္ေတြကိုျမတ္ႏိုးတယ္ မင္းရဲ႕အသံခပ္ေအာေအာေတြကိုခ်စ္တယ္”
"ထြီး.."
ေဆးဖက္ဝင္အပင္တစ္ပင္ကေနရတဲ့ပင္စည္အႏွစ္ေတြကိုသြားတိုက္ေဆးအျဖစ္သုံးကာသြားတိုက္ေဆးေတြကိုပလုတ္က်င္းေထြးထုတ္လိုက္သည္။ထို႔ေနာက္ေရျဖင့္ထပ္မံပလုတ္က်င္းလိုက္ကာတစ္ဖန္မ်က္ႏွာကိုျပန္ေမာ့လိုက္သည္။
"ဟဟ ငါမင္းအေၾကာင္းေတြအမ်ား
ႀကီးေတြးမိသြားၿပီထင္တယ္.."
Quေရခ်ိဳးခန္းထဲမွထြက္လာၿပီးလမ္းတစ္ေလွ်ာက္မွာရွိတဲ့တဘက္တစ္ထည္ကိုဆြဲယူလိုက္ၿပီးမ်က္ႏွာကိုခပ္ၾကမ္းၾကမ္းသုတ္ပစ္လိုက္၏။
“မင္းကငါ့ကိုေၾကာက္႐ြံ႕ေစတယ္”
ကုတင္ေပၚထိုင္ကာေပါင္ေပၚလက္ႏွစ္ဖက္တင္ရင္Quသက္ျပင္းကိုခ်ျဖစ္တယ္။
“တစ္ခါတစ္ေလ .. အခ်စ္ကိုပုံသဏၭာန္အမ်ိဴးမ်ိဳးနဲ႔ေတြ႕ျမင္ႏိုင္တယ္ထင္ပါ့ ထိုသူရဲ႕မ်က္ဝန္းကေနလား မ်က္ခုံးကေနလား အၿပဳံးကေနလား အေငြ႕အသက္ကေနလား ဒါမမွမဟုတ္ စိတ္ဝိညာဥ္ကေနလား..”
ေလွကားကေနတစ္ထစ္ခ်င္းဆီေျခလွမ္းၿပီးမနက္စာစားဖို႔မီးဖိုခန္းထဲဝင္လိုက္ေတာ့ေထာပတ္ယိုတစ္ခ်ိဳ႕ႏွင့္ကြတ္ကီးတစ္ခ်ိဳ႕စားပြဲေပၚမွာျပန႔္က်ဲလို႔ေနတာကိုQuေတြ႕လိုက္ရပါသည္။
"အာ..လူးကပ္စ္ မင္းတို႔ႂကြက္ေတြကေတာ့.."
Quေခါင္းေမာ့ကာညည္းတြားလိုက္သည္။ေနာက္သက္ျပင္းကိုစိတ္ေလစြာခ်လိုက္ၿပီး ေပပြေနေသာေထာပတ္ယိုမ်ားကိုအဝတ္တစ္ထည္ႏွင့္ေဘးသို႔ဆြဲခ်ကာသုတ္လိုက္သည္။ၿပီးမွအမႈိက္ထဲသို႔သိမ္းႀကဳံးကာထည့္ပစ္လိုက္ၿပီးခုံေပၚကျပန႔္က်ဲေနတဲ့မုန႔္စအခ်ိဳ႕ကိုလဲစိတ္ရွင္းသြားသည္အထိ ေျပာင္ေနေအာင္သန႔္ရွင္းလိုက္သည္။
ခုံေပၚကမုန႔္စေတြကိုရွင္းရင္းဦးေႏွာက္ထဲတြင္ထင္ဟပ္လာျပန္ေသာအူတူတူပုံရိပ္တစ္ခု။အူတူတူပုံရိပ္ႏွင့္ပင္ကိုၾကည့္ေကာင္းလွေသာမ်က္ႏွာကိုQuမွန္းကာမွန္းကာစားပြဲျပင္ကိုခပ္ၾကမ္းၾကမ္းသုတ္ပစ္ေနမိသည္။
ထို႔ေနာက္ေဘးနားရွိေဘစင္မွေရေတြကို လြတ္လပ္စြာဖြင့္ခ်ပစ္လိုက္ၿပီးနဖူးဆီသို႔ဝဲက်လ်က္ရွိေနေသာဆံပင္ေတြကိုပါးစပ္ႏွင့္မႈတ္ထုတ္လိုက္သည္။
"ဖူး!"
