A Sweven Elegy from Nature - Chapter (18)

 Unicode


အခန်း (၁၈)


‎𐮜E•l•Y•S•I•A•N𐮜

relating to heaven or to a place of perfect happiness


အဆုံးမဲ့သစ်တောကြီးထဲသို့ရောက်နေတာဖြစ်သည်။လှပစွာယစ်နွယ်ထားသောအပင်အခက်အလက်များနှင့်နွယ်ပင်များကကောင်းကင်ယံထက်သို့မြှင့်ချီကာတက်လို့နေ၏။မြက်ခင်းပြင်စိမ်းစိမ်းများက ရေဝလို့နေပြီးအချို့နေရာများတွင်အမျိုးအမည်မသိပန်းပင်လေးများလည်းပေါက်ရောက်လို့နေ၏။


ဗျိုင်းဖြူတချို့ကဟိုးအဝေးနားမှရေအိုင်ထဲတွင်ခြေထောက်တစ်ဖက်ထောက်ရပ်ကာငါးဖမ်းလို့နေကြသည်။ကောင်းကင်ပြာပြာကြီးကတော့အတိုင်းဆမဲ့ပြန့်ကျဲကာလှပလို့နေပြီးတိမ်တိုက်အချို့ပင်သာမာန်နှင့်မတူသောခံစားချက်တချို့ကိုပေးနေလေသည်။ဘယ်လိုခံစားရသလဲဆိုလျှင်ကောင်းကင်ကြီးကဒီနေရာကိုသာကွက်ဝိုက်၍ရာသီဥတုသာယာပေးနေသလိုလို။


Quအံ့ဩခြင်းပေါင်းများစွာနှင့်ပါးစပ်ဟောင်းလောင်းဖွင့်ကာသူ့တစ်သက်တာမမြင်ဖူးခဲ့သောသဘာဝရဲ့အလှပစစ်စစ်အားအတိုင်းသားရှုစားနေမိသည်။သူဤနေရာရှိသည်ကိုတစ်ကြိမ်တစ်ခါမှမခံစားဖူးခဲ့။


ကမ္ဘာတစ်ဝန်းတွင်ရှိသောသဘာဝအလျောက်ဖြစ်ပေါ်နေသည့်နေရာမျိုးစုံကQuအပေါ်သက်ရောက်မှုရှိသည်။သို့သော်ထိုထဲတွင်ဤနေရာမပါခဲ့။


ရောက်လာကတည်းကအောက်ကိုမကြည့်မိသည့်Quတစ်ယောက်ခြေလှမ်းလှမ်းလိုက်ခါမှဝင်တိုက်မိတဲ့အကောင်ငယ်လေးကိုအံ့ဩစွာကြည့်မိလိုက်သည်။ထိုကောင်လေးကတစ်ကိုယ်လုံးအဖြူရောင်အရှိန်များတောက်ပလို့နေပြီးပိုးစုန်းကြူးအရွယ်ခန့်သာရှိသောလူသားသဏ္ဌာန်ငယ်လေးဖြစ်သည်။


ထိုကောင်ငယ်လေးကသူ့အားဝင်တိုက်သောQuအားစိတ်တိုသလိုမော့ကြည့်လိုက်ပြီးနောက်သူ့လက်ထဲကလက်သန်းထိပ်လောက်ရှိတဲ့အရွယ်လက်ကိုင်အိတ်လေးအားမကာထိုနေရာမှပျံသန်းသွားလေတော့သည်။


"ဝါး.."


Quတအံ့တဩရေရွတ်မိလိုက်သည်။

ဤနေရာကဘယ်နေရာပါသနည်း။ထူးခြားတဲ့စွမ်းအင်တချို့ကိုခံစားနေရပြီးထိုစွမ်းအင်ကQuကိုစွမ်းအင်များပြည့်ဝစေပြီး လန်းဆန်းစေနေသည်။ဘယ်လိုခံစားရသလဲဆိုတော့သူ၏မွေးရပ်မြေသို့ပြန်ရောက်နေသကဲ့သို့ခံစားချက်မျိုး။


ခံစားချက်မျိုးစုံကိုပေးစွမ်းနေလေ၏။


Quဘေးပတ်ချာလှည့်ကာသာကြည့်နေမိတာဖြစ်တာကြောင့်သူ၏ရှေ့ရှေ့တည့်တည့်ကတစ်ထီးတည်းရှိနေသည့်ညောင်ပင်အိုကြီးအားမမြင်မိလိုက်။အရွက်များကလှပစွာတစ်လှုပ်လှုပ်နှင့်တည်ရှိနေပြီးဘေး၌လိပ်ပြာငယ်လေးများကယစ်ဝဲနေကြသည်။ထိုလိပ်ပြာငယ်များသည်လည်း အဖြူရောင်ချည်းများသာ။


Quယခုမှမြင်မိလိုက်တဲ့ညောင်ပင်ကြီးကိုသေချာကြည့်မိလိုက်ပြီးဆန္ဒမပါပါဘဲခြေထောက်များကအင်အားတစ်စုကြောင့်ရှေ့သို့တွန်းကာပို့နေသလိုခပ်မြန်မြန်လျှောက်စေလေသည်။ပထမတော့ခြေထောက်များကသူ့အလိုလိုလျှောက်နေတာဖြစ်တာကြောင့် နည်းနည်းကို့ယို့ကားယားဖြစ်သွားပေမယ့်အနီးသို့ရောက်လာတဲ့ညောင်ပင်ကြီးကိုမြင်လာချိန်Quကိုယ်တိုင်ပင်မသိလိုက်ဘဲရှေ့ကိုခြေထောက်စေလိုရာမပါဘဲတိုးမိသွားသည်။


"လှလိုက်တာ..."


