A Sweven Elegy from Nature - Chapter (15)

 Unicode


အခန်း (၁၅)


လွတ်လပ်နယ်မြေမှGiethoornမြို့ထဲသို့ဝင်ရောက်သည့်တံတားကိုအေးဆေးစွာဖြတ်ကူးသွားတဲ့နေသန်နှင့်လီယွန့်ကိုQuတုံဏှိဘာဝေဖြင့်လိုက်ကြည့်နေမိသည်။တစ်ဖက်သို့ရောက်သွားပြီးQuလိုက်မလာသဖြင့်နေသန်ပြန်လှည့်ကြည့်လာသည်အထိQuတွေဝေနေတုန်းပါပဲ။


လီယွန်ကနေသန့်ကိုမော့ကြည့်သည်။

နေသန်ကလဲလီယွန့်အားအဓိပ္ပာယ်ပါပါဖြင့်ကြည့်သည်။ထို့နောက်နှစ်ယောက်သားတစ်ပြိုင်နက်Quအားကြည့်လာသည်။Quနှုတ်ခမ်းလေးတွေဟစိဟစိနှင့်တုန်ရီလို့နေသည်။


အသက်ကိုခပ်ပြင်းပြင်းရှုနေရသည်မှာရင်ပင်မောဟိုက်လှသည်။သူ့အနေနှင့်ဤအရာကိုဆောင်ရွက်သည်ကသေလမ်းနှင့်တောင်တူနေပါရော့လား။Quမျက်စိတွေကိုမှိတ်လိုက်ပြီးတံတားပေါ်သို့ခြေလှမ်းပစ်လိုက်သည်။


တစ်ချက်ချင်းဆီလှမ်းရင်းငြိမ့်ငြောင်းစွာစီးဆင်းနေတဲ့ရေအသွင်တွေကိုစိတ်ထဲမှတ်ကာနားထောင်နေလိုက်သည်။


ကို့ယို့ကားယားစမ်းတဝါးဝါးလက်လေးတွေဟာနေသန့်၏လက်ဖဝါးကြီးကြီးတစ်ဖက်ကိုဆုပ်ကိုင်မိသွားမှငြိမ်ကျလို့သွားတော့သည်။Quမျက်လုံးတွေဖွင့်ကြည့်လိုက်၏။ထို့နောက်နှစ်နှစ်ခြိုက်ခြိုက်ပြုံးပြလိုက်မိ၏။


Quမြို့ထဲသို့စတင်ခြေလှမ်းပြီ။

နေသန်ကပြုံးကာကြည့်ရင်းခေါင်းငြိမ့်ပြသည်။ပြီးမှ 'သွားစို့' ဟုဆိုကာရှေ့ကနေဦးဆောင်သွားသည်။လီယွန်ကနေသန်ဦးတည်နေရာကိုသိသလိုမျိုးဘေးနားကနေ တစ်လှမ်းသာ၍လိုက်လာသည်။


Giethoornမြို့တွင်လမ်းဟူ၍မရှိပါ။

​Quတို့သည်မြို့ဝင်တံတားကိုဖြတ်ကျော်ပြီးနောက်တော်တော်လှမ်းသည်အထိလျှောက်ရပြီးမှအိမ်တစ်အိမ်ဆီရောက်သည်။ထိုအိမ်သည်မြို့၏လက်ဝဲဘက်ထိပ်စွန်းအိမ်ဖြစ်ပြီးနေသန်တို့စံအိမ်ကြီးမှာမူ ယာဘက်ထိပ်စွန်းတွင်တည်ရှိသည်။


ထိုလက်ဝဲဘက်စွန်းအိမ်မှတစ်ဆင့်ရေကြောင်းကမြို့အဝင်သို့စီးဆင်းသည်။နေသန်Quအားလှေပေါ်သို့တက်ရန် လက်ကမ်းပေးလိုက်သည်။


လီယွန်ကတော့Quမတက်ခင်ကတည်းက လှေဘောင်နားလေးဝင်ထိုင်လေသည်။Quနေသန့်အားလက်ပြန်ကမ်းပေးလိုက်ရင်းရင်တလှပ်လှပ်နှင့်လှေပေါ်သို့တက်လိုက်သည်။နေသန်ကQuအားသေချာနေရာချပေးပြီးမှအထုတ်တွေကိုတင်ကာလှေအားစတင်လှော်ခတ်တော့သည်။


အချိန်ကညနေစောင်း။

လူအလျှိုလျှိုဟာကိုယ့်ခြံ၊ကိုယ့်အိမ်လေးထဲတွင်အေးချမ်းစွာရှိနေကြပြီးမြို့လေးကတော့ထုံစံအတိုင်းတိတ်ဆိတ်လို့နေသည်။သီယာ့၏အိမ်သည်မြို့၏အလယ်ခေါင်တွင်တည်ရှိသည်။သူQuကိုသူတို့စံအိမ်သို့ခေါ်လို့မဖြစ်။ထို့ကြောင့်သီယာ့ကိုသာအကူအညီတောင်းရန်ဆုံးဖြတ်ထားသည်။ဒါကိုလီယွန်လဲရိပ်မိသည်။