“ငါမင္းနဲ႔အၿမဲတမ္းေတြ႕ေနရတဲ့လူတိုင္းကို
သဝန္တိုမိတယ္..”
“မွန္ၾကည့္လိုက္ရင္ေပၚလာတဲ့မင္းရဲ႕ပုံရိပ္ေလးကို ငါအႏုပညာတစ္ရပ္လို ခ်စ္ျမတ္ႏိုးစမ္းခ်င္တယ္”
“ဪ အခ်စ္ဟာအေျခအေနမ်ိဳးစုံမွာ အဓိပၸာယ္ေပါင္းမ်ိဳးစုံနဲ႔ရင္ထဲကိုျဖည္းျဖည္းခ်င္းဆီဝင္လာတတ္ပါ့လား..”
Quသက္ျပင္းကိုခ်လိုက္ၿပီးေဆးဖို႔က်န္ရွိေနတဲ့ပန္းကန္ေတြကိုဆက္ကာေဆးေၾကာေနလိုက္တယ္။မနက္စာစားခ်င္စိတ္မရွိတာေၾကာင့္အိမ္ေရွ႕ကိုတစ္ခါထဲထြက္လာလိုက္ၿပီးအနားတြင္ရွိေနတဲ့ႏြားအခ်ိဳ႕ကိုျမက္ေျခာက္ေတြထိုးသိပ္ေကြၽးေနျဖစ္သည္။
“ငါ့ကိုမင္းရဲ႕အနံ႔အသက္ေတြဖုံးလႊမ္းသြားတဲ့အထိဖက္ေပးပါ နိတ္..”
ေနပူလြန္းသျဖင့္ထြက္လာေပေသာေခြၽးစက္မ်ားကိုလက္ဖေနာင့္ႏွင့္သုတ္လိုက္ရင္းQuေနလုံးႀကီးကိုလွမ္းၾကည့္လိုက္သည္။ပူျပင္းလွေသာ္လည္းေလာကႀကီးအတြက္အလင္းေရာင္ေပးေနသည္။ပူေလာင္လွေသာ္လည္းကိုယ့္အတြက္လိုအပ္ေနတဲ့အရာတစ္ခုျဖစ္ေနသည္။
"ဟဟ"
Quတစ္ခ်က္အသံထြက္ၿပီးခပ္ဟဟရယ္လိုက္ရင္းေခါင္းကိုခါယမ္းလိုက္ကာ မတ္တပ္ရပ္လိုက္သည္။ေနာက္ၿခံေလးထဲသို႔တစ္ခ်က္ခါးေထာက္ကာေဝ့ၾကည့္ၿပီးေနာက္ပန္းေတြကိုေရေလာင္းအုန္းမည္ဟုဆိုၿပီးအထဲထဲသို႔ဝင္သြားျပန္သည္။
“ငါ့အတြက္ေတာ့ အိမ္ဆိုတာ မင္းရဲ႕လက္ေမာင္းေတြေပၚမွာပါ ေနသန္..”
“ထလင္းေနာ့တ္ ဆိုတဲ့မ်ိဳး႐ိုးကိုဆက္ခံခ်င္ေနတဲ့ ေတာထဲက ငႏုံေလးတစ္ေယာက္သာသာပါ”
အိမ္ထဲကေနေရပိုက္ေလးႏွင့္ထြက္လာၿပီးၿခံဝင္းထဲရွိပန္းပင္ေရာင္စုံေလးမ်ားကိုေဆးျခယ္ေပးေနေသာQuသည္သီခ်င္းေလးႏွင့္သာမာန္စိတ္ေအးလက္ေအး၊ေပါ့ေပါ့ပါးပါးအလုပ္လုပ္ေနသည္ဟုထင္ရပါေသာ္လည္းတကယ္တမ္းေတာ့သူ၏စိတ္ထဲတြင္မူသူ၏ကေယာက္ကယက္အေတြးေတြကိုႀကိဳးစား၍ေဖ်ာက္ပစ္ေနရရွာ၏။
“ငါကမင္းကိုနည္းနည္းေလးေတာ့ခံစားရေစတယ္လို႔ေျပာပါ ဘာလို႔ဆိုမင္း..က ငါ့..ရဲ႕အရာရာမလို႔..”
"အာား..!!"