သူ့ရှေ့တွင်ပျံဝဲနေတဲ့လိပ်ပြာဖြူတစ်ချို့ကို သူလက်လေးနှင့်တို့ထိရင်းရေရွတ်လိုက်မိသည်။ရှေ့မှညောင်ပင်ကြီးကအနီးရောက်မှပို၍ကြီးလာသယောင်ထင်ရ၏။ပင်စည်ကြီးများကရွှင်းစိုကာတုပ်ခိုင်နေပြီး နွယ်ပင်အချို့များကအရိုင်းမဆန်ဘဲနူးညံ့စွာပင်စည်အခက်အလက်များအားယစ်ပတ်ချည်နွယ်ထား၏။


Quရှေ့နားလေးသို့တိုးကာကပ်သွားလိုက်သည်။နောက်သူ၏လက်လေးကိုပင်စည်ပေါ်သို့ခပ်ဖွဖွတင်လိုက်ပြီးမျက်လုံးအစုံကိုမှိတ်ချလိုက်ကာအသက်ကိုရှုသွင်းလိုက်သည်။


"ဟင်း.."


ဝါး..ဒီစွမ်းအား။သူစရောက်လာကတည်းကရနေတဲ့စွမ်းအားတွေကဒီအညောင်ပင်မှတဆင့်ပျံ့လွင့်လာနေတာပဲ။အသက်ကိုခပ်ဝဝတဖန်ရှုသွင်းလိုက်ပြီး အင်အားတွေကိုအပြည့်အဝခံယူနေသည့်အချိန်Quဘေးနားသို့တစ်စုံတစ်ယောက်ရောက်လာသည်ကိုခံစားလိုက်ရသည်။ဒါမှမဟုတ်တစ်စုံတစ်ရာ။


Quပင်စည်ပေါ်တင်ထားသောသူ၏လက်တွေကိုခေတ္တမျှခွာလိုက်ပြီး ပင်စည်၏နောက်နားမှကြားနေရသည့်ခြေသံတချို့ကိုနားစွင့်ရင်းလှမ်းမျှော်ကာကြည့်နေမိသည်။ခြေလှမ်းကတစ်လှမ်းချင်းဖြေးဖြေးချင်းလျှောက်လှမ်းလာတာဖြစ်သည်။


အနီးသို့ရောက်လေပိုကြီးမားလာတဲ့အင်အားတွေကိုခံစားလာရတဲ့Qu၏ရင်ဘတ်ထဲရှိ အစိုင်အခဲတွေကလဲပို၍လှုပ်ခတ်လေဖြစ်သည်။Quစိတ်ကိုအဆင်သင့်ပြင်ထားလိုက်ရင်းမြင်ရလာနိုင်တဲ့အရာကို ရင်ဆိုင်ရန်ပြင်လိုက်သည်။သို့သော်ခြေလှမ်းများကသူ့အနားရောက်မှရပ်လို့သွားသည်။Quခေါင်းလေးကိုစောင်းကာမျှော်ကြည့်လိုက်ပါသည်။


အဖြူရောင်တောက်နေတဲ့အရောင်တချို့နှင့်အတူပင်စည်ကဲ့သို့စွမ်းအားကြီးမားတဲ့ အင်အားမျိုးကိုချက်ချင်းခံစားလိုက်ရသည်။ရင်ဘတ်ထဲသို့စိမ့်ခနဲလှိုက်ဝင်လာသောစွမ်းအင်များကQuအားလေပေါ်သို့မြှင့်တင်ပေးလိုက်လေသည်။


ခြေထောက်များမြေကြီးပေါ်ကကြွကာသွားသည်နှင့်Qu၏ဆံပင်တွေကနေတဆင့်ခြေဖမိုးထိအဖြူရောင်အလင်းတန်းတွေတောက်ကာသွားပြီးလေပေါ်သို့ခေတ္တလွင့်မျောကာသွားသည်။


ထို့နောက်တွင်ချက်ချင်းဆိုသလိုရုတ်တရက်စွမ်းအင်တွေချက်ချင်းပျောက်ကွယ်သွားပြီးအရာအားလုံးမှောင်မဲသွားကာသူသည်လဲအောက်သို့ပြုတ်ကျသွားလေတော့သည်။


‎                           𐮜 𐮜 𐮜


"ဟာား..!"


အိပ်ယာမှကပိုကယိုလန့်ကာနိုးလာသော Quကြောင့်စင်သီယာမျက်လုံးလှန်ကာကြည့်လိုက်သည်။ဒီကောင်လေးအိပ်မက်ဆိုးတွေမက်ပြန်ပြီထင်သည်။ခုနကလေးကမှပြန်ကာသွားတဲ့နေသန့်ကိုဒီအကြောင်းတွေများပြောလိုက်လျှင်ဘယ်လိုများနေမလဲမသိ။


နေသန်ကQuအိပ်နေတဲ့အချိန်အတွင်းမှာပဲ Quအားလာကာကြည့်တတ်သည်။ကျန်သည့်အချိန်များတွင်ဘေးနားတွင်လုံးလုံးရှိမနေ။


