A sweven Elegy From Nature - Chapter 14

Unicode

အခန်း (၁၄)

မျက်လုံးတွေပွင့်လာတာနှင့်Quမြင်လိုက်ရသည်ကသူ့အိမ်ထပ်ခိုး၏မျက်နှာကြက်။မပွင့်တပွင့်မျက်လုံးတွေကိုအားပေးရင်းဘေးဘီသို့ဝေ့ဝဲကြည့်တော့သူ့ခြေရင်းနားတွင်ခွေခွေလေးခွေကာအိပ်နေတဲ့လီယွန့်ကိုတွေ့ရသည်။Quမပြုံးနိုင်သော်လည်း ခပ်ဖျော့ဖျော့ပြုံးလိုက်မိသည်။

အခန်းလေးထဲမှာပျံ့လွင့်နေသည့်သံစဉ်သေးသေးလေးကြောင့်Quမျက်လုံးတွေကတစ်စုံတစ်ရာကိုလိုက်ရှာနေမိသည်။

'My oh my,oh my nae saragh be my only love'

စားပွဲခုံပေါ်မှာမှီလျက်တင်ထားတဲ့ရေဒီယိုလေးကိုမြင်မှQuမျက်လုံးတွေရပ်တန့်လို့သွားသည်။သီချင်းလေးကသူတို့အမြဲတမ်းဖွင့်နေကျသီချင်းလေး။

Quမျက်လုံးကိုတစ်ဖန်ပြန်မှိတ်ကာဖွင့်ဖို့အားယူနေတဲ့အချိန် လီယွန်၏မျက်လုံးတွေပွင့်လို့လာသည်။Quနိုးနေသည်ကိုမြင်တော့စိတ်အေးသွားဟန်တစ်ချက်သူ၏မျက်လုံးတွေကိုအသာမှိတ်ကာသက်ပြင်းချလိုက်ရင်းQuအနားသို့ခပ်ဖြည်းဖြည်းလျှောက်ကာလာသည်။

အခန်းအပူချိန်လေးကခပ်နွေးနွေး။စားပွဲပေါ်တွင်တင်ထားတဲ့ဖယောင်းတိုင်မီးလေးကအရှိန်လျှမ်းညီးစွာတဖြည်းဖြည်းတောက်လောင်လို့။

လီယွန်ငုတ်တုပ်လေးထိုင်ရင်းQuကိုကြည့်နေသည်။စကားတော့မပြော။ထိုအချိန် ရုတ်တရက်ဝတ်စုံအပြည့်နှင့်ဝင်လာတဲ့နေသန့်ကိုတွေ့လိုက်ရသည်။နေသန်ကQuနိုးနေတာမြင်တော့ခပ်ဖျော့ဖျော့ပြုံးပြပြီးသူဆောင်းထားတဲ့ဦးထုပ်ကိုချွတ်ကာကုတင်ဘေးတင်ရင်းQuနဖူးလေးအားခပ်ဖွဖွလာနမ်းသည်။

"ဟယ်လို..အချစ် နိုးလာပြီလား"

"အင်း.."

Quနှစ်ခြိုက်စွာဖြင့်တုံ့ပြန်လိုက်သည်။လီယွန်ကနေသန့်ကိုမြင်တော့တစ်ခုခုမကြည်သလိုမျက်စောင်းထိုးကာကြည့်သည်။တစ်ခုခုအဆင်မပြေထားပုံရကြသည်။

Quမျက်မှောင်ကုတ်ကာရှေ့ကနှစ်ယောက်အားအကဲခတ်ရင်းတံခါးပေါက်ကိုလှမ်းကြည့်တော့အပေါက်မှာနေသန်ထားခဲ့ပုံပေါ်သည့်luggageအိတ်တွေကိုလှမ်းမြင်လိုက်ရသည်။

နေသန်ကQuမြင်သွားသည်ကိုမြင်ပါသည်​။သို့သော်ဘာမျှမပြောသလိုဘာလဲဟုလဲမရှင်းပြပေ။Quမျက်မှောင်တစ်ချက်ပြန်ကုတ်လိုက်ပြီးလီယွန့်အားကြည့်လိုက်သည်။

"ဘာဖြစ်နေကြတာလဲ"

Quအသံမထွက်ဘဲစိတ်ထဲကနေလီယွန့်အားမေးခွန်းထုတ်လိုက်သည်။လီယွန်ကနေသန့်အားတစ်ချက်ကြည့်သည်။ပြီးမှ ဆိုသည်။

"နေသန်ကမင်းကိုသူတို့မြို့ထဲခေါ်ချင်လို့တဲ့အလည်သဘောပဲ လိုက်သွားလိုက်ပါ"

"..."