ေနာက္ဆုံးစိတ္မထိန္းႏိုင္ေတာ့ဘဲေရျဖန္းေနရင္းမွQuစိတ္တိုစြာညည္းတြားလိုက္ကာလက္ထဲမွေရပိုက္ကိုခပ္ၾကမ္းၾကမ္းေအာက္သို႔ပစ္ခ်ပစ္လိုက္သည္။ထို႔ေနာက္ ေကာင္းကင္သို႔မ်က္လုံးမ်ားမွိတ္ကာေမာ့ၾကည့္လိုက္ၿပီးသူ႔စိတ္ေတြကိုပြင့္ထြက္လိုျငားစိတ္ထဲမွေျပာမိေနေသာစကားလုံးမ်ားထဲမွေနာက္ဆုံးအဆုံးသတ္ကိုက်ယ္ေလာင္စြာေအာ္ဟစ္ကာေျပာပစ္လိုက္သည္။
"ငါမင္းကိုအရမ္းလိုအပ္တယ္!!!"
"ဘယ္သူ႔ကိုလဲ"
"ဟြတ္..ဘယ္သူတုန္း"
Quသူ႔ေနာက္မွအသံတစ္သံၾကားလိုက္ရသည္ထင္ေသာေၾကာင့္ထကာခုန္လိုက္မိသည္။သို႔ေသာ္မည္သူမွရွိမေန။
သို႔ေသာ္Quသံသယစိတ္ကိုဖယ္ရွားရန္အလို႔ငွာအိမ္၏ေဘးဘက္တစ္ဝိုက္သို႔ေဝွ႔ယမ္းကာရွာေဖြၾကည့္လိုက္မိသည္။အေတာ္ၾကာသည္ထိရွာၾကည့္ေသးပါေသာ္လည္း မေတြ႕သည္ကမေတြ႕ေပ။ေနပါအုန္း။ဒီအခ်ိန္ႀကီးဘယ္လူကဒီလိုေနရာကိုလာမယ္တဲ့လဲ။႐ူးမိုက္လိုက္တာQuရာ။ၾကားေယာင္တာျဖစ္မည္။ဟုတ္သည္ေလ။ထိုအသံကိုလဲလြမ္းဆြတ္ေနသည္ျဖစ္၍ေလ။
ထိုသို႔ေတြးလိုက္မိေသာေၾကာင့္Qu၏မ်က္ႏွာေလးခပ္ရွိန္းရွိန္းေလးျဖစ္လို႔သြားသည္။မည္သူမွၾကည့္မေနပါေသာ္လည္းရွက္ရွက္ႏွင့္ေအာက္သို႔ငုံ႔ခ်ကာေရေတြအမ်ားႀကီးလွ်ံထြက္လ်က္ရွိေသာေရပိုက္ကိုေကာက္ပိတ္လိုက္သည္။အမ်ားႀကီးလွ်ံက်သြားတာျဖစ္တာေၾကာင့္မို႔ဒီေန႔အဖို႔ေရေခြၽတာရေတာ့မည္ဟုQuေတြးလိုက္သည္။
ေရကန္သို႔အသြားအျပန္ဆယ္ခါေလာက္ထပ္မလုပ္ခ်င္ပါ။တစ္ေခါက္ဆိုလွ်င္ကိုေျခကုန္လက္ပန္းက်လို႔ျဖစ္သည္။ႏွစ္ေခါက္ဆိုလွ်င္Quထိုနားတြင္ပင္ေမာလြန္း၍လစ္ထြက္သြားႏိုင္၏။ဘယ္သူမွသူတည္ရွိမွန္းသိမေနပါေသာ္လည္းတကယ္လို႔မ်ားလမ္းသြားလမ္းလာမ်ားရွိခဲ့ေသာ္သူ၏အေလာင္းကိုရွာေဖြေတြ႕ရွိသြားပါက 'ကမာၻေပၚတြင္ေရသယ္ရ၍ လစ္သြားေသာ ေတာထဲကပထမဆုံးလူသား' ဟူ၍ေခါင္းစဥ္တပ္ခံရႏိုင္သည္။