လှေလေးဟာတရွေ့ရွေ့နှင့် စင်သီယာဂျိုးနပ်စ်မော့ဂ် အိမ်ဆီသို့ဦးတည်နေသည်။Quကတည်ငြိမ်စွာစီဆင်းနေတဲ့ရေစီးကြောင်းအားငုံ့ကြည့်ရင်းရေထဲမှာပေါ်နေတဲ့ကိုယ့်ပုံရိပ်ကိုယ်ငေးမော၍ကြည့်ကာလိုက်ပါလို့လာသည်။နေသန်ကရေစီးကြောင်းကို သီယာ့အိမ်ဘေးသို့တည့်မတ်စွာချိန်လိုက်ပြီးလှော်တက်တွေကိုသိမ်းလိုက်သည်။


Qu၏ညှိုးငယ်နေသောမျက်နှာကိုမြင်ရတော့နေသန်စိတ်ပူရသည်။သူခေါ်လာတာဖြစ်သဖြင့်သူတာဝန်ယူရပါမည်။မဟုတ်သေး။သူခေါ်လာတာသူ့ဘဝရဲ့အမြတ်နိုးဆုံးအရာလေးကိုခေါ်လာတာဖြစ်သည်။ထို့ကြောင့်ပိုကာစိတ်ပူရ၍တာဝန်ကားအပြည့်အဝယူရမည်။လိုလျှင်လူကိုပါ သိမ်းစေချင်သေးသည်။


Quကလှေလေးအရှိန်လျော့လာတာမြင်တော့နေသန့်အားမော့ကြည့်သည်။သူ့ကိုတစ်ချိန်လုံးစိုက်ကြည့်နေတဲ့နေသန့်ကိုမြင်လိုက်တော့Quပြုံးရင်းမျက်ဝန်းတွေကိုဘေးသို့လွှဲကြည့်လိုက်သည်။နေသန့်အတွက်တော့Quဟာသူစိတ်ခွန်အားလိုတိုင်း အားဖြည့်ဖို့သူ့ရဲ့မရှိမဖြစ် 'ဘက်ထရီခြာဂျာ' လေးတစ်ခုဖြစ်သည်။ပြီးတော့နေသန်ထို 'ခြာဂျာ(charger)' လေးကိုမြတ်နိုးပါ၏။


နေသန်Quမျက်နှာတမင်လွှဲသွားသည်ကိုတစ်ချက်မခိုးမခန့်ရယ်လိုက်ပါသည်။ထို့နောက်ခေါင်းလေးလျှိုကာမျက်လုံးလေးများနှင့်နေသန့်အားကြည့်နေသည့်ညှိုးငယ်နေတဲ့Quမျက်နှာလေးကိုနေသန်အသာအယာမထိရက်မကိုင်ရက်ကြွေကျမှာစိုးသလိုမျိုးတွန့်ဆုတ်နေပြီးမှရဲရဲထိကိုင်လိုက်သည်။


နွေးသွားတဲ့လက်နှင့်အတူပိုကာခေါင်းလျှိုသွားပေတဲ့Quကြောင့်နေသန်သူ့ခေါင်းလေးကိုအသာအယာတောက်ခနဲခေါက်လိုက်သည်။Quကအံ့ဩတကြီးမော့ကာကြည့်သည်။မနာပေမယ့်လည်းသတ်သတ်ကြီးလာခေါက်တာဖြစ်တာကြောင့် အံ့ဩသွားရသည်။


"ဘာလုပ်တာလဲ"


"အသဲယားလာလို့"


"အသဲယားလာရင်အဲ့လိုခေါက်ရတယ်လို့

ဘယ်အတွေးအခေါ်ပညာရှင်ကမိန့်ကြားခဲ့လို့လဲ"


Quဒီတစ်ခါခပ်စွာစွာနှင့်နေသန့်အားဟစ်လိုက်သည်။နေသန်ကထိုအခါမှပို၍အူးမြူးကာထကာရယ်တော့သည်။နေသန်သည်Qu၏ထိုစွာစိလန်ပုံစံအားအရမ်းသဘောကျပါသည်။ဘယ်လိုနေနေသဘောကျသည်ကြီးဖြစ်သော်လည်းဒီလိုကွတိကွတနှင့်ပြောနေသည့်ပါးစပ်လေးကိုနေသန် အလွန်စွဲလမ်းမိပါ၍သူ့အားရန်ထောင်လာလျှင်အတင်းဆွဲကာနမ်းရှိုက်ပစ်ချင်မိသည်။


​ထိုအချိန်သူတို့ရပ်နေတဲ့အိမ်မှတံခါးဟာပွင့်လစ်လို့လာသည်။လီယွန်ကတံခါးဖွင့်ပြီးထွက်လာတဲ့လူကိုမြင်တော့ခြံဝင်းထဲသို့ဆင်းလိုက်ပါ၏။ထို့နောက်သီယာ့အားတစ်ချက်အကြည့်ပို့သွားပြီးဖွင့်ထားသည့်တံခါးမှတစ်ဆင့်အိမ်ထဲသို့အရင်ဝင်သွားသည်။