"အင်း"

လီယွန်စကားဆုံးတာနဲ့Quနေသန့်ဘက်လှည့်လာတော့နေသန်ကQu၏အားနည်းနေလျက်ရှိနေသောလက်ဖြူဖြူလေးတွေကိုဆုပ်ကိုင်ကာလီယွန်ပြောသည်ကိုကြားသယောင် 'အင်း' ဟုတစ်ခွန်းသာဆိုရင်းဝန်ခံလိုက်သည်။

ဒါဆိုသူတကယ်ခေါ်ချင်နေတာပဲ။Quအံ့ဩသလိုတွေဝေသွားရသည်။သူဘယ်သောအခါကမှလူတွေပြည့်နေသည့်နေရာတွင်လူတွေနဲ့အတူရောထွေးနေထိုင်ရမည်ဟုမတွေးခဲ့ဖူးဘူးချေ။နေသန်ဟာQuအတွက်တစ်အိမ်ထဲအတူနေဖူးတဲ့ပထမဆုံးလူသားဖြစ်လေသည်။

နေသန်Qu၏တွေဝေနေသောမျက်နှာလေးကိုမြင်ပါသည်။သူစိုးရိမ်မိနေတာမှန်သော်လည်းတကယ်လို့Quသာငြင်းမည်ဆိုလျှင်သူအတင်းတိုက်တွန်းမည်လုံးဝမဟုတ်။တကယ်လို့အဖြေကသူရချင်သည့်အဖြေဖြစ်နေရင်လဲသူ့ဆုံးဖြတ်ချက်မှန်ကန်ရဲ့လားလို့တွေးမိပြန်သွားသောကြောင့်စိုးရိမ်ရပြန်သည်။

Quဟာသဘာဝနဲ့ဆန့်ကျင်တဲ့အရာတွေကိုလုံးဝ၊လုံးဝလုပ်ဆောင်၍မရပါ။လုပ်မိလျှင်ရင်ဆိုင်ရသည်ကတန်ကြေးမြင့်မားလှသည်။

တစ်ခါတစ်လေများနေသန်နှင့်အချိန်အများကြီးထိတွေ့ဖယ်လှယ်မိသည်ဆို ဖျားလျှင်ဖျား၊မဟုတ်လျှင်အသည်းခိုက်အောင်နာကျင်မှုကိုရက်ရှည်ခံစားရတတ်သည်။သူဘာဆိုတာကိုမသိသော်လည်း Quသည်သဘာဝနှင့်ချိတ်ဆက်နေတဲ့တစ်ဦးတည်းသောသက်ရှိလူသားဖြစ်သည်။သဘာဝဟာနေရာအနှံ့အပြားများရှိနေတာကြောင့်Qu၏စိတ်ဝိညာဉ်သည်လည်းနေရာအနှံ့အပြားမှာရှိနေတတ်သည်။

အမှန်တကယ်ပြောရမည်ဆိုလျှင်Quသည်လူ့လောကအကြောင်းကိုနေသန့်ထက်ပင်ပို၍သိသေးသည်။နေသန်တင်သာမကဒီကမ္ဘာမှာရှိတဲ့လူတိုင်းထက်ပင်ပိုသိနိုင်၏။သူသည်ဘာမျှလက်တွေ့မတွေ့ကြုံမခံစားဖူးသောကြောင့်သာနုနယ်ပြီးအပြစ်ကင်းစင်သောလူငနုံလေးတစ်ယောက်လိုဖြစ်နေရရှာသည်။

ဒါဆိုဘာကြောင့်Quနေသန်နှင့်တွေ့တုန်းကပြင်းထန်စွာနေမကောင်းဖြစ်သွားရတာလဲ။ဘာလို့နေသန်အကြောင်းတွေးမိရင်ရင်တွေအောင့်လာရတာလဲ။ဘာကြောင့် နေသန်နှင့်အတူရှိနေလို့မရတာလဲ။

ယခုအခြေအနေတွင်နေသန်ဟာQuဆိုတဲ့ကောင်လေးကိုမြတ်နိုးတွယ်တာကာသံယောဇဉ်ရှိနေကြောင်းမျက်စိရှိတဲ့လူတိုင်းသိနိုင်သည်။အသိရှိတဲ့လူတိုင်းနားလည်နိုင်သည်။သို့သော်နေသန်တစ်ခါမှQuဆီက သူ့ကိုကောထပ်တူခံစားရဲ့လားမမေးခဲ့။အဖြေမတောင်းဖူးခဲ့။နေသန်အကြမ်းပတမ်းလုပ်တုန်းကလဲQuမှာတွန်းလှန်နိုင်တဲ့အားမရှိသောကြောင့်ငြိမ်ခံနေသည်မဟုတ်ဆိုတာလဲနေသန်သိသည်။

နေသန်စတင်ရိပ်မိလိုက်ကတည်းကသူဒီအကြောင်းကိုမစဉ်းစားတော့တာဖြစ်သော်လည်းဤအရာဟာသူတို့နှစ်ဦးအတွက်အက္ခရာဖြစ်လို့နေ၏။နေသန်ဘာမှမတွေးချင်တော့တာကြေင့်အတွေးကိုဖြတ်လိုက်ရင်းQu၏လက်ကလေးအားမြှောက်ကာနှာဖျားလေးနှင့်နမ်းရှုပ်လိုက်သည်။

"အချစ်မသွားချင်ရင်မသွားဘူး
အကုန်အချစ်သဘောပဲ"

"..."