"ဟင့္..မဆိုးဘူးပဲ"
Quေတြးေတြးဆဆျဖင့္ေရ႐ြတ္လိုက္ၿပီးတစ္ခုခုေတာ့လုပ္ရမည္ဟုခပ္ျမန္ျမန္ေတြးကာေခါင္းကိုငုံ႔လ်က္ေနာက္သို႔လွည့္လိုက္မိသည္။ထိုအခါနဖူးကခပ္မာမာအရာတစ္ခုကိုတိုက္မိလို႔သြားၿပီးQuကိုယ္ေလးလဲေနာက္ျပန္လွန္က်လို႔သြားရသည္။Qu ကိုယ့္ကိုယ္ကိုထိန္းလိုက္ပါေသာ္လည္းအရွိန္ကလြန္ေနၿပီးျဖစ္သည္။ထို႔ေၾကာင့္စိတ္ေလ်ာ့ၿပီးလက္လႊတ္ကာမ်က္လုံးစုံမွိတ္ၿပီးက်သာက်ေစလိုက္သည္။မဟုတ္လဲ သဘာဝတရားႀကီးကသူ႔ကိုအနာမရေစခ်င္လွ်င္မရႏိုင္မဟုတ္ေပလား။
သို႔ေသာ္အခ်ိန္အေတာ္အတန္ၾကာသည္ထိသူေျမျပင္ေပၚသို႔က်မသြားသလိုနာလဲမနာလာ။ဒီတိုင္းတန္းလန္းႀကီးျဖစ္လို႔ေနသည္။မ်က္စိဖြင့္ကာေဘးပတ္လည္ၾကည့္လိုက္ေတာ့သူယခင္ေနရာတြင္ပဲရွိေသးသည္။ေတြးေတာမရေနတုန္း႐ုတ္တရက္ခါးနားမွဆစ္ခနဲနာက်င္မႈကိုခံစားလိုက္ရေလသည္။ထိုနာက်င္မႈနဲ႔အတူေသြးေၾကာမ်ားသည္ႏွလုံးသားထဲသို႔ေလွ်ာဝင္သြားသကဲ့သို႔ခံစားရၿပီးသူအရင္တစ္ခါဖ်ားတုန္းကသကဲ့သို႔ခံစားရသလိုမ်ိဳးတစ္ခ်က္ခံစားလိုက္ရသည္။
Quခႏၶာကိုယ္တျဖည္းျဖည္းအားေလ်ာ့က်လာသည္။အားေလ်ာ့လာလို႔ထင္သည္သူရခ်င္ေနေသာေနသန႔္၏ကိုယ္သင္းရနံ႔ခပ္ေငြ႕ေငြ႕ေလးကိုႏွာေခါင္းထဲတြင္ရေနရသည္။Quမ်က္လုံးေတြကိုမွိတ္ထားမိသည္။
ဒါေတြျဖစ္ေနတာေတာင္မွသူ႔ကိုေပြ႕ခ်ီထားေသာေနသန႔္အားမေတြ႕ေသးပါ။မေတြ႕ဘဲ မ်က္စိပင္မွိတ္သြားေသာေၾကာင့္ေနသန္ ေၾကာင္သြားရပါသည္။အေတာ္ၾကာသည္အထိပြင့္မလာေသာထိုခ်စ္စဖြယ္ေသာက္လုံးႏွစ္လုံးေလးေတြကိုၾကာေတာ့စိတ္မရွည္ေတာ့။ထို႔ေၾကာင့္သူဆုပ္ကိုင္ထားေသာQu၏ခါးနားကိုေနာက္တစ္ခါအားထည့္၍ညႇစ္ပစ္လိုက္သည္။
"အ!"