တစ်ယောက်နှင့်တစ်ယောက်ကလူကျီဆယ်နေကြတဲ့Quနှင့်နေသန်သည်သူတို့ရှေ့တွင်လာရပ်နေသည့်စင်သီယာ့အားမမြင်သေး။စင်သီယာခါးကိုထောက်ကာသူတို့အားကြည့်နေသည်။


ပထမတော့ရိုးရိုးနေသန့်အားထုံစံအတိုင်းစနောက်ရန်ကြည့်တာဖြစ်သည်။နောက်တော့နှစ်ယောက်လုံး၏မျက်ဝန်းတွေထဲမှအချစ်အခိုးအငွေ့တွေကိုတွေ့လိုက်ရလို့အံ့ဩလျက်ပျော်ရွှင်စွာဖြင့်အနှီးလူနှစ်ယောက်ကိုခါးထောက်ကြည့်နေခြင်းဖြစ်သည်။


"Having Fun,Idiots(3idiotsထဲမှနောက်ဆုံးခန်းတွင်ချာတူးပြောခဲ့သည့်စကား)"


စင်သီယာ၏အသံစူးစူးကထုံစံမပျက်ခပ်စူးစူးလေးထွက်လို့လာသည်။Quကလန့်လို့သွားပြီးနေသန်ကစင်သီယာ့အားမြင်တော့ပြုံးကာနှုတ်ဆက်သည်​။


"သီယား.."


"ဘာအခုမှသီယာလဲ နင့်အမေနှင့်အဖွားတို့ငါ့အိမ်မှာနင့်ဖွက်ထားလားလို့လာလာကြည့်တာ ဘယ်နှစ်ကြိမ်ရှိနေပြီလဲတောင်မသိတော့ဘူး"


"ဟမ်?သီယာက ကျွန်တော့်ဖွက်ပြီးဘာလုပ်မှာလဲ"


"အေးလေ ငါလဲအဲ့တာပြောတာ နင်ကမိန်းကလေးဆိုတစ်မျိုးပေါ့ အခုဟာက ဟာ ပြောမှရှုပ်ကုန်ပြီ လာ..အထဲဝင်ခဲ့လေ ညဆိုအပြင်ကစိမ့်ပေ့တယ်.."


ထိုသို့ပြောကာစင်သီယာကကြောက်ကာနေသောQuအားတစ်ချက်မာထန်ထန်ကြည့်လိုက်သည်။Quခေါင်းလေးကြုံ့ဝင်သွားသည်။နေသန်ကတော့အသာကြည့်သည်။


ကို့ရိုးကားယားအခြေအနေကြီးဖြစ်နေမှာဆိုး၍နေသန်တစ်ချက်ချောင်းဟန့်ပေးလိုက်သည်။ထိုအခါမှQuကနေသန့်ကိုလှမ်းကြည့်သည်။နေသန်က 'လာလေ အထဲဝင်မယ်' လို့နှုတ်ကတီးတိုးဆိုသည်။သို့သော်Quမဝင်ရဲသေး။ရှေ့မှ အကြည့်မပျက်သေးသော သီယာ့အားကြောက်ပါသည်။


"သီ..သီယာ..ကျွန်..ကျွန်တော်"


"နင့်ကိုဘယ်သူကငါ့ကိုသီယာလို့ခေါ်ခွင့်ပြုလို့လဲ"


Quတစ်ချက်တုန်သွားပြန်သည်။ထို့နောက် ခေါင်းလေးငုံ့ကာတောင်းပန်ပြန်သည်။


"တောင်းပန်ပါတယ် မဒမ်စင်သီယာ"


နေသန်ကစင်သီယာသက်သက်လုပ်နေမှန်းသိသည်။ဒါကြောင့်ငြိမ်ကာကြည့်နေခြင်း။ဒါကိုQuကမသိကြောက်လွန်းလို့တုန်တောင်နေပြီ။သူ့အနေနဲ့နေသန်ကလွဲပြီးဘယ် 'လူ' နှင့်မှစကားပြောဖူးတာမဟုတ်။ထိတွေ့ဆက်ဆံဖူးတာမဟုတ်။အခုစကားပြောဖြစ်လာတော့လဲသူ့အားမနှစ်မြို့သူဖြစ်နေသည်ဟုထင်နေသည်။Quမကြောက်ဘဲဘယ်နေမှာလဲ။


"တော်တော့ သီယာ သူကြောက်နေပြီ သူနင့်ကြောင့်တစ်ခုခုဖြစ်သွားရင် ငါနင့်လဲထည့်တွက်မှာမဟုတ်ဘူးနော်"


နေသန်ကစိတ်ထဲရှိတဲ့အတိုင်းရိုးရိုးရှင်းရှင်းပြောလိုက်တာဖြစ်သည်။ထိတ်လန့်ကာအံ့ဩသွားရသည်ကQuနှင့်သီယာ။