"..."

"သွားမယ်လေ"

နေသန်Qu၏အဖြေကြောင့်တစ်ခဏတော့မျက်နှာရွှင်လန်းလို့သွားသည်။
လီယွန်ထံမှသက်ပြင်းချသံကြားလိုက်ရပြီးQuကတော့ပြုံးကာနေသန့်ကိုကြည့်သည်။

"အချစ်အားပြည့်ရင်အဆင်သင့်ပဲ ကိုယ်အကုန်ထည့်ထားတယ် ဘယ်လိုပဲဖြစ်ဖြစ်အချစ်ကသိပ်ဝတ်စားတတ်လေ့မရှိတော့ ဟိုရောက်မှကိုယ်ဝယ်ပေးမယ်"

"ရပါတယ် ငါကမင်းတို့လိုရေချိုးစရာမလိုတော့အဝတ်လဲသိပ်လဲစရာမလိုဘူး"

"အင်း ကိုယ်သိတယ် အချစ်ကရေမချိုးတာတောင်ပန်းနံံ့လေးတွေမွှေးပျံ့နေတာပဲ ဟင်း ကိုယ်ဒီကနေတောင်ရတယ်"

"ဟိတ် ဟီးဟီး မလုပ်နဲ့ မင်း နိတ် ငါကမနံပေမယ့် ငါယားတော့ယားတတ်တယ်ဟ နိတ် မလုပ် မလုပ်နဲ့လို့"

နေသန်ကခေါင်းနှင့်တိုးဝှေ့ကာနမ်းရှိုက်နေရင်းမှQu၏ခါးကြောလေးတွေအားကလိလာတာကြောင့်Quတစ်ယောက်ရယ်ရယ်မောမောဖြစ်လို့သွားသည်။ခဏအတွင်းစိတ်ရွှင်လို့လာပြီးနေရတာလဲအဆင်ပြေလာလေသည်။

လီယွန်ကတော့ထုံစံအတိုင်းဤအချစ်ငှက်နှစ်ကောင်အားကြည့်၍မရ။တစ်ချက် ဆဲလိုက်တာကိုQuယောင်ယောင်လေးကြားလိုက်ပါသော်လည်းသူ့နားထဲတွင်သူတို့အားကောင်းချီးပြုပေးနေပုံရသည်မို့ပျော်တောင်ပျော်သွားပါသေးသည်။

Quတို့တစ်အိမ်လုံးကိုသန့်ရှင်းရေးလုပ်ခဲ့သည်။လီယွန်ကပါကူ၍လုပ်ပေးသောကြောင့်မြန်မြန်ဆန်ဆန်ပြီးလို့သွားသည်။နောက်ဆုံးတံခါးမပိတ်မှာနှစ်ယောက်သားမတိုင်ပင်ထားပါဘဲမြေအောက်ခန်းသို့သွားရာလမ်းကိုကြည့်မိလိုက်သည်။ထို့နောက်တစ်ယောက်ကိုယ်တစ်ယောက်ပြန်ကာကြည့်မိကြသည်။

'အဆင်ပြေမှာပါ' ဟုတစ်ယောက်ကိုယ်တစ်ယောက်မျက်ဝန်းတို့နှင့်နှစ်သိမ့်ရင်းတံခါးကိုဖြည်းဖြည်းချင်းပိတ်လိုက်လေတော့သည်။ခြံဝင်းတံခါးကိုလဲကောက်ရိုးတစ်စုနှင့်ထိုးခဲ့ပြီးနွားအုပ်တစ်စုနှင့်သိုးအုပ်တို့ကိုလဲသူဒီမှာတစ်ခဏတော့ရှိမည်မဟုတ်ကြောင်းအကြောင်းကြားလိုက်ရသေးသည်။

သူတို့ဆီမှ 'ဂုဏ်ယူပါတယ်' ဆိုတဲ့စကားကိုQuတစ်ခဏတော့ကြောင်သွားခဲ့ပါသည်။နောက်မှနေသန်က 'သွားစို့' ဟုဆိုတာကြောင့်ဘာလဲပြန်မမေးဖြစ်ခဲ့ပဲအင်းအင်းဟုသာဖြေခဲ့သည်။လမ်းသွားနေရာမှ လီယွန့်ထံမှအတွေးကိုကြားလိုက်ရသဖြင့် သူတို့ဘာကိုဆိုလိုသွားမှန်းသိလိုက်ရသည်။

"အာာာား...!!"