ထိုသို့ရှိနေသည်မှာလဲဒီနေ့နဲ့ဆိုတစ်ပတ်ရှိပြီ။Quမျက်လုံးလေးတွေကိုပွတ်လိုက်ကာ စင်သီယာဝယ်ပေးထားသောညအိပ်ဝတ်စုံ၏အင်္ကျီစနှင့်ကျလက်စမျက်ရည်လေးတွေကိုသုတ်လိုက်သည်။ထို့နောက် ဆိုဖာပေါ်မှာအမိန့်သားထိုင်ကာ စာဖတ်နေတဲ့ စင်သီယာ့ကိုကြည့်ကာနှုတ်ဆက်လိုက်သည်။


"မောနင်း သီယာ မနက်စာစားပြီးပြီလား"


"အင်း ဒီနေ့မင်းအတွက်လုပ်ပေးထားတယ်

စားကြည့်လိုက် မင်းကြိုက်တယ်ဆိုလို့ စမ်းတော့လုပ်ထားတာပဲ ကောင်းမကောင်းတော့မသိဘူး"


"စားလို့ရရင်ပြီးပါတယ်ဗျာ"


"အဟင့် ပြောတာပဲ မောနင်း မောနင်း ဒီနေ့လုပ်စရာတစ်ခုရှိတယ် အဆင်သင့်ပြင်ထား"


အခန်းထဲကနေထွက်သွားမည်ပြုသည့်Quကိုနောက်ဆုံးစာကြောင်းကတားဆီးလိုက်လေသည်။


"ဘာလဲ နေသန်နဲ့ဆိုင်လား"


သီယာစာဖတ်နေရာမှမျက်လုံးလှန်ကာ Quအားစိတ်ဝင်စားစွာစိုက်ကြည့်နေပါ၏။ထိုသို့လဲအကြိမ်တိုင်းစိုက်ကြည့်တတ်လေသည်။ထိုသည်ကကြောက်စရာကောင်းသည်ထင်ရပေမဲ့တကယ်တမ်းသီယာကဒီတိုင်းQuကိုစသည့်စနည်းတစ်မျိုးသာဖြစ်လေသည်။


အဓိပ္ပာယ်ကတော့များစွာထွက်ပေမဲ့ရည်ရွယ်ချက်ကတော့တစ်ခုတည်းသာဖြစ်သည်။Quအားရှက်သွားသည်ထိစနောက်ခြင်း။


သို့သော်Quကလဲသီယာပြောသလိုပဲခေသူမဟုတ်ပေ။သို့ကြောင့်ထိုပွဲတွင်မည်သူကမှအနိုင်အရှုံးရှိလေ့မရှိပါ။အမြဲသရေတာကျမြဲဖြစ်သည်။ယခုလဲစင်သီယာကထိုအကြည့်ဖြင့်ကြည့်လေသည်။Quကလဲမျက်ခုံးကိုပင့်ကာ 'မေးတာကိုဖြေ သီယာ' ဟုအသံတိတ်ဟစ်လိုက်သည်။


"...."


"....."


"ok ok ငါစာဖတ်ရအုန်းမယ် နိတ်ကောလာမှာပြင်ဆင်ထား တစ်ရက်ပဲနော် တစ်ရက်ပဲ ဟ Qu ဟ!ဘယ်သွားမလို့တုန်း ဪ ဒီကောင်လေးနှယ်ခက်ပါဘိ မလွယ်ပါပေလား"


စင်သီယာတရားရသူနယ်ခေါင်းလေးတရမ်းရမ်းဖြင့်စာထဲပြန်ကာအာရုံရောက်သွားလေသည်။Quကတော့ရေချိုးခန်းထဲတွင်စတင်ကာအမွှန်းတင်နေပြီဖြစ်သည်။


Noon3:50PM

Netherlands,Giethoorn

August,Rainy Season


တစ်ဖန်ဆောင်းကိုပြန်ရောက်တော့မည်ဖြစ်သဖြင့်လူတိုင်းပြန်ကာဆောင်းခိုဖို့ပြင်ဆင်ကြသည်။Giethoornကအအေးဓာတ်ခံရှိသောမြို့ဖြစ်သဖြင့်ဆောင်းရာသီကိုစောကာကျရောက်တတ်သလိုကြာရှည်စွာလဲကျရောက်တတ်သည်။


Quလည်စည်းလေးကိုသိုင်းပတ်လိုက်ကာမှန်ထဲကိုကျေနပ်စွာကြည့်လိုက်သည်။စင်သီယာကနောက်ကနေစာဖတ်ရင်းကြည့်နေရင်းQuနှင့်အကြည့်ချင်းဆုံသည်။ထိုအခါQuကလက်မကိုထောင်ပြကာအဆင်ပြေသလားဟုမေးသည်။သီယာကမျက်နှာကိုမဲ့ခေါင်းငြိမ့်ရင်းတပြိုင်တည်းလက်ကok signလုပ်ကာပြသည်။


Quပြုံးစပ်စပ်ဖြစ်သွားသည်။ထို့နောက် ဧည့်ခန်းအလယ်မှာထောင်မတ်ထားသော နာရီကိုတစ်ချက်ကြည့်လိုက်သည်။လေးနာရီထိုးပြီ။Quခြေအိတ်လေးကိုကောက်စွတ်ရင်းဘွတ်ဖိနပ်ရှည်လေးကိုလှမ်းလိုက်သည်။ထိုတစ်ခဏသူခေတ္တရပ်စိုင်းသွားသည်။