Quကတော့အနည်းငယ်ရှိန်းတိန်းတိန်းဖြင့်ရှက်လို့သွားကာအနည်းငယ်လန့်သွားမိပြီးသီယာကတော့ဖြင့်ကြက်သီးပင်ထမိလိုက်သည်ထင်၏။


ဒီကောင်သာတကယ်လုပ်ရင်ဘယ်သူမှပြေးလွှတ်မည်မဟုတ်မှန်းသိီယာသိပါသည်။ထို့နောက်သီယာQuအားကြည့်လိုက်သည်။ဒီကောင်လေးဒီဖြူဖြူသွယ်သွယ်နှင့်ကောင်လေးကနေသန့်နှလုံးသားကိုသိမ်းယူသွားသည်တဲ့လား။စင်သီယာအံ့ဩသထက်အံ့ဩမိပါသည်။


ဒီကောင်လေးမှာမိန်းကလေးတွေလိုစွဲမက်ဖွယ်ရာတွေလဲမရှိနေ။ဒီတိုင်းသဏ္ဍာန်တူသူ့အတိုင်းပင်ရှိသောယောက်ျားလေးတစ်ယောက်သာဖြစ်သည်။သို့သော်လှပကြံ့ခိုင်ကာသေသပ်ပီရိမှုနှင့်အတူရဲရင့်ခြင်းအရိပ်အယောင်ရှိသောယောင်္ကျားသားတစ်ဦး။Quသူ့ကိုစိုက်ကြည့်နေသောစင်သီယာ့အားပြန်ကြည့်လိုက်ပါသည်။စင်သီယာကလဲသူမအတွေးတွေကြားမှသူမအားပြန်ကာစိုက်ကြည့်လာသောကောင်လေး၏မျက်ဝန်းတွေကြောင့်မျက်ခုံးတွေပင့်တက်သွားရသည်။


"ဆိုတော့ .. မင်းကဘယ်သူလဲ?ငါ့မောင်နဲ့ဘာလာလုပ်တာလဲ?သူငယ်ချင်းလား??နာမည်ကဘယ်သူလဲ?မိဘတွေကကော?နေတော့ဘယ်မှာနေသလဲ?"


စင်သီယာ၏အေးစက်စက်မေးခွန်းတွေကိုကြားတော့နေသန်စိတ်ထဲတွင်ဤသွေးအေးတိုက်ပွဲသည်အချိန်တစ်ခုကြာသည်ထိပြီးမည်မဟုတ်ဟုကောက်ချက်ချလိုက်သည်။သို့သော်နေသန့်အတွေးတွေအားလုံးQuထံမှပြန်လည်တုံပြန်လာတဲ့စကားတွေအောက်မှာပြာကျလို့သွားသည်။


"ကျွန်တော်ကQu နေသန်နဲ့ခဏလိုက်လာတာသူငယ်ချင်းမဟုတ်ဘူး ကျွန်တော်ကသူ့အပိုင် မိဘတွေမရှိဘူး စောင့်ရှောက်ပေးခဲ့တဲ့မိဘတွေလဲပဲမရှိတော့ဘူး လွတ်လပ်နယ်မြေမှာတစ်ယောက်ထဲနေတယ် ဆိုတော့ ဘာသိချင်သေးပါသလဲ"


စင်သီယာအံ့ဩသွားပြီးပါးစပ်ကိုဟလိုက်မိသည်။ဒီကောင်လေး၏ဇကကြမ်းလိမ့်မည်ဟုတော့ခန့်မှန်းထားမိပေမဲ့ဒီလောက်အမြန်မြန်ပေါ်လိမ့်မည်ဟုမထင်ထား။စင်သီယာပြုံးလိုက်သည်။ထို့နောက်ခေါင်းလေးတငြိမ့်ငြိမ့်ဖြင့်နေသန်သူ၏အပိုင်လေးအားမယုံကြည်နိုင်သောအကြည့်တွေနှင့်ကြည့်နေသည်ကိုပြုံးရင်းပုခုံးပုတ်ကာပြီးမှQuအားပြုံးကြည့်ရင်းဆိုလိုက်သည်။


"ကဲ..နေသန် ထလင်းနော့တ်ရဲ့အပိုင်လေးရေ သီယာ့အိမ်ထဲဝင်ကြစို့လား?"





Zawgyi

အခန္း (၁၅)

လြတ္လပ္နယ္ေျမမွGiethoornၿမိဳ႕ထဲသို႔ဝင္ေရာက္သည့္တံတားကိုေအးေဆးစြာျဖတ္ကူးသြားတဲ့ေနသန္ႏွင့္လီယြန႔္ကိုQuတုံဏွိဘာေဝျဖင့္လိုက္ၾကည့္ေနမိသည္။တစ္ဖက္သို႔ေရာက္သြားၿပီးQuလိုက္မလာသျဖင့္ေနသန္ျပန္လွည့္ၾကည့္လာသည္အထိQuေတြေဝေနတုန္းပါပဲ။