"Qu ဘာဖြစ်တာလဲ"

"ခစ်ခစ်ခစ်"

လီယွန်ကတော့ထိုင်ချကာတခစ်ခစ်ရယ်သည်။Quနားတွေပူထူကာသွားပြီးထိုနွားအုပ်စုတွေကိုကျိန်ဆဲပစ်လိုက်သည်။နေသန်ကတခစ်ခစ်နှင့်ရယ်နေပုံရသောလီယွန်နှင့်ရုတ်တရက်ဒေါသထွက်နေသောQuကြောင့်အလယ်တွင်ခပ်မိန့်မိန့်နှင့်ကြောင်ကြောင်ကြီးရပ်လို့နေရသည်။

ထိုနွားနှင့်သိုးအုပ်စုတို့သည်Quအိမ်ထောင်ကျသွား၍ချစ်ရသူနောက်အပြီးလိုက်သွားပြီဟုထင်နေကြခြင်းဖြစ်သည်တဲ့။Quယောကျ်ားမပြောနဲ့ဘယ်မိန်းကလေးနဲ့မှ စကားမပြောဘူး။နေသန်သည်Qu၏ပထမဆုံးတွေ့သောလူသား၊ပထမဆုံးစကားပြောဖူးသောယောကျ်ားသား၊ပထမဆုံးနမ်းဖူးသောသက်ရှိလူသား။

ထူးတော့ထူးဆန်းသည်။Quအတွက်ဒါတွေကတစ်ခိုက်တန့်အတွင်းဖြစ်သွားသလိုခံစားရသည်။အချစ်နှင့်တွေ့လျှင်ပျော်ရွှင်တတ်ကြသည်။ပျော်ရွှင်နေကြလျှင်အချိန်ကိုမေ့ဖျောက်သွားတတ်ကြသည်။

Quပြုံးမိလိုက်သည်။ထို့နောက်မိုးကောင်ကင်ပေါ်သို့လှန်ကာမော့ကြည့်လိုက်ပြီး လေကိုအပြည့်အဝရှုသွင်းပစ်လိုက်သည်။ဘာတွေပဲဖြစ်ပစေသူဤလူသားနှင့်အတူရှိလျှင်အရာရာပေးဆပ်နိုင်ပါ၏။မိုးကောင်ကင်ကိုသစ္စာတည်ပါသည်။အကျွန်တော်မျိုးမေတ္တာတွေမှန်ကန်စေခဲ့သော် လောကကြီးအတွက်ကောင်းကျိုးတစ်ခုမျှတော့ထွန်းကားလာပါစေသား။

"Qu"

နေသန်လှမ်းခေါ်တာဖြစ်သည်။နေသန်သည်သူလုပ်နေသမျှကိုလိုက်ကြည့်နေပါသော်လည်းဘာမှဝင်မစွက်ဖက်။ဒီတိုင်းသာရပ်ကြည့်နေသည်။

".."

Quနေသန့်အားပြုံးကာကြည့်လိုက်သည်။
နေသန်ကမျက်ခုံးကိုပင့်ချီကာလက်ကမ်းပေးရင်းဆိုသည်။

"လာလေ"

Quမတွေဝေ။သူဘယ်တုန်းကမှဒီလက်ကိုဖမ်းဆုပ်ဖို့မတွေဝေခဲ့။စစတွေ့ကတည်းကသူ့အားကြောက်လန့်တကြားပြေးစေခဲ့သောဤလူသား၊သူ၏အကြည့်တွေအားရှက်တတ်ပေသောဤလူသား၊သူ့ကိုခံစားချက်မျိုးစုံပေးစေတဲ့ဤအမျိုးသား။

Quလက်တွေပြန်ကမ်းကာပေးလိုက်သည်။ထို့နောက်ပြုံးကာဖြင့်ဆိုလိုက်သည်။

"အင်း သွားကြမယ်.."



Zawgyi

အခန္း (၁၄)

မ်က္လုံးေတြပြင့္လာတာႏွင့္Quျမင္လိုက္ရသည္ကသူ႔အိမ္ထပ္ခိုး၏မ်က္ႏွာၾကက္။မပြင့္တပြင့္မ်က္လုံးေတြကိုအားေပးရင္းေဘးဘီသို႔ေဝ့ဝဲၾကည့္ေတာ့သူ႔ေျခရင္းနားတြင္ေခြေခြေလးေခြကာအိပ္ေနတဲ့လီယြန႔္ကိုေတြ႕ရသည္။Quမၿပဳံးႏိုင္ေသာ္လည္း ခပ္ေဖ်ာ့ေဖ်ာ့ၿပဳံးလိုက္မိသည္။

