A Sweven Elegy from Nature - Chapter (16)
 Unicode
အခန်း (၁၆)
စင်သီယာ၏အိမ်လေးသည်တိတ်ဆိတ်လို့နေသည်။ဧည့်ခန်းထဲရှိတစ်ယောက်စာစားပွဲခုံလေးတွင်သီယာနှင့်လီယွန်ကတစ်ဖက်၊နေသန်နှင့်Quကတစ်ဖက်လူလေးယောက်နှစ်ဖက်ဆီခွဲကာထိုင်နေကြသည်ဖြစ်သည်။လီယွန်မှာသူ့ကိုယ်သူသန့်ရှင်းရေးလုပ်နေရင်းပွဲကြည့်နေ​ပြီးစင်သီယာကတော့စကားစရန်အကြောင်းရှာနေသည်။
သီယာQuကိုစိုက်ကြည့်နေသည်မှာစလာကတည်းက။Quကပထမတော့ကြောက်ပုံပေါ်ပေမယ့်လို့နောက်ပိုင်းအေးဆေးသာဖြစ်နေဖြင့်နေသန်ပင်အံ့ဩလို့နေရသေးသည်။လီယွန်ကခြေထောက်လေးကိုလျှာနှင့်ယှက်ရင်းတစ်ခါသူ၏မျက်လုံးလေးလှန်ကာကြည့်လာသည်။ဘာမှမထူးခြားသေး။ထို့ကြောင့်စိတ်အေးလက်အေးကိုယ့်အာရုံနဲ့သာသန့်ရှင်းရေးအားဆက်လုပ်နေလိုက်​၏။
"မင်းက ယောင်္ကျားလေး.."
"အမ်း"
"..."
"တကယ်ယောင်္ကျားလေးလား"
"မယုံရင် ကြည့်ကြည့်မလားဗျ?"
"..."
Quကခပ်တည်တည်နှင့်ခပ်ဆတ်ဆတ်ပင် ထိုစကားကိုပြောလိုက်သောကြောင့်စင်သီယာတစ်ယောက်မျက်လုံးပြူးသွားရပြန်သည်။နေသန်ကတော့သဘောကျသွားသဖြင့်ခပ်ဟဟရယ်သည်။ပြီးတော့သူ့၏ပူးတူးတူးလေးအားမယုံနိုင်သလိုခေါင်းကိုခါးရမ်းလျက်သီယာ့အားမျက်ခုံးပင့်ကာနိုင်ရဲ့လားလို့ကြည့်နေလေသည်။
"ဟဟ .. I like him and please .. for god sake .. မကြည့်ပရစေနဲ့ ယုံပါတယ် ငါကမင်းစိတ်ဆိုးမလားလို့စလိုက်တာပါ ကံဆိုးတာပဲ မင်းကလည်းခေသူမဟုတ်ဘူးပဲ"
စင်သီယာကQuကိုပေါ်တင်ချီးကျူးလိုက်သည်။တကယ်လည်းစိတ်ထဲကထိုသို့သတ်မှတ်ပြီးသားဖြစ်သဖြင့်သူမ၏မျက်နှာတွင်Quအားနှစ်လိုဖွယ်သောအကြည့်များကထင်းလို့နေသည်။ထိုအကြည့်များကိုနေသန်မြင်မှပဲသူစိတ်ထဲ၌ရင်အေးသွားရသည်။
နေသန်သက်ပြင်းချတော့စင်သီယာကပြုံးကာနေသန့်အားQuမမြင်အောင်ပြုံးရင်းမျက်လွှာတွေကိုအောက်သို့ဖြည်းညှင်းစွာချကာပြသည်။
သဘောကသီယာသည်Quအားသဘောကျနှစ်ခြိုက်သလိုလက်လဲခံသည်ဟုညှင်သာစွာအတည်ပြုပေးလိုက်ခြင်း။ပြီးမှပြုံးရွှင်စွာနှင့်စကားစလေသည်။
"ကဲ ဆိုတော့ မင်းအကြောင်းလေးဘာလေးမပြောပြချင်ဘူးလား"
"..."