လီယြန္ကေနသန႔္ကိုေမာ့ၾကည့္သည္။
ေနသန္ကလဲလီယြန႔္အားအဓိပၸာယ္ပါပါျဖင့္ၾကည့္သည္။ထို႔ေနာက္ႏွစ္ေယာက္သားတစ္ၿပိဳင္နက္Quအားၾကည့္လာသည္။Quႏႈတ္ခမ္းေလးေတြဟစိဟစိႏွင့္တုန္ရီလို႔ေနသည္။

အသက္ကိုခပ္ျပင္းျပင္းရႈေနရသည္မွာရင္ပင္ေမာဟိုက္လွသည္။သူ႔အေနႏွင့္ဤအရာကိုေဆာင္႐ြက္သည္ကေသလမ္းႏွင့္ေတာင္တူေနပါေရာ့လား။Quမ်က္စိေတြကိုမွိတ္လိုက္ၿပီးတံတားေပၚသို႔ေျခလွမ္းပစ္လိုက္သည္။

တစ္ခ်က္ခ်င္းဆီလွမ္းရင္းၿငိမ့္ေျငာင္းစြာစီးဆင္းေနတဲ့ေရအသြင္ေတြကိုစိတ္ထဲမွတ္ကာနားေထာင္ေနလိုက္သည္။

ကို႔ယို႔ကားယားစမ္းတဝါးဝါးလက္ေလးေတြဟာေနသန႔္၏လက္ဖဝါးႀကီးႀကီးတစ္ဖက္ကိုဆုပ္ကိုင္မိသြားမွၿငိမ္က်လို႔သြားေတာ့သည္။Quမ်က္လုံးေတြဖြင့္ၾကည့္လိုက္၏။ထို႔ေနာက္ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ၿပဳံးျပလိုက္မိ၏။

Quၿမိဳ႕ထဲသို႔စတင္ေျခလွမ္းၿပီ။
ေနသန္ကၿပဳံးကာၾကည့္ရင္းေခါင္းၿငိမ့္ျပသည္။ၿပီးမွ 'သြားစို႔' ဟုဆိုကာေရွ႕ကေနဦးေဆာင္သြားသည္။လီယြန္ကေနသန္ဦးတည္ေနရာကိုသိသလိုမ်ိဳးေဘးနားကေန တစ္လွမ္းသာ၍လိုက္လာသည္။

Giethoornၿမိဳ႕တြင္လမ္းဟူ၍မရွိပါ။
​Quတို႔သည္ၿမိဳ႕ဝင္တံတားကိုျဖတ္ေက်ာ္ၿပီးေနာက္ေတာ္ေတာ္လွမ္းသည္အထိေလွ်ာက္ရၿပီးမွအိမ္တစ္အိမ္ဆီေရာက္သည္။ထိုအိမ္သည္ၿမိဳ႕၏လက္ဝဲဘက္ထိပ္စြန္းအိမ္ျဖစ္ၿပီးေနသန္တို႔စံအိမ္ႀကီးမွာမူ ယာဘက္ထိပ္စြန္းတြင္တည္ရွိသည္။

ထိုလက္ဝဲဘက္စြန္းအိမ္မွတစ္ဆင့္ေရေၾကာင္းကၿမိဳ႕အဝင္သို႔စီးဆင္းသည္။ေနသန္Quအားေလွေပၚသို႔တက္ရန္ လက္ကမ္းေပးလိုက္သည္။

လီယြန္ကေတာ့Quမတက္ခင္ကတည္းက ေလွေဘာင္နားေလးဝင္ထိုင္ေလသည္။Quေနသန႔္အားလက္ျပန္ကမ္းေပးလိုက္ရင္းရင္တလွပ္လွပ္ႏွင့္ေလွေပၚသို႔တက္လိုက္သည္။ေနသန္ကQuအားေသခ်ာေနရာခ်ေပးၿပီးမွအထုတ္ေတြကိုတင္ကာေလွအားစတင္ေလွာ္ခတ္ေတာ့သည္။

အခ်ိန္ကညေနေစာင္း။
လူအလွ်ိဳလွ်ိဳဟာကိုယ့္ၿခံ၊ကိုယ့္အိမ္ေလးထဲတြင္ေအးခ်မ္းစြာရွိေနၾကၿပီးၿမိဳ႕ေလးကေတာ့ထုံစံအတိုင္းတိတ္ဆိတ္လို႔ေနသည္။သီယာ့၏အိမ္သည္ၿမိဳ႕၏အလယ္ေခါင္တြင္တည္ရွိသည္။သူQuကိုသူတို႔စံအိမ္သို႔ေခၚလို႔မျဖစ္။ထို႔ေၾကာင့္သီယာ့ကိုသာအကူအညီေတာင္းရန္ဆုံးျဖတ္ထားသည္။ဒါကိုလီယြန္လဲရိပ္မိသည္။

ေလွေလးဟာတေ႐ြ႕ေ႐ြ႕ႏွင့္ စင္သီယာဂ်ိဳးနပ္စ္ေမာ့ဂ္ အိမ္ဆီသို႔ဦးတည္ေနသည္။Quကတည္ၿငိမ္စြာစီဆင္းေနတဲ့ေရစီးေၾကာင္းအားငုံ႔ၾကည့္ရင္းေရထဲမွာေပၚေနတဲ့ကိုယ့္ပုံရိပ္ကိုယ္ေငးေမာ၍ၾကည့္ကာလိုက္ပါလို႔လာသည္။ေနသန္ကေရစီးေၾကာင္းကို သီယာ့အိမ္ေဘးသို႔တည့္မတ္စြာခ်ိန္လိုက္ၿပီးေလွာ္တက္ေတြကိုသိမ္းလိုက္သည္။