သူ .. သူအခုဒါမိသားစုရှိနေပြီလား။တစ်ထည်ထဲလှည့်ဝတ်ခဲ့သောအဝတ်အစား၊တစ်ထီးတည်းရှိသောဇွန်း၊တစ်အိမ်တည်းတွင်တစ်ယောက်တည်းနေခဲ့ရသောနှစ်များ အထီးကျန်ဆန်လွန်းတဲ့နှစ်များ ဂရုစိုက်ပေးတဲ့လူမရှိတဲ့နှစ်များ ဒါတွေကိုကျော်လွန်သွားပေပြီလား။


Quစင်သီယာ့ကိုမော့ကာကြည့်လိုက်သည်။အေးအေးလူလူပင် မီးဖိုရှေ့ထိုင်ကာဝတ္ထုဖတ်နေတဲ့ကျက်သရေအပြည့်နှင့်စင်သီယာ။သူ့အားမိခင်တစ်ဦးကဲ့သို့အစ်မတစ်ယောက်ကဲ့သို့နွေးထွေးစွာစောင့်ရှောက်ပေးနေတဲ့သီယာ။Quမျက်ရည်လေးတစ်စက်ပေါက်ခနဲကျဆင်းလို့သွားသည်။သို့သော်ခပ်မြန်မြန်ပင်သုတ်ပစ်လိုက်သည်။


"သီယား.."


စင်သီယာမေးလေးငေါ့ကာပြောဟူသော စတိုင်နှင့်မျက်လုံးကိုစာထဲကမခွာရင်းဆိုသည်။Quကသီယာ့အား ကြိတ်ကာနှစ်လိုဖွယ်ပြုလိုက်ရင်းတစ်ချက်ရယ်လိုက်သည်။ထို့နောက် . .


"ကျေးဇူး သီယာ.."


".."


"ကျွန်တော့်ကိုစိတ်ပါသည်ဖြစ်စေ၊မပါသည်ဖြစ်စေ စောင့်ရှောက်ပေးခဲ့လို့ကျေးဇူးပါ ကျွန်တော်ဘယ်တုန်းကမှမရတဲ့အစ်မတစ်ယောက်ဆီကနွေးထွေးမှုကိုသီယာပေးခဲ့တဲ့အတွက် ကျေးဇူးပါ..အရာအားလုံးအတွက် ကျေးဇူးပါသီယာ..တကယ် ကျေးဇူးတင်ပါတယ်"


Quစကားပြောနေရင်းကနေဒီဘက်ကိုလုံးလုံးလှည့်ကာထူးဆန်းစွာကြည့်လာတဲ့သီယာ့မျက်လုံးထဲသို့နောက်ဆုံးစကားတစ်ခွန်းနှင့်သူ၏ကျေးဇူးတင်ခြင်းအပြည့်ရှိတဲ့အကြည့်တွေပို့လွှတ်လို့လိုက်သည်။တစ်ခဏတော့စင်သီယာကြောင်ကာတိတ်ဆိတ်လို့သွားသည်။


4:00PM

Ding!


နာရီသံကဒေါင်ခနဲမြည်သံနှင့်အတူသီယာလဲလှုပ်ခနဲလန့်နိုးလာသည်။သူ့အရှေ့တွင်ဘွတ်ဖိနပ်တန်းလန်းနှင့်ကောင်လေးအား သူတစ်ချက်ပြန်ကာကြည့်မိလိုက်သည်။ပြီးတော့သူမ့ထံပို့လွှတ်နေတဲ့ထိုအကြည့်များ။သူမစိတ်နှလုံးထဲသို့တိုးဝင်ကာသွားသည်မှာနူးနူးညံ့ညံ့။စင်သီယာမျက်လုံးလေးတွေလက်ကာပြုံးလို့သွားသည်။


"လေးထိုးပြီ Qu ကောင်းကောင်းပျော်ခဲ့ "


ထိုအခါQuကခေါင်းလေးငြိမ့်ကာတံခါးဖွင့်မည်ပြုသည်။စင်သီယာနောက်ဆုံးမထိန်းနိုင်တော့ဘဲသူမပြောချင်နေသောစကားကိုပြောလိုက်သည်။


"Qu.."


"အင်း..သီယာ"


"ငါ့မောင်နှစ်ယောက်လုံးပျော်နေတာပဲအစ်မမြင်ချင်တယ်..."


Quမျက်ဝန်းတွေပြုံးလို့သွားသည်။


"စိတ်ချပါ သီယာ အစ်မရှိနေသရွေ့စိတ်သာချထားလိုက်စမ်းပါဗျား"




Zawgyi


အခန္း (၁၈)


‎𐮜E•l•Y•S•I•A•N𐮜

relating to heaven or to a place of perfect happiness


အဆုံးမဲ့သစ္ေတာႀကီးထဲသို႔ေရာက္ေနတာျဖစ္သည္။လွပစြာယစ္ႏြယ္ထားေသာအပင္အခက္အလက္မ်ားႏွင့္ႏြယ္ပင္မ်ားကေကာင္းကင္ယံထက္သို႔ျမႇင့္ခ်ီကာတက္လို႔ေန၏။ျမက္ခင္းျပင္စိမ္းစိမ္းမ်ားက ေရဝလို႔ေနၿပီးအခ်ိဳ႕ေနရာမ်ားတြင္အမ်ိဳးအမည္မသိပန္းပင္ေလးမ်ားလည္းေပါက္ေရာက္လို႔ေန၏။