"သီယာ ငါတောင်သူ့အကြောင်းရေရေရာရာသိတာမဟုတ်ဘူး"
"ဘာလို့လဲ"
စင်သီယာကြောင်သွား၍စပ်စုသလိုခေါင်းလေးထောင်လာကာမေးလာသည်။ချစ်သူတွေအချင်းချင်းဆိုတာတစ်ယောက်အကြောင်းတစ်ယောက်သိသင့်တယ်မဟုတ်လား။
သူမသည်Quကိုသာမာန်စွန့်ပစ်ခံရသောကလေးတစ်ယောက်ဟုသာထင်နေပုံရသည်။နေသန်ကလဲဘာမှမပြောလို။Quသဘောအတိုင်းသာသူဆောင်ရွက်ပေးမည်ဖြစ်သည်။ပြီးတော့သူQuဘာလဲဆိုတာကိုသူမသိသေးတာတော့အမှန်တရားတစ်ခုလဲဖြစ်သည်။
တိတ်ဆိတ်မှု..
ဟူး..။
တိတ်ဆိတ်မှုကိုQu၏သက်ပြင်းချသံတိုးတိုးကစိုးမိုးလို့သွားရသည်။
"ကျွန်တော်ကလူတွေအတွက်အန္တရာယ်ရှိတဲ့သူတစ်ယောက် ကျွန်တော့်အကြောင်းသာလူတွေသိသွားကြရင် သူတို့ပထမဆုံးကျွန်တော့်ကိုကြောက်ကြလိမ့်မယ် နောက်ပြီးသတ်ချင်ကြလိမ့်မယ်"
"Quu.."
"ဟမ်..ဘာလို့လဲ?!"
" .. လူတွေကသူတို့သိနိုင်တာထက်ကျော်လွန်နေတာတွေကိုကြောက်တတ်ကြတယ်မလား .. "
"..."
Quနေသန့်လက်အားသက်ပြင်းချကာဆုပ်ကိုင်လိုက်ရင်း . .
"ငါတစ်နေ့နေ့တော့မင်းတို့ကိုပြောပြရမှာပဲနိတ် အခုပြောထားတော့မင်းတို့လဲဆုံးဖြတ်လို့ရတာပေါ့"
"ဘာကိုဆုံးဖြတ်မှာလဲ မင်းဘာကြီးပဲဖြစ်နေပါစေ ကိုယ်ဂရုမစိုက်ဘူးနော်Quတလောကလုံးရဲ့စေတန်ကမင်းဆိုရင်တောင် ငါကမင်းကိုယူပြီးမင်းလိုကလေးတွေအများကြီးမွေးထုတ်ပေးအုန်းမှာ"
"..."
"ဘာကြောင့်လဲသိလား လောကကြီးမှာ
စေတန်ဆိုတာလဲမရှိမဖြစ်လိုအပ်တယ်လေ"
"..."
"..."
နေသန်ကQuရဲ့မျက်ဝန်းထက်မှကျလုဆဲဆဲမျက်ရည်တွေကိုလက်နှင့်သုတ်ပေးလိုက်ရင်းနောက်ဆုံးစကားကိုဆိုလိုက်သည်။ဒီတစ်ခါစင်သီယာပါတုန့်ခနဲဖြစ်လို့သွားသည်။နိတ်ဆိုတဲ့ကောင်လေးကဒီလိုစကားမျိုးတွေပြောတတ်တယ်ပေါ့။
အိုမိုင်!ဒါတကယ့်ကိုအကြီးစားလက်နက်ကြီးပဲ။စင်သီယာစိတ်ထဲကနေရေရွတ်လိုက်သည်။ဒီလိုမျိုးတွေနိတ်ပြောတာ သီယာသိလာတဲ့တစ်လျှောက်တစ်ခါမ မကြားဖူး။
​နောက်မှနေသန်၏မျက်ဝန်းများမှသိလိုက်ရသည်ကထိုစကားများသည်Quတစ်ဦးတည်းအတွက်သာဖြစ်သည်ဆိုတာကို။
"ဟင့် .. ဟမ်း ဟမ်း နိတ် မင်း မင်းရက်စက်တယ် ငါ .. ငါ (ငိုရှိုက်သံ).."