Qu၏ညႇိဳးငယ္ေနေသာမ်က္ႏွာကိုျမင္ရေတာ့ေနသန္စိတ္ပူရသည္။သူေခၚလာတာျဖစ္သျဖင့္သူတာဝန္ယူရပါမည္။မဟုတ္ေသး။သူေခၚလာတာသူ႔ဘဝရဲ႕အျမတ္ႏိုးဆုံးအရာေလးကိုေခၚလာတာျဖစ္သည္။ထို႔ေၾကာင့္ပိုကာစိတ္ပူရ၍တာဝန္ကားအျပည့္အဝယူရမည္။လိုလွ်င္လူကိုပါ သိမ္းေစခ်င္ေသးသည္။

Quကေလွေလးအရွိန္ေလ်ာ့လာတာျမင္ေတာ့ေနသန႔္အားေမာ့ၾကည့္သည္။သူ႔ကိုတစ္ခ်ိန္လုံးစိုက္ၾကည့္ေနတဲ့ေနသန႔္ကိုျမင္လိုက္ေတာ့Quၿပဳံးရင္းမ်က္ဝန္းေတြကိုေဘးသို႔လႊဲၾကည့္လိုက္သည္။ေနသန႔္အတြက္ေတာ့Quဟာသူစိတ္ခြန္အားလိုတိုင္း အားျဖည့္ဖို႔သူ႔ရဲ႕မရွိမျဖစ္ 'ဘက္ထရီျခာဂ်ာ' ေလးတစ္ခုျဖစ္သည္။ၿပီးေတာ့ေနသန္ထို 'ျခာဂ်ာ(charger)' ေလးကိုျမတ္ႏိုးပါ၏။

ေနသန္Quမ်က္ႏွာတမင္လႊဲသြားသည္ကိုတစ္ခ်က္မခိုးမခန႔္ရယ္လိုက္ပါသည္။ထို႔ေနာက္ေခါင္းေလးလွ်ိဳကာမ်က္လုံးေလးမ်ားႏွင့္ေနသန႔္အားၾကည့္ေနသည့္ညႇိဳးငယ္ေနတဲ့Quမ်က္ႏွာေလးကိုေနသန္အသာအယာမထိရက္မကိုင္ရက္ေႂကြက်မွာစိုးသလိုမ်ိဳးတြန႔္ဆုတ္ေနၿပီးမွရဲရဲထိကိုင္လိုက္သည္။

ေႏြးသြားတဲ့လက္ႏွင့္အတူပိုကာေခါင္းလွ်ိဳသြားေပတဲ့Quေၾကာင့္ေနသန္သူ႔ေခါင္းေလးကိုအသာအယာေတာက္ခနဲေခါက္လိုက္သည္။Quကအံ့ဩတႀကီးေမာ့ကာၾကည့္သည္။မနာေပမယ့္လည္းသတ္သတ္ႀကီးလာေခါက္တာျဖစ္တာေၾကာင့္ အံ့ဩသြားရသည္။

"ဘာလုပ္တာလဲ"

"အသဲယားလာလို႔"

"အသဲယားလာရင္အဲ့လိုေခါက္ရတယ္လို႔
ဘယ္အေတြးအေခၚပညာရွင္ကမိန႔္ၾကားခဲ့လို႔လဲ"

Quဒီတစ္ခါခပ္စြာစြာႏွင့္ေနသန႔္အားဟစ္လိုက္သည္။ေနသန္ကထိုအခါမွပို၍အူးျမဴးကာထကာရယ္ေတာ့သည္။ေနသန္သည္Qu၏ထိုစြာစိလန္ပုံစံအားအရမ္းသေဘာက်ပါသည္။ဘယ္လိုေနေနသေဘာက်သည္ႀကီးျဖစ္ေသာ္လည္းဒီလိုကြတိကြတႏွင့္ေျပာေနသည့္ပါးစပ္ေလးကိုေနသန္ အလြန္စြဲလမ္းမိပါ၍သူ႔အားရန္ေထာင္လာလွ်င္အတင္းဆြဲကာနမ္းရႈိက္ပစ္ခ်င္မိသည္။

​ထိုအခ်ိန္သူတို႔ရပ္ေနတဲ့အိမ္မွတံခါးဟာပြင့္လစ္လို႔လာသည္။လီယြန္ကတံခါးဖြင့္ၿပီးထြက္လာတဲ့လူကိုျမင္ေတာ့ၿခံဝင္းထဲသို႔ဆင္းလိုက္ပါ၏။ထို႔ေနာက္သီယာ့အားတစ္ခ်က္အၾကည့္ပို႔သြားၿပီးဖြင့္ထားသည့္တံခါးမွတစ္ဆင့္အိမ္ထဲသို႔အရင္ဝင္သြားသည္။