ဗ်ိဳင္းျဖဴတခ်ိဳ႕ကဟိုးအေဝးနားမွေရအိုင္ထဲတြင္ေျခေထာက္တစ္ဖက္ေထာက္ရပ္ကာငါးဖမ္းလို႔ေနၾကသည္။ေကာင္းကင္ျပာျပာႀကီးကေတာ့အတိုင္းဆမဲ့ျပန႔္က်ဲကာလွပလို႔ေနၿပီးတိမ္တိုက္အခ်ိဳ႕ပင္သာမာန္ႏွင့္မတူေသာခံစားခ်က္တခ်ိဳ႕ကိုေပးေနေလသည္။ဘယ္လိုခံစားရသလဲဆိုလွ်င္ေကာင္းကင္ႀကီးကဒီေနရာကိုသာကြက္ဝိုက္၍ရာသီဥတုသာယာေပးေနသလိုလို။


Quအံ့ဩျခင္းေပါင္းမ်ားစြာႏွင့္ပါးစပ္ေဟာင္းေလာင္းဖြင့္ကာသူ႔တစ္သက္တာမျမင္ဖူးခဲ့ေသာသဘာဝရဲ႕အလွပစစ္စစ္အားအတိုင္းသားရႈစားေနမိသည္။သူဤေနရာရွိသည္ကိုတစ္ႀကိမ္တစ္ခါမွမခံစားဖူးခဲ့။


ကမာၻတစ္ဝန္းတြင္ရွိေသာသဘာဝအေလ်ာက္ျဖစ္ေပၚေနသည့္ေနရာမ်ိဳးစုံကQuအေပၚသက္ေရာက္မႈရွိသည္။သို႔ေသာ္ထိုထဲတြင္ဤေနရာမပါခဲ့။


ေရာက္လာကတည္းကေအာက္ကိုမၾကည့္မိသည့္Quတစ္ေယာက္ေျခလွမ္းလွမ္းလိုက္ခါမွဝင္တိုက္မိတဲ့အေကာင္ငယ္ေလးကိုအံ့ဩစြာၾကည့္မိလိုက္သည္။ထိုေကာင္ေလးကတစ္ကိုယ္လုံးအျဖဴေရာင္အရွိန္မ်ားေတာက္ပလို႔ေနၿပီးပိုးစုန္းၾကဴးအ႐ြယ္ခန႔္သာရွိေသာလူသားသဏၭာန္ငယ္ေလးျဖစ္သည္။


ထိုေကာင္ငယ္ေလးကသူ႔အားဝင္တိုက္ေသာQuအားစိတ္တိုသလိုေမာ့ၾကည့္လိုက္ၿပီးေနာက္သူ႔လက္ထဲကလက္သန္းထိပ္ေလာက္ရွိတဲ့အ႐ြယ္လက္ကိုင္အိတ္ေလးအားမကာထိုေနရာမွပ်ံသန္းသြားေလေတာ့သည္။


"ဝါး.."


Quတအံ့တဩေရ႐ြတ္မိလိုက္သည္။

ဤေနရာကဘယ္ေနရာပါသနည္း။ထူးျခားတဲ့စြမ္းအင္တခ်ိဳ႕ကိုခံစားေနရၿပီးထိုစြမ္းအင္ကQuကိုစြမ္းအင္မ်ားျပည့္ဝေစၿပီး လန္းဆန္းေစေနသည္။ဘယ္လိုခံစားရသလဲဆိုေတာ့သူ၏ေမြးရပ္ေျမသို႔ျပန္ေရာက္ေနသကဲ့သို႔ခံစားခ်က္မ်ိဳး။


ခံစားခ်က္မ်ိဳးစုံကိုေပးစြမ္းေနေလ၏။


Quေဘးပတ္ခ်ာလွည့္ကာသာၾကည့္ေနမိတာျဖစ္တာေၾကာင့္သူ၏ေရွ႕ေရွ႕တည့္တည့္ကတစ္ထီးတည္းရွိေနသည့္ေညာင္ပင္အိုႀကီးအားမျမင္မိလိုက္။အ႐ြက္မ်ားကလွပစြာတစ္လႈပ္လႈပ္ႏွင့္တည္ရွိေနၿပီးေဘး၌လိပ္ျပာငယ္ေလးမ်ားကယစ္ဝဲေနၾကသည္။ထိုလိပ္ျပာငယ္မ်ားသည္လည္း အျဖဴေရာင္ခ်ည္းမ်ားသာ။


Quယခုမွျမင္မိလိုက္တဲ့ေညာင္ပင္ႀကီးကိုေသခ်ာၾကည့္မိလိုက္ၿပီးဆႏၵမပါပါဘဲေျခေထာက္မ်ားကအင္အားတစ္စုေၾကာင့္ေရွ႕သို႔တြန္းကာပို႔ေနသလိုခပ္ျမန္ျမန္ေလွ်ာက္ေစေလသည္။ပထမေတာ့ေျခေထာက္မ်ားကသူ႔အလိုလိုေလွ်ာက္ေနတာျဖစ္တာေၾကာင့္ နည္းနည္းကို႔ယို႔ကားယားျဖစ္သြားေပမယ့္အနီးသို႔ေရာက္လာတဲ့ေညာင္ပင္ႀကီးကိုျမင္လာခ်ိန္Quကိုယ္တိုင္ပင္မသိလိုက္ဘဲေရွ႕ကိုေျခေထာက္ေစလိုရာမပါဘဲတိုးမိသြားသည္။


"လွလိုက္တာ..."