နေသန်ပြုံးကာဖြင့်Quမျက်ရည်တွေကိုစိတ်ရှည်လက်ရှည်သုတ်ပေးနေမိသည်။Quကနေသန့်လက်လေးထဲကိုပါးလေးအပ်ကာ၊အပ်ကာဖြင့်ငိုနေပေသည်။မျက်ရည်တိတ်သွားသည်ကိုနေသန်နှင့်သီယာ အချိန်တစ်ခုထိစောင့်ပေးနေလိုက်သည်။
မိနစ်အနည်းငယ်ကြာမှQuဆီမှအသံခပ်စာစာလေးတစ်ခုထွက်လာလေသည်။
"ကျွန်တော်ကသဘာဝတရားကြီးနဲ့လောကကြီးကိုစောင့်ရှောက်နေတဲ့တစ်ဦးတည်းသော သက် ရှိ လူ .. အင်း လူလို့ပဲပြောရမလားပဲ.."
နေသန်Quထံမှထွက်လာသောစကားများကြောင့်ငြိမ်သက်စွာနားထောင်နေမိသည်။Quကလူဆိုတဲ့နေရာမှာဝန်လေးစွာဖြင့်ရပ်ကာနောက်စကားပြောရန်အားယူနေသည်။စင်သီယာကနေသန့်အားအံ့အံ့ဩဩဖြင့်ကြည့်လာသည်။နင်ဒါကိုသိလားဆိုတဲ့ပုံမျိုးနဲ့။
နေသန်ခေါင်းကိုအသာအယာငြိမ့်ပြလိုက်သည်။ထို့နောက်သူ၏ပါးစပ်နားသို့လက်ညိုးလေးကပ်ကာQuပြောသောစကားများကိုငြိမ်သက်စွာနားထောင်ပေးရန်အချက်ပြလိုက်သည်။စင်သီယာကခေါင်းကိုငြိမ့်ပြလိုက်သည်။
"ကျွန်တော့်မှာမိဘတွေရှိခဲ့ဖူးတယ်..အရင်တုန်းကပါမွေးစားမိဘတွေပေါ့ အခုကျွန်တော်နေနေတဲ့အိမ်ကသူတို့ကိုယ်တိုင်ဆောက်ခဲ့တဲ့အိမ်လေးလေ"
"..."
".."
"သူတို့ကလွတ်လပ်နယ်မြေမှာနှစ်ယောက်တည်းတစ်အိုးတစ်အိမ်ထူထောင်းရင်းနဲ့နေလာတာ သူတို့ဘဝဟာသာယာခဲ့ပါတယ် ကျွန်တော်မပါလာခင်ထိပေါ့"
".."
"ဟင့်အင် နိတ် ငါ့ကိုအဲ့လိုအကြည့်နဲ့မကြည့်နဲ့ ဒါသည်ကတကယ် ငါဝန်ခံသည်ဖြစ်စေမဝန်ခံသည်ဖြစ်စေ ဒါကတကယ်အမှန်တရားပဲဒါကအမှန်တရား!!"
Quအသံလေးမြှင့်ချီလို့သွားသည်။နေသန် Quကိုကြည့်ပြီးစိတ်တွေမောနေသည်။ခန္ဓာကိုယ်လေးကတုန်ယင်လို့နေပြီးအသံတွေကဖျော့တော့ကာသွားနေသည်။နေသန် Quမျက်နှာကိုစက္ကန့်လပ်မပြတ်စောင့်ကြည့်ကောစိုက်ကြည့်ပါနေသည်။
"ကျွန်တော်ဘယ်ကလာတာလဲ?ကျွန်တော်ကဘာလဲ?ကျွန်တော်ကလူကောဟုတ်ရဲ့လား?"
"..."
"ဒါတွေကကျွန်တော်နေ့စဉ်နေ့တိုင်းကိုယ့်ကိုယ်ကိုယ်ပြန်မေးနေတယ့်စကားတွေ ကျွန်တော်မဖျားတတ်ဘူး မနာကျင်နိုင်ဘူး တိရစ္ဆာန်တွေနဲ့ဆက်သွယ်ပြောဆိုနိုင်တယ် ပြီးတော့.."
တိတ်ဆိတ်မှု..
"သဘာဝတရားကြီးနဲ့လည်းချိတ်ဆက်နေတယ်.."