တစ္ေယာက္ႏွင့္တစ္ေယာက္ကလူက်ီဆယ္ေနၾကတဲ့Quႏွင့္ေနသန္သည္သူတို႔ေရွ႕တြင္လာရပ္ေနသည့္စင္သီယာ့အားမျမင္ေသး။စင္သီယာခါးကိုေထာက္ကာသူတို႔အားၾကည့္ေနသည္။

ပထမေတာ့႐ိုး႐ိုးေနသန႔္အားထုံစံအတိုင္းစေနာက္ရန္ၾကည့္တာျဖစ္သည္။ေနာက္ေတာ့ႏွစ္ေယာက္လုံး၏မ်က္ဝန္းေတြထဲမွအခ်စ္အခိုးအေငြ႕ေတြကိုေတြ႕လိုက္ရလို႔အံ့ဩလ်က္ေပ်ာ္႐ႊင္စြာျဖင့္အႏွီးလူႏွစ္ေယာက္ကိုခါးေထာက္ၾကည့္ေနျခင္းျဖစ္သည္။

"Having Fun,Idiots(3idiotsထဲမွေနာက္ဆုံးခန္းတြင္ခ်ာတူးေျပာခဲ့သည့္စကား)"

စင္သီယာ၏အသံစူးစူးကထုံစံမပ်က္ခပ္စူးစူးေလးထြက္လို႔လာသည္။Quကလန႔္လို႔သြားၿပီးေနသန္ကစင္သီယာ့အားျမင္ေတာ့ၿပဳံးကာႏႈတ္ဆက္သည္​။

"သီယား.."

"ဘာအခုမွသီယာလဲ နင့္အေမႏွင့္အဖြားတို႔ငါ့အိမ္မွာနင့္ဖြက္ထားလားလို႔လာလာၾကည့္တာ ဘယ္ႏွစ္ႀကိမ္ရွိေနၿပီလဲေတာင္မသိေတာ့ဘူး"

"ဟမ္?သီယာက ကြၽန္ေတာ့္ဖြက္ၿပီးဘာလုပ္မွာလဲ"

"ေအးေလ ငါလဲအဲ့တာေျပာတာ နင္ကမိန္းကေလးဆိုတစ္မ်ိဳးေပါ့ အခုဟာက ဟာ ေျပာမွရႈပ္ကုန္ၿပီ လာ..အထဲဝင္ခဲ့ေလ ညဆိုအျပင္ကစိမ့္ေပ့တယ္.."

ထိုသို႔ေျပာကာစင္သီယာကေၾကာက္ကာေနေသာQuအားတစ္ခ်က္မာထန္ထန္ၾကည့္လိုက္သည္။Quေခါင္းေလးႀကဳံ႕ဝင္သြားသည္။ေနသန္ကေတာ့အသာၾကည့္သည္။

ကို႔႐ိုးကားယားအေျခအေနႀကီးျဖစ္ေနမွာဆိုး၍ေနသန္တစ္ခ်က္ေခ်ာင္းဟန႔္ေပးလိုက္သည္။ထိုအခါမွQuကေနသန႔္ကိုလွမ္းၾကည့္သည္။ေနသန္က 'လာေလ အထဲဝင္မယ္' လို႔ႏႈတ္ကတီးတိုးဆိုသည္။သို႔ေသာ္Quမဝင္ရဲေသး။ေရွ႕မွ အၾကည့္မပ်က္ေသးေသာ သီယာ့အားေၾကာက္ပါသည္။

"သီ..သီယာ..ကြၽန္..ကြၽန္ေတာ္"

"နင့္ကိုဘယ္သူကငါ့ကိုသီယာလို႔ေခၚခြင့္ျပဳလို႔လဲ"

Quတစ္ခ်က္တုန္သြားျပန္သည္။ထို႔ေနာက္ ေခါင္းေလးငုံ႔ကာေတာင္းပန္ျပန္သည္။

"ေတာင္းပန္ပါတယ္ မဒမ္စင္သီယာ"

ေနသန္ကစင္သီယာသက္သက္လုပ္ေနမွန္းသိသည္။ဒါေၾကာင့္ၿငိမ္ကာၾကည့္ေနျခင္း။ဒါကိုQuကမသိေၾကာက္လြန္းလို႔တုန္ေတာင္ေနၿပီ။သူ႔အေနနဲ႔ေနသန္ကလြဲၿပီးဘယ္ 'လူ' ႏွင့္မွစကားေျပာဖူးတာမဟုတ္။ထိေတြ႕ဆက္ဆံဖူးတာမဟုတ္။အခုစကားေျပာျဖစ္လာေတာ့လဲသူ႔အားမႏွစ္ၿမိဳ႕သူျဖစ္ေနသည္ဟုထင္ေနသည္။Quမေၾကာက္ဘဲဘယ္ေနမွာလဲ။

"ေတာ္ေတာ့ သီယာ သူေၾကာက္ေနၿပီ သူနင့္ေၾကာင့္တစ္ခုခုျဖစ္သြားရင္ ငါနင့္လဲထည့္တြက္မွာမဟုတ္ဘူးေနာ္"