သူ႔ေရွ႕တြင္ပ်ံဝဲေနတဲ့လိပ္ျပာျဖဴတစ္ခ်ိဳ႕ကို သူလက္ေလးႏွင့္တို႔ထိရင္းေရ႐ြတ္လိုက္မိသည္။ေရွ႕မွေညာင္ပင္ႀကီးကအနီးေရာက္မွပို၍ႀကီးလာသေယာင္ထင္ရ၏။ပင္စည္ႀကီးမ်ားက႐ႊင္းစိုကာတုပ္ခိုင္ေနၿပီး ႏြယ္ပင္အခ်ိဳ႕မ်ားကအ႐ိုင္းမဆန္ဘဲႏူးညံ့စြာပင္စည္အခက္အလက္မ်ားအားယစ္ပတ္ခ်ည္ႏြယ္ထား၏။


Quေရွ႕နားေလးသို႔တိုးကာကပ္သြားလိုက္သည္။ေနာက္သူ၏လက္ေလးကိုပင္စည္ေပၚသို႔ခပ္ဖြဖြတင္လိုက္ၿပီးမ်က္လုံးအစုံကိုမွိတ္ခ်လိုက္ကာအသက္ကိုရႈသြင္းလိုက္သည္။


"ဟင္း.."


ဝါး..ဒီစြမ္းအား။သူစေရာက္လာကတည္းကရေနတဲ့စြမ္းအားေတြကဒီအေညာင္ပင္မွတဆင့္ပ်ံ႕လြင့္လာေနတာပဲ။အသက္ကိုခပ္ဝဝတဖန္ရႈသြင္းလိုက္ၿပီး အင္အားေတြကိုအျပည့္အဝခံယူေနသည့္အခ်ိန္Quေဘးနားသို႔တစ္စုံတစ္ေယာက္ေရာက္လာသည္ကိုခံစားလိုက္ရသည္။ဒါမွမဟုတ္တစ္စုံတစ္ရာ။


Quပင္စည္ေပၚတင္ထားေသာသူ၏လက္ေတြကိုေခတၱမွ်ခြာလိုက္ၿပီး ပင္စည္၏ေနာက္နားမွၾကားေနရသည့္ေျခသံတခ်ိဳ႕ကိုနားစြင့္ရင္းလွမ္းေမွ်ာ္ကာၾကည့္ေနမိသည္။ေျခလွမ္းကတစ္လွမ္းခ်င္းေျဖးေျဖးခ်င္းေလွ်ာက္လွမ္းလာတာျဖစ္သည္။


အနီးသို႔ေရာက္ေလပိုႀကီးမားလာတဲ့အင္အားေတြကိုခံစားလာရတဲ့Qu၏ရင္ဘတ္ထဲရွိ အစိုင္အခဲေတြကလဲပို၍လႈပ္ခတ္ေလျဖစ္သည္။Quစိတ္ကိုအဆင္သင့္ျပင္ထားလိုက္ရင္းျမင္ရလာႏိုင္တဲ့အရာကို ရင္ဆိုင္ရန္ျပင္လိုက္သည္။သို႔ေသာ္ေျခလွမ္းမ်ားကသူ႔အနားေရာက္မွရပ္လို႔သြားသည္။Quေခါင္းေလးကိုေစာင္းကာေမွ်ာ္ၾကည့္လိုက္ပါသည္။


အျဖဴေရာင္ေတာက္ေနတဲ့အေရာင္တခ်ိဳ႕ႏွင့္အတူပင္စည္ကဲ့သို႔စြမ္းအားႀကီးမားတဲ့ အင္အားမ်ိဳးကိုခ်က္ခ်င္းခံစားလိုက္ရသည္။ရင္ဘတ္ထဲသို႔စိမ့္ခနဲလႈိက္ဝင္လာေသာစြမ္းအင္မ်ားကQuအားေလေပၚသို႔ျမႇင့္တင္ေပးလိုက္ေလသည္။


ေျခေထာက္မ်ားေျမႀကီးေပၚကႂကြကာသြားသည္ႏွင့္Qu၏ဆံပင္ေတြကေနတဆင့္ေျခဖမိုးထိအျဖဴေရာင္အလင္းတန္းေတြေတာက္ကာသြားၿပီးေလေပၚသို႔ေခတၱလြင့္ေမ်ာကာသြားသည္။


ထို႔ေနာက္တြင္ခ်က္ခ်င္းဆိုသလို႐ုတ္တရက္စြမ္းအင္ေတြခ်က္ခ်င္းေပ်ာက္ကြယ္သြားၿပီးအရာအားလုံးေမွာင္မဲသြားကာသူသည္လဲေအာက္သို႔ျပဳတ္က်သြားေလေတာ့သည္။


‎                           𐮜 𐮜 𐮜


"ဟာား..!"


အိပ္ယာမွကပိုကယိုလန႔္ကာႏိုးလာေသာ Quေၾကာင့္စင္သီယာမ်က္လုံးလွန္ကာၾကည့္လိုက္သည္။ဒီေကာင္ေလးအိပ္မက္ဆိုးေတြမက္ျပန္ၿပီထင္သည္။ခုနကေလးကမွျပန္ကာသြားတဲ့ေနသန႔္ကိုဒီအေၾကာင္းေတြမ်ားေျပာလိုက္လွ်င္ဘယ္လိုမ်ားေနမလဲမသိ။


ေနသန္ကQuအိပ္ေနတဲ့အခ်ိန္အတြင္းမွာပဲ Quအားလာကာၾကည့္တတ္သည္။က်န္သည့္အခ်ိန္မ်ားတြင္ေဘးနားတြင္လုံးလုံးရွိမေန။