နေသန်ကသူ၏မျက်လုံးများကိုအောက်သို့ဖြည်းညှင်းစွာမှိတ်ချလိုက်ပြီးQuပြောဖို့ဝန်လေးနေသည့်စကားကိုလေသံအေးအေးနှင့်ဖြည့်စွက်ပေးလိုက်သည်။စင်သီယာကတော့ အံ့ဩနေလျက်။အံ့ဩသည်ထက် သည်လိုမျိုးတွေရှိတယ်လားလို့တွေးမိသည်။ဒီလိုသဘာဝလွန် ဆန်းကြယ်တာတွေလေ။သည်လိုလူမဟုတ်တဲ့ .. သူတစ်ယောက်လိုမျိုးလေ။
စင်သီယာQuကိုကြည့်နေလိုက်သည်။Quကစိတ်အစဉ်မကောင်းပါသော်လည်း စင်သီယာ့အားပြုံးကာဖြင့်ကြည့်သည်။နေသန်ကQuအားအရိပ်တကြည့်ကြည့်။သီယာနေသန်ဒီကောင်လေးအပေါ်ပြုမူနေသမျှကို လုံးစုံရှင်းလင်းစွာမြင်နေရသည်။
ဒါချစ်တာပင်မဟုတ်တော့။
မြတ်နိုးလွန်း၍အရိပ်တကြည့်ကြည့်ဖြင့်ဖြည့်ဆည်းပေးနေတဲ့အဆင့်ထိရောက်သွားပြီ။
သီယာမျက်လုံးတွေကိုအောက်စိုက်ရင်းဘေးနားကတည်ငြိမ်စွာထိုင်နားထောင်နေသောလီယွန့်အားကြည့်လိုက်သည်။ထိုအခါလီယွန်ကလဲစင်သီယာ့အားမော့ကြည့်လာသည်။သူ၏မျက်လုံးများကတည်ငြိမ်စွာပြီးနောက်တောက်ပစွာ။
"ဒါဆို မင်းကလူတွေနဲ့နေလို့မရဘူးပေါ့"
"မဟုတ်ဘူး ဒါပေမဲ့လည်း ဟုတ်တယ်"
".."
"ကျွန်တော်ကသဘာဝနဲ့ဆန့်ကျင်တဲ့အရာတွေပဲမရတာ ဥပမာ ကျွန်တော်နေသန်နှင့်ချစ်မိနေတာမျိုး.."
နေသန်စိတ်နှလုံးတစ်ချက်တုန်ရီသွားသည်။နောက်ဆုံးတော့နောက်ဆုံးတော့Quဒီစကားကိုပြောထွက်ခဲ့ပြီ။သူမပြောမထွက်နိုင်သောသူကြောက်နေသောထိုစကားလုံးများကိုQuကတည်ကြည်စွာအေးဆေးစွာနှင့်စင်သီယာ့အားပြောပြလိုက်လေသည်။
နေသန်စားပွဲခုံပေါ်ဖွဖွလေးတင်ထားတဲ့ Quလက်တွေအားသွားရောက်ဆုပ်ကိုင်လိုက်ပါ၏။Quကပြန်ကြည့်လာသည်။ထိုအခါနေသန်မျက်ဝန်းထဲမှမျက်ရည်တစ်ပေါက်ပါးပြင်ထက်သို့လှိမ့်ဆင်းလို့သွားသည်။သို့သော်နေသန်မျက်လုံးများပိတ်သွားသည်အထိQuအားပြုံးပြလိုက်သည်။Quကစိတ်မကောင်းဖြစ်သွားပုံ။
"ဒါဆိုအခုမင်းက.."
"အဟွတ် အင်း ကျွန်တော် နေမကောင်းဘူး လွန်လွန်ပြောလာရရင် ကျွန်တော်မကြာခင်သေတော့မယ်ထင်တယ်.."
"Quuuuuu..!!"
နေသန့်၏အသံကဟိန်းကာအိမ်တစ်အိမ်လုံးအနှံ့ပေါက်ထွက်လို့သွားသည်။သီယာတုံ့ခနဲဖြစ်လို့သွားသည်။ခဏအကြာဘေးအိမ်ကသူများပင်စင်သီယာအိမ်သို့တံခါးလာခေါက်သည့်အဆင့်ဖြစ်သွားသည်။
Quရှူးရှူးရှဲရှဲဖြင့်ထကာစိတ်ဂဏာမငြိမ်နေသောနေသန့်အားခပ်ဖျော့ဖျော့ပြုံးကာကြည့်သည်။ပထမသူဒီလိုပြောခဲ့တုန်းကလဲ သူဒီလိုပဲတုန့်ပြန်ခဲ့တာမလား။သူဝမ်းသာသည်။သူ့ကိုစစတွေ့ကတည်းက သူ့ကို..။
"နိတ်.."