ေနသန္ကစိတ္ထဲရွိတဲ့အတိုင္း႐ိုး႐ိုးရွင္းရွင္းေျပာလိုက္တာျဖစ္သည္။ထိတ္လန႔္ကာအံ့ဩသြားရသည္ကQuႏွင့္သီယာ။
Quကေတာ့အနည္းငယ္ရွိန္းတိန္းတိန္းျဖင့္ရွက္လို႔သြားကာအနည္းငယ္လန႔္သြားမိၿပီးသီယာကေတာ့ျဖင့္ၾကက္သီးပင္ထမိလိုက္သည္ထင္၏။

ဒီေကာင္သာတကယ္လုပ္ရင္ဘယ္သူမွေျပးလႊတ္မည္မဟုတ္မွန္းသိီယာသိပါသည္။ထို႔ေနာက္သီယာQuအားၾကည့္လိုက္သည္။ဒီေကာင္ေလးဒီျဖဴျဖဴသြယ္သြယ္ႏွင့္ေကာင္ေလးကေနသန႔္ႏွလုံးသားကိုသိမ္းယူသြားသည္တဲ့လား။စင္သီယာအံ့ဩသထက္အံ့ဩမိပါသည္။

ဒီေကာင္ေလးမွာမိန္းကေလးေတြလိုစြဲမက္ဖြယ္ရာေတြလဲမရွိေန။ဒီတိုင္းသ႑ာန္တူသူ႔အတိုင္းပင္ရွိေသာေယာက္်ားေလးတစ္ေယာက္သာျဖစ္သည္။သို႔ေသာ္လွပႀကံ့ခိုင္ကာေသသပ္ပီရိမႈႏွင့္အတူရဲရင့္ျခင္းအရိပ္အေယာင္ရွိေသာေယာက်ၤားသားတစ္ဦး။Quသူ႔ကိုစိုက္ၾကည့္ေနေသာစင္သီယာ့အားျပန္ၾကည့္လိုက္ပါသည္။စင္သီယာကလဲသူမအေတြးေတြၾကားမွသူမအားျပန္ကာစိုက္ၾကည့္လာေသာေကာင္ေလး၏မ်က္ဝန္းေတြေၾကာင့္မ်က္ခုံးေတြပင့္တက္သြားရသည္။

"ဆိုေတာ့ .. မင္းကဘယ္သူလဲ?ငါ့ေမာင္နဲ႔ဘာလာလုပ္တာလဲ?သူငယ္ခ်င္းလား??နာမည္ကဘယ္သူလဲ?မိဘေတြကေကာ?ေနေတာ့ဘယ္မွာေနသလဲ?"

စင္သီယာ၏ေအးစက္စက္ေမးခြန္းေတြကိုၾကားေတာ့ေနသန္စိတ္ထဲတြင္ဤေသြးေအးတိုက္ပြဲသည္အခ်ိန္တစ္ခုၾကာသည္ထိၿပီးမည္မဟုတ္ဟုေကာက္ခ်က္ခ်လိုက္သည္။သို႔ေသာ္ေနသန႔္အေတြးေတြအားလုံးQuထံမွျပန္လည္တုံျပန္လာတဲ့စကားေတြေအာက္မွာျပာက်လို႔သြားသည္။

"ကြၽန္ေတာ္ကQu ေနသန္နဲ႔ခဏလိုက္လာတာသူငယ္ခ်င္းမဟုတ္ဘူး ကြၽန္ေတာ္ကသူ႔အပိုင္ မိဘေတြမရွိဘူး ေစာင့္ေရွာက္ေပးခဲ့တဲ့မိဘေတြလဲပဲမရွိေတာ့ဘူး လြတ္လပ္နယ္ေျမမွာတစ္ေယာက္ထဲေနတယ္ ဆိုေတာ့ ဘာသိခ်င္ေသးပါသလဲ"

စင္သီယာအံ့ဩသြားၿပီးပါးစပ္ကိုဟလိုက္မိသည္။ဒီေကာင္ေလး၏ဇကၾကမ္းလိမ့္မည္ဟုေတာ့ခန႔္မွန္းထားမိေပမဲ့ဒီေလာက္အျမန္ျမန္ေပၚလိမ့္မည္ဟုမထင္ထား။စင္သီယာၿပဳံးလိုက္သည္။ထို႔ေနာက္ေခါင္းေလးတၿငိမ့္ၿငိမ့္ျဖင့္ေနသန္သူ၏အပိုင္ေလးအားမယုံၾကည္ႏိုင္ေသာအၾကည့္ေတြႏွင့္ၾကည့္ေနသည္ကိုၿပဳံးရင္းပုခုံးပုတ္ကာၿပီးမွQuအားၿပဳံးၾကည့္ရင္းဆိုလိုက္သည္။

"ကဲ..ေနသန္ ထလင္းေနာ့တ္ရဲ႕အပိုင္ေလးေရ သီယာ့အိမ္ထဲဝင္ၾကစို႔လား?"

Comments