အခန္းေလးထဲမွာပ်ံ႕လြင့္ေနသည့္သံစဥ္ေသးေသးေလးေၾကာင့္Quမ်က္လုံးေတြကတစ္စုံတစ္ရာကိုလိုက္ရွာေနမိသည္။

'My oh my,oh my nae saragh be my only love'

စားပြဲခုံေပၚမွာမွီလ်က္တင္ထားတဲ့ေရဒီယိုေလးကိုျမင္မွQuမ်က္လုံးေတြရပ္တန႔္လို႔သြားသည္။သီခ်င္းေလးကသူတို႔အၿမဲတမ္းဖြင့္ေနက်သီခ်င္းေလး။

Quမ်က္လုံးကိုတစ္ဖန္ျပန္မွိတ္ကာဖြင့္ဖို႔အားယူေနတဲ့အခ်ိန္ လီယြန္၏မ်က္လုံးေတြပြင့္လို႔လာသည္။Quႏိုးေနသည္ကိုျမင္ေတာ့စိတ္ေအးသြားဟန္တစ္ခ်က္သူ၏မ်က္လုံးေတြကိုအသာမွိတ္ကာသက္ျပင္းခ်လိုက္ရင္းQuအနားသို႔ခပ္ျဖည္းျဖည္းေလွ်ာက္ကာလာသည္။

အခန္းအပူခ်ိန္ေလးကခပ္ေႏြးေႏြး။စားပြဲေပၚတြင္တင္ထားတဲ့ဖေယာင္းတိုင္မီးေလးကအရွိန္လွ်မ္းညီးစြာတျဖည္းျဖည္းေတာက္ေလာင္လို႔။

လီယြန္ငုတ္တုပ္ေလးထိုင္ရင္းQuကိုၾကည့္ေနသည္။စကားေတာ့မေျပာ။ထိုအခ်ိန္ ႐ုတ္တရက္ဝတ္စုံအျပည့္ႏွင့္ဝင္လာတဲ့ေနသန႔္ကိုေတြ႕လိုက္ရသည္။ေနသန္ကQuႏိုးေနတာျမင္ေတာ့ခပ္ေဖ်ာ့ေဖ်ာ့ၿပဳံးျပၿပီးသူေဆာင္းထားတဲ့ဦးထုပ္ကိုခြၽတ္ကာကုတင္ေဘးတင္ရင္းQuနဖူးေလးအားခပ္ဖြဖြလာနမ္းသည္။

"ဟယ္လို..အခ်စ္ ႏိုးလာၿပီလား"

"အင္း.."

Quႏွစ္ၿခိဳက္စြာျဖင့္တုံ႔ျပန္လိုက္သည္။လီယြန္ကေနသန႔္ကိုျမင္ေတာ့တစ္ခုခုမၾကည္သလိုမ်က္ေစာင္းထိုးကာၾကည့္သည္။တစ္ခုခုအဆင္မေျပထားပုံရၾကသည္။

Quမ်က္ေမွာင္ကုတ္ကာေရွ႕ကႏွစ္ေယာက္အားအကဲခတ္ရင္းတံခါးေပါက္ကိုလွမ္းၾကည့္ေတာ့အေပါက္မွာေနသန္ထားခဲ့ပုံေပၚသည့္luggageအိတ္ေတြကိုလွမ္းျမင္လိုက္ရသည္။

ေနသန္ကQuျမင္သြားသည္ကိုျမင္ပါသည္​။သို႔ေသာ္ဘာမွ်မေျပာသလိုဘာလဲဟုလဲမရွင္းျပေပ။Quမ်က္ေမွာင္တစ္ခ်က္ျပန္ကုတ္လိုက္ၿပီးလီယြန႔္အားၾကည့္လိုက္သည္။

"ဘာျဖစ္ေနၾကတာလဲ"

Quအသံမထြက္ဘဲစိတ္ထဲကေနလီယြန႔္အားေမးခြန္းထုတ္လိုက္သည္။လီယြန္ကေနသန႔္အားတစ္ခ်က္ၾကည့္သည္။ၿပီးမွ ဆိုသည္။

"ေနသန္ကမင္းကိုသူတို႔ၿမိဳ႕ထဲေခၚခ်င္လို႔တဲ့အလည္သေဘာပဲ လိုက္သြားလိုက္ပါ"

"..."