Quအသံသိပ်မထွက်တော့။ဘာကြောင့်ဆို သူ့အချစ်စိတ်တွေနေသန့်အပေါ်ကိုပွင့်အာလာလေလေ၊သူပိုဆိုးလာလေလေဖြစ်မည်။နေသန့်အင်္ကျီစလေးအားQuခပ်ပြင်းပြင်းဆွဲချလိုက်သည်။နေသန်ကမြင်ပါသည်။သို့သော်အတင်းမကြည့်ဘဲအဝေးသို့မျက်နှာလွှဲကာထားသည်။
"နိတ်...အ့"
ဒုန်း။ဝုန်း။
တိတ်ဆိတ်မှု..။
Quကြမ်းပြင်ပေါ်သို့ပစ်လှဲကျသွားတာဖြစ်သည်။
"Qu.."
တံခါးဝတွင်ဘေးအိမ်ကလူတွေကိုရှင်းပြနေသည့်စင်သီယာကအထဲမှမြင်ကွင်းကိုမြင်လိုက်ရတဲ့အချိန်အလာပသလာပအပိုတွေရှင်းပြမတော့ဘဲတံခါးကိုဝုန်းခနဲနေအောင်ပိတ်ချလိုက်သည်။
Quကိုယ်လေးတုန်ရီလို့နေသည်။နေသန့်လက်မောင်းထက်ဝယ်ဖြူဖျော့နေသောနတ်သူငယ်တစ်ယောက်ရှိလို့နေသည်။သီယာဘေးနားကနေအလိုက်သင့်မပေးသည်။ထိုအခါနေသန်ကသွေးသံတရဲရဲနှင့်စကားတွေစကာပြောပေတော့သည်။
"မရဘူး မရဘူး ကျွန်တော် ကျွန်တော်ဘဲထွက်သွားမယ် ကျွန်တော်Quကိုအဝေးကနေပဲကြည့်တော့မယ် မရဘူး Quအသက်မရှင်ရင် ကျွန်တော်လဲမနေဘူးသီယာ ကျွန်တော်ပြောတာကြားလား လာခုချက်ချင်း သူ့အိမ်ပြန်ပို့ရအောင် ငါလှေပြင်ထား.."
"နိတ်!!!!"
သီယာ့ဆီသို့Quကိုထိုးပေးလာသော နေသန့်အားသီယာ့တစ်ချက်ဟစ်ကာဖြင့်ငေါက်လိုက်သည်။ထိုအခါနေသန်ကခပ်လောလောဖြင့်ဘာလဲ၊ဘာလဲဆိုသောအကြည့်နှင့်တုံ့ပြန်သည်။စင်သီယာမျက်လုံးများကိုတည်ငြိမ်စွာထားလိုက်ပြီးနေသန့်အားတည်တံ့စွာကြည့်လိုက်သည်။ထို့နောက်သူ့အကြည့်အားQuထံသို့သူမလွှဲပြောင်းပေးလိုက်သည်။ထိုအခါမှနေသန့်စိတ်တွေလျော့ကျလို့သွားသည်။
ထို့နောက်Quအားသူမလက်ထဲမှပြန်လည်ပွေ့ချီလာပြီးQuအားတစိမ့်စိမ့်နှင့်သာစိုက်ကြည့်နေလေတော့သည်။
Quကတော့ဖြင့်စောနကတည်းကပင်သတိလစ်သွားနှင့်ပြီနှင့်တူပါ၏။
Zawgyi
အခန်း (၁၆)
"မင်းက ယောင်္ကျားလေး.."
"အမ်း"
"..."
"..."
"..."
"ဘာလို့လဲ"
တိတ်ဆိတ်မှု..
ဟူး..။
"Quu.."
"ဟမ်..ဘာလို့လဲ?!"
"..."
"..."
"..."
"..."
"..."
".."
".."
"..."
တိတ်ဆိတ်မှု..
".."
"ဒါဆိုအခုမင်းက.."
"Quuuuuu..!!"
"နိတ်.."
"နိတ်...အ့"
ဒုန်း။ဝုန်း။
တိတ်ဆိတ်မှု..။
"Qu.."
"နိတ်!!!!"
Comments
Post a Comment