ထိုသို႔ရွိေနသည္မွာလဲဒီေန႔နဲ႔ဆိုတစ္ပတ္ရွိၿပီ။Quမ်က္လုံးေလးေတြကိုပြတ္လိုက္ကာ စင္သီယာဝယ္ေပးထားေသာညအိပ္ဝတ္စုံ၏အက်ႌစႏွင့္က်လက္စမ်က္ရည္ေလးေတြကိုသုတ္လိုက္သည္။ထို႔ေနာက္ ဆိုဖာေပၚမွာအမိန႔္သားထိုင္ကာ စာဖတ္ေနတဲ့ စင္သီယာ့ကိုၾကည့္ကာႏႈတ္ဆက္လိုက္သည္။


"ေမာနင္း သီယာ မနက္စာစားၿပီးၿပီလား"


"အင္း ဒီေန႔မင္းအတြက္လုပ္ေပးထားတယ္

စားၾကည့္လိုက္ မင္းႀကိဳက္တယ္ဆိုလို႔ စမ္းေတာ့လုပ္ထားတာပဲ ေကာင္းမေကာင္းေတာ့မသိဘူး"


"စားလို႔ရရင္ၿပီးပါတယ္ဗ်ာ"


"အဟင့္ ေျပာတာပဲ ေမာနင္း ေမာနင္း ဒီေန႔လုပ္စရာတစ္ခုရွိတယ္ အဆင္သင့္ျပင္ထား"


အခန္းထဲကေနထြက္သြားမည္ျပဳသည့္Quကိုေနာက္ဆုံးစာေၾကာင္းကတားဆီးလိုက္ေလသည္။


"ဘာလဲ ေနသန္နဲ႔ဆိုင္လား"


သီယာစာဖတ္ေနရာမွမ်က္လုံးလွန္ကာ Quအားစိတ္ဝင္စားစြာစိုက္ၾကည့္ေနပါ၏။ထိုသို႔လဲအႀကိမ္တိုင္းစိုက္ၾကည့္တတ္ေလသည္။ထိုသည္ကေၾကာက္စရာေကာင္းသည္ထင္ရေပမဲ့တကယ္တမ္းသီယာကဒီတိုင္းQuကိုစသည့္စနည္းတစ္မ်ိဳးသာျဖစ္ေလသည္။


အဓိပၸာယ္ကေတာ့မ်ားစြာထြက္ေပမဲ့ရည္႐ြယ္ခ်က္ကေတာ့တစ္ခုတည္းသာျဖစ္သည္။Quအားရွက္သြားသည္ထိစေနာက္ျခင္း။


သို႔ေသာ္Quကလဲသီယာေျပာသလိုပဲေခသူမဟုတ္ေပ။သို႔ေၾကာင့္ထိုပြဲတြင္မည္သူကမွအႏိုင္အရႈံးရွိေလ့မရွိပါ။အၿမဲသေရတာက်ၿမဲျဖစ္သည္။ယခုလဲစင္သီယာကထိုအၾကည့္ျဖင့္ၾကည့္ေလသည္။Quကလဲမ်က္ခုံးကိုပင့္ကာ 'ေမးတာကိုေျဖ သီယာ' ဟုအသံတိတ္ဟစ္လိုက္သည္။


"...."


"....."


"ok ok ငါစာဖတ္ရအုန္းမယ္ နိတ္ေကာလာမွာျပင္ဆင္ထား တစ္ရက္ပဲေနာ္ တစ္ရက္ပဲ ဟ Qu ဟ!ဘယ္သြားမလို႔တုန္း ဪ ဒီေကာင္ေလးႏွယ္ခက္ပါဘိ မလြယ္ပါေပလား"


စင္သီယာတရားရသူနယ္ေခါင္းေလးတရမ္းရမ္းျဖင့္စာထဲျပန္ကာအာ႐ုံေရာက္သြားေလသည္။Quကေတာ့ေရခ်ိဳးခန္းထဲတြင္စတင္ကာအမႊန္းတင္ေနၿပီျဖစ္သည္။


Noon3:50PM

Netherlands,Giethoorn

August,Rainy Season


တစ္ဖန္ေဆာင္းကိုျပန္ေရာက္ေတာ့မည္ျဖစ္သျဖင့္လူတိုင္းျပန္ကာေဆာင္းခိုဖို႔ျပင္ဆင္ၾကသည္။Giethoornကအေအးဓာတ္ခံရွိေသာၿမိဳ႕ျဖစ္သျဖင့္ေဆာင္းရာသီကိုေစာကာက်ေရာက္တတ္သလိုၾကာရွည္စြာလဲက်ေရာက္တတ္သည္။


Quလည္စည္းေလးကိုသိုင္းပတ္လိုက္ကာမွန္ထဲကိုေက်နပ္စြာၾကည့္လိုက္သည္။စင္သီယာကေနာက္ကေနစာဖတ္ရင္းၾကည့္ေနရင္းQuႏွင့္အၾကည့္ခ်င္းဆုံသည္။ထိုအခါQuကလက္မကိုေထာင္ျပကာအဆင္ေျပသလားဟုေမးသည္။သီယာကမ်က္ႏွာကိုမဲ့ေခါင္းၿငိမ့္ရင္းတၿပိဳင္တည္းလက္ကok signလုပ္ကာျပသည္။