"အင္း"

လီယြန္စကားဆုံးတာနဲ႔Quေနသန႔္ဘက္လွည့္လာေတာ့ေနသန္ကQu၏အားနည္းေနလ်က္ရွိေနေသာလက္ျဖဴျဖဴေလးေတြကိုဆုပ္ကိုင္ကာလီယြန္ေျပာသည္ကိုၾကားသေယာင္ 'အင္း' ဟုတစ္ခြန္းသာဆိုရင္းဝန္ခံလိုက္သည္။

ဒါဆိုသူတကယ္ေခၚခ်င္ေနတာပဲ။Quအံ့ဩသလိုေတြေဝသြားရသည္။သူဘယ္ေသာအခါကမွလူေတြျပည့္ေနသည့္ေနရာတြင္လူေတြနဲ႔အတူေရာေထြးေနထိုင္ရမည္ဟုမေတြးခဲ့ဖူးဘူးေခ်။ေနသန္ဟာQuအတြက္တစ္အိမ္ထဲအတူေနဖူးတဲ့ပထမဆုံးလူသားျဖစ္ေလသည္။

ေနသန္Qu၏ေတြေဝေနေသာမ်က္ႏွာေလးကိုျမင္ပါသည္။သူစိုးရိမ္မိေနတာမွန္ေသာ္လည္းတကယ္လို႔Quသာျငင္းမည္ဆိုလွ်င္သူအတင္းတိုက္တြန္းမည္လုံးဝမဟုတ္။တကယ္လို႔အေျဖကသူရခ်င္သည့္အေျဖျဖစ္ေနရင္လဲသူ႔ဆုံးျဖတ္ခ်က္မွန္ကန္ရဲ႕လားလို႔ေတြးမိျပန္သြားေသာေၾကာင့္စိုးရိမ္ရျပန္သည္။

Quဟာသဘာဝနဲ႔ဆန႔္က်င္တဲ့အရာေတြကိုလုံးဝ၊လုံးဝလုပ္ေဆာင္၍မရပါ။လုပ္မိလွ်င္ရင္ဆိုင္ရသည္ကတန္ေၾကးျမင့္မားလွသည္။

တစ္ခါတစ္ေလမ်ားေနသန္ႏွင့္အခ်ိန္အမ်ားႀကီးထိေတြ႕ဖယ္လွယ္မိသည္ဆို ဖ်ားလွ်င္ဖ်ား၊မဟုတ္လွ်င္အသည္းခိုက္ေအာင္နာက်င္မႈကိုရက္ရွည္ခံစားရတတ္သည္။သူဘာဆိုတာကိုမသိေသာ္လည္း Quသည္သဘာဝႏွင့္ခ်ိတ္ဆက္ေနတဲ့တစ္ဦးတည္းေသာသက္ရွိလူသားျဖစ္သည္။သဘာဝဟာေနရာအႏွံ႔အျပားမ်ားရွိေနတာေၾကာင့္Qu၏စိတ္ဝိညာဥ္သည္လည္းေနရာအႏွံ႔အျပားမွာရွိေနတတ္သည္။

အမွန္တကယ္ေျပာရမည္ဆိုလွ်င္Quသည္လူ႔ေလာကအေၾကာင္းကိုေနသန႔္ထက္ပင္ပို၍သိေသးသည္။ေနသန္တင္သာမကဒီကမာၻမွာရွိတဲ့လူတိုင္းထက္ပင္ပိုသိႏိုင္၏။သူသည္ဘာမွ်လက္ေတြ႕မေတြ႕ႀကဳံမခံစားဖူးေသာေၾကာင့္သာႏုနယ္ၿပီးအျပစ္ကင္းစင္ေသာလူငႏုံေလးတစ္ေယာက္လိုျဖစ္ေနရရွာသည္။

ဒါဆိုဘာေၾကာင့္Quေနသန္ႏွင့္ေတြ႕တုန္းကျပင္းထန္စြာေနမေကာင္းျဖစ္သြားရတာလဲ။ဘာလို႔ေနသန္အေၾကာင္းေတြးမိရင္ရင္ေတြေအာင့္လာရတာလဲ။ဘာေၾကာင့္ ေနသန္ႏွင့္အတူရွိေနလို႔မရတာလဲ။

ယခုအေျခအေနတြင္ေနသန္ဟာQuဆိုတဲ့ေကာင္ေလးကိုျမတ္ႏိုးတြယ္တာကာသံေယာဇဥ္ရွိေနေၾကာင္းမ်က္စိရွိတဲ့လူတိုင္းသိႏိုင္သည္။အသိရွိတဲ့လူတိုင္းနားလည္ႏိုင္သည္။သို႔ေသာ္ေနသန္တစ္ခါမွQuဆီက သူ႔ကိုေကာထပ္တူခံစားရဲ႕လားမေမးခဲ့။အေျဖမေတာင္းဖူးခဲ့။ေနသန္အၾကမ္းပတမ္းလုပ္တုန္းကလဲQuမွာတြန္းလွန္ႏိုင္တဲ့အားမရွိေသာေၾကာင့္ၿငိမ္ခံေနသည္မဟုတ္ဆိုတာလဲေနသန္သိသည္။

ေနသန္စတင္ရိပ္မိလိုက္ကတည္းကသူဒီအေၾကာင္းကိုမစဥ္းစားေတာ့တာျဖစ္ေသာ္လည္းဤအရာဟာသူတို႔ႏွစ္ဦးအတြက္အကၡရာျဖစ္လို႔ေန၏။ေနသန္ဘာမွမေတြးခ်င္ေတာ့တာေၾကင့္အေတြးကိုျဖတ္လိုက္ရင္းQu၏လက္ကေလးအားေျမႇာက္ကာႏွာဖ်ားေလးႏွင့္နမ္းရႈပ္လိုက္သည္။

"အခ်စ္မသြားခ်င္ရင္မသြားဘူး
အကုန္အခ်စ္သေဘာပဲ"

"..."