ဒီတစ္ခါေတာ့ေကာင္ေလးအသံထြက္ၿပီ။
သို႔ေသာ္ထူးဆန္းသည္။သူဖိလိုက္သည္မွာေကာင္ေလး၏ခါးျဖစ္ေသာ္လည္းေကာင္ေလးေအာ္လိုက္ခ်ိန္တြင္သူ၏ရင္ဘတ္ေနရာကိုဖိကာေအာ္လိုက္ျခင္းျဖစ္၏။
Quမ်က္လုံးေတြပြင့္ပြင္းခ်င္းေနသန႔္အားျမင္လိုက္ရသည္ျဖစ္၏။သူ႔အားခါးမွေပြ႕ထားၿပီးသူဘာတုံ႔ျပန္မလဲကိုေစာင့္ေနေသာပုံႏွင့္မ်က္ခုံးမ်ားကိုပင့္လို႔ထား၏။Quစကၠန႔္ပိုင္းမွ်အားျဖင့္ေပ်ာ္လို႔သြားသည္။ထို႔ေနာက္ ခပ္ျမန္ျမန္ထရပ္လိုက္ကာေနသန႔္အားဝမ္းသာအားရၾကည့္သည္။
ေနသန္ကသူ႔အားေတြ႕လိုက္ရ၍ဝမ္းသာသြားပုံရေသာQuေၾကာင့္နည္းနည္းေတာ့ၿပဳံးလိုက္မိသည္။ထိုအခါQuမ်က္ႏွာေလးမဲ့လို႔သြားသည္။ထို႔ေနာက္ေခါင္းကိုအလုံးစုံေအာက္သို႔စိတ္ဓာတ္က်သူတစ္ေယာက္ႏွယ္ငုံ႔လို႔သြားကာခပ္ျပင္းျပင္းသက္ျပင္းခ်လိုက္သည္ကိုေတြ႕လိုက္ရသည္။
"ငါျမင္ေယာင္ေနျပန္ၿပီ ဒီတစ္ခါေတာ့
တကယ့္အတိုင္းပဲ ငါ့ကိုထပ္မႏွိပ္ဆက္ပါနဲ႔ေတာ့အခ်စ္ရယ္..ငါထပ္ျမင္ရရင္႐ူးႏွမ္းမိလိမ့္ေတာ့မယ္ အခ်စ္ရဲ႕"
မ်က္လုံးမ်ားကိုလက္ဖ်ံႏွင့္ကြယ္ကာ႐ူး႐ူးတန္းတန္းေလွ်ာက္ေျပာေနေသာQuအားေနသန္မ်က္ခုံးပင့္ကာၾကည့္သည္။ထို႔ေနာက္သူႏွင့္အနည္းငယ္ပုကာေနတဲ့အရပ္ႏွင့္ညီေအာင္ေခါင္းကိုငုံ႔ခ်လိုက္ကာမျမင္ရေသာQu၏မ်က္ဝန္းေနရာသို႔ စိုက္ၾကည့္ကာဆိုလိုက္သည္။
"ဒါဆို ခုမင္းျမင္ေနရတာ ဘာလို႔ထင္လို႔လဲ"
"ငါ့စိတ္ေလ ဒါေၾကာင့္မို႔ငါျမင္ခ်င္တဲ့လူကိုျမင္ေနရတာမဟုတ္လား"
"အိုး..မင္းက ဒီလူကိုျမင္ခ်င္ေနတယ္ေပါ့
ဟုတ္သလား"
ေနသန္ကကိုယ့္ရင္ဘတ္အားခပ္သာသာ ႏွစ္ခ်က္မွ်အသံထြက္ကာပုတ္လိုက္ၿပီးဆိုသည္။Quကမ်က္လုံးေလးႏွင့္ခိုးကာၾကည့္သည္။ခိုးၾကည့္ရင္းေနသန႔္၏ေကာက္က်စ္ကာဉာဏ္နီဉာဏ္နက္မ်ားလွေသာအၿပဳံးမ်ားကိုျမင္သြားေတာ့ထပ္ကာမ်က္လုံးေတြကိုဖုံးအုပ္လိုက္ျပန္သည္။
"ေျပာပါအုန္း မင္းစိတ္ကဒီလူကိုဘာေၾကာင့္ျမင္ခ်င္ေနရတာလဲ"
ေနသန္ကအစ္ေအာက္ေလသည္။
"မသိဘူး ဒီတိုင္းငါ့စိတ္ထဲမွာရွိေနတာကို"
"အိုး..အခ်ိန္တိုင္းပဲလား"
"အင္းေလ အခ်ိန္တိုင္းပဲ ငါ႐ူးေတာ့မယ္လို႔
ထပ္မေပၚလာနဲ႔ေတာ့လို႔"
Quကငိုမဲ့မဲ့ႏွင့္ဆိုသည္။ထိုအခါေနသန္က သူ႔လက္ဖ်ံႏွင့္သူမ်က္လုံးမ်ားကိုဖုံးကြယ္ထားေသာQu၏လက္အားျငင္သာစြာ ဖယ္ရွားလိုက္ၿပီးသူ၏မ်က္လုံးထဲသို႔တည့္တည့္မတ္မတ္စိုက္ၾကည့္ရင္းဆိုေလသည္။
"ဒါဆို ေျပာစမ္းပါအုန္း အခ်စ္ေရ .. မင္းရဲ႕ဒီလူႀကီးကိုဘယ္ေလာက္ေတာင္မွလြမ္းေနခဲ့ရသလဲလို႔ေလ"
Done 💪
ReplyDeleteDone
ReplyDelete