Quၿပဳံးစပ္စပ္ျဖစ္သြားသည္။ထို႔ေနာက္ ဧည့္ခန္းအလယ္မွာေထာင္မတ္ထားေသာ နာရီကိုတစ္ခ်က္ၾကည့္လိုက္သည္။ေလးနာရီထိုးၿပီ။Quေျခအိတ္ေလးကိုေကာက္စြတ္ရင္းဘြတ္ဖိနပ္ရွည္ေလးကိုလွမ္းလိုက္သည္။ထိုတစ္ခဏသူေခတၱရပ္စိုင္းသြားသည္။


သူ .. သူအခုဒါမိသားစုရွိေနၿပီလား။တစ္ထည္ထဲလွည့္ဝတ္ခဲ့ေသာအဝတ္အစား၊တစ္ထီးတည္းရွိေသာဇြန္း၊တစ္အိမ္တည္းတြင္တစ္ေယာက္တည္းေနခဲ့ရေသာႏွစ္မ်ား အထီးက်န္ဆန္လြန္းတဲ့ႏွစ္မ်ား ဂ႐ုစိုက္ေပးတဲ့လူမရွိတဲ့ႏွစ္မ်ား ဒါေတြကိုေက်ာ္လြန္သြားေပၿပီလား။


Quစင္သီယာ့ကိုေမာ့ကာၾကည့္လိုက္သည္။ေအးေအးလူလူပင္ မီးဖိုေရွ႕ထိုင္ကာဝတၳဳဖတ္ေနတဲ့က်က္သေရအျပည့္ႏွင့္စင္သီယာ။သူ႔အားမိခင္တစ္ဦးကဲ့သို႔အစ္မတစ္ေယာက္ကဲ့သို႔ေႏြးေထြးစြာေစာင့္ေရွာက္ေပးေနတဲ့သီယာ။Quမ်က္ရည္ေလးတစ္စက္ေပါက္ခနဲက်ဆင္းလို႔သြားသည္။သို႔ေသာ္ခပ္ျမန္ျမန္ပင္သုတ္ပစ္လိုက္သည္။


"သီယား.."


စင္သီယာေမးေလးေငါ့ကာေျပာဟူေသာ စတိုင္ႏွင့္မ်က္လုံးကိုစာထဲကမခြာရင္းဆိုသည္။Quကသီယာ့အား ႀကိတ္ကာႏွစ္လိုဖြယ္ျပဳလိုက္ရင္းတစ္ခ်က္ရယ္လိုက္သည္။ထို႔ေနာက္ . .


"ေက်းဇူး သီယာ.."


".."


"ကြၽန္ေတာ့္ကိုစိတ္ပါသည္ျဖစ္ေစ၊မပါသည္ျဖစ္ေစ ေစာင့္ေရွာက္ေပးခဲ့လို႔ေက်းဇူးပါ ကြၽန္ေတာ္ဘယ္တုန္းကမွမရတဲ့အစ္မတစ္ေယာက္ဆီကေႏြးေထြးမႈကိုသီယာေပးခဲ့တဲ့အတြက္ ေက်းဇူးပါ..အရာအားလုံးအတြက္ ေက်းဇူးပါသီယာ..တကယ္ ေက်းဇူးတင္ပါတယ္"


Quစကားေျပာေနရင္းကေနဒီဘက္ကိုလုံးလုံးလွည့္ကာထူးဆန္းစြာၾကည့္လာတဲ့သီယာ့မ်က္လုံးထဲသို႔ေနာက္ဆုံးစကားတစ္ခြန္းႏွင့္သူ၏ေက်းဇူးတင္ျခင္းအျပည့္ရွိတဲ့အၾကည့္ေတြပို႔လႊတ္လို႔လိုက္သည္။တစ္ခဏေတာ့စင္သီယာေၾကာင္ကာတိတ္ဆိတ္လို႔သြားသည္။


4:00PM

Ding!


နာရီသံကေဒါင္ခနဲျမည္သံႏွင့္အတူသီယာလဲလႈပ္ခနဲလန႔္ႏိုးလာသည္။သူ႔အေရွ႕တြင္ဘြတ္ဖိနပ္တန္းလန္းႏွင့္ေကာင္ေလးအား သူတစ္ခ်က္ျပန္ကာၾကည့္မိလိုက္သည္။ၿပီးေတာ့သူမ့ထံပို႔လႊတ္ေနတဲ့ထိုအၾကည့္မ်ား။သူမစိတ္ႏွလုံးထဲသို႔တိုးဝင္ကာသြားသည္မွာႏူးႏူးညံ့ညံ့။စင္သီယာမ်က္လုံးေလးေတြလက္ကာၿပဳံးလို႔သြားသည္။


"ေလးထိုးၿပီ Qu ေကာင္းေကာင္းေပ်ာ္ခဲ့ "


ထိုအခါQuကေခါင္းေလးၿငိမ့္ကာတံခါးဖြင့္မည္ျပဳသည္။စင္သီယာေနာက္ဆုံးမထိန္းႏိုင္ေတာ့ဘဲသူမေျပာခ်င္ေနေသာစကားကိုေျပာလိုက္သည္။


"Qu.."


"အင္း..သီယာ"


"ငါ့ေမာင္ႏွစ္ေယာက္လုံးေပ်ာ္ေနတာပဲအစ္မျမင္ခ်င္တယ္..."


Quမ်က္ဝန္းေတြၿပဳံးလို႔သြားသည္။


"စိတ္ခ်ပါ သီယာ အစ္မရွိေနသေ႐ြ႕စိတ္သာခ်ထားလိုက္စမ္းပါဗ်ား"

Comments

Post a Comment