"..."

"သြားမယ္ေလ"

ေနသန္Qu၏အေျဖေၾကာင့္တစ္ခဏေတာ့မ်က္ႏွာ႐ႊင္လန္းလို႔သြားသည္။
လီယြန္ထံမွသက္ျပင္းခ်သံၾကားလိုက္ရၿပီးQuကေတာ့ၿပဳံးကာေနသန႔္ကိုၾကည့္သည္။

"အခ်စ္အားျပည့္ရင္အဆင္သင့္ပဲ ကိုယ္အကုန္ထည့္ထားတယ္ ဘယ္လိုပဲျဖစ္ျဖစ္အခ်စ္ကသိပ္ဝတ္စားတတ္ေလ့မရွိေတာ့ ဟိုေရာက္မွကိုယ္ဝယ္ေပးမယ္"

"ရပါတယ္ ငါကမင္းတို႔လိုေရခ်ိဳးစရာမလိုေတာ့အဝတ္လဲသိပ္လဲစရာမလိုဘူး"

"အင္း ကိုယ္သိတယ္ အခ်စ္ကေရမခ်ိဳးတာေတာင္ပန္းနံံ့ေလးေတြေမႊးပ်ံ႕ေနတာပဲ ဟင္း ကိုယ္ဒီကေနေတာင္ရတယ္"

"ဟိတ္ ဟီးဟီး မလုပ္နဲ႔ မင္း နိတ္ ငါကမနံေပမယ့္ ငါယားေတာ့ယားတတ္တယ္ဟ နိတ္ မလုပ္ မလုပ္နဲ႔လို႔"

ေနသန္ကေခါင္းႏွင့္တိုးေဝွ႔ကာနမ္းရႈိက္ေနရင္းမွQu၏ခါးေၾကာေလးေတြအားကလိလာတာေၾကာင့္Quတစ္ေယာက္ရယ္ရယ္ေမာေမာျဖစ္လို႔သြားသည္။ခဏအတြင္းစိတ္႐ႊင္လို႔လာၿပီးေနရတာလဲအဆင္ေျပလာေလသည္။

လီယြန္ကေတာ့ထုံစံအတိုင္းဤအခ်စ္ငွက္ႏွစ္ေကာင္အားၾကည့္၍မရ။တစ္ခ်က္ ဆဲလိုက္တာကိုQuေယာင္ေယာင္ေလးၾကားလိုက္ပါေသာ္လည္းသူ႔နားထဲတြင္သူတို႔အားေကာင္းခ်ီးျပဳေပးေနပုံရသည္မို႔ေပ်ာ္ေတာင္ေပ်ာ္သြားပါေသးသည္။

Quတို႔တစ္အိမ္လုံးကိုသန႔္ရွင္းေရးလုပ္ခဲ့သည္။လီယြန္ကပါကူ၍လုပ္ေပးေသာေၾကာင့္ျမန္ျမန္ဆန္ဆန္ၿပီးလို႔သြားသည္။ေနာက္ဆုံးတံခါးမပိတ္မွာႏွစ္ေယာက္သားမတိုင္ပင္ထားပါဘဲေျမေအာက္ခန္းသို႔သြားရာလမ္းကိုၾကည့္မိလိုက္သည္။ထို႔ေနာက္တစ္ေယာက္ကိုယ္တစ္ေယာက္ျပန္ကာၾကည့္မိၾကသည္။

'အဆင္ေျပမွာပါ' ဟုတစ္ေယာက္ကိုယ္တစ္ေယာက္မ်က္ဝန္းတို႔ႏွင့္ႏွစ္သိမ့္ရင္းတံခါးကိုျဖည္းျဖည္းခ်င္းပိတ္လိုက္ေလေတာ့သည္။ၿခံဝင္းတံခါးကိုလဲေကာက္႐ိုးတစ္စုႏွင့္ထိုးခဲ့ၿပီးႏြားအုပ္တစ္စုႏွင့္သိုးအုပ္တို႔ကိုလဲသူဒီမွာတစ္ခဏေတာ့ရွိမည္မဟုတ္ေၾကာင္းအေၾကာင္းၾကားလိုက္ရေသးသည္။

သူတို႔ဆီမွ 'ဂုဏ္ယူပါတယ္' ဆိုတဲ့စကားကိုQuတစ္ခဏေတာ့ေၾကာင္သြားခဲ့ပါသည္။ေနာက္မွေနသန္က 'သြားစို႔' ဟုဆိုတာေၾကာင့္ဘာလဲျပန္မေမးျဖစ္ခဲ့ပဲအင္းအင္းဟုသာေျဖခဲ့သည္။လမ္းသြားေနရာမွ လီယြန႔္ထံမွအေတြးကိုၾကားလိုက္ရသျဖင့္ သူတို႔ဘာကိုဆိုလိုသြားမွန္းသိလိုက္ရသည္။

"အာာာား...!!"

"Qu ဘာျဖစ္တာလဲ"

"ခစ္ခစ္ခစ္"

လီယြန္ကေတာ့ထိုင္ခ်ကာတခစ္ခစ္ရယ္သည္။Quနားေတြပူထူကာသြားၿပီးထိုႏြားအုပ္စုေတြကိုက်ိန္ဆဲပစ္လိုက္သည္။ေနသန္ကတခစ္ခစ္ႏွင့္ရယ္ေနပုံရေသာလီယြန္ႏွင့္႐ုတ္တရက္ေဒါသထြက္ေနေသာQuေၾကာင့္အလယ္တြင္ခပ္မိန႔္မိန႔္ႏွင့္ေၾကာင္ေၾကာင္ႀကီးရပ္လို႔ေနရသည္။

ထိုႏြားႏွင့္သိုးအုပ္စုတို႔သည္Quအိမ္ေထာင္က်သြား၍ခ်စ္ရသူေနာက္အၿပီးလိုက္သြားၿပီဟုထင္ေနၾကျခင္းျဖစ္သည္တဲ့။Quေယာက်္ားမေျပာနဲ႔ဘယ္မိန္းကေလးနဲ႔မွ စကားမေျပာဘူး။ေနသန္သည္Qu၏ပထမဆုံးေတြ႕ေသာလူသား၊ပထမဆုံးစကားေျပာဖူးေသာေယာက်္ားသား၊ပထမဆုံးနမ္းဖူးေသာသက္ရွိလူသား။

ထူးေတာ့ထူးဆန္းသည္။Quအတြက္ဒါေတြကတစ္ခိုက္တန႔္အတြင္းျဖစ္သြားသလိုခံစားရသည္။အခ်စ္ႏွင့္ေတြ႕လွ်င္ေပ်ာ္႐ႊင္တတ္ၾကသည္။ေပ်ာ္႐ႊင္ေနၾကလွ်င္အခ်ိန္ကိုေမ့ေဖ်ာက္သြားတတ္ၾကသည္။

Quၿပဳံးမိလိုက္သည္။ထို႔ေနာက္မိုးေကာင္ကင္ေပၚသို႔လွန္ကာေမာ့ၾကည့္လိုက္ၿပီး ေလကိုအျပည့္အဝရႈသြင္းပစ္လိုက္သည္။ဘာေတြပဲျဖစ္ပေစသူဤလူသားႏွင့္အတူရွိလွ်င္အရာရာေပးဆပ္ႏိုင္ပါ၏။မိုးေကာင္ကင္ကိုသစၥာတည္ပါသည္။အကြၽန္ေတာ္မ်ိဳးေမတၱာေတြမွန္ကန္ေစခဲ့ေသာ္ ေလာကႀကီးအတြက္ေကာင္းက်ိဳးတစ္ခုမွ်ေတာ့ထြန္းကားလာပါေစသား။

"Qu"

ေနသန္လွမ္းေခၚတာျဖစ္သည္။ေနသန္သည္သူလုပ္ေနသမွ်ကိုလိုက္ၾကည့္ေနပါေသာ္လည္းဘာမွဝင္မစြက္ဖက္။ဒီတိုင္းသာရပ္ၾကည့္ေနသည္။

".."

Quေနသန႔္အားၿပဳံးကာၾကည့္လိုက္သည္။
ေနသန္ကမ်က္ခုံးကိုပင့္ခ်ီကာလက္ကမ္းေပးရင္းဆိုသည္။

"လာေလ"

Quမေတြေဝ။သူဘယ္တုန္းကမွဒီလက္ကိုဖမ္းဆုပ္ဖို႔မေတြေဝခဲ့။စစေတြ႕ကတည္းကသူ႔အားေၾကာက္လန႔္တၾကားေျပးေစခဲ့ေသာဤလူသား၊သူ၏အၾကည့္ေတြအားရွက္တတ္ေပေသာဤလူသား၊သူ႔ကိုခံစားခ်က္မ်ိဳးစုံေပးေစတဲ့ဤအမ်ိဳးသား။

Quလက္ေတြျပန္ကမ္းကာေပးလိုက္သည္။ထို႔ေနာက္ၿပဳံးကာျဖင့္ဆိုလိုက္သည္။

"အင္း သြားၾကမယ္.."


Comments

Post a Comment